ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Off Ramp (2023) ⭐IMDB: 4.9/10 (234 Votes) 🎬 #Adventure #Comedy #Crime 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရယ်လည်း ရယ်ရမယ် .. ဒရာမာလည်း ပါမယ် .. လေးနက်တဲ့ ယဉ်ကျေးမှုပိုင်းလည်း ပါရမယ် ဆိုရင်တော့ Off Ramp 2023 ဇာတ်ကားကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အထင်လွဲခံထားရတဲ့ ဂျက်ဂလိုဆိုတဲ့ လမ်းသရဲ ယဉ်ကျေးမှုအ‌ကြောင်းကို ထရေးနဲ့ ဆိုင်းလတ်ဆိုတဲ့ ဇာတ်ကောင် နှစ်ယောက်ရဲ့ လိုက်ဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဟာသဆန်ဆန် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဖြူဖြူမည်းမည်း .. ရုပ်ဆိုးဆိုး ရုပ်လှလှ .. လက်သင့်ခံပေးတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်း ပြီးတော့ .. မိသားစုလို သူငယ်ချင်းတွေ .. ရက်ပ်ဂီတသီချင်းတွေအကြောင်းကို ဒီဇာတ်ကားထဲမှာ တစ်ကားလုံး မြင်တွေ့ရမှာ ဖြစ်ပြီး Insane Clown Posse ရဲ့ Rap သီချင်း‌တွေကို သိတဲ့ သူတွေက‌‌တော့ ဒီကားကို အထူး သဘောကျ နှစ်ခြိုက်မှာ အမှန်ပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ပဲဖြစ်ပါတယ်
...

Grave Torture (2024) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 57 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမဲ့ Horror ဇာတ်ကားလေးကတော့ တွေ့မြင်နေကျ Horror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကား လေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur (Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန် ရရှိထားပါတယ်။ အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့ ဘာသာဝင်တွေလည်း ရှိပါသေးတယ်။ အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင် မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့ အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင် ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့ မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။ စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့ အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့ လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့ ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့ စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့ အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့ မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့ Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
...

Blank (2019) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Action #Bollywood #Thriller 🗓 2019 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blank (2019) “ကွက်လပ်” IMDb – 6.1/10 ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ဟင်ဒီအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသာကြီး ဆန်နီဒိုး၊ ငယ်ဘ၀ကတည်း ရုပ်ရှင်တွေ၊ ရှိုးတွေရိုက်ကူးခဲ့တဲ့မင်းသားကာရန်တို့ အဓိကပါဝင်ထားကြပါတယ်။ မြို့ထဲကို RDXထက် အဆပေါင်းများစွာ ပေါက်ကွဲအားပြင်းတဲ့ ဖောက်ခွဲရေးပစ္စည်း ၂၅ကီလိုကျော်ခိုးသွင်းလာတဲ့သတင်းကိုသိရပေမဲ့ ဘယ်သူတွေ၊ ဘယ်နှစ်ယောက်၊ ဘယ်ကလာတာလဲ ဘာဆိုဘာမှန်းမသိရဘဲနဲ့ထောက်လှမ်းရေးတပ်ဖွဲ့တွေ ဗျာများနေရချိန်။ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်လာတဲ့လူနာက အသေခံဗုံးခွဲတဲ့သူဖြစ်နေပြီး အတိတ်ကလည်း မေ့နေတဲ့အခါ…။ဖောက်ခွဲရေးပစ္စည်းတွေကို အချိန်မီဖမ်းဆီးနိုင်မှာလား…။ အတိတ်မေ့နေတဲ့အသေခံဗုံးခွဲသမားရဲ့ တကယ့်အကြောင်းအရင်းမှန်ကရော…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Thura ~ ToMo ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်။
...

Mujhe Kucch Kehna Hai (2001) ⭐TMDB: 50% User Score 🎬 #Bollywood #Drama #Romance 🗓 2001 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mujhe Kucch Kehna Hai (2001)”ပြောစရာတွေကျန်သေးတယ်”============================================== မင်းသမီး ကရီနာကပူးရ်ရဲ့ ၂၀၀၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ Rom-com ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကာရန်ဟာ လုပ်ချင်ရာလုပ်ပြီး ပျော်ပျော်နေတတ်တဲ့၁၀ ကျော်သက် ကောလိပ်ကျောင်းသားတစ်ယောက်ပါ။သူဟာ အဲဒီအရွယ် ယောက်ျားလေးတွေရဲ့ထုံးစံအတိုင်းပဲသူ့ကို အမြဲတမ်း ဆူပူနေတဲ့ အဖေဖြစ်သူနဲ့လည်း မတည့်ပါဘူး။ အဲဒီလို လူပျော်လေး ကာရန်ဟာ ပူဂျားဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့အမှတ်မထင် စုံဆည်းခွင့်ရခဲ့ပြီး အချစ်စိတ်တွေ ပေါက်ဖွားခဲ့ပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်တွေကြောင့် ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောရသေးခင်မှာပဲကံကြမ္မာက သူတို့ကို တစ်မျိုးတဖုံ ကျီစယ်လှည့်စားပုံတွေကိုဒီရုပ်ရှင်လေးထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Robin Hood (1973) ⭐TMDB: 73% User Score 🎬 #Adventure #Animation #Family 🗓 1973 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Production budger ဒေါ်လာ ၅ သန်းနဲ့ ရိုက်ကူးခဲ့ပြီး Box-office မှာ ဒေါ်လာ ၃၃ သန်းထိ အောင်မြင်မှု ရရှိခဲ့တဲ့ Disney animated musical adventure comedy film လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရော်ဘင်ဟုဒ်ဆိုတာ ကလေးအစ ခွေးအဆုံး မသိတဲ့လူ မရှိ၊ လေးအတတ်မှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်တဲ့ လေးသမားတစ်ယောက်ပါ။ မြန်မာဒဏ္ဍာရီလာ သူခိုးကြီးငတက်ပြားနဲ့လည်း သူက ခပ်ဆင်ဆင် ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရော်ဘင်ဟုဒ်ဟာလည်း ဆင်းရဲသားတွေကို ပြန်ကူညီဖို့ သူဌေးတွေဆီကနေ ပြန်ခိုးသူတစ်ယောက်ပါပဲ။ ရော်ဘင်ဟုဒ်အကြောင်း ဇာတ်လမ်းပုံပြင်တွေကတော့ ဒုနဲ့ဒေးပါပဲ။ တစ်ခုနဲ့တစ်ခုလည်း ကွဲပြားကြပါတယ်။ ဒီဇာတ်လမ်းထဲက ရော်ဘင်ဟုဒ်ကတော့ နော့တင်ဟမ်ဆိုတဲ့ အရပ်ဒေသက မြေခွေးတစ်ကောင်ပါ။ တောဘုရင်ခြင်္သေ့မင်းကတော့ ဒီဇာတ်လမ်းမှာလည်း ရစ်ချက်ဆိုတဲ့ ဘုရင်ကြီးတစ်ပါးပါပဲ။ ပြဿနာက ဒီဘုရင် စစ်ထွက်တိုက်နေတုန်းမှာ ထီးနန်းကို အချောင်လိုချင်တဲ့ သူ့ရဲ့ ညီဖြစ်သူ မင်းသားဂျွန်က အာဏာသိမ်းလိုက်ပါတယ်။ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ဘယ်သူသေသေ ငတေမာပြီးရော အချိုးတွေ စချိုးပါတော့တယ်။ နော့တင်ဟမ်က တိုင်းသူပြည်သားတွေကို အခွန်တွေ မတော်မတရားကောက်ပါတော့တယ်။ ဒါပေမဲ့ တစ်ခုရှိတာက သူအုပ်ချုပ်မင်းလုပ်ချင်နေတဲ့ တိုင်းပြည်မှာ ‌ ရော်ဘင်ဟုဒ်ဆိုသူက ရှိနေပါတယ်။ ဒီတော့ မတရားတဲ့ ဘုရင်နဲ့ တရားမျှတမှုကို လိုလားတဲ့ ရော်ဘင်ဟုဒ်တို့ရဲ့ အားပြိုင်မှုတွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကာတွန်းကားဆိုပေမဲ့လည်း နယ်နယ်ရရတော့ မဟုတ်လှပေပါဘူး၊ အိမ်မှာ မိသားစုနဲ့လည်း အတူကြည့်နိုင်သလို ဖေဖေမေမေများလည်း ကိုယ့်ရဲ့ သားသမီးကို entertainment တစ်ခုနဲ့ life learning တစ်ခုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Disney ရဲ့ထုံးစံအတိုင်း ဘယ်ကားမဆို ဘဝသင်ခန်းစာ ပေးတဲ့ မက်ဆေ့တစ်ခုတော့ အနည်းဆုံးပါတတ်တာမလို့ ကြည့်ရကျိုးနပ်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ကြောင်း ပြောလိုက်ပါရစေ။
...

Jaladhara Pumpset Since 1962 (2023) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jaladhara Pumpset Since 1962 (2023) (ရေမော်တာ ခိုးမှု) ဒီနေ့တင်ဆက်ပေးမှာကတော့ ဘောလိဝုဒ် ဟာသရုပ်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။အားလပ်ချိန်မှာ ဘောလိဝုဒ် အက်ရှင်တွေမဟုတ်ဘဲ ဟာသဆန်ဆန်ကားလေးတွေကြိုက်တတ်တဲ့လူတွေ မလွတ်တမ်းကြည့်သင့်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်း မရနာလီနီဆိုတဲ့ ကျောင်းဆရာမတို့အိမ်မှာ တစ်ညရေမော်တာ အခိုးခံရပါတယ်။ကံကောင်းလို့ အရပ်ထဲက ရှက်ကီဘဲ၂ယောက်နဲ့ တိုးပြီး မိသွားလို့ မော်တာတော့ပါမသွားဘူးပေါ့။ ဒီလိုနဲ့ပဲ ထုံးစံအတိုင်း သူခိုးမိတယ်ဆိုတော့ ရဲလက်အပ် အမှုဖွင့်ဘာညာ လုပ်ထုံးအတိုင်း လုပ်ရတော့တာပေါ့။သာမန် ခိုးမှုလေးဆိုပေမဲ့ ဒီရေမော်တာလေးပျောက်တာကို အချိန်နှစ်ချီကြာတဲ့ထိ အိပဲ့အိပဲ့နဲ့ အရေးမယူနိုင်ဘဲရှိနေပါတယ်။နောက်ပြီး ဆရာမကြီး မရနာလီနီမှာ အိမ်ထောင်ချပေးဖို့လုပ်နေတဲ့ သမီးပျိုလေးတစ်ယောက်ကလည်း ရှိနေပါသေးတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး အမေနဲ့သမီး အမြဲရန်ဖြစ်စကားများနေရတာပေါ့။ ဆိုတော့ သမီးလေးရဲ့ အိမ်ထောက်ဖက်ကရော ဘယ်သူဖြစ်ပြီး ဘာတွေဆက်ဖြစ်မလဲရေမော်တာပျောက်တဲ့အမှုကရော ဘယ်လိုပြီးသွားမှာလဲဆိုတာ့ကိုတော့စိတ်ဝင်စားတယ်ဆိုရင် ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။)
...

Sight (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိန္ဒိယနိုင်ငံ ကာလကတ္တားရဲ့အဆင်းရဲဆုံးဆင်ခြေဖုံးရပ်ကွက်လေးမှာ မွေးဖွားလာတဲ့ ခြောက်နှစ်သမီးလေးခါဂျာကို မိထွေးက သူတောင်းစား လုပ်ခိုင်းဖို့ ဆာလဖျူရစ်အက်ဆစ်ပူကို မျက်လုံးထဲလောင်းထည့်ပြီး မျက်ကန်းဖြစ်အောင်လုပ်ခဲ့ပါတယ်။ တရုတ်ရွှေ့ပြောင်းနေထိုင်သူ၊ နာမည်ကျော်မျက်စိဆရာဝန်တစ်ဦးဖြစ်တဲ့ မင်းဝမ်က ခါဂျာလေးမျက်စိပြန်မြင်နိုင်အောင် ကုထုံးသစ်တွေကိုကြိုးစား ရှာဖွေပေးခဲ့ပါတယ်။ ဇာတိမြေမှာ ယဉ်ကျေးမှုတော်လှန်ရေးကြောင့် အကြမ်းဖက်ထကြွမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့မင်းဝမ်ဟာ အတိတ်ကနေလည်း ရုန်းမထွက်နိုင်သေးသူ တစ်ယောက်ပါ။ အဲဒီအတိတ်ဟောင်းတွေကပဲ  နောက်ဆုံးမှာ ခါဂျာအတွက် ဒေါက်တာမင်းဝမ်ရှာတွေ့ခဲ့တဲ့ရေမြွှာအမြှေးပါးမျက်ကပ်မှန်ကုထုံးဟာ တစ်ကမ္ဘာလုံးကမျက်စိမမြင်ရတဲ့ လူနာပေါင်းသန်းနဲ့ချီကို အမြင်အာရုံ ပြန်ရစေခဲ့ပါတယ်။ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Sight ရုပ်ရှင်ဟာ စတင်ပြသပြီး လေးရက်အတွင်းမှာတင် ဝင်ငွေသုံးသန်းနီးပါးရရှိခဲ့တာဖြစ်ပါတယ်။
...

Nanban Oruvan Vantha Piragu (2024) ⭐IMDB: 8.8/10 (2 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nanban Oruvan Vandhaa Poragu(2024) ငယ်ဘဝမိတ်သင်္ဂဟ IMDb – 8.8 /10 ဘဝမှာ အိပ်မက်နောက်လိုက်ရင်း နေရာတစ်ခုရရောက်ပြီဆိုပြန်သတိရတတ်တာကတော့ ကျွန်တော်တို့ရဲ့ဇာတိမြေ၊အဲဒီနေရာမှာရှိခဲ့တဲ့ ငယ်ဘဝနဲ့ ငယ်ဘဝမှာ မဖြစ်မနေပါကိုပါတဲ့ဆိုးဖော်ဆိုးဖက် ငယ်ပေါင်းမိတ်ဆွေတွေပါပဲ။ အခုဒီရုပ်ရှင်လေးထဲမှာလည်း အာနန်တစ်ယောက် သူ့ရဲ့ဇာတိကိုပြန်ဖို့လေယာဉ်စီးရင်း လေယာဉ်ပေါ်မှာ ဦးလေးတစ်ယောက်နဲ့စကားလက်ဆုံကျရာကစလို့ ငယ်ဘဝရဲ့ အမှတ်တရတွေကိုပြန်ပြောတာလေးနဲ့ အစပျိုးထားပါတယ်။ ဘဝမှာ အောင်မြင်မှုတစ်ခုတော့ ရထားပြီဖြစ်ပေမဲ့ ပျော်ရွှင်မှုတွေ နွေးထွေးမှုတွေလစ်လပ်နေတဲ့အာနန်တစ်ယောက် ငယ်ဘဝရဲ့ အမှတ်တရ ၈ ခုအကြောင်းကိုဇာတ်ကြောင်းပြန်ပြောပြရင်း သူ့လက်ရှိဘဝမှာ သူပျော်နေရဲ့လား။ပျော်ရွှင်မှုဆိုတာဘာလဲဆိုတဲ့ မေးခွန်းတွေရဲ့အဖြေကိုတွေ့သွားမလားဆိုတာ ရှုစားရမှာပါ။ အခုလက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် မိသားစု မိတ်ဆွေတွေနဲ့ ကွဲကွာနေကြသူတွေများရှိခဲ့ရင်လည်းငယ်ဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Continental Split (2024) ⭐IMDB: 3.8/10 (400 Votes) 🎬 #Action #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ Jessica Morris ရယ် Chris Brunoရယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေးဖြစ်ပြီး နယူးမတ်ဒရစ် ပြတ်ရွေ့ကြောကြီး အက်ကွဲ၊ US ပါနှစ်ပိုင်းကွဲသွားလုနီးနီး ကပ်ဘေးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ငလျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ကမ်မီ (Jessica Morris)နဲ့ အခြားငလျင်ပညာရှင်တွေ၊ အစိုးရနဲ့ အပြိုင်အဆိုင် အချိန်မီငလျင်ကပ်ဘေးကနေ ကာကွယ်ဖို့ကြိုးစားပုံကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
...

Summer in Closed Eyes (2018) ⭐IMDB: 6.6/10 (240 Votes) 🎬 #Drama #Romance 🗓 2018 🎞 movie 🌎 #Vietnam #Japan ⏰ 1 နာရီ 39 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Summer in Closed Eye (2018) သိပ်များများစားစားတော့ ညွှန်းစရာမလိုလောက်ပါဘူး။ဒီတလော ရေပန်းတော်တော်စားနေတဲ့ Maiထဲက မင်းသမီးရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ဒီထဲလဲ ဆက်တိုက် တော်တော်လေးဇာတ်နာသလို အဆုံးထိဇာတ်နာကောင်းတုန်းပဲ။ဒါရိုက်တာကတော့ ဒီကားက သူ့ပွဲဦးထွက်ကားဖြစ်သလို ထပ်ရိုက်ထားတာလည်း မရှိတော့ ဒါရိုက်တာအကြောင်းပြောဖို့တော့ခက်လိမ့်မယ်။ဒါပေမဲ့ ဒီဒါရိုက်တာက သူ့ဝမ်းစာကို ဂျပန်ရုပ်ရှင်နဲ့ အဓိကဖြည့်ခဲ့တယ်လို့တော့ ထင်တယ်။ဂျပန်မှာ အဓိကဇာတ်အိမ်တည်ထားတာပေမဲ့ ဗီယက်နမ်ဒါရိုက်တာရိုက်တဲ့ကားဆိုတော့ဂျပန်အငွေ့အသက်မပါလောက်ဘူးထင်ထားပေမဲ့ ဂျပန်အငွေ့အသက်တော့ လွှမ်းနေသေးတယ်။ဇာတ်ကတော့ ရိုမန့်ပါးပါးလောက်ပဲပါပြီး အဖေနဲ့ သမီးကြားက သံယောဇဉ်ကို အဓိကထားပြီး တည်ထားတယ်။အားလုံးရဲ့ကွင်းဆက်ကတော့ ဓာတ်ပုံပညာ။ အဖေက ဓာတ်ပုံဆရာ။ဓာတ်ပုံကိုချစ်တဲ့စိတ်ကြောင့် သူ့အဖေနဲ့ သူ့အမေကွဲပြီး သူ့အဖေဂျပန်ကိုရောက်သွားသလို သူကလည်း ဓာတ်ပုံကိုချစ်လာခဲ့တယ်။သူ့အမေဆုံးပြီးနောက် သူ့အဖေကိုရှာဖို့ ဂျပန်ကိုသွားတဲ့အချိန် သူ့အဖေကိုမတွေ့ဘဲဓာတ်ပုံဆရာကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ဓာတ်ပုံဆိုင်လေးတစ်ဆိုင်ကိုရောက်လာခဲ့တယ်။အဲဒီကနေမှ သူ့အဖေရဲ့ ဇာတ်ကြောင်းကို သိရဖို့ဖြစ်လာတဲ့အကြောင်းပါပဲ။ဗီယက်နမ်ဒါရိုက်တာနဲ့ ဗီယက်နမ်မင်းသမီးနဲ့ရိုက်တဲ့ကားပေမဲ့ဂျပန်တော်တော်ဆန်တာမို့ ဂျပန်ရိုမန့်ကားပရိသတ်တွေအတွက်လည်း ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မမြင်ရတော့ဘူးဆိုရင် မင်းအမြင်ဆုံးက ဘာများဖြစ်မလဲ။တစ်နေ့နေ့မှာ မင်းဘာကိုမှ မကြားရတော့ဘူးဆိုရင် မင်းအကြားချင်ဆုံးက ဘယ်စကားဖြစ်မလဲ။တစ်နေ့နေ့မှာ မင်းစကားလုံးဝမပြောနိုင်တော့ဘူးဆိုရင် မင်းအပြောချင်ဆုံးစကားက ဘာဖြစ်မလဲ။တစ်နေ့နေ့မှာ မင်းဘာကိုမှ မမှတ်မိနိုင်တော့ဘူးဆိုရင် မင်းအမှတ်မိချင်ဆုံးက ဘာကိုများဖြစ်မလဲ။ ဒီထဲက အဓိကဇာတ်ကောင်သုံးယောက်ဟာ ဓာတ်ပုံတွေရဲ့နောက်ကျောမှာရေးထားတဲ့ ဒီမေးခွန်းတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြေသွားခဲ့ကြတယ်။ဘာကိုမှ မမြင်ရတော့ဘူးလို့ မှတ်ယူပြီး မျက်လုံးတွေမှိတ်ထားလိုက်ရင် ငါအမြင်ချင်ဆုံးက နွေဥတုတစ်ခုပေါ့။အရာရာဟာ သူ့သဘောသူဆောင်ခဲ့ရင်တောင် အဲဒီနွေရာသီဆီကိုတော့ ငါရောက်အောင်ပြန်လာဖြစ်ဦးမယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiR‌a Aungပဲ ဖြစ်ပါတယ်။
...

Okiku and the World (2023) ⭐IMDB: 6.8/10 (168 Votes) 🎬 #Drama #Comedy 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 30 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Okiku and the World (2023) IMDb 6.8 ရထားတဲ့ ဂျပန် အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉ ရာစုအလယ် အဲဒို(လက်ရှိတိုကျို)မှာ ဇာတ်လမ်းတည်ထားတဲ့ဒီရုပ်ရှင်လေးမှာ ချူးဂျိဆိုသူက မစင်တွေလိုက်ကျုုံးပြီး ရောင်းချအသက်မွေးရတဲ့လူပါ ဒီလိုနဲ့ တစ်နေ့မှာ အိုကီကူဆိုတဲ့ ကောင်မလေးနဲ့တွေ့ပါတယ် အိုကီကူကတော့ ဆာမူရိုင်းမဟုတ်တော့တဲ့ တစ်ချိန်ကဆာမူရိုင်းကြီးရဲ့သမီးဖြစ်ပြီး လက်ရှိမှာတော့ဆင်းရဲသားအိမ်တန်းလျားမှာ ငှားနေရပါတယ် နိမ့်ဆင်းသွားတဲ့လက်ရှိဘဝကို စိတ်ပျက်ညှိုးမှိုင်လျက်ရှိတဲ့ မိန်းကလေးတစ်ယောက်…သူ့ဘဝထဲကို မစင်ကျုံးသမားလေး ဝင်လာတဲ့အခါမှာအေးစက်တဲ့ လောကဓံကြားမှာ နွေးထွေးတဲ့ ချစ်ခြင်းကိုရှာတွေ့သွားနိုင်မှာလား ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုအားပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ KKKZ ~ ToMo တို့ပဲ ဖြစ်ပါတယ်
...

Witch (2024) ⭐IMDB: 3.9/10 (242 Votes) 🎬 #Horror #Thriller #Fantasy #History 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ သဘာဝလွန် paranormal ဇာတ်ကားတွေ ကြည့်ရတာကိုကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ သဘောကျမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Horror genre တစ်မျိုးတည်းတင်မဟုတ်ဘဲနဲ့ Fantasy, Sci-fi genre တွေကို ဇာတ်ကားတစ်ကားထဲမှာ ခံစားချင်တဲ့သူတွေ ဒီဇာတ်ကားကို ကြည့်သင့်ပါတယ်။ ဇာတ်လမ်းကို အလယ်ခေတ် အင်္ဂလန်နိုင်ငံမှာ တည်ထားပါတယ်။ ဥရောပတိုက်မှာ အလယ်ခေတ်တုန်းကဆိုရင် စုန်းတွေကိုအယူသီးကြပါတယ်။ ထူးဆန်းတာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ စုန်းတွေကို အပြစ်ပုံချကြပြီးတော့ စုန်းလို့သံသယဝင်တဲ့သူတွေကို ကြိုးပေးပြီးကွပ်မျက်ကြပါတယ်။ ဒီရုပ်ရှင်ရဲ့ story ကလည်း အဲဒီအပေါ်မှာအခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ပန်းပဲဆရာ William ဟာ သူ့မိန်းမနဲ့အတူ ရိုးရိုးသားသား အသက်မွေးနေတဲ့သူပါ။ တစ်နေ့မြို့ထဲမှာ လူသတ်မှုတစ်ခုဖြစ်သွားပြီး‌တော့ လူသတ်သမားဟာ William ရဲ့မိန်းမ Twyla ကို စုန်းမလို့စွပ်စွဲလိုက်ပါတယ်။ စုန်းမလို့စွပ်စွဲခံရတဲ့သူတွေကို စစ်ဆေးမေးမြန်းခြင်းမရှိပဲ ကွပ်မျက်တာကိုသိနေတဲ့ William ဟာ သူ့မိန်းမကို ကယ်တင်ဖို့ကြိုးစားပုံကို ကြည့်ရမှာဖြစ်ပါတယ်။ အလှည့်အပြောင်းတွေများစွာနဲ့အတူ ဇာတ်လမ်းက အင်မတန်စိတ်ဝင်စားဖို့ ကောင်းပြီးတော့ ကြည့်နေတဲ့ပရိသတ်ကို အစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
...

Here After (2024) ⭐IMDB: 4.0/10 (374 Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Italy #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror / Thriller ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် Here After ဆိုတဲ့ သေရွာပြန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။လူတွေသေဆုံးပြီးသွားရင် တမလွန်ဘ၀ကိုရောက်ကြတယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ဒါပေမယ့် အဲ့ဒီတမလွန် ဘ၀ကိုရောက်ပြီး ပြန်လာနိုင်ခဲ့တဲ့သေရွာပြန်တွေလည်းအများကြီး ရှိကြပါသေးတယ်။အသက်အန္တရာယ်ဆုံးရှုံးနိုင်လောက်တဲ့ အန္တရာယ် တစ်ခုခုကိုကြုံတွေ့ခဲ့ရပြီး လုံး၀မဖြစ်နိုင်တော့ဘူးထင်ရပြီးမှ လောက ကြီးထဲကိုပြန်ဝင်ရောက်လာတဲ့လူတွေလည်း အပြင်လောကမှအများကြီး ရှိပါတယ်။ ဒီဇာတ်ကားလေးထဲက ရော်ဘင်ဆိုတဲ့ကောင်မလေးကလည်း အဲ့လိုတမလွန် ဘ၀ကနေပြန်လာခဲ့တဲ့ သေရွာပြန်ဖြစ်ပါတယ်။ဘယ်လို ဘယ်ပုံကစ ဖြစ်ရသလဲဆိုရင်တော့ ရော်ဘင်ကဆွံ့အနေသူတစ်ယောက်ဖြစ်နေပေမဲ့ သူ့ရဲ့စန္ဒယားလက်ရာက အရမ်းကောင်းလွန်းတော့ ဂီတကျောင်းဝင်ခွင့် အင်တာဗျူးဖြေဖို့ ကမ်းလှမ်းခံရရင်းနဲ့ လမ်းမှာမတော်တဆဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေကလည်းလုံး၀လက်လျှော့ခဲ့ကြပေမဲ့ အံ့ဩစရာကောင်းစွာနဲ့ပဲ အသက်ပြန်ရှင်လာတဲ့အပြင် စကားပါပြန်ပြောနိုင်သွားခဲ့ပါတယ်။ ဒါပေမယ့် ရော်ဘင်ပြန်လာလို့ပျော်ရွှင်ရတဲ့ပျော်ရွှင်မှုက ရေရှည်မခံခဲ့ပါဘူး။ ရော်ဘင်တမလွန်ကပြန်လာနိုင်ခဲ့ပေမဲ့ အဲ့ဒီတမလွန်ကနေဆိုးဝါးတဲ့ အရာ တစ်ခုခုကပ်ပါလာပြီး အရင်တုန်းကရော်ဘင်နဲ့မတူဘဲ တစ်နေ့တခြားပိုပို ဆိုးရွားလာတဲ့အခါမှာတော့ မိဘဖြစ်သူတွေဘာဆက်လုပ်ကြမလဲ ရော်ဘင်ကရော အရင်လိုပြန်ဖြစ်နိုင်ပါ့ဦးမလားဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

Bad Fish (2024) ⭐IMDB: 3.4/10 (116 Votes) 🎬 #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ကမ်းစပ်နားကမြို့လေးတစ်မြို့မှာ ငါဖမ်းရင်းအသက်မွေးကြတဲ့တံကးငါသည်တွေဟာ သားပေါက် ရာသီမှာတောင်ငါးတွေမရတဲ့အတွက် ရဲမှူးကြီးစကစ်ကို တိုင်နေကြတယ်။ ဒါ့အပြင်ပင်လယ်ထဲကိုငါးဖမ်းထွက်သွားတဲ့ ဘေလ်တို့အုပ်စုက တစ်ကောင်ကောင်တိုက်ခိုက်လို့ သူ့သင်္ဘောသားတွေအစအနမကျန် ပျောက်သွားကြောင်းသတင်းပို့တိုင်ကြားတယ်။ စကစ်လည်း အမျိုးမျိုးစစ်ဆေးပေမယ့်အဖြေမရတဲ့အခါ အခြားမြို့က အဏ္ဏဝါဇီဝဗေဒပညာရှင် ဂျွန်ဘာတန်ကိုခေါ်လိုက်ရတယ်။ ရှာဖွေနေရင်းနဲ့ ကမ်းစပ်မှာ လူ့အလောင်းရှာတွေ့လိုစစ်ဆေးကြည့် ကြတယ်။ ငါမန်းတွေ ကင်းမွန်ငါးတွေတိုက်ခိုက်တဲ့ပုံစံမဟုတ်ဘဲ အခြားထူးဆန်းတဲ့ သတ္တဝါမှန်းသိလိုက်ရတဲ့အခါမှာတော့
...

My First Film (2024) ⭐IMDB: 6.1/10 (286 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်တွေဟာ လူတိုင်းနဲ့မစိမ်းတဲ့ အနုပညာတစ်ခုပါ။ ရုပ်ရှင်တွေကနေတစ်ဆင့် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အားရကျေနပ်မှု၊ မွန်းကြပ်မှု စသဖြင့် ရသမျိုးစုံကို ခံစားရနိုင်ပါတယ်။ ဒီလို ကြည့်ရှုသူတွေကို ရသမျိုးစုံပေးနေတဲ့ ရုပ်ရှင်တွေကို ဖန်တီးရတာကရော ထမင်းစားရေသောက်သလိုလွယ်ကူနေမယ်လို့ ထင်မိပါသလား။ အဲလိုထင်နေရင်သိပ်ကိုမှားသွားပါလိမ့်မယ်။ ကိုယ်တွေကြည့်ရတဲ့ ရုပ်ရှင်ဇာတ်ကား ၁ကားစာရဖို့ အတွက် ရုပ်ရှင်ဖန်တီးသူတွေဟာ နှစ်နဲ့လနဲ့ချီအချိန်ပေးကာရိုက်ကူးကြရပါတယ်။ အထူးသဖြင့် အစစအရာရာမှာငွေက အခရာကျတဲ့ ဒီလိုခေတ်ကြီးထဲမှာ ရုပ်ရှင်လောကဟာ တက်သစ်စ လူငယ်ရုပ်ရှင်ဖန်တီးသူတွေအတွက် တိုးပေါက်ဖို့ လုံးဝမလွယ်ကူတဲ့ ရပ်ဝန်းတစ်ခုပါ။ ဒီဇာတ်ကားဟာလည်း ဇာတ်ကားနာမည်ထဲကအတိုင်း ပထမဆုံးရုပ်ရှင်ကို ရိုက်ကူးဖို့ ကြိုးစားနေတဲ့ လူငယ်ဒါရိုက်တာ / filmmaker ဗီတာရဲ့ အကြောင်းပါ။ ဗီတာဟာ သူ့ရဲ့ပထမဆုံး Feature film ကိုရိုက်ကူးဖို့အတွက် ရိုက်ကူးရေးဘတ်ဂျက် မဖြစ်စလောက်လေးလက်ထဲကိုင်ပြီး သူ့ဇာတိမြို့လေးမှာ လူငယ်တစ်စုနဲ့ ကြိုးစားကြပုံကို ဇာတ်အိမ်တည် ထားပါတယ်။ ဒါရိုက်တာဖြစ်တဲ့ ဗီတာတစ်ယောက် မလွယ်ကူတဲ့ လမ်းကိုလျှောက်ရင်း စိတ်ပိုင်းဆိုင်ရာအထပ်ထပ်ပြိုလဲရပုံကို ရိုက်ကူး တင်ဆက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ ဇာတ်လမ်းအေးတယ်ထင်ရပေမဲ့ မထင်မှတ်ထားလောက်အောင် အဆုံးထိ ဆွဲခေါ်သွားနိုင်ပြီး လူငယ် filmmaker တွေရဲ့ဘဝကို အများကြီး ထင်ဟပ်စေတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ကြောင်း recommend ပေးလိုက်ပါရစေ။
...

One Fast Move (2024) ⭐IMDB: 4.9/10 (2 k Votes) 🎬 #Action #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဝက်စ်ဆိုတဲ့လူငယ်လေးဟာ မိခင်ဆုံးပြီးနောက်မှာ ဆိုင်ကယ်မောင်းသမားဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆိုင်ကယ်မောင်းသမားတစ်ယောက်ဖြစ်တဲ့ သူ့ကို ငယ်စဉ်ကတည်းက စွန့်ပစ်သွားခဲ့တဲ့ ဖခင်ဖြစ်သူဆီကို ထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုင်ကယ်ဆိုင်ပိုင်ရှင် အေဘယ်လ်နဲ့ ဖခင်ဖြစ်သူ ဒင်းန်တို့ရဲ့ ပံ့ပိုးပေးမှုနဲ့ အတူတူ ဝက်စ်တစ်ယောက် ဆိုင်ကယ်ပြိုင်သမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို ဘယ်လိုတက်လှမ်းနိုင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်ကြိုက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)
...

Bad Company (2002) ⭐TMDB: 55% User Score 🎬 #Action #Adventure #Comedy #Thriller 🗓 2002 🎞 tv series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျိတ်ဟေးစ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီးတော့ လက်မှတ်မှောင်ခိုရောင်းလိုက်၊ ပန်းခြံမှာ စစ်တုရင်ကစားပြီး ငွေရှာလိုက်နဲ့ လုံးချာလိုက်နေပေမယ့် ဂေါင်းကြီးတို့နဲ့ မတူတာကတော့ သူ့မှာ ဂျူလီဆိုတဲ့ ကောင်မလေးတော့ရှိပါတယ်။ ဒါပေမဲ့ သူ့ကောင်မလေးက အဖြစ်မရှိတဲ့ ဂျိတ်ကြောင့် သူ့ရည်းစားဟောင်းရှိတဲ့ တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ ပြောလာပါတော့တယ်။ အဲဒီအချိန်မှာ သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် စီအိုင်အေက ခေါ်သွားပြီးတော့ သူ့မှာ ငယ်ငယ်တုန်းက ကွဲသွားတဲ့ အမြွာအစ်ကိုရှိတဲ့အကြောင်း၊ သူ့အမြွာအစ်ကိုက စစ်ဆင်ရေးတစ်ခုမှာ ဆုံးသွားတဲ့အကြောင်း ပြောပြပြီးတော့ အန္တရာယ်မရှိတဲ့ သာမန်စစ်ဆင်ရေးမှာ သူ့အစ်ကိုဟန်ဆောင်ပေးဖို့ ငွေအများကြီး ကမ်းလှမ်းပါတော့တယ်။ ဒီတော့ သူကောင်မလေးကို ဆုံးရှုံးရမှာစိုးတဲ့အတွက် စီအိုင်အေကို သဘောတူလိုက်ပေမဲ့ စစ်ဆင်ရေးက သူထင်ထားသလို သာမန်မဟုတ်ပဲ တစ်မြို့လုံး ပြောင်သလင်းခါသွားနိုင်တဲ့ နျူးကလီးယားဗုံးနဲ့ ဆက်စပ်နေပြီး ကျားမြီးပြေးဆွဲနေရမဲ့အနေအထား ရောက်လာတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရမှာဖြစ်လို့ အူတက်အောင် ခွီချင်ရင် ကြည့်သာကြည့်လိုက်ကြပါတော့ ဂေါင်းကြီးတို့
...

Barikowa 2: Norowareta Onna-tachi (2023) ⭐TMDB: 0% User Score 🎬 #Drama #Horror 🗓 2023 🎞 video movie 🌎 #Japan ⏰ 59 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Barikowa 2(2023) Japan Horror ပရိသတ်ကြီးအတွက် ပဟေဋိဆန်ဆန်ထိတ်လန့်စေမဲ့ကား စိမ်းစိုလှပတဲ့မြက်ခင်းပြင်ကျယ်ကြီးမှာ အေးချမ်းမှုကိုခံစားနေတဲ့မိန်းကလေးတစ်ယောက်တွေ့ကြံလိုက်ရတဲ့ ထိတ်လန့်စရာဖြစ်ရပ်…။ ဆောက်လုပ်ပြီးချိန်တည်းက သူ့ထံမှာလာခိုနားသူတွေကို ခင်မင်ရင်းနှီးစိတ်ဝင်ခဲ့တဲ့အိုဆာကာမြို့လယ်က တိုက်ခန်းနံပါတ် 1313 ၊ ပထမဆုံးပိုင်ရှင်က စီးပွားရေးကျသွားလို့သူ့ကိုအရောင်းတင်ပြီးအကြာကြီးလူမနေဘဲရှိနေတော့ အထီးကျန်မှုတွေခံစားလာရတဲ့ တိုက်ခန်းနံပါတ် 1313….။ အဲဒီအချိန်မှာ မီအိုဆိုတဲ့ကောင်မလေးက သူ့ဆီကိုရောက်လာခဲ့ပြီးသူ့ကိုသက်ရှိတစ်ယောက်လိုနှုတ်ဆက်ပြောဆိုမှုတွေမှာ ပိုသဘောကျသွားမိတယ် ။ တစ်နေ့ မီအိုခေါ်လာတဲ့လူတစ်ယောက်က မီအို့ကိုအသက်အန္တရာယ်ပေးတဲ့အချိန်သူ့အပေါ်သံယောဇဉ်တွယ်နေတဲ့တိုက်ခန်းက ကာကွယ်ပေးဖို့ကြိုးစားရာကထူးဆန်းတဲ့ထိတ်လန့်စရာတွေဖြစ်လာခဲ့တယ် ။ သရဲတို့ဝိညာဉ်တို့ဆိုတာထက် ကို့ဘေးကအရာတွေကရုတ်တရက်ချောက်ချားစရာဖြစ်သွားတဲ့ပုံစံမျိုးရှုစားရမဲ့ကားဖြစ်ပါတယ် အညွှန်းနှင့်ဘာသာပြန်သူကတော့ BpL ပဲဖြစ်ပါတယ်
...

Pasta (2010) ⭐IMDB: 7.5/10 (1 k Votes) 🎬 #Comedy #Drama #Romance 🗓 2010 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 4 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pasta (2010) ********************** အပိုင်း (၁ မှ ၂၀) စ/ဆုံး Rom-com ဘုရင်မ Gong Hyo Jin၊ Parasite ထဲမှ မင်းသား Lee Sun Kyun၊ Once Again ထဲမှ မင်းသား Alex Chu နဲ့ The Fiery Priest ထဲမှ မင်းသမီး Lee Honey တို့က အဓိကပါဝင်ထားတဲ့ Pasta ဆိုတဲ့ အချစ်ဇာတ်မြူးကားလေးကို တောင်းဆိုထားတဲ့ CM ပရိသတ်ကြီးတို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း… ထိပ်တန်း အီတလီဟင်းလျာစားဖိုမှူး ဖြစ်ဖို့ အိပ်မက်ရှိတဲ့ မိန်းကလေး “ဆောယူဂယောင်း”။ သူမဟာ ထိုအိပ်မက်ကို ပိုက်ထွေးရင်း နာမည်ဂုဏ်သတင်းကြီးလှတဲ့ အီတလီစားသောက်ဆိုင် “လာစဖဲရာ” မှာ ၃ နှစ်တာ အလုပ်လုပ်ခဲ့တယ်။ ဒီလိုနဲ့ သူမအိပ်မက်တွေ ဖြစ်မြောက်လာဖို့ လက်တစ်ကမ်းအလိုမှာပဲ သူမရဲ့ အလုပ်ခွင်ကို “ချွဲဟျွန်းအု” ဆိုတဲ့ ခေါင်းဆောင်စားဖိုမှူးအသစ် ရောက်ရှိလာပြီး မိန်းကလေးတွေဟာ fine dining နယ်ပယ်မှာ အရည်အချင်းပြည့်မီအောင် မချက်နိုင်ကြဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မိန်းကလေးတွေအားလုံးကို အလုပ်ထုတ်တော့တယ်။ ဒါပေမဲ့ ဆောယူဂယောင်းဟာ လက်မလျှော့ခဲ့ပါဘူး။ သူမဟာ အလုပ်ကို မရမကပြန်ပြီး ပါရမီရှိပေမဲ့ ဒေါသကြီးလှတဲ့ စားဖိုမှူးချွဲအရှေ့မှာ သူမတန်ဖိုးကို သက်သေပြဖို့ ကြိုးစားတော့တယ်။ ဒီလို တင်းမာမှုတွေ၊ မီးဖိုချောင်ထဲက ပြိုင်ဆိုင်မှုတွေကြားထဲ နှစ်ဦးသား ချစ်ကျွမ်းဝင်သွားတဲ့အခါ လုပ်ငန်းခွင်က စိန်ခေါ်မှုတွေ၊ ပုဂ္ဂိုလ်ရေးရာဖိအားတွေစတဲ့ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းသွားကြမလဲဆိုတာကို အရသာရှိတဲ့ ပါစတာတွေနဲ့အတူ မြူးမြူးကြွကြွလေး ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းကိုတော့  Esth မှ ရေးသား‌ထားပါတယ်။)
...

Crazy Scary (2023) ⭐TMDB: 0% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 #Japan ⏰ 59 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Barikowa 1 ယခုတစ်ခါ တင်ဆက်ပေးမှာကတော့ သရဲကားအကြိုက်ပရိသတ်ကြီးအတွက်ဂျပန်Horror ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Barikowa ဆိုတဲ့သရဲကားလေးဟာ ၁,၂,၃ ၃ကားထွက်ရှိထားတာဖြစ်ပြီးတော့အခုတင်ဆက်ပေးမှာကတော့ နံပါတ်၁ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ ဇာတ်လမ်းတွေအများကြီးကိုပေါင်းပြီးတော့ ဇာတ်ကားတစ်ခုအနေနဲ့ ဖန်တီးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ် ကြည့်ရှုလို့ကောင်းတဲ့အပြင်သရဲတွေရဲ့ SFX မိတ်ကပ်တွေဟာလည်း အရမ်းကို ပီပြင်တဲ့အတွက်သရဲကားကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပါပဲ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ဖြစ်ပါတယ်)
...