无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Teddiscare (2024) ⭐IMDB: 2.8/10 (86 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမွေးပွတိရိစ္ဆာန်ကမ္ဘာ အရုပ်ကုမ္ပဏီပိုင်ရှင်ကြီး မသေဆုံးခင် သားဖြစ်သူ ဒန်ကန်ကိုဆင့်ခေါ်ပြီး ရှေ့နေ့မယ်လိုရီက အမွေအားလုံးကို လွှဲအပ်ပေးမှာဖြစ်ကြောင်း ပြောရင်းနဲ့ တစ်ဆက်တည်းမှာပဲ သစ်တောမြေကွက်လပ်ကို လုံးဝမသွားဖို့ မှာကြားခဲ့ပါတယ်။ ဒီသစ်တောမြေကွက်လပ်ဟာ ဒန်ကန့်ငယ်ဘဝရဲ့ သုခဘုံဖြစ်နေတာကြောင့် ဖခင်ဖြစ်သူ တားတဲ့ကြားထဲကနေ ရအောင်ပြန်သွားခဲ့ပါတယ်။ အဲဒီသစ်တောမြေကွက်လပ်မှာ ဘယ်လိုကိစ္စတွေဖြစ်နေလဲ၊ ဒန်ကန့်အဖေက ဘာကြောင့် မသွားခိုင်းတာလဲဆိုတာကို စောင့်စားကြည့်ရှုရမှာဖြစ်ပါတယ်။...
Shangtong Village: Story of a Strange Snake (2024) ⭐TMDB: 0% User Score 🎬 #Adventure #Drama #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 9 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း ရှန့်ထုံရွာမှာစပါးအုံမြွေကြီးတစ်ကောင်ပေါ်လာပြီးတော့ တစ်ရွာလုံးရုတ်ရုတ်သဲသဲဖြစ်သွားရတဲ့အကြောင်းကို ဇာတ်ကြောင်းပြောသလိုပုံစံလေးနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ရှန့်ထုံရွာမှာ တစ်နှစ်တစ်ခါ လူပျိုအပျိုကလေးကိုမီးလောင်တိုက်သွင်းပြီးတော့ မြစ်စောင့်နတ်ကိုပူဇော်ရတဲ့ဓလေ့ရှိပြီးတော့နတ်ဆရာက ဉာဏ်ပူဇော်ခတွေလည်းအဆမတန်တောင်းပါတယ် ။ ဒီလိုနဲ့တစ်နေ့မှာတော့ ပုံမှန်အတိုင်းယစ်ပူဇော်ပွဲလုပ်နေကျနေရာကိုယွိလင်လုံဆိုတဲ့ကောင်လေးရောက်လာပြီး ယစ်ပူဇော်မှုကိုတားမြစ်ပြီးမီးလောင်တိုက်အသွင်းခံရတော့မဲ့ကလေးကိုကာကွယ်ပေးခဲ့ပါတယ် ။ ဖြစ်ချင်တော့ ယန်ဓာတ်လွန်ကဲနေတဲ့ခန္တာကိုယ်ပိုင်ရှင်သူ့ကိုအားလုံးကနမိတ်မကောင်းဘူးဆိုပြီးနှင်ထုတ်ကြပါတယ် ။အဲဒီအချိန်မြွေကြီးတစ်ကောင်ပေါ်လာပြီးရွာသားတွေကိုတိုက်ခိုက်ကြတော့ အားလုံးလည်းမြွေဆိပ်ပန်းနဲ့မြွေတွင်းဒဏ္ဍာရီကိုပိုပြီးယုံသွားပါတော့တယ် ။ တစ်ရွာလုံးက နမိတ်မကောင်းဘူးဆိုပြီးဖယ်ကျဉ်ထားတဲ့ယွိလင်လုံတစ်ယောက် နျဲ့ဝမ်းအာဆိုတဲ့မိန်းကလေးကိုကယ်လိုက်ပြီးနောက်မှာတော့ ပထမဆုံးအကြိမ်မိတ်ဆွေတစ်ယောက်ကိုရခဲ့ပြီးမြွေကြီးတွေကိုရှင်းလင်းဖို့ဘယ်လိုလုပ်ကိုင်သွားမလဲ ?ဂျပန်တွေလက်ထဲကနေ မြွေဆိပ်ပန်းကိုဘယ်လိုကာကွယ်သွားမလဲဆိုတာတာကိုဇာတ်ကားလေးထဲမှာ စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ပါဦး...
Stimulates Your Five Senses – Anzai (Decensored – SSIS-136) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 22 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးမဲ့ မင်းသမီးလေးကတော့ ပြည့်ပြည့်ဖောင်းဖောင်း တုတ်တုတ်ခိုင်ခိုင်လေးမှကြိုက်တဲ့ လူကြီးမင်းတွေရဲ့အကြိုက် မင်းသမီးလေး Anzai ဖြစ်ပါတယ်……အသားအရေ မျက်နှာအနေအထား ခန္ဓာကိုယ်အချိုးအစားအကုန်ပြည့်စုံနေတဲ့အပြင် အသံဆာဆာလေးနဲ့ သရုပ်ဆောင်ပါ အင်မတန်ကောင်းတဲ့ မင်းသမီးလေးတစ်လက်ပါပဲ…… SSIS-136 ဆိုတဲ့ ဒီကားလေးထဲမှာတော့ မင်းသမီးလေးက ပုရိသတွေရဲ့ စိတ်နှလုံးကို လှုပ်ကိုင်ဖို့ အမျိုးမျိုးကြိုးစားအားထုတ်ပုံတွေကို တကွက်ချင်းရှင်းရှင်းလင်းလင်း တင်ဆက်ပေးထားမှာပါ……လုပ်ယူထားတဲ့ပုံမဟုတ်ဘဲ သဘာဝကျကျလေး သရုပ်ဆောင်ထားနိုင်တာမို့ ကြည့်နေရင်း လက်တွေ့ဘဝထဲရောက်သွားသလိုထိ ခံစားရမှာဖြစ်နေတာဆိုတော့ လက်မနှေးဘဲ အမြန်လေးသာ ဒေါင်းကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ပါရေစေ…… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Gold Brick (2023) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 36 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Money Heist လို Plot twist တွေနဲ့ သူခိုးဇာတ်လမ်းကြိုက်တဲ့ပရိသတ်တွေအတွက် အလွမ်းပြေ ပြင်သစ် သူခိုးရုပ်ရှင်လေးတစ်ကားလာပါပြီ။ ဆွယ်ဗျားဆိုတဲ့ လူငယ်လေးတွယောက်ဟာ ရှားထရက်မြို့ သာမာန် လူလတ်တန်းစားမိဘနှစ်ဦးကနေ မွေးဖွားကြီးပြင်းလာသူပါ။ သူ့မှာ စကန်နီးရားလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့နေတဲ့မြို့မှာ ဘိုးရစ်နှင့်သားများလို့ ခေါ်တဲ့ ရေမွှေးထုတ်ပိုးဖြန့်ချီရေးကုမ္ပဏီတစ်ခုက တစ်မြို့လုံးရဲ့ အလုပ်အခွင့်အလမ်းတွေကိုအုပ်စိုးထားပြီး ဘယ်လောက်ပင်ပညာတတ်ဖြစ် ေနပါစေ အဆုံးသတ်မှာတော့ ဒီစက်ရုံမှာပဲအလုပ်ဝင်ကြရပါတယ်။ ဆွယ်ဗျားနဲ့ စကန်နီးရားတို့ဟာ အဲ့လိုမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ေပမယ့် အဆုံးမှာတော့အများနည်းတူ ဘိုးရစ်စက်ရုံမှာပဲ အလုပ်ဝင်ခံရပါတယ်။ သူတို့အလုပ်ဝင်ပြီးမကြာခင်မှာပဲ ဖခင်ဖြစ်သူဘိုးရစ် သေဆုံးသွားခဲ့ပြီး ဘိုးရစ်ဂျူနီယာက ကုမ္ပဏီကိုအမွေဆက်ခံခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆွယ်ဗျားတစ်ယောက် အလုပ်ကနေ အပိုဝင်ငွေရမယ့် နည်းလမ်းတစ်ခုကိုရှာတွေ့သွားတဲ့နောက် သာမာန် စက်ရုံအလုပ်သမားဘဝကနေ သူဌေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုနည်းတွေ၊ အခကါအခဲတွေကို ရုန်းကန်ကြိုးစားကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး ပြင်သစ်စကားပြောရုပ်ရဗင်ဖြစ်တဲအတွက် Money Heist လို ခပ်ဆင်ဆင် Vibe မျိုးရမှာဖြစ်ပေမယ့် ဇာတ်လမ်းက Twisty ဖြစ်ပြီး အေးအေးငြိမ့်ငြိမ့်လေးမို့လို့ မတူညီတဲ့ ရသတစ်မျိုးပေးစွမ်းပါတယ် T Hmue မှ အညွှန်းရေးသားပြီး ဘာသာပြန်သည်...
Remember Me (2024) ⭐TMDB: 70% User Score 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 56 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Remember Me ဆိုတဲ့ဇာတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင် သားတစ်ယောက်ကို ဆုံးရှုံးပြီးသားသေတာနဲ့ နောက်ယောက်ျားနောက်လိုက်ပြေးသွားတဲ့ချွေးမလက်ထဲကို သူ့မြေးမလေး ကျားရိကို မထည့်ပေးခဲ့တဲ့ အဖွားအတွက်…ဘဝကို အဖွားတစ်ခု မြေးမလေးတစ်ခု ကျော်ဖြတ်မယ်လို့ ဆုံးဖြတ်ထားပြီးကာမှ…မြို့ထဲ အင်္ကျီဝယ်ရင်း မြေးမလေးကို ပျောက်သွားခဲ့တယ်… တစ်ခါပျောက်တာ အနှစ် ၂၀ ကြာသွားခဲ့တယ်…ကျားရိကို ပြန်ရှာတွေ့ချိန်မှာ ကျားရိက ဘာကြောင့်လည်းတော့မသိခိုးတတ်ဝှက်တတ်တဲ့ ကလေကချေမလေးဖြစ်နေခဲ့တာပေါ့…သူနဲ့ခင်တဲ့ သူငယ်ချင်းဆိုးတွေလက်ထဲက ထွက်ပြေးလာနိုင်ခဲ့ချိန်မှာ အဖွားနဲ့ ပြန်ဆုံခဲ့တယ်… ကျားရိက တကယ် ဖွားဖွားရှာနေတဲ့ကျားရိပဲလား…သူတို့ပြန်ဆုံတော့ ဘာတွေဖြစ်မှာလဲ…ကျားရိတစ်ချိန်က ခင်ခဲ့တဲ့ သူငယ်ချင်းဆိုးတွေကရော ဘာတွေလုပ်ဦးမှာလဲ…နှလုံးသားရှိတဲ့သူတိုင်း ငိုမိမှာမို့တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့...
Gifted (2017) ⭐IMDB: 7.6/10 (131 k Votes) 🎬 #Drama #Comedy 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ စိုးရိမ်လို့ တားမိတာပါပဲ။ တကယ်လည်း ကလေးကို ခွဲမယ့်သူ ပေါ်လာပါတယ်၊ အဲဒါကတော့ သူတို့ကို ၇နှစ်လုံး ပစ်ထားခဲ့တဲ့ မေရီရဲ့အဘွားပါပဲ။ တကယ်တော့ မေရီလေးရဲ့ အမေဟာ သချာၤဉာဏ်ကြီးရှင်ပါပဲ။ မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပါ။ မေရီအမေ ထားခဲ့တဲ့ ပုစ္ဆာဟာ millennium problems တွေထဲက တစ်ခုပါ။ Millennium problems တွေဆိုတာ ၂၀၀၀ ခုနှစ်တုန်းက Clay သချာၤတက္ကသိုလ်ကြီးကနေ သက်သေပြပေးဖို့ ထုတ်ခဲ့တဲ့ ပုစ္ဆာ ၇ ပုဒ်ပါ။ အဖြေရှာနိုင်သူဟာ ဒေါ်လာသန်းချီပြီး ဆုရရှိမယ့်အပြင် ဆုတံဆိပ်တွေနဲ့ နိုဘယ်ဆုအထိကို မှန်းနိုင်ပါလိမ့်မယ်။ လက်ရှိ ၂၀၁၇ အထိကို တစ်ပုဒ်ပဲ အဖြေရှာနိုင်သူရှိပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ မေရီလေးကို သူ့အဘွားက ဒီပုစ္ဆာတွေရှင်းနိင်ဖို့နဲ့ သူ့လက်အောက်မှာ ပျိုးထောင်ဖို့ ဖရန့်ဆီကနေ လာခေါ်ပါတယ်။ ဖရန့်ကတော့ သူ့အမေရဲ့ ဖြစ်ခဲ့သလို မေရီ့ကို မဖြစ်စေချင်ဘဲ သာမာန်ကလေးဘဝနဲ့ ကြီးပြင်းစေချင်တာမို့ လုံးဝငြင်းဆန်လိုက်တဲ့အခါ သားအမိနှစ်ယောက် ကလေးလုဖို့အတွက် ရှေ့နေကိုယ်စီနဲ့ တရားရုံးမှာ ရင်ဆိုင်တွေ့ရပါတော့တယ်။ ဖရန့်က ကလေးတက်လမ်းအတွက် မေရီ့ကို လက်လွှတ်နိုင်မလား၊ ဆက်ခေါ်ထားဖို့ ဆုံးဖြတ်မလား။ မေရီကို ပိုင်ဆိုင်တဲ့သူက အနိုင်လား အရှုံးလား၊ လက်လွှတ်ရတဲ့သူက အနိင်လား အရှုံးလား။ မေရီအတွက်ကရော ဘယ်လမ်းက အမှန်လည်း ဘယ်လမ်းကအမှားလည်း။ ပြိုင်ပွဲတစ်ခုဆိုတာ အနိုင်အရှုံး ရိုးရှင်းပေမယ့် မေတ္တာတရားနဲ့ ရောယှက်လာရင်တော့ ဒီမေးခွန်းတွေဟာ အင်မတန်ကို ဖြေရခက်ပါလိမ့်မယ်။ မထင်ထားတဲ့ဟာတွေနဲ့ လှည့်ကွက်တွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ခံစားကြည့်ပါလို့ ညွှန်းချင်ပါတယ်။...
Jungle Chase (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နယ်စပ်မြို့တစ်ခုက ဂိုဒေါင်အပျက်တစ်ခုမှာ စိတ်လှုပ်ရှားစရာဖမ်းဆီးမှု အစီအစဉ်ကြီးတစ်ခု စတင်နေပါတယ်။အထူးရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ယွမ်ဟိုင်ယန်ဟာအဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ချန်စန်းဖူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်မှာတော့ ယွမ်ဟိုင်ယန်ကို စခန်းမှူးလျိုချန်ကျွင်းကချန်စန်းဖူအဖြစ် ဟန်ဆောင်ပြီး ပြည်ပမှ ငွေအတုရိုက်နှိပ်ထုတ်ဝေသူတွေနဲ့ဆက်သွယ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယွမ်ဟိုင်ယန်ကသူလျှိုလှုပ်ရှားမှု လုပ်နေစဉ် ယောက္ခမလောင်းဖြစ်သူရွှဲယုံနဲ့အတူ ခရီးသွားဘတ်စ်ကား တစ်စီးတည်းမှာ လိုက်ပါလာခဲ့ပါတယ်။ ဒုစရိုက်သမားတွေဟာ ခရီးသည်အပြည့်နဲ့ ဘတ်စ်ကားကိုသစ်တောထဲကို ပြန်ပေးဆွဲပြီး မောင်းခိုင်းခဲ့ပါတယ်။အချင်းချင်း အမြင်မကြည်နေတဲ့ ယောက္ခမလောင်းနဲ့သမက်လောင်းတို့နှစ်ယောက် အတူတူ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒုစရိုက်သမားတွေရဲ့ လက်ထဲကနေ ယွမ်ဟိုင်ယန်တို့ထွက်ပြေးလွှတ်မြောက်နိုင်လိမ့်မလား……သစ်တောထဲမှာရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ပြည့်နှက်နေမလဲ...
Curbing Violence (2024) ⭐TMDB: 40% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုယ့်ရဲ့အစ်မလိုချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်ဟာမထင်မှတ်ပဲကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့သိလိုက်ရတဲ့အခါ အရွယ်အိုအဖေကြီးနဲ့ သားတစ်ယောက်အတွက်ကြိုးစားရှင်သန်နေတဲ့သူငယ်ချင်းဟာဒီလိုသတ်သေသွားဖို့လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ချိုးယိကျောင်းဟာလက်မခံနိုင်ဖြစ်နေခဲ့တယ်။ မှုခင်းရဲမေတစ်ယောက်ဖြစ်တဲ့ ချိုးယိကျောင်းဟာအသေးစိတ်လိုက်စုံစမ်းတဲ့အခါ သူငယ်ချင်းဖြစ်သူဟာဘိုးတော်ဆရာကြီး တစ်ယောက်ရဲ့ဟောချက်ကြောင့်အဓိပ္ပါယ်မဲ့မတရားသေသွားရကြောင်းသိလိုက်ရတယ်။ တရားခံက အင်အားကြီးတဲ့သူဌေးတစ်ယောက်ဖြစ်တဲ့အတွက်အတားအဆီးအပိတ်အပင်တွေကြားကနေပြီးတော့ရအောင်သက်သေယူပြီး ဥပဒေနဲ့စီရင်လိုက်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ခပ်ကြမ်းကြမ်း Female Lead ဇာတ်လမ်းမျိုးတွေကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။...
The Exorcist (1973) ⭐TMDB: 77% User Score 🎬 #Horror #Thriller #Drama 🗓 1973 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The exorcist (1973) IMDb rating – 8.1/10 ဒီဇာတ်လမ်းလေးကတော့ “World No.1 horror film” လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့အပြင်Imdb rating 8 အထိရရှိထားပါတယ်။ တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အပြင်ခုထိလည်း ‘ဟောင်းပေမယ့်လည်းကောင်းနေဆဲ’ ဇာတ်လမ်းလေး ဖြစ်လို့နေမှာပါ။၁၉၇၃ ခေတ်အနေအထားအနေနဲ့ဆိုရင် တကယ်ကိုပီပြင်တဲ့ရိုက်ချက်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်ရှိနေတယ်လို့လည်း သိရပါတယ်။တကယ်ခြောက်ခြားစရာ သွေးသံရဲရဲတွေ ဇာတ်ကွက်တွေကြောင့် ပြသခွင့်တောင်ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အော်စကာဆုအတွက် ဇကာတင်အများကြီးဝင်ခဲ့ပြီးအော်စကာဆု၂ဆုတောင် သိမ်းပိုက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ကဲ horror ကြိုက် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအစမှာ သရုပ်ဆောင်မင်းသမီး ခရစ်မက်နီယယ်က ဇာတ်ကားရိုက်ဖို့ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ လာခဲ့ပါတယ်။ ၁၂နှစ်အရွယ် ရေဂန်လေးက အစပိုင်းမှာချစ်စရာကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြုအမူတွေထူးဆန်းလာတယ်၊ကြမ်းတမ်းလာတယ်။ မိခင်ဖြစ်တဲ့ ခရစ်ကတော့ ဆေးကုသမှုတွေ အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်။ဒါပေမဲ့လည်း ဆေးပညာနဲ့ အဖြေရှာမရ၊ကုသမရဖြစ်နေပါတယ်။တစ်ဖက်မှာလည်း ဖာသာဒေမီယမ်ကားရက်စ်ဟာ သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီးဘာသာရေးယုံကြည်မှုတွေ လျော့ပါးလာပါတယ်။ ဒီတော့ ရေဂန်လေးကို ဘယ်လိုကယ်တင်ကြမလဲပေါ့။ (သွေးသံရဲရဲ ဇာတ်ဝင်ခန်းများပါသည့်အတွက် ကလေးငယ်များ ကြည့်ရှုရန်မသင့်ပါ) ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...
Exorcist II: The Heretic (1977) ⭐TMDB: 45% User Score 🎬 #Horror #Drama #Thriller 🗓 1977 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1973 ခုနှစ်က ထွက်ခဲ့တဲ့ The Exorcist ရဲ့ ဒုတိယကားဖြစ်တဲ့ Exorcist 2က ပထမကားထွက်ပြီး လေးနှစ်အကြာမှာ ထွက်ခဲ့ပါတယ်။ ဒ ါရိုက်တာကတော့ မတူပေမယ့် အဓိကဇာတ်ဆောင် မင်းသမီး ရေဂန်ပြန်လည်ပါဝင်လာပြီး ဒီကားထဲမှာ အပျိုအရွယ်ရောက်လာခဲ့ပါပြီ။ ဖာသာမာရင်ရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် ဘုန်းတော်ကြီး ဖာသာလာမောင့်န်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရေဂန်က စိတ်ရောဂါကုဆရာဝန်ဆီမှာ ကုသမှုခံယူနေဆဲဖြစ်ပါတယ်။ ဆရာဝန်မရဲ့ စိတ်ချင်းဆက်သွယ်ပြီး အိပ်ငွေ့ချပေးတဲ့စက်ကို အသုံးပြုပြီး ဝါရှင်တန်က ရေဂန်ရဲ့ အခန်းထဲမှာ ဖာသာမာရင် အပနှင်နေတုန်း ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်ပြီး ကြည့်ရှုခဲ့ပါတယ်။ ဒီမကောင်းဆိုးဝါးရဲ့ originက ဘာလဲ ဘယ်ကရောက်လာတာလဲဆိုတာ ဒီကားထဲမှာ အဖြေကို ရမှာပါ။ ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် Exorcist fanတွေဆို ကြည့်ရှုထားသင့်တဲ့ ကားဖြစ်ပါတယ်။...
The Exorcist III (1990) ⭐TMDB: 62% User Score 🎬 #Drama #Horror #Mystery 🗓 1990 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Exorcist III (1990) IMDb – 6.5/10 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လက်ဖတင်နင် ဘေလ်ကင်မ်ဒါမန်းနဲ့ ဖာသာဒိုင်ယာတို့ရဲ့မိတ်ဆွေဖာသာဒေမီယန်ကဲရက်စ် သေဆုံးပြီး ၁၅နှစ်အကြာမှာ ဇာတ်အိမ်စတည်ထားပါတယ်။ ဝါရှင်တန်ဒီစီ ဂျော့ဂျ်တောင်းမှာ သောမတ်စ်ကင်ထရီလို့ခေါ်တဲ့ ၁၂နှစ်အရွယ် လူမဲကောင်လေးအသတ်ခံရမှု စတင်ပေါ်ပေါက်လာပါတယ်။ ဘေလ်ကင်မ်ဒါမန်းဟာ ဒီအမှုကို ဆက်စုံစမ်းနေပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဖာသာတစ်ယောက်အသတ်ခံရမှု ပေါ်ပေါက်လာပြန်ပါတယ်။ အသတ်ခံရမှုတွေမှာစဉ်းစားစရာက သေဆုံးသူတွေဟာ ဆက်စနိုင်းကိုလင်း ဆေးထိုးခံထားရခြင်းနဲ့ အသတ်ခံကြရတဲ့ပုံစံဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ ကြောက်စရာအကောင်းဆုံး လူသတ်သမား The Gemini killer ကတော့လွန်ခဲ့တဲ့ ၁၅နှစ်ကျော်က လျှပ်စစ်ထိုင်ခုံမှာ သေဆုံးသွားခဲ့ပါပြီ။ ဒါဆိုရင် အခုဖြစ်နေတဲ့ လူသတ်မှုတွေရဲ့ တရားခံဟာ ဘယ်သူလဲပေါ့…ဘေလ်ကင်မ်ဒါမန်း တစ်ယောက်လူသတ်သမားကို ရှာရင်းဘာတွေကြုံတွေ့ရမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ စိတ်ဝင်စားစရာနဲနဲလောက်ပြောပြရမယ်ဆိုရင်ဘေလ်ဟာ ဆေးရုံမှာဖြစ်တဲ့လူသတ်မှုအကြောင်းစုံစမ်းရင်း စိတ္တဇဆောင် အခန်းနံပါတ် ၁၁မှာ ထူးဆန်းတဲ့ လူနာတစ်ယောက်နဲ့ တွေ့ရပါတယ်။ လူသတ်မှုတွေက ဒီလူနာနဲ့ရော ပတ်သတ်လား၊ နတ်ဆိုးလား မကောင်းဆိုးဝါးလား၊ အဓိကရန်သူဘယ်သူလဲဆိုတာ သိချင်စိတ်လေးတွေဖြစ်နေပြီမလား။ ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကို စိတ်ခြောက်ခြားစရာ horror ဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ horror မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ The Exorcist ရဲ့ နံပါတ် ၃ ကားမြောက် ဇာတ်လမ်းဆိုတဲ့အတိုင်းhorror ကို အပြည့်အဝခံစားကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ writer နဲ့ director ကတော့ rating 8.1 အထိတောင် ရရှိခဲ့တဲ့The Exorcist (1973) ရဲ့ writer လည်းဖြစ် အော်စကာဆုရှင်လည်းဖြစ်တဲ့William Peter Blatty ပဲ ဖြစ်ပါတယ်။ ၁၉၉၀ ကထွက်ထားတဲ့ ဇာတ်လမ်းပါ၊ ကဲ ဟောင်းပေမယ့်လည်း ကောင်းနေဆဲ… horror ပရိတ်သတ်ကြီးတို့အတွက် CM မှ တင်ဆက်ပေးလိုက်ပါပြီ။ခံစားကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...
Jackdaw (2023) ⭐IMDB: 5.2/10 (472 Votes) 🎬 #Action #Thriller #Drama #Crime 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မော်တိုခရော့ ဆိုင်ကယ်ချန်ပီယံဟောင်းဖြစ်သလို စစ်မှုထမ်းဟောင်းဖြစ်တဲ့ Jack Dawson ဟာ သူ့မိခင်သေဆုံးပြီးနောက်မှာ သူ့ညီအရင်းကို ပြုစုစောင့်ရှောက်ဖို့ သူ့ရဲ့ဇာတိမြို့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဘဝသစ်ကိုစတင်ဖို့မျှော်လင့်ရင်း ကျောင်းနေဘက် သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်တဲ့ Silas ဆီကနေ ဘဝတဆစ်ချိုးပြောင်းလဲနိုင်တဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ မြောက်ပင်လယ်မှာရှိတဲ့ လျှို့ဝှက်အထုပ်တစ်ထုပ်ကို ယူပေးဖို့ပါ။ ဒါပေမဲ့ Jackdaw ဟာ ဒေသခံမူးယစ်ဂိုဏ်း၊ ဒုစရိုက်သမား ဖြစ်တဲ့ Silas ရဲ့သစ္စာဖောက်ခံရပြီး Jackdaw ရဲ့ ညီဟာလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ Jackdaw အတွက် အိပ်မက်ဆိုးတွေ ဝင်ရောက်လာခဲ့ပြီး အဖြစ်မှန်ကိုရှာဖွေဖို့ တိုက်ပွဲဝင် ရပါတော့တယ်။ Jackdaw တယောက် ရောဂါသည် ညီဖြစ်သူကို ရှာတွေ့နိုင်မလား။ တညတာရဲ့ကြမ်းတမ်းတဲ့ ခရီးမှာ မိတ်ဆွေဟောင်းမိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေ ရန်သူသစ်တွေနဲ့ ဘယ်လိုတွေ့ဆုံရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကား ဖြစ်ပါတယ်။...
Igor (2008) ⭐TMDB: 59% User Score 🎬 #Animation #Comedy #Family #Fantasy #Horror #SciFi 🗓 2008 🎞 movie 🌎 #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Igor (2008) ========== ဒီဇာတ်လမ်းကတော့ ဆိုးရွားရက်စက်မှုတွေကိုမှ ကောင်းတဲ့အရာလိုနှစ်သက်သဘောကျကြတဲ့တိုင်းပြည်က သိပ္ပံပညာရှင်တွေနဲ့ သူတို့ရဲ့ယုတ်မာတဲ့တီထွင်မှုတွေကြား အောင်မြင်တဲ့သိပ္ပံပညာရှင်ဖြစ်ဖို့ အိပ်မက်ထားထားတဲ့ အီဂေါ်ဆိုတဲ့ ကျောမှာဘုရှိတဲ့ ခါးကုန်းကောင်လေးအကြောင်းပါ။ အီဂေါ်က နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ ယုတ်မာတဲ့တီထွင်မှုပြိုင်ပွဲမှာ အနိုင်ရပြီး အတော်ဆုံးယုတ်မာမှုသိပ္ပံပညာရှင်ဖြစ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ အီဂေါ် မကောင်းဆိုးဝါးတစ်ကောင်ကို ဖန်တီးပြီးနောက်ပိုင်း အမှားပါသွားတာကြောင့် ဘယ်လိုဟာသအလွဲတွေ ဖြစ်သွားမလဲ၊ အောင်မြင်ဖို့အတွက် ယုတ်မာကောက်ကျစ်ရတာဟာ မှန်ကန်ရဲ့လားဆိုတဲ့မေးခွန်းအောက်မှာ အီဂေါ်ရဲ့အိပ်မက်တွေ ပြောင်းလဲသွားမလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ အဓိပ္ပါယ်နက်နဲတဲ့အပြင် dark humor တွေအပြည့်နဲ့ တစ်ကားလုံးခွီနေရမဲ့ကားမို့ မလွတ်တမ်းကြည့်သင့်တဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Boso (2005) ⭐TMDB: 50% User Score 🎬 #Uncategorized #Comedy 🗓 2005 🎞 movie 🌎 #Philippines ⏰ 1 နာရီ 39 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] Boso (2005)==============ဂျိတ်ခ်ကတိုက်ခန်းတွဲတစ်ခုမှာအစောင့်တာဝန်ယူထားပြီး သူ့ရဲ့အကြီးမားဆုံးဝါသနာနဲ့အပန်းဖြေမှုကတော့ချောင်းကြည့်ခြင်းပါပဲ။သူ့တာဝန်အရ မျက်နှာကျက်ပေါ်ကို တရားဝင် ဝင်ထွက်ခွင့်ရထားတဲ့အတွက် အဲ့ဒီအခန်းတိုင်းရဲ့အမိုးပေါ်မှာအပေါက်ဖောက်ထားပြီး တိုက်ခန်းနေထိုင်သူတွေရဲ့နေစဉ်ဘ၀ကိုချောင်းမြောင်းကြည့်ရှုလေ့ရှိပါတယ်။အပြင်မှာသိပ်ပြီး ရင်းနှီးကျွမ်းဝင်မရှိပေမယ့် တိုက်ခန်းတွဲနေထိုင်သူအားလုံးရဲ့အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်တွေကိုသူကထဲထဲဝင်ဝင်သိနေပြီးသားပါ။ တစ်နေ့တော့ သူတို့တိုက်ခန်းကို ဒင်းနဲ့စီစီလျာဆိုတဲ့ ညားကာစစုံတွဲတစ်တွဲပြောင်းလာခဲ့ပြီး အဲ့ဒီ စီစီလျာကိုမှ ဂျိတ်ခ်တစ်ယောက် မြင်မြင်ချင်း ကြွေကျသွားခဲ့တဲ့နောက်မှာတော့..။သူ့ရဲ့အချောင်းဝါသနာ၊ စီစီလျာနဲ့ဒင်း၊ တိုက်ခန်းတွဲနေပုဂ္ဂိုလ်တွေရဲ့ဘ၀တွေ ဘယ်လိုရောထွေးယှက်တင်လာမလဲဆိုတာကို ဆက်လက်ရှုစားကြပါ။ အခုချိန်ထိခေါင်းဆောင်တန်းဝင်နေဆဲဖြစ်တဲ့ Katya Santos တို့ Gwen Garci တို့လို အလှပဂေးမမကြီးတွေရဲ့ငယ်ဘ၀အလှအပတွေကိုတစ်၀ကြီးမြင်တွေ့ရမှာပါ။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(3.5GB)/(1.8GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Intruders (2015) ⭐IMDB: 5.7/10 (14 k Votes) 🎬 #Drama #Horror #Thriller 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Intruders(2015)ဒီနေ့တော့ 2015 မှာထွက်ခဲ့တဲ့ Intruders ဆိုတဲ့ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်Horror/Mystery အမျိုးအစား ဖြစ်ပြီးတော့IMDB 5.7/10 နဲ့ rotten tomatoes 50% ရရှိထားပါတယ် OverviewAnna ဟာ agoraphobia ဆိုတဲ့ အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ စိတ်ရောဂါခံစားနေရသူပါ.အိမ်မှာလည်း သူမနဲ့ ကင်ဆာရောဂါခံစားနေရတဲ့ အကိုနဲ့ မောင်နှမ နှစ်ယောက်တည်းနေထိုင်ကြပါတယ်.မကြာခင်မှာပဲ အကိုဖြစ်သူ ဆုံးပါးသွားပြီး ကျန်ခဲ့အိမ်နဲ့ပိုက်ဆံတွေကို Anna အတွက်အမွေချန်ထားခဲ့ပါတယ်.အကိုဖြစ်သူရဲ့ ဇာပနနေ့မှာတော့ Anna ဟာ သူ့စိတ်ရောဂါအခြေအနေကြောင့် ဇာပနကို မသွားနိုင်ခဲ့ပါဘူး. အဲ့နေ့မှာပဲ Anna ဇာပနရောက်နေတယ်ထင်ပြီး ကျန်ခဲ့တဲ့ ပိုက်ဆံတွေကိုယူဖို့ လူ ၃ ယောက်ဖောက်ထွင်းဝင်ရောက်လာခဲ့တဲ့ အခါမှာတော့… Anna ဟာ ဒီစိတ်ရောဂါကိုဘာလို့ခံစားနေရတာလဲ…အတိတ်မှာရော ဘာတွေဖြစ်ပျက်ခဲ့တာလဲ…ဒီအိမ်ကြီးရဲ့နောက်ကြောင်းကရော သူတို့ထင်သလို ရိုးရှင်းတဲ့အိမ်အိုကြီးပဲလား… ဖောက်ထွင်းဝင်လာတဲ့ လူ ၃ ယောက်အပြင် Anna ကိုစိတ်ပူတဲ့သူငယ်ချင်းကပါရောက်ရှိလာချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး. (ဆဲရေးတိုင်းထွာတဲ့ စကားလုံးများစွာနဲ့ သွေးထွက်သံယို scene အနည်းငယ်ပါဝင်တာကြောင့်ကလေးငယ်နှင့်မိသားစုများချင့်ချိန်ကြည့်ရှုကြပါရန်)...
Gringa (2023) ⭐IMDB: 5.9/10 (717 Votes) 🎬 #Comedy #Drama #Sport 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gringa ဆိုတဲ့အဓိပ္ပာယ်က စပိန် ဒါမှမဟုတ် လက်တင်အမေရိကမှာနေထိုင်တဲ့ နိုင်ငံခြားသူအမျိုးသမီး အထူးသဖြင့် အင်္ဂလိပ်အမျိုးသမီးလို့အဓိပ္ပာယ်ရပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ မာ့ခ်ျဘစ်ခ်ဖို့်ဒ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ အထက်တန်းကျောင်းတက်နေပါတယ်။ မာ့ခ်ျက အနည်းငယ်၀တယ်၊ နှေးတယ်၊ ဉာဏ်သိပ်မပြေးဘူး၊ ငြိမ်တယ် အဲဒါကြောင့် မာ့ခ်ျဟာ ကျောင်းမှာလည်းမ၀င်ဆံ့သလိုဖြစ်နေပြီး ဆယ်ကျော်သက်ကျောင်းသားဘ၀ကို ဖြတ်သန်းဖို့ရာအခက်တွေ့နေပါတယ်။ တစ်ချိန်တည်းမှာပဲ မာ့ခ်ျရဲ့အမေဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ မာ့ခ်ျဟာ ၁၆ နှစ်လောက်ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့အဖေကိုရှာဖို့အတွက် အမေရိကန်-မက္ကဆီကိုနယ်စပ်ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုကျေးလက်က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာ သူမရဲ့အဖေကိုတွေ့ရှိသွားခဲ့ပါတယ်။ မာ့ခ်ျရဲ့အဖေဟာ ရွာရဲ့အမျိုးသမီးဘောလုံးအသင်းကိုနည်းပြလုပ်ပေးရင်း ရပ်ရွာအကျိုးသယ်ပိုးပြီး ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၆ နှစ်တာကွဲကွာနေတဲ့ အဖေနဲ့သမီးနှစ်ယောက် ပြန်ဆုံသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ဘ၀တွေ တစ်ဆစ်ချိုးပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတော့တယ်။ အမျိုးအစားကို Comedy/Sport လို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်တော်ကတော့ ဟာသနဲ့ အားကစားကို အချိုးညီညီရောစပ်ထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို စိတ်အပန်းဖြေနေတဲ့သူတွေ၊ ပင်လယ် နဲ့ ကျေးလက်အလှတွေကိုခံစားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး အဖေနဲ့သမီးအကြားက နွေးထွေးတဲ့ချစ်ခြင်းအပြင် ပင်လယ်ကမ်းခြေရွာလေးထဲက ချစ်စရာဇာတ်ကောင်တွေနဲ့ မက္ကဆီကန်ရိုးရာယဉ်ကျေးမှုတွေကိုလည်း တစေ့တစောင်းမြင်တွေ့ရမှာဖြစ်တာကြောင့် မြည်းစမ်းကြည့်ရှုဖို့ရာ မမှားတဲ့ရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။...
Mastergame (2023) ⭐IMDB: 6.6/10 (454 Votes) 🎬 #Drama #War #Thriller 🗓 2023 🎞 movie 🌎 #Hungary ⏰ 1 နာရီ 30 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၅၆ခုနှစ်မှာ ရုရှား-ဟန်ဂေရီပဋိပက္ခကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိရှ်ဗန်ဆိုတဲ့ကောင်လေးဟာ တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး သူတို့ရဲ့တော်လှန်ရေးကျရှုံးသွားချိန်မှာတော့ အိရှ်ဗန်ဟာလည်း အခြားတော်လှန်ရေးသမားတွေနည်းတူ အနောက်နိုင်ငံတွေဆီထွက်ပြေးခိုလှုံဖို့ ရွေးချယ်ရပါ တော့တယ်။ ဒါ့ကြောင့် အိရှ်ဗန်ဟာ သူရဲ့ကောင်မလေးဖြစ်သူ စစ်တုရင်ချန်ပီယံမာတာကိုခေါ်ပြီး ထွက်ပြေးဖို့လုပ်ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဘုန်းတော်ကြီးဖြစ်သူရီဒါဘာလင့်ဆိုသူဟာ လျှို့ဝှက်ရတနာတွေကိစ္စနဲ့ ဟန်ဂေရီလျှို့ဝှက်ရဲတွေရဲ့ စစ်ကြောခြင်းကိုခံနေရသူပါ။ စစ်ကြောတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကိုညှင်းပန်းနှိပ်စက်တာကို ခံနေရသူပေါ့။ တစ်နေ့တစ်နေ့ နေဝင်တာမသိ နေထွက်မသိ ထောင်နံရံကလွဲပြီး ဘာကိုမှမြင်ဖူးတော့တဲ့ ဘာလင့်ဆီကို တစ်ရက်မှာ စစ်တုရင်စာအုပ်လေးတစ်အုပ်ရောက်လာပါတယ်။ ဒီစာအုပ်လေးကြောင့်ပဲ ဘာလင့်တစ်ယောက်အားလုံး ပြောင်းလဲသွားပါတော့တယ်။ ဒီဇာတ်ကားမှာ ဒီလိုကွဲနေတဲ့ Storyline နှစ်ခုကို စစ်တုရင်နဲ့ ချိတ်ဆက်ပြီး တင်ဆက်ထားပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းသွားတဲ့ပုံစံနဲ့ မထင်မှတ်တဲ့ အချိုးအကွေ့တွေ ပါနေတာကလည်း ဒီဇာတ်ကားရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင်တော့တစ်ခုခုကျန်ခဲ့မှာသေချာတာမို့လို့ ဒီ Mastergame ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆင်ပေးလိုက်ပါတယ်။...
The Mission (1986) ⭐TMDB: 74% User Score 🎬 #Adventure #Drama #History #Action 🗓 1986 🎞 movie 🌎 #UnitedKingdom #France #UnitedStates ⏰ 2 နာရီ 5 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Mission (1986) IMDb 7.4/10Rotten Tomatoes 64% (တောတွင်းမျိုးနွယ်ဓလေ့များအရ ဗလာကျင်း အခန်းတချို့ပါဝင်သဖြင့် ကြည့်ရှုသူများ သတိထားနိုင်ရန် ကြိုတင်အသိပေးအပ်ပါတယ်) ဒီဇာတ်ကားလေးကတော့ ၁၉၇၀ လောက်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဘရာဇီးနိုင်ငံဟာ စပိန်လက်အောက်ခံဖြစ်နေစဉ်ကာလမှာ တောထဲက မျိုးနွယ်စုတစ်စုစီကိုခရစ်ယာန်သာသနာပြန့်ပွားရေး သွားရောက်လုပ်ဆောင်ခဲ့တဲ့ ဖာသာဂေဘရီရယ်အကြောင်းဆိုလည်း မမှားပါဘူး။ ဖာသာက အသစ်အဆန်းဆို ငြင်းတတ်၊ ကြောက်တတ်ကြတဲ့ မျိုးနွယ်စုလေးဆီကို ဂီတနဲ့အတူသာသနာကိုစိမ့်ဝင်အောင်လုပ်ခဲ့ပြီး ကြေးစားလူသတ်သမားကိုပါ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာအောင်တော်တဲ့သူလည်းဖြစ်ပါတယ်။ ဖာသာ့ရဲ့ဦးဆောင်မှုနဲ့ ဒီတောတွင်းမျိုးနွယ်စုဟာ တောထဲကလိုက်ထွက်လာခဲ့အပြီးမှာတော့ထင်မှတ်မထားတာတွေဖြစ်လာပါတော့တယ်။ အဲဒါကတော့ စပိန်နိုင်ငံဟာ ဘရာဇီးကို ပေါ်တူကီနိုင်ငံဆီရောငိးစားလိုက်တဲ့အခါမှာတော့ ဒီမျိုးနွယ်စုကို ပြန်ကာကွယ်ပေးဖို့တွေဖြစ်လာပါတော့တယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။...
Dinda (2024) ⭐IMDB: 5.0/10 (5 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 35 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဝေးရောက်ချစ်သူဆိုတဲ့ဘဝကို ကိုယ်တိုင် ကြုံဖူးခဲ့ရတဲ့သူတွေ စာနာနားလည်နိုင်မဲ့ သာမန်ရိုးရှင်းတဲ့ အချစ်ဇာတ်ကားလေးတစ်ခုပါ… ချစ်ရသူနဲ့ ဝေးဝေးမှာ အချိန်အကြာကြီးနေရဖို့ဆိုတာကို ဘယ်သူမှ မလိုလားပေမဲ့ ရှောင်လွှဲလို့မရတဲ့ အကြောင်းတွေကြောင့် မတတ်သာတဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြရသူချည်းပါပဲ… အဲဒီလိုအဝေးရောက်ချစ်သူဘဝနဲ့ သုံးနှစ်တာနေထိုင်ပြီးနောက် နောက်ဆုံး ချစ်သူ “ဂယ်ရီ” ရှိရာ ဂျာကာတာကို ပြန်လာနိုင်ခဲ့တဲ့ ဒင်ဒါ ဆိုတဲ့ကောင်မလေး “အခုကစပြီး ပျော်စရာတွေပဲရှိတော့တယ်… အခုချိန်က ပျော်ရွှင်စရာဇာတ်ကြောင်းလေးရဲ့ အစပဲ.. ချစ်ရသူနဲ့ အတူတူ ပျော်ပျော်ကြီးနေမယ်” ဆိုတဲ့ ဒင်ဒါတစ်ယောက် ချစ်ရသူနဲ့ ပြန်တွေ့တဲ့အခါ ထင်ထားသလို မပျော်ရွှင်ရဘဲ ရန်တွေဖြစ်ရင်း ပြန်အဆင်ပြေလိုက်ရင်းနဲ့ စိမ်းကားလာကြပါတယ်… အဲဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲ… ချစ်သူတွေ အနေဝေးသွားလို့ပဲလား… အနေဝေးတဲ့ချစ်သူတိုင်း ဝမ်းနည်းဖွယ်ရာဇာတ်သိမ်းနဲ့ပဲ ကြုံတွေ့ရတာလားဆိုတာကို ဒီကားလေးကြည့်ရင်း အဖြေရှာနိုင်ကြမှာ ဖြစ်ပါတယ်...
Silence of the Prey (2024) ⭐IMDB: 4.0/10 (176 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ချို့ယုံကြည်မှုတွေကအစွန်းရောက်လွန်းရင် လူ့အသိုင်းအဝိုင်းအတွက်ဘေးဖြစ်စေပါတယ် သူတို့အတွက်အမှန်တရားလို့ထင်နေတာတွေက တကယ်တော့ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက် ကတော့စက်ဆုပ်စရာပါ… ဒီဇာတ်ကားလေးမှာတော့ နီနာတို့ဟာအမေတစ်ခု သမီးတစ်ခုဘဝလေးဖြစ်ပြီးတော့ ဘီလာရုစ်မှာ နိုင်ငံရေးကြောင့် အဖမ်းခံရမှာစိုးလို့အမေရိကကို တရားမဝင်ရွှေ့ပြောင်းထွက်ပြေးလာကြတာပါ မယ်ရီဆိုသူရဲ့အချိတ်အဆက်နဲ့ လူသာဆိုတဲ့အဘိုးကြီးဆီမှာ အိမ်အကူလုပ်ပေးဖို့ရောက်လာရာကနေ နီနာတို့သားအမိဟာမထင်မှတ်တာတွေကြုံတွေ့ရပါတော့တယ် အစပိုင်းမှာအဆင်ပြေသလိုထင်ရပေမယ့် မထင်မှတ်ဘဲအန်ဒရက်စ်ဆိုတဲ့သူရောက်လာချိန်မှာတော့ နီနာတစ်ယောက်ဟာသူမထင်မှတ်ထားတဲ့ အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ် အဲဒီအလှည့်အပြောင်းမှာနီနာတစ်ယောက်ဘာတွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ဗျာ...
