ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Depp V Heard (2023-2023) ⭐IMDB: 4.8/10 (4 k Votes) 🎬 #Documentary #Crime 🗓 2023-2023 🎞 tv movie 📺 #1080p 💿 992.6 MB ⦿ 850.5 MB ⦿ 955.8 MB 🌎 #UnitedKingdom ⏰ 52 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Depp V Heard (2023) Depp Vs Heardထွေထွေထူးထူးတော့ ပြောနေဖို့ လိုမယ်မထင်ပါဘူး … ကလေးအစ ခွေးအဆုံး သိနေတဲ့ နာမည်ကျော် မင်းသားကြီး Johnny Depp နဲ့ ဇနီးဟောင်း Amber Heard တို့ရဲ့ Lawsuit အကြောင်း Documentary ပါ။အကျဉ်းချုပ် ပြောရရင်တော့ 2018 ခုနှစ်တုန်းက The Washington Post မှာ ” သူဟာ အိမ်တွင်းအကြမ်းဖက်ခံနေရသူ တစ်ယောက်ပါ ” ဆိုပြီး Amber က Johnny Depp ကို သွယ်ဝိုက်ပြောဆိုခဲ့တယ်။ ဒါကို Johnny Depp ဘက်က အသရေဖျက်မှုနဲ့ Amber Heard ကို တရားစွဲတယ်။ ဒါကို တဖန်ပြန်ပြီး Amber Heard က သူ့ကို လူလိမ်လို့ စွပ်စွဲပါတယ်ဆိုပြီး အသရေဖျက်မှုနဲ့ တစ်ဖက်ကို တရားပြန်စွဲတယ်။ဒီ Trial ကို ခင်ဗျားတို့ ကျွန်တော်တို့ အပါအဝင် ကမ္ဘာတစ်ဝန်းက လူပေါင်းစုံ စိတ်ဝင်စားခဲ့ပြီး ရလဒ်ကိုလည်း သိခဲ့ကြပြီးဖြစ်ပါတယ်။ဒီ Docu မှာတော့ Trial ရဲ့ အသေးစိတ်နီးပါးကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒီတော့ အလိုက်သိလှတဲ့ Netflix က စီစဉ်ပေးထားတဲ့ ဒီ Docu ကို စပ်စုရင်း မေတ္တာပို့လိုက်ကြပါဦး။စုစုပေါင်း (၃) ပိုင်းပဲရှိပါတယ်။File Size –900 MB /400 MB (Appx;) @Episode...

Atlantis: The Lost Empire (2001) ⭐TMDB: 70.0% User Score 🎬 #Action #Adventure #Animation #Family #Fantasy #SciFi #ScienceFiction 🗓 2001 🎞 movie 📺 #720p #1080p 💿 757.0 MB ⦿ 1.5 GB 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.8/10 Rotten Tomatoes – 49% Metacritic – 52% Atlantis: The Lost Empire ဆိုတဲ့ Animation ကားလေးက Disney ရဲ့ ပထမဆုံးသော Adventure/Sci-Fi အမျိုးအစား Film ပဲ ဖြစ်ပါတယ်။ Tob Murphy ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ Gary Trousdale နဲ့ Kirk Wise တို့က ပူးတွဲရိုက်ကူးကာ Don Hahn ကနေထုတ်လုပ်ပါတယ်။ နောက်ခံစကားပြော အနေနဲ့ကတော့ Michael J. Fox, Cree Summer, James Garner, Leonard Nimoy, Don Novello, Phil Morris, Claudia Christian, Jacqueline Obrandors နဲ့ Jim Varney တို့ကနေ ပါဝင်သရုပ်ဆောင်ပေးထားကြတာပဲ ဖြစ်ပါတယ်။ Jim Varney အနေနဲ့ကလည်း ဒီဇာတ်ကားဟာ သူမသေခင် နောက်ဆုံး သရုပ်ဆောင်သွားခဲ့တဲ့ ဇာတ်ကားလည်းပဲ ဖြစ်ပါတယ်။ Budget $120 သန်း အသုံးပြုထားပြီး Box Office အနေနဲ့ကတော့ $186.1 သန်း ပြန်လည် ရရှိထားပါတယ်။ သူ့ခေတ် သူ့အခါတုန်းက ဆိုရင်တော့ တော်တော်လေး အကုန်အကျများတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ်..။ ဇာတ်လမ်းအဖွင့်ကတော့ ဒီလိုပါ..။ ကုန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက အတ္တလန္တိတ်ကျွန်းစုတွေကို ဒီလှိုင်းတွေ ပင်လယ်ရေအောက် ပေါက်ကွဲမှုတွေက ခြောက်လှန့်လို့နေပါတယ်။ အဲဒီအချိန်မှာပဲ အတ္တလန္တိတ် ဘုရင်မ ကို အိပ်မွေ့ချဆေးအသုံးပြုလို့ လူစိမ်းတွေက ဖမ်းခေါ်သွားပါတယ်။ သူနဲ့အတူ အတ္တလန္တိတ်ရဲ့ နှလုံးသည်းပွတ် လို့ခေါ်တဲ့ Powerful Crystal ကလည်း ပါသွားပါသေးတယ်။ အဆိုပါ Crystal က ဘုရင်မနဲ့အတူ အတ္တလန္တိတ်မြို့တော်ရဲ့ နယ်မြေတွေကို အကာအကွယ်ပြုလုပ်ပေးပါတယ်။ ဘုရင်မဟာ ဖမ်းခေါ်သွားခြင်း ခံရတဲ့ အချိန်တုန်းက သူမရဲ့ သမီးငယ်လေး မင်းသမီးလေး Kida ကို သမုဒ္ဒရာရဲ့ အောက်ဘက်မှာ ချန်ထားခဲ့ရပါတယ်။ 1914 ခုနှစ်…! Milo Thatch ဆိုတာ အတ္တလန္တိတ်ကို သုတေသန လုပ်နေတဲ့ Smithsonian Institution က မြေပုံရေးဆွဲသူတစ်ဦးပါ။ သူက ဘာသာစကားမျိုးစုံကိုလည်း တတ်ကျွမ်းပါသေးတယ်။ Milo ဟာ The Shepherd’s Journal မှာ ရှေးဟောင်းလက်ရေးမူ တ စ်ခုကို တွေ့ရှိလိုက်ရပါတယ်။ အဲဒီလက်ရေးမှုမှာ ပျောက်ဆုံးနေတဲ့ ကျွန်းရဲ့ တည်နေရာကို ဖော်ပြထားတယ်လို့လဲ ယုံကြည်နေပါတယ်။ ပြတိုက်ရဲ့ ဘုတ်အဖွဲ့က Milo ရဲ့ အဆိုပြုချက်ကို ငြင်းပယ်လိုက်ပြီးတဲ့နောက် Milo ဟာ ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ Helga Sinclair လို့ခေါ်တဲ့အဆိုပါအမျိုးသမီးက သူ့ကို Preston B နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Whitmore ဆိုတာ အင်မတန် ချမ်းသာကြွယ်ဝသူ တစ်ဦးပါ။ Whitmore ဟာ Milo ရဲ့ အဖိုးအပေါ် တင်နေတဲ့ အကြွေးကို ပြန်ပေးဆပ်ရန်အတွက် အတ္တလန္တိတ်ကို လေ့လာရေးသွားဖို့ Milo ကို လမ်းပြအဖြစ် ငှားရမ်းခဲ့ပါတယ်။ အဆိုပါ အတ္တလန္တိတ် လေ့လာရေးခရီးစဉ်ကို Lyle Rourke က ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့မှာတော့ demolition ကျွမ်းကျင်သူ Vinny Santorini, ဘူမိဗေဒပညာရှင် Mole Molière, ဆေးဘက်ဆိုင်ရာ အရာရှိ ဒေါက်တာ Joshua Sweet, စက်ပြင်ဆရာ Audrey Ramirez, ရေဒီယို orperator Mrs. Wilhelmina Packard နဲ့ စားဖိုမှူး Cookie Farnsworth တို့ ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ “Ulysses” အမည်ရှိ ရေငုပ်သင်္ဘောနဲ့ ထွက်ခွာခဲ့ကြပါတယ်။ အဆိုပါ ခရီးစဉ်အတွင်း ဘာတွေဖြစ်မယ် ဘယ်လိုတွေ ကြုံတွေ့ရမယ် ဘယ်လိုမျိုး ထူးဆန်းဖွယ်ရာ အံ့သြဖွယ်ရာတွေကို မြင်တွေ့ရမယ် သိရှိလာရမယ်ဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့မှ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားကြည့်ပါဦး..။ ဒီဇတ်ကားကို ငတုံးမျိုးကို မှ ဘာသာပြန်ပေးထားပြီး ရဲခန့်မင်း မှ အညွှန်းရေးပေးထားပါတယ်…...

VII XII (2023) ⭐IMDB: 6.2/10 (9 Votes) 🎬 #Action #Adventure #Crime #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 726.6 MB ⦿ 1.3 GB 🌎 #Malaysia ⏰ 1 နာရီ 22 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Action, Adventure, Crime movie လေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးကဝောာ့ မလေးရှားမှာ ကလေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းဝယ်တဲ့အဖွဲ့ သောင်းကျန်းနေတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်ပါတယ် အဒမ်ဆိုတဲ့ကောင်လေးဟာ အဖေရော အမေရော တစ်ခါတည်း ဆုံးရှုံးလိုက်ရပါတယ် သူ့အဖေရဲ့ သေတမ်းစာအရ သူဟာ အ‌မွေတွေအကုန်လုံးကိုရရှိသွားပြီး သူ 18 နှစ်မပြည့်ခင်အထိ သူ့ဒေါ်လေး ဆာဖီယာရဲ့ အစောင့်အရှောက်အောက်မှာနေရမှာပါ တစ်ရက်မှာတော့ အဒမ်တစ်ယောက် လမ်းမှာ လူဆိုးတွေပြန်ပေးဆွဲခံလိုက်ရတဲ့အပြင် ဆာဖီယာကိုလည်း ရဲတိုင်ရင် အဒမ်သေမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ် သူ့အဒေါ် ဆာဖီယာဟာဆိုရင်လည်း သာမာန်လူတစ်ယောက်တော့မဟုတ်ပါဘူး ကိုယ်ခံပညာရှင် အားကစားသမားတစ်ယောက်ပါ ဒီလိုနဲ့ ဆာဖီယာတစ်ယောက် ပြန်ပေးဆွဲသမားတွေလက်ထဲက တူလေး အဒမ်ကို လိုက်ကယ်ပါတော့တယ် သူ့ရဲ့တူလေးကို ကယ်တင်နိုင်သွားမှာလား ဆာဖီယာတစ်ယောက် ဘယ်လို‌အခက်အခဲတွေကြုံလာရမလဲဆိုတာကတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ...

Jagun Jagun: The Warrior (2023) ⭐TMDB: 70.0% User Score 🎬 #Drama #History #Action 🗓 2023 🎞 Movie 📺 #720p #1080p 💿 1.5 GB ⦿ 2.7 GB 🌎 #Nigeria ⏰ 2 နာရီ 15 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နိုင်ဂျီးရီးယားရုပ်ရှင်ဇတ်လမ်းကောင်းလေးပါ။အရင်ကနိုင်ဂျီးရီးယားရုပ်ရှင်ကားတွေမကြည့်ဖူးသူတွေအတွက်တော့ အတွေ့အကြုံအသစ်တခုပေးနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မန္တာန်စွမ်းအားတွေပိုင်ဆိုင်တဲ့စစ်ဘုရင်ကြီးတစ်ယောက်က သူရဲကောင်းသင်တန်းကျောင်းတစ်ခုကိုတည်ထောင်တားပါတယ်။သူဟာတစ်ဖက်မှာလည်းလေးစားစရာကောင်းတဲ့စွမ်းအားမန္တာန်တွေပိုင်ဆိုင်ထားပေမယ့် သူဟာသူ့ကိုထောက်ပံ့တဲ့သူတွေအတွက် စစ်တိုက်ပေးပြီးဘုရင်နေရာကိုနန်းလုပေးသူပါ။ အဓိကဇာတ်ဆောင်ကတော့ ငယ်ငယ်လေးတုန်းက သူတို့ရွာကိုဓားပြတွေကဝင်သတ်ဖြတ်သွားလို့ ကြီးလာတော့ တိုက်ခိုက်ရေးပညာသင်ဖို့ရည်မှန်းချက်ချခဲ့သူပါ။ သူတို့မျိုးနွယ်ဟာသစ်တောသစ်ပင်တွေကို စကားပြောနိုင်စွမ်း၊ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။သူက စစ်ဘုရင်ကြီးရဲ့သင်တန်းကျောင်းကိုလာခဲ့ပြီးတော့ စစ်ဘုရင်ကြီးရဲ့သမီးနဲ့ချစ်ကြိုက်ခဲ့ပါတယ်၊ယ။တစ်ဖက်မှာလည်းအကြောင်းတစ်ခုကြောင့်ဘုရင်ကြီးရဲ့မုန်းတီးမှုကိုခံခဲ့ရပါတယ်။ဘာဆက်ဖြစ်မလဲဆိုတာတော့ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။...

Atlantis: Milo's Return (2003) ⭐TMDB: 63.0% User Score 🎬 #Action #Adventure #Animation #Comedy #Drama #Family #Fantasy #SciFi #ScienceFiction 🗓 2003 🎞 video movie 📺 #720p #1080p 💿 630.6 MB ⦿ 1.2 GB 🌎 #USA #UnitedStates #Philippines #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Atlantis Milo’s Return (2003)Genre – Animation, Action, Adventure ၂၀၀၁ ခုနှစ်တုန်းက Disney ကနေ ထွက်ရှိပြီး လူကြိုက်များခဲ့တဲ့ Atlantis The Lost Empire ရဲ့ အဆက်ရုပ်ရှင် ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ပထမကားတုန်းက အဖြစ်အပျက်တွေပြီးတော့ မိုင်လိုကလည်း အတ္တလန်တစ်မှာ ကီဒါနဲ့ အတူနေနေကြပါတယ် ကီဒါကလည်း ဘုရင်မ အဖြစ်ကို ရောက်ရှိနေပါပြီ။ အဲဒါနဲ့ နှစ်ယောက်သားအတူတူ ပုံဆောင်ခဲစွမ်းအင်ကို အသုံးချပြီး သူတို့မြို့လေးကို ပြန်ပြုပြင်တည်ဆောက်လျက်ရှိပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျ ပထမကားတုန်းက မိတ်ဆွေဟောင်းတွေဖြစ်တဲ့ မစ္စတာဝှစ်မောတို့ ဗင်နီတို့ သြဒရီတို့ မိုးလ်တို့ အတ္တလန်တစ်ကို ရောက်လာကြပြီး ကုန်းမြေကမ္ဘာမှာ အတ္တလန်တစ်နဲ့ ဆက်နွယ်နေနိုင်လောက်တဲ့ အန္တရာယ်တွေကျရောက်နေပြီ ဖြစ်လို့ အတ္တလန်တစ်ကျွမ်းကျင်သူ မိုင်လို့ကို လာ အကူအညီတောင်းကြပါတော့တယ်။ ဒီလိုနဲ့ ဘုရင်မဖြစ်နေတဲ့ ကီဒါကပါ ဒါကလည်း သူ့အဖေ လက်ထက်တုန်းက စနက်တွေ ကင်းရဲ့လား သံသယဖြစ်မိတာကြောင့် အတူလိုက်ပါမယ်ဆိုပြီး အုပ်စုလိုက် ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ ရန်စွယ်ဟာ တစ်ခုတည်း မဟုတ်ပဲ ၃ ခုလောက် ဖြစ်နေပြီး အကုန်လုံးက ကမ္ဘာပျက်လောက်တဲ့အထိ ဆိုးဝါးနေခဲ့တော့ မိုင်လိုတို့တသိုက် စွန့်စွန့်စားစားနဲ့ ဖြေရှင်းဖို့ ဖြစ်လာကြတာပေါ့။ မြောက်ဖက်သမုဒ္ဒရာထဲက ခရာကန်ရန်စွယ်နဲ့ ထူးခြားတဲ့ရွာလေးတို့ သဲကန္တာရထဲက ထူးဆန်းတဲ့ ဝံပုလွေတို့ နောက်ပြီး နော်ဝေနတ်ဘုရား အိုဒင်နဲ့ ကမ္ဘာပျက်ကိန်း ရက်ဂနောရော့တို့ စသဖြင့် စွန့်စားခန်းပေါင်းများစွာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။...

Shubh Yatra (2023) ⭐IMDB: 7.6/10 (1 k Votes) 🎬 #Bollywood #Drama #Family #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 748.8 MB ⦿ 1.6 GB 🌎 #India ⏰ 2 နာရီ 7 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shubh Yatra (2023)IMDb 7.6/10 ဒီတစ်ခါမှာတော့ နိုင်ငံရပ်ခြားသွားဖို့စီစဉ်ပြီး တိုင်ပတ်နေတဲ့အဖွဲ့ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်မိုဟန်နဲ့ ဟာရ်ဒစ်ခ်ဆိုတဲ့သူငယ်ချင်း၂ယောက်.. နို့ထွက်ပစ္စည်းအရောင်းဆိုင်ဖွင့်ပြီးစီးပွားရေးလေးစကာမှ အရှုံးပေါ်ပြီးအကြွေးတွေလည်ပင်းရောက်ရုံတင်မကမိုးလင်းတာနဲ့အိမ်ရှေ့မှာ အကြွေးရှင်တွေက လာထိုင်စောင့်နေတာပုံမှန်နေ့ရက်တွေလိုပါပဲ… ဒီလိုနဲ့တစ်နေ့ သူတို့မြို့ထဲက နိုင်ငံခြားထွက်သွားတဲ့ ပြည်တော်ပြန်တစ်ယောက်ပြန်ရောက်လာခဲ့တယ်ပြန်ရောက်လာပုံကလည်းဒေါ်လာတွေလမ်းမှာကြဲချတဲ့ ဘောစိအနေနဲ့ပေါ့ ..ဆိုတော့သူတို့လည်းအားကျပြီးအမေရိကန်ကို အကြွေးရှင်တွေဆီက ပိုက်ဆံထပ်ချေးပြီး သွားဖို့ပြင်ပါတယ်ဒီကြားထဲ ပက်စ်ပို့တွေ ဗီဇာကိစ္စတွေနဲ့ မနူးမနပ်၂ယောက်သားဘယ်လိုစခန်းသွားကြမလဲ သူတို့ရောက်ချင်တဲ့အမေရိကန်ကိုရောရောက်နိုင်ကြပါ့မလားဆိုတာကတော့… (အညွန်းနဲ့ ဘာသာပြန်တွေကတော့Yunni~BpL~Moon~V ~Zwe Yan တို့ပဲ ဖြစ်ပါတယ်)...

Puppy Love (2023) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 624.5 MB ⦿ 1.4 GB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Puppy Love (2023)===============IMDb Rating – 6.4/10အရိုတစ်လိုင်းကြိုက်သူတွေရော၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ချင်သူတွေနဲ့ အာ‌ဝုချစ်သူတွေအတွက်ပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ Puppy Love ဆိုတဲ့နာမည်အတိုင်း အာဝုရေးတဲ့ဖူးစာလို့ပြောရမယ်ထင်ပါတယ်။ အာဝုလေးတွေက အောင်သွယ်တော်လေးတွေပေါ့နော်။နစ်ကိုးလ် ဆိုတာ အလုပ်ကြိုးစားပြီး ထက်မြက်သွက်လက်တဲ့ ကောင်မလေးပေါ့။သူနေတတ်တဲ့ ပုံစံကြောင့် တော်ရုံရည်းစားက သည်းမခံနိုင်သူပါ။ တစ်နေ့မှာအသည်းကွဲနေတဲ့ နစ်ကိုးလ် ဟာ လမ်းဘေးက အာ‌ဝုအထီးလေးတစ်ကောင်ကိုသနားလို့ ခေါ်မွေးစားပြီး ချန်းနင်းတေတမ် လို့ နာမည်ပေးထားပါတယ်။မက်စ် ကတော့ လူတွေကို ဆက်ဆံရမှာကြောက်ရွံ့ပြီး အိမ်တွင်းပုန်းနေတတ်သူပါ။တစ်နေ့မှာ ဆရာ၀န်က သူ့စိတ်အခြေအနေတိုးတက်ဖို့ ခွေးတစ်ကောင်မွေးခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ် တစ်ယောက် ကလိုဝီ ဆိုတဲ့ အာဝုမလေးကို မွေးဖြစ်ခဲ့ပါတယ်။ တစ်နေ့တော့ ကလိုဝီ နဲ့ ချန်းနင်း ကို အကြောင်းပြုပြီး ပိုင်ရှင်တွေဖြစ်တဲ့ မက်စ် နဲ့ နစ်ကိုးလ် တို့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ စစချင်းဆောက်နဲ့ထွင်းဆိုသလို ပြဿနာတွေတက်ပြီး မပြေလည်ခဲ့ကြပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ မထင်မှတ်တဲ့အကြောင်းအရင်းတွေနဲ့ အာဝုလေးတွေကိုအကြောင်းပြုပြီး သူတို့နှစ်ဦးပြန်ဆုံတွေ့ရဖို့ ဖြစ်လာတဲ့အခါ။ အာဝုလေးနှစ်ကောင်၊အဆင်လေးနှစ်ယောက်နဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကို ရယ်ရယ်မောမော ကြည့်ရမှာမို့ ခဏတာစိတ်အမောတွေပြေဖို့ ကြည့်ကြည့်လိုက်ရအောင်နော်။(မက်စ်အဖြစ် flash series က မင်းသား Grant Gustin က ပါဝင်ထားပါတယ်။)(ဒီဇာတ်လမ်းရဲ့အညွှန်းကို C’monမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ C’mon, Khant Sett Naing တို့ဖြစ်ပါတယ်)File Size……….(1.5 GB) / (624 MB)Quality…………WEB-DL 1080p / 720pDuration………1Hr 45MinSubtitle………..Myanmar HardsubFormat…………MP4Genre…………..ComedyTranslator……C’mon, Khant Sett NaingEncoder……….Zin Phyo Aung Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...

Puppy Love (2023) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 624.5 MB ⦿ 1.4 GB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Puppy Love (2023)===============IMDb Rating – 6.4/10အရိုတစ်လိုင်းကြိုက်သူတွေရော၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ချင်သူတွေနဲ့ အာ‌ဝုချစ်သူတွေအတွက်ပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ Puppy Love ဆိုတဲ့နာမည်အတိုင်း အာဝုရေးတဲ့ဖူးစာလို့ပြောရမယ်ထင်ပါတယ်။ အာဝုလေးတွေက အောင်သွယ်တော်လေးတွေပေါ့နော်။နစ်ကိုးလ် ဆိုတာ အလုပ်ကြိုးစားပြီး ထက်မြက်သွက်လက်တဲ့ ကောင်မလေးပေါ့။သူနေတတ်တဲ့ ပုံစံကြောင့် တော်ရုံရည်းစားက သည်းမခံနိုင်သူပါ။ တစ်နေ့မှာအသည်းကွဲနေတဲ့ နစ်ကိုးလ် ဟာ လမ်းဘေးက အာ‌ဝုအထီးလေးတစ်ကောင်ကိုသနားလို့ ခေါ်မွေးစားပြီး ချန်းနင်းတေတမ် လို့ နာမည်ပေးထားပါတယ်။မက်စ် ကတော့ လူတွေကို ဆက်ဆံရမှာကြောက်ရွံ့ပြီး အိမ်တွင်းပုန်းနေတတ်သူပါ။တစ်နေ့မှာ ဆရာ၀န်က သူ့စိတ်အခြေအနေတိုးတက်ဖို့ ခွေးတစ်ကောင်မွေးခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ် တစ်ယောက် ကလိုဝီ ဆိုတဲ့ အာဝုမလေးကို မွေးဖြစ်ခဲ့ပါတယ်။ တစ်နေ့တော့ ကလိုဝီ နဲ့ ချန်းနင်း ကို အကြောင်းပြုပြီး ပိုင်ရှင်တွေဖြစ်တဲ့ မက်စ် နဲ့ နစ်ကိုးလ် တို့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ စစချင်းဆောက်နဲ့ထွင်းဆိုသလို ပြဿနာတွေတက်ပြီး မပြေလည်ခဲ့ကြပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ မထင်မှတ်တဲ့အကြောင်းအရင်းတွေနဲ့ အာဝုလေးတွေကိုအကြောင်းပြုပြီး သူတို့နှစ်ဦးပြန်ဆုံတွေ့ရဖို့ ဖြစ်လာတဲ့အခါ။ အာဝုလေးနှစ်ကောင်၊အဆင်လေးနှစ်ယောက်နဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကို ရယ်ရယ်မောမော ကြည့်ရမှာမို့ ခဏတာစိတ်အမောတွေပြေဖို့ ကြည့်ကြည့်လိုက်ရအောင်နော်။(မက်စ်အဖြစ် flash series က မင်းသား Grant Gustin က ပါဝင်ထားပါတယ်။)(ဒီဇာတ်လမ်းရဲ့အညွှန်းကို C’monမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ C’mon, Khant Sett Naing တို့ဖြစ်ပါတယ်)File Size……….(1.5 GB) / (624 MB)Quality…………WEB-DL 1080p / 720pDuration………1Hr 45MinSubtitle………..Myanmar HardsubFormat…………MP4Genre…………..ComedyTranslator……C’mon, Khant Sett NaingEncoder……….Zin Phyo Aung Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...

Vicky Cristina Barcelona (2008) ⭐TMDB: 68.0% User Score 🎬 #Comedy #Drama #Romance 🗓 2008 🎞 movie 📺 #1080p #720p 💿 1.7 GB ⦿ 913.1 MB 🌎 #Spain #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb—-7.1/10 မင်းသမီးချော စကားလက်ဂျိုဟန်ဆန် ငယ်ရွယ်နုပျိုစဥ်အခုတုန်းကရိုက်ထားတဲ့ဇာတ်ကားလေးပါ ဘာစီလိုနာမြို့မှာအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ ဘာစီလိုနာရဲ့မြို့အလှမြင်ကွင်းတွေကိုသေချာမြင်တွေ့နိုင်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ်အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြတဲ့သူငယ်ချင်းနှစ်ယောက် ဘာစီလိုနာမြို့ကို နွေရာသီအားလပ်ရက်အနားယူဖို့ရောက်လာရာကနေ ဇနီးဟောင်းနဲ့သမုဒယကြိုးတွေမပြတ်နိုင်သေးတဲ့ စပိန်ပန်းချီဆရာတစ်ယောက်ကိုတစ်ပြိုင်တည်း စိတ်ဝင်စားမိရာက အချစ်နဲ့ဘဝရဲ့ ပဟေဠိတွေကို အဖြေရှာကြတဲ့အကြောင်းလေးပါမင်းသမီးချော စကားလက်ဂျိုဟန်ဆန်ရဲ့ Lost in translation 2003ကိုကြိုက်နှစ်သက်ကြသူတွေဆို ဒီကားလေးကိုလဲ သဘောကျပါလိမ့်မယ် ကြည့်ပြီးတာနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဇာတ်ကားအပေါ်ခံစားရပုံခြင်းမတူကြပဲ အချစ်နဲ့ဘဝရဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုတွေးမိနေစေမယ့်ဇာတ်ကားလေးပါ...

Kamadora (2023) ⭐IMDB: 6.3/10 (14 Votes) 🎬 #Adult #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 840.8 MB ⦿ 1.9 GB 🌎 #Philippines ⏰ 1 နာရီ 43 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kamadora (2023) အီကာဖာယာဒိုဟာ အဆောင်သူလေးတစ်ယောက်ဖြစ်ပြီး ဒေးဗစ်ဆန်ကုန်တိုက်ကြီးမှာ အရောင်းစာရေးလုပ်ပါတယ်။ မျက်နှာချိုအပြုံးချိုနဲ့ လူတကာချစ်ခင်နှစ်သက်ခြင်းခံရတဲ့သူဟာ မဟုတ်မခံ ဆတ်ဆတ်ကြဲလေးလည်းဖြစ်ပြီး ရိုင်းစိုင်းတဲ့ ကပ်စတမ်မာတွေနဲ့လည်း ပြဿနာဖြစ်တတ်လို့ မန်နေဂျာရုံးခန်းထဲကို မကြာခဏခေါ်ဆူခံရတတ်ပါသေးတယ်။ ဒါပေမဲ့လည်း ဘယ်သူမှမသိတာက အဲဒီသဘောကောင်းတဲ့မျက်နှာလှလှလေးရဲ့နောက်ကွယ်မှာ ကြောက်စရာပင်ကိုစရိုက်တစ်ခုရှိနေတယ်ဆိုတာကိုပါပဲ။ အီကာရဲ့ငယ်ဘဝဟာ မြတ်နိုးတို့ ကြယ်စင်တို့လို ကြမ်းတမ်းလွန်းခဲ့ပါတယ်။ ရှာမကျွေးနိုင်တဲ့ဖခင်ဖြစ်သူကို သူ့မိခင်က စွန့်ခွာခဲ့ပြီးနောက် ငယ်စဉ်ကတည်းက ပထွေးနဲ့အတူနေခဲ့ရတယ်။ အရွယ်မရောက်တစ်ရောက်အချိန်လေးမှာ ပထွေးဖြစ်သူကစော်ကားလို့ အိမ်ကထွက်ပြေးခဲ့ပြီး လမ်းဘေးရောက်ခဲ့ရတာပါ။ အဲဒီမှာ ကယ်တင်ရှင်တစ်ယောက်နဲ့တွေ့ခဲ့ရပေမဲ့ အဲဒီကယ်တင်ရှင်ဖြစ်သူကလည်း သူ့ကိုမွေးပြီးစားနေတဲ့အခါမှာတော့… အဲ့ဒီဘဝကလွတ်ဖို့ နည်းပေါင်းစုံသုံးပြီး ကြိုးစားတော့မှာဖြစ်ပါတယ်။ အီကာအဖြစ် Lovely Ladies Dormitory ထဲမှာ ချစ်စရာကောင်မလေး အယ်လ်မာဇာတ်ရုပ်နဲ့ ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ Tiffany Grey လေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

Past Lives (2023) ⭐IMDB: 8.4/10 (8 k Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 996.6 MB ⦿ 2.3 GB 🌎 #UnitedStates #SouthKorea #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Past Lives (2023) ~ IMDb – 8.4/10, Rotten Tomatoes – 97% ~ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်… ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်… တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်… ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။ သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့သွားတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ လက်ဖျားချင်းထိရုံကစခဲ့တဲ့ ရှေးရေစက်ကလေးကလည်း ဘဝချင်းလွဲခဲ့ရင် တစ်သက်လုံး နာလန်မထူနိုင်အောင် ပြိုလဲစေနိုင်စွမ်းသလို တစ်ဘဝလုံး မခန်းနိုင်အောင် လွမ်းစေနိုင်စွမ်းတယ်။ Past Lives ဟာ အဲဒီရေစက်တွေအကြောင်းပေါ့။ ဘာမှမဟုတ်ခဲ့ခြင်းများအကြောင်းပါပဲ။ ကျွန်တော့်အတွက်တော့ Past Lives ရဲ့အရသာဟာ ဟိုးတုန်းက ၃၈ကားတွေရဲ့ မှန်တံခါးမှာ ဆိုင်သလိုလိုမဆိုင်သလိုလို ကပ်ထားတတ်တဲ့“သတိရရင် ပြန်လာပါ”ဆိုတဲ့ စာသားကို မိုးမည်းမည်းညနေတစ်ချို့မှာ အမှတ်မထင်ငေးကြည့်မိတဲ့ ဖီလင်မျိုးပေါ့။ အချိုးအကွေ့တို့က ရိုးရိုးလေးပဲအစိမ်းသက်သက်မျက်နှာကလေးကိုဘဝပျက်သွားအောင် ငေးမောရင်းအစိမ်းသက်သက်ဖြစ်ခဲ့ရခြင်းတွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

The Winter King (2023- ) ⭐IMDB: 5.0/10 (791 Votes) 🎬 #Drama 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Winter King (2023)The Winter King (2023) ==================Bernard Cornwellရဲ့ The Warlord Chronicles ကို အခြေခံရိုက် ကူးထားတဲ့ Historical Fiction, Fantasy Drama ဖြစ်ပြီး အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မာလင်၊ အာသာ၊ မောဒရက်၊ အူသာ ပန်ဒရာဂွန် တို့ကို မြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းဇာတ်ကြောင်းကတော့ Arthurian legend ကို ဇာတ်ကြောင်းပြန်ပြောထားတာဖြစ်ပြီး ဗြိတိသျှအမှောင်ခေတ် ကာလကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။ စစ်နယ်ရှင် အာသာပန်ဒရာဂွန် နယ်နှင်ခံလိုက်ရချိန်နောက်ပိုင်း အရိုက် အရာဆက်ခံသူ ကင်းမဲ့နေတဲ့ တိုင်းပြည်ကြီးကို ဖခင်ဖြစ်သူ အူသာဟာ ထီးနန်းကို နမော်နမဲ့ အုပ်ချုပ်နေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ နယ်စပ်ဒေသ တွေမှာလည်း ရန်သူ့တပ်တွေက အခွင့်ရရင်ရသလို ဝင်စီးနေချိန်လည်း ဖြစ်တယ်။အချိန်တစ်ခုရောက်တော့ နန်းအရာ ဆက်ခံမယ့် မြေးဖြစ်သူ မော်ဒရက် မွေးဖွားလာတယ်။ ဒါပေမဲ့ မာလင့်ရဲ့ နိမိတ်အရ ဒီကလေးက တိုင်းပြည်ကို ဇောက်နက်ထဲထိ ဆွဲချမယ့် လူသား။ အာသာတစ်ဦးတည်းကသာ တိုင်းပြည် ကို ကယ်တင်နိုင်မယ့်သူဖြစ်လို့ မာလင်တစ်ယောက် ပန်ဒရာဂွန်သွေးစစ်သူကို ရှာဖွေရင်းနဲ့ ဒီဇာတ်လမ်း စခဲ့ပါတော့တယ်။တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ (၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ CMမှ အပတ်စဥ်တင် ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်။)File Size………….(300 Mb) / (700 MB)...

Ali and Nino (2016) ⭐IMDB: 6.8/10 (5 k Votes) 🎬 #Drama #Romance #War 🗓 2016 🎞 movie 📺 #720p #1080p 💿 578.8 MB ⦿ 1.3 GB 🌎 #UnitedKingdom #Azerbaijan #Turkey ⏰ 1 နာရီ 41 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားဟာ 1918 ခုနှစ်က မူဆလင်ကောင်လေးနဲ့ ခရစ်ယာန်ကောင်မလေးတို့နှစ်ယောက်ရဲ့ အချစ်ကိုပုံဖော်ထားတာပါ။ မူရင်းဝတ္ထုကလည်း အတော်အသင့်နာမည်ရှိပါတယ်။ ရေနံတွင်းတွေပေါများလှတဲ့ အဇာဘိုင်ဂျန်ကို ရုရှားတွေသိမ်းထားပြီး ပထမကမ္ဘာစစ်ဖြစ်နေချိန်ပေါ့။ အဇာဘိုင်ဂျန်ဟာ ပါရှား၊ ဂျော်ဂျီယာနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဥရောပတိုက်နဲ့ အာရှတိုက်အကြားကနိုင်ငံဖြစ်တဲ့ အတွက် အချက်အချာကျလှပါတယ်။ ရုရှားကိုလိုနီနိုင်ငံဖြစ်တဲ့အတွက် နိုင်ငံအတွင်းမှာ ရုရှားမိတ်ဖက်စီးပွားရေးသမားတွေလည်း ခြေရှုပ်လှပါတယ်။ အဇာဘိုင်ဂျန်မင်းသား အလီနဲ့ ဂျော်ဂျီယာမင်းသမီး နီနိုတို့ဟာ လူမျိုးမတူ၊ ဘာသာကွဲပြားတဲ့ကြားက ချစ်ခဲ့ကြပါတယ်။ အဇာဘိုင်ဂျန်ဘုရင်က သူတို့အချစ်ရေးကို သဘောတူပေမဲ့ ‌နီနို့အဖေဂျော်ဂျီယာမင်းသားကတော့ ရှုပ်ထွေးလှတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အချိန်ဆွဲလျက်ရှိပါတယ်။ ဒါ့အပြင် နီနိုကို မော်စကိုစီးပွားရေးသမားတစ်ယောက်ကလည်း အပိုင်ကြံဖို့ကြိုးစားနေပါတယ်။ ရှုပ်ထွေးလှတဲ့နိုင်ငံရေးတွေကြားမှာ အလီနဲ့နီနိုတို့ ဘယ်လိုဆုံဆည်းကြမလဲဆိုတာကို ကမ္ဘာစစ်နောက်ခံထားပြီး ကြည့်ရှုရမှာဖြစ်တဲ့အတွက် သမိုင်းစိတ်ဝင်စားသူ အချစ်ဇာတ်လမ်းကောင်း ကြိုက်သူတို့အတွက် လက်မလွှတ်သင်တဲ့ဇာတ်ကားတစ်ကားပါ။...

Metro (2013) ⭐IMDB: 6.4/10 (8 k Votes) 🎬 #Action #Drama #Thriller 🗓 2013 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.6 GB 🌎 #Russia ⏰ 2 နာရီ 12 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Metro (2013)============IMDb Rating – 6.4/10Action, Drama, Thriller ၂၀၁၃ လောက်ကထွက်ခဲ့တဲ့ မက်ထရိုဆိုတဲ့ ရုရှားကားကောင်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်လောက်ထဲက ဆောက်လုပ်ခဲ့တဲ့မော်စကိုမြေအောက်ရထားလှိုင်ခေါင်းကြီး တစ်ခုရှိပါတယ်။မော်စကိုမြစ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်ပြီး၊ စစ်တွင်းကဘန်ကာတွေလည်းရှိနေပါတယ်။ ရန်သူတွေကိုရေလွှမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ထားခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာတော့ ပြည်သူသုံးရထားလမ်းအဖြစ်ပဲဆက်လက်သုံးစွဲနေပါတယ်။ ဒါပေမယ့် ငလျင်လှုပ်သွားတာကနေတစ်ဆင့် မော်စကိုမြစ်ရေနဲ့ လှိုင်ခေါင်း ချိတ်ဆက်ထားတဲ့နေရာကပျက်စီးသွားပြီး ရေတွေ ဝင်လာပါတယ်။ ရထားတွဲမှာပါသွားတဲ့ လူတွေလည်းပိတ်မိကုန်ပြီး သူစိမ်းတွေဆိုပေမယ့် အချင်းချင်း ကူညီရိုင်းပင်းရင်း ရှင်သန်ရုန်းကန်ကြတာကိုကြည့်ရမယ့် ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...

Lorelei (2020) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Drama 🗓 2020 🎞 movie 📺 #720p #1080p 💿 713.2 MB ⦿ 1.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အမျိုးသမီးဒါရိုက်တာ Sabrina Doyle ရိုက်ကူးပြီး 2020 မှာရုံတင်ပြသထားတဲ့ Lorelei ရဲ့ ဇာတ်လမ်းအကျဥ်းကို စာတစ်ကြောင်းတည်းနဲ့ပြောရင် ဆိုင်ကယ်သမား ၊ ရေသူမ နဲ့ အပြာသုံးရောင်ရဲ့ ကာယအလုပ်သမားဘဝပုံပြင်လို့ ပြောလို့ရပါတယ် ဇာတ်လမ်းအကျဥ်း ဝေလန်ဒ်လို့ခေါ်တဲ့လူတစ်ယောက်ဟာ ဆယ့်ငါးနှစ်ကြာထောင်ကျနေပြီးမှ ထောင်ကလွတ်လာပြီး သူ့ရဲ့ ငယ်ချစ်ဦးနဲ့ ပြန်ဆုံပါတယ်။ ဒါပေမဲ့ သူ့ရဲ့ငယ်ချစ်ဦးဖြစ်သူ ဒိုလောရက်စ်က ဆယ့်ငါးနှစ်ကြာပြီးတဲ့နောက်မှာ ကလေးသုံးယောက်နဲ့ တစ်ကိုယ်တော်အမေဖြစ်လို့နေပါပြီ။ ဝေလန်ဒ်တစ်ယောက် ထောင်ကလွတ်လာပြီး ဘဝကိုဘယ်လိုရှေ့ဆက်မလဲ ဆယ့်ငါးနှစ်ကြာပြီးတဲ့နောက်မှာ ဒိုလောရက်စ်နဲ့ ဆက်ဆံရေးကို ဘယ်လိုစခန်းသွားမလဲ ဆိုတာကိုတော့…… ဘဝမှာရုန်းကန်နေရတဲ့ အလုပ်သမားလူတန်းစား ဇာတ်ဆောင်နှစ်ယောက်အကြောင်း သဘာဝကျကျပေါ်လွင်အောင်ရိုက်ကူးထားတဲ့ family drama အမျိုးအစားပဲဖြစ်ပါတယ်။...

Busty Cops and the Jewel of Denial (2010) ⭐TMDB: 40.0% User Score 🎬 #Adult #Comedy #Romance 🗓 2010 🎞 Movie 📺 #720p #1080p 💿 1.0 GB ⦿ 1.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အလှပဂေးသုံးဖေါ်ရဲ့ စွမ်းစွမ်းတမံတာဝန်ကျေမှုတွေကိုမျက်တောင်မခတ်တမ်း ကြည့်ရဖို့တန်တဲ့ကားပါပဲ လူသူအရောက်နည်းတဲ့နေရာမှာ ပူနာနီ လို့ခေါ်တဲ့ကျွန်းလေးတကျွန်းတည်ရှိပါတယ် အရမ်းကိုသာသာလှပပြီး ဒေသခံတွေကလည်း ဖေါ်ရွေပါတယ် ကျွန်းနဲ့ လူမျိုးကိုကို အုပ်ချုပ်ပိုင်စိုးတာက သခင်မတစ်ယောက်ပါပဲသူက သန္ဓေကျောက်တုံးကို ကိုင်စိုးထားပြီးအားလုံးရဲ့ ဖြစ်တည်မှုနဲ့ လိင်စိတ်ကို ထိန်းချုပ်ထားနိုင်သူပါပဲကျောက်တုံးပိုင်တဲ့မည်သူမဆို တခြားသူနဲ့ လိင်စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ် အဲဒီကျောက်တုံးကို မသမာသူတွေ လိုချင်လာတဲ့အခါမှာတော့အကိတ်သုံးဖေါ်ရဲ့ တာဝန်က ကာကွယ်ဖို့ဖြစ်လာပါတယ်ဘယ်လိုတွေ ခုခံ မလဲဆိုတာတော့ DS Fans တွေအကြိုက်ဖြစ်မှာသေချာပါတယ်...

Ocean Boy (2022) ⭐IMDB: 6.0/10 (655 Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 805.1 MB ⦿ 1.9 GB 🌎 #Australia ⏰ 1 နာရီ 47 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bosch & Rockit (2022)=================IMDb Rating – 6.0/10 ဘော့ချ်နဲ့ရော့ကစ်တို့ဟာ ကမ်းခြေမှာအိမ်တစ်လုံးနဲ့နေထိုင်တဲ့ သားအဖနှစ်ယောက်ဖြစ်ပြီး ဘော့ချ်ကဆေးခြောက်စိုက်တာဖြန့်တာတွေလုပ်ပါတယ်။ရော့ကစ်ကတော့ surf လုပ်ရတာအထူးဝါသနာပါပြီး အချိန်အတော်များများကို ကျောင်းမှာထက်ကမ်းခြေမှာကုန်ဆုံးလေ့ရှိသူဖြစ်ပါတယ်။ သူတို့မြို့ဘက်ကို တောမီးအကြီးအကျယ်လောင်တဲ့တစ်နေ့မှာ ဘော့ချ်ဆီမှာသူများရောင်းခိုင်းထားတဲ့ ဘိန်းဖြူတွေမတော်တဆဆုံးရှုံးခဲ့ရပြီးနောက်အဲ့ဒီရန်သူလက်ကနေ သူ့သားကိုခေါ်ပြီး အားလုံးကိုစွန့်ခွာထွက်ပြေးရပါတော့တယ်။ အခြေအနေတွေမတည်ငြိမ်သေးတဲ့အလျောက် တစ်ခြားကမ်းခြေမြို့လေးတစ်ခုမှာရှောင်နေရင်း သူတို့သားအဖနှစ်ယောက်ကြားက မကျေလည်မှုတွေ၊ ရော့ကစ်မိခင်နဲ့ကွဲကွာခဲ့ရတဲ့အကြောင်းရင်းနဲ့ ရှေ့ဆက်ရမယ့်ဇာတ်လမ်းတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရပုံတွေကိုတွေ့မြင်ရမှာပါ။ Chris andLiam Hemsworth တို့ရဲ့ အစ်ကိုကြီး Luke Hemsworth က ဘော့ချ်အဖြစ်ခေါင်းဆောင်ပါဝင်ထားတဲ့ coming of age ဇာတ်ကားကောင်းလေးတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကိုရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)...

Kangaroo Jack (2003) ⭐TMDB: 53.0% User Score 🎬 #Comedy #Action #Adventure #Crime #Family 🗓 2003 🎞 movie 📺 #720p #1080p 💿 961.1 MB ⦿ 2.2 GB 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kangaroo Jack (2003)Genre – Action, Adventure, Comedy ငယ်ငယ်တုန်းက အကျီအနီရောင်လေးနဲ့ သားပိုက်ကောင်ပါတဲ့ ဟာသကားလေး မှတ်မိကြမယ်ထင်ပါတယ်။ တော်တော်လေးလည်း ဘဝအမောပြေရတဲ့ ဟာသကားလေးပါ။ သားပိုက်ကောင်ဆိုပေမဲ့လည်း သူက အဓိက မဟုတ်ပဲ သူနဲ့ ပတ်သက်ပြီး တလွဲတွေဖြစ်ကြတဲ့ ဟာသကားမျိုးပေါ့။ ဇာတ်လမ်းလေးကတော့ နယူးယောက်မှာ ချာလီနဲ့ လူဝစ်စ်ဆိုပြီး သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ ကလေးဘဝ ချာလီရေနစ်တုန်းက လူဝစ်စ်က ကယ်ပေးပြီး ဘော်ဒါတွေ ဖြစ်ခဲ့ကြတာပေါ့။ ဒါပေမဲ့လည်း အဲဒါကိုအကြောင်းပြုပြီး ကြီးတဲ့ထိ ချာလီ့ကို နှိပ်စက်လို့ကောင်းနေဆဲပဲ။ ချာလီကကျ သူ့အမေက အဖေဆုံးပြီးနောက် လူမိုက်ဂိုဏ်းခေါင်းဆောင်ကို လက်ထပ်ထားလို့ ပထွေးတော်ထားရတယ်။ ဒီမှာတင် တစ်ရက်ကျ ထုံးစံအတိုင်း လူဝစ်စ်က ချာလီကို ဒုက္ခလာပေးတဲ့အချိန် ပထွေးဖြစ်သူရဲ့ လုပ်ငန်းကို အကြောင်းရင်းမသိပဲ တုတ်နဲ့ထိုးသလိုဖြစ်ပြီး ပြဿနာတက်ပါတော့တယ်။ ဒီတော့ ပထွေးဖြစ်သူက မင်းတို့တွေ အပြစ်ကျေချင်တယ်ဆိုရင် ဒီအထုပ်လေးကို သြစတြေးလျနိုင်ငံက တစ်နေရာသွားပို့ဆိုပြီး ခိုင်းလိုက်ရော။ တကယ်တော့ အဲဒါ ဒေါ်လာ ၅ သောင်းဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ပရမ်းပတာ သွားပို့နေတုန်း လမ်းမှာ သားပိုက်ကောင်တစ်ကောင်ကို ဝင်တိုက်မိပါတယ်။ အဲဒါကို ချက်ချင်းလမ်းဘေးမဖယ်ပဲ ပိုက်ဆံအိတ်ပါတဲ့ ဂျတ်ကတ်ကို သားပိုက်ကောင်ဝတ်ပေးပြီး ဓာတ်ပုံရိုက် ဖင်ယားနေတဲ့အချိန် ဟိုက မသေပဲ ပြန်သတိလည်လာပြီး ထွက်ပြေးသွားတဲ့အခါ….။ နှစ်ကောင်သား ဒုက္ခမရောက်အောင် အချိန်မှီ ဘယ်လို သားပိုက်ကောင် လိုက်ဖမ်းကြမလဲ၊ ပိုက်ဆံယူမယ့်လူကရော ဘယ်လိုလိုက်ရှာမလဲ၊ ပထွေးဖြစ်သူကလည်း စိတ်ဆိုးပြီး လူလွှတ်ပြီး လိုက်ရှာခိုင်းတာ ဘယ်လိုဖြစ်မလဲ၊ တောရိုင်းစောင့်ရှောက်ရေးက ကောင်မချောလေးကလည်း ဘယ်လိုပါဝင်လာမလဲ စသဖြင့် အရှုပ်တော်ပုံကြီးကို ရယ်ရယ်မောမော ကြည့်ရမှာပါ။ သရုပ်ဆောင်တွေကလည်း မင်းသား Jerry O’Connell နဲ့ လူမည်းဟာသမင်းသား Anthony Anderson တို့က အတွဲညီညီ သောက်တလွဲလုပ်ကြပြီး မင်းသမီးချော Estella Warren အပြင် ဝါရင့်သရုပ်ဆောင် Christopher Walken တို့ Michael Shannon တို့လည်း ပါဝင်ထားကြပါတယ်။ စိတ်ညစ်တာတွေရှိရင် ခဏလောက်ပြေပျောက်သွားအောင် ဒီ ဟာသကားလေးကို ကြည့်ပြီး ငယ်ဘဝကို ခဏလောက် ပြန်သွားကြတာပေါ့ဗျာ။...

No Reservations (2007) ⭐TMDB: 65.0% User Score 🎬 #Comedy #Drama #Romance 🗓 2007 🎞 movie 📺 #720p #1080p 💿 723.1 MB ⦿ 1.4 GB 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 No Reservations (2007)Genre – Comedy, Drama, RomanceIMDB – 6.3/10 ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီး ဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီး ခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့ ၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့ Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီး အင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီး မိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့ စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်း မထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။ တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့ လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ အသက်ဆုံးရှုံးခဲ့ပြီး သမီးဖြစ်သူကိုလည်း သေတမ်းစာမှာ ညီမတော်စပ်သူ အဒေါ်လက်ထဲ အပ်ခဲ့တဲ့အတွက် ကိတ်တစ်ယောက် ဒူးမနာသမီးလေး ရသွားခဲ့ပါတော့တယ်။ ဒီလိုမျိုး တူမဖြစ်သူကို အချိန်ပေးနေတုန်း ဆိုင်ပိုင်ရှင်က သူ့ကို အသိမပေးပဲ ပျော်ပျော်နေတတ်တဲ့ အီတလီပြန် စားဖိုမှူး နစ်ကို ခန့်ထားတာကိုတွေ့တော့ သူ့နေရာလုဖို့ ပေးဖို့ လုပ်တာလားဆိုပြီး အမြင်မကြည်ပဲ နှစ်ယောက်သား ပြဿနာတွေလည်းတက်ရင်း ကလေးတစ်ဖက်နဲ့ အလုပ်တစ်ဖက်နဲ့ ကိတ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို အချစ်ဆန်ဆန် ဒရမ်မာဆန်ဆန် ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ မာနကြီး အတ္တကြီး ဒေါသကြီးပြီး လောကကြီးကို အယုံအကြည်မရှိတဲ့ စားဖိုမှူးတစ်ယောက် တူမလေးရပြီး အမြင်တွေပြောင်းလဲကာ မင်းသားဖြစ်သူရဲ့ ပျော်ရွှင်တတ်တဲ့စရိုက်တွေကြောင့် တဖြည်းဖြည်း ပြောင်းလဲလာပြီး အချစ်နဲ့ တွေ့ရှိကာ ပြောင်းလဲသွားမှာကို ခံစားရမှာပါ။ ကလေးမလေးနေရာကလည်း Zombieland ထဲက အငယ်မလေးလုပ်တဲ့ Abigail Breslin က ပိုင်နိုင်စွာသရုပ်ဆောင်ထားပြီး ဇာတ်ပို့ပေးထားပါတယ်။...

Altitude (2010) ⭐IMDB: 4.8/10 (10 k Votes) 🎬 #Horror #Mystery #Thriller #Fantasy #SciFi 🗓 2010 🎞 movie 📺 #720p #1080p 💿 703.0 MB ⦿ 1.5 GB 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းက တစ်နေ့မှာ လူငယ်ငါးယောက်ပွဲတော်တစ်ခုကို လေယာဥ်နဲ့သွားကြတယ်ပေါ့ဗျာ အဲ့မှာ လေယာဥ်က ထူးထူးဆန်းဆန်း အလုပ်မလုပ်တော့တာကနေ ဇာတ်လမ်းက စတာပဲ လေယာဥ်ကိုမထိန်းချုပ်နိုင်တော့ အပျံတတ်ခါက လေယာဥ်မှုးလေးနဲ့ သူငယ်ချင်းလေးယောက် တိမ်တိုက်ကြီးတစ်ခုထဲကို အထိန်းအချုပ်မရှိဝင်ချသွားတာကနေ တိမ်တိုက်ကြီးထဲမှာ ဘယ်လို သဘာဝလွန်ဖြစ်ရပ်ဆန်းကြုံရမလဲ ဘယ်လိုရုန်းကန်ကြရလဲ ဘယ်လိုပြဿနာတွေတက်ကြလဲ လူတွေ သေဘေးနဲ့ကြုံရင် ဘယ်လိုပြုမူတတ်လဲဆိုတာကို အပြည့်အဝပုံဖော်ထားတာကိုရှုစားရမှာပဲ ဖြစ်ပါတယ်...