无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Drug Hunter 2 (2024) ⭐TMDB: 0% User Score 🎬 #Action #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 10 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ CM ကနေမှုခင်းဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်ကားလေးကတော့ရွာလေးတစ်ရွာမှာ ကျန်းမင်ဆိုတဲ့လူတစ်ယောက်သေဆုံးသွားခဲ့ပြီး ဈာပနပွဲကျင်းပနေစဉ်မှာရဲတွေကဈာပနပွဲကျင်းပသူတွေကို ဖမ်းဆီးနေတာပေါ့။ အကြောင်းရင်းကတော့ သေဆုံးသူကျန်းမင်က မူးယစ်ဆေးရောင်းဝယ်ဂိုဏ်းနဲ့ပတ်သက်မှုရှိနေပြီး အလောင်းကိုယ်ထဲကိုမူးယစ်ဆေးတွေဖွက်သယ်နေကြတဲ့ ဂိုဏ်းအဖွဲ့ဝင်တွေကိုဖမ်းဆီးဖို့ပဲ။ဒါပေမဲ့ ဘယ်လိုမှရှာမတွေ့တာကြောင့်အလျော့ပေးခဲ့လိုက်ရတယ်။ ဒီအမှုဖြစ်ပွားတဲ့နေရာကတော့ လန်ရှီးရွာလေးဖြစ်ပြီးလန်ရှီးရွာအနီးတဝိုက်မှာတင်လူသတ်မှုတွေ ဖြစ်ပွားနေတာကြောင့် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူရန်ယွိဖန်က ဒီလူသတ်မှုရဲ့ခေါင်းဆောင်ကဒီရွာမှာရှိနေမယ်လို့သတ်မှတ်ပြီးတော့ရွာထဲကို ဝင်စုံစမ်းကြတယ်။ဒီလိုနဲ့ရွာရဲ့စခန်းမှူးဖြစ်သူလီဝေမင်ကလည်းဒီအမှုကြောင့် ခရိုင်ကနေရွာကိုပြောင်းလာပြီး ရန်ခေါင်းဆောင်တို့နဲ့အတူတူလိုက်လံစုံစမ်းဖော်ထုတ်ကြတဲ့အခါမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာကြမလဲ။မူးယစ်ဆေးရောင်းဝယ်ဂိုဏ်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေကိုထင်ပေါ်အောင်ပြသထားတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရူလိုက်ရအောင်...
Brotherhood of Blades: Exterminate Evil (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ မင်ပြည်ထောင် ထျန်ချီခေတ်မှာ မိန်းမစိုးတို့ အာဏာကြီးစိုးပြီး…ရှင်ဘုရင်ကလည်း နာမကျန်းတဲ့အပြင် မိန်းမစိုး ဘာပြောပြောမှန်တယ်ဆိုပြီး မျက်စိမှိတ်ပေးထားတဲ့ကာလမှာ…သူ့ကို ဆန့်ကျင်သမျှ.. သူနဲ့ အမြင်မတူသမျှ… ရန်သူတော်လို့ သတ်မှတ်ခံရတဲ့အပြင်…တမင်ပြည်ထောင်တိုးတက် ကြီးပွားရေးရှေးရှုတဲ့ သစ္စာခံအမတ်တို့ရဲ့တုန်လင်ဂိုဏ်းကိုတောင် အကြောင်းပြချက်မဲ့ သတ်ပစ်တဲ့အထိကို ဆိုးသွမ်းနေခဲ့တာပါ… ဒီမိန်းမစိုးကြီးတစ်ယောက်က လောကကို လောဘအမှောင်ချပြီး ကြီးစိုးချိန်မှာ…တစ်ဖက်မှာလည်း အာဏာရူးတဲ့ မိန်းမစိုးနောက်လိုက် ခွေးတွေက…သခင်ညွှန်ရာ ဝိုင်းဟောင် ဝိုင်းကိုက်ပေးသေတာမို့ပြည်သူတွေကတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့်…အသက်ဖက်နဲ့ထုတ်ပြီး ရှင်သန်နေရရှာတာပေါ့… ဒါကြောင့်လည်း မင်ပြည်ထောင်စုကြီးကို ကယ်တင်ဖို့လျို့ဝှက်မိန်းမစိုးကြီးထောက်ခံသူတွေကို ရှင်းပြီး …မိန်းမစိုးကြီးရဲ့ အပြစ်တွေကို သက်သေလိုက်စုတဲ့လူတချို့လည်းရှိလေရဲ့…ဘယ်လောက်တောင် ဆိုးတဲ့ မိန်းမစိုးကြီးလဲ…မြေပြင်သူရဲကောင်းတွေရော အောင်နိုင်မှာလားဆိုတာကတော့CM နဲ့အတူ ဇာတ်ကားလေးကြည့်လိုက်ကြရအောင်နော်...
The Strange Beast of Silent Island (2024) ⭐TMDB: 0% User Score 🎬 #Thriller #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 3 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့အတွက် စိတ်ဝင်စားစရာတရုတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်…လူတွေရဲ့ လောဘကြောင့် ဇီဝစမ်းသပ်ခန်းကဆေးရည်ယိုစိမ့်မှုတွေကြောင့် မိစ္ဆာတွေပေါ်ထွက်လာခဲ့တယ်… ဒီမိစ္ဆာတွေက အမြင်အာရုံ အားနည်းသလောက်…အကြားအာရုံအစွမ်းက သူမတူအောင် ထက်လွန်းတာကြောင့်…အသက်ရှင်ကျန်ရစ်သူ လူနည်းစုက အသံမထွက်ဘဲအသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ ကာလအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတာပါ… သဘာဝအန္တရာယ်နဲ့ လူတွေဖန်တီးလို့ ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တို့ ကြုံချိန်မှာ…ဘယ်လိုတွေ အသက်လုပြေးပြီး ဘယ်လိုတွေကျော်လွှားသွားတယ်ဆိုတာကိုမျက်ဝါးထင်ထင်မြင်တွေ့နိုင်မှာမို့… CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်...
Ninja (2010) ⭐TMDB: 61% User Score 🎬 #Action #Martial #Thriller #Crime #Drama 🗓 2010 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်။ Scott Adkins, Tsuyoshi Ihara, Mika Hijii တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Isaac Florentine ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း…. Casey ဆိုတဲ့ အနောက်တိုင်းသားကောင်လေးတစ်ယောက်က အခြေအနေအမျိုးမျိုးကြောင့် ဂျပန်နိုင်ငံကို ရောက်ရှိလာပြီးတော့ နင်ဂျစ်စု သိုင်းကို သင်ကြားနေသူတစ်ဦးပါ။သူ့ရဲ့ဆရာဖြစ်သူဟာ သူ ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာနင်ဂျာလက်နက်တွေနဲ့ ဝတ်စုံတွေဟာ Casey နဲ့သာထိုင်တန်တယ်လို့တွေးထားသူပါ။ဒါပေမယ့် Masazuka ဆိုတဲ့ နောက်ကျောင်းသားတစ်ယောက်ကတော့ သူနဲ့သာ ထိုက်တန်တယ်လို့ ထင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ Masazuka ဟာ Casey ကိုတိုက်ခိုက်ခဲ့ပြီး Casey ရဲ့ ပြန်ခုခံမှုကြောင့် Masazuka ဟာ ဒဏ်ရာရသွားခဲ့ပြီး သူ့ဆရာရဲ့ အပြစ်ပေးချင်းကိုပါခံခဲ့ရပါတယ်။အဲ့ဒိနောက် Casey ဟာ အမေရိကန်နိုင်ငံကို အဲ့ဒိဒဏ္ဍာရီလာ လက်နက်တွေကို ယူဆောင်သွားဖို့ဖြစ်လာပြီးMasazuka ဟာလည်း လက်နက်တွေကို ပြန်ယူဖို့ ကြိုးစားပါတော့တယ်။ ဘယ်သူက နောက်ဆုံးမှာ ဒီဒဏ္ဍာရီလာ လက်နက်တွေကို ရသွားမလဲ ဘယ်သူအနိုင်ရရှိသွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။...
Eliminators (2016) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Action #Thriller 🗓 2016 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Action ကားကြိုက်သူတွေအတွက် Eliminators ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းအစိုးရအေးဂျင့်ဟောင်း”သောမတ်စ်ပါကာ”ဟာအမှုကိစ္စတစ်ခုကြောင့် အင်္ဂလန်မှာ သူ့ရဲ့ရှစ်နှစ်သမီးလေးနဲ့အတူပုန်းကွယ်ပြီးနေထိုင်နေပါတယ် သားအဖနှစ်ယောက်တည်းရှိတာကြောင့်သမီးလေးကိုသေချာဂရုတစိုက်စောင့်ရှောက်ပါတယ် တစ်နေ့မှာမူးယစ်ဆေးသုံးတဲ့လူသုံးယောက်က သူတို့သားအဖရှိတဲ့အိမ်ကို အိမ်မှားပြီးကျူးကျော်ဝင်ရောက်ခဲ့ပါတယ် ဒါပေမဲ့တစ်ချိန်ကအစိုးရအေးဂျင့်ဟောင်းဖြစ်ခဲ့တဲ့သောမတ်စ်က လူဆိုးသုံးယောက်ကိုအနိုင်ယူသတ်ဖြတ်နိုင်ခဲ့ပါတယ်…..သို့ပေမဲ့ အဲ့ဒီကိစ္စအကြောင်းသတင်းမီဒီယာတွေမှာပျံ့နှံလာတော့ အင်္ဂလန်မှာခြေရာဖျောက်ပြီးပုန်းကွယ်နေကတဲ့သောမတ်စ်ပါကာရဲ့တည်နေရာဟာ အလိုအလျောက်ပေါက်ကြားသွားပါတယ် သူ့ကိုလိုက်ရှာနေတဲ့ ဂိုဏ်းစတားကြီးကူပါးရဲ့လက်ကနေလွတ်မြောက်ဖို့ သောမတ်စ်ပါကာဟာ သူရောသူ့သမီးလေးကိုပါကာကွယ်ပေးဖို့ကြိုးစားရပါတော့တယ်...
My stepfather, who manages a company-Suzume Mino (DLDSS-325-Decensored) ⭐- 🎬 #Adult #adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 6 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Suzume Mino ဆိုတာ JAV လောကမှာ ကြာမြင့်ပြီး တည်မြဲနေတဲ့ဝါရင့်သရုပ်ဆောင်ပါပဲ။တခြား JAV မင်းသမီးတွေလို ဖြူဖွေးမနေဘဲ ညိုစိမ့်စိမ့်နဲ့ မျက်လုံးမျက်ဖန်ကောင်းတာကြောင့် ထင်ရှားတဲ့အလှကို ပိုင်ဆိုင်ထားသူပါ။ DLDSS-325-Decensored ဒီဇာတ်လမ်းမှာတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို အမူအရာစုံလင်စွာ ချပြထားပြီးမွေးစားဒယ်ဒီနေရာက ဘိုးတော်ကြီးကလဲ ဝါရင့်ကြီးဆိုတော့ အပြိုင်အဆိုင်ကြမ်းကြပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီးအပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)...
Ninja: Shadow of a Tear (2013) ⭐IMDB: 6.1/10 (14 k Votes) 🎬 #Action #Martial #Thriller #Crime 🗓 2013 🎞 movie 🌎 #Thailand #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating 6.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကားလေးလိုပါပဲ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ ဒီဇတ်ကားလေးက အပိုင်း(၂)ပါ . ပါဝင်တဲ့မင်းသားက Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2 ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။ (ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်က အင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။ နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။ အမေရိကန်လူမျိုး ကေစီရယ် ဂျပန်အမျိုးသမီးလေး နာမီကိုရယ်က အိမ်ထောင်ကျလို့ ဂျပန်မှာ အခြေချနေထိုင်နေရင် တနေ့မှာတော့ နာမီကို အသတ်ခံလိုက်ရပါတယ်….. နာမီကို ကိုဘယ်သူလုပ်ကြံလဲဆိုတာ ခင်ပွန်းသည် ကေစီကလိုက်ရှာရင်း သူနဲ့ရန်ညိုးရှိတဲ့လူတွေ ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံလူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီး လုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။ ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့် ပရိတ်သတ်တွေလက်မလွှတ်သင့်ဘူးလို့ပြောချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ko Soe Htwe ပဲဖြစ်ပါတယ်။)...
Taxi Driver (1976) ⭐TMDB: 81% User Score 🎬 #Crime #Drama 🗓 1976 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taxi Driver (1976)******************** IMDb…8.3,,,,,Rotten…..98% ဒီကားရဲ့ Rating တွေကတော့ မြင်တဲ့အတိုင်းပါပဲ….သူတို့ဆီမှာလည်း ကျွန်တော့်တို့ မြန်မာကားတွေလိုပဲထင်တယ်…ကားသစ်တွေက အရင်လို သိပ်အားစရာ မကောင်းဘူး… ကျွန်တော်ပဲ စိတ်ထင်နေလို့ပဲလား မသိ… ဒီကားကတော့ ကျွန်တော်တို့ မမွေးခင်ကတည်းက ထွက်ရှိခဲ့ပါတယ်..သို့ပေမယ့်လည်းပေါ့လေ… မရိန်းစစ်ထွက်တစ်ဦးဖြစ်သူ ထရာဗစ်တစ်ယောက် ညဘက်တက်စီဒရိုင်ဘာ အလုပ်ကိုလုပ်နေတယ်…. သူဟာ ညဘက်လည်း အိပ်မပျော်တတ်တဲ့သူဆိုတော့ ညလုံးပေါက်ကားမောင်းနေတယ်…နေရာစုံကို ရောက်သလို လူအမျိုးမျိုးကိုလည်းသူတွေ့နေရတယ်. မြို့ပြရဲ့စိတ်ပျက်စရာလူတွေနဲ့ အခြေအနေဆိုးတွေ သူမတွေ့ချင်ဘဲ တွေ့နေရတယ်…သူ့အလုပ်က ကားမောင်းတယ်..သူသိပ်သဘောကျတဲ့ ကောင်မလေး တစ်ယောက်ကို သွားငေးတယ်…..ဒီလိုနဲ့ နေ့စဉ်ဖြတ်သန်းပြီးနောက်မှာ ဒီစိတ်ပျက်စရာတွေကို အတတ်နိုင်ဆုံးပြုပြင်ဖို့ သူဆုံးဖြတ်လိုက်တယ်….ကဲ သူဘာတွေဆက်လုပ်မလဲ… ကိုင်း ကားဟောင်းအလန်းတွေ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျ… ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး Robert De Niro ကြီးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Zuel Khant Thwin ပဲဖြစ်ပါတယ်...
Miss Congeniality 2: Armed and Fabulous (2005) ⭐TMDB: 57% User Score 🎬 #Action #Comedy #Crime 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miss Congeniality 2: Armed and Fabulous (2005) ဒါရိုက်တာ John Pasquin ရိုက်ကူးထားပြီး Sandra Bullock, Regina King, Enrique Murciano တို့ ပါဝင်သရုပ်ဆောင်ထားသော ဟာသ၊ အက်ရှင်၊ စုံထောက်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း FBI အေးဂျင့် Gracie Hart (Sandra Bullock) သည် Miss United States ပြိုင်ပွဲတွင် အမှုတစ်ခုကိုအောင်မြင်စွာ စုံစမ်းဖော်ထုတ်ပြီးနောက် လူသိများသော စုံထောက်အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒီ 2005 ဒုတိယမြောက်ကားမှာလဲ သူမ ဘယ်လိုအမှုတွေကို စုံစမ်းဖော်ထုတ်သွားမလဲဆိုတာ ခံစားကြည့်ရှု့လိုက်ကြပါဦး။...
Miss Congeniality (2000) ⭐TMDB: 65% User Score 🎬 #Action #Comedy #Crime #Romance 🗓 2000 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miss Congeniality (2000) IMDb Rating (6.3) / Rotten Tomatoes (41%) Sandra Bullockရဲ့ ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ.. FBIအေးဂျင့် ဂရေ့စ်ကမိန်းမဆန်ဆန်မနေတတ်သူတစ်ယောက်ပါ.. မစ်ရှင်တွေမှာလည်းမဆင်မခြင်လုပ်ရပ်တွေနဲ့ပြသနာရှာတတ်သူတစ်ယောက်ပါ.. တစ်နေ့မှာတော့ အလှမယ်ပြိုင်ပွဲကို ဗုံးဖောက်ရန်ကြံစဉ်နေမှုအား အသွင်ပြောင်းစုံစမ်းရန်ဖြစ်လာတဲ့အခါ သူ့ရဲ့နဂိုယောက်ျားဆန်တဲ့အကျင့်ကြောင့် အလှမယ်တွေကြားထဲမှာ အမျိုးမျိုးဒုက္ခရောက်ရင်း တစ်လွဲတစ်ချော်ဖြစ်ပုံတွေကိုဟာသမြောက်စွာကြည့်ရှုရမှာပါ.. အလှမယ်နောက်ဆုံးပြိုင်ပွဲနေ့ကို ဖောက်ခွဲသူတွေဦးတည်ချက်ထားမှန်းသိသွားချိန်မှာတော့ ဗုံးဖောက်ခွဲသူကိုလက်ရဖမ်းဆီးနိုင်ရန် ဆန်ခါတင်အလှမယ်၅ယောက်ထဲပါဖို့ကြိုးစားရန် လိုအပ်လာပါတော့တယ် .. အေးဂျင့် ဂရေ့စ်ကဘယ်လိုကြိုးစားမလဲ ဗုံးဖောက်ခွဲမှုကိုရော တားဆီးနိုင်မှာလားဆိုတာ ရင်တမမကြည့်ရမယ့် ဟာသကားကောင်းတစ်ကားဖြစ်ပါတယ်...
I, Tonya (2017) ⭐IMDB: 7.5/10 (250 k Votes) 🎬 #Biography #Comedy #Drama #Sport 🗓 2017 🎞 movie 🌎 #UnitedStates #UnitedKingdom #Qatar #UnitedStatesofAmerica ⏰ 2 နာရီ 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I, Tonya(2017)*************** IMDb….7.5,,,,Rotten…89 Biography တွေကို ပြန်ရိုက်တဲ့ဇာတ်ကားတွေ .. အထူးသဖြင့် ကြည့်ရှုသူ ပရိသတ်ကို ပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့် အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်…ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ ဒါရိုက်တာက မူရင်းနဲ့ သွေဖီမသွားအောင်ရိုက်ရင်း ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်… အဲဒီလိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Harding အကြောင်းကိုရိုက်ထားတဲ့ ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်… Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက် တစ်ယောက်ဖြစ်လာပုံတွေ၊ သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊ သူမ အားကစားလောကရဲ့ ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ ရေခဲစကိတ်အကြောင်းကို စိတ်မဝင်စား Tonya Harding ဆိုတာလည်း ဘယ်သူမှန်းမသိတဲ့ ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကို ကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ ခင်ဗျားဟာ Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ် ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက် ဒီကားလေးကိုတော့ကြည့်စေချင်တယ်…မင်းသမီးချော Magot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်း ဝင်ခဲ့တယ်… ဇာတ်လမ်းကို ၁၀မိနစ်လောက်လေးပဲ မြည်းစမ်းစေချင်တယ်….ဆက်ကြည့်ဖို့ မဆွဲဆောင်နိုင်ဘူးဆိုရင်တော့……… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်...
Shaft (2000) ⭐TMDB: 60% User Score 🎬 #Action #Crime #Thriller #Adventure 🗓 2000 🎞 movie 🌎 #Germany #USA #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shaft (2000) IMDb Rating (6.0) / Rotten Tomatoes (67%) ရှက်ဖ် ကို အတော်များများ ကြိုက်ကြမယ် ထင်ပါတယ်။ဆမ်မြူရယ် ဂျက်ဆန် ကြီးက အထာကျတာကိုး။ ဒီကားကတော့ ဂျွန်ရှက်ဖ် တစ်ယောက် စုံထောက်အလုပ်ကနေ ဘယ်လိုထွက်လာပြီး အလွတ်စုံထောက်ဖြစ်လာလဲဆိုတာ တွေ့ရမှာပါ။ သူနဲ့အပြိုင်ဗီလိန်မင်းသားက ခရစ်ရှန်ဘေး ဆိုတော့ အတော်ကောင်းနေတာပါပဲ။ ဒီဇာတ်လမ်းအစမှာ သန်းကြွယ်သူဌေးကြီးရဲ့ သားတစ်ယောက်က ကလပ်မှာ လူသတ်လိုက်တယ်။ တရားခံကို ဖမ်းပေးလိုက်နိုင်ပေမယ့် သက်သေက ထွက်ပြေးနေလို့ အာမခံရသွားတယ်။ ဒီအမှုကို တရားမျှတမှုရဖို့ ရှက်ဖ်ကြီး သဲကြီးမဲကြီးလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Littleneo ဖြစ်ပါတယ်။)...
Get Smart (2008) ⭐TMDB: 62% User Score 🎬 #Action #Adventure #Comedy #Thriller 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Get Smart(2008)*************** IMDb…….6.5 ဒီကားကို မကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်… ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံး ရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ ပြင်ဆင်ပြီဆိုရင်ကျန်တဲ့ ၄ယောက်ပါ TV ရှေ့ကို ခေါ်ကြည့်သင့်တယ်….လင်မယား ၂ ယောက်တည်းဆိုလည်း၂ယောက်လုံး ကြည့်ဖြစ်အောင်ကြည့် တစ်ယောက်တည်း ကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကိုကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ်ကျွန်တော့်ချစ်သူလေးကတော့ “ကို”တော့ရူးသွားပြီတံတားလေးပို့ရတော့မယ်လို့ ပြောသွားတယ်…… ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…မင်းသမီးချောလေး Hathaway ရယ်Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်…မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြအိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ … Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ….တစ်နေ့တော့ နျူကလီးယားလက်နက်အတွက်အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကို လွှတ်လိုက်တယ်….. ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ .. အဲဒါဆို လုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့အတော်လေးအလုပ်ဖြစ်တယ်…. ရယ်စရာတွေကလည်း သဲထိတ်ရင်ဖိုခန်းလေးတွေမှာ အပိုအလိုမရှိထည့်ထားလေတော့ တခွီးခွီးရယ်ရတာ.. ရိုက်ချက်တွေကလည်း အတော်လန်းတယ်…. ကိုင်း ခံစားကြည့်လိုက်ဦးဗျ မောပန်းနွမ်းနယ်နေတဲ့ ခင်ဗျားတို့နှလုံးသားနဲ့ ဦးနှောက်ကို လန်းဆန်းစေချင်ရင်တော့ ဒီကားကိုကြည့်လိုက်ကျွန်တော်ပြောတာ မလွန်ဘူးဆိုတာ ခင်ဗျားတို့ ဇာတ်ကားအစ၁၀ မိနစ် လောက်ကတည်းက သဘောပေါက်သွားလိမ့်မယ်...
Gangs of New York (2002) ⭐TMDB: 73% User Score 🎬 #Crime #Drama #History 🗓 2002 🎞 movie 🌎 #Italy #UnitedStatesofAmerica ⏰ 2 နာရီ 47 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gangs of New York(2002)************************* ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သည်းခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာတာပါ… ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာGangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင် စထားတယ်… ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ… ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီးအဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက်စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတယ်။ ပြဿနာပေါင်းများစွာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က နယူးယောက်မြို့ကို ရိုက်ကူးပြသထားတာဟာရုပ်ရှင်ကြည့်ပရိသတ်ကို ထူးခြားတဲ့ ရသ ပေးနိုင်မှာ အသေအချာပါပဲခင်ဗျာ...
Jupiter Ascending (2015) ⭐IMDB: 5.3/10 (197 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Fantasy 🗓 2015 🎞 movie 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jupiter Ascending (2015) ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။ Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)...
Fargo (1996) ⭐TMDB: 79% User Score 🎬 #Crime #Drama #Thriller 🗓 1996 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fargo(1996)************* IMDb – 8.1/10_____Rotten – 94% Won 2 Oscars. Another 81 wins & 57 nominations ဒီကားက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု နဲ့ အကောင်းဆုံးဇာတ်ညွှန်းဆု ရရှိထားပါတယ်…အခြားဆု(၈၁)ဆုရရှိခဲ့ပြီး ဆန်ကာတင် (၅၇)ဆုလည်းဝင်ခဲ့တယ်… မင်းသမီးကတော့Three Billboards Outsideမှာ အော်စကာထပ်ရခဲ့တဲ့Frances McDormandပါပဲ… ဒီကားက ၁၉၈၇ ခုနှစ် မီနီဆွန်တာမှာဖြစ်ခဲ့တဲ့ တကယ့်မှုခင်းကြီးကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ…. သိပ်ချမ်းသာတဲ့မိသားစုတစ်စုရှိတယ်…..ယောက္ခမက စည်းကမ်းကြီးသလို တိလည်းတိကျတယ်… ဒီမိသားစုမှာ သားမက်ကတော့ စီးပွားရေးပိုင်းရော လူမှုရေးပိုင်းရော အားနည်းတယ်… ဒါ့အပြင် အသုံးအစွဲကလည်းမတတ်ဆိုတော့ ကြာတော့ ငွေကအရမ်းလိုလာတယ်.. ဒီတော့ ပြန်ပေးသမားတွေနဲ့ပေါင်းပြီး ကိုယ့်မိန်းမကိုယ် ပြန်ပေးဆွဲဖို့စီစဉ်တယ်.. ယောက္ခမဆီကနေ ငွေညှစ်မယ်ပေါ့… သို့သော်လည်း သူထင်သလောက်ရိုးရိုးရှင်းရှင်းလေးဖြစ်မသွားဘူး…. ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ဦးဗျို့… ကားသစ်တွေကို တစ်ခါတစ်ရံစိတ်တိုင်းမကျတဲ့သူတွေအဖို့ ဒီလိုကားမျိုးကို နင်းကန်ကြည့်ဖို့ပြောပါရစေ… ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Ye Pye Soneဖြစ်ပါတယ်...
Shaft (2019) ⭐IMDB: 6.4/10 (60 k Votes) 🎬 #Action #Comedy #Crime #Mystery 🗓 2019 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shaft (2019) IMDb Rating (6.4) / Rotten Tomatoes (34%) နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။ Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။ အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။ တကယ်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။ သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။ ၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။ သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Littleneo ဖြစ်ပါတယ်။)...
Unbreakable (2000) ⭐TMDB: 71% User Score 🎬 #Drama #Mystery #Thriller 🗓 2000 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unbreakable (2000) IMDb Rating (7.3) / Rotten Tomatoes (70%) Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျ မကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့် Glass ကိုသွားကြည့်ရင် အဆင်ပြေလှမှာမဟုတ်ပါဘူး။ Mr.glassဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့ အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ။ ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီး သူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါ။ ခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ်။ သူအဲ့ဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူး။ ကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ်။ သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ်။ ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်။ Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကိုသေသွားစေတဲ့ ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစား Dunn ဟာ အဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲ လူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ်။ အဲ့လူကတော့ Mr.glassဖြစ်ပြီး Dunn ရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့ သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Kyaw Swar Aung ဖြစ်ပါတယ်။)...
Rules of Engagement (2000) ⭐TMDB: 62% User Score 🎬 #Drama #Thriller #War 🗓 2000 🎞 movie 🌎 #Canada #Germany #USA #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 44 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Rules of Engagement (2000) ဒီရက်ပိုင်း ပျင်းပျင်းနဲ့ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက်ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကားဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ်စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့.. စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ခပ်ကြမ်းကြမ်းဘဲကြီး Agents of shieldဒါရိုက်တာ Nick Fury အနေနဲ့လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲသိချင်လို့ဆက်ကြည့်ဖြစ်လိုက်တယ်ကြည့်နေရင်း ကြည့်နေရင်းနဲ့ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာမမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ်။ ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ကားစကားတွေချည်းပဲ ပြောနေလို့ဇာတ်ကားပေါ် အာရုံတစ်ချက် လွတ်မသွားစေရဘူး သေသပ်တဲ့ ဒိုင်ယာလော့တွေဖုံးကွယ်ထားတဲ့ မြုပ်ကွက်တွေ နဲ့ဘာဆက်ဖြစ်မလဲ ဆိုတဲ့ စိတ်ကိုနှိုးဆွပြီး ဇာတ်ကားဆုံးတဲ့အထိ ဆွဲဆောင်သွားတယ်ထူးထူးခြားခြားလို့ပြောရမလား အကြမ်းအရမ်းခန်းတွေနဲ့နာမည်ကြီး ဇာတ်ကောင် Samuel L. Jackon (Nick Fury) ကို တစ်ခါမှမမြင်ဖူးတဲ့ပုံစံနဲ့မြင်လိုက်ရတယ်။ ဇာတ်ကားအကြောင်းကိုအတိုချုပ်ပြောရရင် ကာနယ် Childers (Jackson) တစ်ယောက် ယီမင်မှာရှိတဲ့ အမေရိကန်သံရုံးကသံအမတ်မိသားစုကို ဆန္ဒပြမှုတွေကြားကနေ သွားခေါ်ဖို့အမိန့်ပေးခံရတယ်။ သူရောက်တဲ့အချိန်မှာ အခြေအနေ ကတော်တော်ဆိုးနေပြီ ဆန္ဒပြလူအုပ်စုက ခဲတွေ မီးတုတ်တွေနဲ့ပစ်ခတ်နေသလို ခေါင်းမိုးပေါ်ကနေလည်း သေနတ်တွေနဲ့ပစ်ခတ်နေပြီကယ်ထုတ်မှရမယ့် အခြေအနေမှာမို့သံအမတ် လင်မယားကို ကယ်ထုတ်နေတဲ့အချိန်မှာတင် တပ်သားသုံးယောက် ကျသွားတယ်။ ကျည်ဆံတွေကြား တပ်ဖွဲ့ဝင်တွေ ခေါင်းမဖော်ရဲတဲ့ အခြေအနေမှာ Childers အနေနဲ့သူ့ရဲဘော်တွေကို ဆန္ဒပြ လူအုပ်ကြားပစ်မိန့်ပေးလိုက်တယ် ကလေးတွေ သက်ကြီးရွယ်အိုတွေ မိန်းမတွေ ပါဝင်တဲ့ ဆန္ဒပြလူအုပ်ကြား ပစ်ခတ်အပြီးမှာ တစ်ဖက်ကသေနတ်သမားတွေ ရပ်သွားသလို သံရုံးလည်း စုတ်ပြတ်ကျန်နေခဲ့တယ်။ ပြသာနာက အဲ့မှာစတာပဲ အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးသွားသလို ဆန္ဓပြလူအုပ်ဘက်ကလည်း ၈၃ ယောက်သေဆုံးသွားတယ်။ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေလည်း ပါလာခဲ့တယ်။ အဲ့ဖြစ်ရပ်အပြီးမှာတော့ နိုင်ငံတကာ သတင်းစာတွေကြား ခေါင်းကြီးပိုင်းမှာပါလာခဲ့ပြီး အမေရိကန်လုံခြုံရေးဆိုင်ရာ အကြံပေးအနေနဲ့ကာနယ် Childers တစ်ယောက်ကို စစ်ခုံရုံးတင်ဖို့လုပ်ပါတော့တယ်။ ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုဖြစ်ခဲ့လဲ သူမသိချင်ဘူး သူသိတာက နိုင်ငံတကာက ပေးလာမယ့် ဖိအားတွေ အားလုံးကို ကာနယ် Childers နဲ့ပဲ စတေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့အချိန်မှာ ကာနယ် Childers အနေနဲ့လုံးဝ တုန်လှုပ်သွားတယ်။ တစ်သက်လုံး သူအသက်ပေးကာကွယ်လာတဲ့တာဝန်ထမ်းဆောင်လာတဲ့ သူ့အမိမြေက သူ့ကို ငြိမ်းချမ်းရေးပျက်ပြားစေမှု မလျော်ကန်သော ပြစ်မှုလုပ်ဆောင်မှုလူသတ်မှုစတာတွေနဲ့စွဲချက်တင်လာခဲ့တယ်။ သူအမှုနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူမြတ်နိုးတဲ့ စစ်သားဘဝ ကနိထ္ထိ တံသွားပြီ သူသေဒဏ်ကျနိုင်တယ် နှစ်ရှည်လများ တစ်သက်လုံး ထောင်ထဲမှာ နေသွားရနိုင်တယ်။ ဆယ်ခုနှစ်များစွာတာဝန်ကျေပွန်စွာ ထမ်းဆောင်လာခဲ့သမျှ နေ့ချင်းညချင်း တရားခံ တစ်ယောက်လိုသတ်မှတ်ခံလိုက်ရတယ်.. ဒီအချိန်မှာသူဆွဲမိ ဆွဲရာ ဆွဲလိုက်တဲ့ကောက်ရိုး တစ်မျှင်က သူ့ရဲ့အချစ်ဆုံး သူငယ်ချင်း လည်းဖြစ် ရဲဘော်ရဲဘက်ဟောင်းလည်းဖြစ်တဲ့ Hodges ဗီယက်နမ် စစ်ပွဲမှာ တိုက်ပွဲဝင်ပြီးကတည်းက ရုံးပိုင်းဆိုင်ရာ တွေနဲ့ပဲ ကျင်လည်နေခဲ့ရသူ စစ်ဘက်ရှေ့နေတစ်ယောက်ဆိုပေမယ့် အမှုတောင် ကောင်းကောင်းမလိုက်ခဲ့ဘူးသလို ရက်ပိုင်းအတွင်းမှာပဲ အငြိမ်းစားယူတော့မယ်သူ အသိုင်းအဝိုင်းတွေ မိဘတွေက တားတဲ့ကြားက သူ့အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ် သူ့အသက်သခင်လည်း ဖြစ်တဲ့ Childersကို အမှုလိုက်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အခါ သူတို့ရင်ဆိုင်ရမှာက စစ်ဘက်ရှေ့နေ့တွေထဲက အတော်ဆုံး ဆွဲချရှေ့နေတစ်ယောက် ဒါ့အပြင် နိုင်ငံတော် လုံခြုံရေးအကြံပေးရဲ့ဖိအားတွေနဲ့သက်သေခံတွေ သူကိုယ်တိုင် ကယ်တင်ပေးခဲ့တဲ့သံအမတ်ကိုယ်တိုင်က သူ့ဘက်မှာမရှိ သူတို့အဖြစ်က သတ်ကွင်းထဲက သိုးငယ်တွေလို.. ဒီလို အခြေအနေနဲ့ နှစ်ဦးသား တရားခွင်မှာ ရင်ဆိုင်ရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုမှန်းလို့မရအောင် ရိုက်ပြသွားတာကိုက စိတ်ဝင်စားဖွယ်ကောင်းလွန်းလှတယ် ဒီအခြေအနေမှာ ဇာတ်လမ်းကိုအမြင့်ဆုံး ရောက်အောင် ဆွဲခေါ်သွားသူတစ်ယောက်က Childers အဖြစ် သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Jackon ပါပဲ။ တစ်ခြားသော သူရိုက်ခဲ...
Zero Dark Thirty (2012) ⭐IMDB: 7.4/10 (326 k Votes) 🎬 #Drama #History #Thriller 🗓 2012 🎞 movie 🌎 #USA #UnitedStates #India #Jordan #UnitedStatesofAmerica ⏰ 2 နာရီ 37 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zero Dark Thirty (2012) IMDb Rating (7.4) / Rotten Tomatoes (91 %) “အိုစမာ ဘင်လာဒင် ” ဆိုတဲ့ကမ္ဘာကျော် နာမည်ကိုအားလုံးကြားဖူးကြမှာပါ။၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တာဝါ ၂ ခုကိုအယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ဝင်တိုက်ခဲ့တာကြောင့်လူ ၃၀၀၀ ကျော် သေဆုံးခဲ့တဲ့ (၉/၁၁) ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အိုစမာ ဘင်လာဒင်ဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်း ၉/၁၁ ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ ဘင်လာဒင်ရဲ့အရိပ်အယောင်ကို အမေရိကန်တွေ ရှာမတွေ့ခဲ့ကြပါဘူး။ ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့လက်ကနေ နှစ်အများကြီးလွတ်အောင် ဘင်လာဒင် ဘယ်လိုပုန်းကွယ်ခဲ့လဲ။အဲဒီလိုပုန်းကွယ်နေရင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ပြီးအမေရိကန်ကိုဆက်လက်အထိနာစေတဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့လဲ။ အပုန်းကောင်းသူကြီး အိုစမာ ဘင်လာဒင်ရဲ့ နေရာကို အမေရိကန်တို့ ဆယ်နှစ်ကြာအောင်ဘယ်လို စတေးမှုတွေနဲ့ ဘယ်လိုခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး သုတ်သင်ခဲ့ရလဲ ဆိုတာတွေကို ဒီရုပ်ရှင်မှာ အသေးစိတ်ကြည့်ရှုကြရမှာပါ။ Zero Dark Thirty ဆိုတဲ့အဓိပ္ပါယ်ကတော့ သန်းခေါင်ယံကျော်လွန်ပြီး မိနစ် သုံးဆယ်အကြာကို ဆိုလိုတာဖြစ်ပြီးအဲဒီအချိန်အတွင်းမှာ ဘင်လာဒင်ကို အမေရိကန်တို့ သုတ်သင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးက Rating တွေမြင့်ပြီး ကြည့်ရှုသူတိုင်းကြိုက်ကြတဲ့ ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်ကားဖြစ်ပြီးအော်စကာဆုတဆု ရရှိခဲ့သလို အခြားသော ဆုပေးပွဲတွေမှာလဲ ဆုပေါင်း ၈၆ ဆုထိရရှိခဲ့ပါတယ်။...
