无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Phantom (2023)
⭐IMDB: 6.3/10 (32 Votes)
🎬 #Action
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #SouthKorea
⏰ 2 နာရီ 13 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Phantom (2023)
၁၉၃၃ ခုနှစ် ဂျိုဆွန်းပြည် (ကိုရီးယား) ကို ဂျပန်တွေအုပ်စိုးနေချိန်မှာ ဂျပန်ဘုရင်ခံချုပ်ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု။
ဘယ်သူဘယ်ဝါရယ်လို့ တရားခံမပေါ်သေးခင်မှာပဲ အစအနပျောက်သွားခဲ့ပေမဲ့ လူတိုင်းရဲ့စိတ်ထဲမှာ စွဲကျန်နေခဲ့တဲ့ “တစ္ဆေ” ဆိုတဲ့လူတစ်ဦး။ဂျိုဆွန်းလူမျိုး “တစ္ဆေ” က ဦးဆောင်နေတဲ့ အကြမ်းဖက်ဂိုဏ်းဟာ ဂျိုဆွန်းရဲ့နေရာတိုင်းမှာသာမကရှန်ဟိုင်းအထိပါ သူလျှိုတွေစေလွှတ်ထားပြီး ဂျပန်အစိုးရကို အကြီးအကျယ်ထိတ်လန့်စေနေခဲ့ပါတယ်။
ဒီလိုနဲ့ ဒုတိယအကြိမ် ဘုရင်ခံချုပ် လုပ်ကြံခံလိုက်ရပြီးတဲ့နောက်မှာတော့ဗိုလ်ချုပ်ကြီး ဒါခါဟာရာ ဟာ သံသယရှိသူ ဂျိုဆွန်းလူမျိုး ၅ ဦးကို ဟိုတယ်တစ်ခုထဲမှာ ထိန်းသိမ်းလိုက်ပါတော့တယ်။
ကိုယ်က တစ္ဆေမဟုတ်ကြောင်းကိုပဲ သက်သေပြမလား၊ဒါမှမဟုတ် သံသယရှိသူကိုပဲ ထုတ်ပြောပြီး ကိုယ်လွတ်မြောက်ဖို့ကိုပဲ ရွေးချယ်ကြမလား ဆိုတဲ့ရွေးချယ်စရာ ၂ ခုပဲရှိတော့တဲ့ အချိန်မှာတော့ ဒီလူ ၅ ယောက်အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ချကြမလဲ။သူတို့ထဲမှာ တကယ်ပဲ “တစ္ဆေ” ရှိနေတာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action, Thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Casts တွေအနေနဲ့လည်း နာမည်ကြီးတွေဖြစ်ကြတဲ့ Sol Kyung-gu, Lee Honey, Park So-dam,Park Hae-soo, Kim Dong-hee နဲ့ Seo Hyun-woo တို့က ပါဝင်ထားတာဖြစ်လို့ ကြည့်ရှုရတန်စေမှာ အသေအချာပါပဲ။
အညွှန်းကိုတော့Hmwe Thet Winnက ရေးထာပေးပြီးတော့ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။a
Beyond the Neon (2022)
⭐IMDB: 5.7/10 (266 Votes)
🎬 #Crime #Mystery #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Beyond the Neon (2022)==================IMDb Rating – 5.7/10
ဒီဇာတ်လမ်းမှာ ဂျိုဝီဆိုတဲ့ Youtuber တစ်ယောက်နဲ့ သူ့အဖွဲ့သားတွေကလူမှုရေးစမ်းသပ်တဲ့ဗီဒီယိုတွေ ရိုက်ကူးရင်းနဲ့ လပ်ဗီးဂတ်စ်က ဟိုတယ်တစ်ခုမှာ ပြည့်တန်ဆာမလေးနဲ့ အမေးအမြန်းလုပ်ထားတဲ့ဗီဒီယိုတစ်ခုကရေပန်းစားသွားတယ်။ အဲ့ဗီဒီယိုကြောင့် (၇)နှစ်လောက်ခွဲခွာနေရတဲ့ အမဖြစ်သူ ထရေစီ နဲ့ အဲ့ပြည့်တန်ဆာမလေးတို့ကို အတူပြန်ဆုံစည်းပေးဖို့ကြိုးစားကြတဲ့အကြောင်းရိုက်ကူးကြမယ်ဆိုပြီး လုံးဝခက်ခက်ခဲခဲနဲ့ အန္တရာယ်တွေကြားမှာ နီယွန်မီးရောင်တွေရဲ့နောက်ကွယ်အထိပါ သတင်းအစအနတွေကို ဘယ်လိုကြိုးစားရှာဖွေကြမလဲ…ဘာတွေ ကြုံတွေ့ကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းက လပ်ဗီးဂတ်စ် ဖျော်ဖြေရေးလောကတစ်ခွင်က လိင်ကုန်ကူးခံရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားပါတယ်။ လိင်ကုန်ကူးခံရမှုကနေ လွတ်မြောက်လာတဲ့နစ်နာသူတွေရဲ့ အင်တာဗျူးအစစ်တွေကိုလည်း ထည့်သွင်းထားပါတယ်။ လိင်ကုန်ကူးတဲ့ဖျော်ဖြေရေးလောကကြီးမှာ ခေတ်သစ်ကျေးကျွန်စနစ်လိုမျိုးဖြစ်ပျက်နေတဲ့ ပုံစံကြီးကဒီလို ဒီလိုတွေလည်း ရှိတယ်ဆိုတာကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Orika ဖြစ်ပါတယ်)
The Inspection (2022)
⭐IMDB: 7.2/10 (1 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Inspection (2022)
~ IMDb – 7.2/10, Rotten Tomatoes – 89% ~
ရွှေကမ္ဘာလုံးဆု ဆန်ကာတင်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန် မရိန်းတပ်တွင်း ဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။
ဒါရိုက်တာကတော့ မရိန်းတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး သူ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အကြောင်းအရာကတော့… လိင်တူချစ်သူတွေကို မုန်းတတ်တဲ့ စိတ်ရောဂါရှိတဲ့ အမေဟာ သူ့ရဲ့သားဖြစ်သူ ဖရန့်ကို အိမ်ကနှင်ချခဲ့တာကြာပါပြီ။ ဖရန့်ဟာ မရိန်းတပ်ထဲကိုဝင်သွားပြီးတော့ သင်တန်းကာလမှာ လိင်တူမုန်းတဲ့လူတွေနဲ့ ကြုံဆုံရပုံ အခက်အခဲတွေကို ပြသထားတာဖြစ်ပါတယ်။
အမေရိကန်စစ်တပ်ဟာ လိင်တူတွေနဲ့ပတ်သက်ပြီး မမေးနဲ့မပြောနဲ့ ဆိုတဲ့ တရားဝင်ပေါ်လစီ ရှိပါတယ်။ ၁၉၉၃ လောက်မှာစတင်ခဲ့တာပါ။ အဓိပ္ပါယ်ကတော့ စစ်တပ်ထဲမှာ တားမြစ်ထားတဲ့လိင်တူကိစ္စတွေ မပြုမူမချင်း စစ်သားတစ်ယောက်ကို လိင်တူချစ်သူဟုတ်မဟုတ် လိုက်စုံစမ်းခွင့်မရှိပါဘူး။ ဒါပေမဲ့ လိင်တူချစ်သူပါဆိုပြီး တရားဝင် ထုတ်ဖော်ပြောဆိုခွင့်လည်းမပေးထားပါဘူး။ အဲဒီသဘောပါပဲ။ ဒီတော့ ဒီပေါ်လစီတွေနဲ့ စစ်သားတွေရဲ့ ကွဲပြားတဲ့သဘောထားတွေကြားမှာ ဖရန့်တစ်ယောက်ဘယ်လိုအသက်ရှင်မလဲဆိုတာကတော့…
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)
Klondike (2022)
⭐IMDB: 7.0/10 (1 k Votes)
🎬 #Drama #War
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Ukraine #Turkey
⏰ 1 နာရီ 41 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Klondike (2022)=============IMDb Rating – 7.0/10Rotten Tomatoes 🍅 ~ 96 %39 Wins & 18 Nominations
Rating တွေလည်းကောင်းသလို ဆုတွေလည်း တနင့်တပိုးရထားတဲ့ ယူကရိန်း ဇာတ်ကားပါ။
၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှာ အမ်စတာဒမ်ကနေမလေးရှားနိုင်ငံ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ ခရီးသည်တင်လေယာဉ် MH 17 ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ယူကရိန်း-ရုရှားနယ်စပ်ဒေသမှာ ပျက်ကျခဲ့ပါတယ်။ ခရီးသည် (၂၈၃)ယောက်နဲ့ လေယာဉ်ဝန်ထမ်း (၁၅) ယောက်လုံးသေဆုံးခဲ့တဲ့အဆိုပါဖြစ်ရပ်ဟာ ရုရှားတွေ အားပေးအားမြှောက်ပြုထားတဲ့ယူကရိန်းခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီဇာတ်လမ်းက အဲဒီအချိန်ကာလ အဲဒီဒေသမှာ ခွဲထွက်ရေးသမားတွေရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ မိသားစုတစ်စုအကြောင်းရိုက်ကူးထားတာပါ။
တိုလစ်နဲ့ အီရီခါတို့ ဇနီးမောင်နှံဟာ ယူကရိန်း-ရုရှားနယ်စပ်ကဒွန်နတ်စ်ရွာမှာ နေထိုင်ကြသူတွေပါ။ အီရီခါက ကိုယ်ဝန်အရင့်အမာကြီးနဲ့ဖြစ်ပြီးတော့ အိမ်ကနေ ဘယ်ကိုမှ မသွားဆိုပြီး ခေါင်းမာနေတာကြောင့် သူတို့မိသားစု ရွာမှာပဲ ဆက်နေကြရင်း ခွဲထွက်ရေးသမားတွေရဲ့ရက်စက်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေနဲ့ ရင်ဆိုင်ကြရပုံကို ရင်တနင့်နင့်နဲ့ ရှုစားကြရမှာပါ။
စစ်ပွဲရဲ့အနိဌာရုံတွေ၊ ခွဲထွက်ရေးသမားတွေရဲ့ လူမဆန်မှုတွေကိုပီပီပြင်ပြင်ကြီး ရိုက်ပြထားတာကြောင့် ရုပ်ရှင်ကားတစ်ကားကိုကြည့်နေရတာနဲ့မတူဘဲ ဖြစ်ရပ်မှန်တစ်ခုကို ထိုင်ကြည့်နေရသလိုမျိုး ခံစားကြရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Roman Nox ဖြစ်ပါတယ်)
Bloodlust Zombies (2011)
⭐IMDB: 3.1/10 (724 Votes)
🎬 #Horror #Comedy
🗓️ 2011 🎞️ Movie 📺 1080p FHD
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 16 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bloodlust Zombies (2011)===================
ဆေးဝါးထုတ်လုပ်ရေး ဓာတ်ခွဲခန်း တစ်ခုမှာ အလုပ်လုပ်တဲ့ဂျုဒီဆိုတဲ့ သိပ္ပံပညာရှင် အမျိုးသမီး တစ်ယောက်ဟာ စစ်ပွဲမှာအသတ်ခံလိုက်ရတဲ့ သူ့ယောင်္ကျားအတွက် ပြန်ပြီးကလဲ့စားချေပေးဖို့ပဲ အမြဲတမ်းတွေးနေခဲ့ပါတယ်။ တစ်နေ့မှာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လူတွေကိုသွေးဆာတဲ့ မကောင်းဆိုးရွား Zombie တွေအဖြစ်ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့virus ကို စမ်းသပ် အောင်မြင်သွားပြီး အမှားအယွင်းတစ်ခုကြောင့်virus ကပြန့်နှံ့သွားပါတော့တယ်။ virus ကိုပြန်ပြီး ထိန်းချုပ်နိုင်မလား၊ အားလုံးပဲသေသွားမလား ဘယ်သူတွေလွတ်မြောက်သွားမလဲဆိုတာကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ ဟာသလေးတွေလဲပါလို့ ပေါ့ပေါ့ပါးပါးလေးကြည့်ရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Momo ဖြစ်ပါတယ်)
Ajji (2017)
⭐IMDB: 7.0/10 (2 k Votes)
🎬 #Bollywood #Crime #Thriller #Drama
🗓️ 2017 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 44 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လောကကြီးမှာ ရာထူးရာခံရှိသူတွေ ငွေကြေးဥစ္စာပေါကြွယ်ဝသူတွေဆိုတာအမှုကိစ္စတစ်ခုခု ကျူးလွန်ခဲ့ပြီးရင်တောင် သက်ဆိုင်ရာအကြီးအကဲတွေကိုအဆင့်ဆင့်လာဘ်ထိုး ဖုံးဖိရင်း ပြစ်ဒဏ်မခံရပဲ လွတ်မြောက်လေ့ရှိပါတယ်
ဒီဇာတ်ကားလေးမှာလည်း အဘွားအိုတစ်ယောက်ရဲ့ ဆယ်နှစ်အရွယ် မြေးမလေး မန်ဒါဟာသူ့ရဲ့အိမ်အပြန်လမ်းမှာ လူယုတ်မာတစ်ယာက်ရဲ့ မတော်တရော်ပြုခြင်းခံရပြီးသူပြေးလွှားဆော့ကစားနေကျ နေရာအနီးတစ်ဝိုက်က အမှိုက်ပုံတစ်ခုမှာစွန့်ပစ်ခံထားရပါတယ်
အဘွားအိုနဲ့မိသားစုအပေါင်းအသင်းတွေဟာ မြေးမလေးကို ရှာတွေ့တွေ့ချင်းမှာပဲရဲအရာရှိတစ်ဦးကို ကျိုးကြောင်းကုန်စင်ပြောပြပြီး အမှုဖွင့်ဖို့ကြိုးစားပါတယ်
ဒါပေမဲ့လည်း ကလေးမရဲ့ထွက်ဆိုချက်တစ်ခုအရ တရားခံဟာအမတ်မင်းတစ်ဦးရဲ့ဖြစ်ကြောင်း သိရှိပြီးနောက်ပိုင်းမှာတော့အဆိုပါ ရဲရာရှိဟာ နစ်နာသူ ကလေးမလေးအတွက် တရားမျှတမှုကိုရှာဖွေပေးရမဲ့အစား နစ်နာသူနဲ့မိသားစုဝင်တွေကျူးလွန်မိနေတဲ့တရားမဝင်လုပ်ငန်းတွေကိုသာ အပြစ်ဖို့ပြောဆိုလာပါတယ်
ဒီလိုနဲ့ တရားဥပဒေအရ သူ့မြေးမလေးအတွက် တရားမျှတမှုကို မရယူပေးနိုင်တော့ကြောင်းသိလိုက်တဲ့ အဘွားအိုကတော့ တရားမျှတမှုကိုရဖို့ထက်သူ့နည်းသူ့ဟန်နဲ့ လူမဆန်တဲ့ မဒိမ်းကောင်ကို လက်စားချေနိုင်ဖို့ကြိုးစားတဲ့အခါမှတော့
သူ့ရဲ့ကြိုးစားအားထုတ်မှုကကော အရာရောက်ပ့ါမလား
သူရည်မှန်းထားတဲ့အတိုင်း လုပ်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ရအောင်ဗျာ
Lost (2022)
⭐IMDB: 7.8/10 (35 Votes)
🎬 #Bollywood #Thriller
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedStates #India
⏰ 2 နာရီ 04 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lost (2022) Thriller IMDb 7.6/10အခုတစ်ခါမှာတော့ ဘောလီဝုဒ်မင်းသမီးချောလေးယာမီဂေါ်သမ်ဦးဆောင်ပါဝင်ထားတဲ့ဟင်ဒီဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။
ဒီဇာတ်လေးဟာ ၁၃ကြိမ်မြောက်ကျင်းပတဲ့ ၂၀၂၂ခုနှစ်ရဲ့ချီကာဂိုတောင်အာရှရုပ်ရှင်ပွဲတော်မှာတရားဝင်ရွေးချယ်ခံခဲ့ရတဲ့ ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးကလည်းသိပ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ သတင်းထောက်မလေးတစ်ယောက်ကကောင်လေးတစ်ယောက်ပျောက်ဆုံးမှုကို အခြေခံပြီး သတင်းယူနေရင်းနဲ့မှလျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုလုံးဟာ မီးခိုးကြွက်လျှောက်ပေါ်သလို ထွက်လာခဲ့တာပါပဲ။ဒီအမှုမှာလည်း ငွေများတရားနိုင်သဘောတရားနဲ့ အစိုးရအရာရှိတွေရဲ့ လာဘ်စားမှုတွေကိုကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ ကြည့်သင့်တဲ့ကားလေးဆိုလည်း မမှားပါဘူးနော်။
Enter The Coffin (2023)
⭐⁉️
🎬 #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 30 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အယူသည်း / အစွဲလမ်းကြီးတယ်ဆိုတဲ့နေရာမှာ ကောင်းတာတွေလဲရှိသလို ဆိုးတတ်တဲ့အရာတွေလဲ ရှိစမြဲပါ ။ ဒီနေ့မှာတော့ CM ကပရိတ်သတ်ကြီး ကို အယူသည်း / အစွဲလမ်းကြီးတတ်တာနဲ့ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။
စီးပွားရေးလုပ်ငန်းတိုင်း လုပ်သမျှအဆင်မပြေ အခက်အခဲတွေနဲ့ အမြဲတမ်းရင်ဆိုင်နေရသူ ၊၆ လသားအရွယ်သားငယ်လေးဟာလဲ ညညဆို ထူးဆန်းစွာနဲ့ ငိုနေသည်မို့စိတ်ပူပန်နေရသူ ၊ မိမိလုပ်ကိုင်နေတဲ့ သိုလှောင်ရေးရုံမီးလောင်ပြီးလုပ်ဖော်ကိုင်ဖက်လဲ မီးထဲပါကာ သူ့ရဲ့ဆေးကုစရိတ်နဲ့လျော်ကြေးငွေတွေပေးအပ်ဖို့ ရင်ဆိုင်နေရသူ – မာယွမ်ဟောက်
ဒီလို ကံဆိုးမှုတွေဟာ တိုက်တိုက်ဆိုင်ဆိုင် တစ်ကြိမ်ပြီးတစ်ကြိမ်ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ ရှေးရိုးစွဲဆန်ပြီးအယူသည်းတဲ့ မာယွမ်ဟောက်ရဲ့ မိခင်ဟာ နတ်ဆရာတွေကိုအတင်းအကျပ် ယုံကြည်ကိုးကွယ်ခဲ့ပါတော့တယ် ။ယနေ့ခေတ် လူငယ်ပီပီ နတ်တွေ ဝိဉာဥ်တွေမယုံကြည်တဲ့မာယွမ်ဟောက်တို့ ဇနီးမောင်နှံကလဲ အမေဖြစ်သူရဲ့ လုပ်ရပ်အတွက် အရမ်းကိုစိတ်ကျဥ်းကျပ်နေရရှာပါတော့တယ် ။
❏ ဒီလိုအခက်အခဲနဲ့ ကြုံနေစဥ်အတွင်းမှာပဲ ကွဲကွာနေတာကြာပြီဖြစ်တဲ့မာယွမ်ဟောက်ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ကျန်းဟိုင်လင်ဟာမာယွမ်ဟောက်ရဲ့ နံဘေးကို ပြန်လည်ချဥ်းကပ်ရောက်ရှိလာခဲ့တဲ့အခါမှာ….?
❏ တစ်ဖက်မှာလဲ နတ်ဆရာတွေရဲ့ဟောပြောမှူတွေ ဖိအားပေးမှုတွေကြောင့်ဒီအိမ်ကြီးဟာ မကောင်းဆိုးဝါးကပ်နေသည့်အတွက်ကြောင့် စွန့်ပြစ်ဖို့အခြေအနေထိ ဖြစ်လာတဲ့အခါ….?မာယွမ်ဟောက်တစ်ယောက် ဒီအခက်အခဲတွေကို သူဘယ်လိုဖြေရှင်းမလဲ ။မိသားစု အယူသည်းတဲ့အမေ မိန်းမဖြစ်သူနဲ့သား အစရှိတဲ့သူတွေတစ်ပြီးတစ်ခု ပြဿနာတွေကြုံနေရချိန်မှာ ဘယ်လိုတွေရင်ဆိုင်မလဲ ။အယူသည်းမှုတွေရဲ့ နောက်ကွယ်က အမှန်တရားဟာဘာတွေဖြစ်မှာလဲဆိုတာ ဒီဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလိုက်ရအောင်ပါနော်။
Waking Karma (2023)
⭐IMDB: 3.3/10 (83 Votes)
🎬 #Horror #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 28 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Waking Karma (2023)=================
ခါမာဆိုတဲ့ ကောင်မလေးဟာ သူ့မိခင်ဖြစ်သူဆန်နီနဲ့နှစ်ယောက်တည်းနေထိုင်ပါတယ်။ သူတို့သားအမိနှစ်ယောက်ဟာ တစ်စုံတစ်ယောက်လက်ကနေလွတ်အောင်ပုန်းရှောင်ပြီးနေနေရတာပါ။ ပုန်းနေတာလုံပြီထင်ခါမှတစ်နေ့ကျတော့ သူတို့ကိုလိုက်ဖမ်းနေတဲ့သူဆီကနေစာတစ်စောင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်။
သူတို့ ဘာကြောင့် ထွက်ပြေးနေရတယ်၊ သူတို့ကိုဘယ်သူကဘာလို့လိုက်ဖမ်းနေတယ်၊ နောက်ဆုံးမှာ သူတို့ တကယ်ရောလွတ်မြောက်သွားနိုင်မှာလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။One time watch အနေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)
Parmanu: The Story of Pokhran (2018)
⭐IMDB: 7.6/10 (25 k Votes)
🎬 #Action #Bollywood #Drama #History
🗓️ 2018 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 03 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတခါမှာတော့ ဘောလီဝုဒ်ဖန်တွေအတွက် IMDb 7.6/10 အထိရရှိထားတဲ့ ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်
ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး အတော်လေးကို ကြည့်ကောင်းတဲ့ကားတစ်ကားပါပဲ
နိုင်ငံရေးအရှုပ်အထွေး၊ နိုင်ငံတကာဖိအားတွေကြားက နျူကလီးယားစမ်းသပ်မှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာကို တင်ဆက်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်
၁၉၉၅ ခုနှစ်ဟာ အိန္ဒိယနိုင်ငံအတွက် အခက်ခဲဆုံံးကာလတစ်ခုဖြစ်ခဲ့ပါတယ်
ဆိုဗီယက်ပြည်ထောင်စုတွေ ကွဲပြိုခဲ့ပြီး အိန္ဒိယဘက်မှာမဟာမိတ်အနေနဲ့ မည်သည့်အင်အားကြီးနိုင်ငံမှ ရှိမနေခဲ့ပါဘူး
ဒါပေမဲ့ ပါကစ္စတန်ကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေရဲ့ အကူညီရကာ စစ်ရေးအတောင့်တင်းဆုံး အနေအထားမှာ ရှိနေခဲ့ပါတယ်
အိန္ဒိယကို နိုင်ငံတကာသဘောတူညီစာချုပ်တွေမှာ လက်မှတ်ထိုးစေချင်ပြီး မည်သည့်အင်အားမှ မတိုးတက်လာအောင် အမေရိကန်၊ ပါကစ္စတန်နဲ့ နိုင်ငံအများစုက ဖိအားပေးနေပါတယ်
အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေ ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်နိုင်ခဲ့ပေမယ့် အိန္ဒိယကတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး
ဒါကြောင့် ၁၉၉၅ မှာ အိန္ဒိယအနေနဲ့ ဖိုကာရန်ကွင်းမှာ နျူကလီးယားစမ်းသပ်မှုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန်၏ စောင့်ကြည့်နေမှုကြောင့် မအောင်မြင်ခဲ့ပါဘူး
၁၉၉၈ မှာတော့ အိန္ဒိအနေနဲ့ ဘယ်လိုဘယ်ပုံများ အောင်မြင်အောင် ကြိုးစားခဲ့သလဲဆိုတာကို …….
(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
Kaala (2018)
⭐IMDB: 6.6/10 (10 k Votes)
🎬 #Action #Bollywood #Drama #Crime
🗓️ 2018 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 41 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်ကားကောင်း ကြိုက်သူတွေ အတွက်”Kaala” ဆိုတဲ့ ဇာတ်ကားကောင်း၊ဘော်ဒါတို့အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။
Reviewတွေလည်း ဖတ်ဖူးကြမှာပါ။
ဇာတ်လမ်းအညွှန်း….
Kaala ဆိုတာ “Daravi”ဆိုတဲ့ ဆင်းရဲသား ရပ်ကွက်ရဲ့ခေါင်းဆောင်အဖြစ် တင်စားကြတဲ့ “Karrikaalan “ရဲ့ နာမည်တစ်ခုပေါ့။
သူဟာ ဒီရပ်ကွက်မှာ ဩဇာညောင်းသူ၊ ဖခင်ဖန်တီးခဲ့တဲ့ မြေကို ဆက်လက်ထိန်းသိမ်း ထားသူပေါ့။
Kaala အဖေ ကို သတ်ခဲ့တဲ့ Harri Dada ဆိုတဲ့ ဝန်ကြီး ကလည်း ဒီမြေကို အစိုးရစီမံကိန်းလို့ လိမ်လည်ပြီး အပိုင်စီးချင်နေတယ်။
ဆင်းရဲသားတွေကို တိုက်ခန်းတွေပေးမယ် ဘာညာပေါ့။
ဒီအကြောင်းတွေကို မသိတဲ့ Zarrina ဆိုတဲ့ မဒမ်ကလည်းဒီစီမံကိန်းကို လူထုအကျိုးပြုအဖြစ် NGO ခေါင်းဆောင်အနေနဲ့ ဦးဆောင်ဦးရွက်ပြုရမယ်။
Zarrenaဆိုတာ အာဖရိက,က လာတာဆိုပေမဲ့သူဟာ ဒါရဗီဇာတိ၊ ဒါရဗီမှာ ရာဇဝင်ကြွေးတွေတောင် ရှိသေး၊ ပြီးတော့မှ နိုင်ငံခြား ထွက်သွားတာ။
Harri Dada ရဲ့ အကြံတွေ(နောက်ကွယ်က ကြိုးကိုင်မှု)ကို သိနေတဲ့ Kaala ကတော့ ဒီစီမံကိန်းကို လက်မခံပါဘူး။
Harri DaDaဆိုတဲ့ လူကလည်း ဟိုးခေတ်တုန်းကပဲ ဂန်းစတားမို့ လူသတ်၊နှိပ်စက်ဖို့ ဝန်မလေးတဲ့လူပါ။
ဒီလိုနဲ့ သူ့စိတ်ကူးအကြံတွေ ဖျက်ဆီးတဲ့ Kaalaကိုရက်ရက်စက်စက် လုပ်ကြံခဲ့ပါတယ်။
ဘုရားသခင်ရဲ့ အလိုတော်အရ…..??
Kaala နဲ့ Harri Dada တို့ အပြိုင်အဆိုင် ဘယ်လို အနိုင်ယူကြမလဲ?
ဘယ်သူက ရာမလဲ? ဘယ်သူက ရာဝဏ္ဏ(ဒသဂီရိ)လဲ?
အတ္တတွေနဲ့ ဘယ်လောက်ထိ ရက်စက်ကြမလဲ?
အကြမ်းလောက်ကို ဖော်ပြလို့လည်း မပြီးသေးဘူး။
အချစ်ပိုင်းမှာရော….?
Zareena ရဲ့ ဒါရဗီက အတိတ်ဇာတ်လမ်းလေးရော ဘယ်လိုဖြစ်မလဲ..?
ချစ်လျက်နဲ့ ဝေးကွာခဲ့ရလို့ အချစ်မပြယ်ကြပေမဲ့စည်းစောင့်ထိန်းတဲ့ ရည်းစားဟောင်းတွေ၊မိသားစု မပြိုကွဲမီ သာယာတဲ့ အိမ်ထောင်ရေးကို ဖန်တီးကြတဲ့ နားလည်မှုနဲ့Kaala တို့ လင်မယား၊အတုယူစရာတွေပေါ့။
ဇာတ်ဝင်သီးချင်းတွေကတော့ သူတို့ရဲ့ ရိုးရာသံစဉ်တွေနဲ့ အချစ်သီချင်းတွေအပြင်၊ ယနေ့ခေတ်လူငယ်ကြိုက် Rapတွေနဲ့ Kaala ရဲ့ ဘုန်းတော်ဘွဲ့တွေလည်း ပါ,ပါသေးတယ်။
သီချင်းတွေတင် မဟုတ်ဘူးနော်! အဲ့ဒီသီချင်းတွေမှာ အကလေးတွေနဲ့ ဆွဲဆောင်ထားတာ။
နိုင်ငံရေးသမား မင်းသားကြီး ရိုက်ထားတဲ့ ကားမို့ နိုင်ငံရေး ပညာပေးစကားလုံးတွေနဲ့ ဇာတ်ကားဟာ အဖိုးတန်နေပါတယ်။
တမီးလ်ကားဆိုပေမဲ့ အရင်တမီးလ်ကားတွေနဲ့ပုံစံခွဲထွက်ထားပြီး လူကြီးကြိုက်၊ လူငယ်ကြိုက်မိဲု့မြန်မာပြည်မှာတောင် ရုံတင်သေးတယ်လေ :3
ပြီးတော့ လူအင်အားအများအပြား သုံးထားတာဒီကားမှာ အများဆုံးတွေဖူးတယ်။
နောက်ခံတီးလုံး၊ ကာလာအနေအထား ကျွန်တော့်အမြင်မှာတော့ တော်တော်မိုက်တယ်။
(မီးတောက်တွေကြား အသက်လု ပြေးကြလွှားကြပြီးမီးရှို့တိုက်ခိုင်မှု၊ ကားတိုက် သတ်မှု၊ တုတ်၊ဒါး၊ လက်နက်တွေနဲ့ သတ်ဖြတ်တိုက်ခိုက်မှု၊ အကြမ်းဖက်မှု အဓိကရုဏ်းတွေနဲ့ ပြည့်နှက် နေတာမို့ ကလေးတွေအနေနဲ့မကြည့်သင့်ဘူးထင်ရင် ကလေးတွေကို မပေးမိပါစေနဲ့ဗျ။)
ဒီလောက်ပဲ ရေးပါရစေ၊ အညွှန်းမရေးတတ်တာ အားနည်းချက်မို့ ။
သီချင်းတွေကိုလည်း အပင်ပန်းခံပြီး မြန်မာမှုပြုထားလို့ နည်းနည်းလေးမှ မကျော်ဘဲ ကြည့်ပေးကြပါလို့… ပြောချင်ပါတယ်ဗျာ။ :3
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Nyi Koe ပါ)
Inkaar (2013)
⭐IMDB: 6.1/10 (3 k Votes)
🎬 #Bollywood #Crime #Drama #Romance #Thriller
🗓️ 2013 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 05 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ထိပ်တန်း ကြော်ငြာအေဂျင်စီတစ်ခုရဲ့ CEO ဖြစ်တဲ့ ရာဟူးဗာမာ ဟာအရည်အချင်းရှိတဲ့လူငယ်တွေကို ပျိုးထောင်ပေးရာမှာ အလွန်ကျော်ကြားသူပါ
မာယာ ဆိုတဲ့ အမျိုးသမီးဟာလည်း သူ ပျိုးထောင်သင်ကြားပေးရင်းကနေမှလုပ်ငန်းပိုင်ဆိုင်ရာမှာ အတော်အတန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါတယ်
သူတို့နှစ်ဦးဟာ တွဲဖက်ညီစွာ အလုပ်လုပ်ကိုင်ရင်း အောင်မြင်မှုတွေအတူတူရယူနိုင်ခဲ့ကြပါတယ်
ဒါပေမဲ့လည်း အခြေအနေအရပ်ရပ်ကြောင့် နှစ်ယောက်သားကြာမှာသဘောထားကွဲလွဲမှုတွေ ရှိလာတဲ့အခါမှာတော့ ရာဟူးက သူ့ကိုမဖွယ်မရာပြုမူပါတယ်ဆိုပြီး မာယာက တိုင်တန်းပါတော့တယ်
ကုမ္ပဏီဘက်ကတော့ ကော်မတီဖွဲ့ပြီး သူတို့အရေးကိစ္စကိုဖြေရှင်းဖို့ကြိုးစားပေးတဲ့အခါမှာ အမှန်တကယ်အပြစ်ရှိသူက ဘယ်သူဖြစ်မလဲဆိုတာကိုဇာတ်လမ်းကြည့်ရှုရင်း အဖြေဖော်ထုတ်ကြရအောင်ဗျာ
Namastey London (2007)
⭐IMDB: 7.1/10 (22 k Votes)
🎬 #Bollywood #Comedy #Drama #Romance
🗓️ 2007 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 16 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Namastey London (2007)
IMDb (7.3/10)
Bollywood အားပေးတဲ့ CM fan တွေအတွက် romance ကားကောင်းလေးတစ်ကားကို recommend ပေးလိုက်ပါတယ်..Namastey London ..ဒီဇာတ်ကားကတော့ အားလုံးရင်းနှီးနေမှာဖြစ်တဲ့မင်းသမီးချော Katrina Kaif က Jazz အဖြစ် မင်းသားကြီး Akshay Kumar က Arjun အဖြစ်အဓိကသရုပ်ဆောင်ထားပြီးLondon နဲ့ အိန္ဒိယကနေရာအချို့မှာ ဇာတ်အိမ်တည်ထားတဲ့ Bollywood ဇာတ်ကားကောင်းတစ်ကားပါ။
London လိုမြို့ကြီးမှာပွင့်လန်းနေတဲ့ နှင်းဆီပန်းလေးတစ်ပွင့်ကိုပန်ဂျာဘီလိုမျိုး အိန္ဒိယတောရွာလေးမှာ ပြောင်းစိုက်ပြီး ရှင်သန်ဖို့မျှော်လင့်နေရသလိုပါပဲနှင်းဆီပန်းလေးသေသွားမလား ရှင်သန်နိုင်မလား..
London မြို့ကြီးမှာမွေးဖွားကြီးပြင်းလာပြီး ခေတ်အခေါ်လိုမျိုး ဘိုစိတ်၀င်နေတဲ့ Jazz တစ်ယောက်အတွေးထဲက သတို့သားလောင်းကလည်း ရုပ်ချောချော London သားမှဖြစ်နေတဲ့အခါရိုးရာမဖျက်ချင်တဲ့အဖေဖြစ်သူက မွေးရပ်မြေဖြစ်တဲ့ ပန်ဂျာဘီရွာလေးကို တစ်ဖက်လှည့်ခေါ်လာပြီးEnglish စာတောင်မပြောတတ်တဲ့ Arjun နဲ့ လက်ထပ်ပေးဖို့ကြိုးစားတဲ့နောက်London သူလုံးလုံးဖြစ်နေတဲ့ Jazz တစ်ယောက် ရှေးဆန်တဲ့မိသားစုကို ဘယ်လိုပုန်ကန်မလဲ….
London မှာကျန်ခဲ့တဲ့ အင်္ဂလန်သား ချစ်သူရယ် သူမနဲ့ ရိုးရာအရလက်ထပ်ထားတဲ့Arjun တို့နှစ်ယောက်ဘယ်လိုပြိုင်ဆိုင်မှုတွေနဲ့ Jazz အချစ်ကိုရအောင် ယှဥ်ပြိုင်ရင်းနဲ့ ပရိသတ်ကိုဆွဲခေါ်သွားပါတယ်..
အချစ်နဲ့ ဘာသာတရားကြားက အားပြိုင်မှုတွေကို လည်းတွေ့ရမှာဖြစ်ပြီးနိုင်ငံအချို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဗဟုသုတတွေလည်းရပါတယ်..
Arjun ရဲ့ အချစ်ကိုဖော်ကျူးတဲ့စကားတွေကလည်း romantic ဆန်လွန်းလှပြီးပကာသနတွေမပါပဲ ဘယ်လိုမျိုးအချစ်ကိုသတ်မှတ်ထားလည်းဆိုတာကတော့CM ပရိသတ်တွေပဲ ကြည့်ရှုလိုက်ကြပါတော့…။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့Cafeo Wineဖြစ်ပါတယ်။)
Nishabd (2007)
⭐IMDB: 5.4/10 (2 k Votes)
🎬 #Bollywood #Drama
🗓️ 2007 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 49 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MDb rating : : 5.5
ဒီတစ်ခေါက်တော့. . .CM ပရိတ်သတ်ကြီးအတွက် အမီတာဘဂျမ်းရဲ့ ဒရမ်မာ ကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ . . .
ဒီကားကအသက်ခြောက်ဆယ်အရွယ်လူအိုကြီးတစ်ယောက်နဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကြားက ပက်သက်ဆက်နွယ်မှုကို လှလှပပနဲ့ ရိုက်ကူးပြထားတာပါ
Old But Gold ဇာတ်ကား တစ်ကားဖြစ်တာမို ့. . .ဇာတ်လမ်းအညွှန်းအစားဒီကားကြည့်ပြီး ခံစားမိတာလေးကို ရေးပေးလိုက်ပါရစေ. . .
တစ်ခါတစ်လေကျတော့ အချစ်ဆိုတာ ဆန်းကြယ်သားနော်. . .
အသက် အရွယ်တစ်ခုရလာတဲ့လူတစ်ယောက်က အပျော်တွေနောက်ကို(ဝါ) ပျော်ရွှင်မှုနောက်ကို မလိုက်နိုင်တော့ဘူး. . .
အနှောင်အဖွဲ့တွေ. . .နိစ္စဓူဝအလုပ်တွေ. . .ဗာဟီရတွေ. . .စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတာတွေ ကြားမှာကိုယ့်ရဲ့ ပျိုမြစ်နုနယ်မှုတွေ ပေးဆပ်လိုက်ရတယ်ဆိုတာ သတိထားမိလာတဲ့ တစ်နေ့. . .
ဟိုးအရင်လို ကိုယ်ပြန်မငယ်နိုင်တော့ဘူးဆိုတာ တစ်ထစ်ချ လက်ခံလိုက်တဲ့အချိန်ဟာ. . .
ကလေးသူငယ်တွေ. . .နုပျိုငယ်ရွယ်သူတွေကို မနာလိုဖြစ်မိတဲ့အချိန်ပါပဲ တဲ့. . .
အချစ်ဆိုတာကို အသက်အရွယ်တို့ . .အိမ်ထောင်ရှိခြင်း မရှိခြင်းတို့နဲ့လားလားမှ မသက်ဆိုင်ပဲ. . .
နှလုံးသားက ဖြစ်တည်လာတဲ့အတိုင်းလေးလက်ခံယုံကြည်လိုက်ချိန်မှာ. . .
မိမိမှာရှိတဲ့ အိမ်ထောင်ရေး. . .ပတ်ဝန်းကျင်ရဲ့ လေးစားမှုမိမိရဲ့သားသမီးတွေနဲ့ ဇနီးသည်. . .ဒါတွေအားလုံး ကိုယ့်အနားက လွင့်စင် ပျောက်ကွယ်သွားတယ်
ဇနီးသည်ကဒါဟာ ဖောက်ပြန်မှုတဲ့အိုကြီးအိုမနဲ့ ကိုယ့်သမီးအရွယ်ကိုမှကြံရက်လေခြင်းတဲ့ပတ်ဝန်းကျင်ကနွားအိုမြက်နုကြိုက်တဲ့. . .ချစ်ရသူ ကိုယ်တိုင်ကမိမိကို ကြောင်သူတော်ကြီးတဲ့အမျိုးမျိုး သမုတ်ကြလေရဲ့. . .
အို. . .ဒီလောက် သန့်စင်တဲ့ အချစ်ကိုများအဓိပ္ပါယ်အမျိုးမျိုး ဖွင့်နေလိုက်ကြပုံ. . .
တကယ်တော့ အချစ်ဟာသူ ့အတိုင်းလေးဆို ဒီလောက်အထိလည်းအရောင့်မရင့်ပါဘူး
ဒီလောက်အထိလည်း အကျည်းမတန်ပါဘူး
ရိုးရိုးလေးပဲ မြင်ကြည့်လိုက်တော့. . .အချစ်ဆိုတာ. . .
သူ ကိုယ့်အနားမှာ ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ. . .
သူ ့ရယ်သံလွင်လွင်လေးတွေ သူ ့ရဲ့ ဖြူစင်တဲ့ ပုံရိပ်ကလေးတွေသူသွားတတ်တဲ့ နေရာလေးတွေနဲ့သူ့အငွေ့အသက် သင်းပျံ့နေတဲ့ ပတ်ဝန်းကျင်မှာနေဝင်ချိန်အထိ ပျော်ပျော်ကြီးထိုင်စောင့်ရင်း အချိန်ကုန်မှန်းမသိ ကုန်သွားရခြင်းနဲ့ပဲကျေနပ်နေမိတာမျိုးပါ. . .
ဒီလို နူးညံ့လှတဲ့ အချစ်ကားတစ်ကားကိုလှပတဲ့ စကားလုံးတွေနဲ့အရောင်အသွေးစုံလင်တဲ့ဖန်သားပြင်ထက်မှာ ခံစားအားပေးကြပါဦး..
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူဖြစ်ပါတယ်)
Wazir (2016)
⭐IMDB: 7.1/10 (19 k Votes)
🎬 #Bollywood #Action #Crime #Drama #Mystery #Thriller
🗓️ 2016 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 44 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
File size – ( 750MB )Quality – HD Rip 720PFormat – MP4Subtitle – Myanmar SubtitleEncoder – Kyaw Soe Han
Anaarkali of Aarah (2017)
⭐IMDB: 6.0/10 (2 k Votes)
🎬 #Bollywood #Drama
🗓️ 2017 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 50 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bollywood ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အလှိုင်လှိုင်နဲ့ တခမ်းတနားတင်ဆက် ရိုက်းကူးတင်ဆက်ထားတဲ့ ဇာတ်ကားတွေရှိသလိုနာမည်သိပ်မကြီး ဇာတ်ပို့ဇာတ်ရံအဆင့်သာသာပဲရှိတဲ့ သရုပ်ဆောင်အများစုနဲ့ ကုန်ကျစရိတ်နည်းနည်းသာ အကုန်ခံပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။
အဲဒါကြောင့်ပဲ ရုပ်ရှင်ကားကောင်းတကားဖြစ်ဖို့ဆိုတာကုန်ကျစရိတ်တွေအများကြီးမလိုဘူးနည်းပညာအကူအညီမလိုဘူးလူအင်အားအများကြီးမလိုဘူး ဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ စေတနာပါဖို့ပဲလိုပါတယ်
ဒီလိုကားတွေက သက်သေပါပဲ
ဘာနာမည်ကြီး သရုပ်ဆောင်မှမပါဘဲစရိတ်နည်းနည်းနဲ့ ကားကောင်းတစ်ကား ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်
ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အာရာက ကချေသည်မလေး အနာကလီရဲ့အကြောင်းပါပဲ
ကချေသည်ဆိုတာ သူတို့အိန္ဒိယမှာ ဘယ်လိုသတ်မှတ်သလဲဆိုရင် ပြည့်တန်ဆာနဲ့ ထူးမခြားနားပါပဲ
သူတို့ဖျော်ဖြေတဲ့သီချင်းတွေက လိင်စိတ်ကြွအောင် အသားပေးထားပြီး လာအားပေးကြတဲ့သူတွေကလည်း မူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတဲ့သူတွေပါပဲ
ဘောက်ဆူးချသလိုနဲ့ ဟိုနှိုက်၊ ဒီဆွဲနဲ့ အဲဒီဒဏ်တွေကိုလည်း ခံရပါတယ်
တနေ့တော့ ရဲစခန်းတစ်ခုမှာ ကပြဖျော်ဖြေတဲ့ပွဲမှာ ပွဲလာအားပေးတဲ့ VIPလို့ပြောလို့ရသူ ခရိုနီဘဲတပွေက မူးရူးနဲ့စင်ပေါ်တက်ပြီး အတင်းအဓ္ဓမဆွဲလားရမ်းလား လုပ်ပါတယ်
လူအများရှေ့မှာဆိုတော့ အနာကလီကလည်း ငြိမ်မနေဘဲ အဲဒီဘဲကို ပါးပြန်ချလိုက်ပါတယ်
အဲဒီအချိန်မှာ ပြသနာပေါင်းစုံစ,တတ်တော့တာပါပဲ
အနာကလီတစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ
ဒီဘဲကရောဘယ်သူလဲ ဆိုတာကို ….
Hello! (2017)
⭐IMDB: 7.3/10 (3 k Votes)
🎬 #Action #Bollywood #Romance #Family #Music
🗓️ 2017 🎞️ Movie 📺 720p HD
🌎 #UnitedStates #India
⏰ 2 နာရီ 00 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်ဒီကားလေးကို ကြည့်သင့်ပါတယ်
ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . .
မနက် 7:30 အချိန်ကို ရောက်တိုင်း ကောင်လေးတစ်ယောက် ကရစ်ရှ်နားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်.
သူ ့မျက်နှာဟာ လွမ်းရိပ်သန်းနေတယ်
တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . .
အဲ့ဒိ်အချိန် ရုတ်တရတ် သူ ့ဆီကို ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တယ်
Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . .
သူတက္ကစီခေါ်ထားလို့ ဖုန်းဆက်တာဖြစ်တဲ့အကြောင်း ဟိုဘက်က ပြောတယ်သူကလည်း သူမခေါ်ထားကြောင်း ပြန်ရှင်းပြတယ်. . .
ရုတ်တရတ်. . .အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . .ဖုန်းပြောနေရင်းဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . .
သူဟိုးငယ်စဉ်ကတည်းက စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . .
ရိုးသားဖြူစင်လွန်းလှတဲ့ ကလေးဘဝမှာ သူကြားဖူးခဲ့တဲ့ အသံလေး. . .
သူကိုယ်တိုင် ဖန်တီးထားတဲ့ သံစဉ်တစ်ခု. . .တစ်စုံတစ်ယောက်ရဲ့ တယောကနေလှလှပပလေး ခုန်ပေါက်ဆတ်ဆော့ပြီး ဖြည်းဖြည်းညင်းညင်းနဲ့ ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာနေတာဟုတ်ပါရဲ့. . .
ဒီအသံလေးနားစွင့်ရင်းသူဟာ အတိတ်ကို တဒင်္ဂပြန်ရောက်သွားတယ်. . .
ကြာခဲ့ပြီ တိတိကျကျဆိုရရင် 14 နှစ်ရှိခဲ့ပြီ. . .တစ်စုံနစ်ခုကို သူ့နှလုံးသားထဲကနေမျှော်လင့်တောင့်တရင်းနဲ့ ရှင်သန်နေခဲ့ရတာ14 နှစ်တောင် ရှိခဲ့ပြီပဲ. . .. . .
ဇာတ်လမ်းသွားကိုတော့ အဲ့ဒီလိုလေး စထားတယ်. . .
ဟိုးအထက်မှာ ပြောခဲ့သလိုပဲ. . .
ရသစုံပါဝင်ပြီး တမေ့တမောခံစားရလောက်တဲ့အထိကို ဇာတ်လမ်းဟာ ညှို့ယူဖမ်းစားနိုင်လွန်းပါတယ်. . .
အချစ်ကား အကြည့်နည်းတဲ့ကိုယ်တောင်ဇာတ်လမ်းဆုံးတော့ ကြည်နူးတာလား
ဝမ်းနည်းတာလား အမျိုးအမည်မသိတဲ့ ခံစားချက်နဲ့ကိုယ့်ကိုကိုယ် သတိထားမိချိန် ပါးပြင်မှာ မျက်ရည်တွေ စီးကျနေပါပြီ. . .
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူဖြစ်ပါတယ်)
Vodka Diaries (2018)
⭐IMDB: 5.6/10 (1 k Votes)
🎬 #Bollywood #Mystery #Thriller
🗓️ 2018 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 52 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးက စိတ်ဝင်စားစရာဇာတ်လမ်းပါပဲလို့ ပြောပါရစေ။
အာရွှင်နီဆိုတဲ့ အေစီပီတစ်ယောက်ရယ်၊ ကဗျာဆရာမဇနီးရယ်၊ လူသတ်မှုတွေရယ်နဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြထားပါတယ်။
အေစီပီရဲ့ ဇနီးဟာ နူးညံ့တဲ့ အနုပညာကို ဝါသနာကြီးပြီး လင့်အပေါ် ဖျစ်ညှစ်ပြီး နားလည်ပေးနေရသူပါ။
ဇာတ်လမ်းအစမှာ အေစီပီဟာ အပန်းဖြေခရီးတစ်ခုကို ကဗျာကြိုက်တဲ့ ဇနီးနဲ့ အတူ ထွက်လာခဲ့ပါတယ်။
မကြာမီမှာပဲ အေစီပီဟာ လူသတ်မှုတစ်ခုကို ကိုင်တွယ်ခဲ့ရတယ်။
အဲ့ဒီအမှုကို လိုက်ရင်း လူသတ်မှု သုံးခု ဆက်တုက် ဖြစ်ပွားခဲ့တယ်။
အေစီပီအာရွှင်နီလည်း ဒီအမှုတွေကို ကိုင်တွယ်ရင်း လူသတ်မှုတွေကို ကြိုးကိုင်သူဆီက ဖုန်းခေါ်ဆိုမှု တစ်ခု ရရိွခဲ့ပါတယ်။
၄င်းဟာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး အေစီပီရဲ့ ဇနီးကိုလည်း ပြန်ပေးဆွဲခေါ်ယူသွားပြီဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။
ဒီလိုနဲ့ အေစီပီဟာ ဇနီးကိုဖမ်းခေါ်သွားတဲ့ လူသတ်မှုတွေရဲ့ တရားခံကို လိုက်ရှာရင်းသူစစ်ဆေးဆဲ အလောင်းတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။
ဖုန်းခေါ်ဆိုမှုတွေအရ သဲလွန်စတွေပေးရာမှာတော့…. ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ ပေါ်ထွင်လာပါတော့တယ် ။
အဲ့ဒီအဖြစ်အပျက်၊လှည့်ကွက်တွေကတော့……. ။
အလောင်းတွေ ဘယ်ရောက်သွားတာလဲ?
အေစီပီရဲ့ ဇနီး ဘယ်ရောက်သွားလဲ?
အေစီပီရဲ့ ဇနီးနဲ့ ဓါတ်ပုံအတူရိုက်ထားတဲ့ ရီရီွဂူတမ်ဟာ ဘယ်သူလဲ?
လူသတ်သမားရဲ့ တာဝန် ‘ ဆိုတဲ့ စာအုပ်နဲ့ လူသတ်မှုတွေ ဘယ်လို ပတ်သက်နေမလဲ?
လူသတ်မှုတွေကို ကြိုးကိုင်ထားတာ ဘယ်သူလဲ?
ဘာဖြစ်လို့ အလောင်းပြိုင် သတ်တာလဲ?စသဖြင့်.. စိတ်ဝင်စားစရာတွေနဲ့ ပရိသတ်ကိုဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားနိုင်တယ်လို့ ထင်မြင်မိပါတယ်။
ဇာတ္လမ္းအဆံုးထိ ၾကည့္ပါ။
နောက်တစ်ကြိမ် ထပ်ကြည့်ရင်တော့ ဇာတ်လမ်းအတွင်းမှာပါတဲ့တချို့ဇာတ်ဝင်ခန်းတွေကို အပိုလို့ ထင်ခဲ့သမျှ နားလည်လာမှာပါ။
အားလုံးကို ကြိုးကိုင်ထားသူရဲ့အစီအစဥ်ကျနမှုကို တွေ့မြင်လာမှာပါ။
စကားမစပ်…. ဟာကွက်မရိွ သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးကိုလည်း အံ့ဩသင့်မိပါတယ်။
ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်မှုပါပဲ။
မိန်းမချောလေးတွေ ဝေဝေဆာဆာနဲ့ မင်းသားတချို့ကိုလည်း တွေ့မြင်ရမှာပါ။
ဒီ review လေးကို ဒီမှာပဲ အဆုံးသတ်ပါရစေဗျာ။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Nyi Koe ပါ)
Vivegam (2017)
⭐IMDB: 5.2/10 (13 k Votes)
🎬 #Action #Bollywood #Thriller
🗓️ 2017 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 28 မိနစ် 05 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အဂျေးကူမား အရေးကြီးသဲလွန်စတစ်ခုရတာနဲ့ သေနတ်နဲ့အပစ်ခံရ လုပ်ကြံဇာတ်ခင်းခြင်းခံရနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမှာဖြစ်ပါတယ်
ရင်ဆိုင်နေရတဲ့ရန်သူတွေက ဘယ်ကလဲ ဒီကိစ္စတွေရဲ့လက်မည်းကြီးကဘယ်သူလဲ ဆက်လက်ကြည့်ရှုသွားရမှာဖြစ်ပါတယ်
Storylineကတော့ ပုံမှန်ထက်မပိုတဲ့ဇာတ်လို့ပဲ ပြောရမှာပါ
Plot twistကလည်းသိပ်မထူးဆန်းပါဘူး
အိန္ဒိယကားတွေအကြည့်များသူတွေအတွက်ကတော့ ခန့်မှန်းနိုင်မှာပါ
တမီးလ်ကားဖြစ်တာနဲ့အညီ အက်ရှင်ခန်းတွေကတော့ မင်းသားအသားပေးဖြစ်ပါတယ်
သေမင်းကလာခေါ်ချင်တောင် လက်ဖက်ရည်တိုက်ပြီး လိုက်ခဲ့ပါကွာ ပြောရမယ့်အထိကို မင်းသားက ကြမ်းတာပါ
အေးဂျင့်တွေပြေးလိုက်လွှားလိုက်နဲ့ဖိုက်နေရတဲ့ကြားကမှာ ဇနီးတစ်ယောက်ရဲ့ခင်ပွန်းအပေါ်ဘယ်လိုချစ်လဲဆိုတာလေးတော့ တော်ကီအကောင်းစားတွေနဲ့ရိုထားတာကတော့ သဘောခွေ့စရာလေးပါ
ဘာပဲပြောပြော ကြည့်ပျော်ပြီး စိတ်ချမ်းသာရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့……
Race 2 (2013)
⭐IMDB: 5.3/10 (17 k Votes)
🎬 #Action #Bollywood #Crime #Thriller
🗓️ 2013 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 25 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Race Film Seriesက အခုဆို Race 3 အထိရောက်ရှိလို့လာခဲ့ပါပြီ
(2008)မှာ Race 1 ထွက်ခဲ့ပြီး (2013)မှာ Race 2 ထွက်ခဲ့၍ ယခု (2018)မှာတော့ Race 3 ထပ်မံထွက်ရှိခဲ့ပါတယ်
ဇာတ်ကားတွေကတော့ Crime, Action, Drama ကားကောင်းတွေဖြစ်ပြီး အထူးသဖြင့် 1, 2က Ratingsပိုင်းလည်းကောင်းသလို ဇာတ်လမ်းလည်းဆွဲဆောင်မှုရှိလှပါတယ်။
Race 3ကတော့ မကြည့်ရသေးလို့ ဘာမှမပြောလိုပါ။
1,2 မှာတော့ ဆေ့ဖ်အလီခန်း၊ အနီလ်ကပူးရ်တို့က အဓိကပါဝင်ခဲ့ပြီး ဇာတ်လမ်းကလည်း အလှည့်အပြောင်းများနဲ့ ဂျင်ပေါ်ကထုံးဆိုသလိုတယောက်နဲ့တယောက် ကျော်ခွရင်းအပြိုင်ဆိုင်ချဲကြတဲ့ ဇာတ်ကားကောင်းတွေပါ။
ဇာတ်ဝင်သီချင်းခပ်မြူးမြူးတွေ၊ အက်ရှင်ခပ်လန်းလန်းတွေစတန့်အကွတ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်Race 1, 2ကို တင်ဆက်ပေးလိုက်ပါတယ်။
Race 3ကတော့ ရုံတင်ထားတာသိပ်မကြာသေးတဲ့အတွက် အကြည်ထွက်ဖို့ကြာဦးမှာမို့လို့ အကြည်၊ စာအမှန်ထွက်လာတာနဲ့ တင်ဆက်ပေးမှာပါ။
အခုတော့ Race 1, 2ကိုပဲ ပြန်လည်ခံစားကြည့်လိုက်ကြပါဦး။
