ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Young Mother 4 (2016) ⭐IMDB: 7.0/10 (90 Votes) 🎬 #Adult #Drama #Romance 🗓 2016 🎞 video movie 🌎 #SouthKorea ⏰ 1 နာရီ 24 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ************************** သူငယ်ချင်း(၂)ယောက်ရှိတယ်….တစ်ယောက်က ကျောင်းပိတ်တော့ သူ့ဘော်ဒါအိမ်သွားလည်တယ်.. ဒါပေမဲ့ အိမ်ရောက်တဲ့အခါ သူ့ရဲ့ အမေ (မုဆိုးမ) က ခေတ်လူငယ်တွေရှုံးလောက်အောင်လှပတဲ့အပြင် ညှို့အာပျင်း စပါးကြီးမြွေလိုမျိုး တင်းရင်းဖြောင့်စင်းနေတော့တာပါပဲ… အမေဖြစ်သူကလည်း သားသူငယ်ချင်းဆိုတော့ ဂရုတစိုက်ရှိလှပါတယ်.. ဒါပေမဲ့ ကောင်လေးရဲ့ ဇွတ် တွေ တဇွတ်ဇွတ်ဖြစ်လာတဲ့အခါမှာတော့
...

Wonder Woman 1984 (2020) ⭐IMDB: 5.4/10 (292 k Votes) 🎬 #Action #Adventure #DCEU #Fantasy 🗓 2020 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 31 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာhttps://channelmyanmar.org/category/special-package/dceu/ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။ DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။ – Man of Steel (2013)– Batman vs Superman: Dawn of Justice (2016)– Suicide Squad (2016)– Wonder Woman (2017)– Justice League (2017) (Theatrical Cut)– Aquaman (2018)– Shazam! (2019)– Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020)– Wonder Woman 1984 (2020)– Zack Snyder’s Justice League (2021)– The Suicide Squad (2021)– Black Adam (2022)– Shazam!: Fury of the Gods (2023)– The Flash (2023)– Blue Beetle (2023)– Aquaman and the Lost Kingdom (2023) +++++++++++++++++++++++++++++ Wonder Woman 1984 (2020) IMDb Rating (5.4) / Rotten Tomatoes (73%) DatShin Review: WW84…2017 က ထွက်ခဲ့တဲ့ Wonder Woman ရုပ်ရှင်ဟာ DC Comics တွေထဲမှာတင်မဟုတ်ဘူး Superhero ကားတွေထဲမှာပါ အကောင်ဆုံးရုပ်ရှင်ကားတစ်ကား။ Perfect မဟုတ်ပေမဲ့ Superhero ကား (အထူးသဖြင့်) အမျိုးသမီး Superhero ကားဆိုတာ ဒီလိုရိုက်ရတယ် ဆိုပြီး ရှေ့ဆောင်လမ်းပြခဲ့သလိုမျိုးကို အောင်မြင်ခဲ့ပါတယ်။ Gal Gadot နဲ့ Chris Pine တို့ရဲ့ သရုပ်ဆောင်မှုနဲ့ chemistry, Wonder Woman ရဲ့ အပြစ်ကင်းစင် ပြုံးရွှင်နေတဲ့ အပြုံးနဲ့အတူ လူတွေကြားမှာ စစ်မက်တွေ ကင်းမဲ့အောင် ကြိုးပမ်းမှု၊ အမျိုးသမီးတွေကို နှိမ့်ချနေတဲ့ discrimination တွေကို မားမားမတ်မတ် ရပ်တည်ပြမှု၊ စစ်သည်တွေကို ဦးဆောင်နိုင်မှု စတာတွေကြောင့် Wonder Woman ရုပ်ရှင်ဟာ serious ဖြစ်သလောက် ပျော်လည်းပျော်၊ အားလည်းတက်ရတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။WW84 မှာတော့ Patty Jenkins နဲ့ အဖွဲ့တွေဟာ အရင်ကားလိုမျိုး formula အတိုင်းပဲ သွားခဲ့ပါတယ်။ 1984 theme ဆိုတော့ အရောင်စုံ လင်းလက်နေပြီး မျှော်လင့်ချက်တွေ၊ ပျော်စရာတွေ ပိုယူဆောင်လာမဲ့အထာပေါ့။ ဇာတ်လမ်း concept ကလည်း မိုက်တယ် မဆိုးဘူး။ ဒီမှာအပြောအရဆို “message” ကောင်းကောင်း ပေးနိုင်မဲ့ဟာမျိုး။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဇာတ်က over တွေဖြစ်ပြီး အရင်ကားနဲ့ ဘာမှကိုမဆိုင်တော့အောင် ဖြစ်နေခဲ့ပါတယ်။Wonder Woman ဆိုတာ ဘယ်လိုကြမ်းကြောင်း၊ ဘယ်လို epic ဖြစ်ကြောင်း၊ လူတွေကို ဘယ်လိုကယ်ကြောင်း အမျိုးသမီးငယ်လေးတွေကို ဘယ်လိုမျိုး hope and inspiration တွေယူဆောင်လာကြောင်း စတာတွေကို အရမ်းအရမ်းကို လုပ်ပြထားတယ်။ ကာတွန်းကားဆန်ဆန်ဖြစ်နေတယ်။ ကလေးတွေဆို ကြည့်ပြီး ရယ်ကြ သဘောကျကြမဲ့ အကွက်တွေ ထည့်ထားတယ်။ Slow motion တွေ စွတ်သုံးထာတယ်။ ဒီလို Over ဖြစ်နေတဲ့ script နဲ့ edit တို့ကြောင့် WW84 ဟာ DC က Superhero ကားတစ်ကား ပုံစံမဟုတ်ဘဲ Disney channel မှာလာနေတဲ့ ကလေးကြည့် ဇာတ်လမ်းတွဲတစ်ပုဒ်လိုမျိုးကိုဖြစ်နေတယ်။ Femenism ကိုပြတာမှာလည်း အရင်ကားလိုမဟုတ်ဘဲ အရမ်းကိုပြီးစလွယ်ဖြစ်လာတယ်။ သတိထားကြည့်ရင် Wonder Woman ကယ်တာခံရတဲ့ ကလေးတွေအပါအဝင် victim တွေ အားလုံးနီးပါးက အမျိုးသမီးတွေဖြစ်ပြီး ယောင်္ကျားတွေ နမော်နမဲ့လုပ်လို့ ဝင်ကယ်လိုက်ရတာချည်းပဲ။ အဲအပြင်လည်း ယောင်္ကျားတစ်ယောက်မှ ကောင်းတာမပါဘဲ အားလုံးက စော်ချောချောလေးမြင်တာနဲ့ hey sexy ဆိုပြီး ဝိုင်အော်ကြတဲ့ super နှာဘူးတွေချည်းပဲဖြစ်နေတယ်။ Wonder Woman (2017) တုန်းကလို တကယ်ကို epic and powerful လည်းဖြစ် meaningful ဖြစ်တဲ့အခိုက်အတန့်တွေမပါပဲ သက်သက်ကြီးလုပ်ပြနေတာမျိုးတွေပဲ ပိုများနေတယ်။ တချို့ cut တွေဆိုလည်း လုံးဝမထည့်ရင် ရသလောက် နားမလည်မှာစိုးလို့လားမသိဘူး အတင်းကြီးလုပ်ပြထားတာတွေရှိတယ်။ Truth is b...

Justice League: Crisis on Infinite Earths - Part Two (2024) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Action #Animation #ScienceFiction #Adventure #Fantasy #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။ အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။
...

Chronicle of a Blood Merchant (2015) ⭐IMDB: 6.8/10 (740 Votes) 🎬 #Drama #Romance #History 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 4 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chronicle of a Blood Merchant (2015) ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီးတစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ် နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာအရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ် ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီးမိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးက မင်းသားHa Jung Wooကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီးကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့Ha Ji Wonတို့ပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။
...

Getting Even with Dad (1994) ⭐TMDB: 52% User Score 🎬 #Comedy #Crime #Family 🗓 1994 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Getting Even with Dad (1994)IMDb – 4.9/10 Home Aloneရုပ်ရှင်တွေမှာ လူကြီးတွေကို ပညာပြခဲ့တဲ့ ကောင်ဆိုးလေးကဒီရုပ်ရှင်မှာလည်း လူကြီးတွေထက် နှာတစ်ဖျားသာပြီး ဘယ်လိုတွေပညာပြမလဲကြည့်ရမှာပါ။ အမေဖြစ်သူ ကင်ဆာနဲ့ဆုံးပြီး အဒေါ်နဲ့နေတဲ့ တင်မီလေးတစ်ယောက်အဒေါ်ဖြစ်သူ ယောကျ်ားယူသွားလို့ အဒေါ်ရဲ့ ဟန်းနီးမွန်းခရီးမှာလိုက်ရင်း ပြဿနာရှာတဲ့အတွက်အဒေါ့်ယောကျ်ားငြိုငြင်မှုနဲ့အတူ ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အဖေဖြစ်သူရဲ့တိုက်ခန်းမှာ သွားနေရာကစပါတယ်။အဖေဖြစ်သူကလည်း သူ ငယ်စဉ်ကတည်းက ထောင်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တဲ့အတွက်ကလေးဘ၀ကတည်းက အတူနေဖူးတာမရှိ။ဒီမှာပဲ အဖေဖြစ်သူနဲ့ အတူနေရတဲ့ တစ်ပတ်တာကာလအတွင်း သားဖတွေကြား သံယောဇဉ်တွေနဲ့အဖေဖြစ်သူလုပ်ထားတဲ့ ရာဇဝတ်မှုကို ဘယ်လိုတွေဝင်နှောင့်မလဲဆိုတာ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့aungmo3hanပဲ ဖြစ်ပါတယ်။
...

The Kung Fu Cult Master (1993) ⭐TMDB: 66% User Score 🎬 #Action #Fantasy #History 🗓 1993 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 41 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ ဂျက်လီရဲ့ နဂါးနိုင်ဓါးဇာတ်လမ်းပါ။.နဂါးနိုင်ဓါးရဲ့ကျောရိုးဇာတ်လမ်းကိုယူထားပေမယ့်လည်းပုံမှန်ကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲနဲ့ယှဉ်ရင်တော်တော်များများကွဲထွက်နေတာကိုသတိထားမိမှာပါ..အရသာမတူတဲ့ဇာတ်လမ်းလေးကိုခံစားကြည့်လိုက်ပါ.. သိုင်းလောကကြီးရဲ့ပဋိပက္ခတွေစတင်လာပုံကတော့ သိမ်းငှက်သူရဲကောင်းရန်ကော့ရဲ့သံဓားကိုကောကျင့်နဲ့ဟွမ်ရုံကရသွားပြီးတော့ ရွှေနဲ့ရောအရည်ဖျော်ပြီးနဂါးနိုင်ဓားနဲ့ တိမ်လွှာဓားဆိုတဲ့ဓားနှစ်လက်ကိုသွန်းလုပ်ခဲ့တယ်။ အဲဒီဓားနှစ်လက်ထဲမှာ ယွဲ့ဖေးရဲ့စစ်ဗျူဟာကျမ်းနဲ့လစကြာသိုင်းကျမ်းရဲ့လျှို့ဝှက်ချက်ကိုထည့်ဖွက်ထားတယ်လို့ဆိုကြတယ်။ဒီဓားနှစ်လက်ကိုပိုင်ပြီး လျှို့ဝှက်ချက်တွေကိုရတဲ့အခါသိုင်းလောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်ပြီလို့ယူဆကြတဲ့အတွက်ကြောင့်သိုင်းလောကကြီးမှာ သွေးစွန်းတဲ့တိုက်ပွဲပေါင်းများစွာနဲ့ ဓားလုပွဲကြီးဖြစ်လာပဲဖြစ်ပါတယ်။
...

All That Sex (2023) ⭐IMDB: 4.5/10 (224 Votes) 🎬 #Comedy #Romance #Drama 🗓 2023 🎞 movie 🌎 #Poland ⏰ 1 နာရီ 41 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All That Se-x aka Caly Ten Seks [2023](IMDb 4.5/10) 18+ လူတွေမှာ လိင်ကိစ္စနဲ့ပက်သက်ပြီး လိုအင်ဆန္ဒတွေ အမျိုးမျိုး ရှိကြပါတယ်…တချို့က ရင်သားကြီးတာ ကြိုက်တယ် အရပ်ရှည်တာကြိုက်တယ် အသားလတ်တာကြိုက်တယ် မျက်လုံးလှတာကြိုက်တယ်…တကယ်တော့ ဒါတွေက အပေါ်ယံအဆင့် ရှိပါသေးတယ်…လိင်မှုကိစ္စမှာ ဒီထက်နက်နဲတာတွေ အများကြီးမှ အများကြီးရှိပြီးတော့ ပိုလည်း ရှုပ်ထွေးတာကို ဒီပိုလန်ဇာတ်ကားလေးက ရိုက်ကူးပြထားတာပါ… ဇာတ်ကားထဲမှာ စုံတွဲ ၅တွဲပါဝင်ပြီးတော့ သူတို့ စုံတွဲတစ်တွဲဆိီမှာ ကြုံတွေ့ရတဲ့ မတူညီတဲ့လိင်ပိုင်းဆိုင်ရာ လိုအင်ရမ္မက်တွေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရိုက်ပြထားပါတယ်…ဒီလို အခက်အခဲတွေကြားကပဲ လိုအင်ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းသွားကြလဲ…တချို့ဟာ အဆင်ပြေဖို့ ကြိုးစားရင်းက သူတို့ဟာ သူတို့ရဲ့ ပါတနာတွေနဲ့အံဝင်ခွင်ကျသူတွေ မဟုတ်ကြပါလားဆိုတာကို သတိထားမိကြရင်းကဘဝကို ဘယ်လိုတွေ ဆက်လျှောက်လှမ်းသွားလဲ…လိင်မှုကိစ္စဟာ လူတစ်ယောက်ကို သူမထင်သူ တစ်ဦးပြောင်းသွားစေပါသလား… အစရှိသဖြင့်လိင်မှုဘဝနဲ့ပက်သက်ပြီး အမျိုးမျိုးသော အကြောင်းအရာတွေကို ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Accidental Texan (2023) ⭐IMDB: 5.6/10 (363 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Accidental Texan (2024) ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်ကောင်းလေးပါ။IMDb rating 6, Rotten Tomatoes – 52% ရရှိထားပါတယ်။၁၉၉၉ ခုနှစ်က ကိုးလ်သွန်မဆင် ရေးသားခဲ့တဲ့ Chocolate Lizards ဆိုတဲ့ စာအုပ်ကို ခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာဝင် ဟာ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်ပါ။ဟားဗက်တက္ကသိုလ်မှာ တက်ရင်း အနုပညာအလုပ်လုပ်ချင်တာမို့ ကျောင်းထွက်ပြီးဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူပါ။သူ့အနေနဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရပြီးတော့ ပျော်နေတုန်း ရိုက်ကွင်းမှာ တလွဲလုပ်လိုက်မိပါတယ်။သူလည်း အလုပ်ပြုတ်သွားသလို စိတ်ညစ်ပြီးတော့ ကား လျှောက်မောင်းရင်းကန္တာရတစ်နေရာမှာ ကားပျက်ပြီး လူလည်း သောင်တင်သွားပါတယ်။သူရောက်သွားတာကတော့ တက္ကဆက်ပြည်နယ် ဘာဖယ်လိုဂက်ပ်ဆိုတဲ့ မြို့ငယ်လေးရဲ့ အပြင်ဖက်မှာပါ။သူလည်း မြို့လေးကို လမ်းလျှောက်သွားပြီး အကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့မြို့လေးမှာ အာဝင် လည်း မားလ်ဆိုတဲ့ လူတစ်ယောက်နဲ့ဆုံပြီးတော့ရေနံတူးရင်း ဘဝကို ပြောင်းလဲပေးလိုက်တဲ့ အဖြစ်မျိုးတွေ ကြုံရပါတော့တယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
...

Semmelweis (2023) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #Hungary ⏰ 2 နာရီ 7 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Semmelweis (2023) ကျွန်တော်တို့ ဆေးပညာသမိုင်းစာမျက်နှာကို လှန်ကြည့်လိုက်မယ်ဆိုရင် ခေတ်အဆက်ဆက်က သမားတော်တွေ ဆရာဝန်တွေဆိုတာလူနာကိုအလယ်မှာထားလို့ ရောဂါပိုးတွေရော ရောဂါအမျိုးမျိုးနဲ့ပါ လွန်ဆွဲတိုက်ခိုက်နေကြရတာပါ။ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတဲ့ ကုသနည်းတွေနဲ့အတူ ရောဂါဆန်းတွေလည်း တစ်ခုပြီးတစ်ခုမြင်နေရတယ်ဆိုပေမဲ့အသစ်အသစ်ရှာတွေ့လာတဲ့ကုသမှုတိုင်းရဲ့နောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့အသက်တွေနဲ့ အားစိုက်ခဲ့ရတဲ့ ဆရာဝန်တွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မမေ့လိုက်သင့်ပါဘူး။အခုဒီနေ့မှာ တင်ဆက်ပေးချင်တာတော့ တစ်ချိန်က မိခင်တွေရဲ့ကယ်တင်ရှင် Miracle Worker ရယ်လို့ တင်စားခဲ့ကြတဲ့ ဒေါက်တာအစ်ဂ်နက်ဆမ်မယ်ဝိုက်စ်ရဲ့Biography Dramaလေးပဲဖြစ်ပါတယ်။ ဗီအန်နာမြို့ရဲ့ အကောင်းဆုံးဆေးခန်းမှာအလုပ်လုပ်ဖို့က အဲဒီခေတ်အဲဒီအချိန်က ဗီအန်နာမြို့က ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးရဲ့အိပ်မက်တစ်ခုပါပဲ။ဒါပေမဲ့ ဒီဆေးခန်းက မီးဖွားမယ့်မိခင်တွေအတွက်တော့ သေမင်းဆေးရုံကြီးလို့ ခေါ်ရတဲ့အထိအဝင်ပဲရှိ ထွက်လမ်းမရှိလို့ သမုတ်ရတဲ့အထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သေမင်းတံခါးဝပေါ့။ဒီဆေးရုံမှာမွေးမယ့်အစား လမ်းဘေးမှာပဲမွေးပစ်လိုက်ရရင်တောင် ကောင်းသေးတယ်ဆိုတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ ‌ဒီလိုနဲ့ သေမင်းဆေးရုံကြီးကို သားဖွားဆရာမကောလိပ်က သားဖွားဆရာမ သူနာပြုတစ်ယောက် အလုပ်လာလျှောက်ရာကနေဒေါက်တာဆမ်မယ်ဝိုက်စ်တစ်ယောက် မိခင်တွေတဖြုတ်ဖြုတ်သေနေတာ သူတို့ဆေးခန်းတစ်ခုတည်းမှာဖြစ်နေတယ်ဆိုတာဒီကပ်ဆိုက်နေတယ်ဆိုတာ ဒီဆေးခန်းမှာပဲ ထိန်းမရသိမ်းမရဖြစ်နေတာကို သိသွားပါတော့တယ်။ဘာလို့လဲဆိုတော့ ပထမဆုံးအလုပ်လာဆင်းတဲ့ သားဖွားဆရာမကောလိပ်က သူနာပြုကမီးဖွားထားတဲ့မိခင်တွေ အဖျားတက်ပြီး သူ့ရှေ့တင်ဆုံးသွားတာကို မျက်မြင် မြင်လိုက်ရပြီး ဒီလိုမျိုးမကြုံဖူးဘူးလို့ ပြောလိုက်လို့ပါပဲ။ ကပ်ဆိုက်တယ်လို့ခေါ်ရအောင်လည်း ဒီဆေးခန်းမှာပဲဖြစ်နေတာမလို့ အကြောင်းအရင်းက ဆေးခန်းမှာပဲရှိရမယ်ဆိုပြီးဆမ်မယ်ဝိုက်စ်တစ်ယောက် အကြီးအကျယ် သုတေသနလုပ်ဖို့ ကြံစည်ပါတော့တယ်။နဂိုထဲက အနှိမ်ခံဟန်ဂေရီလူမျိုးဖြစ်တာကတစ်ကြောင်း လူကတော်ပေမဲ့ လူမှုဆက်ဆံရေးကမကောင်း စည်းကမ်းဆိုလည်းမလိုက်နာတတ်လို့အထက်‌လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကပါ မနာလိုတိုက်ခိုက်မှု‌တွေကြားက ဆမ်မယ်ဝိုက်စ်တစ်ယောက်မိခင်တွေရဲ့အသက်ကို ရက်ရက်စက်စက် နှုတ်ယူသွားတဲ့ တရားခံကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
...

6 Hours Away (2024) ⭐IMDB: 5.4/10 (102 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #Mexico ⏰ 1 နာရီ 34 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 6 Hours Away [2024](IMDb – 5.7/10) ခရစ်နဲ့ ဆာရာတို့ဟာ မာယာဆိုတဲ့ သမီးလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်တဲ့မိသားစု ဘဝလေးကို တည်ဆောက်ထားကြပါတယ်…တစ်နေ့ ဆာရာ အလုပ်ကိစ္စနဲ့ ခရီးသွားတုန်း… FBI အေးဂျင့်နှစ်ယောက်က ခရစ်ဆီရောက်လာပြီး သူတို့ ဆာရာကို စောင့်နေတာ ကြာပြီးဖြစ်ကြောင်းနဲ့ဆာရာဟာ လာဘာကာ မူးယစ်ဂိုဏ်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပက်သက်နေတဲ့ ရာဇဝတ်ကောင်အကြီးစားကြီး ဖြစ်ကြောင်း၊အခုတော့ လုပ်ကြံမှုတစ်ခုအတွင်းမှာ သေဆုံးပျောက်ကွယ်သွားကြောင်း အသိပေးသွားပါတယ်… ခရစ်ဟာလည်း ဒီစကားတွေကို မယုံကြည်ပေမယ့် ဇနီးသည်နဲ့ကလည်း အဆက်အသွယ်မရ ဖြစ်နေခဲ့ပါတယ်…ဒီနောက်မှာတော့ ထူးဆန်းတဲ့ ဖုန်းကောလ်ကြောင့် ဂျိမ်းမောင့်ဂိုမာရီကို လိုက်ရှာပါတော့တယ်…ဂျိမ်းဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီးတော့ ဆာရာကို အသက်ရှင်လျက် ပြန်တွေ့ချင်ရင်ဂျိမ်းရဲ့ပြိုင်ဘက်ဂိုဏ်းက အဖွဲ့ဝင် ၆ယောက်ကို ၆နာရီအတွင်း သတ်ပေးရမယ်လို့ ခိုင်းစေပါတော့တယ်…ဒီလိုနဲ့ တချိန်က မရင်းတပ်သားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ခရစ်လည်း ဇနီးသည်ကို ပြန်လည်ကယ်တင်နိုင်ရေးအတွက်မူးယစ်ရာဇာရဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားအဖြစ် တာဝန်ထမ်းဆောင်လိုက်ပါတော့တယ်…၆နာရီအတွင်းမှာ သူသတ်ရမယ့် လူတွေဟာ မူးယစ်ဂိုဏ်းဝင်တွေဖြစ်တာကြောင့်အခက်အခဲမျိုးစုံကို ရင်ဆိုင်ရင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေလည်း ပါဝင်တာမို့ပရိသက်ကြီးတို့ကိုယ်တိုင် ရှုစားလိုက်ကြပါဦးခင်ဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Trapped Balloon (2022) ⭐IMDB: 7.4/10 (11 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Japan ⏰ 1 နာရီ 41 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trapped Balloon (2023) မိခင်မရှိတော့တဲ့နောက် တစ်ကိုယ်တည်းနေနေတဲ့ ဖခင်ဖြစ်သူနဲ့တွေ့ဖို့ဟီရိုရှီးမားက တဲရှိမ ဆိုတဲ့ ကျွန်းလေးဆီ ရောက်လာခဲ့တဲ့ ရင်ကိုဆိုတဲ့ ကောင်မလေးတစ်ယောက်…ရင်ကို ဒီလိုပြန်လာတာကလည်း နာမကျန်းဖြစ်နေတဲ့ အဖေ့ကို ပြုစုဖို့၊ ဆုံးသွားတဲ့ အမေ့ကို သတိရလို့ဆိုတာတွေအပြင်အလုပ်လုပ်တိုင်း အဆင်မပြေမှုတွေ ကြုံရပေါင်းများလို့ စိတ်ဓာတ်ကျနေတာလည်း ပါပါတယ်။ ဒီလိုမျိုးအကြောင်းပြချက်တွေနဲ့ တဲရှိမကျွန်းဆီ ရောက်လာတဲ့ ရင်ကိုရဲ့ဘဝထဲ ဝင်ရောက်လာသူကတော့ ကန်းဂျိဆိုတဲ့ ထူးဆန်းတဲ့သူတစ်ယောက်ပါပဲ။ကန်းဂျိဆိုတာက နှုတ်နည်းပြီး တစ်နေ့တစ်နေ့ ငါးထောင်ဖမ်းလိုက်၊ အိမ်ပြန်လာလိုက်၊လတ်ဆတ်တဲ့ငါးတွေရရင် ရင်ကိုတို့အိမ်ကိုပေးလိုက်၊ ရင်ကိုနဲ့ သူ့အဖေတို့ အကူအညီလိုရင် လာကူညီလိုက်နဲ့ဘဝကို တည်ငြိမ်အေးဆေးစွာ ကျော်ဖြတ်နေသူပါ။ရင်ကိုအတွက် ထူးဆန်းနေတာကတော့ ရင်ကိုတို့အိမ်ကို ကန်းဂျိတစ်ယောက်တံခါးမရှိ ဓားမရှိဝင်ထွက်နေတာရယ်၊ ကန်းဂျိအိမ်မှာ အမြဲချည်ထားတဲ့ ပူဖောင်းရယ်ပါပဲ။ ရင်ကိုတစ်ယောက် ကန်းဂျိကို ကြောက်နေရာကနေ တစ်နေ့မှာတော့ ပျောက်နေတဲ့ မူလတန်းကျောင်းသူလေးကိုသွားကယ်လာတဲ့ ကန်းဂျိဖြစ်သူကြောင့် နှုတ်နည်းလွန်းတဲ့ ကန်းဂျိအကြောင်းကို ပိုလို့တောင် သိချင်သွားပါတော့တယ်။ကန်းဂျိဆိုတဲ့သူဟာ ဒီလောက်စိတ်သဘောထားကောင်းပါရက်နဲ့ ဘာလို့ အပြုံးအရယ်နည်းနေခဲ့ပါသလဲ? ချည်နှောင်ထားတဲ့ ပူဖောင်းလေးတွေက “စောင့်နေမယ်”ဆိုတဲ့ သင်္ကေတပါတဲ့။မပြီးပြတ်နိုင်သေးတဲ့ သံယောဇဉ်အမျှင်တန်းတွေဟာလည်း ဇာတ်ကားနာမည်လိုမျိုးလေနှင်ရာ လွတ်လွတ်လပ်လပ် မလွင့်နိုင်တဲ့ ပူဖောင်းလေးအတိုင်းပါပဲ။ရင်ကိုနဲ့ ကန်းဂျိတို့နှစ်ယောက် သောကဗျာပါဒတွေကို အချင်းချင်း ဘယ်လိုကုစားကြမလဲဆိုတာကိုတော့ဟီရိုရှီးမားဒေသကို နောက်ခံထားရိုက်ကူးပြီး ဆုတွေအများကြီးရထားတဲ့ ဂျပန် Drama ရုပ်ရှင်မှာ ဆက်လက်ခံစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Eggပဲ ဖြစ်ပါတယ်။
...

Too Much Love (2023) ⭐IMDB: 4.0/10 (2 k Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 40 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Too Much Love (2023) Netflix ကနေထုတ်ထားတဲ့ ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ တူရကီကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဖောရက်ပြောခဲ့သလိုပဲ ဘဝဆိုတာ ချောကလက်ဗူးလေးလိုပဲ မင်းဘာရလာမလဲဆိုတာ ဘယ်တော့မှမသိနိုင်ဘူးတဲ့ ဒါကိုကလဲဘဝရဲ့အဓိပ္ပာယ်နေမှာ။ ဒီဇာတ်ကားလေးမှာဆိုရင်လဲ လူငယ်တစ်ယောက်ပေတေလေလွင့်နေရာကနေ အချစ်နဲ့တွေ့ပြီးဘဝကို ဘယ်လိုအနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Comedy ဆန်ဆန်လေးနဲ့ တင်ဆက်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်နေ့ကျရင် ဇတ်ညွှန်းရေးမယ် ရုပ်ရှင်တွေရိုက်မယ်ဆိုပြီး အိပ်မက်တွေရှိတဲ့ ဂျော့ခွန်ဆိုတဲ့လူငယ်လေးတစ်ယောက် ဘဝမှာအချစ်နဲ့ပထမဆုံး စတင်ထိတွေ့မိခဲ့တဲ့အချိန်ကစပြီး သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။သူ့အချစ်အတွက် သူ့ဝါသနာနဲ့ ယှဉ်လာတဲ့အခါမှာ ဘယ်အရာကိုဦးစားပေးရမလဲဆိုတာ ဝေခွဲရခက်လာပါပြီ။ ဝါသနာကိုလဲမစွန့်လွှတ်နိုင်သလို အချစ်ကိုလဲ မစွန့်လွှတ်နိုင်တဲ့ လူငယ်လေးတစ်ယောက် သူ့ဘယ်အရာတွေကိုဦးစားပေးပြီးဘယ်အရာကိုလက်လွှတ်မှာလဲ နှစ်ခုလုံးကိုကော ပိုင်ဆိုင်နိုင်မလားဆိုတာကိုတော့ ဟာသဆန်ဆန်လေးနဲ့ တင်ဆက်ထားတာမို့ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...

My Zombabe (2024) ⭐IMDB: 6.4/10 (20 Votes) 🎬 #Comedy #Horror #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 46 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Zombabe (2024)IMDb – 6.2/10 နာမည်ကျော် ဖိလစ်ပိုင်ဟာသမင်းသား Empoy Marquez ရဲ့ခပ်ဆန်းဆန်း ဇွမ်ဘီဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗိုင်းရပ်စ်တစ်မျိုးကြောင့် လူတွေအကုန်လုံးနီးပါး ဇွမ်ဘီတွေဖြစ်ကုန်ပြီး ကမ္ဘာပျက်ကိန်းကြီးကြုံနေရပေမဲ့ပင်လယ်ကြီးဘေးမှာ လက်တစ်ဆုပ်စာရှင်ကျန်ဆဲဖြစ်တဲ့လူတွေထဲက ပွန်ဂ်ဆိုတဲ့ ကောင်လေးကတော့ သူ့ဘ၀ကိုခဏတာခိုဝင်လာဖူးတဲ့ ယာစမင်းဆိုတဲ့အမျိုးသမီးလေးကို တမ်းတနေတုန်းပါပဲ။သူတို့အဖွဲ့လေးထဲမှာ ခေါင်းဆောင်တစ်ယောက်ရှိပြီး ဗိုင်းရပ်စ်ကူးခံရပြီထင်တာနဲ့ သတ်ပစ်တတ်ပါတယ်။တစ်ညမှာတော့ ဇွမ်ဘီမလေးဖြစ်သွားတဲ့ ယာစမင်းကို ပွန်ဂ်တစ်ယောက်တွေ့လာခဲ့ပါတော့တယ်။ချစ်ရတဲ့ဇွမ်ဘီမလေးကို အသတ်ခံရမှာစိုးတဲ့အတွက် ပွန်ဂ်တစ်ယောက်ညီဖြစ်သူကို အကူအညီတောင်းပြီး ဘယ်သူမှမတွေ့အောင်ဝှက်ထားဖို့ ကြိုးစားပါတော့တယ်။ ဇွမ်ဘီတွေပါတာမို့ ထိတ်လန့်သည်းဖိုလည်းဖြစ်ပေမဲ့အချစ်တွေဖြန်းပက်ထားတဲ့ အလွမ်းဇာတ်လမ်းလေးမို့ ခံစားကြည့်ရှုကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့aungmo3hanပဲ ဖြစ်ပါတယ်။
...

Passion (2008) ⭐TMDB: 63% User Score 🎬 #Drama #Romance 🗓 2008 🎞 Series 🌎 #Japan ⏰ 1 နာရီ 56 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Passion ( 2008 ) Direceted By Ryusuke Hamaguchi “ရုပ်ရှင်တွေအားလုံးဟာ တစ်ချိန်တည်းမှာ ဖစ်ရှင်လည်းဆန် ဒိုကူမန်ထရီလည်းဖြစ်နေကြတယ်။ ဒိုကူမန်ထရီသန့်သန့်ဆိုတာလည်း မရှိသလို ဖစ်ရှင်သန့်သန့်ဆိုတာလည်း မရှိဘူး”လို့ ရူဆုခဲဟမဂုချိက ပြောဖူးတယ်။Passion ( 2008 )ဟာလည်း ကျွန်တော်တို့ဘဝထဲရှိနေတဲ့ ဖစ်ရှင်တစ်ခုလို့ပြောရမလားပဲ။ သူ့ကိုယ်ပိုင်ပွဲဦးထွက်ရုပ်ရှင်လို့ပြောလည်းရတယ်။ဒီမတိုင်ခင် ၂၀၀၇က ထွက်ခဲ့တဲ့ သူ့ပွဲဦးထွက်အစစ် Solarisက သူ့ဆရာ ခိရိုရှိကူရိုဆာဝါရဲ့ စီမံပေးမှုနဲ့ တာကော့စကီးရဲ့ ဆိုလာရစ်ကို ပြန်ရိုက်ထားတာဆိုတော့ ဒါကို ကျွန်တော်တော့ ထည့်မတွက်ချင်ဘူး။သေချာတာတော့ ဟမဂုချိဟာ ပွဲဦးထွက်မှာတင် တော်တော်ကြမ်းခဲ့ပါတယ်။ Passion ( 2008 )ဟာလည်း သူ့ထုံးစံအတိုင်းပဲ လူ့အတွင်းစိတ်ရဲ့ မရေရာခြင်း ဝေဝါးခြင်းတွေကို မြင်သာထင်သာရှိအောင် ပြထားတဲ့ ရုပ်ရှင်ပါပဲ။ သူ့ဇာတ်က ရှင်းရှင်းလေး‌တော့ ရှင်းရှင်းလေး။ သူငယ်ချင်းတစ်အုပ်ရှိတယ်။ ကောင်လေးသုံးယောက်ပေါ့။ ကောင်မလေး၂ယောက်လည်းပါမယ်လို့ ယူဆရတယ်။အဲဒီအုပ်ထဲက ကောင်လေးနဲ့ကောင်မလေးတစ်တွဲက အတူတူနေနေတဲ့အတွဲတွေ။ နောက်သူငယ်ချင်းကောင်လေးက အိမ်ထောင်ရှိတယ်။ ကလေးလည်းမွေးတော့မယ်။နောက်သူငယ်ချင်းကောင်လေးကတော့ လူလွတ်။ လူလွတ်ကောင်လေးက ခုနအတွဲထဲက ကောင်မလေးကို တစ်ဖက်သတ်ချစ်နေတာ တော်တော်ကြာပြီ။ ရုပ်ရှင်ဟာ သူတို့သူငယ်ချင်းတစ်အုပ် ဆုံဖြစ်ကြတာနဲ့စတယ်။ ညနက်လာတော့ မိန်းကလေးတွေကို ပြန်ပို့လိုက်ပြီး ယောက်ျားလေးတွေချည်းနေခဲ့ကြတယ်။တစ်ကောင်က သူတို့သူငယ်ချင်းထဲက မလာဖြစ်တဲ့ ကောင်မလေးတစ်ယောက်အိမ်ကို သွားကြမယ်ပြောတယ်။ အဲဒီကောင်မလေးကလည်း လူလွတ်ပဲ။အဲဒီလူလွတ်ကောင်မလေးနဲ့ ခုနလူလွတ်ကောင်လေးက အိပ်ဖူးတယ်။ လူလွတ်ကောင်လေးကတော့ သူ့ကို မချစ်ဘူး။ မချစ်ဘဲ အိပ်တယ်ပေါ့။ ဒီတော့ သူတို့ သူ့အိမ်ကိုသွားကြတယ်။ သူတို့သုံးယောက်အိမ်ကိုရောက်တော့ လူလွတ်ကောင်မလေးအကြောင်းသိရတာက ကောင်မလေးက သူ့အဒေါ်အိမ်မှာနေနေတာ။ သူ့အဒေါ်က နာမည်ကြီးစာရေးဆရာမဒါပေမဲ့ ဒီအိမ်ကို သူ့ကြောင်လေးအတွက် ဆက်ထားထားတာ။ သူကကြောင်လေးကိုကြည့်ပေးရင်း အလကားနေနေတာ။ သူတို့သွားတဲ့နေ့မတိုင်ခင်တုန်းက ကြောင်လေးက သေသွားတယ်။အဲဒီအကြောင်းပြောရင်း ကြောင်လေးအတွက် အရက်သောက်နေတုန်း သူ့အဒေါ်စာရေးဆရာမက သူ့ကြောင်လေးအတွက် ရတက်မအေးလို့ ရောက်ချလာတယ်။ဒီမှာ အိမ်ထောင်သည်ကောင်နဲ့ သူ့အဒေါ်နဲ့ ဇာတ်လမ်းဖြစ်ကြတယ်။ နောက်ပိုင်းလည်း အတွဲရှိတဲ့ကောင်လေးနဲ့ အဲဒီအိမ်က ကောင်မလေးနဲ့ဖြစ်ကြတယ်။ ဒီတစ်ကားလုံး ဒီလိုဖြစ်နေတာတွေချည်းပြသွားတယ်။ နောက်ဆုံး လူလွတ်ကောင်မလေးရယ်။ ရည်းစားရှိတဲ့ကောင်လေးရယ်။ အိမ်ထောင်ရှိတဲ့ကောင်လေးရယ်။ သုံးယောက်သား တစ်ခုမှမလိမ်ဘဲ အမှန်တွေချည်း တစ်နာရီပြောကြမယ်ဆိုပြီး ဂိမ်းဆော့ကြတယ်။ဒီတစ်ကားလုံးရဲ့ အဓိကနေရာလို့ပြောလည်းရတယ်။ အဲဒီကစားပွဲကို စတဲ့ ရည်းစားရှိတဲ့ကောင်လေးကတော့ သူဘယ်လိုလူလဲ သူ့ကိုယ်သူမသိနေလို့ ။ သူဘယ်လိုလူလဲ အဖြေရှာဖို့ ဒီကစားနည်းကို ကစားတာလို့ပြောတယ်။တကယ်လည်းဟုတ်တယ်။ သူတို့အားလုံးမှာ တူညီနေတဲ့အချက်က သူတို့ဘာဖြစ်ချင်လည်း သူတို့မသိနေကြဘူး။ ဒါကြောင့်မို့ သူတို့ဘာဖြစ်ချင်လဲ သူတို့တောင်မသိတာမို့ သူတို့လုပ်သမျှကလည်း အရမ်းရှုပ်ထွေးလွန်းနေခဲ့တယ်။သူတို့ကိုယ်သူတို့တောင် လုံးစေ့ပတ်စေ့နားလည်နေမှာမဟုတ်ဘူး။ ဒီပြဿနာမျိုးကို ဒီလိုပွိုင့်ကပြတဲ့ ရုပ်ရှင်ကို ကျွန်တော်မမြင်ဖူးဘူးလို့ပဲ ပြောရမယ်။ကိုယ်တိုင်လည်း ဒီလိုကိစ္စမျိုး ကြုံဖူးတော့ သူပြောသွားသမျှ ပြသွားသမျှဟာ ဟုတ်တော့ဟုတ်နေတာကိုလည်း ခံစားမိနေတယ်။ဒါပေမဲ့ ဟမဂုချိရုပ်ရှင်အများစုလိုပဲ သူတို့အတွက် အဖြေမရှိပါဘူး။သူတို့ဘယ်သူတွေလဲ သူတို့သေချာမသိသွားကြသလို ကျွန်တော်တို့ မြင်ရတာလည်း တော်တော်ဝေဝါးတယ်။ဒါလည်းလက်တွေ့တောာ့ကျပါတယ်။ ဒီဇာတ်ကောင်သုံးကောင်ပြင်ပက နောက်ထပ် အဓိကဇာတ်ကောင်၂ကောင်ဖြစ်တဲ့ လူလွတ်ကောင်လေးနဲ့ ခုနအတူတူနေနေတဲ့အတွဲက ကောင်မလေး နှစ်ယောက်ကလည်းတူတယ်။သူတို့က ခုနပုစ္စာရဲ့ အဖြေလို့တော့ ပြောချင်လည်း ပြောလို့ရပေမဲ့ ကျွန်တော်တော့မထင်ဘူး။သူတို့၂ယောက်ကိုက ခုနတစ်အုပ်နဲ့မတူတဲ့ တခြားလူတစ်အုပ်အဖြစ် မြင်နေရတယ်။ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိနေတဲ့လူတွေပေါ့။ သေချာသိတယ်လို့တော့ မသုံးနှုန်းချင်ဘူး။လူလွတ်ကောင်လေးက ဟိုအတွဲက ကောင်မလေးကိုချစ်သလို အဲဒီအတွဲက ကောင်မလေးကလည်း သူ့ကောင်လေး ဖောက်ပြန်နေတာကို သိသိရက်နဲ့တောင် ခွင့်လွှတ်ပေးနိုင်တဲ့အထိ ချစ်တယ်။ဒီတော့ သူတို့ကတော့ လုံးဝရိုးရှင်းတယ်။ သူတို့ချစ်ရမယ့်သူကိုပဲ ဘာာဖြစ်ဖြစ် ချစ်နေကြတဲ့သူတွေပဲ။ ဒီရုပ်ရှင်ဟာ ဘာရုပ်ရှင်လဲဆို ဒီလူအုပ်စု၂မျိုုးလို့ပြောရမလား လူ့စိတ်အခြေအနေ၂မျိုးလို့ပြောရမလား ခံစားချက်၂မျိုးလို့တော့ပြောရမလားမသိတဲ့ အဲဒီ၂မျိုးကို တစ်ပေါင်းတည်း Presentationလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ဒီလောက်ဇာတ်ရှုပ်နေတာက ဖစ်ရ...

Kurt Turns Evil (2009) ⭐TMDB: 58% User Score 🎬 #Animation #Comedy #Family #Drama 🗓 2009 🎞 Series 🌎 #Norway #Denmark ⏰ 1 နာရီ 14 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kurt Turns Evil (2008)IMDb – 6.3/10 ၂၀၀၈ခုနစ်ကထွက်ရှိခဲ့တဲ့ နော်ဝေသရီးဒီကာတွန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။သားသမီးသုံးယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့အတူ နေထိုင်နေပေမဲ့ဖော့ကလစ်မောင်းတဲ့ ကာ့တ်ကို မိသားစုဝင်တစ်ယောက်ကမှ အထင်မကြီးကြပါဘူး။ဒီကြားထဲ ဘေးအိမ်ကို ဆရာဝန်တစ်ယောက်ပြောင်းလာတဲ့အခါမှာတော့မိသားစုဝင်တွေအကုန်လုံးက စကားပြောတိုင်းမှာ ဆရာဝန်ရဲ့နာမည်မပါမပြီးဖြစ်နေကြရော။ဒီမှာပဲ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့အရေးနည်းအမျိုးမျိုးနဲ့ ကြံဆောင်ရာကနေ အလွဲတွေဖြစ်ပါတော့တယ်။ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့ကြိုးစားမှုအောင်မြင်မလားဆိုတာကြည့်ရမဲ့ ကာတွန်းရုပ်ရှင်လေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့aungmo3hanပဲ ဖြစ်ပါတယ်။
...

A Will Eternal (2020) ⭐TMDB: 88% User Score 🎬 #Animation #SciFi #Fantasy #Comedy #Drama #Action #Adventure 🗓 2020 🎞 Series 🌎 #China ⏰ 19 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Will Eternal (2020)MyAnimeList 7.8/10 IMDb 7.9/10သိုင်းဝတ္ထုတွေမှာဆိုရင် Wuxia, xuanhuanနဲ့ xianxiaဆိုပြီး အကြမ်းဖြင်းရှိပါတယ်။ Wuxiaမှာဆိုရင် ဆရာကြီး ကျင်းယုံရဲ့ universeက နာမည်ကြီးပြီး ( ရှောင်ဖုံး၊ ကောကျင့်၊ ကျန်းဝူကျိ၊ လင်ဟူချုံး) Xianxiaမှာဆိုရင် Ergen verseက နာမည်ကြီးပါတယ်။ (မြန်မာဝတ္ထုတွေထဲမှာဆိုရင် ထူးထူးခြားခြား မင်းသိင်္ခဝတ္ထုတွေမှာ ဆားပုလင်းနှင်းမောင်universeဖြစ်နေအောင် ဇာတ်လမ်းဆင်ထားပါတယ်။ ဥပမာ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊ မိုးသီး၊ ပုဏ္ဏားဘကွန်း) Ergen Verseအကြောင်းအကြမ်းဖြင်းပြောရမယ်ဆိုရင်တော့ အရင်ဆုံး ဆရာErgenရဲ့ထွက်ရှိထားတဲ့ဝတ္ထုတွေကိုပြောပါရစေ။1. Renegade Immortal (နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်) 2. Pursuit of the truth (အမှန်တရားရှာပုံတော်) 3. I shall see the heaven (ကောင်းကင်တံခါးငါပိတ်မယ်) 4. A Will Eternal (ထာ၀ရအသက်ရှည်လိုသော်) 5. A World Worth Protecting (ကာကွယ်သူတို့ကမ္ဘာ) တို့ပါ။Animeအနေနဲ့ Renegade Immortal, A will eternal, a world worth protectingတို့ ထွက်ထားပါတယ်။ အခုတင်ဆက်ပေးမှာကတော့ Er Gen Verseရဲ့ အမွှေစိန်ပိုင်ရှောင်ချန်းဇာတ်လမ်းပါ။ ဝတ္ထုဖတ်ထဲကလအရမ်းခွီရသလို ဆွဲထားတဲ့ပုံစံက နီကျားပုံစံမျိုးမလို့ တင်ဆက်လိုက်ရတာပါ။ဇာတ်လမ်းအကျဥ်းကတော့ မိဘတွေငယ်စဥ်ကတည်းကဆုံးပါးသွားကတည်းက သေရမှာကိုအလွန်ကြောက်သွားခဲ့တဲ့ ပိုင်ရှောင်ချန်းဟာ မသေမျိုးနတ်ဝိဇ္ဇာတပါးဖြစ်လာအောင်ကျင့်ကြံရင်း အလွဲလွဲအဖုံဖုံ ကြုံတွေ့ရတဲ့ဇာတ်လမ်းပါ။  ဇာတ်လမ်းအကျဥ်းကိုတော့ အရှည်ကြီးမရေးတော့ဘူးဗျ။ ဆရာEr Genဟာ ဘာလို့xianxiaဝတ္ထုရေးဆရာတွေထဲမှာ နာမည်ကြီးနေရတာလဲဆိုတာကို နည်းနည်းလေး ဆက်လေပေါချင်လို့ပါ။ Xianxiaဝတ္ထုတွေက အရမ်းကိုစိတ်ကူးယဥ်ဆန်တဲ့ဆိုပေမဲ့ ဆရာEr Genရဲ့ ဝတ္ထုတွေဟာ တခုနဲ့တခုချိတ်ဆက်နေပြီး marvel cinematic universeလိုမျိုး အစပထမဖြစ်တည်ပုံတွေ၊ higher beingတွေကိုပါ factကျကျ ဇာတ်အိမ်ဖွဲ့နိုင်တာမလို့ xianxiaဝတ္ထုတွေကြားမှာ ထင်ပေါ်နေရတာပါ။ ဆရာEr Genရဲ့ဝတ္ထုတွေ ဖတ်ပြီးရင်လည်း fanတွေအချင်းချင်း ဘယ်universeမှာဇာတ်လမ်းတည်တာ၊ ဘယ်လိုbeingတွေရှိသေးတာဆိုပြီး အားရပါးရဆွေးနွေးလို့ရပါတယ်။အရင်ဦးဆုံး a will of eternalလေးကနေစပြီးကြည့်လိုက်ကြပြီးမှ နောက်ထပ်ဇာတ်လမ်းတွဲတွေကိုဆက်သွားကြတာပေါ့ ဇာတ်ကောင်နာမည်ကိုတော့ မြန်မာပြန်ဝတ္ထုထဲကအတိုင်းပဲ ပိုင်ရှောင်ချန်းလို့ပဲရေးပေးထားပါတယ် ဒါမှဝတ္ထုဖတ်ရင်လည်မနေရအောင်ပါ
...

Heeramandi: The Diamond Bazaar (2024) ⭐TMDB: 50% User Score 🎬 #Drama #War #Politics 🗓 2024 🎞 Series 🌎 #India ⏰ 1 နာရီ 8 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heeramandi: The Diamond Bazaar (2024) CompleteHeeramandi: The Diamond Bazaar (2024) “ဂန္ထဝင်တွင်ကျန်ရစ်…” IMDb – 6.2/10Netflixကနေ ထုတ်လွှင့်ခဲ့ပြီး တောင်းဆိုမှုများနေတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းရှစ်ပိုင်း ထုတ်လွှင့်ထားပြီး အဲဒီအပိုင်းရှစ်ပိုင်းအတွက် ဘတ်ဂျက်အနေနဲ့ ရူပီး ကုဋေနှစ်ရာထိကုန်ကျခံခဲ့တာပါ။ Castတွေအနေနဲ့ဆိုလည်း Dil Se..(1998)ထဲက မင်းသမီးကြီး Manisha Koirala၊ Rowdy Rathore (2012)မှာ အပြုံးချိုချို ပါးချိုင့်ခွက်ခွက်လေးနဲ့ မင်းသမီး Sonakshi Sinha၊ Rockstar(2011)မှာ ရီနာအဖြစ်ပါခဲ့တဲ့ မင်းသမီး Aditi Rao Hydariစတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး မင်းသမီးငယ်တွေ အထူးပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၀-၁၉၄၀ခုနှစ်အတွင်း ဗြိတိသျှတွေကိုဆန့်ကျင်တဲ့ အိန္ဒိယလွပ်လပ်ရေးလှုပ်ရှားမှုပြုနေချိန် လာဟိုးပြည်နယ်က ဟီရာမန်ဒီမှာရှိတဲ့ ဂုဏ်ရှိန်ကြီးမြတ်လှတဲ့ ပြည့်တန်ဆာအိမ်ကြီးကနေစပါတယ်။ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာခဲ့တဲ့ ဒီပြည့်တန်ဆာဆိုတဲ့ ဂုဏ်ပုဒ်ကို မိသားစုရဲ့သမီးမိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ မငြင်းပယ်နိုင်ဘဲ ဆက်ခံလာခဲ့ရာကနေ ကဗျာဆရာမလေးဖြစ်ချင်တဲ့ အာလမ်ရဲ့ အလှည့်မှာတော့ ဒီဂုဏ်ပုဒ်ကို သူ့ကံတရားကနေဖယ်ရှားဖို့ တိုက်ခိုက်ပါတော့တယ်။တာ့ဂျ်ဒါရ်ကတော့ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပညာတော်သင်ခြောက်နှစ်သွားတက်လာပြီး လာဟိုးကိုပြန်လာခဲ့တဲ့ ဆွေကြီးမျိုးကြီးမိသားစုက ပေါက်ဖွားလာသူတစ်ယောက်။ဗြိတိသျှတွေကို မျက်နှာလုပ်ဖားယားနေရတဲ့ အဖေဖြစ်သူရဲ့ အိမ်ခြံမြေနဲ့ဟိုတယ်လုပ်ငန်းကို မဆက်ခံလိုဘဲ ရှေ့နေလုပ်ရင်း ကျွန်စနစ်ကို တွန်းလှန်ချင်တဲ့သူ။သူတို့လို ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့ အရွယ်ရောက်ပြီးယောကျ်ားသားတွေကို ဟီရာမန်ဒီက ပြည့်တန်ဆာအိမ်ဆီကို သွားရောက်ပျော်ပါးစေတာက အစဉ်အလာလိုဖြစ်နေပေမဲ့ တည်ကြည်ဖြောင့်မတ်သူ တာ့ဂျ်ဒါရ်ကတော့ မိသားစုရဲ့ဆန္ဒကို ငြင်းဆန်ပြီး မသွားချင်ခဲ့ပါဘူး။သူတို့နှစ်ယောက် ဆုံတွေ့မိကြတဲ့အခါ စံနမူနာယူလောက်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာမလားဆိုတာကတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Ichiko (2023) ⭐IMDB: 6.5/10 (250 Votes) 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 6 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ichiko 2023IMDb 6.6/10 ဂျပန်နိုင်ငံမှာ ဥပဒေတစ်ခုရှိတယ်ယောကျာ်းနဲ့ကွာရှင်းပြီးရက်ပေါင်း ၃၀၀ အတွင်းမှာမွေးလာတဲ့ ကလေးကိုနောက်ယောကျာ်းနဲ့အိမ်ထောင်မှာ စာရင်းသွင်းလို့မရဘူးအဲ့ဒီကလေးကို အရင်ယောကျာ်းရဲ့ မိသားစုဝင်လို့ပဲသတ်မှတ်တယ်ပေါ့ဒါဆို အဖေဘယ်သူမှန်းမသိပဲ မွေးလာတဲ့ကလေးဆိုဘယ်လိုလုပ်ကြမလဲ…. ဒီကားလေးကတော့ မွေးစာရင်းမရှိ မှတ်ပုံတင်လဲမရှိ တဲ့ အီချီကို ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ဘဝကို ဘယ်လိုရှင်သန်နေထိုင်သွားလဲဆိုတာ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ရိုက်ပြသွားမှာဖြစ်ပါတယ်သူ့ကို အရမ်းချစ်တဲ့ ကောင်လေးနှစ်ယောက်ကရော သူ့ကိုဘယ်လိုတွေကူညီသွားမှာလဲပထွေးဖြစ်သူကရော သူ့အပေါ်ဘယ်လိုတွေ ဆက်ဆံမလဲယောက်ကျားတွေတစ်ယောက်ပြီးတစ်ယောက်ယူနေတဲ့ မိခင်အရင်းကရော ဘာလို့သူ့ကို မကူညီနိုင်တာလဲဆိုတာနဲ့အရမ်းချစ်ရတဲ့သူတစ်ယောက်ရုတ်တရက်ပျောက်ဆုံးသွားပြီး ပြန်မလာတော့အသည်းအသန်လိုက်ရှာကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပူဆွေးမှုကလဲ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်ဇာတ်လမ်းက ရှေ့ရောက်လိုက်နောက်ရောက်သွားလိုက်ဖြစ်နေပေမယ့်အောက်ထောင့်မှာ ရက်စွဲလေးနဲ့ ဖော်ပြထားတော့ အလွယ်တကူနားလည်နိုင်ပါတယ်မိသားစုနဲ့ အေးအေးဆေးဆေးကြည့်မယ်ဆိုလဲ အဆင်ပြေတဲ့ကားလေးပါတစ်ကောင်ကြွက် FA ဆိုရင်တော့ ကြည့်ရင်းနဲ့ ကြိတ်ငိုပေါ့ အညွှန်း နဲ့ ဘာသာပြန်ကတော့Thet Ooပဲ ဖြစ်ပါတယ်။
...

Fuks 2 (2024) ⭐IMDB: 5.5/10 (403 Votes) 🎬 #Action #Comedy #Drama 🗓 2024 🎞 movie 🌎 #Poland ⏰ 1 နာရီ 38 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fuks 2 (2024) ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကိုဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ဒီလိုနဲ့ မာချက်ခ်၊ အန်နာနဲ့ ယူကာတို့ ပူးပေါင်းပြီး ဘိုင်ချောစကီးကို သူတို့လိုချင်တာတွေရဖို့အတွက် လိမ်ဖို့ ကြိုးစားကြပါတော့တယ်…. အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
...

Charulata (1964) ⭐TMDB: 76% User Score 🎬 #Drama #Romance 🗓 1964 🎞 tv movie 🌎 #India ⏰ 2 နာရီ 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Charulata ( 1964 ) ဆတ္တရာဂျစ်ရေးရဲ့ Charulata ဟာ တဂိုးလို့သိကြတဲ့ ဘင်္ဂါလီကဗျာဆရာ ရာဘင်္ဒြာနတ်တဂိုး၁၉၀၁ခုနှစ်တုန်းက ရေးသားခဲ့တဲ့ ဝတ္တုဖြစ်တဲ့ Nastanirhခေါ် The Broken Nestဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။Charulataကို ရေးရဲ့အကောင်းဆုံးလက်ရာတွေထဲက တစ်ကားလို့ဆိုကြသလိုthe greatest films ever made စာရင်းထဲ မကြာမကြာ ပါတတ်တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။တဂိုးရဲ့ ဝတ္တုမှာတော့ Charulataကို ၁၉ရာစုမှာ ဇာတ်အိမ်တည်ထားပေမဲ့ ရေးကတော့ ၁၈၉၇မှာ ဇာတ်အိမ်ပြောင်းတည်ခဲ့တယ်။ဒီလိုတည်ဖို့လည်း ရေးအနေနဲ့ သမိုင်းနောက်ခံတွေကို လပေါင်းများစွာ လေ့လာခဲ့ရတယ်။တကယ်ရိုက်တဲ့အခါမှာလည်း ၁၈၈၀ခုနှစ်ရဲ့ အိန္ဒိယကို ပုံဖော်နိုင်တဲ့ ဆက်တင်တွေဖြစ်အောင် အကုန်လုံး ပြင်ဆင်ရိုက်ကူးခဲ့တယ်။ရေးအတွက် Charulataဟာ သူ့ရုပ်ရှင်ရိုက်သက်တမ်းတစ်လျှောက်မှာ deadline မသက်မှတ်ထားခဲ့တဲ့ ပထမဆုံးကားဖြစ်ခဲ့သလိုသူကိုယ်တိုင်ကလည်း သူ့ကားတွေထဲက သူ့အကြိုက်ဆုံးကားလို့ ပြောခဲ့ဖူးတယ်။ ဆတ္တရာဂျစ်ရေးဟာ တဂိုးတည်ထောင်ခဲ့တဲ့ Visva-Bharati University မှာ ကျောင်းတက်ခဲ့တဲ့သူဖြစ်သလိုတဂိုးဟာလည်း ကျွန်တော်တို့သိတဲ့ ဘင်္ဂါလီကဗျာဆရာတွေထဲ အကြီးကျယ်ဆုံးဖြစ်သလိုရေးကိုယ်တိုင်ကလည်း ဘင်္ဂါလီဒါရိုက်တာတွေထဲ အကြီးကျယ်ဆုံးသူဖြစ်နေတော့တဂိုးရဲ့ဝတ္တုကို ရေးကရိုက်တဲ့ ဒီကားရဲ့အတွဲအဖက်က မဆန်းပြားရင်တောင် ထူးခြားနေတယ်ပြောရမယ်။ဒီကားအရှေ့မှာလည်း ရေးဟာ နီရူးရဲ့ ထောက်ပံ့မှုနဲ့ Rabindranath Tagoreဆိုတဲ့ တဂိုးဒိုကူမန်ထရီကိုလည်း ရိုက်ခဲ့သေးတယ်။ Charulataဟာ ရေးရဲ့ ရုပ်ရှင်ရိုက်ကူးရေးဘဝမှာ တစ်ဆစ်ချိုးလို့ပြောလို့လည်းရတယ်။ Charulataမတိုင်ခင်မှာ ရေးဟာ မျက်မှောက်ခေတ်အိန္ဒိယလူနေမှုဘဝကို ပုံဖော်ခဲ့တာမျိုးမရှိခဲ့ပေမဲ့Charulataနှောင်းပိုင်းမှာတော့ ရေးဟာ သိပ္ပံစိတ်ကူးယဉ်တွေ စုံထောက်ဇာတ်လမ်းတွေရိုက်လာတယ်။ ဒီကားတွေထဲမှာ ရေးဟာ သူ့မျက်မှောက်ခေတ်က အိန္ဒိယကိုလည်း ပုံဖော်ခဲ့တယ်။ရေးရဲ့ရုပ်ရှင်တွေဟာ ရွှေရောင်ခရုတစ်ကောင်လို တရွေ့ရွေ့ချင်းသွားနေတယ်လို့ တစ်ချို့ကပြောကြသလိုဝေဖန်ရေးသမားတစ်ချို့ကလည်း ဒီလိုရိုးရှင်းတဲ့ ဇာတ်အိမ်မှာ ဒီလိုတရွေ့ရွေ့ချင်းသွားတာမျိုးကို ဝေဖန်ခဲ့ကြတယ်။အကီရာ ကူရိုဆာဝါကတော့ ရေးဘက်ကနေ ကာပြောပေးခဲ့တဲ့စကားကတော့ ရေးရဲ့ရုပ်ရှင်တွေက အထနှေးတာမဟုတ်ဘူး။ရေးဟာ သူ့ရုပ်ရှင်တွေကို မြစ်ကြီးတစ်စင်းစီးဆင်းနေသလို ရိုက်ထားတာလို့ ကာကွယ်ပေးခဲ့တယ်။ Charulataဟာ ဘင်္ဂါလီတွေရဲ့ ခေတ်သစ်ဖြစ်လာတော့မယ်အချိန်အစမှာ ဇာတ်အိမ်တည်ထားတယ်။ဒီကာလကို Bengal Renaissanceလို့ခေါ်ပြီး ဒီကာလမှာ ဘင်္ဂါလီတွေရဲ့ နိုင်ငံရေး လူမှုရေး ပညာရေး ယဉ်ကျေးမှု အနုပညာတို့မှာ အပြောင်းအလဲတွေ စဖြစ်လာနေပြီ။ရေးကတော့ အဓိကကျတဲ့ ဒီအပြောင်းအလဲတွေအကုန်လုံးကို Charulataမှာ သိသိသာသာရော မသိမသာပါ ထည့်သွင်းပြသွားခဲ့တယ်။ဒါပေမဲ့ သူထည့်သွင်းပြပုံကလည်း ဒီထဲက အဓိကဇာတ်ကောင်၃ကောင်ကို တစ်ကောင်ကို တစ်ခုနှုန်းကိုသူတို့ဇာတ်ကောင်တွေရဲ့ ယုံကြည်ချက် ခံယူချက် ခံစားချက်တွေထဲ ထည့်သွင်းပြီး ပြသွားတယ်လို့ပြောရမယ်။တစ်ခုထက်ပိုသွားတဲ့ ဇာတ်ကောင်တွေလည်းရှိခဲ့တယ်။ဇာတ်ရဲ့ အဓိကကတော့ ချာရူလတ္တာလို့ခေါ်တဲ့ သူ့ဇာတ်ကောင်တွေအားလုံးရဲ့ ဗဟိုတည့်တည့်မှာ ရပ်နေတဲ့ဇာတ်ကောင်ပါပဲ။နိုင်ငံရေးသတင်းစာတိုက်ထောင်ပြီး နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးချင်နေတဲ့ ချာရူလတ္တာရဲ့ ယောက်ျားဘူပါတီနဲ့ကျောင်းပြီးစ အနုပညာကို ရူးသွပ်ပြီး ဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းချင်တဲ့ သူ့ယောက်ျားရဲ့ ညီဝမ်းကွဲ အာမယ်တို့ကြားမှာချာရူလတ္တာရဲ့ အထီးကျန်ဆန်တဲ့ဇာတ်ကောင်ဟာ ရပ်တည်နေခဲ့တယ်။ဒီဇာတ်ကောင်၂ခုလုံးကိုလည်း ချာရူလတ္တာဇာတ်ကောင်ဟာ ဆန့်ကျင်နေခဲ့တယ်။ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ရဲ့ ရှုပ်ထွေးမှုနဲ့ ဇာတ်ရဲ့ရိုးရှင်းမှုကြားမှာရေးဟာ သူ့ဝသီအတိုင်းပဲ အရေးပါတဲ့တစ်ချို့အရာတွေကို ချန်လှပ်ခဲ့တဲ့ဟန်ကိုလည်း သုံးထားဆဲပဲ။ဒီကားမှာ သတင်းစာတိုက်လုပ်ငန်းဟာလည်း အဓိကကျတဲ့ သက်မဲ့အရာတစ်ခုအဖြစ် ရပ်တည်နေတော့မဂ္ဂဇင်းအယ်ဒီတာ လုပ်ဖူးတဲ့ရေးက ဒီသက်မဲ့အရာကိုသုံးပြီး သူပြချင်တဲ့ Bengal Renaissanceကိုပါ ပေါ်အောင်ပြနိုင်ခဲ့တယ်။သေချာတာတော့ ချာရူလတ္တာရဲ့ ဇာတ်ကောင်ပုံစံဟာ အဲဒီဘက်ခေတ်က ဘင်္ဂါလီမှာဖြစ်ဖြစ် အိန္ဒိယမှာဖြစ်ဖြစ် တော်ရုံရိုက်ပြကြမယ့် ဇာတ်ကောင်ပုံစံမျိုးမဟုတ်ခဲ့ဘူး။ဒီဘက်ခေတ်အထိလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ချာရူလတ္တာဟာ စိတ်နဲ့နှလုံးသားအတွက် လိုအပ်တဲ့ကားမျိုးလို့ ပြောကြတယ်။သေချာတာကတော့ ချာရူလတ္တာဟာ တဂိုးဝတ္တုကို ရေးက အသက်အဝင်ဆုံးဖြစ်အောင် ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။
...