ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Operation Nutcracker (2024) ⭐IMDB: 6.6/10 (130 Votes) 🎬 #Romance 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 25 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ္စမတ်ပွဲတော်ရဲ့ အငွေ့အသတ်တွေနဲ့ ခရစ္စမတ်ကို အခြေခံထားတဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတစ်ပုဒ်ဖြစ်ပါတယ်။ ပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ လော်တီမော်ဂန်ဟာ တက်ကြွထက်မြတ်ပြီး အရာရာကိုအသေးစိတ်စီစဉ်တတ်တဲ့ အမျိုးသမီးတစ်ဦးပါ…. တနေ့ သူမရဲ့အထက်လူကြီးကနေ လော်တီရဲ့ဇာတိဘော်စတွန်တွင်ကျင်းပပြုလုပ်မဲ့ ရန်ပုံငွေပွဲအတွက် အလုပ်လျှောက်ရန် လော်တီကိုလွှတ်လိုက်ပြီး ပွဲစီစဉ်ခြင်းအောင်မြင်ရင် ဘော်စတွန်ရုံးခွဲ ခေါင်းဆောင်နေရာပေးမယ်လို့ ပြောလိုက်ပါတယ်။ လော်တီတစ်ယောက် အလုပ်ရသွားပေမဲ့ အလုပ်ရှင်ရဲ့ သားဖြစ်သူမှာ အိတ်မှားခဲ့လို့ လေလံတင်မဲ့ ပစ္စည်းပျောက်သွားတော့ လော်တီ နဲ့ အလုပ်ရှင်ရဲ့သားတို့ ပျောက်သွားတဲ့အိတ်ကို ဘယ်လိုပြန်ရှာကြမလဲ။ လေလံပွဲအမီ အိတ်ကိုပြန်တွေ့ပါမလား ဆိုတောတွေကို ခရစ္စမတ်ပွဲတော် အငွေ့အသက်လေးတွေရောယှက်နေတဲ့ ခရစ္စမတ်အံ့ဖွယ်တွေကိုလည်း ပျော်ရွှင်ကြည်နူးစွာကြည့်ခွင့်ရမဲ့ အချစ်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။
...

Finally Retired! (2022) ⭐IMDB: 4.9/10 (611 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #France #Portugal ⏰ 1 နာရီ 28 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Joyeuse retraite 1 2019 ရဲ့နောက်ထပ်အပိုင်းဆက်တစ်ကားဖြစ်တဲ့ Joyeuse retraite 2 ပါ 1 တုန်းကအတိုင်း Comedy ဇာတ်ကားတစ်ကားဖြစ်ပြီး ပြင်သစ်ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်လေးကတော့ ဖိလစ် နဲ့ မာရီလူး တို့လင်မယားနှစ်ယောက်ဟာ ပြင်သစ် ကနေ ပေါ်မတူဂီ ကို အားလပ်ရက်ခရီးကို သူတို့ရဲ့ မြေးတွေနဲ့အတူထွက်လာကြတာပေါ့ သူတို့မြေးတွေရဲ့အမေ/ သူတို့သမီးကို ပေါ်တူဂီမှာ အိမ်အသစ်တစ်လုံးကို စပရိုက်အနေနဲ့ပေးဖို့လည်း စီစဉ်ထားရင်းနဲ့ မြေးတွေနဲ့အတူ အားလပ်ရက်ခရီးထွက်လာကြတာပါ ဒါပေမယ့် စီစဉ်ထားတဲ့အတိုင်းဖြစ်မလားဘဲနဲ့ တလွဲချည်းပဲဖြစ်လာပြီး အဲဒီတလွဲကို လိုက်ဖာလေ နောက်ထပ်တစ်လွဲတစ်ခု ထပ်ဖြစ်လေနဲ့ တိုင်ပတ်ပြီး ဟာသမြောက်အောင် ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ကျန်တာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ရယ်မောခံစားလိုက်ကြပါဦးနော် ဇာတ်ကားကို အညွှန်းရေးပြီး ဘာသာပြန်ပေးထားတဲ့သူကတော့ Leo ပဲဖြစ်ပါတယ်
...

The Drug King (2018) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Action #Crime #Drama #Adventure 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 19 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Drug King (2018) IMDb Rating (6.2) / Rotten Tomatoes (75%) လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီးသူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်….. ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာမူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်….. ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လိုနုံအတဲ့သူ မဟုတ်တော့ပါဘူး…..အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်… သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား …ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ… ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား…အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ… ကိုင်း ခံစားကြည့်လိုက်ပါဦး…. မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်
...

The Madness of Humpty Dumpty (2023) ⭐TMDB: 10% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 18 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror/Thriller အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘေလီလို့ခေါ်တဲ့မိန်းကလေးက စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရတဲ့သူတစ်ယောက်ပါ။ ဘေလီ့အမေဟာလည်း စိတ်ကစဉ့်ကလျားရောဂါကြောင့် သေဆုံးသွားခဲ့ရပါတယ်။ တစ်ရက်မှာတော့ ဘေလီဟာ ရည်းစားဖြစ်သူတွမ်နဲ့အတူ ငယ်စဉ်ကအမေနဲ့အတူနေခဲ့တဲ့ လူသူဝေးလံခေါင်ဖျားတဲ့နေရာက အိမ်‌ကလေးဆီကို အပန်းဖြေဖို့ရာထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာပဲ ဘေလီဟာ သူမရဲ့ငယ်ဘ၀ကပုံရိပ်တွေကို တဖျပ်ဖျပ်ပြန်မြင်ယောင် ကြားယောင်လာရပါတော့တယ်။ ဒီလိုနဲ့ ဘေလီဟာ သူမငယ်ငယ်တုန်းကအဖော်ပြုခဲ့တဲ့ ဟမ်တီလို့အမည်ပေးထားတဲ့အရုပ်လေးကို အမှတ်မထင်ပြန်တွေ့သွားတဲ့နောက်မှာတော့ သဘာ၀လွန်အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပြီး ဘေလီတို့အတွဲဟာ အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရဖို့ရာအကြောင်းဖန်လာပါတော့တယ်။
...

Fresh Kills (2023) ⭐IMDB: 5.7/10 (573 Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Drama အမျိုးအစားဖြစ်တဲ့ Fresh Kills ရုပ်ရှင်ကို ၁၉၈၀ ဝန်းကျင်မှာအခြေတည်ထားပြီး နယူးယောက်စီးတီးရဲ့ နေရာတချို့ကိုကြီးစိုးမင်းမူခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ နောက်ကွယ်က အမျိုးသမီးတွေရဲ့သစ္စာရှိမှုနဲ့ရုန်းကန်ရတဲ့ အခက်အခဲတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ လာရူဆိုးမိသားစုမှာ ဂျိုးက မိသားစုဝင်တွေကိုလျှို့ဝှက်ထားတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဖြစ်လဲ မိသားစုကိုအရမ်း ချစ်တဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ချောမောလှပတဲ့ဇနီးသည် ဖရန်ဆင်းနဲ့အတူ သမီးနှစ်ယောက်ရှိပြီး သမီးကြီးကွန်နီက ဂျိုးအရမ်းလိုချင်ခဲ့တဲ့သားယောက်ျား တစ်ယောက်လိုဖြစ်အောင် ကြိုးစားနေထိုင်ပေးခဲ့သူပါ။ သမီးငယ်ရို့စ်ကတော့ မိသားစုဝင်တွေကြားမှာ အမြဲရေငုံ နှုတ်ပိတ်နေတတ်ပြီး အရေးမပါသလိုနေလေ့ရှိသူပါ။ ဂျိုးတို့မိသားစုဟာ ပိုကောင်းတဲ့ဘဝတစ်ခုအတွက် စတက်တန်ကျွန်းကိုပြောင်းလာခဲ့ပြီးတဲ့နောက် ပတ်ဝန်းကျင်က သူတို့မိသားစုကိုကြောက်ရွံ့ကြပုံတွေကိုကြည့်ပြီး ရို့စ်ဟာ သူ့ဖခင်ရဲ့သရုပ်မှန်ကိုရိပ်စားမိလာခဲ့ပါတယ်။ ရို့စ်ဟာ ဒီမိသားစုကနေခွဲထွက်ပြီး ဘဝသစ်တစ်ခုထူထောင် ချင်ပေမယ့် မိခင်နဲ့အစ်မဖြစ်သူရဲ့ဟန့်တားမှုကြောင့် တွန့်ဆုတ် နေခဲ့ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူဂျိုးအဖမ်းခံရပြီးတဲ့နောက် မိသားစုဝင်တွေ ကြားမှာ ပရမ်းပတာဖြစ်ပြီး ဘယ်သူမှထင်မထားတဲ့အငယ်ဆုံး မိသားစုဝင်ရို့စ်က မိသားစုကိုစောင့်ရှောက်ရဖို့ဖြစ်လာခဲ့ပါတယ်။ Fresh Kills ဟာ တခြားလူဆိုးဂိုဏ်းရုပ်ရှင်တွေနဲ့မတူဘဲ လူဆိုးဂိုဏ်းဝင်တွေရဲ့မိသားစုဝင်တွေဖြစ်တဲ့အမျိုးသမီးတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ကြောက်ရွံ့မှုနဲ့ဒေါသတွေကို မီးမောင်းထိုး ရိုက်ကူးပြထားတာဖြစ်ပါတယ်။
...

Temptation Under the Sun (2022) ⭐IMDB: 5.3/10 (189 Votes) 🎬 #Thriller #TVMovie #Drama 🗓 2022 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီထရိုက်မြို့မှ စုံထောက်မလေး”ကာဆေဒီခရူးဇ်”ဟာ အာဏာရှိအကောင်ကြီးကြီးတစ်ယောက်ရဲ့အမှုကို အလွတ်မပေးဘဲ စုံစမ်းစစ်ဆေးနေတာကြောင့် သူမကိုခဏပထုတ်ချင်တာကြောင့် အားလပ်ရက်ခရီးတစ်ခုစေလွှတ်ခြင်းခံလိုက်ရပါတယ် သူမကို ကာရေဘီယာပင်လယ်နားက စိန့်လုခ်ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို အပန်းခရီးထွက်ခိုင်းခဲ့တာပါ အဲ့ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေအတွက် လှေငှားတဲ့အလုပ်လုပ်တဲ့ “ထရာဗစ်ကင်း”ဆိုတဲ့ လူနဲ့ဆုံမိပြီး ရင်ခုန်သံတွေနိုးကြားခဲ့ပါတယ် ဒါပေမဲ့ တစ်ရက်မှာ ထရာဗစ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ “မင်နာဗာ”တစ်ယောက်အသတ်ခံလိုက်ရတာနဲ့ပက်သက်ပြီး အဲ့ကျွန်းရဲ့ရဲမှူးက တရားခံဟာ “ထရာဗစ်”ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖမ်းခေါ်သွားခဲ့ပါတယ် အဲ့တော့ အမှုတစ်ခုကိုအမှန်တရားမပေါ်မချင်းလိုက်လံဖော်ထုတ်တတ်တဲ့ စုံထောက်မလေးဟာ ထရာဗစ်မှာအပြစ်မရှိကြောင်းသက်သေပြဖို့နဲ့ တရားခံအစစ်ကိုရှာဖွေဖို့အတွက်ကူညီပေးပါတော့တယ် မင်နာဗာကို သတ်တဲ့တရားခံကတကယ်ပဲ ထရာဗစ်လား ဒါမှမဟုတ် အခြားတစ်ယောက်လား……. သတ်ရတဲ့အကြောင်းပြချက်ကရော ဘာဖြစ်မလဲ…… ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
...

Ghost World (2001) ⭐TMDB: 71% User Score 🎬 #Comedy #Drama 🗓 2001 🎞 movie 🌎 #Germany #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghost World (2001) ~ IMDb – 7.3/10, RT – 93%, Meta – 90% ~ Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ နာမည်ကြီးသွားတာတို့ပေါ့။ ဒီရုပ်ရှင်မှာက ကျောင်းသားပြဿနာတွေကိုကျော်ပြီး အထက်တန်းပြီးပြီးချင်း ဘဝကြီးထဲရောက်လာတဲ့ ကောင်မလေး ၂ ယောက်ရဲ့ ရှုထောင့်တွေကိုပြောထားတယ်။ ဒဿနပိုင်းအရလည်း တော်တော်ကိုပြည့်ဝတဲ့ Coming-of-Age ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ လူငယ်ဘဝကိုဖြတ်သန်းဖူးတဲ့လူတိုင်း ကြုံခဲ့ရမယ့် -ism တွေပေါ့။ ဒါကို ဟာသဆန်ဆန် ပြောပြသွားတာ လက်ဖျားခါဖို့ကောင်းတယ်။ ဒီရုပ်ရှင်က ရုပ်ပြစာအုပ်ကနေ ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ကား။ ရုပ်ပြအကြောင်းတော့ တကူးတက သိပ်ပြောဖို့မလိုပါဘူး။ ဘာလို့ဆို ဒီရုပ်ရှင်က ရုပ်ပြနဲ့ တော်တော်လေးကို နီးစပ်အောင် ရိုက်ထားနိုင်လို့ပါပဲ။ ရုပ်ရှင်ကိုကြည့်ရုံနဲ့ ရုပ်ပြဘယ်လောက်ကောင်းသလဲ မြင်သာပါတယ်။ ပြီးတော့ ဒီရုပ်ရှင်က Adaptive Screenplay အော်စကာဆုအတွက်တောင် ဆန်ကာတင်ပါခဲ့ပါသေးတယ်။ ဒါရိုက်တာ Terry Zwigoff ဆိုတာကလည်း ကားနည်းနည်းပဲရိုက်ပေမဲ့ ဒီလို “စည်းအပြင်ကလူ” အထာ ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့ဘဲမျိုးဆိုတော့ တော်တော်ကို အံကိုက်ဖြစ်သွားတယ်ပြောရမယ်။ သူကိုယ်တိုင်ကိုကလည်း အဲဒီလို ဘုကန့်လန့်ကိုး။ သူ့မိတ်ဆွေတစ်ယောက် ကြားမကောင်းတဲ့အမှုတစ်ခုနဲ့ ထောင်ကျတာကိုတောင် ပြန်လွှတ်ဘာညာ လှော်ခဲ့သေးတာ။ ဒီရုပ်ရှင် Iconic ဖြစ်ရတဲ့ အကြောင်းပြချက်ထဲမှာ သရုပ်ဆောင်တွေကောင်းတာကြောင့်လည်း ပါတယ်။ Thora Birch က လောကကြီးကို အမြင်ကပ်ပြီး လူတွေကို စိတ်ကုန်နေတဲ့ ကောင်မလေးဇာတ်ရုပ်နဲ့ သိပ်ကိုက်တယ်။ ဇာတ်လမ်းထဲတင်မဟုတ်ပါဘူး။ အပြင်မှာလည်း ရိုက်ကူးရေးအဖွဲ့ကို ဂဂျီဂဂျောင်ကျလွန်းလို့ အကုန်လုံးစိတ်ဒုက္ခရောက်ရတယ်ဆိုပဲ။ ဒုက္ခအိုးဇာတ်ရုပ်ကို အပြင်ထိသယ်သွားနိုင်တယ်ပဲပြောရမလား၊ လက်တွေ့ဘဝကဇာတ်ရုပ်ကို ရုပ်ရှင်ထဲထိ သယ်လာတယ်ပြောရမလားတော့မသိဘူး။ နောက်ထပ် ချီးကျူးရမှာက Steve Buscemi ပေါ့။ ဒီဘဲကတော့ သိတဲ့အတိုင်း အုန်းဆီကောက်လိမ်း၊ ခေါင်းဆွဲဖြီးပေးပြီး ရှပ်အင်္ကျီကို ခါးကြားညှပ်ခိုင်းလိုက်ရင် အရှုံးသမားလိုလို Geek လိုလိုရုပ်ပေါက်သွားတာမျိုး။ ဒီထဲမှာလည်း သူက အဲဒီလိုပဲလုပ်ထားတယ်။ အံ့ဩဖို့ကောင်းတာက သူ့ရဲ့ အဲဒီလို အူကြောင်ကြားပုံစံက Creepy ဖြစ်မယ့်အစား ကြည့်နေတဲ့လူတွေအတွက်ပါ တစ်မျိုးလေး ခင်ချင်စရာကောင်းသွားတာပဲ။ နောက်အဓိကတစ်ယောက်ကတော့ မမ Scarlett Johansson ပေါ့လေ။ မမကတော့ မမ ဖြစ်နေလို့ အရမ်းကောင်းတဲ့အပြင် လှချက်ကလည်း လက်ဖျားခါဖို့ကောင်းတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်ရင် သဘာဝကျလွန်းနေတာက သဘောကျဖို့ကောင်းတယ်။ အပြင်လက်တွေ့ဘဝက ကောင်မလေးတွေ စကားပြောနေသလိုကို သဘာဝကျတာ။ အတင်းတုပ်တာကစလို့ ရန်ဖြစ်ကြတဲ့အထိ။ ဇာတ်လမ်းအကြောင်းကတော့ အထက်တန်း ပြီးခါစ ကောင်မလေး ၂ ယောက်ကစတယ်။ အီနစ် (Thora Birch) နဲ့ ရေဗက္ကာ (Scarlett Johansson)။ အထက်တန်းပြီးတော့ အားလုံးကိုယ်စီ ဘဝလမ်းကြောင်းရွေးရမယ့်အချိန်ပေါ့။ ဒီအချိန်ကို လူတိုင်းနီးပါးကြုံဖူးလိမ့်မယ်။ ကိုယ့်ဘဝကိုယ် ဘာလုပ်ရမှန်းမသိဖြစ်တဲ့အချိန်မျိုးပေါ့။ ကျောင်းစာတွေကနေ ဝေးပြီး လူ့လောကထဲ အတည်ပေါက်ရောက်လာတော့ လူတွေအကြောင်းပိုပိုသိလာလေလေ လူတွေကို အမြင်ကပ်လာလေလေနဲ့ တစ်လောကလုံးကို ဆန့်ကျင်ချင်စိတ်ပေါက်လာတဲ့ကာလမျိုး။ ဒီအချိန်မျိုးမှာ သူတို့ ၂ ယောက်ကလည်း ‌လျှောက်မွှေတာပေါ့လေ။ တစ်နေ့ကျတော့ သတင်းစာထဲမှာ လူရှာ‌တဲ့ကြော်ငြာတစ်ခုတွေ့လိုက်တယ်။ အဲဒီလူက လေဆိပ်ထဲမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ရှာနေတာ။ အဲဒါနဲ့ သူတို့ကလည်း စသလိုနောက်သလိုနဲ့ ဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင်ကို ချိန်းလိုက်တယ်။ ပြီးတော့ အဲဒီလူ ထိုင်စောင့်နေတာကို ထိုင်ကြည့်ပြီး ဟားကြတာပေါ့။ ဟားရုံနဲ့တင်မပြီးဘဲ အဲဒီလူနေတဲ့နေရာကို နောက်ယောင်ခံလိုက်မယ် ဆိုပြီး Stalk ကြပါလေရော။ ဖြစ်ချင်တော့ အဲဒီလူက သူတို့နဲ့ တစ်ရပ်ကွက်ထဲမှာ နေတဲ့လူဖြစ်နေတယ်။ သူက ရှေးဟောင်းပစ္စည်းတွေစုတာ၊ အထူးသဖြင့်ဓာတ်ပြ...

Dealing with Dad (2022) ⭐IMDB: 6.4/10 (121 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7 / RT – 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ အာမခံကုမ္ပဏီမှာလုပ်နေတဲ့ရွိုင်ရယ်၊ action figure အရုပ်တွေရောင်း၀ယ်ပြီး မိဘအိမ်မှာကပ်နေနေတဲ့ ဂိမ်းဂျပိုးလယ်ရီနဲ့အတူ အဖေဖြစ်သူကို အရင်ကလိုပုံစံပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို အဖြေရှာကြရပါတော့တယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံက မှားယွင်းခဲ့တာကြောင့် သားသမီးတွေ အထူးသဖြင့် အငယ်ဆုံးသမီးဖြစ်တဲ့မာဂရတ်ဟာ ငယ်ဘ၀ကတည်းက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖေနဲ့ပြန်ပြီးပြောဆိုဆက်ဆံရတာဟာ မာဂရတ်အတွက်တော့ မလွယ်ကူနေခဲ့ပါဘူး။ ဒါကြောင့်လည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ကျ အိမ်ကနေလွတ်ရာကျွတ်ရာကိုထွက်သွားပြီး အိမ်ထောင်ပြုရင်းဘ၀သစ်ကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒီလိုတစ်သက်လုံးအဆင်မပြေခဲ့ရတဲ့အဖေကြီးက နေ့ချင်းညချင်းပြောင်းလဲသွားတော့လည်း မာဂရတ်ခမျာ အောင့်အီးသည်းခံပြီးတော့ အသုံးမကျတဲ့အစ်ကိုနှစ်ယောက်နဲ့အတူ ဒီအဖေကြီးကိုနေပြန်ကောင်းအောင်လုပ်ပေးဖို့ရာကြိုးစားရင်းကနေ တစ်သက်နဲ့တစ်ကိုယ်မသိခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း သိလာရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ခိုင်တဲ့အထဲမှာပါပါတယ်။ သရုပ်ဆောင်ပိုင်းတွေ ဒိုင်ယာလော့တွေကလည်း အပိုအလိုမရှိအောင်ကောင်းပြီးတော့ ဟာသလေးတွေကလည်း အတင်းကလိထိုးရယ်ခိုင်းတဲ့ဟာသတွေမဟုတ်ဘဲ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့အရာတွေကိုပဲ ရယ်စရာအဖြစ်ဖန်တီးထားတာကြောင့်လည်း တော်တော်လေးသဘာ၀ကျပါတယ်။ တစ်ကားလုံးမှာ ရုပ်ရှင်‌တွေ လက်တွေ့ဘ၀ကကိုးကားချက်တွေကိုလည်း ဖောဖောသီသီသုံးထားပြီးတော့ မောင်နှမသုံးယောက်အကြားက ခွီလို့ကောင်းမယ့်ဇာတ်၀င်ခန်းတွေနဲ့အတူ ဇာတ်ကားတစ်ခုလုံးကို အဆုံးထိကြည့်ချင်သွားအောင်ဆွဲဆောင်သွားမယ့်ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်ပါကြောင်း။
...

Indian (1996) ⭐TMDB: 69% User Score 🎬 #Action #Bollywood #Drama #Thriller 🗓 1996 🎞 movie 🌎 #India ⏰ 3 နာရီ 5 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Indian 1996 (အင်ဒီးယန်း) IMDb 8.1/10 ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေအကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာအကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာသူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြားလွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီးနောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

The Big Bang (2011) ⭐TMDB: 54% User Score 🎬 #Action #Crime #Mystery #Thriller 🗓 2011 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းမှာ Private စုံထောက်ဖြစ်တဲ့ Ned က ထောင်ကလွတ်လာတဲ့လက်ဝှေ့သမားဟောင်းရဲ့ စာပို့ဖော်ရည်းစား အပျော်အကမယ်ကောင်မလေးကို ရှာဖို့ အလုပ်ခန့်ခံခဲ့ရတယ်။ Ned လည်း ဘယ်သူမှမမြင်ဖူးတဲ့ အဲဒီကောင်မလေးကိုလိုက်ရှာရင်း သူစုံစမ်းဖို့လိုက်မေးခဲ့တဲ့ လူတိုင်းက အသတ်ခံလိုက်ရတဲ့အပြင် သူ့နောက်ကိုပါ နောက်ယောင်ခံတွေလိုက်လာတာကို သတိထားမိလာခဲ့တယ်။ နောက်တော့ Ned တစ်ယောက် ကောင်မလေးရှိနိုင်ခြေရှိတဲ့ လူသူနည်းတဲ့မြို့ဆီသွားပြီး မဟာစကြဝဠာစတင်ဖြစ်ပေါ်ချိန်က ပေါက်ကွဲမှုကြီးဖြစ်တဲ့ Big Bang ကို ပြန်လည်ဖန်တီးဖို့ကြိုးစားနေတဲ့ ကမ္ဘာ့17 ယောက်မြောက် အချမ်းသာဆုံးသူဌေးနဲ့တွေ့ခဲ့ပါတယ်။ Ned က အကမယ်ကောင်မလေးကို ရှာတွေ့နိုင်မလား၊ အဲဒီကောင်မလေးက တကယ်ရောရှိရဲ့လားနဲ့ ဘယ်လိုလှည့်ကွက်နဲ့အမှုတွေ ဆက်ပေါ်လာမလဲဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Insomniacs After School (2023) ⭐IMDB: 7.0/10 (97 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 53 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Insomniacs After School ဂျပန်ကျောင်းသားအချစ်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို မျက်ရည်ခိုင်တဲ့သူမှဆက်ကြည့်ဖိုအကြံပြုချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့…ဂန်တာ နာကာမီဆိုတဲ့ကောင်လေးဟာ အိပ်ပျော်နေတုန်း အမေအိမ်ကထွက်သွားပြီးကတည်းက ညအိပ်မပျော်တဲ့ရောဂါဖြစ်သွားတယ်။တစ်ဖက်မှာလည်း နှလုံးရောဂါသည်မလေး မာဂရီကလည်း အိပ်ပျော်နေရင် သူ့နှလုံးခုန်သံကိုမကြားရလို ညညဆိုမအိပ်ဘဲနေရင်းကနေ အိပ်မပျော်ရောဂါဖြစ်သွားတယ်။ဒီလိုနဲ့တစ်ရက်ကျောင်းသန့်ရှင်းလုပ်ဖို နာကာမီတစ်ယောက် ဂိုဒေါင်ထဲမှာ လှေကားသွားယူရင်း ခိုးအိပ်နေတဲ့ မာဂရီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တယ်။ရောဂါတူ အကျင့်တူနေတဲ့သူတိုနှစ်ယောက်လည်း သူငယ်ချင်းတွေဖြစ်သွားကြပြီး နတ္ခတ်တာရာအသင်းတစ်ခုကို ဖွဲစည်းဖိုလုပ်ခဲ့ကြတယ်။ဆရာမရဲ့အကူအညီတွေယူ သူငယ်ချင်းတွေရဲ့အကူအညီတွေနဲ့ ပြပွဲလေးဖြစ်မြောက်ဖိုရှိသေးတယ် နွေခေါင်ခေါင်ကြီးမိုရွာလို ပြပွဲက ပျက်စီးသွားတယ်။နှလုံးရောဂါသည်မလေးနဲ့ အူကြောင်ကြောင်နာကာမီတိုရဲ့အချစ်ဇာတ်လမ်းက happy ending ဖြစ်သွားမလား… sad ending ပဲဖြစ်သွားမလား….သိချင်ရင်တော့ ဇာတ်ကားလေးပဲဆက်လက်ကြည့်ရှူပေးကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

The City of Violence (2006) ⭐TMDB: 66% User Score 🎬 #Action #Crime #Thriller 🗓 2006 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The City of Violence(2006) IMDb Rating (6.6) / Rotten Tomatoes (100%) My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ ဇာတ်လမ်းကတော့…. ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ…ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ…သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ……..။ ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။
...

The Lovely Bones (2009) ⭐TMDB: 71% User Score 🎬 #Drama #Fantasy #Thriller 🗓 2009 🎞 movie 🌎 #USA #UnitedKingdom #NewZealand #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Lovely Bones 2009—————————စာရေးဆရာမ Alice Sebold ရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုဖြစ်တဲ့ ဒီဇာတ်လမ်းလေးကို ဆုရဒါရိုက်တာတစ်ဦးဖြစ်တဲ့Andrew McKeoughက ၂၀၀၉ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်.ဒီဇာတ်လမ်းအပေါ်သူတို့ရဲ့ အားစိုက်မှုကြောင့်အော်စကာဆုမှာလဲ ဇကာတင်အနေနဲ့ ပါခဲ့ပြီးဆုပေါင်း၁၀ဆုနဲ့စကာတင် ၄၆ဆုထိ ရခဲ့တဲ့ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ်….. ဇာတ်လမ်းအကျဉ်း—————–သူမ နာမည်က ဆယ်လ်မွန်ပါ(ငါးနာမည်လေးတစ်ခုပေါ့)ဆယ်လ်မွန်က ၁၄နှစ်ရွယ်ရွှေအိုရောင်ဆံပင်လေးမျက်လုံးပြာပြးလေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ကလေးမလေးပါပဲ. သူမရဲ့နှလုံးသားဟာလဲမိသားစုကပေးတဲ့ချစ်ခြင်းတွေ သူမကမိသားစုအပေါ်ထားတဲ့ ချစ်ခြင်းတွေနဲ့နွေးထွေးနေခဲ့တာပါ.ဒီလို ဘဝကိုကြင်နာမှုတွေ မေတ္တာတွေနဲ့ အေးချမ်းစွာဖြတ်သန်းနေခဲ့တဲ့ ဆယ်လ်မွန်လေးဟာအသက်၁၄နှစ်အရွယ်မှာ လူသတ်ခံခဲ့ရပါတယ်.သတ်တဲ့လူကလဲ သိပ်ကို စိတ္တဇတဲ့လူတစ်ယောက်ပေါ့ဗျာ.ဒီလောက်ဖြူစင်တဲ့ကလေးမလေးဟာ ဆန္ဒမပါပဲအဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရပြီး သေဆုံးသွားပြီးနောက်မှာတော့ သူ့ရဲ့ဝိညာဉ်က………..သရုပ်ဆောင်အနေနဲ့လဲ ဆယ်လ်မွန်လေးရဲ့အဖေနေရာမှာ မင်းသားကြီးMark Wahlberg နဲ့အမေနေရာမှာ Rachel Weiszဆိုတော့ရင်ထဲကိုရောက်စေမယ့် Dramaဇာတ်လမ်းတပုဒ်မလို့ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်
...

I Spit on Your Grave: Deja Vu (2019) ⭐IMDB: 2.4/10 (4 k Votes) 🎬 #Adult #Horror #Thriller 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 29 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Spit on Your Grave: Deja Vu ကတော့ကြားထဲက remake တွေနဲ့မသက်ဆိုင်ပဲ မူလ ၁၉၇၈ ကားကိုပဲတိုက်ရိုက်ချိတ်ဆက်ထားပြီး မူလဒါရိုက်တာနဲ့မူရင်းမင်းသမီးတို့ပဲပြန်လည်ပါဝင်ထားတာဖြစ်ပါတယ်။ ၁၉၇၈ အဖြစ်အပျက်တွေအပြီး နှစ် ၄၀ အကြာမှာ ဂျနီဖာဟာသူ့ရဲ့ခြောက်ခြားဖွယ်အတွေ့အကြုံတွေကိုစာအုပ်အဖြစ်ရေးသားထုတ်ဝေခဲ့ရာကနေအောင်မြင်မှုတွေရရှိနေပြီး မုဒိမ်းမှုသားကောင်တွေကိုပညာပေးဆွေးနွေးတာတွေ၊ဟောပြောပွဲတွေ၊စာအုပ်မိတ်ဆက်ပွဲတွေနဲ့အလုပ်များနေပါတယ်။သူ့သမီးဖြစ်သူခရစ်စတီကတော့ထိပ်သီးမော်ဒယ်တစ်ဦးအဖြစ်ရပ်တည်နေပြီး မဆုံဖြစ်တာကြာတဲ့အတွက် သားအမိနှစ်ဦးတွေ့ဆုံစကားပြောပြီး စားသောက်ဆိုင်ကအထွက်မှာ နှစ်ဦးလုံးလူတစ်စုရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရပါတယ်။ အဲ့ဒီလူတွေကတော့ လွန်ခဲ့တဲ့နှစ် ၄၀ က ဂျနီဖာသတ်ဖြတ်ခဲ့တဲ့ မုဒိမ်းကောင်တွေရဲ့မျိုးဆက်တွေဖြစ်ပြီး သူတို့ရဲ့အမုန်းအငြိုးတွေနဲ့ကလဲ့စားချေဖို့စောင့်ဆိုင်းနေခဲ့ကြတာပါ။ ဒီတစ်ကြိမ်မှာရော ဂျနီဖာထပ်ပြီးလွတ်မြောက်နိုင်ဦးမလား? သူ့သမီး ခရစ်စတီရော သူ့လိုကြမ္မာဆိုးကြုံတွေ့ရဦးမှာလားဆိုတာ ဆက်လက်ရှုစားကြပါ။ ထုံးစံအတိုင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့သတ်ဖြတ်ခန်းတွေနဲ့စကားလုံးကြမ်းကြမ်းတွေ ဖောဖောသီသီပါဝင်ထားပါတယ်။
...

Goyo (2024) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Drama #Romance #Comedy 🗓 2024 🎞 movie 🌎 #Argentina ⏰ 1 နာရီ 48 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ မိုးအေးအေးမှာ ကြည့်ဖို့ အာဂျင်တီးနား ရုပ်ရှင်ကောင်းလေး တစ်ခုကို CM ကနေ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းလေးကတော့ Asperger Syndrome လို့ ခေါ်တဲ့ အော်တစ်ဇင် မျိုးကွဲရောဂါတစ်ခု ခံစားနေရတဲ့ ပြတိုက်လမ်းညွှန် Goyo နဲ့ ကလေးနှစ်ယောက်အမေ ပြတိုက် လုံခြုံရေးဝန်ထမ်း Eva တို့ကြားထဲက အချစ် ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်း ဖော်ကြူးထားတာပါပဲ ။ Asperger Syndrome ခံစားနေရတဲ့ Goyo ဟာ မိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ ထီးကျိုးသွားလို့ ဒေါသ ထွက်နေတဲ့ Eva ကို မြင်မြင်ချင်း သဘောကျမိသွားပါသတဲ့ ။ ပုံမှန် ချစ်ကြိုက်ညား ဇာတ်လမ်းတွေနဲ့မတူတာကတော့ နှစ်ဖက်လုံးမှာ ကိုယ်စီ ချို့ယွင်းချက်တွေ အဟန့်အတားတွေ ပိုင်ဆိုင်ထားတာပါပဲ ။ ချစ်မိသွားတဲ့အခါ Asperger Syndrome ဝေဒနာရှင် Goyo တစ်ယောက် ဘယ်လိုပြုမူမလဲ ။ သူတို့လို လူမျိုးတွေရဲ့ အချစ်ကို ချဥ်းကပ်ပုံလေးတွေကို ရသပေါင်းစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း Eva က Goyo ထက် အများကြီး အသက်ကြီးတဲ့အပြင် ပြတ်စဲလုနီးနီးအိမ်ထောင်ရေးနဲ့ ကလေးနှစ်ယောက် အမေ ဖြစ်လို့နေပြန်ပါတယ် ။ အစစအရာရာ ကွာခြားလွန်းနေတဲ့ သူတို့နှစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ ။ အချစ်ကြောင့် ရိုက်ခတ်လာတဲ့ လောကဓံတွေကို Goyo တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား ။ နောက်ဆုံးမှာရော သူတို့ ပေါင်းဖက်သွားရမလားဆိုတာတော့ Goyo လို့ အမည်ရတဲ့ ဇာတ်လမ်းလေးမှာ အတူတူ ကြည့်ရှု ခံစားလိုက်ရအောင်
...

Still Waiting... (2009) ⭐TMDB: 47% User Score 🎬 #Comedy #TVMovie 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Still waiting (2009) အနည်းငယ်အမြင်ရိုင်းတဲ့ ဇာတ်ဝင်ခန်းနဲ့ စကားအသုံးအနှုန်းလေးတွေပါတဲ့အတွက် အသက်မပြည့်သေးသူများနဲ့ မကြည့်သင့်သလို မိသားစုနဲ့အတူကြည့်ရှုလို့မသင့်ကြောင်းတော့ သတိပေးပါရစေနော်။ ပိတ်ရက်မှာပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာတော့ ဆိုင်မန်နေဂျာလေဖြန်းသွားလို့ သောင်ပြင်မှာလွတ်ကျန်ခဲ့တဲ့ ယဉ်ကျေးလိမ္မာကျောင်းဆင်းဝန်ထမ်းတစ်သိုက်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ငါ့လူထိရင် ငြိမယ်ဆိုပြီး ဖောက်သည်တွေကို Lesson ပေးလွှတ်တတ်တဲ့ပွကြီးတို့တစ်သိုက်ရဲ့ အကွက်ဆန်းတွေနဲ့အတူ စတိုမန်နေဂျာနေရာကနေ ဆိုင်မန်နေဂျာနေရာတတ်ဖို့ ရှယ်ပလန်နဲ့ချောင်းနေတဲ့ FA အကြီးစားတို့စုနေတဲ့ ဂယက်တစ်သိန်းနဲ့ ဆိုင်ပါပဲ။ ရှေ့လူပြုတ် နောက်လူတက်မယ်လို့ လွယ်လွယ်မှန်းထားခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ လွယ်မနေခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Target ဒေါ်လာ ၉၀၀၀ မှ ပြည့်အောင် မရောင်းနိုင်ခဲ့ရင် ဆိုင်ပိတ်ရတော့မှာမို့လို့ပါပဲ။ ဒါပေမဲ့ ပွကြီးဟာကံကောင်းပါတယ်။ တားဂတ်ပြည့်ဖို့လိုခါမှ သူတို့ရဲ့ဆိုင်ရှေ့တည့်တည့်မှာ ဆိုင်အပြိုင်ပေါ်လာတော့တာပါပဲ။ အဝတ်ပါရုံဝတ်ထားတဲ့ စားပွဲထိုးမအလန်းလေးတွေနဲ့ ညတိုင်းအပန်းဝင်ဖြေချင်စရာ Vibe လေးနဲ့ ပုရိသအကြိုက် Performance လေးတွေနဲ့ပေါ့လေ။ ဒီဆိုင်‌ရောက်လာတဲ့ကျေးဇူးကြောင့် သူတို့ဆိုင်က စကီအလန်းလေးတွေကလည်း ကိုင်းကူးချင်ချင်တွေဖြစ်လို့ပေါ့။ ဆိုင်အတွက် အာရုံစိုက်နေရပါတယ်ဆိုမှ ပွကြီးဟာ အားတဲ့အချိန်လေးတွေဆို စတိုထဲကသူ့အခန်းကျဉ်းလေးထဲမှာ စော်လိုက်နည်း Video လေးတွေလည်း အပြေးအလွှားကြည့်ပြီး ပညာယူရရှာသေးတာပါ။ သေချာကြိုးစားပြီး ဆိုင်ကို ဦးဆောင်ကြည့်ဖို့လုပ်ပေမဲ့ ကံကြမ္မာက မျက်နှာသာပေးမခံရတဲ့ ပွကြီးတစ်ယောက် အဆုံးမှာ ဆိုင်ပဲပိတ်ခံရပြီး လူပျိုသိုးကြီးအဖြစ် အရိုးထုတ်သွားရမလား။ Target ပြည့်ပြီး စော်ကြည်၊ ထီပေါက်၊ နိဗ္ဗာန်ရောက်သွားမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။
...

Lockdown Lovers (2023) ⭐IMDB: 7.6/10 (26 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 59 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ ကိုဗစ်‌‌ဖြစ်တုန်းက lockdown ကာလတွေကိုပြန်အမှတ်ရသွားစေမဲ့ GLဇာတ်ကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ Kristal ဟာ ကိုဗစ်မဖြစ်ခင်တစ်ပတ်လောက်အလိုမှာ Australia ကို ခရီးထွက်လာခဲ့ပြီး Lisetteဆိုတဲ့ ခပ်မိုက်မိုက် Bartender ကောင်မလေးတစ်ယောက်နဲ့ ငြိမိသွားပါတယ်။ ခရီးကမပြန်ခင် Lisette အိမ်မှာ ခဏလိုက်နေနေတုန်း ကိုဗစ်ရောဂါပြန့်ပွားလာတာကြောင့် လေယာဉ်လည်း cancel ဖြစ်သွားပြီး lockdown ကျသွားပါတော့တယ်။ တစ်ယောက်ကိုတစ်ယောက် one night stand လို့သာ သတ်မှတ်ထားခဲ့ကြပေမဲ့ lockdown ကြောင့် တစ်အိမ်တည်း တူတူနေကြရတဲ့အခါမှာ အရာရာကချောမွေ့မနေခဲ့ပါဘူး။ Kristal က အရာရာကို တိတိကျကျ အစီအစဉ်ဆွဲ ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်စရိုက်မျိုးရှိပေမဲ့၊ Lisette ကတော့ ထင်ရာစိုင်း လုပ်ချင်ရာလုပ် ဖြစ်သလိုနေ တတ်တဲ့ လူမျိုးပါ။ ဒီလို အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့နှစ်ယောက်ရဲ့ ကြားထဲက ပဋိပက္ခတွေ သံယောဇဉ်ဖြစ်တည်လာပုံတွေကို plot twist ပါးပါးလေးထည့်ပြီး ကျကျနနရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Kristal နဲ့ Lisette တို့ရဲ့အချစ်လမ်းခရီးက ဖြောင့်ဖြူးနိုင်ပါ့ မလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှု လိုက်ကြရအောင်ပါ။
...

Luv Shuv Tey Chicken Khurana (2012) ⭐IMDB: 6.6/10 (4 k Votes) 🎬 #Bollywood #Comedy 🗓 2012 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Luv Shu Try Chicken Khurana(2012) အိမ်ပြေးတစ်ယောက်ရဲ့အိမ်ပြန်ချိန် IMDb – 6.6/10 မင်းသားကြီး Kunal Kapoorရဲ့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားလေးဖြစ်ပြီး လက်ရှိနဲ့လည်းတိုက်ဆိုင်တဲ့ရုပ်ရှင်လေးဖြစ်တာမလို့ ကြည့်ရှုသူတွေအတွက်လည်း ခံစားချက်တစ်ခုခု ကျန်နေခဲ့စေမှာပါ။ သူငယ်ချင်းတွေလည်း ကိုယ်စီ နိုင်ငံခြားထွက်ကြ အဆင်ပြေကြတာကိုမြင်ပြီး အိုမီတစ်ယောက်လည်းနိုင်ငံခြားထွက်မယ်တကဲကဲဖြစ်တာပေါ့။ ဒါကို ဦးလေးရောအဘိုးရောက လက်မခံတာကြောင့်ကလန်ကဆန်လုပ်ပြီး အိမ်ကပိုက်ဆံခိုးပြီးတော့ လန်ဒန်ကိုပြေးသွားပါတော့တယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီး စတော့ရှယ်ယာကြွေးတင်ချိန်မှာတော့ အိုမီတစ်ယောက်ဆယ်နှစ်ကြာမေ့ထားခဲ့တဲ့ မိသားစုဆီကိုပြန်ပြီး ပိုက်ဆံလာပြန်တောင်းရဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အိုမီပြန်ရောက်ချိန်မှာ အဘိုးကလည်းသတိမေ့ပြီး မိသားစုလက်ငုပ်လက်ရင်းစားသောက်ဆိုင်ကလည်းလျှို့ဝှက်ကြက်သားဟင်းချက်နည်းမရှိလို့ ဒုက္ခရောက်နေတဲ့အပြင် တစ်ချိန်က အချစ်ဦးကလည်းညီဝမ်းကွဲနဲ့ လက်ထပ်တော့မှာဆိုတာကို သိလိုက်ရချိန်မှာတော့…. နိုင်ငံခြားကိုအထင်ကြီးတဲ့အိုမီတစ်ယောက် မိသားစုကို ချစ်တတ် တန်ဖိုးထားကာကွယ်တတ်ဖို့ဘယ်လိုသင်ယူသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Zwe ~ KKKZတို့ပဲဖြစ်ပါတယ်)
...

The 400 Blows (1959) ⭐TMDB: 80% User Score 🎬 #Crime #Drama 🗓 1959 🎞 movie 🌎 #France ⏰ 1 နာရီ 40 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The 400 Blows (1959) ~ IMDb – 8.1/10, Rotten Tomatoes – 99% ~ ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။ François Truffautကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ပြင်သစ်နယူးဝေ့ရဲ့ အထင်ရှားဆုံး ရုပ်ရှင်တွေထဲလည်းပါခဲ့တယ်။ ဒီလိုဆိုလို့ ခမ်းနားကြီးကျယ်မှုတွေ၊ ရှေးက ဇာတ်လမ်းကောင်းကြီးတွေလို အင်မတန်ခိုင်မာတဲ့ဇာတ်အိမ်ထဲ အံဝင်ခွင်ကျထည့်ထားတဲ့ ဇာတ်ကောင်တွေ‌တော့ မြင်ရမှာတော့မဟုတ်ဘူး။ ပြင်သစ်နယူးဝေ့ဟာ ရုပ်ရှင်ကို ပိုပြီးလက်တွေ့ကျပြီး မျက်မှောက်ခေတ်ကို ထင်ဟပ်တဲ့ အရွေ့တစ်ခုကို ဦးတည်သွားခဲ့သလို The 400 Blows (1959) ကလည်း နယူးဝေ့ရဲ့အဓိကကျတဲ့ရုပ်ရှင်ဖြစ်ခဲ့တာနဲ့အညီ ဒီဂုဏ်သတ္တိတွေ အကုန်ရှိနေခဲ့တယ်။ One of the Best Films Ever Made စာရင်းထဲလည်း အခုထိဝင်နေတုန်းပဲ။ ဒီရုပ်ရှင်ရဲ့ဇာတ်ဟာ Truffaut ရဲ့ငယ်ဘဝကို ထင်ဟပ်နေခဲ့သလို အဲဒီခေတ်ကာလ ပြင်သစ်လူငယ်ထိန်းသိမ်းရေးစခန်းတွေရဲ့ မတရားမှုတွေ၊ လူငယ်တွေရဲ့ မတရားခံရမှုတွေကို ထင်ဟပ်နေခဲ့တယ်လို့လည်းဆိုတယ်။ ရုပ်ရှင်ထဲက ကောင်လေးဟာ အိမ်မှာ သူ့အိမ်ကို မတွေ့ခဲ့ဘဲ ရုပ်ရှင်ရုံမှာ သူ့အိမ်ကိုတွေ့ခဲ့သလို Truffaut ကိုယ်တိုင်လည်း အလားတူပဲ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ The 400 Blows ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုရခဲ့ဖူးသလို အော်စကာမှာလည်း ဆန်ခါတင်ဝင်ဖူးတယ်။ ပြောသာပြောရတာ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ကားတစ်ကားကို ဘယ်သူမှလည်း ဒါတွေနဲ့တိုင်းပြီး ကြည့်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းကတော့ စာသင်ခန်းထဲမှာရော မိဘတွေနဲ့ရော အဆင်မပြေတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ။ အဲဒီကောင်လေးဟာ မကောင်းဘူး။ အလိမ်တွေပဲပြောတတ်တယ်။ ဒါပေမဲ့ သူအမှန်ပြောရင်လည်း ဘယ်သူမှမယုံကြဘူး။ အဲဒီကောင်လေးဟာ စာမရဘူး။ ဒါပေမဲ့ သူ့ကိုယ်ပိုင်အက်ဆေးတစ်ပုဒ်ကို ရေးပြလိုက်တဲ့အခါလည်း ကူးချတာလို့ပဲ သတ်မှတ်ခံခဲ့ရတယ်။ ဒီလိုအဆိုးတွေထဲကနေ အဆိုးထဲကို ထပ်တွန်းပို့ခံရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို လူကြီးတွေရဲ့ မတရားမှုတွေ၊ နားမလည်မှုတွေ၊ လူငယ်တွေရဲ့ ပုန်ကန်ချင်စိတ်တွေနဲ့ ယှဉ်တွဲပြထားတဲ့ဇာတ်လမ်းပါပဲ။ ဒီရုပ်ရှင်ထဲက ကောင်လေးနဲ့ သူ့အိမ်ရဲ့ဆက်ဆံရေးဟာ တစ်ခါတစ်ခါမှာ သာဓုရဲ့“အတာ”ကို ပြေးပြေးမြင်မိစေတဲ့ အခြေအနေတွေရှိတယ်။ အရသာကလည်း အဲဒီအရသာနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ မသကာ ကြည့်ချင်စိတ်ပေါ်အောင် ပြောရရင်တော့ သာဓုရဲ့“အတာ”ကို ကြိုက်တဲ့လူတွေ ဒါကိုလည်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Kaaduvetty (2024) ⭐IMDB: 6.0/10 (98 Votes) 🎬 #Bollywood #Romance #Drama #Action 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 32 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kaaduvetty 2024 (ဘောလိဝုဒ် ရိုမီရိုနဲ့ဂျူးလိယက်)IMDb – 6.1/10 နာမည်ကျော် ရှိတ်စပီးယားပြဇာတ် ရိုမီယိုနဲ့ဂျူးလိယက်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို အားလုံးသိကြ နှစ်သက်ကြမယ်ထင်ပါတယ်။ဒီတစ်ခေါက်မှာတော့ ဘောလိဝုဒ်ဗားရှင်း ရိုမီရိုနဲ့ဂျူးလိယက်ကားလေးကိုကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းမှာ ရိုးရာအကသဘင်ပညာရှင်တစ်ဦး၏ သမီးဖြစ်သူ ဒက်ရှာရီနီနဲ့ဇာတ်နိမ့်မျိုးနွယ်မှာ ပေါက်ဖွားကြီးပြင်းတဲ့ အခီလန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အခီလန်ဟာ ဒက်ရှာရီနီကိုချစ်မိသွားပြီး သူမရဲ့အချစ်ကိုမရရအောင် ကြိုးစားယူခဲ့အပြီးမှာ နောက်ပိုင်းသူတို့ ချစ်သူ၂ဦးအခက်အခဲတွေကို ရင်ဆိုင်ရတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ။ ဘောလိဝုဒ် အချစ်ဇာတ်လမ်းတွေ အလွမ်းအဆွေးကားတွေကို အားလပ်ချိန်မှာ ကြည့်ရှူမယ့်ပရိတ်သတ်တို့အတွက် အချိန်ပေးရတာတန်မယ့်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)
...