无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Pushing Hands (1991) ⭐TMDB: 72% User Score 🎬 #Uncategorized #Comedy #Drama 🗓 1991 🎞 movie 🌎 #Taiwan #UnitedStates ⏰ 1 နာရီ 45 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pushing Hands ( 1991 )====================== Pushing Handsဟာ အန်းလီရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သလို “Father Knows Best” trilogyထဲက ပထမဆုံးကားလည်းဟုတ်တယ်။ ဒီtrilogyက ရိုးရာမပျက်သေးတဲ့ မျိုးဆက်က အဖေတွေရယ် ပြောင်းလဲတဲ့ကမ္ဘာကြီးက ကလေးတွေရယ်ကြားက ပဋိပက္ခတွေကို ပြထားတဲ့ရုပ်ရှင်တွေပေါ့။ ဒီtrilogyမှာ ဒီကားအပြင် The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994)လည်း ပါတယ်။ ဒီသုံးကားလုံးဟာ မတူတဲ့ဇာတ်တွေပေမဲ့ သူတို့အဖေနေရာက သရုပ်ဆောင်တဲ့ သူကတော့ ထိုင်ဝမ်မင်းသားကြီး Sihung Lungတစ်ယောက်တည်းပဲ။ အန်းလီဟာ ဒုတိယ ထိုင်ဝမ်နယူးဝေ့ရဲ့ ထင်ရှားတဲ့ ဒါရိုက်တာတွေထဲ ပါနေတာလည်း ဒီသုံးကားကြောင့်ပဲလို့ ပြောရမယ်။ ဒီသုံးကားနောက်ပိုင်းမှာ အန်းလီဟာ ဟောလိဝုဒ်မှာပဲ ရုပ်ရှင်အရိုက်များခဲ့တယ်။ ပြောရရင် နောက်ပိုင်း Crouching Tiger, Hidden Dragonတို့ Lust, Cautionတို့လို ကားမျိုးတွေကို သူပြန်ရိုက်ခဲ့သေးပေမဲ့ ဒီ Trilogyလို ထိုင်ဝမ်အရသာစစ်စစ် ပေးနိုင်တဲ့ ရုပ်ရှင်တွေတော့ သူအခုထိ လုံးဝထပ်မရိုက်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒီသုံးကားဟာာ ထိုင်ဝမ်စီနီမာက အန်းလီရဲ့ နေရာတစ်နေရာကို အခုထိ မှတ်ကျောက်တင်ပေးနိုင်တုန်းပါပဲ။ တရုတ်ယဉ်ကျေးမှုကိုလည်းပြသလို အနောက်ပိုင်းယဉ်ကျေးမှုကိုလက်ခံလာပုံကိုလည်း ပြထားတဲ့ “Father Knows Best” trilogy သုံးကားဟာ သူ့နာမည်အတိုင်း ဖခင်တွေရဲ့ ဇာတ်ကြောင်းတွေဆိုလည်းဟုတ်တယ်။ အသက်၂၅နှစ်မှာ ထိုင်ဝမ်ကနေ အမေရိကန်ကိုသွားခဲ့တဲ့ အန်းလီရဲ့ အတွေ့အကြုံတွေ အမြင်တွေအပေါ် အခြေခံထားတယ်ဆိုလည်းဟုတ်တယ်။ သူ့လိုလူတွေအကြောင်းဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အမေရိကမှာ အလုပ်လုပ်ရင်း အမေရိကန်သူနဲ့ အိမ်ထောင်ကျနေတဲ့ သားဖြစ်သူဆီ သွားနေတဲ့ ထိုက်ကျိသိုင်းဆရာတရုတ်အဘိုးကြီးတစ်ယောက်နဲ့ မိန်းမနဲ့အဖေရဲ့ ပဋိပက္ခတွေကြား ဗျာများရတဲ့ သားတစ်ယောက်အကြောင်းပဲ။ အဘိုးကြီးက အမေရိကကို လာနေတာ တစ်လပဲရှိသေးပေမဲ့ ဘာသာစကားလည်းမတူတော့ စကားလည်းပြောမရသလို ယဉ်ကျေးမှုမတူတော့ တစ်ယောက်လုပ်ရပ်တွေဟာ တစ်ယောက်အမြင်မှာ ထောင့်မကျိုးဖြစ်နေတော့ သူ့ချွေးမနဲ့ သူက မတည့်အတူနေဆိုသလိုဖြစ်နေတယ်။ အိမ်ကလည်း ကျဉ်းတော့ သူ့ချွေးမရဲ့အလုပ်ခန်းထဲ သူဝင်နေရတော့ အခြေအနေက ပိုဆိုးသွားတယ်။ သူ့မြေးကို သူချစ်သလို သူ့အမေကလည်း သူ့သားကိုချစ်တော့ နှစ်ယောက်ရဲ့ မတူညီတဲ့ပျိုးထောင်ချင်ပုံတွေကလည်း ပြဿနာဖြစ်လာတယ်။ ဒီလိုနဲ့ ပြဿနာက တစ်စတစ်စကြီးလာတဲ့အခါ သားဖြစ်သူက ဘယ်ဘက်ကိုရွေးပြီး ဘာတွေဆက်လုပ်မလဲ။ အဖိုးကြီးကပဲ အလျှော့ပေးမလား ချွေးမကပဲ အလျှော့ပေးမလား ကြည့်ရမယ့်ဇာတ်ပါပဲ။ ဇာတ်ကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကြုံနေမြင်နေရတာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ဇာတ်ဆိုတော့ ကြည့်ရတာအရသာရှိသလို အဖိုးကြီးရဲ့ ထိုက်ကျိသိုင်းတစ်ဖက်ကမ်းခတ်ကျွမ်းခြင်းကလည်း ဒီဇာတ်လမ်းရဲ့ အဆင်တန်ဆာတစ်ခုအဖြစ် ပိုကြည့်လှစေခဲ့တယ်။ Pushing Hands ( 1991 )ဟာ နေ့သစ်တွေမှာ နေ့ဟောင်းတွေကို မမေ့ဖို့ အကြောင်းလို့ ပြောလည်းရမယ် ထင်တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Batman vs. Robin (2015) ⭐IMDB: 7.1/10 (26 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Crime #Drama #Fantasy #SciFi #Thriller 🗓 2015 🎞 video movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Batman Vs Robin (2015)IMDb: 7.1/10Rotten Tomatoes: 100%Genre: Animation/Action/Adventure Batman Vs Robin ဟာ “Batman: The Court of Owls” ကိုအသက်သွင်းထားတဲ့DC Universe Animated Original Movies ရဲ့ ၂၃ ခုမြောက်ရုပ်ရှင်ဖြစ်ပါတယ်။DC Animation ထဲက အတော်လေးလူသိများတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ပြောရရင်တော့ အဇာတသတ် လက်သစ်လေးအကြောင်းပေါ့ဗျာ။ ဇာတ်ညွှန်း အတိတ်မှာ ဘရုစ်ဝန်းသိခဲ့တာတစ်ခုရှိတယ်။ အဲဒါကတော့ဂေါ့သမ်မြို့မှာ လူချမ်းသာတွေနဲ့အာဏာရှိတဲ့လူတွေစုပြီးဖွဲ့ထားတဲ့ ဇီးကွက်အဖွဲ့အစည်းဆိုတာရှိခဲ့တယ်။ဒါပေမယ့် ဘယ်သူမှမမြင်ဖူးတော့ ပုံပြင်သာသာပဲဖြစ်နေပါတယ်။ ကြီးလာတော့ဒေမီယမ်ဝန်းဟာ ရော်ဘင်အဖြစ် ဘတ်မန်းဘေးကနေ အမှုတွေကိုကူလိုက်နေခဲ့ပါတယ်။ဒါပေမယ့် ဒေမီယမ်ဟာအတော်လေးငယ်သေးတဲ့အတွက် ဒစ်ဂရေဆန်(Nightwing) လိုမျိုး မရင့်ကျက်သေးပါဘူး။အားလုံးသိတဲ့အတိုင်း ဂေါ့သမ်မြို့ကြီး ကအရမ်းကိုအန္တရာယ်များလှပါတယ်။ မဖြစ်သင့်တာတွေမဖြစ်ရအောင်ကာကွယ်တဲ့အနေနဲ့ ဒေမီယမ်ကို အိမ်ထဲကနေအိမ်ပြင်မထွက်ခိုင်းခဲ့ပါဘူး။ ဒါပေမယ့်လည်းခိုးထွက်ခဲ့တာပါပဲ။ထွက်ရင်းနဲ့မှ ဇီးကွက်အဖွဲ့အစည်းက တာလွန်တစ်ယောက်နဲ့သွားတွေ့ခဲ့ပါတယ်။ ငယ်သေးတဲ့ ရော်ဘင်လေးဟာအမှန်နဲ့အမှားကိုဆင်ခြင်နိုင်စွမ်းနည်းပါးပြီး ဘက်မှားခဲ့ပါတယ်။ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ဆက်ပြီးကြည့်လိုက်ကြပါ။အချိန်ပေးကြည့်ရတာ တန်မယ့်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။...
Legend of the Lost Locket (2024) ⭐IMDB: 6.9/10 (389 Votes) 🎬 #Drama #Romance #TVMovie 🗓 2024 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 6.9/10 ရရှိထားတဲ့ အချစ်ဇာတ်ကား အသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အမ်မီလီယာက မိခင်ဖြစ်သူ မဆုံးပါးခင်က ဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့ လော့ကတ်လေးတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေသူပါ။ ဒဏ္ဍာရီတွေအရ အဲဒီလော့ကတ်လေးရဲ့ နာမည်က အချစ်စစ်လော့ကတ်ဖြစ်ပြီး ဝတ်ဆင်သူကို အချစ်စစ်နဲ့ဆုံဆည်းရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာနဲ့ နှစ်ခြမ်းကွဲနေရှာတဲ့ လော့ကတ်လေးက တစ်ကွဲစီဖြစ်နေခဲ့ပြီး တစ်ခြမ်းကိုတော့ အမ်မီလီယာရဲ့အမေက ငွေအမြောက်အမြားပေးပြီး ဝယ်ယူသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ မိခင်ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့လော့ကတ်တစ်ခြမ်းကို ရှာဖွေဖို့ လမ်းစတွေရှာရင်းနဲ့ နောက်ဆုံးမှာတော့ အမ်မီလီယာက ဝယ်လ်မာတန်ဆိုတဲ့ မြို့ငယ်လေးကို ရောက်ရှိလာခဲ့ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက သမိုင်းရှိခဲ့တဲ့ မြို့ငယ်လေးမှာ သူ့ကို ကူညီပေးတဲ့ ရဲမှူး မားကတ်စ်နဲ့အတူ ပျောက်ဆုံးနေတဲ့ လော့ကတ်ကို ရှာရင်း မထင်မှတ်ထားတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရာမှာ အမ်မီလီယာတစ်ယောက် အခက်အခဲများစွာကိုကျော်ဖြတ်ပြီး တကယ်ပဲ အချစ်စစ်လော့ကတ်တစ်ခြမ်းကို ရှာဖွေတွေ့ရှိသွားနိုင်မှာလား၊ အဲဒီလော့ကတ်ကရော တကယ်ပဲ ဒဏ္ဍာရီတွေထဲလို ဝတ်ဆင်သူကို အချစ်စစ်နဲ့ ဆုံဆည်းအောင် ပေါင်းစည်းပေးနိုင်တာလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်က Emily ပါ)...
T Blockers (2023) ⭐IMDB: 5.2/10 (77 Votes) 🎬 #Horror #ScienceFiction 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 15 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆိုဖီ ဟာ Trans တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်တွေကိုဝါသနာအရဖန်တီးနေတဲ့လူဖြစ်ပါတယ်။ သူနဲ့အတူတူနေထိုင်တာကတော့ စပန့်စ်ဆာ ဆိုတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းစတင်မိတ်ဆက်တဲ့အချိန်မှာကြီးမားလှတဲ့ငလျင်ကြီး တစ်ခုလှုပ်ခဲ့ပါတယ်။ အဆိုပါငလျင်ကနေ ရှေးဟောင်းသတ္တဝါတွေထွက်လာခဲ့ပါတယ်။ ဆိုဖီနဲ့စပန့်စ်တို့နှစ်ယောက်ဘယ်လိုရင်ဆိုင်သွားမှာလဲ...
Retreat to You (2023) ⭐IMDB: 6.3/10 (588 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ချစ်ဦးကို သတိရနေတဲ့သူတွေရှိကြလား ရှန် နဲ့ အပ်က်ဘီ ဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက် အထက်တန်းကျောင်းပြီးကတည်းက ၁၇ နှစ်လုံးလုံး အဆက်အသွယ်မလုပ်ဘဲနေခဲ့ကြတဲ့ သူငယ်ချင်း နှစ်ယောက် ……. နွေရာသီအပန်းဖြေစခန်းမှာ ကံတရားကြောင့်ပြန်ဆုံကြတဲ့အခါ သူတို့ နှစ်ယောက်ကြားက လွန်ခဲ့တဲ့ ၁၇နှစ်က အထင်လွဲခဲ့ရတဲ့ ပြဿနာတွေ နားလည်မှုလွဲခဲ့တာတွေ ဘယ်လို ဖြေရှင်းကြမလဲ……. နွေရာသီအပန်းဖြေစခန်းမှာ သဘာဝတရားကြီးနဲ့ ထိတွေ့ရင်း သူတို့နှစ်ယောက်ကြားက ရင်ခုံမှုတွေ တလွဲဖြစ်တဲ့ ပြသနာလေးတွေကို ကြည့်ရှု့ရမဲ့ ဇာတ်ကားကောင်း တခုပါ...
Doomsday Meteor (2023) ⭐IMDB: 3.0/10 (237 Votes) 🎬 #Action #SciFi #ScienceFiction #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၂၃ခုနှစ်က ထွက်ရှိထားတဲ့ Doomsday Meteor ဆိုတဲ့ သိပ္ပံ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားက ကမ္ဘာကြီးကို ဉက္ကာပျံတစ်ခုနဲ့ ဝင်တိုက်မည့်. အရေးကို လူသားတွေကာကွယ်တားဆီးကြပုံကို ရိုက်ကူး တင်ဆက်ထားတာပါ.. ဒီဇာတ်ကားကို ဒါရိုက်တာ Noah Luke ကရိုက်ကူးပုံဖော်ထားပြီး မင်းသားPatrick Labyorteaux ,Joseph Michael Harris , Anthony Jensen , Karan Sagoo နဲ့ မင်းသမီး Caroline Williams ,Kennedy Porter , Eva Ceja စတဲ့ မင်းသား မင်းသမီးတွေက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာ ဒေါက်တာရစ်ခ်နဲ့ ဒေးဗစ်တို့ သူငယ်ချင်း နှစ်ယောက် အာကာသစူးစမ်းလေ့လာရေးဌာနမှာ အလုပ်ဆင်းပြီး အိမ်ပြန်ဖို့ပြင်နေချိန်မှာ ကမ္ဘာ့လေထုထဲကို ထူးဆန်းတဲ့အရာတွေ ဝင်လာတာကို တွေ့ရှိလိုက်ပါတယ် သေချာလေ့လာ ကြည့်လိုက်တဲ့အခါမှာတော့ မြို့လောက်အရွယ်အစားရှိတဲ့ ဉက္ကာပျံကြီးတစ်စင်းက ကမ္ဘာဂြိုလ်နဲ့ ဝင်တိုက်ဖို့ လာနေတာကို တွေ့ရှိလိုက်ရပါတယ် သေချာတွက်ချက်ကြည့်တဲ့အခါမှာ သူတို့မှာ အချိန် ၆ရက် ၉နာရီနဲ့ ၁၉မိနစ်ပဲ အချိန်ရှိပါတော့တယ် အဲ့ဒီနောက် ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတွေအားလုံးက အဆိုပါဉက္ကာပျံကြီးကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ တားဆီးဖို့ ပြင်ဆင်ကြပါတော့တယ် နောက်ဆုံး ဘယ်လိုမှမအောင်မြင်တဲ့ အဆုံး ဒေးဗစ်တို့ အဖွဲ့သားတွေ ဉက္ကာပျံပေါ်ကို လူကိုယ်တိုင်ဆင်းသက်ပြီး လမ်းကြောင်းပြောင်းအောင် ဒုံးပျံတွေ တပ်ဆင်ဖို့ကြိုးစား ကြပါတော့တယ် အဲ့ဒီနောက်သူတို့တွေ ဉက္ကာပျံပေါ်ကို ဆင်းသက်ဖို့ကြိုးစားရာမှာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမလဲ ဧဝရတ်တောင်ထက် သုံးဆလောက် လေးတဲ့ ဒီဉက္ကာပျံကြီးက ကမ္ဘာနဲ့ဝင်တိုက်ဖို့အချိန်တွေနီးကပ်လာတာနဲ့အမျှ ကမ္ဘာဂြိုလ်ဆီကို ဦးတည်နေရာကနေ လမ်းကြောင်း ပြောင်းသွားအောင် လုပ်ဆောင်နိုင်ပါ့လား အဆုံးမှာ အောင်မြင်အောင် လုပ်ဆောင် နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Sci&Action ဇာတ်ကားကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်...
The Knocking (2022) ⭐IMDB: 5.1/10 (1 k Votes) 🎬 #Crime #Drama #Horror #Thriller 🗓 2022 🎞 movie 🌎 #Finland #Estonia ⏰ 1 နာရီ 30 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာရီယာ၊ မီကိုနဲ့ မာတင်လ်ဒါးတို့ မောင်နှမသုံးယောက်က မိဘပိုင်အိမ်ကိုရောင်းပြီး အမွေခွဲယူဖို့အတွက် ငယ်ဘဝကအိမ်ကို ထပ်သွားလည်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ မိဘပိုင်အိမ်နဲ့အတူ သစ်တောကိုပါရောင်းချဖို့အတွက် ကြံစည်လိုက်ကြတဲ့အခါမှာတော့ ထူးဆန်းတဲ့ကိစ္စတွေ ကြုံလာရပါတော့တယ်။ လျှို့ဝှက်ချက်ကိုယ်စီရှိနေတဲ့ မောင်နှမသုံးယောက် ဒီလျှို့ဝှက်တဲ့နေရာကနေ လွတ်မြောက်နိုင်မလားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုခံစားရမှာပါ။...
The Hangover Part III (2013) ⭐IMDB: 5.8/10 (337 k Votes) 🎬 #Comedy #Crime 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating (5.8) / Rotten Tomatoes (20%) ❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞• 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်..• ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်..• The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် စိတ်ရောဂါရှိတဲ့ Alan ဟာ သူတို့အုပ်စုကို Wolf Pack လို့သတ်မှတ်ထားပြီး Party Drug တွေခိုးထည့်ကာ အမြဲမွှေလေ့ရှိပါတယ်..အကြောင်းအရင်းကတော့ ပိုပျော်ရအောင်၊ ပိုသောင်းကျန်းလို့ကောင်းအောင်ပေါ့..ဒါပေမယ့် အမြဲတမ်းလွဲပြီး ပြဿနာတက်ကြတာပါပဲ..• ညဘက်မှာ လေးငါးပင်လိမ်ပြီး လုပ်ချင်တိုင်းလုပ်ထားကြ၊ မနက်ကြရင်ဘာမှမမှတ်မိပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို သဲလွန်စရှာ လိုက်ရှင်းကြရတော့တာပါပဲ..• ဒီထဲမှာတော့ သူငယ်ချင်းတွေပျော်အောင် အလိုလိုက်ပြီး လိုက်လုပ်ပေးနေပေမယ့် အမြဲပျောက်သွားလိုက်၊ ကျန်နေခဲ့လိုက်၊ ပြန်ပေးဆွဲခံလိုက်နဲ့ ခံနေရတဲ့ Doug..• မိန်းမတွေကလေးတွေရှိပေမယ့် အမြဲတစ်ဇွတ်ထိုးလုပ်တတ်ပြီး သောင်းကျန်းဖို့မြှောက်ပေး၊ မနက်ပြဿနာတက်ရင် ရှေ့ကနေဒိုင်ခံရှင်းတဲ့ Phil..• ပျော်ရပါးရဖို့ဆို ရှေ့ဆုံးကနေတက်ကြွနေပေမယ့် တကယ်ပြဿနာတက်လာပြီဆို သေလောက်အောင်ကြောက်တဲ့ သွားဆရာဝန် Stu..• စိတ်ရောဂါအခံလေးသာရှိတာ တကယ်သောင်းကျန်းရပြီဆို သူပဲအမြဲစမွှေ၊ မဟုတ်ကဟုတ်ကလူတွေနဲ့လျှောက်ပက်သက်ပြီး ပြဿနာကိုမကြီးကြီးအောင်လုပ်၊ အသက်ကြီးနေပေမယ့် မိဘလုပ်စာပဲထိုင်စားနေလို့ အနှိမ်ခံရတာကနေ အဖော်မက်ပြီး လျှောက်လုပ်တတ်တဲ့ Alan..• ဒီလိုမျိုး Characters တွေနဲ့ Trilogy ကို ဖြတ်သန်းရမှာဖြစ်ပါတယ်..ဒီထဲမှာမှ Leslie Chow ဆိုတဲ့ Ken Jeong သရုပ်ဆောင်ထားတဲ့ Iconic ဖြစ်တဲ့ ဇာတ်ကောင်ကလဲ သောက်မြင်ကပ်စရာကောင်းအောင် ပါလာဦးမယ့်အပြင် Mike Tyson ကြီးရဲ့ Cameo ကလဲ ရယ်နေရဦးမှာပါ..• The Hangover Trilogy မှာ Iconic ဖြစ်စရာ Moments တွေ၊ တကယ်ရယ်ရတဲ့ ဟာသတွေ၊ သောက်တလွဲ Lines တွေနဲ့ လူလတ်ပိုင်းတွေဘယ်လို ဗရုတ်ကျလဲဆိုတာကို မြင်တွေ့မှာပါ..Part I နဲ့ Part II က ဇာတ်လမ်းကျောရိုးတူပြီး Part III ကတော့ Conclusion သဘောမျိုးနဲ့အဆုံးသတ်ထားပါတယ်..• ဒီရုပ်ရှင်က တကယ်မောပန်းနွမ်းနယ်နေချိိန် Comfort ရုပ်ရှင်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး Movie Night မှာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ Comedy ရုပ်ရှင်တစ်ခုပါ..ဒါပေမယ့် R-Rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို တော်တော်ပွင့်လင်းမှရပါမယ်..နောက်ပြီး Credit ထိုးတဲ့အထိကြည့်ဖို့မမေ့ပါနဲ့လို့ပြောရင်း အကြံပြုလိုက်ရပါတယ်ခင်ဗျာ..#cultureflix #thehangover (ရုပ်ရှင်အညွှန်းကိုCulture Flix FB Pageမှ ကူးယူဖော်ပြပါသည်။) The Hangover ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားစလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=the+hangover+2009ကြည့်ပါ။...
Animalia (2023) ⭐IMDB: 5.8/10 (588 Votes) 🎬 #Drama #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 #France #Morocco #Qatar ⏰ 1 နာရီ 31 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 5.8 ရထားတဲ့ Sci-Fi/Fantasy ကားလေး Animalia ကတော့ အစ်တိုရဲ့ အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။ အစ်တိုက ကိုယ်ဝန်ရှိနေတယ်။ သူ့ယောက်ျားနဲ့ယောက္ခမတွေက ခရီးထွက်သွားတယ်။ သူကတော့ လူနေပါးတဲ့ မော်ရိုကို ကျေးရွာလေးမှာ တစ်ယောက်တည်းကျန်ခဲ့တယ်။ ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် လူတွေအကုန် Panick ဖြစ်ပြီး အစ်တိုကလည်း သူ့ယောက်ျားနောက် လိုက်ပါတယ်။ ဒါပေမယ့်ခရီးလမ်းက ကြမ်းတမ်းပြီး ရင့်ကျက်ဖို့ သူ့ရဲ့အမြင်တွေ ယုံကြည်မှုတွေကို ပြောင်းလဲစေခဲ့ပါတယ်။ သူ့ရဲ့ယုံကြည်မှုတွေက ဘာတွေလဲ။ ဘယ်လိုပြောင်းလဲစေလဲဆိုတာကိုတော့ ရုပ်ရှင်လေးကြည့်လိုက်ကြပါလို့.. Acting နဲ့ Cinematography ကောင်းပါတယ်...
The Hangover (2009) ⭐IMDB: 7.7/10 (851 k Votes) 🎬 #Comedy 🗓 2009 🎞 movie 🌎 #Germany #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Hangover (2009) IMDb Rating (7.7) / Rotten Tomatoes (79%) ❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞• 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်..• ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်..• The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် စိတ်ရောဂါရှိတဲ့ Alan ဟာ သူတို့အုပ်စုကို Wolf Pack လို့သတ်မှတ်ထားပြီး Party Drug တွေခိုးထည့်ကာ အမြဲမွှေလေ့ရှိပါတယ်..အကြောင်းအရင်းကတော့ ပိုပျော်ရအောင်၊ ပိုသောင်းကျန်းလို့ကောင်းအောင်ပေါ့..ဒါပေမယ့် အမြဲတမ်းလွဲပြီး ပြဿနာတက်ကြတာပါပဲ..• ညဘက်မှာ လေးငါးပင်လိမ်ပြီး လုပ်ချင်တိုင်းလုပ်ထားကြ၊ မနက်ကြရင်ဘာမှမမှတ်မိပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို သဲလွန်စရှာ လိုက်ရှင်းကြရတော့တာပါပဲ..• ဒီထဲမှာတော့ သူငယ်ချင်းတွေပျော်အောင် အလိုလိုက်ပြီး လိုက်လုပ်ပေးနေပေမယ့် အမြဲပျောက်သွားလိုက်၊ ကျန်နေခဲ့လိုက်၊ ပြန်ပေးဆွဲခံလိုက်နဲ့ ခံနေရတဲ့ Doug..• မိန်းမတွေကလေးတွေရှိပေမယ့် အမြဲတစ်ဇွတ်ထိုးလုပ်တတ်ပြီး သောင်းကျန်းဖို့မြှောက်ပေး၊ မနက်ပြဿနာတက်ရင် ရှေ့ကနေဒိုင်ခံရှင်းတဲ့ Phil..• ပျော်ရပါးရဖို့ဆို ရှေ့ဆုံးကနေတက်ကြွနေပေမယ့် တကယ်ပြဿနာတက်လာပြီဆို သေလောက်အောင်ကြောက်တဲ့ သွားဆရာဝန် Stu..• စိတ်ရောဂါအခံလေးသာရှိတာ တကယ်သောင်းကျန်းရပြီဆို သူပဲအမြဲစမွှေ၊ မဟုတ်ကဟုတ်ကလူတွေနဲ့လျှောက်ပက်သက်ပြီး ပြဿနာကိုမကြီးကြီးအောင်လုပ်၊ အသက်ကြီးနေပေမယ့် မိဘလုပ်စာပဲထိုင်စားနေလို့ အနှိမ်ခံရတာကနေ အဖော်မက်ပြီး လျှောက်လုပ်တတ်တဲ့ Alan..• ဒီလိုမျိုး Characters တွေနဲ့ Trilogy ကို ဖြတ်သန်းရမှာဖြစ်ပါတယ်..ဒီထဲမှာမှ Leslie Chow ဆိုတဲ့ Ken Jeong သရုပ်ဆောင်ထားတဲ့ Iconic ဖြစ်တဲ့ ဇာတ်ကောင်ကလဲ သောက်မြင်ကပ်စရာကောင်းအောင် ပါလာဦးမယ့်အပြင် Mike Tyson ကြီးရဲ့ Cameo ကလဲ ရယ်နေရဦးမှာပါ..• The Hangover Trilogy မှာ Iconic ဖြစ်စရာ Moments တွေ၊ တကယ်ရယ်ရတဲ့ ဟာသတွေ၊ သောက်တလွဲ Lines တွေနဲ့ လူလတ်ပိုင်းတွေဘယ်လို ဗရုတ်ကျလဲဆိုတာကို မြင်တွေ့မှာပါ..Part I နဲ့ Part II က ဇာတ်လမ်းကျောရိုးတူပြီး Part III ကတော့ Conclusion သဘောမျိုးနဲ့အဆုံးသတ်ထားပါတယ်..• ဒီရုပ်ရှင်က တကယ်မောပန်းနွမ်းနယ်နေချိိန် Comfort ရုပ်ရှင်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး Movie Night မှာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ Comedy ရုပ်ရှင်တစ်ခုပါ..ဒါပေမယ့် R-Rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို တော်တော်ပွင့်လင်းမှရပါမယ်..နောက်ပြီး Credit ထိုးတဲ့အထိကြည့်ဖို့မမေ့ပါနဲ့လို့ပြောရင်း အကြံပြုလိုက်ရပါတယ်ခင်ဗျာ..#cultureflix #thehangover (ရုပ်ရှင်အညွှန်းကိုCulture Flix FB Pageမှ ကူးယူဖော်ပြပါသည်။) The Hangover ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားစလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=the+hangover+2009ကြည့်ပါ။...
The Hangover Part II (2011) ⭐IMDB: 6.5/10 (537 k Votes) 🎬 #Comedy 🗓 2011 🎞 movie 🌎 #Thailand #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating (6.5) / Rotten Tomatoes (34%) ❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞• 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်..• ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်..• The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် စိတ်ရောဂါရှိတဲ့ Alan ဟာ သူတို့အုပ်စုကို Wolf Pack လို့သတ်မှတ်ထားပြီး Party Drug တွေခိုးထည့်ကာ အမြဲမွှေလေ့ရှိပါတယ်..အကြောင်းအရင်းကတော့ ပိုပျော်ရအောင်၊ ပိုသောင်းကျန်းလို့ကောင်းအောင်ပေါ့..ဒါပေမယ့် အမြဲတမ်းလွဲပြီး ပြဿနာတက်ကြတာပါပဲ..• ညဘက်မှာ လေးငါးပင်လိမ်ပြီး လုပ်ချင်တိုင်းလုပ်ထားကြ၊ မနက်ကြရင်ဘာမှမမှတ်မိပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို သဲလွန်စရှာ လိုက်ရှင်းကြရတော့တာပါပဲ..• ဒီထဲမှာတော့ သူငယ်ချင်းတွေပျော်အောင် အလိုလိုက်ပြီး လိုက်လုပ်ပေးနေပေမယ့် အမြဲပျောက်သွားလိုက်၊ ကျန်နေခဲ့လိုက်၊ ပြန်ပေးဆွဲခံလိုက်နဲ့ ခံနေရတဲ့ Doug..• မိန်းမတွေကလေးတွေရှိပေမယ့် အမြဲတစ်ဇွတ်ထိုးလုပ်တတ်ပြီး သောင်းကျန်းဖို့မြှောက်ပေး၊ မနက်ပြဿနာတက်ရင် ရှေ့ကနေဒိုင်ခံရှင်းတဲ့ Phil..• ပျော်ရပါးရဖို့ဆို ရှေ့ဆုံးကနေတက်ကြွနေပေမယ့် တကယ်ပြဿနာတက်လာပြီဆို သေလောက်အောင်ကြောက်တဲ့ သွားဆရာဝန် Stu..• စိတ်ရောဂါအခံလေးသာရှိတာ တကယ်သောင်းကျန်းရပြီဆို သူပဲအမြဲစမွှေ၊ မဟုတ်ကဟုတ်ကလူတွေနဲ့လျှောက်ပက်သက်ပြီး ပြဿနာကိုမကြီးကြီးအောင်လုပ်၊ အသက်ကြီးနေပေမယ့် မိဘလုပ်စာပဲထိုင်စားနေလို့ အနှိမ်ခံရတာကနေ အဖော်မက်ပြီး လျှောက်လုပ်တတ်တဲ့ Alan..• ဒီလိုမျိုး Characters တွေနဲ့ Trilogy ကို ဖြတ်သန်းရမှာဖြစ်ပါတယ်..ဒီထဲမှာမှ Leslie Chow ဆိုတဲ့ Ken Jeong သရုပ်ဆောင်ထားတဲ့ Iconic ဖြစ်တဲ့ ဇာတ်ကောင်ကလဲ သောက်မြင်ကပ်စရာကောင်းအောင် ပါလာဦးမယ့်အပြင် Mike Tyson ကြီးရဲ့ Cameo ကလဲ ရယ်နေရဦးမှာပါ..• The Hangover Trilogy မှာ Iconic ဖြစ်စရာ Moments တွေ၊ တကယ်ရယ်ရတဲ့ ဟာသတွေ၊ သောက်တလွဲ Lines တွေနဲ့ လူလတ်ပိုင်းတွေဘယ်လို ဗရုတ်ကျလဲဆိုတာကို မြင်တွေ့မှာပါ..Part I နဲ့ Part II က ဇာတ်လမ်းကျောရိုးတူပြီး Part III ကတော့ Conclusion သဘောမျိုးနဲ့အဆုံးသတ်ထားပါတယ်..• ဒီရုပ်ရှင်က တကယ်မောပန်းနွမ်းနယ်နေချိိန် Comfort ရုပ်ရှင်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး Movie Night မှာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ Comedy ရုပ်ရှင်တစ်ခုပါ..ဒါပေမယ့် R-Rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို တော်တော်ပွင့်လင်းမှရပါမယ်..နောက်ပြီး Credit ထိုးတဲ့အထိကြည့်ဖို့မမေ့ပါနဲ့လို့ပြောရင်း အကြံပြုလိုက်ရပါတယ်ခင်ဗျာ..#cultureflix #thehangover (ရုပ်ရှင်အညွှန်းကိုCulture Flix FB Pageမှ ကူးယူဖော်ပြပါသည်။) The Hangover ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားစလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=the+hangover+2009ကြည့်ပါ။...
This Beautiful Fantastic (2016) ⭐IMDB: 6.9/10 (13 k Votes) 🎬 #Comedy #Drama #Romance #Fantasy 🗓 2016 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedArabEmirates ⏰ 1 နာရီ 32 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးတော့ English Romance Drama ဇာတ်လမ်းလေးဖြစ်ပြီး အဓိကဇာတ်ဆောင် ဘယ်ဘာဘရောင်းဆိုတဲ့ OCD ရှိတဲ့ကောင်မလေးက သူ့ရဲ့တစ်နေ့တာကို တိတိကျကျဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ သူ့မှာအပင်တွေကိုကြောက်တဲ့ အကျင့်တစ်ခုရှိပါတယ် တနေ့မှာတော့ သူ့အိမ်ပိုင်ရှင်က အပင်တွေကြောက်လို့ မရှင်းပဲထားထားတဲ့ သူ့အိမ်ရှေ့က ဥယျာဉ်ကို မရှင်းနိုင်ရင် အိမ်ပေါ်ကဆင်းကမယ်လို့ပြောလာတဲ့ အခါသူ့အနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကြည့်ရမှာပါ။ အဆုံးသတ်လေးကတော့တော်တော်လေးကောင်းပါတယ် ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက်ကြည့်ရတာလည်း အဆင်ပြေပါတယ်။...
မင်္ဂလာပါ Triggered...
💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။
Strangers on a Train (1951) ⭐TMDB: 77% User Score 🎬 #Crime #Drama #FilmNoir #Thriller 🗓 1951 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb: 7.9Rotten Tomatoes: 98% Strangers on a Train ဟာ ၁၉၅၁ ခုနှစ်ထွက် Alfred Hitchcock ရဲ့လက်ရာရုပ်ရှင်ဖြစ်ပါတယ်။Hitchcock ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အပြီးထိရင်တမမနဲ့ကြည့်ရမယ့် Thriller ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း: ဂိုင်းဟိန်းစ် ဟာတင်းနစ်အကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အထက်လွှတ်တော်အမတ် အန်းမော်တွန် နဲ့ချစ်ကျွမ်းဝင်နေပါတယ်။ ခက်တာက သူ့မှာမိန်းမရှိတယ်။ ကိုယ်ဝန်ပါရှိသေးတယ်။ အဲလိုပြောလိုက်တော့ ဂိုင်း ကိုမကောင်းတဲ့လူလို့ထင်သွားပါဦးမယ်။ဂိုင်းရဲ့မိန်းမဟာ ချူစားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ကလည်း ဂိုင်းနဲ့ရတာမဟုတ်ပါဘူး။ ဂိုင်းဟာတင်းနစ်ပွဲတစ်ခုကိုသွားဖို့ရထားစီးရင်း ရထားပေါ်မှာ လူထူးဆန်း ဘရူနိုအန်တိုနီ ဆိုတဲ့လူနဲ့တွေ့ခဲ့ပါတယ်။ ဘရူနိုက အတော်လေးဉာဏ်ကောင်းတဲ့လူဖြစ်ပြီး လေ့လာမှုအားလည်းကောင်းပါတယ်။ အဲဒါကြောင့် ဂိုင်းတစ်ယောက် အန်း ကိုယူချင်ရင်တောင်မှ မိန်းမက မကွာရှင်းပေးတော့ ယူလို့မရဖြစ်နေတာကိုသိနေပါတယ်။ ဘရူနို ကလည်းအဖေ့ကိုမုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဘရူနိုမှာ အယူအဆတစ်ခုရှိတယ်။ ပြီးပြည့်စုံတဲ့လူသတ်မှုကိုကျူးလွန်ဖို့။ အကယ်လို့ ဂိုင်းနဲ့ဘရူနို သာလူလဲသတ်လိုက်မယ်ဆိုရင် ရဲတွေလည်းမျက်စိလည်မယ်။ ဘယ်လိုမှဆက်စပ်လို့မရဘူးဆိုပြီး ဂိုင်းကို ဘရူနိုကပြောလာပါတယ်။ ဘရူနိုကပြောပေမယ့် ဂိုင်းကလက်မခံခဲ့ပါဘူး။ ဘာတွေဆက်ဖြစ်ကြမှာလဲ...
Hell's Angels (1930) ⭐TMDB: 64% User Score 🎬 #Drama #War #Action 🗓 1930 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hell’s Angels က ၁၉၃၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စစ်ပွဲ ကာလအတွင်း ကိုဖော်ပြရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ရိုင် မွန်တဲတို့ နှစ်ယောက် စစ်ပွဲကာလအတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်နေရတဲ့အချိန် သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့အတွေးအခေါ်စိတ်နေစိတ်ထားနဲ့ စစ်ပွဲတွင်းအခြေအနေတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဟယ်လန်ဆိုတဲ့ ကောင်မလေးနဲ့ သူတို့ကြားက ဆက်ဆံရေးကိုလည်း ခံစားကြည့်ရှုရမှာဖြစ်တဲ့အပြင် IMDB မှာလည်း rating 7.3 ရရှိထားတာမို့ စစ်ပွဲကာလကို ထင်ဟပ်ချင်ရင်တော့ ကြည့်ရှုသင့်တဲ့ အဖြူအမဲ ဇာတ်ကားကောင်းပါ...
Stranger by the Lake (2013) ⭐IMDB: 6.9/10 (16 k Votes) 🎬 #Adult #Drama #Romance #Thriller 🗓 2013 🎞 movie 🌎 #France ⏰ 1 နာရီ 40 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်ထွက်ပြင်သစ် Thriller/Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ တမျိုးလေးဆွဲဆောင်မှုရှိတဲ့ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ ဇာတ်ညွှန်း ဖရန့်ခ်ဆိုတာကတော့ ကိုယ်တုံးလုံးချွတ်ပြီးနေရတဲ့ ကမ်းခြေမှာ အမြဲလာအပန်းဖြေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူဟာကမ်းခြေလာရင်း ဟင်နရီလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ အသိဖြစ်သွားခဲ့ပါတယ်။ ကမ်းခြေမှာ မီချယ် ဆိုတဲ့ခပ်မိုက်မိုက် ဘဲတစ်ယောက်ကလည်းရှိနေပြန်ပါတယ်။ ဖရန့်ခ် ဟာ မီချယ်ကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။ တစ်ညနေမှာတော့ ကန်ထဲမှာလူတစ်ယောက်က တခြားလူတစ်ယောက်ကိုရေနှစ်သတ်နေတာကို ဖရန့်ခ်တွေ့သွားခဲ့ပါတယ်။ ဇာတ်လမ်းက တစ်ဆစ်ချိုးပြောင်းလဲသွားတာမလို့ ကြည့်ကြည့်ကြပါ။ ပွင့်လင်းမြင်သာတဲ့ ရိုက်ကွင်းရိုက်ကွက်တွေကြောင့် မိသားစုနဲ့အတူကြည့်ရှုရန်မသင့်ပါဘူး...
Hunting Games (2023) ⭐IMDB: 3.5/10 (209 Votes) 🎬 #Action #Thriller #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပျောက်ဆုံးနေတဲ့ ပိုက်ဆံအိတ်ကြီးတစ်ခုအတွက် ပြန်ပြီး ရှာဖွေဖို့ စစ်သားဟောင်းတွေကို ငှားရမ်းထားပေမဲ့ ဒေသခံ မုဆိုးတစ်ယောက်က သူတို့အရင် ငွေထုပ်ကို တွေ့သွားတဲ့အခါ ….. ဒီဇာတ်ကားထဲမှာ အဲဒီငွေထုပ်နောက်ကို ဘယ်လို လိုက်မလဲ .. မုဆိုးတစ်ယောက်ကို သားကောင်အဖြစ်ထားပြီး လိုက်ဖမ်းရတဲ့အခါ အဲဒီ စစ်တပ်ထွက် အဖွဲ့တစ်ဖွဲ့ဟာ ဘာတွေ ကြုံကြိုက်ရမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာ ဖြစ်ပြီး Action, Thriller ဇာတ်ကားတွေကိုပဲ ကြည့်တတ်တဲ့သူတွေအတွက် ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်...
Green Lantern: First Flight (2009) ⭐IMDB: 7.0/10 (18 k Votes) 🎬 #Action #Adventure #Animation #Fantasy #ScienceFiction #TVMovie #SciFi 🗓 2009 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Green Lantern: First Flight 2009IMDb 7.0/10Genre: Animation/Action/Adventure Green Lantern ဆိုတဲ့ Ryan Reynolds ရဲ့ ၂၀၁၁ က ရုပ်ရှင်ကို ကြည့်ဖူးကြမှာပါ။ဒါက မူလပထမ ကာတွန်းရုပ်ရှင် Green Lantern ဖြစ်ပါတယ်။Green Lantern တစ်ဖြစ်လဲ ဟဲလ်ဂျော်ဒန်ဟာ ကမ္ဘာမြေပေါ်မှာ လေ့ကျင့်ပျံသန်းနေတုန်းအစိမ်းရောင် ရောင်ခြည်တန်းတွေရဲ့ ခေါ်ဆောင်ရာနောက်ပါသွားပါတယ်။ ပျက်ကျလာတဲ့ ယာဥ်ပျံပေါ်မှာပါလာတာက Lantern Corps ရဲ့ ထိပ်သီးတစ်ယောက်ပါ။သူမသေဆုံးခင် စွမ်းအင်လက်စွပ်ကို ဟဲလ်ဂျော်ဒန်ဆီ လွှဲပေးလိုက်ပြီးနောက်မှာတာဝန်တွေ ဝတ္တရားတွေက ဟဲလ်ဂျော်ဒန်အတွက် ဖြစ်လာပါတော့တယ်။ကစဥ့်ကလျား စကြဝဠာကြီးမှာ ဟဲလ်ဂျော်ဒန် တစ်ယောက် အသားကျပါ့မလား။တာဝန်တွေကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ...
IF (2024) ⭐IMDB: 6.7/10 (15 k Votes) 🎬 #Animation #Comedy #Drama #Fantasy #Family 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒက်ပူးမင်းသား ရိုင်ရန်ရေးနိုးရဲ့ လူတစ်ဝက် ကာတွန်းတစ်ဝက် ရုပ်ရှင်အသစ်လာပါပြီ။ ဒါရိုက်တာနဲ့ ဇာတ်ပို့ကတော့ The Office ဇာတ်လမ်းတွဲထဲက မင်းသား John Krasinski ပါပဲ။ Walking Dead ထဲက မင်းသမီးလေး Cailey Fleming ကတော့ အဓိက မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေ ရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊ သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်း လေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီ သူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If “အကယ်၍” ဆိုပြီး နာမည်ပေးထားတယ်။ အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့ သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကို ဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကို မေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းက လွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့ အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကို မြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်က သူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီ ပြန်ရှာပေးဖို့ ကြိုးစားပါတော့တယ်...
Pulp Fiction (1994) ⭐TMDB: 85% User Score 🎬 #Crime #Drama #Uncategorized #Thriller 🗓 1994 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 35 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်..ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino ဖြစ်ပါတယ်…Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်… အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်..တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံးခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်….ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့…ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်..တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ချန်ထားတဲ့အဆဲစကားလုံအချို့ရှိပါတယ်.. .ဒီကားထဲကအဓိကသရုပ်ဆောင်တွေဖြစ်တဲ့ John Travolta, Uma Thurman, Samuel L. Jacksonနဲ့ Bruce Willis တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်. .ဒီကားက ဒေါ်လာ ၈သန်းခန့်မျှသာကုန်ကျခဲ့ပြီး ၂၁၃သန်းကျော် ဝင်ငွေရရှိခဲ့ပါတယ်..အော်စကာဇာတ်ညွှန်းဆုလည်းရရှိခဲ့ပါတယ်…ဒီကားကိုအညွှန်းမရေးတတ်သလို ရေးလည်းမရေးချင်ပါဘူး. .ဘာလို့ဆိုကြည့်ရှုသူရဲ့ ခံစားဖြန့်ကျက်နိုင်မှုစွမ်းအားများလေ ရသမြောက်လေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော့်ရဲ့ ခပ်ညံ့ညံ့အရေးအသားအောက်မှာ သေးနုတ်တဲ့ဘောင်ကျဉ်းတစ်ခုကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့်ပါ.. ကိုင်း……ခံစားကြည့်လိုက်ပါဦးလို့။...
