无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Imprisoned Ⅱ : There is No Escape from Fate (2023)
⭐TMDB: 0.0% User Score
🎬 #Crime #Drama
🗓 2023 🎞 movie
🌎 #China #HongKong
⏰ 1 နာရီ 18 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ ၂၀၂၃မှာထွက်တဲ့ Imprisoned ဒုတိယကားဖြစ်ပြီးတော့ဒီကားမှာ ဝူကျိုင်နဲ့ စီးထူးတို့ပြန်ပါလာပေမယ့်အရင်ကားရဲ့ဇာတ်လမ်းနဲ့တော့ဆက်စပ်မှုမရှိပါဘူး။
ဒီကားမှာတော့ ဝူကျိုင်တို့အကျဉ်းထောင်လူထူးလူဆန်းတစ်ယောက်လာခဲ့တယ်။ဒီလူဟာသူ့ရဲ့အတွင်းရေးမှူးကိုသတ်တယ်ဆိုပြီး ထောင်တစ်သက်တစ်ကျွန်းကျထားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူကဘယ်လိုထူးဆန်းတာလဲဆိုတော့နိုင်ငံခြားမှာအမှုဖြစ်ပြီး ထောင်ကျတာဖြစ်လို့ သူ့အမှုကိုသူပြန်ပြီးအယူခံဝင်နိုင်ဖို့ ဘာသာစကားကစပြီး ဥပဒေပညာအထိထောင်ထဲမှာလေ့လာခဲ့တယ်။
သူအယူခံဝင်နိုင်ဖို့လျှောက်ထားချက်ကို တရားရုံးကလက်ခံခဲ့ပါတယ်။ဒါပေမယ့် သက်သေအသစ်ထုတ်ပြနိုင်တာမျိုးမရှိတဲ့အတွက်တရားရုံးကပြန်ပယ်ချလိုက်တဲ့အခါမှာတော့ ဝူကျိုင်၊စီးထူတို့နဲ့အတူထောင်ဖောက်ပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဉာဏ်ကြီးရှင်တစ်ယောက်ထောင်ဘယ်လိုဖောက်မလဲဆိုတာလုံးဝမထင်မှတ်ထားတဲ့အကွက်တွေနဲ့လုပ်ပြသွားတာမလို့ တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။...
Meet The Evil Spirits (2023)
⭐TMDB: 0.0% User Score
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 29 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ရဲ့ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
မင်ကော်ခေတ်ကဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမည်မသိခေါင်းပြတ်အမျိုးသမီးအလောင်းအတွက် ခေါင်းတစ်ခု ထည့်ပေးဖို့ အလောင်းပြင်သူကိုတောင်းဆိုလာပါတယ်။ ဒါက နိမိတ်မကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက်လီတာ့တန်က မလုပ်ပေးချင်ပေမယ့် ငွေအများကြီးရတဲ့အတွက် လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ အလောင်းက အသက်ဝင်လာပြီး လီတာ့တန်တစ်ယောက် ခြောက်လန့်ခံရပြီးဖျားသွားခဲ့တဲ့အတွက် သမီးဖြစ်သူက နတ်ကတော်ခေါ်ပြီး နတ်ပွဲလုပ်ပေးချိန်မှာလီတာ့တန်တစ်ယောက် အသက်ပျောက်သွားခဲ့ပါတယ်။နတ်ကတော်ကလည်း အဓိက သံသယရှိသူဖြစ်သွားခဲ့ပါတယ်။
မြို့ကို အသစ်ပြောင်းလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျောက်ရန်က ဒီအမှုကိုစုံစမ်းဖို့ တာဝန်ကျခဲ့ပါတယ်။ အမှုကို စုံစမ်းနေချိန်မှာ ခေါင်းပြတ်အလောင်းကလွန်ခဲ့တဲ့ ၃ နှစ်က သေဆုံးသွားခဲ့တဲ့ ချင်းအာရဲ့ အလောင်းဖြစ်တာကို သိခဲ့ရပါတယ်။လွန်ခဲ့တဲ့ ၃ နှစ်က အမှုနဲ့အတူ သဲလွန်စတွေ ပေါ်ထွက်လာတဲ့ အခါမှာတော့……
အမှုရဲ့ တရားခံအစစ်ကို ရှာတွေနိုင်ပါ့မလား……အမြဲတမ်း မြင်နေရတဲ့ ပုံရိပ်ယောင်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ရအောင်နော်။...
Imprisoned: Survival Guide for Rich and Prodigal (2015)
⭐TMDB: 58.0% User Score
🎬 #Crime #Drama #Comedy
🗓 2015 🎞 movie
🌎 #China #HongKong
⏰ 1 နာရီ 52 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယွီရစ်ချန်ဟာ ပတ်ဝန်းကျင်မှာ ကားကောင်းတွေ မိန်းမလှတွေနဲ့ဝန်းရံခံထားရတဲ့ သူဌေးသားတစ်ယောက်ဖြစ်ပါတယ်။အရက်မူးချိန် ကားမောင်းပြီး အဘွားအိုတစ်ယောက်ကိုတိုက်မိသွားတဲ့အတွက် ထောင်ဒဏ် ၁ နှစ်ခွဲ ကျခဲ့ရပါတယ်။
ထောင်ထဲရောက်သွားမှ ထောင်ထဲက ကမ္ဘာက အပြင်ကမ္ဘာနဲ့တခြားစီ ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒါပေမဲ့ ထောင်ထဲကစည်းမျဉ်းတွေကို သိရင် အေးချမ်းစွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ယွီရစ်ချန်က သူ့ရဲ့ သူဌေးသားအမြင်နဲ့ ငွေအင်အားတွေကိုအသုံးချပြီး ထောင်ထဲက ဘဝအရည်အသွေးကို မြင့်တင်ခဲ့ပါတယ်။
သူ့ရဲ့ ရန်သူ အားကျီးက သူနဲ့ထောင်တစ်ခုတည်းကို ရောက်လာခဲ့တဲ့ အခါမှာတော့အရာရာတိုင်းကို ငွေနဲ့ ဖြေရှင်းနိုင်ပြီး ဘဝကို ပေါ့ပျက်ပျက် ဖျက်သန်းနေခဲ့တဲ့သူဌေးသားတစ်ယောက်ဟာ ထောင်ထဲမှာ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ရပြီးဘဝအပေါ် အမြင်တွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်။...
Rise of the Planet of the Apes (2011)
⭐TMDB: 73.0% User Score
🎬 #Action #Drama #SciFi #Thriller #ScienceFiction
🗓 2011 🎞 movie
🌎 #USA #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
RT 82% နဲ့ IMDb 7.6 ရထားတဲ့ ကြည့်လို့
မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေ
ပြန်တင်ဆက်ပေးလိုက်ပါတယ်။
Andy Serkis နဲ့ James Franco တို့ အဓိက
ပါဝင် သရုပ်ဆောင်ထားပြီး
ဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့
သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကို
ကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေ
ဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။
လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာ
အကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက်
မျောက်ဝံတွေ အားလုံးကို စုစည်းပြီး
လွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့
ပုန်ကန်လာပါတော့တယ်။...
Thank You for Coming (2023)
⭐IMDB: 5.7/10 (7 k Votes)
🎬 #Bollywood #Comedy #Drama
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 59 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thank You For Coming (2023) “အလိုမကျတဲ့ အပျိုကြီးမမ”IMDb-5.8/10
အရှေးကူးမားရဲ့ Toilet ၊ Pati Patni Aur Wohတို့နဲ့ နာမည်ကြီးလာတာတဲ့လုံးကြီးပေါက်လှ အကိတ်မင်းသမီးလေး ဘူမီး ပဒ်နေကရ်ရဲ့ လူကြီးဟာသ ဇာတ်လမ်းတစ်ပုဒ်…။
နတ်သမီးပုံပြင်လေးတွေကို သဘောကျတဲ့မိန်းကလေးတွေထဲမှာ ကာနီကာကထိပ်ဆုံးက။ကာနီကာတစ်ယောက်ဟာ မိခင်ဆရာဝန်ရဲ့အိမ်မှာပဲဖွင့်ထားတဲ့ဆေးခန်းကိုအမှီပြုပြီး ကလေးအရွယ်ထက်ပိုသာလွန်တဲ့ အသိတွေသိနေတာပေါ့သိတဲ့အသိတွေကို မျိုသိပ်မထားနိုင်ဘဲ ကျောင်းကပွဲမှာ လူသိရှင်ကြားထုတ်ပြောမိရာက ကျောင်းရဲ့အကြဉ်ခံလေး ကာနီကာဖြစ်လာတော့တယ်ဒီအသိတွေက ဆယ်ကျော်သက်စူးစမ်းတတ်ချိန်ရောက်တဲ့အခါမှာတော့ လက်တည့်စမ်းပါတော့တယ်
နှလုံးသားအလိုဆန္ဒ အချစ်စစ်နဲ့ ညာဘက်လူလိုချင်တာက တစ်ဖက် ၊ ငယ်ငယ်တည်းကရလာတဲ့အသိတွေနဲ့သွေးသားဆန္ဒတောင့်တမှုတွေတစ်ဖက်နဲ့ ၁၆ နှစ်မှာ ရည်းစားထား ၁၈ နှစ်မှာ အတွေ့အကြုံအသစ်ကို အရယူပါတော့တယ် ။
နှလုံးသားရောသွေးသားဆန္ဒပါ မပြည့်ဝတဲ့ ကာနီကာတစ်ယောက် ညာဘက်လူကိုရှာမတွေ့ဘဲ ရည်းစားများရင်းသာ အသက် ၃၂ နှစ်ပြည့်မွေးနေ့ရောက်လာခဲ့တယ်လက်တွဲဖော်အသီးသီးနဲ့ပျော်နေတဲ့ သူငယ်ချင်းတွေကြား ခပ်မိုက်မိုက်အလှနဲ့ကာနီကာတစ်ယောက် ညာဘက်လူကိုရှာတွေ့သွားနိုင်မလားဆိုတာ….ပွင့်လင်းမြင်သာလွန်းတဲ့ ဒိုင်ယာလော့ခ်တွေပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်
အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Reporting for Christmas (2023)
⭐IMDB: 5.8/10 (248 Votes)
🎬 #Drama #Romance #TVMovie #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ် နီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာလည်း အသစ်ထွက် ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ကာလလို့ ဆိုကြပါတယ်။ အားလပ်ရက်ရတဲ့အချိန်မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ စားကြသောက်ကြ ပျော်ကြပါးကြ လက်ဆောင်တွေပေးကြနဲ့ပေါ့လေ။ အဲဒီရက်ရဲ့ စိတ်ဝိညာဉ်ကို ကျန်တဲ့ ၃၆၄ ရက်ဆီ သယ်ဆောင်သွားချင်ကြတာမျိုးတဲ့။
အဲဒီလိုထူးခြားတဲ့ခရစ္စမတ်အချိန်လေးကို သတင်းထောက်ဖြစ်သူ မယ်ရီက ပုံမှန်အတိုင်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ အထက်လူကြီးက မထင်မှတ်တဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ခဲ့ရာမှာတော့.. ခရစ္စမတ်မှာ ဖန်တီးခဲ့တဲ့ မစ်ဆယ်တုတ်စ်ဆိုတဲ့ဖားရုပ်လေးရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ရဲ့အဓိကကြော်ငြာရှင်တစ်ဖြစ်လည်း ဂျွန်ဆင်တွိုင်းကုမ္ပဏီအတွက် ဂုဏ်ပြုသတင်း တင်ဆက်ပေးဖို့ပါပဲ။ ဒီလိုနဲ့ပဲ မယ်ရီတစ်ယောက် မလုပ်ချင်လုပ်ချင်နဲ့ ဂျွန်ဆင်တွိုင်းကုမ္ပဏီရှိရာ ဘရွန့်စ်ဝှခ်မြို့ငယ်လေးကို အရောက်သွားရတော့တာပေါ့လေ။
မယ်ရီတစ်ယောက် အထက်လူကြီးဆီကနေ တင်ဆက်မှုကို သူ့စိတ်ကြိုက်ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ကတိကိုအရယူပြီး သက်ဆိုင်တဲ့လူတွေကို အင်တာဗျူးဖို့နဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အမွေဆက်ခံရမဲ့ လက်ရှိပိုင်ရှင်ရဲ့ သားဖြစ်သူ ကိုလူချော ဘရိတ်ခ်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ မထင်မှတ်ထားတဲ့ အကြောင်းအရာတစ်ခုကို သိခဲ့ရပါတော့တယ်။ မယ်ရီက သူ သိခဲ့တဲ့အကြောင်းအရာကို တင်ဆက်မှုမှာ ထည့်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အထက်လူကြီးက လက်မခံခဲ့တဲ့အခါ မယ်ရီတစ်ယောက် ဘယ်လိုမျိုးကြိုးစားပြီး တင်ဆက်ဖို့လုပ်မလဲ.. သူ သိခဲ့တဲ့အကြောင်းအရာကရော ဘာများလဲ.. နောက်ဆုံးမှာ သူ တင်ဆက်ချင်သလို တင်ဆက်ခွင့်ရနိုင်ပါ့မလား.. သူနဲ့ မြို့ငယ်လေးက ကိုလူချောဘလိတ်ခ်ရဲ့ အနာဂတ်ကရော ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)...
Dawn of the Planet of the Apes (2014)
⭐IMDB: 7.6/10 (460 k Votes)
🎬 #Action #Adventure #Drama #ScienceFiction #Thriller #SciFi
🗓 2014 🎞 movie
🌎 #Canada #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 10 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။
Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊
Planet of the Apes (February 8, 1968),
Beneath the Planet of the Apes (May 27, 1970),
Escape from the Planet of the Apes (May 21, 1971),
Conquest of the Planet of the Apes (June 29, 1972),
Battle for the Planet of the Apes (June 15, 1973) ဆိုပြီး ၅ ကားရှိခဲ့သလို၊
Mark Wahlberg ရဲ့ ၂၀၀၁ ခုနှစ် Remake ဆိုပြီး ရှိပါတယ်။
လက်ရှိဇာတ်ကားတွေကတော့ ဒီ Series ရဲ့ Reboot တွေဖြစ်ပြီး
Rise of the Planet of the Ape က ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။
၁၉၆၈ ခုနှစ်က ဇာတ်ကား နဲ့ ဇာတ်လမ်းမတူတော့ပဲ၊ ဇာတ်လမ်း
သဘောတရားကိုပဲ ပြန်ယူသုံးထားတာဖြစ်ပါတယ်။
အခု Dawn of the Planet of the Apes ဇာတ်ကားကတော့
၁၉၆၈ Planet of the Apes ပြီးရင် အကောင်းဆုံး ဇာတ်ကားလို့
သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။
ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေ
လွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီး
လူတော်တော်များများ သေကုန်ကြပါတယ်။
Caesar ဦးဆောင်တဲ့ မျောက်တွေကတော့
San Francisco မြို့နားကတောထဲမှာ
အေးအေးဆေးဆေးနေနေ ကြပါတယ်။
ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသား
Malcolm (Jason Clark) ဦးဆောင်တဲ့ လူတွေရောက်လာပြီး၊
မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားတာကနေစပြီး
ဘာတွေဖြစ်လာကြမလဲဆိုတာ…………။
ဒီဇာတ်ကားက အကောင်း ဆုံး
အထူးပြုလုပ်ချက်တွေနဲ့ ပုံဖော်တင်ပြထားပါတယ်။
ကောင်းမွန်တဲ့ အထူးပြု လုပ်ချက်တွေကြောင့်
လူဝံတွေရဲ့ ဒေါသ၊ ဆုံးရှုံးမှု၊ နာကြည်းချက်နဲ့ ခံစားမှုတွေကို
ပရိသတ်တွေကပါ လိုက်ပါခံစားရပါတယ်။ အထူးသဖြင့် လူဝံ ခေါင်းဆောင်
Caesar အဖြစ် သရုပ်ဆောင်ချက် တွေဟာ အော်စကာတစ်ကြိုပေး
မှုနဲ့ ထိုက်တန်တယ်လို့ ဝေဖန်ရေး ဆရာတွေက ရေးသားထားပါ တယ်။
Caesar အဖြစ် သရုပ် ဆောင် Andy Serkis က သရုပ် ဆောင်ထားတာပါ။
နောက်တစ်ခု မှတ်မှတ်ရရ ဝေဖန်ရေးဆရာတွေ ပြောကြ တာကတော့
Dawn of the Planet of the Apes ဇာတ်ကားဟာ ခေါင်းဆောင်မှုအရည်အသွေး
တွေကို အထူးအမွှမ်းတင်ထားတဲ့ ကားလို့ ဆိုပါတယ်။
အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ လူနဲ့ မျောက်လို့ဆိုပေမယ့်၊
အသွင်မတူတဲ့ လူတွေ တူတူ မနေနိုင်တဲ့သဘာဝကို
ထင်ဟပ်ပြထားပါတယ်။ စစ်ရဲ့ ဆိုးကျိုးနဲ့ သဘောတရားကို လည်း
လူတွေ မြင်သာအောင် တင်ဆက်နိုင်ခဲ့ပါတယ်။...
Impuratus (2022)
⭐IMDB: 4.4/10 (276 Votes)
🎬 #Horror #Mystery #Fantasy
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 14 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။
အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။...
War for the Planet of the Apes (2017)
⭐IMDB: 7.4/10 (275 k Votes)
🎬 #Action #Adventure #Drama #ScienceFiction #War #SciFi #Thriller
🗓 2017 🎞 movie
🌎 #Canada #NewZealand #USA #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 20 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။
ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။
မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို အကြင်နာမဲ့ရက်စက်တဲ့ ကာနယ် ကဦးဆောင်တာဖြစ်ပြီး ဆီဇာရဲ့ ဇနီးနဲ့ သားအကြီးဆုံးကို သတ် ဖြတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိသား စုနဲ့ မျောက်ဝံ မျိုးနွယ်စုကို ကာ ကွယ်ချင်တဲ့ဆီဇာနဲ့ မျောက်ဝံတွေ ကို မုန်းတီးပြီးအမျိုးဖြုတ်သုတ် သင်ချင်တဲ့ လက်နက်ကိုင်အဖွဲ့ အကြားမှာ တိုက်ပွဲတွေအကြီးအ ကျယ်ဖြစ်ပါတော့တယ်။
မျောက်ဝံအဖွဲ့မှာ သစ္စာ ဖောက်သူတွေ ရှိတဲ့အတွက် နောက်ဆုံးမှာ ဆီဇာ အဖမ်းခံခဲ့ရပြီး ရက်စက်တဲ့ကာနယ်က အစာဖြတ်၊ ရေဖြတ်နဲ့ ညှဉ်းပန်းဒုက္ခပေးခဲ့ပေ မယ့်လည်း ကူညီမယ့်သူပေါ် လာ တဲ့အတွက် ဆီဇာတစ်ဖန်ပြန် လွတ်မြောက်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဆီဇာနဲ့ ကာနယ် ထိပ်တိုက် တွေ့ကြတဲ့အခါမှာ တော့ အနာဂတ်ကမ္ဘာမှာ ကျန်ရှိ မယ့် လူသားမျိုးနွယ်စုနဲ့ မျောက်ဝံ မျိုးနွယ်စုတို့ရဲ့ ကံကြမ္မာအတွက် ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာ ရှုစားရမှာပါ။
၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ Rise of the Planet of the Apes နဲ့ ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ Dawn of the Planet of the Apes ဇာတ်ကားတွေရဲ့ အဆက် ဖြစ် ထွက်ရှိထားတာမို့ အရင် ဇာတ်ကားတွေက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တာမို့ ဇာတ် လမ်းကောင်း၊ မကောင်းကတော့ ပြောဖို့တောင်လိုမယ် မထင်ပါ ဘူး။ ပါဝင်သရုပ်ဆောင်ထားသူ တွေကတော့ အန်ဒီဆာကစ်၊ စတိဗ်ဇန်၊ ကာရင်ကိုနိုဗယ်၊ ဝူဒီ ဟာရယ်ဆင်၊ အမီရာမစ်လာ၊ ဂက်ဘရီရယ်ချာဗာရီရာစသူတွေ ပဲ ဖြစ်ပါတယ်။...
Ghost Graduation (2012)
⭐IMDB: 6.3/10 (4 k Votes)
🎬 #Adventure #Comedy #Fantasy
🗓 2012 🎞 movie
🌎 #Spain
⏰ 1 နာရီ 30 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲ..ကျောင်းပျော်သရဲတွေလာပါပြီ။
ဒီရုပ်ရှင်ကားရဲ့ အတိုလေးတွေကို Fb မှာစကြည့်မိတော့
တစ်မျိုးလေးပါလားဆိုပြီး စိတ်ဝင်စားခဲ့တာ…
အခုတော့ ကြည့်လို့ကောင်းမှန်းသေချာသွားပါပြီ။
သရဲကားဆိုတာထက် သရဲတွေရဲ့ခံစားချက်ဘက်ကို
နည်းနည်းပိုရိုက်ပြထားတဲ့ကားလို့ ထင်ပါတယ်ဗျ။
မွန်ဖော့တ်ဆိုတဲ့ကျောင်းကြီးမှာ ထူးဆန်းတဲ့အရာတွေဖြစ်နေတာ
တော်တော်ကြာပါပြီ။
ဆရာတွေလည်း ခဏခဏအလုပ်ထွက်လွန်းလို့
ကျောင်းသားမိဘတွေလည်း စိတ်ပူနေရပါတယ်။
လစ်လပ်နေတဲ့ဆရာနေရာကို ရောက်လာတာက
ခဏခဏအလုပ်ထုတ်ခံရတဲ့ မိုဒက်စတိုလို့ခေါ်တဲ့
ကျောင်းဆရာတစ်ယောက်။
သူကတော့ မမြင်သင့်တဲ့အရာတွေကို မြင်နေရတဲ့အရူးလို့
ကိုယ့်ကိုကိုယ်သတ်မှတ်ပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့
ကုသမှုခံယူနေရတဲ့သူပါ။
ကျောင်းမှာ ထူးဆန်းတဲ့အရာတွေဖြစ်အောင်
ဘယ်သူလုပ်နေမှန်းမသိကြပေမယ့်
မိုဒက်စတိုကတော့ မြင်နေရပါတယ်။
လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက မီးလောင်ပြီးသေဆုံးသွားကြတဲ့
သူငယ်ချင်းငါးယောက်ကြောင့်ပါ။
ကျောင်းကလည်း နာမည်ဆိုးနဲ့ကျော်ကြားနေပြီး ပိတ်ပစ်ရတော့မယ့်
အခြေအနေ၊ ပြသာနာရဲ့အရင်းအမြစ်ဖြစ်တဲ့ မကျွတ်မလွတ်တဲ့
ကျောင်းသားငါးယောက်ကို မိုဒက်စတိုတစ်ဦးတည်းကပဲ မြင်ရတော့…
သရဲငါးကောင်ကို ဘယ်လိုမျိုးလွတ်မြောက်အောင်လုပ်ပေးမလဲ?
သူတို့ရဲ့မပြီးပြတ်နိုင်တဲ့ကိစ္စကရော ဘာဖြစ်မလဲဆိုတာတွေကို
ပုံမှန်သရဲကားတွေနဲ့မတူပဲ စိတ်ဝင်စားအောင်ရိုက်ပြထားတာမို့
အဆုံးထိကြည့်လိုက်ရအောင်နော်...
Mission Raniganj (2023)
⭐IMDB: 7.7/10 (12 k Votes)
🎬 #Action #Biography #Bollywood #Drama #Thriller #History
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 15 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mission Raniganj (2023)IMDb-7.7/10
မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာနောက်ထပ်ရုံတင်ကားကြီးတစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။
ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။
ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီးအဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။
ချာနိုဘိုင်း,The Dam, စသည်ဖြင့် သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် သောက်တလွဲတွေထလုပ်မိလို့ အသက်နဲ့ရင်းအလုပ်လုပ်ရတဲ့လုပ်သားတွေရဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရပုံတွေကို ရိုက်ကူးပြသခဲ့တဲ့ဇာတ်ကားတွေလိုပဲ အခုဇာတ်ကားမှာတော့ မင်းသားကြီး အာရှေးကူးမားက အစွမ်းပြထားပါတယ်။အားရှေးကူးမားဟာ ခုလို သူရဲကောင်းဆန်ဆန် ဇာတ်လမ်းတွေ အတ္တပတ္တိဇာတ်လမ်းတွေက ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိတာကိုတော့ ဝန်ခံပါရစေ။အဲ့မူရင်းလူတွေကို မသိဖူးမမြင်ဖူးပေမဲ့ သူတို့ဒါမျိုးလုပ်ခဲ့ပါလားဆိုတဲ့ Vibe ကိုတော့ အာရှေးကူးမားက ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်
အဲ့ဒီတော့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကား ဇာတ်လမ်းကြီးလဲကြိုသိတယ်ဆိုပေမဲ့ ကြားထဲမှာ တလွဲပေါင်းသောင်းခြောက်ထောင်နဲ့ လူပေါင်းစုံ စရိုက်ပေါင်းစုံအကောင်းအဆိုး ရသစုံစွာ ခံစားရမှာပဲဖြစ်လို့ ခုလို Genre ကိုမျှော်နေတဲ့ ပရိသတ်အတွက် တင်ဆက်ပေးလိုက်ရပါတယ်…..အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Order (2001)
⭐TMDB: 51.0% User Score
🎬 #Action #Adventure #Comedy
🗓 2001 🎞 movie
🌎 #Aruba #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူ
မရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။
ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆို
နားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။
အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။
ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက်
ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်
ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။
ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင်
ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းက
ရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်း
စီးပွားရေး လုပ်နေတဲ့သူပါ။
သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။
တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့
ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။
ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလို
ပေးတောင် မသိတဲ့ ဂိုဏ်းပါ။
သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့
လျှို့ဝှက်ဆန်းကျယ်တာတွေကို
ဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက်
တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။...
Rules Ranjann (2023)
⭐TMDB: 0.0% User Score
🎬 #Bollywood #Drama #Romance #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 37 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rules Ranjan (2023) “ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း”IMDb 6.9
ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ်Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ်တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ်အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီးသာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်
အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ခဲ့ရတဲ့ကောင်မလေးနဲ့ ပြန်ဆုံတဲ့ အခါမှာ နောက်တစ်ကြိမ် ပြန်လည်နီးစပ်နိုင်မှာလား…
စက်ရုပ်နှလုံးသားကြီးကို ကောင်မလေးက အရည်ပျော်အောင် ပြောင်းလဲပေးနိုင်ပါ့မလား ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Found (2023- )
⭐IMDB: 6.8/10 (3 k Votes)
🎬 #Drama #Crime
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 42 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Found (2023) ယနေ့အချိန်ထိ ကမ္ဘာအနှံ့ နိုင်ငံတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကရှိနေတုန်းပါပဲ။
ယနေ့ခေတ် အမေရိကန်နိုင်ငံမှာ လူဖြူလူမည်း ခွဲခြားဆက်ဆံခံရမှုတွေ
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့အချိန် မီဒီယာတွေကလည်း
ဒီလိုပြဿနာတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဇာတ်ကားတွေရိုက်ပြီး တင်ဆက်ကြပါတယ်။
ဒီစီးရီးမှာဆိုရင် လူမည်းကလေးငယ်တွေ ပျောက်ဆုံးတဲ့အခါ လူအများစုက
ဒါကိုရေးကြီးခွင်ကျယ် လုပ်စရာမလိုဘူး ထင်ကြပြီး လျစ်လျုရှုတတ်ကြတဲ့သဘောကို
ထောက်ပြထားတာပါ။
ဇာတ်အိမ်ကတော့ ငယ်စဉ်က နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းခံရပြီး အချိန်တစ်ခုကြာမှ
ကိုယ်တိုင်ထွက်ပြေးခဲ့ရတဲ့ လူမည်း မိန်းကလေးငယ် တစ်ဦးက အရွယ်ရောက်လာပြီးတဲ့အခါ
ဒီလိုဖြစ်ရပ်တွေကို တတ်နိုင်သလောက် တားဆီးဖို့အတွက် အဖွဲ့တစ်ခု တည်ထောင်ပြီး
အမေ့လျော့ခံ လစ်လျုရှုခံ ကလေးငယ် တွေကို ကူညီဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ Marvelက
ရိုက်ကူးတဲ့ S.H.I.E.L.D စီးရီးက အေးဂျင့် ဂရန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့
သရုပ်ဆောင် ဘရတ်ဒယ်လ်တန်က ဒီစီးရီးမှာ စုံထောက် ထရန့်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး
နာမည်ကြီး Paranormal Activity ဇာတ်ကားမှာ မာရီဆိုးအဖြစ် လူသိများခဲ့တဲ့ ဂေဘရီရယ်ဝက်ချ်က
ရှေ့နေ ဥပဒေပညာရှင် လေစီ အဖြစ် ပါဝင်ထားပါတယ်။ ဒီစီးရီးက အောက်တိုဘာ ၃ရက်နေ့ကမှ
အပိုင်း ၁ ထွက်ထားတဲ့ စီးရီးသစ်ဖြစ်ပြီး ongoing ဖြစ်ပါတယ်။ အပိုင်း ၂ က အောက်တိုဘာ
၁၀ ရက်နေ့မှာ ထွက်မှာဖြစ်ပြီး IMDbမှာ Rating 7.7 out of 10 ရရှိထားပါတယ်။...
The Blue Planet (2001)
⭐TMDB: 83.0% User Score
🎬 #Documentary
🗓 2001 🎞 tv mini series
🌎 #UnitedKingdom #UnitedStates #Germany #UnitedKingdom
⏰ 51 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Blue Planet (2001)The Blue Planet (2001)ကမ္ဘာ့မျက်နှာပြင် ၇၁ ရာခိုင်နှုန်းဟာ ရေထုတွေဖြစ်ပြီး...
Love Reset (2023)
⭐TMDB: 70.0% User Score
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 59 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love Reset(2023)
***************Kang Ha Neul နဲ့ Jung So Min တို့ရဲ့အချစ်ဟာသ ရုပ်ရှင် Love Reset/30Days 🔥Love Reset ရုပ်ရှင်ဟာ Oct 3 ရက်နေ့က စရုံတင်ခဲ့ပြီး 11 ရက်ကြာ Box Office No 1
နေရာမှာရှိနေခဲ့ပြီး နောက်မှာတော့ အခုဆိုရင်ကြည့်ရှုသူ 1 millionထိများခဲ့တာ
အတော်များများသိကြမှာပါ….ဒီကားကထရေလာမှာပဲ နင်းကန်ရယ်ရမယ်ထင်ထားတာ….
ကားထွက်တော့ ထင်ထားတာထက်ပိုရယ်နေရတယ်….
ဇာတ်လမ်းအကျဉ်း….
ရှေ့နေစာမေးပွဲဖြေပြီး ဉပဒေလောကထဲတိုးဝင်ဖို့ကြိုးစားနေတဲ့
ငမွဲငတေကောင်လေးတစ်ယောက်ရှိတယ်….
အခြေခံလူတန်းစားဖြစ်ပြီး ရိုးသားတဲ့သူဟန်ကြောင့်
ကံကောင်းထောက်မစွာ ရွှေဇွန်းကိုက်မွေးလာတဲ့ ဘောစိမလေးနဲ့
ဖူးစာပါလာတယ်…. အခက်အခဲတွေကြားထဲကမှ သူတို့
အိမ်ထောင်ကျခဲ့ကြလေသတည်းပေါ့..
ဇာတ်လမ်းက ခုမှစတာ….
မင်္ဂလာဆောင်ပြီးကတည်းက ပြဿနာပေါင်းစုံတက်တာ…
၂ယောက်လုံးရဲ့အပြုအမူတွေက ဆိုးဝါးစွာထင်းကနဲပေါ်လာသလို
ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မတူတော့ သူတို့စရိုက်နဲ့ခံယူချက်တွေကလည်း
လုံးဝကွဲပြားနေတယ်…ဒီလိုနဲ့ပဲ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...
Dhoomam (2023)
⭐IMDB: 5.6/10 (498 Votes)
🎬 #Action #Adventure #Bollywood #Drama #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 22 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dhoomam (2023)“မှတ်ဉာဏ် မီးခိုးငွေ့များ”
အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီးမီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲအတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ…
CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်းမတော်တဆမှုတစ်ခု ကြုံရပါတယ်ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ်အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါ
အာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်
အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ စတွေ့ခဲ့တဲ့ ရိုမန့်ဆန်ဆန် ဇာတ်လမ်းနဲ့အတူ အလုပ်မရှိပဲမြို့တက်လာရာကနေ ဆစ်ဒူဆိုတဲ့ လူနဲ့ဆုံပြီး စီးကရက် ကုမ္ပဏီရဲ့ မားကတ်တင်း ရာထူးကြီးတစ်ခုမထင်မှတ်ပဲ ကမ်းလှမ်းခံရပုံကို ဖော်ပြထားပါတယ်
ဇာတ်လမ်းအစမှာ အသေခံဗုံးခွဲသမားတစ်ယောက်ကို စစ်ကြောရေးတစ်ခုက မေးမြန်းနေပြီး အကြမ်းဖက်သမားကဆေးလိပ်သောက်ခွင့်တောင်းပါတယ်… ဒါပေမယ့် ဗုံးကို အကြမ်းဖက်သမားရဲ့ လည်ချောင်းမှာထည့်ထားတာ ဖြစ်ပြီးဆေးလိပ် သောက်တာနဲ့ ဗုံးပေါက်သွားအောင် လုပ်ထားတာပါဒီ ဗုံးကိစ္စနဲ့ရော ပင်မဇာတ်လမ်းနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပါ
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Boys Don't Cry (1999)
⭐TMDB: 74.0% User Score
🎬 #Biography #Crime #Drama #Romance
🗓 1999 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2000 ခုနှစ်မှာ ဒီဇာတ်ကားနဲ့ပဲ Best Actress အော်စကာဆုရခဲ့ပြီး Best Performance နဲ့ Best Actress ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး Hilary Swank နဲ့ ဇာတ်ကားကောင်းတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Peter Sarsgaard က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
တီနာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ လိင်သတ်မှတ်ဖို့အတွက်ပြဿနာရှိနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့နော် Operation လုပ်ဖို့ဆရာဝန်တွေနဲ့တိုင်ပင်ထားပေမယ့် လက်ရှိမှာတော့ ယောကျ်ားလေးလိုပဲဝတ်စားပြီး စော်တကာကို ပတ်ကြူနေတာပေါ့ ဒါပေမယ့် အဲဒီလိုလိင်အပြောင်းအလဲတွေကို လက်မခံတဲ့ Falls City ဆိုတဲ့မြို့ကို အမှတ်မထင်ရောက်သွားတာကနေ သူ့ဘဝကြီးတစ်ခုလုံး ဘယ်လိုမျှော်လင့်မထားတဲ့ ကံကြမ္မဆိုးတွေနဲ့ ရင်ဆိုင်ရမလဲ၊ သူချစ်မိသွားတဲ့ကောင်မလေးကရော ဘယ်လောက်ထိသူ့ကိုနားလည်ပေးနိုင်မလဲဆိုတာကိုတော့………..
LGBT တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ လူတိုင်းလည်းကြည့်သင့်ပြီး ပညာယူသင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ(***တကယ်တော့ လူ့ဘဝကြီးကဆန်းကြယ်လွန်းပါတယ်***)
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
The Pagemaster (1994)
⭐TMDB: 64.0% User Score
🎬 #Adventure #Animation #Comedy #Family #Fantasy #ScienceFiction
🗓 1994 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 16 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲ… ကျွန်တော်တို့ရဲ့ Home Alone မင်းသားချောလေးပါဝင်သရုပ်ဆောင်ထားတဲ့
ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
သူပါပြီဆိုကတည်းက ဇာတ်လမ်းက သွက်လည်းသွက်မယ်။
ပျော်စရာလည်းကောင်းမယ်။
ပညာပေးလည်းပါမယ်ဆိုတော့ ရီဗျူးတောင်မလိုတော့ပါဘူး
အရမ်းကောင်းတယ် ကြည့်…
ဒါပဲ…
ရီဗျူးပြောရရင်တော့ ရစ်ချက်တိုင်လာဆိုတာ ဆယ်နှစ်ပဲရှိသေးပေမယ့်
အရမ်းကြောက်တတ်တဲ့ ကလေးတစ်ယောက်ပါ။
ဘာပဲလုပ်လုပ် မတော်တဆဖြစ်တတ်တယ်ဆိုပြီး
ကြောက်လွန်းလို့ အားမလိုအားမရဖြစ်နေတဲ့
သူ့အဖေက ဘာမဆိုသတ္တိရှိအောင် ကူညီပေးပေမယ့် မထူးပါဘူး။
အခုလည်း ရစ်ချက်ကို သူတစ်ယောက်တည်း
သံချောင်းသွားဝယ်ခိုင်းတော့ အကာအကွယ်အပြည့်၊ ဝတ်စုံအပြည့်ဝတ်ပြီး
ကြောက်ကြောက်နဲ့သွားခဲ့ရပါတယ်။
လမ်းခုလတ်မှာ ရစ်ချက်တစ်ယောက် မုန်တိုင်းမိပြီး
စာကြည့်တိုက်ထဲ မိုးခိုဖို့ရောက်သွားပါတော့တယ်။
စာကြည့်တိုက်ထဲမှာ ပိတ်မိနေရင်းနဲ့ ရစ်ချက်တစ်ယောက်
ကာတွန်းဇာတ်ကောင်ဖြစ်သွားတဲ့အခါ
အရမ်းကြောက်တတ်တဲ့ရစ်ချက်တစ်ယောက်
စာအုပ်စာပေအမျိုးအစားအစုံနဲ့ ဘယ်လိုစခန်းသွားမလဲဆိုတာကိုတော့
ဆက်ကြည့်လိုက်ပါတော့နော်...
OneFour: Against All Odds (2023)
⭐IMDB: 6.7/10 (297 Votes)
🎬 #Crime #Documentary #Music
🗓 2023 🎞 movie
🌎 #Australia
⏰ 1 နာရီ 24 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ONEFOUR: Against All Odds (2023)===========================
ဆစ်ဒနီမြို့ရဲ့ Mount Druitt က လူငယ်အဖွဲ့ Onefour ရာဇဝတ်ပြစ်မှုတွေလုပ်တဲ့ ဘဝကလွတ်ဖို့ Drill rap ဂီတကို စတင်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဆစ်ဒနီက ရဲတွေက သူတို့ကိုဘယ်လိုတွေတားဖို့လုပ်လဲဆိုတာကို ထုတ်ဖော်ပြမယ့် Onefour ရဲ့ Documentary ပဲဖြစ်ပါတယ်။ ဒီထဲမှာ Australia ရဲ့ နာမည်ကျော် Drill rap အဖွဲ့Onefour အကြောင်းကို Documentary လုပ်ထားပြီး The KidLaroi လည်း ပါဝင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
