无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Livid (2011) ⭐IMDB: 5.7/10 (8 k Votes) 🎬 #Fantasy #Horror 🗓 2011 🎞 movie 🌎 #France ⏰ 1 နာရီ 32 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူစီ ကတော့ အိမ်တွင်းသူနာပြုအဖြစ် လက်တွေ့လေ့ကျင့်မှုလုပ်နေတဲ့ ကောင်မလေးပါ…သူမကို အသက်ကြီးကြီးမစ္စစ် Catherine Wilson က လေ့ကျင့်သင်ကြားပေးနေတာပေါ့ ဒီလိုနဲ့ လေ့ကျင့်ရင်း နောက်ဆုံး လူနာသည်က ဝေးလံခေါင်သီတဲ့ အိမ်ကြီးမှာ နေတာဆိုတော့ လူစီလည်း အဲ့ကိုသွားရတာပေါ့ တိရိစ္ဆာန်တွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ကြီးထဲကို ဝင်ပြီး လူနာကုတင်ပေါ်က မစ္စစ် ဝီလ်ဆင်ကို တွေ့တယ် Jessel ကတော့ တစ်ချိန်က အထင်ကရ ဘဲလေးဆရာတစ်ဦးဖြစ်ခဲ့သော်လည်း အခုမှာတော့ အိပ်ယာပေါ်မှထကာ မေ့မြောသွားကြောင်း မစ္စစ်ဝီလ်ဆင်က ပြောပြတဲ့နောက်.. အဲ့အိမ်ကြီးနဲ့ သူတို့တွေ ဘာတွေကြုံတွေ့ရမလဲ…. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Ratu Dansa (2022) ⭐TMDB: 0% User Score 🎬 #Drama #Romance #ScienceFiction 🗓 2022 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 29 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ratu Dansa (2022) ငယ်ရွယ်နုပျိုတဲ့တက္ကသိုလ်ကျောင်းသူလေးနှစ်ယောက်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဟန်နာနဲ့အတိတ်ကနေ အနာဂတ်ကိုရောက်လာတဲ့ ဟန်နာရဲ့မေမေ ဟီရာတို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့အင်ဒိုနီးရှား အချိန်ခရီးသွားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဟန်နာဟာ အနုပညာအလုပ်မှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်လာဖို့ အိပ်မက်တွေရှိထားသူဖြစ်ပြီးအဖေတစ်ယောက်တည်းရဲ့အုပ်ထိန်းမှုအောက်မှာ အလိုမကျမှုများစွာနဲ့ ကြီးပြင်းလာရသူဖြစ်ပါတယ်။အတိတ်က ဟီရာကလည်း အဆင်မပြေတဲ့မိသားစုဘဝမှာ နေထိုင်ရတဲ့အတွက် သူ့ဘဝအပေါ် စိတ်မကျေနပ်ချက်များရှိနေသူဖြစ်ပါတယ်။တစ်နေ့မှာ ဟီရာဟာ သူ့အမေဖြစ်သူကို အဖေကရိုက်နှက်ခဲ့ပြီး အိမ်ကနေ ထွက်သွားလိုက်တဲ့အတွက်မိခင်နဲ့အတူကျန်နေခဲ့ရတဲ့ သူ့ရဲ့မိသားစုဘဝအခြေအနေကို စိတ်ကုန်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲ ဟီရာဟာ အနာဂတ်မှာ သူ့သမီးဖြစ်တဲ့ဟန်နာဆီကို ရောက်ရှိသွားပါတယ်။အသက်အရွယ်တူညီကြတဲ့သူတို့နှစ်ယောက်ဟာ ခေတ်ကာလကွာခြားချက်အရ နားမလည်မှုတွေကိုအချင်းချင်းလေ့လာကြရင်း သူတို့ရဲ့အနာဂတ်အတွက် အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်။ဟီရာဟာ သူ့ကို မိခင်မှန်းသိနေတဲ့ ဟန်နာကို သူ့အပေါ် နားလည်အောင်ဟန်နာရဲ့ခံစားချက် အလိုမကျဖြစ်မှုတွေကို ဖြည့်ဆည်းနိုင်ပါ့မလား…မိခင်ရဲ့မေတ္တာကို ဟီရာကရော နားလည်ကာ သားအမိတွေ ပြေလည်သွားကြမလားဆိုတာ… (အညွှန်းနဲ့ဘာသာပြန်ကတော့Dao Phyoဖြစ်ပါတယ်)...
Free Time (2023) ⭐IMDB: 5.5/10 (229 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica #UnitedStates ⏰ 1 နာရီ 18 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒရူးဆိုတဲ့လူတစ်ယောက်က အသက် ၃၀ နားကိုကပ်နေပြီဖြစ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ယောက်ပါ။ တစ်ရက်မှာ ဒရူးဟာ သူ့ဘ၀မှာ မခံစားဖူးသေးတဲ့လွတ်လပ်မှုရဲ့အရသာကို ခံစားကြည့်ဖို့ရာ နှစ်တစ်နှစ်ရဲ့အလုပ်အများဆုံးအချိန်ကြီးမှာ သူ့ရဲ့ မနက် ၉ ည ၅ ကုမ္ပဏီ၀န်ထမ်းအလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒရူးက တီးဝိုင်းတစ်ခုမှာလည်း ကီးဘုတ်တီးပါတယ်။ ကုမ္ပဏီကထွက်ပြီးတဲ့နောက်မှာ ဒရူးဟာ ကုမ္ပဏီ၀န်ထမ်းဘ၀တုန်းကမလုပ်ခဲ့ရတဲ့အရာတွေကို စလုပ်ကြည့်ပါတယ်။ ညဖက် မမူးမချင်း ဘားတစ်ခုပြီးတစ်ခုပြောင်းထိုင်တာ၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်းတာ၊ မနက်ခင်းမှာ မြစ်ကမ်းနားကို စက်ဘီးစီးထွက်တာ စသဖြင့်ပေါ့။ ဒါပေမဲ့ ရက်အနည်းငယ်ကြာလာတော့ တသက်နဲ့တကိုယ် အလုပ်နဲ့အကိုင်နဲ့ဖြစ်လာခဲ့တဲ့ ဒရူးတစ်ယောက်ဟာ သူအလုပ်ထွက်လိုက်ရတဲ့ရည်ရွယ်ချက်ကို နားလည်ဖို့ရာခက်လာပါတော့တယ်။ ဆိုလိုချင်တာက သူဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့တာပါ။ သူနဲ့သက်တူရွယ်တူ သူငယ်ချင်းတွေက မနက် အလုပ်ကိုယ်စီနဲ့ အလုပ်ခွင်တွေမှာ ဆက်ကျင်လည်ပြီး ပိုက်ဆံရှာနေကြဆဲအချိန်မှာ သူကတော့ အသက် ၃၀ နားကပ်ခါနီးအရွယ်ရောက်မှ ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်လာတဲ့အလုပ်ကနေထွက်ပြီး အလုပ်လက်မဲ့ဖြစ်နေတာကို သဘောပေါက်သွားတဲ့အချိန်မှာတော့ သူ့မှာရှိနေတဲ့လွတ်လပ်မှုကို သူပျော်ပျော်ကြီးဆက်ခံစားနိုင်ပါဦးမလား၊ အများသူငှာလိုပဲ ကြွက်ပြေးလမ်းထဲပြန်၀င်ဖို့ရာကြိုးစားရတော့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
No Boys, No Cry (2009) ⭐TMDB: 56% User Score 🎬 #Drama 🗓 2009 🎞 Series 🌎 #SouthKorea #Japan ⏰ 1 နာရီ 55 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 No Boys, No Cry (2009) ဒီတစ်ခါမှာတော့ ကိုရီးယားရုပ်ရှင်ကားတွေ ကြည့်ဖူးသူတိုင်း မစိမ်းတဲ့လောက်မယ့်မင်းသား Ha JungWoo နဲ့ ဂျပန်မင်းသား Satoshi Tsumabuki တို့အတွဲညီညီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုရီးယားလူမျိုးဖြစ်တဲ့ ဟွန်းဂူဟာ အသက် ၆ နှစ်အရွယ်တည်းက အမေ့ဆီက စွန့်ပစ်ခံခဲ့ရသူပါ။မှောင်ခိုသမား ဦးလေးကြီးဘိုဂယောင်းဆိုသူ လက်အောက်မှာ ကြီးပြင်းလာခဲ့ရသူပေါ့။ဘဝတစ်လျှောက်လုံးမှာ “အမေက ဘာလို့ စွန့်ပစ်သွားတာဖြစ်မလဲ” ဆိုတဲ့အတွေးနဲ့ဘိုဂယောင်းအပေါ် သစ္စာရှိဖို့ကလွဲရင် ဘာအတွေးမှ မရှိတဲ့သူပါပဲ။ဟွန်းဂူ မှောင်ခိုပစ္စည်းလာပို့တိုင်း ဂျပန်ဘက်ကနေ သူ့ကို လာကြိုနေကျသူကတော့ တိုရုပါပဲ။ဂျပန်ကောင်လေး တိုရုကို အားလုံးက ခပ်နုံနုံလေးလို့ပဲ ထင်ခဲ့ကြပါတယ်။ တစ်နေ့ ဦးလေးကြီးဘိုဂယောင်းက သူတို့နှစ်ယောက်ကိုဂျီဆုဆိုတဲ့မိန်းကလေးကို ပြန်ပေးဆွဲပြီး ဂျပန်ကို ခေါ်လာခိုင်းလိုက်ပါတယ်။ဒါပေမဲ့ ကိစ္စတွေက ထင်သလို မဖြစ်တဲ့အပြင်ဟွန်းဂူတစ်ယောက် တိုရုရဲ့ပုံစံအမှန်ကိုပါ သိလာရတဲ့အခါ..။ မိသားစုအပေါ် တာဝန်သိတတ်တဲ့ တိုရုနဲ့ မိသားစုဆိုတာ ဘာလဲမေးခွန်းထုတ်နေဆဲ ဟွန်းဂူတို့ ကြား ဘယ်လိုမျိုး အဆက်အသွယ်လုပ်မလဲ။မတူညီတဲ့ ဘာသာစကား၊ ရှင်သန်လာမှုပတ်ဝန်းကျင် ကွဲပြားတဲ့ လူနှစ်ယောက်ရဲ့လူငယ်ဘဝကို ဆွဲဆောင်မှုရှိရှိ ရိုက်ကူးပြသထားတဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Su Myatဖြစ်ပါတယ်)...
Madhouse (2004) ⭐TMDB: 57% User Score 🎬 #Horror #Thriller 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ စိတ္တဇဆေးရုံမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ကလော့ဒ်စတီဗင်စ်ဆိုတဲ့ အလုပ်သင်တစ်ယောက်က စိတ္တဇဆေးရုံမှာတာဝန်ကျခဲ့ပါတယ် သို့ပေမဲ့အဲ့နေရာက အထောက်ပံ့တွေ အဆောက်ဦးတွေက သိပ်အဆင်မပြေခဲ့ပါဘူး အဲ့ဒါကြောင့် သူကအဲ့ဆေးရုံကို ပိုကောင်းအောင်ပြုပြင်ချင်ပါတယ် ဒါမဲ့ဆေးရုံအုပ်က လက်မခံခဲ့ပါဘူး ပြီးတော့ ဆေးရုံအုပ်က အရမ်းထူးဆန်းနေတော့ စိတ်ထဲဘဝင်မကျဖြစ်လာခဲ့ပါတယ် ထို့အပြင်မှာဆေးရုံကလူနာတွေကလည်း တိုးတက်လာတာရှိမနေခဲ့ပါဘူး သူနာပြုဟန်းဒရစ်ဆိုသူကလည်း လူနာတွေကို ဂရုစိုက်သလိုနဲ့နှိပ်စက်တတ်ပါေသးတယ် အဲ့ဒါကြောင့်စတီဗင်စ်ရဲ့ ဆေးရုံအပေါ်သံသယတွေက ကြီးထွားလာခဲ့ပါတယ် အဲ့ဒါကြောင့်သူစုံစမ်းရင်းကနေ မထင်မှတ်တာတွေသိလာခဲ့တော့ အဲ့ဒါဘာအကြောင်းတွေလည်း ပြီးတော့ဇာတ်လမ်းကအရမ်းထင်မှတ်မထားသလိုဖြစ်လာခဲ့တာကြောင့် ကြည့်ရှူသူတွေအတွက်ဟာခနဲဟင်ခနဲ ဖြစ်သွားစေမဲ့ဇာတ်ကားမျိုးပါ ရင်ခုန်စိတ်လှုပ်ရှားစရာဟော်ရာဆိုတာမျိုးထက် တစိမ့်စိမ့်နဲ့စိတ်ဝင်စားစရာကောင်းအောင်ဇာတ်အိမ်တည်ထားတာကြောင့် လက်လွတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်...
Desperado (1995) ⭐TMDB: 69% User Score 🎬 #Action #Crime #Thriller 🗓 1995 🎞 Series 🌎 #UnitedStatesofAmerica #Mexico ⏰ 1 နာရီ 44 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့…Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။၃ ကားလုံးကို CM App နဲ့ Websitehttps://www.channelmyanmar.to/?s=Mexico+Trilogyမှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ Desperado (1995) IMDb Rating (7.1) / Rotten Tomatoes (70%) ဒီရုပ်ရှင်က တစ်ကားလုံး ချတာမှမြင်ချင်တဲ့လူတွေအတွက် ရုပ်ရှင်ပါ။ ၈၀% လောက်က ဝုန်းဒိုင်းကြဲနေတာကို တွေ့လိမ့်မယ်။ ဂန်းတွေပစ်မယ်။ သွေးတွေအလိမ်းလိမ်းနဲ့ ကြမ်းပေ့ဆိုတဲ့ အက်ရှင်ကားမျိုးပေါ့။ ဒီရုပ်ရှင်က ရုပ်ရှင်လောကထဲ အန်တိုနီယို ဘန်းဒရက်စ် ခပ်ကြမ်းကြမ်း ဝင်လာတဲ့ရုပ်ရှင်တစ်ခုဆိုရင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ရှေ့မှာ ဒါရိုက်တာ ရောဘတ်ရိုဒရီဂူးဇ်က El Mariachi ဆိုတဲ့ ရုပ်ရှင်တစ်ခုရိုက်ခဲ့ဖူးတယ်။ ဘတ်ဂျက်ကို ဒေါ်လာ ၇၀၀၀ ပဲ သုံးပြီး သန်းနဲ့ချီ ပြန်အမြတ်ထွက်တဲ့အတွက် တော်တော် ချီးကျူးခံခဲ့ရတဲ့ရုပ်ရှင်ပေါ့။ ဒီကားက El Mariachi ကို အမေရိကန်အထာ ဘတ်ဂျက် ၇ သန်းသုံးပြီး ပြန်ရိုက်ထားတဲ့ကားပါ။ ဒီရုပ်ရှင်ကလည်း ၁၀ဆ နီးပါး ပြန်အမြတ်ထွက်ခဲ့တယ်။ ဇာတ်လမ်းက သူ့မိန်းမကို သတ်ခဲ့တဲ့လူကို ပြန်လက်စားချေတဲ့ Miriachi မက္ကဆီကန် ဂီတသမားအပေါ် တည်ထားတယ်။ သူ့မိန်းမကို သတ်သွားတဲ့ မူးယစ်ရာဇာတွေကို လက်စားချေဖို့ ဘဝတစ်ခုလုံးကို ရင်းထားတဲ့လူပေါ့။ ဂီတာသေတ္တာကြီးတစ်လုံးကို ဆွဲပြီး သူလက်စားချေချင်တဲ့ မူးယစ်ရာဇာကို တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရှာတယ်။ သူ့ရဲ့ ဂီတာသေတ္တာထဲက သေနတ်ကြီးကို ထုတ်ပြီး လူဆိုးတွေကို ဘယ်လိုသတ်ကြောင်း ဇာတ်လမ်းက ဂိုဏ်းတွေကြားမှာပါ ဒဏ္ဍာရီတစ်ပုဒ်အနေနဲ့ ပျံ့နေတယ်။ တစ်နေ့တော့ မက္ကဆီကို မြို့ငယ်လေးကို သူရောက်လာတယ်။ အဲဒီမြို့မှာ သူလက်စားချေချင်တဲ့ မူးယစ်ရာဇာလည်း ရောက်နေတယ်။ အဲဒီမှာ စာအုပ်ဆိုင်ကကောင်မလေး (Salma Hayek) နဲ့ တွေ့ပြီး ချစ်သွားကြတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ကိုအသားပေးတဲ့အတွက် ချစ်ခန်း ကြိုက်ခန်းတွေ သိပ်တော့မပါဘူး။ ဇာတ်လမ်းထဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်ရက်စရာတွေ ပါတယ်။ လက်စားချေဖို့အတွက် သူ့ဘဝတစ်ခုလုံးကိုရင်းထားတာ တန်ရဲ့လားပေါ့။ ဇာတ်လမ်းကတော့ အပစ်အခတ်တွေနဲ့ လက်စားချေတဲ့ ဇာတ်ကြောင်းတစ်ခုပဲ။ Plot Twist ကတော့ ဇာတ်လမ်းပြီးခါနီးမှလာတယ်။ ဒီရုပ်ရှင်မှာ အန်တိုနီယိုဘန်းဒရက်စ်ရဲ့နာမည်ကို မပြောသွားဘူး။ Manito (ကောင်လေး) နဲ့ Miriachi (ဂီတသမား) လို့ပဲသုံးသွားတယ်။ အဲဒီလို နာမည်မပြောသွားတာက တမင်လုပ်ထားတဲ့သဘောပဲ။ သူ့ရဲ့ Mysterious ဆန်ဆန် အငွေ့အသက်ကို တတ်နိုင်သမျှ ထိန်းချင်တဲ့ ဒါရိုက်တာရဲ့ စိတ်ကူးပဲဖြစ်လိမ့်မယ်။ Cast တွေကလည်း တော်တော်ကောင်းတယ်။ ထိပ်တန်းသရုပ်ဆောင်တွေကို သူတို့ရဲ့ အရှိန်အတက်ဆုံးအချိန်မှာ သုံးလိုက်တာပဲ။ Antonio Banderas က ဒီရုပ်ရှင်မထွက်ခင်ကတည်းက စပိန်မှာ နာမည်တော်တော်ရနေပြီ။ Desperado မှာ သူ့ရဲ့ performance ကြောင့် ဟောလိဝုဒ်အက်ရှင်လောကမှာ ခြေဆန့်ဖို့ အရှိန်တော်တော်ရသွားတယ်။ Salma Hayek ကတော့ ဘာပြောကောင်းမလဲ ဟော့လိုက်တာမှ အရမ်းပဲ။ Quentin Tarantino လဲ Cameo ပါထားပါတယ်။ ဒီရုပ်ရှင်က အကောင်းရော၊ အဆိုးရော ဝေဖန်ခံခဲ့ရတဲ့ရုပ်ရှင်ပါ။ Cinematography ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ ချီးကျူးခံရသလို ဇာတ်လမ်းသွက်တဲ့အပေါ်လည်း ဝေဖန်ခံခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုနောက်ပိုင်း ဖောဖောသီသီထွက်နေတဲ့ မရယ်ရတဲ့ဟာသတွေနဲ့ အက်ရှင်ကားတွေထက်စာရင်တော့ ဇာတ်လမ်းပိုင်း၊ စတန့်ပိုင်း နဲ့ Cinematography ပိုင်းမှာ သာတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)...
Once Upon a Time in Mexico (2003) ⭐TMDB: 63% User Score 🎬 #Action #Crime #Thriller #Drama #Mystery 🗓 2003 🎞 movie 🌎 #Mexico #USA #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့…Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။၃ ကားလုံးကို CM App နဲ့ Websitehttps://www.channelmyanmar.to/?s=Mexico+Trilogyမှာ ကြည့်လို့ရပါတယ်။++++++++++++++++ Once Upon a Time in Mexico (2003) IMDb Rating (6.6) / Rotten Tomatoes (63%) ဒီဇာတ်ကားကတော့ Mexico Trilogy ရဲ့ နောက်ဆုံးဇာတ်ကားပါ။ မင်းသားကြီး Johnny Depp , Antonio Banderas တို့အပြင် မင်းသမီးတွေဖြစ်တဲ့ Salma Hayek နဲ့ Eva Mendes တို့လို နာမည်ကျော်တွေနဲ့အပြင်းစားရိုက်ကူးထားတာပါ။ ဒီခါတော့ CIA တွေရော မက္ကဆီကိုရဲ့နိုင်ငံရေးတွေရောစတဲ့ ကိစ္စအကြီးကြီးတွေကိုပါ ပေါ်တင်ဒဲ့ရှင်းကြမှာမလို့ Cast အမိုက်စားတွေနဲ့ အက်ရှင်အလန်းတွေကြည့်ရမှာပါ။...
Munjya (2024) ⭐IMDB: 7.0/10 (16 k Votes) 🎬 #Bollywood #Comedy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Munjya 2024( လူပျိုသရဲ ) ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲကမိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ _၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။ အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက်အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီးသူ့ရဲ့ အရွယ်ရောက်အခမ်းအနားလည်းမပြီးဆုံးသေးတာကြောင့်အစီအရင်သစ်ပင်ကြီးမှာ တွယ်ကပ်နေတဲ့ ဘရဟ္မရာရှာသဆိုတဲ့မိစ္ဆာဘ၀ကို ရောက်သွားရာကစတင် ဇာတ်အိမ်တည်ထားပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ သရဲကပ်နေတဲ့သစ်ပင်ကြီးနဲ့သူ့ဆီလာဖို့ခေါ်နေတဲ့အသံကို အမြဲတစေကြားယောင်နေတဲ့ဘီတူလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ပေါ်လာပါတယ်။ သူနဲ့ အဲဒီသစ်ပင်၊ အဲဒီမိစ္ဆာတို့ကရော ဘာတွေဘယ်လိုဆက်စပ်နေကြသလဲ၊သူကပဲ နှိမ်နင်းမှာလား၊ သူ့ကိုပဲ နေရာဆက်ခံဖို့၀ါးမျိုလိုက်မလား၊ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းနဲ့အတူ လိုက်ပါကြည့်ရှုခံစားပေးပါဦးဗျာ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
El Mariachi (1993) ⭐TMDB: 67% User Score 🎬 #Action #Crime #Thriller #Western 🗓 1993 🎞 Series 🌎 #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့…Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။၃ ကားလုံးကို CM App နဲ့ Websitehttps://www.channelmyanmar.to/?s=Mexico+Trilogyမှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ El Mariachi (1992) IMDb Rating (6.8) / Rotten Tomatoes (91%) ဒီကားလေးက ဂစ်တာကိုင်လူသတ်သမား Trilogy ထဲက ပထမဆုံးကားလေးပါ ဒီကားထဲမှာတော့ သူ့ရဲ့အဖိုး အဖေတို့လို မက္ကဆီကန် ဂီတသမားလေးဖြစ်ချင်နေတဲ့ အဆိုတော်လေးတစ်ယောက်က အလုပ်အတည်တကျမရှိလို့ တမြို့ပြီး တမြို့အလုပ်ပတ်ရှာရာကနေ နောက်ဆုံး အုန်းသီးအလကားရတဲ့ မြို့ဆီရောက်တော့ သူ့အတွက် ကံကောင်းစေတဲ့မြို့ဆိုပြီး ကြည့်နူးနေခဲ့တာပါ……ဒါပေမဲ့ အဲဒီမြို့လေးက သူထင်ထားသလိုမဟုတ်ဘဲ အင်မတန်ဆိုးရွားလှတဲ့ ကျိန်စာကြီးတစ်ခုဖြစ်နေမှန်း သူသိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုရုန်းထွက်မလဲ ဘယ်လိုအသက်ဆက်မလဲဆိုတာ ကြည့်ရှုရမဲ့ကားလေးတစ်ကားဖြစ်ပါတယ်….. အဲဒီခေတ်တုန်းကတော့ ဘတ်ဂျတ်ဒေါ်လာ ၇၀၀၀ရင်းပြီး ဒေါ်လာ ၂သန်းထိပြန်ရခဲ့တဲ့ကားလေးဖြစ်တာမို့ ကြည့်ရှုခံစားကြည့်လိုက်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Garfield မှ တင်ဆက်ထားပါတယ်။)...
E-San Love Story (2017) ⭐IMDB: 5.7/10 (50 Votes) 🎬 #Comedy #Romance #Drama 🗓 2017 🎞 movie 🌎 #Thailand ⏰ 1 နာရီ 30 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 E San Love Story (2017) ဒီတစ်ခါမှာလည်း CM က ဇာတ်ကားတစ်ကားနဲ့ ပြန်လာခဲ့ပြန်ပါပြီ။ဒါပေမဲ့ သူကတော့ ပြန်မလာတော့ပါဘူး…။ မစောင့်နဲ့နော်ပြောလို့ မစောင့်တုန်းကလည်း ပြန်မလာသလိုစောင့်နေနော်ပြောလို့ စောင့်နေတော့လည်း ပြန်မလာပြန်ပါဘူး။ ဇာတ်လမ်းထဲတင် ပြန်မလာတာမဟုတ်ဘဲ အပြင်လောကမှာလည်း ပြန်မလာမှာမို့ညီကိုတို့ ကြည့်ဖို့ E-San Love Story ကို ဘာသာပြန် တင်ဆက်လိုက်ပေးပါတယ်။ စောင့်နေနော်ပြောပြီး ထွက်သွားသူဟာ မြို့ကို ပြန်လာပေမဲ့ ဆီအန့်ဆီကိုတော့ ပြန်မလာခဲ့ပါဘူး။ငယ်ရည်းစားကို ဆုံးရှုံလိုက်ရတဲ့ ဆီအန်ရဲ့ အချစ်ဇာတ်လမ်းကိုတိုက်ဆိုင်သူတို့အတွက် အနာပေါ်ဆားဖြူးခံရင်း ကြည့်ရှူခံစားရမှာပါ။ ဒါ့အပြင် ဟာသအရွှန်းဖောက် အရန်ဇာတ်ကောင်တွေလည်း ပါဦးမှာမို့အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ် 🥹🥹 (အညွှန်းနဲ့ဘာသာပြန်ကတော့Su Myatဖြစ်ပါတယ်)...
GG Precinct (2024) ⭐IMDB: 6.2/10 (93 Votes) 🎬 #Comedy #Mystery #Crime #Action #Drama #Fantasy #Horror 🗓 2024 🎞 tv series 🌎 #Taiwan ⏰ 43 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ဖန်တွေအတွက် ၆ ပိုင်းတည်းရှိတဲ့ ထိုင်ဝမ်မီနီစီးရီးလေး CM Team က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… Marry My Dead Body မှာ မောင်မောင်ဆိုတဲ့ ဝိညာဉ်လေးနဲ့ ဖူးစာဆုံခဲ့တဲ့ ဝူမင်ဟန့် တစ်ယောက် ICU ကို ဝင်ပြီးနောက် စခန်းပြန်ရောက်လာချိန်မှာတော့ “GG Precinct” ဆိုတဲ့ ထိုင်ဝမ် မီနီဒရာမာလေး ပေါ်ထွက်လာပါတော့တယ်… ဒီကားလေးကို အကျဉ်းပြောရရင် ဝူမင်ဟန့် တစ်ယောက် စခန်းမှာ ပြန်ပြီး တာဝန်စထမ်းဆောင်တာနဲ့ ပထမဆုံးအမှုကတော့ လျှို့ဝှက်ဆန်းကြယ်မှုအပြည့်နဲ့ အသတ်ခံထားရတဲ့ အလောင်းကို အစပြုတဲ့ ကွင်းဆက် လူသတ်မှုပါပဲ… တိုက်တိုက်ဆိုင်ဆိုင်ပဲဒီအမှုဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဥပစာစကားလူသတ်သမားမိစ္ဆာရဲ့ အမှုနဲ့ ပတ်သက်မှုရှိနေတာကို တွေ့ခဲ့ရတယ်… ဒီဥပစာစကား လူသတ်သမားဟာဆိုရင် တရုတ်ဘာသာစကားသင်တဲ့ နည်းပြဆရာဖြစ်ပြီး… သူ့ကျောင်းသားတွေကို အမှားမဖြစ်စေ အမှားမခံနိုင်တဲ့ အတော်ကို တင်းကြပ်တဲ့ဆရာကြီးပေါ့… ဒါကြောင့်လည်း သူက စာလုံးမှားရေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေကြ ဆရာကြမ်းကြီးကနေ နောက်ဆုံးမှာ အားလုံးကြောက်ရတဲ့ စိတ်ဖောက်ပြန်သူ ကွင်းဆက်လူသတ်သမားကြီး အဖြစ်ပြောင်းလဲသွားတာပေါ့… အခုအမှုက ဒီဆရာပဲလုပ်တာလား… ဒါပေမယ့် ဒီဆရာက အထူးကြပ်မတ်ထောင်မှာလေ… ဒါဆို ဘယ်သူကျူးလွန်တာလဲ… တရားခံနဲ့ ဒီဆရာ ဘယ်လိုပတ်သက်တာလဲ… တကယ်ပဲ ရဲအဖွဲ့ကထင်သလို မူပွားအမှုလား … ဘာလှည့်ကွက်တွေရှိဦးမှာလဲ အခင်းဖြစ်ပွားပုံ အလောင်းခွဲစိတ်မှု အမှုလိုက်ပုံတွေက သည်းထိတ်ရင်ဖိုဖြစ်ပေမယ့်လည်း ကာရိုက်တာချင်း ဆက်ဆံမှုကတော့ ဟာသလေးတွေ နှောထားတာမို့ ရင်တထိတ်ထိတ် ရယ်ရမယ့် ကားလေးမို့ ပေါ့ပေါ့ပါးပါး အမှုလိုက်ချင်တယ်ဆို ဒီကားလေးကို CM Team နဲ့အတူ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...
YATAGARASU: The Raven Does Not Choose Its Master (2024) ⭐IMDB: 7.8/10 (106 Votes) 🎬 #Animation #Drama #SciFi #Fantasy #History 🗓 2024 🎞 Series 🌎 #Japan ⏰ 25 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 YATAGARASU: The Raven Does Not Choose Its Master (2023)Genre – Anime, History, Fantasy, Drama ဒီ Anime လေးက ပြောရမယ်ဆိုရင်တော့ စာနည်းနည်းရှည်မယ်လို့ ကြိုတင်စကားပလ္လင်ခံထားချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါမှလည်း ကြည့်မယ့်လူတွေအတွက် ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်စေမယ်လို့ ထင်လို့ပါ။ ဒီစီးရီးလေးက သာမန် Anime လေးတွေနဲ့ မတူပဲ ထူးဆန်းတဲ့ ဒဏ္ဍာရီလာအကြောင်းအရာနဲ့ Game of Throne အသေးစားစတိုင်လိုမျိုး နန်းတွင်းရေးရာ ထီးနန်းပုလ္လင် ကြံစည်မှုကိစ္စတွေကို အိမ်တော်တွေများစွာရယ် ဇာတ်ကောင်များများနဲ့ တင်ဆက်ထားလို့ ကျွန်တော်ကိုယ်တိုင် တော်တော်သဘောကျမိတဲ့ထဲမှာ ပါပါတယ်။ ပထမဆုံး စပြောရမယ်ဆိုရင် သူတည်ဆောက်ထားတဲ့ကမ္ဘာအကြောင်း ရှင်းပြချင်ပါတယ်။ ခေတ်ဦးအစကတည်းက တောင်နတ်ဘုရားတစ်ပါးဟာ ဒီနယ်မြေကို ရောက်ရှိလာပြီး သာယာဝပြောတဲ့အတွက် Yamauchi ဆိုပြီး နာမည်ပေးခဲ့တယ်။ သူ့ကိုယ်စား အုပ်ချုပ်ဖို့ဆိုပြီး သူ့ကလေးငယ်တွေဖြစ်တဲ့ Yatagarasu တွေကို တာဝန်ပေးခဲ့ပါတယ်၊ ဒီ Yatagarasu ဆိုတာ သမန်းဝံပုလွေလိုမျိုး ဂျပန်ဒဏ္ဍာရီမှာတော့ ခြေ ၃ ချောင်းပါတဲ့ လူပုံစံပြောင်းလို့ရတဲ့ သမန်းကျီးနက်တွေကို ဆိုလိုချင်တာပါ။ ဒါပေမဲ့ ဒီကလေးတွေထဲမှာကို ရွှေရောင်ကျီးနက်ဆိုတဲ့ အဆင့်အမြင့်ဆုံးက သူတို့ကိုယ်သူတို့ Kin’u ဆိုတဲ့ ဘွဲ့သမုတ်ပြီး ဗဟိုချက်ချာနေရာမှာနေတယ်။ ကျန်တဲ့ ၄ ကောင်ကိုလည်း အရှေ့၊အနောက်၊တောင်၊မြောက်ဆိုပြီး အရပ်လေးမျက်နှာကို ခွဲဝေပေးပြီး အုပ်ချုပ်စေတယ်။ အဲဒီမှာ အိမ်တော်ကြီး ၄ ခု ပြည်နယ်ကြီး ၄ ခု ဖြစ်လာခဲ့ပြီး သူတို့အားလုံး ဒီ Yamauchi ကိုကျ Kin’u ဆိုတဲ့ ရွှေရောင်ကျီးနက်က အဓိကအာဏာရှိ အုပ်ချုပ်သူတစ်ပါးပေါ့။ ဒုတိယအနေနဲ့ အပေါ်မှာရှင်းပြခဲ့သလိုမျိုး အုပ်ချုပ်နေထိုင်ခဲ့ကြရာကနေ Anime ဇာတ်လမ်းတည်ထားတဲ့ခေတ်ရောက်လာပါပြီ။ လက်ရှိ Kin’u ရယ် ဘုရင်မဖြစ်သူမှာ သားတော်နှစ်ပါး ရှိပါတယ်။ ပထမသားတော်က ဉာဏ်ပညာကြီးမားပြီး ဒုတိယသားတော်က အရူးတစ်ယောက်လို့ နာမည်ကျော်ကြားတဲ့လူပါ။ နောက်ပြီး ဒုတိယသားတော်ဆိုတာ ကိုယ်လုပ်တော်ကနေ ရထားတာပါ။ အိမ်ရှေ့စံဘွဲ့ ပေးရမယ်ဆိုရင် ရိုးရာအစဉ်အလာအရ သားကြီးကို ပေးရမှာ ဖြစ်ပေမဲ့လည်း နတ်ဆရာနဲ့ ရှေ့က Kin’u ကိုယ်တိုင်က ဒုတိယသားတော်ကို ပေးခဲ့တဲ့အတွက် သားကြီးဖြစ်သူက ဘုရားကျောင်းမှာ ဘုန်းကြီးဖြစ်ပြီး အရူးဆိုပြီး နာမည်ကြီးတဲ့ သားတော်က အိမ်ရှေ့စံ ဖြစ်လာပါတယ်။ အဲဒီမှာပဲ အိမ်ရှေ့စံအတွက် ကြင်ရာတော်ရှာတဲ့ အခမ်းအနားတစ်ခု ရှိပါတယ်။ အရပ်လေးမျက်နှာက အိမ်တော်ကြီးတွေကနေ အထက်မြက်ဆုံး သမီးကညာပျိုတွေကို ရံရွှေတော်တွေနဲ့ စေလွှတ်ပြီး ကိုယ်စီကိုယ်စီ အစွမ်းပြပြီး အိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော်ဖြစ်ဖို့ ကြိုးစားကြရတာပါ။ အဲဒီမှာ ဇာတ်တည်ထားတာ တစ်ပိုင်းပေါ့လေ။ နောက်ပြီးတော့ မြောက်ပိုင်းအိမ်တော် လက်အောက်ခံ ရွာသူကြီးတစ်ယောက်ရဲ့ ဒုတိယသား Yukiya ဆိုတာက အင်မတန် ပြဿနာရှာတတ်ပေမဲ့ စိတ်ထားကောင်းတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်။ သူ့မှာလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အတိတ်တစ်ခုတော့ ရှိနေသူပေါ့။ ဒီလိုနဲ့ အရူးအိမ်ရှေ့မင်းသားဆီမှာ အမှုထမ်းဖို့ စေလွှတ်တဲ့ အခြွေအရံတွေက ဘာကြောင့်မှန်းမသိ တစ်လတောင်မခံပဲ အကုန်ပြန်ပြေးနေကြလို့ လတ်တလော ပြဿနာရှာတဲ့ Yukiya တစ်ယောက်ကို အိမ်ရှေ့မင်းသားဆီ တစ်နှစ် အမှုတော်ထမ်းရမယ် မဟုတ်ရင် ဘုန်းကြီးကျောင်းပို့မယ်ဆိုပြီး ပို့လိုက်ကြရာကနေ ဒီ ဇာတ်လမ်းကြီး ဖြစ်ပေါ်လာတာပါပဲဗျာ။ အရူးဆိုပြီး အိမ်ရှေ့စံမင်းသားက တကယ်တမ်း သရုပ်မှန်ဘယ်လိုဖြစ်နေမလဲ၊ ပထမသားတော် ထီးနန်းမရလို့ မကျေနပ်နိုင်တဲ့ ဘုရင်မကြီးနဲ့ အိမ်တော်အဖွဲ့တွေက ဘယ်လိုဘယ်ပုံစံတွေနဲ့ ပုန်ကန်ဖို့ ကြံစည်ကြမလဲ၊ အူကြောင်ကြောင်နဲ့ နန်းတွင်းအရှုပ်တော်ပုံကြား ရောက်သွားတဲ့ Yukiya ကရော ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လာမလဲ၊ အိမ်တော် ၄ ခုက သခင်မလေး ၄ ယောက်ကလည်း အိမ်ရှေ့စံမင်းသားရဲ့ အချစ်ရဖို့ ပုံစံမတူ ကွဲပြားခြားနားတဲ့ အရည်အချင်းတွေနဲ့ ဘယ်လိုချည်းကပ်ကြမလဲ၊ လူတွေလက်ဆင့်ကမ်းလာကြတဲ့ ဒဏ္ဍာရီဟောစာတမ်းတွေကရော ဘာလဲဆိုပြီး စသဖြင့် လျှို့ဝှက်ချက် မြုပ်ကွက်များစွာနဲ့ ဇာတ်လမ်းကို တစ်စတစ်စ တည်ဆောက်ပုံဖော်ပြီး အရှိန်တက်သွားတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကဲ ဒီလောက်ဆို ပြောချင်တာတွေကျန်နေသေးပေမဲ့လည်း ကြည့်ဖို့အတွက် လုံလောက်ပြီလို့ ထင်ပါတယ်။ စာရှည်သွားတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျ။ ပြီးတော့ Season 1 မှာ အပိုင်း ၂၀ တောင်ပါဝင်တဲ့အတွက် အားရပါးရ ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)...
Wishes of the Blue Girl (2024) ⭐IMDB: 6.3/10 (317 Votes) 🎬 #Drama #Horror #Mystery #PsychologicalHorror 🗓 2024 🎞 movie 🌎 #Australia #Ireland ⏰ 1 နာရီ 12 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးရဲ့ ဇာတ်အိမ်ကတော့ နည်းနည်းထူးဆန်းတယ်လို့ပြောရမယ် ကောင်မလေးတစ်ယောက်က တစ်ခုခုကိုကြောက်ပြီး အိမ်ထဲမှာပဲပုန်းနေခဲ့တာ သူငယ်ချင်းတွေ အိမ်ကလူတွေကိုလည်း မဆက်သွယ်ခဲ့ဘူး အစကဒီကားကိုtime travelကားလို့ ထင်ခဲ့တာတကယ်ကမဟုတ်ပါဘူး နည်းနည်း Psychoဘက်ရောက်တယ်လို့ပြောရမှာပေါ့ Horroလို့လည်းပြောလို့ရမယ် တစ်စိမ့်စိမ့်ကြည့်ပြီးကျောချမ်းစေမယ့်ကားမျိုးပေါ့ Horror Psychoအမျိုးစားကြိုက်တဲ့လူမျိုးတွေအတွက်ဆို တကယ်သင့်တော်မဲ့ကားမျိုးမလို့ ကြည့်ရှုပေးကြပါဦးရှင့်...
The Bad Orphan (2024) ⭐TMDB: 17% User Score 🎬 #Drama #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်စီကာနဲ့ ကားလ်တို့ ဇနီးမောင်နှံမှာ ကောလိပ်တက်တော့မယ့် သမီးတစ်ယောက်ရှိသော်ငြား ဂျက်စီကာက အသက် ၄၀ လည်း ကျော်လာပြီးဖြစ်ကာ ကလေးနောက်တစ်ယောက်ထပ်လိုချင်တဲ့အတွက် ဂက်ဘီလို့ ခေါ်တဲ့ ၈ နှစ်သမီးအရွယ် ကလေးတစ်ယောက်ကို မွေးစားလိုက်ပါတော့တယ်။ ဂက်ဘီက အိမ်ကိုစရောက်လာစဉ်ကတော့ ကောင်းမိကောင်းလျက်နဲ့ တဖြေးဖြေး ဗီဇကပေါ်လာပြီး တစ်အိမ်လုံးကို ပြဿနာရှာတော့တာပါပဲ။ ဂျက်စီကာအနေနဲ့ သူမအပေါ် သံသယရှိပေမယ့် ကားလ်က သူမပြောသမျှကို မယုံကြည်ပါဘူး။ လူမှုဆက်ဆံရေးဘဝတွေမှာပါ မိတ်ပျက်လောက်တဲ့အထိ ပြဿနာရှာလာတဲ့ ကလေးကို သူတို့မိသားစု ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
Collective Invention (2015) ⭐IMDB: 6.1/10 (627 Votes) 🎬 #Comedy #Drama #SciFi #Fantasy 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Collective Invention (2015)**************************အခုတစ်ခေါက် ချန်နယ်မြန်မာကနေ ပြန်လည်တင်ဆက်ပေးသွားမယ့် ဇာတ်လမ်းကတော့ ၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Collective Invention ဇာတ်ကားလေးပဲဖြစ်ပါတယ် Comedy, Sci-fi အမျိုးစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကလည်း running man fanတွေရဲ့ အချစ်တော် အီဂွမ်ဆူအပြင်၊ မင်းသမီးဘတ်ဘိုယောင်းနဲ့ အီချွန်းဟီးတို့ဆိုတော့ မရယ်ရမှာတော့ စိုးရိမ်စရာမလိုပါဘူး ဇာတ်လမ်းအကြောင်းကတော့ ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက် ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။ ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေ ဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီး ငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ငါးလူသားဘတ်ဂူနဲ့ ဆောဆန်း၀မ်တို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ ငါးလူသားဘတ်ဂူကရော ပျော်စရာအဆုံးသတ်ကိုရသွားနိုင်ပါ့မလားဆိုတာကိုတော့ Collective Invention ဆိုတဲ့ဇာတ်လမ်းမှာ အဖြေရှာလိုက်ကြတာပေါ့။...
The Frontrooms (2024) ⭐TMDB: 20% User Score 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ ဂိမ်းကစားတဲ့ဘက်မှာဆို Frontroomဆိုတာရှိတယ်ဗျာ အဲ့ဒါက အခန်းပိတ်ထဲကနေ လွတ်အောင်လုပ်တဲ့ ဂိမ်းမျိုးဗျ သိပ္ပံနယ်ပယ်အရမှာဆို ရင်တော့Frontroomတွေကို တခြားဒိုင်မေးရှင်းတစ်ခုလို့ သတ်မှတ်ထားကြ တယ်ဗျ ဒီကားလေးက လူတစ်ယောက် ကအလုပ်လုပ်နေရင်း Frontroomထဲကို ရောက်သွားတဲ့အကြောင်းကိုရိုက်ပြထား တာဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ Frontroomအကြောင်းကိုသေချာ အသေးစိတ်ရှင်းပြထားတဲ့အတွက် ကြောင်း ထူးထူးဆန်းဆန်းသိပ္ပံဘက်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ လက်လွှတ်မခံသင်တဲ့Science Mysteryဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါတယ်ဗျာ...
Life Like (2019) ⭐IMDB: 5.4/10 (4 k Votes) 🎬 #Drama #SciFi #Thriller #ScienceFiction 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရမ်းချမ်းသာတဲ့ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ အိမ်ကြီးမှာ အစေခံ အိမ်အကူတွေ မထားချင်တာကြောင့် AI စက်ရုပ် တစ်ရုပ်ကို ၀ယ်လိုက်ပါတယ်။ အစပိုင်းမှာ ဘာမှ မဖြစ်ပေမဲ့ နောက်ပိုင်းမှာ စက်ရုပ်က လူသားတစ်ယောက်လို စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့အခါ သူတို့ သုံးဦးကြား ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ဒီကားမှာ စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ နောက်ဆုံးပိုင်းမှာ မထင်မှတ်ထားတဲ့ ဘယ်လို ဇာတ်ကွက်တွေ ပေါ်လာမလဲဆိုတာ ကြည့်ကြည့်လိုက်ကြရအောင်။...
Kalak (2023) ⭐IMDB: 6.5/10 (281 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Denmark #Sweden #Greenland #Norway #Netherlands #Finland ⏰ 2 နာရီ 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kalak (2024)IMDb – 6.5/10 2023ခုနှစ်ကထွက်ရှိခဲ့တဲ့ စကင်ဒီနေးဗီးယားရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ညစ်ညမ်းတဲ့အသုံးအနှုန်းနဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါတဲ့အတွက် အသက်မပြည့်သေးသူများမကြည့်ရှုဖို့ ကြိုတင်သတိပေးပါရစေ။ ဂျန်ဆိုတဲ့ သူနာပြုအမျိုးသားတစ်ယောက် ဆယ်ကျော်သက်ဘ၀မှာ အဖေဖြစ်သူရဲ့အဓမ္မကျင့်ခံခဲ့ရတဲ့စိတ်ဝေဒနာကြောင့် မိသားလေးတစ်ခုပိုင်ဆိုင်ထားပေမဲ့ ပုံမှန်ဘ၀နဲ့ရှင်သန်နိုင်ခြင်းမရှိခဲ့။ အဖေဖြစ်သူဆီက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမဲ့ ခံစားခဲ့ရတဲ့စိတ်ဝေဒနာကြောင့်ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့နေရာမှာလည်း အဆင်ချောမနေခဲ့ပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ အဖေဖြစ်သူကင်ဆာနဲ့ဆုံးခါနီး မဖြစ်မနေသွားတွေ့ဖို့ကြုံလာရတဲ့အခါ။လောကဓံရဲ့ အရိုက်အနှက်ကိုလည်း နာကြင်စွာခံစားနေရတဲ့အချိန်ဖြစ်နေလေတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...
Black Myth: Wukong (2024) ⭐- 🎬 #Drama #Adventure #Action #Animation 🗓 2024 🎞 movie 🌎 #China ⏰ 31 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Black Myth : Wukong short animation video…………………………………………………………………. အခုရက်ပိုင်းအတွင်း အသစ်ထွက်လာတဲ့ ဝူခုန်းဂိမ်းဟာ အတော်ကိုဟော့နေပါတယ်။ ဂိမ်းရုပ်ထွက်ကောင်းမွန်တာကြောင့် လူကြိုက်များတာလည်းပါသလို ဆော့လို့လည်းကောင်းပြီး ဇာတ်လမ်းကလည်း ဆန်းသစ်ထားတာမလို့ လူအများစိတ်ဝင်စားမှုကိုရနေတာပါ။ အခုတင်ဆက်ပေးတဲ့ ဇာတ်လမ်းတိုကာတွန်းအပိုင်းလေးတွေကတော့ ရှင်းရှင်းပြောရရင် ဂိမ်းဆော့နေရင်း တခန်းပြီးတခါပြသတဲ့ဇာတ်လမ်းတိုလေးတွေပါ။ ဂိမ်းကိုကိုယ်တိုင်ဆော့ချင်တယ်။ spoilမမိချင်ရင်တော့ မကြည့်တာက ပိုကောင်းပါမယ်။ ဒါပေမဲ့ ဒီအပိုင်းတိုလေးတွေဟာ ဂိမ်းဇာတ်လမ်းနဲ့တိုက်ရိုက်ဆက်စပ်နေတာထက်စာရင် မိစ္ဆာတစ်ကောင်ချင်းစီရဲ့ဇာတ်လမ်းတိုလေးတွေဗျ။ animation style ကလည်း တပိုင်းကိုတပုံစံနဲ့ပါ။ တပိုင်းမှာဆိုရင် stop motionပုံစံတောင်ပါပါသေးတယ်။ ဂိမ်းဆော့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့လူများကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ အပိုင်း၆ပိုင်းရှိတဲ့ထဲမှာ အပိုင်း၃ဇာတ်လမ်းက တော်တော်ကိုမိုက်ပါတယ်။ ကျန်တဲ့အပိုင်းတွေမှာလည်း ဝူခုန်းတို့ကျမ်းစာပင့်ခရီးမှာ ပထမဆုံးရင်ဆိုင်ခဲ့တဲ့ ထန်ဆန်းကိုယ်တော်ရဲ့ရွှေသင်္ကန်းကိုခိုးသွားတဲ့ ဝက်ဝံမိစ္ဆာနံဘုန်းကြီး၊ မြေခွေးမိစ္ဆာမလေးနဲ့စာသင်သားတို့ အချစ်ဇာတ်လမ်း၊ မြစ်စောင့်နတ်မိစ္ဆာဇာတ်လမ်း၊ ကျူးပါ့ကျဲရဲ့အချစ်ဇာတ်လမ်းနဲ့ စီးရီးမှာမပါခဲ့တဲ့ သူ့မိန်းမ ပင့်ကူမိစ္ဆာမတို့အကြောင်း၊ နွားသိုးမိစ္ဆာ(မြဝတီဗားရှင်းမှာတော့ ကျွဲမိစ္ဆာလို့ဘာသာပြန်သွားခဲ့တာလိုပဲ)နဲ့ဝူခုန်းကြားက ဆက်ဆံရေးတို့ပါပါတယ်။ နောက်ဆုံးအပိုင်းပိုကတော့ ဂိမ်းနဲ့သွားဆက်နေတော့ ဂိမ်းဆော့မှပဲ သိမှာပါ။ ဂိမ်းမဆော့ဖြစ်လည်းသိအောင် အောက်မှာ နည်းနည်းspoilပေးပါမယ်။ Spoiler alert ဂိမ်းအစမှာတော့ ဝူခုန်းတို့အဖွဲ့ ကျမ်းစာပင့်ပြီးနောက် ဝူခုန်းကိုဗုဒ္ဓက အောင်နိုင်ခြင်းဗုဒ္ဓဘွဲ့ချီးမြှင့်ပေမဲ့ ဝူခုန်းက ဗုဒ္ဓတို့နဲ့အတူမနေပဲ သူ့ရဲ့နောက်လိုက်မျောက်တွေရှိရာ ပန်းပေါင်းစုံရေတံခွန်ကိုပြန်သွားပါတယ်။ ဗုဒ္ဓတစ်ပါးအနေနဲ့မနေတဲ့ဝူခုန်းကိုကြောက်တာကြောင့် နတ်တွေဟာ မျောက်တွေဆီရောက်လာပြီး တိုက်ခိုက်သတ်ဖြတ်ပါတော့တယ်။ အဲ့ဒါနဲ့ဝူခုန်းလည်း နတ်ပြည်ကိုနောက်တခါပြန်တက်ကာ နတ်တွေကိုတီးဖို့လုပ်သော်လည်း ခေါင်းစွပ်ကွင်းက တိုက်ပွဲအတွင်းနှောက်ယှက်တာကြောင့် မျက်လုံးသုံးလုံး အာလိန်ရှန်းနတ်ရဲ့ သတ်ဖြတ်တာကိုခံလိုက်ရာကနေ Black Myth : Wukongဆိုတဲ့ ဇာတ်လမ်းအစပြုပါတော့တယ်။...
A Dog Year (2009) ⭐TMDB: 61% User Score 🎬 #Comedy #Drama #TVMovie 🗓 2009 🎞 movie 🌎 # ⏰ 1 နာရီ 20 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့ စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲ ဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်.. ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက် သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေး တစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေ စတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာ ဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်း သောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆို ခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ် စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါ ထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော် ကွိုင်ပါတော့တယ်.. ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝ သူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်း နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါ ဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာ သရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆု ရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေ အတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာ မြင်ဖူးကျမှာပါ)...
