ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Tale of The Princess Kaguya (2013) ⭐IMDB: 8.0/10 (49 k Votes) 🎬 #Adventure #Animation #Drama #Fantasy #Family 🗓️ 2013 🎞️ Movie 📺 720p 🌎 #Japan ⏰ 2 နာရီ 18 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tale of Princess Kagura (2013) ***************************************** Imdb rating- 8.0/10 Rotten Tomatoes- 100% ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေဆိုတာ ကျွန်မတို့ ကလေးဘဝရဲ့ အသည်းစွဲအမှတ်တရတွေပါ။ ငယ်ငယ်တုန်းက လူကြီးတွေပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကြားဖူးနားဝရှိနေခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေ… ငယ်ဘဝဆိုတာ ဒါတွေနဲ့ ဖြတ်သန်းကြီးပြင်းလာကြရတာမဟုတ်လား? ကျွန်မအတွက်တော့ KAGUYAမင်းသမီးဟာ ငယ်စဥ်ကာလရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဝါးပင်ကနေ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတာ ၂၀၁၄ရုပ်ရှင်မထွက်ခင်ကတည်းက ဂျပန်ရိုးရာပုံပြင်အဖြစ် စာအုပ်တွေထဲမှာ ဖတ်ဖူးပြီးသားပါ။ ရုပ်ရှင်ထွက်လာတော့လည်း သူငယ်ချင်းတွေက Cinderella, Sleeping Beauty စတဲ့ ဒစ်စနေးကာတွန်းတွေကို သဘောကျကြချိန်မှာ ကျွန်မကတော့ MNTVမှာ ခဏခဏပြတဲ့ THE TALE OF PRINCESS KAGUYAကို စွဲလမ်းခဲ့ဖူးပါတယ်။ Studio Ghilibiဆိုတာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း animeတွေ မွေးဖွားရာနေရာတစ်ခုပါ။ Studio Ghilibiလို့ပြောလိုက်ရင် အများစုက တည်ထောင်သူ မီယာဇကီကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကားက တွဲဖက်တည်ထောင်သူ တာကာဟာတာရဲ့ လက်ရာဖြစ်ပါတယ်။ ဒါကြောင့်လည်း မီယာဇကီရဲ့ ပုံမှန်စတိုင်မဟုတ်ဘဲ ရှေးဟောင်းပန်းချီတစ်ချပ်ကို ရင်တလှပ်လှပ်နဲ့ ၂နာရီကြာ အဓိပ္ပါယ်ဖော်နေရသလို မသေမသပ်ခံစားချက်မျိုး ရပါလိမ့်မယ်။ သူပေးချင်တဲ့ messageကတော့ ရှင်းပါတယ်။ “သဘာဝတရားကို တန်ဖိုးထားပါ” ဆိုတာပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ဟာ messageတစ်ခုသိသွားတယ်ဆိုတာထက်ကို ပိုပြီး နက်ရှိုင်းပါတယ်။ အခြေအနေ အချိန်အခါကို လိုက်ပြီး ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တဲ့ ဇာတ်ဝင်တေးဟာ ဒီရုပ်ရှင်ရဲ့ အသက်လို့ ပြောလို့ရပါတယ်။ စာသားရိုးရိုးရှင်းရှင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ သာမန်လယ်တောသီချင်းလေးဟာ Kaguyaနဲ့ တွေ့မှ နှလုံးသားထဲကို ကျောက်စမ်းရေလို စိမ့်ဝင်သွားတာ သေချာပေါက် ခံစားမိပါလိမ့်မယ်။ ဘယ်နှခါခါကြည့်ကြည့် မရိုးတဲ့ လှပလွန်းသော masterpiece ပါပဲ။ (Reviewed by April Thun) =================================

Species (1995) ⭐IMDB: 5.8/10 (82 k Votes) 🎬 #Action #Adult #Horror #Sci-Fi #SciFi #Thriller 🗓️ 1995 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 50 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကိုhttps://channelmyanmar.org/?s=speciesမှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species (1995) ဇာတ်လမ်းအကျဉ်း….ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရမီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။

The Tale of The Princess Kaguya (2013) ⭐IMDB: 8.0/10 (49 k Votes) 🎬 #Adventure #Animation #Drama #Fantasy #Family 🗓️ 2013 🎞️ Movie 📺 1080p 🌎 #Japan ⏰ 2 နာရီ 18 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tale of Princess Kagura (2013) ***************************************** Imdb rating- 8.0/10 Rotten Tomatoes- 100% ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေဆိုတာ ကျွန်မတို့ ကလေးဘဝရဲ့ အသည်းစွဲအမှတ်တရတွေပါ။ ငယ်ငယ်တုန်းက လူကြီးတွေပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကြားဖူးနားဝရှိနေခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေ… ငယ်ဘဝဆိုတာ ဒါတွေနဲ့ ဖြတ်သန်းကြီးပြင်းလာကြရတာမဟုတ်လား? ကျွန်မအတွက်တော့ KAGUYAမင်းသမီးဟာ ငယ်စဥ်ကာလရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဝါးပင်ကနေ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတာ ၂၀၁၄ရုပ်ရှင်မထွက်ခင်ကတည်းက ဂျပန်ရိုးရာပုံပြင်အဖြစ် စာအုပ်တွေထဲမှာ ဖတ်ဖူးပြီးသားပါ။ ရုပ်ရှင်ထွက်လာတော့လည်း သူငယ်ချင်းတွေက Cinderella, Sleeping Beauty စတဲ့ ဒစ်စနေးကာတွန်းတွေကို သဘောကျကြချိန်မှာ ကျွန်မကတော့ MNTVမှာ ခဏခဏပြတဲ့ THE TALE OF PRINCESS KAGUYAကို စွဲလမ်းခဲ့ဖူးပါတယ်။ Studio Ghilibiဆိုတာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း animeတွေ မွေးဖွားရာနေရာတစ်ခုပါ။ Studio Ghilibiလို့ပြောလိုက်ရင် အများစုက တည်ထောင်သူ မီယာဇကီကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကားက တွဲဖက်တည်ထောင်သူ တာကာဟာတာရဲ့ လက်ရာဖြစ်ပါတယ်။ ဒါကြောင့်လည်း မီယာဇကီရဲ့ ပုံမှန်စတိုင်မဟုတ်ဘဲ ရှေးဟောင်းပန်းချီတစ်ချပ်ကို ရင်တလှပ်လှပ်နဲ့ ၂နာရီကြာ အဓိပ္ပါယ်ဖော်နေရသလို မသေမသပ်ခံစားချက်မျိုး ရပါလိမ့်မယ်။ သူပေးချင်တဲ့ messageကတော့ ရှင်းပါတယ်။ “သဘာဝတရားကို တန်ဖိုးထားပါ” ဆိုတာပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ဟာ messageတစ်ခုသိသွားတယ်ဆိုတာထက်ကို ပိုပြီး နက်ရှိုင်းပါတယ်။ အခြေအနေ အချိန်အခါကို လိုက်ပြီး ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တဲ့ ဇာတ်ဝင်တေးဟာ ဒီရုပ်ရှင်ရဲ့ အသက်လို့ ပြောလို့ရပါတယ်။ စာသားရိုးရိုးရှင်းရှင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ သာမန်လယ်တောသီချင်းလေးဟာ Kaguyaနဲ့ တွေ့မှ နှလုံးသားထဲကို ကျောက်စမ်းရေလို စိမ့်ဝင်သွားတာ သေချာပေါက် ခံစားမိပါလိမ့်မယ်။ ဘယ်နှခါခါကြည့်ကြည့် မရိုးတဲ့ လှပလွန်းသော masterpiece ပါပဲ။ (Reviewed by April Thun) =================================

Blood Father (2016) ⭐IMDB: 6.4/10 (66 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2016 🎞️ Movie 📺 720p 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blood Father(2016) ****************** ဂျွန်လင့်ဆိုသူဟာ ထောင်ကထွက်လာပြိး စောင့်ကြည့်ကာလနဲ့နေထိုင်ရင်း အသောက်အစားဖြတ်ကာ ဘဝသစ်ပြန်စ၊ဆိုးသွမ်းခဲ့တာတွေပြင်ဆင်၊ ဆုံးရှုံးခဲ့တာတွေ ပြန်အဖတ်ဆယ်ရင်းနဲ့၊ ဇနီးဖြစ်သူကလည်းပစ်သွားတဲ့အပြင် တစ်ဦးတည်းသောသမီးကပါအိမ်ကထွက်ပြေးသွားလို့ ရှာမရဖွေမရဖြစ်ရင်း ပြန်လည်ထူထောင်ရေးစခန်းမှာသောင်တင်နေသူပါ။သမီးဖြစ်သူ လဒ်ဒီယာဟာဆိုရင် အိမ်ကထွက်ပြေးရင်းမှ လူမိုက်ဂိုဏ်းသားတစ်ယောက်နဲ့ရည်းစားဖြစ်မိကာအခြေအနေအမျိုးမျိုးကြောင့် ရည်းစားဖြစ်သူကိုသတ်မိသွားပါရော၊ဆိုးတာက သူ့ကောင်လေးဟာ လူမိုက်ဂိုဏ်းကခေါင်းဆောင်ရဲ့တူဖြစ်နေတဲ့အပြင်၊သူမကိုပါ ပိုက်ဆံတွေယူသွားတယ်ဆိုပြီး စွဲချက်တွေနဲ့အတူ၊ ရဲဘက်ကလည်း လူသတ်မှုနဲ့လိုက်ရှာပါတော့တယ်။ကြံရာမရတဲ့အဆုံး ဖခင်ဆီကိုသာပြန်လာခဲ့ပြီး ဖခင်ဖြစ်သူက သမီးရဲ့အရှုပ်တွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုကြည့်ရှုရမယ့် ဖအေနဲ့ သမီးတို့ရဲ့ စွန့်စားခန်းတစ်သီကြီးနဲ့ အက်ရှင်ကားဖြစ်ပါတယ်…

Blood Father (2016) ⭐IMDB: 6.4/10 (66 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2016 🎞️ Movie 📺 1080p 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Blood Father(2016) ****************** ဂျွန်လင့်ဆိုသူဟာ ထောင်ကထွက်လာပြိး စောင့်ကြည့်ကာလနဲ့နေထိုင်ရင်း အသောက်အစားဖြတ်ကာ ဘဝသစ်ပြန်စ၊ဆိုးသွမ်းခဲ့တာတွေပြင်ဆင်၊ ဆုံးရှုံးခဲ့တာတွေ ပြန်အဖတ်ဆယ်ရင်းနဲ့၊ ဇနီးဖြစ်သူကလည်းပစ်သွားတဲ့အပြင် တစ်ဦးတည်းသောသမီးကပါအိမ်ကထွက်ပြေးသွားလို့ ရှာမရဖွေမရဖြစ်ရင်း ပြန်လည်ထူထောင်ရေးစခန်းမှာသောင်တင်နေသူပါ။သမီးဖြစ်သူ လဒ်ဒီယာဟာဆိုရင် အိမ်ကထွက်ပြေးရင်းမှ လူမိုက်ဂိုဏ်းသားတစ်ယောက်နဲ့ရည်းစားဖြစ်မိကာအခြေအနေအမျိုးမျိုးကြောင့် ရည်းစားဖြစ်သူကိုသတ်မိသွားပါရော၊ဆိုးတာက သူ့ကောင်လေးဟာ လူမိုက်ဂိုဏ်းကခေါင်းဆောင်ရဲ့တူဖြစ်နေတဲ့အပြင်၊သူမကိုပါ ပိုက်ဆံတွေယူသွားတယ်ဆိုပြီး စွဲချက်တွေနဲ့အတူ၊ ရဲဘက်ကလည်း လူသတ်မှုနဲ့လိုက်ရှာပါတော့တယ်။ကြံရာမရတဲ့အဆုံး ဖခင်ဆီကိုသာပြန်လာခဲ့ပြီး ဖခင်ဖြစ်သူက သမီးရဲ့အရှုပ်တွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုကြည့်ရှုရမယ့် ဖအေနဲ့ သမီးတို့ရဲ့ စွန့်စားခန်းတစ်သီကြီးနဲ့ အက်ရှင်ကားဖြစ်ပါတယ်…

Sensations (1978) ⭐⁉️ 🎬 #Adult #Bollywood 🗓️ 1978 🎞️ Movie 📺 720p 🌎 #⁉️ ⏰ 1 နာရီ 18 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တစ်ခေတ်တစ်ခါက အမေရိကန်မလေးတွေရဲ့ အလှကိုသဘာဝကျကျ ဘွင်းဘွင်းရှင်းရှင်းဖေါ်ကြူးထားတဲ့ ဇာတ်ကားကောင်းတကားလေးလာပါပြီ အချောအလှလေး မာဂရက် တစ်ယောက် အချစ်ဆုံးသူငယ်ချင်းနဲ့အက်စတာဒမ်မှာရှိတဲ့သူ့ကောင်လေး ဓာတ်ပုံဆရာ ဆီအလည်သွားပါတယ်အတွေ့အကြုံအသစ်တွေ အထူးအဆန်းတွေ မကြုံစဖူးတွေ့ကြုံရကံပါလာတဲ့သူငယ်ချင်းနှယောက်အဲဒါကတော့ လူတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ ကာမပဲ သူတို့တွေ့လိုက်ရတဲ့ လွတ်လပ်မှုက သူတို့ မကြုံဖူး မကြားဖူထားတဲ့ အခြေနေတစ်ခုဘယ်လောက်လဲ ဘယ်ထိလဲဆိုတာ DS Fans တွေအတွက် အကြိုက်တွေ့စေမှာမို့ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး

Out of Exile (2022) ⭐IMDB: 4.9/10 (197 Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2022 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သင်ဟာ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး ‘ဒီအလုပ်က နောက်ဆုံးပဲကွာ.. ဒါပြီးရင် တရားမဝင်အလုပ်တွေ မလုပ်တော့ဘူး’လို့ တွေးမိရင် ချက်ချင်း ခေါက်ထားလိုက်ပါတော့.. ဘယ်လောက်ကြိုးစားကြိုးစား အရာထင်မှာမဟုတ်ပါဘူး.. အပူပိုင်းဒေသကမ်းခြေလေးတစ်ခုမှာ ကော့တေးလေးသောက်ရင်း ဇိမ်ကျကျနေနိုင်မှာမဟုတ်ဘူး.. သက်တမ်းကြာနေပြီဖြစ်တဲ့ အကြွေးတွေကို ရှင်းနိုင်မှာမဟုတ်ဘူး.. သင်မျှော်လင့်ထားတဲ့ သက်တောင့်သက်သာ အိမ်မက်တွေလဲ ဖြစ်လာမှာမဟုတ်ဘူး.. နောက်ဆုံးတစ်ခါပါပဲဆိုပြီး သင်ကြိုးစားလဲ သင်နဲ့ သင်တန်ဖိုးထားရတဲ့ အရာတွေတွေအတွက် အဆိုးဆုံးအခြေအနေနဲ့သာ အဆုံးသတ်သွားနိုင်ပါတယ်.. ဒါကို နားမလည်သေးဘူးဆိုရင်.. Ouf of Exile က သင့်အတွက်ရှိနေပါတယ်.. ထောင်ဒဏ်၁၆နှစ် ကျခံရပြီးတော့ ခံဝန်နဲ့ လွတ်လာတဲ့ ရက်ဆဲဟာ သူ့ကို စိမ်းကားနေတဲ့ သမီးဖြစ်သူနဲ့အတူ အေးအေးဆေးဆေးနေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဘဏ်ငွေသယ်တဲ့ကားကို ဓားပြတိုက်ဖို့ လုပ်ပါတယ်.. ဒါပေမယ့် ကိစ္စက ထင်သလို မချောမွေ့ပဲ ဘဏ်အစောင့်ကို သတ်မိလိုက်တဲ့အတွက် FBIက ဓားပြတွေကို စုံစမ်းရှာဖွေဖို့ကြိုးစားလာတယ်.. ရက်ဆဲရဲ့ အလုပ်ရှင်ဖြစ်တဲ့ ရေဒါက သူတို့ပွပေါက်တိုးမယ့် နောက်ထပ်ဘဏ်ဓားပြမှုတစ်ခုကို ထပ်ခိုင်းပါတယ်.. ရက်ဆဲရဲ့ ဓားပြတိုက်ဖော်သူငယ်ချင်းကလဲ ပိုက်ဆံသိပ်လိုနေတယ်.. စစ်တပ်ကနေ ထွက်လာတဲ့ သူ့ညီကလဲ ဝပ်ရှော့မှာ ကြမ်းတိုက်နေရတယ်.. ဒါကြောင့် ရက်ဆဲဟာ ဘဏ်ကို နောက်ဆုံးအနေနဲ့ ဓားပြတိုက်ပြီးရင် ပိုက်ဆံတွေယူပြီး သူ့သမီးနဲ့ တခြားနေရာမှာ ဇာတ်မြုပ်နေလိုက်တော့မယ်လို့ စီစဉ်ထားတာပါ.. အစီအစဉ်တွေက ရက်ဆဲ မျှော်လင့်သလို ဖြစ်လာမှာလား .. ဗျူဟာကျ လှုပ်ရှားမှုမှာ ကျွမ်းကျင်နေတဲ့ ဓားပြတွေကို FBI က ဖမ်းနိုင်ပါ့မလား.. နောက်ဆုံးမှာ ဘယ်သူက အနိုင်ရသွားမလဲဆိုတာကတော့…

Out of Exile (2022) ⭐IMDB: 4.9/10 (197 Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သင်ဟာ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး ‘ဒီအလုပ်က နောက်ဆုံးပဲကွာ.. ဒါပြီးရင် တရားမဝင်အလုပ်တွေ မလုပ်တော့ဘူး’လို့ တွေးမိရင် ချက်ချင်း ခေါက်ထားလိုက်ပါတော့.. ဘယ်လောက်ကြိုးစားကြိုးစား အရာထင်မှာမဟုတ်ပါဘူး.. အပူပိုင်းဒေသကမ်းခြေလေးတစ်ခုမှာ ကော့တေးလေးသောက်ရင်း ဇိမ်ကျကျနေနိုင်မှာမဟုတ်ဘူး.. သက်တမ်းကြာနေပြီဖြစ်တဲ့ အကြွေးတွေကို ရှင်းနိုင်မှာမဟုတ်ဘူး.. သင်မျှော်လင့်ထားတဲ့ သက်တောင့်သက်သာ အိမ်မက်တွေလဲ ဖြစ်လာမှာမဟုတ်ဘူး.. နောက်ဆုံးတစ်ခါပါပဲဆိုပြီး သင်ကြိုးစားလဲ သင်နဲ့ သင်တန်ဖိုးထားရတဲ့ အရာတွေတွေအတွက် အဆိုးဆုံးအခြေအနေနဲ့သာ အဆုံးသတ်သွားနိုင်ပါတယ်.. ဒါကို နားမလည်သေးဘူးဆိုရင်.. Ouf of Exile က သင့်အတွက်ရှိနေပါတယ်.. ထောင်ဒဏ်၁၆နှစ် ကျခံရပြီးတော့ ခံဝန်နဲ့ လွတ်လာတဲ့ ရက်ဆဲဟာ သူ့ကို စိမ်းကားနေတဲ့ သမီးဖြစ်သူနဲ့အတူ အေးအေးဆေးဆေးနေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဘဏ်ငွေသယ်တဲ့ကားကို ဓားပြတိုက်ဖို့ လုပ်ပါတယ်.. ဒါပေမယ့် ကိစ္စက ထင်သလို မချောမွေ့ပဲ ဘဏ်အစောင့်ကို သတ်မိလိုက်တဲ့အတွက် FBIက ဓားပြတွေကို စုံစမ်းရှာဖွေဖို့ကြိုးစားလာတယ်.. ရက်ဆဲရဲ့ အလုပ်ရှင်ဖြစ်တဲ့ ရေဒါက သူတို့ပွပေါက်တိုးမယ့် နောက်ထပ်ဘဏ်ဓားပြမှုတစ်ခုကို ထပ်ခိုင်းပါတယ်.. ရက်ဆဲရဲ့ ဓားပြတိုက်ဖော်သူငယ်ချင်းကလဲ ပိုက်ဆံသိပ်လိုနေတယ်.. စစ်တပ်ကနေ ထွက်လာတဲ့ သူ့ညီကလဲ ဝပ်ရှော့မှာ ကြမ်းတိုက်နေရတယ်.. ဒါကြောင့် ရက်ဆဲဟာ ဘဏ်ကို နောက်ဆုံးအနေနဲ့ ဓားပြတိုက်ပြီးရင် ပိုက်ဆံတွေယူပြီး သူ့သမီးနဲ့ တခြားနေရာမှာ ဇာတ်မြုပ်နေလိုက်တော့မယ်လို့ စီစဉ်ထားတာပါ.. အစီအစဉ်တွေက ရက်ဆဲ မျှော်လင့်သလို ဖြစ်လာမှာလား .. ဗျူဟာကျ လှုပ်ရှားမှုမှာ ကျွမ်းကျင်နေတဲ့ ဓားပြတွေကို FBI က ဖမ်းနိုင်ပါ့မလား.. နောက်ဆုံးမှာ ဘယ်သူက အနိုင်ရသွားမလဲဆိုတာကတော့…

House of Deadly Lies (2023) ⭐IMDB: 4.7/10 (34 Votes) 🎬 #Thriller #Mystery #TVMovie 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 House of Deadly Lies(2023) ************************* ဒီတစ်ခါ ကားကတော့ Mystery , thriller လို Genre မျိုးကို ကြိုက်တတ်တဲ့ လူတွေအတွက်ပဲဖြစ်ပါတယ်Paige ဆိုတဲ့ကောင်မလေးဟာ သူ့သူငယ်ချင်း Joslyn ကို အိမ်ပေါ်ခေါ်တင်ထားပါတယ်.. အကြောင်းအရင်းကတော့ Joslyn ဟာ ကိုယ်ဝန်သည်အမျိုးသမီးဖြစ်ပြီး ယောကျာ်းက နှင်ချလိုက်တာကြောင့် သွားစရာနေရာလည်းမရှိလို့ပါ ဒါကို Paige ရဲ့အမျိုးသား Michael ဟာ သိပ်မကြည်ချင်ပါဘူး…တစ်နေ့ Joslyn ကလေးမွေးတဲ့နေ့မှာတော့ ကလေးအဖေဟာ Michael ဖြစ်နေတာကို သွားတွေ့လိုက်ရပါတော့တယ်.. အဲ့ဒီတော့မှ Michael ဟာ Joslyn ကို အိမ်မှာ လက်ခံထားတာ ဘာကြောင့်မကြည်မှန်းသိသွားပါတော့တယ်..အဲ့ဒီလိုနဲ့ Paige နဲ့ Joslyn ကြား ဘာတွေဖြစ်လာကြမလဲ Michael နဲ့ရော ဘာတွေဖြစ်ကြမလဲ… ဒါ့အပြင် Michael မှာ တခြားမကောင်းတဲ့အချက်တွေအများကြီးရှိပါသေးတယ် .. အဲ့ဒါကိုတော့ ရုပ်ရှင်ကြည့်ရင်းနဲ့ ရှာဖွေကြည့်လိုက်ကြရအောင်…

House of Deadly Lies (2023) ⭐IMDB: 4.7/10 (34 Votes) 🎬 #Thriller #Mystery #TVMovie 🗓️ 2023 🎞️ movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 House of Deadly Lies(2023) ************************* ဒီတစ်ခါ ကားကတော့ Mystery , thriller လို Genre မျိုးကို ကြိုက်တတ်တဲ့ လူတွေအတွက်ပဲဖြစ်ပါတယ်Paige ဆိုတဲ့ကောင်မလေးဟာ သူ့သူငယ်ချင်း Joslyn ကို အိမ်ပေါ်ခေါ်တင်ထားပါတယ်.. အကြောင်းအရင်းကတော့ Joslyn ဟာ ကိုယ်ဝန်သည်အမျိုးသမီးဖြစ်ပြီး ယောကျာ်းက နှင်ချလိုက်တာကြောင့် သွားစရာနေရာလည်းမရှိလို့ပါ ဒါကို Paige ရဲ့အမျိုးသား Michael ဟာ သိပ်မကြည်ချင်ပါဘူး…တစ်နေ့ Joslyn ကလေးမွေးတဲ့နေ့မှာတော့ ကလေးအဖေဟာ Michael ဖြစ်နေတာကို သွားတွေ့လိုက်ရပါတော့တယ်.. အဲ့ဒီတော့မှ Michael ဟာ Joslyn ကို အိမ်မှာ လက်ခံထားတာ ဘာကြောင့်မကြည်မှန်းသိသွားပါတော့တယ်..အဲ့ဒီလိုနဲ့ Paige နဲ့ Joslyn ကြား ဘာတွေဖြစ်လာကြမလဲ Michael နဲ့ရော ဘာတွေဖြစ်ကြမလဲ… ဒါ့အပြင် Michael မှာ တခြားမကောင်းတဲ့အချက်တွေအများကြီးရှိပါသေးတယ် .. အဲ့ဒါကိုတော့ ရုပ်ရှင်ကြည့်ရင်းနဲ့ ရှာဖွေကြည့်လိုက်ကြရအောင်…

House of Deadly Lies (2023) ⭐⁉️ 🎬 #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #⁉️ ⏰ 1 နာရီ 28 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 House of Deadly Lies(2023) ************************* ဒီတစ်ခါ ကားကတော့ Mystery , thriller လို Genre မျိုးကို ကြိုက်တတ်တဲ့ လူတွေအတွက်ပဲဖြစ်ပါတယ်Paige ဆိုတဲ့ကောင်မလေးဟာ သူ့သူငယ်ချင်း Joslyn ကို အိမ်ပေါ်ခေါ်တင်ထားပါတယ်.. အကြောင်းအရင်းကတော့ Joslyn ဟာ ကိုယ်ဝန်သည်အမျိုးသမီးဖြစ်ပြီး ယောကျာ်းက နှင်ချလိုက်တာကြောင့် သွားစရာနေရာလည်းမရှိလို့ပါ ဒါကို Paige ရဲ့အမျိုးသား Michael ဟာ သိပ်မကြည်ချင်ပါဘူး…တစ်နေ့ Joslyn ကလေးမွေးတဲ့နေ့မှာတော့ ကလေးအဖေဟာ Michael ဖြစ်နေတာကို သွားတွေ့လိုက်ရပါတော့တယ်.. အဲ့ဒီတော့မှ Michael ဟာ Joslyn ကို အိမ်မှာ လက်ခံထားတာ ဘာကြောင့်မကြည်မှန်းသိသွားပါတော့တယ်..အဲ့ဒီလိုနဲ့ Paige နဲ့ Joslyn ကြား ဘာတွေဖြစ်လာကြမလဲ Michael နဲ့ရော ဘာတွေဖြစ်ကြမလဲ… ဒါ့အပြင် Michael မှာ တခြားမကောင်းတဲ့အချက်တွေအများကြီးရှိပါသေးတယ် .. အဲ့ဒါကိုတော့ ရုပ်ရှင်ကြည့်ရင်းနဲ့ ရှာဖွေကြည့်လိုက်ကြရအောင်…

The Matador (2005) ⭐IMDB: 6.7/10 (45 k Votes) 🎬 #Comedy #Crime #Thriller 🗓️ 2005 🎞️ Movie 📺 720p 🌎 #Ireland #Germany #UnitedStates ⏰ 1 နာရီ 38 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Matador(2005) ****************** လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်း မိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာ မသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာ လုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊ နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်း သူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီး ပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့ သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့် မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။ လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဇာတ်ကားကောင်း ဟုတ်/ မဟုတ် လက်တို့ပြောဖို့ လိုမယ်မထင်ပါဘူးဗျာ။

Marui Video (2023) ⭐IMDB: 5.6/10 (19 Votes) 🎬 #Horror #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 28 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marui Video (2023) Marui video ဆိုတဲ့နာမည်အတိုင်းပဲ ဗီဒီယိုတစ်ခုကနေ အစပြုခဲ့တဲ့ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ပါ ပီဒီဂင်ဆူချန်းတို့အဖွဲ့ဟာ ၁၉၉၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ လူသတ်မှုရဲ့ ဗီဒီယိုကို ရှာတွေ့ပြီးအဲဒီလူသတ်မှုက သွေးရိုးသားရိုးမဟုတ်ဘဲ အခန်းရဲ့မှန်ထဲမှာလူတစ်ယောက်ကို ခပ်ရေးရေးတွေ့လိုက်ရာကနေ အဲအမှုကို ဆက်လိုက်ပါတော့တယ် အနှစ် ၂၀ ကျော်ကြာသွားပြီးဖြစ်သလို ပိတ်ပြီးသားအမှုဖြစ်တဲ့အတွက်အသေးစိတ်လိုက်မှကို အဲအမှုရဲ့ ဇစ်မြစ်ကိုသိရပါတော့တယ် အဲအမှုဟာ တူးလေနက်လေဆိုသလိုပဲ ကွင်းဆက်ကကြီးကြီးလာပြီးသူတို့သာ လမ်းတစ်ဝက်နဲ့တင်ရပ်လိုက်ရင် ဇာတ်သိမ်းကတစ်မျိုးပြောင်းသွားဦးမှာပါ ဇာတ်လမ်းပုံစံကိုက မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားပြီးရင်တထိတ်ထိတ်ကြည့်ရမယ့် Horror Thriller ကိုကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။

The Matador (2005) ⭐IMDB: 6.7/10 (45 k Votes) 🎬 #Comedy #Crime #Thriller 🗓️ 2005 🎞️ Movie 📺 1080p 🌎 #Ireland #Germany #UnitedStates ⏰ 1 နာရီ 38 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Matador(2005) ****************** လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်း မိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာ မသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာ လုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊ နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်း သူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီး ပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့ သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့် မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။ လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဇာတ်ကားကောင်း ဟုတ်/ မဟုတ် လက်တို့ပြောဖို့ လိုမယ်မထင်ပါဘူးဗျာ။

Mountain Ghost (2023) ⭐⁉️ 🎬 #Action #Fantasy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 12 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ကျဲ” တောင်တန်းဆီက သေရာကနေ ပြန်လည်ရှင်သန်နိုင်တယ်ဆိုတဲ့ပယင်းကျောက်စိမ်းတုံးရဲ့ထူးဆန်းဖွယ် ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ် …! ကျဲ တောင်လို့ အမည်ရတဲ့ တောင်​ခြေမှာ ချန်ရှို့ဆိုတဲ့ ရွာငယ်လေးတစ်ရွာက တည်ရှိလို့နေခဲ့ပါတယ် ။ အဲဒီရွာငယ်လေးဟာအမဲလိုက်ခြင်းကို အားပြုပြီး အသက်မွေးဝမ်းကြောင်းပြုရတဲ့ ရွာငယ်လေးပါ ။သူတို့နဲ့ အနီးအနားမှာရှိတဲ့ ကျဲ တောင်ကို ဝင်ရောက်သွားကြတဲ့သူတိုင်းဟာလဲ တစ်ယောက်မှ အသက်ရှင်လျှက်ပြန်မလာနိုင်ခဲ့ကြပါဘူး ။ ဒါကို စုံစမ်း သိရှိလိုတဲ့ ထျန်းရှီး လို့ခေါ်တဲ့ လူငယ်လေးဟာရွာသူကြီးရဲ့ အမိန့်ကို အာခံပြီး ကျဲ တောင်ဆီ ရွာသားတစ်ချို့နဲ့သွားရောက်ခဲ့ပါတယ် ။ ဒါပေမဲ့လဲ ထျန်းရှီး အပါအဝင် ရွာသားတစ်ချို့ဟာသေဆုံးလျှက်ပဲ ပြန်လည်ရောက်ရှိခဲ့ပါတယ် ။ တစ်ဆက်ထဲမှာပဲထူးဆန်းတဲ့ အဖြစ်အပျက်က ဖြစ်ပေါ်ခဲ့လေတော့တယ်အဲ့တာကတော့ ထျန်းရှီးဟာ ပြန်လည်ရှင်သန်လာချင်းပါပဲ ။ဒီလိုနဲ့ ထျန်းရှီးဟာ သူ့ရဲ့ သေဆုံးသွားကြတဲ့ ရွာသူရွာသားတွေအတွက်“ပယင်းကျောက်စိမ်းတုံး” ကို ပြန်လည်ရှာဖွေဖို့ သခင်ကြီးဝူဆိုသူတို့နဲ့ ကျဲတောင်ဆီ ပြန်လည်ခရီးဆက်တဲ့အခါမှာ….? ❏ “ပယင်းကျောက်စိမ်းတုံး”ကို ရှာဖွေတွေ့ရှိပြီး ရွာသူရွာသားတွေကို ကယ်တင်ပေးနိုင်ပါ့မလား ?❏ သူကရော “ပယင်းကျောက်စိမ်းတုံး” မရှိပဲ သေရာကနေဘာဖြစ်လို့ ပြန်ရှင်လာခဲ့တာလဲ ? ဒီကိစ္စဟာ သူနဲ့ရော ဘာတွေဆက်စပ်မှုများ ရှိနေမှာလဲ ?❏ ဒီကြောက်မက်မယ်ကောင်းတဲ့ ကျဲ တောင်ထဲမှာရောဘယ်လိုအရာတွေကသူတို့ကို စောင့်ကြိုနေမလဲဆိုတာ ?စိတ်လှူပ်ရှားစွာနဲ့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါ ။

Righteous Thieves (2023) ⭐IMDB: 4.4/10 (171 Votes) 🎬 #Action #Crime #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Righteous Thieves ကတော့ မကြာသေးခင်မှထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony Nardolilo ရိုက်ကူးထားပြီး Lisa Vidal, Carlos Miranda နဲ့ Jaina Lee Ortizတို့အဓိကပါဝင်ထားတဲ့ thriller ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း အန်နဘယ်လ်ဟာ ကာလရှည်ကြာပျောက်ဆုံးနေတဲ့ အနုပညာလက်ရာတွေ အထူးသဖြင့် နာဇီတွေ ဂျူးလူမျိုးတွေဆီကမတရားသိမ်းယူထားခဲ့တဲ့ပန်းချီတွေကို ပြန်စုဆောင်းနေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ပါ။ အန်နဘယ်လ်ရဲ့ဆရာ ဂျိုးဇက်ဖ်ဟာ သူ့ဘဝတစ်ခုလုံး နာဇီတွေသူ့မိသားစုဆီကခိုးယူသွားခဲ့တဲ့ ပန်းချီလက်ရာတွေကို လိုက်လံရှာဖွေရင်း ကုန်ဆုံးခဲ့တယ်။ သူ့ဆရာရဲ့မပြီးမြောက်သေးတဲ့ရည်မှန်းချက်ကို အန်နဘယ်လ်ကဆက်အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ခုလက်ရှိမှာ ပန်းချီကားတချို့ဟာ ဂျာမန်လူမျိုးအရင်းရှင် အိုတိုဟိုင်ဇန်ရဲ့လက်ထဲမှာရှိနေပါတယ်။ အဲဒါတွေကိုပြန်ယူဖို့ အန်နဘယ်လ်နဲ့သူ့ညာလက်ရုံးအက်ဒီတို့ လူစုဆောင်းကြတာမှာ လူစီ (ဟက်ကာ)၊ နာဒီယာ (သော့ဝိဇ္ဇာ) နဲ့ လူမိုက် ဘရူနိုတို့က အဖွဲ့ဝင်တွေဖြစ်လာကြတယ်။ ဟိုင်ဇန်ရဲ့ အန္တရာယ်များတဲ့အစောင့်တွေ ဇီဝမက်ထရစ်သော့တွေ နည်းပညာတွေနဲ့ အထပ်ထပ်ကာကွယ်ထားတဲ့ ပန်းချီကားတွေကို ဥပဒေဘောင်အတွင်းကနေ သူတို့ပြန်ယူကြမှာပါ။ thrillerအနေနဲ့ ထူးထူး​ခြားခြားစိတ်လှုပ်ရှားစရာဇာတ်ဝင်ခန်းတွေ plot twistတွေတော့ အများကြီးမပါပေမယ့် ကြည့်ပျော်တယ်လို့မြင်မိပါတယ် soundtrack တွေတော်တော်အသားပေးထားတာတွေ့ရပြီး အဲဒီထဲက rap တွေတော်တော်မိုက်တာတော့ သဘောကျတဲ့အချက်တစ်ခုပါ

Angels Of Vengeance (2023) ⭐⁉️ 🎬 #Action #Crime 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 32 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CMပရိသတ်ကြီးကို မှုခင်းရဲမေ လျို့ဝှက်သည်းဖိုဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အထူးရဲကွန်မန်ဒိုတပ်ဖွဲ့ဝင် နတ်မိမယ်လေး(၄)ယောက်ဟာမူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးမူးယစ်ရာဇာကိုအမြစ်ကနေလှန်ပစ်နိုင်ဖို့အတွက်သူလျှိုအဖြစ်နဲ့ မူးယစ်ဂိုဏ်းထဲကိုရောဝင်ပြီးအမှုကိုဖော်ထုတ်မယ့် မှုခင်းဇာတ်လမ်းပဲဖြစ်ပါတယ်။ နတ်မိမယ်(၄)ယောက်ကတစ်ယောက်ချင်းစီဘယ်လိုစွမ်းရည်တွေရှိကြလဲ……မူးယစ်ဂိုဏ်းထဲမှာ လျို့ဝှက်သည်းဖိုဘယ်လိုဟန်ဆောင်ပြီးသက်သေတွေရအောင်ယူကြလဲ……မူးယစ်ဂိုဏ်းကြီးကိုဘယ်လိုနှိမ်နင်းပစ်လဲ……ဆိုတာ ကိုကြမ်းကြမ်းရမ်းရမ်းဖိုက်တင်ခန်းတွေနဲ့အတူမမတွေကအလှမပျက်တင်ဆက်ပြသွားမှာဖြစ်ပါတယ်။

The Hole in the Fence (2021) ⭐IMDB: 6.1/10 (337 Votes) 🎬 #Drama #Thriller 🗓️ 2021 🎞️ Movie 📺 720p 🌎 #Mexico #Poland ⏰ 1 နာရီ 42 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပရိတ်သတ်ကြီးကို 2021မှာ ထွက်ခဲ့တဲ့ စပိန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားလေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းသားလေးတွေက လော့စ် ပိုင်းနို့စ်လို့ခေါ်တဲ့ နွေရာသီ ဘာသာရေးစခန်းတစ်ခုကို လာရောက်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။လော့စ်ပိုင်းနို့စ် ဟာ မြို့ပြင်မှာ သီးခြားတည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ ချို့တဲ့သော လူတန်းစားတွေနေထိုင်ကြတာပဲဖြစ်ပါတယ်။ စခန်းရဲ့ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်တဲ့ ကောင်လေးတွေကို ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲပေးဖိုပါပဲ။တစ်နေ့မှာတော့ ကျောင်းသားတွေဟာ စခန်းထဲမှာ ကွင်းဆင်းလေ့လာနေရင်း စခန်းကိုကာရံထားတဲ့ ခြံစည်းရိုးကို တစ်ယောက်ယောက်က အပေါက်ဖေါက်ထားတာကိုတွေ့မိကြပါတယ်။ ဒီအဖြစ်အပျက်ကနေစလို့ ပိုပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ စခန်းပတ်ဝန်းကျင်ရဲ့ အခြေအနေအမှန်တွေ ဆရာတွေရဲ့ ရည်ရွယ်ချက်အမှန်တွေ တဖြည်းဖြည်းပေါ်ပေါက်လာတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေနဲ့ ဆယ်ကျော်သက်ဘဝ ဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Control (2004) ⭐IMDB: 6.2/10 (8 k Votes) 🎬 #Action #Crime #Thriller 🗓️ 2004 🎞️ movie 📺 720p 🌎 #Aruba #UnitedStates ⏰ 1 နာရီ 44 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အကျင့်ဟောင်းတွေဆိုတာက ဖျောက်ဖို့ခက်ပါတယ်။ဒါပေမဲ့ လူတွေရဲ့အကျင့်ဆိုးတွေကိုပျောက်သွားစေမဲ့ ဆေးဆိုတာပေါ်လာခဲ့ရင်ရော ဘယ်လိုဖြစ်သွားမလဲ။လီ‌ရေးလ်ဟာ ကလေးဘဝတုန်းကကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့် အသက်ကြီးလာတဲ့အခါမှာလည်း လူဆိုးတယောက်ဖြစ်လာခဲ့ပါတယ်။တစ်နေ့မှာ သူကျူးလွန်ခဲ့တဲ့ လူသ-တ်မှုတွေကြောင့် သူ့ကို ဆေးထိုးသ-တ်ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ ဒီလိုနဲ့သေဒဏ်ကိုကျခံခဲ့လိုက်ရပေမဲ့လည်း သူကတကယ်မသေသေးပဲ သူ့ရဲ့ဘဝမှာကောင်းတာတစ်ခုလောက်လုပ်ဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်။ အဲတာကတော့ အန်နာဂရက်စ်ဆိုတဲ့ စိတ်ကို ပြောင်းလဲစေပြီး အပြုအမူတွေကိုပါပြောင်းလဲပေးတဲ့ ဆေးစမ်းသပ်ချက်မှာပါဝင်ပေးဖို့ပါ။ ဆေးကလည်းအသစ်ဖြစ်တဲ့အပြင် အခုမှလူတွေအပေါ်မှာစတင်စမ်းသပ်မှာဖြစ်လို့ ဘယ်လိုဘေးထွက်ဆိုးကျိူးတွေရှိလည်းဆိုတာကိုမသိရသေးတဲ့ဆေးပါ။ဒီလိုနဲ့ သူ့အတွက်လည်းရွေးချယ်စရာမရှိတဲ့အခြေအနေဖြစ်နေတာမလို့ စမ်းသပ်ခံလုပ်ပေးဖို့ သဘောတူလိုက်ရပြီး ဆေးကတကယ်ပဲ အာနိသင်သက်ရောက်မလား၊ ဘေးထွက်ဆိုးကျိုး တွေရှိပြီးသူ့ရဲ့အတိတ်ဟောင်းကလိုက်ပြီး ခြောက်လှန့်နေဦးမလား ဆိုတာကို အကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှုကြရမှာပါ။ Goodfellas မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ray Liotta နဲ့ Green Goblin နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Williem Dafoe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးဗျ။

The Hole in the Fence (2021) ⭐IMDB: 6.1/10 (337 Votes) 🎬 #Drama #Thriller 🗓️ 2021 🎞️ Movie 📺 1080p 🌎 #Mexico #Poland ⏰ 1 နာရီ 42 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပရိတ်သတ်ကြီးကို 2021မှာ ထွက်ခဲ့တဲ့ စပိန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားလေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းသားလေးတွေက လော့စ် ပိုင်းနို့စ်လို့ခေါ်တဲ့ နွေရာသီ ဘာသာရေးစခန်းတစ်ခုကို လာရောက်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။လော့စ်ပိုင်းနို့စ် ဟာ မြို့ပြင်မှာ သီးခြားတည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ ချို့တဲ့သော လူတန်းစားတွေနေထိုင်ကြတာပဲဖြစ်ပါတယ်။ စခန်းရဲ့ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်တဲ့ ကောင်လေးတွေကို ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲပေးဖိုပါပဲ။တစ်နေ့မှာတော့ ကျောင်းသားတွေဟာ စခန်းထဲမှာ ကွင်းဆင်းလေ့လာနေရင်း စခန်းကိုကာရံထားတဲ့ ခြံစည်းရိုးကို တစ်ယောက်ယောက်က အပေါက်ဖေါက်ထားတာကိုတွေ့မိကြပါတယ်။ ဒီအဖြစ်အပျက်ကနေစလို့ ပိုပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ စခန်းပတ်ဝန်းကျင်ရဲ့ အခြေအနေအမှန်တွေ ဆရာတွေရဲ့ ရည်ရွယ်ချက်အမှန်တွေ တဖြည်းဖြည်းပေါ်ပေါက်လာတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေနဲ့ ဆယ်ကျော်သက်ဘဝ ဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။