无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Super Princess (2024) ⭐TMDB: 0% User Score 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ချစ်ပရိတ်သတ်တို့ ဘဝအမောတွေကိုဟာသကားလေးကြည့်ပြီး ရယ်မောဖြေလျှော့နိုင်ဖို့အတွက်…ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီကားလေးအကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင်…ဇာတ်လိုက်မင်းသမီးက တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီးလေးပေါ့…ဒါပေမယ့်… မွေးရာပါ သူနဲ့လက်ထပ်တဲ့ယောက်ျားတိုင်းသေစေတဲ့ နက္ခတ်နဲ့ မွေးဖွားလာခဲ့သူပေါ့…သူပထမယောက်ျားလည်း မင်္ဂလာပွဲခန်းမမှာတင်သေတာပဲ…ဒုတိယယောက်ျားလည်း အတူတူပဲ….တတိယယောက်ျားလည်း အမြှုပ်တွေထွက်လာပြီး သေခဲ့တယ်… ဒီတော့ သူ့ခမည်းတော်လည်း သမက်တော်ကိုရှာဖွေရှင်းနဲ့ဆန့်ကျင်ဖက်ပြည်ထောင်က မင်းသားနဲ့ လက်ဆက်ပေးဖို့ဖြစ်ခဲ့တယ်…အံ့ဩစရာကောင်းတာက ဒီတစ်ခေါက်မှာတော့မင်္ဂလာပွဲခန်းမတစ်လျှောက်လုံး မသေခဲ့ဘူး…မင်္ဂလာအိပ်ခန်းဝင်တဲ့အထိပေါ့…ဒါပေမယ့် မင်းသမီးအနားကပ်တိုင်းမှာ ရင်ဘတ်ထဲကနာကျင်ပြီးလျှပ်စီးလိုက်တဲ့ဒဏ်ကို ခံစားနေရတယ်ပေါ့… ဒီအချိန်မှာပဲ သူ့ကံတရားကို သူနားလည်ခဲ့ပြီး နန်းတွင်းက ထွက်ပြေးခဲ့တယ်…နောက်ဆုံးမှာ သူတို့နှစ်ဦး ဘယ်လို ဖူးစာရေးနတ်ရဲ့ဇာတ်ညွှန်းအတိုင်း ဘဝဇာတ်ခုံမှာကရမလဲ…နောက်ပြီး ဒီနက္ခတ်ဆိုးကြီးကရော ကျော်လွှားသွားနိုင်မှာလားဆိုတာကိုဇာတ်ကားလေးကြည့်လိုက်ကြတာပေါ့...
Agni (2024) ⭐IMDB: 7.5/10 (14 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Agni (2024) “သတိနဲ့တိုးမဲ့ ပိုးဖလံများ” ရှာရွတ်ခန်းရဲ့ Raees (2017)ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ ရာဟူးဒိုလာ့ခ်ကီယာရဲ့ ရုပ်ရှင်အသစ်။မီးသတ်ရဲဘော်တွေကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ဇာတ်လမ်း။ မွမ်ဘိုင်းမှာ ထူးဆန်းတဲ့ မီးလောင်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေခဲ့ပါတယ်။ ဗစ်တယ်ကတော့ မီးလောင်မှုတွေကြောင့် အိမ်တောင်မပြန်နိုင်ဘဲသားပစ်မယားပစ်နဲ့ မီးသတ်စခန်းမှာပဲ အနေများနေရသူ မီးသတ်တပ်စုမှူးတစ်ယောက်။ သားဖြစ်သူက မီးသတ်ရဲဘော်အဖေဖြစ်သူကိုအထင်မကြီး၊ ဦးလေးဖြစ်သူ နာမည်ကျော်အင်စပက်တာကြီးကိုပဲလူစွမ်းကောင်းထင်တဲ့သူ။ ဇနီးဖြစ်သူကလည်း ယောကျ်ားဖြစ်သူကို မပြောရက်ပေမဲ့အနားမှာ နေစေချင်သူ။ ဒါပေမဲ့လည်း ဗစ်တယ်ကတော့ သူ့အသက်ကိုစွန့်စားရင်းမီးလျှံတွေကြားမှာ အသက်ပေါင်းများစွာကိုကယ်ဆယ်နေခဲ့တာပေါ့။ ဒါပေမဲ့ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့ထူးဆန်းတဲ့မီးလောင်မှုတွေကို မသင်္ကာတဲ့အတွက်ယောက်ဖဖြစ်သူ အင်စပက်တာကြီးအာမစ်နဲ့ပူးပေါင်း အဖြေရှာကြတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
The Witness (2018) ⭐TMDB: 67% User Score 🎬 #Crime #Mystery #Thriller 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Witness (2018) ******************* IMDb …… 6.5 ဒီတစ်ခါတော့ Lee Sung-min, Kim Sang-ho, Jin Kyung နဲ့ Kwak Si-yang တို့လို သရုပ်ဆောင် ကောင်းတဲ့သူတွေ ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို ပြစ်မှုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ မိသားစုကို အတော်ချစ်တဲ့ ကုမ္ပဏီဝန်ထမ်း ဟန်ဆန်းဟွန်းက တိုက်ခန်းသစ် ဝယ်နိုင်ခဲ့တာကို အကြောင်းပြုပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရက်အတူတူ သောက်ပြီး ညသန်းခေါင်လောက်မှ အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ အမျိုးသမီးတစ်ယောက် အော်သံကြားလို့ ဝရန်တာဘက်ကို ထွက်ကြည့်လိုက်တဲ့ အခါမှာ လူတစ်ယောက်က အဲဒီအမျိုးသမီးကို သတ်ဖို့လုပ်နေတာကို မျက်မြင်တွေ့လိုက်ရတယ်။ အဲဒါနဲ့ ချက်ချင်း ရဲကို အကြောင်းကြားဖို့ လုပ်နေတုန်းမှာပဲ လူသတ်သမားနဲ့ မျက်လုံးချင်း ဆုံမိသွားခဲ့တယ်။ ဂင်ဆန်းဟွန်းလည်း သူ့မိသားစုကို လာဒုက္ခပေးမှာစိုးလို့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့ပေမဲ့ လူသတ်သမားက အမြဲတမ်း သူတို့နားမှာ တဝဲလည်လည်နဲ့ စောင့်ကြည့်နေတဲ့အခါမှာတော့..။ ဂင်ဆန်းဟွန်းတစ်ယောက် အဲဒီလို အခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက စုံထောက် မှုခင်း သည်းထိတ်ရင်ဖိုကားတွေကို နှစ်သက်တဲ့သူတွေ အကြိုက်တွေ့စေမှာဖြစ်သလို လူတွေရဲ့ တစ်ကိုယ်ကောင်းစိတ်တွေ ကိုယ်ချင်းစာစိတ်တွေကိုပါ ခံစားမိနိုင်တာမို့ လူဆိုတာ ဒါမျိုးပါလားဆိုပြီး ရင်ထဲ တစ်ခုခု ကျန်ခဲ့နိုင်မဲ့ ဇာတ်ကားလေးဖြစ်လို့ အားလုံး ကြည့်ရှုကြည့်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Miri ပဲ ဖြစ်ပါတယ်။)...
Murphy (2024) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Bollywood #Romance #ScienceFiction #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Murphy (2024) “ရေဒီယို”IMDb – 9/10 Murphy…။ Barfi! (2012)မှာ ဘာဖီဆိုပြီး ဖြစ်တည်လာစေခဲ့တဲ့ ဗြိတိသျှထုတ် ရေဒီယိုကြီး။ဘာဖီမှာ ရန်ဘီးကပူးရ်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှု ဇာတ်လမ်းတင်ဆက်မှုတွေမှာ စီးမျောခဲ့ရသလိုပဲဒီရုပ်ရှင်လေးကလည်း မိတ်ဆွေတို့ကို ခံစားမှုတစ်ခုခု ပေးစွမ်းနိုင်မှာပါ။ မိုးရွာတော့မယ့်အရိပ်အယောင်နဲ့ မိုးကြိုးလျှပ်စီးတဝင်းဝင်းဖြစ်နေတဲ့၂၀၀၇ ခုနှစ်ရဲ့ ညတစ်ညမှာ ကောင်လေးတစ်ယောက်ဟာ သူ့အဖေရဲ့ရေဒီယိုအပျက်လေးကိုဒေါက်တာပင်တိုဆီ အကူအညီတောင်းပြီး ပြင်ပေးဖို့ထားခဲ့တာကို သွားပြန်ယူရာကနေ ဇာတ်လမ်းအစပျိုးထားပါတယ်။ ဒေါက်တာကတစ်ခြားရေဒီယိုတွေ ပေးပေမဲ့သူက သူ့အဖေပထမဆုံးလစာနဲ့ဝယ်ခဲ့တဲ့ဒီရေဒီယိုကိုပဲပြင်ခိုင်းနေခဲ့ပါတယ်။ရေတွေစိုကုန်လို့ ပြင်မရဘူးပြောနေတုန်းမှာပဲ အသံထမြည်တော့ သူဟာ ဝမ်းသာအားရနဲ့ ရေဒီယိုကိုပိုက်လို့အိမ်ပြန်ပါတော့တယ်။အရိပ်အယောင်ပြနေတဲ့မိုးကသည်းထန်စွာရွာလာတော့ ကိတ်ခွဲဖို့စောင့်နေတဲ့ အိမ်ကို သူနောက်ကျမယ့်အကြောင်းဖုန်းဆက်ပြောပြီးကားတစ်စီးတွေ့လို့ ဝမ်းသာအားရအကူအညီတောင်းပေမဲ့ ကားက သူ့ဆီတည့်တည့်ကြီးတိုးဝင်လာခဲ့ပါတယ်။ ၂၀၂၄မှာတော့ ဒေးဗစ်ဆိုတဲ့ကောင်လေးက သူ့အဘိုးဆီက ရေဒီယိုကို ကိုင်ခွင့်မရလို့ အဘိုးလစ်တဲ့အချိန်ရေဒီယိုကို ကလိဖို့ကြိုးစားရာကစ ဘ၀တစ်ခုရဲ့ သံသရာတစ်ပတ်လည်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)...
River of Ghosts (2024) ⭐IMDB: 3.2/10 (279 Votes) 🎬 #Fantasy #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror, Thriller အမျိုးအစားတွေ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ River of ghosts ဆိုတဲ့ movie လေးကို တင်ဆက်လိုက်ပါ တယ်… ဇာတ်လမ်းအညွှန်း+++++++++ Stanford တက္ကသိုလ်ရဲ့ စိတ်ရောဂါအထူးပြု ကျောင်းသားတစ်ယောက် ဖြစ်တဲ့ ရှောန် ဟောလ်တန်က သူ့ရဲ့မွေးရပ်မြေမြိုလေးကို ပြန်ပြီး အိပ်မွေ့ချကုထုံး ဆရာဝန်တစ်ယောက်အနေနဲ့ လူတွေရဲ့နာကျင်မှု တွေကို ကုစားဖို ကူညီပေးနေခဲ့တယ် ကတ်သီကတော့ နှစ်ရှည် လပေါင်းများစွာ ကုသလိုမရနိုင်တဲ့ ခါးနာကျင်တဲ့ဒဏ်ကို ခံစားနေရပြီး သူမရဲ့သူငယ်ချင်းရဲ့ ညွှန်ပေးမှုကြောင့် ဒေါက်တာရှောန် ဟောလ်တန်ဆီ ရောက်လာခဲ့တယ်… ခါးနာတာလိုမျိုး ကိုယ်ခန္ဓာနာကျင်တဲ့ ရောဂါကိုရော အိပ်မွေ့ချ ဆရာဝန်တစ်ယောက်က ကုသပေးနိုင်မှာလား တစ်ဖက်မှာလည်း ဘရိုင်ယန်ကတော့ သူ့ဇနီးဖြစ်သူ ပျောက်နေပြီး မြိုအနှံမှာ လိုက်ရှာနေခဲ့တယ်… ထူးဆန်းတာတစ်ခုကတော့ ဘရိုင်ယန်ရဲ့ အိမ်မှာညတိုင်း သရဲခြောက်တဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့နေရတယ်… အဲဒါကြောင့် ဘရိုင်ယန်လည်း ဆွေးနွေးမှုလုပ်ဖို ဒေါက်တာရှောန် ဟောလ်တန်ဆီကို သွားခဲ့တယ် ဘရိုင်ယန်ရဲ့ ဇနီးကရော ဘယ်ကို ရောက်နေတာဖြစ်မလဲ… သရဲခြောက်တဲ့ဖြစ်ရပ်ကရော ဘယ်လိုကြောင့် ဖြစ်နေရတာလဲ… မြိုထဲကလူတွေ အိမ်မွေ့ချဆရာဝန်ဆီမှာ လာရောက်စုံကြပြီး ဘယ်လိုဖြစ်ရပ်တွေဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ကြည့်လိုက်ကြပါဦးနော်…. ( ဇာတ်လမ်းအညွှန်းကို Vanessa မှ ရေးသားထားပါတယ်...
Desert Shadows (2022) ⭐TMDB: 39% User Score 🎬 #Horror 🗓 2022 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်ဝင်စားစရာ အကောင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒွန်နီနဲ့ သူ့ရဲ့ဆေးသမားအစ်ကို အဲရစ်တို့ အမဲလိုက်ထွက်လာတုန်း လူစုခွဲပြီးတဲ့နောက်မှာ အဲရစ်ပျောက်သွားခဲ့တယ် ဂူတစ်ဂူထဲရောက်တော့ ပိုးအိမ်လိုအရာတွေနဲ့ ပတ်ထားတဲ့သမင်တစ်ကောင်နဲ့အတူ ကြောက်မက်ဖွယ်အကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပေမယ့် လွတ်မြောက်လာခဲ့တဲ့ ဒွန်နီက သူ့အစ်ကိုအဲရစ်ကို ဘယ်လိုပြန်ရှာမလဲ ကောလိပ်ပရော်ဖက်ဆာတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သတ္တဝါကြီးရဲ့အကြောင်းကို အသေးစိတ်သိလာရတဲ့အခါ...
At Night All the Cats Are Black (2023) ⭐TMDB: 50% User Score 🎬 #Fantasy 🗓 2023 🎞 movie 🌎 #Switzerland ⏰ 1 နာရီ 51 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 4.0% Genre – Fantasy 2022 ခုနှစ်ကထွက်ရှိထားတဲ့ ဆွစ်ဇလန်ဇာတ်ကားလေးဖြစ်ပါတယ်၊ ဇာတ်လမ်းအညွှန်းကတော့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Valentin ပျောက်ဆုံးသွားတဲ့အချိန်မှာ ရုပ်ရှင်ရိုက်တဲ့အဖွဲ့ဟာ ပွင့်လင်းမြင်သာရှိလှတဲ့၀တ်စုံတွေနဲ့ ရုပ်ရှင်ရိုက်ကူးနေပါတယ်။ နယ်မြေခံရဲတွေ စုံစမ်းတဲ့အချိန်ရောက်တော့ ရုပ်ရှင်ကို ဆက်ရိုက်နေကြပေမယ့် သူတို့ရိုက်နေတဲ့ ဇာတ်လမ်းက တမျိုးပြောင်းသွားပါတယ်။ ဒါရိုက်တာရဲ့ ချစ်သူ camera-man Robin ကလဲ သူ့ချစ်သူကို ကတိပေးထားတာရှိပါတယ်။ အဲ့ဒီကတိကဘာလဲ၊ ဒါရိုက်တာကရော ဘယ်ကိုပျောက်သွားတာလဲ၊ အဆုံးသတ်မှာဘာတွေဖြစ်သွားမှာလဲ…စသဖြင့် သင်တို့မှာ မေးခွန်းတွေရှိနေနိုင်ပါတယ်။ ဒီအဖြေတွေကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ ဖော်ထုတ်လိုက်ကြပါဦးနော်...
Transmitzvah (2024) ⭐IMDB: 4.4/10 (273 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Argentina ⏰ 1 နာရီ 41 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ Daniel Burman ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာဆိုရင် အာဂျင်တီးနား မိသားစုဒရာမာဇာတ်ကားကောင်းလေးဖြစ်ပြီးတော့ Story က ထူးခြားပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် Penélope Guerrero, Juan Minujín နဲ့ Gustavo Bassani တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဂျူးဘာသာမှာဆိုရင် ဆယ်ကျော်သက်အရွယ်ကိုရောက်တာနဲ့ Bar Mitzvah ဆိုတဲ့ အရွယ်ရောက်ပွဲကို ကျင်းပပေးရပါတယ်။ ယောကျ်ားလေးဆိုရင်တစ်မျိုး မိန်းကလေးဆိုရင်တစ်မျိုး ကျင်းပရတဲ့ပုံစံက မတူပါဘူး။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းက အဲဒီအပေါ်မှာ အခြေခံထားပါတယ်။ Ruben ဆိုတဲ့ကောင်လေးဟာ ဆယ်ကျော်သက်အရွယ်မှာ မိန်းကလေးစိတ်ပေါက်နေတာကြောင့် Bar Mitzvah ကို မလုပ်ခဲ့ပါဘူး။ နောက်ပိုင်း အသက်ကြီးသွားမှ သူ့အစ်ကိုရဲ့ အကူအညီနဲ့ ဒီပွဲကိုပြန်လုပ်တဲ့အခါမှာ တွေ့ကြုံရတဲ့အခက်အခဲတွေ ၊ ဘာသာရေးအစွဲအလမ်းတွေ၊ Transgender တွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ မိသားစုတစ်စုရဲ့စည်းလုံးမှုတွေ၊ မောင်နှမနှစ်ယောက်ကြားက အချစ်တွေကို ဟာသလေးတွေဖောက်ကာ ရိုက်ကူးထားပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။...
The Royal Tenenbaums (2001) ⭐TMDB: 75% User Score 🎬 #Comedy #Drama 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Royal Tenenbaums ကတော့ Wes Anderson ကိုတကယ်လေးစားသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီးတော့ ပုံစံတွေအများကြီးပြောင်းထားတာတွေနှင့် အထူးသဖြင့်တော့သူရဲ့သုံးထာတဲ့ကာလာတွေက ဇာတ်လမ်းကိုပိုပြီးတော့အရသာဖြစ်စေတယ်။ ဇာတ်လမ်းပိုင်းမှာတော့ Royal Tenenbaum က သူ့မိသားစုကို ပြန်လည်အဆင်ပြေအောင် ကြိုးစားတယ်။ သူသားနှစ်ယောက်နှင့် သမီးတစ်ယောက်ပေါ့ အဲ့လိုမျိုးလူတွေတစ်ယောက်စီတိုင်းမှာရှိနေတဲ့ပြဿနာတွေကို သေချာပြနိုင်တာတွေ၊ သူတို့ရဲ့ရင်ထဲမှာခံစားနေရတာတွေကိုပေါ်အောင်ပြနိုင်လို့ကာလာတွေသုံးထားတာတော့အကောင်းဆုံးပါ။ သူတို့တစ်ယောက်ချင်းစီရဲ့ဇာတ်ကြောင်းကိုလိုက်မတွေးနိုင်တဲ့သူတွေအတွက် narrator ပါပါပါတယ် ။ မိသားစုတစ်ခုမှာ ပြဿနာတွေ အနှောင့်အယှက်တွေကို စိတ်ဝင်စားအောင်သာမကပဲနဲ့၊ဇာတ်ကားမှာ သူ့ရဲ့ creativity တွေ၊ လူတစ်ယောက်နှင့် တစ်ယောက်ကြားက ကွာဟချက်တွေ၊ ကိုယ်ကိုတိုင်ပဲနားလည်တဲ့ကိုယ့်ကိုယ်ကိုအဖြေပြန်ရှာနေရတာတွေ စိတ်ခံစားချက်တွေပါမယ်။ ဇာတ်ကောင်တွေအနေနဲ့လည်းအမိုက်စားတွေပါမယ်သူတို့ကိုယ်တိုင်ရဲ့character တွေကလည်းတစ်ယောက်ကိုတစ်မူထူးခြားတာဖြစ်တယ်။ The Royal Tenenbaums သည် ကြည့်ရှုသူတွေကို စိတ်ဝင်စားစရာတစ်ခု ၊ မိသားစုပြဿနာတွေ ၊အနုပညာလက်ရာတွေ၊ မြင်ကွင်းကောင်းကောင်းတွေ cinematic scence တွေ ပါဝင်လို့ ခေတ်လူငယ်တွေအနုပညာသမားတွေတစ်ခြားအပန်းဖြေအတဲ့အနေနဲ့ကြည့်မယ်ဆိုရင်လည်းလုံးဝကိုအကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ။...
Christmas On Call (2024) ⭐TMDB: 73% User Score 🎬 #Romance #TVMovie #Drama 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Christmas on Call” သည် ခရစ္စမတ်နှင့် အလုပ်ကြောင့် ဘဝနှင့်ချစ်ခြင်းတို့ကို နားလည်မှုများကြားဖြတ်သန်းသွားကြောင်း ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ် အဓိကဇာတ်ကောင် Julie (ဂျွန်ကာဒေးလီ) သည် အလုပ်ကြောင့် ခရစ္စမတ်ကို အချိန်ကိုမျှအောင်နေထိုင်ပြီး မိသားစုနှင့်ချစ်ကြောင်းနေစဉ်ပြောတယ်။ အဲ့လိုပဲ Matt (ခရစ်ဟန်ထ်) ဆိုသောဇာတ်ကောင်လည်း ခရစ္စမတ်ကြောင့်နဲ့ အချိန်တွေကို အဆင်ပြေလောက်အောင်ကိုနေရတာနဲ့ စိတ်ဝင်စားဖွယ်အတွေ့အကြုံများကိုမြင်ရမှာပါ ။ ဒီရုပ်ရှင်မှာ အလုပ်နဲ့ ခရစ္စမတ်ကို ချိတ်ဆက်ပြီး အချိန်ကိုတန်ဖိုးထားသင့်ကြောင်း ခရစ္စမတ်နဲ့ ပျော်ရွှင်မှုတွေကို တွေ့ရမှာဖြစ်ပါသည်။ ဇာတ်လမ်းထဲမှာ ချစ်ခြင်း၊ တာဝန်ယူမှုတို့ပါဝင်ပြီးတော့ သေချာကို ရိုက်ကူးထားတော့ သရုပ်ဆောင် Julie နှင့် Matt တို့သည် ပျော်ရွှင်သော ခရစ္စမတ်ဆိုတာကို ရိုက်ကူးပြီးတော့ သူတို့ရဲ့ အချင်းချင်းနားလည်မှုတွေ ပေါင်းဖက်လာတာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ပြောကြတယ်။ ဒါရိုက်တာ မက်စ်နစ် ကလည်း ရစ္စမတ်၏ အဓိပ္ပါယ်ကိုပေါ်လွင်အောင်ရိုက်ကူးထားပြီးတော့မိသားစုသူငယ်ချင်းများနဲ့အပျော်တန်းအချိန်တွေတူတူကုန်ဆုံးရင်းပေါ့်ပေါ့ပါးပါးကြည့်ရှု့နိုင်ပါတယ်။...
Maple Leaf Dreams (2024) ⭐IMDB: 4.5/10 (52 Votes) 🎬 #Drama #Family #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maple Leaf Dreams (2024) ဒီကားလေးကတော့ 2024 ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် မိသားစုအချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါရိုက်တာ Benedict Mique ကရိုက်ကူးထားပြီးတော့ မင်းသမီး Kira Balinger နဲ့ မင်းသား LA Santos တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီ Maple Leaf Dreams ဆိုတဲ့ ဇာတ်လမ်းလေးကတော့ Macky ဆိုတဲ့ စားသောက်ဆိုင် မန်နေဂျာလေးနဲ့ Molly ဆိုတဲ့ ရုံးအတွင်းရေးမှူးမလေး တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဖိလစ်ပိုင်မှာ အလုပ်ကောင်းကောင်းတွေရှိကြပေမယ့်လည်း သူတို့လုပ်နေတာတွေလောက်နဲ့ သူတို့ရဲ့နိုင်ငံမှာ ဘာမှဖြစ်မလာနိုင်ဘူးလို့ သဘောပေါက်ခဲ့ကြပါတယ်။ အဲ့တာနဲ့ Molly တစ်ယောက် Macky နဲ့အတူ ပညာရေးအစီအစဉ်နဲ့ ကနေဒါကို သွားဖို့လုပ်ပါတော့တယ်။ Macky ကလည်း သူ့ကောင်မလေး ကျောင်းတက်နေချိန်မှာ သူတို့နှစ်ယောက်လုံးအတွက် ပိုက်ဆံရှာဖို့စီစဉ်ထားခဲ့ကြပါတယ်။ ကနေဒါရောက်တဲ့ အခါမှာတော့ သူတို့မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လို ကူညီဖေးမပြီး ရှေ့ဆက်ကြမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)...
Don't Call it Mystery: The Movie (2023) ⭐IMDB: 6.3/10 (312 Votes) 🎬 #Drama #Mystery #Crime 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 10 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Don’t Call it Mystery (2023) IMDb Rating (6.3) ဒီဇာတ်ကားက နာမည်တူ Manga Series ထွက်ရှိထားပြီး TV Series လဲ ရှိပါတယ်။ အခုကတော့ Movie ပါ။ ကောလိပ်ကျောင်းသား တိုတိုနိုကုက လေ့လာမှုအား အရမ်းကောင်းပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ တစ်ရက်မှာ သူ့ဆီ ရှီယိုဂျီ ဆိုတဲ့ ကောင်မလေး ရောက်လာပြီး အသက်တွေ ပိုက်ဆံတွေက အန္တရာယ် ရှိနေလို့ ကူညီပေးဖို့ တောင်းဆိုလာပါတယ်။ လုပ်ပေးရမှာက အမွေအတွက် ထားခဲ့တဲ့ ပဟေဠိကို ဝိုင်းဖြေရှင်းပေးဖို့နဲ့ ကိုယ်ရံတော် လုပ်ပေးဖို့ပါ။ အဲဒီ မိသားစုမှာ မောင်နှမဝမ်းကွဲ လေးယောက်ရှိကြပြီး တစ်ယောက်ကသာ အလုံးစုံ အမွေခံစားခွင့်ရမှာပါ။ ရှီယိုဂျီ ပြောပြတဲ့ သူတို့ မိသားစုမှာ အမွေဆက်ခံဖို့ ရွေးချယ်ချိန်တိုင်း မိသားစုရန်စရှိပြီး အချင်းချင်းပြန်သတ်ဖို့ ကြိုးပမ်းကြတယ်လို့ ဆိုပါတယ်။ မိသားစုရန်စကရော တကယ်ရှိတာလား ပဟေဠိကိုရော ဖြေရှင်းနိုင်မှာလားဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Boomer ဖြစ်ပါတယ်။)...
Wynonna Earp: Vengeance (2024) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Action #Drama #Fantasy #History #Horror #Thriller #Western 🗓 2024 🎞 movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 36 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wynonna Earp: Vengeance (2024) IMDb Rating (5.6) ဝိုင်နုန်နားအာ့ပ် – နာမည်ကျော် ဥပဒေဘက်တော်သားကြီးဝိုင်းယက်အာ့ပ်၊ ကနေဒါ ရော့ကီးတောင်တွေနားက ပါဂတိုရီဆိုတဲ့ မြို့လေးက သူ့ဇာတိ။ မှော်အစွမ်းရှိတဲ့ ငြိမ်းချမ်းချင်သူကြီးဆိုတဲ့ သေနတ်ကိုကိုင်ပြီး နတ်ဆိုးတွေကို ငရဲပြည်ပြန်ပို့ပေးသူ။ ဝေဗာလီဆိုတဲ့ ဘာလာလာအကုန်ဒေါင်းတဲ့ အထန်ညီမတစ်ယောက်နဲ့ အသက်ရာချီရှည်တဲ့ ဒေါက် ဟော်လီဒေးဆိုတဲ့ ချစ်သူရှိတယ်။ ဒါတွေ အားလုံးဟာ Beau Smith ရဲ့ comic book series ကို အခြေခံရိုက်ကူးထားတဲ့ Wynonna Earp ဆိုတဲ့ Supernatural Western ရုပ်ရှင်စီးရီးထဲကပါ။ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ season ၄ခုထွက်ထားပါတယ်။ ဆုတွေလဲ အတော်ရဖူးပါတယ်။ ခုရုပ်ရှင်ကတော့ အဆိုပါစီးရီးကို ပြန်အသက်သွင်းတဲ့အနေနဲ့ မူရင်းဇာတ်ကောင်တွေကို အသုံးပြုပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပါ။ ကြိုပြီးသတိပေးထားချင်တာ တစ်ကားလုံးမှာ ပက်ပက်စက်စက်ကို ဆဲပါတယ်။ စကား ၁၀ခွန်းမှာ ၇ခွန်းခွဲလောက်က Slang တွေ Idiom တွေပါ (ဘာသာပြန်သူ စိတ်အတော်လေရပါတယ် – အမေရိကန်အစစ်တွေတောင် အလုံးစုံနားလည်ရဲ့လား မသိပါ) Straight ရော LGBTရော အခန်းလေးတွေပါပါတယ်။ Horror အဆင့်လောက်တော့ ကြောက်စရာမပါပါဘူး။ စီးရီးကြည့်ဖူးသူတွေကတော့ ပြဿနာမရှိနိုင်ပေမယ့် ခုမှကြည့်ဖူးသူတွေကတော့ အတော်တိုင်ပတ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ပါဂတိုရီဆိုတဲ့ မြို့လေးမှာ ဝိုင်နုန်နားအာ့ပ် ရဲ့ အချစ်ဆုံးသူငယ်ချင်းတစစီဖြတ်ပြီး အသတ်ခံလိုက်ရပါတယ်။ ဝိုင်နုန်နားလဲ ဒီကိစ္စကို စုံစမ်းဖို့ ပြန်လာရင်း တရားခံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀လောက်တုန်းက သူနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲဒီလူက ဘာအကြောင်းကြောင့် သူ့ကို ဦးတည်ပြီး တိုက်ခိုက်နေတာလဲ ဆိုတာကတော့ ဆက်လက်ရှုစားကြပါ။ ဇာတ်ဆောင်တွေအနေနဲ့ Melanie Scrofano, Tim Rozon, Dominique Provost-Chalkley နဲ့ Katherine Barrell တို့က ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TLone ဖြစ်ပါတယ်။)...
Gandhi 3 (2024) ⭐IMDB: 5.6/10 (209 Votes) 🎬 #Action #Bollywood #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gandhi 3 စစ်ပွဲImdb 6/10 ဂန်ဒီ နာမည် ၂လုံးနဲ့ ရဲတွေပါကြောက်ရတဲ့လူမိုက် လူမိုက်ဆိုပေမဲ့အများအကျိုးအတွက်ပဲမိုက်တဲ့ လူမိုက်ကောင်းပေါ့ ရောက်တဲ့နေရာတိုင်းမှာဒုက္ခရောက်နေသူကိုကူညီတဲ့ဂန်ဒီအဖွဲ့ ဒါပေမဲ့ ပြစ်မှုတွေကလည်းအများသားပါအခင်းတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဂန်ဒီပဲဆိုပြီးဆင့်ခေါ်လို့ ရောက်တဲ့နေရာကနေ ရဲစခန်းပြေးရတဲ့ဂန်ဒီ တစ်နေ့ ကလေးငယ်လေးတစ်ယောက် ပူဖောင်းဝယ်နေရင်းပြန်ပေးဆွဲခံလိုက်ရတယ်ပြန်ပေးသမားတွေက သာမန်နဲ့မတူ ငွေတောင်းတာလည်းမဟုတ် သဲလွန်စလည်းမပေးမို့မိဘတွေက ငရဲခန်းရောက်နေသလိုပဲပေါ့ ဒီလိုနဲ့အင်စပက်တာကဂန်ဒီပဲဆိုပြီး ဆင့်ခေါ်ပါလေရော ဂန်ဒီကလည်း သူမဟုတ်ကြောင်းပြန်ငြင်းဆိုပြီးရဲတွေတောင်မရှာနိုင်တဲ့ဒီကလေးကို ၂၄နာရီအတွင်း သူတို့အဖွဲ့ကရှာပြမယ်ဆိုပြီး စိန်ခေါ်ခဲ့ပါတယ် ဒီတော့ ပြည်သူတွေကရော်ဘင်ဟုဒ်လို့ယူဆထားတဲ့ဂန်ဒီတစ်ယောက်အောင်မြင်သွားမလားရှေ့လျှောက်ရော ဘယ်လိုအမှုတွေဖြေရှင်းဦးမယ်ဆိုတာကိုတော့…. ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
Jigra (2024) ⭐IMDB: 6.1/10 (22 k Votes) 🎬 #Action #Bollywood #Drama #Thriller #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 33 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jigra (2024)“သတ္တိခဲမလေး” IMDb 7.0 ဘောလိဝုဒ်ပရိသတ်တို့နှစ်ခြိုက်ကြတဲ့ မင်းသမီး Alia Bhatt ရဲ့ သည်းထိပ်ရင်ဖိုအက်ရှင်ရုပ်ရှင်အသစ်ကို ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ဒီကားထဲမှာဆိုရင်မိန်းမကခင်ပွန်းသည်ကိုကယ်တာမဟုတ်ဘဲအစ်မက မောင်ဖြစ်သူကို သက်စွန့်ဆံဖျားကယ်မှာပဲဖြစ်ပါတယ် ဆပ်တရာက သူ့မောင်လေး အန်ကူကို အရိပ်တကြည့်ကြည့်စောင့်ရှောက်တဲ့ အစ်မကြီးငယ်ငယ်က သူတို့မျက်စိရှေ့မှာတင် တိုက်ပေါ်က ခုန်ချသွားတဲ့အဖေကြောင့်တစ်ခုခုဆိုတိုင်း သူ့မောင်လေးအတွက် အစိုးရိမ်လွန်ကဲတယ် အန်ကူကလည်း ကြိုးစားတဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ပရောဂျက်တစ်ခုကိုသူတို့ကိုစောင့်ရှောက်ထားတဲ့ ဦးလေးက သဘောကျတဲ့အတွက်အကောင်အထည်ဖော်ဖို့ နိုင်ငံရပ်ခြားကို အလုပ်ကိစ္စခရီးလွှတ်လိုက်တယ် ကံဆိုးချင်တော့ သူများနိုင်ငံမှာ မူးယစ်မှုနဲ့ အဖမ်းခံလိုက်ရတဲ့အန်ကူကိုကြီးလေးတဲ့ပြစ်ဒဏ်ချတော့မယ်ဆိုတာ သိလိုက်တဲ့အခါမှာအစ်မတစ်ယောက်က သူ့မောင်ကို စွန့်စွန့်စားစား ဘယ်လိုကယ်ထုတ်သွားမှာလဲပရိသတ်တို့ဆက်လက်ကြည့်ရှုလိုက်ပါဦး...
Hijack '93 (2024) ⭐TMDB: 52% User Score 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 27 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လေယာဉ်အနုကြမ်းစီးတယ်ဆိုတာ တော်ရုံတန်ရုံမလွယ်ကူတဲ့အတွက် အဲ့လိုလုပ်တဲ့လူတွေနည်းသလို ထွက်ရှိထားတဲ့ရုပ်ရှင်တွေကလည်း နည်းပါးပါတယ်။အဲ့ဒီနည်းပါးတဲ့ထဲကမှ ၁၉၉၃ ခုနှစ် နိုက်ဂျီးရီးယား နိုင်ငံမှာဖြစ်ခဲ့တဲ့လေယာဥ်အနုကြမ်းစီးမှုကို အခြေခံပြီးပြန်လည် ရိုက်ကူးထားတဲ့ Hijack ’93 လို့ခေါ်တဲ့ဖြစ်ရပ်မှန်နိုက်ဂျီးရီးယား ဇာတ်ကားတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ နိုက်ဂျီးရီးယားတွေကသိတဲ့အတိုင်း တစ်ခါတစ်လေမှာနိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ဇာတ်ကားတွေရိုက်ကူးနိုင်တဲ့အတွက် ဒီကားလည်းနိုင်ငံတကာအဆင့်မှီလား ကောင်းလားဆိုတာကိုတော့ ကြည့်ရှုသူပရိသတ်တွေပဲ ဆုံးဖြတ်သင့်ပါတယ်။ ဒီ ၁၉၉၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လေယာဉ်အနုကြမ်းစီးမှု ဘယ်ကနေ စတာလဲပြောရရင်တော့ အခုထက်ထိမပြီးဆုံးသေးတဲ့စစ်အာဏာရှင် အစိုးရရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေအောက်မှာ မခံမရပ်နိုင်ဖြစ်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကနေစတာပါပဲ။ တစ်နိုင်ငံလုံးဖြစ်ချင်ရာဖြစ် လူနည်းစုကောင်းစားရေးပဲလုပ်နေတဲ့ အစိုးရကိုဖြုတ်ချပြီး ဒီမိုကရေစီစနစ်နဲ့ရွေးချယ်ထားတဲ့သမ္မတကို အာဏာပြန်ပေးဖို့တောင်းဆိုဖို့အတွက် နိုက်ဂျီးရီးယားနိုင်ငံသား လူငယ် ၄ ယောက်က လေယာဉ်တစ်စီးကိုအနုကြမ်းစီးခဲ့ပါ တော့တယ်။အစီအစဉ်တွေကတော့ကောင်းကောင်းချထားပေမဲ့ တကယ်တမ်းအကောင်အထည်ဖော်တဲ့အခါမှာအခက်အခဲတွေ ရှိလာတဲ့အခါမှာတော့ ခရီးသည်တွေအပြည့်ဓားစာခံအနေနဲ့ အဖမ်းခံထားရတဲ့လေယာဉ်တစ်စီး တော်လှန်ရေးလူငယ် ၄ ယောက်နဲ့ နိုက်ဂျီးရီးယားအစိုးရတို့ကြားမှာ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်ဆောင်မှုတွေ လုပ်ကြမလဲဆိုတဲ့စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ရုပ်ရှင်အနေနဲ့ ပြန်လည်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Shell of Fear (2024) ⭐IMDB: 4.2/10 (26 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 31 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shell of Fear (2024) IMDb Rating (4.8) ဒီဇာတ်လမ်းကတော့ Psychological Thriller ရုပ်ရှင်တွေ သဘောကျမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ဟာ တစ်ချိန်တုန်းက ဆမ်လို့ခေါ်တဲ့ အကြမ်းဖက်ဖောက်ခွဲရေးသမားတစ်ဦးဖြစ်ပြီး အဲဒီ အတိတ်ဆိုးတွေရဲ့ အရိပ်အောက်ကနေ ရုန်းမထွက်နိုင်ဖြစ်နေသူပါ။ ဒါကြောင့်သူဟာ ၅နှစ်ကြာတဲ့အထိ အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေနေပါတယ်။ သူ့ကို ပုံမှန်လာတွေ့သူတွေထဲမှာ သူ့ရဲ့စိတ်ကုဆရာဝန် သူ့ကိုသဘောကျနေတဲ့ လော်ရာဆိုတဲ့ ကောင်မလေး နဲ့ ပြည့်တန်ဆာမ တစ်ဦးဖြစ်တဲ့ ဒက်ဖနီတို့ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့အတိတ်က အကြမ်းဖက်သမားတွေ သူ့အိမ်ကို ရောက်လာပြီး ဗုံးဖောက်ခွဲဖို့ သူ့ကို အကျပ်ကိုင်ပါတော့တယ်။ သူတို့ ခိုင်းတာမလုပ်ရင် လော်ရာကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ အဲဒီညမှာပဲ ကောင်မလေးတစ်ယောက်ဟာ သူ့တိုက်ခန်းထဲခိုးဝင်လာပါတယ်။ ကောင်မလေးက သူ့ကို သတ်ချင်နေတဲ့သူတွေရှိနေတယ်လို့ဆိုပြီး အဲဒီသူက ဆမ်ကို အကျပ်ကိုင်တဲ့ ရန်သူပဲ ဖြစ်နေပါတယ်။ ဆက်လက်ပြီးတော့ သူတို့နှစ်ယောက်လုံးရဲ့ ဘုံရန်သူကို ဘယ်လို အတူတူရင်ဆိုင်ပြီး အခက်အခဲတွေကနေ ရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ တစ်ကားလုံးကို အခန်းကျဥ်းလေးတစ်ခုထဲမှာပဲ ဇာတ်အိမ်တည်ထားပြီး မထင်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)...
No More Hiding (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 video movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်ကိုကြည့်ပြီး စိတ်ခွန်အားတွေ ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပိရန်ဆိုတဲ့ကောင်လေးဟာ ကလေးဘဝက ကားတိုက်မှုတစ်ခုကြောင့်ခြေထောက်တစ်ဘက်ကြိုးခဲ့ရပြီး မသန်စွမ်းသူ တစ်ဦးဖြစ်ပါတယ်။သူအသက် ၁၈ နှစ်အရွယ်မှာ မသန်စွမ်းသူမြင်းစီးအဖွဲ့တစ်ခုထဲဝင်ရောက်ခဲ့ပြီး ဝှီးချဲပေါ်အမြဲထိုင်ရတဲ့ဘဝကနေ လွတ်မြောက်ခဲ့ပါတယ်။အဲဒါကြောင့် သူက မြင်းစီးရတဲ့ဘဝကို ပိုပြီးတော့ တန်ဖိုးထားသူ ဖြစ်တာပေါ့။ မြင်းစီးပြိုင်ပွဲကြီး ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ပိရန်တို့ အဖွဲ့ကပွဲဦးထွက် ဖျော်ဖြေခွင့်ရမှာ ဖြစ်တဲ့အတွက် မျှော်လင့်နေကြပါတယ်။ဒါပေမဲ့ အဲဒီအချိန်မှာ မတော်တဆမှုတွေ ဖြစ်ပြီး မြင်းစီးကွင်းကပိတ်ရခါနီးအခြေအနေကို ရောက်သွားခဲ့ပါတယ်။အားလုံးရဲ့ သဘောထားကတော့ ပိရန်တို့ မသန်စွမ်းသူမြင်းစီးအဖွဲ့ကို ဖျက်သိမ်းကြမယ်တဲ့။ ဒါပေမဲ့ ပိရန်ကတော့ ဒီလို မတရားမှုမျိုးကို မကျေနပ်တဲ့အတွက်တရားမျှတစွာယှဉ်ပြိုင်ခွင့်တစ်ခုရဖို့ကို တောင်းဆိုခဲ့ပါတယ်။ပိရန်က အဲဒီအခွင့်အရေးကို ရဖို့အတွက် ကံကြမ္မာကို အံတုပြီးဘယ်လိုကြိုးစားခဲ့သလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Qalb (2024) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Bollywood #Drama #Romance #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Qalb (2024) IMDb 6.8/10 (ချစ်ခြင်းသို့ လှေကားထစ်ခုနှစ်သွယ်) ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့မာလာယာလမ်စကားပြော အချစ်ရိုမန့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်…ရိုကားလေးဆိုပေမယ့် စောင်ကိုက်ရိုဖို့တစ်ချိန်လုံးနုရွနေမှာမဟုတ်ပဲအိန္ဒိယကားပီပီ အချစ်စစ်ကိုရဖို့အတွက် အခက်အခဲတွေနဲ့တစ်ချိန်လုံးရင်ဆိုင်ရရင်း အဆုံးသတ်မှာပေါင်းဖက်ရမလားကွဲကွာရမလားဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရမယ့်ဇာတ်ကားလေးပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ကာလ်ပိုလို့ခေါ်တဲ့ကမ်းခြေမြို့ကကောင်လေးတစ်ယောက်ကလက်ကြောမတင်း ဘော်ဒါတွေနဲ့ အလေလိုက်ပြီး ကမ်းလခြလာတဲ့ နိုင်ငံခြားသူလေးတွေကိုချူစားဖို့ကြံနေတဲ့ လူ့ငပျင်းလေးတစ်ယောက်ပါ…တစ်နေ့မှာတော့ သူ့ဘဝထဲကိုရီနူးလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါမှာတော့ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ ဇာတ်ကားထဲက ဒိုင်ယာလော့လေးတစ်ခုနဲ့ပဲအဆုံးသတ်ညွှန်းဆိုပေးလိုက်ချင်ပါတယ် ယောက်ျားတစ်ယောက်က တကယ်ချစ်မိသွားတဲ့အခါမှာ တစ်ကမ္ဘာလုံးကသူနဲ့ဆန့်ကျင်ဘက်ဖြစ်နေရင်တောင်မှ အားလုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ဝန်မလေးပါဘူးတဲ့….အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်...
Explosive Chase (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 15 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရိုးသားကြိုးစားတဲ့တက္ကစီသမားလေးရှန့်ရှဟာ သူ့ရဲ့လူပွေလူရှုပ်သူငယ်ချင်းရဲ့အရှုပ်ထုပ်တွေကို ခဏခဏလိုက်ရှင်းရပါတယ်။ တစ်နေ့မှာသူဌေးသမီးပန်းချီဆရာမလေးရာလိ နဲ့ဆုံတွေ့ပြီးသူ့ကိုမကောင်းတဲ့ယောင်္ကျားလို့အထင်ခံလိုက်ရတယ်။ ဒီလိုနဲ့သူတို့မှာပန်းရောင်လွှမ်းတဲ့ရန်ငြှိုးလေးတွေရှိသွားကြတယ်။အဲဒီအချိန်မှာပဲ ရှန့်ရှဟာ သူငယ်ချင်းရဲ့ပြဿနာကိုလိုက်ဖြေရှင်းပေးရင်ကုမ္ပဏီကြီးတစ်ခုရဲ့စိန်ပျောက်မှုထဲမှာ ရောပါသွားခဲ့တယ်။အစ်ကိုခွင်းဆိုတဲ့သူနဲ့ ဘယ်ကပေါ်လာမှန်းမသိတဲ့ လူမိုက်တွေရဲ့လိုက်သတ်တာကိုခံရတယ်။အပြစ်မရှိတဲ့ရှန့်ရှမှာတော့ ဘာကြောင့်သူလိုက်သတ်ခံနေရတာလဲဆိုတာကို မသိပါဘူး။မင်းသားရဲ့အူကြောင်ကြောင်ရုပ်နဲ့ ကပျက်ကချော်လုပ်ရပ်တွေနဲ့အတော်လေးကိုရယ်ရတဲ့ အက်ရှင်ဟာသကားလေးဖြစ်ပါတယ်။...
