ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Heavenly Delusion (2023- ) ⭐IMDB: 8.2/10 (255 Votes) 🎬 #Action & Adventure #Animation #Mystery #Sci-Fi & Fantasy #Action #Adventure #SciFi #Fantasy 🗓️ 2023- 🎞️ Series 📺 1080p 🌎 #Japan #China #Taiwan ⏰ 23 မိနစ် 58 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tengoku Daimakyo (2023)Heavenly Delusion …………………………….IMDb 8.2/10 MyAnimeList 8.1/10 ဒီဂျပန်ကာတွန်းက​တော့ သပွတ်အူဇာတ်လမ်းမျိုးကိုကြိုက်တဲ့လူ​တွေအတွက်အထူးသင့်​လျော်ပါတယ်။ပြီး​တော့ promise neverlandတို့၊ aotတို့လို vibeမျိုးလည်း နည်းနည်းရတယ်ဗျ။(တူတယ်​ပြောတာမဟုတ်ဘူး​နော်။ တံတိုင်းကာထားတာတို့၊ ​က​လေး​တွေကို သင်ကြားတာတို့မှာတူတာပါ)။ပြီး​​တော့ ဇာတ်လမ်းအစပိုင်း​တွေမှာ မြို့ပျက်ကြီးထဲ နှစ်​ယောက်ထဲ​လျှောက်သွား​နေပုံကလည်းthe last of usတို့ဘာတို့ကို​ပြေးမြင်တယ်ဗျ။ မူလ မန်ဂရုပ်ပြကို​တော့ဆရာMasakazu Ishiguroက ​ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။အတွဲ (volume) ၈တွဲအထိထွက်ရှိထားပြီး ဆက်လက်ထွက်ရှိ​နေတုန်းပါ။Animeထွက်ထားသ​လောက် ဇာတ်လမ်းကို​ပြောရရင်​တော့ပြိုပျက်ခြင်းဆိုတဲ့ကပ်ဆိုးကြီးအပြီးမှာ​တံတိုင်းပတ်လည်ကာထားတဲ့ ကျောင်း​တော်ကြီးတစ်ခုကMimihimeဆိုတဲ့​ကောင်မ​လေးဟာ တံတိုင်းရဲ့အပြင်ဘက်မှာ ကမ္ဘာတစ်ခုရှိ​နေတာကိုရိပ်မိလာခဲ့ပါတယ်။ထို့အတူပဲ Tokioဆိုတဲ့တစ်​ယောက်ဟာလည်း အတန်း​စာ​မေးပွဲ​ဖြေ​နေစဥ်မှာအပြင်ရဲ့အပြင်ကိုထွက်ကြည့်ချင်လားဆိုတဲ့စာတစ်​စောင်​​ရောက်လာခဲ့ပါတယ်။အပြင်ဆိုတာရှိလားလို့ ​ကျောင်းရဲ့ညွှန်ချုပ်ကို​မေးကြည့်လိုက်တဲ့အခါမှာ​တော့အပြင်​လောကဆိုတာရှိပြီး အလွန်စက်ဆုပ်ဖို့​ကောင်းတဲ့မ​ကောင်းဆိုးဝါး​တွေနဲ့ပြည့်​နေတာပါလို့ ပြန်​ဖြေပါ​တော့တယ်။အပြင်ဘက်​လောကထဲမှာ​တော့ Tokioနဲ့ရုပ်ချင်းတူတဲ့ Maruဆိုတဲ့ဘဲ​လေးဟာKirukoဆိုတဲ့​​​​စော်​လေးကို ​ဘော်ဒီဂတ်ငှားပြီး ​ကောင်းကင်ဘုံဆိုတဲ့​နေရာကိုလိုက်ရှာ​နေတာပါ။Maruဆီမှာလည်း ​ဆေးထိုးအပ်နဲ့​ဆေးတစ်မျိုးရှိ​နေပြီး Maruနဲ့ရုပ်တူတဲ့လူကို​တွေ့တာနဲ့ထိုး​ပေးဖို့ပါညွှန်ကြားခံထားရပါတယ်။အဲ့လိုနဲ့မြို့ပျက်ကြီးအတိုင်းဖြတ်သန်းပြီး ခရီးထွက်လာ​ရင်းနဲ့ ထူးဆန်းတဲ့တည်းခိုခန်းကို​ရောက်ရှိသွားတဲ့အခါမှာ​တော့….. Spoiler …………သိမ်းငှက်သူရဲ​ကောင်းသိုင်းကားကြိုက်သူများအတွက်ဂူးဂူးနဲ့သစ်ပင်​အောက်ကဇာတ်ဝင်ခန်းလိုမျိုးဇာတ်ဝင်ခန်းလည်း ​နောက်ပိုင်းပါပါတယ်။အသဲမခိုင်သူများကြည့်မိမှာစိုးလို့ပါ😁 Genres: Animation, Action, Mystery

Tu Zakhm Hai (2022- ) ⭐IMDB: 6.9/10 (204 Votes) 🎬 #Romance #Drama #Crime 🗓️ 2022- 🎞️ Series 📺 1080p 🌎 #India ⏰ 40 မိနစ် 54 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tu Zakhm Hai (2022) Season1Tu Zakhm Hai 2022ယခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးများ တစ်ဝကြီးကြည့်ရှုနိုင်ဖို့ အပိုင်း 24 ပိုင်း season နှစ်ခုပါတဲ့ Web series လေးပဲဖြစ်ပါတယ် မင်းသမီးချောလေး Donal Bisht နဲ့ Gashmeer Mahajani တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှုတွေကိုစောင်ကိုက်ကြည့်ရှုရမဲ့အပြင် အကလည်းမပါဝင်ဘဲ Rating ကလည်း 7.2 ထိရထားတာဆိုတော့ရှယ်မိုက်တဲ့စီးရီးတစ်ခုပါပဲ ဗီရာ့ဂ်ျတရီဟန်ဆိုတာ ငွေမည်းခဝါချတဲ့နေရာမှာ ဆရာတစ်ပါးပါ ဘယ်လောက်တောင်ဆရာကျသလဲဆိုရင် ငွေမည်းလောကရဲ့ဘုရင်လို့ကို ညွှန်းဆိုရတဲ့အထိပါပဲ ဗီရာ့ဂ်ျက ရက်စက်တယ် နှလုံးသားမရှိဘူး ဆုံးဖြတ်ချက်ပြတ်သားတယ် အလုပ်လုပ်ရင်ဟာကွက်မရှိဘူး အပြစ်လုပ်ထားတဲ့ဘယ်သူ့ကိုမှလည်း မညှာတာဘူး ယူမဲ့မိန်းမကိုတောင် ဈေးတွက်လိုက်တွက်နေတဲ့ လူစားမျိုးပေါ့တစ်ဖက်မှာတော့ ကာဗရာဆိုတဲ့ ချစ်စရာ သွက်သွက်လက်လက် စိတ်ကုထုံးဆရာဝန်မလေးဟာ ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ဦးတည်းသောအဖေနဲ့အတူ ချစ်ရတဲ့သတို့သားလောင်းလေးနဲ့ လန်ဒန်မှာအခြေချမဲ့ကောင်မလေးပေါ့ဇာတ်ကောင်တွေက လွန်းထားထားဆန်ပေမဲ့ ဇာတ်လမ်းကတော့ အိန္ဒိယကားဆန်ပါတယ် ကာဗရာရဲ့အဖေက ဗီရာ့ဂ်ျမိသားစုထံအလုပ်လုပ်နေပြီး သူတို့မိသားစုရဲ့ အသက်သွေးကြော ငွေမည်းခဝါချစာရင်းစာအုပ်ကို ခိုးယူလိုက်တာက စပါတယ်အဲ့လိုခိုးယူပြီး တလွဲတွေဖြစ် ဗီရာ့ဂ်ျတို့ကလည်းလိုက် ရဲတွေကလည်းလိုက်နေတဲ့အချိန်မှာ အဲ့သတင်းကို တွေ့လိုက်ရတဲ့ကာဗရာက အားကိုးတကြီးနဲ့ သူ့အဖေအတွက်ကိုအကူအညီတောင်းမိတာက ဆရာကောင် ဗီရာ့ဂ်ျဆီ ဆိုက်ဆိုက်မြိုက်မြိုက်ပါ ကျားကြောက်လို့ရှင်ကြီးကိုး ကျားရှေ့မှောက်လျက်လဲတဲ့ ကာဗရာနဲ့ဗီရာ့ဂ်ျတို့ရဲ့ 365days စတော့ဟုမ်းဆင်ဒရုန်းဆန်ဆန် အချစ်ဇာတ်လမ်း…ဗီရာ့ဂ်ျကိုကြောက်ပေမဲ့ သူ့ထက်ငါနေရာလိုချင်နေကြတဲ့ တရီဟန်မိသားစု ငွေမည်းခဝါချ ဒုစရိုက်မှုစတာတွေနဲ့ အချစ်အက်ရှင်မှုခင်းဇာတ်လမ်းတွဲကောင်းလေးလို့ ညွှန်းဆိုလိုက်ရင်တော့ လွန်မယ်မထင်ပါဘူးသင်္ကြန်တွင်းလေး နေပူမခံဘဲ အိမ်မှာအေးဆေး chill ကြမဲ့ CM က ဘောလီးဝုဒ်ဖန် ညိုကီညိုမီတွေအတွက် အပစ်အခတ်အကြမ်းအရမ်း အချစ်ဇာတ်လမ်းစုံတဲ့ ဒီစီးရီးလေးကို မလွတ်တမ်းအားပေးကြဖို့ တင်ဆက်ပေးလိုက်ပါရစေFile Size – 800MB / 400MBQuality – 1080p HMAX WEB DL / 720pDuration – 40minsTotal Episodes: 14EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Crime

Demon Slayer: Kimetsu No Yaiba - To the Swordsmith Village (2023) ⭐IMDB: 6.5/10 (4 k Votes) 🎬 #Action & Adventure #Animation #Sci-Fi & Fantasy #Action #Fantasy #Adventure #Thriller 🗓️ 2023 🎞️ Series 📺 1080p FHD 🌎 #Japan ⏰ 49 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Demon Slayer: Kimetsu no Yaiba(2023) Season 3ပြီးခဲ့တဲ့ အတွဲ ( ၂ ) မှာတော့ တန်ဂျီရိုတို့ဟာ အထက်မိစ္ဆာ ဂယူတာရိုနဲ့ အသေအကြေတိုက်ခိုက်ခဲ့ကြပြီး နဲဇူကိုရဲ့ သွေးမိစ္ဆာအစွမ်းကြောင့် အနိုင်ရခဲ့ကြပေမဲ့ တိုက်ပွဲဒဏ်ရာတွေကြောင့် သေကောင်ပေါင်းလဲ ဖြစ်ကုန်ကာ ဆရာ့ဆရာကြီး အသံဟာရှီရာ တန်ဂန်က သူ့ရဲ့ မဟေသီလေးယောက်နဲ့အတူ အဝေးကိုထွက်ပါတယ်။အခု အသစ်စက်စက် အတွဲ ( ၃) မှာတော့ ကိုမာဝင်နေကြတဲ့ တန်ဂျီရိုတို့ သတိပြန်ရလာကြပြီး ဒဏ်ရာနည်းတဲ့ ဇဲနစ်စုနဲ့အီနိုဆူခဲတို့က မစ်ရှင်ကိုယ်စီနဲ့ ခရီးထပ်ထွက်ကုန်ကြပါတယ်။ ဒဏ်ရာပြင်းတဲ့ တန်ဂျီရိုကတော့ တစ်ယောက်တည်းကျန်ခဲ့ပြီး ဒဏ်ရာပြန်ကောင်းလာတဲ့အချိန် သူ့မှာ ဓားမရှိတော့တဲ့အတွက် ဓားအသစ်တစ်ချောင်းထပ်ယူဖို့ နီချီရင်ဓားတွေထွက်တဲ့ ဓားသွန်းရွာကို တစ်ယောက်တည်းထွက်သွားခဲ့ရင်း ဓားသွန်းရွာမှာ စွန့်စားခန်းတွေ ထပ်ကြုံရပါတော့တယ်။ ဒီ မိစ္ဆာနှိမ်နင်းသူ အတွဲ ( ၃ ) ဟာဆိုရင် မူရင်း မန်းဂထဲက ဓားသွန်းရွာ ဇာတ်ကြောင်းပိုင်းကို ဖန်သားပြင်ပေါ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာရှိပြီးသား ဇာတ်လမ်းဖြစ်လို့ ထွေထွေထူးထူး ထပ်မညွှန်းတော့ဘဲ ပရိသတ်များ ကြည့်ရှုခံစားရန်အလို့ငှာ စီအမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အားပေးကြပါကုန်…။File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 49minsSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Action & Adventure, Sci-Fi & Fantasy

အဇ္စျတ္တမီးအိမ် ⭐N/A 🎬 # 🗓️ N/A 🎞️ Series 📺 1080p 🌎 #Myanmar ⏰ 32 မိနစ် 43 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 ဗညားသည် မိခင်ဖြစ်သူ သေဆုံးသွားမှုအပေါ်အပြစ်ရှိသလို ခံစားရကာ နယ်ရှိအိမ်ကြီးတွင် Depession ရောဂါကို ကုစားရန်နေထိုင်ခဲ့သည်။ တစ်ညတွင် ဗညား၏အိမ်ကြီးသို့ ဆူးဆိုသည့် ကောင်မလေးတစ်ယောက် ရောက်လာခဲ့သည်။ ဆူးဆိုသည့် ကောင်မလေးတွင် ထူးဆန်းသည့် အစွမ်းများရှိနေခဲ့သည်။ ဗညားကို စောင့်ရှောက်ရန် အိမ်ကြီးသို့ ရောက်လာကြသော ဗညား၏ သူငယ်ချင်းများဖြစ်ကြသည့် ရှင်းသန့်၊ကိုညီ၊မိုးရိပ်၊ နှောင်းငယ်တို့သည် ဆူးနှင့်တွေ့ကာ ဆူး၏ ထူးဆန်းသည့် အစွမ်းများကို နှဖူးတွေ့ဒူးတွေ့ကြုံရတော့သည်။ သရုပ်ဆောင် အောင်ရဲထိုက်၊ သိန်းလင်းစိုး၊ မင်းတော်ဝင်၊နော်ဖောအယ်ထား၊ ဖုန်းသီရိကျော်၊ သွန်းသက်ထူးစံ ဒါရိုက်တာ ထွဋ်တင့်ထွန်း ထုတ်လုပ်ရေး Mahar

Striding Into the Wind (2020) ⭐IMDB: 6.2/10 (198 Votes) 🎬 #Drama #Comedy 🗓️ 2020 🎞️ Movie 📺 720p HD 🌎 #China ⏰ 2 နာရီ 9 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Striding Into the Wind (2020)=====================IMDb Rating – 6.2/10 ဒီတစ်ခါတော့ နှစ်ကြီးတက္ကသိုလ်ကျောင်းသားဘဝအကြောင်းကို ခံစားကြည့်ရအောင်ဗျာ။ ခရီးသွားရုပ်ရှင်လို့သတ်မှတ်ကြတဲ့အပေါ် အယူအဆအမျိုးမျိုးရှိပေမယ့် ဒီကားလေးကိုလည်း ခရီးသွားရုပ်ရှင်အဖြစ်သတ်မှတ်နိုင်ပါတယ်တဲ့။ တစ်ချို့သောရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဒီရုပ်ရှင်ကားသာ အနောက်နိုင်ငံမှာဖန်တီးဖြစ်ရင် နိုင်ငံရဲ့အခြေခံလူတန်းစားပုံရိပ်ကို မီးမှောင်ထိုးသလိုဖြစ်နိုင်လို့ ဝင်ငွေတွေအများကြီးရနိုင်မယ်လို့ မှတ်ချက်ပေးကြပါတယ်။ အနုပညာတက္ကသိုလ်တက်နေတဲ့ ကျော်ခွန်းတစ်ယောက်က နှစ်ကြီးကျောင်းသားတစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ဆရာတွေထက်တောင် ကျောင်းစာတွေနဲ့ရင်းနှီးနေသူတစ်ယောက်ပါ။ အိမ်နဲ့အတူတူမနေတာကတစ်ကြောင်း၊လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူငယ်ပုံစံဖြစ်တာမို့ကျောင်းပျော်ကြီးတစ်ယောက်ဖြစ်နေတာပေါ့။ ဒါပေမဲ့အငယ်တွေဘွဲ့ယူဖို့ကြိုးစားနေတဲ့အချိန်၊ ဘဝအတွက်ကြိုးစားနေရတဲ့ ကျော်ခွန်း… အတည်တကျအလုပ်ရှိဖို့ သူများတွေကြိုးစားနေတဲ့အချိန်၊ကိုယ်နှစ်သက်တဲ့ကားလေးတစ်စီးနဲ့ လေလွင့်ချင်တဲ့ ကျော်ခွန်း… ဘဝရဲ့အဓိပ္ပါယ်ကိုသူရှာတွေ့နိုင်ပါ့မလား၊ သူယုံကြည်ရာကိုပဲ ဆက်လျှောက်လှမ်းနိုင်ပါ့မလားဆိုတာကိုတော့အေးအေးဆေးဆေး ဆက်ကြည့်လိုက်ပါတော့နော် ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)

Weed People (2023) ⭐⁉️ 🎬 #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #⁉️ ⏰ 1 နာရီ 36 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Weed People (2023) ကိုရီးယားမှာ မူးယစ်ဆေးဝါးကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတဲ့အပြင်ဆေးခြောက်သုံးတာကိုလည်း အပြင်းအထန်တားမြစ်ထားပါတယ် ဒီဇာတ်လမ်းကတော့ ထူးထူးခြားခြား ဆေးခြောက်သုံးတဲ့လူတွေရဲ့ အကြောင်းကို ရိုက်ပြထားပါတယ် ဆေးခြောက်ကိုနှစ်ပင်လောက်စိုက်ပြီး ကိုယ်သုံးဖို့အတွက်လုပ်ထားပေမဲ့ အခိုးခံရတဲ့ဇာတ်လမ်းကနေစတာပါပဲ..အဲဒီခိုးသွားတဲ့လူက ထပ်မရောင့်ရဲနိုင်ဘဲ လိုချင်လို့သွားတောင်းရာကနေ လုပ်ငန်းကြီးလုပ်ဖို့ တွေးမိကြပါတော့တယ် ဒါပေမဲ့ ငွေနောက်လိုက်ရာကနေ တကယ်တမ်းကျ ထင်သလိုဖြစ်မလာတဲ့အခါမှာ…ဘယ်လိုဖြစ်သွားလဲဆိုတာ အတူကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။

Striding Into the Wind (2020) ⭐IMDB: 6.2/10 (198 Votes) 🎬 #Drama #Comedy 🗓️ 2020 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 2 နာရီ 9 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Striding Into the Wind (2020)=====================IMDb Rating – 6.2/10 ဒီတစ်ခါတော့ နှစ်ကြီးတက္ကသိုလ်ကျောင်းသားဘဝအကြောင်းကို ခံစားကြည့်ရအောင်ဗျာ။ ခရီးသွားရုပ်ရှင်လို့သတ်မှတ်ကြတဲ့အပေါ် အယူအဆအမျိုးမျိုးရှိပေမယ့် ဒီကားလေးကိုလည်း ခရီးသွားရုပ်ရှင်အဖြစ်သတ်မှတ်နိုင်ပါတယ်တဲ့။ တစ်ချို့သောရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဒီရုပ်ရှင်ကားသာ အနောက်နိုင်ငံမှာဖန်တီးဖြစ်ရင် နိုင်ငံရဲ့အခြေခံလူတန်းစားပုံရိပ်ကို မီးမှောင်ထိုးသလိုဖြစ်နိုင်လို့ ဝင်ငွေတွေအများကြီးရနိုင်မယ်လို့ မှတ်ချက်ပေးကြပါတယ်။ အနုပညာတက္ကသိုလ်တက်နေတဲ့ ကျော်ခွန်းတစ်ယောက်က နှစ်ကြီးကျောင်းသားတစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ဆရာတွေထက်တောင် ကျောင်းစာတွေနဲ့ရင်းနှီးနေသူတစ်ယောက်ပါ။ အိမ်နဲ့အတူတူမနေတာကတစ်ကြောင်း၊လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူငယ်ပုံစံဖြစ်တာမို့ကျောင်းပျော်ကြီးတစ်ယောက်ဖြစ်နေတာပေါ့။ ဒါပေမဲ့အငယ်တွေဘွဲ့ယူဖို့ကြိုးစားနေတဲ့အချိန်၊ ဘဝအတွက်ကြိုးစားနေရတဲ့ ကျော်ခွန်း… အတည်တကျအလုပ်ရှိဖို့ သူများတွေကြိုးစားနေတဲ့အချိန်၊ကိုယ်နှစ်သက်တဲ့ကားလေးတစ်စီးနဲ့ လေလွင့်ချင်တဲ့ ကျော်ခွန်း… ဘဝရဲ့အဓိပ္ပါယ်ကိုသူရှာတွေ့နိုင်ပါ့မလား၊ သူယုံကြည်ရာကိုပဲ ဆက်လျှောက်လှမ်းနိုင်ပါ့မလားဆိုတာကိုတော့အေးအေးဆေးဆေး ဆက်ကြည့်လိုက်ပါတော့နော် ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)

Stroke of Luck (2022) ⭐IMDB: 4.9/10 (113 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 21 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stroke of Luck (2022) 2022ခုနှစ်မှာထွက်ရှိထားတဲ့stroke of luckဆိုတဲ့ဒီကားလေးကတော့ Romance Comedy ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးက‌တော့ နေသန် ဆိုတဲ့ မြို့မှာနေတဲ့ကောင်လေးကကျေးလက်မှာနေတဲ့ သူ့အဖေရဲ့‌မွေးမြူး‌ရေးခြံကို သွားပြီး အလုပ်လုပ်ဖို့အကြောင်းဖန်လာပါတော့တယ်။မြို့မှာ ကြော့ကြော့လေးနေတတ်တဲ့ မြို့သားလေး ကျေးလက်ကမွေးမြူးရေးခြံကို‌ ရောက်တာနဲ့ အလွဲ‌တွေကြီးပဲ စလုပ်ပါ‌တော့တယ်။မြို့ကို အရမ်းပြန်ချင်တဲ့‌ကောင်လေးကို သူ့အ‌‌ဖေက ဒီမှာအလုပ်တစ်လလုပ်ပြီးမှ မြို့ကိုပြန်ရမယ်အလုပ်မလုပ်ရင်လုံး၀မပြန်ရဘူးလို့ ရာဇသံ‌ပေးလိုက်ပါတယ်။အဲလိုနဲ့အလွဲ‌တွေလုပ်ရင်းလုပ်ရင်းလုပ်ရင်းနဲ့သူ့ကိုကူညီပေးတဲ့မွေးမြူ‌ရေးခြံမှာအလုပ်လုပ်တဲ့“ဆာရာ” ဆိုတဲ့‌ ကောင်မလေးနဲ့ ဖြည်းဖြည်းရင်းနှီးလာပြီး သူ့ကို စတင်သ‌‌ဘောကျလာပါ‌တော့တယ်။အဲ့လိုနဲ့နေသန်တစ်‌ယောက် တစ်လအလုပ်လုပ်ပြီးပဲအိမ်ပြန်သွားမလား ‌။‌ကောင်မလေးနဲ့ရောအဆင်ပြေပါ့မလားဆိုတာကိုတော့ပရိတ်သတ်ကြီးပဲကြည့်ရှုခံစားလိုက်ပါ။မွေးမြူရေးခြံမှာနေတဲ့တစ်လအတွင်းဘယ်လိုအလွဲတွေလုပ်တယ်ဆိုတာကို ပျော်ပျော်ကြီးကြည့်ရမယ့်ခွီရမယ့်အပြင်ကျေးလက်မှာရိုက်ကူးထားတဲ့အတွက်သဘာ၀ရှုခင်းတွေကလဲအရမ်းကိုမှလှပပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Kyalsin Yati Koပဲ ဖြစ်ပါတယ်။

Left Behind: Rise of the Antichrist (2023) ⭐IMDB: 3.6/10 (1 k Votes) 🎬 #Action #Drama #Mystery #ScienceFiction #Thriller #SciFi 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Canada ⏰ 1 နာရီ 56 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Left Behind: Rise of the Antichrist (2023)============================= ဒီနေ့မှာတော့ Tim LaHaye နဲ့ Jerry B. Jenkins တို့ရဲ့ နာမည်ကြီးဝတ္ထုစီးရီးတွေကို ပြန်ရိုက်ကူးထားတဲ့ Left behind ရုပ်ရှင်စီးရီးတွေထဲက 2023 မှာ ထွက်ထားတဲ့ Left Behind: Rise of the Antichristကို တင်ဆက်ပေးသွားမှာပါ။ ကိုဗစ်ကပ်ဘေးဒုက္ခကို ရင်ဆိုင်အပြီးမှာ တစ်ကမ္ဘာလုံး ထင်မှတ်မထားတဲ့ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရပြန်ပါပြီ။ တစ်ချိန်တည်းမှာ လူသန်းနဲ့ ချီပြီးရုတ်တရက်ပျောက်သွားတာ ဖြစ်ပါတယ်။ လူတွေအားလုံး စိုးရိမ်ထိတ်လန့်မှုတွေ ကြောက်လန့်မှုတွေ ခံစားနေရပြီး အကြမ်းဖက်မှုတွေ မကောင်းမှုတွေလည်း ကမ္ဘာနှင့်အဝှမ်း မြင့်တက်လာပါတယ်။ တစ်ကမ္ဘာလုံး ဒုက္ခအတိနဲ့ အဆိုးဆုံးနေ့ရက်တွေကို ရင်ဆိုင်နေရပါတယ်။ ဒီအချိန်မှာ ကုလသမဂ္ဂခေါင်းဆောင် နစ်ကိုလိုင်း ကာပေသီယန်က ကပ်ဘေးဒုက္ခကနေ ရှင်သန်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ်စုစည်းပြီး ဘေးဒုက္ခတွေ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်နိုင်ဖို့ကြိုးစားရမယ်လို့ ဆိုလာပါတယ်။ လူအများကတော့ သူ့ကို သဘောကျပြီး အားပေးထောက်ခံနေကြပါတယ်။ နစ်ကိုလိုင်း ပုံဖော်ထားတဲ့အတိုင်းကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ် စုစည်းပြီး ကပ်ဘေးကနေ လွတ်မြောက်နိုင်ပါ့မလား။ နစ်ကိုလိုင်းရဲ့ ရည်ရွယ်ချက်တွေကရော စစ်မှန်ရဲ့လား။ကမ္ဘာကြီးကို နောက်ဆုံးနေ့ရက်တွေဆီ ဆွဲခေါ်သွားမှာလားဆိုတာကိုတော့ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)

12 Desperate Hours (2023) ⭐IMDB: 4.9/10 (127 Votes) 🎬 #Drama #Thriller #TVMovie 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 12 Desperate Hours (2023) ဒီတစ်ခါတော့ Drama/Thrillerဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဗယ်လ်ဂျိန်းလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ မိခင်ဝတ္တရား မယားဝတ္တရားကျေပွန်တဲ့ဇနီးတစ်ယောက်ဖြစ်ပြီးအိမ်မှုကိစ္စကိုလည်း အစစအရာရာဂရုစိုက်တတ်သူပါ။ တစ်နေ့မှာ သူ့ယောက်ျားဖြစ်သူအလုပ်သွားနေတဲ့အချိန်သူ့ကလေးနှစ်ယောက်နဲ့အိမ်မှာရှိနေတဲ့အချိန်မှာ လူတစ်ယောက်က သူတို့အိမ်ထဲကို သေနတ်နဲ့ဝင်လာပြီး ပြဿနာရှာပါတော့တယ်။ အမျိုးမျိုးပြဿနာရှာတဲ့အချိန်မှာ ကလေးနှစ်ယောက်ကိုအရမ်းချစ်လွန်းတဲ့ အမေတစ်ယောက်အနေနဲ့သူ့ကလေးတွေဒုက္ခမရောက်အောင်လို့ သေနတ်သမားကို ပထုတ်ဖို့ကြိုးစားပါတော့တယ်။အဲ့ဒီလိုပထုတ်ဖို့ကြိုးစားရင် ဗယ်လ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲသေနတ်သမားရဲ့ဘဝကရောဘယ်လိုလဲ သူကရော ဘာလို့အဲ့ဒီလိုတွေလုပ်နေတာလဲ စသဖြင့်ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်။ အညွန်း နဲ့ ဘာသာပြန်ကတော့10×05ပဲ ဖြစ်ပါတယ်။

John Wick: Chapter 4 (2023) ⭐IMDB: 8.3/10 (108 k Votes) 🎬 #Action #Crime #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 2 နာရီ 41 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (8.3)/ Rotten Tomatoes (94%) ဂျွန်ဝစ်ရဲ့ လေးကားမြောက်ရုပ်ရှင်ကားပါ။ HDTC Quality ရုံထဲကအသံဆိုပေမဲ့ အတော်ကြည့်လို့အဆင်ပြေတဲ့အထိ ကြည်လာပြီမို့ တင်ဆက်ပေးလိုက်ပါပြီ။BluRay WEbDL စောင့်နေသူများတော့ မကြည့်သေးပါနဲ့ဦး။ ဒါရိုက်တာကတော့ Chad Stahelski ပါပဲ။ ဒီရုပ်ရှင်ထဲမှာပါတဲ့ ပြင်သစ်မြေအောက်ဘူတာနေရာကိုတော့ “Porte des Lilas” လို့ခေါ်ပြီး ရုပ်ရှင်သမားတွေကို ငှားရမ်းဖို့သီးသန့် ပြင်ဆင်ထားတဲ့ ဘူတာပဲဖြစ်ပါတယ်။ ပြီးတော့ ဇာတ်လမ်းအစရဲ့ သဲကန္တာရကိုလည်း အထူးပြုလုပ်ချက်မသုံးဘဲ နေရာအစစ်မှာ သွားရောက်ရိုက်ကူးထားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ ဂျွန်ဝစ်ဟာ စကားလုံး ၃၈၀ ပဲ ပြောခဲ့ပြီး အရှည်ဆုံးစကားဆိုလို့ “မင်းနဲ့ငါ ဘဝကောင်းကို ထားခဲ့တာ ကြာလှပါပြီ” ဆိုတာလေးပါပဲ။ ၃ ပုံတစ်ပုံလောက်ကတော့ “Yeah” ဆိုတဲ့စကားလုံးတွေပဲဖြစ်လို့ ဘာသာပြန်သူကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဇာတ်ပို့တွေထဲမှာ Scott Adkins လည်းပါဝင်ခဲ့ပြီး သူက ကီအာနူးရိဗိရဲ့ အမာခံဖြစ်တာကြောင့် ဒီရုပ်ရှင်မှာပါခွင့်ရတာ အရမ်းကို ပျော်နေခဲ့ပါတယ်။ ဒွန်နီယန်းလည်းပါဝင်ခဲ့ပြီး ဒါရိုက်တာက ပြင်သစ်ရေဒီယိုနာမည်ကို Wuxia လို့ပေးပြီး တရုတ်သိုင်းလောကကိုလည်း အသိအမှတ်ပြုခဲ့ပါသေးတယ်။ ဒါ့အပြင် I am groot ကို နောက်ပြောင်ပြီး I am Klaus ဆိုတဲ့ ကာရိုက်တာကိုပါ ထည့်သွားပေးထားပါသေးတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်း အက်ရှင်အားလုံးပြည့်စုံတာမို့ ကောင်းကောင်းကြီး အရသာခံလို့ရမယ့်ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအဆုံးမှာပါတဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ သီချင်းကိုလည်း ဒီရုပ်ရှင်ထဲက ဂျပန်မင်းသမီး Rina Sawayama ကပဲ ပြန်လည်သီဆိုပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကြေးစားလူသတ်သမားလောကရဲ့ ဒဏ္ဍာရီတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝစ်ဟာ ကြေးစားလောကကနေ အနားယူပြီးခွေးလေးတစ်ကောင် ကားတစ်စီးနဲ့ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေသူပါ။ ဒါပေမဲ့ သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ခွေးလေးကို သတ်ပြီး ကားကိုခိုးသွားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားကြောင့် လူသတ်သမားလောကထဲကို ကလဲ့စားချေဖို့ ပြန်ဝင်လာခဲ့ရပါတော့တယ်။ သူ့ရဲ့မိတ်ဆွေ ဘုံနယ်မြေဟိုတယ်ပိုင်ရှင် ဝန်စတန်ကတော့ သူ့ကို သတိပေးခဲ့ပါတယ်။ ဒီရေကန်မျိုးထဲကိုလက်သန်းလေးပဲ ပြန်နှစ်ကြည့်ရင်တောင် မင်းတကိုယ်လုံးကို ဆွဲချသွားလိမ့်မယ်တဲ့။ တကယ်လည်း ဂျွန်ဝစ်ပြန်ထွက်မရခဲ့ပါဘူး။ လက်စားချေစရာတွေပြီးတော့ လက်စားချေစရာတွေ ထပ်ပေါ်လာတယ်။ ပြန်ရုန်းထွက်ဖို့ ကြိုးစားရင်း ထပ်ထပ်နစ်ဝင်လာပြီး နောက်ဆုံးမှာတော့ ကြေးစားလောကတစ်ခုလုံးရဲ့ အစိုးရလို့ ခေါ်လို့ရတဲ့ အထက်ကောင်စီရဲ့ အလိုအရှိဆုံးရန်သူပါဖြစ်လာခဲ့ပါပြီ။ အပိုင်း ၃ မှာတုန်းက ဝင်စတန်ရဲ့ လက်ချက်ကြောင့် တိုက်ပေါ်က ပြုတ်ကျသွားခဲ့ပြီး အပိုင်း ၄ မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ ဂျွန်ဝစ်လိုချင်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဒီအပိုင်းမှာ ရှာနိုင်ပါ့မလားဆိုတာ…။

John Wick: Chapter 4 (2023) ⭐IMDB: 8.3/10 (108 k Votes) 🎬 #Action #Crime #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 2 နာရီ 41 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (8.3)/ Rotten Tomatoes (94%) ဂျွန်ဝစ်ရဲ့ လေးကားမြောက်ရုပ်ရှင်ကားပါ။ HDTC Quality ရုံထဲကအသံဆိုပေမဲ့ အတော်ကြည့်လို့အဆင်ပြေတဲ့အထိ ကြည်လာပြီမို့ တင်ဆက်ပေးလိုက်ပါပြီ။BluRay WEbDL စောင့်နေသူများတော့ မကြည့်သေးပါနဲ့ဦး။ ဒါရိုက်တာကတော့ Chad Stahelski ပါပဲ။ ဒီရုပ်ရှင်ထဲမှာပါတဲ့ ပြင်သစ်မြေအောက်ဘူတာနေရာကိုတော့ “Porte des Lilas” လို့ခေါ်ပြီး ရုပ်ရှင်သမားတွေကို ငှားရမ်းဖို့သီးသန့် ပြင်ဆင်ထားတဲ့ ဘူတာပဲဖြစ်ပါတယ်။ ပြီးတော့ ဇာတ်လမ်းအစရဲ့ သဲကန္တာရကိုလည်း အထူးပြုလုပ်ချက်မသုံးဘဲ နေရာအစစ်မှာ သွားရောက်ရိုက်ကူးထားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ ဂျွန်ဝစ်ဟာ စကားလုံး ၃၈၀ ပဲ ပြောခဲ့ပြီး အရှည်ဆုံးစကားဆိုလို့ “မင်းနဲ့ငါ ဘဝကောင်းကို ထားခဲ့တာ ကြာလှပါပြီ” ဆိုတာလေးပါပဲ။ ၃ ပုံတစ်ပုံလောက်ကတော့ “Yeah” ဆိုတဲ့စကားလုံးတွေပဲဖြစ်လို့ ဘာသာပြန်သူကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဇာတ်ပို့တွေထဲမှာ Scott Adkins လည်းပါဝင်ခဲ့ပြီး သူက ကီအာနူးရိဗိရဲ့ အမာခံဖြစ်တာကြောင့် ဒီရုပ်ရှင်မှာပါခွင့်ရတာ အရမ်းကို ပျော်နေခဲ့ပါတယ်။ ဒွန်နီယန်းလည်းပါဝင်ခဲ့ပြီး ဒါရိုက်တာက ပြင်သစ်ရေဒီယိုနာမည်ကို Wuxia လို့ပေးပြီး တရုတ်သိုင်းလောကကိုလည်း အသိအမှတ်ပြုခဲ့ပါသေးတယ်။ ဒါ့အပြင် I am groot ကို နောက်ပြောင်ပြီး I am Klaus ဆိုတဲ့ ကာရိုက်တာကိုပါ ထည့်သွားပေးထားပါသေးတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်း အက်ရှင်အားလုံးပြည့်စုံတာမို့ ကောင်းကောင်းကြီး အရသာခံလို့ရမယ့်ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအဆုံးမှာပါတဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတဲ့ သီချင်းကိုလည်း ဒီရုပ်ရှင်ထဲက ဂျပန်မင်းသမီး Rina Sawayama ကပဲ ပြန်လည်သီဆိုပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကြေးစားလူသတ်သမားလောကရဲ့ ဒဏ္ဍာရီတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝစ်ဟာ ကြေးစားလောကကနေ အနားယူပြီးခွေးလေးတစ်ကောင် ကားတစ်စီးနဲ့ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းနေသူပါ။ ဒါပေမဲ့ သူ့အတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ခွေးလေးကို သတ်ပြီး ကားကိုခိုးသွားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားကြောင့် လူသတ်သမားလောကထဲကို ကလဲ့စားချေဖို့ ပြန်ဝင်လာခဲ့ရပါတော့တယ်။ သူ့ရဲ့မိတ်ဆွေ ဘုံနယ်မြေဟိုတယ်ပိုင်ရှင် ဝန်စတန်ကတော့ သူ့ကို သတိပေးခဲ့ပါတယ်။ ဒီရေကန်မျိုးထဲကိုလက်သန်းလေးပဲ ပြန်နှစ်ကြည့်ရင်တောင် မင်းတကိုယ်လုံးကို ဆွဲချသွားလိမ့်မယ်တဲ့။ တကယ်လည်း ဂျွန်ဝစ်ပြန်ထွက်မရခဲ့ပါဘူး။ လက်စားချေစရာတွေပြီးတော့ လက်စားချေစရာတွေ ထပ်ပေါ်လာတယ်။ ပြန်ရုန်းထွက်ဖို့ ကြိုးစားရင်း ထပ်ထပ်နစ်ဝင်လာပြီး နောက်ဆုံးမှာတော့ ကြေးစားလောကတစ်ခုလုံးရဲ့ အစိုးရလို့ ခေါ်လို့ရတဲ့ အထက်ကောင်စီရဲ့ အလိုအရှိဆုံးရန်သူပါဖြစ်လာခဲ့ပါပြီ။ အပိုင်း ၃ မှာတုန်းက ဝင်စတန်ရဲ့ လက်ချက်ကြောင့် တိုက်ပေါ်က ပြုတ်ကျသွားခဲ့ပြီး အပိုင်း ၄ မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ ဂျွန်ဝစ်လိုချင်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို ဒီအပိုင်းမှာ ရှာနိုင်ပါ့မလားဆိုတာ…။

Furies (2022) ⭐IMDB: 5.8/10 (755 Votes) 🎬 #Action #Crime #Thriller #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Vietnam ⏰ 1 နာရီ 49 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Furies (2022) 2019 တုန်းက ထွက်ရှိပြီး လူကြိုက်များခဲ့တဲ့ Fury ရဲ့ Prequel Movie လေး ထွက်ရှိလာပါပြီ။ Asian female action ကားဆို ထိုင်ဝမ်နဲ့ဟောင်ကောင်ရုပ်ရှင်တွေနဲ့ပဲ အထိအတွေ့များတဲ့ပရိသတ်ကြီးအတွက်ဗီယက်နမ် Female action movieလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။ဟောင်ကောင်ဂျက်မမဟုတ်တဲ့ ဗီယက်နမ်ဂျက်မလေးတွေကိုကြည့်ရတော့လည်း တစ်မျိုးတစ်မည်ဆန်းသစ်တာပေါ့ဗျာ။ ဘဝရယ်လို့ဖြစ်တည်လာပြီဆိုရင် ရွေးချယ်မှုမလုပ်ရတဲ့လူရယ်လို့မရှိပါဘူး။ဒါပေမဲ့ တချို့လူတွေရဲ့ အမှောင်ကျနေတဲ့ဘဝမှာတော့ ရွေးချယ်မှုဆိုတဲ့စကားလုံးဟာ ကိုယ်တိုင်မသိလိုက်ခင်ကတည်းက ပျောက်ရှနေခဲ့ပါပြီ။ ကံဆိုးမှုလို့အဓိပ္ပာယ်ရတဲ့နာမည်ကို ပိုင်ဆိုင်ထားတဲ့ ဘီဆိုတဲ့ကောင်မလေးဟာ နာမည်စီးနေတယ်လို့ထင်မှတ်ရလောက်အောင် ကံခေလွန်းတဲ့သူဆိုလည်းမမှားပါဘူး။မိန်းမမြင်ရင် လိင်ကျွန်လောက် ထင်ကြတဲ့ ယောက်ျားသားတွေ ကြီးစိုးရာမှာ မိန်းမရွှင်တစ်ယောက်ရဲ့သမီးဖြစ်ရတဲ့ဒုက္ခဟာ ပြောစရာမလိုအောင် အမှောင်ကျနေခဲ့တာပေါ့။ဒီလိုနဲ့ ယုတ်မာတဲ့တဏှာရူးလက်ချက်နဲ့ အမေကိုရော အိမ်ကိုပါဆုံးရှုံးခဲ့ရတဲ့ဘီတစ်ယောက် အိမ်ခြေရာမဲ့ဘဝနဲ့ လမ်းလေးရောက်တော့လိင်စိတ်နားထင်ရောက်နေတဲ့ကျားခံတွင်းပျက်‌တစ်သိုက်နဲ့တွေ့ရင်း ဘဝပျက်လုဆဲဆဲမှာ သူ့ဘဝရဲ့အလင်းရောင်သဖွယ်ရောက်လာခဲ့တဲ့ ကယ်တင်ရှင်ဂျက်ကွာလင် ဂျက်ကွာလင်နဲ့အတူလိုက်သွားရာကနေ တွေ့ဆုံခင်မင်ခဲ့တဲ့ ဟုန် နဲ့ ထန် ဆိုတဲ့ ဘဝတူမိန်းကလေး ၂ ယောက်နဲ့အတူဆုံရင်းနဲ့မှ မျှော်လင့်ချက်ရောင်ခြည်လေးကို မြင်လိုက်ရတဲ့ ဘီဂျက်ကွာလင်ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့ မိန်းကလေးတွေကို အညှာအတာကင်းမဲ့စွာနဲ့ ရောင်းစားနေတဲ့ လူမိုက်ဂိုဏ်းနဲ့ သူမတို့ ၃ ယောက် ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါမှာတော့… ယုံကြည်ရာတစ်ခုအတွက် အသက်ကိုစတေးကြမဲ့ သူမတို့ ၃ ယောက်နဲ့ ရွေးချယ်မှုတိုင်းအတွက် ပေးဆပ်ရမဲ့တန်ကြေးကိုယ်စီ‌ရှိနေတဲ့အခါမှာတော့ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Furiesဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာပဲ ဆက်လက်အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။

Furies (2022) ⭐IMDB: 5.8/10 (755 Votes) 🎬 #Action #Crime #Thriller #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Vietnam ⏰ 1 နာရီ 49 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Furies (2022) 2019 တုန်းက ထွက်ရှိပြီး လူကြိုက်များခဲ့တဲ့ Fury ရဲ့ Prequel Movie လေး ထွက်ရှိလာပါပြီ။ Asian female action ကားဆို ထိုင်ဝမ်နဲ့ဟောင်ကောင်ရုပ်ရှင်တွေနဲ့ပဲ အထိအတွေ့များတဲ့ပရိသတ်ကြီးအတွက်ဗီယက်နမ် Female action movieလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။ဟောင်ကောင်ဂျက်မမဟုတ်တဲ့ ဗီယက်နမ်ဂျက်မလေးတွေကိုကြည့်ရတော့လည်း တစ်မျိုးတစ်မည်ဆန်းသစ်တာပေါ့ဗျာ။ ဘဝရယ်လို့ဖြစ်တည်လာပြီဆိုရင် ရွေးချယ်မှုမလုပ်ရတဲ့လူရယ်လို့မရှိပါဘူး။ဒါပေမဲ့ တချို့လူတွေရဲ့ အမှောင်ကျနေတဲ့ဘဝမှာတော့ ရွေးချယ်မှုဆိုတဲ့စကားလုံးဟာ ကိုယ်တိုင်မသိလိုက်ခင်ကတည်းက ပျောက်ရှနေခဲ့ပါပြီ။ ကံဆိုးမှုလို့အဓိပ္ပာယ်ရတဲ့နာမည်ကို ပိုင်ဆိုင်ထားတဲ့ ဘီဆိုတဲ့ကောင်မလေးဟာ နာမည်စီးနေတယ်လို့ထင်မှတ်ရလောက်အောင် ကံခေလွန်းတဲ့သူဆိုလည်းမမှားပါဘူး။မိန်းမမြင်ရင် လိင်ကျွန်လောက် ထင်ကြတဲ့ ယောက်ျားသားတွေ ကြီးစိုးရာမှာ မိန်းမရွှင်တစ်ယောက်ရဲ့သမီးဖြစ်ရတဲ့ဒုက္ခဟာ ပြောစရာမလိုအောင် အမှောင်ကျနေခဲ့တာပေါ့။ဒီလိုနဲ့ ယုတ်မာတဲ့တဏှာရူးလက်ချက်နဲ့ အမေကိုရော အိမ်ကိုပါဆုံးရှုံးခဲ့ရတဲ့ဘီတစ်ယောက် အိမ်ခြေရာမဲ့ဘဝနဲ့ လမ်းလေးရောက်တော့လိင်စိတ်နားထင်ရောက်နေတဲ့ကျားခံတွင်းပျက်‌တစ်သိုက်နဲ့တွေ့ရင်း ဘဝပျက်လုဆဲဆဲမှာ သူ့ဘဝရဲ့အလင်းရောင်သဖွယ်ရောက်လာခဲ့တဲ့ ကယ်တင်ရှင်ဂျက်ကွာလင် ဂျက်ကွာလင်နဲ့အတူလိုက်သွားရာကနေ တွေ့ဆုံခင်မင်ခဲ့တဲ့ ဟုန် နဲ့ ထန် ဆိုတဲ့ ဘဝတူမိန်းကလေး ၂ ယောက်နဲ့အတူဆုံရင်းနဲ့မှ မျှော်လင့်ချက်ရောင်ခြည်လေးကို မြင်လိုက်ရတဲ့ ဘီဂျက်ကွာလင်ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့ မိန်းကလေးတွေကို အညှာအတာကင်းမဲ့စွာနဲ့ ရောင်းစားနေတဲ့ လူမိုက်ဂိုဏ်းနဲ့ သူမတို့ ၃ ယောက် ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါမှာတော့… ယုံကြည်ရာတစ်ခုအတွက် အသက်ကိုစတေးကြမဲ့ သူမတို့ ၃ ယောက်နဲ့ ရွေးချယ်မှုတိုင်းအတွက် ပေးဆပ်ရမဲ့တန်ကြေးကိုယ်စီ‌ရှိနေတဲ့အခါမှာတော့ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Furiesဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာပဲ ဆက်လက်အဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။

The Stalking Fields (2022) ⭐IMDB: 3.2/10 (76 Votes) 🎬 #Action 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Stalking Fields(2023)======================စစ်ပြန်တွေ စစ်မြေပြင်ကနေ ရလာခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊နာကျည်းစရာအတိတ်တွေ PTSD တွေကို ကုသပေးဖို့အတွက်ကုထုံးအမျိုးမျိုးရှိတဲ့ အထဲမှ Stalking Fields ဆိုတဲ့ အမဲလိုက် ပရိုဂရမ်တစ်ခု ပေါ်လာပါတယ် အမဲလိုက်ရမှာကတော့ တိရစ္ဆာန်တွေမဟုတ်ဘဲ…ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေကျူးလွန်ထားတဲ့ လူတွေ …အနာဂတ်ပျောက်ဆုံးနေတဲ့လူတွေကို ပြန်ပေးဆွဲပြီးအမဲလိုက်ကွင်းကြီးထဲကို လွှတ်ပေးကာ…စစ်ပြန်တွေကို အမဲလိုက်ခိုင်းတာဖြစ်ပါတယ်နောက်ဆုံးကျန်ရစ်သူကို ဆုငွေဒေါ်လာ ၅ သိန်းနဲ့ ဘဝအသစ်စဖို့ အခွင့်အရေးပေးမယ်ဆိုပြီး ကမ်းလှမ်းပါတယ်အဲ့ဒီထဲမှာမှ အာဖဂန်စစ်မြေပြင်မှာ လူ ၂၀၀ ကျော်သတ်ခဲ့တဲ့ စစ်ပြန်ပြီး ဝုဒ်မန်းဆိုသူ အပါအဝင်ဖြစ်ပါတယ်…ဝုဒ်မန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ အမဲလိုက်ခဲ့ရင်း …အချင်းချင်းပြန်သစ္စာဖောက်မှုတွေနဲ့ ရာဇဝတ်သားကောင်တွေကိုဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာကို အလှည့်အပြောင်းများစွာနဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့Thiha Yan Naingပဲ ဖြစ်ပါတယ်)

Johnny (2022) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Biography #Drama #History 🗓️ 2022 🎞️ Movie 📺 720p 🌎 #Poland ⏰ 2 နာရီ 1 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Johnny(2022) ************* ဖြစ်ရပ်မှန်ကိုဇာတ်အိမ်တည်ထားပြီး လူတိုင်းဒုတိယအခွင့်အရေးနဲ့ထိုက်တန်တာမလို့ အားလုံးအပေါ်မေတ္တာတရားထားပေးသင့်ကြောင်းကိုရိုးရိုးရှင်းရှင်းရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်အဖြစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ရာဇဝတ်သားတစ်‌ယောက်ပါဝင်ပါတယ်။ဒီဘုန်းတော်ကြီးဟာ မိမိယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်တတ်တဲ့သူ၊ လူသားတိုင်းအတွက်အနစ်နာခံ ပေးဆပ်သူပေ့ါ။တစ်နေ့ကျတော့ ဘုန်းတော်ကြီးဆီကို ရာဇဝတ်သားဟာ သူ့ရဲ့ပြစ်မှုစောင့်ကြည့်ကာလအတွင်း လူထုအကျိုးပြုအလုပ်လုပ်ဖို့ဆိုပြီး အလုပ်လာတောင်းပါတော့တယ်။ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့ ဒုတိယအခွင့်အရေးကိုအသုံးချပြီး ဘယ်လောက်အထိပြောင်းလဲပစ်နိုင်လဲဆိုတာမြင်တွေ့ရမယ့် Biographyကားကောင်းလေးတစ်ကားဖြစ်ပါတယ်..

Johnny (2022) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Biography #Drama #History 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Poland ⏰ 2 နာရီ 1 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Johnny(2022) ************* ဖြစ်ရပ်မှန်ကိုဇာတ်အိမ်တည်ထားပြီး လူတိုင်းဒုတိယအခွင့်အရေးနဲ့ထိုက်တန်တာမလို့ အားလုံးအပေါ်မေတ္တာတရားထားပေးသင့်ကြောင်းကိုရိုးရိုးရှင်းရှင်းရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်အဖြစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ရာဇဝတ်သားတစ်‌ယောက်ပါဝင်ပါတယ်။ဒီဘုန်းတော်ကြီးဟာ မိမိယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်တတ်တဲ့သူ၊ လူသားတိုင်းအတွက်အနစ်နာခံ ပေးဆပ်သူပေ့ါ။တစ်နေ့ကျတော့ ဘုန်းတော်ကြီးဆီကို ရာဇဝတ်သားဟာ သူ့ရဲ့ပြစ်မှုစောင့်ကြည့်ကာလအတွင်း လူထုအကျိုးပြုအလုပ်လုပ်ဖို့ဆိုပြီး အလုပ်လာတောင်းပါတော့တယ်။ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့ ဒုတိယအခွင့်အရေးကိုအသုံးချပြီး ဘယ်လောက်အထိပြောင်းလဲပစ်နိုင်လဲဆိုတာမြင်တွေ့ရမယ့် Biographyကားကောင်းလေးတစ်ကားဖြစ်ပါတယ်..

Observation Man (2019) ⭐TMDB: 90.0% User Score 🎬 #Adult #Romance #Drama 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 1 နာရီ 11 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 *************************** ဒီဘဲကြီးက အသက်၃၀သာကျော်တာ အချစ်နဲ့ပတ်သက်ပြီး မခံစားဖူးသေးတဲ့လူ..ဆိုတော့ sex ဆိုတာလည်း စာအုပ်နဲ့အခွေလောက်ပဲ အတွေ့အကြုံယူပြီး ဖီးနေရတဲ့သူ..ဒါ့ကြောင့် သူက ဒါမျိုးတွေစမ်းသပ်ချင်လာတယ်.. ကံကောင်းထောက်မစွာ သူ့ပထမဆုံးအတွေ့အကြုံက ဝါရင့်ချာတိတ်မလေးဖြစ်နေတော့ ပညာစုံရသွားသလိုဖြစ်သွားတယ်.. အဲ့ဒီနောက်မှာတော့ အကွက်စုံခင်းပြီး အလန်းလေးတွေချည်း ဖန်တီးနိုင်လေတဲ့အခါမှာတော့.. စွန်းလှတဲ့ကွီးယားမလေးတွေ ပါသလို အိပ်ရာခန်းအမိုက်စားစုံလည်းပါဝင်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…

Ran (1985) ⭐IMDB: 8.2/10 (128 k Votes) 🎬 #Action #Drama #War 🗓️ 1985 🎞️ Movie 📺 720p 🌎 #Japan #France ⏰ 2 နာရီ 40 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ran (1985) ~ IMDb – 8.2/10, Rotten Tomatoes – 96% ~ ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ Ran ဟာ တခြားဆုရခဲ့တဲ့ ရုပ်ရှင်တွေထက်ပိုပြီး ဒီနေ့ထက်ထိ ရှင်သန်နေတဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ The Greatest Films Ever Made တွေထဲက တစ်ကားလည်းဖြစ်ခဲ့တယ်။ Ran ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ နောက်ဆုံး Epic Film ဖြစ်ခဲ့သလို သူ့အတွက် ငွေကုန်ကြေးကျအများဆုံးကားလည်း ဖြစ်ခဲ့တယ်။ အဲဒီကာလက ဂျပန်ရုပ်ရှင်သမိုင်းမှာ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဆိုလည်း မမှားဘူး။ Ran ဟာ ကူရိုဆာဝါရဲ့ ရှိတ်စပီးယားပြဇာတ်ကိုပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးကားပေမဲ့ ဒီကားကို ရိုက်ဖို့အကြံရတာကတော့ ရှိတ်စပီးယားဝတ္တုကနေတော့ မဟုတ်ခဲ့ဘူး။ ၁၉၇၅လောက်မှာ သူက စစ်နယ်ရှင်တွေ အပြိုင်အဆိုင်အားပြိုင်နေခဲ့တဲ့ စင်းဂိုခုခေတ်က မိုရိမိုတိုနာရိဆိုတဲ့ စစ်နယ်ရှင်တစ်ပါးအကြောင်း ဖတ်မိရာကနေ ဒီကားရိုက်ဖို့ သူအတွေးပေါက်သွားတာ။ ဘယ်လိုတုန်းဆို မိုတိုနာရိမှာ သား၃ယောက်ရှိတယ်။ အဲဒီသားသုံးယောက်စလုံးက လိမ္မာပြီး သစ္စာရှိပြီး တော်ကြလို့ မိုတိုနာရိဟာ သားလိမ္မာတွေရဲ့အဖေဆိုပြီး ကျော်ကြားခဲ့တယ်။ ဒီမှာ ကူရိုဆာဝါက အဲဒီသားတွေသာ သားဆိုးတွေဖြစ်နေခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲဆိုပြီး စိတ်ကူးကြည့်ရာကနေ Ran ကို ရိုက်ဖို့ အကြံပေါ်လာတာပါပဲ။ စစချင်းကတော့ ကင်းလီယာဇာတ်သုံးဖို့ မရည်ရွယ်ထားပေမဲ့ သူ့စကားအရတော့ မိုတိုနာရိနဲ့ ကင်းလီယာတို့ရဲ့ ဇာတ်လမ်းဟာ ဘာလို့လဲ သူ လုံးစေ့ပတ်ပေ့ မပြောပြတတ်ပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ဘာသာတစ်သားတည်းဖြစ်သွားတယ်လို့ ဆိုတယ်။ ၁၉၇၅မှာ ကူရိုဆာဝါဟာ Ran အတွက် ဇာတ်ညွှန်းရေးပြီး နောက်နှစ်တွေမှာလည်း သူ့ထုံးစံအတိုင်း သူရိုက်ချင်တဲ့ ဇာတ်ဝင်ခန်းပုံစံအတိအကျကို စတိုရီဘုတ်တွေ ဆွဲခဲ့တယ်။ အဲဒီ စတိုရီဘုတ်တွေကိုကလည်း ပန်းချီကားတွေလို့ ပြောလည်းမမှားပါဘူး။ Ran အတွက် ကူရိုဆာဝါဟာ တော်တော်လေး အားစိုက်ထုတ်ခဲ့တယ်။ ၁၉၈၀မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Kagemusha ကိုတောင် သူက Ran အတွက် ဇာတ်ဝတ်ဇာတ်စား ရီဟာဇယ်လုပ်တဲ့ ရုပ်ရှင်လို့တောင် ပြောဖူးတယ်။ ၁၉၈၃မှာမှ အခက်အခဲများစွာကြားကနေ Ran ကို သူစရိုက်နိုင်ခဲ့တယ်။ Ran ထဲက ကင်းလီယာတဖြစ်လဲ မိုတိုနာရိတဖြစ်လဲ ဇာတ်ကောင်ကတော့ ဟိဒဲတိုရပါပဲ။ ဟိဒဲတိုရမှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ သူအိုပြီဆိုပြီး သားတွေကို အမွေခွဲပေးဖို့လုပ်တာမှာ သားအငယ်ဆုံး စဘုရိုက သူ့ကိုကလန်ကဆန်လုပ်လာတာကြောင့် အမွေဖြတ်စွန့်လွှတ်ပြီး ကျန်တဲ့သား၂ယောက်ကိုပဲ မြှောက်စားလိုက်တာပါပဲ။ သူ့ရဲ့သစ္စာရှိအမတ်ကိုပါ သူ့သားငယ်ဘက်က ဝင်ပါလို့ဆိုပြီး ပြည်နှင်ဒဏ်ပေးပစ်လိုက်တယ်။ ကင်းလီယာအတိုင်းပါပဲ။ မတူတာကတော့ ကင်းလီယာက ဇာတ်ကောင်တွေမှာ အတိတ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တွေက အတိတ်ရှိပြီး ပုဂ္ဂလိက အမြင်အရတော့ Ran ထဲက ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေက ပိုပြီးကျိုးကြောင်းဆီလျော်ပါတယ်။ နောက်တစ်ချက်ကတော့ ကင်းလီယာထဲက လီယာမင်းကြီးဟာ သူခံစားခဲ့ရတဲ့ ဝေဒနာတွေနဲ့ မထိုက်တန်ဘူးလို့ ယေဘုယျသတ်မှတ်လို့ရပေမဲ့ ဟိဒဲတိုရရဲ့ အတိတ်ကို Ran မှာ ကျွန်တော်တို့ကို တဖြည်းဖြည်းပုံဖော်ပေးသွားတာအရတော့ ဟိဒဲတိုရက သူ့ကြမ္မာနဲ့ သူထိုက်တန်တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့လည်း ကူရိုဆာဝါဟာ ကင်းလီယာထဲကလို မထိုက်တန်တဲ့ ဝေဒနာတွေကိုလည်း ဇာတ်ကောင်အသစ်တွေဖန်တီးပြီး ထည့်သွင်းပေးထားပါသေးတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ် ကျောရိုးယူထားပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ဇာတ်ကောင် ဟိဒဲတိုရက သူကိုယ်တိုင်ပဲလို့ သူပြောဖူးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ကူရိုဆာဝါရဲ့ ရန်ဟာ ကင်းလီယာကို မှီးထားပေမဲ့ သူ့ဘဝအကြောင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုဖူးတယ်။ သူသေပြီးနှောင်းခေတ်တွေမှာ သူဟာ အကျော်ကြားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူမသေခင်မှာ သူ့တိုင်းပြည်အတွက်တော့ သူက ဂုဏ်ယူစရာမဖြစ်ခဲ့ဘူး။ သူ့ကားတွေအတွက်လည်း ငွေထုတ်ပေးမယ့်လူ မရှိသလောက်ရှားခဲ့တယ်။ သူ့ဒါရိုက်တာသက်တမ်းရှည်ကြီးရဲ့ ၁၅နှစ်တာကာလမှာပဲ သူလုပ်ချင်တာ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ၁၉၅၀ ရဲ့ “Rashomon” ကနေ ၁၉၆၅ ရဲ့ “Red Beard” အထိအတွင်းပါပဲ။ ဒီကာလတွေ

Hondisi Bareyiri (2023) ⭐IMDB: 7.5/10 (293 Votes) 🎬 #Bollywood #Drama #Romance #Comedy 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 11 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hondisi Bareyiri 2023IMDb 7.5/10 ဇာတ်လမ်းအကျဉ်း ခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတစ်သိုက်ဟာ နှစ်တွေအကြာကြီးဝေးကွာသွားကြလို့တစ်နေ့မှာပြန်လည်ဆုံတွေ့ချိန်မှာ သူတို့အရင်ကျောင်းသားဘ၀ကို စမြုံပြန်ကြပါတော့တယ်။စကားစပ်မိကြရင်း တစ်ယောက်အကြောင်းတစ်ယောက်ပြောကြရာမှ သူတို့တွေရဲ့ဘ၀က ကျောင်းသားဘ၀လိုမပျော်တော့ပဲ အိမ်ထောင်ရေးတွေ အချစ်ရေးတွေ အလုပ်အကိုင်တွေ အဆင်မပြေမှုများစွာ ကိုယ်စီကြုံတွေ့ခဲ့ကြပါတယ်။ တစ်ယောက်ချင်းစီမှာ အဆင်မပြေမှုတွေရှိလာကြတဲ့အခါ သူတို့တွေအရင်လို ခင်မင်ကြဦးမှာလား၊ ပြဿနာတွေကို ကျောင်းသားဘ၀လိုမဟုတ်ဘဲ ရင့်ကျက်တဲ့လူကြီးတစ်ယောက်အနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို သူ့တို့ရဲ့ ကျောင်းတုန်းက‌ပျော်စရာတွေကို နောက်ကြောင်းပြန်ရင်း လက်ရှိအနေအထားနဲ့ယှဉ်ပြရင်း ဇာတ်လမ်းကိုတင်ဆက်ထားပါတယ်။ Rating ကောင်းပြီးမြင်နေကျဇာတ်လမ်း ဇာတ်အိမ်ဆိုပေမယ့် ရိုးအီမသွားဘဲ နာမည်ကြီးကန်နဒါသရုပ်‌ဆောင်အချောအလှတွေနဲ့အတူ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားရင်း ပင်ပန်းပြီး ရင့်ကျက်တဲ့လူကြီးဆိုတာကိုခဏ‌မေ့ပြီး ကျောင်းသားဘ၀ကိုခဏပြန်သွားကြရအောင်လား…