无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Divorce Bait (2022)
⭐IMDB: 4.4/10 (204 Votes)
🎬 #Comedy #Romance
🗓 2022 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 35 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Divorce Bait (2022)==============
ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို trust issues ခေါ် လူတွေကိုမယုံကြည်တဲ့ကိစ္စတွေက ဖြစ်တတ်ပါတယ် အဲ့ထဲမှာ အလက်စစ်ဆိုတဲ့ သာယာတဲ့အိမ်ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်လည်း အပါအဝင်ပေါ့လေ။
အလက်စစ်က ယောင်္ကျားဖြစ်သူအပေါ် ယုံကြည်မရှိ သင်္ကာမကင်းဖြစ်နေတဲ့အတွက် ကွာရှင်းပြတ်စဲတော့မယ်ဆိုပြီး ဖေ့စ်ဘုတ်ပို့စ်အတုတင်လိုက်ရာကနေဇာတ်အိမ်စတည်ထားပါတယ်။ အကြောင်းအရင်းကတော့ သူ့ယောင်္ကျားဖြစ်သူကို ဘယ်မိန်းမက လာရှုပ်မလဲသိချင်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် သူ့ယောင်္ကျားဖြစ်သူ တစ်ယောက် ဘယ်လိုတွေကျော်ဖြတ်မလဲ ဘယ်မိန်းမတွေက လာရှုပ်မလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရမဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing ဖြစ်ပါတယ်)...
Concerned Citizen (2022)
⭐IMDB: 6.0/10 (357 Votes)
🎬 #Drama #Comedy
🗓 2022 🎞 movie
🌎 #Israel
⏰ 1 နာရီ 19 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Concerned Citizens (2023)===================
အစ္စရေးစကားပြော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အစ္စရေးနဲ့အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံတွေဆိုတာ LGBT လိင်တူစုံတွဲကို ပိတ်ပင်တားမြစ်ထားတာလူအများသိပါပဲ။ ဒါပေမယ့် အစ္စရေးနိုင်ရဲ့ ဆီနိုင်ရပ်ကွက်ထဲကိုပြောင်းလာတဲ့ Gay Couple ဟာ ဘဝတစ်ခုကိုစတင်ဖို့ ကြိုးစားပါတယ်။ နောက်ပိုင်းမှာ အငှားကိုယ်ဝန်နဲ့ ကလေးယူဖို့ စီစဉ်လာကြတယ်။
တစ်နေ့မှာ ဘန်က သူစိုက်ထားတဲ့ သစ်ပင်ကို လူမည်းလူငယ် ၂ ယောက်ဖျက်စီးနေတာကို တွေ့ပြီး ရဲတိုင်လိုက်ရာကနေ police brutality ဆိုတဲ့ရဲအင်အားအကြမ်းဖက်မှုဖြစ်ပြီး တရားခံသေဆုံးသွားပါတယ်။ ဒီအတွက်ဘန်ဟာ အပြစ်ရှိစိတ်တွေဝင်ပြီး ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုတွေကြုံလာရပါတယ်။ အားလုံးက ဝိုင်းကျဉ်နေကြတဲ့ ဒီပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ဘယ်လိုမျိုး survive လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမယ့် ကားကောင်းလေးဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Working Boys 2: Choose Your Papa (2023)
⭐IMDB: 4.5/10 (15 Votes)
🎬 #Comedy
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 24 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Working Boys 2 : Meet Your Papa (2023)
အလုပ်တက်နေရတဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်ဖွင့်ရက်မှာ ပင်ပန်းသမျှဖြေဖျောက်နိုင်မယ့်အခွီတစ်လိုင်းကားလေးဖြစ်တဲ့ Working Boys 2ဆိုတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ဖိလစ်ပိုင်ဆိုပေမဲ့ ဒရာမာတွေလျှော့ထားပြီး ဟာသဘက်ကိုပိုထားတာဆိုတော့ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေလည်း အဆင်ပြေပါကြောင်း။
ပျင်းတာမှ ပျင်းပါတယ်ဆိုတဲ့သူကပါ အဘခေါ်ရလောက်အောင် သွားတိုက်ဖို့တောင်ပျင်းနေလို့အမြဲခံတွင်းအနံ့ဆိုးနေတဲ့ ဘုရားစူးညစ်ပတ်အိုးလေး ဒရာမာကင်းဘီဘွိုင်းရင်သားကြီးနေတဲ့အစ်ကိုကို ဆေးကုပေးချင်ပေမဲ့ ပိုက်ဆံမရှိလို့ ရရာအလုပ်ကို အရလုပ်မယ့် အလုပ်သရဲလေး မက်ကွိုင်းအစ်ကိုအိမ်မှာ အလုပ်မလုပ် ခိုကပ်စားသောက်ရေသာခိုအချောင်လိုက်နေလို့ မရီးဖြစ်သူရဲ့အမြဲဆဲဆိုခံနေရတဲ့ အချောင်နေအချောင်စား ရွိုင်အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးနဲ့အဘွားကို ပြန်လုပ်ကျွေးချင်လို့ အလုပ်ရှာချင်တဲ့ မြေးလိမ္မာလေး မက်စ်ချမ်းသာပေမဲ့ ကိုယ့်အားကိုယ်ကိုးချင်တဲ့ မာမားဘွိုင်းလေးဖြစ်တဲ့ ဘီဂျေဒီလူလေးယောက် အလုပ်ရှာရင်းနဲ့ ဆန္ဒပြပွဲမှာ ရုန့်ရင်းဆန်ခတ်မှုထဲပါသွားပြီး အချုပ်ခန်းထဲမှာ ဖူးစာဆုံကြတဲ့အခါ…စခန်းကအရာရှိကြီးကို ဟင်းလာပို့တဲ့ သူတို့အားလုံးနဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဦးလေးပါပီတို့လင်မယားနဲ့ တွေ့ရပြီးတော့ဦးလေးကောင်းမှုနဲ့ အချုပ်ကလွတ်ပြီး သဘောကောင်းတဲ့ဦးလေးအိမ်မှာ ဦးလေးရဲ့မွေးစားသားဖြစ်တဲ့အားလုံးက ဇွတ်ကျားလေး လို့ထင်နေတဲ့ နီကီနဲ့အတူနေရဖို့ ဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ ထူးဆန်းတဲ့အကျင့်စရိုက်ကိုယ်စီနဲ့ ဒီလူ ၆ ယောက်ရဲ့ အလုပ်ရှာမယ့်ခရီးစဉ်မှာဘယ်လိုအလွဲအချော်တွေနဲ့ခွီရမလဲဆိုတာ အားလုံးအတူ ကြည့်လိုက်ရအောင်ပါ။
အညွှန်း န့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...
Jigarthanda Double X (2023)
⭐IMDB: 8.4/10 (3 k Votes)
🎬 #Action #Bollywood #Comedy #Drama #Western
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 50 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jigarthanda DoubleX (2023)IMDb-8.4/10
တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လို့ရပါတယ်ဗျ။ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။
၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖို့နဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကိုပေးပြီးအစိုးရအတွက် လျှို့ဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။
၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးကအက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖို့ကြိုးစားနေတဲ့အချိန်။
အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ်ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Alison's Choice (2015)
⭐IMDB: 4.9/10 (237 Votes)
🎬 #Comedy #Drama #Family
🗓 2015 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Alison’s Choice (2015)================
18 နှစ်ကောင်မလေး အယ်လီဆင်က သူ့ချစ်သူနဲ့ ကိုယ်ဝန်ရပြီးကိုယ်ဝန်ဖျက်ချဖို့ ဆေးခန်းကိုရောက်လာခဲ့တယ်။ ပထမဆုံးအကြိမ်မို့ စိုးရိမ်နေချိန် ယောက်ျားကြီးတစ်ယောက် သူ့ရှေ့ရုတ်တရက် ပေါ်လာတယ်။ ဝတ်စုံနဲ့ ကြမ်းသုတ်ဝတ်ကြောင့် သန့်ရှင်းရေးသမားလို့ထင်ထားတဲ့ အယ်လီဆင်က အဲဒီလူကြီးကို သူများတွေမမြင်ရမှန်းသိမှ လန့်သွားရတယ်။
နောက်တော့ အယ်လီဆင်နဲ့ အဲဒီလူကြီး စကားတွေပြောကြရင်းအဲဒီလူက တံခါးစောင့်မဟုတ်ဘဲ ဘုရားသခင်ဆိုတာ သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အယ်လီဆင် စိတ်တွေဇဝေဇဝါဖြစ်ပြီး ဘာကိုရွေးချယ်ဖို့ကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
100 Days of Sunshine (2018)
⭐IMDB: 7.2/10 (74 Votes)
🎬 #Comedy #Drama #Romance
🗓 2018 🎞 movie
🌎 #Vietnam #SouthKorea
⏰ 1 နာရီ 38 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အန်ဒွန်း က နာမည်ကြီး ဘလော့ဂါ တစ်ယောက် ဖြစ်ပြီးတော့သူ့မင်္ဂလာဆောင်ကို အကောင်းဆုံး ဖြစ်အောင် စီစဉ်ပြီးတော့ သူ့အမေနဲ့ ဖန်တွေကို ပျော်စေချင်တာပါ။
နက်မင်ကတော့ အလုပ်မရှိ အကိုင်မရှိ ဂိမ်းကစားနေတဲ့လူ ဖြစ်ပြီးတော့သူ့ညီလေးဆီမှာ ခိုကပ်စားသောက်နေရတာပါ။
တစ်နေ့တော့ အန်ဒွန်းဆီမှာ ဦးနှောက်ကင်ဆာ ဖြစ်ပြီးနက်မင်ဆီမှာတော့ ကျောရိုးကင်ဆာ ဖြစ်လာခဲ့ပါတယ်။တိုက်ဆိုင်လိုက်တဲ့ ကံကြမ္မာကတော့ သူတို့နှစ်ဗဘာက်ကို တစ်ဆေးရုံတည်းမှာ ဆုံဆည်းစေခဲ့ပါတယ်။
ဒီရောဂါကြောင့် စေ့စပ်ပွဲ ပျက်သွားတဲ့ အန်ဒွန်း ကသူ့ညီလေးကို ဆိုင်ဖွင့်ပေးချင်တဲ့ နက်မင် ကို ဟန်ဆောင်လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ချိန်မှာတော့ရောဂါသည် နှစ်ယောက်ရဲ့ ရက် ၁၀၀ မကျော်တဲ့ နောက်ဆုံးချိန်မှာဘယ်လိုအခိုက်အတန့်လေးတွေ ဖြစ်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့SanDaKuuပဲ ဖြစ်ပါတယ်။...
Alone (2020)
⭐IMDB: 6.2/10 (26 k Votes)
🎬 #Horror #Thriller #Drama #Mystery
🗓 2020 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ထွက်ရှိထားတာမကြာသေးတဲ့ Thrillerဇာတ်ကားကောင်းတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဂျက်စီဆိုတဲ့ကောင်မလေးဟာ
အတိတ်တုန်းကဖြစ်ပျက်ခဲ့တဲ့ဆိုးရွားတဲ့ကိစ္စတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက်ပါ ဒါပေမယ့် အရာအားလုံးကိုမေ့ဖျောက်ပစ်လိုက်ဖို့အတွက်
သူမနေတဲ့မြို့ကနေတစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ် သူမခရီးထွက်နေရင်းလမ်းမှာလူတစ်ယောက်နဲ့အမှတ်မထင်ဆုံခဲ့ရပါတယ်
သို့ပေမယ့် မကြာခင်မှာပဲ အဲ့ဒီလူကသူ့ကိုနောက်ယောင်ခံလိုက်နေတယ်ဆိုတာကို သတိထားမိလိုက်တဲ့အခါမှာတော့………
လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုကို Spoil မိသွားမှာစိုးလို့ ဒီလောက်နဲ့ပဲအညွှန်းကိုရပ်လိုက်ချင်ပါတယ်
သေချာတာကတော့ Thriller ဇာတ်ကားတစ်ကားအနေနဲ့ သူ့ရဲ့ ရသကို အပြည့်အဝပေးစွမ်းနိုင်တယ်ဆိုတာပါပဲ ကြည့်နေရတဲ့သူတောင်မွန်းကြပ်ပြီး ဇာတ်လမ်းထဲ
ကိုယ်တိုင်ပါဝင်နေရသလို ခံစားရစေမှာပါ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ
File Size – 1 gbQuality – web-dl 1080pSubtitle – burmeseTranslator – Thet Hnin SuEncoder – Thit San KhantYoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
The Santa Clauses (2022-2023)
⭐IMDB: 6.3/10 (10 k Votes)
🎬 #Comedy #Family #Drama #Fantasy
🗓 2022-2023 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 29 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Santa Clauses – Season (01), (02)The Santa Clauses – Season (01), (02)===========================
Your browser does not support the video tag.IMDb Rating – 6.3/10♪ Jingle bells, Jingle bells, Jingle all the way ♪ခရစ်စမတ်ရာသီရောက်လာရင် ဆန်တာကလော့စ်ရဲ့ ဇာတ်လမ်းလေးတွေကိုကြည့်ရတာ မရိုးနိုင်တဲ့ ရိုးရာတစ်ခုဖြစ်လိုနေပါပြီ။ အခုနှစ်မှာတော့ Disney+ကနေ The Santa Clauses ဆိုတဲ့ ခရစ်စမတ်ရာသီစာ comedy-fantasyစီးရီးတစ်ခုကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ဒီစီးရီးက ၂၀၀၀ ခုနှစ်ဝန်းကျင်တွေက ထွက်ရှိခဲ့တဲ့ The Santa Clause (1)(2)(3) ရုပ်ရှင်တွေရဲ့ အဆက်လို့လည်း ပြောလို့ရပါတယ်။ အခုစီစန်မှာတော့ ဆန်တာကလော့စ်ရာထူးကို နောက်ဆုံးလက်လွှဲယူထားတဲ့သူက စကော့ကယ်လ်ဗင်ပါ။သူက အသက် ၆၅ နှစ် ရှိနေပြီဖြစ်တာမို့ သူ့ရဲ့မှော်အစွမ်းတွေ တဖြည်းဖြည်းကျဆင်းလို့လာနေပါပြီ။ ဒါကြောင့် သူပင်စင်ယူပြီးရင် သူ့ရဲ့ ဆန်တာရာထူးကို ဆက်ခံနိုင်မဲ့လူကို ရှာပုံတော်ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း သူအချိန်မပေးနိုင်ခဲ့တဲ့မိသားစုကို တောင်ဝင်ရိုးစွန်းဒေသမှာ စွန့်စားခန်းတွေဖွင့်နိုင်ဖို့ ပြင်ဆင်ပေးရဦးမှာပါ။ဒီတော့ ဒီစီစန်က စကော့ရဲ့နေရာမှာ ဆက်ခံနိုင်မဲ့ နောင်တက်လာမဲ့ ဆန်တာကလော့စ်ကဘယ်သူဖြစ်လာမလဲဆိုတာကို စောင့်ကြည့်သွားရမယ့် စီစန်တစ်ခုပဲ ဖြစ်ပါတယ်။တစ်ပတ်(၂)ပိုင်းနှုန်းဖြင့် စုစုပေါင်း(၆)ပိုင်းထွက်ရှိမယ့် ဒီစီးရီးကို cm မှအပတ်စဥ်တင်ဆက်ပေးသွားပါမယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine မှ ရေးသားပေးထားပါတယ်။)...
Fight Club (1999)
⭐TMDB: 84.0% User Score
🎬 #Drama
🗓 1999 🎞 movie
🌎 #USA #Germany #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 19 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb…ကလည်း..8.8 ရထားတယ်…RT မှာ 79% ရထားတယ်။
ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်…..သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ….ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ်
“ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ် တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်”တဲ့
ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။)...
Terror Lake Drive (2020- )
⭐IMDB: 5.3/10 (167 Votes)
🎬 #Drama #Mystery #Crime #Thriller
🗓 2020- 🎞 tv mini series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 38 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Terror Lake Drive – Season (01)Terror Lake Drive – Season (01)
========================ကြောက်စရာရေကန်လမ်း တဲ့ . . .
နာမည်ကတော့ လှလှပပပဲ။ အဲဒီရေကန်ထဲမှာ ကျွန်ဘဝက လွတ်မြောက်လာပြီး
ကိုယ်ပိုင်စီးပွားရေးကို အောင်မြင်အောင်စခဲ့တဲ့ သမိုင်းထဲက လူမည်းတစ်ဦး သေ
ဆုံးနေခဲ့ဖူးတယ်။ သူ့နာမည်က Mr Teror ပေါ့။ ကြောက်မက်ဖွယ်ရာ ဆိုတဲ့ စကား
လုံးနဲ့ အက္ခရာ R တစ်လုံးပဲကွာတယ်။ သူ့နာမည်က Teror။ ကြောက်စရာဆိုတဲ့
စကားလုံးက Terror။ ဒီတော့ သူ့နာမည်ကို အစွဲပြုပြီးတော့ ရေကန်လမ်းကို နာမည်
ပေးလိုက်တော့ စာလုံးပေါင်းကွဲပေမယ့် ကြားရသူတိုင်းက အသံတူတာကိုပဲကြားပြီး
ကြောက်စရာရေကန်လမ်းရယ်လို့ပဲ ထင်ကြပါသတဲ့။ ဇာတ်လမ်းအရလည်း အဲဒီရေ
ကန်လမ်းဘေးတဝိုက်မှာ ကြောက်စရာအဖြစ်တွေဖြစ်ခဲ့လို့ ကြောက်စရာရေကန်လမ်း
လို့ပဲ ခေါ်လိုက်ကြပါစို့ရဲ့။
Your browser does not support the video tag.အဲဒီ မစ္စတာ တဲရာ က သူ့ရဲ့ စီးပွားအောင်မြင်မှုကို မရှုဆိတ်တဲ့ လူဖြူတစ်ချို့က လုပ်
ကြံသတ်ဖြတ်တာ ခံခဲ့ရတာ။ ဒီလိုနဲ့ ဒီရေကန်ရယ် ရေကန်ဘေးကလမ်းရယ်က ဒီလို
နာမည်ဖြစ်လာခဲ့တယ်ပေါ့။ ဒီဘက်ခေတ်ရောက်တဲ့အခါမှာ အဲဒီရေကန်ဘေးက စိုက်
ပျိုးရေးကွင်းပြင်က အငှားတိုက်ခန်းတွေပါတဲ့ အဆောက်အဦးကြီးဖြစ်လာတယ်။
အဲဒီထဲက တိုက်ခန်းတစ်ခုထဲကို ဘယ်တီမိုးကပြောင်းလာတဲ့ သားအမိနှစ်ယောက်
ငှားပြီးနေကြတယ်။ အမေလုပ်သူက လူသစ် အလုပ်သစ် စိတ်သစ် နေရာသစ်နဲ့ ဘဝ
သစ်ပြန်စချင်သူ။ သူ့သားလေးကတော့ အရင်နေရာ အရင်မိသားစုကမ္ဘာလေးကိုပဲ
ပြန်လွမ်းမောနေသူပေါ့။ဒီလိုနဲ့ ရန်ဖြစ်လိုက် ပြန်တည့်လိုက် အမေတစ်ခု သားတစ်ခု မိသားစုလေးက အဲဒီတိုက်
ခန်းမှာ အခြေချ ဘဝသစ်စနေပေမယ့် သူတို့အတွက် ကံကြမ္မာဆိုးတွေက တောက်လျောက်
ကပ်ပါလာပါတယ်။ ခင်ပွန်းမရှိတော့တဲ့ မိခင်က အချစ်သစ်ကိုရှာဖွေရင်း ကြုံလာတဲ့လူတွေ၊
ဖြစ်လာတဲ့အဖြစ်တွေရယ်၊ နေရာသစ် ကျောင်းသစ် သူငယ်ချင်းအသစ်တွေနဲ့ အထိုင်မကျ
နိုင်တဲ့ သားလုပ်သူက ကျောင်းမှာ ထူးထူးဆန်းဆန်းတွေမြင် ထူးထူးဆန်းဆန်းတွေလုပ်လာပြီး
အရင်ပြနေကြ စိတ်ရောဂါကုထုံးတွေ ပြန်လိုလာမှာလားဆိုတာတွေ ကြည့်ရှုရပါမယ်။ဒီစီးရီးက ထွက်ရှိထားတာ စီစင်နှစ်ခုရှိပါတယ်။ တတိယစီစင်ကတော့ တင်ဆက်နေဆဲပါ။
အပြီးထိ တင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ ပထမစီစင်မှာ ခြောက်ပိုင်း
ရှိပြီး ပထမသုံးပိုင်းလောက်က ဇာတ်အိမ်တည်ပြီး မိသားစုကိစ္စလေးတွေပဲ ရိုက်ပြထားလို့
စိတ်ဝင်စားဖွယ်အခန်းတွေရောက်အောင် နည်းနည်း သည်းခံစောင့်ဆိုင်းကြည့်ရှုဖို့လိုပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
Arr Khun Winchester ဖြစ်ပါတယ်။)...
Cyberbunker: The Criminal Underworld (2023)
⭐IMDB: 6.5/10 (905 Votes)
🎬 #Documentary #Crime
🗓 2023 🎞 movie
🌎 #Germany
⏰ 1 နာရီ 42 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီ Documentaryဟာ အင်တာနက်ခေတ်ဦးကာလကနေ စလို့
ဒီဘက်ခေတ်အထိ နည်းပညာရပ်ဝန်းမှာ အတော်လူသိများတဲ့
Cyberbunkerလို့ ခေါ်တဲ့ Server hostတစ်ခုအကြောင်းပါ။
သူတို့ရဲ့serverကို သုံးစွဲသူတွေ အတော်လေးများခဲ့သလို အဲဒီ
ဆာဗာတွေကို သုံးစွဲတဲ့ရည်ရွယ်ချက်တွေကလည်း မျိုးစုံပါပဲ။
ဒီHosting serviceကို တည်ထောင်ခဲ့သူက နယ်သာလန်သား
ဟာမန်းဇန့်တ် ဖြစ်ပြီး သူတို့ရဲ့ ရုံးချုပ်ကြီးကို ဂျာမဏီနိုင်ငံမှာ
ရှိတဲ့ ထရာဘန်ထရာဘာ့ခ်မြို့လေးက World War2လက်ကျန်
ဘန်ကာကြီးတစ်ခုထဲမှာ ဖွင့်ထားတာဖြစ်လို့ Cyber- Bunker
ရယ်လို့ခေါ်တာပါ။
သူတို့ရဲ့ဆာဗာတွေကို လွတ်လွတ်လပ်လပ်သုံးခွင့်ပေးထားတယ်
ဆိုပေမယ့် လွပ်လပ်မှုရဲ့ နောက်ကွယ်မှာကပ်ပါလာတဲ့ ဒုစရိုက်မှု
မှောင်ခိုလုပ်ငန်းတွေ ရှိနေတာကို ရိပ်စားမိတဲ့ အာဏာပိုင်တွေက
အဲဒီဆာဗာတွေနဲ့ ဒေတာတွေကို စီးနင်းသိမ်းပိုက်ဖို့ ကြိုးစားရင်း
Cyberbunkerရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်
မိသွားပါတော့တယ်။...
Green Night (2023)
⭐IMDB: 5.9/10 (106 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #China #HongKong
⏰ 1 နာရီ 32 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Green Night (2023)
ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ Fan Bing Bing နဲ့ Lee Joo Young တို့အဓိက cast အနေနဲ့ ပါဝင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်
ကိုရီးယားလေဆိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ တရုတ်အမျိုးသမီး ကျင်းရှားဟာလေဆိပ်မှာ မူမမှန်တဲ့ မိန်းကလေးတစ်ယောက်ကို သံသယဝင်တာကနေ နောက်ဆက်တွဲတွေအများကြီးကြုံတွေ့လိုက်ရပါတော့တယ်
ပိုက်ဆံအရမ်းလိုနေတဲ့ ကျင်းရှားဟာ အဲဒီမိန်းကလေးနဲ့ ပတ်သက်မိပြီး ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိတဲ့အခါမှာအမျိုးသမီးနှစ်ယောက်ရဲ့ ဇာတ်သိမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်…
ထူးခြားတာလေးတစ်ခုကတော့ အမျိုးသမီးနှစ်ယောက်ကို ပုံဖော်တဲ့နေရာမှာ သာမန်ပတ်သက်မှုမျိုးထက်အဆင့်ကျော်တဲ့ ဇာတ်ကွက်တွေကို ပြသွားတဲ့အတွက် ရင်တလှပ်လှပ်နဲ့ ရှုစားရမှာဖြစ်ပါတယ်..အများကြီးမပြောတော့ဘူး Fan Bing Bing တို့ ကိုရီးယားမှာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဆိုတော့အမိုက်စားဖြစ်မှာ အသေအချာပါပဲ ကြည့်လိုက်ကြပါဦးနော်
အညွှန်း န့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...
The Last Resort (2023)
⭐TMDB: 80.0% User Score
🎬 #Adult #Drama
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 8 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Last Resort (2023)
ပရိသတ်အခိုင်အမာရှိပြီးသား Vivamax တို့ AQ Prime တို့လို Streaming လောကထဲကိုတိုးဝင်လာတဲ့ Platform အသစ် Goblin Films ရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်ပါတယ်။ ကားနာမည်က The Last Resort ပါ။
ဇာတ်ကားထဲမှာတော့ အလုပ်ကိုဦးစားပေးလွန်းပြီး ခင်ပွန်းကို၊ အိမ်ထောင်ရေးကိုအချိန်မပေးနိုင်တဲ့အိမ်ရှင်မ၊ အဲဒါကို အကြောင်းပြပြီး ခင်ပွန်းဖြစ်သူဖောက်ပြန်တဲ့အထိဖြစ်သွားတဲ့ ဇနီးမောင်နှံနှစ်ယောက် သူတို့အိမ်ထောင်ရေးကိုပြန်အဖတ်ဆည်ဖို့ ကုထုံးပညာရှင်နဲ့တိုင်ပင်၊ အချစ်တွေကိုပြန်နွှေးဖို့ အပန်းဖြေခရီးထွက်ကြပါတယ်။
သူတို့သွားတဲ့ Resort နာမည်က The Last Resort လို့ခေါ်ပါတယ်။ သူတို့မတိုင်ခင် အပန်းဖြေသွားတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့မှာလည်း ကောင်မလေးတစ်ယောက်အမူးလွန်အိပ်ပျော်နေချိန် ညဘက်မှာ ကာမဘီလူးစီးခံလိုက်ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ဖူးပါတယ်။ အချစ်တွေကိုပြန်ဖာထေးဖို့ခရီးထွက်လာတဲ့ သူတို့ဇနီးမောင်နှံရော ဘာတွေကြုံကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။
Vivamax လို Mainstream လိုင်းထက် Indie ဘက်ကိုနွယ်ပုံရပြီး သရုပ်ဆောင်တွေကလည်း Indie ကားဘက်ကလူတွေပါ။ Vivamax ထက်အပြတွေ ပိုမိုကြမ်းတမ်းပါတယ်။ ခုတော့ အဲဒီကုမ္ပဏီက ပျက်သွားပြီဖြစ်လို့ သူတို့ရဲ့ ပထမဆုံးကားနဲ့ နောက်ဆုံးကားလေးကို အသစ်အဆန်းတစ်ခုအနေနဲ့ ခံစားကြည့်လိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
The Archies (2023)
⭐IMDB: 6.4/10 (5 k Votes)
🎬 #Bollywood #Comedy #Drama #Musical #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 23 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Archies (2023) “အိပ်မက်မြို့လေးက လူငယ်ဘဝ”
Netflix က အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောteen musical comedy ဖြစ်ပြီး ရှရွတ်ခန်းရဲ့သမီးချောလေးဖြစ်တဲ့ ၂၃နှစ်အရွယ် မင်းသမီးအသစ်စက်စက်လေး ဆူဟာနာခန်းနဲ့ အမီတာဘဂျမ်းရဲ့မြေးအဂတ်စ်တယနန္ဒတို့ပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“အာချီ” ကာတွန်းက တီးဝိုင်းတစ်ခုဖြစ်တဲ့ “The Archies” ဆိုတဲ့ တီးဝိုင်းအဖွဲ့ကို အခြေခံရိုက်ကူးထားတာပါဇာတ်လမ်းကတော့ ရွှေခေတ်လို့ ခေါ်ကြတဲ့ ၁၉၆၀ များ ကာလမှာ တည်ထားပြီး ရေးဗားဒေးဆိုတဲ့စိတ်ကူးယဥ်သုခဘုံ မြို့လေးက အာချီနဲ့အတူ ဆယ်ကျော်သက်ကျောင်းသားလေးတွေရဲ့ အချစ်ရေးရာ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးနဲ့ လူငယ်သဘာဝ အဖြစ်အပျက်လေးတွေကို ပေါ့ပေါ့ပါးပါး ဖော်ပြထားတာပါ
ရေးဗားဒေးမှာ Green Park လို့ခေါ်တဲ့ စိမ်းစိုစိုတောင်ကုန်းလေးမှာ နှစ်စဥ်နှစ်တိုင်း သစ်ပင်စိုက်ပွဲကျင်းပလေ့ရှိပြီး သဘာဝကို တန်ဖိုးထားသူတို့ ပျော်စံရာ သုခဘုံလေးဖြစ်ပါတယ် မြို့သူမြို့သားပိုင် ဌာနေအဖြစ် သတ်မှတ်ထားပေမယ့်လည်း ဒါကို တစ်နေ့မှာ မစ္စတာလော့ဒ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြို့ရဲ့အချက်အချာဖြစ်တဲ့ Green Park မှာ ဟိုတယ်ဆောက်ဖို့ အာဏာပိုင်တစ်ချို့နဲ့ ကြံပါတော့တယ်
ဒါကို သဘာဝ အလှတရား ချစ်မြတ်နိုးတဲ့ ဆယ်ကျော်သက်ကလေးတွေက သူတို့တန်ဖိုးထားတဲ့ အိပ်မက်မြို့လေး ရေးဗားဒေး စီးပွားရေးသမားလက်ထဲ မရောက်အောင် ဘယ်လို အဖြေရှာ ကယ်တင်ကြမလဲ အာချီရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကရော ဘာလဲ ဘယ်လဲ ဆိုတာကို Netflix ထုံးစံအတိုင်း teen အငွေ့အသက်အပြည့်နဲ့ set design နောက်ခံသီချင်းစုံလင်စွာ ရိုက်ကူးတင်ဆက်ထားတာကို ပေါ့ပေါ့ပါးပါး ကြည့်ရမှာဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Vikram Vedha (2017)
⭐IMDB: 8.2/10 (50 k Votes)
🎬 #Action #Bollywood #Crime #Drama #Thriller
🗓 2017 🎞 movie
🌎 #India
⏰ 2 နာရီ 20 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင်လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာအမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူးဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့ဒေါင်းရကျိုးနပ်စေရမည်ဗျာ့
ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်းရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ်
ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလိုအဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီးလူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာမိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ငါလူဆိုးပါဆိုတာနဖူးမှာစာရေးထားသလို ဖြစ်နေအောင် လုပ်ထားမယ်လို့ မျှော်လင့်ထားတာအိန္ဒိယ ဒါရိုက်တာတွေညံ့ချက် လူမိုက်ရဲ့ ငယ်ဘဝတွေ ညီအစ်ကို သံယောဇဉ်တွေနဲ့ လူမိုက်မှာလည်းဘဝရှိကြောင်းကို အချိန်ကုန်ခံတင်ဆက်ပေးထားသေးတယ် ?
နောက်ဆုံး အကြိုက်တွေ့မိတဲ့ စကားလုံးလေးတစ်ခုလည်း ပြောသွားသေးတယ်ဗျ
” ဘဝဆိုတာ ငရဲထဲက ဟာသ တစ်ခု မဟုတ်လား ”
ဇာတ်လမ်းလေး နည်းနည်း ညွှန်းရအောင်
Vikram – ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို့ အခွှင့်ရေးရရင်တောင် အသေတွယ်တဲ့ရဲ
ငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက်
ရဲဆိုတာ လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ်
လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်က
Vedha – လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစား
ကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစား
တခြား မှောင်ခိုကောင်တွေက ကလေးတွေကို အသုံးချပြီး ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာကို မကြိုက်ဘူး အမြဲတန်း ပြသနာတတ်ရတဲ့ လက်မရွံလူစား (စကားလုံးနဲ့ မပြောဘူး လုပ်ရပ်နဲ့ပြသွားတယ် ? )
အဲ့ဒီလို ဗီဒဟ် ဘယ်ရဲမှ သူ့ကို ဖမ်းဖို့မပြောနဲ့ အနံ့တောင် ခံလို့ မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ်ဘာကြောင့်ပါလဲ့
Vikram နောက်ဆုံး စီနင်းမှုမှာ ပစ်သတ်လိုက်တဲ့ အထဲမှာ သူ့ညီပါသွားလို့ပဲဒုစရိုက်မှုတွေနဲ့ ဝေးဝေးမှာနေတဲ့ Vedha ရဲ့ညီ ဘာကြောင့် လူမိုက်တွေကြားထဲ အသတ်ခံလိုက်ရတာလဲဘာကြောင့် သူရှိတဲ့နေရာကို ရဲတွေသိသွားတာလဲ့
Vikram နဲ့ Vedha တို့ ထိပ်တိုက်တွေ့မှုက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့
” ကျူးလွန်တဲ့သူကို အပစ်ပေးမလား့ စေခိုင်းတဲ့သူကို အပစ်ပေးမလား ”
#ဇာတ်ဝင်တေး အကြွကြီးကလည်း အားရစရာပါပဲ
(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Anastasia (1997)
⭐TMDB: 76.0% User Score
🎬 #Adventure #Animation #Drama #Family #Fantasy #Musical #Mystery #Romance
🗓 1997 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anastasia (1997)=============IMDb Rating – 7.1/10
20th Century Studios ရဲ့ လက်ရာတဖြစ်လည်း ရုရှားမင်းသမီးအန်နာစတေးရှားရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ Animationဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Animated movie တစ်ပုဒ်အနေနဲ့IMDb 7.1 အထိ ရထားတယ်ဆိုကတည်းက ခေသူလက်ရာတော့မဟုတ်လှပါဘူး။ ၂၀ရာစုအစောပိုင်း ဥရောပတိုက်ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် Russia နဲ့France၊ Moscow နဲ့ Paris ကြားက ပထဝီဝင်ဆိုင်ရာ ဆက်နွယ်နေမှုတွေကိုလှပစွာသရုပ်ဖော်ရိုက်ကူးထားတဲ့ Musical/ Adventure ရုပ်ရှင်အမျိုးအစားလေးပါ။
ရုရှားတော်လှန်ရေးကာလမှာ တော်ဝင်မျိုးနွယ်အများအပြား သွေးချောင်းစီးခဲ့စဉ်က ထွက်ပြေးလွတ်မြောက်လာနိုင်သူရယ်လို့ ကောလဟာလနဲ့ နာမည်ကျော်တဲ့မြို့စားမင်းသမီး Anastasia Nikolaevna ရဲ့ ဘဝစွန့်စားခန်းကို Bluth၊ Fox နဲ့20th Century Studios တို့က တစ်ဖန်ပြန်လည်စိတ်ကူးပုံဖော်ထားပြီး အကယ်ဒမီဆုပေါင်းများစွာအတွက် ဆန်ကာတင်နိုင်ခဲ့ကာ ဝင်ငွေသန်း ၁၄၀ ကျော်အထိရရှိခဲ့တာပဲဖြစ်ပါတယ်။
” စပ်စပ်စုစုမေးတယ်လို့တော့ ထင်လိမ့်မယ် ဒါပေမယ့် နန်းတော်ဝင်စီးခံရတုန်းကဘယ်လိုလွတ်လာခဲ့တာလဲ ” ၊ ” လက်ဖက်ရည်ကို ဘယ်လိုလေးမှကြိုက်တတ်လဲ ” ….ဒီမေးခွန်းတွေကို မှန်အောင်ဖြေနိုင်ဖို့ ကြိုးစားကြတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေးပေါ့။နန်းတော်ကြီးတစ်ခုလုံး အမဲဖျက်ခံခဲ့ရတဲ့ညမှာ ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦးပဲရှိပါတယ်။ ဘွားတော်ဘုရင်မကြီးဟာ အတူထွက်ပြေးလာပြီး ခရီးဆုံးအထိအတူမလိုက်နိုင်ခဲ့သူ မြေးမလေးကို ရှာနေတယ်ဆိုတဲ့ သတင်းက ဆုကြေးငွေဆယ်သန်းကြောင့် ဟိုးလေးတကျော်ကျော်ပါပဲ။ စားဖိုဆောင်မင်းစေဘဝနဲ့ ကြီးပြင်းလာပြီးတော်လှန်ရေးကြောင့် လမ်းဘေးရောက်ခဲ့ရတဲ့ Dimitri ရဲ့အကြံအတိုင်း ပဲရစ်ကဘွားတော်ဘုရင်မကြီးကို အယုံသွင်းဖို့ Anastasia နေရာမှာ သရုပ်ဆောင်ပေးနိုင်မယ့်မိန်းကလေးတစ်ယောက်ကို ရှာဖွေနေကြရင်း … အတိတ်မေ့နေတဲ့ Anya ဆိုသူ မိဘမဲ့ကောင်မလေးနဲ့ ဆုံဖြစ်တဲ့အခါ …. ချောင်းကိုရှာရင်း မြစ်ကိုတွေ့ပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...
Bajrangi Bhaijaan (2015)
⭐IMDB: 8.1/10 (96 k Votes)
🎬 #Action #Adventure #Bollywood #Comedy #Drama
🗓 2015 🎞 movie
🌎 #India
⏰ 2 နာရီ 41 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bajrangi Bhaijaan (2015)——————————မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကိုဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲမှာတသသကျန်ရှိစေပါတယ်။ IMDb Rating 8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်း
အိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ပဝန်ဟာ ကရုဏာသက်မိရင်းကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာနောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအားထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။
ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာအိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင်မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။
ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့်ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့်သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီးသံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့ပဝန်ဟာ ပါကစ္စတန်နိုင်ငံဆီ သွားရောက်ပြီးမွန်နီ့မိဘတွေကိုရှာဖွေခန်းဖွင့်ပြီး ပြန်လည်ဆုံတွေ့နိုင်စေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
တကယ်တမ်းတော့ဇာတ်ကားလေးဟာအညွှန်းနဲ့အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။ပဝန်တစ်ယောက် ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ခဲ့ပုံ၊မိဘရှာတော်ပုံတွေနဲ့အတူမွန်နီလေးတစ်ယောက်သူ့မိဘနဲ့ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ပဝန်ရဲ့ဘဝနဲ့အချစ်ရေးသာမက စိတ်ထားမြင့်မြတ်မှုတွေကလည်းအတုယူစရာကောင်းလှပါတယ်။လူသားစစ်စစ်တစ်ယောက်အဖြစ် ပဝန်ရဲ့ကရုဏာကြီးမားမှုတွေ၊ပါကစ္စတန်နိုင်ငံသို့ဝင်ရောက်ဖြတ်သန်းမှုတွေ၊သွေးသားမတော်စပ်သူတစ်ဦးအတွက်ဒုက္ခပေါင်းများစွာဖြတ်သန်းခဲ့ပုံတွေကတော့မျက်ရည်မခိုင်သူအဖို့ပင်လယ်ထွန်းမယ့်ဇာတ်ကားမျိုးပါ။ဒါ့ပြင်အမြင်မတူအသွင်မတူဘာသာမတူနိုင်ငံသားချင်းမတူကြပေမဲ့မေတ္တာတရားဟာကမ္ဘာ့လူသားတရားတော်ဆိုတာကိုဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။
(ရုပ်ရှင်အညွှန်းကို လင်းခယံ မှရေးသားထားပြီး ရုပ်ရှင်ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)...
I'll Show You Mine (2022)
⭐IMDB: 6.7/10 (49 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
I’ll Show You Mine (2022)===================IMDb Rating – 6.7/10
လူတိုင်းမှာ လျှို့ဝှက်ချက်တစ်ခုစီတော့ရှိစမြဲပါပဲ။ မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေ၊အရင်းနှီးဆုံးသူငယ်ချင်းတွေကိုတောင် ထုတ်မပြောဖြစ်တဲ့ လျှို့ဝှက်ချက်တွေထဲကမှအနက်နဲဆုံးအလျှို့ဝှက်ဆုံးအရာတွေပေါ့။ ဒီဇာတ်ကားထဲမှာတော့ အဲလိုလျှို့ဝှက်ချက်မျိုးတွေထဲကမှ လိင်ပိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေကို တူဝရီးနှစ်ယောက်တိုင်ပင်ပြောဆိုကြတဲ့ပုံစံနဲ့ ကြည့်ရှုရမှာပါ။ ပါဝင်တဲ့အသုံးအနှုန်းနဲ့ ပြကွက်တချို့ကြောင့် ကလေးသူငယ်တွေ၊ မိသားစုတွေနဲ့ အတူကြည့်လို့ရမဲ့ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ဇာတ်ညွှန်းကတော့ဒီလိုပါ။ နစ်ခ်က Pansexual မော်ဒယ်ဟောင်းတစ်ယောက်။ လက်ရှိမှာတော့ အပြာကာတွန်းရေးဆရာအဖြစ် အသက်မွေးတယ်။ သူ့ရဲ့အဒေါ်ပရီယာ(ဦးလေးအရင်းရဲ့မိန်းမ)က စာရေးဆရာမ။ တစ်နေ့ကျ သူ့စာမူကြမ်းအတွက် အိမ်ကိုဖိတ်ပြီး နစ်ခ်ရဲ့Pansexuality နဲ့ အလုပ်အကိုင်အကြောင်း၊ ဘဝအကြောင်းတွေ အင်တာဗျူးတယ်။တစ်ကားလုံး လူနှစ်ယောက်တည်းစကားပြောသွားတာဆိုပေမဲ့ လူတွေရဲ့တကယ့်အမှောင်ဘက်ခြမ်း၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူ့အသိုင်းအဝိုင်းမှာ ရှက်စရာလို့သတ်မှတ်ပြီး တော်ရုံတန်နဲ့ ပါးစပ်ကနေတောင် ထုတ်ပြောလေ့မရှိကြတဲ့ လျှို့ဝှက်ချက်တွေ၊ ကလေးဘဝတုန်းကရင်းနှီးသူတွေဆီကနေ ကိုယ်တိုင်တောင်မသိဘဲ Abuseလုပ်ခံရတာတွေကို ပါးပါးနပ်နပ်ချပြသွားတာမျိုးပါ။ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Moscow Mission (2023)
⭐TMDB: 63.0% User Score
🎬 #Action #Crime #Drama #Thriller
🗓 2023 🎞 movie
🌎 #China
⏰ 2 နာရီ 8 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာအရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေကစီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကိုသယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးကတကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့……အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကိုကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်
ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမားမော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကိုတရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။...
Obliterated (2023- )
⭐IMDB: 6.5/10 (4 k Votes)
🎬 #Comedy #Action #Adventure #Drama
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 58 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Obliterated (2023)Obliterated (2023)
==============
IMDb Rating – 6.5/10Action, Comedy အမျိုးအစား ကြိုက်တဲ့သူတွေအတွက် တကယ့် ရွှေဖြစ်မယ့်
ဇာတ်လမ်းတွဲလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။ Hangover လို ပေါက်တတ်
ကရလုပ်တဲ့ ရုပ်ရှင်မျိုးနဲ့ Seal Team လိုမျိုး အထူးတပ်ဖွဲ့ကို ရောသမမွှေထားတဲ့
ဇာတ်လမ်းတွဲပါ။ တကယ်လည်း ရယ်ရသလို၊ အက်ရှင်ပိုင်းကလည်း အဆင်ပြေ
ပြေနဲ့ ကြည့်လို့ကောင်းပါတယ်။
Your browser does not support the video tag.(၁၈+ ပြကွက်တွေ၊ အဖော်အချွတ်တွေ၊ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ
ဖောဖောသီသီပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်
အသိပေးလိုက်ချင်ပါတယ်။)ဇာတ်လမ်းအကျဥ်း
—————-
လပ်ဗေးဂတ်စ်မှာ အဏုမြူဗုံးတိုက်ခိုက်မယ်လို့ သတင်းရတဲ့အတွက် အေဗာဝန်း
တားနဲ့ အထူးတပ်ဖွဲ့ဟာ စီးပွားရေးသမား အိုင်ဗန် ခေါ့စလော့ကို ဝင်ရောက်ဖမ်းဆီး
ခဲ့သလို အဏုမြူဗုံးကိုပါသိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ မစ်ရှင် အောင်မြင်ပြီဆိုပြီး
အေဗာတို့ အဖွဲ့သားတွေလည်းပါတီကျင်းပပြီး မီးကုန်ယမ်းကုန် ကဲကြပါတော့တယ်။
ဒါပေမယ့် တကယ်တမ်း သူတို့ သိမ်းဆည်းရခဲ့တဲ့အဏုမြူဗုံးဟာ အတုဖြစ်နေပြီး
ခေါ့စလော့ကို မလွှတ်ပေးရင် လပ်ဗေးဂတ်စ်မြို့ကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုပြီး ခေါ့စ
လော့ရဲ့ လူတွေက ခြိမ်းခြောက်လာပါတယ်။ ဒါကို အေဗာတို့အဖွဲ့သားတွေ ဘယ်လို
ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ဟာသတွေ၊ တလွဲတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်
အပိုင်း(၈)ပိုင်းပါဝင်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)...
