无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Macumba Sexual (1983) ⭐TMDB: 52% User Score 🎬 #Uncategorized #Horror 🗓 1983 🎞 Series 🌎 #Spain ⏰ 1 နာရီ 21 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဲလစ်စ်ဘရွတ်ခ်ဆိုတဲ့ အိမ်ခြံမြေအေးဂျင့်နဲ့သူ့အတူနေချစ်သူတို့ဟာ ကနေရီကျွန်းစုတွေမှာအပန်းဖြေခရီးရောက်ရှိနေပါတယ်။ အဲလစ်စ်ဟာ ဆန်းကြယ်တဲ့လူမည်းမိန်းမလှတစ်ဦးအကြောင်းညစ်ညမ်းတဲ့ အိမ်မက်တွေမကြာခဏမြင်မက်လေ့ရှိပြီး ရုတ်တရက်ဆိုသလိုပဲ သူ့အထက်လူကြီးဆီက အိုဘွန်ဂိုမင်းသမီးဆိုတဲ့ မင်းသမီးတစ်ယောက်ဆီကိုသူတို့အိမ်တစ်လုံးကိုသွားရောက်ရောင်းချပေးဖို့တာဝန်ပေးလာခဲ့ပါတယ်။မကြာခင်မှာ အဲလစ်စ်သိလိုက်ရတာကတော့သူအိမ်ရောင်းရမယ့် အိုဘွန်ဂိုမင်းသမီးဟာ သူ့အိမ်မက်ထဲက အမျိုးသမီးဖြစ်ပြီး သူ့အိမ်မက်တွေထဲကဖြစ်ရပ်တွေဟာ လက်တွေ့ဘ၀ထဲရောက်ရှိလာပါတော့တယ်။ဒီလိုဇာတ်ကားတွေမှာလက်တွဲညီခဲ့တဲ့ ဒါရိုက်တာ Jesús Franco နဲ့ ဇနီးသည် Lina Romay တို့ရဲ့ပူးတွဲလက်ရာဖြစ်ပါတယ်။မင်းသမီးတွေရဲ့အလှအပကိုအဖုံးအကွယ်မရှိ ပကတိတွေ့မြင်ရတဲ့ဇာတ်ကြမ်းကားမျိုးပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.6GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:21:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Package Deal (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 6 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရွန်နဲ့မာနက်တို့ဟာ ကြင်စဦးဇနီးမောင်နှံဖြစ်ပြီး ရွန်ကတော့ မာနက်ရဲ့ဒုတိယအိမ်ထောင်ဖြစ်ပါတယ်။ပထမအိမ်ထောင်ဖက်ဆုံးပါးပြီးမကြာခင်မှာ ရွန်နဲ့ခပ်မြန်မြန်လက်ထပ်လိုက်တာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်က မာနက်ကိုအယုံလွယ်သူ၊ ရွန်ကိုတော့ သိုက်တူးသမားအဖြစ်စကားတင်းဆိုကြပါတယ်။မာနက်ရဲ့ငယ်သူငယ်ချင်းဖြစ်သူ ဂျေစီကလည်း ရွန်ကိုအမြင်မကြည်ပါဘူး။တစ်နေ့တော့ သူတို့အိမ်ကို အယ်လီဆာဆိုတဲ့ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ယောက်ရောက်လာပြီးသူဟာ ရွန်ရဲ့သမီးဖြစ်တယ်လို့ပြောလာပါတယ်။အယုံလွယ်တတ်တဲ့ မာနက်ကအလွယ်တကူပဲ ကောင်မလေးကိုလက်ခံပြီးအိမ်ပေါ်တင်ထားပြီးတဲ့နောက်မှာတော့ မထင်မှတ်တဲ့ဇာတ်ရှုပ်တွေတစ်ဖြည်းဖြည်းပေါ်လာပါတော့တယ်။Angelica Hart နဲ့ မင်းသမီးသစ်လေး Mariane Saint ကိုတွဲဖက်မိတ်ဆက်ပေးထားတဲ့ ဇာတ်ကားသစ်ပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:06:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
I Spy (2002) ⭐TMDB: 54% User Score 🎬 #Action #Adventure #Comedy #Thriller 🗓 2002 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ Owen Wilson နဲ့ Shrek animation ထဲက Donky အသံသရုပ်ဆောင် Eddie Murphy တို့ နှစ်ယောက်တူတူပါဝင်ထားတဲ့ ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်. ဇာတ်လမ်းအကျဥ်းလေးကတော့ အစိုးရဆီက အခိုးခံလိုက်ရတဲ့ကိုယ်ပျောက်လေယာဥ်ကို ပြန်ယူပေးဖို့ အထူးအေးဂျင့် အဲလက်စ် (Owen Wilson) နဲ့ အစိုးရကနေ အကူအညီတောင်းခေါ်ယူထားတဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ကယ် ရော်ဘင်ဆန် (Eddie Murphy) တို့နှစ်ယောက် တာဝန်ပေးခံရပါတယ် ။ နယ်ပယ်မတူတဲ့သူတို့နှစ်ယောက် အဖွဲ့ဖြစ်သွားပြီး လေယာဥ်ကိုပြန်ရအောင်ဘယ်လိုကြိုးစားကြမလဲဆိုတာ ဟာသတွေအလွဲတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ...
Spy x Family Code: White (2023) ⭐IMDB: 7.4/10 (3 k Votes) 🎬 #Action #Animation #Comedy #Adventure #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 50 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spy X Family Code: White (2023)Genre – Anime, Action, ComedyIMDB – 7.4/10MyAnimeList – 8.1/10 ချစ်စရာကောင်းတဲ့ Anya လေးတို့ မိသားစု ဒီတစ်ခါမှာတော့ စီးရီးအနေနဲ့မဟုတ်ပဲရုပ်ရှင်ကားအဖြစ် ရုံတင်ခဲ့တာ အခုတော့ အကြည်ထွက်လာပြီဖြစ်လို့CM ပရိသတ်တွေအတွက်ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်။ ဒီကားလေးက အရှေ့ပိုင်းမှာ သူတို့မိသားစုလေးအကြောင်းကို အကြမ်းဖျဉ်းလေး ရှင်းပြထားတာပါပြီးသီးသန့် Missionလုပ်ကြတဲ့ဇာတ်အိမ်လေး ဖြစ်နေတော့ စီးရီးမကြည့်ဖူးတဲ့လူတွေလည်းအဆင်ပြေလောက်မယ်ထင်ပါတယ်။ ဒါပေမဲ့လည်း ထွက်ခဲ့သမျှ S2 ထိ ကြည့်ထားရင်တော့ ပိုကောင်းတာပေါ့လေ CM မှာလည်း အကုန်တင်ဆက်ပေးထားပါတယ်ဗျ။ထုံးစံအတိုင်း သူလျှိုဖေဖေကြီး Loid ရယ် လုပ်ကြံသတ်ဖြတ်ရေးသမား မေမေကြီး Yor ရယ် သူများစိတ်ကို ဖတ်နိုင်တဲ့Anya တို့ မိသားစု ဒီတစ်ခေါက်တော့ နှင်းတွေကျပြီး အေးချမ်းတဲ့ Frigis မြို့လေးကို မိသားစုလိုက် ခရီးထွက်ပြီး ပြဿနာရှာကြမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ Strix စစ်ဆင်ရေးလုပ်နေတဲ့ Loid ကို တာဝန်ကနေ ရပ်စဲခိုင်းပြီး လူစားထိုးပါတယ် သဘောကတော့ ဒီ ဟန်ဆောင်မိသားစုလေးကို ဖျက်သိမ်းရတော့မှာပါ။ ဒီအချိန်မှာ Anya တို့ကျောင်းက အချိုပွဲပြိုင်ပွဲမှာ ပထမဆု အနိုင်ရမယ်ဆိုရင် Stella ကြယ်ရမှာ ဖြစ်တဲ့အတွက် Loid အနေနဲ့ သမီးဖြစ်သူ Anya နဲ့အတူ ကြယ်ရဖို့ ဒိုင်လူကြီးဖြစ်သူ ကြိုက်တဲ့ မုန့်တစ်မျိုးရှိရာ မြို့လေးကို ခရီးဆက်ကြပါတော့တယ်။ ဒီအချိန်မှာ အလုပ်ကနေ ဖောက်ပြန်တတ်တဲ့ယောက်ျားတွေအကြောင်း ဂျင်းမိလာတဲ့ မိန်းမဖြစ်သူက တစ်မျိုး၊ ခရီးသွားနေစဉ် ရထားပေါ်မှာငတ်ကြီးကျရာကနေ ပြဿနာအကြီးကြီး ရှာလာတဲ့ သမီးတော်က တစ်မျိုး၊ ကိုယ့်ဘာသာကိုယ် နေရာပျောက်မှာရယ် ဌာနက ထပ်တိုးတာဝန်ပေးလိုက်လို့ ဖိအားပေါင်းစုံဝင်ပြီး ဗျာများနေတဲ့ Loid တို့ မိသားစုလိုက်ကြီး ပျော်ပျော်ပါးပါး သူများမြို့မှာ ပြဿနာတွေရှာ ပေါက်ကရတွေလုပ်ပြီး နိုင်ငံတော်အဆင့်လျှို့ဝှက်ချက်တွေနဲ့ ဘယ်လိုပတ်သက်မိပြီး စွန့်စားခန်း ထွက်ကြမလဲဆိုတာ ၂ နာရီနီးပါး အားရးပါးရ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ခါတိုင်းလိုပဲ မိသားစု ၃ ယောက်ကို Role ညီတူမျှတူလေး ခွဲထားပြီး အူတက်အောင် ခွီနေရမယ့် Anya ရဲ့ ချစ်စရာ ဟာသတွေRomance ဆန်ဆန် ပါဝင်လာတဲ့ Loid နဲ့ Yor တို့ အကြောင်းလေးတွေ လိုအပ်တဲ့အချိန် နှစ်ယောက်သား ကလေးအတွက်ရှယ်ကြမ်းပြ ရမ်းပြတာတွေကို ကြည့်ရမှာဖြစ်လို့ Code White ကတော့ အနှစ်ပါလို့ ပြောရင်း နိဂုံးချုပ်ပါရစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်ဗျ)...
Fight Against Evil 2 (2023) ⭐TMDB: 73% User Score 🎬 #Action #Crime #Drama 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 31 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2021 ခုနှစ်က ထွက်ခဲ့တဲ့ Fight Against Evil ဇာတ်လမ်းရဲ့အဆက်လေးပဲဖြစ်ပါတယ် ပထမကားကို ကြည့်ချင်တယ်ဆိုရင်ဒီလင့်လေးကိုနိပ့်ပီး ကြည့်နိုင်ပါတယ် ဇာတ်လမ်းအညွန်းလေးကတော့ရဲဝန်ထမ်းလုပ်နေတဲ့ လီဟုန်ချီးတစ်ယောက်ဟာKTV တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေအပေါ် လိင်အမြတ်ထုတ်တာတွေတရားမဝင် မူးယစ်ဆေးဝါးရောင်းတာတွေလုပ်ပြီးငွေမည်းတွေနဲ့ကြီးပွားနေတဲ့ လူမိုက်တွေကို ခြေရာခံမိခဲ့ပါတယ် လူမိုက်တွေရဲ့ အနိုင်ကျင့်မှုကြောင့် တစ်ချို့မိန်းကလေးတွေsucideလုပ်တဲ့အထိဖြစ်လာခဲ့ပါတယ်လူမိုက်တွေထဲမှာ သူချစ်ရတဲ့ညီလေးတစ်ယောက်လည်းပါနေတာကြောင့်ညီလေးကို ကယ်တင်နိုင်ဖို့ သူဘယ်လိုတွေစုံစမ်းပြီးထုတ်ဖော်မလဲစုံစမ်းရင်းနဲ့ ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Kyawtပဲ ဖြစ်ပါတယ်။...
Dragon Seeking Coffin (2024) ⭐TMDB: 0% User Score 🎬 #Action #Adventure #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 8 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူကိုသေရာမှပြန်ရှင်စေနိုင်တဲ့ ထာဝရနုပျိုစေတဲ့နတ်ဆေးလုံးဟာကျွိလုမြို့အနီးနားကတောင်ပေါ်တောထဲမှာရှိတယ်လို့ဒဏ္ဍာရီရှိပါတယ်။အဲဒီဒဏ္ဍာရီကြောင့် လောဘသားတစ်ယောက်ဟာဆေးလုံးဖွက်ဂူရဲ့သော့ကိုထိန်းသိမ်းထားတဲ့မျိုးနွယ်စုကိုသတ်ဖြတ်ပြန်ပေးဆွဲပြီးဂူထဲဝင်ဖို့ကြံစည်နေပါတယ်။ အဲဒီအချိန်မှာ အရေးပေါ်အကူအညီတောင်းခံရတဲ့လျိုရွှိဟာ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးကိုလိုက်ရှာရင်းမိသားစုရဲ့နှစ် ၁၀၀၀ ကျိန်စာကိုဖျက်နိုင်ဖို့ဂူထဲကိုဝင်ချင်တဲ့လုမိန်းကလေးတို့အဖွဲ့နဲ့ဆုံတွေ့လာပါတယ်။ အကြောင်းဖန်တော့သူတိ့နှစ်ဖွဲ့ဟာပူးပေါင်းပြီး နတ်ဆေးလုံးဖွက်ဂူကိုလိုက်ကြကြပါတယ်။လျိုရွှိဟာ မိသားစုအမွေပေးခဲ့တဲ့ပညာကြောင့်ဂူကိုရှာတွေ့ခဲ့ပေမယ့် အမှောင်ထဲမှာဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေသလဲဆိုတာမသိနိုင်ပါဘူး။အန္တရာယ်တွေကိုကျော်ဖြတ်ပြီးတော့သူတို့ဟာနတ်ဆေးလုံးရတနာကိုရအောင်ယူနိုင်ပါ့မလား……ဒီဂူကြီးထဲမှာ အသက်တွေဘယ်လောက်များသေဆုံးရဦးမလဲ...
Pretty Woman (1990) ⭐TMDB: 75% User Score 🎬 #Comedy #Drama #Romance 🗓 1990 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်း ပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအမြည်းပြောရရင်ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး သူပြောခဲ့တဲ့စကားတစ်ခုက“ဆိုင်တွေက customers တွေကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံဘူး၊ သူတို့ ကောင်းကောင်းဆက်ဆံတာ credit card ပဲရှိတယ်။”ကျွန်တော်ကတော့ ကြည့်ရတာ သဘောကျမိတယ်။ 90s vibe ကိုလည်း ကောင်းကောင်းကြီးခံစားရသလို၊ old money အသိုင်းအဝိုင်းကိုလည်း သေချာမြင်ခဲ့ရတယ်။Romance/Comedy genre ထဲက တကယ်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ AnemoiVerse Rating: 4/5Author: Anemoi (ရုပ်ရှင်အညွှန်းကိုAnemoiVerse FB Pageမှ ကူးယူဖော်ပြပါသည်။) မင်းသမီး Julia Roberts နဲ့ မင်းသားကြီး Richard Gere တို့ရဲ့ နာမည်ကျော် ရိုမန့်ဒရမ်မာရုပ်ရှင်ကားလေးဖြစ်ပြီး IMDb Rating (7.1) ထိ ရရှိထားပါတယ်။...
Serenity (2019) ⭐IMDB: 5.4/10 (46 k Votes) 🎬 #Drama #Mystery #Thriller 🗓 2019 🎞 movie 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 46 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ချိန်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ခန့်ချောမင်းသားကြီး Matthew McConaughey နဲ့ ဒရာမာဇာတ်ကားပေါင်းများစွာကို ပီပီပြင်ပြင် သရုပ်ဆောင် နိုင်ခဲ့တဲ့ မင်းသမီးချော Anne Hathaway တို့ပါဝင် သရုပ်ဆောင်ထားတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေး လိုက်ပါတယ် .. ဒရာမာ လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းအစအလယ်အဆုံး ကြည့်ရှုသူပရိသတ်ရဲ့အာရုံကို ဖမ်းစားထားနိုင်မဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားအစမှာတော့ ပလိုင်းမောက်မြို့ရဲ့နာမည်ကြီး ငါးဖမ်းသမားဘိတ်ကာဒေးလ်ကို တွေ့ရမှာဖြစ်ပြီး သူ့ဘ၀ ကတော့ ငါးမျှားလိုက် သူတို့ဆီကိုလာတဲ့ခရီးသွားတွေကို ငါးမျှားဖို့လှေနဲ့ တင်ခေါ်ပေးသွားလိုက် အရက်သောက်လိုက် သူနဲ့အရင်ဘ၀ကတည်းက ရန်သူတော်ဖြစ်လာခဲ့သလားတောင် ထင်ရတဲ့ တူနာငါးကိုမရမက ဖမ်းဖို့ကြိုးစားလိုက်နဲ့အချိန်ကုန် ငွေတွေကုန်ပြီး လည်ပတ်နေခဲ့ပါတယ်။ သူသုံးနေတဲ့ လှေကလည်းဘဏ်ချေးငွေနဲ့ ဝယ်ထားတဲ့အတွက် သူတစ်ဝက် ဘဏ်တစ်ဝက် ပိုင်နေသလိုပါပဲ။ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့ပျင်းစရာကောင်းတဲ့ဘ၀ကြီးထဲကို သူ့ဇနီးဟောင်းရောက်လာခဲ့ပြီး သူနဲ့ရထားတဲ့သားနဲ့သူ့ကို နှိပ်စက်နေတဲ့ လက်ရှိယောက်ျားကို ပင်လယ်ထဲခေါ်သွားပြီး သတ်ပေးဖို့ ပိုက်ဆံတွေအများကြီးကမ်းလှမ်းပြီး တောင်းဆို လာတဲ့အခါမှာတော့ သူ့ဇနီးဟောင်းတောင်းဆိုတဲ့အတိုင်း လုပ်ပေးလိုက်မလား ပိုက်ဆံတွေကိုရောလက်ခံလိုက်မလား ဒါမှမဟုတ် လူသားတစ်ယောက်ပီသစွာနဲ့ပဲငြင်းလိုက်မလား ဆိုတာတွေအပြင်တခြားမထင်မှတ်ထားတဲ့လှည့်ကွက်တွေ အများကြီးကိုပါ တွေ့ကြုံခံစားရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။...
不要脱轨 (2018) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်ထောင်ရေးဆိုတာ လူတိုင်းအတွက် ဘဝပုစ္ဆာတွေထဲကအခက်ဆုံးပုစ္ဆာတစ်ခုပါပဲ။ ရှင်းနော့နဲ့ ယန်ရော့ပင်းတို့ရဲ့ဘဝဟာ စိတ်ချမ်းသာစရာကောင်းပြီး အေးချမ်းသာယာခဲ့ပါတယ်။ တစ်နေ့မှာ ရှင်းနော့ရဲ့ သူငယ်ချင်းဝေးဝေးနဲ့တွေ့ခဲ့ပြီး ဝေးဝေးကသူ့အိမ်ထောင်ရေးကံကောင်းကြောင်း ကြွားလုံးတွေ ထုတ်ခဲ့တဲ့အတွက်ရှင်းနော့ရင်ထဲမှာ သူ့ယောကျာ်းအပေါ် အားမလို အားမရဖြစ်နေပါတော့တယ်။တစ်ဖက်မှာလည်း ယန်ရော့ပင်းက ဇနီးဖြစ်သူရဲ့ ပြဿနာလုပ်မှုတွေကြောင့်စိတ်ရှုပ်နေရတဲ့အချိန်မှာ အလုပ်ကဝန်ထမ်းအသစ်တစ်ယောက်နဲ့ လမ်းမှားပေါ်ရောက်သွားခဲ့ပါတယ်။ ရှင်းနော့ကလည်း ခန္ဓာကိုယ်လှပဖို့အတွက်ယောဂကစားရင်း နည်းပြဆရာနဲ့ အနေနီးသွားတဲ့အခါ……သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Nezha: Demon Child is Back (2024) ⭐TMDB: 80% User Score 🎬 #Action #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ အားလုံးလည်းမစိမ်းတဲ့စကြဝဠာခြေကွင်း မီးလှံလေးချွန် ဖဲကြိုးနီမီးကွင်းစတဲ့လက်နက်တွေကိုပိုင်ဆိုင်တဲ့ နီကျားရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်ကားအညွှန်းလေးကတော့နီကျားဟာ နဂါးနန်းတော်က တတိယမင်းသားအောင်ပင်းကိုသတ်လိုက်လို့ နဂါးမင်းကြီးကသူ့အဖေဖြစ်တဲ့စစ်သူကြီးလီကျင့်ကာကွယ်ပေးနေတဲ့ချန်ထန်ကွမ်းကို လာရောက်တိုက်ခိုက်ပါတော့တယ် ။ ဒါပေမဲ့ မတိုက်ခိုက်စေချင်ရင် နီကျားကိုထုတ်ပေးဖို့ပြောပါတယ် ။နီကျားကလည်း နဂိုတည်းက ဘယ်သူ့မှလူမထင်တဲ့ပုဂ္ဂိုလ်ဆိုတော့နဂါးမင်းကိုစိန်ခေါ်ခဲ့ပါတော့တယ် ။ ဒါပေမဲ့ အဖေဖြစ်သူလီကျင့်ကပြဿနာတွေပိုမကြီးရစေအောင်အားလုံးရဲ့အရှေ့မှာ နီကျားကိုပါးရိုက်ပြီးဆုံးမခဲ့ပါတယ် ။ နဂိုတည်းက ဒေါသကြီးတဲ့နီကျားတစ်ယောက် အရှက်ခွဲခံလိုက်ရတဲ့အခါစိတ်တိုပြီး သူ့ကိုယ်သူသတ်သေသွားပါတယ် ။ဒါပေမဲ့ဇာတ်လမ်းကမပြီးသေးဘဲ သူ့ဝိညာဉ်ကလင်းလုံဘုရားကျောင်းမျှော်စင်ခုနှစ်ထပ်မှာသွားပိတ်မိနေချိန်မှာတော့…. အဖေဖြစ်သူလီကျင့်တစ်ယောက် နောင်တရစွာနဲ့သားကိုလိုက်ကယ်မလား ?နဂါးမင်းကြီးကိုရော ဘယ်လိုအနိုင်ယူသွားမလဲ ?သားအဖနှစ်ယောက်ကြားက ကတောက်ကဆကရောအဆင်ပြေနိုင်မလားဆိုတာကို နီကျားနဲ့သူ့အဖေရဲ့မျှော်စင်ခုနှစ်ထပ်စွန့်စားခန်းမှာ ကြည့်ရှူအားပေးလိုက်ကြပါအုံး။...
Toolbox Murders (2004) ⭐TMDB: 57% User Score 🎬 #Horror #Mystery 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ 1978 တုန်းကထွက်ရှိခဲ့တဲ့ Classic လူသတ် horror / mystery ရုပ်ရှင်ဖြစ်တဲ့ Toolbox Murders ကို remake ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က ကောင်းတယ်လည်းပြောရခက် ဆိုးတယ်လည်းပြောရခက်ပါတယ်။ ဇာတ်လမ်းကတော့ ဂျက်လက်စ်မန်းလို့အမည်ရတဲ့ ဟောလီးဝုဒ်ဆယ်လီတစ်ယောက်တည်ဆောက်ခဲ့တဲ့ သမိုင်း၀င်အဆောက်အအုံကြီးမှာဇာတ်အိမ်တည်ထားပါတယ်။ လက်စ်မန်းမရှိတော့တဲ့နောက်မှာ ဒီတိုက်ကြီးကို အငှားချထားလိုက်ပြီး ဒုတိယကမ္ဘာစစ်အပြီးကတည်းကတည်ဆောက်ထားခဲ့တဲ့ဒီတိုက်ကြီးဟာ ပျက်စီးယိုယွင်းနေပြီဖြစ်တာကြောင့် ကန်ထရိုက်တာတွေက ပြုပြင်မွမ်းမံမှုတွေလုပ်နေကြပါတယ်။ ကံဆိုးချင်တော့ ဒီလိုပြုပြင်မွမ်းမံမှုတွေစလုပ်လိုက်တဲ့အချိန်မှာပဲ တိုက်ကြီးမှာ လူသေဆုံးမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာတာပါ။ ကံဆိုးဖို့အကြောင်းဖန်လာတဲ့ စတီဗင်နဲ့ ဘာရိုလို့အမည်ရတဲ့လင်မယားနှစ်ယောက်ဟာ ဒီအချိန်မှာပဲ ဒီတိုက်ကြီးထဲကအခန်းတစ်ခန်းဆီပြောင်းလာခဲ့ကြပါတယ်။ ဘာရိုဟာ အိမ်နီးချင်းတွေ တစ်ဦးပြီးတစ်ဦး ပျောက်ချင်းမလှပျောက်လာတာ၊ ညဘက်တွေဆိုရင် ဘေးအခန်းတွေကနေ စူးစူးဝါးဝါးအော်ဟစ်သံတွေကိုကြားရတာ စသဖြင့် ဒီတိုက်ကြီးရဲ့ သဘာ၀လွန်လက္ခဏာတွေကို သတိထားမိလာတဲ့အခါ ဒီတိုက်ကြီးရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို စပ်စုမိလိုက်တဲ့နောက်မှာတော့ ကြမ္မာဆိုးဟာ သူမနောက်ကိုပါလိုက်လာပါတော့တယ်။ ဒီလိုနဲ့ ဘာရိုနဲ့ စတီဗင်ဟာ ဒီတိုက်ကြီးထဲကလူသတ်မှုတွေရဲ့နောက်ကွယ်က တရားခံကိုဖော်ထုတ်နိုင်လိုက်ပြီး ဒီတိုက်ကြီးကနေ လွတ်မြောက်သွားကြမလား ဒါမှမဟုတ် သူတို့လင်မယားနှစ်ဦးလည်း လျှို့ဝှက်ဆန်းကြယ်တိုက်ကြီးရဲ့ သားကောင် ကံဆိုးသူတွေထဲမှာ အပါအ၀င်ဖြစ်သွားမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။...
Before the Fall (2004) ⭐TMDB: 71% User Score 🎬 #Drama 🗓 2004 🎞 movie 🌎 #Germany ⏰ 1 နာရီ 55 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာပိုလာ (NaPoIA) ဆိုတာကတော့ ဟစ်တလာရဲ့ နာဇီဂျာမနီလက်ထက်မှာ အနာဂတ် ဂျာမနီအင်ပါယာအတွက် ခေါင်းဆောင်တွေ မွေးထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တဲ့ ပညာရေးစစ်စခန်းကျောင်း တွေဖြစ်ပါတယ်။ ဒီဂျာမာန်ရုပ်ရှင်မှာတော့ 1942ခုနှစ် နွေရာသီ အော့ရှတင်မြို့က နာပိုလာကျောင်းကိုဝင်ခွင့်ရခဲ့တဲ့ ဖရက်ဒရစ်အကြောင်းကို အဓိကထားရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒရစ်က သာမာန်မိသားစုက မွေးဖွားလာသူဖြစ်ပြီး ဘောက်ဆင်ထိုးဝါသနာပါတဲ့အတွက် ကျောင်းပြီးပြီးချင်းမှာ အလုပ်လုပ်ရင်း ဝါသနာပါတဲ့ ဘောက်ဆင်ကိုလေ့ကျင့်နေခဲ့ပါတယ်။ တနေ့မှာတော့ နာဇီလက်ရွေးစင်ကျောင်းကသင်တန်းသားတွေနဲ့ ဘောက်ဆင်ထိုးရင်း နာပိုလာကျောင်းက ဆရာ ဗိုဂလာက သူ့လက်ရည်ကိုသဘောကျသွားတာကြောင့် ကျောင်းဝင်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ ဖရက်ဒရစ်ရဲ့ အဖေကတော့ ဒီကျောင်းမတက်ခိုင်းပဲ စက်ရုံမှာအလုပ်ဆင်းဖို့ ဖိအားပေးခဲ့ပေမဲ့ ဖရက်ဒရစ်တယောက် အိမ်ကနေ ခိုးထွက်လာပြီး နာပိုလာကျောင်းဆီ အရောက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ နာပိုလာကျောင်းက ဖရက်ဒရစ်ထင်သလို သူ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Dead Sea (2024) ⭐IMDB: 4.6/10 (586 Votes) 🎬 #Horror #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသစ်ထွက်ရှိလာတဲ့ အမေရိကန်ဟော်ရာမှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် မောင်လေးရယ် စိတ်ဓာတ်ကျနေတဲ့အဖေရယ်နဲ့ပဲ ဘ၀ကိုမြှုပ်နှံထားတဲ့ ဆယ်ကျော်သက်မလေး ကာယာ။ တရက် ကာယာရဲ့အချစ်ဆုံးသူငယ်ချင်း တက်ဆာမဲဆွယ်ကောင်းမှုကြောင့် ဂျက်စကီတစ်စီးစီ ကောင်လေးတစ်ယောက်စီနဲ့ ဘဟားမားကျွန်းတွေဆီကိုသွားခဲ့ကြတယ်။ အိမ်အပြန်လမ်း ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာ အပျော်လွန်ပြီး မတော်တဆမှုကြုံရပါတော့တယ်။ လေးယောက်မှာ သုံးယောက်ပဲကျန်တော့တဲ့ချိန် တံငါလှေတစ်စီးနဲ့တွေ့ပြီး သူတို့ကိုကူညီရာကစ ထင်မှတ်မထားတဲ့ အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Catch That Kid (2004) ⭐TMDB: 56% User Score 🎬 #Action #Adventure #Family 🗓 2004 🎞 movie 🌎 #Denmark #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။ တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို အသုံးချပြီး သူ့အမေ ဒီဇိုင်းဆွဲပေးနေတဲ့ ဘဏ်ကို ဖောက်ထွင်းဖို့ စီစဉ်ပါတော့တယ်။ ဒီတော့ သူတို့ ကလေးသုံးယောက် ဘဏ်ဖောက်ထွင်းမဲ့အစီအစဉ်က အောင်မြင်နိုင်ပါ့မလား သူ့အဖေကိုရော ခွဲစိတ်ပေးနိုင်ပါမလား ဆိုတာကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော သင်ခန်းစာရဖွယ် ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Tuesday (2023) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Drama #Fantasy 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A24 က ဖြန့်ချိတဲ့ fantasy ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၅ နှစ်အရွယ် ဝှီးချဲလ်ပေါ်က ရောဂါသည်မလေး Tuesday ဟာ အမေဖြစ်သူနဲ့ ရှုပ်ထွေးတဲ့ မတင်မကျ ဆက်ဆံရေးရှိသူပါ တနေ့မှာတော့ Tuesday ရှိရာအခန်းကို လူအရွယ်ရှိတဲ့ ကြက်တူရွေးအကြီးကြီးတစ်ကောင် ရောက်လာပါတယ် တကယ်တော့ အဲဒီ လူစကားပြောတဲ့ ကြက်တူရွေးက Tuesday ကို အဆုံးသတ်ဖို့လာတဲ့ သေမင်းဆိုတာ သိလိုက်ရတဲ့နောက် အဆင်သင့်မဖြစ်သေးတဲ့ အမေဖြစ်သူကို နားချနိုင်ဖို့ Tuesday က သေမင်းကြက်တူရွေးကို ခေတ္တဆိုင်းငံ့ခိုင်းထားပါတယ် ဒီကနေ ဘာတွေဆက်ဖြစ်လာဦးမှာလဲဆိုတာ အချစ်၊ ဘဝနှင့် သေခြင်းတို့ကို မေးခွန်းထုတ်ထားတဲ့ ဒီရုပ်ရှင်လေးထဲမှာပဲ ပရိသတ်ကြီးကပဲ ဆက်လက်ခံစားပေးပါဦး...
Even Lambs Have Teeth (2015) ⭐IMDB: 5.1/10 (3 k Votes) 🎬 #Horror #Thriller 🗓 2015 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 19 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားက နည်းနည်းတော့စားတယ်ဗျ။ စလုန်း နဲ့ ကေတီဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်။ သူတို့က နွေရာသီပိတ်ရက်မှာ နယ်ဘက်က အော်ဂဲနစ်ခြံလေးမှာ အလုပ်လေးဘာလေးလုပ်ဖို့ ထွက်လာကြတာပေါ့။ အဲဒီလိုနဲ့ လမ်းမှာတွေ့တဲ့ ကောင်လေး နှစ်ယောက်နောက်ကို ပါသွားပြီး သူတို့ဘဝက ဇောက်ထိုးမိုးမျှော်တွေ စဖြစ်တော့တာပါပဲ။ သူတို့ကိုနှိပ်စက်နည်းပေါင်းစုံနဲ့ နှိပ်စက်ပြီး တစ်ရက် နှစ်ယောက်သား ထွက်ပြေးလွတ်မြောက်လာကြတဲ့အခါမှာတော့ သူတို့ကို နှိပ်စက်ခဲ့တဲ့သူတွေ တစ်ယောက်ချင်းကို ဘယ်လိုလက်စားချေကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Barbershop 2: Back in Business (2004) ⭐TMDB: 59% User Score 🎬 #Comedy #Drama 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲ ပေါ့ပေါ့ပါးပါးဆိုပေမယ့် နက်နဲတဲ့စကားလုံးတွေနဲ့ ရီရမယ့် ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့ Barbershop ရဲ့ အဆက် ဒုတိမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အရင်ဇာတ်ကားလိုပဲ ကယ်ဗင် ပါးမား နဲ့ သူ့ရဲ့ ဆံပင်ညှပ်ဆရာတို့ရဲ့ ပျော်ရွင်စရာ ဟာသလေးတွေအပြင် သူတို့ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း တင်ပြထားပါတယ်။ နေရာကတော့ ချီကာဂိုမှာ ဇာတ်အိမ်တည်ထားပြီး ထုံစံအတိုင်း သူတို့ ဆံပင်ညှပ်ဆိုင်လေးက စကားသံတစ်ညံညံနဲ့ ဆူညံနေဆဲပါ။ တစ်ရက် သူတို့ရဲ့ လမ်းတစ်ဖက်မှာ ဆံပင်ညှပ်ဆိုင်အသစ် လာဖွင့်တဲ့အခါမှာတော့… နောက်ပြီး ဒီဇာတ်ကားရဲ့ မပါမဖြစ် ဟာသတွေကြီးလှိမ့်ပြောနေတဲ့ အက်ဒီကတော့ အသက်ပါပဲ။ ဒီကားလေးက သူငယ်ချင်းစိတ်ဓာတ်၊ မိသားစုခံစားချက်တွေအပြင် အသိုင်းအဝိုင်းတစ်ခုအပေါ် အပြောင်းအလဲတစ်ခုရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြထားတဲ့ကားလည်းဖြစ်ပါတယ်။ ရယ်လည်းရယ်ရပြီး ရင်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ခံစားလိုက်ကြပါဦး...
Funny Couple (2024) ⭐TMDB: 68% User Score 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 49 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Funny Couple (2024) Pasutri Gaje********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့ အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ. ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့ Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်း ထားတာလည်းဖြစ်ပါတယ် ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီး ချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါ ဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့ အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ အခါမှာတော့……………. မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီး မြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်း ဇာတ်ကားထဲမှာတွေ့မြင်ရမှာပါ ဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင် healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်...
Unpredictable (2024) ⭐IMDB: 5.5/10 (276 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Poland ⏰ 1 နာရီ 41 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်ထောင်ရေးဒရာမာရုပ်ရှင်ပါ။ ဒီရုပ်ရှင်ထဲမှာက အဓိကမိသားစုက နှစ်စုပါမယ်ပြောရမယ်။ ပထမမိသားစုက ဗိုအီတက်ရှ်နဲ့ မာတီနာတို့ရဲ့မိသားစု၊ သူတို့မိသားစုမှာက သမီးလေးတစ်ယောက်ရှိတယ်။ ဗိုအီတက်ရှ်က မိသားစုကိုဦးဆောင်နေတဲ့ သူဌေးတစ်ဦးဖြစ်ပြီး မိန်းမနဲ့သမီးကိုလိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ် ဒါပေမဲ့ အလွန်အမင်းချုပ်ချယ်တတ်တယ် အိမ်တွင်းအကြမ်းဖက်တယ်။ မိန်းမဖြစ်သူမာတီနာက အမြဲတမ်း ဗိုအီတက်ရှ်ရဲ့မျက်နှာကိုကြည့်နေရပြီး ယောက်ျားစိတ်အလိုကျနေထိုင်ပေးနေရတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပမာ အမျိုးသမီးတစ်ဦး။ မာတီနာမှာ အလီစီယာလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အလီစီယာမှာက တက္ကသိုလ်ကျောင်းသားအရွယ် သားယောက်ျားလေးတစ်ယောက်ရှိပြီး အလီစီယာတို့သားအမိက အမေတစ်ခုသားတစ်ခုဘ၀နဲ့ ကြိုးစားဖြတ်သန်းနေကြရတာ။ ဒီလိုနဲ့ တရက်မှာတော့ မထင်မှတ်ထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ပေါက်ဖွားလာခဲ့ပြီး ဒီဇာတ်လမ်းဟာ မာတီနာရော အလီစီယာတို့မိသားစုနှစ်ခုလုံးအတွက် ပျက်ကိန်းဆိုက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ရှုပ်ထွေးပွေလီလှတဲ့ အိမ်ထောင်ရေးဇာတ်လမ်းတွေ၊ လူသားတွေရဲ့ ဆန်းကြယ်လှတဲ့လိင်မှုလိုအင်ဆန္ဒတွေအကြောင်းကို နှံ့နှံ့စပ်စပ်ရိုက်ကူးပြသထားပါတယ်။ **Sex scene တွေလည်း ဖောဖောသီသီပါ၀င်လို့ မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး...
Nightwatch: Demons Are Forever (2023) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #Denmark ⏰ 1 နာရီ 54 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Game of Thronesစီးရီးထဲမှာ ဂျေမီလန်နက်စတာနေရာကပါခဲ့တဲ့ မင်းသားကြီး Nikolaj Coster-Waldauနဲ့ ဒိန်းမတ်မင်းသမီးချောလေး Fanny Bornedalတို့ ပါဝင်ထားတဲ့ ထိတ်လန့်သည်းဖိုအမျိုးအစား ဒိန်းမတ်ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အရှင်လတ်လတ် ဦးခေါင်းခွံတွေလှန်ပြီး သိမ်းထားလေ့ရှိတဲ့ စိတ္တဇလူသတ်သမားကြီးမရှိတော့တဲ့အချိန်မှာ ပုံတူကူးတဲ့ အမှုတစ်ခုဖြစ်သွားခဲ့တယ်။ အဲဒီစိတ်တ္တဇလူသတ်သမားလက်က လွတ်ခဲ့ရပေမဲ့ စိတ်ဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့ မာတင်နဲ့ အမ်မာဆိုတဲ့ သားဖနှစ်ယောက်။ မိခင်ဖြစ်သူကလည်း ဒီအဖြစ်အပျက်ကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့။ စိတ်ဒဏ်ရာတွေနဲ့ပဲမနေချင်တဲ့ အမ်မာက သူ့အဖေတားနေတဲ့ကြားကပဲ အဖေဖြစ်သူတစ်ချိန်ကလုပ်ခဲ့တဲ့ မှုခင်းဆေးပညာဌာနက အလောင်းတိုက်မှာ ညစောင့်သွားလုပ်ခဲ့ပါတယ်။ ဒီမှာပဲ သူ့တို့မိသားစုကို စိတ်ဒဏ်ရာတွေပေးခဲ့တဲ့လူသတ်သမား မသေသေးဘူးဆိုတာသိလိုက်ရတဲ့အခါ…။ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ အားပေးကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...
