无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Big Bang Theory (2007-2019)
⭐IMDB: 8.2/10 (824 k Votes)
🎬 #Comedy #Romance
🗓️ 2007-2019 🎞️ Series 📺 1080p
🌎 #UnitedStates
⏰ 20 မိနစ် 36 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Big Bang Theory 2007 – 2019Our whole universe was in a hot, dense state
Then nearly fourteen billion years ago expansion started, waitSit-com တွေထဲမှာ fan တွေ တောင်းဆိုမှုအများဆုံး ဖြစ်တဲ့ The Big Bang Theory ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။
ဒုတိယ တောင်းဆိုမှုအများဆုံးကတော့ Friends စီးရီးပါပဲ။ Friends က ဂန္ဓဝင် sit-com တစ်ခုဖြစ်ပေမယ့် သိပ္ပံဟာသတွေ၊ စူပါဟီးရိုးဟာသတွေ အများကြီးပါတဲ့ big bang theory ကိုတော့ ကျွန်တော်ပိုကြိုက်မိပါတယ်။ဒီစီးရီးကလည်း Dr.House လိုပဲ အရမ်းကောင်းသလောက် ဘာသာပြန်ရ အရမ်းခက်တာမို့ ဖြည်းဖြည်းချင်းပဲ တင်သွားမှာပါ။ မကြည့်ဖူးသေးတဲ့ သူတွေ တစ်ပိုင်းလောက် မြည်းကြည့်လိုက်ပါ။ ကြိုက်တယ်ဆိုရင်တော့ လူများများကြည့်ဖြစ်သွားအောင် ညွှန်းပေးကြပါဦး။ဇာတ်လမ်းအကျဉ်းွှအဓိက အမျိုးသား ဇာတ်ကောင် ၄ ယောက်ကတော့ လီရိုနက်၊ ရှယ်လ်ဒန်၊ ဟောင်းဝဒ်၊ ကူသရာပါလီ ဆိုတဲ့ သိပ္ပံပညာရှင် လူငယ် ၄ ယောက်ပါပဲ။တစ်ယောက်တစ်မျိုးစီ တလွဲတချော်တွေနဲ့ ရယ်စရာ အပြည့်နဲ့ သိပ္ပံ nerd ရုပ်ရှင်ဂိတွေပါ။ အားလုံးထဲမှာ genius အဖြစ်ဆုံးနဲ့ ကို့ရို့ကားယားအနိုင်ဆုံးကတော့ ရှယ်လ်ဒန်ပါပဲ။သူတို့ရဲ့ တည်ငြိမ်နေတဲ့ သီးသန့် ဂိ အသိုင်းအဝိုင်းလေးထဲကို တစ်နေ့မှာ အရမ်းလှတဲ့ မိန်းမချောလေးတစ်ယောက် ရောက်လာတဲ့အခါ….
The Unheard (2023)
⭐IMDB: 4.8/10 (240 Votes)
🎬 #Drama #Horror #Mystery #Thriller
🗓️ 2023 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 21 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Unheard (2023)
Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။
ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ကားမျိုးကို ကြိုက်တဲ့လူတွေကတော့ စမ်းကြည့်သင့်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)
Coast Guard Malaysia: Ops Helang (2023)
⭐IMDB: 7.4/10 (50 Votes)
🎬 #Action #Adventure #Crime #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Malaysia
⏰ 1 နာရီ 24 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Coast Guard Malaysia: Ops Helang(2023)
**************************************
မလေးရှားကမ်းခြေစောင့်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင် ဗိုလ်တစ်ဦးဖြစ်သူ
ဟဖစ်ဟာ မှုခင်းတိုက်ဖျက်စစ်ဆင်ရေးတွေပြုလုပ်အပြီးမှာတော့ဇနီးလောင်းလေးနဲ့ ဘဝအသစ်စမယ်ဆိုပြီး ကျွန်းလေးတစ်ကျွန်းမှာ စေ့စပ်ပွဲလေးကျင်းပလက်ထပ်ကြတယ်ပေါ့။ကံဆိုးချင်တော့ အဲ့နေ့ညမှာပဲ ပင်လယ်ဓားပြတွေက ကျွန်းကိုဝင်စီး ဟဖစ်တို့ ဇနီးမောင်နှံအပါအဝင်
မိသားစုနဲ့ ပွဲလာသူတွေကို လူတွေကိုဖမ်းဆီး ဓားစာခံလုပ်ကာဖမ်းခေါ်သွားပါတယ်။ဒါပေမယ့် ဟဖစ်ကတော့ ဒဏ်ရာရကာ ကံကောင်းပြီးဓားပြတွေလက်ထဲမှလွတ်မြောက်လာခဲ့ပြီး
ဇနီးဖြစ်သူနဲ့မိသားစုကိုပြန်ကယ်ဖို့ကြိးပမ်းပါတော့တယ်။ဒီဓားပြမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဥ်မဟုတ်ဘဲ တခြားအကြောင်းအရာများစွာ နောက်ကွယ်မှာ
ရှိနေသေးကြောင်းသိလိုက်ရတဲ့အခါ….ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားနိုင်ပါပြီ။
The Unheard (2023)
⭐IMDB: 4.8/10 (240 Votes)
🎬 #Drama #Horror #Mystery #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 5 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Unheard (2023)
Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။
ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ကားမျိုးကို ကြိုက်တဲ့လူတွေကတော့ စမ်းကြည့်သင့်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)
Titina (2022)
⭐IMDB: 7.5/10 (169 Votes)
🎬 #Adventure #Animation #Family #Comedy #History
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Norway #Belgium
⏰ 1 နာရီ 31 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Titina(2022)
***********
ဒီတစ်ခါတော့ Animation fan လေးတွေအတွက်ပါ….Italian အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Umberto Nobile ဆိုသူဟာ တစ်နေ့မှာ အပြင်ထွက်ရင်း
Titina ဆိုတဲ့ ခွေးလေးတစ်ကောင်ကို ကောက်ရခဲ့ပါတယ်..နောက်တစ်နေ့မှာတော့ ဝင်ရိုးစွန်းတွေကို Explore လုပ်တဲ့ Roald Armendson ဆိုတဲ့သူဟာ
မြောက်ဝင်ရိုးစွန်းက်ုသွားဖို့ Airship တစ်စင်းဆောက်ပေးဖို့ သူ့ဆီဖုန်းနဲ့ဆက်သွယ်လာပါတယ်….
Airship ဆောက်ပေးရုံမကပဲ မြောက်ဝင်ရိုးစွန်းကိုပါ အတူလိုက်ပါခွင့်ရမယ်ဆိုတော့ အတိုင်းထက်အလွန်ကိုပျော်မိတာပေါ့…ဒီလိုနဲ့တစ်နေ့ သူ့ရဲ့ Airship ကြီးဆောက်လုပ်ပြီးစီးတဲ့အခါမှာ Roald Armendson နဲ့အတူမြောက်ဝင်ရိုးစွန်းကို
ခရီးနှင်ခဲ့ပါတယ်.အဲ့ဒီခရီးမှာ သူ့ခွေးလေး Titina လေးလည်း လိုက်ပါလာပါတယ် …
ဒီလိုနဲ့ Armendson နဲ့ Nobile တို့နှစ်ယောက် ဘယ်လောက်ရင်းနှီးသွားကြမလဲဆိုတာအပြင်
Titina လေးရဲ့ ချစ်စရာကောင်းတာကိုပါ မြင်တွေ့ရမှာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး….
The Unheard (2023)
⭐IMDB: 4.8/10 (240 Votes)
🎬 #Drama #Horror #Mystery #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 5 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Unheard (2023)
Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။
ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ကားမျိုးကို ကြိုက်တဲ့လူတွေကတော့ စမ်းကြည့်သင့်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)
East of Eden (1955)
⭐IMDB: 7.8/10 (47 k Votes)
🎬 #Drama
🗓️ 1955 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 58 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
East of Eden (1955)
~ IMDb – 7.8/10, Rotten Tomatoes – 86% ~
ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။
သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။
ဒုတိယအနေနဲ့ ပြောချင်တာက ဇာတ်ကားရဲ့နာမည်ပါ။ အေဒင်အရှေ့ပိုင်းတဲ့။ ကိန်း ဆိုတဲ့ ပထမဆုံးလူသားမကောင်းဆိုးဝါး ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေါ့။ လောကမှာ သေခြင်းတရားဝင်ရောက်ကာစ၊ အာဒမ် (အဒမ်) နဲ့ ဧဝ (အိဗ်) တို့ရဲ့ သားဦးတွေဖြစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်၊ အေဘယ် နဲ့ ကိန်း။ လူစီဖာရဲ့ ဖျားယောင်းသိမ်းသွင်းမှုကိုလက်ခံပြီး အစ်ကိုအပေါ်သစ္စာဖောက်လို့ ပထမဆုံးသတ်ဖြတ်ခြင်းကို သွေးအေးအေးဆောင်ရွက်ခဲ့သူ ညီတော်မောင် ကိန်း။ ပထမဆုံးသတ်ဖြတ်မှုကလည်း အစ်ကိုဖြစ်သူကို။ မကောင်းဆိုးဝါးလောကကို ပထမဆုံး ခြေလှမ်းခဲ့တဲ့ လူသားတစ်ယောက် ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာလည်း အစ်ကိုဖြစ်သူ အာရွန် ကို မကျေနပ်စိတ်တစ်ခုတည်းနဲ့ သေလုမျောပါးစိတ်ဒဏ်ရာတစ်ခုကိုပေးခဲ့တဲ့ မကောင်းဆိုးဝါး ညီဖြစ်သူ ကယ်လက်ဘ် ရဲ့ ညစ်ကန်ကန် ဂျစ်တစ်တစ်စရိုက်ကို ကြည့်ရှုရဖို့ရှိပါတယ်။ တချို့သောလူကြီးမင်းတွေအတွက် ငယ်ဘဝကို ပြန်ကြည့်နေရသလို ခံစားရချင်လည်း ခံစားရမှာပေါ့လေ။ အရာရာကို မကောင်းမြင်စိတ်နဲ့ဖြတ်သန်း၊ ကိုယ်လိုချင်တာပဲသိတဲ့ ဆယ်ကျော်သက် လူဆိုးသွမ်းလေးပါ။
ဖခင်နဲ့ ကြီးပြင်းလာ၊ မိခင်သေပြီဆိုတဲ့ အလိမ်အညာတစ်ခုကို အရွယ်ရောက်မှ အမှတ်မထင်သိလိုက်ရပြီး မိခင်ကို သွားတွေ့ဖို့ကြိုးစားတဲ့ပုံကလည်း ထောင်ထဲထည့်ချင်စရာပေါ့။ အဖေ ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေကို ဉာဏ်ကိုလွှာသုံးပြီး ပြန်ရှာပေးခဲ့ပေမဲ့ ဖခင်ရဲ့ သူတော်စင်စရိုက်နဲ့ သားသမီးနှလုံးသားကို ဝင်မကြည့်တတ်ပုံတွေကြောင့် အကြီးအကျယ်ကြေကွဲရတဲ့ နှလုံးလှလူမိုက်လေး။
Deep Drama တစ်ခုနဲ့ အပြစ်မကင်းသော ၁၅၀၀ ချစ်ခြင်းတစ်ခုကို ဂျိမ်းစ် ဒင်း ရဲ့ ရှားရှားပါးပါးဇာတ်ကားတစ်ကားနဲ့ ခံစားချင်ရင်တော့ CM လက်ရာနဲ့ တင်ဆက်ပေးလိုက်တဲ့ East of Eden ကို မဖြစ်မနေရွေးရမှာပါပဲလို့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)
East of Eden (1955)
⭐IMDB: 7.8/10 (47 k Votes)
🎬 #Drama
🗓️ 1955 🎞️ Movie 📺 1080p

Labyu with an Accent (2022)
⭐IMDB: 5.0/10 (69 Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Philippines
⏰ 1 နာရီ 59 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Labyu with an Accent(2022)
**************************
ဖိလစ်ပိုင်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Trisha ဟာ ငယ်စဉ်တည်းက အမေရိကမှာနေလာပြီး
ဒီမှာပဲ ချစ်ရသူနဲ့တွေ့တော့ လက်ထပ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်..
ကံဆိုးစွာပဲ ချစ်သူက ဖောက်ပြန်သွားလို့ အသည်းကွဲပြီး ဖိလစ်ပိုင်ကို
အလည်ပြန်ရောက်လာတယ်… ဘဝဟာ ထင်သလို မဖြစ်တော့
လေ့လွင့်လိုက်ဦးမယ်ဆိုပြီးနိုက်ကလပ်ကိုတက်ခဲ့ပါတယ်..အဲ့ဒီနောက်
နိုက်ကလပ်မှာ Dancerလုပ်နေသူ Gaboတို့ ဆုံမိကြတဲ့အခါ။
ဘာဆိုဘာမှမတူကြတဲ့ သူတို့နှစ်ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…
Labyu with an Accent (2022)
⭐IMDB: 5.0/10 (69 Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Philippines
⏰ 1 နာရီ 59 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Labyu with an Accent(2022)
**************************
ဖိလစ်ပိုင်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Trisha ဟာ ငယ်စဉ်တည်းက အမေရိကမှာနေလာပြီး
ဒီမှာပဲ ချစ်ရသူနဲ့တွေ့တော့ လက်ထပ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်..
ကံဆိုးစွာပဲ ချစ်သူက ဖောက်ပြန်သွားလို့ အသည်းကွဲပြီး ဖိလစ်ပိုင်ကို
အလည်ပြန်ရောက်လာတယ်… ဘဝဟာ ထင်သလို မဖြစ်တော့
လေ့လွင့်လိုက်ဦးမယ်ဆိုပြီးနိုက်ကလပ်ကိုတက်ခဲ့ပါတယ်..အဲ့ဒီနောက်
နိုက်ကလပ်မှာ Dancerလုပ်နေသူ Gaboတို့ ဆုံမိကြတဲ့အခါ။
ဘာဆိုဘာမှမတူကြတဲ့ သူတို့နှစ်ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…
Queen of the South (2016-2021)
⭐IMDB: 8.0/10 (32 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2016-2021 🎞️ Series 📺 1080p
🌎 #UnitedStates #Mexico #Spain #Malta #UnitedStatesofAmerica
⏰ 40 မိနစ် 36 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Queen of the South (2016)
မက္ကဆီကိုက မူးယစ်ဂိုဏ်းကြီးတွေအကြောင်းတင်ဆက်ထားတဲ့ စိတ်ဝင်စားဖွယ်အက်ရှင်ဒရာမာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။ထရက်ဇာမန်ဒိုဇာဆိုတဲ့ကောင်မလေးက မက္ကဆီကိုနိုင်ငံ စီနာလိုအာမြို့လေးမှာ ငွေလဲပေးတဲ့သူအဖြစ်လုပ်ကိုင်နေရင်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ကောင်လေးနဲ့ ချစ်ကြိုက်မိသွားပါတယ်။ တစ်နေ့မှာတော့ သူ့ကောင်လေးကအသတ်ခံလိုက်ရပြီး သူကိုယ်တိုင်ပါ အသက်ဘေးအန္တရာယ်ကျရောက်လာတဲ့အတွက် လွတ်မြောက်အောင်ထွက်ပြေးခဲ့ရပါတယ်။သူ့ရည်စားကိုသတ်ပြီး သူ့နောက်ကိုပါလိုက်နေတဲ့ အင်အားကြီး အပီဖန်းနျိုဂိုဏ်းရဲ့လက်ကနေလွတ်မြောက်ဖို့ မက္ကဆီကိုကနေထွက်ပြေးရင်း အမေရိကန်နိုင်ငံဒါးလက်စ်မြို့က နောက်ထပ် မူးယစ်ဂိုဏ်းတစ်ခုရဲ့လက်ထဲရောက်သွားပြန်ပါတယ်။ အဲဒီဂိုဏ်းခေါင်းဆောင်ကလည်း အခြားသူမဟုတ်ဘဲ သူ့ကိုလိုက်ဖမ်းနေတဲ့ အပီဖန်းနျိုရဲ့ ဇနီးကမ်မီလာဖြစ်နေပါတယ်။ ဒါပေမဲ့ ကမ်မီလာကလည်း သူ့အကြံနဲ့သူ ထရက်ဇာကိုသူ့ယောက်ျားလက်မအပ်ဘဲ လက်သပ်မွေးထားပါတယ်။ ကမ်မီလာက အကွက်ကျကျမြင်တတ်ပြီး ပါးနပ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့ယောက်ျားဦးစီးနေတဲ့မူးယစ်ဂိုဏ်းဟာ သူကိုယ်တိုင်တည်ဆောက်ပျိုးထောင်လာခဲ့ရတာဆိုပြီး လက်လွှဲအုပ်ချုပ်လိုတဲ့ ဆန္ဒရှိနေသူဖြစ်ပါတယ်။ထရက်ဇာကလည်း ငယ်ငယ်ကတည်းကငွေလဲတဲ့သူအဖြစ်ပဲ လုပ်ကိုင်လာခဲ့ပြီး
မူးယစ်ဂိုဏ်းတွေအကြောင်းဘာမှမသိခဲ့ပေမဲ့ သူ့အသက်ရှင်သန်ရေးအတွက် ရက်စက်တဲ့အပီဖန်းနျိုရော၊ ပါးနပ်တဲ့ကမ်မီလာလက်ကရောလွတ်နိုင်ဖို့ အမျိုးမျိုးဉာဏ်သုံးကြိုးစားရင်း သူမပါဝင်မပတ်သက်ချင်တဲ့ ရက်စက်မှုတွေပြည့်နေတဲ့ မူးယစ်ဆေးအရောင်းအဝယ်လောကထဲကို ဝင်ရောက်ရတော့မလိုပါဖြစ်လာနေပါတယ်။ဒီစီးရီးလေးကတော့ ထရက်ဇာအနေနဲ့ ရွေးချယ်စရာမရှိတဲ့ဘဝမှာ ရှင်သန်ရုန်းကန်ရင်း မူးယစ်ဂိုဏ်းလောကမှာ သုညဘဝကနေ ထိပ်ဆုံးထိရောက်လာအောင်ကြိုးစားရမယ့်ပုံတွေအပြင် အပီဖန်းနျိုနဲ့ ကမ်မီလာတို့လင်မယားအချင်းချင်း အာဏာလုဖို့အားပြိုင်မှုတွေ၊ ရဲတွေကိုပါကြိုးဆွဲထားနိုင်တဲ့ မက္ကဆီကိုကမူးယစ်ဂိုဏ်းကြီးတွေရဲ့ ခွန်အားကြီးမှုတွေစသဖြင့် စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို တင်ဆက်ပြသထားတဲ့ အက်ရှင်ဒရာမာစီးရီးကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ File size…(860MB) (500 Mb)
The Cheese Sisters (2022)
⭐TMDB: 0.0% User Score
🎬 #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p
🌎 #Thailand
⏰ 2 နာရီ 13 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Cheese Sisters (2022)
အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလို့ ထင်ကြလဲ?ပန်းပွင့်လေးတွေလား၊ လိပ်ပြာလေးတွေလား?ဒီကားထဲမှာတော့ အချစ်ဆိုတာ အရောင် အနံ့ အရသာ ပုံစံမျိုးစုံနဲ့ ချိစ်လေးတွေလိုပါတဲ့။
ဒီလိုချိစ်လေးတွေ ကိုယ့်ဆီရောက်လာဖို့အတွက် အဆင့် ၄ ဆင့်ရှိပါတယ်တဲ့။
၁. နွားနို့ကို ကွာလတီကောင်းအောင် သေချာညှစ်ယူမယ်၂. ချိစ်လုပ်မယ်၃. ရလာတဲ့ချိစ်တွေကို ဆိုင်တွေဆီတင်ပို့ရမယ်၄. ချိစ်လေးတွေကို ကိတ်မုန့်အသွင်ပြောင်းပြီး ကိုယ်ပေးချင်တဲ့သူဆီ လက်ဝယ်အပ်မယ်ဒီဇာတ်ကားထဲက ပရန်ပြောသလိုဆိုရင် ချိစ်ဆိုတာဖြစ်လာအောင် အဆင့်ဆင့်ကြိုးစားကြရသလိုမျိုး အချစ်ဆိုတာဟာလည်း အလားတူပါပဲတဲ့။
ဒီကားလေးထဲမှာတော့ နွားနို့ဘဝကနေ ချိစ်ကိတ်မုန့်တုံးလေး လက်ထဲရောက်လာတဲ့အချိန်အထိtimeline တလျှောက်ဖြစ်ပေါ်လာတဲ့ မိန်းကလေးတို့ကြားက ချစ်ခြင်းတရားတွေကို မြင်တွေ့ရမှာပါ။
ပထမအဆင့် – ကွာလတီကောင်းတဲ့နွားနို့ရအောင် နွားခြံပိုင်ရှင်ကောင်မလေးဖန်းနဲ့ သူ့သူငယ်ချင်းဖွန်တို့ရဲ့ ရုန်းကန်လှုပ်ရှားပုံ၊ဒုတိယအဆင့် – ချိစ်လုပ်တဲ့သင်တန်းပိုင်ရှင်သမီး နောင်းနဲ့ အိမ်ရဲ့ဒဏ်မခံနိုင်လို့ နောင်းတို့ရဲ့ဧည့်ရိပ်သာဆီရောက်လာတဲ့ အိုင်ရင်းတို့ရဲ့လက်ရာ ချိစ်လေး၊တတိယအဆင့် – ချိစ်ကိုမြို့ပေါ်တင်ပို့ရမယ့် Delivery သမားပရန်နဲ့ လမ်းကြုံလိုက်လာတဲ့ တစ်ချိန်ကမြတ်နိုးရသူ မြူတို့ အတိတ်ကချစ်ခြင်းကိုတူးဆွမိသွားတဲ့ ခရီးလမ်းရှည်နဲ့နောက်ဆုံးအဆင့် – ရလာတဲ့ချိစ်ကို အချစ်တွေအပြည့်နဲ့ချိစ်ကိတ်အဖြစ်ပုံဖော်ရင်း ကော်ဖီဆိုင်ပိုင်ရှင်မလေးဖတ်ကို ချစ်ရေးဆိုမယ့် အိမ်နီးချင်းမလေးမယ်ဂျီတို့ရဲ့ GL ဇာတ်လမ်းတို ၄ ပုဒ်ကို ကြည့်ရှုရမှာပါ။
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး BNK48 နဲ့ CGM48 အဖွဲ့ဝင်တွေ မင်းသမီးတွေအနေနဲ့ ကိုယ်တိုင်တင်ဆက်ပြသထားတဲ့“ချိစ်ဆန်တဲ့အချစ်” ဆိုတာ ဘာလဲဆိုတာကိုတော့ ကိုယ်တိုင်လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။
More Than Ever (2022)
⭐IMDB: 7.0/10 (628 Votes)
🎬 #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #France #Germany #Luxembourg #Norway
⏰ 2 နာရီ 4 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
More Than Ever (2022)
~ IMDb – 7/10, RT – 91%, Meta – 73% ~
၂၀၂၂ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ပြင်သစ်-အင်္ဂလိပ် စကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ သေရမယ်ဆိုပေဲ့ မသေခင် ရှင်သန်ရမယ့်ဘဝအကြောင်း၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ မိန်းမတစ်ယောက်အကြောင်းပါပဲ။ သေရမယ်ဆိုတဲ့အသိဝင်သွားတာနဲ့ တပြိုင်နက် ဘဝတစ်ခုကို ဘယ်လို ခြောက်ခြားစေပြီးတော့ ဘယ်လို ပြန်လည်အားရှိစေလဲဆိုတာကို ရိုက်ပြသွားတာပါ။ ဘဝတစ်ခုရဲ့ အဆုံးသတ် သေခြင်းတရားမှာ ပုံမှန်အားဖြင့် ကိုယ်ချစ်ရသူတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိချင်ပေမယ့် တကယ်တမ်းကျတော့ လိုအပ်ရင် တကိုယ်ကောင်းဆန်စွာနဲ့ပဲ တစ်ယောက်ထဲ သေဖို့ ရွေးချယ်မိတယ်။
ကုလို့မရတဲ့ အဆုတ်ရောဂါခံစားနေရတဲ့ ဟယ်လင်ဟာ သူ့ဘဝသူ စိတ်ကုန်နေပြီးတော့ အကောင်းမြင်တတ်လွန်းတဲ့ ယောင်္ကျားဖြစ်သူ မက်သရူးနဲ့ အလုံးစုံ မျှဝေမခံစားနိုင်အောင် ဖြစ်နေပါတယ်။ အင်တာနက်ပေါ်က ဘဝအဆုံးသတ် ဘလော့တွေကိုကြည့်ရင်းနဲ့ ဟယ်လင်ဟာ နော်ဝေမှာရှိတဲ့ တောင်ကမ်းပါးကြားက နေရာလေးမှာ တစ်ယောက်ထဲ ငြိမ်းငြိမ်းချမ်းချမ်း သွားနေဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါရိုက်တာဟာ ဟယ်လင်ရဲ့ သေရေးရှင်ရေး လွန်ဆွဲနေတဲ့ အခြေအနေကို စကင်ဒီနေဗီးယန်းရဲ့ တောတောင်သဘာဝရှုခင်းတွေနဲ့ နော်ဝေမှာ ဟယ်လင်နေတဲ့ သေးငယ်မှောင်မှိက်နေတဲ့ တံငါသည်တစ်ယောက်ရဲ့ အိမ်ငယ်လေးကို နှိုင်းယှဉ်ပြထားတယ်။
ဟယ်လင်က ယောင်္ကျားဖြစ်သူအတွက် ခံစားချက် ရှိနေသေးပေမယ့် သူမရဲ့ ရောဂါကြောင့် လိင်စိတ်ဆန္ဒကို ဖြေဖျောက်ဖို့တောင် ခန္ဓာကိုယ်က မလိုက်လျောနိုင်တဲ့ အခြေအနေကို ရောက်နေတာပါ။ အဓိပ္ပါယ်ပြည့်ဝတဲ့ သေခြင်းမှာ နောက်ဆုံးအနေနဲ့ အဓိကကျတာကတော့ ရှင်သန်နေတုန်းမှာ လိုအပ်တဲ့အရာနဲ့ အတူတူပါပဲ… ကိုယ့်ကိုယ်ကိုယ် ရိုးသားပြီး နှလုံးသားရဲ့ အသံကို နားထောင်ပါ… ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း တကိုယ်ကောင်းဆန်သင့်ရင်ဆန်ပြီး လုပ်ချင်တာတွေ လုပ်ပစ်ဖို့လိုက်ဖို့ပါပဲ…
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)

🗓️ 2022 🎞️ Movie 📺 1080p
🌎 #Thailand
⏰ 2 နာရီ 13 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Cheese Sisters (2022)
အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလို့ ထင်ကြလဲ?ပန်းပွင့်လေးတွေလား၊ လိပ်ပြာလေးတွေလား?ဒီကားထဲမှာတော့ အချစ်ဆိုတာ အရောင် အနံ့ အရသာ ပုံစံမျိုးစုံနဲ့ ချိစ်လေးတွေလိုပါတဲ့။
ဒီလိုချိစ်လေးတွေ ကိုယ့်ဆီရောက်လာဖို့အတွက် အဆင့် ၄ ဆင့်ရှိပါတယ်တဲ့။
၁. နွားနို့ကို ကွာလတီကောင်းအောင် သေချာညှစ်ယူမယ်၂. ချိစ်လုပ်မယ်၃. ရလာတဲ့ချိစ်တွေကို ဆိုင်တွေဆီတင်ပို့ရမယ်၄. ချိစ်လေးတွေကို ကိတ်မုန့်အသွင်ပြောင်းပြီး ကိုယ်ပေးချင်တဲ့သူဆီ လက်ဝယ်အပ်မယ်ဒီဇာတ်ကားထဲက ပရန်ပြောသလိုဆိုရင် ချိစ်ဆိုတာဖြစ်လာအောင် အဆင့်ဆင့်ကြိုးစားကြရသလိုမျိုး အချစ်ဆိုတာဟာလည်း အလားတူပါပဲတဲ့။
ဒီကားလေးထဲမှာတော့ နွားနို့ဘဝကနေ ချိစ်ကိတ်မုန့်တုံးလေး လက်ထဲရောက်လာတဲ့အချိန်အထိtimeline တလျှောက်ဖြစ်ပေါ်လာတဲ့ မိန်းကလေးတို့ကြားက ချစ်ခြင်းတရားတွေကို မြင်တွေ့ရမှာပါ။
ပထမအဆင့် – ကွာလတီကောင်းတဲ့နွားနို့ရအောင် နွားခြံပိုင်ရှင်ကောင်မလေးဖန်းနဲ့ သူ့သူငယ်ချင်းဖွန်တို့ရဲ့ ရုန်းကန်လှုပ်ရှားပုံ၊ဒုတိယအဆင့် – ချိစ်လုပ်တဲ့သင်တန်းပိုင်ရှင်သမီး နောင်းနဲ့ အိမ်ရဲ့ဒဏ်မခံနိုင်လို့ နောင်းတို့ရဲ့ဧည့်ရိပ်သာဆီရောက်လာတဲ့ အိုင်ရင်းတို့ရဲ့လက်ရာ ချိစ်လေး၊တတိယအဆင့် – ချိစ်ကိုမြို့ပေါ်တင်ပို့ရမယ့် Delivery သမားပရန်နဲ့ လမ်းကြုံလိုက်လာတဲ့ တစ်ချိန်ကမြတ်နိုးရသူ မြူတို့ အတိတ်ကချစ်ခြင်းကိုတူးဆွမိသွားတဲ့ ခရီးလမ်းရှည်နဲ့နောက်ဆုံးအဆင့် – ရလာတဲ့ချိစ်ကို အချစ်တွေအပြည့်နဲ့ချိစ်ကိတ်အဖြစ်ပုံဖော်ရင်း ကော်ဖီဆိုင်ပိုင်ရှင်မလေးဖတ်ကို ချစ်ရေးဆိုမယ့် အိမ်နီးချင်းမလေးမယ်ဂျီတို့ရဲ့ GL ဇာတ်လမ်းတို ၄ ပုဒ်ကို ကြည့်ရှုရမှာပါ။
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး BNK48 နဲ့ CGM48 အဖွဲ့ဝင်တွေ မင်းသမီးတွေအနေနဲ့ ကိုယ်တိုင်တင်ဆက်ပြသထားတဲ့“ချိစ်ဆန်တဲ့အချစ်” ဆိုတာ ဘာလဲဆိုတာကိုတော့ ကိုယ်တိုင်လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။
Kung Fu (2021- )
⭐IMDB: 5.5/10 (5 k Votes)
🎬 #Action #Adventure #Drama
🗓️ 2021- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 42 မိနစ် 58 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kung Fu – Season 01 (2021)Kung Fu – Season 01 (2021)===================
အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့
ပရိသတ်တွေအတွက် 2021 က ထွက်ရှိထားတဲ့ Kung Fu ဆိုတဲ့ စီးရီးလေးနဲ့
မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့
စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ
Marvel ရဲ့ Shang-Chi လိုစီးရီးမျိုးပါ။နစ်ကီရှန်ဟာ တရုတ်မိသားစုက သမီးမိန်းကလေးတစ်ယောက်ပါ ။
တရုတ်မိသားစုတို့ရဲ့ ထုံးစံအတိုင်း ငယ်ငယ်လေးကတည်းက နစ်ကီဟာ
စာ၊ အနုပညာ၊ အားကစား ဘက်စုံမှာ ထူးချွန်အောင် သွန်သင်ခြင်းခံရပြီး၊
မိဘတွေ ချပေးတဲ့ ပုံစံခွက်ထဲမှာ နေရတဲ့ ကလေးမလေး တစ်ယောက်
ဖြစ်ခဲ့တယ် ။ နစ်ကီဟာ သူ တွဲနေတဲ့ လူဖြူကောင်လေးနဲ့ပါ လမ်းခွဲခဲ့ရပြီး၊
မိဘစိတ်တိုင်းကျနေခဲ့ပေမယ့် မိဘတွေဟာ သူ့ကို ကြင်ဖက်တွေ့ပေးဖို့ပါ
စီစဉ်လာတော့ နစ်ကီတစ်ယောက် ဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ထွက်
ပြေးပြီး အမျိုးသမီးရှောင်လင်ကျောင်းတစ်ကျောင်းမှာ ရောက်ရှိ နေထိုင်
ဖြစ်ကာ အဲဒီကျောင်းမှာပဲ သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပါတယ် ။တစ်ရက်မှာတော့ နစ်ကီရဲ့ ဆရာ ပေလင် အသတ်ခံရပြီး ကျောင်းရဲ့ အဖိုးတန်
ဓါးကိုပါ ခိုးယူသွားခြင်းခံလိုက်ရတဲ့အခါမှာ နစ်ကီတစ်ယောက် လူသတ်သမား
နောက်ကိုလိုက်ရင်း သူမ စွန့်လွှတ်ခဲ့တဲ့ မွေးရပ်မြေကို ပြန်ဖို့ ဖြစ်လာပါတယ် ။
သုံးနှစ်တိုင်တိုင် သူ မရောက်ဖြစ်ခဲ့တဲ့ မွေးရပ်မြေဟာ အရင်လို မဟုတ်ဘဲ
ဒုစရိုက်မှုတွေ ကြီးစိုးနေတဲ့အခါမှာတော့ နစ်ကီတစ်ယောက် လူသတ်သမားကို
လိုက်ရှာဖွေရင်းနဲ့ တစ်ဖက် ဒုစရိုက်မှုတွေကိုပါ တားဆီးရတော့မှာဖြစ်ပါတယ်။
ခပ်မိုက်မိုက် martial arts ကစားကွက်တွေ တရုတ်မိသားစုဓလေ့တွေကို
ရှေးဟောင်းတရုတ်သမိုင်းကြောင်း လက်နက်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာ
ဖြစ်လို့ ကြည့်ရတာတန်မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါကြောင်း အသိပေးပါရစေ။(ဒီစီးရီးရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး
သူများကတော့ CM Team မှဖြစ်ပါတယ်။)File Size – (700 MB) / (350 MB)
The Return of Bull Demon King (2023)
⭐⁉️
🎬 #Action #Fantasy
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 27 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကောင်းကင် နဲ့ မြေကြီး နယ်ပယ်တွေ ဖန်ဆင်းပြီးတဲ့နောက်မှာ ကောင်းကင်ဘုံမသေမျိုးနတ်မင်းတွေနဲ့ နတ်ဆိုးနယ်မြေက နတ်ဆိုးမျိုးနွယ်စုတို့ဟာအေးချမ်းစွာနဲ့ပဲ အတူတူ နေထိုင်လာခဲ့ကြပါတယ် ။
ဒါပေမဲ့ တစ်နေ့မှာတော့ နတ်မျိုးနွယ်တွေဟာ နတ်ဆိုး ၊ မိစ္ဆာမျိုးနွယ်စုတွေကို အထင်သေးပြီး အသက်တစ်ချောင်းကိုလဲပဓာဏ မထားပဲ သတ်ပစ်လာခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့်နတ်ဆိုးမျိုးနွယ်တွေရဲ့ ခေါင်းဆောင် နွားနတ်ဆိုးလို့ခေါ်တဲ့အားနျိုဟာ နတ်မျိုးနွယ်တွေကို ရုတ်တရက်ဆိုသလို တိုက်ခိုက်ခဲ့ပါတယ် ။
ဒါပေမဲ့ အင်အားချင်းမမျှတာကြောင့် နတ်မင်းတွေရဲ့ အပြစ်ပေးချင်းကိုခံရပြီးသူလေ့ကျင့်ထားသမျှ စွမ်းအားတွေဟာလဲ ပျက်ဆီးသွားခဲ့ပါတော့တယ် ။ဒီလိုနဲ့ အားနျိုတစ်ယောက် သာမန်လူလိုပဲ လူ့ပြည်မှာသွားလာကျက်စားနေရင်းယဲ့ရှောင်းရှောင်းဆိုတဲ့ မိန်းမပျိုလေးနဲ့ တွေ့ဆုံကြုံကြိုက်ခဲ့ပါတယ် ။တွေ့ဆုံမှုကနေတစ်ဆင့် ကံကြမ္မာဖန်လာပြန်တော့ နှစ်ဦးသားအတူတူ ခွင်းလွင်တောင်မှာ ရှိတဲ့ ရတနာကို ဖေးယွင်ရန်းကိုယူဆောင်ဖို့ အတွက်ခရီးဆက်ခဲ့ကြတဲ့အခါ မှာတော့…?
သူတို့ ဖြတ်သန်းရာ ခရီးလမ်းကြောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ဆုံကြမှာလဲ ?သူတို့နှစ်ဦး ခွင်းလွင်တောင်ရတနာဖြစ်တဲ့ ဖေယွင်းရှန်းကိုယူဆောင်ရတဲ့ အကြောင်းအရင်းကရော ဘာဖြစ်မှာလဲ ?နွားနတ်ဆိုးဖြစ်တဲ့ အားနျိုကရော စွမ်းအားတွေပြန်လည်ရရှိပြီးသူ့ရဲ့နတ်ဆိုးမျိုးနွယ်အတွက် တရားမျှတမှုကိုပြန်လည်ယူဆောင်ပေးမလားဆိုတာ? ဒီဇာတ်ကားလေးကို အခုပဲကြည့်ရှုရအောင်ပါ ။
Danger: Diabolik (1968)
⭐IMDB: 6.5/10 (7 k Votes)
🎬 #Action #Comedy #Crime
🗓️ 1968 🎞️ Movie 📺 1080p
🌎 #Italy #France
⏰ 1 နာရီ 40 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[Unicode]
CM Fan တွေအနေနဲ့ တော်တော်များများသော သူခိုးဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါဒါပေမယ့်် အကောင်းဆုံးဆိုတာတွေကို ခဏဘေးဖယ်ထားလိုက်ပါဦးကျွန်တော်အခုညွှန်းမှာ Diabolik ဗျ ။
၁၉၆၈ မေလမှာ စပြီးရုံတင်ခဲ့ပြီး ခေတ်နဲ့မလိုက်အောင်ကို ရိုက်ပြသွားတဲ့ကား…ကောင်းတာလည်းမပြောနဲ့ ရိုက်တဲ့ဒါရိုက်တာက Mario Bava ကိုးဗျဟာကျူလီဇာတ်ကားကို စရိုက်ခဲ့တဲ့သူ…Hercules (1958)
ငွေပုံပေါ်မှာအိပ်တဲ့သူ…ရဲတစ်ဖွဲ့တစ်ခုလုံးကို တစ်ကိုယ်တော် အရူးလုပ် လှည့်စားနိုင်သူ…မိန်းမချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး လိုချင်တာဆို မရရအောင် ခိုးယူနိုင်သူ…ဒါဟာ နှစ်ယောက်မရှိတဲ့ Diabolik ပါပဲ ။
ဇာတ်လမ်းမှာဆိုရင် Diabolik ဘယ်လိုဖြစ်လာတယ်ဆိုပြီး ငယ်ဘဝကို ပေရှည်ပြီးရိုက်ပြထားခြင်းမျိုးမဟုတ်ဘဲ…ဇာတ်လမ်းအစမှာတည်းက ဘဏ်တစ်ခုနဲ့တစ်ခု ငွေအပြောင်းအရွှေ့ကို ဘယ်လို အကွက်ကျကျ ရဲတွေကို အရူးလုပ်ပြီး ခိုးယူသွားလဲဆိုတာနေ ရိုက်ပြထားပါတယ် ။တစ်နေ့ သူ့ကောင်မလေးက မွေးနေ့အတွက် မွေးနေ့လက်ဆောင်ကိုဗြိတိန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာဟာရိုးကလက်ရဲ့ဇနီးဆွဲထားတဲ့ ကမ္ဘာပေါ်မှာ စံထားအရဆုံး အဖိုးတန်မြ ၁၁ခုနဲ့စီချယ် ပြုလုပ်ထားတဲ့ လည်ဆွဲကို လိုချင်တယ်လို့ ပြောလိုက်တဲ့အခါမှာတော့…အဲ့လည်ဆွဲကို ဝင်ပေါက်တစ်ခုသာရှိပြီး အနောက်မှာ ပင်လယ်ကြီးသာရှိတဲ့ အမြင့်ဆုံး မျှော်စင်မှာထားထားတဲ့အပြင် အစောင့်ပေါင်း အယောက် ၈၀ လောက်ရှိပါတယ်ဒါပေမယ့် Diabolik ဆိုတာ ခေသူမဟုတ်လေတော့…
နောက်ဆုံးတစ်ချက်အနေနဲ့ Diabolik က ဒီလောက်ခိုးယူထားတာတွေ အများကြီးကို ဘယ်မှာထားထားလဲသူနေတဲ့နေရာက ဘယ်လောက်မိုက်လဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ
– ဒီကားရိုက်တဲ့ ဒါရိုက်တာ Mario Bava ကတော့ အသက် ၆၅နှစ်အရွယ် 27 April 1980 မှာ သေဆုံးသွားခဲ့ပါတယ် –
( အညွှန်းရေးသားထားသူကတော့ Naing Aung Latt ပါ )
[Zawgyi]
CM Fan တွေအနေနဲ့ တော်တော်များများသော သူခိုးဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါဒါပေမယ့် အကောင်းဆုံးဆိုတာတွေကို ခဏဘေးဖယ်ထားလိုက်ပါဦးကျွန်တော်အခုညွှန်းမှာ Diabolik ဗျ ။
၁၉၆၈ မေလမှာ စပြီးရုံတင်ခဲ့ပြီး ခေတ်နဲ့မလိုက်အောင်ကို ရိုက်ပြသွားတဲ့ကား…ကောင်းတာလည်းမပြောနဲ့ ရိုက်တဲ့ဒါရိုက်တာက Mario Bava ကိုးဗျဟာကျူလီဇာတ်ကားကို စရိုက်ခဲ့တဲ့သူ…Hercules (1958)
ငွေပုံပေါ်မှာအိပ်တဲ့သူ…ရဲတစ်ဖွဲ့တစ်ခုလုံးကို တစ်ကိုယ်တော် အရူးလုပ် လှည့်စားနိုင်သူ…မိန်းမချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး လိုချင်တာဆို မရရအောင် ခိုးယူနိုင်သူ…ဒါဟာ နှစ်ယောက်မရှိတဲ့ Diabolik ပါပဲ ။
ဇာတ်လမ်းမှာဆိုရင် Diabolik ဘယ်လိုဖြစ်လာတယ်ဆိုပြီး ငယ်ဘ၀ကို ပေရှည်ပြီးရိုက်ပြထားခြင်းမျိုးမဟုတ်ဘဲ…ဇာတ်လမ်းအစမှာတည်းက ဘဏ်တစ်ခုနဲ့တစ်ခု ငွေအပြောင်းအရွှေ့ကို ဘယ်လို အကွက်ကျကျ ရဲတွေကို အရူးလုပ်ပြီး ခိုးယူသွားလဲဆိုတာနေ ရိုက်ပြထားပါတယ် ။တစ်နေ့ သူ့ကောင်မလေးက မွေးနေ့အတွက် မွေးနေ့လက်ဆောင်ကိုဗြိတိန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာဟာရိုးကလက်ရဲ့ဇနီးဆွဲထားတဲ့ ကမာၻပေါ်မှာ စံထားအရဆုံး အဖိုးတန်မြ ၁၁ခုနဲ့စီချယ် ပြုလုပ်ထားတဲ့ လည်ဆွဲကို လိုချင်တယ်လို့ ပြောလိုက်တဲ့အခါမှာတော့…အဲ့လည်ဆွဲကို ၀င်ပေါက်တစ်ခုသာရှိပြီး အနောက်မှာ ပင်လယ်ကြီးသာရှိတဲ့ အမြင့်ဆုံး မျှော်စင်မှာထားထားတဲ့အပြင် အစောင့်ပေါင်း အယောက် ၈၀ လောက်ရှိပါတယ်ဒါပေမယ့် Diabolik ဆိုတာ ခေသူမဟုတ်လေတော့…
နောက်ဆုံးတစ်ချက်အနေနဲ့ Diabolik က ဒီလောက်ခိုးယူထားတာတွေ အများကြီးကို ဘယ်မှာထားထားလဲသူနေတဲ့နေရာက ဘယ်လောက်မိုက်လဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ
– ဒီကားရိုက်တဲ့ ဒါရိုက်တာ Mario Bava ကတော့ အသက် ၆၅နှစ်အရွယ် 27 April 1980 မှာ သေဆုံးသွားခဲ့ပါတယ် –
Jack Reacher: Never Go Back (2016)
⭐IMDB: 6.1/10 (164 k Votes)
🎬 #Action #Thriller #Crime #Drama
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #China #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 58 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘ၀ကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ…..Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။
Jack Reacher (2012)
⭐IMDB: 7.0/10 (348 k Votes)
🎬 #Action #Crime #Mystery #Thriller
🗓️ 2012 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 2 နာရီ 10 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကို၀င်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifleကိုပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကိုrifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်၀က်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်တြဖစ်ဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်၀င်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတေကွ James Barr ရဲ့အိမ်ကို၀င်စီးတဲ့အခါ Barrကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barrကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲJackReacherလို့သာရေးပေးတယ်.အဲ့တော့ ရဲတွေကJackReacherအကြောင်းကိုစုံစမ်းရတာပေါ့ .JackReacherဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ စ်မှုထမ်းခဲ့ဖူးတယ်ဆိုတာသာသိရတယ်.သူ့ကိုဘယ်လို ရှာရမလဲပြောနေကြချိန်မှာပဲJackဟာ သူတို့ဆီရောက်လာတယ်.Jackက barr နဲ့တွေ့ခွင့်တောင်းတော့ရဲတွေကခွင့်ပြုတယ်.Barr ဟာJackနဲ့တွေ့ချိန်မှာ ရဲကားပေါ်ကလူတွေနဲ့ရန်ဖြစ်ခဲ့ခြင်းကြောင့် coma ဖြစ်ပြီးမေ့မြောနေတယ်. နောက်တော့ barr ရဲ့ ရှေ့နေ Helen rodinနဲ့တွေ့ပြီး အမှုကိုအတူတူစုံစမ်းကြတဲ့အခါ Barr ကတကယ်ပဲအပြစ်ရှိလား တကယ်ပဲသူကအပြစ်မဲ့တဲ့လူငါးယောက်ကိုသတ်ခဲ့တာလား ဘာလို့သတ်တာလဲဆိုတာတွေကိုတော့ ………..
လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်တြဖစ်ဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတေကွ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ စ်မှုထမ်းခဲ့ဖူးတယ်ဆိုတာသာသိရတယ်.သူ့ကိုဘယ်လို ရှာရမလဲပြောနေကြချိန်မှာပဲ Jack ဟာ သူတို့ဆီရောက်လာတယ်.Jack က barr နဲ့တွေ့ခွင့်တောင်းတော့ရဲတွေကခွင့်ပြုတယ်.Barr ဟာ Jack နဲ့တွေ့ချိန်မှာ ရဲကားပေါ်ကလူတွေနဲ့ရန်ဖြစ်ခဲ့ခြင်းကြောင့် coma ဖြစ်ပြီးမေ့မြောနေတယ်. နောက်တော့ barr ရဲ့ ရှေ့နေ Helen rodinနဲ့တွေ့ပြီး အမှုကိုအတူတူစုံစမ်းကြတဲ့အခါ Barr ကတကယ်ပဲအပြစ်ရှိလား တကယ်ပဲသူကအပြစ်မဲ့တဲ့လူငါးယောက်ကိုသတ်ခဲ့တာလား ဘာလို့သတ်တာလဲဆိုတာတွေကိုတော့ ………..
Jack Reacher ဇာတ်ကားဟာ မြောက်အမေရိကမှာ $80.1million အခြားနိုင်ငံတွေမှာ$ 138.3million နဲ့အတူ Total worldwide $218.3million ဝင်ငွေရရှိခဲ့ပါတယ်. ဒီဇာတ်ကားအတွက်သူတို့သုံးခဲ့တဲ့ငွေကတော့ $60ပဲဖြစ်ပါတယ်.ရင်ငွေထက်သုံးဆကျော်ပြန်ရရှိခဲ့တယ်ပေါ့ဗျာ
Jack reacher ဇာတ်ကားဟာ 2005 တုန်းက ထွက်ခဲ့တဲ့ Lee Child ရဲ့ one shot ဆိုတဲ့ novel ကိုပြန်ရိုက်ထားတာပါ Jack reacher ရဲ့ sequel ဖြစ်တဲ့ Jack Reacher : Never Go Back ကိုတော့ october 21 ရက်နေ့ကစပြီး နိုင်ငံတကာမှာ ရုံတင်နေပါပြီ
Jack Reacher ဇာတ်ကားဟာ IMDB မှာဆိုရင်ဖြင့် 7/10 အထိရထားပြီး rotten tomatoes မှာတော့ 62% ရရှိထားလို့ rating ကောင်းတယ်ဆိုရပါမယ်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jack reacher အဖြစ် mission imposisble,edge of tomorrow,war of the worlds တို့လိုဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ Tom Cruise က သရုပ်ဆောင်ထား