ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Accident (2024) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Drama #Thriller 🗓 2024 🎞 tv series 🌎 #Mexico ⏰ 51 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Accident (2024) Season 1Genre – Drama, Thriller, Tragedy သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့လေးတစ်နေ့မှာ လူကုံထံမိသားစုတစ်စုရဲ့ သားငယ်လေးရဲ့ မွေးနေ့ပါတီပွဲလေး ကျင်းပနေကြတာပေါ့။ တခြား လူကုံထံမိသားစုတွေကိုလည်း ဖိတ်ကြားထားပြီး ငွေအချီကြီး ရနိုင်မယ့် ပရောဂျက်အကြောင်းတွေလည်း ဆွေးနွေးလိုက်ကြ သောက်စားလိုက်ကြ။အမျိုးသမီးတွေဖြစ်သူတွေလည်း ထိုနည်းအတူပေါ့။ ကလေးတွေဆိုတာလည်း အရွယ်မတိမ်းမယိမ်းလေးတွေဆိုတော့ အတူတူပြေးလွှားဆော့ကစားနေကြ။ ဒါပေမဲ့ ကံကြမ္မာဆိုတာက အခက်သားဗျ ကလေးလေးတွေတသိုက် လေထိုးအိမ်ပေါ် ခုန်ပေါက်ဆော့ကစားနေချိန် လေပြင်းမုန်တိုင်း တိုက်ခတ်လာပြီးဒီ လေထိုးအိမ်ကြီး လေထဲကို ကလေးတွေနဲ့အတူ ကောင်းကင်ပေါ်ထိ လွင့်မျောပါသွားခဲ့တယ်။ဘာတွေဖြစ်မလဲ စဉ်းစားသာကြည့် ၃ ယောက်သေတယ် တစ်ယောက်ပျောက်သွားတယ် ကျန်တဲ့လူ ဒဏ်ရာတွေရကြတယ်။ ဇာတ်လမ်းက ဒီမှာစပါပြီ။ ဒီ သွေးပျက်ဖွယ်ရာ အဖြစ်အပျက်တွေပြီးတဲ့နောက် ဒီ မိသားစုတွေရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တယ်။အပြစ်ဆိုတာတွေ နောင်တရမှုတွေ အကြမ်းဖက်မှုတွေ စွပ်စွဲမှုတွေ အာဃာတတွေ ဆင်းရဲချမ်းသာကွာခြားမှု ပြဿနာတွေ စသဖြင့်အစွန်းရောက်ခံစားချက်တွေနဲ့အတူ ဘာတွေဆက်လက်ပြီး ဖြစ်သွားမလဲဆိုတာကိုတင်ဆက်ထားတဲ့ အပိုင်း ၁၀ ပိုင်းပါဝင်တဲ့ စပိန်စကားပြော မက်ဆီကို Netflix စီးရီးလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)
...

Mercy Killing (2024) ⭐IMDB: 8.8/10 (3 k Votes) 🎬 #Action #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mercy Killing (2024) ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့် IMdb – 8.8/10 Euthanasia တို့ Mercy Killingတို့ဆိုတာ ဆေးပညာရပ်ဝန်းမှာအမြဲဒွိဟ‌ဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခုဆေးပညာရပ်ဝန်းမှာ Mercy Killingဟာ ဘာလဲလို့ပြောရရင်တော့ ကုမရတော့တဲ့ရောဂါအကြောသေလေဖြန်းလို့ သူတစ်ပါးအတွက် အမြဲဝန်ပိုဘဝနဲ့ ကိုမာဝင်နေလို့ သစ်ပင်လူသားလိုအိပ်ရာပေါ်မှာရှင်သန်နေရသူတွေကို တရားသူကြီးအမိန့်နဲ့ ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ဒီကားလေးထဲမှာတော့ Mercy Killing ပေးဖို့တောင်းဆိုနေတာက နာဖျားနေသူလည်းမဟုတ်သစ်ပင်လူသားလို အိပ်ရာထဲလဲနေတာလည်းမဟုတ်တဲ့ ၁၄ နှစ်အရွယ်အရွယ်ကောင်းပညာသင်လို့ကောင်းတဲ့အရွယ် ကောင်မလေး ဆွယ်ချာတရားဥပဒေနဲ့ အာဏာရအစိုးရကို အယုံအကြည်မရှိတော့လို့ မေတ္တာတရား ကိုယ်ချင်းစာမှုဆိုတာဘာလဲမသိတော့တဲ့ကမ္ဘာကြီးမှာ ရှင်သန်မယ့်အစား ငြိမ်းချမ်းစွာသေဆုံးခွင့်ကို ရွေးခွင့်ပေးပါလို့ မြို့လယ်ခေါင်မှာ တောင်းဆိုနေပါသတဲ့။ တကယ်တော့ ဆွယ်ချာဟာ ကံဆိုးရှာတဲ့ မိဘမဲ့ကလေးတစ်ယောက်၊ ဉာဏ်ရည်ထက်မြက်ပြီးသင်လွယ်တတ်လွယ်ကလေးတစ်ယောက်ပေမဲ့ မိဘမဲ့ဆိုတဲ့ စကားလုံး ၃ လုံးက အရိပ်လိုအမြဲနောက်ကနေ ခြောက်လှန့်နေတော့ သူ့မိဘတွေဘယ်သူလဲဆိုတာ ရှာဖို့ထွက်လာတဲ့ ကလေးမလေးတစ်ယောက်ဒီလို ရည်မှန်းချက်တွေ အနာဂတ်တွေနဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်ဝနေရမယ့် ၁၄ နှစ်က‌လေးမလေးကသူ့ကိုသတ်ပေးဖို့ မြို့လယ်ခေါင်ကိုထွက် ဆန္ဒပြရတဲ့အထိ သူဘယ်လိုမတရားမှု‌တွေကြုံခဲ့ရတာလဲ။သူ့ရဲ့မိဘတွေရှာနေချင်တဲ့ ရည်မှန်းချက်ကရော ပြည့်ဝသွားမလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Killer Babes (2024) ⭐IMDB: 3.4/10 (187 Votes) 🎬 #Comedy #Crime #Thriller 🗓 2024 🎞 movie 🌎 #Mexico ⏰ 1 နာရီ 35 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 · စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး နီနာ · ဆိုရှယ်မီဒီယာ အင်ဖလူယန်ဇာ လူစီယာ · ရုပ်ရှင်မင်းသမီး မာရီဆဲလာ ကျိကျိတက် ချမ်းသာတဲ့ ဒီအမျိုးသမီး ၃ ဦးဟာ မိမိချစ်ရတဲ့ ခင်ပွန်းသည်တွေထံမှာ စော်ကားမှု၊ စွန့်ပစ်မှု၊ နောက်ကျောဓားထိုးမှုတွေကို မသိတစ်ဖုံ သိတစ်ဖုံ အသီးသီး ခံနေရတာဖြစ်ပါတယ်။ သူငယ်ချင်းမ ၃ ဦးသား ကိုယ့်ခင်ပွန်းသည်တွေရဲ့ အကျင့်ယုတ်မှုတွေကို မျက်ဝါးထင်ထင် မြင်လာရတဲ့တစ်နေ့မှာ မိမိခံရတဲ့အတိုင်း ယောက်ျားတွေ ပြန်ပေးဆပ်နိုင်အောင် လက်စားချေဖို့ ကြံစည်ကြပါတော့တယ်။ သူမတို့ရဲ့ ကလဲ့စားအစီအစဥ်ကို အကောင်အထည်ဖော်ပေးဖို့ သင့်တော်မဲ့လူကို ရှာဖွေကြရင်း သီချင်းအဆိုဝါသနာရှင် ‘ကြေးစား လူသတ်သမား’ မာနွယ်လ် အာလက်ဟန်ဒရိုနဲ့ တွေ့ဆုံသွားကြတဲ့အချိန်မှာ… သူမတို့ လိုချင်တဲ့ပန်းတိုင်ဆီ အစီအစဥ်တကျ သွားနိုင်ပါ့မလား၊ ဘယ်လိုအတားအဆီးတွေကို ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီး ရှုစားရမှာပဲဖြစ်ပါတယ်။
...

Love, Sitara (2024) ⭐IMDB: 6.4/10 (88 Votes) 🎬 #Bollywood #Drama #Romance #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 46 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Sitara (2024)ချစ်ရပါသော စင်တာရာ IMDb 6.5/10 စင်တာရာလို့ခေါ်တဲ့ အသက်နှစ်ဆယ့်ကိုးနှစ်အရွယ်အမျိုးသမီးလေးဟာငယ်ရွယ်ပြီးအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ထားပြီးပျော်ရွှင်နေသူတစ်ဦးပါတစ်ရက်သူမကိုယ်ဝန်ရှိနေတယ်ဆိုတာကိုမသိသေးခင်အထိပေါ့ ကိုယ်ဝန်ရှိလာပြီးနောက်မှာတော့သူမရဲ့ချစ်သူအာဂျွန်နဲ့လက်ထပ်ပွဲကိုအလျင်အမြန်ပဲစီစဉ်ပါတော့တယ်အာဂျွန်ကတော့စားဖိုမှူးတစ်ယောက်ဖြစ်ပြီး သူ့အဖေရဲ့အထင်အမြင်သေးခြင်းကိုအမြဲတမ်းခံနေရသူတစ်ဦးပေါ့ သူတို့နှစ်ဦးရဲ့ချစ်ခြင်းကိုတစ်ဆင့်ရှေ့ဆက်တက်တော့မယ့်အချိန်မှာ နှစ်ဖက်မိသားစုရဲ့ရှုပ်ထွေးတဲ့အိမ်တွင်းရေးတွေနဲ့ ရင်ဆိုင်လာရပါတော့တယ် စင်တာရာမိသားစုရဲ့လျှို့ဝှက်ချက်ကအရာအားလုံးကိုဖျက်ဆီးဖို့အကြောင်းဖန်လာခဲ့ပြီး ဒါတင်မကနောက်ထပ်လျှို့ဝှက်ချက်တစ်ခုကမိသားစုနှစ်ခုအကြားအငြင်းပွားဖွယ်ဖြစ်လာခဲ့ပြီး‌ေနာက်မှာ‌ မင်္ဂလာပွဲပျက်ဖို့အထိဖြစ်လာခဲ့ပါတော့တယ် (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)
...

Scooby-Doo! and the Samurai Sword (2009) ⭐TMDB: 77% User Score 🎬 #Adventure #Animation #Comedy #Mystery #Family #Action #Fantasy 🗓 2009 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအညွှန်း ‌ဒီတစ်ခေါက်မှာတော့ ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ စကူဘီဒူးတို့အဖွဲ့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို လာရောက်ရင်း ပဟေဠိပြဿနာ ဖြေရှင်းကြဦးမှာ ဖြစ်ပါတယ်။ ဒါကတော့ ဂျပန့်ရိုးရာ ဆာမူရိုင်း အရှုပ်တော်ပုံပေါ့။ ကြောက်ရင်း ပြေးရင်း အစားအသောက်ငမ်းရင်းနဲ့ အရှုပ်တော်ပုံကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ စကူဘီနဲ့ ရှက်ဂီတို့ကို ‌အမြဲတမ်း‌တွေ့‌နေကြပုံစံအတိုင်း တွေ့မြင်ရဦးမှာပါ။ စကူဘီဒူးကြည့်ရင်း အိမ်ထောင်ကျတဲ့အရွယ်ရောက်သွားပြီဆိုတဲ့သူတွေအတွက်ကတော့ သားသားမီးမီးလေးတွေ ကြည့်ဖို့ပေါ့ဗျာ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။
...

13th Summer (2024) ⭐IMDB: 4.9/10 (96 Votes) 🎬 #Thriller #Drama 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 36 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ဘန် နဲ့ ဗီ ဟာနွေရာသီတိုင်းမှာ အပန်းလာဖြေနေကြ ကမ်းခြေတစ်နေရာကိုထွက်လာခဲ့ကြတယ်။ ဒီနှစ်နွေရာသီကတော့ အရင်နှစ်တွေကနဲ့မတူဘူး။ ဘန် တစ်ယောက်ကိုယ့်ကိုယ်ကိုကာကွယ်ရင်း မတော်တဆ သတ်မိသွားပြီး အမှုရင်ဆိုင်တာပြီးမြောက်သွားတဲ့အချိန်လည်းဖြစ်တယ်။ နှစ်တိုင်းလာနေကြဆိုတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး ထွက်လာကြတာလည်းပါတယ်။ အပန်းဖြေတဲ့နေကိုလည်းရောက်တော့ ပိုင်ရှင်တွေဖြစ်တဲ့ ပတ်ထရစ် နဲ့ ကိတ်ကို‌မတွေ့ရဘဲ အဲလတ်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကိုပဲတွေ့တယ်။ ပိုင်ရှင်တွေအကြောင်းကို မေးတော့ ဝေ့လည်ကြောင်ပတ်လျှောက်ဖြေတာကို စုံထောက်ဖြစ်တဲ့ ဘန်ကသဘောမကျဘူး။ နောက်နေ့ရောက်တော့ ဘန်တို့နဲ့အတူပါတဲ့ ခွေးလေးလည်ပင်းကျိုးပြီးသေနေတာတာကိုတွေ့တယ်။ သူ့ခွေးသေလို့စိတ်တိုသွားတဲ့ ဘန်လည်း အဲလတ်စ်ရဲ့ အခန်းထဲကို ဝင်ရှာကြည့်တဲ့အခါမှာတော့
...

Anaarkali of Aarah (2017) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Bollywood #Drama 🗓 2017 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anaarkali of Aarah (2017)_____IMDb – 6.1/10 Bollywood ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အလှိုင်လှိုင်နဲ့တခမ်းတနားတင်ဆက် ရိုက်းကူးတင်ဆက်ထားတဲ့ ဇာတ်ကားတွေရှိသလိုနာမည်သိပ်မကြီးဇာတ်ပို့ဇာတ်ရံအဆင့်သာသာပဲရှိတဲ့ သရုပ်ဆောင်အများစုနဲ့ ကုန်ကျစရိတ်နည်းနည်းသာအကုန်ခံပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ အဲဒါကြောင့်ပဲ ရုပ်ရှင်ကားကောင်းတကားဖြစ်ဖို့ဆိုတာကုန်ကျစရိတ်တွေအများကြီးမလိုဘူးနည်းပညာအကူအညီမလိုဘူးလူအင်အားအများကြီးမလိုဘူးဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ စေတနာပါဖို့ပဲလိုပါတယ် ဒီလိုကားတွေက သက်သေပါပဲ ဘာနာမည်ကြီး သရုပ်ဆောင်မှမပါဘဲစရိတ်နည်းနည်းနဲ့ကားကောင်းတစ်ကား ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ် ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အာရာက ကချေသည်မလေး အနာကလီရဲ့အကြောင်းပါပဲကချေသည်ဆိုတာ သူတို့အိန္ဒိယမှာ ဘယ်လိုသတ်မှတ်သလဲဆိုရင် ပြည့်တန်ဆာနဲ့ ထူးမခြားနားပါပဲသူတို့ဖျော်ဖြေတဲ့သီချင်းတွေက လိင်စိတ်ကြွအောင် အသားပေးထားပြီးလာအားပေးကြတဲ့သူတွေကလည်း မူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတဲ့သူတွေပါပဲ ဘောက်ဆူးချသလိုနဲ့ ဟိုနှိုက်၊ ဒီဆွဲနဲ့ အဲဒီဒဏ်တွေကိုလည်း ခံရပါတယ် တနေ့တော့ ရဲစခန်းတစ်ခုမှာ ကပြဖျော်ဖြေတဲ့ပွဲမှာ ပွဲလာအားပေးတဲ့ VIPလို့ပြောလို့ရသူခရိုနီဘဲတပွေက မူးရူးနဲ့စင်ပေါ်တက်ပြီး အတင်းအဓ္ဓမဆွဲလားရမ်းလား လုပ်ပါတယ်လူအများရှေ့မှာဆိုတော့ အနာကလီကလည်း ငြိမ်မနေဘဲ အဲဒီဘဲကို ပါးပြန်ချလိုက်ပါတယ် အဲဒီအချိန်မှာ ပြသနာပေါင်းစုံစ,တတ်တော့တာပါပဲ အနာကလီတစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ ဒီဘဲကရောဘယ်သူလဲ ဆိုတာကို …. (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
...

Kill 'Em All (2017) ⭐IMDB: 4.3/10 (3 k Votes) 🎬 #Action #Crime #Mystery #Thriller 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Jean-Claude Van Damme ဗန်ဒိန်းရဲ့  2017 တုန်းက အက်ရှင်ကားလေးပါ။ ဇာတ်လမ်းကတော့..ယူဂိုဆလားဗီးယားပြည်ထောင်စုကြီးပြိုကွဲမှုကြီးကြောင့် ဆယ်စုနှစ်ကြာ စစ်ပွဲတွေ ပဋိပက္ခတွေကြားမှာလူတွေအများအပြားသေဆုံးခဲ့ကြပြီး တရားမဲ့မှုတွေအများအပြားရှိခဲ့ကြပါတယ်…ဒီလိုသေဆုံးခဲ့မှုမှာ ချစ်တဲ့လူတယောက်ကိုဆုံးရှုံးခဲ့ရပြီး မတရားမှုအတွက် ကမ္ဘာကြီးတစ်ခုလုံးဆိုလဲလက်စားပြန်ချေမယ်ဆိုတဲ့လူတစ်ယောက်ပေါ်ထွက်လာတဲ့အခါ… Non-stop အက်ရှင်ခန်းတွေနဲ့ ဇာတ်ကြောင်းကိုပုံဖော်ထားပြီးအမည်မသိလူတယောက် ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံရောက်လာတာက စပြီးသူ့ကို အမည်မသိလူဆိုးဂိုဏ်းက ရေဆုံးမြေဆုံးလိုက်လံသတ်ဖြတ်ဖို့ကြိုးစားတဲ့အခါမှာတော့… ဒီလူကဘယ်သူလဲဆိုတာ…..။ဘာအတွက်လဲဆိုတာ……။ Kill Them All ဆိုတဲ့အတိုင်း ချမယ် ဖြုတ်မယ်ဆိုတာတွေ ထိုင်ကြည့်ရမှာပါ။
...

Kill Em All 2 (2024) ⭐IMDB: 3.7/10 (469 Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 2017 ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Kill ‘Em All ဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။  ယခင်အပိုင်းမှာ ဆားဘီးယားဂိုဏ်းခေါင်းဆောင် ဒမီထရီပက်ထရိုဗစ်ကို ရှင်းလင်းခဲ့တဲ့ အေးဂျင့် ဖိလစ် က လက်ရှိမှာတော့ သမီးဖြစ်သူ ဗန်နက်ဆာနဲ့အတူ အေးချမ်းတဲ့ ဘဝလေးမှာ ဇာတ်မြုပ်ပြီး အခြေချနေပါတယ်။ ဒါပေမဲ့ အစ်ကိုဖြစ်သူသေဆုံးမှုမပေါ် မကျေနပ်ပဲ လက်စားချေလိုတဲ့ ညီဖြစ်သူဂိုဏ်းခေါင်းဆောင် ဗလက်ဒီမာပက်ထရိုဗစ်က ဖိလစ်တို့ကို လိုက်ရှာပြီး လက်စားချေဖို့ကြိုးစားလာတဲ့အခါမှာတော့ ဖိလစ်တို့ နှစ်ယောက်ထွက်ပြေးရင်းနဲ့ စ ခဲ့တဲ့ ဇာတ်လမ်းကို အဆုံးသတ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားမှာတော့ အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ရင်းကနေ သည်းထိတ်ရင်ဖို စွန့်စားရတဲ့ဘဝထဲ ပြန်ရောက်သွားတဲ့ဖိလစ် တစ်ယောက် ဗလက်ဒီမာပက်ထရိုဗစ်ကို ဘယ်လိုရင်ဆိုင်သွားမလဲ ဆိုတာကို အက်ရှင်အခန်းတွေအပြည့်နဲ့ စိတ်လှုပ်ရှားစွာ ရှုစားကြရမှာ ဖြစ်ပါတယ်။
...

Baaria (2009) ⭐TMDB: 72% User Score 🎬 #Comedy #Drama #Romance 🗓 2009 🎞 movie 🌎 #France #Italy ⏰ 2 နာရီ 41 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Baaria (2009)Genre – Comedy, DramaIMDb Rating (6.9) ဘာဂါရီယာဆိုတဲ့ အီတလီမြို့ငယ်လေးက လူတစ်ယောက်အကြောင်းကိုကလေးဘဝ လူငယ်ဘဝ လူကြီးဘဝ စသဖြင့် ခေတ်အဆက်အဆက် ပြောင်းလဲလာပုံနဲ့အတူမျိုးရိုး ၃ ဆက်လောက်ကို ရိုက်ကူးတင်ဆက်ထားတဲ့ အီတလီ ဒရမ်မာကားလေး ဖြစ်ပါတယ်။ ဒါရိုက်တာ Giuseppe Tornatore ကိုယ်တိုင်ကလည်း အဲဒီမြို့လေးမှာ မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်ပြီးသူရိုက်ကူးခဲ့တဲ့ကားတွေဆို ဆယ်ကျော်သက်လေးက အိမ်ပြောင်းလာတဲ့ မမချော Monica Belluci ကိုအပေါက်လေးထဲကနေ ချောင်းကြည့် စိတ်ကူးယဉ်တဲ့ Malena ကို လူသိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ပက်ပီနိုတိုရာနိုဗာဆိုတဲ့ လူအကြောင်းကို အသေးစိတ် ရိုက်ကူးထားတာပါ။ကလေးဘဝမှာဆို ခေတ်အခြေအနေအရ စာသင်ရတာပျင်းတာ ကြုံရာအလုပ်ကို ဝင်လုပ်ပြီးကလေးဘဝလေးကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြသထားတာပါ။လူငယ်ဘဝရောက်တော့ စစ်ပွဲကာလ ကျော်ဖြတ်ရတာတွေလူငယ်သဘာဝအလျောက် ရည်းစားချစ်သူ ထားတာတွေ မိန်းမလိုချင်တာတွေတခြားနိုင်ငံရေးလောကထဲ ဝင်ရောက်မိတာတွေကို ပြသထားပါတယ်။လူကြီးကာလမှာတော့ ကလေးတွေအများကြီးနဲ့ အိမ်ထောင်သည်တစ်ယောက် ဖြစ်တဲ့အပြင်နိုင်ငံရေးလောကမှာ ဘယ်လိုတွေ ရုန်းကန်ရပြီး မိသားစုဘဝကိုလည်း ဘယ်လို ဟန်ချက်ညီအောင်နေရတာတွေ စသဖြင့်ဒီလိုမျိုး မျိုးရိုး ၃ ဆက်စာ အတွေ့အကြုံတွေကို ခေတ်အလိုက် ပြန်ပြီး စိတ်ကူးထဲပုံဖော် မြင်လာအောင်ကြိုးစားရိုက်ကူးပြထားတဲ့ အီတလီရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thura Aung မှ တင်ဆက်ထားပါတယ်။)
...

Maaya Ka Moh (2024) ⭐IMDB: 3.2/10 (5 Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 41 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maaya Ka Moh (2024)တိတ်တခိုးအချစ် ဒီတစ်ခေါက်မှာမင်းသမီးချော Priya Banerjee နဲ့မင်းသား Mahesh Shetty တို့အတွဲညီညီသရုပ်ဆောင်ထားတဲ့အချစ်ဇာတ်လမ်းလေးတစ်ခုကိုတင်ဆက်ပေးပါမယ် အချစ်ဇာတ်လမ်းဆိုပေမဲ့ ကောင်းမွန်တဲ့အနေအထားမျိုးမှာမဟုတ်ကြဘဲနှစ်ယောက်လုံးကအိမ်ထောင်ကိုယ်စီနဲ့ရှိနေကြပြီးနေတဲ့အချိန်မှာ အချစ်နွံနစ်ခဲ့ကြတာမျိုးပေါ့ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြဖို့ရွေးချယ်ခဲ့ပေမဲ့ ဘဝကြီးကတော့ခွဲခွာဖို့အကြောင်းသာပေးခဲ့တဲ့အခါမှာ သူတို့ရဲ့ချစ်ခရီးလမ်းဟာ ဖြောင့်ဖြူးလာလေမလားလေတစ်ဝှေ့မှာပဲပျောက်ကွယ်သွားလေမလား…… အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ်
...

Baadshaho (2017) ⭐IMDB: 4.9/10 (5 k Votes) 🎬 #Action #Adventure #Bollywood #Thriller 🗓 2017 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြသပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။ အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့် အသက်အရွယ်နဲ့ မလိုက်အောင်ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက်ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ် ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့်ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့် ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေကပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်ထဲကို ပြန်အပ်ရပါတယ်။ ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်ကပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူးဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့် အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့်ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့် ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်ယောက် ရောက်လာခဲ့ပါတော့တယ့် ” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ ” ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူအကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုးဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ ပြန်အရယူခိုင်းခဲ့ပါတယ့်ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ် ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့် သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေးမယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့်ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုဇော်ထူးပါ)
...

A Million (2009) ⭐TMDB: 64% User Score 🎬 #Adventure #Drama #Thriller 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Million (2009) ******************* Shin Min-a၊ Jung Yu-mi၊ Park Hae-ill၊ Park Hee-soon၊ Lee Min-ki စတဲ့ ကေစီးရီးပရိသတ်တွေကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး မင်းသား မင်းသမီးတွေ ပါဝင်ထားတဲ့ “A Million“ လို့ ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း.. ဆုကြေးငွေ ဒေါ်လာ ၁သန်းရရှိမဲ့ Survival Game Show တစ်ခုမှာ ပါဝင်ဖို့ လူအယောက်ပေါင်းများစွာထဲက နောက်ဆုံးရွေးချယ်ခံရတဲ့ လူ ၈ယောက်ဟာ ဂိမ်းကစားဖို့အတွက် ဩစတေးလျနိုင်ငံက သဲကန္တာရကြီးထဲကို ခေါ်ဆောင်သွားခံရပါတော့တယ်။ အဲဒီလူ ၈ယောက်ထဲကမှ ၁ ယောက်တည်းကသာ ဒေါ်လာ ၁သန်းရရှိမှာဖြစ်ပြီး ဆုကြေးငွေကြီးသလို ဒီလူ ၈ယောက် ယှဉ်ပြိုင်ရမဲ့ခရီးဟာလည်း မသေးပါဘူး။ အဲဒီလိုနဲ့ ပထမဆုံးပြိုင်ပွဲစတင်ပြီး ပြိုင်ပွဲကထွက်ခွာရတဲ့သူလည်း ပေါ်ပေါက်လာတော့တယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲကနေထွက်ခွာသွားရတဲ့သူကို နောက်တစ်နေ့ တောထဲမှာ သေလျက်ကြီး တွေ့လိုက်ရတဲ့အခါမှာတော့…။ ကိုယ့်အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာခံရတဲ့အထိ သူတို့တွေ အဲဒီဂိမ်းကို ဆက်ကစားကြဦးမှာလား..။ ငွေအတွက်သာဆို ဘာမဆိုလုပ်ရဲလာတဲ့ လူတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စရိုက်သဘာဝတွေကို ကွင်းကွင်းကွက်ကွက်မြင်ရမဲ့ ဇာတ်ကားလေးပဲဖြစ်တာမို့ ကြည့်ရှုသင့်ပါတယ်။
...

Alanaati Ramachandrudu (2024) ⭐IMDB: 8.9/10 (2 k Votes) 🎬 #Bollywood #Drama #Romance #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alanaati Ramachandrudu (2024) အင်ထရိုဗာ့တစ်ယောက်ရဲ့အချစ်မွေးဖွားလာချိန်တူပြီး ကိုယ်ရည်ကိုယ်သွေးမတူကြတဲ့သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်…။ ဗစ်ကရမ်ဆိုတဲ့ကောင်လေးက ဗီဇကိုက စကားနည်းပြီးအနေအေးလွန်းလို့ ငယ်ငယ်တုန်းကအတန်းထဲမှာမာနကြီးတဲ့ကောင်လို့ အပြောခံရသည်ထိပါပဲ ။ ဒါရာနီကတော့ လမင်းကြီးပုံပြင်နားထောင်ရင်းကြီးပြင်းလာတဲ့လနတ်သမီးလေးလိုအလှနဲ့ တက်တက်ကြွကြွကောင်မလေးတစ်ယောက်။ လူကြောက်ပေမဲ့ လူတွေကြားထင်ပေါ်လွန်းတဲ့ကောင်မလေးကိုမှချစ်မိလေတော့ တစ်သက်လုံးစွဲလာတဲ့အကျင့်ကို ဖီဆန်ပြီး အားမွေးတော့တာပေါ့။ အာမွေးပြီး ဖွင့်ဆိုလိုက်တဲ့ အချစ်စကားတစ်ခွန်းကသူ့ဘဝကို ပြောင်းပြန်လှန်သွားစေတဲ့အခါမှာတော့…. ပိတ်ရက်မှာ သီချင်းချိုချိုလေးတွေနဲ့ အချစ်ဟာသကားလေးနဲ့ အမောဖြေ‌နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

A Wrinkle in Time (2018) ⭐IMDB: 4.3/10 (48 k Votes) 🎬 #Adventure #Family #Fantasy #ScienceFiction #Drama #SciFi 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Wrinkle in Time(2018) ဒီ A Wrinkle in Time ဆိုတဲ့ကားလေးကိုနာမည်ကျော် Walt Disney Studioကနေရိုက်ကူးထားတာပါ.. Walt Disneyရဲ့ထုံးစံအတိုင်း သီချင်းကောင်းကောင်းလေးနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်း ဆန်းဆန်းလေးဖြစ်လို့ မငြီးမငွေ့ကြည့်ရှုရမယ့်ကားတစ်ကားပါပဲ… Oprah Winfrey,Reese Witherspoon,Chris Pineစတဲ့ နာမည်ကျော်အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးရဲ့အကျဉ်းချုပ်လေးကတော့ ဖခင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပေမယ့် တစ်နေ့ပြန်လာမယ်ဆိုပြီး မျှော်လင့်ချက်လေးနဲ့ မက်ဂ် နဲ့ ချားလ်ဝေါလေ့စ်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်ဟာ အချိန်တွေကိုဖြတ်ကျော်နေပါတယ်… တစ်ညမှာတော့ ထူးဆန်းစွာ နတ်သမီးတွေလို့ထင်ရလောက်တဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံမိပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ရဲ့ပြောကြားချက်အရ သူတို့ရဲ့အဖေဖြစ်သူဟာ မသေဆုံးသေးပဲ တစ်နေရာရာမှာပိတ်မိနေတာကို သိရှိလာရပါတယ်။ ဒီကလေးတွေ သူ့အဖေဖြစ်သူကိုဘယ်လိုကယ်တင်မလဲ… ဘယ်လိုအခက်အခဲတွေကရော ရှေ့မှာစောင့်ကြိုနေမလဲ… ဖခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ရင်တစ်ထိတ်ထိတ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။ သဲထိတ်ရင်ဖို ကားကောင်းလေးတွေစိတ်ဝင်စားတဲ့ လူတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ ရှယ်ဇာတ်ကါးလေးလို့ပဲပြောချင်ပါတယ်…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ်JtheKoalaဖြစ်ပါတယ်
...

House on Haunted Hill (1999) ⭐TMDB: 56% User Score 🎬 #Horror #Mystery #Thriller 🗓 1999 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော်ရာ ကားကောင်းတွေ သဘောကျတဲ့လူတွေအတွက် 1999 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အပန်းဖြေဥယျာဉ်ပိုင်ရှင် မီလျံနာ သူဌေးကြီး ပရိုက်စ်ရဲ့ မိန်းမရဲ့မွေးနေ့ပါတီလုပ်ဖို့ လူငါးယောက်ဆီကိုဖိတ်စာရောက်လာခဲ့ပါတယ်။ ပါတီကိုတော့ ခြောက်လှန့်တောင်ကုန်းပေါ်က အိမ်မှာ ကျင်းပမှာဖြစ်ပြီး ဧည့်သည်တစ်ယောက်ချင်းစီတိုင်းကို ဒေါ်လာ တစ်သန်းစီပေးမယ်လို့ ဖိတ်စာထဲမှာ ရေးထားပါတယ်။ ဒီလိုနဲ့ ပါတီညမှာ ဖိတ်ထားတဲ့ ဧည့်သည် (၅) ယောက်ရောက်လာပေမဲ့ မူလဧည့်သည်စာရင်းထဲကလူတွေမဟုတ်ဘဲ တခြားလူတွေဖြစ်နေခဲ့ပါတယ်။ ပါတီကျင်းပမဲ့ အိမ်ကြီးကလည်း 1931 မှာ မီးလောင်သွားပြီး လူအစုလိုက်အပြုံလိုက်‌ေ-သဆုံးခဲ့ရတဲ့ စိတ္တဇဆေးရုံဟောင်းကြီးပါ။ ပါတီအစောပိုင်းမှာ ထူးဆန်းတဲ့ကိစ္စတွေဖြစ်ခဲ့တာကို ပရိုက်စ်ရဲ့လူတွေလုပ်နေတာလို့ထင်ခဲ့ကြပေမဲ့ အိမ်ကြီးကိုယ်တိုင်က ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့ အခါမှာ
...

Final Fantasy VII: Advent Children (2005) ⭐TMDB: 71% User Score 🎬 #Action #Adventure #Animation #Fantasy #ScienceFiction 🗓 2005 🎞 movie 🌎 #Japan ⏰ 2 နာရီ 7 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Final Fantasy VII (Movie) ဟာ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb rating 7.2 ရရှိထားတဲ့ Animation ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မူရင်း video game ဖြစ်ပြီး movie အဖြစ်ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် နောက်ဆုံးတိုက်ပွဲပြီးဆုံးပြီးနောက် နှစ်နှစ်အကြာ ကမ္ဘာကြီးတစ်ခုလုံးပြန်လည်တည်ငြိမ်လာတဲ့အချိန်မှာ နောက်ထပ်အန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ရပါတော့တယ် လူတွေအားလုံးဟာလဲကမ္ဘာမြေကပ်လို့ခေါ်တဲ့ရောဂါတစ်မျိုးဖြစ်ပွားနေပြီး ကြေးစားစစ်သည်တစ်ဦးဖြစ်တဲ့ ကလောက်ဒ့်ဟာ ကုမ္ပဏီဥက္ကဠ ရုပ်ဖ့် နဲ့တွေ့ပြီး ရုပ်ဖ့်က ဂျီနိုဗာဆဲလ်ကိုလိုက်ရှာနေတဲ့ လူသုံးယောက်ကို တားဆီးဖို့အကူညီတောင်းရာမှာ ငြင်းဆန်ပြီးပြန်လာခဲ့ပါတယ် သူပြန်လာချိန်မှာတော့ သူနဲ့အတူနေထိုင်တဲ့ ရောဂါခံစားနေရတဲ့ မိဘမဲ့ကလေးငယ်တွေကို ဖမ်းခေါ်သွားကြတာကိုသိလိုက်ရပါတယ် တစ်ကိုယ်တည်းနေတတ်တဲ့ ကလောက်ဒ့်မှာလဲ ရောဂါခံစားနေရပြီး သူငယ်ချင်းတွေကိုတောင်မပြောပြခဲ့ပါဘူး ဒါပေမဲ့ သူကလေးတွေကို ကယ်တင်ဖို့ကြိုးစားရင်း ဂျီနိုဗာဆဲလ်ကို ရှာဖွေနေတဲ့ လူသုံးယောက်ကို ကလောက်ဒ့် နဲ့ သူ့သူငယ်ချင်းတွေ ကနောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်ကြရပါတော့တယ် Video game ကနေ movie အဖြစ်ထွက်လာတဲ့အတွက် fighting scenes တွေကလဲအမိုက်စားတွေမို့ ကြိုက်ကြမှာပါ။
...

Making Family (2016) ⭐IMDB: 6.8/10 (169 Votes) 🎬 #Comedy #Drama #Family #Romance 🗓 2016 🎞 movie 🌎 #China #SouthKorea ⏰ 1 နာရီ 40 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Making Family (2016) ************************ 2000 ပြည့်နှစ်တွေက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂင်ဟာနူး ခေါင်းဆောင်ပါဝင်ထားတဲ့ တရုတ်-ကိုရီးယား မိသားစုဇာတ်လမ်း‌လေး။ ကိုယ့်ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ယောက်ျားဖြစ်သူ သေဆုံးသွားတဲ့အချိန်မှာ မှတ်တမ်းရုပ်ရှင် ပရိုဂျူဆာ ဂန်မီယွန်းဟာ အမည်မသိ သုတ်ပိုးအလှူရှင်တစ်ဦးထံမှ သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့တယ်။ ဒီလိုနဲ့ သူမရဲ့ မိသားစုကမ္ဘာလေးဟာ ဉာဏ်ပြေးတဲ့ သူမသားလေး ဂိုထယ်ဘုံးကြောင့် အနည်းငယ်ပြန်လည် နွေးထွေးလာခဲ့တော့တယ်။ ဒါပေမဲ့ သူမ မထင်ခဲ့တာက ထယ်ဘုံးလေးဟာ အရွယ်လေးမဆိုစလောက် ရောက်လာတဲ့အချိန်မှာ ဖခင်အရင်းကို ရှာတော့တာကိုပဲ။ အရွယ်နဲ့မလိုက်အောင် ဉာဏ်ကောင်းသူဖြစ်တဲ့အလျောက် ထယ်ဘုံးဟာ ရေခြားမြေခြားက ဖခင်အစစ်ကို ရအောင်ရှာဖွေနိုင်ခဲ့ပြီး ထိုသူနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အချိန်မှာ… ဘာသာစကားမတူပေမဲ့ မိသားစုဆိုတာ နေရာတိုင်းမှာ တန်ဖိုးရှိကြောင်း ရင်နင့်ကြည်နူးဖွယ်ကောင်းအောင် ဖော်ကျူးထားတဲ့အပြင် ကိုရီးယားနဲ့ တရုတ် မင်းသား၊ မင်းသမီးတွေရဲ့ အင်အားကိုလည်း ပြသထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါ့အပြင် လူကြီးသရုပ်ဆောင်တွေသာမက ကလေးသရုပ်ဆောင် ထယ်ဘုံး‌လေးရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရသူတွေ ခံစားချက်မျိုးစုံကို ခံစားရစေမယ်လို့ အာမခံတာမို့ ပေါ့ပါးမှုရော၊ လေးနက်မှုရော တစ်ပြိုင်တည်းခံစားချင်တဲ့ ပရိသတ်တွေ အထူးကြည့်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Esth မှ ရေးသားပေးထားပါတယ်။)
...

Tahong (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 5 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မီရာဟာဂုံးဖမ်းတဲ့လုပ်ငန်းနဲ့အသက်မွေးတဲ့တံငါသည်မလေးတစ်ယောက်ဖြစ်ပြီး လေဖြန်းနေတဲ့ဖခင်ကြီးကို သူ့ငယ်သူငယ်ချင်းချစ်သူ ဂိုယိုနဲ့အတူစောင့်ရှောက်နေတာပါ။ တစ်နေ့မှာတော့ သူတို့မှီခိုနေတဲ့ ငါးဖမ်းဆိပ်ရပ်ကွက်လေးကို မြို့တော်ဝန်နဲ့ကန်ထရိုက်တာတွေပေါင်းပြီးဖြိုဖျက်ဖို့အစီအစဉ်ဖြစ်လာတာကြောင့် အဲ့ဒီကိစ္စကိုတားဖို့ သူတို့စီရင်စုအုပ်ချုပ်ရေးမှူးရုံးကိုသွားတွေ့ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးက သဘောကောင်းဖော်ရွေစွာနဲ့ အဲ့ဒီကိစ္စကိုစိတ်မပူဖို့နဲ့ သူတို့ရုံးမှာပါအလုပ်လာလုပ်ဖို့ကမ်းလှမ်းလိုက်တဲ့အတွက် ပျော်သွားတဲ့ မီရာဟာ သူ့အတွက်ဘယ်လိုကြမ္မာဆိုးတွေစောင့်ကြိုနေတယ်ဆိုတာ မသိခဲ့ရှာပါဘူး။ မင်းသမီးသစ်လေး CANDY VELOSO နဲ့ မတွေ့ရတာကြာပြီဖြစ်တဲ့ SALOME SALVI တို့အပြိုင်အဆိုင်ကြမ်းထားတဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)
...

Siapa Buka Lampu (2024) ⭐TMDB: 0% User Score 🎬 #Horror 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 31 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siapa Buka Lampu (2024) ဒီဇာတ်လမ်းမှာ Aadhya ဆိုတဲ့ အသစ်ဖွင့်ထားတဲ့ အပန်းဖြေတည်းခိုစံအိမ်က ဖွင့်ဖွင့်ချင်းမှာပဲ သရဲခြောက်လို့ လိုင်းပေါ်မှာ နာမည်ကြီးသွားပါလေရဲ့။ Aadhya စံအိမ်ရဲ့ပိုင်ရှင်ကလည်း သူ့စီးပွားရေးမပျက်အောင် မဟုတ်ပါဘူးလျှောက်ရွှီးပြီး နောက်ကွယ်မှာ သူ့စံအိမ်က သောင်းကြမ်းနေတဲ့သရဲကိုဖမ်းဖို့ သရဲဖမ်းသမား လင်မယားနှစ်ယောက်ကို အလုပ်ခန့်လိုက်တယ်။ ဒါပေမဲ့ အူကြောင်ကြောင် သရဲဖမ်းသမားတွေနဲ့ ကြားထဲက ဘုမသိဘမသိ လာတည်းတဲ့ ဧည့်သည် ကောင်မလေးနှစ်ယောက်ပါ ရောက်လာတာကြောင့် ဧည့်သည်တွေကိုလိမ်ပြီး နောက်ကွယ်မှာ သရဲဘယ်လိုခိုးဖမ်းမလဲဆိုတာကို ဒီမလေးရှားသရဲဟာသကားမှာ အလွဲပေါင်းစုံနဲ့ ခွီနေအောင် ကြည့်လိုက်ကြပါဦးဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့Thwal Htoo Zinပဲဖြစ်ပါတယ်)
...