ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Death by Desire (2023) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Horror 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Philippines ⏰ 1 နာရီ 30 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Death By Desire (2023) Three’s a Crowd ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဘယ်လိုဆက်ဆံရေးမျိုးမဆို တတိယလူဆိုတာ မဝင်သင့်မဝင်အပ် ကြိုဆိုစရာအကြောင်းမရှိတဲ့လူမျိုးပါပဲ။ ဒါပေမဲ့လည်း မီဂယ်ဆိုတဲ့ ကောင်လေးကတော့ မီးတောက်တစ်စကို သူ့ဘဝထဲ လိုလိုလားလားခေါ်သွင်းခဲ့မိပါတယ်။ သူဟာ မကြာခင်လက်ထပ်ရတော့မယ့် သတို့သားလောင်းတစ်ယောက်… သူ့ရဲ့ဇနီးလောင်းကတော့ အောက်ပိုင်းသေနေပြီး သူ့လိင်ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တော့တဲ့သူ။ အဲဒီဇနီးကိုလည်း သူသိပ်ချစ်တယ်။ ဒါပေမဲ့ အလိုဆန္ဒရဲ့ဖြားယောင်းမှုအရ သူအပြင်မှာ အပျော်ရှာမိတယ်။ ဒါပေမဲ့လည်း သူရှာမိတဲ့ ပျော်ရွှင်စရာလို့ထင်ခဲ့တဲ့ ကောင်မလေး ဧပရယ်ဟာ နာမည်နဲ့လိုက်အောင် သူ့ဘဝကို ရက်ရက်စက်စက် ပူလောင်ခြင်းတွေပေးတော့မှာဆိုတာကြိုမသိခဲ့ပါဘူး။ ဧပရယ်ရဲ့အပြစ်ကတော့ သူ့ကို သိပ်ချစ်မိခဲ့တာနဲ့အစွဲအလန်းကြီးလွန်းခဲ့တာပါ။ ကာမပိုင်နီးပါးဖြစ်နေခဲ့တဲ့လူတစ်ယောက်ကို ချစ်ခင်စွဲလန်းခဲ့ပြီး အဲဒီလူဆီက ပစ်ခွာမှုကိုခံရချိန်မှာတော့ ဧပရယ် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ရယူပိုင်ဆိုင်လိုခြင်းတွေ အငြိုးအတေးတွေနဲ့ သေဆုံးသွားတဲ့သူဖြစ်တဲ့အလျောက် သူ့ကို အခုလိုဖြစ်သွားရအောင် စေစားခဲ့တဲ့သူတွေရဲ့ဘဝကိုလဲ အဆုံးစွန် လိုက်နှောင့်ယှက် ဒုက္ခပေးဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Legally Blonde (2001) ⭐IMDB: 6.4/10 (227 k Votes) 🎬 #Comedy #Romance 🗓️ 2001 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသမီး Reese Witherspoon ရဲ့နာမည်ကြီးဇာတ်ကားပါ။IMDb Rating (6.2/10) ရရှိထားပြီး Romance/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဖက်ရှင်ရဲ့အရေးပါပုံကို တင်စားရိုက်ကူးထားပေမယ့် ဒီထက်ပိုလေးနက်တဲ့အတွေးအမြင်ကိုပေးထားနိုင်ပါတယ်။လူတစ်ယောက်စီတိုင်းမှာ ကိုယ်ကျွမ်းကျွင်ပိုင်နိုင်တဲ့အရည်အသွေးတွေရှိကြပြီးဒါကိုရိုးရိုးသားသားအသုံးချနိုင်ရင် ဘယ်အရည်အသွေးပဲဖြစ်ဖြစ်အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ထင်ဟပ်ပြထားပါတယ်။မိန်းကလေးပရိတ်သတ်တွေ လက်လွတ်မခံတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။(ဒီဇာတ်ကားကိုSu Yadanar Ooမှာခံစားတင်ဆက်ထားပါတယ်။)

Mascarade (2022) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Crime #Drama #Comedy #Romance 🗓️ 2022 🎞️ Movie 📺 720p 🌎 #Canada #France ⏰ 2 နာရီ 15 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Masquerade (2022)===============IMDb Rating – 6.5/10 The Untouchable ထဲကမင်းသားကြီး Francois Cluzetပါဝင်ထားတဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ Mascarade ဆိုတဲ့အတိုင်း ဟန်ဆောင်မှုတွေပြည့်နေတဲ့ကားပေါ့။ အချစ်ကိုကိုးကွယ်မိသူတွေ ကိုယ်ကျင့်တရားဖောက်ဖျက်မှုတွေ၊ ကိုယ်ကျိုးပဲကြည့်သူတွေ အကြောင်းကို သိပ်လည်း ဒရာမာမချိုးဘဲ ဟာသလေးစွက်ပြီးရိုက်ထားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်ကအခန်းတွေပါတာကြောင့်မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်လမ်းကတော့ ဒီလိုပါ။အက်ဒရီယမ်က Dancer တစ်ယောက်။ ဆိုင်ကယ်တိုက်ခံရပြီးသူ့ဝါသနာ၊ သူ့အလုပ်၊ သူ့ချစ်သူကိုရော ဆုံးရှုံးလိုက်ရတဲ့အချိန်မှာဆေးချလိုက်အရက်သောက်လိုက်နဲ့ ဖြစ်သလိုနေပါတော့တယ်။ဒါပေမဲ့ ဒီလိုနေဖို့က ငွေရှိမှရမှာကိုး။ အဲဒီမှာပဲ အက်ဒရီယမ်ကအသက်ကြီးကြီးချမ်းသာတဲ့မိန်းမတွေကို ချူစားပါလေရော။တစ်နေ့မှာတော့ သူ့လိုမျိုး ပိုင်းလုံးဖြစ်တဲ့ မိန်းမချောလေးမာဂေါ့နဲ့ချစ်မိသွားကြပါတယ်။ ချစ်ကြပေမဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာမနေနိုင်တာကြောင့် နှစ်ယောက်သားက အလိမ်အညာပြဇာတ်ကြီးကို ကပြကြတဲ့အချိန်မှာ ဘယ်လိုဇာတ်သိမ်းသွားမလဲ။ဟန်ဆောင်မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အမှန်တရားတွေကဘာဖြစ်မလဲ။ ခံစားချက်တွေကို ခုတုံးလုပ်အသုံးချတဲ့ သူတို့နှစ်ယောက်ကိုရော ဘယ်သူတွေက သစ္စာဖောက်မလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန်ရေးသားပေးသူများကတော့ EL နဲ့ June တို့ ဖြစ်ပါတယ်)

Jesus Revolution (2023) ⭐IMDB: 7.3/10 (6 k Votes) 🎬 #Drama #History 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jesus Revolution (2023)==================IMDB -7.4/10 အမေရိကန်သမိုင်းနောက်ခံ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ခုပါ1966 အစောပိုင်း ဗီယက်နမ် – အမေရိကန်စစ်ပွဲကာလတွေမှာကယ်လီဖိုးနီးယားမှာ စုဝေးမှုကြီးတစ်ခုဖြစ်လာတယ် …စစ်ကိုဆန့်ကျင်ကြ …ခေတ်အမြင်ကို နားလည်ကြ … သမားရိုးကျဘ၀ကြီးထဲ ဖောက်ထွက်ကြဆိုတဲ့ သမိုင်း၀င်စုဝေးမှုကြီးပေါ့ သူတို့က အဲ့ဒီစုဝေးမှုကနေ “ဟစ်ပီတွေ” လို့ စသိခဲ့ကြတယ် ..‌‌ခြေသလုံးအိမ်တိုင်နေတယ် … ဆေးချတယ် … ဆံပင်အရှည်ကြီးတွေထားတယ်။ရှေးရိုးစွဲ Conservative အမေရိကန်တွေအတွက်တော့ မျက်စိစပါးမွှေးစူးစရာလူတစ်စုပဲ.. နောက်တော့ လွန်နီဖရစ်စဘီဆိုတဲ့ဟစ်ပီတစ်ယောက်ဟာ 1970-1990 ကျော်ထိအမေရိကန်သမိုင်းမှာ အကြီးမားဆုံး woke ဖြစ်စေတဲ့ ဘာသာရေးနိုးထမှုကြီးစတင်ခဲ့တယ် ..လွန်နီဟာ အဟောပြောကောင်းတဲ့အပြင် ရုပ်ကလည်း ယေရှုနဲ့တူတဲ့အတွက် အားပေးထောက်ခံသူတွေ တစ်စတစ်စများလာခဲ့ပါတယ် …‌နောက်ဆုံးမှာတော့ လူသန်းနဲ့ချီတဲ့ စုဝေးမှုကြီး အမေရိကန်သမိုင်းမှာ ဖြစ်လာပါတယ်ဒီဇာတ်လမ်းဟာ လွန်နီဖရစ်စဘီ နဲ့ သူ့နောက်လိုက် ဂရက်လော်ရီတို့ကို ကျော်ရိုးတည်ထားတာဖြစ်ပြီးသမိုင်းရုပ်ရှင်နဲ့ 90′ ခေတ်က Culture တွေကို နားလည်ချင်သူတွေအတွက် ဖြစ်စေမှာပါ ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့Thiha Yan Naingပဲ ဖြစ်ပါတယ်။)

Mascarade (2022) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Crime #Drama #Comedy #Romance 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Canada #France ⏰ 2 နာရီ 15 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Masquerade (2022)===============IMDb Rating – 6.5/10 The Untouchable ထဲကမင်းသားကြီး Francois Cluzetပါဝင်ထားတဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ Mascarade ဆိုတဲ့အတိုင်း ဟန်ဆောင်မှုတွေပြည့်နေတဲ့ကားပေါ့။ အချစ်ကိုကိုးကွယ်မိသူတွေ ကိုယ်ကျင့်တရားဖောက်ဖျက်မှုတွေ၊ ကိုယ်ကျိုးပဲကြည့်သူတွေ အကြောင်းကို သိပ်လည်း ဒရာမာမချိုးဘဲ ဟာသလေးစွက်ပြီးရိုက်ထားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်ကအခန်းတွေပါတာကြောင့်မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်လမ်းကတော့ ဒီလိုပါ။အက်ဒရီယမ်က Dancer တစ်ယောက်။ ဆိုင်ကယ်တိုက်ခံရပြီးသူ့ဝါသနာ၊ သူ့အလုပ်၊ သူ့ချစ်သူကိုရော ဆုံးရှုံးလိုက်ရတဲ့အချိန်မှာဆေးချလိုက်အရက်သောက်လိုက်နဲ့ ဖြစ်သလိုနေပါတော့တယ်။ဒါပေမဲ့ ဒီလိုနေဖို့က ငွေရှိမှရမှာကိုး။ အဲဒီမှာပဲ အက်ဒရီယမ်ကအသက်ကြီးကြီးချမ်းသာတဲ့မိန်းမတွေကို ချူစားပါလေရော။တစ်နေ့မှာတော့ သူ့လိုမျိုး ပိုင်းလုံးဖြစ်တဲ့ မိန်းမချောလေးမာဂေါ့နဲ့ချစ်မိသွားကြပါတယ်။ ချစ်ကြပေမဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာမနေနိုင်တာကြောင့် နှစ်ယောက်သားက အလိမ်အညာပြဇာတ်ကြီးကို ကပြကြတဲ့အချိန်မှာ ဘယ်လိုဇာတ်သိမ်းသွားမလဲ။ဟန်ဆောင်မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အမှန်တရားတွေကဘာဖြစ်မလဲ။ ခံစားချက်တွေကို ခုတုံးလုပ်အသုံးချတဲ့ သူတို့နှစ်ယောက်ကိုရော ဘယ်သူတွေက သစ္စာဖောက်မလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန်ရေးသားပေးသူများကတော့ EL နဲ့ June တို့ ဖြစ်ပါတယ်)

Open City (2008) ⭐IMDB: 6.2/10 (826 Votes) 🎬 #Action #Crime #Thriller #Drama 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #SouthKorea ⏰ 1 နာရီ 55 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Open City (2018) တို့မမကြီး Son Ye Jin ကြမ်းခဲ့ရမ်းခဲ့တဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်သားတစ်ယောက်အမေမမရဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာပါ ဂျပန်ရောကိုရီးယားမှာရော ခါးပိုက်နှိုက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ဘဲ့ဂျန်မီအမေခါးပိုက်နှိုက် ကိုယ်လည်း ငယ်ငယ်ထဲက အမေနဲ့အတူခါးပိုက်နှိုက်ပဲလုပ်စားလာခဲ့ရင်းရဲတွေအလိုရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ် အိုဆာကာမှာ ပြသနာတက်ခဲ့လို့ရှောင်ပြေးလာရာက ကိုရီးယားရောက်တဲ့အခါ ဂိုဏ်းပေါင်းစုံကြားဘာတွေကြုံတွေ့ရမလဲ?ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ? အရမ်းတော်တဲ့စစ်ဆေးရေးမှူးရဲသားတစ်ယောက်ပေမဲ့ခါးပိုက်နှိုက်မှုတွေဆိုရင် လုံးဝကို မလိုက်တဲ့ ဂျိုဒယ်ယောင်းသူကရောဘာကြောင့် ခါးပိုက်နှိုက်အမှုတွေမလိုက်တာလဲ?အတိတ်မှာရော ဘယ်လိုတွေဖြစ်ခဲ့လို့လဲ?ဘဲ့ဂျန်မီနဲ့ဂျိုဒယ်ယောင်းက ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့တာလဲ?ကဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့Kong Houပဲ ဖြစ်ပါတယ်။

Jesus Revolution (2023) ⭐IMDB: 7.3/10 (6 k Votes) 🎬 #Drama #History 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jesus Revolution (2023)==================IMDB -7.4/10 အမေရိကန်သမိုင်းနောက်ခံ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ခုပါ1966 အစောပိုင်း ဗီယက်နမ် – အမေရိကန်စစ်ပွဲကာလတွေမှာကယ်လီဖိုးနီးယားမှာ စုဝေးမှုကြီးတစ်ခုဖြစ်လာတယ် …စစ်ကိုဆန့်ကျင်ကြ …ခေတ်အမြင်ကို နားလည်ကြ … သမားရိုးကျဘ၀ကြီးထဲ ဖောက်ထွက်ကြဆိုတဲ့ သမိုင်း၀င်စုဝေးမှုကြီးပေါ့ သူတို့က အဲ့ဒီစုဝေးမှုကနေ “ဟစ်ပီတွေ” လို့ စသိခဲ့ကြတယ် ..‌‌ခြေသလုံးအိမ်တိုင်နေတယ် … ဆေးချတယ် … ဆံပင်အရှည်ကြီးတွေထားတယ်။ရှေးရိုးစွဲ Conservative အမေရိကန်တွေအတွက်တော့ မျက်စိစပါးမွှေးစူးစရာလူတစ်စုပဲ.. နောက်တော့ လွန်နီဖရစ်စဘီဆိုတဲ့ဟစ်ပီတစ်ယောက်ဟာ 1970-1990 ကျော်ထိအမေရိကန်သမိုင်းမှာ အကြီးမားဆုံး woke ဖြစ်စေတဲ့ ဘာသာရေးနိုးထမှုကြီးစတင်ခဲ့တယ် ..လွန်နီဟာ အဟောပြောကောင်းတဲ့အပြင် ရုပ်ကလည်း ယေရှုနဲ့တူတဲ့အတွက် အားပေးထောက်ခံသူတွေ တစ်စတစ်စများလာခဲ့ပါတယ် …‌နောက်ဆုံးမှာတော့ လူသန်းနဲ့ချီတဲ့ စုဝေးမှုကြီး အမေရိကန်သမိုင်းမှာ ဖြစ်လာပါတယ်ဒီဇာတ်လမ်းဟာ လွန်နီဖရစ်စဘီ နဲ့ သူ့နောက်လိုက် ဂရက်လော်ရီတို့ကို ကျော်ရိုးတည်ထားတာဖြစ်ပြီးသမိုင်းရုပ်ရှင်နဲ့ 90′ ခေတ်က Culture တွေကို နားလည်ချင်သူတွေအတွက် ဖြစ်စေမှာပါ ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့Thiha Yan Naingပဲ ဖြစ်ပါတယ်။)

Open City (2008) ⭐IMDB: 6.2/10 (826 Votes) 🎬 #Action #Crime #Thriller #Drama 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 1 နာရီ 55 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Open City (2018) တို့မမကြီး Son Ye Jin ကြမ်းခဲ့ရမ်းခဲ့တဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်သားတစ်ယောက်အမေမမရဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာပါ ဂျပန်ရောကိုရီးယားမှာရော ခါးပိုက်နှိုက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ဘဲ့ဂျန်မီအမေခါးပိုက်နှိုက် ကိုယ်လည်း ငယ်ငယ်ထဲက အမေနဲ့အတူခါးပိုက်နှိုက်ပဲလုပ်စားလာခဲ့ရင်းရဲတွေအလိုရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ် အိုဆာကာမှာ ပြသနာတက်ခဲ့လို့ရှောင်ပြေးလာရာက ကိုရီးယားရောက်တဲ့အခါ ဂိုဏ်းပေါင်းစုံကြားဘာတွေကြုံတွေ့ရမလဲ?ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ? အရမ်းတော်တဲ့စစ်ဆေးရေးမှူးရဲသားတစ်ယောက်ပေမဲ့ခါးပိုက်နှိုက်မှုတွေဆိုရင် လုံးဝကို မလိုက်တဲ့ ဂျိုဒယ်ယောင်းသူကရောဘာကြောင့် ခါးပိုက်နှိုက်အမှုတွေမလိုက်တာလဲ?အတိတ်မှာရော ဘယ်လိုတွေဖြစ်ခဲ့လို့လဲ?ဘဲ့ဂျန်မီနဲ့ဂျိုဒယ်ယောင်းက ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့တာလဲ?ကဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့Kong Houပဲ ဖြစ်ပါတယ်။

Gunfight at Rio Bravo (2023) ⭐IMDB: 4.4/10 (2 k Votes) 🎬 #Action #Drama #Western 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 21 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gunfight at Rio Bravo (2023)==================== ရဲမှူးချုပ် Austin Carterနဲ့ သူ့လက်ထောက်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Hellhoundဂိုဏ်းခေါင်းဆောင် Ethan Crawleyကို ဖမ်းမိပြီး တရားစီရင်ဖို့ San Antonia မြို့ကို ခရီးသွားကြတယ်။ လမ်းမှာ Blind Chapel ဆိုတဲ့ မြို့မှာရပ်နားပြီး လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး Ethan Crawleyကို အဲ့မြို့ရဲ့ အကျဥ်းခန်းမှာ ခဏချုပ်ထားတယ်။ ဒါပေမဲ့ Hellhoundဂိုဏ်းကလူတကာကိုသတ်ဖြတ်ပြီး ​မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့အရိုင်းအစိုင်းကောင်တွေဆိုတော့ Blind Chapelရဲ့ မြို့တော်ဝန်Bowmanက လက်မခံဘူး။ အဲ့လိုနဲ့ လက်ခံမယ်ပြောတဲ့ ရဲမှူးVernon Kellyနဲ့ အငြင်းပွားပြီး နောက်တော့ Crawleysကိုလက်ခံလိုက်ပါတယ်။ အဲ့အချိန်မှာပဲ ဇာတ်လမ်းရဲ့အရှုပ်တော်ပုံကြီးက စတော့တာပဲ။ဇာတ်လိုက်မင်းသား Ivanက ​သေနတ်ပစ်ကျွမ်းပြီး သူ့သရုပ်မှန်ကိုတော့ ဘယ်သူမှသေချာမသိကြဘူး။ Hellhoundဂိုဏ်းကသူတို့ခေါင်းဆောင်ကိုပြန်ခေါ်ဖို့ Blind Chapel မြို့ကို လာတိုက်ဖို့ကြံတာမို့ ရဲမှူး Vernon၊ ရဲမှူးချုပ် Austin နဲ့ Ivan တို့ကပဲ ခုခံပြီးမြို့ကိုလည်းကာကွယ်၊ Crawleysကိုလည်း မလွတ်အောင် ကြံရပါတော့တယ်။ Countryside Cow boy တွေနဲ့ Action genreကားဖြစ်တာမို့ အတိုင်းအတာတစ်ခုလောက်ထိ ကောင်းမွန်တာမို့တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)

The Fourth Musketeer (2022) ⭐IMDB: 4.2/10 (1 k Votes) 🎬 #Action #Adventure 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedKingdom ⏰ 1 နာရီ 26 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Fourth Musketeer (2022)====================== တစ်ခုသောညမှာ ဘုရင့်စစ်သည်တော်ရူးရူးနေတဲ့ ကောင်လေးတစ်ယောက်ဟာ ဒါ့တညံလို့အမည်ရတဲ့ သူအလေးစားရဆုံးဘုရင့်စစ်သည်တော်ရဲ့ အခန်းထဲကို ခိုးဝင်ပါသတဲ့။ အကြောင်းကတော့ သူ့စိတ်ထဲမှာ ဒါ့တညံဟာ ကျောထောက်နောက်ခံအင်အားမရှိ၊ မျိုးရိုးမရှိဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ဘုရင့်စစ်သည်တော်ခေါင်းဆောင်နေရာထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် ဖြတ်လမ်းအလွယ်နည်းနဲ့ စစ်သည်တော်ဖြစ်လာဖို့ရာ ဒါ့တညံကို တိုက်ရိုက်စိန်ခေါပြီး စစ်သည်တော်အဖွဲ့ထဲကို လေ့ကျင့်ရေးမဆင်းရဘဲ တန်းခန့်‌စေချင်လို့ပါ။ ဖြစ်ချင်တော့ သူအခန်းထဲခိုးဝင်တဲ့အချိန်မှာ ဒါ့တညံဟာ ကိုယ်တွေ့မှတ်တမ်းရေးနေချိန်ဖြစ်ပြီး သူ့ကိုအားကျပြီး ဖြတ်လမ်းကနေ စစ်သည်တော်ဖြစ်ချင်‌နေတဲ့ ကောင်လေးကိုတွေ့တော့ဂုတ်ဆွဲထိုင်ခိုင်းပြီး သူ့ဇာတ်ကြောင်းကို ပြန်လှန်ပြောပြရင်းဒီဇာတ်ကားဖြစ်လာသပေါ့လေ။ ဒီလိုနဲ့ ဒါ့တညံရဲ့ စစ်သည်တော်ဖြစ်လာပုံကို နောက်ကြောင်းပြန်ပါတယ်။ သူတို့နှစ်ယောက်စကားဝိုင်းလည်းပြီး ဒီဇာတ်ကားလည်းပြီး။ သူ့ဇာတ်ကြောင်းနားထောင်ရင်း ဒါ့တညံကို ဆဲချင်ဆူချင်စိတ်ပေါက်လိုက်၊ ချီးကျူးချင်စိတ်ပေါက်လိုက်၊ သင်ခန်းစာယူစရာလေးတွေ့လိုက်နဲ့ ဒီဇာတ်ကားလေးက ပြီးလို့ပြီးမှန်းမသိ ပြီးသွားမှာပါ။ နာမည်ကိုရင်းနှီးသလိုလိုဖြစ်နေရင်တော့ ဟုတ်ပါတယ်…ဆရာကြီးပီမိုးနင်းဘာသာပြန်တဲ့ “သူရဲကောင်းသုံးယောက်”ထဲကဒါ့တညံ(ဓားတညံ)ပါပဲ။ ဆရာကြီးရွှေဥဒေါင်းကလည်း ဘာသာပြန်ဖူးပါတယ်။ “The Count Of Monte Cristo”ကိုရေးတဲ့ ပြင်သစ်စာရေးဆရာအလက်ဇန်းဒါးဒူးမတ်ရဲ့လက်ရာ”The ThreeMusketeers”ကိုမှီငြမ်းထားတာပါ။ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)

Fragile (2021) ⭐IMDB: 6.3/10 (237 Votes) 🎬 #Comedy #Romance 🗓️ 2021 🎞️ Movie 📺 720p 🌎 #France ⏰ 1 နာရီ 36 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hard Shell, Soft Shell (Fragile) (2021)===========================IMDb Rating – 6.3/10 Az က ကမာကောင်မွေးမြူရေးမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်။ သူက ကမာကောင်အကြောင်း နားလည်ပြီးကမာကောင်အခွံခွာတာလည်း အရမ်းကျွမ်းကျင်တယ်။ တစ်နေ့တော့ သူ့ချစ်သူ ကောင်မလေး Jessကို ကမာကောင်ထဲမှာ လက်စွပ်ထည့်ပြီး လက်ထပ်ခွင့်တောင်းတော့တာပေါ့။ ဒါပေမဲ့ ထင်သလိုမဖြစ်ဘဲ ဆော်ပစ်ခံလိုက်ရပါတယ်။ အဲ့အခါ အသည်းကွဲသွားတဲ့ Azကို သူ့သူငယ်ချင်းတွေက ပျော်အောင်ကြိုးစားပေးမယ်ဆိုပြီး ဝင်နှောင့်ယှက်တော့တာပဲ။ဒီဇာတ်လမ်းက ဆော်ပစ်ခံလိုက်ရတဲ့ Azတစ်ယောက် ​ကွဲနေတဲ့ဒဏ်ရာကို ပြန်ကျက်ဖို့ကြိုးစားရင်း နောက်ထပ်အချစ်ကို တွေ့မလား သူ့ကိုပစ်သွားတဲ့ Exကိုပြန်တွဲပြီး နွားဖြစ်ခံမလားဆိုတာကိုဟာသနှောပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့်  ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်….။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)

The Pension (2018) ⭐IMDB: 6.2/10 (44 Votes) 🎬 #Drama 🗓️ 2018 🎞️ Movie 📺 720p 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Pension (2018) ဘယ်သူမဆို တပ်မက်တဲ့ ဒီနေရာလေးမှာဖုံးကွယ်ထားချင်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးနဲ့ ခံစားချက်တွေ ပေါက်ကြားကုန်တယ် !!! ဘယ်သူမဆို ထူးခြားတဲ့ အဖြစ်အပျက်တွေကြုံရမဲ့ ဒီ Pension ဆိုတဲ့ နေရာကို ရောက်လာကြတဲ့ လူတိုင်းထူးခြားတဲ့ အဖြစ်အပျက်တွေ၊ သူစိမ်းတွေနဲ့ ပတ်သက်ဖို့ဖြစ်လာပြီးတော့ ဖြစ်တည်လာတဲ့ အကြောင်းအရာ ၄ပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်ကားထဲမှာ မတူညီတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၄ပိုင်းပါဝင်တာကြောင့် မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်မှာပါ။“လရောင်” ဆိုတဲ့ Pension လေး မှာ လာတည်းတဲ့ ဧည်သည်တွေမှာလည်း“လ”နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားဖွယ် ကြည့်ရူ့နိုင်မှာပါ။ အဓိက ဇာတ်ဆောင်တွေကတော့ Jo Jaeyoon, Park Hyo Joo, Jo hanchul, Lee Yi Kyung, Hwang sun hee တို့ပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Hsu Wai Wai Kyawပဲ ဖြစ်ပါတယ်။

The Pension (2018) ⭐IMDB: 6.2/10 (44 Votes) 🎬 #Drama 🗓️ 2018 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Pension (2018) ဘယ်သူမဆို တပ်မက်တဲ့ ဒီနေရာလေးမှာဖုံးကွယ်ထားချင်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးနဲ့ ခံစားချက်တွေ ပေါက်ကြားကုန်တယ် !!! ဘယ်သူမဆို ထူးခြားတဲ့ အဖြစ်အပျက်တွေကြုံရမဲ့ ဒီ Pension ဆိုတဲ့ နေရာကို ရောက်လာကြတဲ့ လူတိုင်းထူးခြားတဲ့ အဖြစ်အပျက်တွေ၊ သူစိမ်းတွေနဲ့ ပတ်သက်ဖို့ဖြစ်လာပြီးတော့ ဖြစ်တည်လာတဲ့ အကြောင်းအရာ ၄ပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်ကားထဲမှာ မတူညီတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၄ပိုင်းပါဝင်တာကြောင့် မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်မှာပါ။“လရောင်” ဆိုတဲ့ Pension လေး မှာ လာတည်းတဲ့ ဧည်သည်တွေမှာလည်း“လ”နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားဖွယ် ကြည့်ရူ့နိုင်မှာပါ။ အဓိက ဇာတ်ဆောင်တွေကတော့ Jo Jaeyoon, Park Hyo Joo, Jo hanchul, Lee Yi Kyung, Hwang sun hee တို့ပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Hsu Wai Wai Kyawပဲ ဖြစ်ပါတယ်။

Fragile (2021) ⭐IMDB: 6.3/10 (237 Votes) 🎬 #Comedy #Romance 🗓️ 2021 🎞️ Movie 📺 1080p 🌎 #France ⏰ 1 နာရီ 36 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hard Shell, Soft Shell (Fragile) (2021)===========================IMDb Rating – 6.3/10 Az က ကမာကောင်မွေးမြူရေးမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်။ သူက ကမာကောင်အကြောင်း နားလည်ပြီးကမာကောင်အခွံခွာတာလည်း အရမ်းကျွမ်းကျင်တယ်။ တစ်နေ့တော့ သူ့ချစ်သူ ကောင်မလေး Jessကို ကမာကောင်ထဲမှာ လက်စွပ်ထည့်ပြီး လက်ထပ်ခွင့်တောင်းတော့တာပေါ့။ ဒါပေမဲ့ ထင်သလိုမဖြစ်ဘဲ ဆော်ပစ်ခံလိုက်ရပါတယ်။ အဲ့အခါ အသည်းကွဲသွားတဲ့ Azကို သူ့သူငယ်ချင်းတွေက ပျော်အောင်ကြိုးစားပေးမယ်ဆိုပြီး ဝင်နှောင့်ယှက်တော့တာပဲ။ဒီဇာတ်လမ်းက ဆော်ပစ်ခံလိုက်ရတဲ့ Azတစ်ယောက် ​ကွဲနေတဲ့ဒဏ်ရာကို ပြန်ကျက်ဖို့ကြိုးစားရင်း နောက်ထပ်အချစ်ကို တွေ့မလား သူ့ကိုပစ်သွားတဲ့ Exကိုပြန်တွဲပြီး နွားဖြစ်ခံမလားဆိုတာကိုဟာသနှောပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့်  ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်….။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)

Julie & Julia (2009) ⭐IMDB: 7.0/10 (123 k Votes) 🎬 #Biography #Drama #Romance 🗓️ 2009 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Julie & Julia (2009) တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီးလက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်းယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။

60 Days of Summer (2018) ⭐IMDB: 6.4/10 (30 Votes) 🎬 #Drama #Mystery 🗓️ 2018 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 60 Days of Summer (2018) လီဂျယ်ဟွန်းဆိုတဲ့ ကောင်လေးက ၁၈ နှစ်ပြည့်ပေမဲ့ အနိုင်ကျင့်ခံရလို့ဆိုပြီး ကျောင်းထွက်ထားတဲ့လူငယ်တစ်ယောက်ပါ။စားလိုက်၊ အိပ်လိုက်၊ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက်၊ အိမ်ကိုနောက်ကျမှပြန်လာလိုက်နဲ့ အကျင့်ဆိုးတွေနဲ့ကောင်လေးပေါ့။ တစ်နေ့မှာ သူ့အဖေက နောက်မိန်းမယူဖို့ဆိုပြီး လင်းယုန်တိုင်းပြည်ကို နှစ်လလောက်ထွက်သွားမယ်လုပ်ပါလေရော။အဖေ နှစ်လလောက်ထွက်သွားတာ ဂျယ်ဟွန်းအတွက်မထူးဆန်းပေမဲ့သူ့အဖေနဲ့ရော သူနဲ့ပါမတည့်တဲ့ လူ့ဂွစာအဘိုးဖြစ်သူဆီမှာ ရက်ပေါင်း ၆၀ နေရဖို့ဖြစ်လာလေတော့…ဂျယ်ဟွန်းတစ်ယောက် အဘိုးဖြစ်သူကြည်ဖြူအောင် ဘယ်လိုနေထိုင်မလဲ… တစ်ဖက်မှာလည်း သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထား လုယက်တဲ့ကိစ္စတွေ မကြာခဏကြုံလာရတဲ့အခါ မြေးအဘိုးနှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ…ရက်ပေါင်း ၆၀ အတွင်း မတည့်အတူနေ မြေးအဘိုးနှစ်ယောက်ရဲ့ နှောင်ကြိုးလေးခိုင်မြဲလာမလား ပြတ်တောက်သွားမလား ဆိုတာကိုပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီးကြည့်ရှုရမယ့် IMDb 6.4/10 ရထားတဲ့ မိသားစုဒရာမာရုပ်ရှင်လေးပါ။ Generation မတူတဲ့ လီမျိုးရိုး မြေးအဘိုးကြားက ကတောက်ကဆလေးတွေကိုကြည့်ပြီးရင်ထဲမှာ ကြည်နူးမှုတစ်စုံတစ်ရာခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။

Julie & Julia (2009) ⭐IMDB: 7.0/10 (123 k Votes) 🎬 #Biography #Drama #Romance 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Julie & Julia (2009) တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီးလက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်းယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။

Younger Sister (2019) ⭐⁉️ 🎬 #Adult #Drama 🗓️ 2019 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 56 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************ ဂျီဟွန်းဆိုတဲ့ ကောင်လေးက သူ့ညီ ဂျင်‌ဆုနဲ့ တစ်အိမ်တည်းနေကြတယ် .. ဂျင်ဆုက တစ်နေ့ကျတော့ သူလက်ထပ်မယ့် သတို့သမီးလောင်းလေးကို အိမ်ခေါ်လာခဲ့တယ် … အဲဒီ သတို့သမီးလေးနဲ့အတူ ညီမ‌လေးတစ်‌‌ယောက်လည်း ပါလာခဲ့တယ် .. အဲဒီညီမလေးကလည်း တစ်စုံတစ်ရာကို တော့င်တနေခဲ့ရာ ဂျီဟွန်းနဲ့ တွေ့သွားကြတဲ့အချိန်မှာတော့ ဘယ်လိုတွေ နွားသိုးကြိုးပြတ် ကြမ်းကြမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှူလိုက်ကြပါနော် .. ခပ်ကြမ်းကြမ်း အချစ်ဇာတ်ခင်းကြတာတွေ ဖောက်ပြန်ကြ နောက်မီးလင်းကြတာတွေပါ ပါဝင်တဲ့ 18+ ဇာတ်ကားလေးမို့ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူးနော်…

Mourning Grave (2014) ⭐IMDB: 5.9/10 (967 Votes) 🎬 #Horror #Thriller #Comedy #Romance 🗓️ 2014 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 31 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mourning Grave (2014) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ horror, thriller ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်…ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာ… ဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါအဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေတကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်… ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ် Kang Ha Neul, Kim So Eun တို့အဓိကပါဝင်ထားပြီးhorror ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမယ့် ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။

စားတယ် ကိုတင့်တို့ စူပါရပ်ကွက် - ၂ ⭐N/A 🎬 N/A 🗓️ N/A 🎞️ Movie 📺 1080p 🌎 #Myanmar ⏰ 2 နာရီ 32 မိနစ် 50 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ပရိသတ်တွေကြား တော်တော်လေးအောင်မြင်ခဲ့တဲ့ ကိုတင့်တို့စူပါရပ်ကွက်ဟာဆိုရင် ရယ်မောသံလေးတွေကို တစ်ဖန်ယူဆောင်ပေးဖို့အတွက် အတွဲ ၂ အနေနဲ့ ဆက်လက်ထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာရော ကိုတင့်တို့ရပ်ကွက်မှာ ဘယ်လိုအလွဲတွေဖြစ်ပြီး ဘယ်လိုဘဝအမောကိုပြေစေမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ ဒါရိုက်တာ Various အမျိုးအစား Movies ဘာသာစကား Burmese သရုပ်ဆောင် A Yine,Moe Pyae Pyae Maung