无数据
订阅者
-524 小时
-47 天
+730 天
帖子存档
ted (2024) ⭐TMDB: 83.0% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 44 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ted (2024) Season 1 ရုပ်ရှင်လောကရဲ့ အရယ်ရဆုံးကားတွေထဲက တစ်ခုဖြစ်တဲ့ Ted ဟာ ရုပ်ရှင် ၂ ကားထွက်ရှိဖူးပြီးအခုကတော့ စီးရီးအနေနဲ့ထွက်လာပြီဖြစ်ပါတယ်။ ၇ ပိုင်းပါဝင်ပြီး တစ်ရက်တစ်ပိုင်းတင်ပေးသွားမှာပါ။ ရုပ်ရှင်ကို မီတဲ့ဟာသတွေနဲ့ အသံသရုပ်ဆောင်မူရင်းဖြစ်တဲ့ Seth MacFarlane ပဲ ပြန်ပါဝင်ထားတာမို့ တခွီးခွီးနဲ့နေအောင်ကြည့်ရမှာပါ။ ဝက်ဝံရုပ်လေးနဲ့ဆိုပြီး ကလေးတွေကိုတော့ သွားမပြပါနဲ့ အယုတ္တအနတ္တအစုံ ဆဲဆိုထားလို့ပါ။ ခေတ်ကိုတော့ ၁၉၉၀ ခုနှစ်ကို အခြေတည်ထားတာမို့ အဲဒီတုန်းက ထရန်းတွေနဲ့ ဓလေ့တွေကိုသိရင်ပိုပြီးတော့ ရယ်ရပါတယ်။ သူတို့ ၁၉၉၀ ကိုရွေးပြီး ရိုက်တာလည်းမှန်တယ်ပြောရမှာပါပဲ။ အဲဒီကာလက ခေတ်ဟောင်းက လူမျိုးရေးခွဲတာတွေ၊ အမျိုးသမီးဖိနှပ်တာတွေနဲ့ လက်ရှိခေတ်လို့ အသားကုန် မ woke သေးပဲ အသုံးအနှုန်းတွေ လူ့အခွင့်အရေးတွေ ဟိုနည်းနည်းဒီနည်းနည်းပါနေတဲ့ကာလမို့ ခွီလို့လှောင်လို့ အတော်ကိုကောင်းပါတယ်။ ဖာသာတွေက ကလေးတဏှာရူးတာတွေကို ဖဲ့တာတွေ၊ စတားလုံးတို့လို နာမည်ကျော်တွေကိုဖဲ့တာတွေ၊ အီတလီတွေကို လူမျိုးရေးလိုက်ခွီတာတွေ စတဲ့ အကြောင်းအရာအစုံကို ခွီထားတာမို့ ဖင်နာတတ်ရင်လည်း မကြည့်သင့်ပါဘူး။ဒီရုပ်ရှင်မှာတော့ တက်ဒ်ပါမယ်၊ ဂျွန်နီ နဲ့ သူ့အဖေနဲ့အမေ မတ်တီ နဲ့ ဆန်ဇန်၊ သူ့အစ်မဝမ်းကွဲဘလဲရားတို့အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ တက်ဒ်တစ်ယောက်အိမ်မှာ အလုပ်မရှိအကိုင်မရှိသောင်းကျန်းနေလို့ လိမ္မာအောင်ဆိုပြီး ဂျွန်နီနဲ့အတူ ကျောင်းတက်ခိုင်းလိုက်မိပါတယ်။ ကျောင်းက မြန်မြန်ထွက်ရပြီး အိမ်မှာပဲ တီဗီပြန်ကြည့်ချင်နေတဲ့ တက်ဒ်က ကျောင်းမှာ ပြဿနာမျိုးစုံရှာပေမဲ့ ကျောင်းထုတ်မခံရဘဲ ဆက်တိုက်ကံကောင်းနေတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲ ကြည့်ရဦးပါလိမ့်မယ်။...
Saapala (2024) ⭐TMDB: 0.0% User Score 🎬 #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sapala (2024) အမဲလိုက်ပွဲ ဇာတ်လမ်းအစမှာကို နတ်ပူးသလို သရဲကပ်သလို အကြားအမြင်ရသလိုလိုနဲ့ “လူသတ်မှုဖြစ်လာတော့မယ်” ဆိုပြီးတော့အိမ်ဖော်မလေးတစ်ယောက် ကယောင်ကတမ်းတွေပြောနေလေရဲ့တစ်ချက်တစ်ချက်သူမကြိုမြင်လိုက်တဲ့အနာဂတ်ကပုံရိပ်ထဲမှာလည်း လူတစ်ယောက်ကတူနဲ့ထုသတ်နေတာတွေ မြေမြှုပ်နေတာတွေအစုံပဲပေါ့ ယောကျာ်းဖြစ်သူကထားခဲ့လို့ဒီအိမ်ဖော်မလေးကို အိမ်ရှင်လင်မယားဖြစ်သူကသနားလို့ခေါ်တင်ထားကြတာပါ ဟင်းချက်လည်းတော် အကျင့်လေးကလည်းကောင်းတော့ သူဒီအိမ်မှာသောင်တင်နေတယ်ပေါ့သူမြင်လိုက်တဲ့မြင်ကွင်းက အိမ်ရှင်လင်မယားထဲက ယောကျာ်းဖြစ်သူ အူဒေးပါအူဒေးလူသတ်နေပုံကို အာရုံထဲကြိုမြင်ပြီးနောက်မှာ အပြင်လောကကအူဒေးဟာလည်းပုံမှန်လိုမဟုတ်တော့ဘူး ပုံမှန်ထက်ကို ၁၀ဆလောက်ဒေါသတွေကြီးလာပြီးစိတ်လွတ်လွတ်သွားတဲ့ပုံစံဖြစ်လာခဲ့တယ် ဒီလိုနဲ့တစ်နေ့ အူဒေးရဲ့ကျောင်းသားလိုဖြစ်နေတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ကဒီအိမ်ကိုလာတည်းရင်းဇာတ်လမ်းရေးဖို့ဖြစ်လာချိန်မှာတော့ ။။ဘယ်လိုသည်းထိပ်ရင်ဖိုတွေဖြစ်လာမလဲ အိမ်ဖော်မလေးတွေ့ခဲ့တဲ့အနာဂတ်အာရုံတွေကတကယ်ပဲလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Heartbreak Agency (2024) ⭐IMDB: 5.2/10 (302 Votes) 🎬 #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #Germany ⏰ 1 နာရီ 36 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခဏခဏအသည်းကွဲနေတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေ အတွက် ကုစားပေးနိုင်မဲ့နေရာကိုသိပါသလား။အဲ့ဒီနေရာကတော့ အရက်ဆိုင်တို့ ဘာတို့ မဟုတ်ဘဲနဲ့အခုတင်ဆက်ပေးမဲ့ The Heartbreak Agency လို့ခေါ်တဲ့ဇာတ်ကားထဲက အေဂျင်စီမှာပဲဖြစ်ပါတယ်။IMDb Rating 5.3 ရရှိထားပြီး အရမ်းကြီးလည်းမဆိုးသလို ကြည့်ပျော်ရှုပျော်ရှိတဲ့ အခြေအနေမှာရှိတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အစပိုင်းမှာ ကားလ်ဆိုတဲ့စာရေးဆရာတစ်ယောက်က ဆော်နဲ့ ရုတ်တရက်ကြီးကောက်ကာငင်ကာပြတ်သွားတာကို တွေ့ရမှာဖြစ်ပြီး အဲ့ဒီကိစ္စကိုမကျေနပ်လို့ လိုက်စုံစမ်းတဲ့အခါ မှာတော့ အသည်းကွဲတဲ့လူတွေ အတွက်ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတစ်ခုကို ထောင်ထားတဲ့မာရီယာလို့ ခေါ်တဲ့ မိန်းမ တစ်ယောက်ရဲ့ အကြံပေးမှုကျေးဇူးကြောင့်ဆိုတာကို သိလိုက်ရ ပါတော့တယ်။ဒီလိုနဲ့ သူလည်းစာရေးဆရာ ပီပီမာရီယာ့အပေါ် မကျေနပ်ချက်တွေကို ခပ်ရိုင်းရိုင်းဆောင်းပါးတစ်ပုဒ်ရေးပြီး ဘာမပြောညာမပြောကောက်တင်လိုက်တဲ့အခါမှာတော့ အလုပ် ပြုတ်သွားပါတော့တယ်။ကျဆင်းသွားတဲ့သူ့ဘ၀ကြီးကို ပြန်အဖတ်ဆည်ဖို့ အလုပ်ပြန်ရအောင်ကြိုးစားခဲ့ပေမဲ့ မရနိုင်တာကြောင့် အရင်ကုမ္ပဏီမှာပဲ ပြန်သွား တောင်းပန်တဲ့အခါမှာ အလုပ်ပြန်ပေးမယ်လို့ ကမ်းလှမ်း ခံခဲ့ရပါတော့တယ်။ဒါပေမယ့် အဲ့လိုအလုပ်ပြန်ရဖို့သူလုပ်ရမှာ တစ်ခုရှိပြီး အဲ့ဒါကတော့မာရီယာထောင်ထားတဲ့ အဲ့ဒီအသည်းကွဲ အေဂျင်စီမှာ ကုထုံးသွားခံယူရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်ပြန်ရချင် ဇောနဲ့သူအမြင်ကပ်နေတဲ့ အဲ့ဒီအေဂျင်စီမှာကုထုံးသွားခံယူပြီး နောက်ပိုင်း မာရီယာနဲ့ သူ့ကြားမှာဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုကြည့်ရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...
Hunting Souls (2022) ⭐IMDB: 4.0/10 (2 k Votes) 🎬 #Drama #Horror #Mystery 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခါတလေ ညဘက်တွေနိုးလာရင် လှုပ်မရသလို၊ အော်မရသလို၊ ဘာမှမမြင်ရသလိုခံစားဖူးတယ်မလား…။ တစ်ခါတလေကျလည်း ခြေထောက်ကို တစ်ခုခုလာဆွဲ လိုက်သလိုလို၊ လူကပဲပြုတ်ကျသလိုလို လန့်ပြီးနိုးဖူးတယ်မလား…။ ဒါတွေဟာဘီလူးစီးတဲ့လက္ခဏာတွေပါပဲ။ ဒီဇာတ်လမ်းလေးကလည်း ဘီလူးစီးတဲ့အကြောင်းကို မြင်တွေ့ရဦးမယ့် ကြောက်စရာမူဗီလေးပါပဲ။ ဇာတ်လမ်းအကျဥ်းလေးက မိုက်နဲ့ အန်ဂျီမှာ ဆိုဖီဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်၊ ဒီကလေးလေးဟာ ညဘက်တစ်ရေးနိုးရင် သူ့အဖေကို လှမ်းလှမ်းခေါ်ပြီး အိပ်မရတဲ့အကြောင်း၊လှုပ်လို့မရတဲ့အကြောင်း၊ သူ့ဆီကို အမှောင်ထုကလာနေပြီဖြစ်ကြောင်းတွေပြောပါတယ်၊ ဒါတင်မကသေးဘဲ ခဏခဏ အဖျားတက်ပြီး မေ့သွားတတ်လို့ ဆေးရုံပြေးရတာလဲအကြိမ်ရေမနည်းပါ..။ ရောဂါကိုရှာဖွေပေမယ့်လည်း မယ်မယ်ရရမတွေ့ပါဘူး။ ဖခင်ဖြစ်သူက မိုက်ကိုယ်တိုင်ကလည်း သမီးလေးအတွက် အတတ်နိုင်ဆုံးပေးဆပ်ပေးနေရသလို သူကိုယ်တိုင်ကလည်း ဆန်းကြယ်တဲ့အိပ်မက်ဆိုးတွေပဲတောက်လျှောက်မက်နဲ့နေခဲ့ပါတယ်…။ ဒီလိုဖြစ်စဥ်တွေက ဘာလို့ဖြစ်ရတာလဲ၊ ဘယ်သူက ပြုစားထားတာလဲ၊ ဘယ်လိုနတ်ဆိုးက ဘီလူးစီးဖို့ကြိုးစားနေလဲ ဆိုတာတော့ ဇာတ်လမ်းထဲမှာပဲခံစားလိုက်ပါဗျာ...
Been There All Along (2023) ⭐IMDB: 5.4/10 (120 Votes) 🎬 #Romance #TVMovie #Comedy #Drama 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ဘဝမှာ တခါတလေ ကိုယ်ချစ်တဲ့သူတွေ အနားကနေ ထွက်ခွာသွားမှာစိုးတာနဲ့ ကိုယ့်ပုံစံအမှန်ကို ဖုံးကွယ်လိမ်ညာပြီး နေခဲမိတဲ့အခိုက်အတန့်ကို လူတိုင်းကြုံဖူးကြလိမ့်မယ်ထင်ပါတယ် အဲ့ဒီဆက်ဆံရေးတွေက တကယ်ပဲရေရှည်တည်တံ့ခဲ့ရဲ့လား ကျွန်တော်တို့ကိုယ်တိုင်ကရော သူတစ်ပါးရဲ့ပုံစံခွက်ထဲမှာ အံဝင်ဂွင်ကျဖြစ်ခဲ့ကျရဲ့လား ဒီဇာတ်ကားက အွန်လိုင်းက နေချစ်သူရှာတဲ့ အက်ပ်လီကေးရှင်းကုမ္မဏီရဲ့ စီအီးအို တစ်ယောက်ဖြစ်တဲ့ ချာလီကူးပါးတစ်ယောက် သူမရဲ့ချစ်သူနဲ့ လမ်းခွဲပြီးသွားတဲ့နောက် သူမရဲ့ဘဝနဲ့ကုမ္မဏီကို ပြန်လည်ကယ်တင်ဖို့ကြိုးစားပုံကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Jim Cliffe ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားက rating 6/10 အထိရရှိထားပြီး မင်းသား Adam Hollick နဲ့ ၂၀၂၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ Cam with Caffs ဆိုတဲ့ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် ဆုကိုရရှိထားတဲ့ မင်းသမီး Mallin Collinsတို့က ပါဝင် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတစ်ယောက် သူမရဲ့ရည်းစားက သူတို့လမ်းခွဲပျက်စဲတဲ့အကြောင်းကို လိုင်းပေါ်မှာ တင်လိုက်တဲ့အတွက်ကြောင့် ကုမ္မဏီပြိုလဲတော့မယ့်အရေးနဲ့ ကြုံတွေ့လာပါတယ် ချာလီတစ်ယောက် စီးပွားရေးအကြံပေး တစ်ယောက်ဖြစ်တဲ့ လီယမ်ရဲ့အကူအညီနဲ့ ကုမ္မဏီနဲ့သူမရဲ့ပုံရိပ်ကို ပြန်လည်အဖတ်ဆယ်ဖို့နဲ့ ကုမ္မဏီရဲ့ အွန်လိုင်းကနေချစ်သူရှာတဲ့ အက်ပ်လီကေးရှင်းအသစ်က အမှန်တကယ်အလုပ်ဖြစ်ကြောင်း သက်သေပြဖို့ကြိုးစားရာမှာ ဘာတွေဆက်ဖြစ်မှာလဲ.. ဘယ်လိုအခက်အခဲတွေကိုကြုံတွေမလဲ.. ချာလီတစ်ယောက်တကယ်ပဲ အက်ပ်လီကေးရှင်းအကူအညီနဲ့ ကောင်လေးရသွားနိုင်မလား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ဒီ Been There All Along ဆိုတဲ့ romance ဇာတ်ကားလေးထဲမှာ ကြည့်ရှုသူ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ စီးမျောခံစားလိုက်ပါဦး.. ဒီဇာတ်ကားက ကြည့်ရှုသူပရိတ်သတ်ကြီးအတွက် အချိန်ကုန်ရကျိုးနပ်ပြီး ရင်ထဲမှာတစ်ခုခုကျန်ခဲ့စေမှာ အသေအချာပါပဲ...
Ribspreader (2022) ⭐IMDB: 6.4/10 (74 Votes) 🎬 #Horror #Comedy 🗓 2022 🎞 movie 🌎 #Australia ⏰ 1 နာရီ 37 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၂ထွက် သွေးသံတရဲရဲနဲ့ ရူးချင်စရာ အော်ဂလီဆန်စရာ စိတ်ညစ်စရာရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘရိုင်ယန်ဘန်းစ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်။ သူကအရင်ကတော့ နာမည်ကြီးစီးကရက်ကြော်ငြာထဲက နာမည်ကျော်ကြော်ငြာမင်းသား။ အခုတော့ သူ့လုပ်ရပ်တွေရဲ့အပြစ်တွေကိုခံစားနေတဲ့သူ။ သူ့အမေဖြစ်သူကိုယ်တိုင် သူကြော်ငြာခဲ့တဲ့ ဆေးလိပ်တွေကိုသောက်ပြီး အဆုတ်ကင်ဆာနဲ့ဆုံးသွားပြီးတဲ့နောက် သူခံစားနေရတာတွေက ပိုဆိုးလာခဲ့တယ်။ တစ်ရက်မှာ ဆေးလိပ်ကင်းစင်ရေးဆိုင်းဘုတ်က ဆေးလိပ်ဇာတ်ကောင်ပုံကို အမှတ်မထင် ကြည့်မိလိုက်ရာကနေ ဒီဆေးလိပ်ဟာ အသက်၀င်လာပြီး ဘရိုင်ယန်ဟာ ဆေးလိပ်ကောင်ရဲ့ ကြိုးဆွဲရုပ်တစ်ရုပ်လိုထိန်းချုပ်သိမ်းသွင်းခြင်းကိုခံလိုက်ရတဲ့နောက်မှာ ဘရိုင်ယန်ဟာ တစ်မြို့လုံးက ဆေးလိပ်သောက်သူတွေကို လိုက်လံသတ်ဖြတ်အပြစ်ပေးတဲ့ ကွင်းဆက်လူသတ်သမားတစ်ဦးဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ လူသတ်အဖွဲ့အစည်းတွေထဲမှာလည်း ဂိုဏ်းအချင်းချင်း ပြိုင်ဆိုင်မှုတွေ နယ်မြေလုစစ်ပွဲတွေဖြစ်လာတဲ့နောက်မှာတော့ ဘရိုင်ယန်ဟာ သူ့ရဲ့တာ၀န်ကိုဆက်လက်ထမ်းဆောင်နိုင်ဖို့ရာ အမျိုးမျိုးအဖုံဖုံသော ဒီလူသတ်သမားတွေနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ ရိုင်းစိုင်းတဲ့စကားအပြောအဆိုတွေ၊ ညစ်ညမ်းတဲ့ရိုက်ချက်တွေ တပုံတပင်ကြီးပါ၀င်တာကိုတော့ သတိချပ်ပေးပါ။...
Local Sarakku (2024) ⭐TMDB: 0.0% User Score 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Local Sarakku(2024) (ပြည်တွင်းဖြစ်အရက်) IMDb 7.4/10 နာမည်ကြီးဟာသသရုပ်ဆောင် ယိုဂီဘာဘူပါဝင်ထားတဲ့တမီးလ်ဟာသဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆာရာဗာနားဆိုတဲ့ လူတစ်ယောက်ဟာ နေ့နေ့ညည အရက်သောက်ရင်းနဲ့ပဲ အချိန်ကုန်လေ့ရှိတဲ့အရက်ဂျိုးကြီးတစ်ယောက်…ညီမဖြစ်သူရဲ့ဝင်ငွေကိုပံ အားကိုးနေရတာကြောင့်အရက်ဖိုးလေးကိုက်အောင် ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း အမျိုးမျိုးအဆင်မပြေ… တစ်ရက်မှာတော့ ဆာရာဗာနားတို့အိမ်နားကို မာဟက်ရှ်ဆိုတဲ့ မိန်းမချောလေးပြောင်းလာခဲ့တယ်…မာဟက်ရှ်က မထင်မရှားသရုပ်ဆောင်လေးတစ်ယောက်ဖြစ်ပေမယ့်ရတဲ့အလုပ်ကို ကျေနပ်စွာလုပ်ပြီး ကြိုးစားတဲ့သူ… ဆာရာဗာနားတစ်ယောက် မာဟက်ရှ်ကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ…အရက်ဂျိုးကြီးတစ်ယောက် ဘာတွေဆက်လုပ်မလဲ ကိုယ့်ကိုယ်ကိုပဲ ပြောင်းလဲတော့မလားဘာတွေဆက်ဖြစ်မလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Tales of Babylon (2023) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 2 နာရီ 6 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tales of Babylon (2023) 2023 မှာထွက်ရှိထားပြီး ဆုတွေအများကြီးရရှိထားတဲ့ Action, Thriller ကားလေးဖြစ်တဲ့ Tales of Babylon နဲ့မိတ်ဆက်ပေးပါရစေ။ ~ ဇာတ်လမ်းအညွှန်း ~ ကြေးစားလူသတ်သမားလေးယောက် သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ဆက်နွှယ်နေမှန်းမသိဘဲ မူးယစ်ဆေးငွေကြေးကိစ္စတွေနဲ့ ရှုပ်ထွေးနေတဲ့ လန်ဒန်မှာ မစ်ရှင်ဆောင်ရွက်နေတာကို ရိုက်ကူးပြသထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ လန်ဒန်ရဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် ဆေးဗားဒရာဂွန်ရဲ့ မြေးဖြစ်သူနှစ်ယောက်ကို လိုက်ရှာနေတဲ့ အေးဂျင့် အိတ်စ်နဲ့ဝိုင် အဖွဲ့… တစ်ဖက်မှာလည်း အဘိုးဖြစ်သူရဲ့ ခိုင်းစေမှုနဲ့ မြေးနှစ်ယောက်ကို လိုက်ရှာနေတဲ့ ကြေးစားတစ်ယောက်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်က သေသွားပြီလို့သိထားတဲ့ ဝိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း စဗက်လားနားတို့ မစ်ရှင်တစ်ခုတည်းကို လိုက်နေမှန်းမသိ လုပ်ဆောင်နေရာကနေမှ သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ပါဝင်နေတာကို တစ်ဦးချင်းစီဘက်ကနေ ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Singapore Saloon (2024) ⭐IMDB: 6.5/10 (569 Votes) 🎬 #Bollywood #Comedy #Family #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Singapore Saloon (2024) .(စင်္ကာပူဆံသဆိုင်) imdb 7.1/10 ဘုရားသခင်ရဲ့ အလုပ်အကိုင်က ဘာလဲသိလား ကြိုးစားပြီးအောင်မြင်လာတဲ့သူတွေကိုရွေးချယ်ပြီး သူတို့ကိုနှိပ်စက်ဖို့ပဲတဲ့….. ပရိသတ်တွေရော အဲ့လိုခံစားချက်မျိုးရှိဖူးကြလား ကိုယ့်ဝါသနာ ကိုယ့်အလုပ်တစ်ခုကို ကြိုးစားပမ်းစားစိတ်ပါလက်ပါလုပ်နေချိန်မှာ အဘက်ဘက်ကပြသနာတက်နေတာမျိူးပေါ့ ဒီတမီလ်ဇာတ်ကားလေးထဲမှာ ကာသီရ်ဆိုတဲ့ကောင်လေးက သူတို့ရွာက အဘိုးကြီး ချာချာရဲ့ စင်္ကာပူဆလွန်းဆိုတဲ့ဆံသဆိုင်လေးကို အရမ်းသဘောကျလို့ သူအရွယ်ရောက်လာတဲ့အခါမှာ ဆံသဆရာတစ်ယောက်အဖြစ်အလုပ်လုပ်ဖို့အတွက် အရာအားလုံးကိုစွန့်လွှတ်ခဲ့ပြီး သူ့ရဲ့အိပ်မက်ဆံသဆိုင်ကြီး စင်္ကာပူဆလွန်းကိုမြို့ပေါ်မှာသွားဖွင့်တဲ့အချိန်မှာ ပြဿနာပေါင်းစုံတက် အတိုက်အခိုက်မျိုးစုံတွေ သတ်သေချင်လောက်အောင်စိတ်ဓာတ်ကျဆင်းမှုတွေကြားထဲမှာ အဲ့လိုလောကဓံတွေကို ဘယ်လိုရင်ဆိုင်တွန်းလှန်ခဲ့လဲဆိုတာ ရိုးရိုးလေးပဲ တင်ဆက်ပြထားပါတယ် ဒီဇာတ်ကားလေးကို တစ်ခုသဘောကျမိတဲ့အချက်က ဒီထဲမှာ ရိုက်ကူးပြထားတဲ့ မင်းသားရဲ့ ကလေးဘဝကြီးပြင်းလာပုံဇာတ်ဝင်ခန်းတွေမှာ ငယ်ငယ်က ကျောင်းပိတ်ရက်သွားလည်ဖူးတဲ့ ဆံပင်ညှပ်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေကိုယ့်မိဘတွေပြီးရင် အခင်ဆုံးဖြစ်ခဲ့တဲ့ ရပ်ကွက်ထဲက သဘောကောင်းတဲ့ ဦးလေးကြီးတွေကိုပြန်မြင်ယောင်မိမှာ ဖြစ်ပြီး တချို့နေရာလေးတွေမှာ ကိုယ့်အဖြစ်နဲ့ယှဉ်တွေးမိပြီး ပြုံးစိစိလေးဖြစ်ရင်းနဲ့ဇာတ်လမ်းလေးကို ခံစားကြည့်ရှုနိုင်မှာဖြစ်လို့ ဒီလိုဒရာမာကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ကိုယ့်ငယ်ဘဝကို ခဏလောက်ပဲဖြစ်ဖြစ် စိတ်ကူးလေးပြန်ယဉ်ချင်တဲ့ ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ (CM Bollywood Team) ကပဲ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Live: Phat Truc Tiep (2023) ⭐IMDB: 4.5/10 (17 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 30 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Live: Phat Truc Tiep (2023)======================= ဆိုရှယ်မီဒီယာပေါ်မှာ ရူးသွပ်နေကြ၊ Viewers တက်ဖို့အတွက်နဲ့ ကြက်ပေါင်ဖိနပ်ကိုတောင်အချဉ်ရည်နဲ့ တို့စားပြနေတဲ့ ဒီခေတ်ကြီးမှာ အဲဒီလိုဖြစ်ရပ်တွေကိုမီးမောင်းထိုးပြထားတဲ့ဗီယက်နမ်ရုပ်ရှင်တစ်ခု တင်ဆက်ပေးချင်ပါတယ်။ Muck Live ဆိုတဲ့ အစီအစဉ်က ဖော်လိုဝါ နည်းနည်းပါးပါးရှိတဲ့ ဆယ်လီယောင်ယောင်တွေLive လွှင့်ပြီး အစားအသောက်တွေ နင်းကန်စားပြတဲ့ အစီအစဉ်ပေါ့။ အဲဒီအစီအစဉ်ထဲက ဆယ်လီတွေဟာ လူမျိုးစုံ၊ စရိုက်မျိုးစုံဖြစ်ကြပေမဲ့အားလုံးတူညီတာတစ်ခုကတော့ပိုက်ဆံရဖို့အတွက် ဘာမဆို လုပ်ပြချင်စိတ်ရှိနေကြတာပါ။ဒီရုပ်ရှင်ကိုကြည့်နေရင်း အကုသိုလ် ခုနစ်ပါးထဲက အစားကြူးခြင်းဆိုတဲ့အကုသိုလ်ကို မြင်အောင်ပြထားတာလားလို့ အတွေးဝင်စေနိုင်တဲ့ထိလူတွေရဲ့ သောက်တလွဲ စွဲလမ်းမှုတွေနဲ့ အဲဒီစွဲလမ်းမှုတွေကနေအမြတ်ထုတ်နေတဲ့သူတွေအကြောင်းကို ဒီရုပ်ရှင်က ပုံဖော်ပြထားပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ Saii ~ Alex ~ ToMo ~ Zwe Yan တို့ဖြစ်ကြပါတယ်။)...
House Husband's Erotic Outdoor Life (2020) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 8 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ********************************************** အကိတ်ကလေးတွေပါတာမို့ ရှယ်ပါပဲဗျို့…အိမ်ထောင်ဦးစီးဖြစ်ပေမဲ့ မိန်းမကဝင်ငွေရှာတာမို့ အိမ်အလုပ်တွေပဲလုပ်ပေးရပြီး နေရာတကာအပြင်ယောက်ျားတစ်ယောက်လိုမစွမ်းဆောင်နိုင်လို့ ဘာမှအသုံးမကျတဲ့လူလိုဆက်ဆံခံရတဲ့ဦးလေးကြီး အလုပ်ရပြီးအပြင်ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုပညာတွေယူလာပြီးသူ့မိန်းမအပေါ်ဘယ်လိုပြန်အသုံးချမလဲ စောင့်ကြည့်လိုက်ကြပါဦးနော်...
Naadu (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Naadu 2023 တောင်ပေါ်ရွာရောက်အရှုပ်တော်ပုံ IMDb-8.8 ဆရာဝန်ဇာတ်လမ်းတွေထဲမှာ ကျွန်တော်တို့ရင်ထဲနေရာယူခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုချပြပါဆိုရင် ကြိုးကြာတောင်ပံခတ်သံပေါ့။ဒီဇာတ်လမ်းအဆွယ်ကောင်းလို့ ဆရာဝန်ပေါက်စဖြစ်ချင်တဲ့သူတွေလည်း မနည်းမနောရှိခဲ့တာပေါ့လေ။ အခုတင်ဆက်ပေးမှာကတော့ နာဂတောင်တန်းမဟုတ်တဲ့ ကိုလီတောင်တန်းက အစစအရာရာ ခေတ်နောက်ကျနေတဲ့တမီလ်ရွာလေးမှာ တောင်ပံခတ်မယ့် ကြိုးကြာမလေးအကြောင်းပေါ့။ ကိုလီတောင်တန်းပေါ်က တောင်ပေါ်ရွာလေးဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အစွန်အဖျားကရွာလေးဆိုတော့ အစစအရာရာမှာ ခေတ်နောက်ကျနေတာပေါ့။တီဗီလိုင်းမရှိ ကားမရှိတဲ့ဒီရွာလေးမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းရနေတာကပဲအတော်လေး ကျေးဇူးတင်စရာကောင်းနေတယ်ပဲ ပြောရမလိုပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့အတွက် ဘာမှမရောက်ဘဲ သီးခြားကွဲထွက်နေတဲ့ ရွာလေးမှာ ဘတ်စ်ကားတောင်မှ မနက်တစ်ခါ ညနေတစ်ခါပဲရောက်ပါသတဲ့။ဆေးရုံကားဆိုတာကလည်း အရေးပေါ်ကိစ္စနဲ့ခေါ်လိုက်ရင် လူနာသေမှ အလောင်းလာသယ်သလိုလိုအဖြစ်တွေလည်း ဒုနဲ့ဒေးပါပဲ။ဒီလိုနဲ့ ရွာမှာကောင်မလေးတစ်ယောက် လက်ကောက်ဝတ်လှီးပြီး အဆုံးစီရင်တာကို ဆေးရုံကားခေါပြီးဆေးရုံပို့ဖို့လုပ်ပေမဲ့ ကားကညမှရောက်ပြီး နောက်ကျလို့ လူနာအသက်မမီလိုက်တဲ့အပြင် ဆရာဝန်ကမြည်တွန်တောက်တီးတာခံလိုက်ရချိန်မှာတော့ အတော်လေးရင်ခံသွားကြတဲ့ရွာသားတွေအလောင်းလာပြန်ပို့တဲ့ဘတ်စ်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြကြပါတော့တယ်။ သူတို့ရဲ့တောင်းဆိုချက်ကတော့ အစစအရာရာနိမ့်ကျနေသည့်တိုင်အောင် သူတို့လည်း ဆေးဘက်ဆိုင်ရာအထောက်အပံ့ရခွင့်ရှိတာကြောင့်ရွာဆေးရုံမှာ ဆရာဝန်တစ်ယောက်ခန့်ထားပေးဖို့ပါပဲ။ ကြိုးကြာတောင်ပံခတ်သံကသာ ဖတ်လို့ကောင်းတာ ကိုယ်တကယ်ကြုံရမယ်ဆိုတော့ transferလျှောက်ပြီးအကုန်ပြန်ပြေးကြတာမလို့ ခရိုင်မှူးလည်း အကျပ်ရိုက်နေတာပေမဲ့ ရွာသားတွေကိုငဲ့တဲ့အနေနဲ့ အာဏာသုံးပြီး ဆရာဝန်တစ်ယောက် မရမကလွှတ်ပေးဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ ဒါပေမဲ့ ဒီဆရာဝန်ကို ဒီရွာမှာ ဆက်နေအောင်လုပ်နိုင်ဖို့ကိုတော့ ရွာသားတွေက တာဝန်ယူရမှာပါ။ ကဲ ဒီတော့ အာဏာကြောက်လို့ ရွာကိုလွင့်လာတဲ့ဆရာဝန်ပေါက်စကြိုးကြာမလေးရယ် လိုအပ်ချက်တွေများနေတဲ့ဒီရွာလေးရယ် ဆရာမလေးကို ပြန်မပြေးအောင်အမိအရဆွဲထားရမယ့်ရွာသားတွေရယ် ဘယ်လိုစခန်းသွားကြမလဲဆိုတာ ရှုစားကြပါဦး။ ဒီကားလေးဟာ ယနေ့ခေတ်ထိအောင် ပညာရေး ကျန်းမာရေး အသိပညာပိုင်းမှာ နှောင့်နှေးနောက်ကျနေတဲ့တောင်ပေါ်ရွာတွေရဲ့တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်တာကြောင့်ခြေနေသိပ်မကွာခြားလှတဲ့ဒီနိုင်ငံက တချို့နေရာတွေအတွက်ပါ တွေးစရာတစ်ခုရလာစေမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
My Sister's Idol Trainee Friends (2020) ⭐TMDB: 30.0% User Score 🎬 #Adult #Drama 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 12 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 **************************************** တပ်ထဲကထွက်လာပြီးညီမလေးရဲ့အိမ်မှာတစ်ခဏသွားနေလိုက်တဲ့အခါမှာ…….. စစ်ထွက်ဖြစ်လို့ဘော်ဒီတောင့်တောင့် ခပ်မိုက်မိုက်ဘဲဆိုတော့ ညီမလေးရဲ့ဘော်ဒါတွေ သဘောကျတာမဆန်းပါဘူး.. စစ်မှုထမ်းနေရလို့ ဉထားသမျှ အတိုးချပြီး ချစ်ရည်လူးတဲ့အခါမှာတော့… သူငယ်ချင်းနှစ်ယောက်လုံးက အစ်ကိုဖြစ်သူကို သဘောကျသွားပြီး ဘာဆက်ဖြစ်ပြီး ဘာတွေဆက်လုပ်ကြမလဲ ကြည့်ရှုလိုက်ကြပါဦးနော်...
The Gentlemen (2019) ⭐IMDB: 7.8/10 (386 k Votes) 🎬 #Action #Comedy #Crime 🗓 2019 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gentlemen (2019)IMDb – (7.8)/ Rotten Tomatoes (75%) သူ့နာမည်က မစ်ကီပီရာဆန်…..ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်…သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး…ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီးအချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်… လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက်အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်….ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ…ဒုစရိုက်သမားတွေရဲ့ကတုံးပေါ်ထိပ်ကွက်တွေ…လည်သူစားစတမ်းတွေ….လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်…The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ…The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်…အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့အားလုံးသိကြမှာပါ…အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ဂိုးဒင်းတို့လည်း ပါဝင်ထားပါသေးတယ်။ www.cmapp.tvမှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။...
Excalibur (1981) ⭐TMDB: 70.0% User Score 🎬 #Adventure #Drama #Fantasy 🗓 1981 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Excalibur (1981) IMDb Rating (7.3) / Rotten Tomatoes (72%) ဒါရိုက်တာကြီး Sir John Boorman ရဲ့ နာမည်ကျော် Fantasy ရုပ်ရှင်ကားကြီးပါ…နာမည်ကြီးမင်းသားမင်းသမီးတွေကိုလဲ ငယ်ငယ်တုန်းကရုပ်တွေနဲ့ရှုစားကြရပါမယ်။ ဇာတ်လမ်းကတော့…. မှော်ဝင်ဓားတစ်လက်ရယ်၊ အချိန်ကာလအားလုံးထဲက အကြီးမြတ်ဆုံး မှော်ဆရာတစ်ယောက်ရယ်၊ ထီးဆောင်းမင်းတွေထဲကမှ ဘုန်းကံအကြီးဆုံးမင်းမြတ်တစ်ပါးရယ်၊ သူတို့သုံးခုပါဝင်တဲ့ သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဘုရင်မင်းမြတ် အာသာ၊ အကြီးမြတ်ဆုံးမှော်ဆရာ မာလင်၊ ဓားဘုရင် မှော်ဝင်ဓားတို့ဟာ သမိုင်းကြောင်းတစ်ခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဝါးအစည်းပြေသလို ပြန့်ကျဲနေတဲ့ ပဒေသရာဇ်မင်းတွေကို စုစည်းပြီး အင်ပါယာထူထောင်၊ ဧကရာဇ်နိုင်ငံတော်ကြီးကို အုပ်စိုးကာ ငြိမ်းချမ်းရေးအရယူနိုင်ခဲ့တဲ့ မင်းမြတ် အာသာ။ နဂါးမီးတောက်ထဲကို ကိုယ်တိုင်ဝင်ပြီး ဖန်တီးမှု ဖန်ဆင်းမှုတွေကို အံ့မခန်း လုပ်ဆောင်နိုင်တဲ့ မှော်ဆရာကြီး မာလင်။ ထိုက်တန်သူသာ ကိုင်ဆောင်အသုံးပြုခွင့်ရတဲ့၊ ကိုင်ဆောင်သူကို စွမ်းအင်တွေပေးတဲ့ ဓားဘုရင် မှော်ဝင်ဓား။ သူတို့လို ခေသူမဟုတ်တွေတောင်မှပဲ ရှုံးနိမ့်ချိန်ဆိုတာ ရှိပါတယ်။ ပလ္လင်ပေါ်ကတောင် မထနိုင်တော့တဲ့ ဘုရင်ကြီး အာသာ၊ မှော်ဆရာမရဲ့ ထောင်ချောက်မိပြီး တစ်သက်တာ အကျဉ်းကျသွားတဲ့ မှော်ဆရာ မာလင်၊ အကြီးမြတ်ဆုံး စစ်သည်တော်နဲ့ ယှဉ်ပြိုင်အပြီးမှာ ကျိုးပဲ့သွားတဲ့ မှော်ဝင်ဓား၊ သူတို့ရဲ့ဇာတ်လမ်းအဖုံဖုံကို ကြည့်ရှုကြပါဦးစို့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) www.cmapp.tvမှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။...
Geetasakshigaa (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama #Action 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Geeta Sakshigaa (2023) အမှန်တရား IMDb 7.3/10 နာကျင်မှုနဲ့မွေးဖွားလာပြီးတော့ အမျိုးသမီးအဖြစ်ဆက်လက်ရှင်သန်ရတဲ့ မိန်းမသားတွေ..ကိုယ်ထွက်လာတဲ့သားအိမ်ကို ကိုယ်ပြန်ဓားထိုးတတ်ကြတဲ့ လူမဆန်တဲ့ ယောကျာ်းတွေဆိုတာ ကမ္ဘာအနှံ့မှာရှိနေတတ်ပါတယ် အမျိုးသမီးတွေကို နတ်ဘုရားမလိုကိုးကွယ်ကြတဲ အိန္ဒိယမှာ လူမဆန်စွာနဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ မာနီရှာလေး မွေးနေ့မှာပဲအမျိုးသမီးဘော်ဒါဆောင်မှာအသတ်ခံလိုက်ရပြီး ဖြစ်ချင်တော့ ဒီပါဝလီပွဲနေ့ဖြစ်လို့ အဆောင်သူအတော်များများအိမ်ပြန်နေချိန်ဒီဖြစ်ရပ်ဆိုးကိုသူမကြုံတွေ့သွားခဲ့ရတယ် အဆောင်ထဲထိ ဒီလိုဝင်လုပ်သွားလို့ ဒီသတင်းက ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပြီး သတင်းတွေထဲမှာပါ ပါလာခဲ့ပြီးနောက်ဝန်ကြီးကိုယ်တိုင်က ဖြေရှင်းချိန် ၄၈နာရီပေးခဲ့ပြီး တရားခံရှာမတွေ့ရင် သူကိုယ်တိုင်ရာထူးကနုတ်ထွက်မယ်လို့မီဒီယာရှေ့ကတိပေးခဲ့တယ် အာဂျွန်_ ဟိုက်ဒရာဘတ်ကနာမည်ကြီးဒီဂျေသမားလေး မိသားစုနဲ့ နာမည်ဂုဏ်နဲ့ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေရင်းနဲ့ ကံဆိုးမိုးမှောင်ကျပြီး ရဲတွေက လာဖမ်းခဲ့ကြတယ်အကြောင်းကတော့ မုဒိမ်းကျင့် လူသတ်ခဲ့လို့ပါတဲ့ တကယ်ပဲအာဂျွန်သတ်ခဲ့တာလား ၅နှစ်ကြာပြီးမှ ပြန်လည်ထွက်ပေါ်လာမဲ့ ဒီဇာတ်လမ်းမှာ ဘယ်သူကမှန်ပြီး ဘယ်သူကမှားမယ်ဆိုတာကိုတော့။ (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team ကဘာသာပြန်ဆိုပေးထားပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Follow Bear to Adventure (2024) ⭐TMDB: 40.0% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကုမ္ပဏီကြီးတစ်ခုရဲ့ အောက်ခြေဝန်ထမ်းဖြစ်တဲ့ ရှီထူဟာ ကုမ္ပဏီမှာ၂ နှစ်လောက် အလုပ်လုပ်ခဲ့ပေမဲ့ မန်နေဂျာရဲ့ လက်ထောက်အနေနဲ့ခိုင်းဖက်အဆင့်ကမတက်နိုင် ဖြစ်နေပါတယ်။ တိုးတက်ချင်တဲ့ ရှိထူဟာမန်နေဂျာကို ပရောဂျက်လုပ်ခွင့်တောင်းခဲ့ပေမဲ့ မန်နေဂျာကသူ့ကို အထင်သေးစွာ ဆက်ဆံခဲ့တဲ့အတွက် အလုပ်က ထွက်လာခဲ့ပါတယ်။ ကုမ္ပဏီက တိရစ္ဆာန်ဥယျာဉ်ကို ဝယ်ပြီး အပန်းဖြေစခန်းဆောက်ဖို့ စီမံကိန်းရှိတာသိတဲ့ ရှီထူဟာ ကြားဖြတ်အမြတ်ရနိုင်ဖို့အတွက် သူငယ်ချင်းဖြစ်သူလျိုဟောက်နဲ့အတူ ပိုင်ဆိုင်မှုအကုန်ရင်းနှီးပြီးတိရစ္ဆာန်ဥယျာဉ်ကို ဝယ်ခဲ့ပေမဲ့ ထင်ထားသလိုအမြတ်ကြီးတင်ပြီး ရောင်းမရခဲ့ ဖြစ်သွားပါတယ်။ တိရစ္ဆာန်ကြီးကြီးမားမားမရှိတဲ့ ပိတ်သိမ်းခါနီး တိရစ္ဆာန်ဥယျာဉ်ကိုရှီထူတစ်ယောက် ပြန်လည်အောင်မြင်လာအောင် လုပ်ဖို့အကြံကောင်းတစ်ခုကို စဉ်းစားမိခဲ့ပါတယ်။ လူတွေက တိရစ္ဆာန်ဟန်ဆောင်ဖို့ပါပဲ…… ရှီထူတို့အဖွဲ့ တိရစ္ဆာန်ဥယျာဉ်ကို ပြန်လည်အောင်မြင်အောင် ဘယ်လိုကြိုးစားကြမလဲ……လူတွေက တိရစ္ဆာန်အဖြစ် ဟန်ဆောင်ရာမှာဘယ်လိုကမောက်ကမအဖြစ်အပျက်တွေနဲ့ ဟာသတွေ ဖြစ်မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုရယ်မောလိုက်ရအောင်နော်။...
Aatmapamphlet (2023) ⭐TMDB: 53.0% User Score 🎬 #Bollywood #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 32 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aatmapamphlet (2023)”ကဂျီကဂျောင် ကိုယ်ရေးမှတ်တမ်း”============================================== ချန်နယ်မြန်မာ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် တော်တော်လေး ချစ်ဖို့ကောင်းပြီးရယ်လည်းရယ်ရတဲ့ IMDb 7.9/10 ရ မာရသီစကားပြောအချစ်ဟာသရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Aatmapamphlet ဆိုတာကတော့ အော်တိုပန်းဖလက်ဆိုတာကိုမာရသီအသံနဲ့ ခေါ်ထားတာပါ။ အဓိပ္ပါယ်ကတော့ ကိုယ်တိုင်ရေးလက်ကမ်းစာစောင်ပါတဲ့။ဒါရိုက်တာဖြစ်သူ အာရှစ်ရဲ့ သူ့ဘဝအကြောင်း ကိုယ်တိုင်ရေးစာစောင်လေးပေါ့။ အာရှစ်ဆိုတဲ့ကောင်လေးကို မွေးလာကတည်းက သူ့မိဘတွေက ထူးခြားတယ်လို့ထင်ကြတယ်။အကြောင်းကတော့ အာရှစ်ဘဝရဲ့ အရေးပါတဲ့နေ့တွေမှာ အိန္ဒိယနိုင်ငံအတွက် အရေးပါတဲ့ဖြစ်ရပ်တွေဖြစ်တတ်လို့ပါ။ သူမွေးတဲ့နေ့မှာ အစိုးရတစ်ခု ပြုတ်ကျတယ်…။သူ စကားစပြောတဲ့နေ့မှာ အင်ဒီရာဂန္ဒီ ဝန်ကြီးချုပ်ဖြစ်တယ်…။သူ တွားသွားတတ်တဲ့နေ့မှာ အိန္ဒိယ ဟော်ကီအဖွဲ့က အိုလံပစ်ရွှေရတယ်…။အဲဒီလို တိုက်ဆိုင်မှုတွေ အများကြီးပေါ့။ အဲဒီအဖြစ်အပျက်တွေကြားထဲကနေ လေးတန်းကျောင်းသား အာရှစ်လေးကိုအတန်းဖော်ကောင်မလေးတစ်ယောက်က မတော်တဆ လက်ကိုင်မိသွားတဲ့နေ့ကစပြီးအာရှစ်ဘဝအတွက် အပြောင်းအလဲတွေဖြစ်လာတာကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ…။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Aayiram Porkasugal (2023) ⭐IMDB: 7.6/10 (46 Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aayiram Porkaasukal (2023) “ရွှေဒင်္ဂါးတစ်ထောင်” ======================================== စီအမ်ပရိသတ်တွေအတွက် ခွီလည်းခွီ ရယ်လည်းရယ်ရတဲ့ IMDb 7.7 ရ တမီလ်စကားပြောတောင်ပိုင်း ကျေးလက်ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ထရီချီဆိုတဲ့မြို့နားက ရွာလေးတစ်ရွာမှာ အိမ်ထောင်စု ၃၄၄ စုရှိပါတယ်။ အဲဒီရွာထဲမှာ အားလုံးက အလုပ်လုပ်ကြပေမဲ့ အန်နီမူသူဆိုတဲ့လူကတော့ အစိုးရက အလကားပေးတာတွေကိုပဲ ဂုံးဆင်းရှင်သန်ရင်း ဟင်းစားလိုရင်တောင် ဘေးအိမ်ကကြက်ကိုပဲ ခိုးဖမ်းချက်စားတဲ့ လက်ကြောမတင်း အလုပ်မလုပ်သူလူပျိုကြီးပါ။ တစ်နေ့မှာတော့ သူ့ဆီကို သူ့ရဲ့ညီမက တခြားရွာမှာပြဿနာရှာထားတဲ့ သားဖြစ်သူသမီးလ်ကို အန်နီမူသူ့ဆီ အားကိုးတကြီးနဲ့ လာပြီး အပ်သွားခဲ့ပါတယ်။ သူ့ရဲ့တူတော်မောင် သမီးလ်ကတော့ ယဉ်ကျေးလိမ္မာကောင်လေးဖြစ်ပြီး ဦးလေးကိုလည်း ရိုသေကာ ရွာထဲကအပျိုတွေ အသားလွတ်ဝိုင်းကြိုက်တာခံရတဲ့ ရွာရဲ့စော်ကြည်ဘဲပေါ့။ ဒီလိုနဲ့ သူတို့ရွာမှာ အစိုးရရဲ့ စီမံကိန်းနဲ့ အိမ်တိုင်းမှာ အိမ်သာဆောက်ဖို့ တွင်းတွေတူးကြရင်း အန်နီမူသူရဲ့တွင်းထဲကနေ ရွှေဒင်္ဂါး ၁၀၀၀ ပါတဲ့ မြေအိုးတစ်လုံးကို ရှာတွေ့ရာကနေ တစ်ရွာလုံး တစ်ယောက်တပေါက်နဲ့ တလွဲတွေဖြစ်ကြပါတော့တယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Love Life Light (2023) ⭐TMDB: 73.0% User Score 🎬 #Drama #Fantasy #Mystery 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 39 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက အကောင်းဆုံးအဓိပ္ပာယ်ကိုနားလည်လိုပါသလား? Shop of the lamp ဇာတ်ကားကိုသာကြည့်လိုက်ပါ ။ဒီဇာတ်လမ်းလေးက အရမ်းကိုမှ လျို့ဝှက်ပြီး ဘာများဖြစ်လာမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရင်း အဆုံးသတ်ကျမှ ဇာတ်အိမ်အလွှဲအပြောင်းအကြီးကြီးနဲ့ဒီလိုဒီလိုပါလားဆိုပြီး ဖြစ်သွားရမဲ့ horror ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် ။မကြည့်ခင် တစ်သျူးဆောင်ထားဖို့လည်း မမေ့ပါနဲ့နော် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ –သူနာပြုမလေးရွှီနျန့်က သူ့ချစ်သူနဲ့အတူတိုက်ခန်းတစ်ခုကိုပြောင်းသွားခဲ့ပါတယ် ။အဲဒီပြောင်းတဲ့နေ့မှာပဲ ခပ်လှမ်းလှမ်းမှာလည်း ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းဖို့ကြံရွယ်ထားတဲ့သူမရဲ့ဘဝမှာ မထင်မှတ်ထားတာတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ် ။ သူတို့ငှားနေတဲ့ အဆောက်အဦးကို အသစ်ထပ်ပြောင်းလာတဲ့လျိုယွီရှန်းဆိုတဲ့ကောင်မလေးမှာ အရိပ် နှစ်ခု ရှိနေတာကို ရွှီနျန့်ကမြင်သွားခဲ့ပါတယ် ။အဲဒါတင်မကသေးဘူး ။ အမြဲတမ်း လက်အိတ်စွပ်ထားတဲ့ ကျူးကျူးရဲ့မေမေ၊ twinkle twinkle little star သီချင်းကိုအမြဲတမ်းသီဆိုနေတဲ့အဘိုးအို ၊ နောက်ပြီး သူ့ကိုဆို မီးသီးမရောင်းပေးတဲ့ လမ်းဆုံက မီးသီးဆိုင်… ဒါ့အပြင် လူတစ်စုကိုတွေ့မိလားဆိုပြီး အမြဲတမ်းမေးမေးနေတဲ့တစ်ကိုယ်လုံးသဲတွေဖုံးနေတဲ့ လူကြီးတစ်ယောက်..ဒီလမ်းထဲမှာဘာတွေလျို့ဝှက်ထားမလဲ ? မီးသီးဆိုင်ကရော ဘယ်လိုဖြစ်တည်မှုမျိုးလဲ ?သူကအရာရာကိုထူးဆန်းနေတယ်ထင်ပေမဲ့ သူကိုယ်တိုင်ကမှပြဿနာရှိနေတာလို့ပြောလာတဲ့ မီးသီးဆိုင်ပိုင်ရှင်နဲ့ ရွှီနျန့် !ဘယ်သူကလူ ဘယ်သူကလူမဟုတ်တဲ့ဖြစ်တည်မှုနဲ့ ဇာတ်လမ်းကဘယ်လိုတွေအလှည့်အပြောင်းဖြစ်လာလိမ့်မလဲဆိုတာကိုဇာတ်ကားလေးထဲမှာပဲ စိတ်ဝင်စားစွာကြည့်ရှု့ဖို့တိုက်တွန်းလိုက်ပါတယ်...
