无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Kill Shot (2023)
⭐IMDB: 3.7/10 (44 Votes)
🎬 #Action
🗓 2023 🎞 movie
📺 #720p #1080p
💿 1.2 GB ⦿ 3.3 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action
အာဖဂန်နစ္စတန်ကနေ ပျံသန်းလာတဲ့ လေယာဉ်လေးတစ်စင်းပေါ်မှာ
ဒေါ်လာ ၁၀၀ မီလီယမ် ပါလာခဲ့တယ်။ ပြီးတော့ အဲဒါက အမေရိကန်-ကနေဒါ
နယ်စပ်နားလောက်မှာ ပျက်ကျသွားရော။
အဲဒီမှာ စစ်သည်ကြေးစားတစ်သိုက်ဟာလည်း မုဆိုးယောင်ဆောင်ပြီး
ဒီပိုက်ဆံတွေကို လာရှာကြပါတော့တယ်။
ဂျက်ဆန်ဆိုတာက သမီးလေးကိုလည်း ဆုံးရှုံးထားပြီး ဇနီးဖြစ်သူကပါ
ဖောက်ပြန်ကာ ငွေအခက်အခဲဖြစ်ပြီး ဘဝပျက်နေတဲ့ ကြုံရာ ကျပန်း
အလုပ်သမားတစ်ယောက်ပေါ့။ အဲဒီမှာ သူငယ်ချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဖောက်သည်
တစ်ယောက် တောင်ပေါ် အမဲလိုက်ချင်လို့ လမ်းပြလုပ်ပေးပါလား တောင်းဆိုတော့
လက်ခံလိုက်တဲ့အခါ ဖောက်သည်က ငယ်ငယ်ချောချော ကောင်မလေး
ဖြစ်နေပြီး နှစ်ယောက်တူတူ အမဲလိုက်ထွက်လာချိန် လေယာဉ်ပျက်ကျတဲ့နေရာက
ပိုက်ဆံတွေ တွေ့ကြပြီး ဘာဆက်ဖြစ်မလဲ ကြည့်ရမယ့် အက်ရှင်ကားတစ်ကား
ဖြစ်ပါတယ်။ ဇာတ်ကားအကြောင်း အများကြီး မပြောလိုပေမဲ့
မင်းသမီးချောချောလေးက တောထဲမှာ မဆီမဆိုင် ဖင်ပြောင်လေးနဲ့ ပြေးလိုက်
အပေါ်အကျ်ီ ချွတ်လိုက်နဲ့ မျက်စိ ပဒေသာတော့ ဖြစ်စေရမှာ သေချာပါတယ်။...
Role Models (2008)
⭐TMDB: 65.0% User Score
🎬 #Comedy
🗓 2008 🎞 movie
📺 #720p #1080p
💿 1.2 GB ⦿ 2.2 GB
🌎 #Germany #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Role Models (2008) – ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။
ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့
ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ဘဝကြီးကို စိတ်ပျက်နေတဲ့သူပါ တနေ့တော့ သူ့ရဲ့ မကောင်းမြင်စိတ်တွေကို သူ့ကောင်မလေး ဘတ် က သည်းမခံနိုင်တော့တာနဲ့ လမ်းခွဲလိုက်ပါလေရော။ နဂိုကတည်းကမှ လောကကြီးကို စိတ်ပျက်နေတဲ့လူက ချစ်သူကပါ လမ်းခွဲသွားတော့…….(ချစ်သူကမုန်း ဖဲကရှုံး) ဆိုသလိုဖြစ်သွားပါလေရော အဲဒီစိတ်နဲ့ပဲ စိတ်ထင်ရာလုပ်မိလို့ အကြီးအကျယ်ပြဿနာတက်ပြီး ထောင်ရက် ၃၀ ကျမဲ့ကိန်းဆိုက်ပါတော့တယ်။ အဲဒီ ထောင် ရက်ပေါင်း ၃၀ အစား လူမှုဝန်ထမ်း ရက် ၃၀လုပ်ပေးဖို့ သူ့ကောင်မလေးဘတ်က တရားသူကြီးဆီမှာ အသနားခံပြီးတောင်းပေးလိုက်တဲ့အခါမှာတော့ Danny နှစ်ယောက်ဟာ ကလေးတွေကို အဖော်လုပ်လမ်းညွှန်ပေးရတဲ့ လူမှုရေးပရဟိတ အဖွဲ့ကြီးဆီ ရောက်သွားပါတော့တယ်။ ဆိုးလှပါပြီဆိုတဲ့ Danny နဲ့ သူထိန်ပေးရမဲ့ ကလေးတွေတွေ့တဲ့အခါ ဘယ်လိုမျိုးလေးတွေဖြစ်မလဲ ကလေးတွေပဲ အဆင်ပြေသွားမလား Danny ကြီးပဲ လိမ္မာသွားမလားဆိုတာ ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားပါပဲ……....
The Young Indiana Jones Chronicles (1992-2000)
⭐TMDB: 73.0% User Score
🎬 #Action #Adventure #Family #History #Mystery #Romance #War #Drama #SciFi #Fantasy
🗓 1992-2000 🎞 tv series
📺 #720p
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Adventures of Young Indiana Jones (1999)
အရင်ခေတ်က ကားမို့ 1080p အကြည်တော့မရှိပါဘူး ။ Indiana Jones ရဲ့နောက်ဆုံးဇာတ်ကားကြီးကိုကြည့်ရဖို့မဝေးတော့တဲ့အချိန်မှာ Indiana Jones အငွေ့အသက်တွေအပြည့်နဲ့Indiana Jones ကြီးကိုငယ်မူငယ်သွေးနဲ့မြင်ရမယ့်ဇာတ်လမ်းတွဲတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ သူကတော့ The Adventures of Young Indiana Jones ပဲဖြစ်ပြီး Episdoe တစ်ခုကို တစ်နာရီခွဲစာအပိုင်းတွေဖြစ်တဲ့အတွက် ရုပ်ရှင်ကားတစ်ကားလိုတစ်ဝကြီး ခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Indiana Jones ရဲ့ငယ်ဘဝဖြစ်တဲ့ မိခင်၊ဖခင်ဖြစ်သူတို့နဲ့ ကမ္ဘာပတ်ခရီးလှည့်လည်ရာကနေ ရှေးဟောင်းသုသေသနဝါသနာအမြစ်တွယ်လာခဲ့ပုံ၊ဘာသာစကား၊ ဗဟုသုတ အစရှိတဲ့နေရာတွေမှာအရွယ်နဲ့မလိုက်အောင်ပညာရင့်သန်လာပုံတွေနဲ့အတူ လူငယ်တစ်ယောက်ဖြစ်လာချိန်မှာ ၂၀ ရာစုအစောပိုင်း အကြီးကျယ်ဆုံးပုဂ္ဂိုလ်တစ်ချို့နဲ့တွေ့ဆုံခဲ့ပြီး သမိုင်းဝင်ဖြစ်ရပ်တွေမှာ ဝင်ရောက်စွန့်စားခဲ့ပုံတွေကိုရှုစားကြရမှာပါ။
Indiana Jones ရဲ့မူလဖန်တီးရှင် George Lucas ရဲ့လက်ရာပဲဖြစ်ပြီး အာမခံပရိသတ်တွေအတွက်တကယ့် ရတနာတစ်ပါးပဲဖြစ်ပါတယ်။ File size…(547MB)...
Take Care of Maya (2023)
⭐IMDB: 7.8/10 (6 k Votes)
🎬 #Documentary
🗓 2023 🎞 movie
📺 #720p #1080p
💿 595.9 MB ⦿ 1.9 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Take Care of Maya (2023)==================IMDb Rating – 7.8/10
Netflix ရဲ့ မှတ်တမ်းရုပ်ရှင်ကောင်းတစ်ခုဖြစ်ပြီး Ratingလည်း 7.8 အထိရထားပါတယ်။ Take care of Maya ဆိုတာမာယာကိုဝါစကီးဆိုတဲ့ကောင်မလေး အသက်ဆက်ရှင်နိုင်ဖို့ကြိုးစားရင်း အမေရိကန် ဆေးဘက်ဆိုင်ရာနဲ့ တရားဥပဒေရေးရာမှာ အတော်လေးပွဲဆူသွားတဲ့ case ပါ။
မာယာဟာ ငယ်စဉ်ကကျန်းမာပေမယ့် 10 နှစ်သမီးလောက်မှာထူးဆန်းတဲ့ အာရုံကြော ရောဂါတစ်ခုကိုခံစားလာရပါတယ်။CRPS လို့ခေါ်တဲ့ ရောဂါကြောင့်ခြေထောက်တွေလက်တွေမလှုပ်ရှားနိုင်အောင်ဖြစ်ပြီး ခန္တာကိုယ်အနှံ့ နာကျင်မှုတွေလည်းဖြစ်လာပါတယ်။ သာမန်ဆေးထိုးဆေးကုနဲ့ပျောက်တဲ့ရောဂါမဟုတ်ပဲ ကြာလေ ဆရာ၀န်တွေလည်း အဖြေရှာမတွေ့နိုင်အောင်ဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ဘီရတာကိုဝေါစကီးကိုလည်း စိတ်ပုံမှန်မဟုတ်ဘူးဆိုပြီး စွပ်စွဲပြီး ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့က အုပ်ထိန်းခွင့်ယူလိုက်ပါတယ်။
သောကတွေများနေတဲ့ မိခင်ဘီရတာက အဆုံးစီရင်သွားမှ အမှုကပိုရှုပ်ထွေးလာပါတော့တယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကောင်းဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Mat Kilau: Kebangkitan Pahlawan (2022)
⭐IMDB: 5.6/10 (2 k Votes)
🎬 #Action #History #War #Adventure #Drama #Thriller
🗓 2022 🎞 movie
📺 #1080p #720p
💿 1.6 GB ⦿ 2.9 GB
🌎 #Malaysia
⏰ 1 နာရီ 57 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 5.6 အထိရရှိထားတဲ့မလေးရှားအက်ရှင် ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး ဗြိတိသျှတွေနယ်ချဲ့ခံနေရတဲ့မလေးလူမျိုးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ကတော့ မက်ကီလူဆိုတဲ့မလေးစစ်သည်တစ်ယောက်ဖြစ်ပြီးဗြိတိသျှတွေကိုဆန့်ကျင်တဲ့နေရာမှာ သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့မလေးကျွန်းငယ်လေးတစ်ခုကိုနယ်ချဲ့တွေကမလိမ့်တပတ်နဲ့လာအုပ်စိုးနေပြီးမက်ကီလူတို့စစ်သည်တွေကနယ်ချဲ့တွေကိုပြန်တော်လှန်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ အကြီးအကဲတွေနဲ့ရွာသားတော်တော်များများကသက်သာရာမှာနေချင်ကြပေမဲ့မက်ကီလူတို့ကတော့နယ်ချဲ့လက်အောက်ကကျွန် မဖြစ်ချင်တာကြောင့်ရရာလက်နက်စွဲကိုင်ပြီးတိုက်ခိုက်ကြပါတော့တယ် ဘာသာတရားရဲ့အဆုံးအမတွေနဲ့သစ္စာတရားကိုအခြေခံထားတဲ့မက်ကီလူတို့လူမျိုးတွေကနယ်ချဲ့တွေကိုမောင်းထုတ်နိုင်ပါ့မလား မမျှတတဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ...
Safe House 1618 (2021)
⭐IMDB: 3.7/10 (136 Votes)
🎬 #Crime #Horror #Thriller
🗓 2021 🎞 movie
📺 #720p #1080p #480p
💿 1.1 GB ⦿ 580.2 MB ⦿ 263.8 MB ⦿ 580.3 MB
🌎 #UnitedStates
⏰ 1 နာရီ 43 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Safe House 1618 (2022)
ဇာတ်လမ်းလေးရဲ့ အစမှာတော့ လွင်တီးခေါင်တစ်နေရာမှာ လူတစ်ယောက်ရဲ့ လက်နှစ်ဖက်ကို ကြိုးတုပ်ထားပြီးအမည်မသိလူတစ်ယောက်က ရက်ရက်စက်စက် သတ်ပစ်ထားပုံနဲ့ စထားပါတယ်ထိုသူရဲ့ နာမည်ကတော့ No One လို့သိရပြီး ကြေးစားတစ်ယောက်ဖြစ်ပုံရပါတယ်နောက်တစ်နေရာမှာတော့ အမျိုးသမီးသုံးယောက်နဲ့ ယောက်ျားတစ်ဦးဟာ ခိုလှုံအိမ်လေးတစ်လူံးဆီကို တစ်နေရာရာကနေ ထွက်ပြေးလာကြပုံရပါတယ်အဲဒီအမျိုးသမီးသုံးဦးဟာ ညီအစ်မတွေဖြစ်ကြပြီး ဖမ်း၀ရမ်းလည်း ထုတ်ခံထားရသူတွေဖြစ်ပါတယ်အသက်ဘေးကနေ ထွက်ပြေးလာသလို ပုံဖော်ထားတဲ့ အဲဒီအုပ်စုဟာဘယ်လိုအကြောင်းအရင်းတွေကြောင့် ထွက်ပြေးလာရပြီး ဒီ ခိုလှုံအိမ်မှာ လာသောင်တင်နေရပါသလဲNo One ကရော ဘယ်လိုအခန်းကဏ္ဍမှာ ပါ၀င်လာမှာလဲသူတို့ရဲ့ နောက်ကြောင်းဇာတ်ထုပ်ကို တဖြည်းဖြည်းဖြည်ချရင်းနဲ့ခိုလှုံတဲ့အိမ်ကြီးထဲမှာရော သူတို့ဘေးကင်းလုံခြုံစွာ နေနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Chuckပဲ ဖြစ်ပါတယ်။...
Killer Joe (2011)
⭐IMDB: 6.7/10 (81 k Votes)
🎬 #Crime #Drama #Thriller
🗓 2011 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 1.7 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Killer Joe ဇာတ်ကားဟာ 2013 ခုနှစ် COFCA Award မှာ Best Overlooked Film အပါအဝင် တခြားသော ဆုပေးပွဲတွေမှာပါ 9 wins တိတိရရှိခဲ့တဲ့ Crime Drama တစ်ခုပဲဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် 2014 ခုနှစ် Best Performance by an Actor in a Leading Role နဲ့ အော်စကာဆုရရှိခဲ့သူ မင်းသားကြီး Matthew McConaughey ကို Killer Joe အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Drug Dealer တစ်ယောက်ဖြစ်တဲ့ ခရစ်က အကြွေးပိပြီး အမေဖြစ်သူထားထားတဲ့ အသက်အာမခံကြေးကို မျက်စေ့ကျရာက အမေ့ကို သတ်ပြီး အသက်အာမခံကြေးတွေကို သိမ်းဖို့ အဖေဖြစ်သူနဲ့အတူ ပေါင်းကြံရာက ဇာတ်လမ်းစပါတယ်။ ခရစ်နဲ့ သူ့အဖေက သူ့တို့ရဲ့ ညီမဖြစ်သူ ဒေါ့တီဟာ အမေဖြစ်သူရဲ့အမွေစားအမွေခံဖြစ်လိမ့်မယ်လို့ တစ်ထစ်ချယုံကြည်ပြီး ဒီအစီအစဉ်ကိုဆွဲ၊ စုံထောက်တစ်ယောက်တစ်ဖြစ်လဲ အချိန်ပိုင်းလူသတ်သမားတစ်ယောက်ဖြစ်တဲ့ Killer Joe ကို ငှားခဲ့ကြပေမဲ့ အခြေအနေတွေက သူတို့စီစဉ်ထားတဲ့အတိုင်း ဖြစ်လာပါ့မလား။ ပလော့တွစ်တွေနဲ့အတူ ကြည့်ရှုသွားရမဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်...
The River Wild (2023)
⭐IMDB: 5.5/10 (2 k Votes)
🎬 #Adventure #Mystery #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 1.9 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb RATING – 5.4/10 အခုပရိတ်သတ်ကြီးအတွက် thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… အလုပ်ပိတ်ရက်မှာ အစ်ကိုဖြစ်သူဆီကို အလည်ရောက်လာခဲ့တဲ့ Joey နဲ့အတူ မြစ်ကြောင်းခရီးစဉ်လေးတစ်ခုသွားဖို့အတွက် စီစဉ်ခဲ့ကြပါတယ် အဲဒီခရီးစဉ်မှာ သူတို့နဲ့အတူလိုက်ပါလာတဲ့ Trevor က တကယ်တမ်းတော့ ရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး တခြားနိုင်ငံတစ်ခုကို နယ်စပ်ကနေထွက်ပြေးဖို့ တိုးတိုးတိတ်တိတ် ကြံစည်နေခဲ့တာကို သူတို့ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး အခြေအနေမှန်ကို သိသွားတဲ့အချိန်မှာတော့ Trevor က သူတို့အားလုံးကိုရန်ပြုခဲ့ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အထိ ပြုမူလာပါတော့တယ် သူလွတ်မြောက်ဖို့အတွက် အားလုံးကို ဓားစာခံအဖြစ်အသုံးချပြီးဆွဲခေါ်လာခဲ့ပေမဲ့ လမ်းခရီးမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေကြောင့် အခြေအနေတွေက အားလုံးရှုပ်ထွေးသွားခဲ့ပါတယ် ဒီအန္တရာယ်ကနေ Joey တို့ ဘယ်သူတွေ လွတ်မြောက်ပြီးအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကို ဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်...
Dead in a Week Or Your Money Back (2018)
⭐IMDB: 6.3/10 (7 k Votes)
🎬 #Comedy #Drama #Action
🗓 2018 🎞 movie
📺 #720p #1080p
💿 679.2 MB ⦿ 1.5 GB
🌎 #UnitedKingdom
⏰ 1 နာရီ 30 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dead in a Week Or Your Money Back (2018)
~ IMDb – 6.3/10, Rotten Tomatoes – 52% ~
အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဝီလျံ ဆိုတာကတော့ အချိန်တိုင်း စိတ်ဓာတ်ကျနေတဲ့ စာရေး၀ါသနာပါသူ ဒီပရက်ရှင်ကောင်ဆိုးလေးပါ။ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလည်း ခဏခဏပါပဲ။ လောကကြီးမှာ အသုံးမကျဘူး လို့ ကိုယ့်ကိုယ်ကိုယ် မြင်လို့ အဆုံးစီရင်ကာမှ အဆုံးစီရင်တဲ့နေရာမှာပါ အသုံးမကျလို့ ဆယ်ခါတိတိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတောင် မအောင်မြင်ခဲ့ပါဘူး။ ကားတိုက်မိတာတောင် တိုက်တဲ့ကားက အရေးပေါ်ကား ဖြစ်နေမိတတ်တာမျိုးပါ။
ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ရေငတ်တုန်း ရေတွင်းထဲကျတဲ့အလား ဝီလျံတစ်ယောက် လူသတ်၀န်ဆောင်မှုပေးတဲ့ လုပ်ကြံရေးသမား အဘိုးကြီး လက်စ်လေ နဲ့ တွေ့ပြီး သူ့ကို သတ်ပေးဖို့ ငှားပါတော့တယ်။
ဒီအချိန်မှာပဲ သူရေးတဲ့စာအုပ်လေးကို စိတ်၀င်စားလို့ ဆက်သွယ်လာတဲ့ စာအုပ်တိုက်ကနေ မိန်းမချောလေး အယ်လီနဲ့ ဆုံလာတဲ့အချိန်မှာ သေချင်တိုင်း သေလို့မရတဲ့ ဝီလျံရယ်၊ ပဲလှော်ကြား ဆားညပ်မယ့် အလှလေး အယ်လီရယ်၊ အလုပ်အပေါ် အရမ်းသိတတ် တာ၀န်ကျေပြီး ဝီလျံကို မရရအောင် သတ်ပေးမယ့် လုပ်ကြံရေးသမားကြီး လက်စ်လေတို့ သုံးယောက် ဘယ်လိုတွေလွဲပြီး ဘယ်လိုတွေ ခွီရမလဲ ဆိုတာ ဒီ Dark Comedy ရုပ်ရှင်လေးမှာ ကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုChuckမှ ပြန်ဆို ရေးသားထားပါတယ်)...
Firestarter (1984)
⭐TMDB: 63.0% User Score
🎬 #Action #Horror #SciFi #Thriller #ScienceFiction
🗓 1984 🎞 movie
📺 #720p #1080p
💿 884.2 MB ⦿ 2.4 GB
🌎 #UnitedStates #Canada #Japan #UnitedStatesofAmerica #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Firestarter (1984)
King of Horror လို့တင်စားခံထားရတဲ့ စာရေးဆရာကြီး Stephen King ရဲ့ နာမည်တူ Firestarter (1980) ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ပထမဇာတ်ကားပေါ့။
အန်တီ Drew Barrymore ကလေးပေါက်စဘဝက ရိုက်ကူးထားတာဖြစ်ပြီး Cast တွေကလည်း ကြမ်းသလို ဒီဇာတ်ကားက စူပါဟီးရိုးကားဆန်ဆန် ရိုက်ထားတဲ့ Firestarter (2022) ထက်စာရင် စာအုပ်ရဲ့ အနှစ်သာရနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ ဇာတ်ကားနှစ်ခုလုံးက သူ့အတိုင်းအတာနဲ့သူ အထိုက်အလျှောက်အောင်မြင်မှုတွေ ရခဲ့တာကတော့ အသေအချာပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရူးမက်ဂီးနဲ့ ဗစ်ကီ (ခေါ်) ဗစ်တိုးရီးယားတို့ The Shop လို့ခေါ်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုမှာ လုပ်အားပေးအနေနဲ့ ငွေရှာရင်းတွေ့ကြပါတယ်။ ဆေးကအစွမ်းပြလာတဲ့အချိန် တစ်ယောက်ရဲ့အတွေးကို တစ်ယောက်က ကြားရပြီး စိတ်စွမ်းအင်တွေရလာပါတယ်။ ပြီးတော့ ရှေးရေစက်ကြောင့် နှစ်ယောက်သား နီးစပ်သွားတယ်ပေါ့ဗျာ။
သူတို့နှစ်ယောက် အိမ်ထောင်ကျပြီး ကောင်မလေးတစ်ယောက်မွေးလာပါတယ်။ စိတ်စွမ်းအားရှင် အဖေနဲ့အမေကမွေးလာတဲ့ ဒီကောင်မလေးက စိတ်ရှိသလိုတွေ့တဲ့အရာဝတ္ထုတိုင်းကို မီးတိုက်နိုင်တဲ့အစွမ်းရှိနေပါတယ်။
နျူကလီးယားဗုံးတစ်လုံးလို စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးမကို The Shop က စမ်းသပ်လေ့လာဖို့အတွက် ခေါ်ချင်ပေမဲ့ မိဘတွေကတော့ မထည့်ချင်ပါဘူး။ အဲဒီလိုနဲ့ The Shop ဖက်က အတင်းအကြပ် လုယူဖို့ကြိုးစားတဲ့အချိန်မှာ ကလေးအမေက သေသွားပြီး ကလေးနဲ့ကလေးအဖေနဲ့က ထွက်ပြေးရပါတော့တယ်။ နောက်တော့ ကလေးကို The Shop အဖွဲ့က ပြန်မိသွားပြီး စမ်းသပ်မှုတွေလုပ်ပါတော့တယ်။ လမ်းလျှောက်နေတဲ့ နျူကလီးယားဗုံးလေးကို စိတ်ဆိုးအောင် လုပ်မိသွားတဲ့အချိန်မှာတော့…
Box Office နဲ့ တွက်မယ်ဆိုရင် 2022 ကားထက် ဒီဇာတ်ကားကတောင် ပိုအောင်မြင်တယ်လို့ ပြောလို့ရပါသေးတယ်။ ဒါပေမဲ့ ခုခေတ် အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ Effect တွေနဲ့ သရုပ်ဆောင်ပုံတွေ ကွာနေတော့ တစ်မျိုးဖြစ်နေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Drew Barrymore နဲ့ တူတူမီးမွှေးလိုက်ကြပါစို့လား။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Three Colors: Blue (1993)
⭐TMDB: 77.0% User Score
🎬 #Drama #Music #Mystery #Romance
🗓 1993 🎞 movie
📺 #720p #1080p
💿 991.5 MB ⦿ 2.9 GB
🌎 #France #Poland #Switzerland
⏰ 1 နာရီ 38 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Three Colors: Blue (1993)Genre – Drama, Music, MysteryIMDB – 7.9/10
ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။
ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော်
အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီး
ယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။
အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့
ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေ
ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့
ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေ
အချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကို
အပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေ
အရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။
မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့
ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းက
လှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။...
The Sitter (2011)
⭐IMDB: 5.6/10 (72 k Votes)
🎬 #Comedy
🗓 2011 🎞 movie
📺 #1080p #720p
💿 1.0 GB ⦿ 1.7 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The wolf of Wall Street ကြည့်ဖူးသူတိုင်း Jonah Hill ကို မှတ်မိကြမယ်ထင်ပါတယ် ဒီတစ်ခါမှာတော့ သူဟာ ကလေးထိန်းရင်း တိုင်ပတ်တဲ့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကိုကြည့်ရမှာဖြစ်ပါတယ် နိုအာဆိုတဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တဲ့သူဟာ တစ်ရက်မှာတော့ သူ့အမေအစား ကလေးထိန်းပေးဖို့ဖြစ်လာပါတော့တယ် သူ့ကိုသူ စိုးရိမ်လွန်တတ်တဲ့ရောဂါရှိတယ်လို့ ထင်နေတဲ့ စတေလာ အမြဲ လူကြီးတစ်ယောက်လို နေချင်နေတဲ့ ဘလိုက်နဲ့ ရိုဒရီကိုဆိုတဲ့ အမွှေစိန်လေး သုံးယောက်ကို ထိန်းရင်း သူ့ကောင်မလေးက ဆီကိုသွားဖို့အကြောင်းဖြစ်လာပါတော့တယ် ကလေးသုံးယောက်နဲ့ လမ်းမှာ ဘယ်လိုလွဲပြီးရင်းလွဲပြီး အရှုပ်တော်ပုံတွေကို ဘယ်လိုရှင်းမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦးဗျာ...
Three Colors: White (1994)
⭐TMDB: 75.0% User Score
🎬 #Drama #Comedy #Romance #Mystery
🗓 1994 🎞 movie
📺 #720p #1080p
💿 999.0 MB ⦿ 3.0 GB
🌎 #Switzerland #France #Poland
⏰ 1 နာရီ 32 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Three Colors: White (1994)Genre – Comedy, Drama, RomanceIMDB – 7.6/10
ဒုတိယကားကျ အဖြူရောင်၊ သူက ညီမှုမှုကို ကိုယ်စားပြုတာ။
ဒီဇာတ်လမ်းကျ မင်းသမီးဇာတ်မဟုတ်တော့ဘူး မင်းသားဇာတ် ဖြစ်သွားတယ်။
ပိုလန်နိုင်ငံသား ဆံပင်ပညာရှင် ကာရိုးလ်ဆိုတာ ပြင်သစ်နိုင်ငံသူ
ချောချောလေးနဲ့ အိမ်ထောင်ကျထားတာ ဒါပေမဲ့ ၆ လလောက်ကြာတော့
မိန်းမဖြစ်သူက အသုံးမကျလို့ ကွာရှင်းလိုက်လို့
နိုင်ငံစွန့် အလုပ်စွန့်ပြီး ပြင်သစ်ကို တရားခွင်မှာ ကွာရှင်းဖို့ လိုက်လာတယ်။
ဒါပေမဲ့ မိန်းမက ဆုံးဖြတ်ချက် ပြတ်သားနေတဲ့အတွက်
ပူးပေါင်းဖွင့်ထားတဲ့ လုပ်ငန်းလည်းရှုံး အဝတ်အိတ်တစ်ခုနဲ့ ပိုက်ဆံမရှိပဲ
ပြင်သစ်မှာ ခွေးလုံးလုံး ဖြစ်သွားပါတော့တယ်။
ဒီလိုနဲ့ မြေအောက်ဘူတာရုံထဲ ဖြစ်သလို ရှင်သန်နေရင်း
ပိုလန်နိုင်ငံသားချင်းတူတဲ့ ဘဲကြီးတစ်ပွေနဲ့ တွေ့ပြီး
အပြောင်းအလဲတွေဖြစ် မိန်းမဖြစ်သူကို ပြန်လိုက်ဖို့ ကြိုးစားရတာကို ကြည့်ရမှာပါ။
သူက ဘဲကြီးတလွဲတွေဖြစ်တာကို ပြထားပြီး
ဟာသဆိုပေမဲ့လည်း ရယ်အားထက် ငိုအားသန်လေးတွေပါ
ပြီးတော့ ညီမျှမှုကို ကိုယ်စားပြုတဲ့ဟာက
နောက်ဆုံး ဇာတ်သိမ်းမှာ စပရိုက်စ် တိုက်သွားဦးမှာပါ။
ဒီကားထဲက မင်းသမီးနေရာကတော့ Before Trilogy ထဲက
ပြင်သစ်မင်းသမီးချော Julie Delpy နုပျိုစဉ်တုန်းက ပါဝင်ပေးထားပါတယ်။...
Three Colors: Red (1994)
⭐TMDB: 80.0% User Score
🎬 #Drama #Mystery #Romance
🗓 1994 🎞 movie
📺 #720p #1080p
💿 809.2 MB ⦿ 2.4 GB
🌎 #France #Switzerland #Poland
⏰ 1 နာရီ 40 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Three Colors: Red (1994)Genre – Drama, Mystery, RomanceIMDB – 8.1/10
တတိယမြောက်နဲ့ နောက်ဆုံးကားကျ အနီရောင် သူက
အသိုင်းအဝန်း သဟာဇာတ စိတ်ဓါတ်လိုမျိုးပေါ့။
၃ကားထဲမှာ Rating အကြမ်းဆုံး နောက်ဆုံးကား အော်စကာတွေပါ
စကာတင်ဝင်ခဲ့တာ။
ဒီမှာကျ မင်းသမီးဇာတ် ပြန်ဖြစ်သွားပြန်ရော တစ်ကားလုံး အနီရောင်ပစ္စည်းတွေ
ထည့်သွင်းပြသသွားတာတော့ သဘောကျမိတယ်။
ဗယ်လင်တင်းဆိုတဲ့ မော်ဒယ်မလေး ရှိတယ်
ချစ်သူနဲ့ ဖုန်းတပြောပြော ချစ်သူရှိတဲ့ အင်္ဂလန်နောက်
လိုက်ချင်နေတဲ့အပျိုမလေးပေါ့။
တစ်ရက်ကျ ခွေးမလေးတစ်ကောင်ကို ကားနဲ့တိုက်မိရာက
ခွေးပိုင်ရှင် အငြိမ်းစား တရားသူကြီးဟောင်းကြီးနဲ့ ဆုံပါလေရော။
ဆုံတဲ့အပြင် ဒီလူကြီးရဲ့ ထူးဆန်းတဲ့အကျင့်ကိုပါ
တွေ့သွားခဲ့တာ ဘာထူးဆန်းတာလဲဆိုတော့
ဒီဘဲကြီးက ပတ်ဝန်းကျင်နားကလူတွေရဲ့ ဖုန်းလိုင်းကို
ကြားကဖြတ်နားထောင် စပိုင်လုပ်နေတာပဲ။
အဲဒီမှာ ဒီလူကြီးနဲ့ တွေ့ပြီး ဘာဆက်ဖြစ်ကြမလဲဆိုပြီး
စိတ်ဝင်စားဖွယ် ရိုက်ထားတာ ကြည့်ရမှာ သူကျ။
ဒီကားထဲမှာလည်း ချစ်စရာမော်ဒယ်မလေးအဖြစ်
ဆွစ်ဇာလန်မင်းသမီး Irène Jacob က ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။
ဇာတ်သိမ်းမှာလည်း ၃ ကားလုံး ကြည့်ထားတဲ့လူတွေကို
စပရိုက်စ် တိုက်သွားပါသေးတယ်လို့ ပြောရင်း
ဆွေးမြေ့ဝိုင်ဖြစ်တဲ့ ပြင်သစ်သုံးရောင်ခြယ်လေးကို
ခံစားကြည့်လိုက်ရအောင်ဗျာ။...
A Compassionate Spy (2022)
⭐IMDB: 6.6/10 (98 Votes)
🎬 #Documentary
🗓 2022 🎞 movie
📺 #720p #1080p
💿 798.3 MB ⦿ 1.9 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Compassionate Spy (2022)
~ IMDb – 6.6/10, Rotten Tomatoes – 84% ~
ဒုတိယကမ္ဘာစစ်ကာလဟာ လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ စစ်ကြီးတစ်ခုပါပဲ။ အဆိုးဆုံးကတော့ ဟီရိုရှီးမားနဲ့ နာကာဆာကီးကို ကြဲချလိုက်တဲ့ နျူကလီးယားဗုံးနှစ်လုံးဟာ စစ်ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်ရုံမက အရပ်သူအရပ်သားသေဆုံးမှုတွေကိုပါ စစ်ရဲ့အနိဌာရုံအဖြစ် မြင်လိုက်ရတာပေါ့။
ဒါ့အပြင် ဖျက်အားပြင်း လက်နက်ဆန်းက ပေါက်ကွဲမှုမှာ မသေခဲ့တဲ့ ရှင်ကျန်သူတွေကိုပါ အကြောင်းရင်းမသိရဘဲ တဖြုတ်ဖြုတ်သေကုန်အောင် စွမ်းပါသေးသတဲ့။ ဒီလောက်အားကောင်းတဲ့ လက်နက်ဆန်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံက ဖက်ဆစ်ဂျာမန်၊ အီတလီနဲ့ ဂျပန်တို့ကို အပြတ်အသက် အနိုင်ယူနိုင်ခဲ့တာပေါ့။
ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဒီလိုဝရဇိန်လက်နက်ကို တစ်နိုင်ငံတည်းက ပိုင်ထားရင် Power Play မဖြစ်တော့ဘူးပေါ့။ အနိုင်ကျင့်မယ်။ ထစ်ခနဲရှိရင် ဗုံးကြဲချမယ်။ တစ်ကမ္ဘာလုံးက သူ့ကို တုန်နေအောင် ကြောက်ရမယ်။ ဒီလိုနဲ့ ကမ္ဘာကြီးမှာ အသေအပျောက်တွေများလာပြီး ဒုက္ခကပ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားမှာပါပဲ။
မိသားစုတစ်ခုရှိတယ်ဗျ။ သိပ်တော်တဲ့ သိပ္ပံပညာရှင်တွေ စုဝေးရာပေါ့။ သူတို့ထဲက ညီအစ်ကိုနှစ်ယောက်အကြောင်း ပြောရအောင်…
အစ်ကိုလုပ်တဲ့သူက နျူကလီးယားထိပ်ဖူးကိုတင်ဆောင်ပြီး ကမ္ဘာ့တိုက်ကြီးတစ်ခုအတွင်း ကြိုက်တဲ့နေရာကို တိုက်ရိုက်ရောက်အောင်ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို တီထွင်တဲ့သူတွေထဲကတစ်ယောက်။
သူ့ရဲ့ညီက ဟီရိုရှိးမားနဲ့ နာကာဆာကီးကို ကြဲချခဲ့တဲ့ နျူကလီးယား ပထမမျိုးဆက်ဗုံးကို တည်ဆောက်တဲ့နေရာက ပညာရှင်တစ်ဦး။ အနုမြူဗုံးတစ်လုံးမှာ အရေးကြီးတဲ့ ပေါက်ကွဲအားလောင်စာ ယူရေနီယံသတ္ထုသန့်စင်ရေးဖြစ်စဉ်၊ ပိုအားကောင်းတဲ့ ပေါက်ကွဲမှုဖြစ်ရအောင် အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲရတဲ့ဖြစ်စဉ်တွေရှိတယ်။
အဲဒီအထဲကမှ အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲခဲ့တဲ့ ပညာရှင်လေး။ သူတို့အဖွဲ့ ဗုံးစမ်းသပ်မှုလုပ်ပြီး အောင်မြင်ခဲ့ချိန်မှာ လူအများပျော်နေချိန် အခန်းပြန်ပြီး တိတ်တဆိတ်ထိုင်နေတဲ့သူ။ ဒီလိုလက်နက်ဟာ တစ်ဦးတည်းပိုင်ထားရင် ကမ္ဘာအတွက် ကပ်ဆိုးတွေယူလာမယ်ဆိုတာ သူသိခဲ့တယ်။
သူထင်တဲ့အတိုင်းပဲ ဟီရိုရှီးမားနဲ့ နာကာဆာကီကို ဗုံးနှစ်လုံးကြဲချလိုက်တဲ့ အမေရိကန်ဟာ သူ့ရဲ့စစ်ဦးကို ဖက်ဆစ်တွေကနေ ဆိုဗီယက်ပြည်ထောင်စုကို လှည့်သွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုတစ်ခုလုံး ပျက်သုဉ်းအောင် ဗုံးပေါင်းများစွာ ကြဲချတော့မယ့် အစီအစဉ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေတယ်။
နျူကလီးယားဗုံးတစ်လုံး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ စာရွက်စာတန်းနဲ့ နည်းပညာတွေကို ဆိုဗီယက်ပြည်ထောင်စုဆီ လျှို့ဝှက် ပေးပို့လိုက်ပါသတဲ့။ ဒီလိုနဲ့ အမေရိကန်စစ်သားလေးဟာ နျူကလီးယား အက်တမ်နည်းပညာတွေ ကဲ့ထုတ်လိုက်တဲ့ ဆိုဗီယက်သူလျှိုလေး ဖြစ်သွားပါလေရော။
ဒီရုပ်သံမှတ်တမ်းက လူတော်တော်များများ မသိရသေးတဲ့အချက်ကြီးကို ဖွင့်ချထားတာပါ။ ရုပဗေဒပညာရှင်လေး သီအိုဒေါ အယ်လ်ဗင် ဟော ရဲ့ သူလျှိုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ အဖျားဆွတ်ခေါ်တော့ တက် သို့မဟုတ် တက်ဒီ လေးပေါ့ဗျာ။ နျူကလီးယားဗုံးနည်းပညာကို ရုရှားတွေ ရှာဖွေတွေ့ရှိတီထွင်ခဲ့တာမဟုတ်ဘဲ အမေရိကန်တွေဆီက စိမ့်ထွက်လာတယ်ဆိုတာကို အထိတ်တလန့်သိလိုက်ရမယ့် ရုပ်သံမှတ်တမ်းပါ။
ဘယ်လိုပဲပြောပြော တက်ရဲ့ဆုံးဖြတ်ချက် မှန်လို့ ဒီအချိန်အထိ တတိယကမ္ဘာစစ်မဖြစ်သေးတာလား။ သူ့ဆုံးဖြတ်ချက်မှားခဲ့လို့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံအထိရှိသွားပြီး မီးပွားတစ်ခုကျလိုက်တာနဲ့ နျူကလီးယားစစ်ပွဲဖြစ်လို့ ကမ္ဘာကြီး တစ်ရက်တည်းပျက်သွားမယ်လို့ အပြစ်တင်မလားဆိုတာကတော့ လူကြီးမင်းရဲ့ ပုဂ္ဂိုလ်ရေးအတွေးအမြင်သာ ဖြစ်ကြောင်းပါခင်ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...
The Lost Flowers of Alice Hart (2023-2023)
⭐IMDB: 8.1/10 (1 k Votes)
🎬 #Drama #Mystery
🗓 2023-2023 🎞 tv mini series
📺 #1080p
🌎 #Australia #UnitedStatesofAmerica
⏰ 1 နာရီ 2 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lost Flowers of Alice Hart (2023) Genre – Drama
IMDB – 8.1/10
IMDB 8.1 ရရှိထားတဲ့ ၇ ပိုင်း မီနီ ဒရမ်မာစီးရီးကောင်း အသစ်ဖြစ်ပါတယ်။သြစတြေးယား ရှုခင်းအလှအပတွေနဲ့ ဆိုးဝါးတဲ့ ငယ်ဘဝနဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Avator တို့Alien တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးကြီး Sigourney Weaver ကလည်းအားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းလေးကတော့ အဲလစ်စ်ဆိုတဲ့ကောင်မလေးဟာ မိဘဖြစ်သူတွေနဲ့လူသူကင်းဝေးရာမှာ နေထိုင်ပါတယ်။ စာဖတ်ရတာလည်း အလွန်နှစ်ခြိုက်တဲ့ကောင်မလေးပေါ့။ မိခင်ဖြစ်သူကလည်း မောင်လေးလား ညီမလေးလားမွေးပေးတော့မယ့်အချိန်ပါ။ အဖေကလည်း ချစ်တယ်ဆိုပေမဲ့ ချုပ်ချယ်ပြီးလက်ပါတဲ့အထိ ဆုံးမတတ်လို့ တစ်ခါတရံ ပွန်းပဲ့နေတတ်တဲ့ကောင်မလေးမျိုးပေါ့။ဒီလိုနဲ့ တစ်ရက်ကျ သူတို့မိသားစုဘဝ ကံဆိုးမိုးမှောင်ကျပြီး တစ်အိမ်လုံး မီးလောင်ကျွမ်းကာ အမေရော အဖေရော သေဆုံးတဲ့အထိ ဖြစ်ကာ သူကိုယ်တိုင်လည်း မနည်းအသက်ကယ်ထားရတာပါ။ ဒီလိုနဲ့ မွေးစားမယ့်လူမရှိတုန်း သဘောကောင်းသူစာကြည့်တိုက်မှုးက မွေးစားချင်ပေမဲ့ အဖေဖက်က အဖွားဖြစ်သူ ရောက်လာပြီးမွေးစားသွားပါတယ်။ ဒီလိုနဲ့ အဖွားဖြစ်သူဆီ ကြီးပြင်းလာတဲ့အချိန်ကျ သူတို့ မိသားစုတွေကြားမှာရော သူ့အကြောင်းတွေရော လျှို့ဝှက်ချက်တွေ ရှိလာတယ်ဆိုတာ သိလာရပါတော့တယ်။ ကောင်မလေးတစ်ယောက် ချစ်တဲ့လူအတွက် ဘဝကို တိုက်ပွဲဝင်ရင်းရှုပ်ထွေးလှတဲ့ အတိတ်ဇတ်ကြောင်းတွေနဲ့အတူ ဖြတ်သန်းရတာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ File Size – 770MB / 270MBQuality –1080p / 720pDuration – 1h (@Episode)Total Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama...
The Hit List (2011)
⭐IMDB: 5.3/10 (12 k Votes)
🎬 #Action #Thriller
🗓 2011 🎞 movie
📺 #720p #1080p
💿 590.2 MB ⦿ 1.4 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အယ်လန် ကမ့်ဘဲလ်ဆိုတာက အရှုံးသမား အကြွေးကဝိုင်း
မိန်းမကလည်း အချစ်ဆုံးသူငယ်ချင်းနဲ့ဖောက်ပြန်
အလုပ်မှာ ရာထူးတိုးကလည်းမရ။
ဒီလိုနဲ့ပဲ ညဘက်အရက်ဆိုင်မှာမှောက်ဖို့ကြံနေတဲ့သူ့ဆီကို
မိတ်ဆက်လာတာကတော့ ဂျိုးနားစ် အာဘာ။
အထူးအေးဂျင့်အနေကနေ ပြေးလာပြီးတော့ ဒီမြို့လေးမှာ
အချိန်လာဖြုန်းလုပ်ချင်ရာလုပ်နေတဲ့လူ။ အ
ယ်လန်ရင်ဖွင့်သမျှကြားပြီး ဂျိုးနားစ်က သူ့ကိုကမ်းလှမ်းခဲ့တာက
အယ်လန်အမုန်းဆုံးလူ နာမည်ငါးခုချရေး ဂျိုးနားစ်ကရှင်းပေးမယ်။
ဂျိုးနားစ်ကတော့မယုံမကြည် မူးမူးနဲ့ရေးပေးလိုက်ပြီး
နောက်နေ့မနက် ပထမတယောက်ကို တကယ်ဖြစ်လာတဲ့အခါမှာတော့
အယ်လန်တယောက် ကျန်တဲ့လူတွေကိုပါ ဂျိုးနားစ်ရဲ့ရန်ကနေ
ကာကွယ်ဖို့ကြိုးစားရပါတော့တယ်။
ဂျိုးနားစ်ရဲ့ကစားပွဲအောက်မှာ အယ်လန်တယောက်
စာရင်းထဲပါသူတွေကို ကယ်တင်နိုင်ပါ့မလား။
ဂျိုးနားစ်ကရော ဘာဖြစ်လို့ ဒီလိုမျိုးလုပ်နေတာလဲ။
ဒီကစားပွဲရဲ့အဆုံးသတ်မှာ သူတို့နှစ်ယောက်ထဲက
ဘယ်သူကအောင်မြင်သွားမလဲဆိုတာကိုCMပရိတ်သတ်ကြီးက
ဒီဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။...
Tu Jhoothi Main Makkaar (2023)
⭐IMDB: 6.0/10 (24 k Votes)
🎬 #Bollywood #Comedy #Romance
🗓 2023 🎞 movie
📺 #4K #1080p #720p
💿 10.6 GB ⦿ 2.9 GB ⦿ 1.3 GB
🌎 #India
⏰ 2 နာရီ 41 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tu Jhoothi Main Makkar (2023)IMDb – 6.7 / 10
ဒီတစ်ခေါက်မှာကတော့ ဟာသဆန်ဆန်နဲ့အချစ်ဇာတ်လမ်းလေးကို သဘောကျကြသူတွေအတွက်နာမည်ကြီးမင်းသားချော Ranbi Kapoor နဲ့ မင်းသမီးချောလေး Shraddha Kapoor တို့ပါဝင်သရုပ်ဆောင်ထားပြီး Box Office ၂၁၉.၇၂ကုဋေအထိရရှိထားတဲ့Tu Jhoothi Main Makkarဆိုတဲ့ လတ်လတ်ဆတ်ဆတ်ထွက်ရှိလာတဲ့ဟာသအချစ်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်
မစ်ကီဆိုတဲ့သူဌေးသားလေးဟာ ချစ်သူတွေကိုလမ်းခွဲရာမှာ ကူညီပေးတဲ့လမ်းခွဲရေးသမားလေးဖြစ်ပါတယ် ကိုယ့်ချစ်သူကိုလမ်းခွဲစကားပြောဖို့အခက်တွေ့နေသူတိုင်းက မစ်ကီကိုအကူညီတောင်းလေ့ရှိပါတယ်ဒီလိုသူများအကျိုးဆောင်ရာမှာ အောင်မြင်ခဲ့တဲ့မစ်ကီတစ်ယောက်ကသူ့အချစ်ဆုံးသူငယ်ချင်း မန်နူကိုသူ့ကောင်မလေးနဲ့လမ်းခွဲပေးဖို့ကူညီရာမှာတော့ ဒုက္ခလှလှတွေ့ပါတော့တယ်
အကြောင်းကတော့ မန်နူရဲ့သတို့သမီးလောင်းဖြစ်သူကင်ချီရဲ့သူငယ်ချင်းတင်နီဆိုတဲ့ မိန်းမလှလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့အတွက်ကြောင့်ပါပဲမစ်ကီတစ်ယောက်သူ့သူငယ်ချင်းကို လမ်းခွဲပေးဖို့အတွက်ဆက်ကူညီပေးလေမလား ဘယ်လိုအလွဲလွဲအချော်ချော်တွေကြုံပြီး ဖြေရှင်းမလဲ ဒါ့အပြင်မိန်းမလှလေးတင်နီနဲ့လမ်းခွဲရေးသမားလေးမစ်ကီကြားကကွာခြားချက်တွေကြောင့်ဘယ်လိုကိစ္စတွေကြုံရမလဲဆိုတာဟာသနှောပြီးရိုဆန်ဆန်လေးဖြစ်တဲ့အချစ်ဇာတ်လမ်းလေးကို ရင်ခုန်စွာကြည့်ရှူ့ရအောင်...
Awakening Spring (2023)
⭐IMDB: 6.6/10 (36 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 659.2 MB ⦿ 1.1 GB
🌎 #China
⏰ 1 နာရီ 44 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘယ်လောက်မှောင်မိုက်တဲ့ညတစ်ည ဖြစ်ပါစေ အာရုဏ်တက်မနက်ခင်း ရောင်နီပျိုးချိန်ဆိုတာ ရောက်လာမှာပါပဲ၊ဒါပေမဲ့ ဘဝပေးအခြေအနေအရ အဲ့ဒါတွေကို မမြင်ရတဲ့စိတ်ပိုင်း/ကျန်းမာရေး/ကိုယ်ခန္ဓာပိုင်းဆိုင်ရာတစ်ခုခုချို့ယွင်းတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုရင်ရော…
“ကျွယ်ရှောင်”ဟာ မိဘမဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ငယ်စဉ်တည်းကမိခင်ရဲ့စွန့်ပစ်သွားမှုကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာရရှိနေသူဖြစ်တယ်လို့ဆိုပြီး သူမကိုမွေးစားပျိုးထောင်ခဲ့တဲ့ဒေါ်လေးဖြစ်သူဟာသူမကို စိတ်ကျန်းမာရေးစင်တာကို ပို့ထားခဲ့ပါတယ်။
ဒီလိုနဲ့ သူမဘဝကို ဝေဒနာတွေကကာရန်လွှမ်းခြုံထားတဲ့အချိန်၊ခိုကိုးရာမဲ့နေချိန် ဆေးရုံမှာ “သိုက်ချွမ်း”နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။
“သိုက်ချွမ်း”ဟာလည်း ထိုနည်းတူ စိတ်ရောဂါ ခံစားနေရသူဖြစ်ပြီး“ကျွယ်ရှောင်”ရဲ့မိခင်ဖြစ်သူဟာ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့မျှော်လင့်ချက်မဲ့စကားတွေ စိတ်ထဲရိုက်သွင်းနေတဲ့လူတွေကြားထဲမှာပထမဆုံးသော သူမကိုယုံကြည်ကူညီပေးခဲ့တဲ့သူ၊သူမနှလုံးသားရဲ့တစ်ခုတည်းသော အလင်းရောင်ဖြစ်ခဲ့ပါတယ်…
ဒါပေမဲ့ နှလုံးသားချင်းဆက်ပြီး အချင်းချင်း မေတ္တာမျှပေမဲ့လဲလက်တွေ့ဘဝရဲ့လောကဓံစမ်းသပ်မှုကို ရင်ဆိုင်ဖို့ဖြစ်လာခဲ့တဲ့အခါ…
-ပြီးပြည့်စုံတဲ့ လူရယ်ဆိုတာမရှိပေမဲ့၊လိုအပ်ချက်ဆိုတာရှိပေမဲ့၊ကံကြမ္မာချို့ယွင်းချက်တွေ ရှိနေတဲ့သူတို့နှစ်ယောက်ရဲ့ လက်တွေ့ဘဝအဆုံးသတ်က ဘာဖြစ်မလဲဆိုတာကို…
CM ပရိတ်သတ်တို့ကြည့်ရှုခံစားနိုင်ရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်။...
Elemental (2023)
⭐IMDB: 7.1/10 (31 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy #Romance #Drama #SciFi
🗓 2023 🎞 movie
📺 #720p #1080p
💿 1.6 GB ⦿ 3.4 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Disney နဲ့ Pixar ရဲ့ နောက်ထပ် ရုပ်ရှင်ကာတွန်းတစ်ခုလာပါပြီ။
ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့
မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို ယူထားတာပါ။
ဒြပ်မြို့တော်ကြီးမှာ ရေ၊ လေ၊ သစ်သား နဲ့ တိမ်တွေ နေကြပေမဲ့
မီးနိုင်ငံကလူတွေကိုတော့ အဝင်မခံပါဘူး။
မီးမျိုးနွယ်တွေဟာ မြို့စွန်တစ်နေရာမှာ မီးမြို့လေးဆောက်ပြီး
သတ်သတ်နေကြရတာပါ။
အဲဒီမီးမျိုးနွယ်တွေထဲမှာ အမ်ဘာဆိုတဲ့ ဒေါသကြီးတဲ့
မီးကောင်မလေးတစ်ယောက်ရှိပါတယ်။
သူဟာ သူ့အဖေရဲ့မီးမုန့်ဆိုင်ကိုလက်လွှဲယူဖို့ စောင့်နေရပြီး
သူ့အဖေကတော့ အမ်ဘာ့ရဲ့ ဒေါသတွေကို ထိန်းနိုင်တဲ့နေ့မှာ
ဆိုင်ကိုလွှဲပေးပြီး အနားယူမှာပါ။
ဒါပေမဲ့ ဆိုင်ကို မဆက်ခံနိုင်ခင်မှာပဲ ရေပိုက်တွေနဲ့
မတော်တဆမှုတွေဖြစ်ပြီး ဆိုင်အပိတ်ခံရမဲ့
ပြဿနာတက်လာပါတယ်။
အဲဒီအချိန်မှာ ရေကောင်လေး တစ်ကောင်နဲ့ခင်မိပြီး
မီးမြို့တော်ထဲကို ရေတွေစိမ့်လာတဲ့ပြဿနာကို
ဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါ…...
