无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Above the Shadows (2019) ⭐IMDB: 6.1/10 (5 k Votes) 🎬 #Drama #Fantasy #Romance #Sport 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Holly ဆိုတဲ့ကောင်မလေးဟာ မိသားစုတစ်စုက အလတ်မလေးပေါ့..တစ်အိမ်လုံးနဲ့သူနဲ့က အကြောမတည့်ပေမယ့် အမေဖြစ်သူနဲ့တော့ အတော်လေးရင်းနှီးရှာတယ် တစ်နေ့အမေဖြစ်သူ ဆုံးသွားအပြီးမှာ သူမဘဝရုတ်ချည်းပြောင်းလဲခဲ့တယ်… ဖြစ်ပုံကတော့ တစ်မနက်ခင်းနိုးထလာတဲ့အချိန်မှာ သူမဟာကိုယ်ပျောက်သွားတာပါ.. ဒီလိုနဲ့ရှင်သန်လာရင်း တစ်နေ့မှာ သူ့ကိုမြင်နိုင်တဲ့ တစ်ဦးတည်းသောယောကျာ်း Shayne နဲ့တွေ့ဆုံခဲ့ပါတယ်.. Shayne ဟာလည်းတစ်ချိန်က လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့အမေ့ခံဖြစ်နေပါပြီ ဒီလိုမျိုး အကူအညီလိုနေကြတဲ့နှစ်ယောက်သားတွေ့ ကြချိန်မှာ တစ်ဦးကိုယ်တစ်ဦးဘယ်လိုကူညီကြမလဲဆိုတာ...
Vanquish (2021) ⭐IMDB: 3.0/10 (5 k Votes) 🎬 #Action #Thriller #Adventure 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၁ မှာ ထွက်ရှိခဲ့တဲ့ Vanquish ဇာတ်ကားဟာ နာမည်ကျော်သရုပ်ဆောင် Morgan Freeman အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action ကားကောင်းလေး တစ်ကား ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင် Morgan Freeman သရုပ်ဆောင်ထားတဲ့ ဒေမွန်ဆိုတဲ့ ဇာတ်ကောင်က အကျင့်ပျက် ရဲဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်ပြီး ဒုစရိုက်မှုတွေကို ဦးစီးလုပ်ကိုင်နေသူပါ. တစ်ရက်တော့ သူ့ရဲ့ မကောင်းမှုတွေ သူ့နောက်လိုက်လာတော့မလို ဖြစ်တဲ့အချိန်မှာ သူ့အိမ်က သူ့အတွက် အလုပ်လုပ်ပေးတဲ့ ကောင်မလေးနဲ့သူ့သမီးကို သူ ဘယ်လို အသုံးချမလဲ. အဲ့ကောင်မလေးကရော အတိတ်သမိုင်းတွေ ဘယ်လိုရှိပြီး ဒေမွန်ကို ဘယ်လို ဆက်ဆံမှာလဲ စတာတွေကို တစ်ကားလုံး အပစ်အခတ်တွေ လှည့်ကွက်တွေကြားမှာ ကြည့်ရှုခံစားရမဲ့ အက်ရှင်ကားကောင်းလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျ...
The Batman vs. Dracula (2005) ⭐TMDB: 69% User Score 🎬 #Action #Animation #Horror #Fantasy #Mystery 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Batman vs. Dracula (2005)=======================IMDb Rating – 6.6/10 Old but Gold, Batman animation ဇာတ်ကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်းဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန်တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animationကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံစားလိုက်ကြပါစို့။ ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ်ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင်ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာတွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ ပင်ကွင်းလည်း သူများအပြောနဲ့ ရတနာတွေ လိုက်ရှာရင်း ရှေးခေတ်က ဒရက်ကူလာကြီးရဲ့ အုတ်ဂူကို ဖွင့်မိသွားပါတော့တယ်။ဒီလိုနဲ့ ပြင်ဆင်ချိန်သာ ရှိမယ်ဆို ဘာကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ဆျာဘတ်နဲ့ ဒရက်ကူလာကြီးတို့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...
The Good Neighbor (2016) ⭐IMDB: 6.3/10 (18 k Votes) 🎬 #Crime #Drama #Horror #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့ အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့ အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကို ဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီး ဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်း ကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။ သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာ အဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးက လူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလို နေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော် နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင် ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။ Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက် တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albert စမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Harold အပေါ်အသုံးချကြမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီး ကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့ အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကို ကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။ အရင်က အတိတ်ဇာတ်လမ်းဟောင်းတွေထဲက ရုန်းမထွက်နိုင်ဘဲ စိတ်ဝေဒနာရှင် အရက်ဂျိုးကြီးဖြစ်နေတဲ့ Harold နဲ့ အသိဉာဏ်နုနယ်ပြီး မရင့်ကျက်တဲ့ ကျောင်းသား လူငယ်လေးနှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမှာလဲ။ ဒီအဖိုးကြီးက ညညဆိုရင် မြေအောက်ခန်းထဲကို ဝင်သွားတာပြီးတော့ ဒီမြေအောက်ခန်းထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ကျောင်းသားနှစ်ယောက်ဟာ မြေအောက်ခန်းထဲမှာ သူတို့သိပ်စိတ်ဝင်စားတဲ့အရာတခုကို ရှာတွေ့နိုင်ပါ့မလား။ Harold ကရော လူတွေနဲ့ ခပ်ကင်းကင်း နေထိုင်တာ ဘာကြောင့်လဲ၊ သူက Ethan ရဲ့မိဘတွေနဲ့ ဘယ်လိုရာဇဝင်ဟောင်းတွေရှိခဲ့တာလဲ ဆိုဝာာကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ရာကြည့်ရှုကြရမှာဖြစ်ပါတယ်...
A Chinese Ghost Story II (1990) ⭐TMDB: 67% User Score 🎬 #AChineseGhostStoryTrilogy #Action #Comedy #Fantasy 🗓 1990 🎞 movie 🌎 #HongKong ⏰ 1 နာရီ 43 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Chinese Ghost Story 1 ရဲ့အဆက်ပဲဖြစ်ပါတယ်.. စုစုပေါင်းသုံးကားတိတိရှိပြီးဒီလင့်မှာ သုံးကားလုံးကိုရှာနိုင်ပါတယ် နင့်ချိုင်ချန်ရဲ့ ချစ်သူတစ္ဆေမလေးနင့်ချိုင်ချန်တစ်ယောက် နောက်ဘဝကိုကူးသွားပြီးတဲ့နောက်မှာတော့ နှစ်အနည်းငယ်အကြာကနေ ဇာတ်လမ်းပြန်ဆက်ပြီးရိုက်ကူးထားပါတယ်.. အကြွေးလိုက်တောင်းတဲ့အလုပ်အဖြစ်တာဝန်ယူရတဲ့နင့်ချိုင်ချန်တစ်ယောက် ဇာတိမြေကို ပြန်အရောက်မှာအားလုံးအပြောင်းအလဲတွေဖြစ်ကုန်ပါပြီ..မတရားမှုတွေကြီးစိုးပြီး သရဲတစ္ဆေတွေပေါများလှတဲ့ နယ်မြေတစ်ခုမှာနင့်ချိုင်ချန်တစ်ယောက်ဘယ်လိုအသက်ရှင်အောင်ကြိုးစားရမလဲ.ပြီးတော့ နင့်ချိုင်ချန်နဲ့ပတ်သတ်တဲ့အချစ်ဇာတ်လမ်းလေးဘယ်လိုဆက်မလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုပါ...
Yuko Ono, The Pretty Secretary [FSDSS-586] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 6 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 FSDSS-586 Yuko Onoရဲ့ ဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ညိုကီတို့။ဆတ်ဆတ်ထိမခံ အတွေးရေးမှူးမလေးက ဥက္ကဌကြီးကို သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းလေးပေါ့။ယူကိုလေးက ကုမ္ပဏီတစ်ခုက အတွင်းရေးမှူးမလေး။ သူ့ကို သွားပုတ်လေလွင့်ပြောချင်တဲ့ပတ်ဝန်းကျင်ထဲမှာ သိမ်ငယ်နေရသူလေးတစ်ယောက်ပေါ့။ ဒီကြားထဲမှာ ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သူကလည်း တင်စီးပြီး သူ့လို တပြားတည်းရှိသူလေးကိုနှစ်ပြားမတန်အောင် ဆက်ဆံတတ်တဲ့သူ။ဒီမှာပဲ ယူကိုလေးရဲ့ ၀ူးမန်းပါဝါကိုပြတော့တာပါပဲ။ ယူကိုလေးရဲ့ ပြင်းထန်တဲ့ အမိန့်တွေအောက်မှာ ကုမ္ပဏီရဲ့ဥက္ကဌဖြစ်သူကြီးဘယ်လိုတွေတောင် ကျရှုံးရမလဲဆိုတာတော့ အားရကျေနပ်စွာနဲ့ နှလုံးပီတိဂွမ်းဆီထိလို့ကြည့်ရှုခံစားကြပါဦး အမှောင်မင်းသားတို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်) (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Umrao Jaan (2006) ⭐TMDB: 82% User Score 🎬 #Bollywood #Drama #Romance 🗓 2006 🎞 movie 🌎 #India ⏰ 3 နာရီ 1 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Umrao Jaan (2006)“ကြွေသောပန်း” ၂၀၀၆ မှာ ထွက်ခဲ့တဲ့ ရှေးခေတ်အိန္ဒိယ musical/romanceရုပ်ရှင်ကားဟောင်းလေး တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ Amitabh Bachchan ရဲ့သား Abhishek Bachchan နဲ့ သူ့မိန်းမဖြစ်သူMiss World – 1994 အလှမယ် Aishwarya Rai တို့ပါဝင်ထားပါတယ် အမီရန် ဆိုတဲ့ မိသားစုနဲ့အတူတူ နေထိုင်ပြီးစိတ်ထားဖြူစင်တဲ့ မိန်းမငယ်လေးတစ်ယောက် တစ်နေ့မှာ ကံကြမ္မာဆိုးတစ်ခုကို ကြုံရတယ် သူ့အဖေ တစ်ချိန်က သက်သေခံထွက်ဆိုပေးခဲ့ရတဲ့ လူ ထောင် ၇ နှစ်ကျသွားပြီးပြန်လွတ်လာတဲ့အချိန် ရန်ငြိုးကြောင့် လက်စားချေဖို့ အမီရန်ကို ဖမ်းခေါ်သွားလေရဲ့အဲဒီနေ့ကစလို့ အမီရန်ဆိုတဲ့ နာမည်ပျောက် ပြည့်တန်ဆာခေါင်း မစ္စခါနွမ်ဆီမှာရောင်းစားခံလိုက်ရပြီး Umrao Jaan အမည်ရှိ အထက်တန်းလွှာ အပျော်မယ်တစ်ဦးအဖြစ် ပုံသွင်းခံလိုက်ရတယ် တစ်နေ့တော့ ဒီမိန်းကလေး အချစ်ကို ရှာတွေ့ရင်းမှ ချစ်သူနဲ့ ပေါင်းရဖို့ ကြိုးစားလို့ရနိုင်မှာလား…အဖျက်အမှောက် အမျိုးမျိုးက သူတို့နှစ်ယောက်ကို အကြိမ်ကြိမ်တားရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့… ၁၈၀၀ ဝန်းကျင် အိန္ဒိယနိုင်ငံ ခေတ်စနစ်နောက်ခံတို့နဲ့အတူ အမီရန်ရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် တေးသံတွေကို နားထောင်ရင်း ခံစားကြည့်လိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်က CM Bollywood Team က ဖြစ်ပါတယ်...
Accepted the invitation-Mei Washio (SONE-117-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 29 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 JAV မင်းသမီးတွေထဲမှာ နုနုငယ်ငယ် ပြည့်ပြည့်တင်းတင်း အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ ချစ်စရာလေးဆိုရင် Mei Washio ပဲ ပြေးမြင်ကြမယ်ထင်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတိုင်းမှာ တက်ကြွတဲ့သူမရဲ့ပုံစံကို အမြဲမြင်တွေ့ရတတ်ပါတယ်. SONE-117-Decensored ဒီဇာတ်လမ်းမှာလဲ သဘောကောင်းတဲ့ ဦးဆောင်သူ မန်နေဂျာအစ်မကြီးအဖြစ် သူမကိုမြင်တွေ့ရမှာပါ။ Decensored Version နဲ့မလို့ Mei Washio ရဲ့ ပြည့်ဝပုံတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရဖို့ရှိပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Vash (2023) ⭐IMDB: 8.3/10 (1 k Votes) 🎬 #Bollywood #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vash 2023 မာယာရှင်ရဲ့လှည့်ကွက် သိပ္ပံပညာရဲ့တိုးတက်မှုနဲ့အမျှ အရာရာကို သိပ္ပံပညာနဲ့ဖြေရှင်းလို့ရလာပေမဲ့ အောက်လမ်း အထက်လမ်း သရဲ တစ္ဆေ ပရလောက အစရှိသဖြင့်လောကမှာ သိပ္ပံပညာနဲ့ ရှင်းမရတဲ့ပြဿနာတွေ အများကြီးပါပဲ။အခုဒီဇာတ်ကားလေးက ဒီလိုဖြစ်ရပ်တွေထဲကတစ်ခုပေါ့။ အာသာဗာက လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီး သားဖြစ်သူအန့်ရှ်နဲ့ သမီးဖြစ်သူအာရ်ယာဇနီးဖြစ်သူဘီမာနဲ့ အေးချမ်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးပေါ့။အာသာဗာကတော့ လက်တွေ့သမားပီပီ ဖြစ်ရပ်ဆန်းတွေကိုမယုံကြည်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ တစ်နေ့ ချောင်ကျတဲ့ရွာတစ်ရွာမှာ ခရီးထွက်ရင်းဖို့လုပ်ရင်း ပရာတာ့ပ်ဆိုတဲ့လူတစ်ယောက်နဲ့ဆုံပြီးပရာတာ့ပ်ရဲ့ကူညီမှု ဖော်ရွေမှုနဲ့ သူတို့မိသားစု ရင်းနှီးသွားကြတော့တာပေါ့။ ဒါပေမဲ့ မိသားစုထဲကိုပရာတာ့ပ်ရောက်လာပြီးတာနဲ့ အာရ်ယာတစ်ယောက် ထူးဆန်းတဲ့အမူအရာတွေပြလာတဲ့အခါမှာတော့… မိသားစုထဲမှာ ပြဿနာဖြစ်လာချိန်မှာ အိမ်ထောင်ဦးစီးဖြစ်တဲ့အာသာဗာတစ်ယောက်ပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ရှုစားကြပါဦး။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)...
Drug Hunting (2024) ⭐TMDB: 0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေတဲ့မူးယစ်ရာဇာဂိုဏ်းသားတွေကို တရုတ်နိုင်ငံကရဲတွေဖမ်းတဲ့ပုံစံကိုမှဒရမ်မာလေးနည်းနည်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ နိုင်ငံခြားကနေ မကြာသေးခင်ကမှပြန်လာပြီးထျန်းပို့ဆောက်ဆက်သွယ်ရေး company ရဲ့ လက်ထောက်ဒါရိုက်တာဖြစ်လာတဲ့ပေ့ပေ့ပန်းချီဆွဲရတာကိုဝါသနာပါပြီး တစ်နေ့ကျပန်းချီပြခန်းတစ်ခုဖွင့်ဖို့ကြိုးစားနေတဲ့ရွှယ်အာ မူးယစ်ဆေးတိုက်ဖျက်ရေးဌာနရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ခေါင်းဆောင်လင်ပေ့ပေ့တစ်ယောက်နိုင်ငံခြားကပြန်လာပြီးတော့ရည်းစားဟောင်းဖြစ်တဲ့ ခေါင်းဆောင်လင်ကိုပြန်ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ် ။ဒါပေမဲ့ ခေါင်းဆောင်လင်က ပေ့ပေ့ဦးလေးနဲ့အစ်ကိုဖြစ်သူကမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့သံသယရှိနေခဲ့တာပါ ။ ရည်းစားဟောင်းနဲ့ပြန်အဆင်ပြေချင်တဲ့ ပေ့ပေ့တစ်ယောက်ညီမလေးရွှယ်အာအတွက် ပန်းချီပြခန်းဖွင့်ဖို့စပွန်စာပေးခဲ့ပေမဲ့လည်းခေါင်းဆောင်လင်ကသူ့ကိုလက်မခံတဲ့အပြင် ရည်းစားရှိနေတာပါသိလိုက်ရပါတယ် ။ အဲဒီအချိန် ခေါင်းဆောင်လင်ကလည်း မူးယစ်ရာဇာတွေနောက်ကိုလိုက်ရင်းသဲလွန်စတွေတစ်ခုပြီးတစ်ခုရလာချိန်မှာတော့..ခေါင်းဆောင်လင်နဲ့ပေ့ပေ့ကြားဘယ်လို အခက်အခဲတွေပေါ်လာမလဲ ?မူးယစ်ဆေးအပြစ်ကျူးလွန်သူတွေကိုရော ဖမ်းမိနိုင်မလားဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော်...
DeAr (2024) ⭐IMDB: 6.6/10 (729 Votes) 🎬 #Bollywood #Drama #Family #Romance #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DEAR (2024)( ချစ်သော) 2024 အသစ်ထွက်တဲ့ ဘောလိဝုဒ်ကားတွေထဲကမှ IMDb 8.6/10 ရရှိထားတဲ့ဇာတ်အိမ်ခပ်ဆန်းဆန်းကားသစ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယတောင်ပိုင်းနိုင်ငံတကာရုပ်ရှင်ဆုရမင်းသမီးဖြစ်တဲ့ အစ်ရှ်ဝါရာ ရာဂျက်ရှ်နဲ့ သီချင်းထုတ်လုပ်သူအဖြစ်ပါနာမည်ကြီးတဲ့ ဂျီဗီ ပရာကတ်ရှ် ကူးမားတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီဗီကားက အလုပ်အကိုင်လည်းရှိ၊ ရုပ်ရည်လည်းလှပပေမဲ့သတို့သားများစွာရဲ့ ငြင်းဆိုခြင်းကို ခံလာရတဲ့ အပျိုဟိုင်းအလောင်းအလျာလေးပဲဖြစ်ပါတယ်။ငြင်းခံရတဲ့အကြောင်းအရင်းကလည်း သူ့ရဲ့ဆိုးရွားတဲ့ဟောက်သံကြောင့်ပါပဲ။စမိတ်ဆက်တဲ့အချိန်မှာတင် ဟောက်တတ်ကြောင်း စကားခံလေ့ရှိပြီးအိပ်ေရးပျက်မှာကိုကြောက်ကြတဲ့ သတို့သားများဟာလည်း တွေ့စမှာတင် တပ်ခေါက်ပြေးကြတော့တာပါပဲ။ တစ်ဖက်မှာလည်း အာဂျွန်က ဂျာနယ်လစ်ဖြစ်ဖို့ကို ရူးသွပ်နေတဲ့လူငယ်တစ်ယောက်ပါ။ဝါသနာနဲ့ ရည်မှန်းချက်ကိုပဲ တစိုက်မှတ်မှတ်လိုက်ရင်း တခြားဘာကိုမှ အာရုံမရှိတဲ့ကြိုးစားတဲ့လူတစ်ယောက်ပါ။ လက်ထပ်ဖို့ကိုလည်း သူလိုချင်တဲ့အလုပ်နဲ့အခြေကျပြီးနောက်ပိုင်းမှသာ စဉ်းစားချင်တဲ့သူတစ်ယောက်ပေါ့။ဒါပေမဲ့ အိမ်ထောင်ရေးကိုစွဲလန်းနေတဲ့ အသိုင်းအဝိုင်းကတော့သူ့ကို ဒီတိုင်းလွှတ်မထားခဲ့ပါဘူး။ အစ်ကိုနဲ့အမေရဲ့ စီစဉ်မှုနဲ့ ကြင်ဖက်တွေ့ပြီးနှစ်လအတွင်း အိမ်ထောင်ကျဖို့ဖြစ်လာပါတော့တယ်။ ကံကြမ္မာကိုက ဖန်လာတယ်ပဲ ပြောရမလား လက်မထပ်ချင်ပါဘူးဆိုမှသတို့သမီးရဲ့အမေနဲ့ အာဂျွန့်ရဲ့အမေတို့က ငယ်သူငယ်ချင်းတွေဖြစ်နေတဲ့အခါငြင်းမရတဲ့မင်္ဂလာပွဲကြီးဖြစ်လာပါတော့တယ်။ အိမ်ထောင်ရေးမှာ ဟောက်သံကြောင့်ထိခိုက်မှာစိုးနေတဲ့ မင်းသမီးနဲ့ အခြေမကျနိုင်သေးတဲ့မင်းသားတို့မိဘတွေစီစဉ်တဲ့အိမ်ထောင်ရေးမှာ အဆင်ပြေပြေနဲ့ဆက်သွားနိုင်ပါ့မလား။အပြတ်ပြတ်နဲ့ပဲ နှာခေါင်းသွေးထွက်ကြမလား ညှိယူပြီးပဲလက်တွဲသွားကြမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစ်ပါတယ်။...
The Wailing (2016) ⭐IMDB: 7.4/10 (82 k Votes) 🎬 #Drama #Horror #Mystery #Thriller 🗓 2016 🎞 movie 🌎 #SouthKorea #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 36 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wailing(2016) ***************** Exhuma 2024 သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် … တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာ တစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်း ပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်…Horror ကားကြိုက်သူများခံစားကြပါကုန်…. တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့် သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်း အင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက် ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။ မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီး သူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။ သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့ မိသားစုဝင် လူသတ်သမားတစ်ယောက်။ အလားတူဖြစ်ရပ်မျိုးတွေဟာ သူတို့ရွာမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ ဆေးစစ်ချက်တွေအရနဲ့ဆရာဝန်တွေရဲ့ပြောကြားချက်အရဆိုရင်တော့ သူတို့ရွာမှာ အလေ့ကျပေါက်လေ့ရှိတဲ့ မှိုအမျိုးအစားတစ်ချို့ကို လူတစ်ချို့စားသုံးမိပြီး စိတ်ဖောက်ပြန်ကာ မိမိရဲ့မိသားစုဝင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်တယ်လို့ကောက်ချက်ချပစ်လိုက်ကြတယ်။ ရှေးဆန်တဲ့ လူတစ်ချို့ကတော့ မယုံကြည်ကြဘူးပေါ့။ ဒီကြားထဲ ရွာထဲက မုဆိုးတစ်ယောက်က သူတောထဲမှာ ထို Japanese အဖိုးကြီးက ကိုယ်တီးလုံးနဲ့သမင်တစ်ကောင်ရဲ့အသားကို အစိမ်းလိုက်စားနေတာကို တွေ့လိုက်ရတယ်လို့ပြောလာတဲ့ သတင်းတစ်ခုကလည်း ထွက်လာတယ်။ တစ်ချို့ကလည်း ပြောကြတယ်။ မြစ်ကမ်းဘေးမှာ အဝတ်လာလာလှမ်းလေ့ရှိတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်ကို ထိုအဖိုးကြီးက မတော်မတရားကျင့်လိုက်ပြီး ရွာထဲမှာ ထိုကဲ့သို့သတ်ဖြတ်ခြင်း ဖြစ်ရပ်တွေ ဖြစ်လာတယ်လို့လည်း ဆိုလာကြပြန်တယ်။ ဒီလိုကောလာဟလ မျိုးစုံထွက်ပြီးတဲ့နောက်မှာတော့...
The Zombies (2024) ⭐TMDB: 90% User Score 🎬 #Action #Horror #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 11 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကွမ်ကျိုးမြို့ရဲ့ ဆိပ်ကမ်းကနေ မြို့ထဲကိုလာတဲ့လမ်းမှာရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်းရှိပါတယ် ။အဲဒီရှေးဟောင်းဘုရားကျောင်းကြီးကမကောင်းတဲ့အငွေ့အသက်အရမ်းပြင်းပြီးတော့ ပုပ်စော်တွေလည်းနံပါတယ်တဲ့ ။ တစ်ခါတစ်ခါဆို ဘုရားကျောင်းထဲကနေ တဟူးဟူးအော်သံတွေပါကြားရတတ်ပါတယ် ။တချို့လူတွေကတော့ လေတိုးသံလို့ပြောပေမဲ့ မြို့ထဲကတတ်သိနားလည်တဲ့လူကြီးတွေကတော့ အဲဒီဘုရားကျောင်းထဲမှာစွန့်ပစ်ထားကြတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရဲ့လေလွင့်ဝိညာဉ်တွေက အော်တယ်ဆိုပြီး ပြောကြပါတယ် ။ ဒီလိုဒွိဟဖြစ်စရာ ကောလဟယလတွေကြားမှာ အင်္ဂလိပ်တွေကအဲဒီလမ်းကနေ မြို့ထဲကိုဘိန်းမှောင်ခိုတင်သွင်းဖို့လုပ်ပါတော့တယ် ။အဲဒီဘိန်းမှောင်ခိုတင်သွင်းတဲ့လှည်းတန်းကြီးရှေးဟောင်းဘုရားကျောင်းကဖြတ်တဲ့အချိန်မှာတော့မထင်မှတ်ထားတဲ့ ပြဿနာတွေပေါ်ပေါက်လာပါတော့တယ် ။ ဟိုတုန်းက ဟောင်ကောင်ဖုတ်ကောင်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကျန်တာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ...
Disappear Completely (2022) ⭐IMDB: 6.3/10 (703 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #Mexico ⏰ 1 နာရီ 41 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Santiago ဆိုတဲ့လူဟာ Photographer တစ်ယောက်ဖြစ်ပြီး သတင်းစာတွေရဲ့ရှေ့မျက်နှာမှာပါဝင်ဖို့အမြဲကြိုးစားနေသူ တစ်ယောက်ပေါ့… သူဟာ အက်ဆီးဒင့်နဲ့သေတဲ့လူတွေလိုမျိုး ပုံပျက်နေတာတွေကိုအဓိကရိုက်လေ့ရှိပါတယ် တစ်နေ့တော့ ကိုယ်ဝန်သည်အမျိုးသမီးသေဆုံးနေတဲ့ သတင်းကိုရလို့ ဓာတ်ပုံသွားရိုက်ရင်းကနေ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်ပါတော့တယ် အဲဒီလိုနဲ့နောက်ဆုံးမှာတော့...
Disappear Completely (2022) ⭐IMDB: 6.3/10 (703 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #Mexico ⏰ 1 နာရီ 41 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Santiago ဆိုတဲ့လူဟာ Photographer တစ်ယောက်ဖြစ်ပြီး သတင်းစာတွေရဲ့ရှေ့မျက်နှာမှာပါဝင်ဖို့အမြဲကြိုးစားနေသူ တစ်ယောက်ပေါ့… သူဟာ အက်ဆီးဒင့်နဲ့သေတဲ့လူတွေလိုမျိုး ပုံပျက်နေတာတွေကိုအဓိကရိုက်လေ့ရှိပါတယ် တစ်နေ့တော့ ကိုယ်ဝန်သည်အမျိုးသမီးသေဆုံးနေတဲ့ သတင်းကိုရလို့ ဓာတ်ပုံသွားရိုက်ရင်းကနေ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်ပါတော့တယ် အဲဒီလိုနဲ့နောက်ဆုံးမှာတော့...
Cash Out (2024) ⭐IMDB: 4.9/10 (400 Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး John Travoltaရဲ့ ဘဏ်ဖောက်ကားတစ်ကားကို ထပ်မံရှုစားရဦးမှာဖြစ်ပါတယ်….။ ဒီဇာတ်ကားမှာတော့ မေဆန်(John Travolta)ဟာ နိုင်ငံတကာကအလိုရှိတဲ့နာမည်ကျော်သူခိုးဖြစ်ပြီး ခိုးဖို့အစီအစဥ်ချရာမှာ ကျွမ်းကျင်သူပါ…။ ဒီတစ်ခါလည်း ဘဏ်တိုက်ထဲကနေ crypto walletတစ်ခုကို ခိုးယူဖောက်ထွင်းဖို့ကြံစည်ပါတယ်…။ သူတို့မသိလိုက်တာ ဒီဖောက်ထွင်းမှုဟာ FBIဖက်က ထောက်ချောက်ဆင်ထားတာဖြစ်ပြီး သူတို့ဖောက်ထွင်းမယ့် ပစ္စည်းကလည်း ဟန်ပြသက်သက်ဖြစ်နေတဲ့အခါ….။ ဘဏ်ထဲမှာ ပိတ်မိနေတဲ့ ကျွမ်းကျင်သူခိုးအုပ်စုတစ်စုဟာ ရဲတွေလက်ကလွတ်အောင် ဘယ်လိုအကွက်ချပြီး လွတ်မြောက်လာမလဲဆိုတာကို ရှုစားရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်...
Humane (2024) ⭐IMDB: 5.3/10 (947 Votes) 🎬 #Horror #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 34 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာ အသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင် အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg က ရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့ Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါ ပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက် ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့် ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့ သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကို ပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက် နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက် စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်း ဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီး ချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာက သူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့် အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်က ရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲ ဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှ သားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက် မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။...
Happy Ghost V (1991) ⭐TMDB: 53% User Score 🎬 #Comedy #Fantasy #HappyGhost 🗓 1991 🎞 movie 🌎 #HongKong ⏰ 1 နာရီ 28 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 5 ဖြစ်ပါတယ်..စုစုပေါင်း ငါးကားတိတိရှိပြီးတော့အရှေ့က ၄ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ် Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ် Kathy မှာ အရမ်းချစ်စရာကောင်းပြီး သိတတ်တဲ့ မက်ဂျစ်လို့ခေါ်တဲ့ခွေးလေးတစ်ကောင် ရှိပါတယ်။ သူမရဲ့ အမေရိကန်မှာရှိတဲ့မိဘတွေဆီ အလည်သွားနေတုန်း ရည်းစားဖြစ်သူ အားကျယ်ဆီ အပ်ခဲ့ပါတယ်။ဒါပေမဲ့ အားကျယ်က မက်ဂျစ်ကို ကြည့်မရသူ ဖြစ်တဲ့အတွက်သေချာဂရုမစိုက်ပဲ ဖြစ်သလိုထားခဲ့ပါတယ်။ ဒါနဲ့ မက်ဂျစ်ဟာ အိမ်က ထွက်ခဲ့ပြီး ဘုရားကျောင်းတစ်ခုကို ဖြတ်သွားချိန်ဖယောင်းတိုင်မီးကြောင့် လောင်ကျွမ်းနေတဲ့အပျော်နတ်ဘုရားရုပ်တုကို ကယ်ခဲ့ပါတယ်။ အပျော်နတ်ဘုရားကလည်းကိုယ်ထင်ပြပြီး မက်ဂျစ်ရဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့ ကတိပေးခဲ့ပါတယ်။ မက်ဂျစ်က လူဖြစ်ချင်တယ်လို့ ဆုတောင်းတော့ အပျော်နတ်ဘုရားက၄၉ ရက်တာ လူဖြစ်ခွင့်ပေးခဲ့ပါတယ်။ ခွေးလေး မက်ဂျစ်ကနေလူယောကျာ်းမက်ဂျစ် ဖြစ်သွားပြီးနောက် ဘယ်လိုအလွှဲလေးတွေ ဖြစ်မလဲ……သူ့သခင် Kathy နဲ့တွေ့ရတဲ့အခါ သူ့ကို မှတ်မိလိမ့်မလား……Kathy နဲ့ အားကျယ်ကြားမှာ မက်ဂျစ်တစ်ကောင်ဘယ်လိုဝင်ရှုပ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ရယ်မောလိုက်ရအောင်နော်။...
Happy Ghost IV (1990) ⭐TMDB: 56% User Score 🎬 #Comedy #Fantasy #HappyGhost #Horror 🗓 1990 🎞 movie 🌎 #HongKong ⏰ 1 နာရီ 29 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်..အရှေ့က ၃ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ် Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ် ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့်ဇာတ်လမ်းဇာတ်ကွက်တွေဘာမှဆက်စပ်မှုမရှိပါဘူး.အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်… အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီးဇာတ်လမ်းဇာတ်ကွက်တူညီခြင်းမရှိလို့ ကြည့်ရတာကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူး အရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်ကပညာရှိစာမေးပွဲကိုအကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့်အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာသူ့မိန်းမကိုယ်တိုင်ကထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက် ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေခဲ့ပါတယ်လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲတွယ်ကပ်နေခဲ့ပါတယ်တစ်နေ့မှာ မြို့ကကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကိုရောက်ရှိသွားပါတယ်ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့သိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်တွေကိုသေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ်ဒါက အပိုင်း ၁ ပါ..အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့် Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ……..ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့Happy Ghostရဲ့ကူညီပေမယ့် အလွဲလွဲအချော်ချော်ဖြစ်နေတာကြောင့်လက်ရှိဘဝကအားကွေ့ဟာတော်တော်စိတ်ညစ်နေရပါပြီ။အဲဒါကြောင့် သူ့ရဲ့အရင်ဘဝအစောင့်အရှောက်သရဲHappy Ghostကိုအမြန်ထွက်သွားစေချင်နေလှပြီ။ အဲဒီလိုနဲ့အရင်ဘဝကကောင်းမှုတွေအရမ်းလုပ်ခဲ့တာကြောင့် ဘုရားဖြစ်တော့မှာဖြစ်လို့ထွက်သွားရတော့မယ့်အချိန်မှာမှမကျွတ်မလွတ်သရဲတစ်ကောင်ကရန်ညှိုးထားပြီးအားကွေ့ရဲ့ကောင်မလေးကိုလိုက်သတ်တဲ့အတွက် ပြန်လာပြီး ကယ်ရပါပြန်ပါတော့တယ်။ အဲဒါအပြင် ရည်းစားလုဘက်ရဲ့တပည့်ကလဲ အားကွေ့ကိုသတ်ဖို့ကြိုးစားနေတော့အလွဲလွဲအချော်ချော်နဲ့ အန္တရာယ်တွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာအားလုံးပဲဆက်ကြည့်လိုက်ပါဦးနော်။Happy Ghostဆိုတဲ့အတိုင်း အားလုံးကိုပျော်ရွှင်စေနိုင်မှာသေချာပါတယ်။...
Mischievous Kiss the Movie Part 1: High School (2016) ⭐IMDB: 5.7/10 (127 Votes) 🎬 #Asian #Romance #Comedy #Drama 🗓 2016 🎞 movie 🌎 #Japan ⏰ 1 နာရီ 44 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mischievous Kiss: Highschool (2016) IMDb – 5.7My Drama List – 7.4 1990 ခုနှစ် June လကနေ 1999ခုနှစ် March လအထိ ကိုးနှစ်တာ Margaret မဂ္ဂဇင်းမှာ ထည့်သွင်းရေးသားတင်ဆက်ခဲ့တဲ့ Mangaစာရေးဆရာ Kaoru Tada ရဲ့ Mangaအပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ စာညံ့တဲ့အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ အာအိဟာရာခိုတိုခိုက ကျောင်းရဲ့ထိပ်တန်းကျောင်းသား အီရိအဲနာအိုခိကို ပထမဆုံးတွေ့ခဲ့တဲ့အချိန်၊ ပထမနှစ်ကျောင်းဝင်ခွင့်အခမ်းအနားမှာပဲ စတင်ချစ်မိခဲ့ပါတယ်။ ဒီလိုနဲ့ သူ့အချစ်ကိုဖွင့်မပြောဘဲနေလာခဲ့တာ အခုဆို တတိယနှစ်တောင်ရောက်ခဲ့ပါပြီ။ တတိယနှစ်ပထမဆုံးနေ့မှာပဲ ခိုတိုခိုတစ်ယောက် သူ့အချစ်တွေကို ဝန်ခံဖို့အတွက်ဆုံးဖြတ်ပြီး အီရိအဲကိုစာပေးခဲ့ပါတယ်။ ဒါပေမဲ့ အီရိအဲကတော့ စာကိုယူတောင်မယူဘဲ စာညံ့တဲ့မိန်းကလေးတွေကို စိတ်မဝင်စားဘူးလို့ပြောပြီး တစ်ကျောင်းလုံးအရှေ့မှာ ငြင်းလိုက်ပါတော့တယ်။ တစ်ရက်မှာတော့ ခိုတိုခိုတို့က အိမ်အသစ်ကိုပြောင်းပြီး ပစ္စည်းတွေနေရာချတုန်းမှာပဲ ဆောက်လုပ်ရေးအဖွဲ့ရဲ့အမှားကြောင့် အိမ်ပြိုကျပြီး သတင်းမှာပါ ပါလာခဲ့တဲ့အတွက် ခိုတိုခိုတစ်ယောက် အရှက်ပေါ်အရှက်ဆင့်နေပါတယ်။ ခိုတိုခိုကိုကြိုက်နေတဲ့ ကင်းနိုဆကဲဆိုတဲ့ကောင်လေးက အီရိအဲကိုရန်သွားရှာတဲ့အခါမှာတော့ အီရိအဲက အလှူငွေထည့်ရင်ရပြီမလားလို့ပြောပြီး ပိုက်ဆံနဲ့ဖြေရှင်းဖို့လုပ်ပါတော့တယ်။ ဒါကို ခိုတိုခိုက အီရိအဲကို သေတောင် နင့်အပေါ်မှာတော့ ကျေးဇူးကြွေးအတင်မခံနိုင်ဘူးလို့ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ခိုတိုခိုရဲ့အဖေက သူ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ သွားနေရမယ်လို့ပြောပြီး အဲဒီအိမ်ကိုရောက်သွားတဲ့အခါမှာတော့ အီရိအဲရဲ့အိမ်ဖြစ်နေပါတယ်။ ခိုတိုခိုတစ်ယောက် အီရိအဲနဲ့ တစ်အိမ်တည်း တစ်ကျောင်းတည်းနေရင်း အီရိအဲကိုမေ့ပစ်နိုင်ပါ့မလား၊ အီရိအဲဘက်က ဘယ်လိုတွေဆက်ဆံဦးမလဲ၊ အီရိအဲတို့အိမ်မှာရော ခိုတိုခိုတို့ အဆင်ပြေပါ့မလား စတာတွေကို ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ကြရအောင်...
