无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Welcome Week: A College Horror Anthology (2024) ⭐TMDB: 30% User Score 🎬 #Horror #Comedy 🗓 2024 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Channel Myanmar ပရိသတ်တွေအတွက် psycho horror လူသတ်ကားတစ်ကားကို ယူဆောင်လာပါတယ်။ Director တွေအဖြစ် Blake Douglas, Ethan Gomez-Zahnley နဲ့ Lenny Ibarra တို့က ရိုက်ကူးပေးထားပြီးတော့ Jack Mayer, Logan Weisberg, Rachel Sullivan တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် တက္ကသိုလ်တစ်ခုကို အသစ်ပြောင်းလာကြတဲ့ Andrew နဲ့ Josh တို့ရဲ့ ပထမဆုံးအပတ်မှာတင် ကျောင်းဝင်းထဲမှာ လူသတ်မှုဖြစ်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ အခန်းဖော်တွေဖြစ်ကြပြီးတော့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ကို လူသတ်သမားက ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ အဲဒီသူငယ်ချင်းကိုပြန်ကယ်ဖို့ သူတို့အတူတူကြိုးစားကြရင်း Andrew ရဲ့ ကျိန်စာဆန်ဆန် မိသားစုနောက်ကြောင်းတွေကို Josh ကို ပြောပြပါတယ်။ သူတို့ရဲ့သူငယ်ချင်းကို လူသတ်သမားလက်ထဲကနေ ပြန်ကယ်နိုင်ခဲ့ရဲ့လား Andrew ရဲ့ မိသားစုကျိန်စာကရော ဘာလဲ ဆိုတာတွေကို ဒီဇာတ်ကားထဲမှာ သည်းထိတ်ရင်ဖို ကြည့်ရှု ကြရမှာဖြစ်ပါတယ်။ Story က စိတ်ဝင်စားဖို့ကောင်းပြီးတော့ Horror vibe ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။...
Victoria Must Go (2024) ⭐TMDB: 61% User Score 🎬 #Comedy #Crime 🗓 2024 🎞 movie 🌎 #Norway ⏰ 1 နာရီ 25 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Victoria Must Go (2024) IMDb Rating (6.1) Hedvig နဲ့ Henrik တို့ ချမ်းသာတဲ့မောင်နှမနှစ်ယောက်ဟာ သူ့အဖေ အာခံမပြောရဲတဲ့ သူတို့ရဲ့ စည်းကမ်းတင်းကြပ်တဲ့ မိထွေး Victoria ကို ရှင်းထုတ်ပစ်ဖို့ ကြေးစားလူသတ်သမားငှားဖို ကြံစည်ကြတယ်။ အဲဒီမှာ ပြည်ပကပြောင်းလာတဲ့ Carl ကို ကြေးစားလူသတ်သမားနဲ့မှားပြီး ကလေးနှစ်ယောက်က အတင်းအလုပ်ခန့်လိုက်ကြတယ်။ ငွေကြေး အခက်အခဲဖြစ်နေတဲ့ Carl လည်း ငြင်းမရတဲ့အဆုံး Victoria ကို သတ်ပေးဖို့ ငွေ 10 သန်းနဲ့ လက်ခံလိုက်ပြီး ဘယ်လိုအလွဲတွေ ဖြစ်လာမလဲဆိုတာကိုတော့ ဒီနော်ဝေး မိသားစုဟာသဇာတ်လမ်းမှာ dark humors တွေ ထူးခြားတဲ့ အူကြောင်ကြောင်ဇာတ်အိမ်တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Saving Private Ryan (1998) ⭐TMDB: 82% User Score 🎬 #Drama #War #History 🗓 1998 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 48 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Saving Private Ryan (1998) IMDb Rating (8.6) / Rotten Tomatoes (94%) အကောင်းဆုံးစစ်ကားတွေအကြောင်းပြောကြရင်Saving Private Ryanက ထိပ်ဆုံးကပါလာတတ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks , Matt Damon , Vin Diesel တို့ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်၊ ဇာတ်လမ်းပိုင်းတွေမှာ ပြောစရာမရှိကောင်းမွန်လှသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg ဖြစ်လို့ ပိုလို့တောက်ပြောင်ပါတယ်။ အော်စကာဆု ၅ခုကို ဆွတ်ခူးနိူင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိူင်ခဲ့ပါတယ်။ IMDBမှာလဲ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကာလက တကယ့်အဖြစ်အပျက်တချို့ကို ဇာတ်အိမ်တည်လို့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲနဲ့ အစပြုထားပြီး Normandy ကမ်းခြေကို အမေရိကန်တို့ရဲ့ မဟာမိတ်တပ်တွေ ဝင်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင် ရှုစားရမှာဖြစ်တယ်။ ဒီကားအကြောင်းတော်တော်များများကြားဖူး သိဖူးနေလို့ထွေထွေထူးတော့မညွှန်းတော့ပါဘူး။ တကယ့် ဂန္တဝင်ကားမို့ အရည်အသွေးကောင်းကောင်းလေးနဲ့ ခံစားစေချင်တဲ့အတွက် 4K Quality နဲ့ထပ်မံဖြည့်တင်းတင်ဆက်လိုက်ပါတယ်။...
1995 (2024) ⭐TMDB: 69% User Score 🎬 #Comedy 🗓 2024 🎞 Series 🌎 #Canada ⏰ 1 နာရီ 59 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1995 (2024) IMDb Rating (6.9) 1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။ IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။ ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။ ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့ နာမည်ကြီး The Race ဆိုတဲ့ ရှိုးပွဲကနေ သူ့ကိုအင်တာဗျူးလာဖြေဖို့ဆက်သွယ်လာပါတော့တယ်။ အဲ့ဒီအချိန်မှာတင် ရီကာဒိုရဲ့ဘ၀က စတင်တစ်ဆစ်ချိုးပြောင်းလဲသွားပြီး သူချစ်တဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရတယ် ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရတယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Saw Lay ဖြစ်ပါတယ်။)...
The Investigator (2022) ⭐IMDB: 7.0/10 (33 Votes) 🎬 #Documentary 🗓 2022 🎞 movie 🌎 #Czechia #Croatia #BosniaandHerzegovina #CzechRepublic ⏰ 1 နာရီ 13 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Investigator (2024) IMDb Rating (7.0) The Investigator အမည်ရတဲ့ Documentary ဇာတ်ကားဟာဆိုရင် Czech လူမျိုးလည်းဖြစ် နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ပထမဆုံးစုံစမ်းစစ်ဆေးသူလည်းဖြစ်ခဲ့တဲ့ Vladimír Dzuro ရေးသားထားတဲ့ ယခင်ယူဂိုစလားဘီးယားက စစ်ရာဇဝတ်မှုတွေအကြောင်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နာမည်ကြီးရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ရိုက်ကူးထားခြင်းမရှိသလို ဇာတ်ရံတွေကိုလည်း အသုံးပြုထားခြင်းမရှိပါဘူး။ ဇာတ်ကားမှာပါဝင်ခဲ့ကြသူတွေဟာ တကယ့်အဖြစ်မှန်ကြုံတွေ့ခဲ့သူတွေနဲ့ စာရေးသူကိုယ်တိုင်ဖြစ်ပြီး စစ်ပွဲကာလက မှတ်တမ်းဗွီဒီယိုတွေကိုပါ ထည့်သွင်းဖော်ပြပေးထားတာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းရိုက်ကွက်တွေ၊ စကားပြောခန်းတွေကြောင့် ပျင်းစရာကောင်းတဲ့ဇာတ်ကားလို့ထင်ရပေမယ့် အဲဒီရိုးရိုးရှင်းရှင်းစကားပြောခန်းတွေကပဲ ကြောက်ရွံ့စက်ဆုပ်ဖွယ်၊ ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲကာလက စစ်ရာဇဝတ်ကျူးလွန်မှုအကြောင်းကို မျက်ဝါးထင်ထင်မြင်လာအောင် ဆွဲဆောင်နိုင်စွမ်းကောင်းနေတာလို့ပြောရမယ်ဆိုရင် မမှားပါဘူး။ စစ်ပွဲကာလဆိုးယုတ်မှုတွေနဲ့ရင်နာစရာအဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်တာမို့ ဗဟုသုတလည်းရ၊ Documentary Genre ကြိုက်သူတွေလည်းကြည့်ရတန်စေမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien ဖြစ်ပါတယ်။)...
Don Q (2023) ⭐IMDB: 4.2/10 (329 Votes) 🎬 #Comedy #Crime #Drama 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica #UnitedStates ⏰ 1 နာရီ 43 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ ခုနှစ်ထွက် Don Q ဇာတ်ကားဟာ အမေရိကန်နိုင်ငံက အီတလီရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ Don Q ဆိုတဲ့ အီတလီလူမျိုးတစ်ယောက်အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူက သူ့ဘာသာသူ မာဖီးယားခေါင်းဆောင်တစ်ယောက်လို့ ထင်နေပြီ သူနေထိုင်တဲ့ အီတလီရပ်ကွက်လေးကို စောင့်ရှောက်ဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ တစ်နေ့တော့ သူ့ရပ်ကွက်ထဲကို ထောင် နှစ် ၂၀ကျပြီး ပြန်ရောက်လာတဲ့ တကယ့်မာဖီးယားခေါင်းဆောင် ရောက်လာတဲ့အခါမှာ ဘယ်လိုတွေ ဖြစ်ပြီး ဘယ်လိုဖြေရှင်းကြမလဲ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ Crime, comedy, drama ဇာတ်ကားလေးဖြစ်ပါတယ်။...
Mr. Hurt (2017) ⭐TMDB: 64% User Score 🎬 #Comedy #Romance #Sunny 🗓 2017 🎞 Series 🌎 #Thailand ⏰ 2 နာရီ 8 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mr. Hurt (သို့) နာကျင်နေသော ချိဖ I Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။ အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ ဒွန်စီချန်။ပေါတောတောနဲ့ ခေါင်းနည်းနည်းလွတ်နေပေမယ့် နာမည်ကျော်အဆိုတော်ဖြစ်တဲ့ ဂျင်မီ။နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။ ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်….။ အပြင်မှာလိုပါပဲ…ယောင်္ကျားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီးမိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။ ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ…တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။ ဒါပေမယ့် ဘရစ်တနီစပီးယားပြောသလိုပဲ.. ” အချစ်နဲ့ပတ်သက်ရင် နာကျင်ခံစားရနိုင်ချေရှိလည်း စွန့်စားရတာ တန်ပါတယ်။အချစ်ကပေးတဲ့ ခံစားချက်က အရမ်းကောင်းတာကိုး…။ ” ( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.to/category/sunny/ကြည့်လို့ရပါတယ်။...
Barefoot (2014) ⭐TMDB: 66% User Score 🎬 #Comedy #Drama #Romance 🗓 2014 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Barefoot (2014) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ Comedy နဲ့ Dramaကိုရောစပ်တဲ့နေရာမှာလူသိများတဲ့ ဒါရိုက်တာ Andrew Fleming ရိုက်ကူးထားတာဖြစ်ပြီးEvan Rachel Wood နဲ့ Scott Speedman တို့က အတွဲညီညီ သဘာဝကျကျသရုပ်ဆောင်ထားကြပါတယ်Romance နဲ့ comedy ကိုအချိုးကျကျလေး ချစ်စရာကောင်းအောင် ပေါင်းစပ်ထားတဲ့ခေတ်သစ်နတ်သမီးပုံပြင်လေးတစ်ခုလို့ပြောရင်လည်း ပုံကြီးချဲ့ရာမကျဘူးလို့ ရဲရဲကြီး အာမခံပါတယ် ဇာတ်လမ်းကတော့လူကုံထံမိသားစုကလာတဲ့ ခပ်ဆိုးဆိုးဂျေးနဲ့တစ်သက်လုံးနီးပါးအိမ်ထဲမှာအပိတ်ခံထားရပြီးလောကကြီးအကြောင်းဘာမှနားမလည်တဲ့ ချစ်စရာဒေစီလေးရဲ့ စင်ဒရဲလားဆန်ဆန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်Japanese anime waifu တွေ Korea မင်းသမီးလှလှလေးတွေထက်ပိုပြီး ချစ်စရာမကောင်းရင်တောင်သူတို့ထက်လျော့စရာအကြောင်းမရှိဘူးလို့ပြောရလောက်အောင် မင်းသမီးလေးရဲ့ cuteness overload ဖြစ်နေမှုကအမေရိကန်ဇာတ်ကားတစ်ကားအနေနဲ့ တကယ်အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲ ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဆိုပေမယ့် တကယ့်ကို Emotional ဖြစ်စရာ Dialogue တွေကြောင့်ရည်းစားဟောင်းကို ပြန်လွမ်းမိတဲ့အထိ ဟက်ထိသွားနိုင်ပြီးရည်းစားမရှိတဲ့လူတွေလည်း နွားပွဲစားရှေ့ရောက်သလို တစ်ချိန်လုံးသွားကြီးဖြီးပြီးကြည့်ရင်ကြည့်မဟုတ်ရင် စောင်ကိုက်ပြီးကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဆိုတာအာမခံပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nice Guy မှ တင်ဆက်ထားပါတယ်။)...
American Meltdown (2023) ⭐TMDB: 40% User Score 🎬 #Comedy #Crime #Drama 🗓 2023 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိုလီဗီယာဆိုတဲ့ အမျိုးသမီးလေးက အိမ်တွင်းအပြင်အဆင် ဒီဇိုင်နာအဖြစ်နဲ့ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေသူဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ အလုပ်လုပ်နတဲ့ ကုမ္ပဏီရဲ့ ပေါ်လစီ အရ သုံးလ လောက် အလုပ်နားရဖို့ဖြစ်လာတဲ့အခါမှာ အိမ်ငှားရမ်းခတွေ ပေးဖို့အတွက် အခက်အခဲဖြစ်လာပါတော့တယ်။ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို သူ့အိမ်ကလည်း ဖောက်ထွင်း ခံလိုက်ရတာမို့ အိုလီဗီယာတစ်ယောက် ခေါင်းဆင်နင်းခံနေရပါပြီ။ အဲဒီအချိန်မှာပဲ မာရီ ဆိုတဲ့ ဗင်ကားတစ်စီးနဲ့ နိုင်ငံအနှံ့ပတ်နေတဲ့ ခါးပိုက်နှိုက်မလေး တစ်ယောက်နဲ့ ဆုံမိပါတော့တယ်။ ဒီဇာတ်ကားလေးမှာတော့ နိုင်ငံကြီးတွေက ကော်ပိုရိတ်ကြီးတွေရဲ့ စီးပွားရေးအမြတ်ထုတ်မှုတွေ၊ သာမန်လူတန်းစားတွေ ကြုံတွေ့ ကြရတဲ့ ခက်ခဲမှုတွေကို မီးမောင်းထိုးတင်ဆက်ထားပြီးတော့ အိုလီဗီယာတို့ ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုကြရမှာပါ။...
The Contender (2000) ⭐TMDB: 66% User Score 🎬 #Drama #Thriller 🗓 2000 🎞 movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Contender (2000) IMDb Rating (6.9) / Rotten Tomatoes (77%) ဒီကားလေးက နိုင်ငံရေးသမားတွေရဲ့ ညစ်ကွက် လှည့်ကွက် ၊ ကြုံတွေ့ရတဲ့ သုခဒုက္ခတွေအပြင်၊ ပါတီစွဲ၊ ဖိုဝါဒီကြီးစိုးမှုတွေကို ဇာတ်အိမ်ကောင်းကောင်းနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ အော်စကာဆုအတွက်လည်း ဆုနှစ်ခုဆန်ခါတင်ခဲ့ပြီး တခြားဆုတွေလည်းရခဲ့ပါတယ်။ အမေရိကန်ရဲ့ဒုသမ္မတသေဆုံးပြီးတဲ့နောက်မှာ ဒုသမ္မသစ်ရွေးချယ်ဖို့ ဆီးနိတ်အမတ်လိန်းဟန်ဆန်ကို သမ္မတကနေ အဆိုပြုလိုက်ပါတယ်။ ထုံးစံအရ အက်ဖီအိုင်ကနေ နောက်ကြောင်းစစ်ဆေးရေးပြုလုပ်ရမှာဖြစ်ပြီး “House”လို့ခေါ်တဲ့ အောက်လွှတ်တော်က ကော်မတီကျင်းပပြီး အတည်ပြုပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လိန်းက မိန်းမတစ်ယောက်ဖြစ်နေတဲ့အတွက် ကော်မတီသဘာပတိရိုင်ရန်ကစဦးဆောင်ပြီး လျှို့ဝှက်စုံစမ်းမှုတွေပြုလုပ်ပြီး လိန်းကိုဝိုင်းတိုက်ခိုက်ကြပါတယ်။ စုံစမ်းမှုကနေ လိန်းကောလိပ်ကျောင်းသူဘ၀မှာ လိင်ကိစ္စကြမ်းရမ်းခဲ့တဲ့ပုံတွေပါ ပေါ်ပေါက်လာတဲ့အခါ လိန်းတစ်ယောက် ကော်မတီမှာ ဘယ်လိုခုခံမလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri swe ဖြစ်ပါတယ်။)...
Get Away (2024) ⭐TMDB: 54% User Score 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Canada #Finland #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို အင်္ဂလိပ်စကားပြော ဆွီဒင်ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလပ်ရက် ပိတ်ရက်ခရီး ထွက်လာကြတဲ့ မိသားစုတစ်စုဟာ ဆွီဒင်နိုင်ငံက အစွန်အဖျား ကျွန်းလေးတစ်ခုဖြစ်တဲ့ ဆဗယ်တာဆိုတဲ့ ကျွန်းဆီကို ခရီးထွက် လာခဲ့ကြတာပါ။ ဒီကျွန်းမှာ ဆယ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်တဲ့ ကရန်တန်ပွဲကို ဆင်နွှဲလေ့ရှိပါတယ်။ ကရန်တန်ပွဲတော်ဆိုတာက လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က ကူးစက် ရောဂါကြီး ဖြစ်ပွားနေကြချိန် တစ်ကျွန်းလုံးကို အားလုံးနဲ့ အဆက်အသွယ်ဖြတ် ကွာရန်တင်းလုပ်ခဲ့တာကို အစွဲပြုပြီး ခေါ်ဆိုတဲ့ နာမည်တစ်ခုပါ။ ဒီမိသားစုဟာ ကရန်တန်ပွဲတော်ချိန်ခါ ဒီကျွန်းကို ရောက်လာချိန်မှာ နယ်ခံအားလုံးက သူတို့ကို မလိုလားဟန် ပြပေမယ့် အရေးမစိုက်ဘဲ ခေါင်းမာမာနဲ့ ဆက်ပြီး နေခဲ့ကြပါတယ်။ ဒီလိုနဲ့ ကရန်တန်ပွဲနေ့ကို ရောက်လာချိန်မှာတော့….။ ဒီဇာတ်ကားလေးမှာ လူတွေဟာ အချိန်မရွေး သားကောင်ကနေ မုဆိုး၊ မုဆိုးကနေ သားကောင်ဘဝကိုရောက်သွားနိုင်တယ်ဆိုတာ ထင်ဟပ် ပြသထားနိုင်သလို စိတ္တဇ လူသတ်သမားဆိုတာ ထင်မထားသူ ဖြစ်နေနိုင်ပြီး ချိုပေါက်နေတာ မဟုတ်ဘူးဆိုတာပါပဲ။...
100 Girls (2000) ⭐TMDB: 58% User Score 🎬 #Comedy #Drama #Romance 🗓 2000 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 100 Girls (2000) IMDb Rating (5.8) / Rotten Tomatoes (60%) မိန်းကလေးအယောက်တစ်ရာ….။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒီဇာတ်လမ်းမှာ မိန်းကလေးအယောက်တစ်ရာပါခဲ့ပါတယ်။ ဘယ်လိုပါလဲဆိုတော့ မက်သရူးဆိုတဲ့ကောင် ပါတီကနေအပြန် ဓာတ်လှေကားပေါ်မှာကုန်ဆုံးခဲ့ရတဲ့တစ်ညနဲ့စပါတယ်။ မီးပျက်သွားလို့ရပ်နေတဲ့ ဓာတ်လှေကားမှာ မက်သရူး စော်လေးတစ်ဗွေနဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်။ တစ်ညတာမတ်တပ်ရပ်ခဲ့ရပေမဲ့ စော်လေးကိုချစ်မိသွားတဲ့ မက်သရူးတစ်ယောက် စင်ဒရဲလားကိုလိုက်ရှာရတဲ့မင်းသားလိုပဲ သူ့ဆီမှာကျန်ခဲ့တဲ့ပင်တီတစ်ထည်နဲ့ အဲဒီစော်လေးကို လိုက်ရှာဖို့ဖြစ်လာခဲ့တယ်။ ရှာရမှာကလည်း မိန်းကလေးအယောက်တစ်ရာတောင်ရှိတဲ့ မိန်းကလေးဆောင်မှာ။ မက်သရူးတစ်ယောက် သူချစ်မိသွားတဲ့ကောင်မလေးကို ရှာနိုင်မှာလားဆိုတာကို အဆောင်သူလေးတွေရဲ့အလှကိုငမ်းရင်းခံစားကြည့်ရှုကြပါဦး။ အဖော်အချွတ်များတာနဲ့ စကားပြောရိုင်းစိုင်းလွန်းတာတွေကြောင့် ၁၈နှစ်အောက်ကလေးတွေ မကြည့်ချင်ရင်မကြည့်ကြပါနဲ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)...
Purgatory Station (2024) ⭐TMDB: 43% User Score 🎬 #Thriller #Drama 🗓 2024 🎞 Series 🌎 # ⏰ 1 နာရီ 48 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရှေ့နေဂျိုး တစ်ယောက် ဘာတွေဘယ်လိုဖြစ်သွားတယ်မသိ… နိုးလာတော့ မဲမှောင်နေတဲ့ ကွန်တိန်နာကြီးထဲမှာ တစ်ယောက်တည်း ပြန်ပေးဆွဲခံထားရတယ်ဆိုတာ သူ့ကိုယ်သူသိလိုက်ရတယ်… ပြန်ပေးသမားက ငွေလိုချင်လို့မဟုတ်ဘဲနဲ့ ဂျိုးကူညီပေးနေတဲ့ စီးပွားရေးလုပ်ငန်းစုနဲ့ ရန်ကြွေးရှိတဲ့သူဖြစ်နေတယ်… ဒီလုပ်ငန်းနဲ့ဆက်မလုပ်ဘဲနဲ့ ဖော်ကောင်လုပ်ပေးဖို့ သူ့ကိုအချိန် ၈ နာရီပေးတယ်… မလုပ်ပေးနိုင်ရင် ချစ်တဲ့သူတွေအကုန် အသတ်ခံရမယ့်အခြေအနေမှာ ဂျိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ… ချစ်တဲ့သူတွေကို ကယ်တင်ပြီး သူကိုယ်တိုင်ရော အမှန်တကယ် လွတ်မြောက်နိုင်ပါ့မလား… ပြန်ပေးသမားအစစ်အမှန်ကရောဘယ်သူဖြစ်မလဲ...
Jameelante Poovan Kozhi (2024) ⭐IMDB: 8.4/10 (1 k Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jameelante Poovan Kozhi 2024 ချစ် ချစ် ချစ် သူငယ်ချင်း ၂ယောက် ရေငုပ်ပြိုင်ကြတယ် ကြာကြာငုပ်ပြီးနိုင်တဲ့ကောင်က၂ယောက်လုံးလိုက်နေတဲ့ကောင်မလေးကို ဆက်လိုက်ခွင့်ရှိမယ်ရှုံးတဲ့ကောင်ကတော့ နုတ်ထွက်ရမယ်ပေါ့ ဒီလိုနဲ့ရေငုပ်ပြိုင်ရင်းအတော်ကြာတဲ့အထိ သူငယ်ချင်းကပေါ်မလာခဲ့ပါဘူး အရင်ပေါ်လာတဲ့တစ်ယောက်ကတော့ အကူအညီတွေခေါ် အသိတွေဖုန်းပတ်ဆက်ပြီးကယ်ဆယ်ရေးတွေလွှတ်ခိုင်း သေပြီထင်ပြီး ဗလီကနေ ကြေညာတဲ့လူက ကြေညာနဲ့ပေါ့ ရေနစ်သွားတဲ့လူက ရှာနူတဲ့ သူ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ မိန်းမပွေတဲ့ကောင်တစ်မြို့လုံးကမိန်းမတွေက သူရှိရင်အတော်ကြီးသတိထားကြရတယ် တွေ့တဲ့မိန်းမကိုလိုက်ကြောင်ပေမဲ့ဘယ်သူကမှ ပြန်မကြိုက်တဲ့ လူရှုပ်လူပွေပေါ့ အခုလည်းကြည့်လေ ရေငုပ်ပြိုင်ရင်း ကမ်းစပ်မှာရေချိုးနေတဲ့စော်လေးကိုသွားကြောင်တာသေပြီဆိုပြီး ရပ်သိရွာသိတွေဖြစ်ကုန်တဲ့အထိပါပဲ ဘဝကိုဒီလိုပျော်ပျော်ကြီးနေလာပေမဲ့သူကြောက်တာကတော့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ သူ့အမေပါ ဒီလိုနဲ့တစ်နေ့ အကြောင်းမကြား အသိမပေးဘဲ အမေဖြစ်သူက စပရိုက်စ်ဆိုပြီးသူ့ဆီရောက်ချလာတဲ့အခါမှာတော့ ပေါ့ပေါ့နေခဲ့တဲ့သူ့ဘဝကြီးဘယ်လိုတွေဟန်ဆောင်ပန်ဆောင်နဲ့ ကမောက်ကမတွေဖြစ်ကုန်မယ်ဆိုတာဟာသတွေနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်...
Emakku Thozhil Romance (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Romance 🗓 2024 🎞 Series 🌎 #India ⏰ 1 နာရီ 45 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Emakku Thozhil Romance (2024)”ချစ်လိပ်ပြာ”==================================== Por Thorzhil တို့ Blue Star တို့လိုရုပ်ရှင်ကောင်းတွေရိုက်ကူးခဲ့တဲ့မင်းသား အာရွှတ်ခ်ဆယ်လ်ဗန်ရဲ့ တမီလ်စကားပြောဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဘရတ်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့လည်းcameo ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့.. အူမာဆိုတဲ့ လက်ထောက်ဒါရိုက်တာလေးဟာတမီလ်ရုပ်ရှင်လောကမှာ နာမည်ရစပြုနေတဲ့ ဒါရိုက်တာအလောင်းလျာတစ်ယောက်ပါ။ သူကူညီရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတချို့ဆိုရင် ပရိသတ်တွေကခုံတွေရိုက်ချိုးပစ်ပေါက်ကြတဲ့ထိ အားပေးကြပါတယ်။အဲဒီလို အောင်မြင်မှုတွေရနေတဲ့ အူမာဟာ ကိုယ်တိုင်ဒါရိုက်တာဖြစ်မှမိန်းမယူမယ်လို့လည်း သံဒိဌာန်ချထားပါသေးတယ်။ ဒါပေမဲ့ လီယိုဆိုတဲ့ မိန်းမလှလေးတစ်ယောက် အူမာ့ဘဝထဲဝင်လာတဲ့အချိန်မှာတော့အဲဒီသံဒိဌာန်တွေ ပျောက်ဆုံးပြီး အဖြစ်အပျက်မျိုးစုံကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Henry Danger: The Movie (2025) ⭐TMDB: 87% User Score 🎬 #Action #Adventure #Comedy #Family #SciFi #ScienceFiction 🗓 2025 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Henry Danger: The Movie (2025) IMDb Rating (6.2) / Rotten Tomatoes (88%) ဒီကားလေးကတော့ ဟိုးငယ်ငယ်က ကြည့်ခဲ့ရတဲ့ Nickelodeon series ကို Movie ပြန်ရိုက်ထားပြီး nickelodeon သရုပ်ဆောင် Jace Norman ပြန်လည်ပါဝင် ထားပါတယ်။ မစ်စီမာတင်ဆိုတဲ့ ကစ်ဒိန်းဂျားရဲ့ အကြီးစားပရိတ်သတ်က စကြဝဠာတွေကြား ခုန်ကူးနိုင်တဲ့ စက်တစ်ခုကိုခိုးယူခဲ့ပါတယ်။ ပြီးတော့ မစ်စီက ဟန်နရီ့ကို သူ့ကမ္ဘာထဲကနေ ခေါ်ထုတ်လာပြီး သူ့လက်ထောက်အဖြစ်လုပ်ချင်ကြောင်းပြောလာတဲ့အခါ.. ဟန်နရီ့ရဲ့တကယ့်ကမ္ဘာကြီးထဲ ပြန်ရောက်သွားဖို့ ကြားမှာဘယ်လို အခက်အခဲတွေ ဘယ်လို ကမ္ဘာတွေကို ကူးရမလဲဆိုတာ စိတ်ကူးယဥ်ဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kavil ဖြစ်ပါတယ်။)...
Blood pay (2025) ⭐TMDB: 30% User Score 🎬 #Horror #ScienceFiction #Thriller 🗓 2025 🎞 Series 🌎 #Italy ⏰ 1 နာရီ 23 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blood pay (2025) IMDb Rating (6.4) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သုခဘုံဆိုတာဟာ AI တွေက အလုပ်သမားစျေးကွက်ကိုဝင်ရောက်လုယူသွားပြီး အလုပ်လက်မဲ့နှုန်းတွေမြင့်တက်လာ၊လူငယ်တွေဟာလည်း အွန်လိုင်းကမ္ဘာထဲမှာသာ နစ်မျောနေပြီး လူသားချင်းထိတွေ့ဆက်ဆံမှု ကင်းပျောက်လုနီးပါး ပျက်ကိန်းဆိုက်နေတဲ့အနာဂတ်ကမ္ဘာထဲက မြို့တစ်မြို့ဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဂျွန်ဆိုတဲ့လူတစ်ယောက်ကတော့ ခေတ်နဲ့လိုက်လျောညီထွေပြောင်းလဲနိုင်တဲ့အတွက်ပူပင်စရာမရှိလောက်အောင်ပြီးပြည့်စုံတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်နေပြီး ဘေးလူမနာလိုချင်စရာအနေအထားမျိုးပါ။ ဒါပေမယ့် ပြီးပြည့်စုံလွန်းတဲ့ဂျွန်ဟာ ဘ၀မှာ ဘယ်အရာကိုမှ စိတ်ကျေနပ်မှု၊ပြည့်စုံမှုမရနိုင်တော့ပဲ စိတ်ကျရောဂါဖိစီးနေပြီး ကိုယ်ကိုယ်ကိုသတ်သေဖို့အထိပါတွေးနေမိပါတယ်။ တစ်နေ့တော့ အွန်လိုင်းက ကြော်ငြာတစ်ခုကောင်းမှုနဲ့ BLOOD-PAY ဆိုတဲ့ AI ဖျော်ဖြေရေးကိရိယာတစ်ခုကို ဝယ်ယူမိသွားခဲ့ပါတယ်။ အဲဒီကိရိယာမှာ သူနဲ့ဆက်ဆံပြောဆိုတဲ့ အိဗ်ဆိုတဲ့ Ai မလေးကို အစွဲလန်းကြီးစွဲလန်းမိတဲ့နောက်မှာတော့ ဂျွန်ဟာ အိဗ်ညွှန်ကြားသမျှရူးရူးမိုက်မိုက်လိုက်လုပ်ရင်း ရုန်းထွက်ရခက်တဲ့ရမ္မက်နွံထဲကို ကျဆင်းသွားပါတော့တယ်။ အချိန်လွန်မှသိလိုက်ရတာကတော့ BLOOD-PAY ဆိုတဲ့အတိုင်းသူ့ရဲ့ဝန်ဆောင်မှုကို သွေးနဲ့ပေးချေရတယ်ဆိုတာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Midsommar (2019) ⭐TMDB: 72% User Score 🎬 #Drama #Horror #Mystery #Thriller 🗓 2019 🎞 Series 🌎 #Sweden #USA #UnitedStatesofAmerica ⏰ 2 နာရီ 50 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Midsommar (2019) (Director’s Cut Version)IMDB : 7.1Rotten Tomatoes : 83%Genre : Psychological Horror/Drama Psychological Horror/Thriller လို့ခေါင်းစဉ်တပ်ပြီးပြောကြမယ်ဆိုရင် A24 ကိုမေ့ထားလို့မရပါဘူး။A24 လို့ဆိုလိုက်တာနဲ့ ဒီကားက တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ လူကိုစားတော့မယ်ဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။ Midsommar မှာ Theater Version နဲ့ Director’s Cut ဆိုပြီး နှစ်ခုရှိပါတယ်။ခုကတော့ Director’s Cut ဖြစ်တဲ့အတွက် ရုံတင်ဗားရှင်းမှာ ဖျက်ခံထားရတဲ့အခန်းတွေပါရှိမှာဖြစ်ပြီးမိနစ် ၃၀ ခန့်အပိုပါလာတာကြောင့် ၃ နာရီနီးပါးကြာရှည်ပါတယ်။ သာမန် Horror ရုပ်ရှင်တွေနဲ့မတူတဲ့အချက်က Midsommar ဟာ ဇာတ်အိမ်ကို အရမ်းကိုလှပပါတယ်ဆိုတဲ့ ဆွီဒင်နိုင်ငံမှာ တည်ထားတာဖြစ်ပြီးနေမဝင်တဲ့ နွေလယ်ရာသီအချိန်ကာလကို ဦးတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒါကလည်း ဒါရိုက်တာ Ari Aster ကိုချီးကျူးရမယ့် ကိစ္စပါပဲ။မကြည့်ရသေးတဲ့လူတွေရော ကြည်ပြီးတဲ့လူတွေရော လက်မလွှတ်သင့်တဲ့ Psychological Horror ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တာကြောင့် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းကတော့…ဒန်နီဟာ သံသရလွန်ကဲတတ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူ(မ)ဟာ စိတ်ပညာဘာသာရပ်ကိုယူထားတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး ခရစ်ရှန်ဆိုတဲ့ ကောင်လေးလည်းရှိပါတယ်။တစ်ရက်မှာတော့ စိတ်ဓာတ်အလွန်အမင်းကျတဲ့ရောဂါကိုခံစားနေရတဲ့ ညီမလေး တယ်ရီဟာသူကိုယ်တိုင်ကိုရော ဒန်နီရဲ့မိဘနှစ်ပါးလုံးကိုရော ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ပြီး သေအောင်သတ်လိုက်ပါတော့တယ်။ခိုကိုးရာမဲ့သွားတဲ့ ဒန်နီဟာ အရင်ကထက်ကောင်လေး ခရစ်ရှန်အပေါ်ကို တွယ်ကပ်လာပါတယ်။ခရစ်ရှန် မာ့ခ်၊ ပယ်လ်လေ၊ ဂျော့ရှ် ဆိုတဲ့သူငယ်ချင်းသုံးယောက်ရှိပြီး ခရစ်ရှန်နဲ့ ဂျော့ရှ်က တစ်မေဂျာတည်းဖြစ်ကာ ဘွဲ့ယူကျမ်းပြုစုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ တစ်ရက်မှာတော့ ပယ်လ်လေဟာ သူ့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ဆွီဒင်နိုင်ငံက ကျေးလက်တောရွာလေးတစ်ခုကို ခရစ်ရှန်တို့ တစ်သိုက်ကို ဖိတ်ခဲ့ပါတယ်။ဒီလိုနဲ့ ဒန်နီလည်း ခရစ်ရှန်နဲ့စကားများပြီး နောက်ဆုံးမှာတော့ ဆွီဒင်နိုင်ငံကိုပါသွားပါတော့တယ်။အဓိကရည်ရွယ်ချက်ကတော့ နွေလယ်ရာသီပွဲတစ်ခုကို အလည်အပတ်သွားကြတာဖြစ်ပါတယ်။ဒါပေမယ့်လည်း အရမ်းကိုသာယာလှတဲ့ ဆွီဒင်နိုင်ငံ ရွာလေးတစ်ရွာမှာ သူငယ်ချင်းတစ်သိုက် ဘယ်လိုကြမ္မာငင်ကြမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။ဒန်နီ အဖြစ်အချစ်တော်မင်းသမီးလေး Florence Pugh ကပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့နာမည်ကြီး “Upside Down Face” လေးကိုခံစားရမှာဖြစ်ပါတယ်။ကောင်မလေးနဲ့ကြည့်ဖို့တော့အကြံပေးပါတယ်၊ ကြောက်ရင်ဖက်ထားလို့ရတာပေါ့။...
Viduthalai: Part II (2024) ⭐TMDB: 66% User Score 🎬 #Action #Bollywood #Crime #Drama #Thriller #History 🗓 2024 🎞 Series 🌎 #India ⏰ 2 နာရီ 37 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Viduthalai Part 2 (2024) ====================== အသစ်ထွက်ရှိလာတဲ့ မင်းသားကြီး Vijay Sethupathi ရဲ့အက်ရှင်ရုံကားအသစ်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ် Viduthalai Part 1(2023) ရဲ့ အဆက်ဖြစ်ပြီး ဗီဂျေးကတော်လှန်ရေးခေါင်းဆောင်တစ်ယောက်အဖြစ်ပြန်လည်ပါဝင်ထားကာ Soori, Manju Warrier တို့က အားဖြည့်ထားပါတယ် ပီရူမယ်ဆိုတာ အစတုန်းက သာမန်ကျောင်းဆရာလေးတစ်ယောက်ဖြစ်ပြီးကာရူပန်ဆိုတဲ့ စာမတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့်လူတန်းစား သာတူညီမျှရှိရေးကို သူသဘောပေါက်လာခဲ့တယ် ယုတ်မာရိုင်းစိုင်းတဲ့အထက်တန်းလွှာတစ်စုရဲ့ နိုင်ထက်စီးနင်းလုပ်မှုကြောင့်ကာရူပန်ဒုက္ခရောက်တဲ့အခါမှာ အတတ်နိုင်ဆုံးကယ်ဖို့ကြိုးစားခဲ့ပေမဲ့တရားဥပဒေကိုယုံမိလို့ ကာရူပန်ကိုဆုံးရှုံးလိုက်ရတဲ့နောက်မှာစိတ်ပိုင်းဖြတ်ပြီး သူ့လူတွေရဲ့ခေါင်းဆောင်တစ်ယောက်နေရာကို သူဘယ်လိုရောက်လာခဲ့လဲ ဒီအကြောင်းတွေ တဖြည်းဖြည်းနားလည်လာတဲ့ ကူမာရီဆာဆိုတဲ့ရဲကရော ဘယ်လမ်းကို ရွေးချယ်သွားမလဲ ဆိုတာကတော့ —– အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Singing in My Sleep (2024) ⭐TMDB: 56% User Score 🎬 #Drama #Music 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Singing in My Sleep (2024) IMDb Rating (5.1) “Singing in My Sleep” ဆိုတဲ့ ဇာတ်ကားလေးမှာတော့ အဓိကဇာတ်ဆောင်အနေနဲ့ American Horror Story (2011) ထဲက ကလေးသရုပ်ဆောင် Jessica Belkin က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဂီတမှာ ထူးချွန်တဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးနောက်မှာ ကျန်ရစ်ခဲ့တဲ့ သမီးလေးရဲ့ ခံစားချက်တွေ၊ မိသားစုရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ်ပိုင်ဆန္ဒတွေကြား ဘယ်လိုဟန်ချက်ညီအောင် ထိန်းညှိရမလဲဆိုတဲ့ ရုန်းကန်မှုကို ဒီဇာတ်ကားက လှပစွာ ပုံဖော်ထားပါတယ်။ ဇာတ်ဆောင်မင်းသမီးက သူမရဲ့ မသေချာမှုတွေကို ကျော်လွှားပြီး သူမရဲ့ ဂီတပါရမီကို လက်ခံဖို့ ကြိုးစားရတဲ့ ခရီးက အားတက်စရာပါ။ လောကဓံ တရားနဲ့ ဆုံးရှုံးမှုတွေကို ကိုင်တွယ်ပုံဖော်ပုံတွေကို ကြည့်ရှုခံစားရမှာပါ။ ခေတ်ပေါ်နဲ့ ရိုးရာဂီတတွေကို ပေါင်းစပ်ထားတဲ့ တေးဂီတကလည်း ဇာတ်လမ်းကို ပိုပြီး နက်ရှိုင်းစေပါတယ်။ ကိုယ့်ရဲ့အိပ်မက်တွေနောက်ကို လိုက်နေတဲ့သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)...
