ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Spirit Doll (2023) ⭐IMDB: 5.7/10 (14 Votes) 🎬 #Asian #Horror 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 26 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Spirit Doll (2023) CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါအာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရောtheme(အာဘော်) ပါ ကွဲပြားတာများပါတယ်ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေကကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ် ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲဇာတ်လမ်းအကျဥ်းကတော့ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ်သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီးသမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ်သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်းတစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ်“မိခင်သောက” အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါ အညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ~ KKKZ တို့ဖြစ်ပါတယ်...

Tiger Zinda Hai (2017) ⭐IMDB: 5.9/10 (32 k Votes) 🎬 #Action #Adventure #Bollywood #Thriller 🗓 2017 🎞 movie 🌎 #India ⏰ 2 နာရီ 40 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tiger Zinda Hai (2017) (သို့) ” တိုက်ဂါးရှိနေသေးတယ် ” ၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ အက်ရှင်သူလျှိုကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာအဖြစ် မင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ကို အလန်းစားသူလျှိုတွေအဖြစ် ဆက်လက်ရှုစားရမှာပါ။ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင်အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြတဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ်ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။ တိုက်ဂါးရဲ့ အလုပ်ရှင်ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့ အိန္ဒိယသူနာပြု ၂၅ ယောက်ကို ပြန်ကယ်စေချင်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေလက်ထဲမှာ အိန္ဒိယသူနာပြုတွေအပြင် ပါကစ္စတန်သူနာပြု ၁၅ ယောက်လည်း ပါနေသေးတဲ့အတွက် အိန္ဒိယသူလျှိုတိုက်ဂါးနဲ့ ပါကစ္စတန်သူလျှိုဇိုရာတို့စုံတွဲစစ်ဆင်ရေးကို အတူလှုပ်ရှားခဲ့ကြပါတယ်။ အတိုက်အခိုက်၊ အပစ်အခတ်တွေနဲ့မို့ အက်ရှင်ဇာတ်ကြမ်း ကြိုက်ပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကွက်တွေ အများကြီးပါသလို ဂီတ၊ အကနဲ့ ဒရာမာ တွေလည်း ပါတာမို့ ရသစုံပေး စွမ်းတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အကြမ်းဖက်သမားတွေရဲ့ နယ်မြေထဲကို တိုက်ဂါးတို့စုံတွဲ ဘယ်လိုအစီအမံတွေနဲ့ ဝင်ကြမှာလဲ။ ဓားစာခံသူနာပြုတွေကို ဘယ်လိုကယ်တင်ကြမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း နဲ့ မင်းသမီး ကက်ထရီနာကိတ်ဖ် တို့ကပဲ အဓိကဇာတ်ကောင်အ ဖြစ် သရုပ်ဆောင်ထားကာ ဆာဂျက်ဒယ်ဖရူဇ်၊ ဆူဒိ၊ အန်ဂက် ဘီဒီ၊ ကူမွတ်မစ်ရှ်ရာ စတဲ့သူတွေအားဖြည့်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြပါသည်။)...

Kalashnikov (2020) ⭐IMDB: 6.6/10 (4 k Votes) 🎬 #Biography #War #History #Drama 🗓 2020 🎞 movie 🌎 #Russia ⏰ 1 နာရီ 44 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။ အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။ အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။ File Size : (900 MB) and (450 MB)Quality : WEB-DL 720pRunning Time : 1hr 50minFormat : Mp4Genre : BiographySubtitle : Myanmar Subtitle (Hard Sub)Source : WEB-DL.(1080p).ExKinoRay[EtHD]Translated by Kay Z LEncoded by Thanhtike Zaw zawgyi ကမာၻပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။ အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမာၻအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမာၻစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဥ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။ အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။...

Ek Tha Tiger (2012) ⭐IMDB: 5.6/10 (37 k Votes) 🎬 #Action #Adventure #Bollywood #Romance #Thriller 🗓 2012 🎞 movie 🌎 #India #Ireland ⏰ 2 နာရီ 13 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ek Tha Tiger (2012) (သို့) တစ်ချိန်က တိုက်ဂါး မင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ရဲ့ ၂၀၁၂ခုနစ်ထွက်အက်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။မကြာသေးခင်ကထွက်ရှိထားတဲ့ မင်းသားကြီးရှာရွတ်ခန်းရဲ့ ပထန်ထဲမှာလည်း ပါဝင်ခဲ့တဲ့ဇာတ်ကောင်လျှို့ဝှက်အေးဂျင့် တိုက်ဂါးရဲ့ဇာတ်လမ်း။သုံးကားမြောက်လည်း ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက်ပြန်နွှေးကြတာပေါ့။ အိန္ဒိယရဲ့ RAWပါလာပြီဆိုလျှင်ဖြင့် ပါကစ္စတန်လည်းပါရသည်မှာ ဓမ္မတာပါပဲ။ဒီထဲမှာတော့ အိန္ဒိယရဲ့ RAWနဲ့ ပါကစ္စတန်ရဲ့ ISIတို့ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီနှစ်ခုကြားကတိုက်ပွဲ။မင်းသားကြီးဆယ်လ်မန်ခန်းကတော့ RAWအေးဂျင့်တစ်ယောက်ပေါ့။နိုင်ငံကို သစ္စာဖောက်တဲ့အေးဂျင့်တွေရန်သူစပိုင်တွေကိုအမြစ်ဖြတ်သုတ်သင်တတ်တဲ့ အထူးစပိုင်တစ်ယောက်။ တစ်နေ့သူ့အထက်အရာရှိရဲ့ စေလွှတ်မှုနဲ့အတူ နိုင်ငံတစ်ခုမှာ စာသင်ကြားနေတဲ့အိန္ဒိယအစိုးရဝန်ထမ်းဟောင်း ပရော်ဖက်ဆာတစ်ယောက်ကို စောင့်ကြည့်ဖို့တာဝန်ပေးအပ်ခံရပါတယ်။ပရော်ဖက်ဆာထံ ချဉ်းကပ်ဖို့ကြိုးစားရင်း ပရော်ဖက်ဆာရဲ့အိမ်မှာ အချိန်ပိုင်းစောင့်ရှောက်ပေးနေတဲ့မင်းသမီးကတ်ထရီနာကေ့ဖ်နဲ့ တွေ့ဆုံပါတော့တယ်။ အထူးအေးဂျင့်တစ်ယောက်က စာသင်ကြားနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ကို ဘာလို့စောင့်ကြည့်နေရတာလဲ။ပရော်ဖက်ဆာအိမ်မှာ အချိန်ပိုင်းစောင့်ရှောက်နေတဲ့ မင်းသမီးနဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိလာမှာလဲဆိုတာ ကြည့်ရမယ့်ကားဟောင်းထဲက အက်ရှင်ကားကောင်းလေးကို ပြန်လည်ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Dee~Yunni~Zweတို့ပဲဖြစ်ပါတယ်)...

I Received A Gold Like From A Matching App-Meisa Kawakita [JUFE-509-Decensored] ⭐- 🎬 #Asian #Adult 🗓 - 🎞 tv series 🌎 #Japan ⏰ 2 နာရီ 37 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 JAV မင်းသမီးငယ်ငယ်လေးတွေထဲ Meisa Kawakita ကို သိသူနည်းနိုင်ပေမယ့် JUFE-509-Decensored Version ဒီဇာတ်လမ်းထဲက ကံစမ်းမဲပေါက်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ တက်ကြွတဲ့ကောင်မလေးအဖြစ် မြင်တွေ့လိုက်ရင် သူမကို တန်းစွဲသွားနိုင်ပါတယ်။ ဆင်ဆာနဲ့ဆိုရင် သိပ်မထူးခြားတဲ့ သူမရဲ့အလှအပတွေက Decensored Version နဲ့ဆိုရင်တော့ ဟွင်းဟွင်းပါပဲ။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Sparkle: A Unicorn Tale (2023) ⭐IMDB: 5.7/10 (30 Votes) 🎬 #Adventure #Family #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်တဲ့ ယူနီကွန်းလေးကို အကြောင်းပြုပြီးဇာတ်အိမ်တည်ထားတဲ့ မိသားစု Drama Fantasyဇာတ်လမ်းလေးပါ….။ မှော်အစွမ်းတွေရှိတဲ့ ယူနီကွန်းတွေဟာ သူရွေးချယ်ထားတဲ့လူကို ကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သက်တံ့ပေါ်ကနေဆင်းလာပြီး ဆုတောင်းတွေဖြည့်ဆည်းပေးလေ့ရှိပါတယ်တဲ့…။ ဇာတ်လမ်းလေးထဲမှာတော့ အန်နာဘယ်လ်ဆိုတဲ့ ကလေးမလေးဟာ သူငယ်ငယ်ကတည်းက မိခင်ဖြစ်သူဆုံးပါသွားပြီး ဖခင်ဖြစ်သူကလည်း စစ်ပွဲထဲပါသွားလို့ အဘိုးဖြစ်သူနဲ့သာအတူနေရသူလေးပါ…။ ကံခေပြီး အဘိုးဖြစ်သူပါဆုံးပါးသွားတော့ မျက်စိသူငယ်နားသူငယ်နဲ့ တစ်ကောင်ကြွက်ဖြစ်သွားပါလေရော…။ အဘိုးဖြစ်သူမရှိတဲ့နောက် အဘိုးရဲ့အိမ်ကိုဘဏ်ကသိမ်း၊ အန်နာဘယ်လ်လေးလည်း မိဘမဲ့ဂေဟာရောက်သွားရှာပါတယ်…။ ဒီအ‌ခြေအနေကိုမကြည့်ရက်တဲ့ ယူနီကွန်းလေးတစ်ကောင်ဟာ အန်နာဘယ်လ်လေးရဲ့ဆုတောင်းတွေကိုဖြည့်ဆည်းပေးဖို့ရောက်လာပါတယ်….။ အန်နာဘယ်လ်လေးရဲ့ဆုတောင်းကဘာတွေဖြစ်မလဲ…၊ ယူနီကွန်းလေးကရော ဘယ်လိုဆုတောင်းတွေဖြည့်ပေးမလဲဆိုတာကို စွန့်စားခန်းလေးတွေနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်...

Skymed (2022- ) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Drama 🗓 2022- 🎞 tv series 🌎 #Canada #UnitedStatesofAmerica ⏰ 45 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 SkyMed (2022 – 2023)  ဒီတစ်ခါတော့ လူနာတင်လေယာဉ်အကြောင်းရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ကားတင်ဆက်လိုက်ပါတယ်ကနေဒါ ဇာတ်လမ်းတွဲလေးဖြစ်နေတာကြောင့် ကြည့်ရတာတမူထူးခြားပြီး အရသာသစ်လေးတွေလည်းခံစားရမယ်လို့ထင်ပါတယ် စကိုင်းမတ် ဆိုတဲ့ လူနာတင်လေယာဉ်လေးမှာ အရေးပေါ်လူနာတွေကိုအသက်ရှင်လျက် ဆေးရုံတွေကို ပို့ပေးရတဲ့ တာဝန်ကိုယူထားတာပါအဲဒီစကိုင်းမတ်အဖွဲ့လေးက ဆေးအကူတွေရယ် လေယာဉ်မှူးတွေရယ်ဝန်ထမ်းတွေရယ်နဲ့ မိသားစုသဖွယ်ဖြစ်နေတဲ့ သွန်ဆမ်ဆိုတဲ့ ကုမ္ပဏီလက်အောက်က အဖွဲ့လေးပါ လူနာတင်လေယာဉ်ဆိုတဲ့အတိုင်း ရင်ဆိုင်ရတဲ့လူနာအခက်အခဲတွေ လေယာဉ်မှူးတွေရဲ့အခက်အခဲတွေကိုရိုက်ပြထားတော့တကယ့်ကိုကြည့်လို့တန်တဲ့ကားကောင်းလေးပါပဲမှတ်ချက် မင်းသမီးလေးတွေကတော့ တကယ့်ကိုချောတာဗျာ...

Shoresy (2022-2023) ⭐IMDB: 8.5/10 (6 k Votes) 🎬 #Comedy #Drama #Action #Sport 🗓 2022-2023 🎞 tv series 🌎 #Canada ⏰ 32 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shoresy (2022) Season1 Completeကနေဒါနိုင်ငံလို့ပြောတာနဲ့ ကျွန်တော်တို့ပထမဆုံးပြေးမြင်တာကတော့ ဟော်ကီပါပဲ။ ဟုတ်ပါတယ်။ ဒီကနေဒါဇာတ်လမ်းတွဲကတော့ IMDB 8.5 နဲ့ Rotten Tomatoes 100% ရထားတဲ့ ဟော်ကီနဲ့ပတ်သက်တဲ့ Sitcom ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး IMDB 8.6 ရထားတဲ့ နောက်ထပ်နာမည်ကြီး Sitcom ဇာတ်လမ်းတွဲဖြစ်တဲ့ Letterkenny ရဲ့ spinoff လည်းဖြစ်ပါတယ်။နာမည်ကြီးကနေဒါသရုပ်ဆောင် Jared Kesso ကိုယ်တိုင်ရေးပြီး Shoresy နေရာမှာ ကိုယ်တိုင်သရုပ်ဆောင်ထားလည်းဖြစ်ပါတယ်။ Shoresy ဟာကျေးလက်ဒေသကနေ ဟော်ကီအသင်းတစ်ခုမှာ ဝင်ကစားဖို့ ဆတ်ဒ်ဘူရီမြို့ကို ပြောင်းလာပါတယ်။ သူဝင်ကစားတဲ့အသင်းက Bulldogs ဖြစ်ပြီး သူဝင်မကစားခင်မှာ ဆတ်ဒ်ဘူရီမြို့ရဲ့ ထိပ်တန်းဟော်ကီအသင်းတစ်ခုဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ သူဝင်လာတဲ့အချိန်ကစပြီး ပွဲ 20 ဆက်တိုက်ရှုံးပြီး နည်းပြဖြစ်သူက ထွက်သွားရုံတင်မကဘဲ မန်နေဂျာဖြစ်သူကပါ အသင်းကိုဖျက်သိမ်းတော့မယ့်အထိ အခြေအနေဆိုးလာပါတယ်။ရှုံးရမှာကို သေလောက်အောင်မုန်းတဲ့ Shoresy ဟာ သူ့ရဲ့နည်းပြအတွေ့အကြုံနဲ့ စွန့်စားမှုများတဲ့ အစီအစဉ်တစ်ခုကို မန်နေဂျာကိုပြောပြပြီး အသင်းကိုမဖျက်သိမ်းဖို့နဲ့ ပြိုင်ပွဲကိုနိုင်အောင်လုပ်ပေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ လေးသင်းလိဂ်မှာ အဆင့်လေးဖြစ်နေတဲ့ Bulldogs က ဆတ်ဒ်ဘူရီမြို့ရဲ့ အကောင်းဆုံးသုံးသင်းကို Shoresy ရဲ့အားစိုက်မှုနဲ့နိုင်နိုင်မှာလားဆိုတာကိုတော့ CM ပရိသတ်ကြီးတို့ ဟာသလေးရော စိတ်လှုပ်ရှားမှုအပြည့်နဲ့ပါ စောင့်ကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။...

Kaala (2023) ⭐TMDB: 90.0% User Score 🎬 #Crime #Drama #Action #Adventure 🗓 2023 🎞 movie 🌎 #India ⏰ 54 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kaala (2023)Kaala (သို့) ငွေမည်းဘုရင်များ၏ အရှုပ်တော်ပုံ (2023) IMDb 6.7/10နောက်ဆုံးထွက် အသစ်စက်စက် ငွေမည်းမှောင်ခိုအကြောင်း စီးရီးလေးတစ်ခု တင်ဆက်ပေးချင်ပါတယ် ဒီစီးရီးမှာဆိုရင် အပိုင်း၈ပိုင်းထိ ပါဝင်ပြီး တစ်ပိုင်းချင်းစီကို မျက်တောင်မခတ်တမ်းကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီစီးရီးက ဘာနဲ့တူလဲဆိုရင် ဟိုတလောတုန်းကထွက်ရှိထားတဲ့ Farzi နဲ့နည်းနည်းဆင်တူပေမဲ့ ဒီကောင်က Plot ပိုင်းဆိုင်ရာမှာ ကြည့်တဲ့လူ‌တွေကိုပိုပြီးခေါင်းစားစေမှာပါ အမှန်တရားနောက်ကွယ်က လက်မည်းကြီးတွေနဲ့ အာဏာတွေပါဝါတွေအောက်ကနေ အဖြစ်မှန်ကိုလိုက်စုံစမ်းနေတဲ့ စုံစမ်းရေး IB အရာရှိ ရစ်ဝစ်ခ်… သူလိုက်နေတဲ့ အကောင်ကြီးတွေကတော့ အနောက်ဘင်္ဂလားဒေ့ရှ်က ငွေကြေးခဝါချသူတွေနဲ့ အဲဒီငွေမည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်နေတဲ့ သူ့ရဲ့ဂိုဏ်းကြီးတစ်ခုရဲ့‌ ခေါင်းဆောင်၊ နာမည်ကြားတာနဲ့ ဥပဒေဘက်တော်သားတိုင်းရှိန်တဲ့၊ လက်ရှောင်ကြတဲ့ တစ်မိုးအောက် ငွေမည်းဘုရင် “နန်မန်အာရာ”… ဂိုဏ်းကြီးဆိုတဲ့အတိုင်း အထက်ကလူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လာဘ်ထိုးကာ အိန္ဒိယကနေတစ်ဆင့် မှောင်ခိုမှု‌တွေ ပြုကြပါတော့တယ်..ဒီလိုကနေတစ်ဆင့် စစ်ဆင်ရေးလုပ်နေစဉ်မှာပဲ အရာရှိရစ်ဝစ်ခ်ရဲ့ရင်ထဲမှာ တိမ်းအောင်းနေတဲ့ အဖေဖြစ်သူအပေါ်နာကျည်းမှုတွေရဲ့အမှန်တရားတွေ ယှဉ်တွဲလာတဲ့အခါ… ပိုက်ဆံက အရာရာဆိုတဲ့လူတွေကြား လူလေး၅ယောက်လောက်သာပါဝင်တဲ့ စုံစမ်းရေးအရာရှိတို့အဖွဲ့ ဘယ်လိုတွေအားပြိုင်ကြမလဲ ငွေမှောင်ခိုမှုပဲဆိုပေမဲ့ ကြည့်လေကြည့်လေ ဆွဲဆောင်နိုင်လေပဲမို့ အခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~Zwe ~BpL ~Dee ~Alex ~ToMo တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Kushi (2023) ⭐IMDB: 5.5/10 (6 k Votes) 🎬 #Bollywood #Comedy #Drama #Romance #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 35 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kushi(2023) ဒီနေ့တင်ဆက်ပေးမှာကတော့ အသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.2/10 ရရှိထားတဲ့အချစ်ကားလေးပဲဖြစ်ပြီး မင်းသားနဲ့မင်းသမီးကလည်း နာမည်ကြီးတွေဖြစ်တဲ့ဗီဂျေးနဲ့ ဆမန်သာတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘာသာမဲ့မိသားစုက မွေးဖွားလာတဲ့သူဌေးသားလေးနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုကမင်းသမီးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါပဲ။ ဇာတ်လမ်းအစမှာ ငွေကြေးပြည့်စုံတဲ့ မင်းသားတစ်ယောက်အတွေ့အကြုံလိုချင်တာသက်သက်နဲ့ နယ်မြေကြမ်းတဲ့ ကတ်ရှ်မီးယားဒေသကိုပြောင်း‌ရွှေ့ပြီး တာဝန်ထမ်းဆောင်ရာက ခရီးရောက်မဆိုက်က်တိုက်ပွဲနဲ့တိုးပြီးရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဒုက္ခမျိုးစုံကြားနေနေရင်းက မင်းသမီးကိုတွေ့ပြီးအကြွေကြီးကြွေသွားပါလေရော။ အချစ်ကြီးချစ်မိနေတဲ့ မင်းသားတစ်ယောက်မင်းသမီးနားနေရဖို့ နည်းလမ်းမရွေးကြိုးစားလာရင်း အကြမ်းဖက်တွေလက်ထဲကလည်း ပြေးရ၊ကလေးတွေလည်းရှာရနဲ့ နှင်းတောင်ပေါ်က အချစ်သူရဲကောင်းကြီးဖြစ်လာတော့တာပါပဲ။ နောက်ဆုံးမှာတော့ တောင်တွေအထပ်ထပ်ကျော်လို့ အတားအဆီးအမျိုးမျိုးဖြတ်လာအပြီးမှာသူတို့တကယ်တမ်းကျော်ရမယ့်တောင်နှစ်လုံးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါတော့တယ်။အဲ့ဒါကတော့ သူတို့ရဲ့ အဖေတွေပါပဲ။ ဘာသာမဲ့အဖွဲ့အစည်းခေါင်းဆောင်နဲ့အိန္ဒိယဘာသာရေးခေါင်းဆောင်ဖခင်နှစ်ယောက်ရဲ့ သားသမီးတွေဖြစ်တဲ့သူတို့ ပန်းသီးပေါတဲ့ဒေသမှာ ပေါက်ဖွားလာတဲ့ အချစ်ပန်းသီးလေးကိုဆက်ထိန်းသိမ်းပြီး ဒီတောင်ကို ကျော်နိုင်မှာလားဆိုတာကိုတော့ ရယ်ရင်းမောရင်း၊ကတ်ရှ်မီးယားရဲ့အလှတွေကို ခံစားရင်း ကြည့်ရှုနိုင်ဖို့အညွှန်းကိုတော့ Aditi မှ ရေးသားပြီးCM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။...

It Shall Not Be Named (2023) ⭐IMDB: 2.7/10 (63 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ It shall not be named ဆိုတဲ့ ဇာတ်ကားလေးပဲ​​ဖြစ်ပါတယ်။ ဒီကားလေးထဲမှာ ခရစ်စ်နဲ့ကတ်ဆိုတဲ့ ချစ်သူနှစ်ဦးရှိကြပါတယ်။ တရက်မှာ ကတ်က အပိုဝင်ငွေလေးရအောင်ဆိုပြီး အခန်းဖော်တစ်ယောက်ရှာပြီး သူ့အိမ်ကအခန်းတစ်ခန်းကိုငှားပါတော့တယ်။အဲ့အခန်းဖော်ရောက်လာပြီးကတည်းက ကတ်တစ်ယောက် နာမ်လောကနဲ့ဆိုင်တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာရတာပါ။ သူ့ရည်းစားခရစ်စ်ကိုလည်း အခန်းဖော်သစ် ဂျက်စီနဲ့ အထင်လွဲ သဝန်တိုပြီး ဂျက်စီကိုအကောင်းမမြင်ဖြစ်လာပါတယ်။ နောက်ပြီးခြောက်ခြားစရာတွေလည်းကြုံတွေ့နေရလို့ ကတ်နဲ့ခရစ်စ်တို့နှစ်ယောက်က ဂျက်စီရဲ့အခန်းကိုခိုးဝင်ပြီး ရှာဖွေတဲ့အခါမှာ ဂါထာမန္တန်နဲ့စုန်းအတတ်ပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်။ ဂျက်စီရဲ့သရုပ်မှန်ကဘာလဲ ခရစ်စ်နဲ့ကရော တကယ်ပဲဖောက်ပြန်နေခဲ့သလား ကတ်ကရောဘယ်လိုခြောက်ခြားစရာတွေကြုံတွေ့ရဦးမလဲဆိုတာ ဇာတ်ကားလေးထဲမှာကြည့်ရှုပေးကြပါဦး...

Blippi's Big Dino Adventure (2023) ⭐IMDB: 2.3/10 (15 Votes) 🎬 #Family 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 7 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ သားသားမီးမီးလေးတွေကြည့်ရှုရမှာကတော့ ပတ်ခ်ရိန်းဂျားအာရှာဆိုတဲ့ ဒိုင်နိုဆောစောင့်ရှောက်သူ တစ်ယောက် အလည်လွန်ပြီး မေမေတီရက်စ် ဒိုင်နိုဆောဥတွေကို ပျောက်သွားတဲ့အတွက် သူ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဘလီပီနှင့် မီကာကို အကူအညီတောင်းပြီး ဥပျောက်ရှာပုံတော်စွန့်စားခန်းကြီးဖြစ်ပါတယ်။ တစ်ခုရှိတာက ဥကလေးတွေက တစ်နာရီအတွင်းမှာ အကောင်ပေါက်တော့မှာဖြစ်တဲ့အတွက် ဒီအချိန်အတွင်း ဒိုင်နိုဆောအမျိုးမျိုးရန်ကို ဘယ်လိုရှောင်ရှားပြီး ဥရှာကြမလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး သူတို့ ဥရှာပုံတော်ထွက်တဲ့တစ်လျှောက်မှာ ပစ္စည်းအမျိုးမျိုးရဲ့ ခေါ်ဝေါ်ပုံ တွေကို စိတ်ဝင်တစား လေ့လာရမှာဖြစ်ပါတယ်။ အလုပ်များတဲ့ သားသားမေမေ မီးမီမေမေတွေအနေနဲ့လည်း ကိုယ်ချစ်သားသမီးတွေကို အင်္ဂလိပ်စာနဲ့ အထိအတွေ့ရှိအောင် ဒီလိုဇာတ်ကားဖွင့်ပေးထားတတ်တယ်ဆိုရင် မြန်မာလိုဘာသာပြန်ဆိုထားတဲ့အတွက် ကလေးတွေကိူ ဘာသာနှစ်မျိုး ရင်းနှီးစေပြီး bilangual သဘောမျိုးဖြစ်တဲ့အတွက် ပိုသင့်လျော်လို့ ကလေးတွေအတွက် ဖွင့်ထားပေးလို့ရပါတယ်။ ဒီတော့ သားသားမီးမီးတို့ရော မေမေတို့တင်မက အားလုံးပါ ကြည့်ရှုပေးကြပါဦးနော်။...

Chiara (2022) ⭐IMDB: 5.8/10 (198 Votes) 🎬 #Biography #History #Drama 🗓 2022 🎞 movie 🌎 #Italy #Belgium ⏰ 1 နာရီ 43 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rotten Tomatoes 80%အထိ ရထားတဲ့ အင်မတန်ကောင်းလှတဲ့ အီတလီ ရုပ်ရှင်တစ်ကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ My brilliant friend series မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ အီတလီ ရုပ်ရှင်မင်းသမီးချောလေး Margherita Mazzuccoက The Champion, Everything you want, Lovely boy, Romantic Guide to Lost Places အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Andrea Carpenzanoနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်း မပြောခင်မှာ ဇာတ်လမ်းနဲ့ တိုက်ဆိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်းကို နည်းနည်းလေးအရင်ပြောပြချင်ပါတယ်။ တမင် အာလူးဖုတ်တာ မဟုတ်ဘဲ ဇာတ်လမ်းနဲ့သက်ဆိုင်လို့ ပြောရတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ကျွန်တော့်မှာ လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ရာသက်ပန် သီလရှင် ဝတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းရှိပါတယ်။ သူပြောတာက သာသနာ့ဘောင်ထဲ ဝင်လိုက်ရင် တကယ်ပဲငြိမ်းချမ်းသွားမယ်တဲ့။ ကျွန်တော်တို့သူငယ်ချင်းတွေကလည်း သူ့ကို ပြန်​ပြီး နားချကြတာပေါ့ဗျာ။ သီလရှင် ရာသက်ပန်ဝတ်လိုက်လို့ တကယ်ပဲ ငြိမ်းချမ်းမယ် ထင်လို့လားပေါ့။ သာသနာ့လောကထဲမှာလည်း သူ့ အခက်ခဲနဲ့ သူ၊ သူ့ အရှုပ်ထွေးနဲ့ သူ ရှိနေကြဆိုတာကို မျက်မြင်တွေ့နေကြရတာပဲ မဟုတ်လား။ ယခု ရုပ်ရှင်ထဲမှာဆိုရင် ကလဲလို့ခေါ်တဲ့ ကောင်မလေးက ဆွေကြီးမျိုးကြီးကနေ ဆင်းသက်လာတဲ့ ကောင်မလေး တစ်ယောက်ပါ။ ကလဲက ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာကို လူ့လောကမှာ ချန်ထားခဲ့ပြီး သီလရှင် ဝတ်လိုက်ပါတော့တယ်။ ကလဲ ကျင့်တဲ့လမ်းစဉ်က ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး လောဘကို အဆုံးသတ်ကာ ဆင်းရဲခြင်းလမ်းစဉ်ကျင့်သုံးတာဖြစ်ပါတယ်။ ဇာတ်အိမ်က ၁၂၁၁ ခုနှစ်မှာ တည်ထားတာပါ။ ယခု ၂၁ရာစုမှာတောင် gender equalityက ရသင့်သလောက် မရသေးဘဲ ရှိနေသေးတာ ၁၂၁၁ ခုနှစ်ဆိုတော့ ပိုဆိုးပေါ့။ ဘုန်းတော်ကြီးနဲ့ သီလရှင်တွေမှာ ယောင်္ကျားသားဖြစ်တဲ့ ဘုန်းတော်ကြီးတွေက သာသနာ့လောကကို အုပ်စိုးထားပုံတွေ၊ သီလရှင်တွေကို ဘုန်းကြီးတွေလောက် မတူသလို မတန်သလို ဆက်ဆံကြပုံတွေ၊ သီလရှင်တွေအပေါ်ကို အမျိုးမျိုးသော နှိမ့်ချမှုတွေကို ဒီရုပ်ရှင်ထဲမှာ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော် ပြသထားတာဖြစ်ပါတယ်။ ကလဲ တစ်ယောက် သီလရှင်တွေကို ဖိနှိပ်ကြတဲ့ အမျိုးမျိုးအဖုံဖုံကို ဘယ်လိုရင်ဆိုင်သွားမလဲ၊ သူ့ရဲ့ကျင့်စဉ်နဲ့ လူ့လောကကို ဘယ်လို အကျိုးပြုသွားမလဲ၊ ယောင်္ကျား ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ မိန်းမသားဖြစ်တဲ့ သီလရှင်တွေအတွက် တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးမယ့် သာသနာ့ဘောင် စစ်အေးတိုက်ပွဲတွေကို ဒီရုပ်ရှင်မှာ ခံစားနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေ စာပေကျမ်းဂန်တွေက တကယ့်အနှစ်ပါလှပြီး မည်သည့်ဘာသာကို ကိုးကွယ်သူမဆို ဒီရုပ်ရှင်ကို ကြည့်သင့်ကြည့်ထိုက်ပါတယ်။ ဘာသာပြန်သူ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားနဲ့ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ ဘာသာတရားနဲ့ မတူညီကြပေမယ့် ဘာသာတရားတိုင်းရဲ့ အခြေခံက အတူတူပါပဲ။ ဘယ်ဘာသာပဲ ကြည့်ကြည့် ငြိမ်းချမ်းရေးအကြောင်းကိုပဲ ဦးတည်ထားကြတာပါပဲ။ လူအချင်းချင်း ချစ်မြတ်နိုးကြပြီး ကိုယ်ချင်းစာတရား ထားနိုင်ကြရင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းနေမှာဖြစ်ကြောင်း မှတ်ချက်ပြုရင်း reviewကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

War of the Wills (2023) ⭐TMDB: 40.0% User Score 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 44 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ဝီလ်တို့ သားအဖကြားက မတည့်အတူနေစစ်ပွဲကိုမြင်တွေ့ရမယ့် Comedy Drama movieလေးပါပဲ…။ ဇာတ်လမ်းထဲမှာတော့ ကျိကျိတက်ချမ်းသာတဲ့အဘိုးဖြစ်သူသေဆုံးသွားပြီးတော့ အမွေတွေတစ်ပုံတစ်ပင်ကြီးကို မြေးဖြစ်သူဝီလ်နဲ့ သူ့အဖေကို ညီတူညီမျှခွဲဝေပေးခဲ့ပါတယ်…။ ဒီအတိုင်းရော့အင့်ဆိုပြီး ပေးလိုက်တာမျိုးမဟုတ်ဘဲ စည်းကမ်းချက်တစ်ခုရှိပါတယ်…။ အဲ့ဒီ စည်းကမ်းချက်ကတော့ ဝီလ်တို့သားအဖနှစ်ယောက် အဘိုးဖြစ်သူချန်ခဲ့တဲ့ အိမ်ကြီးမှာ ၂၉ရက်တာ၊ ခြံဝန်းအပြင်ဘက် ဘယ်ကိုမှထွက်သွားခွင့်မရှိဘဲ အိမ်ထဲမှာပဲအတူနေရမှာပါ…။ တစ်ယောက်က မနေနိုင်ရင် ဒါမှမဟုတ် ခြံဝန်းအပြင်ထွက်မိရင် ကျန်တဲ့သူက အမွေအကုန်ရမှာပါ…။ စည်းကမ်းချက်က ရှင်းရှင်းလေးပါ… ခက်တာက ဝီလ်တို့ သားအဖနှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက သင့်မြတ်မှုမရှိတာပါပဲ…။ ဒီတော့ ဒီသားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အမွေမရအောင် ချောက်ချရင်း… အဆုံးသတ်မှာ ဘယ်သူကအမွေတွေရသွားမလဲဆိုတာကို plot twistလေးနဲ့ ကြည့်ရမယ့် ဇာတ်လမ်းလေးပါပဲ...

Shade (2003) ⭐TMDB: 61.0% User Score 🎬 #Crime #Thriller #Action 🗓 2003 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Crime, ThrillerIMDB – 6.3/10 သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာမျိုး ကတုံးပေါ် ထိပ်ကွက်တာမျိုး တစ်ပတ်ရိုက်တာမျိုးတွေ သဘောကျသပါ့ဆိုရင်တော့ ဒီ ပိုကာဖဲကားလေး လာပြီဗျို့။ Ocean Trilogy တို့ 21 တို့ Rounders တို့လို လောင်းကစားကို အခြေခံပြီး စိတ်ဝင်စားဖွယ်ရာ ဇာတ်ကွက်တွေ မထင်ထားရလောက်အောင် ဖြစ်သွားတဲ့ လှည့်ကွက်တွေနဲ့ ဇာတ်ကားမျိုးတွေ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတာပေါ့။ လူတွေကို အယုံသွင်း အားနည်းချက်ကို အခွင့်ကောင်းကိုယူ လူလိမ်ချင်းတောင် နည်းနည်းလျှော့တွက်မိရင် ခံရတာမျိုးတွေကို အပြင်ကနေကြည့်ရင်း အားကျမိတာမျိုး ရှိသလို လက်တွေ့ဘဝအတွက်လည်း သင်ခန်းစာရတာတွေလည်း ရှိခဲ့ကြပါတယ်။ ကဲ ကြာပါတယ် ဇာတ်ကားအကြောင်း ပြောကြတာပေါ့။ ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူး Spoiler တွေ ပါကုန်မှာစိုးလို့ တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းက လှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေ ပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ပေါ့ သူ့ကို ဒင်းန်လို့ သမုတ်ကြတယ်။ ပြီးတော့ လူတွေကို ရိုက်စားလုပ်နေတဲ့ ချာလီနဲ့ တွဲဖက်မိန်းကလေး တစ်ဖနီဆိုတာရှိတယ်။ သူတို့က ဖဲဆော့တာ လက်ရည်ကောင်းလို့ဆိုပြီး ပါလာတဲ့ ဂျန်နင်းရှိမယ်။ တတိယလူအဖြစ် ဖဲကိုင်တဲ့နေရာမှာ ဆရာကျပြီး ချာလီနဲ့ အလုပ်တွဲ လုပ်ဖူးတဲ့ ဗာနွန်ပါလာမယ်။ ဒီအုပ်စုကြီးက ဒီ ဒင်းန်ဆိုတဲ့ ဆရာကြီးကို ဝိုင်းဖြုတ်ကြမယ်ပေါ့။ တစ်ဖက်မှာလည်း လူမိုက်ဂိုဏ်းတို့ဘာတို့ကလည်း တစ်ဇာတ်လမ်းပေါ့လေ ကြည့်ရင်းနဲ့တော့ ရှင်းသွားပါလိမ့်မယ် သိပ်အများကြီး ပြောလို့မရဘူး ဖြစ်နေတော့။ သရုပ်ဆောင်တွေကလည်း ဆရာတွေနော် The Usual Suspect ထဲက မင်းသားကြီး Gabriel Byrne တို့ မင်းသား Jamie Foxx တို့ Stallone တို့ MI 2 ထဲက မင်းသမီးတို့ နောက်ပြီး အဲဒီခေတ် Queen of the Damned တို့နဲ့ မိုက်ခဲ့တဲ့ မင်းသား Stuart Townsend တို့ အစုံအလင် ပါဝင်ထားကြတာပါ။ သိပ်လေရှည်လို့ မရတဲ့ကားဆိုတော့ သွားကြည့်တာပဲ ကောင်းပါလိမ့်မယ် မိတ်ဆွေတို့။...

Snake in the Eagle's Shadow (1978) ⭐TMDB: 73.0% User Score 🎬 #Action #Comedy #JackieChan 🗓 1978 🎞 movie 🌎 #HongKong #HongKong ⏰ 1 နာရီ 38 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် 1978 ခုနှစ်လောက်ကထွက်ခဲ့တဲ့ jackie chan ရဲ့ကွန်ဖူးဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…လင်းယုန်လက်သည်းသိုင်းနဲ့ မြွေလက်သီးသိုင်းပညာတွေဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ပြိုင်ဘက်သိုင်းပညာတွေဖြစ်ပြီး ဂိုဏ်းအချင်းချင်းက နှစ်ပေါင်းများစွာယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ လင်းယုန်လက်သည်းသိုင်းကို တဖက်ကမ်းခတ်ကျွမ်းကျင်တတ်မြောက်ထားတဲ့သူ ရှန့်ခွင်းရီယွမ်တစ်ယောက် မြွေလက်သီးသိုင်းကို အဆုံးသတ်နိုင်တဲ့အခွင့်အရေးရလာခဲ့ပါတယ်။မြွေလက်သီးဂိုဏ်းရဲ့တပည့်ပေါင်း ၃၀၀၀ ကျော်ကို သတ်ပစ်ခဲ့ပြီးနောက်ဆုံး ဆက်ခံသူ ၃ ယောက်ကိုသာရှင်းပစ်ဖို့ကျန်ပါတော့တယ်။ အဲဒီ ၃ ယောက်ထဲမှာ အတော်ဆုံးတပည့်ဖြစ်တဲ့ ပိုင်ချန်ထင်ဟာ ထွက်ပြေးတိမ်းရှောင်နေရင်း ဝေ့ဝူကျောင်းတော်က စိတ်ရင်းကောင်းပြီး လေ့ကျင့်ရေးထိုးအိတ်အဖြစ် အမြဲအနိုင်ကျင့်ခံနေရတဲ့ လီချန်တွေ့သွားတဲ့အချိန်မှာတော့… လင်းယုန်လက်သည်းဂိုဏ်းက မြွေလက်သီးသိုင်းကို အမြစ်ပြတ်ချေမှုန်းသွားနိုင်မှာလား..တခြားဘယ်လိုဇာတ်ကွက်တွေနဲ့ဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ဆွဲခေါ်သွားမလဲဆိုတာကိုကြည့်ရှူရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။...

Final Summer (2023) ⭐IMDB: 3.6/10 (140 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Silver Lake နွေရာသီစခန်းမှာ အဖြစ်ဆိုးတစ်ခု ကြုံခဲ့ရပြီးနောက် ညနေခင်းမှာ‌ ၀န်ထမ်းလူငယ်တစ်စုက ပိတ်ရက်အတွက် ပြင်ဆင်နေကြပါတယ်။ ဒီလိုနဲ့ ကိုယ့်တာ၀န်ကိုယ် လုပ်နေကျရင်း မှောင်ရီပျိုးစအချိန်မှာ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မိုက်ခ်တစ်ယောက် ပျောက်ဆုံးနေတာကို သိလိုက်ကြရတဲ့အချိန်မှာတော့ စခန်းထဲမှာ မိုက်ခ်ကိုရှာဖွေဖို့အတွက် စတင်ကြရ‌ပါတော့တယ်။ သူတို့တွေအားလုံး သတိမထားမိလိုက်တာကတော့ သစ်တောထဲက ခေါင်းစွပ်‌စွပ်ထားပြီး ပုဆိန်တစ်လက်ကိုင်ထားတဲ့ လူသတ်သမားတစ်ယောက် စောင့်ဆိုင်းနေတယ်ဆိုတာကိုပါပဲ။ ဒီလိုနဲ့ အမည်မသိ ပုဆိန်နဲ့လူသတ်သမားရဲ့လက်ထဲကနေ ဘယ်သူတွေကလွတ်မြောက်မလဲ၊ ပုဆိန်နဲ့လူသတ်သမားကရောဘယ်သူလဲဆိုတာကတော့…သည်းထိတ်ရင်ဖိုရုပ်ရှင်လေးဖြစ်တဲ့အတွက် အညွှန်းကတော့ ဒီလောက်လေးပဲ ပြောထားပါရစေ...

Angela (2023) ⭐IMDB: 5.8/10 (159 Votes) 🎬 #Biography #Crime #Drama 🗓 2023 🎞 movie 🌎 #Brazil ⏰ 1 နာရီ 44 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကြည်နူးစရာကောင်းတဲ့ ကလေးအဖေနဲ့ ကလေးအမေကြားက ဖြစ်ရပ်မှန် အိမ်ထောင်ရေး ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အိန်ဂျလာဆိုတဲ့ အမျိုးသမီးဟာ ကလေးသုံးယောက်ရဲ့ မိခင်ဖြစ်ပြီး ယောက်ျားနဲ့ကွဲနေသူပါ သူဟာ ကိုယ်ပိုင်အိမ် မပိုင်ဆိုင်ခြင်းကြောင့် ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို ဆုံးရှုံးထားရသူလည်းဖြစ်ပါတယ်။ အိန်ဂျလာဟာ ပါတီပွဲတစ်ခုမှာ ရအူးဆိုတဲ့လူတစ်ယောက်နဲ့ တွေ့ခါ ချစ်ကြိုက်မိသွားပါတော့တယ် တကယ်တော့ ရအူးဟာလည်း အိမ်ထောင်ရှင်တစ်ယောက်ဖြစ်ပြီး ကလေးအဖေတစ်ယောက်ပါ ကလေးတွေကို ထိန်းသိမ်းခွင့်မရလိုက်တဲ့ အိန်ဂျလာတစ်ယောက် မြို့မှာနေရတာ မွန်းကြပ်လာပြီး ရအူးနဲ့အတူ ကမ်းခြေမှာ အိမ်လေးတစ်လုံးဝယ်ကာ အေးအေးဆေးဆေးနေထိုင်ပါတော့တယ် အိန်ဂျလာနဲ့ ရအူးတို့ ကြားကအချစ်ဟာ အချစ်စစ်ဖြစ်လား ဘယ်အခက်အခဲတွေများ ကြုံလာရမှာလဲ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို သေချာရိုက်ကူးတင်ဆက်ထားတာမလို့ စောင့်ကြည့်လိုက်ကြပါဦးဗျာ...

Bank of Seoul (2019) ⭐TMDB: 45.0% User Score 🎬 #Drama #Thriller 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 39 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bank of Seoul (2019) တစ်နေ့ တစ်နေ့ အလုပ်ပဲလုပ်နေရင်းကနေ စိတ်ဖိစီးမှုတွေရပြီး မိသားစုအတွက် အလုပ်လုပ်နေတာပေမဲ့မိသားစုကိုတောင် အချိန်မပေးနိုင်၊ ကောင်းကောင်းတောင် မအိပ်နိုင်ဖြစ်ရတဲ့အလုပ်သမားတွေရဲ့ ဘဝကို ထင်ဟပ်စေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းတိုလေးမှာတော့ အလုပ်တွေဖိလုပ်ရင်း အိပ်ချိန်မရှိတဲ့အခါ အိပ်ချိန်ချေးပေးတဲ့ဘဏ်ကို ရောက်ရောက်သွားပြီးနောက်ဆုံး အိပ်ချိန်အကြွေးကို ပြန်မဆပ်နိုင်တဲ့အခါ သေဆုံးသွားမဲ့ အလုပ်သမားတွေအကြောင်းကို ရိုက်ကူထားပါတယ်။အလုပ်ဘယ်လောက်များများ အိပ်ချိန်ကိုတော့ ကောင်းကောင်းအိပ်ပေးဖို့ အသိဝင်စေတဲ့ ပညာပေးဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အလုပ်ရှိလို့မဟုတ်ဘဲ ညလုံးပေါက် လိုင်းသုံးနေရင်းနဲ့လည်း အိပ်ချိန်ချေးပေးတဲ့ဘဏ်ကို ရောက်သွားပြီးအိပ်ချိန်အကြွေး ပြန်မဆပ်နိုင်ဘဲ ဂိန်သွားနိုင်ကြောင်းလည်း အသိတရားရကြပါစေ။...

Stone Turtle (2022) ⭐IMDB: 6.4/10 (97 Votes) 🎬 #Drama #Mystery #SciFi #ScienceFiction #Thriller 🗓 2022 🎞 movie 🌎 #Malaysia #Indonesia ⏰ 1 နာရီ 32 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stone Turtle (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ လျို့ဝှက်ပြီးပဟေဠိဆန်တဲ့ဇာတ်ကားလေးပါအာရစ်ဖ်ဆိုတဲ့လူတစ်ယောက်ကသူ့ညီလေးဟာကျွန်းတစ်ကျွန်းကိုသွားရင်းမတော်တဆပျောက်ဆုံးသွားလို့သူ့ညီရဲ့ပျောက်ဆုံးမှုကိုရှာဖွေဖို့ ဒဏ္ဍာရီပုံပြင်ပေါင်းများစွာရှိတဲ့အဲ့ဒီကျွန်းကို ရောက်လာခဲ့ပါတယ်အဲ့ကျွန်းပေါ်မှာတော့အမျိုးသမီးတစ်ဦးနဲ့ကလေးမလေးတစ်ဦးတို့နေထိုင်ကြပြီးထိုအမျိုးသမီးကတော့သူ့ကိုသတ်ချင်နေပါတယ်အဲဒီအမျိုးသမီးရဲ့နောက်ကြောင်းကရောဘာလဲအဲဒီအမျိုးသားကရော သူ့ကိုသတ်မယ့်သူရဲ့လက်ထဲကနေလွတ်မြောက်နိုင်ပါ့မလားအဒီအမျိုးသမီးကရော သူ့ကို ဘာကြောင့်သတ်ချင်နေတာလဲအာရစ်ဖ်နဲ့အဲ့အမျိုးသမီးရဲ့ပက်သက်မှုကဘယ်လိုလဲဆိုတာပဟေဠိဆန်ဆန်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွန်းကိုတော့Thae Thaeမှရေးသားထားပါတယ်...