无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Nunchucks ( 2012 )
⭐-
🎬 #Drama #Action #MartialArts
🗓 2012 🎞 movie
🌎 #China
⏰ 1 နာရီ 23 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ CM က အတိုက်အခိုက်ကြိုက်တဲ့ ဖန်တွေအတွက်နမ်ချပ်ကူ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်လမ်းက ဇာတ်ညွှန်းရေးရင်း ကိုယ်ပိုင်ဘဝပျောက်သွားတဲ့လူတစ်ယောက်အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပေါ့…တုန်းဖန်ကျယ်ဆိုတဲ့လူဟာ ငယ်စဉ်တည်းက လီရှောင်လုံကိုသဘောကျခဲ့ပြီးတော့ အနုပညာလောကထဲ ကျင်လည်နေခဲ့သူတစ်ယောက်ပေါ့…ဒါကြောင့်လည်း သူ့သားကိုတောင် လုံရှင်းလို့ နာမည်ပေးခဲ့တာ…
ဒီလိုနဲ့ သူက လီရှောင်လုံရဲ့ ဘဝနဲ့ စိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးဖို့ကြိုးစားရင်းနဲ့ နမ်ချပ်ကူ ဇာတ်ညွှန်းကို ရေးရင်းဇာတ်ညွှန်းရေးရအဆင်မပြေခဲ့တဲ့အတွက် တောထဲထွက်သွားခဲ့တယ်…နောက်ဆုံးမှာ မိန်းမလည်းထွက်ပြေး ကလေးလည်း တောထဲ ပျောက်သွားခဲ့ရတယ်…ဒီလိုနဲ့ ကလေးပျောက်လိုက်ရှာရင်းနဲ့ တောလည်ခဲ့ရတယ်…
ကဲ ကလေးကို ပြန်ရှာတွေ့မှာလား…နောက်ပြီး သူ့ဇာတ်ညွှန်းကရော ဘာဖြစ်လာမှာလဲ…ထုံးစံအတိုင်း ဇာတ်လမ်းလေးကတစ်ဆင့် အဖြေရှာကြည့်တာပေါ့...
The Prequel of Gold Convoyers: Super National Treasure (2010)
⭐TMDB: 0.0% User Score
🎬 #Action #Drama #ThePrequelofGoldConvoyers
🗓 2010 🎞 movie
🌎 #China
⏰ 1 နာရီ 32 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပထမကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး
မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ မင်းကြီးက မသေဆေးကို ဖော်စပ်ဖို့သာအားသာနေပြီး နိုင်ငံ့အရေးကို လျစ်လျူရှုခဲ့ပါတယ်။ တစ်နေ့မှာ ကျင့်မင်းသားကြီးအိမ်တော်ကကျောက်ပြားကို အစောင့်အထပ်ထပ်ချထားတဲ့ကြားက “အမြီးကိုးချောင်းမြေခွေး”ကခိုးယူသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ “အမြီးကိုးချောင်းမြေခွေး” ရဲ့သတင်းကတိုင်းပြည်အနှံ့ပြန့်သွားပြီး အစိုးရကလည်းဖမ်းမိန့်ထုတ်ခဲ့ပါတယ်။
နန်းတွင်းကိုယ်ရံတော်တပ်က ဝမ်ကျောက်ရှင်းဟာ အမိန့်အရ ဖျင်အန်းပို့ဆောင်ရေးစခန်းမှာပို့ဆောင်ရေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့ပါတယ်။ မင်းသားကြီးအိမ်ကပျောက်သွားတဲ့ ကျောက်ပြားအကြောင်း စုံစမ်းဖို့နဲ့ “အမြီးကိုးချောင်းမြေခွေး”ကိုဖမ်းဆီးဖို့ ဆရာတူညီမဖြစ်သူဆီကနေ အမိန့်က်ို လက်ခံရရှိခဲ့ပါတယ်။
နောက်နေ့မှာ ခရိုင်မှူးအသစ်က ဖျင်အန်းပို့ဆောင်ရေးရဲ့ သူဌေးဂူဖျင်အန်းနဲ့သူမအဖေကို ဆင့်ခေါ်ပြီး အလုပ်အပ်ခဲ့ပါတယ်။ “နတ်သားနှင်းရည်ခံပြား” ကို“အမြီးကိုးချောင်းမြေခွေး” လက်ထဲက ကာကွယ်ပေးရန်ဖြစ်ပါတယ်။
“နတ်သားနှင်းရည်ခံပြား” က ဘယ်လို အဖိုးတန်တဲ့ ရတနာဖြစ်နေမလဲ……ဖျင်အန်းတစ်ယောက် ဝမ်ကျောက်ရှင်းရဲ့ အကူအညီနဲ့“အမြီးကိုးချောင်းမြေခွေး” ကို ဖမ်းဆီးနိုင်လိမ့်မလား……“အမြီးကိုးချောင်းမြေခွေး” ကရော ဘယ်သူ ဖြစ်နေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။...
The Prequel of Gold Convoyers: An Urgent Letter (2010)
⭐TMDB: 0.0% User Score
🎬 #Action #Drama #ThePrequelofGoldConvoyers
🗓 2010 🎞 movie
🌎 #China
⏰ 1 နာရီ 28 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စုစုပေါင်း ဆယ်ကား တိတိရှိပြီး
မင်ခေတ် ကျားကျင်လက်ထပ်မှာ ရှင်ဘုရင်က အရည်အချင်းမပြည့်ဝပဲအာဏာရှိမူးမတ်တွေက တိုင်းပြည်ကိုပြန်ပြီးဒုက္ခပေးနေကြတယ်။တိုင်းပြည်ဟာကမောက်ကမနဲ့ ခေတ်ပျက်တစ်ခုကိုရင်ဆိုင်နေရပါတယ်။
ကိုယ်ရံတော်တပ်က ရှေ့ပြေးစာပို့သမားလေးတစ်ယောက်ဟာ ဖေးယွီစစ်ခန်းဆိုတဲ့လျှို့ဝှက်စစ်ဆင်ရေးတွေတာဝန်ယူရတဲ့တပ်ကိုဝင်ချင်ပေမယ့်သူ့ရဲ့သူတစ်ပါးကိုဂရုစိုက်တဲ့စိတ်ကြောင့်တာဝန်ကိုသာအဓိကထားရတဲ့ ဖေးယွီတပ်ထဲကိုဝင်ဖို့ခက်နေပါတယ်။
တစ်နေ့မှာတော့ သူဟာဓားပြတွေကိုနှိမ်နင်းဖို့အတွက်အရေးကြီးတဲ့မြေပုံတစ်ခုကိုအမြန်ပို့ဆောင်ရတဲ့တာဝန်ကျလာပါတယ်။ လမ်းမှာဓားပြတွေနဲ့တွေ့ပြီးချောက်ကမ်းပါးအောက်ကျသွားပြီး ဒဏ်ရာရတော့ပို့ဆောင်ရေးအဖွဲ့တစ်ခုကယ်လိုက်ပြီး သူ့ကိုစောင့်ရှောက်ပေးလာခဲ့ပါတယ်။ဒီလိုနဲ့သူကစီးပွားရေးသမားယောင်ဆောင်ရင်းတာဝန်ကိုပြီးဆုံးအောင်ထမ်းဆောင်ဖို့ကြိုးစားပါတော့တယ်။ဒီဇာတ်ကားကတော့ The.Prequel.of.Gold.Convoyersရဲ့ပထမဆုံးကားပဲဖြစ်ပါတယ်။...
Guilty (2020)
⭐IMDB: 5.4/10 (5 k Votes)
🎬 #Bollywood #Drama #Thriller
🗓 2020 🎞 movie
🌎 #India
⏰ 2 နာရီ 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Guilty 2023 – မပျော်ရတဲ့ဗယ်လင်တိုင်းည
IMDb-5.4/10
မင်းသမီးချောလေးကီယာရာနဲ့ အကိတ်လေးAkansha Ranjan Kapoor တို့နှစ်ယောက်အပြိုင်ကျဲထားတဲ့ ကျောင်းသားတွေကြားက thriller/ drama ဇာတ်လမ်းတစ်ပုဒ်
ကျောင်းသားအရွယ်တွေမှာ ဗယ်လင်တိုင်းဆိုတာ ပျော်ရတဲ့နေ့တွေထဲကတစ်ရက်ပဲလေဒီကားထဲမှာတော့ ကျောင်းသားဘဝအပျော်တွေခဏရပ်ပြီး လိင်အကြမ်းဖက်မှုတစ်ခုကြောင့်အားလုံးအစစ်ဆေးခံသံသယတွေဝင်နဲ့နေကြရတာတွေရဲ့အစက ဗယ်လင်တိုင်းညမှာဖြစ်ခဲ့တာမို့ပါပဲ
ဗီဂျေးဆိုတာလူချစ်လူခင်များ ပျိုတိုင်းကြိုက်နှင်းဆီလေးတစ်ယောက် ၊နန်ကီကတော့သူမတူအောင်တော်တဲ့တေးရေးဆရာမလေး ဗီဂျေးရဲ့ချစ်သူ၊တာနူဆိုတဲ့ မိန်းမလှလေးက ခုမှကျောင်းပြောင်းလာတဲ့အသစ်လေး ဗီဂျေးကိုကြိတ်သဘောကျနေတဲ့သူ၊ကျောင်းသားတွေ ပြဇာတ်အတူက concert တွေအတူတက်ကြရင်း 2018 ဗယ်လင်တိုင်းညမှာ Twitter မှာ#MeToo နဲ့ တာနူတစ်ယောက် rape ခံရတယ်ဆိုတဲ့သတင်းတက်လာတယ်
လိင်အကြမ်းဖက်သူလို့ စွပ်စွဲခံရသူကဗီဂျေး…အားလုံးမူးရူးကွဲပြဲနေတဲ့ ဗယ်လင်တိုင်းညအဖြစ်အပျက်တွေကိုလည်း ဘယ်သူမှမမှတ်မိနေတော့ကျောင်းစရောက်တည်းက အသွက်လွန်အလန်းလေးကို လူတိုင်းအချစ်တော်သဘောမနောကောင်းဗီဂျေးက ကျူးလွန်တယ်ဆိုတာ ဘယ်သူကမှမယုံကြည်နေလေတော့…
ရဲစုံထောက်တွေ သတင်းမီဒီယာတွေ ဆိုရှယ်မီဒီယာတွေမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ဒီအမှုကိုတစ်ယောက်ချင်းမေးမြန်းအဖြေရှာရင်း တရားခံကဘယ်သူဖြစ်မလဲဆိုတာတော့….
အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Demolition (2015)
⭐IMDB: 7.0/10 (109 k Votes)
🎬 #Comedy #Drama
🗓 2015 🎞 movie
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
-IMDb Rating – 7.0/10
ခံစားချက်ဆိုတာတွေက
ကျွန်တော်တို့တွေကို လူသားဆန်စေပါတယ်..။
ခံစားချက်မရှိတဲ့လူတစ်ယောက်ဟာ
ယန္တာရားအရေခွံနဲ့လူတစ်ယောက်
သက်သက်ပါပဲ…။
ဇနီးသည်ကားတိုက်သေသွားပြီးနောက်
နောက်နေ့မနက်မှာ အလုပ်သွားခဲ့တဲ့
ခံစားချက်လုံးဝမရှိတဲ့လူတစ်ယောက်…
အရာရာကို ဖြိုချဖျက်စီးပြီး
ဘယ်လိုတည်ဆောက်ထားသလဲ အဖြေရှာတတ်တဲ့
စိတ်ရောဂါသမားတစ်ယောက်…
ဒီလို ယန္တာရားအရေခွံနဲ့လူတစ်ယောက်ရဲ့
စိတ်.. အတွေး… ပြောင်းလဲပုံ အဆင့်ဆင့်ကို
ဒီရုပ်ရှင်မှာ Jakeရဲ့ အကောင်းဆုံး
acting skillတွေနဲ့ ပီပီပြင်ပြင်
ဖော်ညွှန်းသွားပါတယ်။
ဒီကားဟာ တိကျတဲ့ ရသမရှိပေမဲ့
ဝေဝါးထူးခြားတဲ့ ရသတစ်ခုကို ဖော်ညွှန်း
ရိုက်ကူးထားတဲ့ Comedy , Drama
ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Jake Gyllanhaal (Main castအဖြစ်)
သရုပ်ဆောင်ထားတဲ့ ကားတွေဟာ
မကောင်းတာ မရှိသလောက်ရှားပါတယ်။
ဒီတစ်ခါ Demolitionမှာလဲ
သူ့ရဲ့ အနုပညာမှော်ဝင်စားမှုကို
တွေ့ရဦးမှာပါ…..
(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)...
Steeltown Murders (2023-2023)
⭐IMDB: 7.1/10 (3 k Votes)
🎬 #Crime #Mystery #Drama #History
🗓 2023-2023 🎞 tv mini series
🌎 #UnitedKingdom
⏰ 58 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Steeltown Murders (2023)Steeltown Murders (2023)
====================
IMDb Rating – 7.1/10မှုခင်းဇာတ်လမ်းတွဲတွေကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ ကြည့်ချင်
တယ်ဆိုရင်ဒီဇာတ်လမ်းကိုကြည့်ပါ။ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူသတ်သ
မားအကြောင်းကို ရေးသားထားတဲ့စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ
ဖြစ်ပါတယ်။ IMDb rating 7.1, Rotten Tomatoes 78% ရရှိထားပြီး BBC
One ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တာပါ။ အပိုင်းကလည်း (၄)ပိုင်းတည်းမို့
အချိန်အများကြီးပေးစရာမလိုဘဲ ကြည့်ရှုရမှာပါ။
Your browser does not support the video tag.ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၃ ကနေ ၂၀၀၀ ခုနှစ်အစောပိုင်းတွေမှာ
ဝေးလ်ပြည်နယ်က ပေါ့တ်တဲဘက်မြို့နား တစ်ဝှိက်မှာ အမျိုးသမီးတွေကို
မုဒိမ်းကျင့်ပြီး လည်ပင်းညှစ်သတ်တဲ့ ကွင်းဆက်လူသတ်သမား သောင်း
ကျန်းခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာ နည်းပညာမပြည့်စုံမှုကြောင့်
လူသတ်သမားကို မဖမ်းမိခဲ့ပေမယ့် နောက်ပိုင်းမှာ အမှုနဲ့ ပတ်သက်တဲ့ သက်
သေကို ပြန်လည်တွေ့ရှိခဲ့တာကြောင့် ရဲတွေက အမှုကို ပြန်လိုက်ဖို့အတွက်
အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့စည်းကာ ခေတ်မီမှုခင်းဆေးသိပ္ပံပညာတွေနဲ့ လူသတ်သ
မားကို ဖမ်းဆီးဖို့ ကြိုးစားကြပုံကို မြှုပ်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှု
ရမယ့် ဇာတ်လမ်းကောင်းလေးပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်။)...
Hightown (2020- )
⭐IMDB: 6.8/10 (6 k Votes)
🎬 #Drama #Crime #Mystery
🗓 2020- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 57 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hightown – Season (01)Hightown – Season (01)
===================
IMDb Rating – 6.8/10နာမည်ကျော်မင်းသမီး Monica Raymund တစ်ယောက် Best
Actress Award ဆုရရှိခဲ့တဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေး
လိုက်ပါတယ်။ Season 3 ခု အထိ ထွက်ရှိထားပြီ ဖြစ်ပြီး CM မှ
ဆက်တိုက် တင်ဆက်ပေးသွားပါမယ်။
Your browser does not support the video tag.ဇာတ်လမ်းအကျဉ်း –
ဂျက်ကီက အမျိုးသားရေကြောင်းငါးလုပ်ငန်းက အထူးအေးဂျင့်
တစ်ယောက်ပါ။ ရာထူးရာခံရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုပေမဲ့
ပီတောင်းလို လောကီအာရုံကာမဂုဏ်တွေနဲ့ ပြည့်စုံနေတဲ့ မြို့လေးမှာ
ငါးဖမ်းလှေတွေဆီက ဆက်ကြေးတောင်းလိုက် ရတဲ့ပိုက်ဆံနဲ့ အရက်
သောက်လိုက် စော်ရှုပ်လိုက်နဲ့ လုပ်နေတတ်တဲ့ လက်ဖက်ဆီပြန်
အရာရှိမလေးတစ်ယောက်ပေါ့။ရေပြင်လို တည်ငြိမ်နေတဲ့ သူ့ဘဝထဲကို ခဲတစ်လုံးကျစေခဲ့တာကတော့
ရှယ်ရီဆိုတဲ့ ကောင်မလေး အသတ်ခံရတဲ့အမှုပါပဲ။ အရုဏ်တက်ချိန်မှာ
စော်လေးတစ်ယောက်နဲ့ လင်ဗန်းချင်းရိုက်ပြီး ပြန်လာတဲ့ ဂျက်ကီတစ်ယောက်
ကမ်းခြေမှာ သောင်လာတင်နေတဲ့ ရှယ်ရီ့ရဲ့ အလောင်းကို တွေ့လိုက်ရပြီး
အရေးပါတဲ့ မျက်မြင်သက်သေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရှယ်ရီ
အသတ်ခံရတာကလည်း သာမန်လူသတ်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ
ဂိုဏ်းကြီးတစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ ရှုပ်ထွေးပွေလီတဲ့
အမှုတွေ ပီတောင်းမှာ ဖြစ်ပေါ်လာခဲ့ပါပြီ။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ May Thet Khine Soe, Ngwe Zin, Thura Aung,
Leonard Lin တို့ ဖြစ်ပါတယ်။)...
Saandrithazh (2023)
⭐IMDB: 8.3/10 (838 Votes)
🎬 #Bollywood #Drama #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 9 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Saandrithazh (2023)”တဝဲလည်လည်”==============================
IMDb 8.3/10အသစ်ထွက်လာတဲ့ တမီလ်စကားပြော ကျေးလက်အချစ်ဟာသရုပ်ရှင်လေးကိုစီအမ်အိန္ဒိယပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ကာရူဗာရိုင်ဆိုတဲ့ ရွာလေးဟာ ရေလည် ခေတ်ရှေ့ပြေးတဲ့ ရွာလေးပါ။ တစ်ရွာလုံးမှာ တိုက်တွေချည်းပဲရှိပြီးစီစီတီဗွီ အပြည့်တပ်ထားတဲ့ စံပြကျေးရွာဆုကိုတောင်ရတဲ့ ရွာလေးပေါ့။ရွာက ခေတ်ရှေ့ပြေးပေမဲ့ ရွာသားတွေကတော့ ရှေးရိုးစွဲကြပြီး စည်းကမ်းအင်မတန် တင်းကျပ်ထားတာအစိုးရက ပေးတဲ့ စံပြကျေးရွာဆုကိုတောင်ငြင်းပြီး ဆုလာပေးတဲ့ ဝန်ကြီးကိုပါ ရွာထဲပေးမဝင်တဲ့အထိ ခေါင်းမာကြပါတယ်။
အဲဒီလို ခေတ်ရှေ့ပြေးပြီး ခေတ်နောက်ကျတဲ့ ရွာလေးကို စိတ်ဝင်စားတာကြောင့်သတင်းယူဖို့အတွက် သတင်းထောက်မလေးတစ်ယောက် ခိုးဝင်လာတဲ့အချိန်မှာတော့…။
(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Return to Sleepaway Camp (2008)
⭐TMDB: 59.0% User Score
🎬 #Comedy #Horror #Mystery
🗓 2008 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို Return to Sleepaway
Camp(2008)ဆိုတဲ့ ဇာတ်ကားကောင်းလးနဲ့ မိတ်ဆက်ပေးပါရစေ
ဒီဇာတ်ကားဟာ နွေရာသီလေ့ကျင့်ရေးစခန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှု
အကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဒီဇာတ်ကားရဲ့
ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ Robert Hiltzikက
ရိုက်ကူးပုံဖော်ထားပါတယ်
ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ကောင်လေး အာလန်အဖြစ်
Michael Gibney,နွေရာသီလေ့ကျင့်ရေးစခန်းရဲ့ ပိုင်ရှင်ဖြစ်သူ
ဖရန့်ခ်အဖြစ် Vincent Pastore,အကြံပေးခေါင်းဆောင်ရွန်နီအဖြစ်
မင်းသားကြီးPaul DeAngeloနဲ့ ကာရန်အဖြစ်မင်းသမီး Erin
Broderick ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းဟာ နွေရာသီလေ့ကျင့်ရေးစခန်းတစ်ခုလုံးရဲ့ ချဉ်ဖတ်ဖြစ်သူ
အမြဲတမ်းအနိုင်ကျင့်ခံရတဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်
တစ်ရွာလုံးနဲ့ ငါ့ကြီးတော်ဖြစ်နေပုံနဲ့စတင်ထားပါတယ် အဲ့နောက်ထူးဆန်းစွာပဲ
အာလန်ကိုအနိုင်ထက်စီးနင်းပြုကျင့်တဲ့ သူတွေဟာ တစ်ယောက်ပြီး
တစ်ယောက်စပြီး အသတ်ခံရပါတယ် ပထမမီးဖိုချောင်အကူကောင်လေး
မစ်ကီ နောက်ပြီးတစ်ယောက်ပြီးတစ်ယောက်တိုးပွားလာပေမယ့်
သတ်တဲ့သူကိုအဖြေမထုတ်နိုင်ဖြစ်နေပါတယ် စခန်းရဲ့အကြံပေးခေါင်းဆောင်ဖြစ်တဲ့
ရွန်နီကတော့ အရင်ကစခန်းမှာ လူတွေကိုလိုက်သတ်ခဲ့တဲ့ အန်ဂျယ်လ်လာဆိုတဲ့
သူပြန်ရောက်နေပြီလို့ထထစ်ချပြောပေမယ့် ပိုင်ရှင်ဖရန်ခ့်ကတော့ မသိသလို
ဟန်ဆောင်နေပါတယ် ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရတဲ့
အ ချိန်မှာတော့ လူသတ်သမားကိုစုံစမ်းကြပါတော့တယ် စခန်းကလူတွေ
အားလုံးကတော့ လူသတ်သမားဟာ သူတို့ကိုအမြဲတမ်းကြုံးဝါးနေတဲ့
အာလန်ဆိုတဲ့ကောင်လေးပဲလို့ ယုံကြည့်နေကြပါတယ် ကြည့်ရှုသူပရိတ်သတ်
ကြီးလည်း လူသတ်သမားကဘယ်သူဖြစ်မလဲ အနိုင်ကျင့်ခံရပြီးတိုင်း
မင်းတို့အားလုံးကို ငါသတ်ပစ်မယ်လို့ အမြဲကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့
ကောင်လေးလား အာလန်အနိုင်ကျင့်ခံရတဲ့ အချိန်တန်တိုင်းမှာပေါ်လာပြီး
အာလန်ဖက်မှာ အမြဲတမ်းရပ်တည်ပေးနေတဲ့ ပီတီဆိုတဲ့ကောင်မလေးလား
ဒါမှမဟုတ် ရွန်နီထထစ်ချယုံကြည်နေတဲ့ အန်ဂျယ်လ်လာဆိုတဲ့ ကောင်မလေး
ဖြစ်မလားဆိုတာ ကိုဒီဇာတ်ကားလေးထဲမှာ လိုက်ပါခံစားစီးမျှော်ကြည့်ရှုရင်း
ဖော်ထုတ်လိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာရဲ့ မြှပ်ကွက်လှည့်ကွက်
တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ကြီးကို ဇာတ်လမ်းအစ အလယ် အဆုံး
စွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ
Comedy, Horror ,Mystery& Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာ
ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့
ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...
Dog Day Afternoon (1975)
⭐TMDB: 78.0% User Score
🎬 #Biography #Crime #Drama #Thriller
🗓 1975 🎞 movie
🌎 #UnitedStatesofAmerica
⏰ 2 နာရီ 4 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရ
ကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက်
အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင်
စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင်
တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့
နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့
ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာ
ထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေး
ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့
သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကို
ဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်က
သူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံ
အခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ သူငယ်ချင်း ၂ ယောက် ဘယ်လို
ရုန်းကန်ကြမလဲ။ သူတို့ ဘဏ်ဓားပြတိုက်ခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို
အကြောင်းတွေ ရှိကြမလဲ ဓားစာခံခေါ်ထားခြင်း ခံရတဲ့ ဘဏ်ဝန်ထမ်းတွေရဲ့
တုံ့ပြန်မှုကရော ဘယ်လိုလာမလဲ စတာတွေကို အပြင်မှာ တကယ်ဖြစ်ရပ်မှန်
ဖြစ်ခဲ့ပါလားဆိုပြီး ခံစားကြည့်ရှုတဲ့အခါမှာ လုံးဝအံ့အားမှင်သက်မှုတွေကို
ခံစားစေရမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေကြည့်ရှုဖို့
တိုက်တွန်းလိုက်ပါတယ်ခင်ဗျား...
M.S. Dhoni: The Untold Story (2016)
⭐IMDB: 8.0/10 (67 k Votes)
🎬 #Bollywood #Drama #Sport #Biography
🗓 2016 🎞 movie
🌎 #India
⏰ 3 နာရီ 5 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MS.Doni The Untold Story (2016)“ခရစ်ကတ်ကစားသမား ဒိုနီရဲ့ ဘဝစာမျက်နှာ”
IMDb 8/10 RT score 75% ရုံတင်ငွေအရလဲ အောင်မြင်ခဲ့ပြီး cast နဲ့တင် လဲသေလို့ရတဲ့biographical sport drama ကားလေးကို CM Bollywood ပရိသတ်ကြီးအတွက်ပြန်တင်ဆက်ပေးပါရစေ
အဓိကဇာတ်ဆောင်တွေအဖြစ် PK ကားထဲက ဇာတ်ပို့မင်းသား ဆူရှန့်ဆင်းဂ် Shershaah ထဲကအချောလေး ကီရာရာ နဲ့ မြင်သူငေးမင်းသမီးလေး ဒီရှားတို့က ဦးဆောင်ပါဝင်ထားပါတယ်
ဇာတ်လမ်းလေးကတော့ Test, ODI, T20I ချန်ပီယံ အိန္ဒိယခရစ်ကတ်နိုင်ငံ့လက်ရွေးစင်ဟောင်း မဟင်ဒရာဆင်းဂ် ဒိုနီရဲ့ဘဝဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဗမာပြည်နဲ့ထူးမခြားနား စာမရမှာစိုးလို့ အားကစားမလုပ်ခိုင်းတဲ့ကျောင်းပညာရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ခရစ်ကတ်ဆိုတာကို စတင်သိရှိခဲ့ပြီး ကျောင်းလက်ရွေးစင်ကနေနိုင်ငံ့ကိုယ်စားပြုတစ်ယောက်အထိ ဖြစ်လာဖို့ အောင်မြင်မှုတွေရရှိလာဖို့အတွက် နောက်ကွယ်က ပေးဆပ်ရုန်းကန်ခဲ့ရတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားလေးမို့ အားကျအတုယူဖို့လဲကောင်း ကြည့်ရတာလဲ
ရသစုံလင်ပါတယ် Cast တွေနဲ့တင်ကြည့်ရတာတန်နေပြီမို့ မိုတီကားကောင်းလေးတွေကြိုက်နှစ်သက်တဲ့ Bollywood ပရိသတ်ကြီးအတွက် CM Bollywood Team ကနေ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Northern Shade (2022)
⭐IMDB: 6.3/10 (95 Votes)
🎬 #Crime #Drama #Thriller
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျက်စတင်ဟာ အမေရိကန်စစ်ပြန်ကြီးတစ်ယောက်ဖြစ်ပြီး
အာဖဂန်စစ်ပွဲတွေမှာ တာဝန်ထမ်းခဲ့သူပါ။
သူ့ရဲ့စစ်ပွဲအတွေ့အကြုံကတော့ ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုတော့
မဟုတ်ခဲ့တဲ့အလျောက် ဒီစစ်ပွဲမှာပဲ အရင်းနီးဆုံးသူငယ်ချင်းကိုဆုံးရှုံးခဲ့ရပြီး
ကြေကွဲစိတ်တွေ၊ စစ်ပွဲရဲ့ စိတ်ဒဏ်ရာတွေနဲ့ အသက်ရှင်နေရသူပေါ့…။
တစ်ခါတလေဆို သေဆုံးသွားတဲ့သူ့သူငယ်ချင်းရဲ့ ဝိညာဥ်ကိုပါမြင်ယောင်
မိတတ်ပါတယ်။
အဲ့လိုနဲ့စစ်ပြန်ဘဝနဲ့ ၇နှစ်တာ တစ်ကိုယ်တည်းနေခဲ့ရင်းနဲ့ တစ်နေ့ကျတော့
သူ့ရဲ့ညီဖြစ်သူဟာ အဆက်အသွယ်မရပျောက်ဆုံးသွားမှန်းသိလိုက်ရပါတယ်
ဒါကြောင့် ညီဖြစ်သူကို ပြန်ရှာဖို့ စုံစမ်းခဲ့ရင်းက လက်နက်ကိုင် ဂိုဏ်းတစ်ခုထဲ
ရောက်သွားကြောင်းသိလိုက်ရတဲ့နောက်မှာ….၊
စစ်ပွဲဆိုတာ နောက်ပြန်ဆုတ်လို့မရတဲ့အရာတွေမှန်း ကိုယ်တွေ့ကိုယ်ကျ
ကြုံတွေ့ခဲ့ရတဲ့သူမို့ ညီအရင်းဖြစ်သူကိုပါ ထပ်အဆုံးရှုံးမခံရစေဖို့ ဘယ်လို
ရှာဖွေကယ်ဆယ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ...
夺命营救 (2023)
⭐TMDB: 0.0% User Score
🎬 #Action #Drama
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 10 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဒုက္ခတွေကနေကယ်ဆယ်တဲ့အကြောင်း ပုံဖော်ထားတဲ့ Survival ဇာတ်ကားလေးပါ။တောင်လမ်းတစ်ခုမှာ ဘတ်စ်ကားတစ်စင်းဖြတ်သွားတဲ့အချိန် မြေပြိုတဲ့အတွက်ဘတ်စ်ကားကချောက်နက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။
ကံကောင်းခြင်းတော့ မိုင်းတွင်းဝမှာပိတ်နေတဲ့နွယ်တွေပေါ်ကျသွားတာကြောင့်ဘတ်စ်ကားကမပေါက်ကွဲပဲ အထဲကလူတွေလဲအသက်ရှင်ကျန်နေပါတယ်။အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် သူတို့ဆီကိုစိန်ခေါ်မှုတွေကရောက်လာပါပြီ။အသက်ဘေးနဲ့ကြုံလာတဲ့အခါ လူ့ရဲ့သဘာဝတွေဗီဇတွေဟာ ဘွင်းဘွင်းကြီးပေါ်လာတတ်တယ်မဟုတ်လား…..ဒီစွန့်ပစ်မိုင်းအတွင်းကနေလွတ်မြောက်အောင်သူတို့ကြိုးစားပြီးလွတ်မြောက်နိုင်ပါ့မလား...
常乐镇诡事 (2023)
⭐TMDB: 0.0% User Score
🎬 #Horror
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 27 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သည်းထိတ်ရင်ဖို ရုပ်ရှင်ကိုပဲ ကြိုက်တဲ့ ပရိသတ်တွေအတွက်ဒီရုပ်ရှင်က ကြောက်လန့်တဲ့အရသာကို အပြည့်ပေးနိုင်မှာ သေချာပါတယ်။ဇာတ်လမ်း အကျဉ်းကတော့-
ဟူကော်ဟွာဆိုတာ ချန်လဲ့မြို့မှာ အချမ်းသာဆုံး သူဌေးသားလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ဘယ်သူ့ကိုမှ အထင်မကြီးတဲ့ ဟူကော်ဟွာက လောင်းတိုင်း နိုင်နိုင်မယ့်လူအရိုးနဲ့ လုပ်ထားတဲ့ အံစာတုံးကို ရရှိခဲ့ပြီးနောက် ပိုင်ဆိုင်မှုတွေ အားလုံးသုံးပြီး လောင်းခဲ့ပါတယ်။ဒါပေမဲ့ ညသန်းခေါင်ကျော်တဲ့အထိ မလောင်းရဘူးဆိုတဲ့ တားမြစ်ချက်ကိုလျစ်လျူရှုခဲ့တဲ့အတွက် အကုန်ရှုံးသွားခဲ့ပြီး သူတောင်းစား သာသာဖြစ်သွားခဲ့ပါတယ်။
စိတ်မပြတ်နိုင်တဲ့ ဟူကော်ဟွာက သူ့အဖေရဲ့ သင်္ချိုင်းကို သွားတူးခဲ့ပြီး ဦးလေးဖြစ်သူကသူ့အဖေဆီ အကြွေးကျန်နေတာကို သိခဲ့ရပါတယ်။ ဦးလေးဆီ အကြွေးသွားတောင်းချိန်မှာဦးလေးက အိမ်ထောင်ကျပြီးမှ ပေးမယ်လို့ ပြောတဲ့အတွက်လူသေအတွက်သုံးတဲ့ စက္ကူသတို့သမီးနဲ့လိမ်ဖို့ စီစဉ်ခဲ့ပါတယ်။
စက္ကူသတို့သမီးက အသက်ဝင်လာပြီး တကယ်လက်ထပ်ဖို့ သူမရှိရာသင်္ချိုင်းကို ခေါ်တဲ့အခါ……ဟူကော်ဟွာတစ်ယောက် ရှုံးသွားတဲ့ ငွေတွေကို ပြန်ရနိုင်မလား……သူမြင်တွေ့ရတဲ့အရာတွေ အားလုံးကရော အစစ်အမှန်တွေ ဟုတ်ရဲ့လား……ဆိုတာကို တရုတ်စတိုင် ခြောက်လှန့်ခြင်းတွေကို ရုပ်ရှင်နဲ့အတူ ခံစားလိုက်ရအောင်နော်။...
Dangerous Waters (2023)
⭐IMDB: 5.1/10 (340 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 42 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dangerous water (2023)=================
စွန့်စားခန်း thriller ကားကောင်းကောင်းမျှော်နေသူတွေအတွက်အရမ်းမိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပင်လယ်ပြင်ကိုမွေးနေ့အပျော်ခရီး ရွက်လွှင့်ထွက်လာခဲ့တဲ့ ရို့စ် ၊ အယ်မာနဲ့ ဒဲရက်စတိုက်တို့ ၃ ယောက်ဟာ… တဖြည်းဖြည်းနဲ့ရေစီးကြောင်းပြောင်းလဲမှုကြောင့် ဘာမြူဒါတြိဂံနားအထိရောက်သွားပါတယ်။
ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ ခရီးဆက်ရင်း လူသူမနေနဲ့စွန့်ပစ်ကျွန်းကြီးကိုရောက်သွားတဲ့အခါမှာတော့ ဆန်းကြယ်မှုတွေနဲ့အပြည့်ဖြစ်နေခဲ့ပြီး သူတို့ ၃ ယောက်ကြားမှာလည်း မပြီးပြတ်သေးတဲ့ ပြဿနာလေးတွေကိုဖြေရှင်းရင်း သမုဒ္ရရာကြီးကနေ ဘယ်လိုလွတ်မြောက်သွားမလဲဆိုတာကို စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Creepypasta (2023)
⭐IMDB: 3.3/10 (243 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခင်ဗျားတို့ရဲ့ဘဝမှာ ကြောက်ရွံထိတ်လန့်စရာ ပုံပြင်တွေကို
ကြားဖူးကြမယ်လို့ထင်ပါတယ် ဒီဇာတ်ကားက လိုင်းပေါ်မှာ
ထိတ်လန့်ခြောက်ခြားစရာ ဇာတ်လမ်းတွေကို ရေးတင်လေ့ရှိတဲ့
အသက် ၁၄နှစ်အရွယ် စာရေးဆရာမလေး ပျောက်ဆုံးပြီးတဲ့နောက်
ဖြစ်ပေါ်လာတဲ့ ထူးဆန်းထိတ်လန့်ဖွယ်ရာတွေ အပေါ်ကိုဇာတ်အိမ်
တည်ထားပြီး ဒါရိုက်တာတွေဖြစ်ကြတဲ့ Carlos Cobos Aroca,
Berkley Brady, Mikel Cravatta သုံးယောက်ပေါင်းစပ်ဖန်တီးထားတဲ့
ဇာတ်ကားတစ်ကားဖြစ်ပြီး မင်းသားတွေဖြစ်ကြတဲ့ Joie Bauer,
Fernando Boza နဲ့မင်းသမီး Silvia Casanovaတို့က ပါဝင်အားဖြည့်
သရုပ်ဆောင်ထားပါတယ်..
ဇာတ်လမ်းက အသက် ၁၄နှစ်အရွယ် စာရေးဆရာမလေးပျောက်ဆုံးပြီးတဲ့နောက်
အနီးနားပတ်ဝန်းကျင်မှာ ထူးဆန်းစွာပဲ လူတွေဆက်တိုက်ဆိုသလို ပျောက်ဆုံး
လာပါတယ် လူတွေဘာကြောင့် အကြောင်းအမျိုးမျိုးနဲ့ သဲလွန်စရှာလို့မရအောင်
ပျောက်ဆုံးနေကြတာလဲ ရဲတွေကရော ဒီကိစ္စကိုအဖြေရှာထုတ်နိုင်ပါ့မလား
လူတွေကကော ဘာလို့ထူးဆန်းစွာပျောက်ဆုံးကုန်ကြတာလဲ လူတွေပျောက်ဆုံး
မှုတွေက လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ ထိတ်လန့်ဖွယ်ရာဇာတ်လမ်းတစ်ပုဒ်နဲ့
တစ်ကယ်ပဲဆက်နွယ်နေတာလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ
ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုလိုက်ပါဦး
ဒီဇာတ်ကားဟာ Horror ဇာတ်ကားလေးတွေကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်တဲ့
ကြည့်ရှုသူပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေး
တစ်ကားဖြစ်ပါတယ်...
Thank You, I'm Sorry (2023)
⭐IMDB: 6.0/10 (750 Votes)
🎬 #Comedy #Drama
🗓 2023 🎞 movie
🌎 #Sweden
⏰ 1 နာရီ 31 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘယ်လိုအခက်အခဲတွေ ဘယ်လိုအဖြစ်ဆိုးတွေကြုံနေရပါစေ။
နောက်ဆုံးမှာတော့ ကိုယ့်အနားမှာရှိနေပေးနိုင်မှာကိုယ့်မိသားစုပဲ ရှိပါတယ်။
ဘယ်လောက်ပဲမိသားစုအချင်းချင်းပြဿနာတွေတက်တက် စိတ်တွေဆိုးဆိုး
အချိန်တန်ရင်တော့သွေးကစကားပြောမှာပါပဲ။ ဒီ Thank You I’m Sorry
ဆိုတဲ့ဇာတ်ကားလေးထဲမှာလည်း ဘယ်အချစ်ကမှ မိသားစုရဲ့ချစ်ခြင်းလောက်
မကြီးမားဘူးဆိုတာကို ပြသပေးသွားမှာပဲဖြစ်ပါတယ်။
IMDb Rating 6.0 ရရှိထားပြီး Rotten Tomatoes မှာတော့ Rating 100%
ရထားပါတယ်။ဆာရာမှာဒန်နီရယ်ဆိုတဲ့ ခင်ပွန်းနဲ့အဲလိယော့ဆိုတဲ့သားလေး
တစ်ယောက်ရှိပြီး မကြာခင်မွေးဖွားလာတော့မဲ့ ကလေးလေးတစ်ယောက်ကလည်း
ဗိုက်ထဲမှာရှိနေပါတယ်။သာယာပျော်ရွှင်နေတဲ့ သူတို့မိသားစုလေးရဲ့ဘ၀ကို
အပြောင်းအလဲ ကြီးဖြစ်သွားစေခဲ့တာကတော့ ရုတ်တရက်ကြီးဒန်နီရယ်
နှလုံးဖောက်ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစုလေးရဲ့ ကံကြမ္မာ
အလှည့်အပြောင်းကြီးကို ဆာရာတစ်ယောက်ဗိုက်တစ်လုံးကလေးတစ်ဖက်နဲ့
အံကြိတ်ပြီးရင်ဆိုင်နေရပါတော့တယ်။ဒီလိုအချိန်မှာ သူ့ဆီကနေတစ်ယောက်
ထွက်ခွာသွားပေမယ့် တခြားတစ်ယောက်ကတော့သူ့ဘ၀ထဲကိုပြန်ဝင်လာခဲ့ပါတယ်။
အဲ့ဒီတစ်ယောက်ကတော့ သူနဲ့အဆက်အသွယ်ဖြတ်ထားတာကြာပြီ ဖြစ်တဲ့
သူ့အစ်မလင်ဒါပဲဖြစ်ပါတယ်။ဆာရာရဲ့ ဘ၀ထဲကိုလင်ဒါပြန်ဝင်ရောက်လာပြီး
နောက်မှာ ညီအစ်မနှစ်ယောက် အတူတူလောကဓံတွေကိုဘယ်လိုရင်ဆိုင်
ကျော်ဖြတ်ကြမလဲ ဘယ်လိုဆူးညှောင့်ခလုတ်တွေနဲ့ကြုံတွေ့ရမလဲဆိုတာကို
ကြည့်ရှုရမဲ့မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Spaghetti (2023)
⭐TMDB: 100.0% User Score
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #
⏰ 1 နာရီ 22 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spaghetti (2023)==============
သူနာပြုမလေး လီနာဆိုင်မွန်တစ်ယောက် အလုပ်သွားရင်းလမ်းမှာကားပျက်သွားတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ဖြစ်တဲ့ စကော့တီရဲ့အကူအညီကို မယူချင်ဘဲယူလိုက်ရတယ်။လီနာနဲ့ စကော့တီတို့ အပြန်အလှန်စကားတွေပြောရင်း ညစာအတူစားဖို့ချိန်းတဲ့အထိရင်းနှီးသွားကြရော။ ဒါပေမဲ့ လီနာကစကော့တီအပေါ် အရမ်းသဘောကျသွားပြီး သူ့ကိုပိုင်ဆိုင်ချင်လာတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူ ညွှန်းပေးတဲ့ မှော်ဆရာမကြီးဆီမှာ အစီအရင်သွားလုပ်မိလိုက်တယ်။ အဲလိုအစီအရင်လုပ်ပြီးနောက် သူ(မ)ဘဝ ဘယ်လိုမျိုးအကြီးအကျယ်ပြောင်းလဲဆိုတာကို ဟော်ရာဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing ဖြစ်ပါတယ်)...
Part of Me (2012)
⭐IMDB: 5.9/10 (14 k Votes)
🎬 #Documentary #Music
🗓 2012 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Katy Perry: Part of Me (2012)======================IMDb Rating – 5.9/10
♪…I used to bite my tongue and hold my breath…Scared to rock the boat and make a mess…So I sat quietly, agreed politely…♪CM ပရိတ်သတ်ကြီးတို့အားလုံးနီးပါး ဒီ “Roar”သီချင်းနဲ့
ရင်းနှီးကြမှာပါ။ Katy Perry လို့ဆိုလိုက်ရင် သူ့ရဲ့နာမည်ကြီးသီချင်းတွေဖြစ်တဲ့ “Hot n Cold”၊ “Roar”၊ “Teenage Dream”နဲ့“I Kissed a Girl”တို့ကို တန်းပြီး မျက်လုံးထဲပေါ်လာကြမှာပါ။သူ့ရဲ့ခေတ်သစ်ပေါ့ပ်သီချင်းတွေနဲ့ သူမတူတဲ့ Camp တွေကြောင့်“Queen of Camp”လို့တင်စားရတဲ့သူ၊ ခေတ်သစ်ပေါ့ပ်ဂီတသမိုင်းမှာ စံချိန်များစွာချိုးဖူးတဲ့သူတစ်ယောက်။
ဒါလေးကတော့ (2012)တုန်းက “California Dreams Tour”ဖျော်ဖြေရေးခရီးစဉ်နဲ့ သူရဲ့အတ္ထုပ္ပတ္တိကို တွဲပြီးမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ Katy တစ်ယောက် တင်းကြပ်လွန်းတဲ့ ဘာသာရေးအသိုင်းအဝိုင်းမိသားစုကနေ အနုပညာလမ်းပေါ် စပြီးလျှောက်လှမ်းဖြစ်ခဲ့ပုံတွေ၊ ဂီတကိုရူးသွပ်ခဲ့ပုံတွေနဲ့ Katyနဲ့ သူ့ပရိတ်သတ်တွေကြားကဆက်ဆံရေးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေရဲ့အမြင်တွေကိုထည့်သွင်းရိုက်ကူးထားပါတယ်။ ဒါကြောင့် KatyCatsတို့အတွက် CMကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Osmosis Jones (2001)
⭐TMDB: 65.0% User Score
🎬 #Action #Adventure #Animation #Comedy #Crime #Family #Fantasy #SciFi
🗓 2001 🎞 movie
🌎 #UnitedStates #Denmark #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ဇာတ်ကားလန်းလန်းလေးတွေကြည့်ချင်ရင်
ဒီကားလေးကလည်း ကြည့်သင့်တဲ့အထဲပါသဗျ…။
ဒါအပြင် ဇာတ်လမ်းပုံစံလေးက ရဲနှစ်ယောက်အမူလိုက်ကားဆိုတော့
“Rush hour”ဇာတ်ကားတွေလို vibeမျိုးလေးလည်း ခံစားရမှာအသေအချာပါပဲ…။
ဇာတ်လမ်းအကြောင်းပြောရရင် ဖရန့်ဆိုတဲ့လူတစ်ယောက်ရှိတယ်…။
သူက ကျန်းမာရေးလည်းမလိုက်စား အစားအသောက်လည်းမဆင်ခြင်
ဖြစ်ကတတ်ဆန်းနေတဲ့လူပေါ့….။
အဲ့လိုနေချင်သလိုနေလို့ ခန္ဓာကိုယ်ထဲဝင်လာသမျှ ရောဂါပိုးတွေကို
တိုက်ဖျက်ပေးရတာကတော့ ကိုယ်တွင်းကသွေးဖြူဥလေးတွေပါ…။
အိုစမိုစစ် ဂျုန်းဆိုတာ ဖရန့်ရဲ့ ကိုယ်တွင်းမြို့တော်ကြီးထဲက ရောဂါတွေကို
တိုက်ဖျက်ပေးရတဲ့ ရဲသားသွေးဖြူဥလေးတစ်ကောင်ဖြစ်ပါတယ်….။
တစ်နေ့မှာတော့ ထုံးစံအတိုင်း အဆင်အခြင်မဲ့တဲ့ ဖရန့်ကြောင့် ခန္ဓာကိုယ်ထဲကို
ရောဂါပိုးတွေထပ်ဝင်လာပြီး အအေးမိသလို ခေါင်းကိုက်သလိုလိုဖြစ်လာပါတယ်….။
ဒီအခြေအနေကို ဖြေရှင်းဖို့ အိုစမိုစစ် ဂျုန်းတစ်ယောက် အခွင့်အရေးရ
လာတဲ့အခါမှာတော့….။
ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာ ဒီအိုင်ဒီယာဆန်းဆန်းလေးနဲ့
ရုပ်ရှင်ကားလေးထဲမှာကြည့်ရှုလို့ရပါပြီ...
