无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Orb: On the Movements of the Earth (2024) ⭐IMDB: 8.3/10 (1 k Votes) 🎬 #Animation #Drama #History #Mystery #SciFi 🗓 2024 🎞 tv series 🌎 #Japan ⏰ 25 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “အဖြေမှားတယ်ဆိုတာ အဓိပ္ပာယ်မရှိတာ မဟုတ်ဘူး” အခုတင်ဆက်ပေးသွားမှာကတော့ Medieval Fantasy anime တစ်ခုပဲဖြစ်ပါတယ် ၁၅ ရာစုနှစ်အချိန်မှာ အခြေတည်ထားပြီး scholar တွေနဲ့ Holy Church အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ် Vinland Saga လိုမျိုး Fantasy အရမ်းမဆန်တဲ့ Medieval anime ကြည့်ချင်သူတွေ အတွက်တော့ တော်တော်လေးကို အရသာ တွေ့စေမှာပါ Yuichi Nakamura(Gojo Satoru) နဲ့ Kejiro Tsuda(Nanami Kento) တို့လို အရမ်းကောင်းတဲ့ အသံသရုပ်ဆောင်တွေ ပါဝင်ထားတာမလို့ ကြည့်ရတာ အရမ်းကောင်းနေမှာပါ ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာကြီးကို လူသားတွေရဲ့ အပြစ်ကြောင့် ဘုရားသခင်က စကြဝဠာရဲ့ အလယ်တည့်တည့် အနိမ့်ဆုံးနေရာမှာ ထားထားတယ်လို့ လူတွေ ယုံကြည်နေကြတဲ့ ခေတ်မှာ နက္ခတဗေဒပညာရှင်တွေက စကြဝဠာရဲ့ အမှန်တရားအစစ်မှန်ကို ရှာနေကြပါတယ် ဒီလိုရှာနေကြတဲ့ သူတွေကို ဘုရားကျောင်းရဲ့ သင်ကြားမှုတွေကို ဆန့်ကျင်တဲ့ ဒိဌိတွေ ဆိုပြီး လိုက်လံ သုတ်သင်ရှင်းလင်းကြတဲ့ အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်သွားမှာလဲ ဒီလို အချိန်တွေမှာ အရမ်းတော်တဲ့ ၁၂ နှစ် အရွယ် မိဘမဲ့ကောင်လေးတစ်ယောက်က ဘုရားကျောင်းကို ဆန့်ကျင်တယ်ဆိုတဲ့ စကြဝဠာရဲ့ သီအိုရီတစ်ခုကို အဖမ်းခံရာကနေ လွတ်လာတဲ့ ဒိဌိတစ်ယောက်ဆီကနေ သိလိုက်ရပါတယ် အဲဒီလို သိရပြီးတဲ့နောက် သူ့ရဲ့ ဘဝဘယ်လိုပြောင်းလဲသွားမလဲ ဘုရားကျောင်းရဲ့ အခုလို လိုက်ဖမ်းဆီး ကွပ်မျက်နေတဲ့ ကြားက ဒီပညာရှင်တွေက စကြာဝဠာရဲ့ အမှန်တရားကို ရှာဖွေတွေ့ပြီး သက်သေပြနိုင်သွားရမှာလားဆိုတာကို ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ကြည့်ရှု ခံစားသွားရမှာပါ ကိုယ်ံယုံကြည်မှုအတွက် အသက်ကိုတောင် ရင်းကြတဲ့ ဒီလို ပညာရှင်တွေရဲ့ ခရီးကြမ်းကို အတူတူ လိုက်ပါကြည့်ရှုလိုက်ကြပါဦး...
Lockerbie: A Search for Truth (2025) ⭐TMDB: 78% User Score 🎬 #Drama 🗓 2025 🎞 Series 🌎 #UnitedKingdom ⏰ 50 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Season 1 အပိုင်း ( ၁ မှ ၅ ) အထိ စ / ဆုံး ၂၀၂၅ ခုနှစ်ရဲ့နှစ်စမှာတော့ စိတ်ဝင်စားစရာတော်တော်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်စေမဲ့ ဖြစ်ရပ်မှန် Series လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ဒီ Series ရဲ့နာမည်ကတော့ Lockerbie : A Search for Truth ဖြစ်ပြီး လက်ရှိ IMDb 7.8 အထိ ရရှိထားတဲ့အတွက် Rating ကြည့်ရုံနဲ့ကောင်းမယ်ဆိုတာတော့ တန်းသိနိုင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကလည်း Kingsman နဲ့ နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ Colin Firth ကအဓိကဇာတ်ဆောင်မင်းသား အနေနဲ့တစ်ကားလုံးကိုစိတ်ဝင်စားစရာကောင်းအောင် သူ့ရဲ့လေယူ လေသိမ်းတွေ သရုပ်ဆောင်ဟန်တွေနဲ့ဆွဲဆောင်သွားမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဖြစ်မှန်ကဘာလဲဆိုရင်တော့ ၁၉၈၈ ခုနှစ် ခရစ္စမတ်အချိန် ကာလနီးနေပြီဖြစ်တဲ့ အချိန် လေကြောင်းလိုင်းတွေအားလုံး အားလပ်ရပ် အိမ်ပြန်ကြမဲ့ အလည်အပတ်သွားမဲ့လူတွေနဲ့ပြည့်နှက်ပြီးအလုပ်ရှုပ်နေကြတဲ့ အချိန်မှာ ပန်အမ်းလေယာဉ် ၁၀၃ ဆိုတဲ့ခရီးသည်တင်လေယာဉ်တစ်စီးက ဇာတ်ကားနာမည်ထဲက လော့ကာဘီဆိုတဲ့မြို့လေးတစ်မြို့မှာဖြတ်ပျံနေတဲ့ အချိန်ဗုံးပေါက်ကွဲပြီး လေယာဉ်ပေါ်မှာပါလာတဲ့ လူပေါင်း ၂၅၉ ယောက်လုံး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ဗုံးပေါက်ကွဲတယ်ဆိုကတည်းက သွေးရိုးသားရိုးမဟုတ်ဘဲ အကြမ်းဖက် သမားတွေလက်ချက်ဖြစ်မယ်ဆိုတာကို ကလေးတောင်သိနိုင်ပေမဲ့ ဗြိတိန်အစိုးရကတော့ အဲ့ဒါကိုအလေးအနက်မထားတဲ့အပြင် သူတို့ရဲ့ အလေးအနက်မထားမှုကြောင့်လည်း ဒီလိုရလာဒ်တွေထွက်လာခဲ့ရတာ ဖြစ်တဲ့အတွက် အဲ့ဒီလေယာဉ်ပေါ်ကခရီးသည်တွေထဲက ကောင်မလေး တစ်ယောက်ရဲ့ ဖခင်တစ်ယောက်နေရာကနေ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့ ဖြစ်ရပ်မှန်ကိုဖော်ထုတ်သွားမဲ့ပုံစံမျိုးနဲ့ရိုက်ကူးထားတာဖြစ်တဲ့အတွက် အလွန်ကိုမှစိတ်ဝင်စားစရာကောင်းမဲ့ Series လေးတစ်ခုဖြစ်ကြောင်း ညွှန်းပေးလိုက်ချင်ပါတယ်။...
Vienna Blood (2019) ⭐TMDB: 73% User Score 🎬 #Crime #Drama #Mystery 🗓 2019 🎞 Series 🌎 #Germany #Austria #UnitedKingdom ⏰ 1 နာရီ 29 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vienna Blood (2019-)IMDB – 7.6/10 BBC ကနေ ထွက်ရှိထားတဲ့ ဒီစီးရီးလေးဟာ သူတို့ မူပိုင်Sherlock စတိုင်အတိုင်းပဲ ဖြစ်ပါတယ်။ Season တစ်ခုကို ၃ ပိုင်းသာ ပါဝင်ပြီး တစ်ပိုင်းတစ်ပိုင်းကိုရုပ်ရှင်တစ်ကားစာ ရှိပါတယ်။ ဇာတ်လမ်းပုံစံကလည်း Sherlock လိုပဲမှုခင်းတွေကို Male Lead နှစ်ယောက် ဖြေရှင်းကြတာမျိုးပါ။ သူတို့က ဒီမှာ အခြေခံထားတာကျ ၁၉၀၀ ဝန်းကျင် ဗီယန်နာမြို့ ဖြစ်ပြီးဇာတ်ကောင်တွေက ဆေးကျောင်းသားတစ်ယောက်ရယ်စုံထောက်တစ်ယောက်ရယ်ပဲ ဖြစ်ပါတယ်။ အိမ်က ဖြစ်စေချင်တာမျိုးကို မလုပ်ပဲ ကိုယ့်သဘောဆန္ဒအလျောက်ဖြစ်ချင်တာကို ဦးစားပေးပြီး ဆေးပညာကနေ ရာဇဝတ်သားတွေရဲ့အကျင့်စရိုက်အနေအထားကို လေ့လာချင်သူဉာဏ်ကြီးရှင် ဆေးကျောင်းသားလေးရယ်အမှုတွေကို မဖြေရှင်းနိုင်တာကြာလို့ စိုးရိမ်သောက ပူပန်တွေများပြီးအထက်လူကြီးက ထောင်းတာကို ခံနေရလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သွေးဆူလွယ်တဲ့ စုံထောက်ကြီးတစ်ယောက်ရယ် နှစ်ဦးသား ဆုံတွေ့ဖို့ ကံပါလာကြပြီး မှုခင်းတွေကို ဘယ်လိုအတူတူ ဖြေရှင်းသွားမယ်ကိုယ်စီဘဝအခက်အခဲတွေကို ဘယ်လိုဖေးကူသွားကြမလဲဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ သမိုင်းနောက်ခံပဟေဠိတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် ဒရမ်မာ စီးရီးကောင်းဖြစ်ပါတယ်။...
The Pitt (2025) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Drama 🗓 2025 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 51 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Season 1 အပိုင်းသစ် ( ၁ , ၂ ) IMDb – 8.3/10 ဒီတစ်ခါမှာတော့ ER ဇာတ်လမ်းတွဲထဲဲက Noah Wyle ရဲ့ အရေးပေါ်ခန်း ဇာတ်လမ်းတွဲတစ်ခု ထပ်မံရောက်ရှိလာပြန်ပါပြီ ။ ကိုဗစ်ကြောင့် သူ့အထက်လူကြီး ဒေါက်တာ အဒမ်ဆင် ဆုံးပါးပြီးတဲ့နောက် ER ဆရာဝန် တစ်ယောက်ဖြစ်တဲ့ ရော့ဘီဟာ အလုပ်ကနေ လေးနှစ်တောင် အနားယူ သွားခဲ့ပါတယ် ။ ဒီလိုကနေ သူ အလုပ်ပြန်တက်တဲ့နေ့မှာတော့ ဒဏ်ရာရ လူနာပေါင်း တစ်သိန်းတစ်သောင်းအပြင် ဆေးကျောင်းသားအသစ်တွေကလည်း ထပ်ရောက်လာဦးမယ်ဆိုတော့ ရော့ဘီတစ်ယောက် အရေးပေါ် ဌာနမှာ ဒေါင်ချာစိုင်းရပါတော့တယ် ။ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ဝင်လာနေတဲ့ လူနာတွေ ၊ အသက်လုနေရတဲ့ ကေ့စ်တွေကို ရော့ဘီ အပါအဝင် အရေးပေါ်ဌာနက အဖွဲဝင်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့ အားလုံးစိတ်ဝင်စားစွာနဲ့ အတူတူ စောင့်ကြည့်ရမှာဖြစ်ပါတယ် ။ Grey’s anatomy , Dr. House , The Good Doctor တိုလိုမျိုး ဆရာဝန်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်တော့ ကွက်တိ ဖြစ်မယ်လို မျှော်လင့်ပါတယ် ။ File Size –1.04GB / 501MB Quality –WEB-DL 1080p HEVC / 720p Episodes – 15 Eps Duration – 50 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre : Medical Drama Translator – Hazelle & Muse Encoder – Min Wai ( Season 1 ) Ongoing Series Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>Usersdrive/YoteShin/gdtot/Megaup Ep-2 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-2 (720p) >>Usersdrive/YoteShin/gdtot/Megaup ( ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်...
10 PM (2024) ⭐TMDB: 75% User Score 🎬 #Mystery 🗓 2024 🎞 Series 🌎 #Indonesia ⏰ 52 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 10 PM (2024)************ စ/ဆုံး ဒီတစ်ခေါက်မှာတော့ အင်ဒို Horror တစ်ကား CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်… အာဗီနိုဟာ Horror storyတွေကိုဖတ်ပြတဲ့ ရေဒီယိုဒီဂျေ တစ်ယောက်ဖြစ်ပါတယ်… ကြာဿပတေး ည ၁၀နာရီတိုင်းမှာ 10PM လို့အမည်ပေးထားတဲ့ အာဗီနိုရဲ့ပရိုဂရမ်ကိုထုတ်လွှင့်လေ့ရှိပါတယ်… ဗီဆာကတော့ သူနာပြုတစ်ယောက်ဖြစ်ပြီး သူမမှာ ချန်ဒရာလို့ခေါ်တဲ့ အမြွှာအစ်ကိုတစ်ယောက်ရှိပါတယ်… ဒီလိုနဲ့ ဗီဆာတစ်ယောက် ထင်ယောင်ထင်မှားနဲ့ သူ့ဘေးက စကားပြောသလို အသံတွေကြားလာရတဲ့အခါ ဖာသာဖြစ်ဖို့ကြိုးစားနေတဲ့ ချန်ဒရာက သူ့ညီမကို ကူညီကုသဖို့ ကြိုးစားပါတော့တယ်… အဲဒီအချိန်မှာပဲ 10 PM ဆိုတဲ့ app တစ်ခုလည်း တိုက်တိုက်ဆိုင်ဆိုင်ထွက်ရှိလာခဲ့ပါတယ်… ဗီဆာနဲ့ ချန်ဒရာတို့ရော သူတို့ကြုံနေရတဲ့ လျှို့ဝှက်ဆန်းကြယ်ကိစ္စတွေကို အဖြေရှာနိုင်သွားမလား… 10PM ဆိုတဲ့ appထွက်လာပြီးနောက်ရော ဘာတွေဆက်ဖြစ်ကြမလဲ… 10 PM ရဲ့ ရေဒီယိုဒီဂျေ အာဗီနိုရဲ့ သရုပ်မှန်ကရော ဘာြဖစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြောက်မက်ဖွယ်အပြည့်နဲ့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်...
American Primeval (2025) ⭐IMDB: 8.2/10 (14 k Votes) 🎬 #Western #Drama #Action #Adventure #Thriller 🗓 2025 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 53 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American Primeval (2025) IMDb Rating (8.2) / Rotten Tomatoes (59%) Netflix ကနေ 2025 မှာ တင်ဆက်လိုက်တဲ့ A Must Watch mini series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 1857 ဝန်းကျင် အနောက်အမေရိကန်ခေတ်ဦးကို နောက်ခံဝန်းကျင်ထားပြီး ရိုက်ကူးထားပြီး အဲဒီခေတ်အခါက ကြုံရတဲ့ အကျပ်ရိုက်မှုများစွာကို အရှေ့ဘက် ဘော်စတွန်ကနေ ခရီးဆက်လာတဲ့ သားအမိနှစ်ယောက်ရဲ့ဘဝကို အခြေခံပြီး ပုံဖော်ပြထားပါတယ်။ ဆာရာရိုဝဲလ်ဆိုတဲ့ အမျိုးသမီးဟာ သားဖြစ်သူ ဒက်ဗင်နဲ့အတူ ခင်ပွန်းရှိရာ အနောက်ဘက်ကို သွားဖို့ ခရီးဆက်လာကြပါတယ်။ ဒါပေမဲ့ ခေတ်ကာလရဲ့ ဂယက်တွေကြောင့် လမ်းခရီးမှာ များစွာသော အခက်အခဲတွေကို ကြုံကြိုက်ရပါတယ်။ သူတို့ ထွက်လာတဲ့ အနောက်အရပ်ဟာ အမေရိကန်အစိုးရ၊ လူမျိုးရေးဂိုဏ်းတွေ၊ လူမျိုးစုတွေ စသဖြင့် အမျိုးမျိုး အုပ်စုကွဲနေပြီး ရရာလက်နက်ဆွဲကိုင်ပြီး ဦးရင်ဦးသလို ချနေကြတဲ့ အချိန်ကာလဖြစ်နေပါတယ်။ တစ်ကိုယ်တည်းအမျိုးသမီးကိုဆို မကူညီချင်ကြတဲ့ ပဋိပက္ခများစွာနဲ့ ခရီးလမ်းမှာ ရိုဝဲလ်တို့ သားအမိ ဘယ်လိုတွေ ဖြတ်ကျော်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရမဲ့အပြင် အနောက်အမေရိကန်ခေတ်ဦးပိုင်းက အခြေအနေတချို့ကိုလည်း မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Act Molemy ဖြစ်ပါတယ်။)...
Christmas with Jerks (2023) ⭐IMDB: 6.0/10 (105 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Christmas with Jerks (2024) IMDb Rating (6.0) / Rotten Tomatoes (89%) မောင်လေးနဲ့မမ အချစ်ဇာတ်လမ်းလေးကို စောင့်မျှော်နေကြသူတွေရှိလား?? ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်.. အိဗ်ကာတာဆိုတဲ့ နာမည်ကျော် သရုပ်ဆောင်တစ်ယောက်က သူ့ညီမအိမ်မှာ ဘယ်သူမှမသိအောင် သွားနေခဲ့ပါတယ်။ အာ့အိမ်မှာ သူ့ညီမက မစ်ကီဆိုတဲ့ ခွေးလေးကိုထိန်းပေးဖို့ စတန့်မင်းသား အေ့စ်ထရောင်းကို အကူအညီတောင်းထားခဲ့တယ်။ ဒီလိုနဲ့ သူ့ညီမရဲ့အိမ်မှာ မထင်မှတ်ဘဲ သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြပြီးတော့ အေ့စထရောင်းကို သူ့ရည်းစားဟောင်းကို ပြန်ချဉ်းကပ်နိုင်စေဖို့ အိဗ်က ကူညီပေးခဲ့ရာကနေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေ တိုးလာခဲ့ကြတယ်။ အိဗ်အပေါ်ကို ချစ်မိသွားတဲ့အေ့စ်တစ်ယောက် အိဗ်က သူ့ကို အသုံးချနေတယ်ဆိုတဲ့ အမှန်တရားကို သိလိုက်ရချိန်မှာ သူ့ရည်းစားဟောင်းဆီကို ပြန်သွားဖို့ ရွေးချယ်မှာလား?? ဒါမှမဟုတ် သူရဲ့ မမကိုပဲ ရွေးချယ်မလားဆိုတာကို..မောင်လေးနဲ့မမတို့ရဲ့ ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းချိုချိုလေးမှာ ကြည့်ရှုလိုက်ကြစို့နော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
Doc (2025) ⭐IMDB: 7.1/10 (367 Votes) 🎬 #Drama 🗓 2025 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Doc 2025 IMDb 7.0/10 မင်းသမီးကြီး Molly Parker နဲ့ မင်းသားကြီး Omer Metwallyတို့ရဲ့ comeback seriesသစ်လေးဖြစ်တဲ့medical dramaအသစ်စက်စက်လေးကို CM ပရိသတ်တို့ရှုစားနိုင်ဖို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ ထူးထူးခြားခြားပဲ zero to heroဖြစ်အောင် ကြိုးစားသွားတဲ့ဇာတ်လမ်းလေးမဟုတ်ဘဲhero to zeroအဖြစ်ကနေ တစ်ဆင့်ချင်းပြန်တက်လှမ်းရမယ့်ဒေါက်တာအေမီလာဆန်အကြောင်းပေါ့။ အေမီလာဆန်လို့ပြောလိုက်တာနဲ့ တစ်ဆေးရုံလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဆေးပညာဌာနရဲ့ ဌာနမှူး သိပ်ကိုထက်မြက်ပြီး သိပ်တော်တဲ့ဆရာဝန်ပေမဲ့ အမှားဆိုနည်းနည်းလေးမှလက်မခံနိုင်သလို သိပ်ကိုအပေါက်ဆိုးတဲ့ဆရာဝန်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒေါက်တာလာဆန်တစ်ယောက် မတော်တဆမှုဖြစ်အပြီးမှာဦးနှောက်ခွဲစိတ်မှုကြောင့် လွန်ခဲ့တဲ့ 8 နှစ်ကမှတ်ဉာဏ်တွေအကုန်ပျောက်သွားတဲ့အခါမှာတော့…. ဘဝမှာဖြစ်ခဲ့သမျှ အရာအားလုံး အသစ်လိုခံစားနေပြီးတော့စိတ်ပျက်အားငယ်နေပေမဲ့ ဆရာဝန်သိပ်ဖြစ်ချင်ခဲ့တဲ့ဆန္ဒကိုတော့လက်မလျှော့နိုင်တဲ့လာဆန်တစ်ယောက် သူဌာနမှူးဖြစ်ခဲ့ဖူးတဲ့ဆေးပညာဌာနမှာပဲ အလုပ်သင်အဖြစ်နဲ့ သူ့ရဲ့မှတ်ဉာဏ်တွေကိုတစ်စစီ ဘယ်လိုလိုက်ပြန်ရှာမလဲဆိုတာကို CMနဲ့အတူ ရှုစားလိုက်ရအောင်ပါ။...
Beyond the Lake (2022) ⭐TMDB: 10% User Score 🎬 #Comedy #Drama #Romance #Music 🗓 2022 🎞 tv movie 🌎 # ⏰ 1 နာရီ 40 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Beyond the Lake (2024) IMDb Rating (5.5) / Rotten Tomatoes (57%) သရုပ်ဆောင်တွေကတော့ David Socolar, Allison Elaine, Megan Mockensturm နဲ့ Domenic Porcari တို့ပါ။ Director ကတော့ Domenic Porcari ဖြစ်ပါတယ်။ Live Show ပုံစံသီချင်းကြိုက်တဲ့လူတွေအတွက် ရုပ်ရှင်ကောင်းလေးပါ။ ဇာတ်လမ်းလေးက သိပ်မရှုပ်ထွေးပါဘူး။ ဂီတပညာရှင်ဟောင်းဂျိုး ဟာ ဇာတ်မြှုပ်နေတုန်း သူ့ကို သီချင်းတွေဆက်မလုပ်ဖြစ်တော့အောင် စိတ်နာစေခဲ့တဲ့ ရည်းစားဟောင်းကို ပြန်ဆုံရတဲ့အခါမှာ အချစ်စိတ်တွေ ပြန်ပေါ်လာမလား.. ဒါမှမဟုတ် ပြန်မတွေ့ချင်လောက်အောင်ပဲ ခါးသီးနေမလား ဆိုတာကို ဟာသလေးနှောရင်း ခံစားကြည့်ပါ။ တချက်တချက်မှာ Horror Vibes လဲ ဝင်လာပါလိမ့်မယ်။ သီချင်းကောင်းလေးတွေနဲ့ ခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။)...
Stolen Baby: The Murder of Heidi Broussard (2023) ⭐IMDB: 6.2/10 (450 Votes) 🎬 #Thriller #Crime #Drama #TVMovie #Biography 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stolen Baby: The Murder of Heidi Broussard (2024) IMDb Rating (6.2) / Rotten Tomatoes (50%) လူချစ်လူခင်ပေါပြီး မုန်းတဲ့သူမရှိပါဘူးဆိုတဲ့ ဟိုင်ဒီဘရောဆက်ဟာ ကလေးမွေးပြီးသုံးပတ်အကြာမှာတော့ ကလေးရောအမေပါပျောက်သွားခဲ့ရာမှာတော့.. ပျောက်သွားတာကဘာကြောင့်လဲ ဘယ်သူကတရားခံလဲ ဘာကြောင့်လုပ်တာလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမဲ့ မှုခင်းဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)...
Tom and Jerry: The Movie (1992) ⭐TMDB: 63% User Score 🎬 #Adventure #Animation #Comedy #Family #Music 🗓 1992 🎞 tv movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ထူးထူးခြားခြားအနေနဲ့ တွမ်နဲ့ဂျယ်ရီတို့ နှစ်ကောင်ကို စကားပြောတတ်တဲ့ ကောင်လေးတွေအဖြစ်နဲ့ မြင်တွေ့ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားဟာ Tom & Jerryရဲ့ ပထမဆုံးmovieလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သခင်ဖြစ်သူ အိမ်ပြောင်းရွှေ့ရင်း လူချင်းကွဲပြီး လမ်းပျောက်နေတဲ့ တွမ်နဲ့ဂျယ်ရီတို့၂ကောင် အဒေါ်အိမ်ကနေ ထွက်ပြေးလာတဲ့ ရော်ဘင်စတာလင်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး ခင်မင်သွားကြပါတယ်။ ရော်ဘင် ဘာလို့ထွက်ပြေးလာတာလဲဆိုတော့ အဒေါ်ဖြစ်သူက သူ့ကိုအသုံးချပြီး ဆုံးသွားတဲ့ အဖေဖြစ်သူရဲ့ စည်းစိမ်တွေကို ညာယူပြီး သူဌေးလုပ်နေတာကြောင့်ပါ။ သေတမ်းစာအရ ရော်ဘင်လေးသာ အိမ်မှာမရှိရင် ဘာပိုက်ဆံမှ ထုတ်လို့မရတဲ့သူ့အဒေါ်အနေနဲ့လည်း အိမ်ပြေးလေး ရော်ဘင်ကို မရမက အိမ်ပြန်ခေါ်ဖို့ ကြိုးစားနေတာပါ။ အဲဒီလိုဒုက္ခရောက်နေတဲ့ကလေးမလေး ရော်ဘင်ကို မတည့်အတူနေ တွမ်နဲ့ဂျယ်ရီတို့ ဘယ်လိုကူညီပေးသွားမလဲဆိုတာ ကြည့်ရမှာပါ။...
The Lord of the Rings: The War of the Rohirrim (2024) ⭐IMDB: 6.4/10 (19 k Votes) 🎬 #Action #Adventure #Animation #Drama #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #NewZealand #Japan #UnitedStatesofAmerica ⏰ 2 နာရီ 14 မိနစ် 45 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကို ထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီး မဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towers ထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းက ဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Return of the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီး Éowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင် ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကို ပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာ ဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်း ကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွား သူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။ အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့ အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီး အခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကို ဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီး ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင် တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင် ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကို သတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့ အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့ လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင် ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်က ကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီး အခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက် ၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာ ပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာ ပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။ မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာက...
On the Beach at Night Alone (2017) ⭐TMDB: 66% User Score 🎬 #Drama 🗓 2017 🎞 movie 🌎 #Germany #SouthKorea ⏰ 1 နာရီ 40 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 On the Beach at Night Alone (2017) ~ IMDb – 6.8/10, RT – 92%, Meta – 80% ~ On the Beach at Night Alone ကို ဟုန်းဆန်းဆူရဲ့ မာစတာပိစ်ကားလို့ ဆိုကြတယ်။ Right Now, Wrong Then ထဲက မင်းသားနဲ့မင်းသမီးဖြစ်ခဲ့တဲ့ Jung Jae-young နဲ့ Kim Min-hee ကိုပဲ သုံးထားတယ်။ သူ့ရဲ့လက်စွဲတော်လည်းဖြစ်ခဲ့ သူ့မိန်းမလည်းဖြစ်တဲ့ Kim Min-hee ကတော့ ဒီတစ်ကားလုံးရဲ့ အခရာပါပဲ။ ပြောရရင် ဒီကားက Right Now, Wrong Then အပြီး သူနဲ့ကင်မင်ဟီးဖောက်ပြန်နေတာကို လူသိသွားပြီးတဲ့နောက် ရိုက်ခဲ့တဲ့ကား။ အဲဒီအခြေအနေကလည်း ဒီကားမှာ ထင်ဟပ်နေတယ်။ ဆိုတော့ အဲဒီအခြေအနေကို သိထားရင်တော့ ဒီကားရော သူ့နောက်ပိုင်းကားတွေရောက အရသာနည်းနည်းပိုရလိမ့်မယ်။ ဒီကားရဲ့မိတ်ဆက်ပွဲမှာပဲ ဟုန်းဆန်းဆူနဲ့ ကင်မင်ဟီးက သူတို့အခြေအနေကို အတည်ပြုပေးခဲ့တယ်။ ဇာတ်လမ်းကလည်း အိမ်ထောင်ရှိတဲ့ဒါရိုက်တာနဲ့ ဖောက်ပြန်ပြီး နာမည်ကျသွားတဲ့မင်းသမီးတစ်ယောက်ရဲ့ စိတ်အခြေအနေနဲ့ ဖြတ်သန်းမှုတချို့အကြောင်းသက်သက်ပဲ။ ဟုန်းဆန်းဆူဟာ ကိုရီးယားဒါရိုက်တာတွေထဲတော့ ရိုးရှင်းမှုနဲ့ အလှတရားကိုပေါင်းစပ်တတ်တဲ့ထဲ အကြမ်းဆုံးလို့ပြောရမယ်။ သူ့ကားမှန်သမျှက အင်မတန်ရိုးရှင်းလွန်းလို့ ပုံမှန်ကိုရီးယားပရိသတ်ဆို ပျင်းဖို့ကောင်းလွန်းလို့ စိတ်ပျက်သွားနိုင်တယ်။ ဒါပေမဲ့ ဟုန်းဆန်းဆူဟာ ငြိမ်နေတဲ့လူတွေနဲ့ ငြိမ်နေတဲ့စကားပြောခန်းတွေသက်သက်မှာပဲ အမြဲ စိတ်ရဲ့တစ်လွှာလွှာကို ခွာချပြတတ်တယ်။ ဒါကို ကင်မင်ဟီးရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပေါင်းစပ်ထားပြီး သူတို့ဆက်ဆံရေးရဲ့ အခရာအကျဆုံးကာလ စိတ်ခံစားချက်အများဆုံးကာလမှာ ရိုက်ခဲ့တာဆိုတော့ မာစတာပိစ်ဖြစ်နေတာလည်း ဆန်းတော့မဆန်းဘူး။ ဒီရုပ်ရှင်မှာ ပြိုလဲနေတဲ့လူတစ်ယောက်ရှိတယ်။ အဲဒီလူနဲ့ သူ့ဘေးကလူတွေရဲ့ သာမန်ညောင်ညစကားပြောခန်းတွေရှိတယ်။ ဒီဘာမှမဟုတ်တဲ့ စကားဝိုင်းတွေနဲ့ ဘာမှဖြစ်မလာတဲ့ဇာတ်ကနေပဲ ဒီရုပ်ရှင်က ခင်ဗျားမှာရှိပြီးသား လောကအမြင်ကိုပိုခိုင်မာစေတာဖြစ်ဖြစ် လောကအမြင်အသစ်တစ်ခုခုရစေတာဖြစ်ဖြစ် ဖြစ်စေနိုင်တယ်။ အဲဒါကိုက ဟုန်းဆန်းဆူရဲ့ အရသာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
2001 Maniacs: Field of Screams (2010) ⭐TMDB: 40% User Score 🎬 #Adult #Comedy #Horror 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2001 : Maniacs : Field of Screams (2010) 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ 2001 : Maniacs ဆိုတဲ့ဇာတ်ကားရဲ့ ဒုတိယမြောက်ထွက်ရှိလာတဲ့ Field of Screams ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ပထမဇာတ်ကားအတိုင်း ဒီတစ်ကားမှာလည်း သွေးသံတရဲရဲနဲ့ မကြည့်ရက်စရာ killing scene တွေနဲ့ဇာတ်ကားကို စိတ်၀င်စားဖို့ကောင်းအောင် ဆွဲဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ သူတို့အရင်က သောင်းကျန်းခဲ့သမျှ ဟိုးလေးတကျော်ကျော်ဖြစ်ပြီးတဲ့နောက်ဒီတစ်နှစ် နှစ်ပတ်လည်ရောက်တဲ့အချိန်မှာ သူတို့ဆီကို လာတဲ့သူမရှိတော့တဲ့အတွက်သူတို့က တကူးတက ‘က’ ကားကြီး ပျော်ပျော်စီးပြီး လူသတ်ဖို့ လိုက်ရှာကြပါတော့တယ်။ ဒီတစ်ခေါက်ရော ဘယ်နှယောက်က သူတို့ထောင်ချောက်ထဲ၀င်လာမလဲ၊ဒီတစ်ခေါက်ရော ဘယ်နှယောက်အသက်ပျောက်ပြီး ဘယ်နှယောက်လွတ်မြောက်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရဦးမှာပါ။ အမေရိကန်ပြည်တွင်းစစ်အတွင်း တောင်ပိုင်းနဲ့မြောက်ပိုင်းတိုက်ခိုက်ခဲ့စဉ်ကစစ်ရှုံးသွားခဲ့တဲ့ တောင်ပိုင်းသားတွေရဲ့ မပြီးဆုံးနိုင်တဲ့ အညိုးအတေးနဲ့ အစွဲတွေက ဒီဇာတ်ကားမှာရော ဆက်ပြီးကြီးထွားနေဦးမလား။အပြစ်မဲ့တဲ့သူတွေ ဘယ်နှယောက်လောက် အသက်ဆုံးရှုံးနေရဦးမလဲ….ဇာတ်ကားဆို သွေးသံတရဲရဲနဲ့ သတ်မှဖြတ်မှ ကြိုက်တဲ့သူတွေအတွက် ဆက်လက် တင်ဆက်ပေးလိုက်ပါပြီ။ (အသတ်အဖြတ်၊ အပြောအဆို ၊ ခပ်ကြမ်းကြမ်းပြကွက်တွေကြောင့် R-Rated ဇာတ်ကားတွေဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။)...
Private Princess Christmas (2024) ⭐IMDB: 5.3/10 (747 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica #Canada ⏰ 1 နာရီ 25 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Private Princess Christmas (2024) ခရစ္စမတ်အချိန်မှာ ပျော်ရွှင်စေမယ့် Hallmark ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းဟာ Violet (Ali Skovbye) အကြောင်းကို အခြေခံထားပြီး သူမရဲ့ တာဝန်မလေးနက်မှုကြောင့် မိခင် Eleanor (Erica Durance) က အမေရိကန်နိုင်ငံကို ပညာသင်ကြားရန် လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီမှာ Violet ဟာ စစ်တပ်ခေါင်းဆောင် Ryan (Derek Klena) နဲ့ တွေ့ဆုံပြီး ခေါင်းဆောင်စွမ်းရည်နှင့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ကြိုးစားပါတယ်။ ဇာတ်လမ်းဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးနဲ့ ရယ်မောစရာ အခန်းများစွာ ဖန်တီးထားတာကြောင့် ခရစ္စမတ်အချိန်မှာ အပန်းဖြေဖို့ကောင်းတဲ့ဇာတ်ကားတစ်ခုပါ။ Violet ရဲ့ အခန်းကဏ္ဍတွေက စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်ဖို့ကနေ အချစ်ဇာတ်လမ်းလေးဟာ ခရစ္စမတ်ရဲ့ အထူးပျော်ရွှင်မှု့ကို ပေးစွမ်းနိုင်မှာ အသေချာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Night Train (2009) ⭐TMDB: 55% User Score 🎬 #Crime #Horror #Mystery #Thriller 🗓 2009 🎞 movie 🌎 #Germany #Romania #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Night Train (2009) ****************** IMDb….5.7 ၂၀၀၉ ခုနှစ်ကထွက်ရှိထားတဲ့ Night Train ကတော့ Mystery ၊ Thriller အမျိုးအစားဖြစ်ပါတယ်။ ခရစ္စမတ်ညရဲ့ လူနည်းစုသာလိုက်ပါလာတဲ့ ရထားတစ်စီးပေါ်မှာ အမျိုးသားတစ်ဦးဟာ ဆေးလွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ တွဲစောင့်မိုင်စ်နဲ့အတူ သေဆုံးသူနဲ့တစ်တွဲတည်းအတူစီးခဲ့ကြတဲ့ခရီးသည်တွေဖြစ်တဲ့ ခိုးလီနဲ့ ပိတို့ဟာ သေဆုံးသူရဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကို ရှာတွေ့သွားခဲ့ကြပါတယ်။ အဆိုပါသေတ္တာလေးဟာ သဘာဝလွန်စွမ်းအားရှိတဲ့ ပစ္စည်းတစ်ခုဆိုတာ မသိကြဘဲ သေတ္တာထဲကို ကြည့်မိသူတိုင်းက မိမိလောဘကိုရောင်ပြန်ဟပ်ပြီး ကိုယ်အလိုချင်ဆုံးအရာကိုမြင်တွေ့ရတတ်ပါတယ်။ သေတ္တာထဲကို ကြည့်မိတဲ့ မိုင်စ်၊ ပိနဲ့ ခိုးလီတို့ သုံးယောက်ပေါင်းပြီး သေတ္တာကိုအပိုင်စီးဖို့အတွက် အလောင်းဖျောက်ဖို့ ကြိုးစားကြရာကနေ ရထားပေါ်မှာ သေတ္တာကိုလိုချင်နေတဲ့လူတွေက သူတို့တင်မကဘူးဆိုတာ သိရှိလာကြရပါတော့တယ်။ ရထားပေါ်မှာ သေတ္တာကိုပိုင်ဆိုင်ရဖို့ အချင်းချင်း သတ်ဖြတ်လာကြတဲ့အခါမှာတော့ မိုင်စ်၊ ပိနဲ့ခိုးလီတို့ အသက်ရှင်ကျန်ရစ်ခဲ့နိုင်မှာလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ July ပဲဖြစ်ပါတယ်)...
2001 Maniacs (2005) ⭐TMDB: 54% User Score 🎬 #Adult #Comedy #Horror 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2001 : Maniacs (2005) သွေးထွက်သံယိုဇာတ်ကွက်တွေ နဲ့ လူသတ်ကားခပ်ကြမ်းကြမ်းလေးကို တောင့်တနေမိတယ်ဆိုရင်တော့၂၀၀၅ ခုနှစ်ကထွက်ရှိထားတဲ့ 2001: Maniacs ဆိုတဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါမယ်။ဒီဇာတ်ကားက ၂ ကားထွက်ထားတာဖြစ်ပြီး 2001 : Maniacs : Field of Screams (2010) ဆိုတဲ့ကားကိုလဲ တပါတည်းတင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့…ကျောင်းတွေပိတ်လို့ နွေရာသီအားလပ်ရက်ခရီးထွက်လာကြတဲ့ ကျောင်းသားတစ်စုဟာလမ်းတစ်၀က်အရောက် လမ်းလယ်ခေါင်မှာပိတ်ထားတဲ့ လမ်းလွှဲဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရပါတယ်။သူတို့ကလည်း လမ်းညွှန်ရာအတိုင်း ၀င်လာခဲ့တဲ့နောက်မှာ အင်မတန်ထူးဆန်းတဲ့ မြို့တစ်မြို့ထဲကို ရောက်သွားခဲ့ပါတယ်။မြို့သူမြို့သားတွေဟာ သူတို့ရောက်လာတာနဲ့ ၀မ်းပမ်းတသာ ကြိုဆိုနေခဲ့ကြပြီးနေရာထိုင်းခင်း အစားအသောက်တွေ အဆင်သင့် ပြင်ဆင်ဧည့်ခံပါတော့တယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ ကျောင်းသားတွေ တစ်ယောက်ချင်းစီ ပျောက်ပျောက်လာတဲ့နောက်မှာ သူတို့တွေဟာ သံသယတွေ ၀င်လာခဲ့ကြပါတယ်။သူတို့ရောက်နေတာ ဘယ်မြို့လဲ။ ဘာလို့ သူတို့ကိုကြိုဆိုနေကြတာလဲ။ သူငယ်ချင်းတွေရော ဘယ်တွေရောက်ကုန်တာလဲ…စတဲ့ မေးခွန်းပေါင်းများစွာနဲ့ပဟေဠိဆန်လွန်းလှတဲ့ ဒီမြို့လေးမှာ ဘာလျို့ဝှက်ချက်တွေရှိနေမလဲ၊သူတို့သူငယ်ချင်းတွေကို ရှာတွေ့မှာလား၊ သူတို့ရော လွှတ်မြှောက်နိုင်ပါ့မလားဆိုတာ….။ (အသတ်အဖြတ်၊ အပြောအဆို ၊ ခပ်ကြမ်းကြမ်းပြကွက်တွေကြောင့် R-Rated ဇာတ်ကားတွေဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။)...
Kalashnikov (2020) ⭐IMDB: 6.6/10 (5 k Votes) 🎬 #Biography #Drama #History #War 🗓 2020 🎞 movie 🌎 #Russia ⏰ 1 နာရီ 45 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။ အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။ အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။...
Huntress (2024) ⭐IMDB: 2.7/10 (66 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 17 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Huntress (2024) အမေရိကန် စစ်တပ် ဆေးတပ်ဖွဲ့ အုပ်စုငယ်တစ်ခု က တပ်ခွဲကနေ ပြောင်းရွေ့ရင် နောက်ကျကျန်နေခဲ့ပါတယ်။ သူတို့က နီးစပ်ရာ တပ်ခွဲရှိရာကို မြန်မြန် သွားနေကြရင်း လမ်းမှာ ဂျာမန်ကောင်မလေးငယ်လေးတစ်ယောက်နဲ့ တွေ့ကြတဲ့အခါ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ စစ်ပွဲကာလအတွင်းက အခြေအနေ လူတွေရဲ့စိတ်တွေ ဖိအားတွေ ခံစားချက်တွေကိုကြည့်ရှု ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Emma ဖြစ်ပါတယ်။)...
Arena Wars (2024) ⭐IMDB: 5.2/10 (2 k Votes) 🎬 #Action #Comedy #SciFi #Thriller #ScienceFiction #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဒါရိုက်တာ Brandon Slagle ရိုက်ကူးထားပြီး Sheri Davis, Jon Wells စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖို လူသတ်ဂိမ်းဇာတ်လမ်းလေးဖြစ်ပါတယ်… တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် ဒီဂိမ်းကတော့ ထူးဆန်းတဲ့ပုံစံနဲ့ ပြုလုပ်ကျင်းပပါတယ်။ ထောင်အသီးသီးက တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကို ခေါ်ယူပြီးတော့ ကမ္ဘာ့အဆိုးဆုံးလို့ပြောလို့ရတဲ့ စိတ္တဇလူသတ် သမားတွေနဲ့ ကွင်းပြင်တစ်ခုထဲမှာ ယှဉ်သတ်ခိုင်းတာပါ။ အနိုင်ရတဲ့သူတွေကတော့ လွတ်လပ်မှုကိုပြန်ရနိုင်မှာပါ။ ဒီလိုနဲ့ ဂိမ်းစီစဉ်သူတွေက ကြည့်ရှုသူများအောင် အထက်လူကြီးအတွက် အပြစ်ဝင်ခံပေးထားတဲ့ ရေတပ်သားဟောင်း လုခ်ဘန်ဒါကို အပြစ်ကင်းတဲ့ပထမဆုံး ယှဉ်ပြိုင်သူအနေနဲ့ ထည့်ချင်တဲ့အခါမှာတော့ သတို့သမီးလောင်းနဲ့ ပြန်တွေ့ချင်နေတဲ့ လုခ်က ပါဝင်သတ်ဖြတ်ဖို့ ဖြစ်လာပါတယ်။ လုခ်တစ်ယောက် ဂိမ်းတွေကိုဘယ်လိုဖြတ်ကျော်မလဲ…။ ဂိမ်းစီစဉ်သူကရော ဒီဂိမ်းကိုဘယ်လိုထိန်းချုပ်ထားတာလဲ…။ လုခ်ကရော ပြန်ပြီးလွတ်လပ်နိုင်မှာလား…။ လုခ်နဲ့အတူ ဆိုးရွားတဲ့လူမိုက်တစ်ဖွဲ့က စိတ္တဇလူသတ်သမားတွေ လက်က ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ…။ ဒီဇာတ်ကားလေးထဲမှာ သွေးသံရဲရဲသတ်ဖြတ်ခြင်းတွေကြား ကြည့်ရှုအဖြေရှာရမှာပါ။...
