ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Christmas of Yes (2023) ⭐IMDB: 6.1/10 (125 Votes) 🎬 #Romance 🗓 2023 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Christmas of Yes (2023)==================IMDb Rating – 6.1/10 အလုပ်အရမ်းကြိုးစားပြီး အလုပ်ကလွဲရင်ဘာအတွက်မှ အချိန်မရှိတဲ့Amy Bell က ခရစ္စမတ်မတိုင်ခင်မှာပဲ ကုမ္ပဏီကနေ အလုပ်ပြုတ်သွားခဲ့တယ်။ အဲဒီမှာ သူနဲ့ဆန့်ကျင်ဘက် စွန့်စားရေးသမား သူ့အစ်ကိုPhilကAmy ကို ခရစ္စမတ်ရက်အထိ Amy ပြောပြောနေကျ နိုးဆိုတဲ့စကားလုံးအစား အရာအားလုံးကို ရက်စ်လို့ပြောဖို့ စိန်ခေါ်မှု စခဲ့တာပါပဲ။ ပြိုင်ဆိုင်ချင်စိတ်ပြင်းတဲ့ Amy လည်း အဲဒီစိန်ခေါ်မှုကိုလက်ခံခဲ့တာပေါ့။နောက်တော့ Amy သူ့ရဲ့ ရက်စ်စိန်ခေါ်မှုကြောင့်ပဲ မကြည့်ချင်တဲ့ လက်တန်းဟာသရှိုးပွဲကို သွားကြည့်ရရင်း ရှိုးပွဲကကောင်လေး Nico နဲ့ တွေ့ခဲ့တယ်။Amy နဲ့ Nico တို့နှစ်ယောက် စစချင်းမှာတော့ မတူညီတဲ့စရိုက်တွေကြောင့်အချင်းချင်းအမြင်ကတ်ခဲ့ကြပေမဲ့ နောက်ပိုင်း ရက်စ်ခရစ္စမတ်အတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

Usury Academy (2023) ⭐TMDB: 50.0% User Score 🎬 #Action #Drama 🗓 2023 🎞 movie 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 45 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Loan Boy a.k.a Usury Academy (2023) Plot ကောင်းကောင်းနဲ့ School Action ကားတွေကိုမှ နှစ်သက်သူ‌တွေ အကြိုက်တွေ့စေမယ့် Loan Boy (2023) ဇာတ်လမ်းအကျဉ်းကတော့ စီးပွားပျက်သွားတဲ့ မိဘတွေရဲ့အတိုးရှင်ကြောင့်ငွေတိုးချေးလောကထဲကို ရောက်ရှိသွားခဲ့တဲ့ အထက်တန်းကျောင်းသားလေး ဂန်ဂျင်းရဲ့အကြောင်းကို ရိုက်ကူးထားတာပါ စာသင်ခန်းကို ငွေချေးရုံးခန်းအဖြစ် ပြောင်းလဲပြီး ကျောင်းသားတွေကြားထဲမှာငွေတိုးချေးသမားအနေနဲ့နာမည်ကြီးလာတဲ့ ဂန်ဂျင်းတစ်ယောက် ဘယ်အခြေအနေထိ ဒီပုံစံအတိုင်း ဆက်သွားနိုင်လောက်မလဲ တဖြည်းဖြည်း သူလည်း ငွေတိုးချေးလောကမှာ ကျင်လည်ရင်း ပိုက်ဆံရဲ့သားကောင် ဖြစ်သွားမလား ဆိုတာအပြင်တခြားစိတ်ဝင်စားဖို့လည်းကောင်းသလို အသိပညာလည်းရစေမယ့် ဇာတ်လမ်းဇာတ်ကွက်လေးတွေပါတာမို့ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲလို့ ညွှန်းချင်ပါတယ်။ Main Casts တွေအဖြစ် The Story of Park’s Marriage Contract နဲ့The Queen’s Umbrella ထဲက အချစ်တော်လေး Yoo Seon Ho အပြင်Alchemy of Souls ထဲက Yoo In-Soo, Seo Hye Won စတဲ့ နာမည်ကြီးတွေလည်း ပါဝင်ထားတာမို့ အကြိုက်တွေ့စေမယ်လို့ ထင်ပါတယ်နော်။ အညွန်း နဲ့ ဘာသာပြန်ကတော့Hmwe Thet Winnပဲ ဖြစ်ပါတယ်။...

Erzulie (2022) ⭐IMDB: 4.6/10 (212 Votes) 🎬 #Adventure #Fantasy #Horror 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဝင်ဒီတို့ သူငယ်ချင်းလေးယောက်ဟာ အရင်နှစ်ကလာခဲ့တဲ့ အပန်းဖြေစခန်းကို နောက်ထပ်တစ်ခေါက် ထပ်လာခဲ့ကြပါတယ်. ဂါထာမန္တာန်တွေကို စိတ်ဝင်စားတဲ့ ဝင်ဒီဟာ ရေနတ်ဘုရားမ အာဇူလီကို ဆင့်ခေါ်ဖို့ အတွက် အဲဒီ့အပန်းဖြေစခန်းမှာပဲ ကြိုးစားပါတယ်. အာဇူလီဆိုတာကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ရေနတ်ဘုရားမတစ်ဦးဖြစ်ပြီး သူ့ကိုဆင့်ခေါ်တဲ့သူတွေကို သူတို့ရဲ့ ဆုတောင်းတွေကို ဖြည့်ဆည်းပေးနိုင်လောက်တဲ့အထိကို စွမ်းအားကြီးပါတယ်. ဆိုတော့..ဝင်ဒီတို့ သူငယ်ချင်းလေးယောက် အာဇူလီကို ဘယ်လို ဆင့်ခေါ်ကြမလဲ….ဆင့်ခေါ်ပြီးတဲ့နောက်တော့ရော…ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုခံစားနိုင်ပါတယ်. Fantasy Horror ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Horror ရုပ်ရှင်တွေအရိုက်များတဲ့ ဒါရိုက်တာ Christine Chen ရိုက်ကူးထားတာဖြစ်လို့ Horror ကိုကြိုက်တဲ့ ပရိတ်သတ်တွေအတွက်တော့ အချိန်ပေးရတာတန်တဲ့ ကားကောင်းတစ်ကား ဖြစ်မှာပါ...

Three Wise Men and a Baby (2022) ⭐IMDB: 7.6/10 (3 k Votes) 🎬 #Comedy #Drama #TVMovie 🗓 2022 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 34 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Three Wise Men and a Baby (2022)==========================IMDb Rating – 7.6/10 ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDbrating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းကအနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော်ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံးဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာတဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။ သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကိုတွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်ကတော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေးတစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေးအမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီကလေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေက ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကိုသုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

The Sixth Secret (2022) ⭐IMDB: 5.1/10 (2 k Votes) 🎬 #Comedy #Horror #Mystery #Crime 🗓 2022 🎞 movie 🌎 #Estonia ⏰ 1 နာရီ 29 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆုပေါင်း ၁၄ ဆုအထိရရှိထားတဲ့ Comedy/Horror/Mystery အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကားပါ။ဒါရိုက်တာ Mart Sander ရဲ့လက်ရာကောင်းတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ဇာတ်ကားရဲ့ နာမည်အတိုင်း လျှို့ဝှက်ချက် ခြောက်ခုကို တဖြည်းဖြည်းနဲ့ဖော်ထုတ်သွားတာမျိုးပေါ့ ဇာတ်အိမ်ကလေးကတော့ ဝိညာဉ်တွေနဲ့ဆက်သွယ်ပြီး ချိတ်ဆက်စကားပြောပေးတဲ့ အလုပ်ကိုလုပ်ကိုင်တဲ့ မဒမ်အော်လော့ဖ်စကီ ဟာ အမြဲတမ်း လူ ၁၂ ယောက်ပါဖို့ သတ်မှတ်ထားတဲ့စားပွဲပေါ်မှာ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို သိချင်တဲ့ လူတိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးပြီးတော့ တမလွန်က ဝိညာဉ်တွေနဲ့ ဆက်သွယ်ပေးတာပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ အဲလို စုဝေးပွဲမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဇာတ်လမ်းကြီးတစ်ခုလုံးကို အစကနေ အဆုံးထိ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပြသပေးသွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။...

Vigil (2021- ) ⭐IMDB: 7.4/10 (25 k Votes) 🎬 #Drama #Crime #Mystery #Thriller 🗓 2021- 🎞 tv series 🌎 #UnitedKingdom ⏰ 56 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vigil (2021) (Seasaon 1+2)Vigil (2021) Season 1======================================= Your browser does not support the video tag.IMDb Rating – 7.5/10ဒီစီးရီးကို Quality content​တွေပဲ ရိုက်တတ်တဲ့ BBC One ရုပ်သံလိုင်းက​နေထုတ်လွှင့်တာဖြစ်ပြီး အပိုင်း ၆ပိုင်းပဲ ပါဝင်တဲ့Limited Miniseries ဖြစ်ပါတယ်၊ IMDb -7.5 , Rotten Tomatoes – 71%ရရှိထားပြီး Critic review​ကောင်း​တွေ အများကြီးရထားတဲ့ စီးရီးပါ၊ ​British ဝါရင့်မင်းသမီး Suranne Jones နဲ့ GOTထဲမှာ Ygritte အဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသမီး​ချောRose Leslieတို့က ​ခေါင်း​ဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။HMS Vigilဆိုတာ ဗြိတိန်​ကျွန်းစုရေပိုင်နက်ကို ကင်းလှည့်စစ်ဆင်​ရေး လုပ်​ပေးရတဲ့ ​​​တော်ဝင်​ရေတပ်ထဲက ရေငုပ်သင်္ဘောကြီး​တစ်စင်းပါ၊ တစ်​နေ့မှာ Vigil ကမ်းလှည့်တာဝန်​ ဆောင်ရွက်​နေတဲ့အချိန်အတွင်း စ​ကော့တလန် ငါးဖမ်းစက်​လှေတစ်စီးက ပ​ဟေဠိဆန်စွာ​ရေ​အောက်ကိုဆွဲချနှစ်မြုပ်ခံလိုက်ရပါတယ်၊ မ​ရှေးမ​နှောင်းပဲ သင်္ဘောကြီး​ပေါ်က တပ်ကြပ်အရာရှိ Craig Burkeဟာလည်းHeroinအသုံးလွန်ပြီး ​သေဆုံးသွားပါတယ်၊ဒီ​သေဆုံးမှုကို​ Vigil​ပေါ်အထိသွား​ပြီး တာဝန်ယူစုံစမ်းရမယ့်သူက စ​ကော့လူမျိုးစုံ​ထောက် Amy Silva၊ အမှု​ဖြေရှင်းဖို့ ​ပေးထားတဲ့အချိန်က“၃ရက်”၊ တကယ်တမ်း စုံစမ်း​တော့မှ ​သွေးရိုးသားရိုးမဟုတ်တဲ့ အချက်​​တွေပေါ်လာတဲ့အခါ Amy Silvaတစ်​​ယောက် ၃ရက်ထဲနဲ့အမူမှန်​​ဖော်ထုတ်နိုင်မှာလား၊ ​နောက်ပြီး စ​ကော့တစ်ငါးဖမ်းစက်​လှေက​ရော အ​ကြောင်းမဲ့နစ်မြုပ်သွားတာလား၊ Vigilသင်္ဘောရဲ့ လက်ချက်ပဲလား၊ ဘာဆိုဘာမှမဆိုင်တဲ့အရာရှိ​သေဆုံးမှုနဲ့ စက်​လှေနစ်မြုပ်မှုက ဘယ်လိုစပ်ဆက်​နေမလဲ စသဖြင့်စုံစမ်းစစ်​ဆေးရင်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို နိုင်ငံ​​​တော်လုံခြုံ​ရေး၊ စစ်​ရေးစစ်ရာ​စသဖြင့် ကိစ္စ​တွေပွေလီရှုပ်လာတဲ့အခါ…..BBC Oneက ဖြစ်လို့ ရိုက်ကွင်းရိုက်ကွက်​ကောင်း​ကောင်း၊ background soundtrack​ကောင်း​ကောင်းနဲ့ Crime, Mystery Seriesကောင်း​ကောင်း ငတ်​​နေသူများအတွက် မဲပြာပုဆိုး Series​တွေက​နေကွဲထွက်ပြီး ကိုယ်တိုင်​ရေငုပ်သင်္ဘောထဲ သွား​ရောက်စုံစမ်း​နေရသလို မွန်းကြပ်ရှုပ်​ထွေးမှု၊ ပ​ဟေဠိဆန်မှု၊ နားမလည်နိုင်မှု​တွေနဲ့အတူ စီး​မြောသွား​စေမယ့် Quality Series​ကောင်းတစ်ခုဖြစ်ပါတယ်၊(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ JimX, Tar Tee Poe, Chuck Chuck, Chit Tee, Pyi T. Nyein တို့ပဲဖြစ်ပါတယ်။)...

The Artful Dodger (2023- ) ⭐IMDB: 7.8/10 (3 k Votes) 🎬 #Drama #Crime #Action #Adventure #History 🗓 2023- 🎞 tv series 🌎 #Australia ⏰ 50 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Artful Dodger (2023) Your browser does not support the video tag. ဒီကားလေးကတော့ ၁၈၀၀ပြည့်နှစ်ကို အခြေခံရေးထားတဲ့ Oliver Twist ဝတ္ထုလေးကို မှီခြမ်းပြီးရိုက်ကူးထာတဲ့ ကားကောင်းလေးတစ်ကားပါ…..ဇာတ်လမ်းလေးထဲမှာတော့ ဒေါ့ချ်ဟာ ခါးပိုက်နှိုက်ဂိုဏ်းက ခါးပိုက်နှိုက်လေးပါ သူ့ကို ခါးပိုက်နှိုက် ခေါင်းဆောင်ကြီး ဖာဂင်က ခေါ်ယူမွေးစားထားတာပါ။ ဒီလိုနဲ့ ခါးပါးနှိုက်ရင်း ထောင်ကျရာကနေ ဖာဂင်က ထောင်ဖောက်ပြေးရင်း သူ့ကို ထောင်ထဲမှာ ထားခဲ့ရာကနေ မထင်မှတ်ဘဲ ဗြိတိသျှရဲ့ ကိုလိုနီမြို့လေးတစ်မြို့မှာ ပြန်ဆုံကြပါလေရော…..အဲဒီအချိန် ဒေါ့ချ်က ခါးပါးနှိုက်မဟုတ်တော့ဘဲ ရေတပ်က ခွဲစိတ်ဆရာဝန်အရာရှိတစ်ယောက်တောင်ဖြစ်လို့နေပါပြီ…..အဲဒီ မြို့ကြီးရဲ့ မြို့စားကြီးသမီးကလည်း ခွဲစိတ်ပညာကို အင်မတန်စိတ်ဝင်စားနေတဲ့သူလေးတစ်ယောက်ပေါ့……ဒီလိုနဲ့ ခါးပါးနှိုက်ကနေ ခွဲစိတ်ဆရာဝန်ဖြစ်လာတဲ့ ဒေါ့ချ်ရယ် ခွဲစိတ်ပညာကို အရမ်းစိတ်ဝင်စားတဲ့ မြို့စားကြီးသမီးရယ် ကလေးကတည်းက မွေးစားပြီး ဒုစရိုက်သမားအဖြစ် ဒေါ့ချ်ကို ပျိုးထောင်ခဲ့တဲ့ ဖာဂင်ရယ် ကိုလိုနီမြို့လေးမှာ ဆုံကြတဲ့ခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးနဲ့ လိုက်ပါစီးမျောလိုက်ကြပါဦးလို့……အင်္ဂလိပ်တွေရဲ့ ရှေးခေတ်အသုံးအနှုန်းတွေ နေပုံထိုင်ပုံတွေနဲ့ အဲဒီခေတ်က ဆေးပညာတွေကို ပေါ့ပေါ့ပါးပါး လေ့လာချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ အကြံလေးပေးချင်ပါတယ်...

The Nightmare Before Christmas (1993) ⭐TMDB: 78.0% User Score 🎬 #Animation #Family #Fantasy #Musical 🗓 1993 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာအနားယူရင်း ကြည့်ဖို့ ခရစ္စမတ်ကားလေးတစ်ကား ပရိသတ်ကြီးတို့ဆီ ယူဆောင်လာပါပြီ။ ဇာတ်ကားနာမည်လေးကတော့ The Nightmare Before Christmas ဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိထားခဲ့တာပါ။ Walt Disneys က ထုတ်လုပ်တာဖြစ်ပြီးတော့ ဝင်ငွေ သန်း ၁၀၀ ကျော်ရရှိထားတာ ဖြစ်ပါတယ်။ Rating တွေအရလည်း iMDB မှာ 7.9/10 နဲ့ Rotten Tomatoes 95% ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ‌ပြောပြရရင်တော့ ဟော်လိုဝင်းလို့ခေါ်တဲ့ မြို့လေးက လူတွေကို ခြောက်လှန့်တဲ့ သရဲတစ္ဆေတွေ နေတဲ့မြို့လေးပါ။ အဲဒီမြို့မှာ ဂျက်လို့ခေါ်တဲ့ ဖရုံသီးဘုရင် ရှိပါတယ်။ သူက တစ်မြို့လုံးရဲ့ အလေးစားခံပုဂ္ဂိုလ်လို့ပဲ ဆိုပါတော့။ သူက လူတွေကို ခြောက်လှန့်ရတာ ငြီးငွေ့နေခဲ့တယ်။ သူ့စိတ်ထဲမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို တောင့်တ နေခဲ့တာပေါ့။ ဟော်လိုဝင်းပွဲအပြီးမှာ သူက စိတ်ညစ်ညစ်နဲ့ လျှောက်သွားရင်း သူ မသိတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။ အဲဒီကနေမှ ခရစ္စမတ်သစ်ပင်ပုံ တံခါးထဲကျသွားပြီးတော့ တခြား မတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။ အဲဒီနေရာက ခရစ္စမတ်နယ်မြေဖြစ်ပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနေရာနဲ့ အစစ အရာရာ ကွာခြားနေခဲ့ပါတယ်။ ဒါကို ဂျက်တစ်ယောက် သဘောတွေ ကျသွားပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနယ်မြေမှာ ခရစ္စမတ်ဖန်တီးဖို့ လုပ်ပါတော့တယ်။ ဆိုတော့ ဂျက်တို့ သရဲတစ္ဆေတွေက ခရစ္စမတ်ကို ဖန်တီးနိုင်ပါ့မလား၊ ဘယ်လိုအလွဲတွေဖြစ်ကြမလဲ၊ သူတို့အမွှေဇယား ထဲမှာ ဆန်တာကလော့စ်က ဘယ်လိုပါဝင်ပတ်သက်နေရမလဲဆိုတာ ကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါ။ အချိန်ကုန်ရကျိုးနပ်မှာဖြစ်တဲ့အပြင် အခုလို ခရစ္စမတ်ရာသီမှာ အိမ်က မိသားစုတွေနဲ့အတူ ကြည့်ကိုကြည့်သင့်တဲ့ ကာတွန်းကားလေးတစ်ကား ဖြစ်ကြောင်း အားလုံးကြည့်ကြဖို့ recommend ပေးလိုက်ပါတယ်နော်။...

Mickey's Magical Christmas: Snowed in at the House of Mouse (2001) ⭐TMDB: 70.0% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2001 🎞 movie 🌎 #Philippines #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 2 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mickey’s Magical Christmas: Snowed in at the House of Mouse (2001) ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of Mouse ဆိုတာက မစ်ကီတို့သူငယ်ချင်းတွေဖွင့်ထားတဲ့ Dinner Theatre Club… အဲဒီကို ဒစ္စနေးက ဇာတ်ကောင်တွေအကုန်လာကြတယ်ပေါ့။ အဲဒီဇာတ်ကောင်တွေကိုထည့်တဲ့နေရာမှာ အန်နီမေးရှင်းလုံးဝမရှိသေးတဲ့ ဒစ္စနေးကောမစ်က ဇာတ်ကောင်တွေကိုပါ ထည့်ခဲ့တယ်။ ၅၂ပိုင်းနဲ့ ရုပ်ရှင်၂ကားထွက်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီ၂ကားထဲက တစ်ကားဖြစ်သလို ခရစ္စမတ်ကားလည်းဟုတ်နေတဲ့ကားပေါ့။ ဇာတ်လမ်းစစမှာ မစ်ကီတို့တွေဟာ ခရစ္စမတ်အကြိုနေ့မှာ ဖျော်ဖြေပွဲလုပ်ပြီးတဲ့နောက် ဧည့်သည်တွေကို နှုတ်ဆက်တယ်။ ကံဆိုးချင်တော့ နှင်းတွေပိန်းပိတ်နေအောင် ကျနေလို့ တစ်ယောက်မှ အိမ်ပြန်မရတော့ဘဲ House of Mouse မှာပဲ ခရစ္စမတ်ပါတီကို ကျင်းပရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုခရစ္စမတ်ပါတီကျင်းပတော့ မစ်ကီက အိမ်ရှင်ပီပီ အားလုံးကို ပျော်စေချင်တယ်။ ရှိရှိသမျှ ဒစ္စနေးဗီလိန်တွေအကုန်လုံးတောင် ခရစ္စမတ်ကိုတော့ ချစ်ကြတယ်။ ပျော်ကြရွှင်ကြတယ်ပေါ့။ ဒါပေမဲ့ ခရစ္စမတ်ကို မချစ်နိုင်တဲ့သူက ဒေါ်နယ်လ်။ ဒီတော့ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်တတ်လာအောင် မစ်ကီက မစ်ကီရဲ့ဇာတ်လမ်းတိုလေးတွေရော ဒေါ်နယ်လ်ရဲ့ဇာတ်လမ်းတိုလေးတွေရောပြတယ်။ ထုံးစံအတိုင်း မင်နီ ဂူဖီ ပလူတိုတို့ရော ဟူဝီ ဒူဝီ လူဝီတို့ရော ဘဲကပ်စေးတို့ရော အကုန်ပါတာပေါ့။ တစ်ပုဒ်ပြီး တစ်ပုဒ်ပြပေမဲ့ ဒေါ်နယ်လ်ကတော့ သူ့ဦးလေးဘဲကပ်စေးနဲ့တူအောင်ကို ခေါင်းတွင်တွင်ခါနေတုန်းပဲ။ ဒီတော့ မစ်ကီတို့တွေ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်သွားအောင် ဘာပြရမလဲ ခေါင်းချင်းရိုက်ကြတာပေါ့။ ဒေါ်နယ်လ်ချစ်တတ်သွားအောင် မစ်ကီတို့ ဘယ်လိုဇာတ်လမ်းတွေ ဒေါ်နယ့်လ်ကို ပြကြမလဲ ကြည့်ကြရလိမ့်မယ်။ ဒေါ်နယ့်လ်ကို ပြသွားတဲ့ ခရစ္စမတ်ဇာတ်လမ်းတွေထဲမှာ ဒစ္စနေးရုပ်ရှင်တို ၂ခုပါတယ်။ Pluto’s Christmas Tree (1952) နဲ့ Mickey’s Christmas Carol (1983) တို့ပါပဲ။ Mickey’s Christmas Carol ကတော့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို မှီးထားတယ်။ Academy Award for Best Animated Short Film ဆုပါ ဆန်ခါတင်ဝင်သွားသေးတယ်။ တကယ်လည်း‌ ကောင်းပါတယ်။ သူတို့ပြခဲ့တဲ့ဇာတ်လမ်းတွေထဲ ဒီတစ်ပုဒ်ကတော့ တော်တော်ကောင်းတယ်။ ခရစ္စမတ်ရဲ့ အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ A Christmas Carol ရဲ့ ကျောရိုးအတိုင်း မစ်ကီမောက်စ်တို့နဲ့ ကြည့်ရမှာဆိုတော့ ခရစ္စမတ်မှာ ကြည့်လို့လည်း တော်တော်အရသာရှိလိမ့်မယ်။ မစ်ကီတို့ဆိုခဲ့တဲ့သီချင်းအတိုင်းပေါ့… ခရစ္စမတ်ဆိုတာ ခရစ္စမတ်သစ်ပင်ကြီးဧည့်ခန်းထဲ အလှထည့်ထားတာလည်းမဟုတ်ဘူး။ ခရစ္စမတ်ပွဲကြီးလမ်းကြီးတွေ လုပ်ကြတာမျိုးလည်း မဟုတ်ဘူး။ ခရစ္စမတ်ဆိုတာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ချစ်ခြင်းတွေနဲ့ အတူရှိနေတဲ့ အချိန်ပါပဲ။ ”အားလုံးလည်း ရှိနိုင်ကြပါစေ…မယ်ရီခရစ္စမတ်…“ (ဒီကာတွန်းနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

Breakwater (2023) ⭐IMDB: 5.0/10 (213 Votes) 🎬 #Thriller #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Breakwater (2023) Mystery နဲ့ Thriller ပေါင်းစပ်ထားတဲ့ Plot ဆန်းဆန်းနဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဓိကဇာတ်လိုက်ဖြစ်တဲ့ ရေးနဲ့ ဒက်ဗီဆိုတဲ့လူငယ်တို့က အကျဉ်းသားတွေဖြစ်ပြီး ထောင်ထဲမှာ ရင်းနှီးခဲ့တာပါ။ ဒက်ဗီက သူ့ပြစ်မှုအတွက် ထောင်သုံးနှစ်ကျတာဖြစ်ပြီး မကြာခင် ပြန်လွတ်တော့မှာဖြစ်တဲ့အတွက် ရေးက အကူအညီတစ်ခုတောင်းရာကနေ စပါတယ်။ ရေးက သူ့မှာသမီးရှိကြောင်း၊ သူက ကင်ဆာဖြစ်နေလို့ မနေရတော့တဲ့အတွက် သူ့သမီးရှိတဲ့မြို့ကိုသွားပေးပြီး သူ့သမီး ပျော်နေလား ကြည့်ခိုင်းပါတယ်။ သူ့သမီးနာမည်က မာရီနာပါတဲ့။ အဘိုးကြီးရေးကို စာနာပြီး ထောင်ကလွတ်တဲ့အချိန် ဒက်ဗီက နယ်မကျော်ရတဲ့စည်းကမ်းကိုပါ ချိုးဖောက်ပြီး မာရီနာရှိတဲ့ ကမ်းရိုးတန်းမြို့လေးကို သွားခဲ့ပါတယ်။ အဲဒီမှာ မာရီနာအမည်နဲ့မဟုတ်ဘဲ အိဖ်‌ဆိုတဲ့ ကလေးတစ်ယောက်အမေနဲ့ တွေ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကင်ဆာရောဂါသည် သနားစရာအဘိုးကြီးလို့ ဒက်ဗီထင်နေတဲ့ရေးက သွေးအေးလူသတ်သမားဖြစ်ပြီး ထောင်ကထွက်ပြေးလာတဲ့အခါ… ရေးနဲ့မာရီနာက တကယ်ပဲ သားအဖလား… အိဖ်နဲ့ရော ဘယ်လိုပတ်သက်နေတာလဲ… သူတို့နှစ်ဦးပြောပြတဲ့ အဖြစ်တွေနောက်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေတာလဲ… ဘုမသိဘမသိကူညီမိတဲ့ ဒက်ဗီရော ဘယ်လိုကိစ္စတွေ ကြုံရမလဲဆိုတာ… ဆက်လက်ရှုစားနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Being John Malkovich (1999) ⭐TMDB: 74.0% User Score 🎬 #Comedy #Drama #Fantasy 🗓 1999 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။ သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ သူများရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ကြိုးစားရာက ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာ‌ကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ။...

City Hunter (1993) ⭐TMDB: 65.0% User Score 🎬 #Action #Asian #Comedy #Crime #JackieChan #Adventure #Romance 🗓 1993 🎞 movie 🌎 #HongKong #Japan ⏰ 1 နာရီ 41 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်.1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းအကျဉ်း – မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ်သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ်ဆက်လက်ကြည့်ရှုကြပါ ———————————————————————— ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်.1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းအကျဥ်း – မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာ၀န်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ်သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ်ဆက်လက်ကြည့်ရှုကြပါ...

The Disappearance of Alice Creed (2009) ⭐IMDB: 6.7/10 (27 k Votes) 🎬 #Crime #Drama #Thriller 🗓 2009 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 41 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ The Disapperance Of Alice Creed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ဗစ်တာနဲ့ဒန်နီဆိုတဲ့ ထောင်ထွက်နှစ်ယောက်ဟာ တစ်ဦးတည်းသောသမီးဖြစ်သူ သူဌေးသမီးအဲလစ်ခရိဒ်ကိုပြန်ပေးဆွဲပြီး သူဖခင်သူဌေးကြီးဆီက ပိုက်ဆံနှစ်သန်းနဲ့ပြန်ရွေးခိုင်းပါတယ်။ သူမကိုပြန်ပေးဆွဲလာပြီး အခန်းတစ်ခုထဲမှာ ခြေတွေလက်တွေကိုကြိုးတုပ်ပြီးဖမ်းထားပါတယ် ဗစ်တာနဲ့ဒန်နီတို့ဟာ ပိုက်ဆံတွေကိုယူပြီး ထွက်ပြေးကြဖို့ စီစဥ်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ဗစ်တာတစ်ယောက်မသိလိုက်တာက ဒန်နီနဲ့အဲလစ်တို့ဟာ အရင်ကတည်းက ချစ်သူရည်းစားတွေဖြစ်ခဲ့ကြပြီး ဒန်နီဟာ ဗစ်တာကို သစ္စာဖောက်ပြီး ပိုက်ဆံတွေကို တစ်ယောက်တည်းယူပြီး အဲလစ်နဲ့ထွက်ပြေးဖို့ ကြိုတင်စီစဥ်ထားခဲ့တာပါ ဗစ်တာတစ်ယောက်ထိုအစီစဥ်ကိုသိသွားမလား ဒန်နီနဲ့အဲလစ်ကပဲ ပိုက်ဆံတွေယူပြီးထွက်သွားကြမလား နောက်ဆုံးမှာပိုက်ဆံတွေကို ဘယ်သူကရယူသွားနိုင်မလဲဆိုတာ ကြည့်ရှုရမှာပါ ထူးခြားတာတစ်ခုက ဇာတ်ကားတစ်ကားလုံးထဲမှာ ဇာတ်ကောင်သုံးယောက်တည်းပါဝင်ပြီး ထိုသုံးယောက်တည်းနဲ့ပဲ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...

Armored (2009) ⭐TMDB: 57.0% User Score 🎬 #Action #Crime #Drama #Mystery #Thriller 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။...

Obsessed (2009) ⭐IMDB: 5.0/10 (34 k Votes) 🎬 #Drama #Thriller #Romance 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။...

Million to One (2023) ⭐IMDB: 5.8/10 (29 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 14 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ” Million to one ” ဒီကားလေးကတော့ 2023 မှာထွက်ရှိထားတဲ့ romatic comedy အမျိုးအစားလေးဖြစ်ပါတယ်။ အစားအသောက်အညွှန်းတွေ review ပေးတဲ့ ဆိုရှယ်မီဒီယာကြယ်ပွင့်လေး ဒရေးရှောက စားဖိုမှူးမလေးတစ်ယောက်ကို စိတ်ဝင်စားမိခဲ့ပေမဲ့ သူအငြင်းခံလိုက်ရပါတယ်။ စာဖိုးမှူးမလေးဆီကနေ အငြင်းခံလိုက်ရပြီးတော့ သူ့အစ်ကိုဖြစ်သူက သူ့မင်္ဂလာပွဲလာခဲ့ဖို့ခေါ်လို့ ဒရေးတစ်ယောက်ဟာ အစ်ကိုရှိရာဆင်ခြေဖုံးမြို့လေးဆီသွားရင်း ဒီစားဖိုမှူးမလေးနဲ့ပြန်ဆုံခဲ့ပါတယ်။ အစ်ကိုဖြစ်သူ မင်္ဂလာပွဲအတွက် ကူညီပေးရင်း ဒရေးရှောတစ်ယောက် စားဖိုမှူးမလေးနဲ့ တဖြည်းဖြည်းနီးကပ်လာနိုင်ခဲ့ပေမယ့် တစ်ချို့ကိစ္စလေးတွေကိုဖြေရှင်းရမဲ့ အကြောင်းကပေါ်လာပါတော့တယ်...

Polytechnique (2009) ⭐IMDB: 7.2/10 (18 k Votes) 🎬 #Crime #Drama #Thriller #History 🗓 2009 🎞 movie 🌎 #Canada ⏰ 1 နာရီ 18 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတွေဟာ စိတ်အလိုမကျမှုတွေ၊ စိတ်မွန်းကျပ်မှုတွေ၊ ဒေါသစိတ်တွေ အဆုံးစွန်ထိများပြားလာပြီး ဘယ်လိုမှမထိန်းနိုင်တော့တဲ့အခါ တစ်နည်းနည်းနဲ့ ပွင့်ထွက်ပေါက်ကွဲတတ်ကြတာ မဆန်းတဲ့ဖြစ်စဥ်တစ်ရပ်ဖြစ်ပါတယ်။ အဲ့လိုဖိစီးမှုတွေများလာတဲ့အခါ အချို့က တရားဓမ္မနဲ့ ပွင့်ထွက်စေသလို၊ တချို့က လောင်းကစား၊ အရက်မူးယစ်ဆေး၊ အပျော်အပါးတွေနဲ့ ဖြေလျှော့တတ်ပြီး တချို့ကျတော့လည်း တေးဂီတ၊ ရုပ်ရှင်တွေနားဆင်ကြည့်ရှုတာမျိုး၊ အပန်းဖြေခရီးထွက်တာမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ စိတ်ထဲမှာအရမ်း overwhelmed ဖြစ်လာတဲ့အခါ တခြားသူတွေလို နည်းအမျိုးမျိုးနဲ့ဖြေသိမ့်ဖြေလျှော့နိုင်စွမ်းတွေမရှိကြပါဘူး။ သူတို့ဟာ များသောအားဖြင့် စိတ်ပညာသဘောတရားအရ introvert (အတွင်းကြိတ်) တွေဖြစ်လေ့ရှိကြပါတယ်။ အဲ့လိုလူတွေဟာ အတွင်းအဇ္ဈတ္တရဲ့ပူလောင်မွန်းကျပ်မှုကို တကိုယ်လုံး စိတ်ရောကိုယ်ပါ အကူးစက်ခံပြီးတဲ့အဆုံး၊ မတတ်သာတဲ့အဆုံးမှာတော့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ သေကြောင်းကြံတာမျိုးတွေ လုပ်တတ်ကြပါတယ်။ တချို့အဲ့လိုလူမျိုးတွေကတော့ မိမိကိုယ်ကိုလည်း သေကြောင်းကြံသလို မိမိဘက်ကမတရားဘူးလို့ယူဆတဲ့အရာ၊ မိမိဒုက္ခတွေရဲ့ အရင်းအမြစ်လို့ သူ့ဟာသူယူဆတဲ့အရာတွေကိုပါ တပါတည်းအဆုံးသတ်ပြီးမှ သေကြောင်းကြံလေ့ရှိသလို တချို့ကျတော့လည်း အဲ့ဒီအရာတွေပေါ်ကို စိတ်လွှတ်ချပေါက်ကွဲပစ်လိုက်ရုံနဲ့ နှစ်သိမ့်ရာရသွားတတ်ကြတာမျိုးလည်းရှိပါတယ်။ ဒါတွေဟာ ယနေ့ခေတ်မှာ ကျွန်တော်တို့မကြားချင်ဘဲကြားကြားနေကြရတဲ့ လက်နက်မဲ့သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ စာသင်ကျောင်း၊ ပွဲတော်ပစ်ခတ်မှုတွေ၊ တစ်ကိုယ်တော်(lone wolf) တိုက်ခိုက်မှုတွေရဲ့နောက်ခံအကြောင်းတရားတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကနေဒါနိုင်ငံ၊ ကွီးဘက်ခ်ပြည်နယ်၊ မွန်ထရီရယ်မြို့မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ Ecole Poly technique မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီး ၁၄ ယောက်သေဆုံးကာ နောက်ထပ်အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်သူ Marc Lepine ဆိုတာ ဣတ္ထိယပဓာနဝါဒဆန့်ကျင်ရေးသမားတစ်ယောက်ဖြစ်ပြီး ပစ်ခတ်မှုကျူးလွန်ပြီးတဲ့အခါမှာ သူ့ကိုယ်သူလည်း သတ်သေသွားခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့်ပဲ ကနေဒါနိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုနဲ့ပတ်သက်ပြီး စည်းမျဥ်း၊ စည်းကမ်းတွေ ပိုတင်းကျပ်သွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုဖြစ်စဥ်ဟာ ကနေဒါနိုင်ငံမှာတော့ ၂၀၂၀ ပြည့်နှစ် Nova Scotia တိုက်ခိုက်မှုမတိုင်ခင်အထိ လူအသေအပျောက်အများဆုံး ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပါတယ်။ အခုဇာတ်လမ်းလေးကတော့ အဆိုပါ ၁၉၈၉ ခုနှစ် ပစ်ခတ်မှုဖြစ်စဥ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို သေနတ်သမားနဲ့ ကျောင်းသားနှစ်ဦးဖြစ်တဲ့ ဂျေအက်ဖ်နဲ့ ဗယ်လာရီတို့ရဲ့ ရှုထောင့်ကနေ တင်ဆက်ပြသထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Maxim Gaudette၊ Sebastien Huberdeau၊ Karine Vanasse၊ Evelyne Brochu၊ Johanne Marie Tremblay၊ Pierre- Yves Cardinal တို့ဖြစ်ပါတယ်။ ဒါရိုက်တာ Denis Villeneuve ကရိုက်ကူးပေးထားပြီး ဇာတ်ညွှန်းကိုတော့ Jacques Davidts နဲ့ ဒါရိုက်တာ Denis Villeneuve တို့ကိုယ်တိုင်က ရေးသားထားပါတယ်။ အင်္ဂလိပ်၊ ပြင်သစ် ဘာသာစကားနှစ်မျိုးနဲ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ပြသခဲ့ပြီး မကြာခင်မှာပဲ ၂၀၀၉ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ပြသခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာပဲ Toronto Film Critics Association ရဲ့ Best Canadian Film ဆုကိုဆွတ်ခူးခဲ့သလို ၂၀၁၀ ခုနှစ်မှာလည်း Genie Awards နဲ့ Juntra Awards ကချီးမြှင့်တဲ့ ဆုအများအပြားကို ရရှိထားပါတယ်။ Genie Awards ဆုကိုးဆုထိရခဲ့ပြီး ထင်ရှားတဲ့ဆုကတော့ Best Motion Picture ဆုဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၆ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb rating 7.2၊ Rotten Tomatoes 88% နဲ့ Metacritic rating 63% ရာခိုင်နှုန်းရထားပါတယ်။ ဒီဇာတ်ကားကို ဖြစ်စဥ်နဲ့အနီးစပ်ဆုံးတူညီအောင်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး ဖြစ်စဥ်အကြောင်းအရာဘက်ကို အသားပေးတင်ပြထားတာဖြစ်လို့ တခြား drama ပိုင်းတွေကို အနည်းငယ်လျှော့ထားသလို cinematography ပိုင်းမှာလည်း အဖြစ်မှန်ကို ပရိသတ်တစိမ့်စိမ့်ခံစားမိစေဖို့၊ ဒါရိုက်တာပေးချင်တဲ့ message ကို တွေ့ထိခံစားမိစေဖို့ black and white mode နဲ့ scene တစ်ခုချင်းစီအလိုက် သေချာလေးရိုက်ပြထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဇာတ်ကားကြည့်ပြီး ခေတ်မီတိုးတက်လှပါတယ်၊ ဒီမိုကရေစီလူ့အခွင့်အရေးထွန်းကားလှပါတယ်ဆိုတဲ့ ချမ်းသာတဲ့အနောက်နိုင်ငံကြီးတွေမှာ ဘယ်လိုမညီမျှမှုတွေ၊ ဘယ်လို အကျင့်သီလနဲ့ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ ချွတ်ချော်ဖောက်ပြားမှုတွေ များနေကြပြီလဲဆိုတာ ဆဝါးရင်း အတွေးနယ်ချဲ့က...

The Puppet (2013) ⭐IMDB: 4.8/10 (159 Votes) 🎬 #Adult #Drama #Horror #Thriller 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 26 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 *********************ဂျီဟွန်းက မိန်းကလေးတွေကို တစ်နေ့တစ်ယောက် ခေါ်အိပ်တတ်ပြီး အချစ်ကို‌တော့ လုံးဝ အယုံအကြည်မရှိတဲ့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်ဖြစ်တယ် တစ်နေ့မှာ သူ့သူငယ်ချင်း ချစ်နေတဲ့ ဟျွန်းဂျင်းဆိုသူကောင်မလေးက သူ့ကိုယ်ပွားသူ ပြန်မြင်နေလိုဆိုပြီး သူ့ဆီ လာပြတယ် သူကလည်း အိပ်မွေ့ချပညာကို သုံးပြီးတော့ကုပေးခဲ့ရာ တဖြည်းဖြည်းနဲ့ ဟျွန်းဂျင်းတစ်ယောက် ရွှင်ရွှင်ပျပျ ပြန်ဖြစ်လာခဲ့တယ်ဂျီဟွန်းကလည်း ကုသပေးနေရင်းနဲ့ ဟျွန်းဂျင်းကို တဖြည်းဖြည်းချင်း ငြိတွယ်လာခဲ့တယ်အဲဒီလိုနဲ့ နောက်ဆုံး ကုသပေးဖို တစ်ချိန်စာသာ ကျန်‌တော့တဲ့အခါမှာ ဂျီဟွန်းတစ်ယောက် အိပ်မွေ့ချပညာကိုသုံးပြီးတော့ ဟျွန်းဂျင်းအပေါ် မှာ မလုပ်သင့်တဲ့အရာကို လုပ်မိသွားတယ် အဲဒီလိုနဲ့ တစ်ဘက်မှာလည်းသူတကယ် ချစ်ရတဲ့ မိန်းကလေးပေါ်လာတဲ့အခါမှာတော့… ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦးနော်...

Bumperkleef (2019) ⭐IMDB: 5.8/10 (4 k Votes) 🎬 #Action #Horror #Thriller 🗓 2019 🎞 movie 🌎 #Netherlands #Belgium ⏰ 1 နာရီ 26 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 5.8/10ရရှိထားပြီး နယ်သာလန်ရုပ်ရှင်ပွဲတော်မှာ Best Sound Design ဆုကိုရရှိထားပြီး ဒါရိုက်တာLodewijk Crijns ရိုက်ကူးပုံဖော်ထားတဲ့ Tailgate ဆိုတဲ့ ဘယ်လ်ဂျီယမ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစော ဒီဇာတ်ကားက မိသားစုတစ်စု အဖိုးအဖွားတွေဆီကို အလည်အပတ်သွားတဲ့လမ်းမှာ မမျှော်လင့်ဘဲ လမ်းမှာ စတ္တဇဆန်ဆန်လူသတ်သမားတစ်ယောက်နဲ့ ကြုံတွေ့ရပုံကို ဇာတ်အိမ်တည်ထားပြီး မင်းသား Jeroen Spitzen နဲ့ မင်းသမီး Anniek Pheifer တို့က ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာ ဟန်စ့်တို့မိသားစု အဖိုးအဖွားတွေရှိတဲ့ ဟန်စ့်ရဲ့ဇာတိမြို့လေးကို အလောတကြီး သွားကြပုံနဲ့အစပျိုးထားပါတယ် ဒီလိုနဲ့လမ်းတစ်ဝက်လောက်အရောက်မှာ အဖိုးဖြစ်သူရဲ့ မွေးနေ့ကို ရောက်ဖို့အလျင်လိုနေတဲ့ ဟန်စ့် တစ်ယောက်ကားကို အလျင်စလိုမောင်းနှင်ရာမှာ မထင်မှတ်ဘဲ ရှေ့ကားတစ်စီးတိုက်မိမလိုဖြစ်သွားပါတယ် ဟန်စ့် တို့ကားဂတ်စ်ဝင်ဖြည့်ရာမှာ ရှေ့ကကားကိုမောင်းနေတဲ့အဖိုးကြီးတစ်ဦးနဲ့ တွေ့မိပြီး တစ်ယောက်တစ်ခွန်းစကားများကြပါတယ် အဖိုးကြီးကတော့ ဟန်စ့်ကို တောင်းပန်လိုက်ဖို့ပဲ တဖွဖွပြောနေခဲ့ပါတော့တယ် လူငယ်လေးဖြစ်တဲ့ဟန်စ့်ကလည်း မတောင်းပန်ဘဲ ခရီးဆက်ထွက်လာခဲ့ရာမှာ ဂြိုလ်ဆိုးဝင်ပါတော့တယ် ဟန်စ့်တစ်ယောက်ကားမောင်းနေရင်း မတောင်းပန်ခဲ့တဲ့ အဖိုးကြီးကားက နောက်ကနေထက်ကြပ်မကွာကပ်လိုက်နေတာကို သတိထားမိသွားပါတယ် နောက်ဆုံးဟန်စ့်က တောင်းပန်လိုက်တဲ့အခါမှာ အဖိုးကြီးကတောင်းပန်ဖို့ အချိန်နှောင်းသွားပြီဖြစ်ကြောင်းပြောကာ သွေးအေးအေးနဲ့ လိုက်လံသတ်ဖြတ်ပါ တော့တယ် ဟန်စ့်တို့မိသားစု အဖိုးကြီးလက်ကနေလွတ်အောင် ဘယ်လိုမျိုး ထွက်ပြေးကြမလဲ သူတို့တွေ အဖိုးကြီးလက်ကနေ လွတ်မြောက်ပြီး အဖိုးအဖွားတွေဆီကို ရောက်သွားပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ခံစားလိုက်ပါစီးမျော ကြည့်ရှုလိုက်ပါဦး… ဒီဇာတ်ကားက Action, Horror &Thriller အမျိုးအစားကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...

Kuiko (2023) ⭐IMDB: 6.4/10 (54 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kuiko 2023 (ကိုလူကြမ်းတို့ဘဝအဖုံဖုံ) IMDb-7.7/10 ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့ တမီးလ်မင်းသားကြီး Vidharth တို့ပါဝင်ထားတဲ့Netflix ကနေထုတ်လွှင့်လာတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ဒဿနပေါင်းများစွာနဲ့ ဘဝကြီးကိုပုံဖော်နေတဲ့ ကျောင်းဆရာတစ်ယောက်က ဆေးလိပ်ခိုးသောက်နေတဲ့ကျောင်းသားတွေဆီက အကြံနဲ့ဆေးလိပ်လုသောက်ပြီး ဆေးလိပ်ဒဿနဖွင့်နေတဲ့အချိန်ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ်အလုပ်မရှိဝင်ငွေမရှိနဲ့ ချန်နိုင်းမှာလုပ်မဲ့ IPL ပွဲကြည့်ချင်စိတ်ပြင်းပြလာတော့ရှေ့အကြွေးတွေမဆပ်ရသေးတဲ့ ဦးလေးဆီကိုပဲ မျက်နှာပြောင်တိုက် ထပ်ချေးငှားရတာပေါ့ ဦးလေးဖြစ်သူဟာလည်း ငွေတိုးပေးစားနေပေမဲ့ အရမ်းသနားတတ်တော့ ငိုပြလိုက်ချေးလိုက်ပြန်မရလိုက်နဲ့ သဘောမနောကောင်းငွေတိုးရှင်ကြီးပါတဲ့။ဇာတ်‌လိုက်ကျော်ယိုဂီဘာဘူကြီးကတော့ ဆော်ဒီရောက် အသဲကွဲသမားလေး။မိခင်ဖြစ်သူနာရေးကြောင့် ဇာတိကိုပြန်လာမဲ့သူ။ ဒီနာရေးမှာ အခေါင်းအတွက် ချေးငှားပေးရသူက သဘောမနောကောင်းငွေတိုးရှင်ကြီး။IPL ပွဲသွားကြည့်ချင်တဲ့ အလုပ်လက်မဲ့ ဒဿနကျောင်းဆရာလေးက ဒီအခေါင်းကို လိုက်တာဝန်ယူစောင့်ရှောက်ပေးရမဲ့သူ။ဒီသုံးယောက်ရဲ့ အလွဲအချော်လေးတွေက တဟားဟားရယ်မောရတာမဟုတ်ဘဲကြည့်ရင်းတွေးရင်းသဘောပေါက်ရင်းပြုံးမိရင်း ရှုစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ပါ အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...