ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Grey Man (2024) ⭐TMDB: 90.0% User Score 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 38 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်က ဘိန်းရာဇာဂိုဏ်းတစ်ခုကိုဖယ်ရှားကြမဲ့ရဲတွေနဲ့ ဘိန်းရာဇာဂိုဏ်းကြားထဲက ထောင်ချောက်တွေ အလှည့်အပြောင်းတွေကိုရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။Crime နဲ့ Action , Drugs စတဲ့ဇာတ်လမ်းအမျိုးအစားတွေကြိုက်တတ်တဲ့ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပဲလို့ အာမခံပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ –ဘိန်းရာဇာဂိုဏ်းရဲ့ စီမံသူတစ်ဦးဖြစ်တဲ့ အစ်ကိုပေါက်ဆိုသူက လိုင်ခါးမှာဘိန်းအရောင်းအဝယ်လုပ်ရင်း ရဲတွေဆီမှာမိမလိုဖြစ်သွားခဲ့ပါတယ် ။ဒါပေမဲ့ သူကလည်းအဆက်အသွယ်တွေရှိတော့ သူ့အစားသူ့ရဲ့ညာလက်ရုံး အားထျန်းခေါင်းပေါ်ကိုအကုန်ပုံချလိုက်ပါတော့တယ် ။ ငွေလည်းသုံးထားတာမို့ အားထျန်းကလည်း ထောင်အကြာကြီးတော့မကျဘဲလိုင်ခါးမှာပဲ ထောင် ၃နှစ်ကျသွားပါတော့တယ် ။ ဒါပေမဲ့ ရဲတွေမိသွားတဲ့နေရာမှာတိုက်ရင်းခိုကိရင်းက ဘယ်လက်ရုံးခုန်ချွဲ့ရဲ့ညီလေးကလည်း သေဆုံးသွားခဲ့ပါတယ် ။ခုန်ချွဲ့ကတော့ သူ့ညီလေးကို အားထျန်းသတ်ပါတယ်ဆိုပြီးယုံကြည်နေပြီး အမုန်းကြီးမုန်းနေပါတော့တယ် ။ အဲဒီလိုနဲ့ သုံးနှစ်အကြာ အားထျန်းတစ်ယောက် ထောင်ကထွက်ပြီးဟောင်ကောင်ကိုပြန်ရောက်လာတဲ့အချိန် အဖွဲ့အစည်းကရောဘယ်လိုပုံစံဖြစ်နေမလဲ ? ‌အစ်ကိုပေါက်ကရော သူ့ကတိအတိုင်း စီမံသူရာထူးကိုပေးပါ့မလား ?ရဲတွေကရော သူတို့ဂိုဏ်းကိုလိုက်ရင်းဘာတွေကြုံရမလဲ ?နောက်ဆုံး ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘာတွေကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ်စိတ်ဝင်စားဖို့ကောင်းစွာနဲ့ကြည်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့‌ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်...

Alone with Her Dreams (2019) ⭐IMDB: 7.3/10 (539 Votes) 🎬 #Drama 🗓 2019 🎞 movie 🌎 #Italy #France ⏰ 1 နာရီ 35 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 7.3 အထိရရှိထားတဲ့ အီတလီ Coming of age/Drama အမျိုးအစားရုပ်ရှင်လေး။ ဒီရုပ်ရှင်ထဲမှာ ပျော်စရာတော့ များများစားစားမပါဘူး။ စ လယ် ဆုံး ကို ရင်ထဲမွန်းကြပ် ဆို့နင့်စရာတွေနဲ့ အပြည့်ဖြည့်ပြီး ဒရာမာပီသအောင် လှလှပပကို ပုံဖော်ထားတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်လိုက်က လူစီယာလို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မ‌‌လေး။ အချိန်ကာလအားဖြင့် ၁၉၆၀ ခုနစ်‌ ကျော်။ လူစီယာတို့မိသားစုဟာ ပင်လယ်ပြင်ပတ်လည်ဝိုင်းနေတဲ့ အီတလီကျွန်းရွာလေးတစ်ခုပေါ်မှာ နေထိုင်ကြတယ်။ ရွာငယ်လေးမှာက စီးပွားရေး မကောင်းတာကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပြင်သစ်မှာ ပြောင်းရွှေ့‌ အခြေချနေထိုင်ပြီး အလုပ်သွားလုပ်ကြတဲ့သူတွေများတယ်။ ဒီလူတွေထဲမှာ လူစီယာရဲ့ အဖေနဲ့အမေဖြစ်သူကလည်း အပါအ၀င်ဖြစ်လာခဲ့တယ်။ ကံဆိုးရှာတဲ့လူစီယာကတော့ ရွာမှာပဲ အဖွားဖြစ်သူနဲ့ ကျန်ရစ်ခဲ့တော့တယ်။ လူစီယာရဲ့အဖွားဖြစ်သူဟာ သိပ်ကိုရှေးရိုးစွဲပြီး တင်းကြပ်တဲ့အမျိုးသမီးကြီး။ အဖွားဖြစ်သူဟာ ရွာထဲမှာ အကြီးအကဲတစ်ယောက်လို ကြောက်ရွံ့လေးစားခြင်းကို ခံရတဲ့သူ။ ချစ်ခြင်းမေတ္တာကို သိပ်မဖော်ပြတတ်ဘူး။ လူစီယာဟာ အဖွားဖြစ်သူရဲ့“ဒီဟာမလုပ်နဲ့၊ ဟိုနားမသွားနဲ့၊ ဟိုလူနဲ့မပေါင်းနဲ့” စတဲ့ အမိန့်စကားတွေကို မြေ၀ယ်မကျ နားထောင်ရတယ်။ ရပ်ဝေးမြေခြားကို ထွက်ခွာသွားတဲ့ မိဘနှစ်ပါးရဲ့ ချန်ရစ်မှုကိုခံခဲ့ရရှာသူ လူစီယာရဲ့ မျက်စိထဲမှာတော့ အဖွားဖြစ်သူဟာ သူ့ကိုဘယ်တော့မှ ကြင်ကြင်နာနာမဆက်ဆံတဲ့ မိန်းမကြမ်းကြီးတစ်ဦးထက် မပိုခဲ့ဘူး။ လူစီယာဟာ အမြဲခက်ထန်ကြမ်းတမ်းနေတဲ့ အဖွားဖြစ်သူကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါ လူစီယာတစ်‌ယောက် သူမသိသေးတဲ့ အခြားတစ်ဖက်ခြမ်းက အမှန်တရားတွေကို ဖြည်းဖြည်းချင်းသိလာရတဲ့အခါမှာတော့ ဒီအမှန်တရားတွေကိုလက်ခံပြီး ရှေ့ဆက်ဖို့ရာ အင်အားတို့ကို မွေးရပြန်ရှာတော့တယ်။ ဒီရုပ်ရှင်က ဟော်လီးဝုဒ်ရုပ်ရှင်တွေထဲကလို ကြည့်ရှုသူကို စကားပြောခန်းတွေ တပုံတပင်နဲ့ချဉ်းကပ်မယ့်အစား မျက်နှာပေါ်ကခံစားချက်တွေ၊ ပင်လယ်ထဲကရွာငယ်လေးရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ၊ အဆုံးမရှိတဲ့ အပြာရောင်ပင်လယ်ကြီးနဲ့ ငြီးငွေ့ဖွယ်ရာ ကောင်းကင်ပြာကြီးတွေနဲ့ ကြည့်ရှုသူရဲ့ခံစားချက်တွေကို လှုပ်ကိုင်လိမ့်မယ်။ ရွာငယ်‌‌လေးထဲက လူစီယာတို့ရဲ့ ဆွေ‌မျိုးတွေ၊ အထူးသဖြင့်အမျိုးသမီးဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေနဲ့လည်း ဆက်စပ်ထားတယ်။ အဆုံးသတ်ရမယ်ဆိုရင် ဒီဇာတ်ကားဟာ စိတ်ညစ်ညူးစရာကောင်းပေမဲ့ တစ်ဖက်မှာလည်း တော်တော်လေး လှပနေပြန်တယ်။ ဒါရိုက်တာက လေးနက်တဲ့ ဒိုင်ယာလော့တွေ၊ အဝါ လိမ္မော် စတဲ့ အပူဖက်သန်းတဲ့ အရောင်တွေများတဲ့ စီနီမက်တစ်ရိုက်ချက်တွေ၊ စိတ်ထိခိုက်စရာ နောက်ခံတေးတွေနဲ့အတူ ကြည့်ရှုသူရဲ့ရင်ထဲကိုထိအောင် လှလှပပ သေသေသပ်သပ်ဖန်တီးထားတဲ့ ဒရာမာရုပ်ရှင်စစ်စစ်ဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုကြည့်ဖို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… (Nudity အနည်းငယ်ပါရှိတာကို သတိပြုပေးပါ)...

All Creatures Great and Small (2020- ) ⭐IMDB: 8.6/10 (16 k Votes) 🎬 #Drama #Comedy 🗓 2020- 🎞 tv series 🌎 #UnitedKingdom ⏰ 50 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 All Creatures Great & Small (2020)   တိရစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီးရေးထားတဲ့နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတဲ့ Drama စီးရီးမို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး Rotten Tomatoes 99% ရထားသလို စိတ်ရွှင်လန်းစရာ ပီတိဖြစ်စရာကောင်းတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်ပြီး မိသားစုနဲ့ပါကြည့်လို့ရပါတယ် တိရစ္ဆာန်ချစ်တဲ့သူတွေဆိုရင်တော့ ပိုတောင်အကြိုက်တွေ့ဦးမှာပါ အင်္ဂလန်က ကျေးလက်ဒေသမှာအခြေတည်ထားတာမို့ ရှူခင်းကောင်းကောင်းတွေနဲ့လည်းကြည့်ရပါမယ်တိရစ္ဆာန်ဆရာဝန်ဘွဲ့ရပြီးကာစ အလုပ်ရှာနေပေမယ့် မြို့ပေါ်မှာ မြင်းလှည်းစီးတဲ့ခေတ်ကုန်ပြီး မော်တော်ယာဥ်တွေပဲသုံးကြတော့တဲ့အချိန်မှာ အလုပ်မရနိုင်ဖြစ်နေတဲ့ James Herriot က ကျေးလက်ဒေသတစ်ခုကနေ အလုပ်အင်တာဗျူးလက်ခံစာရပြီး တိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့လက်ထောက်အနေနဲ့ အစမ်းဝင်လုပ်ဖို့ဖြစ်လာပါတယ် ဒါပေမယ့် တိရစ္ဆာန်ဆရာဝန်က ဆက်ဆံရခက်ခဲပြီး သူ့လက်ထောက်လုပ်နိုင်တဲ့သူ မရှိသေးတာကိုသိရတဲ့အခါမှာ Herriot အနေနဲ့ အလုပ်ရဖို့ ခက်ခက်ခဲခဲကြိုးစားရပါတော့တယ်...

The Tourist (2022) ⭐TMDB: 68.0% User Score 🎬 #Mystery #Drama 🗓 2022 🎞 movie 🌎 #Australia #Germany #UnitedKingdom ⏰ 57 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tourist (2021) (1-6 END) Fifty Shades of Grey မင်းသား Jamie Dornan ဦးဆောင်ပါဝင်ထားတဲ့ The Tourist ဆိုတဲ့ mini series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် HBO ကထုတ်လွှင့်တာကြောင့် အညံ့စားဇာတ်လမ်းတွဲဖြစ်မှာ စိတ်ပူစရာမလိုပါဘူး IMDB လည်း 7.4 လောက်ရရှိထားပြီး အပိုင်း ၆ ပိုင်းထဲအပြီးဖြစ်လို့ ၆ နာရီစာဇာတ်ကား တစ်ခုလိုမျိုး တစ်ဝကြီးကြည့်ရမှာပါဇာတ်လမ်းအညွှန်းကိုပြောရရင် လူတစ်ယောက်ဟာ အဝေးပြေးလမ်းမတစ်ခုမှာ ကားမောင်းလာရင်း သူ့ကိုထရပ်ကားတစ်စီးက အသေဆိုပြီးဝင်တိုက်ရာကနေ ကံကောင်းပြီး မသေဘဲ ဆေးရုံရောက်သွားပါတယ် ဒါပေမယ့် သူနိုးထလာတဲ့အခါမှာ သူဘယ်သူလဲ ဘယ်ကလာလဲ ဘယ်ကိုသွားနေလဲဆိုတာ ဘာမှ မမှတ်မိတော့ပါဘူး . ပိုဆိုးတာက သူကားမှောက်သွားတဲ့နေရာမှာ ရဲတွေကလည်း ပိုက်ဆံအိတ် ဖုန်း သက်သေခံအထောက်အထား ဘာတစ်ခုမှ မတွေ့ခဲ့တဲ့အတွက် သူလူဆိုးလား လူကောင်းလားဆိုတာ မသိနိုင်အောင်ဖြစ်နေပါတယ် ဒါပေမယ့် သူကားမှောက်တဲ့နေ့မှာ ဝတ်လာတဲ့ အင်္ကျီအိတ်ကပ်ထဲကနေ နေရာတစ်ခုကို ချိန်းထားတဲ့ အချိန်ရက်စွဲပါ စာရွက်ပိုင်းလေးတစ်ပိုင်းက တစ်ခုထဲသောလမ်းစဖြစ်နေပါတယ် စာရွက်မှာပါတဲ့ နေရာကို သူ့ဘဝကိုအဖြေရှာဖို့အတွက် သွားတဲ့အခါမှာ အခြေအနေတွေက သူထင်သလောက်မရိုးရှင်းနေခဲ့ပါဘူး သူ့ကိုကားနဲ့လိုက်တိုက်ပြီး လုပ်ကြံခဲ့တဲ့ လူတွေကရောဘယ်သူတွေလဲ သူ့ဘဝအမှန်ကို ပြန်မှတ်မိသွားမှာလားဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ...

Saindhav (2024) ⭐IMDB: 5.5/10 (763 Votes) 🎬 #Action #Bollywood #Crime #Drama #Uncategorized #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Saindhav (2024)IMDb – 6.2/10 ဒီတစ်ခေါက်မှာတော့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်အခုခေတ်လူငယ်တွေဟာ PUBG လို ဂိမ်းမျိုးကို ကစားပြီးတော့ လက်နက်တော်တော်များများနဲ့ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါတယ်။ ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ Cartelအုပ်စုက လူငယ်လေးတွေ (အထူးသဖြင့် မိဘမဲ့ကလေးတွေ)ကိုစုဆောင်း လေ့ကျင့်ရေးပေးပြီးတော့ အကြမ်းဖက်မှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပါတော့တယ်။ ဒီလို ကလေးတွေကို လေ့ကျင့်ပေးပြီးတော့ သေနတ်တွေကိုင်ခိုင်းပြီး သူတို့ရဲ့ ဖောက်သည်တွေဆီကို ရောင်းချဖို့လုပ်နေပါတယ်။ ဒီအုပ်စုရဲ့ခေါင်းဆောင်ဟာ ခြင်သတ်တာကမှ လူသတ်တာကမှ ပိုခက်ခဲနေပါဦးမယ်ဆိုသလိုမျိုး သူ့သားရဲ့၂၅နှစ်မြောက်မွေးနေ့မှာတောင် သူ့ရဲ့အယောက်၅၀မြောက်လူကို သတ်ပြီးတော့ မွေးနေ့လက်ဆောင်ပေးတဲ့ အကောင်ကြီးကြီးလူမျိုးပါ။စိုင်းဒါ့ဗ်လို့ခေါ်တဲ့ အရင်ကအတိတ်ကိုမေ့ပျောက်ထားပြီးတော့ ချစ်စရာသမီးလေးနဲ့အတူ ဇာတ်မြှုပ်ထားတဲ့သူတစ်ယောက်၊ ဒီလိုလူနဲ့ Cartelအုပ်စုနဲ့ ဘယ်လိုတွေ ဆုံမိသွားကြမလဲ ……. Cartelအဖွဲ့အစည်းကရော ဘယ်လိုအကြမ်းဖက်မှုတွေ လုပ်ဆောင်သွားမလဲ …….ဆိုတာတွေကို ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Zwe Yan~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

鲛人传说之人间情 (2024) ⭐TMDB: 0.0% User Score 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 15 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရေသူမလေးတစ်ယောက်ရဲ့လွမ်းမောဖွယ်ရာ အချစ်ဒဏ္ဍာရီလေးတစ်ပုဒ်ပါ။ရေသူမတွေရဲ့မျက်ရည်ဟာ ပုလဲဖြစ်ပြီး အကြေးခွံနဲ့ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့ဆေးကိုဖော်လို့ရတယ်ဆိုတာကြောင့် လူသားတွေဟာရေသူမတွေကိုအမဲလိုက်သတ်ဖြတ်ခဲ့ကြတယ်။ အဲဒါကြောင့် လူသားတွေကိုမုန်းတီးတဲ့ရေသူဖွားဖွားကြီးဟာလူယောင်ဆောင်ပြီး လက်စားချေဖို့ကြံစည်နေပါတယ်။စိတ်ထားဖြူစင်ပြီး သူတစ်ပါးကိုကူညီလိုစိတ်ပြည့်ဝတဲ့ဆေးဆရာလေးတစ်ယောက်က မထင်မှတ်ပဲရေသူမလေးတစ်ယောက်နဲ့ဆုံပြီးတော့ မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဆေးဆရာလေးက ရေသူမလေးကိုရေသူမမှန်းမသိပေမယ့်ရေသူမလေးကတော့ သူ့ကိုလူသားမှန်းသိသိရက်နဲ့ချစ်မိသွားတဲ့အခါ အစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးခဲ့တယ်။ဆေးဆရာလေးကလဲ ရေသူမလေးကို အချစ်စစ်နဲ့ချစ်ပြီး အစွမ်းကုန်ကြိုးစားခဲ့တယ်။အငြိုးအတေးတွေကြားက သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုအဆုံးသတ်မလဲ...

Bosco (2024) ⭐IMDB: 5.0/10 (173 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fast And Furious ထဲကမင်းသား Tyrese Gibson တို့ Army Of The Dead တို့ Emily The Criminal တို့လို ကားတွေအပြင်တခြားနာမည်ကြီးဇာတ်ကားတွေမှာလည်း ဇာတ်ပို့အနေနဲ့သရုပ်ဆောင်ခဲ့တဲ့မင်းသား Theo Rossi တို့ အပြင် တခြားနာမည်ကြီးတွေလည်းပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၄ အသစ်ထွက်ထောင်ဖောက်ဖြစ်ရပ်မှန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကို ၂၀၀၄ ခုနှစ်မှာဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခံခဲ့ရတဲ့ ကွမ်တေးဘော့စကိုအက်ဒမ်ရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းအပေါ်မှာအခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။သူဘာလို့ ဒီလိုတွေဖြစ်လာတာလဲဆိုတာကို ပြောပြရရင်တော့သူ့ငယ်ဘ၀ကိုပြန်သွားကြည့်ရမှာပါပဲ။ငယ်ဘ၀မှာ အဖေနဲ့အမေနဲ့ကကွဲနေကြပြီး အဖေကမူးယစ်ဆေးရောင်းဝယ်မှုတွေ လုပ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ ရှေ့ကနွားကဖြောင့်ဖြောင့် မသွားတော့နောက်ကနွားကလည်း အဖေ့လမ်းစဉ်အတိုင်းလိုက်ပြီး ငယ်ငယ်လေးကတည်းက ဒီလောကမှာပဲကျင်လည်ကျက်စားခဲ့ပါတော့တယ်။ ကြားထဲမှာလည်း ထောင်တွေခဏခဏကျခဲ့ပြီး နောက်ဆုံး ချမှတ် ခံခဲ့ရတဲ့ထောင်ဒဏ် ၃၅ နှစ်ဆိုတာကတော့ သူ့အတွက်အများဆုံးပါပဲ။ ဒါမျိုးတွေက သူ့အတွက် ထမင်းစားရေသောက်လိုတောင် ဖြစ်နေပေမဲ့ ဒီတစ်ခေါက်ထောင်ထဲဝင်ရတဲ့အခါမှာ ထူးခြားနေတာကတော့ သူ့ကောင်မလေးနဲ့ ရထားတဲ့သူ့ရဲ့ကလေးကမွေးတော့မှာဖြစ်ပြီး မကြာခင်မှာ အဖေတစ်ယောက်ဖြစ်ရတော့မှာပါပဲ။အဲ့ဒီကလေးဇောနဲ့ပဲ ဘော့စကိုတစ်ယောက် ဒီထောင်ကနေထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း သူဘယ်လိုအရာတွေခံစားခဲ့ရလဲ သူဘာတွေဖြစ်ချင်ခဲ့လဲ ထောင်ဖောက်ဖို့ကိုရော ဘယ်လို ကြိုးစားခဲ့မယ်ဆိုတာကို သူ့ဘ၀ထဲဝင်ကြည့်နေရသလို ရှင်းရှင်းလင်းလင်း ရိုက်ကူးပြသထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။...

Bring Him to Me (2023) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Crime #Thriller 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 37 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bring Him to Me (2023)================== ဒီဇာတ်လမ်းကတော့ ဓားပြတိုက်မှုမှာပါခဲ့တဲ့ ဒါရိုက်ဘာတစ်ယောက်သူ့သူဌေးဆီကနေ ထူးခြားတဲ့အမိန့်တစ်ခုကိုရခဲ့တယ်။ အဲဒါကတော့ဓားပြတိုက်တဲ့ လူနှစ်ယောက်ထဲက လူသစ်ကောင်လေးက ပိုက်ဆံခိုးခဲ့တယ်ဆိုတဲ့ သံသယဝင်မှုနဲ့ စစ်မေးပြီးသတ်ဖို့ သူတို့ဆီခေါ်လာခိုင်းတာဖြစ်ပါတယ်။ အဲဒီမှာ ရိုးသားပွင့်လင်းတဲ့ကောင်လေးကို အသတ်ခံရဖို့ခေါ်ခဲ့ရမလား ဒါမှမဟုတ် သူ့ကိုအမှန်အတိုင်းဖွင့်ပြောပြီး လွှတ်ပေးရမလားဆိုတာကို ဒါရိုက်ဘာလုပ်သူက စဥ်းစားရပါတော့တယ်။ ဒီဇာတ်လမ်းက သစ္စာရှိမှုနဲ့ ကိုယ်ကျင့်တရားကို အဓိကပုံဖော်ထားပြီးကြည့်နေရင်းရင်ထဲခံစားသွားရစေမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo zin ဖြစ်ပါတယ်)...

Polaris (2022) ⭐IMDB: 5.3/10 (166 Votes) 🎬 #Adventure #Drama #SciFi #Fantasy #Action #ScienceFiction #Thriller 🗓 2022 🎞 movie 🌎 #Canada ⏰ 1 နာရီ 20 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Polaris (2022)============ ဒီ “Polaris” ဆိုတဲ့ Documentary လေးမှာတော့ ဟာရက်မိုးခမ်းနစ်ရှ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို လိုက်လံကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ သူဟာ ငယ်ဘဝမှာ မိခင်ဖြစ်သူကဆေးစွဲပြီး ဖခင်ဆိုတာလည်း ဘယ်သူဘယ်ဝါရယ်မှန်းမသိဘဲ ကြီးပြင်းလာခဲ့ရတဲ့သူတစ်ဦးပါ။အခုချိန်မှာ သူ့အတွက် မိသားစုဆိုတာ ညီမဖြစ်သူလေလာနဲ့ လေလာရဲ့သမီးဖြစ်သူ အင်နာယာရယ်ပဲရှိတာပါ။ ဟာရက်ဟာဆိုရင် Iceland ရေခဲပိုင်းဒေသတွေမှာ လှေသင်္ဘော ကပ္ပတိန်တစ်ဦးအနေနဲ့လုပ်ကိုင်နေတဲ့သူပေါ့။ ဒီ Documentary မှာဆိုရင် သူ့အနေနဲ့အမျိုးသားတွေပေါများတဲ့အလုပ်ခွင်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ရတာနဲ့အညီ လိင်ပိုင်းဆိုင်ရာထိကပါးရိကပါးလုပ်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေအကြောင်းနဲ့ သူ့ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့် ခု အသက် ၃၅ ဝန်းကျင်ထိ ချစ်ခြင်းမေတ္တာကိုရှာဖို့ ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့အကြောင်းကိုတွေ့မြင်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo zin ဖြစ်ပါတယ်)...

星门深渊 (2024) ⭐TMDB: 90.0% User Score 🎬 #Action #Adventure #ScienceFiction 🗓 2024 🎞 tv movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖို အာကာသအက်ရှင်ရုပ်ရှင်ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အနာဂတ်ကာလမှာ လူတွေဟာ အာကာသဂိတ်တွေကို ကျော်ဖြတ်ခြင်းဖြင့်ကမ္ဘာသစ်တစ်ခုကို ခရီးသွားနေကြပါတယ်။ အာကာသယာဉ်တစ်ခုဟာအာကာသဂိတ်တွင်းနက်ထဲမှာ ၇ နှစ်တာ ပိတ်မိဖို့ ဖြစ်လာပါတယ်။ ခရီးသည် ၁၅ ယောက်မှာ ၄ ယောက်ပဲ ဆောင်းခိုခန်းထဲကိုဝင်ရောက်ရှင်သန်နိုင်မှာ ဖြစ်တဲ့အတွက် ကြောက်လန့်နေကြတဲ့ လူအများကကုန်တင်ခန်းထဲမှာ စုဝေးနေကြပါတယ်။ တန်ဖိုးကြီးလှတဲ့ အသက်ရှင်သန်ခွင့်ရဖို့အတွက်စွမ်းကျီရှင်းဆိုတဲ့ ဝရမ်းပြေးလူသတ်သမား အမွှာညီအစ်မနှစ်ယောက်ကဗီဇပေါင်းစည်းထားတဲ့ တိုက်ခိုက်ရေး တိရစ္ဆာန်ကြီးကိုလွတ်ပေးခဲ့ပြီး လူတွေကို လိုက်လံ သတ်ဖြတ်ခဲ့ပါတယ်။ ယာဉ်ထဲက လူ ၁၅ ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဖြစ်မလဲ……နောက်ဆုံး ဘယ်သူတွေက အသက်ရှင်ကျန်ခဲ့မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။...

Which Brings Me to You (2023) ⭐IMDB: 5.6/10 (392 Votes) 🎬 #Romance #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အားလုံးပဲ ဘဝမှာ တစ်ချိန်တစ်ခါက ကိုယ်စီအချစ် ဇာတ်လမ်းလေးတွေရှိကြမှာပါ…။ အဲ့ဒီအချစ်ဇာတ်လမ်းလေးတွေကို ပြန်တွေးကြည့်လိုက်ရင် ရသတစ်မျိုးစီ၊ အ‌ရောင်တစ်မျိုးစီ နှလုံးသားနဲ့ချီပြီး ခံစားကြရတယ်မလား။ နှလုံးသားမှာ ဒီလိုပုံပြင်လေးတွေ၊ အရောင်လေးတွေများလာရင် မွန်းကြပ်လာရပြီး ထပ်ချစ်မိဖို့ နောက်ထပ်အချစ်တစ်ခုအစပြုဖို့လည်း စိုးထိတ်သွားရလေ့ရှိတယ်တဲ့။ ထပ်ချစ်ဖို့မကြိုးစားတော့ဘဲ သွေးသားဆန္ဒကိုသာဦးစားပေးတတ် သူတွေ ဖြစ်သွားတတ်တာပေါ့၊ ဒီလိုအချိန်မှာ အကောင်းဆုံးနည်းလမ်းက အရင်ကဇာတ်လမ်းလေးတွေဆီကို တစ်ခေါက်ဆီအလည်သွားပြီး တစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားဖို့ပါပဲ..။ အခုဇာတ်လမ်းလေးဟာ ဒီလိုဇာတ်လမ်းလေးပါပဲ။ ဝီလ်နဲ့ ဂျိန်းဟာ မင်္ဂလာဆောင်တစ်ခုမှ စတွေ့ခဲ့ရတဲ့သူစိမ်းတွေပေါ့…။ တွေ့တွေ့ချင်းမှာပဲ အဝတ်လဲခန်းထဲသွားပြီး ချစ်ကြည်နူးဖို့သာ စိတ်ကူးမိကြပါသတဲ့။ သို့ပေမဲ့ ရှေးဟောင်းနှောင်းဖြစ်အချစ်ဒဏ်ရာလေးတွေကို ပြန်ပြောမိရင်းက တစ်ယောက်နဲ့တစ်ယောက် တကယ်စိတ်ဝင်စားလာတဲ့အခါမှာတော့…. အရင်အချိန်တွေကို တစ်ခါပြန်အောင့်မေ့ရတဲ့အချစ်ဇာတ်လမ်းမျိုးကိုမှ သဘောကျရင် ဒီကားလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ...

A Wall Away (2024) ⭐IMDB: 5.1/10 (63 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားကတော့ ကိုဗစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ Romance ကားလေးပဲဖြစ်ပါတယ်။ ကိုဗစ်ကာလဇာတ်ကားဆိုပေမဲ့ တခြားကားတွေလို အနိဌာရုံတွေ၊ စိတ်မချမ်းမြေ့စရာတွေ မပါဝင်ဘဲ ပုံမှန် Romance ကားတစ်ကားလိုပဲ စိတ်အေးလက်အေး ကြည့်ရှုနိုင်မှာပါ။ ကိုဗစ်ကြောင့် အယ်လ်အေက တိုက်ခန်းတစ်ခုအတွင်းမှာ မနေချင်ချင်၊ နေချင်ချင် အတူရှိနေကြရတော့တဲ့ အိမ်နီးချင်းတွေ၊ တစ်အိမ်တည်းနေ မိသားစုတွေနဲ့ ချစ်သူတွေက ပုံမှန်ကာလမှာ မမြင်နိုင်၊ မသိနိုင်တဲ့ အမှန်တရားတွေ၊ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ခြင်းရှိမရှိနဲ့ ကပ်ရောဂါဆိုးကြီးကို ကျော်ဖြတ်ပြီး အဆုံးထိ နားလည်မှုရှိရှိ အတူရှိနေနိုင်သွားကြမလား ဆိုတာကို ကြည့်ရှုခံစားကြရမှာပါ။ အလုံပိတ်အခန်းတွင်း အချိန်ပေါင်းများစွာ နေလာရတဲ့အခါ အရင်ကမတွေးဖူးတာတွေ၊ မသိမမြင်ခဲ့တာတွေကို ကိုယ်ကိုယ်တိုင်အကြောင်းကအစ ကိုယ့်ဘေးကလူရဲ့ အကျင့်စရိုက်အသေးလေးတွေကအထိ မြင်လာကြတာမို့ အသွားအလာတွေ ပိတ်လိုက်တဲ့အခါ နှလုံးသားတံခါးတွေ ပွင့်လာနိုင်၊ မလာနိုင်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)...

Sanctuary: A Witch's Tale (2024- ) ⭐IMDB: 5.5/10 (647 Votes) 🎬 #Drama #SciFi #Fantasy #Thriller 🗓 2024- 🎞 tv series 🌎 #UnitedStates #UnitedKingdom ⏰ 49 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sanctuary: A Witch’s Tale (2024)Sanctuary: A Witch’s Tale (2024)၂၀၂၄မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ fantasy/thriller အမျိုးအစား ဇာတ်လမ်းတွဲဖြစ်ပြီး လက်ရှိမှာတော့ ၂ပိုင်း ထွက်ရှိထားပါပြီ။ လူသတ်မှုစုံစမ်းဖော်ထုတ်တာတို့ witch နဲ့ပတ်သတ်တဲ့ fantasy တို့လို genre မျိုးကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲလေးဖြစ်မှာပါ။ ဇာတ်လမ်းအညွှန်း“စုန်းမဆိုရင် ရွာပြင်ထုတ်” လူ့အသိုင်းအဝိုင်းမှာ စုန်းအတတ်ကို လက်မခံနိုင်စရာအဖြစ် အများစု တွေးကြမယ်ထင်ပါတယ်။ ဥပဒေမှာလည်း စုန်းအတတ်အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။ အင်္ဂလန်သမိုင်းမှာဆိုရင် ၁၆၄၅ခုနှစ်ဝန်းကျင် Matthew Hopkins ခေါင်းဆောင်ခဲ့တဲ့ စုန်းအမဲလိုက်ပွဲမှာ အမျိုးသမီးတွေ ရာချီသေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေရှိခဲ့ပါတယ်။ အဲဒီခေတ်တွေကတော့ စုန်းကဝေတွေအတွက် အမှောင်ခေတ်တွေဖြစ်ခဲ့တာပေါ့။ဒီဇာတ်လမ်းမှာ ဇာတ်အိမ်တည်ထားတဲ့ ‘ဆန်ကျူရီ’မြို့လေးကတော့ လူမျိုးဘာသာမရွေး ယုံကြည်မှုမတူညီကြတဲ့လူတန်းစားမရွေးကို လက်ခံကြိုဆိုပေးထားတဲ့ အေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ နှစ်ရာချီကြာ စုန်းကဝေတွေ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ခဲ့ကြတဲ့ ခိုလှုံရာနေရာလေး ဖြစ်လို့နေပါတယ်။ “ဆယ်ရာဖန်း”ဆိုတဲ့ စုန်းမတစ်ယောက်က ဒီမြို့လေးမှာ အေးအေးချမ်းချမ်းနေထိုင်ရင်း သူ့ပညာတွေကို မြို့ခံတွေရဲ့ကောင်းကျိုးအတွက် အသုံးချပေးနေပါတယ်။ သူ့သမီးဖြစ်သူ ဟာပါဖန်းကတော့ စုန်းမဖြစ်ဖို့ ပါရမီပါမလာခဲ့ပါဘူးတဲ့။ တစ်နေ့မှာတော့ ဟာပါရဲ့ရည်စားဖြစ်သူ၊ဆယ်ရာရဲ့သူငယ်ချင်း အက်ဘီဂေးလ်ရဲ့သားဖြစ်သူ “ဒန်နီယယ်”ဟာ ပါတီပွဲတစ်ခုမှာ သေဆုံးသွားပါတယ်။ဒီသေဆုံးမှုကြောင့် အေးချမ်းတည်ငြိမ်နေတဲ့ ဆန်ကျူရီမြို့မှာ ဂယက်ရိုက်ခတ်သွားပါတယ်။ ဒီသေဆုံးမှုမှာ အဓိကတရားခံက “ဟာပါ”၊ အောက်လမ်းပညာနဲ့ သတ်လိုက်ပါတယ်ဆိုတဲ့ စွပ်စွဲချက်လည်း ထွက်ပေါ်လို့လာပါတယ်။ ဒန်နီယယ်တစ်ယောက် ဘယ်လိုသေဆုံးသွားရတာလဲ။ မတော်တဆသေဆုံးမှုလား၊ အသတ်ခံရတာလား၊ ဟာပါကို စွပ်စွဲပြောဆိုနေတဲ့အချက်တွေက တကယ်ပဲ အမှန်တွေ ဖြစ်နေမလား။ ဆယ်ရာကရော သူ့သမီး စွပ်စွဲခံနေရတာတွေကို ဘယ်လိုကာကွယ်သွားမလဲပေါ့။ ဒီအမှုကို စစ်ဆေးဖော်ထုတ်တဲ့နေရာမှာ ဘာတွေဆက်ဖြစ်လာမလဲ…ဆက်လက်စောင့်မျှော်လိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...

Orion and the Dark (2024) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Mystery 🗓 2024 🎞 movie 🌎 #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Orion and the Dark (2024) ~ IMDb – 6.7/10, RT – 87%, Meta – 74% ~ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။ ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတို့မှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တို့ကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလို့ပြောရမှာပဲ။ Wish တို့ ဘာတို့ထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလို့လဲတော့ ကားကြည့်ရင်သိလိမ့်မယ်။ အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

Family History Mysteries: Buried Past (2023) ⭐IMDB: 6.7/10 (568 Votes) 🎬 #Drama #Mystery #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 25 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...

Saba Nayagan (2023) ⭐IMDB: 7.9/10 (220 Votes) 🎬 #Bollywood #Comedy #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 29 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Saba Nayagan 2023 (ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ) CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော အချစ်ဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ်ဒါရိုက်ဝာာ စီအက်စ်ကာသီကာရန်ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး လူငယ်အချစ်ဟာသဇာတ်လမ်းလေးကို အနောက်တိုင်း rom com စတိုင် ပေါ့ပေါ့ပါးပါး ကျောင်းတွင်းအလွဲလေးတွေ ဟာသလေးတွေနဲ့တင်ဆက်ပေးထားတာမို့ ကိုယ့်ငယ်ဘဝကိုတောင် သတိရမိမှာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားရဲဖမ်းခံရတာက စပါတယ် မှောင်ရိပ်ခိုမှုနဲ့ ဆရာသမားကိုဆွဲစိလာဝာာ ပတ္တရောင်ကားပေါ်မှာ အူကြောင်ကျားနဲ့ပါလာတာပေါ့ အဲဒီမှာ တခြားတစ်ယောက်က သူအသည်းကွဲနေလို့ အရက်သောက်မိတာပါပြောလို့ ရဲတွေကသနားပြီး ပြန်လွှတ်ပေးလိုက်တဲ့အခါမှာ ‌ဇာတ်လိုက်‌ကျော်က သူ့အသည်းကွဲဇာတ်လမ်းတော့ အသာနေ ကျွန်တော့်ဇာတ်လမ်းလည်း နားသောတဆင်ကြည့်ပါဦးဆိုပြီး သူ့ရဲ့ကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးကိုပြန်ပြောပြတဲ့အခါမှာ…. ပေါ့ပေါ့ပါးပါးနဲ့ စိတ်နှလုံးကြည်နူးစေဖို့ ပရိသတ်ကြီးအတွက် CM Bollywood Team ကနေ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

South Wind (2018) ⭐IMDB: 7.9/10 (12 k Votes) 🎬 #Crime #Drama #Thriller 🗓 2018 🎞 movie 🌎 #Serbia ⏰ 2 နာရီ 6 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆားဘီးယား စကားပြော crime/thriller ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် IMDb 7.9 အထိရထားပြီး ဥရောပဖလင်တွေရဲ့ ထုံးစံအတိုင်း အပိုစာသားသိပ်မပါပဲ လက်တွေ့ အဆန်ဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ ခပ်ကြမ်းကြမ်း ဇာတ်လမ်းမျိုးပါ ဇာတ်လမ်းကတော့ ပီတာမာရက်ရှ်ဆိုတဲ့ လူငယ်တစ်ယောက်က ဆားဘီးယားနိုင်ငံ ဘဲဂရိတ်ရဲ့ မြေအောက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ပြီး အတူနေချစ်သူ ဆိုဖီယာနဲ့ နေထိုင်ပါတယ် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်တဲ့ အဖေဖြစ်သူရဲ့လက်အောက်မှာ ကြီးပြင်းလာရပြီး ညီအစ်ကိုလို ခင်တဲ့ ဂိုဏ်းခေါင်းဆောင် Tsar နဲ့ သူ့ရဲ့ ဘော်ဒါတွေကပဲ သူ့ဘဝမှာ မိသားစုဝင်လို ဖြစ်ခဲ့ပါတယ် တနေ့မှာ မာစီးဒီးကားတစ်စီးကို ခိုးရာကနေ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ သွားငြိပါတယ်… သာမန်ကိစ္စလေးကနေ သပွတ်အူလို ရှုပ်ထွေးနက်နဲတဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီး သူချစ်တဲ့သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အခါ လက်မရွံ့တမ်း ဘယ်လိုရင်ဆိုင် ဖြေရှင်းသွားမလဲ စိတ်ဝင်တစားကြည့်ရှုရမှာပါ...

Friday the 13th Part VIII: Jason Takes Manhattan (1989) ⭐TMDB: 49.0% User Score 🎬 #Adventure #Fridaythe13thCollection #Horror #Thriller 🗓 1989 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Friday the 13th Part VIII: Jason Takes Manhattan (1989) ကိုသေခဲလှကြီး ဂျေဆင်က ခရစ်စတယ်ရေကန်အောက်ကနေ ပြန်ပေါ်လာပြန်ပါပြီ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဂျေဆင်က သူ့အိမ်ကွင်းကနေ အဝေးကွင်းကို သွားကန်မှာပါ။ အဝေးကွင်းဆိုတာတောင်မှ ပင်လယ်ကိုဖြတ် နယူးယောက်အထိသွားပြီး ခြေစွာမှာပေါ့လေ။ ခရစ်စတယ်ရေကန်မှာ စက်လှေတစ်စင်းပေါ်ကနေ ချစ်ရည်လူးနေကြတဲ့ စုံတွဲ ချလိုက်တဲ့ ကျောက်ဆူးကြိုးက မြေအောက်ပါဝါလိုင်းကိုချိတ်မိပြီး ဂျေဆင်နဲ့သွားထိ ဓာတ်တွေလိုက်ကုန်ပြီး ကိုဂျေဆင် နိုးလာပြန်ပါပြီ။ အဲဒီစက်လှေကနေတဆင့် ကျောင်းသားတွေ နယူးယောက်ကို လေ့လာရေးသွားကြမယ့် သင်္ဘောပေါ် ဂျေဆင် တက်သွားတယ်။ အလကားတော့ မဟုတ်ဘူး။ အဲဒီသင်္ဘောပေါ်မှာ သူနဲ့ ပဌာန်းဆက်ပါတဲ့ ကောင်မလေးပါနေလို့ဗျ။ ဒီမှာတင် သင်္ဘောပေါ်မှာ တွေ့သမျှလူလိုက်သတ်။ သတ်ရင်းဖြတ်ရင်း ကာလနာတွေတိုက်ပြီး သင်္ဘောကြီး နစ်ပါလေရော။ ဒါတောင်မှပဲ အသက်ကယ်လှေနဲ့ နယူးယောက်အထိ လှော်ပြေးတဲ့ ရှင်သန်ကျန်ရစ်သူတွေနောက် အငြိုးတကြီးလိုက်သတ်သေးတာ။ ခရစ်စတယ်သား ဂျေဆင်ကြီး နယူးယောက်မြို့ပေါ်မှာ သောင်းကျန်းသတ်ဖြတ်တာတွေကို ကြည့်ရဦးမယ့် ၈ ကားမြောက် ဇာတ်ကားပါပဲလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...

Radical (2023) ⭐IMDB: 8.0/10 (2 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Mexico #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Radical (2023) ~ IMDb – 8/10, RT – 94%, Meta – 70% ~ Directed by “Christopher Zalla” မက္ကဆီကန်နယ်စပ်က ဘယ်သူမှဘောင်မသွင်းကြတဲ့ အပယ်ခံကျောင်းက အပယ်ခံအတန်းကို အတန်းပိုင်ဆရာအသစ်ယောက်ရောက်လာခဲ့တယ်။ အဲဒီအတန်းက ကျောင်းသားတွေမှာ အမှိုက်ကောက်စားရတဲ့ကလေးတွေလည်းပါတယ်။ မူးယစ်ဆေးရောင်းတဲ့ ကလေးတွေလည်းပါတယ်။ အောက်ခြေလူတန်းစားကလေးတွေချည်းပေါ့။ ဒီလိုကလေးတွေလည်း ဖြစ်နေသလို စာမေးပွဲမှာလည်း အမှတ်တွေမကောင်းကြတော့ အားလုံးက ဝိုင်းကြဉ်တာခံနေရတဲ့ အတန်းဆိုလည်း မမှားဘူး။ ရောက်လာတဲ့ဆရာက “ခေတ်ကြောင့်ကလေးတွေဟာ ထက်လာကြပေမဲ့ ပညာရေးစနစ်ကတော့ အဲဒီလို ထက်တဲ့ ကလေးတွေနဲ့ မလိုက်အောင် ခေတ်နောက်ကျန်နေတဲ့အရာ” လို့ ယုံကြည်တဲ့သူ။ သူ့စကားအရတော့ ခေတ်ကြီးကလည်း ပြောင်းလဲသွားပြီ။ ကလေးတွေလည်း ပြောင်းလဲသွားကြပြီ။ ပညာရေးနစ်ကြီးကပဲ နှစ်တစ်ရာလုံး ဘာမှမပြောင်းလဲဘဲ ကျန်နေတယ်တဲ့။ ဒီပညာရေးစနစ်ကြီးက လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာက ကလေးတွေကို ယန္တရားအသေကြီးတစ်ခုထဲက အစိတ်အပိုင်းအသေလေးတွေဖြစ်လာပြီး သူတို့အိပ်မက်နောက် သူတို့မလိုက်နိုင်အောင် တားထားနိုင်တာပဲလို့ သူကယုံတယ်။ ကျွန်တော်တို့မြင်နေကျ ပညာရေးဆိုတာက တစ်ခုခုကို ဆရာက နှုတ်တိုက်ရှင်းပြသင်ပေးမယ်။ သင်ပြီးရင် တပည့်က အလွတ်ကျက်ပြီး သူ ဒီစာကို ရကြောင်း ပြန်ပြရတယ်။ ဒီလောက်ပဲ။ အခြေခံပညာရေးတွေ တက္ကသိုလ်ပညာရေးတွေကစလို့ ဟိုသင်တန်း ဒီသင်တန်းတွေအဆုံး ဒီထက်ပိုတဲ့ပညာရေးမျိုး ကျွန်တော်တော့ မမြင်ဖူးဘူး။ ပရက်တီကယ်တို့ ကျူတိုရီရယ်တို့ ဖီးဒ်ဆင်းတို့ ဆိုတာလည်း အဖြစ်သဘောထက် ပိုမနေဘူး။ ဆုပေးဒဏ်ပေးစနစ်တောင် အဆစ်ပါတတ်တယ်။ တပည့်တွေကလည်း ဘာမှများများစားစားမမေးရဲသလို ဆရာတွေကလည်း မေးရဲအောင် မလုပ်ကြသလိုပါပဲ။ ဒီလိုမမေးရဲတဲ့ ပုံစံအတိုင်း အစကတည်းက ပုံသွင်းခံလာခဲ့ရလားတော့ မသိဘူးပေါ့။ တစ်ခါတလေတော့ ဒီရုပ်ရှင်ရဲ့ အဆုံးမှာပါတဲ့ အိုင်းစတိုင်းရဲ့ စကားလိုပဲ ပညာရေးဆိုတာ တစ်စုံတရာကိုသင်ယူဖို့မှာ အကြီးဆုံးအနှောင့်အယှက်ဖြစ်နေတဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ Radical ထဲက ဆရာကတော့ ပညာရေးဆိုတာ အလွတ်ကျက်ဖို့မဟုတ်ဘဲ ကိုယ့်ဘာသာတွေးတတ်အောင်သင်ပေးဖို့ဆိုတာကို ကောင်းကောင်းကြီး လက်ခံထားပုံပါပဲ။ စာစသင်တော့ သူစလုပ်တာက စာမသင်တာပဲ။ သူလုပ်တာက ကလေးတွေကို သူတို့ဘာသာတွေးလာအောင် လမ်းကြောင်းပေးပြီး လွှတ်ထားလိုက်တာပဲ။ သူလမ်းကြောင်းပေးတဲ့နောက် သူတို့ဘာသာ တိုင်ပင်ရင်း အဖြေရှာရင်း သူတို့ဘာသာအဖြေရှာတွေ့သွားတာက ပိုတတ်မြောက်စေတယ်လို့ သူက ယုံကြည်တယ်။ တကယ်လည်း ဟုတ်တာပဲ။ စစချင်း ပထမနေ့မှာသူက လှေအကြောင်းစပြောတယ်။ ပြောပြနေရင်း မေးခွန်းတွေမေးတော့ မှားမှာကြောက်လို့ ဘယ်သူမှမဖြေရဲဘူး။ ဒီမှာသူပြောတာက မှားမှာမကြောက်လို့ မဖြေဘဲ မနေနဲ့ မှားတာကို သူကပိုတောင်ကြိုက်သေးတယ် မှားတယ်ဆိုတာ အမှန်ကိုသိဖို့လမ်းစတဲ့။ နောက်နေ့ကျ သူက ကျောင်းသားတွေကို ဘာသင်မလဲ မင်းတို့ဆုံးဖြတ် မင်းတို့ဆုံးဖြတ်တဲ့ဟာကို ငါသင်မယ်ပြောတော့ ဘယ်ကောင်မှ ဘာမှမပြောကြဘူး။ မင်းတို့မပြောရင် ငါလည်းမသင်ဘူး ထိုင်နေမယ်ဆိုပြီး ထိုင်နေတယ်။ ပြီးမှ ပြောထွက်လာအောင်လုပ်ရင်း တစ်ယောက်က မနေ့က လှေအကြောင်းစိတ်ဝင်စားတယ်ပြောတော့ အဲဒီအကြောင်းသင်မယ်ဆိုပြီး နောက် ရေပေါ်မှာပေါ်နိုင်ခြင်းအကြောင်း ပြောတယ်။ အဲဒီကနေမှ သူတပည့်တွေကို အလေးချိန် ထုထည်နဲ့ ဒြပ်ထုကို နားလည်အောင်ဆက်သင်ပေးတယ်။ တပည့်တွေလည်း စိတ်ဝင်စားပြီး သူတို့ပတ်ဝန်းကျင်က အရာတွေကို စမ်းသပ်ကြတယ်။ သူနဲ့ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်လည်း ကလေးတွေရဲ့ အစမ်းသပ်ခံဖြစ်ခဲ့တာပါပဲ။ နောက်ပိုင်းလည်း သူက သူသင်တယ်ရယ်လို့ မဟုတ်ဘဲ ကလေးတွေ သင်ချင်တဲ့အရာတွေကို သူက စိတ်ဝင်တစားနဲ့ လိုက်သင်ပေးတယ်။ ဒဿနိကဗေဒ ဖီလော်ဆော်ဖီကို စိတ်ဝင်စားတဲ့ကလေးမလေးတစ်ယောက်နဲ့အတူတူ တစ်ခန်းလုံး ဝိုင်းဆွေးနွေးကြရင်း တစ်ယောက်တစ်ပေါက်နဲ့ ရန်ထဖြစ်တော့မလိုလိုဖြစ်တဲ့အဖြစ်တွေလည်းရှိသလို အာကာသယာဉ်မှူးဖြစ်ချင်တဲ့ နက္ခတာရာကို စိတ်ဝင်စားတဲ့ ကလေးမလေးနဲ့အတူတူ ဂြိုဟ်တွေအကြောင်းလေ့လာဖို့ ဂြိုဟ်နာမည်တွေ ကိုယ်မှာကပ်ပြီး ဂြိုဟ်တွေလည်ပတ်ပုံကို ကိုယ်တိုင်သရုပ်ပြတဲ့အဖြစ်တွေလည်းရှိခဲ့တယ်။ ဒီလိုအကုန်သင်နေလို့ သူက အကုန်တော်နေတာလားဆိုတော့ မဟုတ်ဘူး။ ဒါကို သူကိုယ်တိုင်လည်း ကောင်းကောင်းသိတယ်။ ဆရာတစ်ယောက်အနေနဲ့ သိထားရမယ့် အရေးအကြီးဆုံးအသိဖြစ်တဲ့ သူဘာမှမသိသေးဘူးဆိုတာကိုလည်း သူလက်ခံထားတယ်။ အင်တာနက်သာရှိနေရင် ကလေးတွေကတော်တော့ သူ့ကိုတောင်လိုမှာတောင်မဟုတ်ဘူးလို့လည်း သူပြောခဲ့တယ်။ ဆိုခဲ့သလို သူစာသင်တဲ့နည်းဟာ ကလေးတွေဟာ ဘာမှသင်စရာမလိုတာမို့ လမ်းကြောင်းပေးပြီး သူတို့ဘာသာ သင်ယူနိုင်အောင် လုပ်ပေးလိုက်တဲ့ သင်နည်းလည်းဟုတ်တယ်။ သူတို့ဘာသာ သင်ယူချင်စိတ်ပေါ်လာအောင်လုပ်လိုက်တဲ့ သင်နည်းလည်းဟုတ်တယ်။ အဓ...

Strange Things in Night Rain and Autumn Light (2024) ⭐TMDB: 0.0% User Score 🎬 #Action #Adventure 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 13 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Horror ကြိုက်တတ်တဲ့သူတွေအတွက်အကြိုက်တွေ့မယ်ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကတော့ ဟူနန်ဆီကို လွန်ခဲ့တဲ့(၅)နှစ်ကဆုံးသွားတဲ့အဖွားပို့လာတဲ့စာတစ်စောင်ရောက်လာခဲ့တယ်။ အဖွားဆုံးပြီးတာကို မမှတ်မိတော့တဲ့အမေက ဟူနန်ကိုရွာပြန်ပြီးအဖွားကိုစောင့်ရှောက်ဖို့လွှတ်လိုက်တာကနေစတင်ပါတယ်။ရွာရောက်တော့ အဖွားအိမ်မှာပဲ ဟူနန်နဲ့သူငယ်ချင်းကအိမ်ကြတော့ အဖွားကမသေသေးတာကိုတွေ့ရတယ်။အဖွားလက်တွေကနွေးနေပြီး နေ့ခင်းကတွေ့ခဲ့တယ်ရွာသားတွေက သင်္ချိုင်းဂူတွေအဖြစ်ပြောင်းသွားတာကိုတွေ့တော့ ဟူနန်ကနားမလည်နိုင်ဘူးဖြစ်သွားခဲ့တယ်။ရွာသားတွေရဲ့အပြောအရ ရွာသားတွေက မြွေနတ်ကိုအမျက်ထွက်အောင်လုပ်ခဲ့လို့မြွေနတ်အပြစ်ပေးတာကိုခံနေရတယ်လဲပြောကြပါတယ်။တကယ်ပဲ အဖွားက တစ္ဆေလား ရွာသားတွေကတစ္ဆေလား……ဟူနန်တို့ကိုလာကူညီတတ်တဲ့ မိန်းကလေးကရောဘယ်သူလဲ…… စဉ်းစားစရာတွေအများကြီးပေးပြီး နောက်ပိုင်းပြန်ဖြည်သွားတာလဲ အကျိုးအကြောင်းသင့်တယ်လို့ပြောလို့ရပါတယ်။သရဲကြောက်တတ်တဲ့သူတွေကတော့ ကြည့်ဖို့အဆင်မပြေလောက်ပါဘူး။...