无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Pete's Dragon (2016) ⭐IMDB: 6.7/10 (62 k Votes) 🎬 #Action #Adventure #Comedy #Family #Fantasy #Drama 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #NewZealand #India #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Disney ရဲ့ ၂၀၁၆ ထွက် လက်ရာကောင်းတစ်ခုပါပဲ။ IMDb 6.7 ရထားပါတယ်။ ဇတ်လမ်းအကျဉ်းလေးကတော့ ၅ နှစ်သားမှာ ကားမှောက်ပြီးမိဘ၂ ပါးလုံး ဆုံးသွားတဲ့ ကလေးလေး Pete၊ တောနက်ထဲမှာ တစ်ယောက်တည်းဖြစ်နေတုန်း သူ့လိုပဲ တစ်ကောင်တည်းအထီးကျန်နေတဲ့ နဂါးကြီးနဲ့တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ နဂါးကို နဂါးလို့ခေါ်မှန်းတောင် မသိတဲ့ Pete လေးဟာ နဂါးမိတ်ဆွေလေးကို သူ့ပုံပြင်စာအုပ်ထဲက အက်လီရက် ဆိုတဲ့နာမည်ကိုပေးထားပြီ တောထဲမှာ ၂ ကောင်သား ၆ နှစ်တိတိအသက်ရှင်နေထိုင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သစ်ခုတ်ရင်း တဖြည်းဖြည်း တောနက်ထဲထိ ကျွံဝင်လာတဲ့ အလုပ်သမားတွေနဲ့ သစ်တောအရာရှိမိသားစုလေးနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့အခါ...
Confidential Assignment (2017) ⭐IMDB: 6.7/10 (5 k Votes) 🎬 #Action #Comedy #Drama #Thriller #Uncategorized 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 4 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Confidental Assignment (2017)******************************ကလေးအဖေဖြစ်သွားပြီဖြစ်တဲ့ နာမည်ကြီးမင်းသား ဟျွန်ဘင်း၊သူ့ဇနီးဖြစ်သူ ဆုန်းရယ်ဂျင်းနဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲကိုအများစုက မြောက်ကိုရီးယားဗိုလ်ကြီးကားဆိုပြီး လူသိများကြပါတယ်…မင်းသားက မြောက်ကိုရီးယားဗိုလ်ကြီးကားကနေတစ်ဆင့် လက်တွေ့ဘဝမှာ ဖူးစာစုံခဲ့သလိုမြောက်ကိုရီးယားလူမျိုး Character ကလည်း မင်းသားနဲ့အတော်လေး လိုက်ဖက်ပြီး အကျိုးပေးတယ်ပြောရပါမယ်… အခုတင်ဆက်ပေးတဲ့ Confidential Assignment ဇာတ်ကားကလည်း မြောက်ကိုရီးယားက ဗိုလ်မှူး Character ဖြစ်တဲ့အပြင် Girl Generation အဖွဲ့က Idol ယွန်းနာနဲ့ ဟာသနာမည်ကြီးမင်းသားကြီး ယူဟယ်ဂျင်းတို့ ပါဝင်ရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ မသိတဲ့သူ ရှိမယ်မထင်ပါဘူး… ဇာတ်လမ်းအကျဉ်းကတော့…. မြောက်ကိုရီးယားသမ္မတက စက်ရုံထောင်ပြီးတော့အထိ ဘယ်လိုနောက်ဆုံးပေါ်စက်တွေနဲ့စစ်စစ် အတုဆိုတာမပေါ်နိုင်တဲ့ အမေရိကန်ဒေါ်လာငွေ ငွေစက္ကူရိုက်ပလိတ်ပြားကို လျှို့ဝှက်ပြီး ဖန်တီးနေခဲ့ပါတယ်… အဲဒါကို လာခိုးမဲ့သူတွေရှိတယ်လို့ သတင်းရထားတဲ့ ဗိုလ်မှူး အင်မ်ချောလျောင်းကတော့ အထက်အမိန့်အရ သူ့ရဲ့နောက်လိုက်အဖွဲ့နဲ့အတူ အသင့်အနေအထားနဲ့ စစ်ဆင်ရေးစတင်ဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်… အဲဒီအချိန်မှာ ကင်းပုန်းစောင့်နေတဲ့နေရာဆီ ထမင်းမစားရမှာစိုးလို့ဆိုပြီး ချောလျောင်းရဲ့မိန်းမဖြစ်သူကလည်း ထမင်းဘူးလေးကိုင်ပြီး ယောကျ်ားဖြစ်သူကို ထမင်းဝင်အောင်ကျွေးဖို့ရောက်လာခဲ့ပါတယ်… ဒီလိုကနေ အထက်လူကြီးက အသင့်အနေအထားပဲနေခိုင်းနေပေမဲ့ အခြေအနေမဟန်ဘူးထင်တဲ့ ချောလျောင်းက စက်ရုံထဲကိုအဖွဲ့နဲ့ဝင်သွားပြီး စစ်ဆင်ရေးစတင်ခဲ့ပါတယ်… ဒါပေမဲ့ ပလိတ်ပြားကို ခိုးယူမဲ့သူတွေက သူထင်ထားသလို ပြင်ပကလူမဟုတ်ဘဲ သူ့ရဲ့အထက်လူကြီးကိုယ်တိုင်ဖြစ်နေတဲ့အခါ .. ဝင်ရှုပ်တာပဲဆိုတဲ့သဘောနဲ့ ချောလျောင်းရဲ့မိန်းမအပါအဝင် သူ့လက်အောက်က တပ်ဖွဲ့တစ်ခုလုံးကိုပါ ခေါင်းဆောင်ဖြစ်သူ ချာဂီဆောင်းက သူ့ရှေ့မှာ ပစ်သတ်ပြခဲ့ပါတယ်… ပြီးတာနဲ့ ချာဂီဆောင်းက ပလိတ်ပြားတွေကို ခိုးယူပြီး တောင်ကိုရီးယား ဆိုးလ်မြို့ဆီ သူ့လက်အောက်ငယ်သား တပ်ဖွဲ့ဝင်တွေနဲ့အတူ နိုင်ငံကူးပြီးပြေးသွားခဲ့ပါတယ်… အခင်းဖြစ်နေရာမှာ ပစ်ခတ်ခံခဲ့ရပေမဲ့ အသက်မသေခဲ့တဲ့ အင်မ်ချောလျောင်းက ချာဂီဆောင်းကို လက်စားချေချင်တဲ့စိတ်သက်သက်နဲ့ မြောက်ကိုရီးယားသမ္မတရဲ့ လျှို့ဝှက်ဖန်တီးထုတ်လုပ်ထားတဲ့ ပလိတ်ပြားတွေကို လူမသိအောင် ပြန်ယူလာဖို့စေလွှတ်တဲ့ တောင်မြောက်ပူးတွဲစစ်ဆင်ရေးမှာပါဝင်ဖို့ လိုက်ပါသွားခဲ့ပါတယ်… အဲဒီကနေ တောင်ကိုရီးယားဘက်က စုံထောက်ဖြစ်သူ ဂန်ဂျင်းထယ်နဲ့ တွဲဖက်အဖြစ် ဟန်ပြတာဝန်ပေးခံရပါတော့တယ် ပလိတ်ပြားကိုပါအရသိမ်းချင်ပြီး ချာဂီဆောင်းကို လက်ရဖမ်းမိအောင်လုပ်ရမယ်ဆိုတဲ့ တောင်ကိုရီးယားအထက်ပိုင်းတွေရဲ့ အမိန့်ကိုနာခံနေရတဲ့ ဂန်ဂျင်းထယ် ပလိတ်ပြားကို တောင်ကိုရီးယားကပါ မသိစေရဘဲ တိတ်တိတ်လေးပြန်ရအောင် ယူလာနိုင်ရမယ်၊ ကိုယ်ရေးကိုယ်တာခံစားချက်တွေ မပါစေနဲ့ဆိုတဲ့ မြောက်ကိုရီးယားအကြီးအကဲရဲ့ အမိန့်ကိုနာခံနေရတဲ့ အင်မ်ချောလျောင်း ဒီလိုတောင်မြောက်စုံထောက်နှစ်ဦးကြားက တူညီတဲ့စစ်ဆင်ရေးအောက်မှာ မတူညီတဲ့ Mission တွေကို ဘယ်လိုလုပ်ဆောင်ကြမလဲ တစ်ယောက်အကြောင်းတစ်ယောက် သိသွားကြမှာလား သိသွားရင်ရော ရန်သူဖြစ်သွားမလား၊ မိတ်ဆွေဖြစ်သွားမလားဆိုတာကို ခပ်မိုက်မိုက် အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်...
Stockholm, Pennsylvania (2015) ⭐IMDB: 6.0/10 (3 k Votes) 🎬 #Drama #Thriller #TVMovie 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရိုးရိုးရှင်းရှင်းလေးကိုမှ ရှုပ်ရှုပ်ထွေးထွေးလေးဖြစ်အောင် ရိုက်ကူးထားတဲ့ Psycho ကားတွေ ကြည့်ချင်ရင်တော့ ပရိသတ်ကြီးတို့အတွက် ၂၀၁၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stockholm Pennsylvania ဖြစ်ပြီး IMDb Rating 6 အထိရရှိထားပါတယ်။ ကလေးဘ၀မှာ ကိုယ့်ကိုလူတစ်ယောက်က ပြန်ပေးဆွဲသွားပြီး အဲ့ဒီလူနဲ့ပဲ ၁၇ နှစ်ကြာအောင်နေရမယ်ဆိုရင်ပရိသတ်ကြီးတို့ ရောနေနိုင်ပါ့မလား။ဒီကားထဲက လေယာဆိုတဲ့ကောင်မလေး ကတော့ အဲ့ဒီလိုအဖြစ်အပျက်ကိုတကယ်ကြုံခဲ့ရပြီး ၁၇ နှစ် ကြာပြီး နောက်မှာပြန်ပေးသမားကိုဖမ်းမိသွားကာသူလဲ မိဘတွေရှိရာ အိမ်ကိုပြန်ရောက်လာပါတော့တယ်။ဒါပေမယ့် သူပြန်ပေးဆွဲခံရပြီး ပြန်ပေးသမားနဲ့အတူနေလာခဲ့ရတဲ့ နှစ်ကာလတွေက ကြာမြင့်လွန်းတဲ့အတွက်ဦးနှောက်အဆေး ခံထားရပြီး အပြင်လောကကြီးနဲ့ထိတွေ့ရတဲ့အခါမှာ ကြောင်တောင်တောင်ဖြစ်နေပါတော့တယ်။ဒါပေမယ့် သူ့မိဘတွေက တတ်နိုင်သလောက်သူ့အပေါ်မှာဂရုစိုက်ပေးပြီး တော်တော်ကြီးကိုဂရုစိုက်လွန်သွားတဲ့အခါမှာတော့ သူတကယ် တမ်းပျောက်ဆုံးသွားခဲ့ရတဲ့ အကြောင်းအရင်းကပြန်ပေးဆွဲ ခံရလို့လား တခြားအကြောင်းအရာတွေရောရှိနေဦးမလား ဆိုတာတွေကိုကြည့်ရှုရမဲ့ Psycho ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
Carrot Cake Murder: A Hannah Swensen Mystery (2023) ⭐IMDB: 6.2/10 (722 Votes) 🎬 #Crime #Drama #Mystery #TVMovie #Romance 🗓 2023 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 24 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်…စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်… ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်….ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ….မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်….ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာတော့ စတိုင်နာအဆောက်အဦးရှိပါတယ်…စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်…. နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်…ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်…. ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်….ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ...
Good Sam (2019) ⭐IMDB: 5.8/10 (3 k Votes) 🎬 #Comedy #Drama #Romance 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ပရိသတ်ကြီးကို ၂၀၁၉ ထွက် ရုပ်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းကတော့ ၂၀၁၉ တုန်းက netflix ကနေ ထွက်ရှိထားခဲ့တဲ့ good sam ဆိုတဲ့ဇာတ်ကား ကောင်းလေးပဲဖြစ်ပါတယ် Good Sam ဆိုတာကတော့ samaritan ရဲ့အတိုကောက်ဖြစ်ပြီး ပရဟိတ အများကောင်းကျိုးဆောင်ရွက်နေသူတစ်ယောက် ဆိုတာအဓိပ္ပာယ်ပဲဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ နယူးယောက်မှာ မီးလောင်မှု ကားတိုက်မှု ဒီလိုသတင်းတွေကို ရွပ်ရွပ်ချွံချွံလိုက်စုံစမ်းလေ့ ရှိတဲ့ သတင်းထောက်မလေး ကိတ် ကိုအခြေတည်ထားတာပါ သူဟာဒီလိုအန္တရာယ်များတဲ့သတင်းတွေကိုလိုက်နေရင်းကနေ တစ်နေ့တော့ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ကို မမျှော်လင့်ပဲ ရရှိခဲပါတော့တယ် အမျိုးသမီးတစ်ယောက်သူ့အိမ်ရှေ့ကနေ အိတ်တစ်အိတ်ကောက်ရခဲ့တာပါ ငွေသားကိုဒေါ်လာတစ်သိန်း ပါတဲ့အိတ်တစ်အိတ်ပါ ဒီပမာဏက လူတစ်ယောက်ရဲ့ဘဝကို တစ်ဆစ်ချိုးတင်မကပြောင်းလဲနိုင်တဲ့ပမာဏမလို့ ရရှိတဲ့သူတွေ ကိုရော ပေးနိုင်တဲ့သူကိုပါ ကိတ်ကစိတ်ဝင်စားလာတဲ့အခါ သူကြိုးကြိုးစားစားလိုက်လံစုံစမ်းပေမဲ့လည်း အလှုုရှင်က အမည်မသိအနေနဲ့ပဲနောက်ထပ်အိတ်တွေလည်းချထားပေး လာပါတယ် ဒီလိုနဲ့ အမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့…….. Spoiler ဖြစ်သွားမှာစိုးတဲ့အတွက်ဒီလောက်နဲ့တင်ရပ်ထားလိုက်ပါဦးမယ် အားလုံးအတွက်ကြည့်ဖို့အဆင်ပြေတဲ့ comedy romance drama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...
Our Souls at Night (2017) ⭐IMDB: 6.9/10 (15 k Votes) 🎬 #Drama #Romance 🗓 2017 🎞 movie 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 43 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Addie နဲ့ Louis တို့တွေဟာ နှစ်ပေါင်းများစွာအိမ်နီးချင်းဖြစ် လာပေမယ့် စကားတစ်ခါမှမပြောဖူးကြတဲ့သူတွေပေါ့… တစ်နေ့ Addie က Louis အိမ်ရောက်လာပြီးထူးဆန်းတဲ့ စကားတစ်ခွန်းဆိုပါတယ်..”တခါတလေ ကျွန်မအိမ်လာပြီး ကျွန်မနဲ့အတူအိပ်ချင်လား”တဲ့ ဖတ်လိုက်ရင်တော့ မဟုတ်တာတွေတွေးလိုက်မိလောက်ပေမယ့် တကယ်တော့ Louis ရော Addie ရောဟာ အိမ်ထဲမှာ တစ်ယောက်တည်းအထီးကျန်နေကြရတဲ့ အဖိုးကြီးနဲ့အဖွားကြီးပါ.. ဒီလိုအထီးကျန်နေတဲ့သူတို့နှစ်ယောက် နေ့စဉ်နေ့တိုင်း စကားတွေ ပြောရင်းဘယ်လိုသံယောဇဉ်တွယ်သွားကြမလဲဆိုတာကို ကြည့်ရမယ့် Romance ကားကောင်းလေးတစ်ခုပါ...
The Pacific (2010) ⭐TMDB: 78% User Score 🎬 #Uncategorized #Action #Drama #Western #Adventure #War #Politics #History 🗓 2010 🎞 tv mini series 🌎 #UnitedStatesofAmerica #UnitedStates #Australia ⏰ 53 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating 8.3 Metacritic rating 86% TV.com 7.4 အထိ rating အမြင့်တွေရရှိထားတဲ့ The Pacific (2010) ကို Channel Myanmar မှ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ mini-series ဖြစ်ပြီး အပိုင်းအားလုံး (၁၀)ပိုင်းရှိပါတယ်။ဇာတ်လမ်းအစကတော့…. ပုလဲဆိပ်ကမ်းဗုံးကျဲခံရပြီး နှစ်ဝက်အကြာ အာရှတိုက်သား ဂျပန်တို့က လူ့သမိုင်းတလျှောက်အကြီးမားဆုံးအင်ပါယာကြီးကိုထိန်းသိမ်းနိုင်ခဲ့တယ်။ ၁၉၄၂ မှာပဲသြစတီးလျကိုအခြေချဖို့ကြိုးစားနေတဲ့ဂျပန်တွေဟာ တပြိုင်နက် တောင်ပစိဖိတ်ကျွန်းတွေကိုပါ ချဲ့ထွင်ဖို့ကြိုးစားလာခဲ့ကြတယ်။ Guadalcanal. ကျွန်းမှာ လေယဉ်ကွင်းဆောက်နေကြပြီး ဒီလေယဉ်ကွင်းသာပီးဆုံးမယ်ဆိုရင် သြစတီးလျကိုကူညီမယ့်အမေရိကန်တို့ရဲ့ထောက်ပံ့ရေးကိုပိတ်ဆို့ထားနိုင်ပါပြီ။ ဒီတော့အမေရိကန်တွေအနေနဲ့ ဒီကျွန်းကိုမဖြစ်မနေ ရအောင်ယူမှကိုရတော့မယ်။ ဒီအတွက်အမေရိကန်တွေ ဘယ်လိုဖြေရှင်းကြမလဲ . ဘယ်တပ်ဖွဲ့တွေသုံးပြီးဒီကျွန်းကိုပြန်ယူကြမလဲ . . . ပုလဲဆိပ်ကမ်း ဟာဝါရီကျွန်းတွေအတိုက်ခံရပြီးချိန်မှာ အမေရိကန်စစ်သားတွေရဲ့စိတ်ထဲမှာဂျပန်ဆိုတာ တိုက်မရတဲ့ လူတွေလို့စွဲနေတဲ့အချိန်….ဒီအစွဲတွေကိုဘယ်လိုချွတ်မလဲ . . . စတာတွေကို ဇာတ်ကားထဲမှာ သိမြင်နိုင်မှာပါ။ ဒီဇာတ်လမ်းတွဲဟာ band of brother လိုပဲ အင်တာဗျူးအစီအစဉ်ကနေ ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် history war movie တခုဖြစ်လို့လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်လမ်းတခုဖြစ်ကြောင်း ပြောပါရစေ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကို ကိုမြန်မာကြီးမှ ရေးသားတင်ဆက်ပေးပါတယ်။) @SanwinmaungFile Size : 900 Mb Quality : HD 720P File Size 2 : 400 Mb Quality : HD 360P Translated : မြန်မာကြီး(Aung Aung Oo) Encoded : San Win Maung Complete Zip File VIP / Yoteshin[1-5] / Yoteshin[6-10] ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Fox Spirit Matchmaker: Red-Moon Pact (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #China ⏰ 41 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fox Spirit Matchmaker: Red-Moon Pact (2024)ဒီဇာတ်ကားလေးကတော့ နာမည်ကြီး Donghua တစ်ခုကို အခြေခံပြီး adapt လုပ်ထားတဲ့ ရှန်းရှဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ အဓိကမင်းသမီးအဖြစ် 85s flower တွေထဲကတစ်ယောက်ဖြစ်တဲ့ မမယန်းမီ ၊ မင်းသားအဖြစ် ခုခေတ် Traffic star တွေထဲ ထိပ်တန်းမင်းသားတစ်လက်ဖြစ်နေတဲ့ Gong Jun အပြင် တခြားနာမည်ကြီးအနုပညာရှင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားကြတဲ့ IQIYI ရဲ့ ပထမဆုံး Super S+ Drama ပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ –ထူရှန်းဟုန်ဟုန်က ထူရှန်းတောအုပ်မှာ ထူရှန်းမျိုးနွယ်ဝင်တွေရဲ့ အကြီးအကဲဖြစ်ပြီး ညီမလေး၂ယောက်နဲ့အတူ မျိုးနွယ်စုကိုစောင့်ရှောက်နေထိုင်လျက်ရှိပါတယ် ။ ထူရှန်းမျိုးနွယ်တွေဟာ တောအုပ်ထဲကို ဘယ်လူသားကိုမှဝင်ခွင့်မပြုခဲ့ပေမဲ့ တုန်းဖန်းယွဲချူးဆိုတဲ့လူသားလေးကိုတော့ လူဆိုးကြီးလက်ထဲကနေ ကယ်ခဲ့ပြီးတော့ထူရှန်းဟုန်ဟုန်က သူနဲ့အတူ ထူရှန်းတောအုပ်မှာလိုက်နေစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ မမြင်နိုင်တဲ့အန္တာရာယ်တစ်ခုကလည်း ထူရှန်းမျိုးနွယ်ဆီချဉ်းကပ်လာခဲ့ပြီး ပြဿနာတွေအစပျိုးလာခဲ့တဲ့အချိန်အရွယ်ရောက်နေပြီဖြစ်တဲ့ တုန်းဖုန်းယွဲချူးတစ်ယောက် သူ့ရဲ့နတ်သမီးမမကိုဘယ်လိုပြန်ပြီးေတာ့ကာကွယ်သွားမလဲ ? ဘယ်လိုမေတ္တာသက်ဝင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် လှလှပပCGI တွေနဲ့အတူ ရှုစားရမှာဖြစ်လို အဆုံးထိလိုက်ပါစောင့်ကြည့်ဖိုတိုက်တွန်းလိုက်ပါရစေရှင်...
V.I.P. (2017) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Action #Crime #Thriller 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 7 မိနစ် 57 စက္ကန့် 👑 Gold Channel Movies
ဇာတ်ညွှန်း 📜 V.I.P. (2017)~~~~~~ဒီဇာတ်ကားလေးကတော့ လျှို့ဝှက်သည်းဖို စုံထောက်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ Kim Gwang-Il အဖြစ် (Lee Jung Suk) စုံထောက် Chae Yi-Do အဖြစ် (Kim Myung Min) အေးဂျင့် Park Jae-Hyuk အဖြစ် (Jang Dong Gun) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်…ဒီဇာတ်လမ်းလေးဟာတော့ ကွင်းဆက်လူသတ်မှူတစ်ခုရဲ့ လူသတ်သမားကို ရှာဖွေဖမ်းဆီးရာမှ ထိုလူသတ်သမားမှာမြောက်ကိုရီးယားမှ ရာထူးကြီးမားသောလူကြီးတစ်ယောက်ရဲ့ သားတစ်ယောက်ဖြစ်နေတဲ့အပြင် မြောက်ကိုရီးယားတွင်သာမက တောင်ကိုရီးယားနှင့် နိုင်ငံခြားနိုင်ငံတွေထိပါ လူသတ်မှုကို နယ်ချဲ့နေခဲ့သော ထိုလူသတ်သမားကို လိုက်လံဖမ်းဆီးရင်းမှ အခွင့်အာဏာအလွဲသုံးစားမှုတွေကြား အထက်လူကြီးတွေရဲ့ ချယ်လှယ်မှုတွေကြားမှာ စုံထောက်ချေအီဒိုတစ်ယောက် လူသတ်သမားကို ဖမ်းမိပါ့ပလားဆိုတာတွေကို လှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုပီပီ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ပရိသတ်အသည်းစွဲ မင်းသားလီဂျောင်ဆော့ရဲ့ ပုံမှန်မြင်နေကြမဟုတ်တဲ့ သရုပ်ဆောင်roleတစ်ခုကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး မင်းသားကြီးတွေရဲ့ ကျွမ်းကျင်ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ကားကောင်းလေးမို့ သေချာ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။...
Sometimes Always Never (2018) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Comedy #Drama #Mystery 🗓 2018 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ်ယာန်ကျမ်းစာတွေထဲမှာ ပျောက်သောသားအကြောင်း ရေးသားထားတဲ့ ကျမ်းပိုဒ်တွေ ပါဝင်ပါတယ်။အဲ့ဒီ ပျောက်သော သားဆိုတာက အိမ်ရဲ့စည်းစိမ်တစ်ဝက်ကို ယူကာအိမ်ကနေ ဆင်းသွားပြီး သုံးဖြုန်းလို့ ကုန်တော့မှ အိမ်ကိုပြန်လာတဲ့ သားအကြောင်းပဲ ဖြစ်ပါတယ်။အဖေဖြစ်သူက အဲ့ဒီပျောက်သော သားပြန်လာတဲ့အခါမှာ စိတ်မဆိုးမငြိုငြင်တဲ့အပြင် အိမ်ရဲ့ ကျွဲနွားတစ်ဝက်ကိုသတ်ပြီးစားသောက်ပွဲကြီးလုပ်ပေးတဲ့အပြင် လက်စွပ်တစ်ကွင်းပါ ပြန်လာတဲ့အနေနဲ့ ပေးခဲ့ပါသေးတယ်။ အဲ့ဒီအချိန်မှာ ဘေးနားကနေရပ်ကြည့်နေရတဲ့ လူကတော့ အဖေ့နားမှာပဲ ကျန်ပြီး အစစအရာရာကူလုပ်ပေးခဲ့တဲ့ လိမ္မာတဲ့သားပါပဲ။ အခုတင်ဆက်ပေးမဲ့ Sometimes Always Never ဆိုတဲ့ ဇာတ်ကားကလည်းအဲ့ဒီအကြောင်းအရာကို Live Action ပြန်ရိုက်ထားသလားတောင် ထင်ရပါတယ်။2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားဖြစ်ပြီး IMDb Rating 6.3 ရရှိထားပါတယ်။ ဇာတ်ကားလေးရဲ့ အကျဉ်းချုပ်ကတော့ အထက်မှာပြောခဲ့ သလိုပဲ အလန်ဆိုတဲ့အဖေမှာ ပီတာနဲ့ မိုက်ကယ်ဆိုတဲ့ သားနှစ်ယောက်ရှိပြီး မိုက်ကယ်ကတော့ ငယ်ငယ်လေးကတည်းက အိမ်ကနေဆင်းသွားပြီး ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ အလန်ကမိုက်ကယ်ပျောက်သွားတဲ့အချိန်ကတည်းက စပြီး လိုက်ရှာနေခဲ့တာအခုဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အဲ့ဒီလို ပျောက်သောသားကို လိုက်ရှာနေရင်းနဲ့ အဖေဖြစ်သူရဲ့ အနွံတာတွေ အားလုံးကို ခံနေရသူကတော့ ပီတာပဲဖြစ်ပြီး သူ့အဖေပြဿနာရှာသမျှ ဒုက္ခပေးသမျှကို ခါးစည်းခံရင်းနဲ့ပဲ သည်းခံနေလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အလန်ကတော့ ပီတာ့ကို မမြင်ဘဲပျောက်သောသားကိုပဲ လိုက်ရှာနေရင်းနဲ့ နောက်ဆုံးမှာ ကျမ်းစာထဲကလို ပျောက်သောသားအိမ်ပြန် လာပါ့မလားဆိုတာကို ကြည့်နေကျဇာတ်ကားတွေနဲ့ Feeling မတူပဲ တစ်မျိုးလေးကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။...
Hot Fuzz (2007) ⭐TMDB: 76% User Score 🎬 #Action #Comedy #Mystery #Thriller #Crime 🗓 2007 🎞 movie 🌎 #France #USA #UnitedKingdom #UnitedStates ⏰ 2 နာရီ 1 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။ သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ ဇာတ်လမ်းကတော့…. ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာ အသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့… ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့….LoL… ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်… သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်…. ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။ နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာ ကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့….. တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ………။ လူ့သဘောတွေကို သရော်ထားတဲ့ ဒီဇာတ်ကားလေးဟာ Rating တွေလဲမြင့်မားပြီး IMDb (7.9) …Rotten Tomatoes (91%) ထိ ရရှိထားပါတယ်။ လုံးဝလက်လွတ်မခံသင့်တဲ့ဇာတ်ကားလေးပါ။ ဒီရုပ်ရှင်ကားက ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg ပါဝင်တဲ့ Three Flavours Cornetto Trilogy အဖြစ်လူသိများတဲ့ ၃ ကားထဲက တစ်ကားဖြစ်ပါတယ်။Cornetto Trilogy ဆိုတာ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ သရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။...
The Town That Dreaded Sundown (2014) ⭐IMDB: 5.6/10 (17 k Votes) 🎬 #Horror #Thriller #Mystery 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ဂျေမီနဲ့ သူ့ချစ်သူ ကော်ရီပါပဲ။ ချစ်သူနဲ့ အတူရှိနေချိန် မိမိမျက်စိရှေ့မှာပဲ ချစ်သူကို ဆုံးရှုံးလိုက်ရသူဂျေမီက အမှုမှန်ပေါ်အောင် လိုက်လံဖော်ထုတ်ရင်း တစ်စတစ်စနဲ့ မထင်ထားတဲ့ အမှန်တရားတွေကို သိလိုက်ရချိန်မှာတော့.. တစ္ဆေက ဘယ်သူလဲ၊ ဘာလို့သတ်တာလဲ၊ ဘာလို့ ၆၅ နှစ်အကြာမှ ထပ်ပေါ်လာတာလဲ၊ မြို့ငယ်လေးနဲ့ တစ္ဆေကြား ဘယ်လို လျှို့ဝှက်ချက်တွေရှိနေတာလဲ၊ ဂျေမီကရော တစ္ဆေလက်ထဲက လွတ်အောင်ပြေးနိုင်ပါ့မလား.. ဆိုတာကိုတော့ လိုက်ပါစီးမျော အဖြေရှာကြည့်လိုက်ကြပါဦး။ (ဘာသာပြန်သူအတွက်ကတော့ ထင်သမျှလွဲတဲ့ကားပါပဲ။ ကိုယ်က ဒီလူလို့ထင်လိုက် သေလိုက်၊ ဟိုလူလို့ထင်လိုက် သေလိုက်နဲ့ နောက်ဆုံး တရားခံပေါ်လာတော့မှပဲ မှန်းတာလည်း ရပ်သွားပါတော့တယ်။) (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ)...
Mother's Day (2010) ⭐IMDB: 6.2/10 (18 k Votes) 🎬 #Drama #Horror #Thriller #Crime 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၀ ကထွက်ရှိထားတဲ့ Mother ‘s Day ဆိုတဲ့ ဇာတ်ကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေး ချင်ပါတယ်. ဒီဇာတ်ကားကို ဒါရိုက်တာ Darren Lynn Bousman ကရိုက်ကူးပုံဖော်ထားပြီး rating 6.2/10 အထိ ရရှိထားပါတယ်.. ဒီဇာတ်ကားမှာ မင်းသား Shawn Ashmore , Partrick John Flueger , Warren Kole စတဲ့နာမည်ကြီး မင်းသားတွေနဲ့ မင်းသမီး Rebecca De Mornay , Jaime King စတဲ့နာမည်ကြီးအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအစက ဆေးရုံတစ်ခုမှာ မိန်းမကြီးတစ်ယောက် ကလေးလိုက်ခိုးနေပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ နောက်ထပ် နှစ်ပေါင်းများစွာ ကြာပြီးတဲ့ တစ်ညမှာတော့ လူသုံးယောက် ဘဏ်ကိုဓားပြတိုက်မှုနဲ့ ထွက်ပြေးနေရပါတယ် သူတို့ ကတော့ အိုက်, အက်ဒ်လေ နဲ့ ဂျွန်နီတို့ ညီအစ်ကိုသုံးယောက်ပဲ ဖြစ်ပါတယ် သူတို့ရဲ့ညီအငယ်ဆုံးလေးဖြစ်တဲ့ ဂျွန်နီကလည်း ဘဏ်ဓားပြ တိုက်မှုအတွင်းမှာ သေနတ်နဲ့အပစ်ခံထားရပါတယ် ဒီကြားထဲ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်က သစ္စာဖောက်သွားတာကို ခံလိုက်ရပြီး တိုက်ရာပါပစ္စည်းတွေ ပိုက်ဆံတွေအားလုံးကလည်း ပါသွားပြန်ပါတယ် ဖွတ်မရဓားမ ဆုံးဖြစ်နေတဲ့ ညီအစ်ကို သုံးယောက်လည်း နောက်ဆုံးသူတို့ငယ်ငယ်ကနေခဲ့တဲ့ အိမ်ကို သာပြန်လာခဲ့ကြပါတော့တယ် ဖြစ်ချင်တော့ သူတို့တွေ အိမ်ကထွက်သွားတဲ့အချိန်အတောအတွင်းမှာ သူတို့ရဲ့အမေက ဒီအိမ်ကို အကြွေးနဲ့ အသိမ်းခံလိုက်ရတာကို မသိကြပါဘူး တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့တွေ ရောက်လာတဲ့ညမှာ အိမ်ပိုင်ရှင် အသစ်တွေဖြစ်တဲ့ ဒန်နီရယ်ရဲ့ မွေးနေ့ပွဲကျင်းပနေချိန်နဲ့သွားပြီး တိုက်ဆိုင် နေပါတယ် ဒီလိုနဲ့ညီအစ်ကိုသုံးယောက်လည်း မထူးဇာတ်ခင်းပြီး တစ်ခါတည်းပြန်ပေးဆွဲ အနုကြမ်းစီး လိုက်ပါတော့တယ် အပြင်မှာလည်း လေဆင်နှာမောင်းတိုက်ခတ် နေတဲ့အချိန်ဖြစ်နေတော့ ပတ်ဝန်းကျင်ကလည်း လူသူမရှိကင်းမဲ့ နေပြန်ပါတယ် ဒန်နီရယ်တို့ သူငယ်ချင်းရှစ်ယောက်ကရော ညီအစ်ကိုသုံးယောက်ရဲ့လက်ကနေ လွတ်မြောက်သွားနိုင်ပါ့မလား အဲ့ဒီနောက်သူတို့ရဲ့ မွေးစားအမေဆိုတဲ့သူ ရောက်ရှိလာတဲ့ အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ… ဒီဇာတ်ကားမှာ သူတို့ရဲ့မွေးစားအမေဖြစ်တဲ့ မင်းသမီး Rebecca De Mornay ရဲ့သွေးအေးအေးနဲ့ ပီပြင်စွာသရုပ်ဆောင်ထားပုံတွေကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ် ဒီဇာတ်ကားက ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်လမ်းအစ အလယ်အဆုံးဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်. ဒီဇာတ်ကားက Drama , Horror & Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်...
White Rose (2024) ⭐IMDB: 7.2/10 (297 Votes) 🎬 #Bollywood #Thriller #Crime 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 White Rose (2024) “နှင်းဆီဖြူ”IMDb – 7.2/10 နာမည်ကြီးမင်းသမီးချော Anandhi ပါဝင်ထားပြီးတော့မှုခင်းဘက်ဆိုင်ရာထောက်လှမ်းစုံစမ်းရေးတွေကိုသဘောကျနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်စေမှာပါဇာတ်လမ်းအစမှာတော့ တံတားနားမှာ မိန်းကလေးတစ်ယောက်ရဲ့အလောင်းတွေ့ရှိခဲ့တယ်အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ အိတ်ထဲထည့်ပြီးစွန့်ပစ်ထားတာပါ လက်ချောင်းလေးကအစခုတ်ထားပါသေးတယ် အရင်ကလည်း ဒီလိုလူသတ်ပုံတွေရှိခဲ့တာကြောင့် ကွင်းဆက်လူသတ်မှုလို့ရဲတွေက ကောက်ချက်ချထားပါတယ် တစ်ဖက်မှာတော့ပျော်ရွှင်စရာအတိနဲ့မိသားစုလေးတစ်စု ဒီဗယာရယ် ချစ်လွန်းလို့သမီးလေးဖြစ်သူကို ဒီယာလို့တောင်နာမည်ပေးထားပြီးတော့ ဖခင်ဖြစ်သူအာရှရဖ်ရယ်က သားအမိသားအဖ ၃ယောက်သားရဲ့ ကမ္ဘာကြီးတစ်ခုပေါ့မိန်းမဖြစ်သူမွေးနေ့မှာ ဆိုင်ကြီး ဆိုင်ကောင်းခေါ်သွားပြီး စပရိုက်စ်တွေလုပ်ပေးရင်းအပြန်လမ်းမှာ ရဲနဲ့အကြမ်းဖက်သမားတွေရဲ့ အပြတ်ရှင်းပွဲထဲလမ်းမှားဝင်သွားမိရင်း ရှေ့ဆုံးကဒီဗယာ့အမျိုးသားအာရှရဖ်က သေနတ်ထိမှန်ခဲ့လို့ပွဲချင်းပြီးဆုံးသွားခဲ့တယ် ဒီလိုထရော်မာကနေအချိန်အတော်ကြာပြန်ကုစားနေရတဲ့ ဒီဗယာ့အပေါ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုသမီးလေးဒီယာပါ ပြန်ပေးဆွဲခံလိုက်ရချိန်မှာတော့… သမီးဖြစ်သူကို ပြန်ရအောင်ဘယ်လိုတွေကြိုးပမ်းသွားမလဲ အတိတ်ဖြစ်ရပ်ဆိုးတွေက ရုန်းထွက်နိုင်မှာလားဆိုတာကိုတော့… (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်)...
Swamp Thing (1982) ⭐TMDB: 54% User Score 🎬 #Uncategorized #Horror #SciFi #ScienceFiction 🗓 1982 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းလေးဟာ ၁၉၈၂ ကထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီးယခုခေတ်နဲ့မတူတဲ့ ကင်မရာရှုထောင့်တွေစကားလေသံ အပြောအဆိုတွေနဲ့ရွံ့ညွန်သဘာဝတောကြီးကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာပါ။ ကျွန်တော်တို့ သက်ရှိမျိုးရိုးဗီဇတွေမှာ လူတွေနဲ့ အပင်တွေဟာ မတူကြပါဘူး။အဲ့ဒါကို ပေါင်းစပ်ပြီးလူတွေရဲ့ ကောင်းကျိုးအတွက် အသုံးချဖို့ဒေါက်တာ အဲလက်ဟော်လန်၊ သူ့ရဲ့ညီမဖြစ်သူနဲ့ အခြားအစောင့်အရှောက်တွေဟာရွံ့ညွန်တောကြီးတစ်ခုမှာ လျို့ဝှက်ပရောဂျက်အဖြစ် လုပ်ကိုင်နေခဲ့ ကြပါတယ်။ တစ်နေ့မှာသူတို့ရဲ့ အစောင့်တွေထဲကတစ်ယောက် မိကျောင်းကိုက်ခံရလို့ဆိုပြီးကူပေးဖို့ အေးဂျင့်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဲလစ်စ် ကေဘယ်လ်ကို ခေါ်ခဲ့ပါတယ်။သူရောက်လာပြီးမှ ဖော်မြူလာထုတ်တာ အောင်မြင်သွားပြီး အောင်မြင်တဲ့ညမှာပဲသူတို့ရဲ့ဖော်မြူလာကို လုယူဖို့အကောက်ကြံနေတဲ့ လူတစ်စုရောက်လာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ မတော်တဆ ဖော်မြူလာဟာ ဒေါက်တာဟော်လန့်ပေါ်ကိုလောင်းမိသွားပြီး အပင်နဲ့လူသားစပ် သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သွားပါတော့တယ်။ဆိုတော့ အဲလစ်စ်ကေဘယ်လ် ရောက်လာပြီးမှ ဖော်မြူလာရသွားတာဖြစ်သလို ရရချင်းမှာပဲတိုက်ခိုက်လုယူခံရတာဆိုတော့ အဲလစ်စ်နဲ့ဘာတွေ ဘယ်လိုပတ်သက်နေမလဲ ဘာတွေဆက်မဖြစ်လဲဆိုတာကတော့ ဇာတ်ကားလေးကို ဒေါင်းလုဒ်ကြည့်ရှုရင်း ခံစားအဖြေရှာနိုင်မှာပါခင်ဗျာ။...
Chillerama (2011) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Action #Comedy #Horror #SciFi 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ) Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာအကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကိုခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါတွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။ ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။ ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကိုလှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ပြန်လည်တင်ဆက်မှုတွေကိုပြုံးထေ့ထေ့နဲ့ ကြည့်ရမယ့်ကားမျိုးလည်း ဖြစ်ပါတယ်။ အရာရာကို ဟာသဖောက်ပြောဆိုတတ်တဲ့ လူတွေကို အပြင်လောကမှာ မြင်တွေ့နိုင်သလိုထိုအတွေးအမြင်မျိုးနဲ့ ဒါရိုက်တာတွေ စိတ်ကူးဆန်းဆန်းနဲ့ တင်ဆက်ထားတဲ့Horror Comedy ဇာတ်ကားတစ်ကားကိုလည်း CM ပရိသတ်ရှေ့မှောက် တင်ဆက်ပေးလိုက်ပါတယ်။...
The Eye (2008) ⭐TMDB: 58% User Score 🎬 #Horror #Mystery #Drama #Thriller 🗓 2008 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ကားလည်း ကြည့်ချင်တယ် .. သိပ်ပြီးတော့လည်း မကြောက်ချင်ဘူး .. ဒါပေမယ့် ဇာတ်ကားကလည်း ကြည့်ရတာ စိတ်ဝင်တစားဖြစ်ချင်တယ်ဆိုရင်တော့ နာမည်ကြီး မင်းသမီး Jessica Alba သရုပ်ဆောင်ထားတဲ့ The Eye ဆိုတဲ့ ဇာတ်ကားကို ကြည့်ပါ။ ဒီဇာတ်ကားထဲမှာ ဆစ်ဒနီဝဲလ်ဆိုတဲ့ မျက်မမြင် ကောင်မလေးနေရာမှာ Jessica Alba က အထူး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဆစ်ဒနီဝဲလ်က အသက်ငါးနှစ် အရွယ်တုန်းက မျက်စိကို ထိမှန်ပြီး ဗျောက်အိုးထိမှန်ပြီး မျက်စိကွယ်ခဲ့တဲ့သူ။ နောက် ဆယ့်ငါးနှစ် အကြာမှာ သူ့ရဲ့ မျက်စိကို မျက်ကြည်လွှာ အစားထိုးကုသခဲ့တယ်။ ဇာတ်လမ်းက ဒီမှာ စတာပါ။ မျက်စိက ကုသပြီးလို့ စစချင်း ဘာမှ သိပ်မမြင် ရသေးပေမယ့် ခက်တာက ကြောက်စရာကောင်းတဲ့ ပုံရိပ်တွေ .. မီးလောင်နေတာတွေ .. လူသေတွေ အဲဒါတွေကို သူ့အနေနဲ့ မြင်လာရတယ်။ သေမယ့် လူတွေကို ကြိုတင်ပြီး ပုံရိပ်တွေ မြင်နေရသလို ဖြစ်လာတယ် .. ဒီလိုတွေ မြင်လာရတာက ဘာကြောင့်လဲ? ဆစ်ဒနီအနေနဲ့ ဒါကို ဘယ်လိုမျိုး ကျော်ဖြတ်သွားမလဲ? ဆေးပညာနဲ့ ဒီကိစ္စက ဘယ်လိုမျိုး ဆက်သွယ်မှုတွေ ရှိနေသလဲ စတဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဒီဇာတ်ကားထဲမှာ ဆက်လက်ပြီး ကြည့်ရှုသွားရမှာ ဖြစ်လို့ မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါလို့ ပြောလိုက်ပါရစေ။...
Civil War (2024) ⭐IMDB: 7.5/10 (67 k Votes) 🎬 #Action #Drama #War #Adventure #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Finland ⏰ 1 နာရီ 49 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် တစ်စုက သမ္မတရဲ့ နောက်ဆုံးအချိန်ကို အမိအရ သတင်းယူဖို့ ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ တစ်လမ်းလုံးမှာ စစ်ရဲ့ အနိဌာရုံတွေတွေ့၊ တိုက်ပွဲတွေကြားထဲရောက်၊ နှစ်ဘက်တပ်တွေ စည်းမရှိကမ်းမရှိ ရက်စက်နေတာတွေကို ကျော်ဖြတ်ပြီး ဝါရှင်တန်ဒီစီကို အရောက်နှင်ကြရမှာပါ။ ငွေဈေးတွေထိုးကြပြီး ဒေါ်လာ ၃၀၀ ပေးမှ ဆန်းဝှစ်တစ်လုံးပဲ ရတာတွေ၊ ကနေဒါ ဒေါ်လာဆိုမှ တန်ဖိုးရှိတာမျိုးတွေလည်း သဘာဝကျကျ တွေ့ရပါလိမ့်မယ်။ ကျန်တာတွေကတော့ စွန့်စားခန်းတွေ တစ်ခုပြီးတစ်ခု ဖြတ်လာရတာနဲ့တူပြီး တစ်ခန်းပြီးတိုင်း တွေးစရာတစ်ခုရတာမျိုးဖြစ်အောင်လည်း ပြထားပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ရမဲ့ ရုပ်ရှင်ထဲမှာ ပါပါတယ်။...
Superb Body Fulfills All Ideals – Yua Mikami (Decensored – SSIS-062) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yua Mikami ဆိုတဲ့ မင်းသမီးလေးကတော့ ပရိသတ်ကြီးကို ထွေထွေးထူးထူးမိတ်ဆက်စရာမလိုလောက်တဲ့ မင်းသမီးလေးတလက်ပါပဲ…..ချစ်စဖွယ်မျက်နှာထားလေးရယ် ဝင်းပလှတဲ့အသားအရေလေးရယ် အသံဆာဆာလေးရယ်ကို ပြစ်မျိုးမှဲ့မထင် ကျစ်လျစ်လှတဲ့ ခန္ဓာကိုယ်လေးနဲ့ ဖြည့်စွက်ထားတဲ့ အပြင် သရုပ်ဆောင်ကလည်း အင်မတန်ကောင်းတော့ တော်တော်များများရဲ့ အားပေးမှုရရှိထားတဲ့ မင်းသမီးလေးတလက်ပါပဲ…… SSIS-062 ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာတော့ အခန်းဆက်လေးတွေနဲ့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အမျိုးမျိုးချပြတင်ဆက်ထားတဲ့ကားလေးမို့ သူ့ကိုကြိုက်တဲ့ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာကောင်းလောက်မဲ့ ကားလေးတစ်ကားပါပဲ……ဘယ်လိုတင်ဆက်ဖျော်ဖြေထားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့…… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Crew (2024) ⭐IMDB: 6.4/10 (25 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Crew (2024)“မဒီသုံးဖော်” IMDb – 6.4/10 တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။ အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကိုလုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။ လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီးဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကိုတာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို …ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
