ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Life, and Nothing More… (1992) ⭐TMDB: 76% User Score 🎬 #Adventure #Drama 🗓 1992 🎞 movie 🌎 #Iran ⏰ 1 နာရီ 36 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Never Let Me Go (2010) ⭐TMDB: 69% User Score 🎬 #Drama #Romance #Uncategorized #ScienceFiction 🗓 2010 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Never Let Me Go (2010) *************************** IMDb – 7.1/10_____Rotten – 70% Kathy, Tommy, Ruth ဆိုတဲ့သူငယ်ချင်း ၃ယောက်ဟာ ကျေးလက်တောရွာလေးတစ်ခုကမိဘမဲ့ကျောင်းမှာ အတူတူကြီးပြင်းလာခဲ့ကြတဲ့ ကလေးလေးတွေပေါ့။ ထူးခြားတာတစ်ခုက အဲ့ဒီကျောင်းလေးက သာမန်ကျောင်းလို့ထင်ရပေမယ့်ကျောင်းရဲ့ ရည်ရွယ်ချက်အမှန်က  ကလေးတွေအတွက် အရမ်းကိုခါးသီးလွန်းတဲ့အပြင်ကလေးတွေမှာ ရွေးချယ်ခွင့်မရှိဘဲ အဲ့ဒီခါးသီးတဲ့လမ်းကိုပဲ တစ်သက်လုံးလျှောက်လှမ်းကြရမှာပါ။ သူငယ်ချင်း ၃ယောက်ရဲ့ သံယောဇဉ်၊ အချစ်စိတ်တွေ သဝန်တိုမှုတွေ ကြားဝင်ဖြတ်စီးခံရမှုတွေနဲ့သူတို့ရဲ့ ကံကြမ္မာဘဝလမ်းခရီးကဘယ်လိုဖြစ်မလဲ…..မိဘမဲ့ကျောင်းရဲ့ ရည်ရွယ်ချက်အမှန်ကဘာဖြစ်မလဲ….…ဒါရိုက်တာက လူတစ်ယောက်ရဲ့တန်ဘိုး…စတေးခံတွေရဲ့ဘဝ…ဘယ်သူတွေက ချမ်းသာတဲ့သူလဲ.. လူသာချင်းစာနာထောက်ထားမှုဆိုတာ ဘာလဲ…ဘယ်သူတွေက စာနာတတ်တဲ့လူလဲ…စတာတွေကို ပြချင်တာပါ…ပြီးတော့ ဒီကားထဲက သရုပ်ဆောင် (၃)ယောက်ဖြစ်တဲ့Carey Mulligan, Kiera Knightley မင်းသား Andrew Garfield တို့ကိုအားလုံးလည်းရင်းနှီးပြီးသားပါ… စပိုက်ဒါမင်းသား အဖြစ်လူသိများတဲ့ Andrew Garfield ဟာ အကောင်းဆုံးဇာတ်ပို့ဆုရသွားပါတယ် ..အကောင်းဆုံးရုပ်ရှင်ဆု အကောင်းဆုံးဇာတ်ညွှန်းဆု အကောင်းဆုံး ဇာတ်ပို့ဆုတွေ ဇကာတင်စာရင်းဝင်ခဲ့ပါတယ်.ဖျော်ဖြေရေးဆန်တဲ့ကားမဟုတ်ဘူးလို့ တစ်ချို့သူတွေကဆိုလိမ့်မယ်…သို့ပေမယ့် ကားကောင်းလေးတစ်ခုပါလို့ recommend လုပ်ပါရစေ
...

The Good Thief (2003) ⭐TMDB: 61% User Score 🎬 #Action #Crime #Drama #Romance #Thriller 🗓 2003 🎞 movie 🌎 #Canada #France #Ireland #UnitedKingdom ⏰ 1 နာရီ 49 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Good Thief (2002) IMDb Rating (6.5) / Rotten Tomatoes (77%) ဘော့ဆိုတာ အတိတ်က နေ့ရက်ကောင်းတွေကို ကျော်ခဲ့ပြီးတဲ့ အသက်ကြီးကြီး သူခိုးတစ်ယောက်။ ဆေးကလည်းစွဲနေပြီး လောင်းကစားကလည်း မဖြတ်နိုင်ဘူး။ သူခိုးပေမယ့် စိတ်ထားလေးက ကောင်းရှာတော့ သူ့ခိုးယက်မှု‌တွေမှာ လူမသတ်ဖူးသလို ကောင်မလေးတစ်‌‌ယောက်ကို‌တောင် ကူညီလိုက်သေးတယ်။ သူ ဘာကြံဦးမလဲတောက်လျှောက်စောင့်ကြည့်နေတဲ့ အသိဟောင်းရဲရော်ဂျာကလည်း ရှိသေးတယ်။ အဲ့တာတောင်မှ သူ့သူငယ်ချင်း ရာအို အကြံပေးချက်အရ မွန်တီကာလိုကာစီနိုကို လုယက်ဖို့ ကြံပြန်တယ်။ အဲ့လိုကြံ‌နေတာကို ရော်ဂျာသိသွားတော့ ဘော့ကို ဘယ်လိုဖမ်းဖို့ကြိုးစားမလဲ ဘော့ကကော ဘယ်လိုနည်းလမ်းတွေနဲ့ ကာစီနိုကို အလစ်သုတ်သွားမလဲ။ နာမည်အတိုင်းပဲ သူခိုးကောင်းတစ်ယောက်က ဉာဏ်နီဉာဏ်နက်တွေ ဘယ်လိုထုတ်သုံးသွားမလဲသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)
...

The Marginalized (2023) ⭐TMDB: 66% User Score 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 38 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 La marginale (2023) IMDb Rating (5.8) ဒီကားလေးကတော့ ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ပြင်သစ် comedy/drama ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Michele ဆိုတဲ့အမျိုးသမီးကလေဆိပ်မှာနေနေပြီးသူ့သားပြန်လာတာကိုစောင့်မျှော်နေတဲ့အိမ်ခြေမဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာသူပိုက်ဆံတွေအများကြီးရသွားတော့ Theo လို့ခေါ်တဲ့စိတ်ကျန်းမာ‌ရေးမကောင်းတဲ့ကောင်လေးတစ်ယောက်ကို Lisbon မှာရှိတဲ့သူ့သားကိုရှာဖို့လိုက်ပို့ခိုင်းရင်း Theo ကမသိဘဲလက်ခံလိုက်ရာမှသူတို့ခရီးတစ်လျှောက်ကြုံတွေ့ပြီးသံယောဇဥ်ရှိလာတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shin ဖြစ်ပါတယ်။)
...

Shonk Sardari Da (2023) ⭐IMDB: 3.4/10 (11 Votes) 🎬 #Action #Bollywood #Drama #History #Biography 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shonk Sardari Da (2023) ပန်ဂျက်လူငယ် ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2023 ခုနှစ်ထွက်ပန်ချာပီစကားပြော ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်တစ်ခုလုံးရဲ့ ကျောင်းသားခေါင်းဆောင် ဂိုပီဟာရည်မှန်းချက်တွေအပြည့်နဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ဖို့ကြိုးစားနေပါတယ်။ သူတို့ကျောင်းမှာ ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲရောက်တာနဲ့ ကျောင်းသားတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်ဖြစ်ရိုက်နှက်ကြတဲ့ ထုံးစံကြီးရှိနေပါတယ်။ ဂိုပီကတော့ ကျောင်းသားအားလုံးကိုစည်းလုံးစေချင်ပြီး ပန်ဂျပ်လူငယ်တိုင်းကို လမ်းမှန်ရောက်ဖို့ လမ်းညွှန်ပေးချင်တာကြောင့်သာရွေးကောက်ပွဲဝင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီတော့ ကျောင်းသားခေါင်းဆောင်ဂိုပီတစ်ယောက် ရည်ရွယ်ထားတဲ့အတိုင်း ရွေးကောက်ပွဲအောင်နိုင်မလား.. ဒီခရီးလမ်းမှာ ဘယ်လိုအနှောင့်အယှက်တွေနဲ့ကြုံရဦးမလဲဆိုတာကိုတော့ အဆုံးထိဆက်လက်ကြည့်ရှုပေးပါဦးဗျာ။ ( ဇာတ်ကားနဲ့အညွှန်းကိုတော့ CM Bollywood Team မှ တင်ဆက်ပေးထားပါတယ်
...

Valley of the Gods (2019) ⭐IMDB: 4.6/10 (1 k Votes) 🎬 #Adventure #Drama #SciFi #Thriller #Fantasy 🗓 2019 🎞 movie 🌎 #UnitedStates #Poland #Italy #Luxembourg ⏰ 2 နာရီ 7 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Valley of the Gods (2019) ************************* နတ်ဘုရားတို့၏တောင်ကြား ဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တို့ကိုBlack Hawk Down, Pearl Harbor, Trap, Oppenheimer စတဲ့နာမည်ကျော်ဇာတ်ကားများထဲမှ မင်းသား တစ်လက်ဖြစ်သူ Josh Hartnett နဲ့ အတူThe man in the iron mask, Transformers, Warm bodies,In the line of fire စတဲ့ဇာတ်ကားများရဲ့ မင်းသားကြီး John Malkovich တို့ရဲ့ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဥ်း***************စာရေးဆရာတစ်ဦးဖြစ်တဲ့ ဂျွန် ဟာအိမ်ထောင်ရေးပြိုကွဲပြီးနောက် နဗားဟိုးလူမျိုးတို့ရဲ့မြင့်မြတ်သော နတ်ဘုရားတို့၏တောင်ကြားကို ရောက်လာပြီး စွန့်စားခန်း၊ လူထူးဆန်းတွေနဲ့နဗားဟိုးလူမျိုးတို့ရဲ့ ကိုးကွယ်မှုတွေ အကြောင်း စာတစ်အုပ်ရေးနေသူဖြစ်ပါတယ် .. ကမ္ဘာ့အချမ်းသာဆုံးသူဌေးလို့ တင်စားခံရတဲ့ ဝက်စ်တော့ရို့စ်ကနဗားဟိုးတစ်ခွင် ယူရေနီယမ်တူးရင်း ကျိကျိတက်ချမ်းသာလာသူပါ ..သူကလည်း ဇနီးသည်နဲ့ သမီးလေးကို ဆုံးရှုံးထားရသူတစ်ဦးဖြစ်ပြီးလျှို့ဝှက်ချက်များနဲ့ လူတစ်ယောက်ဖြစ်ပါတယ် .. ဒီလူနှစ်ဦး ဆုံတွေ့ကြတဲ့အခါ သူတို့ကို ဆက်သွယ်ထားတဲ့ ကြိုးမျှင်တွေရဲ့ ရှုပ်ထွေးမှုနဲ့အတူနဗားဟိုးလူမျိုးတို့ရဲ့ ရိုးရာကိုးကွယ်မှုတွေကို မြင်တွေ့လာရတဲ့နောက်သူတို့တွေအားလုံး ဒီအဖြစ်မှန်ထဲက ရုန်းထွက်နိုင်မလား။ ဒီအဖြစ်မှန်ဆိုတာကရော ပုံရိပ်ယောင်တစ်ခုလား စသဖြင့်စိတ်ဝင်စားဖွယ်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. (အညွှန်းကို Su_LiRong မှ ရေးသားထားပါတယ်)
...

Brotherhood (2022) ⭐IMDB: 6.9/10 (15 Votes) 🎬 #Action #Drama 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမှာတော့ မင်းသားကြီး Wu Yue ရဲ့ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့Lei Zhan Sheng ဟာမြေအောက်ဘုရင်တစ်ယောက်ဆီကနေဒေါ်လာသိန်း၁၀၀၀ကိုခိုးယူခဲ့တာကဇာတ်လမ်းစတာပါပဲ။ဒေါ်လာသိန်း၁၀၀၀အတွက် ကျွန်းတစ်ကျွန်းပေါ်မှာပစ်ကြခတ်ကြရင်Lei Zhan Shengဟာသေသွားပါတယ်။ Lei Zhan Shengရဲ့အမွှာအကို Lei Zhan Jun ညီသေသွားတာကိုမယုံနိုင်ပဲနိုင်ငံကူးပြီးအဖြစ်မှန်ကိုလိုက်ရှာပါတယ်။တကယ်တော့ထွက်ပြေးလွတ်မြောက်နေတဲ့ညီဖြစ်သူ Lei Zhan Sheng ဟာမျက်နှာကိုခွဲစိတ်ပြင်ဆင်ထားတာပါ အကိုကိုမြေအောက်ဂိုဏ်းလက်ကကယ်ဖို့ပြန်လာရင်းညီအကို၂ယောက်ဟာ ရဲတွေရောမြေအောက်ဂိုဏ်းသားတွေရဲ့လိုက်လံဖမ်းဆီးမှုကိုခံရပါတော့တယ်။ဒီကားလေးဟာ အက်ရှင်ကားဆိုပေမယ့် ဟာသနှောတဲ့အပြောလေးတွေပါတာကြောင့်ပေါ့ပေါ့ပါးနဲ့အရမ်းကြည့်ကောင်းတဲ့ကားလေးပါ။ညီအကိုကြား Bromanceကိုလဲအရမ်းလေးလေးကြီးမဖြစ်အောင်ထည့်ထားတာကလဲသဘောကျစရာပါပဲ ။ရှေ့ဆက်ပြီးဘယ်လိုဖြစ်သလဲဆိုတာကို ဆက်ပြီးကြည့်ရှုအားပေးကြပါဦး။
...

Look Back (2024) ⭐IMDB: 7.9/10 (8 k Votes) 🎬 #Animation #Drama 🗓 2024 🎞 movie 🌎 #Japan ⏰ 58 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Look Back (2024) ~ IMDb – 8.1/10, RT – 100%, MyAnimeList – 8.8/10, Meta – 87% ~ “Chainsaw Man” ရဲ့ Manga Artist ဖြစ်သူ Tatsuki Fujimoto ရေးဆွဲထားပြီး Anime Movie အဖြစ် ထွက်လာခဲ့တဲ့ “Look Back” ကို တင်ဆက်ပေးလိုက်ပါတယ်။ မူလတန်းကျောင်းသူ အာယူမူဖူဂျီနို (Ayumu Fujino) ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလို့ခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး မန်းဂဆရာ (Manga Artist) လုပ်သင့်တယ်လို့အကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ ကရိုမိုတို (Kyomoto) ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို့ ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို့ သွားပေးရတဲ့နေ့ကစပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။ “Look Back” Manga ကို ၂၀၂၁ ခုနှစ်မှာ Tatsuki Fujimoto က ရေးဆွဲပြီး Shuheisha ရဲ့ Shonen Jump+ မှာ One-Shot Manga (တစ်ထိုင်တည်းဖတ် သို့ တစ်အုပ်တည်းအပြီးမန်းဂ) အဖြစ်ထုတ်ဝေခဲ့ပါတယ်။ Studio Durian ကနေထုတ်လုပ်ပြီး Kiyotaka Oshiyama (Chainsaw Man, Devilman Crybaby) တာဝန်ယူရိုက်ကူးထားတဲ့ “Look Back” Anime Movie ကိုတော့ ဒီနှစ် ဇွန်လမှာရုံတင်ခဲ့ပြီးနောက် ဒီလအတွင်းမှာ Amazon Prime Video ကနေ ပြသခဲ့ပါတယ်။ Look Back ကို Manga ရော Movie ရော ဖတ်ပြီး ကြည့်ပြီးသူအနေနဲ့ အမြင်ကိုပြောပြပါဆိုရင်တော့… Fujimoto-sensei ရဲ့လက်ရာကို ဖတ်ဖူးသူတွေ သိကြမှာပါ။ အပြောထက် အပြကိုဉီးစားပေးလေ့ရှိပါတယ်။ ဒီ Look Back မှာလည်း အပြောနည်းနည်း အပြများများနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ အဲဒါကို ဒါရိုက်တာက Manga ထဲက Panel တွေအတိုင်း တစ်ကွက်ချင်းစီ ပိုင်ပိုင်နိုင်နိုင် လှလှပပ Adapt လုပ်ပြသွားတာက ချီးကျူးစရာကောင်းပါတယ်။ နောက်ပြီး တစ်ကားလုံးမှာ ရုပ်ရှင်အနုပညာ (Hollywood, Manga, Anime) နဲ့ဆိုင်တဲ့ Reference တွေကို မသိမသာရော သိသိသာသာရော ဖော်ပြထားတာမို့လို့ Easter Egg ရှာသလို ရှာကြည့်လိုက်ပါ။ ဒီ Look Back ထဲက Shark Kick ဆိုတာ Chainsaw Man ကို အစအဆုံး Reference လုပ်ထားတာပါ (ကြည့်ရင်သိပါလိမ့်မယ်)။ Look Back ဇာတ်လမ်းတည်ထားတဲ့ခုနှစ်က Movie ထဲမှာမပါပေမဲ့ Manga ထဲမှာတော့ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် ဆိုပြီး ဖော်ပြထားပါတယ်။ Look Back က စာရေးသူအတွက်တော့ မျှော်လင့်ထားတာနဲ့ကွက်တိဖြစ်သွားပြီး အကြိုက်တွေ့မိခဲ့လို့ Fujimoto-sensei ရဲ့ နောက်ထပ် One-Shot Manga တွေဖြစ်တဲ့ Goodbye, Eri (2022) နဲ့ Just Listen to the Song (2022) ကို Anime Movie အဖြစ် ကြည့်ချင်သွားပါပြီ။ Anime ကို ခဏလေးနဲ့လည်းမကြည့်ချင်ဘူး၊ အကြာကြီးလည်းမကြည့်ချင်ဘူး၊ စိတ်ဝင်စားစရာလည်းကောင်းရမယ်၊ ခေါင်းမစားတစားလည်းဖြစ်ချင်တယ်၊ ခံစားချက်တစ်ခုခုလည်းရသွားချင်တယ်ဆိုရင် ဒီ ၅၈ မိနစ်စာရှိတဲ့ Look Back ကကွက်တိပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)
...

Prisoners (2013) ⭐IMDB: 8.2/10 (843 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 33 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Prisoners (2013) IMDb Rating (8.2) / Rotten Tomatoes (82%) Duneတို့ Blade Runner 2049တို့ Arrivalတို့နဲ့ အော်စကာတွေ တစ်သီကြီးရဖူးသလို ပရိသတ်လက်ခံမှုအားလည်းများတဲ့ Denis Villeneuveရဲ့ Prisonersကို မကြည့်ဖူးတဲ့ လူလည်း မရှိလောက်တော့ပါဘူး။ သရုပ်ဆောင်တွေကလည်း Jake Gyllenhaalတို့ Hugh Jackmanတို့ Paul Danoတို့ David Dastmalchianတို့လို သရုပ်ဆောင်ပိုင်းမှာ နာမည်ကောင်းအပြည့်ရထားတဲ့ လူတွေချည်းပါပဲ။ အရင်ငါးနှစ်လောက်ကတည်းက တင်ထားခဲ့တာမို့ အားလုံးလည်းကြည့်ပြီးနေပြီမို့ Screenrantက Prisoners Ending Explained: Does Loki Find Keller?ဆိုတဲ့‌ ဆောင်းပါးထဲက အချက်တွေကို ပြန်ထုတ်နုတ်ထည့်ပြီး ဇာတ်လမ်းအစဉ်လိုက်အတိုင်းပဲ ဖြည့်စွက်ပြန် ပြောပြထားပါတယ်။ မကြည့်ရသေးရင်တော့ ဒီလောက်ထိပဲ ဖတ်သင့်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီရုပ်ရှင်ရဲ့ဇာတ်က ကလေးအခိုးခံရတာကို ပြန်ရှာတဲ့ဇာတ်ပါပဲ။ ကျေးဇူးတော်နေ့မှာ ဒိုဗာ ( ဟုချ်ဂျက်မန်း)တို့ မိသားစုက အိမ်နီးချင်းအိမ်ကို သွားလည်တယ်။ အိမ်နီးချင်းရဲ့သမီးလေးနဲ့ သူ့သမီးလေးက အပြင်ထွက်သွားရာက ပျောက်သွားတယ်။ ကလေးတွေပျောက်သွားတဲ့အမှုကို စုံထောက်လိုက်ီ ( ဂျိတ်)က ဦးဆောင်ပြီးစုံစမ်းတယ်။ သူတို့ စုံစမ်းတာကို အားမရတဲ့ ဒိုဗာက သူ့နည်းသူ့ဟန်နဲ့ ကလေးကိုရှာတယ်။ ဒါကို အစကနေ အဆုံးအထိ ကွင်းဆက်တွေ ချိတ်ဆက်ပြီး Denis Villeneuve တင်ဆက်ထားပုံက ကြည့်ရှုသူတွေအတွက် တော်တော်လေးအားရစရာကောင်းသလို , သူတို့ရှာတွေ့သမျှ အရာအားလုံးက လမ်းစတွေဖြစ်နေသလို အဲဒီအရာအားလုံးကပဲ လမ်းပျောက်စေခဲ့တာက ဒီရုပ်ရှင်ထဲက ခံစားနေရသူတွေအတွက် ကြည့်ရှုတွေအနေနဲ့ တော်တော်လေးအားမလို အားမရဖြစ်စရာကောင်းခဲ့တယ်။ ဒီရုပ်ရှင်ထဲက စုံထောက်လိုကီ လိုက်စုံစမ်းခဲ့သမျှ လူတွေဟာ တကယ့်တရားခံမဟုတ်ခဲ့ပေမဲ့ တရားခံနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်နေတဲ့ လူတွေချည်းပဲ။ သူတို့စစစုံစမ်းခဲ့တဲ့သူက အဲလက်စ်ဂျုန်းပါ။ ကလေးတွေကို ကားပေါ်တင်ခေါ်သွားမိပေမဲ့ ဘာအပြစ်မှမရှိဘူးလို့ ကောက်ချက်ချထားကြတဲ့ ၁၀နှစ်ကလေး ဉာဏ်ရည်နဲ့ လူပါ။ ရုပ်ရှင်စစချင်းတော့ သူက တရားခံလိုလိုထင်ခဲ့ရပေမဲ့ တကယ်တမ်း သူလည်း ဂျုန်းလင်မယားရဲ့ ပထမဆုံးနစ်နာသူတစ်ယောက်ဖြစ်နေခဲ့တယ်။ သူ့ကားပေါ်ပါသွားတယ်လို့ ယူဆထားတော့ ရဲတွေက သူ့ကိုဖမ်းပြီး စစ်ဆေးတဲ့အချိန်မှာ ဆယ်နှစ်ကလေးဉာဏ်ရည်ပဲရှိတာသိခဲ့ရပြီး သူ့ဆီက ဘာမှမေးမရခဲ့လို့ ပြန်လွှတ်ပေးလိုက်ရတယ်။ ဒါပေမဲ့ သူက သဲလွန်စတွေ အများကြီးပေးခဲ့ပါတယ်။ ဒိုဗာကို သူပြောခဲ့တဲ့ ” ကျွန်တော်မထားခဲ့ခင်အထိ သူတို့မငိုသေးဘူး”ဆိုတဲ့ စကားရယ် ။ “ကျွန်တော်က အဲလက်စ် မဟုတ်ဘူး”ဆိုတဲ့ စကားရယ်။ ” ကျွန်တော်စောင့်နေပေမဲ့ သူရောက်မလာခဲ့ဘူး”ဆိုတဲ့ စကားရယ်။ “သူတို့က ဝင်္ကပါထဲမှာ”ဆိုတဲ့ စကားရယ်က ဒီကားလုံးမှာ သူ့ဘာသာပြောခဲ့တဲ့ စကားအကုန်ပါပဲ။ ဒီစကားတွေ အားလုံးကလည်း အမှုရဲ့အဖြေဆီ ဦးတည်နေခဲ့တယ်။ တကယ်လို့သာ ဒီစကားတွေကို လိုကီသိခဲ့ရင် အစကတည်းက ကွင်းဆက်မိပြီး မြန်မြန်ဖြေရှင်းနိုင်လောက်ပါတယ်။ ဒါပေမဲ့ ရဲတွေကို မယုံတော့တဲ့ ဟုချ်က သူ့ဘာသာပဲ ကြိတ်လုပ်ခဲ့လို့ ကွင်းဆက်က မမိခဲ့တာကတော့ သူတို့ကို တော်တော်လေးစိတ်ထဲ အားမလိုအားမရဖြစ်စေခဲ့သလို ရုပ်ရှင်ရဲ့ thrillerအရသာကလည်း အရသာပိုရှိသွားခဲ့တယ်။ အဲလက်စ်ဟာ Paul Danoရဲ့ သရုပ်ဆောင်သက်တမ်းမှာ သူ့အရည်အချင်းကို ထုတ်ပြနိုင်ခဲ့တဲ့ ဇာတ်ကောင်တွေထဲက တစ်ခုဖြစ်ခဲ့သလို Paul Danoဟာလည်း ၁၀နှစ်ကလေးဉာဏ်ရည်နဲ့ လူကြီးဖြစ်နေတဲ့ အဲလက်စ် ဇာတ်ကောင်ကို ကောင်းကောင်းပုံဖော်သွားနိုင်ခဲ့တယ်။ အဲလက်စ်ဂျုန်းကို လွှတ်ပေးပြီးတဲ့နောက် စုံထောက်လိုကီဟာ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ရှာခဲ့တယ်။ ဒီမှာ သူထပ်တွေ့ခဲ့ရတာက ဖာသာရဲ့ မြေအောက်ခန်းထဲက အလောင်းပါပဲ။ ဖာသာကတော့ အဲဒီလူကိုသတ်တာဟာ အဲဒီလူဟာ ကလေး၁၆ယောက်ကိုသတ်ခဲ့ကြောင်းပြောပြီး သူ့ဆီအာပတ်လာဖြေရင်း ဘုရားသခင်နဲ့ စစ်ပွဲဆင်နေတဲ့အကြောင်းပြောခဲ့လို့ပါပဲ။ နောက်ပိုင်းမှာတော့ အဲဒီလူဟာ မစ္စတာဂျုန်းဖြစ်ကြောင်း ဟော်လီဂျုန်းရဲ့စကားနဲ့ဆက်စပ်နဲ့ ဆက်စပ်ပြီး သိခဲ့ရတယ်။ ဟော်လီဂျုန်းအိမ်က ပုံထဲက မစ္စတာဂျုန်းပုံမှာလည်း အလောင်းမှာတွေ့ရတဲ့ ဝင်္ကပါပုံစံလည်ဆွဲကို ဝတ်ဆင်ထားခဲ့တယ်။ ဒါကို လိုကီက နောက်ဆုံးမှ သိခဲ့ပါတယ်။ တကယ်လို့သာ လိုကီသာ အဲလက်စ်နဲ့ဆက်စပ်ပြီး ဂျုန်းကို သံသယဝင်ခဲ့လို့ ဒါကိုစောစောသတိထားမိခဲ့ရင် ဖာသာစကားနဲ့ချိတ်ဆက်ပြီး ဂျုန်းလင်မယားဟာ ကလေးခိုးသူတွေဖြစ်ကြောင်း ပိုစောစောသိရင်လည်း သိခဲ့နိုင်ပေမဲ့ ဒီမှာလည်း ထပ်လွတ်ပြန်တာပါပဲ။ ဖာသာက သူသတ်ခဲ့တဲ့ ကလေးသူခိုး (ဝါ) မစ္စတာဂျုန်းက မိသားစုနဲ့အတူလုပ်ခဲ့တာလို့ ပြောခဲ့တယ်လို့ပါ ပြောပြခဲ့ပေမဲ့လည်း လွတ်သွားတာပါပဲ။ တော်တော်လေး လက်တွေ့...

The Rocketeer (1991) ⭐TMDB: 65% User Score 🎬 #Action #Adventure #Family #SciFi #Thriller #ScienceFiction 🗓 1991 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rocketeer (1991) IMDb Rating (6.6) / Rotten Tomatoes (66%) Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဆွဲဆောင်မှုကတော့ အမေရိကန်ဖစ်ရှင်သမိုင်းတစ်လျှောက်မှာ ဟာရိုးရော်ဘင်တို့လို ဘတ်ဆဲလ်လား စာရေးဆရာတွေ , မာတင်စကောဆေးစိလို ဒါရိုက်တာတွေ ကြီးကြီးကျယ်ကျယ် မိုက်မိုက်ကန်းကန်း သူဌေးတစ်ယောက်အဖြစ် ပုံဖော်ခဲ့ကြတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာက ဒီဇာတ်လမ်းရဲ့ အဓိကအခရာအဖြစ်ပါနေတာပါပဲ။ အိုင်းရွန်းမန်း တိုနီစတက်ကာရိုက်တာကလည်း ဟောင်းဝတ်ဟုဒ်ကာရိုက်တာကိုပဲ မှီးထားခဲ့တယ်။ ချမ်းသာပြီး မိုက်ကန်းရူးရဲသလို အရည်အချင်းလည်းရှိတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာဟာ ဟိုးရှေးကတည်းကနေ အခုထက်ထိ ပရိသတ်ကို ကောင်းကောင်းဆွဲဆောင်နိုင်တဲ့ ကာရိုက်တာမျိုးဖြစ်ခဲ့တယ်။ ဒီကားထဲက ဟောင်းဝတ်ဟုဒ်ကတော့ နည်းနည်းအသက်ကြီးသွားသလို နည်းနည်းလည်းကွဲပြားတယ်ပြောရမယ်။ 1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ငွေအင်အား လူအင်အားများစွာသုံးပြီး တီထွင်ခဲ့ပါတယ်။ဒီဒုံးပျံရဲ့ ရှေ့ပြေးပုံစံကို နာဇီတွေလည်း စမ်းသပ်တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဇာတ်လမ်းအစမှာတော့ ဒုံးပျံဝတ်ကွန်မန်ဒိုတွေနဲ့ ကမ္ဘာကိုသိမ်းချင်တဲ့ နာဇီတွေဟာ Howardရဲ့ဒုံးပျံကို ခိုးယူပြီး နည်းပညာခိုးဖို့ကြံစည်နေပါပြီ။FBIက ဒီဒုံးပျံသူခိုးတွေနောက်ကိုလိုက်ရင်း သူခိုးတွေချောင်ပိတ်မိနေချိန်မှာတော့ သူခိုးတွေဟာ လေယာဉ်ရုံတစ်ခုထဲမှာ ပစ္စည်းလဲထည့်ခဲ့ကြပြီးပါပြီ။ဒီပစ္စည်းကိုတွေ့သွားတဲ့ စတန့်ပိုင်းလော့ Cliff Secordနဲ့ သူ့ အဖော်စက်ပြင်ဆရာ Peevyတို့နှစ်ယောက်သား ဒီဒုံးပျံကို ပြင်ဆင်စမ်းသပ်ခဲ့ပါတယ်။FBIက ပျက်စီးသွားပြီထင်နေတဲ့ ကြေးစား လူဆိုးတစ်အုပ် မရမနေရှာနေတဲ့ ဒုံးပျံဟာ သတင်းစာရဲ့ ခေါင်းကြီးသတင်းကနေပါလာတဲ့အခါ နာဇီတွေနဲ့ FBI အပြိုင်ကြဲရှာကြမယ့်ကြားက မြေစာပင်တွေကတော့ Cliff , Peevy နဲ့ Cliff ရဲ့ ရည်းစား  Jennyတို့ပါပဲ။ Cliff ရဲ့  Jenny အဖြစ်ကျွန်တော်တို့တွေ့ရမှာကတော့ တစ်ချိန်တုန်းက နှစ်ခါလည်ပြန်ငေးမောရလောက်အောင် ရက်ရက်စက်စက်လှဖူးတဲ့ Jennifer Connellyပါပဲ။နာဇီတွေက Jennyကို ဖမ်းသွားပြီး ဒုံးပျံနဲ့ Jennyအသက်ကိုလဲဖို့ ခြိမ်းခြောက်လာတဲ့အခါ…ဒီအကျပ်အတည်းထဲကနေ ဘယ်လိုရုန်းထွက်ကြမလဲ…ကမ္ဘာရဲ့ပထမဆုံး ဒုံးပျံစီးသမား Rocket Pioneerလေးရော ဘာဖြစ်သွားမလဲဆိုတာကိုတော့…..။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)
...

Trainspotting (1996) ⭐TMDB: 80% User Score 🎬 #Crime #Drama 🗓 1996 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 35 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trainspotting (1996) IMDb Rating (8.1) / Rotten Tomatoes (90%) ဒါရိုက်တာ Danny Boyle က ရိုက်ကူးတင်ဆက်ထားပြီး Stars တွေဖြစ်တဲ့ Ewan McGregor, Jonny Lee Miller, Kevin McKidd မင်းသမီး Kelly Macdonald တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Trainspotting 1996 ဒီဇာတ်ကားကတော့ မာခ့်ဆေးစွဲနေတဲ့လူငယ်လေးတစ်ဦးနဲ့ သူ့မိတ်ဆွေတွေ မူးယစ်ဆေးကိုစွဲလမ်းနေပုံ၊ မူးယစ်ဆေးကြောင့် အမှားအမှန်မသိအရှက်အကြောက်မရှိတော့ပဲနဲ့ လုပ်ချင်တာတွေကို စိတ်ထင်တိုင်းလုပ်ကြပုံ။ ပတ်ဝန်းကျင်မှတွန်းအားပေးကူညီမှုကြောင့် မာခ့်တစ်ယောက်ဆေးပြတ်သွားသောအခါ သူ့ဘဝရှေ့ခရီးဘယ်လိုဆက်ဖြစ်မလဲ။ သူနှင့်ဆေးအတူသုံးတဲ့ မိတ်ဆွေတွေကို ဘယ်လိုအဆက်ဖြတ်ဖို့ကြိုးစားမလဲ ၊သူ့ရဲ့ဆိုးဖော်ဆိုးဖက်မိတ်ဆွေတွေကရော မာခ့်ကို အလွတ်ပေးပါ့မလား ၊ သူ့မိတ်ဆွေတွေကရော မူးယစ်ဆေးဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ စသည်တို့ကို ဟာသနှောကရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)
...

The Wild Thornberrys Movie (2002) ⭐TMDB: 64% User Score 🎬 #Adventure #Animation #Family 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အန်နီမေးရှင်းရုပ်ရှင်ကြိုက်တတ်သူများတိရစ္ဆာန်လေတွေကိုချစ်တတ်သူများအတွက်နာမည်ကြီးဇတ်ကားကောင်းတစ်ခု အီလိုက်ဇာသွန်းဘယ်ရီဆိုတဲ့၁၂နှစ်အရွယ်ကောင်မလေးဟာတောနက်ထဲမှာကွန်ဗီးလို့ခေါ်တဲ့ကားအိမ်လေးနဲ့တောရိုင်းတိရစ္ဆာန်တွေကိုလေ့လာရုပ်ရှင်ရိုက်တဲ့မိဘတွေနဲ့အတူ အစ်မတစ်ယောက်ပါအပါ အတူခရီးလှည့်သွားနေခဲ့ကြပါတယ်။အီလိုက်ဇာဟာနတ်ဆရာတစ်ယောက်ဆီကနေ တိရစ္ဆာန်တွေကိုစကားပြောနိုင်တဲ့စွမ်းရည်ရထားခဲ့ပြီး ဒါက မိဘတွေ အဘိုးအဘွားနဲ့အစ်မဖြစ်သူအတွက် ထူးဆန်းတာတွေလုပ်နေတဲ့ကောင်မလေးဖြစ်လို့နေပါတယ်။အီလိုက်ဇာမှာ ဒါဝင်လို့ခေါ်တဲ့ ချန်ပင်ဇီမျောက်လေးတစ်ကောင်လည်းရှိပါတယ်။ တစ်နေ့မှာအီလိုက်ဇာရဲ့ကြီးကြပ်မှုနဲ့သစ်ကျုတ်ပေါက်လေးသုံးကောင်အပြေးပြိုင်ကြရင်း တောရိုင်းတိရစ္ဆာန်ခိုးဖမ်းပြီးသတ်တဲ့သူတွေနဲ့ တွေ့ပြီး တာလီလို့ခေါ်တဲ့သစ်ကျုတ်ပေါက်ကလေးကိုဖမ်းသွားပါတယ်။အီလိုက်ဇာက လိုက်ကယ်ရင်း သူကိုယ်တိုင်အန္တရာယ်ဖြစ်လာတဲ့အခြေအနေကိုတွေ့တဲ့အခါ အဘွားဖြစ်က သူ့ကိုလန်ဒန်က ဘော်ဒါကျောင်းကိုပို့လိုက်ပါတယ်။ ဘော်ဒါကျောင်းမှာဘာကြုံရမလဲ။နတ်ဆရာမိုင်ယန်ဘိုက အီလိုက်ဇာကိုဘာလို့ တိရစ္ဆာန်တွေနဲ့စကားပြောနိုင်တဲ့စွမ်းရည်လက်ဆောင်ကိုပေးခဲ့တာလဲ။ဒီစွမ်းရည်က ဘယ်လိုဆိုရင်ပျက်ပြယ်မလဲ။တာလီ့ကို အီလိုက်ဇာကယ်တင်နိုင်မလား။ ကွန်ဂိုတောနက်ထဲက ဒဏ္ဍာရီကဘာဖြစ်မလဲ ။ဒါက တကယ်ဖြစ်လာမလား။တောရိုင်းတိရစ္ဆာန်ခိုးဖမ်းတဲ့သူတွေရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒါကိုတော့ ရုပ်ရှင်ပိတ်ကားပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ဖခင်ရဲ့မေတ္တာတွေကိုဖော်ကျူးထားတဲ့သီချင်းလေးက အဓိပ္ပါယ်ပြည့်ဝလှသလိုအဖေတွေကိုသတိရစေမှာဖြစ်ပါတယ်။အော်စကာဆုအတွက် အကောင်းဆုံးမူလသီချင်းဆုအတွက် ပေါလ်ဆီမွန်ရဲ့ Father and Daughter(အဖေနဲ့သမီး) သီချင်းကအမည်စာရင်းတင်သွင်းခံရပါတယ်။ မှတ်မှတ်သားသားစကားလေးတွေကတော့- – “ပြီးတော့ မင်းကဒါကိုလုပ်ခဲ့တယ်မင်းရဲ့ လက်ဆောင်နဲ့မဟုတ်ဘူးဒါပေမယ့်မင်းရဲ့နှလုံးသားနဲ့လုပ်ခဲ့တာတကယ်လို့ ဒါကမင်းရဲ့စွမ်းအားမပါပဲနဲ့မင်းလုပ်နိုင်ခဲ့တဲ့ဟာဖြစ်မယ်ဆိုရင်ငါသိထားခဲ့တာထက်တောင်မှမင်းမှာပိုကောင်းတဲ့ကံကြမ္မာတစ်ခုရှိတယ်” လူ့လောကမှာ စွမ်းရည်တွေထက်အရေးကြီးတာက နှလုံးသားထဲက မေတ္တာတရားနဲ့ကိုယ်ချင်းစာတရားပါပဲ။ကြည့်ရှု့ခံစားကြည့်လိုက်ပါ။
...

Disco, Ibiza, Locomia (2024) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Biography #Drama #Music 🗓 2024 🎞 movie 🌎 #Spain #Mexico ⏰ 1 နာရီ 45 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Disco, Ibiza, Locomía (2024) IMDb Rating (6.1) 80 ခုနှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ Locomia ဆိုတဲ့ စပိန် ဂီတ Band တစ်ခုရဲ့ တကယ့်ဖြစ်ရပ်မှန်တွေကိုရိုက်ကူးပေးထားတဲ့ကားလေးပါ။ ဒီကား ထဲမှာ Money Heist ထဲက Denver လုပ်တဲ့မင်းသားက Band ခေါင်းဆောင် ချာဗီဖောင့်အဖြစ်သရုပ်ဆောင်ထားပြီး music documentaries ကြိုက်တဲ့သူတွေအတွက် 80 ခုနှစ် Disco Dance music တွေနဲ့ အဖော်အချွတ် club scene တွေကို ဝေဝေဆာဆာ‌မြင်တွေ့ရမယ့်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။)
...

Simon Says (2007) ⭐TMDB: 51% User Score 🎬 #Horror #Thriller 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Simon Says (2006) ********************** ခုတ်တာ ထစ်တာတွေ .. သတ်တာ .. ဖြတ်တာတွေ ကြိုက်တဲ့Horror ပရိတ်သတ်အတွက် တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားပါ။ ကျောင်းသားငါးယောက်အဖွဲတစ်ဖွဲ့ဟာ တောထဲကို စခန်းချ ခရီးထွက်ဖို့ ရောက်လာကြတယ်။အဲဒီတောထဲမှာ လူသတ်သမား ညီအကို နှစ်ယောက်နေထိုင်တယ်။ အဲဒီညီအကိုနှစ်ယောက်ဟာ သူတို့ရဲ့ မိဘတွေကိုတောင် သတ်ပစ်ထားတဲ့ ညီအကိုတွေ …ဒီတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားထဲမှာ ကြည့်ရှု ခံစားလိုက်ကြပါစို့။ ကိုယ့်အ‌နေနဲ့ အသည်းနုတယ် ဆိုရင် ဒီကားကို လုံး၀ မကြည့်ဖို့ ပြောလိုက်ပါရစေ။ (အညွှန်းကို BZW မှ ရေးသားထားပါတယ်)
...

Avenging Angelo (2002) ⭐TMDB: 54% User Score 🎬 #Action #Comedy #Crime 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica #France #Switzerland ⏰ 1 နာရီ 38 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (IMDb 5.1/10) Director ကြီး Martyn Burke ရိုက်ကူးထားတဲ့ Action/Comedy/Crimeဇာတ်ကားကောင်းလေးပါ မင်းသားကြီး Sylvester Stallone နဲ့ မင်းသမီးကြီး Medeleine Stowe တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးကတော့ ဖရန်ကီ ဆိုတဲ့ သစ္စာရှိသက်တော်စောင့်ကောင်လေးဟာ အန်ဂျလို ဆိုတဲ့မာဖီးယား ဂိုဏ်ခေါင်းဆောင်ကြီးရဲ့လက်စွဲတော်ပေါ့ဖအေနဲ့သားလိုဆက်ဆံမှုမျိုးရှိကြတာပေါ့…..ဒီလိုနဲ့တစ်နေ့မှာ အန်ဂျလို ဟာသူသေတော့မှာကိုသိနေတဲ့အတိုင်း ဗီဒီယိုမှတ်တမ်းနဲ့သူ့ကိုအဖေမှန်းတောင်မသိတဲ့ သူ့ရဲ့သမီးကိုအမှာစကားထားခဲ့ပါတယ်…..အန်ဂျလို လုပ်ကြံခံရပြီးသေသွားတော့ ဖရန်ကီ ဟာသူ့သမီးရှိရာကိုသွားပြီးဖြစ်ကြောင်းကုန်စင်ပြောပြပြီး…… နှစ်ယောက်ပေါင်းပြီး ပြန်လက်စားခြေမယ့်အစီအစဉ််တွေကိုဘယ်လိုလုပ်ကြမလဲ…..မသိနိုင်တဲ့နောက်ကွယ်ရိုမန့်တစ်ဆန်တဲ့ ဇာတ်လမ်းလေးကရောဘယ်လိုများလဲဆိုတာကိုတော့….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်
...

Reagan (2024) ⭐IMDB: 6.2/10 (9 k Votes) 🎬 #Biography #Drama #History 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ ဇာတ်လမ်းလေးကအမေရိကန် နိုင်ငံရဲ့ အယောက်လေးဆယ်မြောက်ရုပ်ရှင် သရုပ်ဆောင်ကနေ သမ္မတလာဖြစ်တဲ့ ရော်နယ်ရေဂန် ရဲ့ ဘဝဇာတ်ကြောင်း Biography ဇာတ်လမ်းလေးပါ၊ ဒီဇာတ်လမ်းက Paul Kengor ရဲ့ The Crusader: Ronald Reagan and the Fall of Communism ဆိုတဲ့ စာအုပ်ကို Inspired ယူပြီး ရိုက်ထားတာပါ ။ ရော်နယ်ရေဂန်က ဟောလိဝုဒ်မင်းသားကနေ California ရဲ့ မြို့တော်ဝန်ဖြစ်လာပြီး အမေရိကန် နိုင်ငံရေးလောကထဲကို ဝင်လာပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ သမ္မတဖြစ်ခဲ့တာပါ။ အခု ဂျိုးဘိုင်ဒန်မတိုင်ခင်အထိ ရေဂန်က အမေရိကန် သမ္မတတွေထဲမှာ အသက်အကြီးဆုံး သမ္မတ တစ်ယောက်ပါ။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲတာ သူ့ကြောင့်လို့ တော်တော်များများကအခုချိန်ထိပြောကြပါတယ် ။ ဒီထဲမှာတော့ ဆိုဗီယက် KGB အေးဂျင့်ဟောင်းတစ်ယောက်က သူ့အကြောင်းကို ပြန်ပြောတဲ့ Narrative ပုံစံမျိုးနဲ့ ဇာတ်လမ်းကို သွားထားပါတယ်။ ဟောပြောပွဲတွေမှာ စကားနဲ့ ပြည်သူကို သိမ်းသွင်းနိုင်ပြီး ဟာသဉာဏ် ရွှင်ရွှင်နဲ သမ္မတ ရော်နယ်ရေဂန်ရဲ့ ဘဝအတက်အကျနဲ့ အမေရိကန်ရဲ့ စစ်အေးတိုက်ပွဲကာလ အခြေအနေတွေနဲ့သမိုင်းကြောင်းတွေကို သေချာလေးသိချင်ရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်။
...

Rachel Getting Married (2008) ⭐TMDB: 63% User Score 🎬 #Drama #Romance 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rachel Getting Married (2008) ****************************** 2008 ခုနှစ်မှာ ထွက်ရှိပြီး ဆု ၃၂ ဆု best leadingactress Oscar Nomination အပါအဝင် Nomination ၆၅ နဲ့အဲဒီအချိန်က ဝေဖန်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ Family Drama အကြောင်း အသားပေးရိုက်ကူးထားပြီး ဒါရိုက်တာJonathan Demme ရိုက်ကူးကာ အားလုံးသိကြတဲ့ မင်းသမီးချော Anne Hathaway ,Rosemarie DeWitt နဲ့ မင်းသမီးကြီး Debra Winger , မင်းသား Bill Irwin တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Anne Hathaway ကို ပထမဆုံးအကြိမ်Oscar nomination ရစေခဲ့တဲ့ကားဖြစ်ပြီးတော့ ဒီကားမှာတော့ ပုံမှန်ချစ်စရာကောင်းတဲ့Anne Hathaway ကို Rehab ကထွက်လာတဲ့ Drug Addict အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်နှစ်အတောအတွင်း rehab ကိုဝင်လိုက်ထွက်လိုက်လုပ်နေရတဲ့ Kym ဟာသူ့အစ်မ Rachel မင်္ဂလာဆောင်အတွက် rehab ကနေ ထွက်လာပါတယ်။ ကိုးလကြာ sober ဖြစ်နေတဲ့ Kym ဟာ rehab ကနေထွက်လာရတဲ့အတောအတွင်းမင်္ဂလာဆောင်ကျင်းပမဲ့ သူတို့ရဲ့မိသားစုအိမ်မှာ နေထိုင်ခဲ့ပါတယ်။ မင်္ဂဆောင်အတွက် စီစဥ်ကြရင်း ပြန်ပြီးပေါ်ထွက်လာတဲ့ သူတို့မိသားစုပြဿနာတွေနဲ့Kym ပြန်ရောက်လာတာကြောင့် အမြစ်ပြန်ပေါ်လာတဲ့ အနာဟောင်းတွေကိုသူတို့မိသားစုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…. (အညွှန်းကို Aerin မှ ရေးသားထားပါတယ်)
...

Maa Nanna Superhero (2024) ⭐IMDB: 6.8/10 (256 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maa Nanna Superhero 2024 (အဖေ့အတွက်သူရဲကောင်းကျွန်တော်) အဖေနဲ့သားကြားက သံယောဇဉ်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့တေလဂူရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ အဖေအရင်းရယ် မွေးစားအဖေရယ် သူတို့ရဲ့သားရယ်သူတို့ 3 ယောက်ကြားက အလွဲလေးတွေအပြင်အရယ်အငိုရသစုံခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ ရင်ခွင်ပိုက်အရွယ် ကလေးငယ်လေးနဲ့ တစ်ကိုယ်တော်အဖေပရာကတ်ရှ်တစ်ယောက်သားလေးကိုမိဘမဲ့ဂေဟာမှာ ခဏအပ်ထားပြီး ကားသမားအနေနဲ့ပုံသေအလုပ်ရဖို့ အော်ဒါလိုက်သွားပါတယ်။ ကံဆိုးချင်တော့ သူမောင်းရတဲ့ကားက ဆေးခြောက်သယ်လာတဲ့ကားဖြစ်လို့မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ်ကျသွားပြီး နှစ်နှစ်ဆယ်ကြာမှပဲထောင်ကပြန်လွတ်လို့ သားဖြစ်သူကို လိုက်ရှာပါတော့တယ်။ တစ်ဖက်က သားဖြစ်သူဂျွန်နီကလည်း ‌မွေးစားအဖေရဲ့စတော့ရှယ်ယာကြွေးကိုဆပ်လိုက်ဟိုကအကြွေးပြန်တင်လိုက်နဲ့ သံသရာလည်နေပေမဲ့ အဖေ့ကို အပြစ်မမြင်တဲ့သူပေါ့။ဒီလိုနဲ့ ကံကြမ္မာဇာတ်ဆရာရဲ့အလိုကျ ဒီ လူ 3 ယောက် ဆုံဆည်းဖို့ ဖြစ်လာတဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Cracks (2009) ⭐TMDB: 67% User Score 🎬 #Drama #Mystery #Thriller 🗓 2009 🎞 movie 🌎 #France #Ireland #Spain #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cracks (2009) ************** ၁၉၃၀ ပြည့်နှစ်မှာ စည်းကမ်းတင်းကြပ်တဲ့ အထက်တန်းလွှာဗြိတိန်မိန်းကလေးဘော်ဒါကျောင်းတစ်ခုက ဒိုင်ဗင်အဖွဲ့ခေါင်းဆောင်ဒိုင်ဟာချောမောတဲ့နည်းပြမစ္စဂျီကို မိန်းကလေးချင်းကြိတ်ကြိုက်နေခဲ့သလိုမစ္စဂျီကလည်း မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးပါ။ တစ်ရက်မှာတော့ အပယ်ခံစပိန်တော်ဝင်မင်းသမီးတစ်ဦးရောက်လာပြီးကျောင်းကမိန်းကလေးအားလုံးထက် ပိုလှနေခဲ့ပါတယ်။ ဒိုင်ဗင်ထိုးစွမ်းရည်လည်းကောင်းမွန်တဲ့မင်းသမီးလေးဖီအမ်းမာကိုမစ္စဂျီက ချက်ချင်းမျက်စိကျသွားခဲ့ပါတေ့တယ်။ မစ္စဂျီရဲ့ချဥ်းကပ်မှုကို ဖီအမ်းမာကလက်မခံတဲ့အခါမှာတော့မစ္စဂျီတစ်ယောက် ဖီအမ်းမာကိုရဖို့အမျိုးမျိုးကြံစည်ပါတော့တယ်။ ဒါကိုသိနေတဲ့ဒိုင်က ဖီအမ်းမာကိုမနာလိုမုန်းတီးပြီးနေရာတကာမှာ ဖီအမ်းမာနဲ့လိုက်ပြိုင်ဆိုင်ခဲ့ပါတယ်။ မိန်းကလေးဘော်ဒါဆောင်တစ်ခုရဲ့သာမန်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကအရုပ်ဆိုးအကျည်းတန်တဲ့အဖြစ်ဆိုးတစ်ခုကို ဘယ်လိုဖြစ်စေခဲ့တယ်ဆိုတာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို JULY မှ ရေးသားထားပါတယ်)
...

Forsaken (2015) ⭐IMDB: 6.4/10 (14 k Votes) 🎬 #Action #Drama #Western 🗓 2015 🎞 movie 🌎 #Canada #France #UnitedStates #UnitedStatesofAmerica #UnitedKingdom ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Forsaken (2015) **************** IMDB – 6.4နာမည်ကြီးသရုပ်ဆောင် Kiefer Sutherland ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းက နာမည်ကြီးသေနတ်သမား ဂျွန်ဟန်နရီက10 နှစ်ကြာပြီးတဲ့နောက်မှာ သူ့မွေးရပ်မြေဖြစ်တဲ့Fowler ဆိုတဲ့မြို့လေးကို ပြန်ရောက်လာတယ်။ အတိတ်တုန်းကတိုက်ပွဲမှာ ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ သူ့စွမ်း‌ဆောင်ရည်တွေကြောင့်သူပြန်ရောက်‌ရောက်ချင်းမှာ မြို့သူမြို့သားတွေဟာ အံ့ဩထိတ်လန့်မိကြသလိုသူတို့အတွက် မျှော်လင့်တစ်ခုရှိလာပြီဆိုတဲ့ ခံစားချက်မျိုးလည်းရှိနေကြတယ်။ အကြောင်းကတော့ မက်ကာဒီဆိုတဲ့လူက လယ်မြေတွေကိုမြို့သူမြို့သား‌တွေဆီက အတင်းအဓ္ဓမဝယ်နေတယ်။ မရောင်းချင်တဲ့သူတွေကို သူ့အောက်က လက်မရွံသေနတ်သမားတွေနဲ့ ဖြေရှင်းခိုင်းတယ်။ ဘယ်သူကမှ မက်ကာဒီနဲ့ ရင်မဆိုင်ချင်ကြဘူး။ အကြောင်းတစ်စုံတစ်ရာကြောင့် သေနတ်ကို ရာသက်ပန်စွန့်လွှတ်ထားတဲ့ ဂျွန်ဟင်နရီဟာမက်ကာဒီကြောင့် သေနတ်ပြန်ကိုင်ရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါမှာတော့… (အညွှန်းကို Tin Myo Lwin မှ ရေးသားထားပါတယ်)
...