ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Superman (1978) ⭐IMDB: 7.4/10 (180 k Votes) 🎬 #Action #Adventure #Sci-Fi #SciFi 🗓️ 1978 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedKingdom #Canada ⏰ 3 နာရီ 9 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Superman (1978) Extended Cut ~ IMDb – 7.4/10, RT – 93%, Meta – 82% ~ ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။ အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် နောက်ခံ‌တေးသံကိုဖန်တီးခဲ့တာက စပီးဘာ့ခ်လက်စွဲတော် ဂန္ထ၀င်မြောက် Music Composer ကြီး ဂျွန်ဝီလီယမ်။ ဒါရိုက်တာက ရစ်ချက်ဒွန်နာ။ မင်းသားက စူပါမန်းဆိုတာနဲ့ သူ့ပဲပြေးမြင်ကြတဲ့ Charming အပြည့်နဲ့ ခရစ္စတိုဖာရိဗ်။ Line up ကြီးက ဂေါ်ထွက်နေရုံတင်မဟုတ်ဘဲ Rating တွေကလည်း ဟိုးထိပ်မှာရှိတယ်။ အကောင်းဆုံးမဟုတ်ရင်‌တောင် သမိုင်းအတွင်ခဲ့ဆုံး စူပါမန်းကားပါပဲ။ ခရစ်ပတွန်ဂြိုဟ်ကြီး မပျက်ခင်မှာ စထားပြီး စူပါမန်းအဖေ Jor-El တဖြစ်လဲ မာလွန်ဘရန်ဒိုကြီးရဲ့ ခရစ်ပတွန်ဂြိုဟ်ပေါ်က ဘ၀ကို အရင်ပြထားတယ်။ ခရစ်ပတွန်ဂြိုဟ်ကြီး ပျက်ရပုံတွေ၊ ဗိုလ်ချုပ်ဇော့ဒ်‌တို့ကို နယ်နှင်လိုက်ပုံ‌တွေ၊ စူပါမန်းကို ကမ္ဘာပေါ် လွှတ်လိုက်ပုံ၊ သူတတ်ထားတဲ့ ပညာတွေအကုန် အမွေထည့်ပေးလိုက်ပုံတွေနဲ့ စထားတယ်။ ဒီမှာထူးတာက မာလွန်ဘရန်ဒိုကြီးရဲ့ ဒိုင်ယာလော့တွေနဲ့တင် ခရစ်ပတွန်ဂြိုဟ်ဟာ ဘယ်လောက်ထိ အသိပညာအတတ်ပညာရှေ့တန်းရောက်နေတဲ့ ဂြိုဟ်ကြီးလဲဆိုတာ သိသာအောင်ပြထားတယ်။ ဒီဂြိုဟ်ကြီးပျက်ရခြင်းကိုလည်း ဒဿနိကဆန်ဆန်ပြထားတယ်။ နောက်ကမ္ဘာပေါ် စူပါမန်းရောက်လာပုံတွေ သူ့စွမ်းအားတွေကို ထိန်းချုပ်တတ်အောင် လူတွေအကြောင်းသိအောင် သင်ယူရပုံတွေ ပြထားတယ်။ ထူးတာက စူပါမန်းကားပေမဲ့ မသိမသာနဲ့ ဟာသတွေ တော်တော် ဖောဖော‌သီသီကို ထည့်ထားတယ်။ မသိရင် ဟာသကားလိုလိုပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒဿနိကတွေကိုလည်း မြင်နိုင်တယ်။ မာရီယိုပူဇိုကြီး The Godfather ဇာတ်ညွှန်းရေးပြီး ‌စိတ်အရမ်းလေးနေလို့များ ဖြေချလိုက်‌တယ်လို့ကို ထင်ရတယ်။ ဟာသတွေရော တချို့ဇာတ်၀င်ခန်းတွေကရော ဒီခေတ်နဲ့ဆို နည်းနည်းတော့ တစ်မျိုးဖြစ်ပေမဲ့ Iconic ဇာတ်၀င်ခန်းတွေဆိုတာကိုလည်း တစ်ချိန်တည်းမှာပဲ ခံစားမိနေတယ်။ သူ့ဟာသတွေက အတင်းကြီးလည်းမဟုတ်ပေမဲ့ စူပါမန်းက ဘာကောင်လဲသိနေတဲ့လူတွေအတွက် တော်တော်ရယ်ရတဲ့ဟာသတွေဆိုလည်းမမှားဘူး။ ကလာ့ခ်ကန့်ကိုရော စူပါမန်းကိုရော တော်တော်လေး လူဆန်ဆန်ပုံဖော်ထားတယ်။ ရယ်လည်းရယ်ရ မာစတာပိစ်လည်းဖြစ်သလို Iconic ဖြစ်တဲ့ စူပါဟီးရိုးရုပ်ရှင်မို့ စူပါဟီးရိုးကားကြိုက်ရင်ပဲဖြစ်ဖြစ် ငယ်ဘ၀ကကြည့်ဖူးတာကို ပြန်သတိရချင်ရင်ဖြစ်ဖြစ် ကလပ်စစ်ကားအရသာကို ခံစားချင်ရင်ဖြစ်ဖြစ် ကြည့်သင့်တဲ့ ဂန္ထဝင်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)

Superman (1978) ⭐IMDB: 7.4/10 (180 k Votes) 🎬 #Action #Adventure #Sci-Fi #SciFi 🗓️ 1978 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedKingdom #Canada ⏰ 3 နာရီ 9 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Superman (1978) Extended Cut ~ IMDb – 7.4/10, RT – 93%, Meta – 82% ~ ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။ အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် နောက်ခံ‌တေးသံကိုဖန်တီးခဲ့တာက စပီးဘာ့ခ်လက်စွဲတော် ဂန္ထ၀င်မြောက် Music Composer ကြီး ဂျွန်ဝီလီယမ်။ ဒါရိုက်တာက ရစ်ချက်ဒွန်နာ။ မင်းသားက စူပါမန်းဆိုတာနဲ့ သူ့ပဲပြေးမြင်ကြတဲ့ Charming အပြည့်နဲ့ ခရစ္စတိုဖာရိဗ်။ Line up ကြီးက ဂေါ်ထွက်နေရုံတင်မဟုတ်ဘဲ Rating တွေကလည်း ဟိုးထိပ်မှာရှိတယ်။ အကောင်းဆုံးမဟုတ်ရင်‌တောင် သမိုင်းအတွင်ခဲ့ဆုံး စူပါမန်းကားပါပဲ။ ခရစ်ပတွန်ဂြိုဟ်ကြီး မပျက်ခင်မှာ စထားပြီး စူပါမန်းအဖေ Jor-El တဖြစ်လဲ မာလွန်ဘရန်ဒိုကြီးရဲ့ ခရစ်ပတွန်ဂြိုဟ်ပေါ်က ဘ၀ကို အရင်ပြထားတယ်။ ခရစ်ပတွန်ဂြိုဟ်ကြီး ပျက်ရပုံတွေ၊ ဗိုလ်ချုပ်ဇော့ဒ်‌တို့ကို နယ်နှင်လိုက်ပုံ‌တွေ၊ စူပါမန်းကို ကမ္ဘာပေါ် လွှတ်လိုက်ပုံ၊ သူတတ်ထားတဲ့ ပညာတွေအကုန် အမွေထည့်ပေးလိုက်ပုံတွေနဲ့ စထားတယ်။ ဒီမှာထူးတာက မာလွန်ဘရန်ဒိုကြီးရဲ့ ဒိုင်ယာလော့တွေနဲ့တင် ခရစ်ပတွန်ဂြိုဟ်ဟာ ဘယ်လောက်ထိ အသိပညာအတတ်ပညာရှေ့တန်းရောက်နေတဲ့ ဂြိုဟ်ကြီးလဲဆိုတာ သိသာအောင်ပြထားတယ်။ ဒီဂြိုဟ်ကြီးပျက်ရခြင်းကိုလည်း ဒဿနိကဆန်ဆန်ပြထားတယ်။ နောက်ကမ္ဘာပေါ် စူပါမန်းရောက်လာပုံတွေ သူ့စွမ်းအားတွေကို ထိန်းချုပ်တတ်အောင် လူတွေအကြောင်းသိအောင် သင်ယူရပုံတွေ ပြထားတယ်။ ထူးတာက စူပါမန်းကားပေမဲ့ မသိမသာနဲ့ ဟာသတွေ တော်တော် ဖောဖော‌သီသီကို ထည့်ထားတယ်။ မသိရင် ဟာသကားလိုလိုပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒဿနိကတွေကိုလည်း မြင်နိုင်တယ်။ မာရီယိုပူဇိုကြီး The Godfather ဇာတ်ညွှန်းရေးပြီး ‌စိတ်အရမ်းလေးနေလို့များ ဖြေချလိုက်‌တယ်လို့ကို ထင်ရတယ်။ ဟာသတွေရော တချို့ဇာတ်၀င်ခန်းတွေကရော ဒီခေတ်နဲ့ဆို နည်းနည်းတော့ တစ်မျိုးဖြစ်ပေမဲ့ Iconic ဇာတ်၀င်ခန်းတွေဆိုတာကိုလည်း တစ်ချိန်တည်းမှာပဲ ခံစားမိနေတယ်။ သူ့ဟာသတွေက အတင်းကြီးလည်းမဟုတ်ပေမဲ့ စူပါမန်းက ဘာကောင်လဲသိနေတဲ့လူတွေအတွက် တော်တော်ရယ်ရတဲ့ဟာသတွေဆိုလည်းမမှားဘူး။ ကလာ့ခ်ကန့်ကိုရော စူပါမန်းကိုရော တော်တော်လေး လူဆန်ဆန်ပုံဖော်ထားတယ်။ ရယ်လည်းရယ်ရ မာစတာပိစ်လည်းဖြစ်သလို Iconic ဖြစ်တဲ့ စူပါဟီးရိုးရုပ်ရှင်မို့ စူပါဟီးရိုးကားကြိုက်ရင်ပဲဖြစ်ဖြစ် ငယ်ဘ၀ကကြည့်ဖူးတာကို ပြန်သတိရချင်ရင်ဖြစ်ဖြစ် ကလပ်စစ်ကားအရသာကို ခံစားချင်ရင်ဖြစ်ဖြစ် ကြည့်သင့်တဲ့ ဂန္ထဝင်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)

Judge Dredd (1995) ⭐IMDB: 5.6/10 (121 k Votes) 🎬 #Science Fiction #Action #Crime #SciFi #Thriller 🗓️ 1995 🎞️ Movie 📺 1080p 🌎 #UnitedStates #Netherlands #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသားကြီးစတားလုံးပါဝင်ထားပြီး 1995 ခုနှစ်ထွက် Judge Dredd ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 2012 မှာလည်း Dredd ဆိုတဲ့နာမည်နဲ့ ထပ်မံထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခုနှစ် 2100 ကျော်မှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့မရတော့တဲ့ ကျိန်စာသင့်ကမ္ဘာကြီး အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းကလည်း အသက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက် မီဂါမြို့တော်ဆိုတဲ့ မြို့တွေကိုတည်ထောင်ခဲ့ကြပြီး နေရာကျဉ်းကျဉ်းလေးမှာ လူဦးရေအများကြီးနဲ့ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ လူဦးရေများလာတာနဲ့အမျှရာဇဝတ်မှုဖြစ်ပွားနှုန်းကလည်းမြင့်မားပြီး သာမာန်တရားရေးစနစ်နဲ့တင် နှိမ်နင်းဖို့မဖြစ်နိုင်တာကြောင့် တရားရေးစနစ်အသစ်တစ်မျိုးကိုအသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်မှာကတော့ စီရင်သူ ဆိုတဲ့လူတွေက ရဲတွေအဖြစ်၊ ဂျူရီလူကြီးတွေအဖြစ်၊ ကွပ်မျက်သူတွေအဖြစ် တာဝန်ယူရင်း ငြိမ်းချမ်းမှုကိုထိန်းသိမ်းရင်း ငြိမ်ဝတ်ပိပြားလာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ မီဂါမြို့တော်တစ်လို့ခေါ်တဲ့ မြို့ကြီးမှာတော့ ဥပဒေကို ကိုးကွယ်တဲ့ စီရင်သူ ဒရက်ဒ် (စတားလုံး) ကဦးဆောင်ပြီး ရာဇဝတ်မှုတွေကိုဖြေရှင်းပေးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သတင်းထောက်လင်မယားမိသားစုကို သ-တ်တဲ့အမှုနဲ့ ဒရက်ဒ်ကိုဖမ်းပြီး စွဲချက်အတင်ခံလိုက်ရပြီး အပြစ်ရှိကြောင်းသက်သေ တွေ့ရှိရတဲ့အတွက် အက်စပန်ထောင်မှာ‌ ထောင်ဒဏ်တစ်သက်ကျခံဖို့အမိန့်ချမှတ်ခံလိုက်ရပပါတော့တယ်။ ဒရက်ဒ်မရှိတော့တဲ့ မီဂါမြို့တော်ကြီးထဲမှာလည်း 48 နာရီအတွင်း စီရင်သူ ပေါင်း 108 ယောက် အသတ်ခံလိုက်ရပြီး ဖရိုဖရဲတွေဖြစ်လို့နေပါတော့တယ်။ ဒီလိုနဲ့ ဥပဒေကို ကိုးကွယ်ပြီး “ငါကတရားဥပဒေပဲ” လို့ကြွေးကြော်ထားတဲ့ ဒရက်ဒ်တစ်ယောက် သူတန်ဖိုးထားတဲ့ဥပဒေကြောင့် ထောင်ဒဏ်တစ်သက်ကျသွားပြီး ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ သူကရောလူသ-တ်မှုကိုအမှန်တကယ်ပဲ ကျူးလွန်ခဲ့တာလား၊ အမှန်တရားကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Breathe In (2013) ⭐IMDB: 6.3/10 (15 k Votes) 🎬 #Drama #Romance 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ တကယ့်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်ဇာတ်လမ်းအကြောင်းကတော့ ကျောင်းဆရာတစ်ဦးအနေနဲ့လုပ်ကိုင်နေတဲ့ ဂီတပညာရှင်တစ်ဦးရဲ့အိမ်မှာဇနီးဖြစ်သူက စာသင်နှစ်တစ်ခုစာကျောင်းလာတက်တဲ့လေ့လာရေးကျောင်းသူကို လက်ခံထားစဉ်လင်မယားနှစ်ယောက်ကြားနှစ်ပေါင်းများစွာမြိုသိပ်ထားတဲ့ မကျေနပ်ချက်တွေပွင့်ထွက်လာကာထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို လေ့လာရေးကျောင်းသူကိုအရင်းတည်ပြီးမိသားစုအတွင်းမပြေလည်မှုတွေဖြစ်လာတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ် ဒီဇာတ်လမ်းလေးမှာ ဇာတ်လမ်းအဖွင့်နဲ့အပိတ်က ဇာတ်ဝင်ခန်းလေးကတွေးစရာတွေအများကြီးပေးတဲ့ဇာတ်ဝင်ခန်းတွေဖြစ်ပါတယ်ဇာတ်ဝင်ခန်းတိုင်းမှာလည်း သရုပ်ဆောင်တွေရဲ့အကြည့်တွေကတကယ့်ကိုမှသူတို့အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုက်ရသလိုခံစားရစေတယ်ခင်ပွန်းဖြစ်သူကဇနိးသည် သူ့ကိုနားလည်မပေးလိုက်တဲ့အချိန်ဖြစ်သွားတဲ့အကြည့်၊ဇနီးဖြစ်သူက ခင်ပွန်းသည်ဂီတအကြောင်းတွေပြောတဲ့အချိန် စိတ်မဝင်စားပေမယ့်နားလည်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်သွားတဲ့သရုပ်ဆောင်ချက်တွေစသဖြင့်သရုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းအေးလေးဖြစ်ပေမယ့် အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲဆောင်သွားမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်

Doctor Cha (2023- ) ⭐IMDB: 7.6/10 (156 Votes) 🎬 #Romance #Drama #Comedy 🗓️ 2023- 🎞️ Series 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 3 မိနစ် 25 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Doctor Cha (2023)Doctor Cha (2023)ဒီတစ်ခါတင်ဆက်​ပေးမှာက​တော့ ဆရာဝန်ဇာတ်လမ်း​ကောင်း​ကောင်း​လေး​တွေ ကြိုက်တတ်တဲ့သူ​တွေအတွက်ဖြစ်ပါတယ် အိမ်ရှင်မအလုပ်နဲ့ ပိုက်ဆံရှာတဲ့အလုပ်ကို တွဲလုပ်ရတာခက်တဲ့​ခေတ်ကြီးမှာ “ဆရာဝန်” ဆိုတဲ့အလုပ်က​တော့ နှစ်ခုတွဲလုပ်ဖို့အတွက်အခက်ဆုံးပါပဲချာ​ဂျောင်ဆု ဆိုတဲ့ အမျိုးသမီးက​တော့ ဆရာဝန်ဘဝက​နေ အနားယူပြီး အိမ်မှုကိစ္စ​တွေ သားသမီးပျိုး​ထောင်တာ​တွေလုပ်ခဲ့ပြီး အနှစ် ၂၀ ကြာမှ ဆရာဝန်အဖြစ်အလုပ်ပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တစ်ဖက်မှာ ခင်ပွန်းဖြစ်သူရဲ့ သစ္စာ​မရှိမှု​ကြောင့်လည်း အိမ်​ထောင်​ရေးကို ဘယ်လို​တွေ​ရှေ့ဆက်သွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်မင်းသမီးကြီး Uhm Jung Hwa ရဲ့ comeback drama ​လေးဖြစ်လို့ အတူကြည့်​ပေးကြပါဦး​နော်အညွှန်းကိုတော့ JoyZ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii, Hmwe, JoyZ, ThantSin တို့ပဲ ဖြစ်ကြပါတယ်။Genre….. Drama

Guardians of the Galaxy Vol. 3 (2023) ⭐IMDB: 8.4/10 (66 k Votes) 🎬 #Action #Adventure #Science Fiction #ScienceFiction #Comedy #SciFi 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada #NewZealand #UnitedStatesofAmerica ⏰ 2 နာရီ 29 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Guardians of the Galaxy Volume 3 (2023) ************************************** မာဗယ်ရုပ်ရှင်စကြဝဠာရဲ့ တတိယမြောက် Guardians of the galaxy ရုပ်ရှင်အသစ်ပဲ ဖြစ်ပါတယ်။ လက်ရှိ အကြည်ဆုံးဖြစ်နေတဲ့ HDTC ဗားရှင်းကို အမှန်နိုင်ဆုံးရအောင် ဘာသာပြန်ပေးထားပါတယ်။ HD စစ်စစ်ကြီးစောင့်ချင်တဲ့သူတွေတော့ စောင့်ပါဦး။ ဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်း အသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကို နတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။ အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ ဒါလေးကိုမကြည့်ခင် Guardians of the Galaxy Holiday Special ရုပ်ရှင်တိုလေးကိုကြည့်လိုက်ရင်တော့ ပိုပြီးချိတ်ဆက်မိမှာပါ။ ချန်နယ်မြန်မာမှာ တင်ပေးထားပြီးပါပြီ။ မစောင့်နိုင်သူတွေ ခံစားလိုက်ပါဦး။ ss တွေကို ဖေ့ဘုပို့စ် ကွန်မန့်မှာ ပြပေးထားပါတယ်။

Transatlantic (2023-2023) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Drama #History #War #Politics 🗓️ 2023-2023 🎞️ Series 📺 1080p 🌎 #Germany #France ⏰ 54 မိနစ် 30 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Transatlantic (2023)Transatlantic (2023) =============== IMDb Rating – 6.5/10ဒီစီးရီးရဲ့ အချိန်ကာလက ဒုတိယကမ္ဘာစစ် ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေ ပြင်သစ်ပြည်မြောက်ပိုင်းကို သိမ်းပိုက်အပြီး ပြင်သစ်နဲ့ ဂျာမနီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားတဲ့ ကာလပါ။ ပြင်သစ်ပြည်တောင်ပိုင်းကိုတော့ ဗင်ချီ(Vinchy) အစိုးရက တာဝန်ယူထားပြီး ပဲရစ်အပါအဝင် ပြင်သစ်ပြည် မြောက်ပိုင်းက ထွက်ပြေးလာကြတဲ့ စစ်ဘေး ဒုက္ခသည်အများအပြား မာဆေးမြို့မှာ သောင်တင်နေချိန်ပါ။ ဂျူးလူမျိုးတွေကို အမြစ်ပြတ် နှိမ်နင်းရေးဆိုတဲ့ ဟစ်တလာရဲ့ မဟာပေါ်လစီကြီးကြောင့် မာဆေးမြို့ရောက် ဂျူးတွေ ပြင်သစ် ပြည်ကနေ ထွက်ပြေးဖို့ ဆိုင်းပြင်နေကြချိန်ပါ။ အဲဒီကာလမှာ မာဆေးမြို့က ဂျူးတွေကို ကယ်ထုတ်ပေးခဲ့တဲ့ Emergency Rescue Committee ဆိုတဲ့ အမေရိကန် အဖွဲ့ တစ်ဖွဲ့ ရှိခဲ့ပါတယ်။ ဗေရီယန် ဖရိုင်း(Varian Fry) ဦးဆောင်တဲ့ အဲဒီအဖွဲ့ဟာ Hannah Arendt, Max Ernst, Marc Chagall တို့လို အကျော်အမော်တွေအပါအဝင် ဒုက္ခသည်ပေါင်း ၂,၀၀၀ ကျော်ကို စပိန်နယ်စပ်ကနေ ပေါ်တူဂီ၊ အဲဒီကနေ အမေရိကန် ပြည်ထောင်စုဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီစီးရီးက ဗေရီယန်ဖရိုင်းတို့အဖွဲ့ရဲ့ဂျူးကယ်ဆယ်ရေး စွန့်စား ခန်းတွေကို ရိုက်ပြထားတာပါ။ ဗေရီယန် ဖရိုင်းနဲ့အတူ အမေရိ ကန်လုပ်ငန်းရှင် သူဌေးကြီးရဲ့ တစ်ဦးတည်းသော သမီး မေရီဂျိန်း၊ ဂျူးလူမျိုး အဲလ်ဘတ်ဟာ့ချ်မန်းတို့ အတ္တလန်တိတ်တစ်ဖက်ကမ်း က ဂျူးတွေကိုဘယ်လို ကယ်ဆယ်ခဲ့ကြလဲဆိုတာကို စီးရီးထဲမှာ ကြည့်ရှုကြရမှာပါ။ ဖြစ်ရပ်မှန် စီးရီးဖြစ်ပြီး IMDb rating 6.5/10 နဲ့ Rotten Tomatoes 90% ရရှိထားတဲ့ စီးရီးကောင်းလေးပါ။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(350 MB) / (1.0 GB)

The Crossover (2023- ) ⭐IMDB: 5.6/10 (231 Votes) 🎬 #Drama #Family #Sport 🗓️ 2023- 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 29 မိနစ် 49 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Crossover (2023)The Crossover (2023) ================‌Disney ရဲ့ Sports, Drama ဇာတ်လမ်းတွဲလေးပါ။ ချက်ဘဲလ်ဆိုတဲ့ NBA basketball league ရဲ့ဂန္တ၀င် ကစားသမားကြီး အနားယူနေ၀င်ချိန်မှာတော့ အိမ် ထောင်ကျပြီး ဂျော်ဒန်ဘဲလ် နဲ့ ဂျော့ရှ်ဘဲလ်ဆိုတဲ့ အမွှာညီအစ်ကို နှစ်ယောက်ကိုရလာပါတယ် ။ သူ့သားတွေကို အဖေခြေရာနင်းစေချင်တဲ့ ချက်ဘဲလ် က ငယ်ငယ်ထဲက ဘတ်စ်ကတ်ဘောကိုလေ့ကျင့်ပေး ပြီး ကျောင်းလက်ရွေးစင်နဲ့ အထက်တန်းကျောင်းတစ် လျှောက်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်စေခဲ့ပါတယ်။ ဂျော်ဒန်နဲ့ ဂျော့ရှ့်ကလည်း NBA Pro player တွေကိုမွေးထုတ် ပေးနေတဲ့ ဘီကွန်အကယ်ဒမီ အထက်တန်းကျောင်းကို ၀င်ရောက်နိုင်ဖို့ကြိုးစားရင် အောင်မြင်တဲ့ ဘတ်စ်ကတ် ဘော ကစားသမားတွေဖြစ်အောင်ကြိုးစားကြမှာဖြစ်ပါ တယ် ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(350 MB) / (830 MB)

The Ancestral (2022) ⭐IMDB: 4.2/10 (199 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 720p 🌎 #Vietnam ⏰ 1 နာရီ 40 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Ancestral (2021) ဒီတစ်ခါမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ The Ancestral ဆိုတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းလေးဆိုပေမဲ့ ယန်းတို့မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေကို အများကြီး ဖော်ပြထားတဲ့ drama ဆန်ဆန်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ …အိပ်ရင် ဘီလူးစီးတဲ့ ရောဂါကို ခံစားနေရတဲ့ယန်း၊ ယန်းဆိုတာကတော့ ဗီယက်နမ်လူမျိုး မိသားစုလေးတစ်ခုက သမီးလေးပါ။ သူခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး အဖြေရှာဖို့ သူတို့တစ်မိသားစုလုံးက ရှေးဟောင်းအိမ်ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယန်းတစ်ယောက်တည်းမဟုတ်တော့ဘဲ အဲ့ဒီ မိသားစုက သမီးငယ်လေးနှစ်ယောက်လုံး ဘယ်သူမှ မမြင်ရတာတွေကို မြင်လာရပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ အဖေဖြစ်သူက စိတ်ကျန်းမာရေး အထူးကု နဲ့ ကြိုးစား ကုသပေးပေမဲ့ ကိစ္စတွေက ထင်ထားတာထက်ပိုပြီး နက်နဲနေတဲ့ အခါ … ဘာတွေဆက်ဖြစ်မလဲ ရုပ်ရှင်ထဲ ကြည့်ရှုရင်း အဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Ericပါ။)

The Ancestral (2022) ⭐IMDB: 4.2/10 (199 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Vietnam ⏰ 1 နာရီ 40 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Ancestral (2021) ဒီတစ်ခါမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ The Ancestral ဆိုတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းလေးဆိုပေမဲ့ ယန်းတို့မိသားစုဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေကို အများကြီး ဖော်ပြထားတဲ့ drama ဆန်ဆန်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ …အိပ်ရင် ဘီလူးစီးတဲ့ ရောဂါကို ခံစားနေရတဲ့ယန်း၊ ယန်းဆိုတာကတော့ ဗီယက်နမ်လူမျိုး မိသားစုလေးတစ်ခုက သမီးလေးပါ။ သူခံစားနေရတဲ့ ဝေဒနာနဲ့ပတ်သက်ပြီး အဖြေရှာဖို့ သူတို့တစ်မိသားစုလုံးက ရှေးဟောင်းအိမ်ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယန်းတစ်ယောက်တည်းမဟုတ်တော့ဘဲ အဲ့ဒီ မိသားစုက သမီးငယ်လေးနှစ်ယောက်လုံး ဘယ်သူမှ မမြင်ရတာတွေကို မြင်လာရပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ အဖေဖြစ်သူက စိတ်ကျန်းမာရေး အထူးကု နဲ့ ကြိုးစား ကုသပေးပေမဲ့ ကိစ္စတွေက ထင်ထားတာထက်ပိုပြီး နက်နဲနေတဲ့ အခါ … ဘာတွေဆက်ဖြစ်မလဲ ရုပ်ရှင်ထဲ ကြည့်ရှုရင်း အဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Ericပါ။)

My Sex Report: Intensities (1976) ⭐IMDB: 4.8/10 (99 Votes) 🎬 #Action #Adult #Crime 🗓️ 1976 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 11 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အီတိုလို့ခေါ်တဲ့ ရှယ်ချစ်စရာကောင်းတဲ့သူနာပြုမလေး သူမရဲ့အလှတွေကပြည့်စုံတယ်ချစ်ဖို့ကောင်းတယ် တည်ကြည်တယ် သူကငွေကြေးချို့တဲ့တယ် ဆေးရုံတစ်ရုံမှာအလုပ်ကြိုးစားပြီး သူနာပြုလုပ်တယ်သူကလှတော့ သူဌေးတွေက တစ်ယောက်ပြီးတစ်ယောက်လာကပ်ကြတယ်ဝိသမလောဘသားတွေရဲ့ မျက်စိကျစရာလည်းဖြစ်လာတယ်တစ်နေ့သူရဲ့ ဆွေးမျိုးသားချင်းထဲက အရေးပေါ်ဆေးရုံတက်လိုက်ရပြီးငွေအရေးတကြီးလိုအပ် လာချိန်မှာတော့…. အရမ်းကိုစိတ်ဝင်စရာကောင်းပြီးရင်ခုန်စိတ်လှုပ်ရှားစရာ အလှတွေကိုခံစားစေဖို့DS Fans တွေဆီအရောက်ပို့ပေးလိုက်ပါတယ်

Detective Dee and Grand Canal Dragon (2023) ⭐TMDB: 0.0% User Score 🎬 #Action #Fantasy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 10 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုတစ်ခေါက် မှုခင်းစုံထောက်ကားတွေကြိုက်တတ်တဲ့သူတွေအတွက်စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ချွေကုန့်ခုနှစ်မှာ ဝူကျဲထျန်းဟာ လုံမိန်သို့ တိုင်းခန်းလှည့်လည်ရာမှာစီးမာချိန်ကျန်းနဲ့ မူးမတ်ရာကျော် လိုက်ပါလာခဲ့ပါတယ်။ ညအချိန် လော့ယန်ကလူသောင်းချီတဲ့ လမ်းတွေပေါ်ကနေ လုံမိန်သုံး အပြေးလာကြပြီး မင်းကြီးကို လာရောက်ဖူးမြော်ကြပါတယ် အဲ့အချိန်မှာ တူးမြောင်းကြီးထဲကနေ နဂါးသဏ္ဍာန်တိရိစ္ဆာန်ကြီးကတော်ဝင်သင်္ဘောကို တိုက်ခိုက်ခဲ့ပါတယ်။ လော့ယန်မှ ပြည်သူတွေကနိမိတ်ဆိုးအဖြစ်နဲ့ ပြောဆိုနေကြတဲ့အတွက် ဝူကျဲထျန်းကဒေါသူပုန်ထပြီး ဒီးရန်ကျယ်ကို နဂါးမင်းအမှုကို စစ်ဆေးဖို့ ပြန်လည်ဆင့်ခေါ်ခဲ့တယ်။ လော့ယန်တစ်မြို့လုံးမှာ ကောလာဟလတွေနဲ့ ပြည်သူအားလုံး ကြောက်လန့်နေကြပါတယ်။ဒီးရန်ကျယ်တစ်ယောက် နဂါးမင်းအမှုကို ၇ ရက်အတွင်း အဖြေထွက်အောင်စုံစမ်းစစ်ဆေးဖို့ အမိန့်ကျလာတဲ့အခါမှာ အခက်အခဲတွေ အန္တရာယ်တွေကြားကအမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားအဖြေရှာလိုက်ကြရအောင်နော်။

Army of Darkness (1992) ⭐IMDB: 7.4/10 (185 k Votes) 🎬 #Comedy #Evil Dead Franchise #Fantasy #Horror 🗓️ 1992 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Army of Darkness (1992) ~ IMDb 7.4 / Rotten Tomatoes 74% ~ ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာမလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ်။ အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်… ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~

Another Me (2013) ⭐IMDB: 4.6/10 (6 k Votes) 🎬 #Mystery #Thriller #Horror #Drama 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedKingdom #Spain ⏰ 1 နာရီ 24 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Game of thrones က ဆန်ဆာ စတာ့ခ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့Sophie Turnerရဲ့ဇာတ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဖေး ဒယ်လူ့စီဆိုတာ အရမ်းလှတဲ့ဆံပင်အနီရောင်နဲ့အထက်တန်းကျောင်းသူလေး။ သူမရဲ့ပျော်ရွှင်စရာမိသားစုဘ၀လေးတခုက လွန်ခဲ့တဲ့နွေရာသီ သူမရဲ့ဖခင်နာမကျန်းစဖြစ်ခဲ့တာနဲ့အတူတူပြောင်းလဲသွားခဲ့ရတယ်။ ကိုယ်တပိုင်းသေဖြစ်သွားတဲ့ယောကျာ်းဖြစ်သူကိုစောင့်ရှောက်နေရတဲ့ ဖေးရဲ့မိခင် အန်းဒယ်လူ့စီရဲ့အရှုပ်တော်ပုံတွေ။ မိုနီကာ မယ်ဒရန်ဆိုတဲ့ ဖေးကိုမနာလိုဖြစ်နေတဲ့ကောင်မလေးတယောက်။ ကျောင်းကလူကြိုက်များတဲ့ဒရူးဆိုတဲ့ကောင်လေးက သူ့ကိုကြိုက်နေလို့လူမုန်းခံရတာကလည်းရှိသေး။ ဒါပေမယ့် ဖေးအတွက်ဒါတွေထဲကအကြီးဆုံးပြဿနာကတော့သူ့လိုအယောင်ဆောင်နေတယ်ထင်ရတဲ့လူတယောက်ရှိနေတာပဲ။ သူမရဲ့နေ့စဉ်ဘ၀ထဲမသိမသာနဲ့ လူတွေကြား၀င်၀င်‌မွှေသွားတဲ့ဒီသူကဘယ်သူလဲ။ ဒါကမိုနီကာရဲ့လက်ချက်ပဲလား။သူမမိဘတွေရဲ့အေးစက်လာတဲ့ဆက်ဆံရေးကြားကလျှို့ဝှက်ချက်တွေကရောဘာတွေလဲ။အများအမြင်သူ့ကိုအရူးမတယောက်လိုထင်ရတဲ့အထိဒုက္ခပေးလာတဲ့ဒီသူကိုသူဘယ်လိုရှာနိုင်မလဲ။ အဆုံးမှာတရားခံကဘယ်သူလဲဆိုတာကိုAnother Me ဆိုတဲ့ဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ

Army of Darkness (1992) ⭐IMDB: 7.4/10 (185 k Votes) 🎬 #Comedy #Evil Dead Franchise #Fantasy #Horror 🗓️ 1992 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Army of Darkness (1992) ~ IMDb 7.4 / Rotten Tomatoes 74% ~ ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာမလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ်။ အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်… ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~

What If (2013) ⭐IMDB: 6.8/10 (80 k Votes) 🎬 #Comedy #Romance #Drama 🗓️ 2013 🎞️ Movie 📺 1080p 🌎 #Canada #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 What If (2013)Genre – Comedy, RomanceIMDB – 6.8/10 “သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်” ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာက ဒီသီချင်းလေး ဖြစ်နေလို့။ အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကို တွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ… လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား… မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား… ဝေခွဲမရဖြစ်မှာ သေချာပါတယ်။ တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြော တလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့ တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်း ကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ် ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့ အခက်သားမဟုတ်လား…။ သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့ မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်း ရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ် ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့က မျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ… ဘာဆက်လုပ်ရမလဲ…။ ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့ စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီး ဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲ ခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှ ကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ ဒယ်နီရယ်ရတ်ကလစ်ဖ် သရုပ်ဆောင်ထားတာပါ၊ ဆရာသမားက ဆရာဆိုသလိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကောင်မလေးနေရာကတော့ မျက်နှာဝိုင်းဝိုင်း ချစ်စရာသရုပ်ဆောင်တတ်လေ့ရှိတဲ့ ဇိုးကာဇန်ပါ Ruby Spark တို့ Big Sick တို့ ကြည့်ဖူးရင် သိပါလိမ့်မယ်။ ဇာတ်ပို့တွေကလည်း အဒမ်ဒရိုက်ဘာတို့လိုမျိုး မခေသူတွေလည်းပါတဲ့ မော်ဒန်အချစ်ဟာသကားကောင်းလေးပါ၊ ငယ်ငယ်တုန်းက တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့ရေးတဲ့ မော်ဒန်ဝတ္ထုလေးတွေ သဘောကျခဲ့မယ်ဆို အဲဒီလိုမျိုးကိုမှ ရုပ်လုံးကြွလာစေမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွန်းပေးလိုက်ပါရစေဗျာ။

Evil Dead Rise (2023) ⭐IMDB: 7.1/10 (36 k Votes) 🎬 #Evil Dead Franchise #Horror 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #NewZealand #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Evil Dead Rise (2023) ~ IMDb – 7.1/10, RT – 84%, Meta – 69% ~ Evil Dead ဆိုတာ ဟော်ရာရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ ဟောဒီရုပ်ရှင်ကတော့ Evil Dead ရဲ့ ၅ ကားမြောက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ကျန်တဲ့လေးကားကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပြီးပါပြီ။ ဒါရိုက်တာ Lee Cronin ဟာ အရင်က The Hole in the Ground ဆိုတဲ့ဟော်ရာကားတစ်ကားလောက်ပဲ ကြီးကြီးမားမားရိုက်ဖူးပေမဲ့ ဒီ Evil Dead ရုပ်ရှင်မှာတော့ ရှားရှားပါးပါး IMDb – 7.1/10 ရတဲ့အထိ လက်စွမ်းပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ The Hole in the Ground ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဒီရုပ်ရှင်က အစတုန်းက HBO Max ကနေ ပြဖို့လောက်ပဲ စီစဉ်ထားပေမဲ့ အကြိုပွဲတွေမှာအရမ်းကို လူကြိုက်များလွန်းတာကြောင့် ရုံတင်ဖို့ဆုံးဖြတ်လိုက်ရတဲ့အထိ ဖြစ်သွားတာပါ။ မူရင်းသုံးကားမှာအဓိကပါဝင်ခဲ့တဲ့ မင်းသား ဘရုစ်ကမ်းဘဲ မပါဝင်တော့ပေမဲ့ သူ့အသံကိုတော့ အသံဖမ်းတိတ်ခွေတစ်နေရာမှာ ထည့်သွင်းအသုံးပြုပေးထားသလို အရင်ရုပ်ရှင်တွေထဲက ကြောက်စရာအကောင်းဆုံး စကားလုံးတွေကိုလည်း ပြန်လည်ထည့်သွင်းပေးထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အယ်လီဟာ ကလေးသုံးယောက်အမေ တက်တူးပညာရှင် တစ်ကိုယ်ရည်မိခင် ဖြစ်ပါတယ်။ သူ့ရဲ့ ညီမ ဘက်သ်ကတော့ ဂစ်တာနည်းပညာရှင်ဖြစ်ပြီး တစ်နေ့မှာ သူ့အစ်မအိမ်ကိုလာလည်တဲ့အချိန်မှာပဲ Evil Dead ရုပ်ရှင်တွေရဲ့ မပါမဖြစ် သေမင်းစာအုပ်ကြီးကို ကလေးတစ်ယောက် မတော်တဆတွေ့သွားပြီး မိစ္ဆာတွေလွတ်မြောက်လာတဲ့အခါ…ဒီမိသားစု ၅ ယောက်ဘယ်သူတွေသေပြီး ဘယ်သူတွေဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ရမလဲ တွေ့ရပါလိမ့်မယ်… ~Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Phenomena (2023) ⭐IMDB: 5.3/10 (2 k Votes) 🎬 #Horror #Comedy #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #Spain ⏰ 1 နာရီ 35 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Phenomena (2023)============== ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန် စပိန် HorrorMovie ဖြစ်ပါတယ်။ ဖာသာပီလွန်ဟာ ၁၉၈၇ မှာ ဟက်ပ်တာအဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ အရည်အချင်းရှိကြတဲ့အဖွဲ့ဝင်တွေကို စုစည်းထားပြီး သဘာဝလွန်ဖြစ်ရပ်တွေ၊ သိပ္ပံနည်းကျမဖြေရှင်းနိုင်တဲ့ အမှုတွေကို ဖြေရှင်းကြပါတယ်။ဟက်ပ်တာအဖွဲ့ဆိုတာ အပြင်မှာလည်း တကယ်ရှိပါတယ်။ ဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်သုံးယောက်က ဟက်ပ်တာအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင် သုံးယောက်ဖြစ်တဲ့ Sol Blanco-Soler,Paloma Navarrete နဲ့ Piedad Cavero တို့ကို ကိုယ်စားပြုထားတာပါ။ တစ်နေ့မှာတော့ ဖာသာပီလွန်ကို ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုကဆိုင်မှာ ပစ္စည်းတွေ နေရာရွေ့နေတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရာဝတ္ထုတွေပျံနေတာ၊ လူရိပ်တွေ မြင်ရတာတွေ ဖြစ်နေလို့ ကူညီပေးဖို့တောင်းဆိုလာပါတယ်။ တခြားအဖွဲ့ဝင်တွေကို မခေါ်ဘဲ ဖာသာပီလွန်တစ်ယောက် သွားစုံစမ်းရာက သတိမေ့ပြီး ဆေးရုံတက်လိုက်ရပါတယ်။ဒါကြောင့် တခြားအဖွဲ့ဝင်တွေက ဖာသာ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုသိဖို့ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပြီး စုံစမ်းကြပါတော့တယ်။ ၁၉၉၉ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာပါ။ အကြောက်အလန့်မရှိတဲ့ ဂလော်ရီယာ၊ ပက်ဇ်နဲ့ဆာဂရာရီယိုတို့ သုံးယောက် ဘာတွေကြုံတွေ့ရမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)

The Host (2013) ⭐IMDB: 5.8/10 (117 k Votes) 🎬 #Action #Adventure #Drama #Sci-Fi #Romance #ScienceFiction #Thriller #SciFi 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedStates #Switzerland #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့ မင်းသမီးချောလေး Saoirse Ronan ရဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုး ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့ လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေက လူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီး လူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲ လူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါ အပိုင်သိမ်းဖျက်ဆီးတာပါ တွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူး ခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။ အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ ကောင်မလေးလည်း ပါတာပေါ့။ သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်က အပိုင်စီးလိုက်တဲ့အခါမှာ…

Phenomena (2023) ⭐IMDB: 5.3/10 (2 k Votes) 🎬 #Horror #Comedy #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Spain ⏰ 1 နာရီ 35 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Phenomena (2023)============== ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန် စပိန် HorrorMovie ဖြစ်ပါတယ်။ ဖာသာပီလွန်ဟာ ၁၉၈၇ မှာ ဟက်ပ်တာအဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ အရည်အချင်းရှိကြတဲ့အဖွဲ့ဝင်တွေကို စုစည်းထားပြီး သဘာဝလွန်ဖြစ်ရပ်တွေ၊ သိပ္ပံနည်းကျမဖြေရှင်းနိုင်တဲ့ အမှုတွေကို ဖြေရှင်းကြပါတယ်။ဟက်ပ်တာအဖွဲ့ဆိုတာ အပြင်မှာလည်း တကယ်ရှိပါတယ်။ ဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်သုံးယောက်က ဟက်ပ်တာအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင် သုံးယောက်ဖြစ်တဲ့ Sol Blanco-Soler,Paloma Navarrete နဲ့ Piedad Cavero တို့ကို ကိုယ်စားပြုထားတာပါ။ တစ်နေ့မှာတော့ ဖာသာပီလွန်ကို ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုကဆိုင်မှာ ပစ္စည်းတွေ နေရာရွေ့နေတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရာဝတ္ထုတွေပျံနေတာ၊ လူရိပ်တွေ မြင်ရတာတွေ ဖြစ်နေလို့ ကူညီပေးဖို့တောင်းဆိုလာပါတယ်။ တခြားအဖွဲ့ဝင်တွေကို မခေါ်ဘဲ ဖာသာပီလွန်တစ်ယောက် သွားစုံစမ်းရာက သတိမေ့ပြီး ဆေးရုံတက်လိုက်ရပါတယ်။ဒါကြောင့် တခြားအဖွဲ့ဝင်တွေက ဖာသာ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုသိဖို့ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပြီး စုံစမ်းကြပါတော့တယ်။ ၁၉၉၉ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာပါ။ အကြောက်အလန့်မရှိတဲ့ ဂလော်ရီယာ၊ ပက်ဇ်နဲ့ဆာဂရာရီယိုတို့ သုံးယောက် ဘာတွေကြုံတွေ့ရမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)