ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Cocorico (2024) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 31 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ပြင်သစ်မိသားစုဟာသဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဖရန်ဆွာနဲ့အဲလစ်တို့ဟာချစ်သူတွေပါ ဖရန်ဆွာရဲ့ဖခင်ဟာမျိုးချစ်တစ်ယောက်ဖြစ်ပြီး ပြင်သစ်ပြည်တွင်းဖြစ်”Peugot”ကားအမျိုးအစားကိုရောင်းအဝယ်လုပ်တဲ့သူပါ အဲလစ်ဖခင်ကတော့ ပြင်သစ်သမိုင်းတစ်လျှောက်မှာ မြို့စားနယ်စားမျိုးရိုးကဆင်းသက်လာတဲ့သြဇာရှိတဲ့သူဌေးတစ်ဦးပါ သူကလည်း ရာထူးကြီးမိသားစုကဆင်းသက်လာရတဲ့အတွက် အင်မတန်ဂုဏ်ယူနေသူတစ်ဦးပါ တစ်နေ့မှာ ဖရန်ဆွာနဲ့အဲလစ်တို့ဟာ လက်ထပ်တော့မှာဖြစ်တာကြောင့် နှစ်ဖက်မိဘတွေကိုပေးတွေ့ပါတော့တယ် ပေးတွေ့တဲ့အခါမှာလည်း ရိုးရိားပေးမတွေ့ဘဲ အပျော်လေးဖြစ်သွားအောင်ဆိုပြီး မိဘတွေကဘယ်လူမျိုးဖြစ်မလဲဆိုတာသိရဖို့ မျိုးနွယ်ရင်းဇစ်မြစ်ကိုသိနိုင်မယ့်ဒီအန်အေဆေးစစ်ချက်တွေကိုလက်ဆောင်အနေနဲ့ပေးပါတယ် ပျော်စရာကောင်းအောင်ဆိုပြီး အဲ့လိုလုပ်လိုက်မှပဲ မထင်ထားတာတွေဖြစ်လာပြီး ပြဿနာမီးတွေပေါ်ပေါက်လာပြီး ပြင်သစ်လူမျိုးဖြစ်ရတာကိုဂုဏ်ယူနေကြတဲ့လူနှစ်ယောက် သူတို့ရဲ့ဒီအန်အေဆေးစစ်ချက်တွေမှာ သူတို့ဟာ 100%ပြင်သစ်စစ်စစ်ဖြစ်မနေတဲ့အခါ….. ဘယ်လိုတွေလောင်ကြမလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်
...

Nagendran's Honeymoons (2024) ⭐IMDB: 5.8/10 (338 Votes) 🎬 #Comedy #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 31 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nagendran’s Honeymoons (2024) fix“မချောငါးယောက် ကိုယ်တစ်ယောက်” CM ပရိသတ်ကြီး အပန်းပြေစေဖို့ အသစ်ထွက်ရှိလာတဲ့ မလေယာလမ်ဟာသစီးရီးအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉၇၀ ကာလ ကျေးလက်ဒေသမှာ ဇာတ်လမ်းတည်ထားပြီး ငိုရခက် ရယ်ရခက်နာဂျန်ဒရန်ဟာ တာဝန်ယူချင်စိတ်ကင်းမဲ့သူတစ်ယောက်ပါ အမေ့လုပ်စာထိုင်စားနေရပြီးအားတိုင်းအပျင်းတစ်နေကာ ဘာအလုပ်မှမလုပ်ဘဲဆန်ကုန်မြေလေး ဘဝမှာ နေပျော်ရင်း … တစ်နေ့ သူငယ်ချင်းတစ်ယောက်က ကူဝိတ်နိုင်ငံမှ ပြန်လာတဲ့အခါ စကားစမြည်ပြောကြရင်းကနိုင်ငံခြားအလုပ်သွားလုပ်ဖို့ အကြံရလာပါတယ် မိန်းမတွေကို ရှာကျွေးရမှာကြောက်လို့ မပတ်သက်တဲ့ နာဂျန်ဒရန်ဟာဗီဇာအတွက် လိုအပ်တဲ့ပိုက်ဆံရဖို့ မင်္ဂလာအသွင်းပစ္စည်းမျှော်ကိုးပြီးလူကြီးချင်းသဘောတူထားတဲ့ ကောင်မလေးနဲ့ လက်ထပ်လိုက်ရာမှဘယ်လိုအလွဲတွေ အရှုပ်တွေဆက်ဖြစ်ဦးမှာလဲဆိုတာကို ပရိသတ်ကြီးဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Bluri ~ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn Lunn တို့ပဲ ဖြစ်ပါတယ်
...

Widow Clicquot (2023) ⭐IMDB: 6.3/10 (498 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 💠 မုဆိုးမကလီကိုး(1777-1805)ဟာ နပိုလီယံ​​ခေတ် ဝိုင်လောကရှန်ပိန်သမိုင်းမှာ ရှန်ပိန်ဖော်စပ်တဲ့နေရာမှာထင်ရှားလွန်းလို့ ”ရှန်ပိန်လောကရဲ့ဖွားအေကြီး”လို့တောင်တင်စားခေါ်ဝေါ်ရတဲ့အထိ တကယ့်ဆရာတစ်ဆူအဖြစ်သမိုင်းဝင်ခဲ့တဲ့ ဂန္ဓဝင်အမျိုးသမီးကြီးတစ်ဦးပါ 💠 ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရပြီး ၁၉ရာစုအစောပိုင်းလူမှုရေးစံနှုန်းတွေအတိုင်း ယောကျ်ားတွေပဲအရာရာကိုလွှမ်းမိုးနေတဲ့​ခေတ် ဝိုင်ဖောက်တဲ့နေရာမှာ မိန်းမတစ်ယောက်ဥိီးစီးလို့မရတဲ့ခေတ်မှာ သွားလေသူ သူ့ယောကျ်ားရဲ့ စွဲလမ်းရူးသွပ်ခဲ့ရာစပျစ်ခင်းနဲ့စပျစ်ဝိုင်ထုတ်လုပ်ရေးကို အတိုက်အခိုက်တွေကြားထဲကဆက်ပြီးဥိီးဆောင်ရုန်းကန်ခဲ့တဲ့ ပြင်သစ်သူအာဂမိန်းမ ဘာ့ဘ်နီကိုးကလီကိုးရဲ့အထ္တုပတ္တိကို ဇာတ်လမ်းပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် 💠 ကွယ်လွန်သူယောကျ်ားချခဲ့တဲ့အုတ်မြစ်ကို လက်မလျှော့ဘဲ ​အခက်အခဲမျိိုးစုံလူမျိုးစုံကိုရင်ဆိုင် ”လောကဓံဆိုတာဘာလဲ မမှုဘူး ယုံကြည်ရာနောက်ကို ရေဆုံးမြေဆုံးလိုက်မယ်”ဆိုတဲ့ခံယူချက်နဲ့ ခုခေတ်မှာထိပ်တန်းနာမည်ကြီးဝိုင်တွေဖြစ်လာမဲ့ မုဆိုးမဝိုင်လို့လူသိများတဲ့1. *Veuve Clicquot Yellow Label Brut*2. *Veuve Clicquot Rosé*3. **Veuve Clicquot La Grande Dame**တွေကိုတီထွင်ဖော်စပ်ခဲ့တဲ့တကယ့်Legendအမျိုးသမီးကြီးရဲ့အကြောင်းကို ရုပ်ရှင်အနေနဲ့ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ် 💠 ကလီကိုးစုံတွဲရဲ့နက်နဲတဲ့ရိုမန့်တစ်အချစ် ဝိုင်ဖောက်လုပ်ငန်းအပေါ်မှာထားတဲ့စိတ်ခံစားချက်အတိမ်အနက် ဒူပေနာပေခံမှုတွေ တီထွင်ဆန်းသစ်မှုတွေကို ဒိုင်ယာလော့ခ်ကောင်းကောင်းတွေနဲ့ ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှူခံစားလိုက်ကြပါအုံးး
...

Inside I'm Dancing (2004) ⭐TMDB: 74% User Score 🎬 #Drama 🗓 2004 🎞 movie 🌎 #France #Ireland #UnitedKingdom ⏰ 1 နာရီ 45 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ! ဒီနေ့မှာ “Rory O’Shea Was Here” ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ လူ့ဘဝရဲ့ အားမာန်နဲ့ ပြည့်စုံမှုကို ရင်ထိုးရင်နာဖြစ်စေမယ့် ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Michael (Steven Robertson) ဟာမွေးစဥ်ကတည်းကမသန်စွမ်းသူ ဖြစ်ပြီး အပြင်းအထန်ကြံ့ကြံ့ခံစိတ်ဓာတ်နဲ့ ဘဝကို ကြုံကြုံဆန်ဆန် ရင်ဆိုင်နေသူတစ်ဦးပါ။ သူဟာ တစ်ချိန်မှာ Rory O’Shea (James McAvoy) နဲ့ တွေ့ဆုံခဲ့ပြီး အကျွမ်းတဝင်ဖြစ်လာပါတော့တယ်။ Rory ကသွားလာရခတ်တဲ့ဒုက္ခတတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ စိတ်အားမာန်နဲ့ ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘဝကို အခွင့်အရေးရဖို့ ကြိုးစားနေကြတဲ့ လူငယ်နှစ်ဦးပါ။ Rory ရဲ့ ကူညီမှုနဲ့ Michael က ပိုမိုလွတ်လပ်တဲ့ ဘဝကို ရယူဖို့ကြိုးစားပါတော့တယ်။ သူတို့အခက်အခဲတွေကို ရင်ဆိုင်ရင်း ဘဝရဲ့ အနုပညာနဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိရမှာပါ။ “Rory O’Shea Was Here” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ အားမာန်ပေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ လက်မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ ကြည့်ရှုခံစားပေးကြပါဦး။
...

The Young Hoodlum (2024) ⭐TMDB: 0% User Score 🎬 #Crime 🗓 2024 🎞 Series 🌎 #China #Taiwan ⏰ 1 နာရီ 19 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆင်းရဲမှာနဲ့ သေမှာ ဘယ်ဟာကိုကြောက်လဲ။ The Young Hoodlumရုပ်ရှင်က က ဆယ်ကျော်သက်အရွယ် ကောင်လေး ၄ ယောက်ငွေနောက်လိုက်ပြီး လမ်းမှားပေါ် ရောက်သွားတဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဝူချန်ဟန့်ဟာ ညီမလေးရီရွှမ်းနဲ့အတူ အရက်သမားအဖေရဲ့နှိပ်စက်သမျှ ခံနေရသူဖြစ်ပါတယ်။ နောက်ထပ် သူ့လိုအောက်ခြေဘဝမှာ အတူတူကြီးပြင်းလာတဲ့ ညီအစ်ကိုလိုခင်ရတဲ့ သူငယ်ချင်း ၃ ယောက်လည်း ရှိပါသေးတယ်။သူတို့ ၄ ယောက်ဟာ ငွေလွယ်လွယ်နဲ့ ရမဲ့ လိမ်လည်ရတဲ့အလုပ်တွေကိုပဲ အပျော်လို့ သဘောထားပြီး လုပ်နေကြပါတယ်။ ရီရွှမ်းရဲ့ မွေးနေ့မှာ လျိုဖျင်ရန်ဆိုတဲ့ ကောင်မလေးနဲ့ ခင်သွားခဲ့ပြီးသူတို့ မမြင်ရတဲ့ ဘဝတစ်မျိုးကို မြင်ခဲ့ရပါတယ်။ပိုက်ဆံကို လွယ်လွယ်နဲ့ ရှာခဲ့ပြီးနောက် လောဘဇောမသက်နိုင်ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာ လျိုဖျင်ရန်က ဦးဆောင်ပြီး သူ့မိဘဆီကပိုက်ဆံတောင်းဖို့ ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းကို ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ လူ့စိတ်ဆိုတာ ခန့်မှန်းရခက်တဲ့အတွက်သူတို့ ပြန်ပေးဆွဲဖို့ အကြံအစည်က အောင်မြင်ပါ့မလား……စနောက်ခြင်းကနေ ဒုစရိုက်အစစ် ကျူးလွန်မိသွားတဲ့အခါဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Paparazzi (2004) ⭐TMDB: 53% User Score 🎬 #Action #Drama #Thriller 🗓 2004 🎞 Series 🌎 #UnitedStatesofAmerica #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ…ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ… ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ…သူဟာမိသားစုကိုအလေးထားသူပါ….ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်….အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်… တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်…. ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ… ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ
...

The Door in the Floor (2004) ⭐TMDB: 61% User Score 🎬 #Drama #Comedy 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။ လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။ အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
...

Mr. 3000 (2004) ⭐TMDB: 53% User Score 🎬 #Comedy #Drama 🗓 2004 🎞 tv series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ ဇာတ်ကားလေးကတော့ ၂၀၀၄တုန်းက ထွက်ထားတဲ့ Mr 3000ဆိုတဲ့ဟာသအားကစားရုပ်ရှင်လေးပါ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Charles Stone IIIက ရိုက်ကူးထားပြီး နာမည်ကြီးဟာသသရုပ်ဆောင် Bernie Macနဲ့ Angela Bassett တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ဘေ့စ်ဘောလောကနေ အနားယူသွားပြီဖြစ်တဲ့ မေဂျာလိဂ်ကစားသမား စတန်းရော့စ်ဟာ ရိုက်ချက် ၃၀၀၀ပြည့်ပြီး ကြယ်ပွင့်စာရင်းဝင်အဖြစ် အသိမှတ်ပြုခံရဖို့ သူ့အသက် ၄၇နှစ်မှာ ဘေ့စ်ဘောလောကထဲသို့ ခြေချလာပါတော့တယ် အသက်အရွယ်ရတာနဲ့အညီ ခေတ်ရေစီးကြောင်းတိုးတက်မှုနဲ့ တစ်တန်းတည်း မလိုက်နိုင်တဲ့ စတန်းရော့စ်တစ်ယောက် မကစားတာကြာပြီဖြစ်တဲ့ ဘေ့စ်ဘောကို လူငယ်တွေနဲ့အပြိုင် ဘယ်လို ကစားမလဲ အသင်းဖော်တွေနဲ့ရော ဘယ်လို လိုက်လျောညီထွေဖြစ်အောင်နေမလဲ သူလိုချင်တဲ့ပန်းတိုင်ကို အဆုံးသတ်မှာ ရောက်ပါ့မလားကို ရယ်ကာမောကာ ကြည့်ရှုရမှာဖြစ်ပါတယ် ဟာသကား အားကစားရုပ်ရှင် ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် စတန်းရော့စ်ရဲ့ ဘေ့စ်ဘောလောကသို့ တစ်ကျော့ပြန်ခရီးကို မိတ်ဆက်ပေးလိုက်ပါတယ် ဇာတ်ညွှန်းရေးသားသူ
...

Shaman: Whispers from the Dead (2024) ⭐TMDB: 0% User Score 🎬 #Documentary #Talk 🗓 2024 🎞 Series 🌎 #SouthKorea ⏰ 55 မိနစ် 47 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shaman: Whispers from the Dead (2024) *************************************** အပိုင်း (၁ မှ ၈) စ/ဆုံး ဒီDocumentary ‌လေးကတော့ပရလောကသားများကို မျက်ဝါးထင်ထင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများ၊ စိတ်ခြောက်ခြားတုန်လှုပ်စေတဲ့အထိ နှောင့်ယှက်ခံခဲ့ရသူများရဲ့  ဖြစ်ရပ်မှန် ရင်ဖွင့်စကားသံများနဲ့အတူ ကိုရီးယားနိုင်ငံရဲ့ နတ်ဝင်သည် လောကအကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ မမြင်အပ်တဲ့ ပရလောကသားတွေရဲ့ ပူးကပ်နှောင့်ယှက်ခံရမှုမျိုးစုံကို ကျောချမ်းစရာ တွေ့မြင်ရမှာဖြစ်သလို ကိုရီးယားနိုင်ငံရဲ့ ရိုးရာကန်တော့ပွဲတွေ အကြောင်း၊ ကိုရီးယားနိုင်ငံရဲ့ တစ္ဆေမျိုးစုံအကြောင်းနဲ့ ဝိညာဉ်ပူးကပ်ခံရခြင်း အကြောင်းအရင်းတွေကိုလည်း စိတ်ဝင်တစားနဲ့ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ထိတ်လန့်စရာ ဖြစ်ရပ်မှန် ဇာတ်လမ်းများကို အသက်ဝင်အောင် ပုံဖော်ရိုက်ကူးပြသထားပြီး တွေ့ဆုံမေးမြန်းသူများအဖြစ် Vigilanteထဲက မင်းသားကြီး Yoon Ji Taeနဲ့ Big Mouth ဇာတ်လမ်းထဲက မြို့တော်ဝန်ရဲ့ ဇနီးဖြစ်သူ မင်းသမီး Ok Ja Yoon တို့က ပါဝင်ထားပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပါတယ်။)
...

Tribhuvan Mishra CA Topper (2024) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama #Comedy #Crime #Thriller 🗓 2024 🎞 tv series 🌎 #India ⏰ 59 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tribhuvan Mishra CA Topper S01 9eps(2024) ရုံးစာရေးလေး မစ်ရှရာ IMDb-7/10 CA စာမေးပွဲမှာ ထိပ်ဆုံးအဆင့်နဲ့အောင်မြင်ခဲ့တဲ့မစ်ရှရာတစ်ယောက် ရိုးသားကြိုးစားလွန်းတဲ့ဂုဏ်ကြောင့်ဘဝတက်လမ်းမထွန်းပေါက်ဘဲ သာမန်လူလတ်တန်းစားဘဝလေးနဲ့ပဲကျပ်ကျပ်တည်းတည်းကျင်လည်နေခဲ့တယ် ။ ရိုးဂုဏ်ကတော့ ရုံးမှာ အမျိုးသမီးအဖွဲ့လိုက်ရှိတဲ့နေရာတွေကို သွားဖို့ရှက်သည်ထိပါပဲ။ ကလေးနှစ်ယောက်နဲ့အိမ်ထောင်သည်ဘဝ ၊ ဇာတိမြို့မှာကျန်ခဲ့တဲ့မိသားစုမိသားစုနှစ်စုစာရဲ့အသုံးစရိတ်တွေက ရုံးလစာနဲ့မလည့်တလည်ပါပဲ။ တစ်နေ့ လစာရောချေးငွေတွေပါအပ်ထားတဲ့ ဘဏ်က အကောင့်တွေပိတ်သိမ်းလိုက်တဲ့အချိန်မှာ…..လုပ်ငန်းခွင်မှာလည်း သူမလိုလားတဲ့လာဘ်ပေးလာဘ်ယူမှုတွေက ရှောင်လွှဲလို့မရတော့တဲ့အချိန်မှာ…..သူရွေးချယ်လိုက်တဲ့အရာက အလိုဆန္ဒမပြည့်ဝတဲ့အမျိုးသမီးတွေအတွက် အဖြည့်ခံလူသားတစ်ယောက်ဘဝ သူဝန်ဆောင်မှုပေးရတဲ့သူတွေက သာမန်အိမ်ထောင်သည်အမျိုးသမီးတွေမဟုတ်ဘဲအကောင်ကြီး ဇိုးတွေရဲ့ဇယားတွေနဲ့ပါပတ်သတ်လာရတော့ သူ့ဆီကိုရောဘယ်လိုပြဿနာတွေရောက်လာဦးမလဲ ဒီဇာတ်လမ်းက Netflix မှာစတင်ပြသဖို့ teaser ထွက်တည်းက CA ပညာတတ်အသိုင်းအဝိုင်းနဲ့ဖြေဆိုသူတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေမှုနဲ့ Boycott ဖို့ ဝေဖန်မှုတွေပြင်းထန်နေတဲ့ကားပဲဖြစ်ပါတယ် အဓိကဇာတ်ကောင်ကို CA topper ဆိုပြီး တကူးတကဘာကြောင့်ထည့်ရိုက်ထားရတာလဲဆိုတာတော့ ကိုယ်တိုင်ပဲရှုစားအဖြေရှာကြည့်ပါတော့ Disclaimer ; အသက်မပြည့်သေးသူများနှင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်သောဇာတ်ဝင်ခန်းများ များစွာပါဝင်ပါသည် အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

In the Land of Women (2007) ⭐TMDB: 59% User Score 🎬 #Comedy #Drama #Romance 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 In The Land Of Women (2007) စာရေးဆရာကောင်လေး Carter က စော်ပစ်ခံရပြီးနောက်ပိုင်း ဒီပျက်ရှင်ဝင်ရာကနေ သူ့ရဲ့နေမကောင်းတဲ့အဖွားကိုပြုစုရင်း တစ်ယောက်တည်းနေတော့မယ်ဆိုပြီး LA ကနေ Michigan မြိုလေးကို ပြောင်းလာခဲ့တယ်။ အဲဒီမှာ Sarah ဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့တွေ့ပြီး ရင်ဖွင့်ဖြစ်ရင်း ရင်းနှီးလာရာကနေ Sarah ရဲ့ သမီးနှစ်ယောက်နဲ့ ခင်မင်ပြီး သူ့ရဲ့ စာရေးဖို စိတ်အားထက်သန်မှုတွေပါ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမဲ့ Carter ရဲ့ Sarah အပေါ် ခံစားချက်တွေက အိမ်နီးချင်းမိတ်ဆွေအဆင့်ထက်ပိုလာရုံတင်မကဘဲ Sarah ရဲ့ သမီးကြီး Lucy ကပါ Carter အပေါ် စိတ်ယိုင်လာတော့ နဂိုကတည်းက ဖောက်ပြန်မှုရှိနေတဲ့ Sarah တိုမိသားစုကြား ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်ကုန်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသတွေနဲ့နှောပြီး စိတ်ဝင်စားဖွယ်ရာ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Casshern (2004) ⭐TMDB: 59% User Score 🎬 #Drama #Horror #ScienceFiction 🗓 2004 🎞 movie 🌎 #Japan ⏰ 2 နာရီ 23 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ရန်သူအသစ်ကို တိုက်ထုတ်ဖို့အတွက် superhuman စွမ်းအားနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ လူငယ်တစ်ံယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဂျပန် sci-fi ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေအပေါ် လေးလေးနက်နက်သုံးသပ်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အက်ရှင်ပြကွက်အကြမ်းစားတွေနဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေပေါင်းစပ်ထားတဲ့အတွက် ကြည့်ရတာ အရသာတစ်မျိုးတော့ဖြစ်နေမှာပါ။ ဇာတ်သွားက ကြည့်ရတာရှုပ်ထွေးနိုင်ပေမယ့် ရှုပ်ထွေးတာကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ်။
...

The Little Alien (2022) ⭐IMDB: 5.5/10 (160 Votes) 🎬 #Adventure #Animation #Family 🗓 2022 🎞 movie 🌎 #Denmark ⏰ 1 နာရီ 18 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကွာရှင်းတော့မယ့် မိဘတွေကြောင့်နဲ့ စိတ်ဆင်းရဲရပေမယ့် သူ့ရဲ့စိတ်ခံစားချက်ကို ထုတ်မပြောဘဲ အဆင်ပြေချင်ယောင်ပဲဆောင်နေခဲ့တဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်။ မိဘတွေကွာရှင်းပြီးတော့ အာလန်လေးဟာ အဖေဖြစ်သူနဲ့အတူတူ နေရာအသစ်ကိုပြောင်းရွှေ့ခဲ့ကြပါတော့တယ်။ အာလန်လေးတို့ပြောင်းတဲ့နေရာအသစ်မှာနေတဲ့ ယူအက်ဖ်အိုကလပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူဟာ အမြဲတမ်း ဂြိုဟ်သားတွေကို‌ ထောက်လှမ်းနေရာကနေ အာလန်လေးရောက်လာတဲ့အချိန်မှာပဲ ထူးထူးဆန်းဆန်း ဂြိုဟ်သားတွေဆီကနေ တုံ့ပြန်ချက်တွေရခဲ့ပါတော့တယ်။ အဲဒီမှာ ဒုဥက္ကဋ္ဌဟာ အာလန်လေးကို ဂြိုဟ်သားလို့ထင်သွားရာကနေ သူတို့နှစ်ယောက်တွေ့ဆုံကြရင်း တကယ်ပဲ ဂြိုဟ်သားမလေးနဲ့ တွေ့ဆုံကြတဲ့အချိန်မှာတော့ …… အာလန်လေးနဲ့ ဂြိုလ်သားမလေးတို့ တွေ့ဆုံကြရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)
...

Moments We Shared (2024) ⭐TMDB: 47% User Score 🎬 #Drama #Family #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 19 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ…ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ်အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီးရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့Moment We Shared ဆိုတဲ့ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းကအဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်…မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်…သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာတက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်…ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ… အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်..အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း…အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း….ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာနေရတာ ဘယ်အဆင်ပြေပါ့မလဲ… သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့တွေးနေပေမယ့်… ပြောနေပေမယ့်လည်း…စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကိုပြန်နေခဲ့တာကနေ ရုတ်တရက်ကြီးတကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်… ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကိုတစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်းဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ဒီကားလေးကို ကြည့်လိုက်ကြနော်
...

Love in Focus (2023) ⭐IMDB: 5.9/10 (156 Votes) 🎬 #Romance #Drama 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ Romantic ဆန်ဆန် Drama ဇာတ်ကားလေး ဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ Dan Fowlks နဲ့ Nicola Posener တို့က ဦးဆောင်ပြီးတော့ ပါဝင်သရုပ်ဆောင်ပေးထား ပါတယ်။ ဇာတ်လမ်းအသွားလေးက စိတ်ဝင်စားဖို့ကောင်းပြီးတော့ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေရှိနေကြပေမယ့် အဲဒီခံစားချက်တွေကို ဖွင့်မပြကြပဲ တိတ်တခိုးချစ်နေတဲ့ အချစ်မျိုးကို ပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Jenna ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်လမ်းတွဲလေးဟာ ဖျက်သိမ်းခံလိုက်ရပါတယ်။ အဲဒါကြောင့် စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် အေးချမ်းတဲ့ နေရာလေးတစ်ခုဆီကို ခရီးထွက်လာပါတယ်။ အဲဒီလိုနဲ့ ဓာတ်ပုံ ဆရာလေး Chris နဲ့ အမှတ်မထင်တွေ့သွားပြီး‌တော့ ရင်းနှီးသွားကြ ပါတယ်။ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေဟာ တဖြည်းဖြည်းခိုင်မာလာပြီးတော့ ကာယကံရှင်တွေကိုယ်တိုင်တောင် သတိမထားမိပဲ ချစ်မိသွားကြပါတယ်။ အဲဒီအချစ်ကို သူတို့အနေနဲ့ ဘယ်လိုတွေဖော်ပြသွားကြမလဲ ဆိုတာကို ကြည်နူးစွာကြည့်ရမှာပါ။
...

No Escape (2015) ⭐IMDB: 6.7/10 (94 k Votes) 🎬 #Action #Thriller 🗓 2015 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 No Escape (2015)IMDb Rating (6.7) / Rotten Tomatoes (48%)မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ဇာတ်လမ်းကတော့…အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်…သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်…ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်…ဒါပေမယ့် အဲ့ဒီ့သောင်းကျန်းသူတွေက အမေရိကန်နိုင်ငံသားတိုင်းကို သတ်ဖြတ်နေရတာနဲ့နောက်ကွယ်က အကြောင်းအရာကဘာလဲ…..ဂျက်တို့ကိုယ်တိုင်ဒီပြသနာထဲဘယ်လိုရောက်နေလဲ….ကလေးတွေမိန်းမတွေနဲ့သူတို့မိသားစုဘယ်လိုလွတ်အောင်ပြေးကြရမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာဖြစ်ပါတယ်။File size…(2.7 GB )/(1.3 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:43:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Ei Ei Aung ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Rendel: Cycle of Revenge (2024) ⭐IMDB: 3.8/10 (156 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #Finland ⏰ 1 နာရီ 35 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 5/10 ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရန်ဒယ် ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ ဗာလာဆေးဝါးထုတ်လုပ်ရေးကော်ပိုရေးရှင်းကြီးကို အဘိုးဖြစ်သူ အက်ဒ်ဝပ်ကော့စ် လက်ထဲကနေ လွှဲပြောင်းယူထားတဲ့ ခရစ်စတိုဖာ “စမိုင်လီ” ကော့စ်က မကောင်းမှုဒုစရိုက်တွေကို ပြုလုပ်နေပြီး မျက်နှာဖုံးတပ် စူပါဟီးရိုး ရန်ဒယ်က သူ့မိသားစု သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ယင်းကော်ပိုရေးရှင်းကြီးကို သူတစ်ယောက်တည်း ရင်ဆိုင်ကာ ကလဲ့စားချေမယ့်အကြောင်းကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ IMDb Rating – 5/10 ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရန်ဒယ် ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဗာလာဆေးဝါးထုတ်လုပ်ရေးကော်ပိုရေးရှင်းကြီးကို အဘိုးဖြစ်သူ အက်ဒ်ဝပ်ကော့စ် လက်ထဲကနေ လွှဲပြောင်းယူထားတဲ့ ခရစ်စတိုဖာ “စမိုင်လီ” ကော့စ်က မကောင်းမှုဒုစရိုက်တွေကို ပြုလုပ်နေပြီး မျက်နှာဖုံးတပ် စူပါဟီးရိုး ရန်ဒယ်က သူ့မိသားစု သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ယင်းကော်ပိုရေးရှင်းကြီးကို သူတစ်ယောက်တည်း ရင်ဆိုင်ကာ ကလဲ့စားချေမယ့်အကြောင်းကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

Innocent Voices (2005) ⭐TMDB: 82% User Score 🎬 #Drama #War 🗓 2005 🎞 movie 🌎 #Mexico #PuertoRico #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating (7.8/10) El Salvador နိုင်ငံရဲ့ပြည်တွင်းစစ်ကြားထဲက ၁၁နှစ်အရွယ် Chava ဆိုတဲ့ကောင်လေးရဲ့ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံထားတဲ့ကားလေးပါ၊၁၉၈၀မှာ စစ်တပ်နဲ့လယ်သမားတွေ မြေကိစ္စနဲ့ပဋိပက္ခတွေဖြစ်ရာကနေ လယ်သာမားတွေကလက်နက်ဆွဲကောင်ကြရင်း ပြောက်ကျားတပ်ဖြစ်လာခဲ့ပြီး ပြည်တွင်းစစ်ကိုဦးတည်လာခဲ့ပါတော့တယ်၊ Chava ဟာ သူ့အမေရယ် သူ့အစ်မနဲ့ညီလေးနဲ့‌ေနထိုင်ပြီး Chava အဖေဖြစ်သူဟာ စစ်ပွဲတွေစတင်ဖြစ်ကထဲက Chava တို့မိသားစုကိုထားခဲ့ပြီး အမေရိကကိုထွက်သွားခဲ့တာပါ၊ Chava တယောက်က မိသားစုကိုကူညီပေးရင်း ပျော်ပျော်ပဲနေတတ်တဲ့ ကလေးငယ်လေးပါ၊ အပူအပင်မရှိတဲ့ Chava ရဲ့ဘဝအတွက် မဖြစ်ချင်ဆုံးက သူအသက် ၁၂နှစ်ပြည့်မှာကိုပါပဲ၊ စစ်တပ်ဟာ အသက်၁၂နှစ်ပြည့်တဲ့ကောင်လေးမှန်သမျှကို ကလေးစစ်သားအဖြစ်ခေါ်ဆောင်နေခဲ့တာပါ၊ ပြည်တွင်းစစ်အခြေအနေတွေကလည်း တဖြည်းဖြည်းပိုဆိုးလာပြီး Chava တယောက်ကလည်း အသက်၁၂နှစ်ပြည့်ဖို့နီးကပ်လာပြီး Chava တို့မိသားစုအဖို့စိုးရိမ်တွေပဲဖြစ်လာနေခဲ့ပါတော့တယ်၊ သာမာန်ကလေးတယောက်ကို နေထိုင်နေရမယ့်အရွယ်မှာ အရွယ်နဲ့မလိုက်ကြုံတွေ့ခဲ့ရတဲ့ ကလေးတယောက်ရဲ့ဖြစ်ရပ်မှန်ဘဝကိုပုံဖော်ထားခဲ့ပြီး တကယ်ဝမ်းနည်းစရာတွေနဲ့ပြည့်နှက်နေတဲ့ကားလေးပါ
...

No Time to Spy: A Loud House Movie (2024) ⭐IMDB: 6.5/10 (294 Votes) 🎬 #Action #Adventure #Animation #Comedy #Family #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။
...

Nahir (2024) ⭐IMDB: 4.7/10 (945 Votes) 🎬 #Crime #Drama #Thriller #Uncategorized 🗓 2024 🎞 movie 🌎 #Argentina ⏰ 1 နာရီ 48 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Imdb – 4.7/10 အာဂျင်တီးနားတစ်နိုင်ငံလုံးကို ဂယက်​ရိုက်​သွားခဲ့တဲ့ မှုခင်းကို ပြန်လည်​ရိုက်ကူး​ထား​တဲ့ ဖြစ်ရပ်​မှန်​ရုပ်ရှင်​ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်​မှ ထွက်​ရှိထားပြီး Crime/ Drama ရုပ်ရှင်​အမျိုးအစား​ဖြစ်​ပါတယ်။ စပိန်စကား​ပြော အာဂျင်တီးနား ရုပ်ရှင်​ဖြစ်​ပြီး Nahir Galarza ဆိုတဲ့​ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ ကျူးလွန်​ခဲ့တယ်ဆိုတဲ့ မှု​ခင်း​တစ်​ခုကို​ အခြေ​ပြု​ထား​ပြီး ဖြစ်​ရပ်​မှန်​ကို စိတ်​ကူး​ယဥ် element အချို့​ ထည့်​သွင်း​ထား​တဲ့ ဇာတ်လမ်း​ဖြစ်​ပါတယ်။ ဇာတ်လမ်းအကျဥ်း​ကတော့​ Nahir က Gualeguaychú မြို့​မှာ ဖခင်​ဖြစ်သူ​ ရဲအရာရှိ၊ မိခင်နဲ့ မောင်​လေးတစ်ဦးနဲ့ အတူနေထိုင်တဲ့ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ဖြစ်ပါတယ်။ ရည်းစားဖြစ်သူ Fernando နဲ့ တကျက်ကျက် စကား​များ​လေ့ရှိ​ရာမှ တစ်​နေ့မှာ​ Fernando သေနတ်​နဲ့အပစ်ခံရပြီး ဆုံး​ပါးသွားပါတယ်။ Nahir​ က သူ့လက်ချက်ဖြစ်ကြောင်း ဝန်​ခံရာကနေ ဒီရုပ်ရှင်​ကိုအစပြုထားပါတယ်။ Nahir​ Galarza​ အမှုဟာ အာဂျင်တီးနား တစ်​နိုင်ငံ​လုံးကို​ အငြင်းပွားစေခဲ့တဲ့ နာမည်ကြီးမှုခင်းတစ်ခုဖြစ်ပြီး ယနေ့အထိ လူငယ်​များအကြား မှုခင်း​တွေ၊ ရာဇဝတ်​မှု​တွေကို ငြင်း​ခုံရာမှာ အကိုးအကားအဖြစ် အသုံးပြု​နေကြဆဲပါ။ Nahir​ အပေါ်​ အမြင်​တွေကလည်း တစ်ဦးနဲ့တစ်ဦး ကွဲလွဲနေကြဆဲပါ။ တစ်နိုင်​ငံလုံးကတော့ Nahir​ ကို ကရုဏာ​သက်ခဲ့ပြီး အာဂျင်တီးနား​ရဲ့ တရား​ရေးစနစ်ကို မေးခွန်း​ထုတ်​ခဲ့ကြပါတယ်။ ဒီအမှုကနေတဆင့် အမျိုးသမီး​ငယ်​တွေအတွက်​ တက်​ကြွလှုပ်ရှားသူများက တရား​ရေး​စနစ်​က အမျိုးသမီး​ငယ်​တွေအပေါ်​ ဆက်​ဆံ​ပုံ မမျှတခြင်းကို ပြုပြင်ဖို့ လှုံ့ဆော်​ခဲ့ကြ​ပါသေးတယ်။ ဒီ​ရုပ်ရှင်က Nahir ရဲ့ Unreliable Narrative ကို​ အခြေ​ပြု​ထား​ပြီး​ ကြည့်​ရှု​သူ ပရိသတ်​တွေကို ထင်​မြင်​ချက်၊ ဝိဝါဒ အမျိုး​မျိုး​ကွဲပြား​စေမဲ့ ဇာတ်လမ်း​မျိုးဖြစ်ပါတယ်။
...