ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Algorithm: BLISS (2020) ⭐IMDB: 4.2/10 (3 k Votes) 🎬 #ScienceFiction #Thriller #Drama #Horror #Romance #SciFi 🗓 2020 🎞 movie 📺 #1080p #720p 💿 437.0 MB ⦿ 1.2 GB ⦿ 2.5 GB 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 48 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Vic Beckett, a brilliant researcher, creates the ultimate App that taps into the pleasure center of the brain and transmits a feeling of nirvana to the user....

All the Moons (2020) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Drama #Fantasy #Horror 🗓 2020 🎞 movie 📺 #720p #1080p 💿 438.0 MB ⦿ 1.2 GB ⦿ 2.5 GB 🌎 #Spain #France ⏰ 1 နာရီ 41 မိနစ် 49 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 During the final throes of the last Carlist war, a little girl is rescued from an orphanage by a mysterious woman who lives deep inside the forest....

Day Zero (2022) ⭐IMDB: 5.4/10 (227 Votes) 🎬 #Action #Horror 🗓 2022 🎞 movie 📺 #720p #1080p 💿 440.3 MB ⦿ 857.5 MB 🌎 #Philippines ⏰ 1 နာရီ 22 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အောင်လနဲ့ ထိုးသတ်တုန်းကထက် ပိုကြမ်းပြီး ပိုမိုက်မယ့် ဘရန်ဒန် ဗီယာရဲ့ ဖိလစ်ပိုင် Zombie ကားကောင်းတစ်ကားလာပါပြီ…။ Zombieကားဆိုတော့ ကိုက်မယ်ဆွဲမယ် စတာပါတဲ့အပြင် ဇာတ်လိုက်မင်းသားက US အထူးတပ်သားဟောင်း ဆိုတော့ ဖိုက်တင်ခန်းတွေပါ အများကြီးကြည့်ရမှာပါ…။ ဇာတ်လမ်းအကျဥ်းကတော့ အေမွန်ဟာ အမေရိကန်အထူးတပ်သား ဟောင်းဖြစ်ပြီး သူငယ်ချင်းကိစ္စ၊ သူများရန်ပွဲထဲဝင်ပါလွန်းလို့ ထောင်ကျနေရတာပါ…။ သူ့မှာ စကားမပြောတတ်နဲ့ သမီးလေးနဲ့ ဇနီးလည်းရှိပါတယ်…။ တစ်နေ့ကျတော့ တုပ်ကွေးရောဂါကနေ သန္ဓေပြောင်းပြီး Zombie တွေ‌ပေါ်လာပါတော့တယ်…။ ဒီတော့ အေမွန်တစ်ယောက် သမီးနဲ့ ဇနီးကို ကယ်ဖို့ ထောက်ဖောက်၊ Zombieတွေနဲ့ တိုက်ခိုက်ပြီး ပွဲကြမ်းပါတော့တယ်…။ ဇာတ်လမ်း အစအဆုံး zombie များနဲ့ တိုက်ခိုက်ခန်းတွေ အများကြီးကြည့်ရမယ့် ကားလေးပါ။ အဆုံးသတ်မှာ ဘယ်သူတွေ ဘာဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလို့ရပါပြီ…။...

Fireflies in the Sun (2021) ⭐TMDB: 64.0% User Score 🎬 #Crime #Drama #Family 🗓 2021 🎞 Movie 📺 #720p #1080p 💿 752.9 MB ⦿ 1.2 GB 🌎 #China ⏰ 1 နာရီ 59 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်ညွှန်းဆရာ လင်ရိချန်က အချစ်အတွက်သာဆို တစ်ကမ္ဘာလုံးကိုမီးပြာချပစ်မယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ရေးလေ့ရှိပါတယ်။အဲ့လို ဇာတ်လမ်းတွေကိုရေးတဲ့ လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက သိုက်သိုက်ဝင်းဝင်း၊နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီနှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံးရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကိုကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းကအကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက်လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ သူ့ဇာတ်ကောင်တွေနည်းတူသူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။ လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။သူ ဘယ်လိုဘယ်ပုံတွေလုပ်မယ်ဆိုတာကိုတော့…………....

Dive (2022) ⭐IMDB: 6.9/10 (2 k Votes) 🎬 #Drama #Sport 🗓 2022 🎞 movie 📺 #720p #1080p 💿 541.1 MB ⦿ 1.1 GB 🌎 #Argentina #Mexico #UnitedStates ⏰ 1 နာရီ 35 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dive(2022) **********၂၀၂၂ မှာထွက်ရှိထားတဲ့ Dive ဆိုတဲ့နိုင်ငံအဆင့်အမျိုးသမီးဒိုင်ဗင်သမားတွေကြားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဒီကားထဲမှာတော့နိုင်ငံအဆင့်အမျိုးသမီးဒိုင်ဗင်သမားတွေကြားမှာဘယ်သူမှမသိအောင်တိုးတိုးတိတ်တိတ်ဖြစ်သွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအကြောင်းကိုပြသထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့မာရီရယ်ဆိုတဲ့နိုင်ငံ့အဆင့်အမျိုးသမီးဒိုင်ဗင်သမားတစ်ယောက်က ပြိုင်ပွဲဝင်နေတဲ့အချိန်မှာသူ့ရဲ့တွဲဖက်ကဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ၂၀၀၄ ခုနှစ်အိုလံပစ်ပြိုင်ပွဲကြီးကလဲနီးလာပြီဖြစ်တော့အကုန်လုံးပျာယာခတ်နေတကြတဲ့အချိန်မှာ အသက် ၁၄ နှစ်သာရှိသေးတဲ့နာဒီယာဆိုတဲ့ပါရမီရှင်ကောင်မလေးနဲ့ မာရီယယ်ကိုသူတို့ရဲ့နည်းပြနဲ့တွဲပေးခဲ့ပါတယ်။ အဲ့လိုဖြစ်ပြီးသိပ်မကြာခင်မှာပဲကလေးမလေးနာဒီယာရဲ့အမေကသူတို့ရဲ့နည်းပြဟာ သူ့သမီးကိုလိင်အကြမ်းဖက်တယ်ဆိုပြီးထစွပ်စွဲပါတော့တယ်။မျက်မြင်သက်သေမရှိတဲ့အပြင်သမီးဖြစ်သူ ကိုယ်တိုင်ကပါအမေကိုဆန့်ကျင်ပြီးပြောနေလို့အဲ့ဒီအမှုကမြန်မြန်ပဲပျောက်ကွယ်သွားပါတော့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့မာရီယယ်တစ်ယောက်နည်းပြနဲ့ကောင်မလေးကြားကအပြုအမူတွေ ဆက်ဆံပုံတွေကိုမသင်္ကာတဲ့အတွက်စုံစမ်းကြည့်တဲ့အခါမှာတော့ ဘာတွေသိလာရမလဲ။ဘယ်သူမှမသိတဲ့မာရီယယ်ကိုယ်တိုင်တောင်မသိတဲ့သူ့ဘဝရဲ့အိပ်မက်ဆိုးကြီးတစ်ခုကလည်း အဲ့ဒီအချိန်မှာထွက်ပေါ်လာပြီးမာရီယယ်ပါအဲ့ဒီအိပ်မက်ဆိုးထဲကရုန်းထွက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။...

Asvins (2023) ⭐IMDB: 6.3/10 (166 Votes) 🎬 #Bollywood #Horror #Thriller #Mystery 🗓 2023 🎞 movie 📺 #720p #1080p 💿 593.4 MB ⦿ 1.3 GB 🌎 #India ⏰ 1 နာရီ 51 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Asvins ( 2023 )============== IMDb 6.9/10 အာသာဝဏီနတ်မင်းရဲ့တန်ခိုးကြောင့် သိဒ္ဓိဝင်နေတဲ့ နတ်ဆင်းတုနှစ်ခု။အဲဒီဆင်းတုနှစ်ခုထဲက တစ်ခုဟာ နတ်ဆိုးတစ်ကောင်ကြောင့် ကျိန်စာသင့်အပမှီသွားပြီး အဲဒီဆင်းတုတွေရှိနေတဲ့ ရွာတစ်ခုလုံး အငတ်ဘေးကျကပ်ဆိုက်ကာ ရွာပျက်သွားတယ်။ အဲဒီနောက်မှာတော့ အဲဒီဆင်းတုတွေလည်းပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။.လူတွေသေဖူးတဲ့၊ အဖြစ်ဆိုးတွေကြုံရဖူးတဲ့နေရာတွေ အိမ်အိုအိမ်ဟောင်းတွေမှာမှတ်တမ်းတင်ဗွီဒီယိုတွေရိုက်ကြတဲ့ YouTuber အဖွဲ့တစ်ဖွဲ့ဟာ သရဲခြောက်တယ်လို့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အိမ်အိုကြီးတစ်ခုကို မှတ်တမ်းတင်ဖို့ သွားကြရင်းတစ်ယောက်ပြီးတစ်ယောက် အဖြစ်ဆိုးတွေကြုံရပါတယ်။ အဲဒီအဖြစ်ဆိုးတွေရဲ့နောက်ကွယ််မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲ၊ဘာလို့ ဒီလိုတွေကြုံနေရတာလဲဆိုတာ ဒီ ရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယသရဲကားတွေမှာမြင်ရခဲတဲ့ပုံစံနဲ့တင်ဆက်ထားပြီးစိတ်ဝင်စားစရာလည်းကောင်းတာမို့ ညဘက်တစ်ယောက်တည်းမီးမပြတ်တဲ့နေရာတွေဆို မီးလေးပိတ်ပြီး ကျောတစိမ့်စိမ့်နဲ့ကြည့်လို့ကောင်းမယ့်ရုပ်ရှင်လေးပဲဖြစ်ပါတယ်…။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ BpL, ZweYan,V နဲ့ Yunni တို့ပဲဖြစ်ကြပါတယ်။ )...

My Valentine Crush (2023) ⭐IMDB: 5.0/10 (69 Votes) 🎬 #Romance #Uncategorized 🗓 2023 🎞 movie 📺 #1080p #720p 💿 848.7 MB ⦿ 1.7 GB 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (၂၀၂၃) ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ My Valentine Crush ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခရစ်စတယ်ဟာ ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုက အရောင်းဌာနရဲ့ ဌာနမှူးဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့မိန်းမသားတစ်ဦးလို့ ဆိုရပါမယ်။ ဒါပေမဲ့လည်း ချစ်ရသူဆေးဗီးယားရဲ့ မရေရာမှုတွေကြောင့် စိတ်မလိုမကျစရာအချစ်ရေးတစ်ခုမှာ ပိတ်မိနေသူပါ။ ဒီလိုနဲ့ သူ့ရဲ့အထီးကျန်စရာချစ်သူများနေ့တစ်ခုမှာ အင်တာနက်လိုင်းပြတ်သွားရာကနေ အင်တာနက်ပိုင်းဆိုင်ရာနည်းပညာကျွမ်းကျင်သူ ဒါရယ်နဲ့စတွေ့ခဲ့ပါတယ်။ ဒါရယ်နဲ့တွေ့ပြီးတဲ့နောက်မှာမှ အသက်ဝင်လာတဲ့ခရစ်စတယ့်ဘဝဟာ ပျော်လို့မဆုံးခင်မှာပဲ တစ်ဖက်ကမပြတ်မသားအချစ်ရေးကြောင်း ဘေးကျပ်နံကျပ်အခြေအနေကို ရောက်သွားပါတော့တယ်။ ဒီလိုအခြေအနေတွေကို ခရစ်စတယ်ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ဘယ်သူနဲ့သူ့ဘဝကို ရှေ့ဆက်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားက rom-com အမျိုးအစားဖြစ်ပြီး IMDB rating အနေနဲ့ 5 အထိရရှိထားတာမို့ ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်ချင်သူတွေအတွက် အဆင်ပြေစေမဲ့ကားလေးတစ်ကား ဖြစ်စေမှာပါခင်ဗျာ။...

Sarvam Shakthi Mayam (2023- ) ⭐IMDB: 9.0/10 (450 Votes) 🎬 #Documentary #Drama 🗓 2023- 🎞 tv series 📺 #1080p 🌎 #India ⏰ 28 မိနစ် 49 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sarvam Shakthi Mayam (2023)Sarvam Shakti Mayam 2023 IMDb – 9.1ဒီတစ်ခေါက်မှာတော့ Zee5 ကနေ အသစ်ထွက်ရှိထားတဲ့ ထူးထူးခြားခြားဟင်ဒီစီးရီးကိုတင်ဆက်ပေးလိုက်ပါတယ်။ အက်ရှင်တွေ လောင်မြိုက်စရာတွေမပါဘဲ ဘုရားဖူးရင်း အေးအေးချမ်းချမ်းကြည့်ရှုရမဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းအနေနဲ့ကတော့… စီးပွားရေးအဆင်မပြေဖြစ်ပြီး စိတ်ဓာတ်ကျနေတဲ့ လုပ်ငန်းရှင်ကြီးမာဒါ့ဗ်တို့မိသားစုနဲ့ ဘုရားမဲ့ဝါဒကို လက်ကိုင်စွဲထားတဲ့ ရန်ဂျိသ်ဆိုနီဆိုတဲ့ စာရေးဆရာတစ်ယောက်တို့ရဲ့ ဘုရားဖူးခရီးကို ကြည့်ရှုရမှာပါ။မာဒါ့ဗ်ဟာ “18 shakti peethas” လို့ခေါ်တဲ့ စန္ဒီမယ်တော်ကျောင်းတော် ၁၈ ကျောင်းဆီ ဘုရားဖူးရင်း တစ်ကျောင်းစီကနေ အောင်မြေလက်တစ်ဆုပ်စာ စုဆောင်းဖို့ တစ်ကျောင်းပြီးတစ်ကျောင်း ခရီးနှင်လာပြီး စာရေးဆရာကြီး ရန်ဂျိသ်ကတော့ “18 shakti peethas” လို့ခေါ်တဲ့ စာအုပ်ကိုပြုစုဖို့ လေ့လာရေးထွက်လာတဲ့သူပါ။ဒီလိုနဲ့ မတူညီတဲ့ရည်ရွယ်ချက်နဲ့ မထင်မှတ်ဘဲ ခရီးအတူထွက်ခဲ့ကြရင်း ဘုရားကိုအကြွင်းမဲ့ ယုံကြည်တဲ့သူနဲ့ ဘုရားမဲ့ဝါဒကိုင်စွဲထားတဲ့သူတို့ ဘာသာရေးအပေါ်ခံယူချက်တွေ၊ သဘောတရားတွေကို ဖလှယ်ကြမယ်ဆိုတာ တောတောင်ရေမြေသဘာဝအလှတွေ ဒေသတစ်ခုပြီးတစ်ခု ခရီးနှင်ကြပုံတွေ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ စိတ်ဖိစီးစရာတွေ ခဏထားခဲ့ပြီး သူတို့နဲ့အတူ ဘုရားဖူးတစ်ခါလောက် ထွက်လိုက်ကြရအောင်ဗျာ….အညွှန်းနဲ့ဘာသာပြန်ကတော့ BpL~ Yunni ~ V~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်။Quality : 1080p WEB RIP / 720pTotal Episodes : 10EpsFormat : mp4Genres : Documentary , DramaDuration : 29minsSubtitle : Myanmar Subtitle ( Hardsub )...

The Afterparty (2022- ) ⭐IMDB: 7.3/10 (15 k Votes) 🎬 #Mystery #Comedy #Crime 🗓 2022- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Afterparty Season 1 + 2The After-party  Season 1 (2022)ခုတစ်ခေါက် တင်ဆက်ပေးမယ့်ကားလေးကတော့ လတ်တလောထွက်ရှိနေတဲ့ ပဟေဠိ‌ပေါင်းများစွာပါ၀င်တဲ့ မှုခင်းကားကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ “The After-party” ဆိုတဲ့ စီးရီးလေးပဲဖြစ်ပါတယ်အထက်တန်းတုန်းက ကျောင်းသားဟောင်း‌တွေရဲ့ ပြန်လည်တွေ့ဆုံပွဲမှာ မထင်မှတ်ပဲ နာမည်ကြီးအနုပညာရှင်တစ်ယောက်ချောက်ကမ်းပါးပေါ်ကပြုတ်ကျ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ လူသတ်မှုမှန်း စုံထောက်ဒန်နာသိလိုက်ရတဲ့အချိန်မှာလက်ထောက်ဖြစ်တဲ့ ကော့ပ်နဲ့ ပွဲတက်သူအားလုံးကိုစပြီး စစ်ဆေးမေးမြန်းပါတော့တယ်။ အားလုံးကလည်း ကိုယ့်နေရာကနေကိုယ့်ရှူထောင့်ကနေ ကိုယ့်ဖြစ်ရပ်တွေ‌ကိုပြောပြကြတော့ မတူညီတဲ့ဇာတ်ကြောင်းတွေထွက်လာတဲ့အခါမှာတော့စုံထောင်ဒန်နာ အမှုကို ဘယ်လိုဖြေရှင်းမလဲ။လူသတ်သမားက ဘယ်သူမှန်းရေရေရာရာမသိကြပဲ ဖော်ထုတ်ရင်းနဲ့ နောက်ဆုံး ဘယ်သူကလူသတ်သမားဖြစ်နေမလဲဆိုတာကို ပဟေဠိပေါင်းသောင်းခြောက်ထောင်နဲ့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရမယ့်မှုခင်းကားတစ်ကားပဲဖြစ်ပါတယ် File Size – [email protected]Quality – 720p WEB DL AAC 5.1CH Duration – 35minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , Crime , Mystery...

The Haunting (1999) ⭐IMDB: 5.0/10 (79 k Votes) 🎬 #Fantasy #Horror #Mystery #Thriller 🗓 1999 🎞 movie 📺 #720p #1080p 💿 816.7 MB ⦿ 1.8 GB 🌎 #UnitedStates ⏰ 1 နာရီ 53 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Haunting (1999) Liam Neeson, Catherine Zeta-Jones, Owen Wilson နဲ့ Lili Taylor တို့လို ခုချိန်ကာလမှာ မသိသူမရှိလောက်တဲ့ Cast အကြမ်းတွေပါဝင်တဲ့ Horror, Thriller ရုပ်ရှင်‌ဖြစ်ပါတယ်။ The Haunting of the Hill House ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို အခြေခံပြီး The Haunting (1963) နဲ့ နက်ဖလစ်စီးရီးတစ်ခုလည်းရိုက်ထားပါသေးတယ်။ အဲဒီ နက်ဖလစ်စီးရီးကတော့ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ Dr. Marrow ဟာ အကြောက်တရားနဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့ ညအိပ်မပျော်ရောဂါရှိတဲ့သူတွေကို Hill အိမ်ကြီးဆီ ခေါ်ခဲ့ပါတယ်။ အိမ်ကြီးကိုဆောက်ခဲ့တဲ့သူအကြောင်း ဘာကြောင့်ဆောက်ခဲ့သလဲဆိုတာကိုသိကြရပြီး ဘယ်သူမှမဝင်ရဲတဲ့ အိမ်ကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ကြုံရပါတော့တယ်။ အိမ်ကြီးမှာဖြစ်ပျက်သမျှကို အစပိုင်းမှာတော့ အိပ်မပျော်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတယ် ထင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့အခါမှာတော့ သူတို့တစ်ဖွဲ့လုံးပိတ်မိပြီး မကောင်းဆိုးဝါးကြီးကိုရင်ဆိုင်ရပါလေတယ်။ ဇာတ်လမ်းကတော့ ပြောရလောက်အောင် ထူးခြားဆန်းကြယ်နေတာမျိုးမရှိပေမယ့် သရုပ်ဆောင်တွေက တကယ့်ဟဲဗီးဇာတ်ဆောင်ကြီးတွေပဲသုံးထားပါတယ်။ဘာလို့ ဒီလောက် Rating နည်းရတာလဲဆိုရင်တော့ ကျွန်တော့်အနေနဲ့ CGI ကြောင့်လို့ပဲ အပြစ်ပုံချချင်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံး ဝတ္ထုကို သွေဖယ်တာမျိုးနည်းနည်းပဲရှိပေမဲ့ သရဲခြောက်တဲ့အပိုင်းတွေမှာ သရဲတွေ ကာတွန်းရုပ်ပေါက်နေတာက သိပ်ယုတ္တိရှိတယ်မခံစားရပါဘူး။ ၂၀၀၀ခုနှစ် မတိုင်ခင် CGI ဆိုတော့လည်း ဒီလောက်ပဲရမှာပေါ့ဗျာ။ သရုပ်ဆောင်တွေကိုလည်း အပြည့်အဝသရုပ်ဆောင်ခွင့်ပေးထားတယ်လို့ မခံစားရပေမဲ့ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းသလိုရှိပါတယ်။ ဒီရုပ်ရှင်မှာ ကြည့်ပျော်တဲ့အပိုင်း‌ဆိုရင်တော့ အိမ်ကြီးရယ် ဒါရိုက်တာရဲ့ရိုက်ချက်တွေရယ်ပါ။ သရဲကားတွေကိုကြည့်မယ်ဆိုရင် အတော်များများက ကြည့်တဲ့သူတွေခြောက်ခြားရအောင် ကိုယ်တိုင်ရောက်နေသလိုခံစားရအောင် သာမန်ထက်ပိုပြီး ရိုက်ကွက်ကို အသားပေးကြပါတယ်။ ဒီရုပ်ရှင်က The Conjuring လိုကားမျိုးတွေ ကြည့်နေကျလူတွေအတွက် ကြောက်ဖို့ကောင်းမှာမဟုတ်ပေမဲ့ နောက်ခံတီးလုံး၊ အလင်းအမှောင်နဲ့ ရိုက်ကွက်တွေက သရဲကားသာမန်ကြည့်‌တဲ့သူတွေအတွက် ကြည့်ပျော်တယ်လို့ပြောနိုင်ပါတယ်။ Liam Neeson, Catherine Zeta-Jones နဲ့ Owen Wilson တို့ရဲ့ ရှားရှားပါးပါး Horror ကားဖြစ်ပေမဲ့ ထင်သလောက်မအောင်မြင်ခဲ့တာကတော့ အတော်နှမျောစရာပါ။ ကိုယ်ကြိုက်တဲ့မင်းသား မင်းသမီးကြီးတွေရဲ့ ငယ်ရုပ်ကိုပြန်မြင်ခွင့်ရချင်တယ်၊ သိပ်ကြောက်ရတာမျိုးလည်းမလိုချင်ဘူးဆိုရင်တော့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

God Is a Bullet (2023) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Action #Crime #Horror #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 614.9 MB ⦿ 1.7 GB 🌎 #Mexico #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 God Is a Bullet (2023) ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ “God Is a Bullet” ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက‌ ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ ‌‌တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ‌ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ မုဆိုးအဖြစ်အသွင်ပြောင်းသွားတယ်။ ဇာတ်ကောင်တစ်ကောင်ကို လူပုံစံပါကွဲသွားလောက်တဲ့ထိ အချိုးအကွေ့ကြီးတစ်ခုနဲ့ ‌တိုက်မိစေလိုက်တာပါပဲ။ ကေ့စ်နေရာက Maika Monroe ကလည်း ဆေးဖြတ်ခါစ စိတ်ကျန်းမာရေးသိပ်မကောင်းတဲ့ ကောင်မလေးနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားနိုင်ပါတယ်။ Nicolaj Coster- Waldau ကလည်း GOT တုန်းက Jaime Lannister ဇာတ်ရုပ်နဲ့ ကွဲထွက်တဲ့ ဇာတ်ကောင်မျိုးနေရာကနေ Facial Expression ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ Jamie Foxx ကတော့ Jamie Foxx အထာနဲ့ပဲ ပါဝင်လာပါတယ်။ Cast တွေကိုတော့ အပြစ်ရှာစရာသိပ်မရှိပေမဲ့ ဇာတ်လမ်းက အစမှာအေးပြီး ရုတ်တရက်ထပူသလို အပူအအေး သိပ်မမျှဘူးလို့ ပြောနိုင်ပါတယ်။ စေတန်ဂိုဏ်းဘက်ကို ပိုပိုသာသာလေး ဇွတ်လူမိုက်လုပ်ခိုင်းထားပြီး ကြမ်းပြခိုင်းတာကတော့ သိပ်အားမရစရာအချက်ပါ။ ပစ်တာခတ်တာတွေ နဲ့ အက်ရှင်ခန်းတွေပီပြင်တာကတော့ ဒီရုပ်ရှင်ရဲ့ကောင်းကွက်တစ်ခုထဲအပါအဝင်ဖြစ်ပါတယ်။‌ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင်တော့ ဇာတ်ဝင်သီချင်းတွေကို သေချာလေး နားထောင် ခံစားကြည့်ပါလို့အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

Hoon Payon (2023) ⭐TMDB: 47.0% User Score 🎬 #Horror 🗓 2023 🎞 Movie 📺 #720p #1080p 💿 715.7 MB ⦿ 1.4 GB 🌎 #Thailand ⏰ 1 နာရီ 50 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hoon Payon (2023) ထမ် အဖြစ် Phuwin Tangsakyuenတေး အဖြစ် Up poompat lam-samangဂျိတ် အဖြစ် Nick Kunatip pinpradab “ဒွမ်ဆင်ထမ်း” ဆိုတဲ့ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ်းရုပ်တုတော်ကို အရမ်းယုံကြည်ကိုးကွယ်ကြပါတယ် တစ်နေ့မှာ ထမ်ဟာ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီကို သူတို့မိဘဆုံးသွားကြောင်းသတင်းပြောဖို့ ဒွမ်ဆင်ထမ်းကျွန်းကိုရောက်လာခဲ့ပါတော့တယ် ဒါပေမဲ့ သူရောက်လာတော့ သူ့အစ်ကိုဖြစ်တဲ့ဘုန်းကြီးထီဟာ ကျောင်းထိုင်ဆရာတော်ကိုသတ်တယ်လို့စွပ်စွဲခံရပြီး ပျောက်ဆုံးနေပါတယ် ထမ်ဟာ သူ့အစ်ကိုအကြောင်းစုံစမ်းဖို့ အဲ့ဒီဘုန်းကြီးကျောင်းမှာတည်းဖို့ ဘုန်းဘုန်းကိုခွင့်တောင်းလိုက်ပါတယ်အဲ့ဒီကျွန်းမှာ တစ်ခုထူးခြားတာက အရိုးပြာကို ရုပ်တုထဲထည့်တဲ့ဓလေ့ပါသူတည်းတဲ့ပထမညမှာတင် ထူးဆန်းတဲ့အရာတွေဖြစ်ခဲ့တယ်အဲ့ကျွန်းမှာ ဂဝံရုပ်အစီအရင်လုပ်နေတဲ့သူရှိပါတယ်ဂဝံရုပ်လုပ်နည်းတွေမျိုးစုံရှိတဲ့ထဲမှာ လူသေအလောင်းနဲ့ဂဝံရုပ်သရဲတွေလုပ်ပြီး လူတွေကိုလိုက်ခြောက်တာပါ။ ဆိုတော့ အဲ့ဒီဂဝံရုပ်သရဲလုပ်တဲ့သူကဘယ်သူလဲ ထမ်တို့ဘယ်လိုကိုင်တွယ်မှာလဲထမ် သူ့အစ်ကိုကိုရော ရှာတွေ့မလား ဇာတ်ကားထဲကြည့်လိုက်ရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့Nang Mwe Khamပဲ ဖြစ်ပါတယ်။...

Somewhere in Time (1980) ⭐IMDB: 7.2/10 (31 k Votes) 🎬 #Drama #Fantasy #Romance 🗓 1980 🎞 movie 📺 #1080p #720p 💿 794.5 MB ⦿ 1.9 GB 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Somewhere in Time (1980) ~ IMDb rating – 7.2/10 ~ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 1980 ရဲ့ Old but Gold ကားကောင်းတစ်ကားဖြစ်ပြီး Time Travel, Romance အမျိုးအစားဖြစ်ပါတယ်။ ဟိုးတုန်းက Original Superman မင်းသား Christopher Reeve ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့… 1972 မှာ ရစ်ချတ်ကော်လီယာဆိုတဲ့ဘဲဟာ ပြဇာတ်တစ်ခုကို စီစဉ်ကပြနေတုန်း ထူးထူးဆန်းဆန်း အဖွားကြီးတယောက်ရောက်လာပြီး ခေတ်ဟောင်းနာရီတလုံး ပေးသွားတယ်။ ပြီးတော့ သူ့ဆီပြန်လာခဲ့ပါဆိုပြီး ရစ်ချတ်ကို ပြောသွားတယ်။ ၈နှစ်လောက်ကြာပြီး တစ်ရက်မှာ ရစ်ချတ်က Grand Hotel ကို ရောက်လာရင်းနဲ့ ဟိုးတုန်းက မင်းသမီးတယောက်ရဲ့ပုံကိုတွေ့ပြီး စွဲလမ်းသွားတယ်။ မင်းသမီးရဲ့အကြောင်းကို လိုက်ရှာရင်းနဲ့ အသက်ကြီးသွားတဲ့ပုံကိုတွေ့တော့ အဲဒီမင်းသမီးက သူ့ကိုနာရီလာပေးသွားတဲ့အဖွားကြီးဖြစ်မှန်းသိလိုက်ရတယ်။ တစ်နည်းနည်းနဲ့ မင်းသမီးကို သွားပြန်တွေ့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ရစ်ချတ်ဟာ အိပ်မွေ့ချတဲ့နည်းနဲ့ 1912 ကို အချိန်နောက်ပြန်သွားလိုက်ပါတယ်။ အဲဒီမှာ မင်းသမီး အဲလိစ်နဲ့တွေ့ပြီး နှစ်ယောက်သား ချစ်မိသွားတယ်ဆိုပေမဲ့ အဲလိစ်ရဲ့မန်နေဂျာက မကျေနပ်ပဲ ကန့်ကွက်ပါတယ်။ မန်နေဂျာရဲ့ သဘောမတူတဲ့ကြားက သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ခိုင်မြဲပါ့မလား…ရစ်ချတ်ကရော 1912 မှာ ဆက်ရှိနေနိုင်မှာလား…နှစ်​ယောက်သားရဲ့အချစ်ရေးက ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)...

The Reading (2023) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 533.4 MB ⦿ 1.1 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စကိုင်းဆိုတဲ့ ကောင်မလေးဟာ သေသူတွေနဲ့ ဆက်သွယ်လို့ရတဲ့သူ တစ်ယောက်ပါ။ သူနဲ့ သူ့သူငယ်ချင်းတွေက သေသူတွေနဲ့ ချိတ်ဆက်ဟောပြောတဲ့ အလုပ်ကို စီးပွားရေး တစ်ခုလို လုပ်နေကြရာကနေ စကိုင်းက ဒီအလုပ်ကို လုပ်ရမှာ ကြောက်လာပါတယ်။ အဲ့ဒီအချိန်မှာ ပိုက်ဆံအချီကြီးရမဲ့ အခွင့်အရေး တစ်ခုက ပေါ်လာပါတယ်။ အဲ့ဒါကတော့ အေမာ လီဒင်န်ဆိုတဲ့ အမျိုးသမီးကို ဟောကြားပေးဖို့ပါပဲ။ အေမာလီဒင်န်ဟာ သူ့အိမ်ကိုကျူးကျော်ခံရမှုမှာ သူကလွဲပြီး တစ်မိသားစုလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတာပါ။ ဒါကို စကိုင်းက ဟောကြားပေးရင်းနဲ့ သူတို့ တစ်ဖွဲ့လုံးပါ ဘာတွေ ကြုံတွေ့လာရမလဲ၊ ကျူးကျော်ခံရမှုဆိုတာကရော ဘယ်လိုဖြစ်ခဲ့တာလဲ ဆိုတာကို ထိတ်လန့်ခြောက်ခြားစွာ ကြည့်ရှုရမဲ့ horror thriller ဇာတ်ကားကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ IMDb rating 5.3ရှိပြီးတော့ မထင်မှတ်ထားတဲ့ plot twistတွေက ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားအောင် ဆွဲခေါ်သွားမှာပဲ ဖြစ်ပါတယ်။...

The Love Machine (2016) ⭐IMDB: 3.8/10 (142 Votes) 🎬 #Adult #Thriller #Drama 🗓 2016 🎞 video movie 📺 #720p #1080p 💿 776.5 MB ⦿ 1.5 GB 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မိန်းမတယောက်ရဲ့အငြိုးလုံးကြီးပေါက်လှ အမေရိကန်ပျိုဖြူတွေရဲ့အလှကိုအတိုင်းသား အားပါးတရခံစားကြည့်ရအောင် မိန်းမတွေအငြိုးကြီးလာရင် အရမ်းကြောက်စရာကောင်းပြီးသွေးအေးအေးနဲ့ ဘယ်လို‌တွေကြံစည်တက်လဲဆိုတာဒီ ဇာတ်ကားလေးကို နမူနာအနေနဲ့ ကြည့်ပြီးသိနိုင်ပါတယ် အိမ်ထောင်သည်ဘဝကြာလာရင် မိန်းမတွေက လိင်စိတ်ကုန်လာတာဟာ သဘာဝပဲလို့ဆိုပါတယ်ဒါပေမဲ့ ယောင်္ကျားတယောက်အတွက်တော့ဒါဟာ အင်မတန်မှဖြေရှင်းရခက်တဲ့ ကိစ္စပဲလေဒါပေမဲ့ကံကောင်းထောက်မစွာပဲ သူတို့မြို့လေးမှာဒေါက်တာဘရက်ရှောနဲ့ သူရဲ့ အချစ်စက်လို့ခေါ်တဲ့ ကိရိယာတခုနာမည်ကြီးနေပါတယ် သူက လိင်စိတ်ကုန်နေတဲ့အိမ်ထောင်သည်အမျိုးသမီးတွေကိုအထူးကုသပေးနေတာဖြစ်ပါတယ် သူ့ရဲ့လူနာ‌တွေက သူနဲ့တွေ့ပြီးနောက်ပိုင်းဖလန်းဖလန်းထလာပြီး ဘယ်လိုတွေပွဲကြမ်းလဲဆိုတာအရမ်းကြည့်ကောင်းတာမို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...

Wild Orchid (1989) ⭐IMDB: 4.5/10 (13 k Votes) 🎬 #Drama #Romance 🗓 1989 🎞 movie 📺 #720p #1080p 💿 1.1 GB ⦿ 4.1 GB 🌎 #UnitedStates ⏰ 1 နာရီ 45 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းလေးက အမ်မလီရိဒ်ဟာ ရှေ့နေတစ်ယောက်ဖြစ်ပြီး နယူးရော့ခ်မှာအလုပ်လာရှာတာပါ စွမ်းဆောင်ရည်ကောင်းတွေပိုင်ဆိုင်ထားတဲ့အတွက် ကုမ္ပဏီကအလုပ်ခန့်လိုက်ပြီး ကလော့ဒီဒန်းနစ်ဆိုတဲ့ စီနီယာတစ်ယောက်နဲ့အလုပ်တွဲလုပ်ဖို့ဖြစ်လာပါတော့တယ်၊ အလုပ်ကတော့ ငွေအကြေးအခက်အခဲဖြစ်နေတဲ့ ကုမ္ပဏီက အပန်းဖြေဟိုတယ် တစ်ခုတည်ဆောက်ဖို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေကိုသဘောတူအောင်ညှိနှိုင်း ဆောင်ရွက်ပေးရမှာဖြစ်တယ်၊ အလုပ်ကိစ္စကိုသေချာဆွေးနွေးဖို့ချိန်းထားပေမယ့် တာဝန်ခံဖြစ်တဲ့သူက နိုင်ငံခြားကိုထွက်သွားတဲ့အတွက် ကလော့ဒီဟာ အမ်မလီကိုလုပ်ငန်းခွင်မှာ ထားပြီ းလိုက်ခေါ်ပါတော့တယ်၊ လိုက်မခေါ်ခင်မှာ ကလော့ဒီဟာ ဒိတ်ဖို့ ချိန်းထားတဲ့အတွက် အမ်မလီကိုလူစားသွားတွေ့ခိုင်းတယ်၊ လူစားတွေ့ရမယ့် သူက နာမည်ကြီးသူဌေးဂျိမ်းစ်ဝီလာဖြစ်ပြီး ကလော့ဒီကို ဂွင်ကျော်ရိုက်တဲ့သူလည်းဖြစ်ပါတယ်၊ ရှေ့နေမလေးအမ်မလီနဲ့ ဂျိမ်းစ်ဝီလာ တို့ဘယ်လိုတွေတွေ့ကြမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး...

The Lincoln Lawyer (2022- ) ⭐IMDB: 7.7/10 (46 k Votes) 🎬 #Drama #Crime #Mystery #Thriller 🗓 2022- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 51 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Lincoln Lawyer Season 1 + 2The Lincoln Lawyer Season 1 (2022)သင်ဟာ အမှုအခင်း​တွေ၊တရား​စီရင်​ရေး​တွေကို စိတ်ဝင်စားလား၊ ပ​ဟေဠိဆန်တဲ့ လူသတ်မှု​တွေကို သ​ဘောကျလား၊ ​လေလုံးခပ်ကြီးကြီး စကားခပ်ကြွယ်ကြွယ်နဲ့ ဆိုက်နဲ့ ဂိုက်နဲ့ ​ရှေ့​နေဇာတ်​ကောင်​တွေကို အားကျတဲ့သူလား၊ ကားအ​ကောင်းစား တစ်စီးနဲ့ စတိုင်ကျလွန်းတဲ့ Gent​တွေလိုဖြစ်ချင်သလား၊ ဒါ​တွေအားလုံး Neflix က ဒီ​နေ့ထွက်ရှိလာတဲ့ Lincoln Lawyerဆိုတဲ့ Legal Drama seriesထဲမှာ အစုံ မြင်​တွေ့ရမှာပါ။ ကနဦးIMDb 8.6 ဆိုတဲ့ ratingက အာချာပင်မဟုတ်မှန်း အကုန် သိကြမှာပါ။ မစ်ကီ​ဟော်လာဆိုတာ တချိန်က တရား​​ရေးရာမှာ အင်မတန်​နာမည်ရခဲ့တဲ့ ​ရှေ့​နေ တစ်​ယောက်​ပေါ့၊ လင်ကွန်းကားတစ်စီးနဲ့ ​လော့စ်အန်ဂျလိစ်ရဲ့ တရားရုံးတိုင်းကို ​ခြေချင်းလိမ်​အောင် အမှုလိုက်​ပေးခဲ့ရလို့ Lincoln Lawyerဆိုတဲ့ နာမည်၁လုံးနဲ့ ​ကျော်ကြားခဲ့သူ​ပေါ့၊ ဒါ​ပေမဲ့ အိမ်​ထောင်​​ရေးပြဿနာ​​တွေ၊ accident တစ်ခုက ဒဏ်​ကြောင့် ​အကိုက်အခဲ​ပျောက်​ဆေး​တွေ​သောက်ရင်း ​ဆေးစွဲသွားတဲ့ ပြဿနာ စသဖြင့် ပြဿနာ​ပေါင်းစုံနဲ့အတူ နာမည်ကျသွားသူ​ပေါ့။ဒီလိုနဲ့တစ်​နေ့မှာ သား​ရွှေအိုးထမ်းတယ်ပဲ ​ခေါ်ရမလား၊ ဒုက္ခရဲ့​ရောင်းရင်းများလို့ပဲ ဆိုရမလား မသိ၊ မစ်ကီကို တရားသူကြီးချုပ်က ဆင့်​ခေါ်ခဲ့ပါတယ်၊ အ​ကြောင်းက မစ်ကီရဲ့ လုပ်​ဖော်ကိုင်​ဖက်ဖြစ်သူ၊ ကားပါကင်ထဲ ​သေနတ်နဲ့ လုပ်ကြံခံလိုက်ရသူ ​ရှေ့​နေ ဂျယ်ရီဗင်းဆင့်ဟာ သူမ​သေခင် ၁၀ရက်အလိုကတည်းက “သူ​သေခဲ့​သော် သူ့ရဲ့လက်ရှိအမှုအားလုံး မစ်ကီကိုလွှဲအပ်ပါတယ်”ဆိုပြီး တရားရုံးမှာ ကြိုတင်ပြီး ​လျှောက်ထားခဲ့လို့ပါ။ဒီလိုနဲ့ပဲ အမှုလက်မဲ့ဖြစ်​နေတဲ့ မစ်ကီတစ်​ယောက် သွား​လေသူ လုပ်​ဖော်ကိုင်ဖက်ရဲ့ ခိုးမှုအစ၊လူသတ်မှု​အဆုံး အမှုပေါင်းစုံကို လင်ကွန်းကားတစ်စီးနဲ့ ​ရှေ့​နေလိုက်ရပါ ​​တော့တယ်၊ ဒါ​ပေမဲ့ ဂျယ်ရီဗင်းဆင့်ကိုသတ်ခဲ့တဲ့ လူသတ်သမားက သူ့အမှု​တွေကို လက်လွှဲယူခဲ့တဲ့ မစ်ကီကိုပါ လုပ်ကြံဖို့ကြိုးစားလာတဲ့အခါ….အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ JimX, Richard Wai, Roman NoX, NanThin, Leonard Lin တို့ပဲ ဖြစ်ပါတယ်။Genre…..Crime, Drama...

The Blackwell Ghost 7 (2022) ⭐IMDB: 6.2/10 (342 Votes) 🎬 #Uncategorized #Horror 🗓 2022 🎞 movie 📺 #1080p #720p 💿 2.9 GB ⦿ 799.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 10 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Blackwell Ghost 7 (2023) ဒါကတော့ horror series တစ်ခုဖြစ်တဲ့ The Blackwell Ghost series ထဲကIMDb 6.4 ရထားတဲ့ 7ကားမြောက် ဇာတ်လမ်းပဲဖြစ်ပါတယ်။The Blackwell Ghost ဆိုတာ Turner Clayတစ်ယောက် ဒါရိုက်တာလည်း သူ၊ ဇာတ်လိုက်လည်း သူ၊ ရိုက်ကူးရေးလည်းသူပဲ တာဝန်ယူပြီးတော့ လက်စွမ်းပြထားတဲ့ seriesကောင်းတစ်ခုပေါ့။paranormalအဖြစ်အပျက်တွေကို တကယ်လား၊ ရုပ်ရှင်လား အထင်မှားအောင်ရိုက်ထားတဲ့ ဇာတ်လမ်းတွေဆိုလည်း မမှားဘူး။ရှေ့ကကားတွေက ကြောက်စရာကောင်းခဲ့ပေမယ့် ဒီကားမှာတော့ horror ထက် mysteryဘက်ကို ပိုသွားထားတာတွေ့ရတယ်။ရှေ့ကားတွေနဲ့ ဆက်စပ်နေတဲ့အပိုင်းတွေ ရှိပေမယ့်လည်း main plotက မတူတော့တာမို့ရှေ့ကားတွေမကြည့်ထားရင်တောင် ဒီကားကိုပဲ ဖောက်ကြည့်လို့ရပါတယ်။ ကောင်မလေးတစ်ယောက် ပျောက်တဲ့အမှုကနေစလိုက်တာ psycho တစ်ကောင်ရဲ့ကစားစရာ ဖြစ်မှန်းမသိဖြစ်သွားတဲ့Turner Clayတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ၊ Psycho ကောင်ကိုရော ဖမ်းမိမှာလား၊ကလေးတွေနဲ့ရော အတူတူပြန်နေခွင့်ရမှာလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားလိုက်ပါဦး~ အညွှန်း နဲ့ ဘာသာပြန်ကတော့Funzaeပဲ ဖြစ်ပါတယ်။...

Biosphere (2022) ⭐IMDB: 5.6/10 (740 Votes) 🎬 #Comedy #Drama #Mystery #ScienceFiction #Romance #SciFi 🗓 2022 🎞 movie 📺 #720p #1080p 💿 507.8 MB ⦿ 1.2 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Biosphere (2022)============= ဒီကားလေးကတော့ အမေရိကန်သမ္မတ နဲ့ သူ့သူငယ်ချင်း သိပ္ပံပညာရှင်သမ္မတအကြံပေးတို့ နှစ်ဦး ကမ္ဘာကြီးပျက်စီးသွားပြီးနောက်မှာ သူတို့နှစ်ဦးတည်းသာ ကျန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ကမ္ဘာကြီးက ကောင်းကင်ကိုတောင်မမြင်ရတော့အောင် လေထုကပျက်စီးသွားပါတော့တယ်။ အပြင်လေက ဘယ်လိုမှ ရှုလို့မရလောက်အောင်ဖြစ်သွားပြီး သက်ရှိတွေလည်းမျိုးတုံးကုန်ကြတယ်။ သမ္မတရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ သိပ္ပံပညာရှင်က ဒီအခြေအနေကို ကြိုမြင်ပြီး Green House လို ထပ်ခိုးလေးတစ်ခုကို အချိန်မီတည်ဆောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သမ္မတနဲ့ပဲ နောက်ဆုံးရှင်ကျန်သူတွေဖြစ်လာတော့တာပေါ့။ အမိုးခုံးအိမ်လေးထဲက နှစ်ယောက်သားကြား ဘာတွေဘယ်လိုဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Whisper of the Heart (2022) ⭐IMDB: 5.8/10 (84 Votes) 🎬 #Romance #Drama 🗓 2022 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 717.5 MB 🌎 #Japan ⏰ 1 နာရီ 55 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Whisper of the Heart (2022) စတူဒီယိုဂီဘီရဲ့ နာမည်ကျော်အန်နီမဲရုပ်ရှင်တစ်ကားဖြစ်တဲ့ Whisper of the Heartကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။အန်နီမဲလောက်တော့ မလှပပေမဲ့ သူ့နည်းသူ့ဟန်နဲ့သူတော့ လှပ်နေတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ်။အန်နီမဲနဲ့မတူတာကတော့ သူက ကလေးဘဝနဲ့ လူကြီးဘဝကို အပြိုင်ပြထားတာပါပဲ။ရှေ့ကြောင်းပြန်လိုက် နောက်ကြောင်းပြန်လိုက်နဲ့ ကောင်လေးနဲ့ ကောင်မလေးကြားက သံယောဇဉ်စဖြစ်လာပုံကို ဖော်ပြထားတယ်။တစ်ုခုရှိတာက အန်နီမဲပရိသတ်တွေအတွက်တော့ ဟုတ်မှာမဟုတ်ပါဘူး။ ဒီတိုင်းစကြည့်မယ့်လူတွေအတွက် ညွှန်းရရင်တော့….စာအုပ်တွေဖတ်ပြီး အသံတွေကြားရတဲ့ ကောင်မလေးရယ် ကောင်လေးရယ်ရှိတယ်သူတို့ကြားနေရတဲ့အသံက သူတို့နှလုံးသားရဲ့အသံတွေပေါ့ ကောင်လေးက တယောဆရာဖြစ်ချင်ပြီး ကောင်မလေးက ပုံပြင်ရေးဆရာမဖြစ်ချင်ခဲ့တယ်။ဒီလိုနဲ့ သူတို့အိပ်မက်တွေနောက် အတူတူလိုက်ကြမယ်လို့ ကတိထားခဲ့ကြတယ်။ကောင်လေးက တစ်ရပ်တစ်ကျေးမှာ သူ့အိပ်မက်နောက်လိုက်ရင်း အောင်မြင်ရင်း ၁၀နှစ်တာကုန်ဆုံးသွားပေမဲ့ကောင်မလေးကတော့ သူ့အိပ်မက်တွေဖြစ်မလာဘဲ အချိန်တွေပဲ ကုန်ရင်းနေလာခဲ့ရတယ်။သူ့နှလုံးသားက အသံကိုလည်း သူမကြားနိုင်တော့ဘူး။ဒီလိုနဲ့ သူဟာဇာတိမြို့ကလေးကို ပြန်ရောက်လာပြီး သူ့နှလုံးသားက တီးတိုးသံလေးကို သူပြန်နားထောင်ဖို့ကြိုးစားရင်းအိပ်မက်တွေနောက်ပဲလိုက်မလား လက်တွေ့ဘဝမှာပဲ ရှင်သန်သွားမလား ။လှလှပပပြသသွားတဲ့ Coming Of Age ဆန်ဆန်ဂျပန်ဒရာမာကားလေးပါပဲ။အိပ်မက်နဲ့လူ ကင်းပြီးနေနိုင်လား အိပ်မက်နဲ့ လက်တွေ့ ဒွန်တွဲရှိနေနိုင်လား ကြည့်ကြရမယ့်ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်။...

ဇာတ်ညွှန်းများ • FDMN - Telegram 频道 的统计与分析