ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
High Ground (2020) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Action #Drama #Thriller #Western 🗓 2020 🎞 movie 🌎 #Australia ⏰ 1 နာရီ 45 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာ သွားရောက်ရိုက်ကူးထားပြီး ပထမကမ္ဘာစစ်နှောင်းပိုင်း ကာလမှာအခြေတည်ထားပါတယ်….။ သြစတြေးလျဒေသခံလူမည်းမျိုးနွယ်တစ်ခုဖြစ်တဲ့ Aboriginal Australiansလူမျိုးတို့ရဲ့ယဥ်ကျေးမှုတွေ ဓလေ့တွေကိုလည်း မြင်တွေ့ရဦးမှာပါ…။ ရိုက်ကွင်းတွေ ရှုခင်းတွေက လှပအရိုင်းဆန်လွန်းပြီး သရုပ်ဆောင်ပီပြင်တာကြောင့် ဆုတံဆိပ်တွေလည်းရရှိ ထားတဲ့ဇာတ်ကားပါ…။ ဇာတ်လမ်းအကြောင်းလေးကိုပြောရရင် လူဖြူတွေကြီးစိုးပြီးနောက် မိသားစုတစ်ကွဲတပြားဖြစ်သွားရတဲ့ Aboriginalမျိူးနွယ် လူမည်းလေး ဂူဂျူရဲ့ဘဝကို အခြေခံရိုက်ကူးထားပါတယ်။ လူဖြူတွေရဲ့ကျူးကျော်မှုကြောင့် ငယ်ဘဝမိသားစုအသိုက်အမြုံလေး ပြိုကွဲခဲ့ရပြီးနောက် ဂူဂျူကိုယ်တိုင်လည်း လူဖြူတွေရဲ့စခန်းမှာ ငယ်ကျွန်သာသာဘဝကိုရောက်ရှိသွားပါတယ်။ ၁၂နှစ်တာကာလကုန်လွန်သွားပြီးနောက် ဂူဂျူရဲ့ဦးလေးဖြစ်သူဟာ သူတို့မိသားစုအတွက် လူဖြူတွေကို လက်စားပြန်ချေပါတော့တယ်…။ လူဖြူတွေနဲ့ရင်းနီးပြီးသားဖြစ်တဲ့ လူမည်းလေးတစ်ယောက်အနေနဲ့ မိသားစုအတွက်ပဲလက်စားပြန်ချေမလား လက်နက်အင်အား အရာရာသာလွန်တဲ့ လူဖြူတွေကို ဘယ်လိုပြန်ရင်ဆိုင်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။
...

The Tiger King Returns (2024) ⭐TMDB: 0.0% User Score 🎬 #Action #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-တရုတ်နိုင်ငံရဲ့ စစ်ရေးရှုပ်ထွေးလှတဲ့ ခေတ်မှာ ဖြစ်ပါတယ်။ကျားဖြူကို တောင်နတ်အဖြစ် ကိုးကွယ်တဲ့ ပိုင်ထိုရွာမှာကံကောင်းခြင်းချီးမြှင့်ဖို့ ဆုတောင်းတဲ့ပွဲမှာ ကျားဖြူတစ်ကောင်ရုတ်တရက်ရောက်လာပြီး ရွာသူရွာသားတွေကို တိုက်ခိုက်ပါတော့တယ်။ အဲ့ဒါကြောင့် ရွာသူရွာသားတွေဟာ ပိုင်ထိုရွာက အတော်ဆုံး မုဆိုးဖြစ်သူချူကျန်းကို ကျားဖြူကို ဖမ်းဆီးသတ်ဖြတ်ဖို့ တောင်းဆိုကြပါတယ်။ချူကျန်းတစ်ယောက် ကျားဖြူကို ဖမ်းဆီးနိုင်ပါ့မလား……ကျားဖြူကြီးက ရွာသားတွေကို လိုက်လံသတ်ဖြတ်နေခြင်းရဲ့နောက်ကွယ်မှာရော ဘယ်လို အကြောင်းရင်းမျိုးတွေရှိနေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ရအောင်နော်။
...

Terminator Genisys (2015) ⭐IMDB: 6.3/10 (292 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2015 🎞 movie 🌎 #USA #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size…(1.9 GB)/(1 GB)Quality….Blu-Ray 1080p / 720pFormat…mp4Duration….02:06:00Genre…Action, Adventure, Sci-FiSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Arr Kun Winchester
...

The Parades (2024) ⭐IMDB: 6.6/10 (240 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Japan ⏰ 2 နာရီ 13 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Parades (2024) လူတွေ သေဆုံးပြီးကြတဲ့နောက်မှာ နောက်ဘဝဆိုတာ တကယ်ရှိသလား????ရှင်သန်နေစဉ်ကာလမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စတွေနဲ့နောင်တတရားတွေ ရှိနေခဲ့ကြမယ်ဆိုရင်ရောသေဆုံးသွားပြီးသားသူတွေဟာ ကျွတ်လွတ်နိုင်ပါ့မလား?ဒီလိုမျိုး မေးခွန်းထုတ်စရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Japan Movie “The Parades” ထွက်ရှိလာခဲ့ပါပြီ။ ဒီဇာတ်ကားမှာဆိုရင်တော့ ခါဝခါမိ မီနာကို ဆိုတဲ့ Single Mom တစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ပြင်းထန်တဲ့ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တစ်ဦးတည်းသောသားလေးနဲ့ လူချင်းကွဲသွားခဲ့တဲ့ မီနာကို ဟာသူ့ကိုယ်သူ သေဆုံးပြီးဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့ အတော်လေး လက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုသေဆုံးပြီသားသူတွေကို တွေ့ရှိလိုက်ရချိန်မှာတော့သူ့အတွက် မေးခွန်းထုတ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တမလွန်ဘဝမှာနေထိုင်ရင်း သူ့ရဲ့ဖြစ်တည်မှုကိုအဖြေရှာရမယ့်မီနာကိုတစ်ယောက် သားဖြစ်သူကိုရော ရှာတွေ့သွားနိုင်မလား။သူ့ရဲ့သားလေးဟာရော တကယ်ပဲ ဘေးကင်းကင်းနဲ့အသက်ရှင်နေသေးရဲ့လားဆိုတာကိုတော့ပရိသတ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါတော့နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hmwe&Khaingပဲ ဖြစ်ပါတယ်။
...

Flawless (2007) ⭐TMDB: 66.0% User Score 🎬 #Crime #Drama #Thriller 🗓 2007 🎞 movie 🌎 #UnitedKingdom #Luxembourg ⏰ 1 နာရီ 49 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ IMDB 6.7/10 ရရှိထားတဲ့ Crime/Drama/Thriller ကားဟောင်းလေးဖြစ်ပြီးမင်းသမီးကြီး Demi Moore နဲ့ မင်းသားကြီး Michael Caine တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၆၀ ခုနှစ်များဆီက ဥရောပတစ်ခွင်မှာ အလုံခြုံဆုံးဆိုတဲ့၊ အတွင်းဘက်မှာ ကွန်ကရစ်တွေ၊ ကျောက်သားနံရံတွေနဲ့ ကာရံထားပြီး အပြင်ဘက်မှာ ၃ လက်မထု စတီးနံရံနဲ့ ဝန်းရံထားတဲ့လန်ဒန်စိန်အဖွဲ့အစည်းကြီးရဲ့ အလုံပိတ်ခန်းထဲကနေ စိန် ၂ တန်စာလောက်ပျောက်သွားခဲ့ပါတယ်။ ပေါင် သန်း ၁၀၀ လောက်တန်ကြေးရှိတဲ့ စိန်တွေကို လုံခြုံရေးကင်မရာတွေ၊ သံမဏိနံရံတွေ၊ အစောင့်တွေ၊ အဆောက်အအုံရဲ့ ပိတ်ထားတဲ့ တံခါးအထပ်ထပ်ကိုဖြတ်ပြီး ဘယ်သူက ဘယ်လိုပြောင်မြောက်တဲ့နည်းလမ်းနဲ့ ခိုးယူခဲ့လဲဆိုတာနဲ့ စိန်တွေကို ပြန်တွေ့အောင်ရှာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)
...

Cleanskin (2012) ⭐IMDB: 6.2/10 (21 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2012 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 48 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Clean skinဆိုတာ ယူကေမှာ အကြမ်းဖက်မှု ရာဇဝတ်မှုတွေအတွက်အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံထားရခြင်း မရှိတဲ့သူ အပြစ်ကင်းစင်သူတွေကိုသုံးတတ်တဲ့အသုံးပါ ကျွန်တော်ကတော့ သိုးဖြူလေးတွေလို့ သုံးချင်တယ် ဒီဇာတ်လမ်းကတော့ လန်ဒန်မှာအသေခံဗုံးဖောက်ခွဲခံရမှုတွေ ဖြစ်လာတဲ့အခါ ဒီကိစ္စအတွက် ဇာတ်လိုက်မင်းသားက တရားမဝင်လိုက်လံစုံစမ်းရတဲ့ ဇာတ်ကားမျိုးပါပဲ ဒါပေမဲ့ သာမန်ဇာတ်လမ်းတွေနဲ့ကွဲထွက်နေတာကတော့ ဂျိမ်းစ်ဘွန်း ကားတွေလို မင်းသားကအမြဲမှန် ကျင့်ဝတ်တွေနဲ့ညီတဲ့ နိုင်ငံကြီးသား ဇာတ်လမ်းမျိုးတွေမဟုတ်ပဲ ဒီကားမှာတော့နှစ်ဖက်လုံးဟာ အနိုင်ရဖို့အတွက်ဆို လမ်းမှာပိတ်နေတဲ့သူတွေကို ငဲ့ကွက်ညှာတာ‌ နေတာမျိုးမရှိပဲ အကြမ်းပတမ်းချနေကြတဲ့ကားမျိုးပါ တိုက်ကွက်တွေဆိုရင်လည်း မင်းသားကကျည်မထိဗုံးမထိ ဖြစ်နေတာမျိုးမဟုတ်ပဲ လက်တွေ့နဲ့အတော်နီးစပ်တဲ့တိုက်ခန်း ခိုက်ခန်းတွေပါ . . အက်ရှင်ဇာတ်ကားဆိုပေမဲ့ သမားရိုးကျ လူကြိုက်များမဲ့ဇာတ်လမ်းမျိုးမဟုတ်ပဲ စစ်ပွဲတွေရဲ့အနိဌာရုံတွေ လူတွေရဲ့ယုံကြည်မှုတွေ ဘယ်သူမှားလဲဘယ်သူမှန်လဲကို ဝေဝါးမေးခွန်းထုတ်နေရမဲ့ အရာတွေပါတဲ့ဇာတ်အိမ်မျိုးပဲဖြစ်ပါတယ် ဒီဇာတ်ကားကို Lord of the Rings, Games of Thrones စတဲ့ ဇာတ်လမ်းတွေရော တခြားနာမည်ကြီးဇာတ်ကားများစွာမှာ ပါသရုပ်ဆောင်ဖူးတဲ့ မင်းသားကြီး Sean Bean ကသရုပ်ဆောင်ထားပါတယ်
...

Speed Fight (2024) ⭐TMDB: 0.0% User Score 🎬 #Action #ScienceFiction 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်ကတည်းကနေရာတစ်ခုမှာအတည်တစ်ကျမနေရပဲအိမ်တွေခဏခဏပြောင်းပြီးနေခဲ့ရတာဘာကြောင့်လဲနားမလည်နိုင်ခဲ့ဘူး။အမေကအမြဲတမ်းသူ့ကိုသူများနဲ့ရန်မဖြစ်ဖို့လက်မပါဖို့ပြောနေခဲ့တာကိုမကျေနပ်ခဲ့ဘူး။ တစ်နေ့မှာတော့ ပြဿနာကအိမ်ဝထိရောက်လာတော့မှပဲသိလိုက်ရတယ်။တကယ်တော့ကောင်မလေးရဲ့အမေက မျိုးရိုးဗီဇပြောင်းစူပါစွမ်းအားတွေသုတေသနလုပ်တဲ့နေရာမှာအစမ်းသပ်ခံတစ်ယောက်ဖြစ်ခဲ့တာဖြစ်နေပါတယ်။ မပြီးပြည့်စုံပဲ အစမ်းသပ်ခံတွေသေရတဲ့အတွက်စီမံကိန်းကိုဖျက်လိုက်ပေမယ့် ပါမောက္ခကြီးကလက်မလျှော့နိုင်ပဲတိတ်တဆိတ်ဆက်ပြီးလုပ်နေတာပဲဖြစ်ပါတယ်။ကောင်မလေးတစ်ယောက်သူ့ဘဝရဲ့ပဟေဠိတွေကိုအဖြေရှာရင်းသူ့အမေကိုလိုက်ကယ်တဲ့ စူပါစွမ်းအားတွေနဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။
...

Anweshippin Kandethum (2024) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anweshippin Kandethum (2024) အင်စပတ်တာနဲ့ လူပျောက်မှုImdb 8.3/10 ပရိသတ်ကြီးအတွက် ဒီနေ့ပဲ netflix ကနေ ott လွှင့်ပေးလိုက်တဲ့အိန္ဒိယစုံထောက်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် စုံထောက်ကားကောင်းမှကြိုက်တယ်တို့ဇာတ်လမ်းဇာတ်အိမ်ကောင်းတာမှကြည့်ချင်ဝာာတို့ရှားလော့ဟုမ်းတို့လို အခင်းနေရာစိတ်ထဲ‌ပုံ‌ဖော်တဲ့ အကွက်တွေဟာကျူလီပွန်ရိုးတို့လို ‌သက်သေရှာတဲ့အကွက်တွေ စတဲ့စုံထောက်ပညာအစုံနဲ့ မှုခင်းကားကောင်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူ ကောင်မလေးတစ်ယောက် ကျောင်းကအပြန်အိမ်ပြန်ရောက်မလာလို့ သူ့အဖေက ရဲစခန်းမှာ လူပျောက်လာတိုင်တာကနေ ဘတ်စကားဂိတ်ကနေစပြီးအမှုပေါ်တဲ့ထိ စုံထောက်ကြီးရဲ့ ခရေစေ့တွင်းကျ သဲလွန်စတွေတစ်ခုချင်းစီ လိုက်ဖော်ထုတ်တာကို တွေ့ရမှာပါကောင်မလေးက ဘာလို့ပျောက်သွားတာလဲ ပြန်ရောတွေ့မှာလားဘယ်သူက ဘာလုပ်သွားတာလဲအသက်ရောရှင်နေသေးလား စတဲ့ အကြောင်းအရာပေါင်းများစွာကိုအဖြေသိချင်ရင်တော့ ဒီဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုကြဖို့ ပြောကြားညွှန်းဆိုပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)
...

Robin-B-Hood (2006) ⭐TMDB: 70.0% User Score 🎬 #Action #Adventure #Asian #Comedy #JackieChan #Drama 🗓 2006 🎞 movie 🌎 #HongKong ⏰ 2 နာရီ 7 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.6 ရထားတဲ့ ဂျက်ကီချန်း ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဒီကားဟာ ဂျက်ကီချန်းနဲ့ ဒါရိုက်တာ ဘန်နီချန်းတို့ရဲ့ Who Am I? နဲ့ New Police Story တို့နောက်ပိုင်း တတိယမြောက် လက်တွဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ် ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ် အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ “မွေးကင်းစကလေး” တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ သွေးစစ်ဖို့ ပို့ဆောင်ပေးရမှာပါ ဒီကနေ ထောန်နဲ့ ရေဘဝဲတို့က ကလေးကို ပြုစုစောင့်ရှောက်ရင်း မေတ္တာသက်ဝင်သွားတဲ့အခါမှာ ကလေးလေးကို ဘယ်လိုအဆုံးထိ နှစ်ယောက်သား ကာကွယ်သွားကြမလဲဆိုတာကိုတော့ … အရွှန်းလည်း ဖောက် ဒရာမာလည်းပါပြီး အက်ရှင်ကားစစ်စစ်မဟုတ်တဲ့ ဟာသ ဒရာမာ အက်ရှင်ကားလေးထဲမှာ ရသစုံ ခံစားလိုက်ကြပါဦး
...

Age of Heroes (2011) ⭐IMDB: 5.5/10 (10 k Votes) 🎬 #Action #Adventure #Drama #Thriller #War 🗓 2011 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီး ထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာ နာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန် လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်က လွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့ နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။ အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီး နောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်း သယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကို ခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင် ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။
...

Mera Bhai (2024) ⭐TMDB: 70.0% User Score 🎬 #Comedy #Drama 🗓 2024 🎞 Series 🌎 #India ⏰ 21 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mera Bhai (2024)Mera Bhai (2024) ညီအစ်ကိုကြားက သံယောဇဉ်ကြိုး IMDb – 8.5/10မတည့်အတူနေ ညီအစ်ကိုနှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့ ရန်ပွဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးဖွယ်ရာ ကြည့်ရှုရမဲ့ မိသားစုဒရာမာဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘစ်တူက ကောလိပ်နောက်ဆုံးနှစ် တက်နေပြီး အလုပ်ရှာဖို့ကြိုးစားနေတဲ့သူ။ ဆစ်တူက ဆယ်တန်းတက်နေပြီး စာမကြိုးစားဘဲ ပေါ့တီးပေါ့ဆနဲ့နေတဲ့သူ။ဒီညီအစ်ကိုနှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ညီအစ်ကိုသံယောဇဉ်ကို သဘာဝကျကျနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Once Within a Time (2022) ⭐IMDB: 6.3/10 (99 Votes) 🎬 #Comedy #Fantasy 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 52 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လောကကြီးမှာ လုပ်ခဲ့ရတာတွေ မလုပ်ခဲ့ရတာတွေကို “ဖြစ်ခဲ့ရင်” “မဖြစ်ခဲ့ရင်”ဆိုတဲ့ အတွေးတွေ လူတိုင်းမှာအနဲနဲ့အများတော့ ရှိတတ်ကြစမြဲပါပဲ…… အာဒံ နဲ့ ဧဝ သာ ပန်းသီးကို မစားခဲ့ရင် ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်ကြီးသာ မဖြစ်ခဲ့ရင် ဂျပန်ကို အမေရိကန်ကသာ အနုမြူဗုံးမကျဲချခဲ့ရင် ဂျူးတွေကို ဟစ်တလာက အစုလိုက်အပြုံလိုက်သာမသတ်ခဲ့ရင်ဆိုတာကနေစပြီး……သူနဲ့ အစကတည်းကသာတွေ့ခွင့်ရခဲ့ရင် သူ့ကိုသာ မယူခဲ့ရင် သူသာငါ့ကိုမထားသွားခဲ့ရင် ဆိုတဲ့အထိ အနဲနဲ့အများတော့ရှိတတ်ကြစမြဲပါပဲ…….. ဒီရုပ်ရှင်လေးကတော့ ကမ္ဘာကြီးတစ်ခုရဲ့ အစကရယ် နောင်တရစရာ အမှတ်တရတွေနဲ့ ပျက်သုဉ်းသွားတဲ့ အဆုံးရယ် နောက်ထပ်အစပြုလာမဲ့ ကမ္ဘာကြီးရယ်ကို သရုပ်ဖော်ရိုက်ပြထားတာပါပဲ…… ဇာတ်လမ်းအတွင်းမှာလည်း လက်ရှိ ကျွန်တော်တို့ကြုံတွေနေရတဲ့ အခက်အခဲတွေ ပြဿနာတွေကို မီးမောင်းထိုးပြထားပြီး ရိုးသားအပြစ်ကင်းစင်တဲ့ကလေးငယ်လေးတွေရဲ့ မျှော်လင့်ချက်ကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ကားမို့…… စကားမပြောပေမဲ့ စိတ်ထဲစွဲနေစေမဲ့ မက်ဆေ့ချ်လေးတော့ကျန်ခဲ့မှာပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ
...

The Wings of the Dove (1997) ⭐TMDB: 66.0% User Score 🎬 #Drama #Romance 🗓 1997 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wings of the Dove (1997) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ မီလီ –“ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့” မာတွန် –“ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ” မီလီ –“ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်” “ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲတစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။”မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ အကြောင်းပါပြီး ကိတ်လေးကို မွေးခဲ့ကာ ဆင်းရဲရာဘဝမှာ သက်ဆိုးမရှည်နိုင်ခဲ့ရှာပါဘူး။ ဒီလိုနဲ့ ကိတ်လေး အရွယ်ရောက်လာချိန်မှာတော့ သူ့အမေ စွန့်လွှတ်ခဲ့တဲ့ လူကုံထံဘဝကို ပြန်သွားဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အဒေါ်ဖြစ်သူက ကိတ်လေးကို “အားလုံးကို အဆက်ဖြတ်ပစ်ရမယ်” ဆိုတဲ့ ကတိတစ်ခုနဲ့အတူ မိသားစုထဲ ပြန်ခေါ်ပြီး ရှိသင့်တဲ့စည်းစိမ်ဥစ္စာနတွေကို အမွေပြန်ဆက်ခံစေဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အဆက်ဖြတ်ပစ်ရမယ့်အရာထဲမှာ ဘိန်းစားဖခင်ကြီး ပါသလို အသပြာမဲ့ စာနယ်ဇင်းသမား ချစ်သူလည်းပါနေပါတယ်။ ကျောမွဲ သတင်းသမားတစ်ယောက်ဟာ ဆွေကြီးမျိုးကြီးက မိန်းမငယ်တစ်ယောက်အတွက် ခင်ပွန်းလောင်း ဖြစ်မလာနိုင်ပါဘူး။ ကိတ်ဟာ သူ့အမေလိုပဲ အရာအားလုံး စွန့်လွှတ်ပြီး ချစ်သူဆီ ပြန်သွားရင်သွား၊ မဟုတ်ရင် သူ့ချစ်သူဟာ သူနဲ့အခြေတူအောင် ချမ်းသာလာဖို့ လိုလာတာပါပဲ။ ဒီလိုအကြပ်ရိုက်နေတုန်းမှာပဲ ကိတ်ဟာ မီလီလို့ခေါ်တဲ့ ရောဂါသည် သူကြွယ်မလေးနဲ့ ခင်မင်ခွင့်ရလိုက်ပါတော့တယ်။ မီလီဟာတော့ သူ့ကျန်းမာရေးကလွဲလို့ သူ့ဘဝသူ သေချာပိုင်သူမို့ ချစ်ရသူဟာ အဆင့်မတူလည်း မေတ္တာသာကြည်ဖြူရင် တူ၂ကိုယ်ပေါင်းဖို့ ဝန်မလေးဘူးဆိုတဲ့ အချစ်ကို ရဲရဲဝံ့ဝံ့ရှေ့တန်းတင်တဲ့မိန်းကလေးမျိုးပါ။ လူလည်းလှသလောက် ဦးနှောက်လည်းကြီးတဲ့ ကိတ်ဟာ မီလီ့ရဲ့ချစ်ခြင်းကို အခွင့်ကောင်းယူပြီး သူ့ချစ်သူနဲ့ သူနဲ့ပေါင်းနိုင်ဖို့ ဇာတ်ကွက်တစ်ခုကို စပြီးခင်းပါတော့တယ်။ အော်စကာတို့ ရွှေကမ္ဘာလုံးဆုတို့အတွက် ဆန်ကာတင်ဝင်ခဲ့ဖူးတဲ့ တစ်ခေတ်တစ်ခါက ကားကောင်းတစ်ကားပါ။ နာမည်ကျော် စာရေးဆရာကြီး Henry James ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတာပဲ ဖြစ်ပါတယ်။ ကြေးငွေဓနကလွဲလို့ အားလုံးပြည့်စုံနေတဲ့ စုံတွဲနဲ့မေတ္တာကလွဲလို့ အားလုံးကို ဆက်ခံရရှိထားတဲ့ သူကြွယ်မလေးပေါ့… ကိတ်ကတော့ ပြောပါတယ်…“သူ ပြုံးလိုက်တိုင်းမှာ ကျွန်မက ရှင့်ကို ပိုချစ်မှန်းသာ သတိရပါ”တဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
...

A Man Called Hero (1999) ⭐TMDB: 59.0% User Score 🎬 #Action #Adventure #Drama 🗓 1999 🎞 movie 🌎 #HongKong ⏰ 1 နာရီ 57 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ အခုခေတ်လူလတ်ပိုင်းတွေ ငယ်ဘ၀က မစိမ်းခဲ့တဲ့ နာမည်ကြီး တရုတ်မင်းသားမင်းသမီးတွေကို ပြန်လည်မြင်တွေ့ခံစားရဖို့ အဟောင်းထဲက အကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဟိုးရှေးရှေး တရုတ်ပြည်ကြီးမှာ ဟွာမျိုးရိုး ရင်းဟုန်တစ်ယောက် ကြီးမြတ်တဲ့သိုင်းဆရာကြီးထံမှာ တပည့်အဖြစ်ခံယူဖို့ ဖြတ်ကျော်အောင်မြင်လာပြီး ပြန်လာတဲ့အချိန်မှာ မိဘတွေကို မျက်နှာဖြူလူမျိုးတွေ သတ်ဖြတ်တာခံလိုက်ရပါတယ်။ သွေးကြွေးဆပ်ဖို့အတွက် မျက်နှာဖြူလူမျိုးတွေနဲ့ သစ္စာဖောက်လောက်ကောင်တရုတ်တွေ အောင်ပွဲခံပါတီပေးနေတဲ့ဆီကိုရောက်လာပြီး မိဘတွေကိုသတ်ဖြတ်သွားတဲ့ မျက်နှာဖြူလူမျိုးကို သတ်ဖြတ်ခဲ့ပါတယ်။ အပြစ်ပေးခံရမှာစိုးတဲ့အတွက် ချစ်သူကိုပစ်ပြီး အမေရိကကို သင်္ဘောတစ်စီးနဲ့ ခရီးကြမ်းနှင်လာခဲ့တယ်။ နှစ်တွေကြာမြင့်လို့ ချစ်ရသူဆီကနေ ပေါက်ဖွားလာတဲ့ သားဖြစ်သူ အရွယ်ရောက်ချိန်မှာ ပျောက်ဆုံးသွားခဲ့တဲ့ အဖေဖြစ်သူကိုရှာဖို့ အမေရိကကို ဦးလေးဖြစ်သူနဲ့ ရှာပုံတော်ခရီးစပါတော့တယ်။ သားအဖတွေ ပြန်လည်တွေ့ဆုံနိုင်မှာလားဆိုတာကိုတော့ ဒီခေတ်ဟောင်းရုပ်ရှင်လေးထဲမှာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Players (2024) ⭐IMDB: 5.6/10 (7 k Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Players (2024) ဒီနှစ်မှ အသစ်ကျပ်ချွတ်ထွက်ရှိထားတဲ့ အမေရိကန် Rom-Com လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကောလိပ်ကတည်းက ပေါင်းသင်းလာပြီး သတင်းစာတိုက်တစ်ခုတည်းမှာ အတူအတူအလုပ်လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတစ်အုပ်ရှိပါတယ်။ သူတို့ကြားက ပိုပြီးထူးခြားတာလေးတစ်ခုကတော့ သူတို့ရဲ့ ကစားပွဲလေးတွေပါ။ သူတို့ သူငယ်ချင်းတစ်အုပ်ဟာ ပုံမှန်ဆိုသလိုပါပဲ ဘားတွေ ကလပ်တွေ ဆိုင်တွေ ပွဲတွေမှာ မျက်စိကျတဲ့သူကိုတွေ့ပြီဆိုတာနဲ့ သူတို့ရဲ့ ကစားကွက်ကို ခင်းပါပြီ။ တစ်ညတာအပျော်ဇာတ်ခင်းဖို့အတွက် သူတို့ရဲ့ ကစားကွက်တွေက ကုန်ခမ်းတယ်လို့ရယ် မရှိပါဘူး။ တစ်ယောက်က မျက်စိကျတဲ့သူတွေ့ပြီဆိုတာနဲ့ တစ်အုပ်စုလုံး ဝိုင်းဝန်းဇာတ်ပို့လိုက်ကြတာပါပဲ။ အားလုံးထဲမှာမှ မက်ခ်လို့ခေါ်တဲ့ မိမိမိုက်မိုက် အားကစားသတင်းထောက်မမကြီးကတော့ ဆရာမကြီးပေါ့။ မက်ခ်အဖို့ရာ ယောက်ျားတစ်ယောက်ကို တစ်ညတာအပျော်ကစားဖို့ အကွက်တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ သူတို့ သူငယ်ချင်းတစ်အုပ်ကလည်း အမြဲစည်းစည်းလုံးလုံးပါပဲ။ ဒါပေမဲ့ ဒီလို မက်ခ်ခမျာ ယောက်ျားတစ်ယောက်ကို အပြတ်ကြွေသွားတဲ့အခါမှာတော့… လူတစ်ယောက်ကို ချစ်မိရင် သိမ်ငယ်စိတ်က မသိမသာလိုလိုနဲ့ ကပ်ပါတတ်ပါတယ်။ ဒါဟာ ဆရာမကြီးရဲ့ ကျဆုံးခန်းပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေထက် ကိုယ်အထင်ကြီးမိသွားတဲ့သူရဲ့နောက်မှာ အသာလေးရောက်သွားတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ပမွှားလေးဖြစ်သွားသလိုခံစားရတာမျိုးတွေပေါ့။ မက်ခ်တစ်ယောက် အကွက်တွေရွှေ့နိုင်ပါ့ဦးမလား။ ချစ်တဲ့အမျိုးသားကိုရော အပိုင်ကြံနိုင်ပါ့ဦးမလား… မက်ခ်ချစ်မိသွားတဲ့အမျိုးသားနေရာမှာတော့ လူစီဖာအဖြစ် လူသိများတဲ့ Tom Ellis က သရုပ်ဆောင်ထားပါတယ်နော်။ ဇာတ်လမ်းက မှန်းရလွယ်ပေမယ့် ကြည့်ပျော်မှာပါ။ လေးလေးနက်နက်မှန်းထားရင်ဖြစ်ဖြစ် သင့်အချိန်ဟာ ရုပ်ရှင်’ကောင်းကောင်း’အတွက်သာ သုံးသင့်တယ်လို့ ယူဆထားသူဖြစ်ရင်တော့ ဒီကားကို ၂ခါမစဉ်းစားဘဲ ကျော်ပစ်ပါ။ အကွက်ကလေးတွေ လေ့လာချင်ရင်တော့ နေရစ်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
...

Rani: The Real Story (2023) ⭐IMDB: 8.9/10 (130 Votes) 🎬 #Bollywood #Crime #Mystery #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rani The Real Story (2023) “လူသတ်တရားခံ အိမ်ဖော်မလေးရာနီ” IMDb-9/10 နိုင်ငံရေးလောကမှာ နာမည်တစ်လုံးနဲ့ လူထုအပြင် မီဒီယာတွေပါဆန့်ကျင်မရေးရဲရအောင် ကြောက်ကြတဲ့ ဒါမာရာဂျန်….။သူ့ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိကိုရေးထားတဲ့ စာအုပ်ကိုမထုတ်ဝေရက်ပိုင်းအလိုတစ်ညမှာ သတ်ခံလိုက်ရတယ်…။ အဲဒီအတွက် စွပ်စွဲခံရသူကအိမ်ဖော်မလေးရာနီ။ရာနီက အိမ်ခြောက်အိမ်လှည့်ပြီး အိမ်အကူလုပ်တဲ့သူ…..။ဒီလိုစွပ်စွဲခံရတော့ သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ထားကြောင့်ကျန်အိမ်ရှင်‌တွေက သက်သေလိုက်ငြင်းဆိုပေးကြတယ်…။ ရွေးကောက်ပွဲနီးမှ အမတ်လောင်းသတ်ခံရတဲ့ကိစ္စကြောင့် နိုင်ငံရေးထဲကအရှိန်အဝါကြီးသူတွေနဲ့ ရဲတွေပါဒီအမှုကိုအပူတပြင်းလိုက်ကြသလို အသက်ရှင်နေစဉ်ကဘာမှမရေးရဲခဲ့တဲ့ မီဒီယာတွေကပါ အလုအယက်ရေးကြနဲ့ အမှုကအုတ်အော်သောင်းတင်းဖြစ်နေတော့တယ် လွှတ်တော်အမတ်သေရလို့ဆိုပြီး နွမ်းပါးသူလူတစ်ယောက်ကိုလွယ်လွယ်အပြစ်ပုံချရှင်းဖို့ကလည်း မီဒီယာတွေကပတ်ပတ်လည်….။ဒီလိုအရှုပ်အထွေးတွေက အမှုမှန်ဘယ်လိုပေါ်ထွက်လာမလဲ….။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်
...

The Uninvited (2003) ⭐TMDB: 56.0% User Score 🎬 #Drama #Horror #Thriller 🗓 2003 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 8 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျောင်ဝန်းတစ်ယောက် ရထားစီးလာရင်း နဲ့ ကလေးမနှစ်ယောက်ကို ဒီတိုင်းတွေ့လိုက်တယ် အစကတော့ သတိအမှတ်မဲ့နေရင်း ဂိတ်ရောက်တော့ ပုံမှန်အတိုင်းပဲ ဆင်းတာပေါ့ နောက်နေ့သတင်းမှာ အဲ့ဒီကလေးမလေး နှစ်ယောက် ရထားပေါ်မှာအဆိပ်မိပြီးသေနေတယ်ဆိုတဲ့သတင်းပါလာခဲ့ပါလေရော အဲ့နေ့ကစပြီး ဂျောင်ဝန်းတစ်ယောက် စိတ်တွေခြောက်ခြားပြီး ကလေးမလေးတွေရဲ့ဝိဉာဉ်က သူ့နောက်ကိုလိုက်ပါလေတော့တယ် သူနဲ့ဘဝတူ ဝိဉာဉ်တွေကိုမြင်နိုင်တဲ့ ယွန်းလေးရဲ့အကူအညီနဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားရင်း သူ့အတိတ်နဲ့ပက်သက်တာတွေကိုပါ သိရှိလာတဲ့အခါမှာတော့…။ မင်းသမီး Jun Ji-Hyun ပါဝင်ထားတဲ့ကားလေးမို့ အားပေးကြပါဦးနော် ( အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ်
...

Spaceman (2024) ⭐IMDB: 5.8/10 (14 k Votes) 🎬 #Drama #ScienceFiction #Adventure #SciFi 🗓 2024 🎞 movie 🌎 #Czechia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Adam Sandler ကြီးရဲ့ Netflix ရုပ်ရှင်အသစ်ပါ… ဒီကားမှာတော့ ပုံမှန်မြင်နေကြ ဇာတ်ကောင်မျိုးမဟုတ်ဘဲ အာကာသယာဉ်မှူးတစ်ယောက်အဖြစ်ပါဝင်ထားပါတယ် ချက်ဇ်သမ္မတနိုင်ငံကိုယ်စားပြု အာကာသခရီးစဉ်မှာ ရွေးချယ်ခံခဲ့ရတဲ့ ယာကိုခေါ် Adam Sandler ဟာ ချော်ပရာတိမ်တိုက်တွေရှိရာ စကြဝဠာထဲကို တစ်ကိုယ်တော်တစ်နှစ် အာကာသခရီးစဉ်ထွက်လာပါတယ် ချော်ပရာခရမ်းရောင်တိမ်တိုက်တွေဟာ ယာကိုတို့နိုင်ငံရဲ့ ကောင်းကင်ကို ဖုံးလွှမ်းနေတာ ၄ နှစ်လောက်ရှိနေတဲံအတွက်ဒီပြဿနာကိုအဖြေရှာဖို့အတွက် ယာကိုကို လွှတ်လိုက်တာဖြစ်ပါတယ် ယာကိုလည်း ခရီးစဉ်ထွက်လာပြီး ၆ လအကြာ ဂျူပီတာဂြိုလ်ိကို ကျော်လွန်အပြီးမှာ တိမ်တိုက်တွေနဲ့နီးစပ်လာပါတယ်အဲ့ဒီမှာ စကြဝဠာကြီးအစထဲကရှိခဲ့တဲ့ ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်နဲ့ တွေ့ဆုံလိုက်ရပါတယ် ဒီသတ္တဝါကြီးက ယာကိုဒီတိမ်တိုက်တွေကိုရဖို့ ကူညီပြီး ယာကိုတို့ လူသားမျိုးနွယ်တွေကို စောင့်ကြည့်လေ့လာနေတာဖြစ်ပါတယ်သတ္တဝါကြီးရဲ့အကူညီနဲ့ ချော်ပရာတိမ်တိုက်တွေကို စုဆောင်းဖို့လာတဲ့ယာကိုဟာ စကြဝဠာကြီးရဲ့ လျှို့ဝှက်ချက်တွေကိုပါ သိရှိသွားတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်
...

Flypaper (2011) ⭐IMDB: 6.3/10 (34 k Votes) 🎬 #Comedy #Crime #Mystery 🗓 2011 🎞 movie 🌎 #Germany #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတစ်ယောက် အကြွေလိုချင်လို့ ဘဏ်ထဲဝင်လဲတယ်ဘဏ်စာရေးမလေး က မင်္ဂလာဆောင်ပြီးကာစအဲ့အချိန်မှာ ဘဏ်ကဓါးပြအတိုက်ခံရတယ်ထူးဆန်းတာက တိုက်တာက အဖွဲ့၂ ဖွဲ့FBI ကနေ ဓါးပြတွေကို အဆင့်တွေခွဲထားတဲ့ခေတ်လာတိုက်တဲ့ ၂ဖွဲ့မှာ သုံးကောင်အဖွဲ့က ဆရာတွေ rank အမြင့်၂ကောင်အဖွဲ့က ငစနူ အောက်တန်းစားဓါးပြတွေအကြွေလာလဲတဲ့ သူက OCD ဝေဒနာသည်အတွေးအခေါ်က ရှယ်ဂျွတ် ဂဏန်းသချာၤ က အသေတော်ဘဏ်စာရေးမလေးကို ကာကွယ်ပေးချင်တဲ့သူဖြစ်ချင်တော့ ဓါးပြ ၂ ဖွဲ့အချင်းများနေတုန်းဘေးကရပ်ကြည့်နေတဲ့ တယောက်ကို ကျည်ဆန်ထွက်ပြီး မှန်ပြီးသေသေသွားတာက အရပ်ဝတ်နဲ့ရဲဖြစ်နေတယ်ဘယ်သူပစ်လိုက်မှန်းလဲ မသိ ဉာဏ်ပြေးတဲ့ မင်းသားအပါအဝင် ဓါးစာခံ ရှစ်ယောက်ရယ်smart ဖြစ်တဲ့ ဓါးပြအဖွဲ့ရယ်ငပေါ ဓါးပြ ၂ကောင်ရယ်plot မိုက်မိုက်လေးနဲ့twist လန်းလန်းလေးနဲ့ ဘဏ်ဓါးပြကားမျိုး ကြည့်ချင်သူများအကြိုက်တွေ့မှာပါအစက ဘာသာပြန်ရေးမလို့စဉ်းစားထားပေမဲ့ပျင်းတာ မအားတာနဲ့တိုင်ပတ်နေလို့လိုချင်ရင်tag ထားတဲ့ CM admin တွေ ဆီက တောင်းယူကြပါကုန်ပက်ထရစ် ဒမ့်ပ်ဆေး နဲ့ အက်ရှ်လေ ဂျုဒ် သရုပ်ဆောင်ထားပါတယ်။ (ရုပ်ရှင်အညွှန်းကို YeWai LynnHtut မှတင်ဆက်သည်။)
...

There Was a Father (1942) ⭐TMDB: 69.0% User Score 🎬 #Drama 🗓 1942 🎞 Series 🌎 #Japan ⏰ 1 နာရီ 27 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 There Was a Father (1942) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ There Was a Father က အိုဇုရဲ့ အသံတိတ်မဟုတ်တဲ့ ရုပ်ရှင်တွေထဲတော့ အစောဆုံးတွေထဲက တစ်ကားပဲ။ ၁၉၃၆မှာ သူ့ရဲ့ ပထမဆုံးဒိုင်ယာလော့သံပါတဲ့ ရုပ်ရှင် The Only Son ကို ရိုက်ပြီးတဲ့နောက် ၁၉၃၇မှာ စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းခဲ့ရတယ်။ ၁၉၃၉မှာမှ စစ်မှုထမ်းကာလပြီးဆုံးခဲ့တယ်။ ၁၉၄၁မှာ Brothers and Sisters of the Toda Family ကိုရိုက်ပြီးတဲ့နောက် ၁၉၄၂မှာ There Was a Father ကို ရိုက်ခဲ့တယ်။ ၁၉၄၃မှာတော့ အိုဇုကို ဗမာပြည်မှာ ဝါဒဖြန့်ရုပ်ရှင်ရိုက်ခိုင်းဖို့ ထပ်ပြီး စစ်မှုပြန်ထမ်းခိုင်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းကာလပေါ့။ ၁၉၄၅မှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၄၆မှပဲ သူပြန်လာခဲ့ရတယ်။ ဒီနောက်ပိုင်းမှာ သူရဲ့နာမည်ကျော် Noriko Trilogy ကို ရိုက်ခဲ့တယ်။ စစ်ပြီးကာလရုပ်ရှင်တွေမှာမှ သူ့ဟန်ပိုပေါ်လာတယ်လို့ ပြောကြတယ်။ There was a fatherကတော့ သူ့ရဲ့ဟန်ပေါ်မလာခင် စပ်ကြားကာလက ရုပ်ရှင်လို့ပြောရမယ်။ Tatami Shot လို့ခေါ်တဲ့ သူထွင်ခဲ့တဲ့ သူ့ Trademarkရိုက်ဟန်တောင် ဒီမှာ သိပ်ပုံမပေါ်သေးဘူး။ Tatami Shot ဆိုတာက တတမိဖျာပေါ်ဒူးတုပ်ထိုင်နေတဲ့လူနဲ့ ဗီဒီယိုကိုကြည့်နေတဲ့လူ မျက်လုံးချင်းဆုံးနိုင်တဲ့အနေအထားအထိ ကင်မရာကို ခပ်နိမ့်နိမ့်ထားထားတဲ့ အနီးကပ်ရိုက်ဟန်မျိုး။ စစ်ပြီးနောက်ပိုင်းရိုက်ခဲ့တဲ့ တိုကျိုစတိုရီလို အိုဇုကားတွေမှာ ဒီလိုရိုက်ချက်မျိုးကို ဖောဖောသီသီတွေ့ရတယ်။ There Was a Father မှာတော့ ဒီလိုရိုက်တာမျိုး သိပ်မမြင်ရပေမဲ့ ပေါ်သလောက်တော့ရှိနေပြီဖြစ်သလို နှောင်းပိုင်း သူ့ရုပ်ရှင်‌တွေအတိုင်းပဲ သူမြင်နေရတဲ့ခေတ်နဲ့ သူမြင်နေရတဲ့အရာတွေကိုပဲ တင်ပြထားတယ်။ သူ့စစ်မှုထမ်းကာလတွေစပ်ကြားမှာ ရိုက်ခဲ့တဲ့ကားဆိုတော့ ဒီအပေါ် သူ့အမြင်ကိုလည်းမြင်ရတယ်။ သူ့အမြင်က ဘဝထဲကြုံရမယ့် တစ်စိတ်တစ်ပိုင်းအရာတစ်ခုလိုပဲ မြင်ပုံပဲ ထူးထွေခိုင်မာတဲ့ ခံစားချက်တစ်စုံတရာတော့ ရှိမနေဘူး။ ကျန်တဲ့ အိုဇုရုပ်ရှင်တွေမှာ စစ်ပွဲနဲ့ပတ်သက်တဲ့ အမြင်ကို ဘယ်တော့မှပြလေ့မရှိဘဲ စစ်ပွဲရဲ့ဒဏ်ကို ခံခဲ့ရတဲ့ လူတွေရဲ့ ဝေဒနာတွေကိုပဲပြတာများတယ်။ There Was a Father မှာတော့ အဓိကအားဖြင့် အဖေတစ်ယောက်ရဲ့ဘဝနဲ့ ခံယူချက်အကြောင်းပဲပြထားတယ်။ The Only Son နဲ့ There Was a Father ကြားက တူညီတဲ့အခြေအနေတစ်ချို့ကြောင့် There Was a Father ကို The Only Son ရဲ့ တခြားတစ်ဘက်အမြင်လို့ ဆိုရင်လည်း ဆိုလို့ရနိုင်တယ်။ အဖေတစ်ခုသားတစ်ခုနေနေကြတဲ့ သားအဖ၂ယောက်ရှိတယ်။ အဖေက ကျောင်းဆရာလုပ်တယ်။ တစ်နေ့မှာ ကျောင်းအပျော်ခရီးထွက်ကြရင်း ကျောင်းသားတစ်ယောက် လှေမှောက်သေသွားတဲ့နောက် တာဝန်ယူစိတ် တာဝန်ခံစိတ်ကြီးတဲ့အဖေက သူ့အပြစ်တော့မဟုတ်လှပေမဲ့ သူ့အပြစ်ပါပဲလို့ယူဆပြီး ကျောင်းဆရာလုပ်ရမှာကို ကြောက်သွားတယ်။ သူနဲ့မထိုက်တန်တဲ့အလုပ်လို့ ယူဆသွားတယ်။ ဒီနောက် သူ့သားကိုခေါ် ဇာတိမြို့ကလေးကိုပြန်ပြီး တခြားအလုပ်တစ်ခုရှာလုပ်တယ်။ ဒါပေမဲ့ သူ့သားကိုသိပ်ချစ်တော့ သူ့သားကိုကျောင်းကောင်းကောင်းပို့နိုင်ဖို့က ဒီနယ်မြို့ကလေးမှာ လုပ်အားခအဲဒီလောက်မရလေတော့ သူ့သားကို ဘော်ဒါကျောင်းထား ခွဲထားခဲ့ပြီး တိုကျိုကိုတက်လာခဲ့တယ်။ သူ့သားကလည်း စာကိုကြိုးစား သူကလည်း အလုပ်ကိုကြိုးစားမယ်။ ဒီလိုကြိုးစားလာရင်း အဖေတစ်ခုသားတစ်ခုပဲရှိနေတဲ့ဘဝမှာတောင် ခွဲနေနရတဲ့ သူတို့တွေ တစ်နေ့အတူတူပြန်နေကြဖို့ သားရောအဖေရော အိပ်မက်ထားခဲ့ကြတယ်။ ဒီလိုနဲ့ သူ့သားကလည်း အဖေတူသား ကျောင်းဆရာဖြစ်လာတယ်။ သူတို့သားအဖရဲ့အိပ်မက် ဖြစ်လာသလားတော့ ဆက်ကြည့်လိုက်တာကောင်းမယ်။ There Was a Father မှာ အိုဇုဟာ သူ့နာမည်အတိုင်း အဖေတစ်ယောက်ရဲ့အချစ်နဲ့ခံယူချက်တွေအကြောင်းကိုပဲ ပုံဖော်ပြသသွားခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...