无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Anveshi (2023) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Bollywood #Romance #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anveshi (2023) သရဲခြောက်သောဆေးရုံကြီး ဒီတစ်ခါမှာတော့ IMDb 6.4/10 ရှိတဲ့ Romance & Thrillerဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရွာလေးတစ်ရွာရဲ့ ဆေးရုံတစ်ရုံဟာ ဝါယာရှော့ဖြစ်ပြီး မီးလောင်သွားရာကနေမီးထဲမှာပါသွားတဲ့ ဒေါက်တာတစ်ယောက်ဟာ သရဲအဖြစ်နဲ့ရှိနေပြီး လိုက်ခြောက်နေတယ်လို့သတင်းတွေထွက်နေပါတယ်။ ဒီလိုနဲ့ ပညာမတတ်တဲ့ရွာသားတွေဟာလည်း ဘယ်သူကဘာပြောပြော မျက်စိစုံမှိတ်ပြီး ယုံတတ်ကြတော့ ပိုပြီးတော့ ဆိုးတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ဆေးရုံရှေ့မှာတင် လူတစ်ယောက်သေဆုံးသွားရာကနေ ကိစ္စတွေက ပိုပြီးတော့ဆိုးရွားလာခဲ့ပြီးတော့ ညဘက်ဆို လူခြေတိတ်သွားတဲ့အထိ ဘယ်သူကမှ အပြင်မထွက်ရဲကြတော့ပါဘူး။ဒီလိုသရဲကိစ္စကို ယုံကြည်တဲ့သူတွေထဲမှာ ရဲအရာရှိဝန်ထမ်းတွေပါ ပါနေတော့ ပိုဆိုးတော့တာပေါ့လေ။ ဒီလိုနဲ့ အဲဒီရွာက သရဲဆိုတာကို အယုံအကြည်မရှိတဲ့လူတစ်ယောက်ဟာ ဒီကိစ္စကို အဖြစ်မှန်သိအောင်လိုက်လံပြီးတော့ စုံစမ်းနေပါတော့တယ်။ တစ်ဖက်မှာလည်း သူငယ်ချင်းရဲ့ ညီမပျောက်လို့လိုက်ရှာရာကနေမထင်မှတ်ဘဲ ဘတ်စ်ကားပေါ်မှာတွေ့တဲ့ကောင်မလေး အာနူကို ချစ်မိသွားတဲ့ကောင်လေးတစ်ယောက်။မြင်မြင်ချင်းမှာတင် ချစ်မိသွားပြီး နောက်ထပ် ထပ်တွေ့ရဖို့ မျှော်လင့်နေသူ။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာမမျှော်လင့်ဘဲ ဘဏ်တစ်ခုမှာ ပြန်ဆုံတွေ့ကြရင်းနဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ……သူတို့နှစ်ယောက်နဲ့ သရဲခြောက်တဲ့ဆေးရုံကြီးကရော ဘယ်လိုတွေ ပတ်သတ်နေလဲ …..သရဲခြောက်တယ်ဆိုတဲ့ ဆေးရုံကြီးဟာရော တကယ်ပဲ သရဲခြောက်တာဟုတ်ရဲ့လား …… ဆိုတာတွေကို ကြည့်ရှုရမယ့် အရိုအချိုလေးတွေရော ထိတ်လန့်စရာလေးတွေရောပါရသစုံခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Moonamghattam (2023) ⭐IMDB: 7.0/10 (34 Votes) 🎬 #Bollywood #Drama #Mystery 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Moonamghattam (2024)”အတိတ်ခြေရာ”================================== လျှို့ဝှက်ဆန်းကြယ်အမျိုးအစားလို့ပြောလို့ရမယ့်မာလျာလမ်စကားပြောရုပ်ရှင်တစ်ပုဒ်ကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ သူ့အဖေရဲ့ မိတ်ဆွေဖြစ်သူ ပျောက်ဆုံးသွားတာကို သူ့ရဲ့အပြစ်လို့သတ်မှတ်ပြီး ကျန်ရစ်သူမိသားစုကို ဇနီးဖြစ်သူ အငြူဆူခံကာမရှိရှိတာ ထောက်ပံ့ပေးနေတဲ့ ဆာရာသဒ်။ သူဟာ ဇနီးဖြစ်သူနဲ့ လမ်းခွဲရလို့ လေလွင့်နေတုန်းမှာ သူ့ရဲ့ဝိညာဉ်လို့ယူဆရတဲ့တစ်စုံတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီဝိညာဉ်ရဲ့ အကူအညီနဲ့ ပျောက်သွားတဲ့သူ့အဖေမိတ်ဆွေကို ရှာဖို့ကြိုးစားနေတုန်းမှာပဲ ဆာရာသဒ်ဟာသူ လက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေရဲ့အဖြေတွေကို တဖြည်းဖြည်းချင်း ရှာတွေ့လာပါတော့တယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Bad Manners (2023) ⭐IMDB: 7.8/10 (561 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Manners (2023) ဇိုး ဒီနေ့မှာတော့ CMဘောလိဝုဒ်ပရိသတ်ကြီးအတွက်ကန်နာဒါ အက်ရှင် ဇာတ်ကြမ်းကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။Amar (2019) ကားထဲကမင်းသား Abishek Ambareeshကပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုဒရာလို့ခေါ်တဲ့ ရုဒ်က လူဆိုးပါ။ လူဆိုးလူမိုက်ပေမယ့် မိသားစုအကြွေးကြောင့်ရဲဌာနမှာ အလုပ်လုပ်နေရပါတယ်။ ရဲပေမယ့် အမူအကျင့်မကောင်းလို့လည်းနာမည်ကြီးနာမည်ပျက်နေတဲ့သူပါ။ ဒီလိုလူကတစ်နေ့မှာ အခင်းဖြစ်တဲ့နေရာမှာ သေနတ်ပျောက်သွားတဲ့အခါအလုပ်မပြုတ်ဖို့အရေး အပူတပြင်း ရှာပုံတော်ဖွင့်ရပါတော့တယ်။ ဒီလိုနဲ့သေနတ်လေး တစ်လက်ရှာရာကနေ ပြည်တွင်းမှာ လက်နက်ခိုးထုတ်လုပ်နေတာတွေ၊ဓားပြမှုတွေ၊ ငွေကြေးခဝါချမှုတွေ၊ နိုင်ငံရေးနောက်ကွယ်က လက်မည်းတွေအထိ နက်ရှိုင်းသိပ်သည်းတဲ့အမှုတစ်ခုကို အစလိုက်မိသလို ဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ ရုဒ်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့မလဲဆိုတာကို ခပ်မိုက်မိုက်အသတ်အပုတ်၊ အတိုက်အခိုက်ခန်းတွေနဲ့ ဒီကားလေးမှာ ဆက်စောင့်ကြည့်ပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bolloywood Team ဖြစ်ပါတယ်)...
The Adderall Diaries (2015) ⭐IMDB: 5.2/10 (6 k Votes) 🎬 #Crime #Drama #Mystery #Thriller #Romance 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Adderall Diaries ဇာတ်ကားဟာ ၂၀၁၅ ထွက် နာမည်ကျော် မင်းသားမင်းသမီးတွေ ပါဝင်တဲ့ Crime Drama Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အားလုံးကြိုက်တဲ့ နာမည်ကျော်မင်းသား James Franco၊ အားလုံးသိတဲ့ မင်းသမီး Amber Heard တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်.. ဇာတ်လမ်းလေးကတော့ စတီဖင် ဆိုတဲ့ မင်းသားဟာ နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အတိတ်က ဖခင်နဲ့ အဆင်မပြေခဲ့ရတဲ့ စိတ်ဒုက္ခဆင်းရဲတွေ ဆက်ဆံရေးအကြောင်းတွေကို စာအုပ်ရေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့စာအုပ် မိတ်ဆက်ပွဲမှာ သေပြီလို့ ရေးထားတဲ့ သူ့အဖေကိုယ်တိုင် ရုတ်တရက် ရောက်လာတဲ့အခါမှာ သူတို့ကြား ဘယ်လို ဆက်ဆံရေးတွေ ရှီမှာလဲ ရှိခဲ့လဲ ဆိုတာကို မတူညီတဲ့ ဖက် ၂ ဖက်ကနေ ကြည့်ရမှာ ဖြစ်သလို တစ်ချိန်တည်းမှာပဲ စတီဖင် စာရေးဖို့ လေ့လာနေတဲ့ လူသတ်မှုတစ်ခုကလည်း သူတို့ဘဝနဲ့ နီးစပ်နေတဲ့အခါ သူ့အပေါ် ဘယ်လို သက်ရောက်မှုတွေရှိမလဲ ကြားထဲမှာလဲ ချစ်သူ၊မိတ်ဆွေ၊လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ဘဝကို ဘယ်လို သက်ရောက်မှုတွေရှိမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရမှာ ဖြစ်ပါတယ်...
My Dog Stupid (2019) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Comedy #Drama 🗓 2019 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 47 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 6.2Rotten tomatoes – 80% မော်ရီမိုဟန်ဟာ လွန်ခဲ့တဲ့ 25 နှစ်တုန်း bestseller စာအုပ်ကိုရေးသားခဲ့ပြီးနောက်ပိုင်းမှာတော့ ပေါက်ကရ ဖွတ်ကျားစာပေတွေပဲရေးနေမိတယ်။ စာရေးဖို့ဆိုပြီး ဆုရတုန်းကငွေကြေးတွေနဲ့ ပင်လယ်ကမ်းခြေနဲ့နီးတဲ့ နေရာမှာ မြေငါးဧကကျယ်တဲ့အိမ်တစ်လုံးဝယ်ထားခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။ စာပေစိတ်ဝင်စားတဲ့ စီဆီလ်နဲ့အတူအိမ်ထောင်ကျပြီး သားသုံးယောက် သမီးတစ်ယောက်ထွန်းကားခဲ့တယ်။ လူရိုသေရှင်ရိုသေစာပေတွေမရေးနိုင်ခဲ့တာက ဒီကလေးတွေကြောင့်ဆိုပြီး စိတ်ထဲမှာအမြဲတမ်းပြစ်တင် နေခဲ့တယ်။ သူ့အိပ်မက်ဖြစ်တဲ့ ရောမမြို့ကိုသွား ၊ အနုပညာတွေကိုခံစား ၊တစ်ကိုယ်တည်းလေလွှင့်ရင်း စာပေရေးဖို့ဆိုပေမယ့် တစ်နေ့တစ်နေ့ အိမ်မှုကိစ္စတွေကိုပဲ ဖြေရှင်းနေရတယ်။ မိသားစုဆိုတာ သူ့အတွက်ပြဿနာတွေပဲ ပေးတယ်ဆိုတဲ့ခံယူချက်ကြောင့် တစ်မိသားစုလုံးနဲ့ အမြဲတမ်းရန်ဖြစ်ရတယ်။ ဒီလိုအတ္တဆန်တဲ့အတွေးတွေဟာ သူ့ကိုပြန်လည်ဒုက္ခပေးလာတဲ့အခါ...
Last (2015) ⭐TMDB: 74% User Score 🎬 #Drama 🗓 2015 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 2 မိနစ် 41 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Last (2015)LAST 2015 ***********စ/ဆုံး LAST ဆိုတဲ့ Webcomic လေးကို series အဖြစ် ပြန်လည်ရိုက်ကူးထားတာပါ ဒီဇာတ်လမ်းမှာတော့ The Outlaws ထဲက မင်းသားကြီး Yoon Kye-Sang အပါအဝင် အခြားနာမည်ကြီး မင်းသားကြီးတွေဖြစ်တဲ့ Lee Beom-Soo, Park Won-Sang တို့နဲ့အတူ မင်းသမီး Seo Yea-Ji နဲ့ Park Ye-Jin တို့ အဓိကပါဝင်ထားပါတယ် ဆိုးလ်ဘူတာရုံမှာ နေထိုင်ကြတဲ့ အိမ်ခြေယာမဲ့တွေနဲ့ လူမိုက်တွေအကြောင်းကို ပုံဖော်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် Action ခန်းတွေလည်း အများကြီးပါဝင်တာမို့ Action ကြိုက်တဲ့ ပရိသတ်တွေ သဘောကျလောက်မဲ့ ဇာတ်လမ်းလေးတစ်ခုပါဇာတ်လမ်းအကျဉ်း —————စတော့ရှယ်ယာနဲ့ပတ်သက်တဲ့ အလုပ်တွေမှာ အလိမ်ခံရလို အကြွေးတင်ပြီး ထွက်ပြေးနေရတဲ့ ဂျန်ထယ်ဟိုက တစ်ရက်မှာတော့ ဆိုးလ်ဘူတာက အိမ်ခြေယာမဲ့တွေ နေတဲ့နေရာကို ရောက်လာခဲ့ပါတယ် သူ့ရဲ့ နဂိုဘဝကို ပြန်ရောက်ဖို့အတွက် ကြိုးစားရင်း ဆိုးလ်ဘူတာက လူမိုက်တွေနဲ့ ပေါင်းမိသွားတဲ့ခါ… ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ရက်စက်တဲ့ လူမိုက်အသိုင်းအဝိုင်းကြားမှာ နောက်ဆုံး ဘယ်သူတွေရှင်သန်ကျန်ရစ်ခဲ့မလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါဦး...
Make a Bow and Kiss (2017) ⭐IMDB: 5.7/10 (181 Votes) 🎬 #Drama #Romance 🗓 2017 🎞 movie 🌎 #Japan ⏰ 1 နာရီ 40 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Make a Bow and Kiss (2017)Genre – Drama,RomanceIMDb – 5.7/10 ဂျပန်လေးပစ်အားကစား(ကျူဒို)ကို အရမ်းသဘောကျတဲ့ Kishimoto တစ်ယောက်ဘွဲ့ရဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဖို့ ကြိုးစားရမှာမလို့ ကျူဒိုအသင်းခေါင်းဆောင်နေရာကိုတစ်ခြားသူကိုလွှဲပေးဖို့ဖြစ်လာပါတော့တယ်။ ကျူဒိုကိုအများကြီးသဘောကျတာကြောင့်ငယ်ငယ်တည်းကဒီအားကစားကို ဆော့ခဲ့ပေမယ့် စကားလည်းနည်းပြီးတော့ရှက်ကြောက်တတ်တဲ့အကျင့်စရိုက်ကြောင့် Kishimoto ကတစ်ယောက်တည်းပဲလေ့ကျင့်၊တစ်ယောက်တည်းပဲကြိုးစားပြီး ပြိုင်ပွဲတွေကိုဝင်ပြိုင်တာပါ။ဒါကြောင့် ရသင့်သလောက်ရလဒ်ကိုမရပဲ ဆုနဲ့အမြဲလွဲချော်နေသူပါ။ တစ်ဖက်မှာတော့ ကျူဒိုကိုစိတ်မဝင်စားပေမယ့် ပြိုင်ပွဲတိုင်းကိုလည်း နိုင်ပြီးအရည်အချင်းရှိတဲ့ Mikamiဟာ အသင်းခေါင်းဆောင်နေရာကို ဆက်ခံဖို့ဖြစ်လာပါတယ်။စီနီယာ Kishimoto ကိုလည်း တိတ်တိတ်လေးသဘောကျနေတဲ့ Mikami တစ်ယောက်အရှက်အကြောက်ကြီးတဲ့ စီနီယာမမ Kishimoto ကို ကျူဒိုဆက်ဆော့ပြီးအဖွဲ့ကမထွက်အောင် ကူညီလေ့ကျင့်ပေးရင်းနဲ့ ချဉ်းကပ်ဖို့လုပ်ပါတယ်။ အရာရာဦးဆောင်ပြီးတော့ သူ့သဘောအတိုင်းပဲဖြစ်စေချင်တဲ့ Mikami နဲ့ရိုးသားပြီး နုံအတဲ့ Kishimoto တို့ရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါး တင်ဆက်ပေးထားတာကြောင့် မလွတ်တမ်းကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။...
San Andreas (2015) ⭐IMDB: 6.1/10 (258 k Votes) 🎬 #Action #Adventure #Thriller #Drama 🗓 2015 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica #Australia ⏰ 1 နာရီ 54 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Action,Adventure,ThrillerIMDb – 6.1/10 ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံးပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း ရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေးအဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့်တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီးသမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။ တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။ တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ… ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီးအမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။...
A Touch of Zen (1971) ⭐TMDB: 77% User Score 🎬 #Action #Adventure #Drama #Thriller #Fantasy 🗓 1971 🎞 movie 🌎 #Taiwan #HongKong ⏰ 3 နာရီ 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Directed by King HuGenre – Action,Adventure,DramaIMDb – 7.5/10 ကင်းဟူဟာ ဟောင်ကောင်ရဲ့ အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ရှောဘရားသားကုမ္ပဏီမှာ မင်းသားအဖြစ်ရော ရိုက်ကွင်းပြင်ဆင်သူအဖြစ်ရောစာရေးဆရာအဖြစ်ရော လုပ်ခဲ့ပြီးတဲ့နောက် ဒါရိုက်တာပါ လုပ်ခဲ့တယ်။အကူအဖြစ်နဲ့ပဲရိုက်ခဲ့ရတာများပြီး နောက်ပိုင်းမှာ ရှောဘရားသားရဲ့ အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Come Drink with Me (1966)ကို ရိုက်ခဲ့ပြီးတဲ့နောက်၁၉၆၇မှာ ရှောဘရားသားကနေ ထွက်လာခဲ့ပြီး ထိုင်ဝမ်မှာ ကိုယ်ပိုင်စတူဒီယိုထောင်ခဲ့တယ်။ ၁၉၆၇မှာပဲ ထိုင်ဝမ်ကနေ သူ့ရဲ့နာမည်အကျော်ဆုံး ရုပ်ရှင်ဖြစ်သလို Wuxia ရုပ်ရှင်တွေရဲ့သမိုင်းမှာ အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Dragon Innကို ရိုက်ခဲ့တယ်။ဒရာဂွန်အင်းဟာ အန်းလီရဲ့ နာမည်ကျော် Crouching Tiger, Hidden Dragon (2000) နဲ့ကျန်းရိမူရဲ့ House of Flying Daggers တို့လို ကားတွေအပါအဝင် Wuxiaကားတော်တော်များများရဲ့ အတုယူစရာ ဖြစ်ခဲ့တယ်။ (2004)နောက် A Touch of Zenကို ရိုက်ခဲ့တယ်။ Raining in the Mountain (1979)တို့Legend of the Mountain ( 1979)တို့ကိုလည်း ရိုက်ခဲ့တယ်။ ဒီကားတွေဟာထိုင်ဝမ်မှာ သူရိုက်ခဲ့တဲ့ကားတွေဖြစ်သလို ကင်းဟူက ထိုင်ဝမ်နယူးဝေ့မတိုင်ခင်ကာလမှာထိုင်ဝမ်ရဲ့ နာမည်အကျော်ဆုံး ဒါရိုက်တာတစ်ယောက်ဖြစ်ခဲ့သလို ထိုင်ဝမ်နယူးဝေ့က လူတွေကလည်းသူ့ရုပ်ရှင်တွေနဲ့မကင်းနိုင်ခဲ့ဘူး။ Tsai Ming-liangဆိုလည်း Goobye Dragon Innဆိုပြီး ရိုက်ခဲ့ဖူးတယ်။လက်ရှိမှာတော့ ကင်းဟူကိုဟာ Wuxia ရုပ်ရှင်တွေရဲ့ ဂုရုကြီးတစ်ဆူအဖြစ် သိကြတယ်။Criterion ကလည်း သူ့ကားအများစုကို ပြန်ထုတ်ခဲ့တယ်။ A Touch of Zenကိုတော့ Pu Songlingရဲ့ Strange Stories from a Chinese Studio ဆိုတဲ့စာအုပ်က ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာ Raining in the Mountain နဲ့Legend of the Mountainတို့ကိုလည်း ကင်းဟူက ဒီစာအုပ်က ဇာတ်လမ်းတွေကိုပဲ အခြေခံပြီး ရိုက်ခဲ့ဖူးတယ်။1975 Cannes Film Festivalမှာလည်း ဆုရခဲ့ဖူးတယ်။ A Touch of Zenရဲ့ ဇာတ်လမ်းကတော့ကျွန်တော့်အမြင်အရတော့ ဒရာဂွန်အင်းနဲ့ ဆင်တယ်ပဲ ပြောရမယ်။ ဇာတ်ကတော့ နယ်ဘက်ကျေးဘက်မြို့ကလေးမှာ ပန်းချီဆွဲစာရေးပေးတဲ့ အလုပ်နဲ့ အသက်မွေးနေတဲ့လူငယ်လေးတစ်ယောက်ကနေ စပြထားတယ်။ အမေတစ်ခု သားတစ်ခုခုနေနေကြလို့အမေက သားကို ဖြစ်စေချင်ပေမဲ့ မကောင်းတဲ့ခေတ်မှာတော့ အရာရှိမဖြစ်ချင်ဘူးဆိုပြီးအရာရှိစာမေးပွဲမဖြေဘဲ ပေကပ်နေနေတဲ့သူပေါ့။ ဒီလိုနဲ့ အဲဒီမြို့ကလေးကို အပြင်လူတွေထူးထူးဆန်းဆန်း တစ်ယောက်ပြီး တစ်ရောက်ရောက်လာခဲ့တယ်။သူ့ကို လာကပ်နေကြတဲ့သူတွေလည်းရှိကြတယ်။ ဒီလိုနဲ့ ဒီလူတွေက ဘာတွေလဲဘာလိုချင်လို့ရောက်လာတာလဲ။ ဒီမြို့ကလေးမှာ ဘယ်လိုပဟေဠိတွေရှိနေလဲဆိုတာကိုအစောကပြောခဲ့တဲ့ တခြား Elementsတွေ ထည့်သုံးပြီး အသက်သွင်းထားတဲ့ ဇာတ်ပါပဲ။ သိုင်းကားပေမဲ့လည်း အစပျိုးကနေ သိချင်စိတ်ကို တဖြည်းဖြည်းစွသွားတဲ့ ပုံစံမှာတင်ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံ သေသပ်မှုကို အထင်းသားမြင်နေရတယ်။ဒီကားမှာ ကင်းဟူဟာ သိုင်းကားကိုမှ ဇန်ဗုဒ္ဓဘာသာအငွေ့အသက်နဲ့တရုတ်ရိုးရာရှေးအငွေ့အသက်တွေကိုအပြင် တရုတ်ဂန္တဝင် ဇာတ်အိမ်တွေရဲ့ theme တစ်ခုဖြစ်တဲ့စာသင်သားနဲ့ မိန်းမလှလေးကြားက မေတ္တာဘွဲ့ကိုဖော်ပြတဲ့ ဟန်ကိုလည်း ထည့်သုံးထားခဲ့တယ်။...
One-Punch Man (2015) ⭐TMDB: 84% User Score 🎬 #Action #Adventure #Animation #Comedy 🗓 2015 🎞 Series 🌎 #Japan ⏰ 24 မိနစ် 5 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One-Punch Man (2015) season 1 completeOne-Punch Man s2ထွက်နေပြီဖြစ်ပေမယ့်၃နှစ်ကြာခဲ့တာမို့မေ့နေတာတို့ ပြန်ကြည့်ချင်နေတာတို့ရှိမှာမို့ လင့်ခ်တွေအကုန်ပြန်ပြင်ပေးလိုက်ပါတယ်စိုင်းတမဟာပုံမှန်ရုံးဝန်ထမ်းတစ်ယောက်ပါတစ်ရက် ရုံးကအပြန်မှာဗီလိန်တစ်ကောင်နဲ့ရင်ဆိုင်ရင်းဟီးရိုးဖြစ်ချင်စိတ်ပေါ်လာပြီးအပျော်တမ်းဟီးရိုးလုပ်မယ်လို့ကြံကာ၃နှစ်တိတိအသားကုန်ကြိုးစားပါတော့တယ်သုံးနှစ်ပြည့်တဲ့အခါမှာတော့…Complete Zip File Yoteshin / Megaup / VIP ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Maestro in Blue (2022) ⭐TMDB: 64% User Score 🎬 #Drama #Crime 🗓 2022 🎞 Series 🌎 #Greece ⏰ 1 နာရီ 14 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maestro in Blue (2022) ဒီတစ်ခါ cm ပရိသတ်ကြီးကို ဂရိဘာသာစကားပြော မီနီစီးရီးတစ်ခုဖြစ်တဲ့ Maestro in Blue ဆိုတဲ့ Drama,Crime and Mystery စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။IMDB မှာ Rating 8.2 အထိ ရထားတဲ့ ဒီဇာတ်ကားလေးကလက်ရှိအချိန်မှာ season 1,2 အပိုင်း စုစုပေါင်း ၁၅ပိုင်းအထိထွက်ရှိထားပြီး ဖြစ်ပါတယ်။ဒီစီးရီးရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး၊ သရုပ်ဆောင်သုံးခုလုံးကို နာမည်ကြီး ဂရိမင်းသားချော ChristopherPapakaliatis က ပါဝင်ထားပြီး ဇာတ်အိမ်ကို ကိုဗစ်ပြီးခါစအချိန်ကို တည်ပြီး ရိုက်ကူးထားပါတယ်။ နောက်ပြီးထူးခြားချက်က ဂရိနိုင်ငံရဲ့ သာယာလှပလွန်းတဲ့ ကျွန်းစုတွေ၊ကြည်လင်ရှင်းသန့်နေတဲ့ ပင်လယ်ရေပြာပြာ၊အေသင်မြို့ရဲ့ နာမည်ကြီး အထင်ကရနေရာတွေကိုရိုက်ချက်ကောင်းကောင်းနဲ့ တင်ဆက်ပြသထားနိုင်တာပါ။ ဇာတ်လမ်းအကျဉ်း ***************အော်ရဲစတစ်လို့ အမည်ရတဲ့ ဂီတမှူး တစ်ယောက်ကတစ်နေ့မှာ ကျွန်းစုငယ်လေး တစ်ခုရဲ့ ဂီတပွဲတော်ကိုစီစဉ်အကောင်အထည်ဖော်ဖို့ ဖိတ်ကြားချက်နဲ့ ရောက်လာခဲ့ပါတယ်။ လမ်းညွှန်မေးရင်းနဲ့ ကလဲလျာလို့ခေါ်တဲ့ငယ်ရွယ်ချောမောတဲ့ ကောင်မလေးနဲ့ သူစပြီး ဆုံခဲ့မိပါတယ်။ကျွန်းပေါ်က မြို့ငယ်လေးကို ရောက်ပြီးတဲ့အခါ ဂီတပွဲတော်အတွက် အလုပ်လုပ်ရင်း ဒီမြို့ငယ်လေးရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ တဖြည်းဖြည်း နားလည်အသားကျလာခဲ့ပါတယ်။စန္ဒယားတီးခတ်ရာမှာ ထူးချွန်တဲ့ ကလဲလျာကို စိတ်ဝင်စားပေမယ့် အသက်အရွယ် ကွာတဲ့အတွက်ကြောင့်တတ်နိုင်သမျှ ရှောင်ရင်းနဲ့ပဲ ငြိစွန်းသွားမိတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ။မြို့ငယ်လေးရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံဖို့ကြိုးစားနေတဲ့ ကလဲလျာရဲ့ ဖခင်ဖြစ်သူ ဖန်းနစ်ဟာအများအမြင်မှာတော့ ဂုဏ်သရေရှိရှိ မိသားစုကိုအင်မတန် တန်ဖိုးထားပြီး ဂီတကို ရူးသွပ်သူတစ်ဦးပါ။သူ့အနေနဲ့ မိသားစုရေး စီးပွားရေး အပြင် နိုင်ငံရေးမှာဝင်ဖို့ လုပ်ဆောင်နေရင်း မိသားစုနဲ့ အတိုက်အခံဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေ ရှေ့ဆက်မလဲ။လူတွေမမြင်နိုင်တဲ့ ကန့်လန့်ကာ နောက်ကွယ်မှာ ဖရိုဖရဲဖြစ်နေတဲ့ အပေါ်ယံ ရွှေမှုန်ကြဲ အိမ်တွင်းရေးတွေ၊သားသမီးကို ထားရာနေ စေရာသွား ချုပ်ကိုင်ဖို့ ကြိုးစားကြတဲ့ မိဘတချို့ရဲ့ အတ္တတွေ၊ ဆယ်ကျော်သက်အရွယ်လူငယ်တွေရဲ့ မိဘနဲ့ သဟဇာတ မဖြစ်မှုတွေ သူတို့ရဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတချို့…. စသဖြင့်မတူညီတဲ့ မျိုးဆက်တွေရဲ့ ခံစားချက်မျိုးစုံကို ဇာတ်အိမ်အချိတ်အဆက်မိမိနဲ့ လိုက်ပါစီးမျော ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။...
Blood of Zeus (2020) ⭐TMDB: 78% User Score 🎬 #Animation #Action #Adventure #SciFi #Fantasy 🗓 2020 🎞 Series 🌎 #UnitedStatesofAmerica ⏰ 32 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blood of Zeus 2020 Season 2 Blood of Zeus 2020Netflix original serie တစ်ခုဖြစ်တဲ့ Blood of Zeus ဟာ Episode 8ခု ပါတဲ့ Animation Serie တစ်ခုဖြစ်ပြီးတော့Oct27, 2020 မှာ ပထမအပိုင်း စလွှင့်ခဲ့တာဖြစ်ပါတယ်Greek Mythology ဂရိဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေက်ို ကြားဖူးနားဝရှိရင်တော့ ဒီ Animation serie လေးကို ကြည့်ရတာ အစိမ်းသတ်သတ် ဖြစ်မှာမဟုတ်ပါဘူးမှောင်မိုက်နေတဲ့ တိမ်မဲတွေအောက်က ရွာလေးတစ်ရွာမှာနေတဲ့ ဟယ်ရွန်နဲ့ အီလက်ထရာဆိုတဲ့ အပယ်ခံ သားအမိနှစ်ယောက်အကြောင်း နဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်အဲ့ဒီသားအမိနှစ်ယောက် ရွာကိုရောက်လာတဲ့အချိန်ကစပြီး ရွာမှာ ကံဆိုးမိုးမှောင်တွေ ကျခဲ့ရတယ်လို့ ယူဆကြတာကြောင့် သူတို့နှစ်ယောက်ကို တစ်ရွာလုံးက ဖယ်ကျဉ်ထားကြတယ်ဟယ်ရွန်က သူ့ကိုယ်သူ အိုလံပတ်စ်တောင်ပေါ်က နတ်မင်းကြီးဇူးစ်ရဲ့ သားတော်ဖြစ်ကြောင်း သိလိုက်ရပေမယ့်အားလုံးသိကြတဲ့အတိုင်း အချစ်မေတ္တာအရမ်းများပြီး နှလုံးသားကြီးမားတယ်လို့ နာမည်ကြီးတဲ့ ဇူးစ်နတ်မင်းကြီးက သေမျိုးဖြစ်တဲ့လူနဲ့ ချစ်ကြိုက်ပြီးမွေးခဲ့တဲ့အပြင် တရားမဝင်သားလည်း ဖြစ်နေတာကြောင့် အိုလံပတ်စ်တောင်ပေါ်က နတ်ဘုရားမျိုးနွယ် အိုလံပီယန်တွေက ဟယ်ရွန်ကို သဘောမကျကြပါဘူးအထူးသဖြင့် ဇူးစ်နတ်မင်းကြီးရဲ့ မဟေသီ ဟီရာနတ်ဘုရားမက သူ့ကို ဖောက်ပြန်ခဲ့တာသိရတာကြောင့် ပိုလို့တောင် သဘောမကျပါဘူးဒီလိုနဲ့ အိုလံပီယန်နတ်ဘုရားတွေနဲ့ ဟယ်ရွန်နဲ့ ဘာတွေဆက်ဖြစ်ကြမလဲTitans တွေနဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲအကြောင်း၊Titans တွေရဲ့ ကျိန်စာကြောင့် ပေါ်ထွက်ခဲ့တဲ့ Giants တွေနဲ့Demons တွေကရော ဘယ်ကပေါ်လာသလဲဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်အညွှန်းကို Jerrica က ရေးသားထားပြီးတော့Jerrica , Pyi T Nyein , Thet Hnin Hsu , Emily , Thu Khant , Do Do , Daniel Lawwai , Hazel တို့က ဘာသာပြန်ဆိုပေးထားကြပါတယ်...
Hard to Kill (1990) ⭐TMDB: 60% User Score 🎬 #Action #Crime #Drama #Thriller 🗓 1990 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica #Spain ⏰ 1 နာရီ 36 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Steven Seagal ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ ခပ်မိုက်မိုက်ပုံစံနဲ့လူဆိုးတွေကိုတိုက်တတ်ခိုက်တတ်တဲ့ အဖေတို့ခေတ်ကမင်းသားတစ်လက်ဆိုလည်းမမှားပါဘူး။ ဒီရုပ်ရှင်ကတော့ မင်းသား Stevel Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မေဆင်စတွန်းဆိုတာ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စုံစမ်းနေတုန်းထူးဆန်းတဲ့အရောင်းအဝယ်တစ်ခုကို စုံစမ်းမိသွားပါတယ်။ စတွန်းတစ်ယောက်မသိလိုက်တာက ဒီတွေ့ရှိမှုနဲ့အတူပေးဆပ်မှုတွေကအရမ်းများတယ်ဆိုတာပါပဲ။ သူစုံစမ်းမိတဲ့အမှုဟာ သူ့ရဲ့မိသားစုကိုအသက်ဘေးကြုံခဲ့ရပြီးသူကိုယ်တိုင်လည်း ၇ နှစ်ကိုမာဝင်ခဲ့ပါတယ်။ ကိုမာကနိုးထလာတဲ့အခါမှာ ဒီလူတွေကပဲ သူ့ကိုသတ်ဖို့ကြိုးစားလာပြန်ပါတယ်။ ဘာတွေများဆက်ဖြစ်မှာလဲ… ကြည့်ရတန်တဲ့ အက်ရှင်တစ်ကားမလို့ မိသားစုနဲ့လည်းကြည့်ဖို့သင့်ပါတယ်။...
Seize Them! (2024) ⭐IMDB: 5.1/10 (690 Votes) 🎬 #Comedy #Adventure 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 31 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 ခုနှစ်ထွက် အသစ်စက်စက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့လို ခေတ်ဟောင်း မင်းညီမင်းသား ဘုရင်တွေအုပ်စိုးတဲ့ခေတ်ကို နောက်ခံထားပြီး ကြိုက်တတ်တဲ့လူတွေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ဇာတ်ကောင်းကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် ဒေဂန်ဆိုတဲ့ ဘုရင်မငယ်ငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး တိုင်းရေးပြည်ရေးလေး ဘာမှသေချာမသိတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်တာနဲ့အညီ ထုတ်ထားတဲ့ ဥပဒေတွေဟာလည်း ပြည်သူတွေကိုအတော်လေးအကြပ်ရိုက်နေစေခဲ့တာပါ။ အဲဒီအချိန်မှာပဲ ကြောင်သူတော်လုပ်ပြီး ပြည်သူတွေကိုကယ်တင်ဖို့ တော်လှန်တာပါဆိုပြီး ဟမ်းဘဲဂျုန်းဆိုတဲ့ အမျိုးသမီးက ဦးဆောင်ပြီးတော်လှန်တာ အောင်မြင်သွားခဲ့ပါတယ်။ ဆိုတော့ ထီးနန်းကျပြီး သတ်မှာစိုးလို့ ထွက်ပြေးသွားတဲ့ ဘုရင်မဒေဂန်ဟာ သူ့ကိုကယ်တင်ပေးမယ်ဆိုတဲ့ အိမ်နီးချင်းဘုရင် ၂ပါးဆီအကူညီတောင်းဖို့ မိုင်တစ်ရာ့လေးဆယ်ရှိတဲ့ ခရီးကို ကုန်းကြောင်းလျှောက်သွားပြီး စွန့်စားခန်းဖွင့်ပါတော့တယ်။ အဲဒီတော့ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ သူ့ရဲ့ထီးနန်းရော ပြန်ရမှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။...
The Image of You (2024) ⭐IMDB: 4.5/10 (360 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ လျှို့ဝှက်သည်းဖိုအပြင် ရိုမန်တစ်ဆန်တဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ identical twins ညီအစ်မဖြစ်တဲ့ အန်နာနဲ့ဇိုဝီကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတူပြီး သံယောဇဥ်လည်းရှိကြသော်လည်းမတူညီတဲ့ စရိုက်သွင်ပြင်လက္ခဏာတွေရှိတဲ့အန်နာနဲ့ ဇိုဝီ တို့ အမြွှာညီမရဲ့ အတိတ်ကအကြောင်းတွေကဘယ်လိုဖြစ်မလဲဆိုတာအပြင် ဒီဇာတ်ကားမှာဆိုရင်တော့ မင်းသမီး Sasha Pieterseရဲ့ မတူညီတဲ့ ဇာတ်ကောင်၂ခုကို ငြိမ့်ငြိမ့်လေးနဲ့ကွဲနေအောင်သရုပ်ဆောင်သွားပုံကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ တစ်ကားလုံးဇာတ်ရှိန်မပျက်ရ၊မပျင်းရအောင် ခေါ်ဆောင်သွားနိုင်စွမ်းရှိတဲ့ ဒီကားလေးကို Channel Myanmar ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။...
RED 2 (2013) ⭐IMDB: 6.6/10 (181 k Votes) 🎬 #Action #Adventure #Comedy #Crime #Thriller 🗓 2013 🎞 movie 🌎 #Canada #France #USA #UnitedStates #Russia #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red 2 (2013) Redဖန်တွေအတွက် Red 2ကို တင်ဆက်ပေးလိုက်ပါပြီ။ Red 2ကိုလည်း Redထဲက chractersတွေ ပြန်လည်ပါဝင်လာပါတယ်။ Die Hard, Glass, Pulp Fiction, 12 Monkeys, The Fifth Element အစရှိတဲ့ ရုပ်ရှင်ကောင်းတွေရဲ့ မင်းသားကြီး Bruce Willisက ဦးဆောင်ထားပြီးDangerous Liaisons, Places in the Heart, The Killing Fields, Being John Malkovich, In the Line of Fire တို့ရဲ့ မင်းသားကြီး John Malkovichအပြင် The Queen, Prime Suspect (TV Series), Gosford Park, The Madness of King George, The Long Good Fridayတို့ရဲ့ ဝါရင့်မင်းသမီးကြီး Helen Mirrenတို့အပြင်A Bittersweet Life, I Saw the Devil, Masquerade, The Man Standing Next, Mr. Sunshineတို့ထဲက ကိုရီးယားအက်ရှင်မင်းသားကြီး Lee Byung-hunတို့က ပြန်လည်ပါဝင်ထားပါတယ်။ ဒါ့အပြင် Anthony Hopkinsနဲ့ Mary-Louise Parkerတို့လို character အသစ်တွေလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… Red အပြီးမှာ ဖရန့်တစ်ယောက် သူ့ကောင်မလေးနဲ့အတူ အေးအေးဆေးဆေး အနားယူနေပါတော့တယ်။ ထိုအချိန်မှာ သူ့ရဲ့ဘော်ဒါကြီး မယ်ဗင်က သူ့ကို လိုက်သတ်နေတဲ့ လူတစ်စု ရှိတယ်ဆိုပြီး ဖရန့်ကို လာရှာပါတော့တယ်။ အဲဒီလိုပြောပြီးချင်းချင်းမှာ မယ်ဗင်က ကားဗုံးပေါက်ကာလျှောသွားပါလေရော။ (အမှန်က ဟန်ဆောင်သေတာပါ) မာဗင် ဆုံးသွားပြီးတော့ CIAက ဖရန့်နဲ့ မာဗင်က တွဲပြီး ပရောဂျက် နိုက်ရှိတ်မှာ ပါတယ်ဆိုပြီး မသင်္ကာဘူးလို့ဆိုကာ လာဖမ်းပါတော့တယ်။ ပရောဂျက်နိုက်ရှိတ်ကို CIAတွေရော MI6တွေရော ရုရှားတွေပါ ပါလာတဲ့အခါ။ ပရောဂျက်နိုက်ရှိတ်ဆိုတာက ဘာလဲ။ သူနဲ့ မာဗင်၊ ဖရန့်တို့နဲ့က ဘယ်လိုပတ်သက်နေတာလဲ။ CIA, MI6, KGBတို့လက်အောက်ကနေ ဖရန့်နဲ့ မာဗင်တို့ ပြေးလို့လွတ်ပါ့မလားဆိုတာကို အက်ရှင်ကားပီပီ ကြမ်းကြမ်းတမ်းတမ်း ကြည့်ရှုရမှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Minn Khant Kyi Win မှတင်ဆက်ထားပါတယ်။) CM မှာ RED ၂ ကားလုံးတင်ဆက်ထားပါတယ်။...
Bound by Honor (1993) ⭐TMDB: 81% User Score 🎬 #Crime #Drama #Action #Thriller 🗓 1993 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 3 နာရီ 10 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း: မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။ မစ်ကလိုတစ်ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။...
Cute Girl – Arina Hashimoto (Decensored – FSDSS-226) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 5 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမဲ့ မင်းသမီးလေးArina Hashimotoက ချစ်စရာလေးလည်းကောင်းသလို သရုပ်ဆောင်လေးလည်းအင်မတန်ကောင်းတဲ့ မင်းသမီးလေးပါ မျက်နှာဟန်ပန်အမူအရာကအစ စကားပြောသံလေးကအဆုံး ချစ်စရာသိပ်ကောင်းတဲ့မင်းသမီးလေးပါ ခန္ဓာကိုယ်လေးကလည်း မပြည့်လွန်း မပါးလွန်းနဲ့ ရှိသင့်တဲ့နေရာရှိ ပြည့်သင့်တဲ့နေရာလေးပြည့်နေတာမို့ မျက်စိပဒေသာသင့်တဲ့ မင်းသမီးလေးတလက်ပါပဲ……. FSDSS-226 ဆိုတဲ့ ဒီကားလေးမှာတော့ မင်းသမီးလေးက app တစ်ခုကနေ date girl လုပ်နေတာပါ…..သူ့ဆီလာကြတဲ့သူတွေက အလွှာပေါင်းစုံက ဆိုပေမဲ့ အသက်အကြီးပိုင်းက ပိုများပါတယ်…..ဒါပေမဲ့လည်း မင်းသမီးလေးက အဲဒီလူကြီးပိုင်းတွေကို ဘယ်လိုအဆင်ပြေအောင် ဝန်ဆောင်မှုပေးမလဲ သူ့အနေနဲ့ ဘယ်လိုတွေကြောင့် သဘောကျရတာလဲဆိုတာ ဟန်ပါပါ မာန်ပါပါလေး သရုပ်ဆောင်ပြထားတာမို့ ကြည့်ရှုလိုက်ကြပါဦး……. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
RED (2010) ⭐TMDB: 67% User Score 🎬 #Action #Comedy #Crime #Adventure #Thriller 🗓 2010 🎞 movie 🌎 #China #USA #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး “အငြိမ်းစား-အလွန်ကြမ်း” ဆိုသလိုအငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။ အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့…. အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာကဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ… ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါ ဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲသူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ် အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ သူတို့ကိုသတ်ဖို့ကြိုးစားနေတဲ့သူကို တွေ့ရမလား ဖရန့်ခ်ကရော အချေမလေး ဆာရာရဲ့ အချစ်ကိုရပါ့မလားဆိုတာ…။ RED 2 (2013) အဆက်ထပ်ထွက်ခဲ့ပြီး CM မှာ ၂ ကားလုံးတင်ဆက်ထားပါတယ်။...
Alicia in Terrorland (2024) ⭐TMDB: 50% User Score 🎬 #Horror #Fantasy 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 17 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိဘနှစ်ပါးလုံး ကွယ်လွန်သွားပြီးနောက် ခိုကိုးရာမဲ့ဖြစ်နေတဲ့ Alice ဟာ သူမရဲ့အဖွားဖြစ်သူ Beth ရှိတဲ့ Wonderland က မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့အိမ်ကြီးမှာ ပြောင်းနေဖို့ အကြောင်းဖန်လာတယ်။ ခမ်းနားကြီးကျယ်တဲ့ တောအုပ်ထဲက အိမ်ကြီးကိုကြည့်ပြီး အံ့ဩဘနန်းဖြစ်နေပေမဲ့ မကြာခင်မှာပဲ Alice တစ်ယောက် အိမ်ကြီးထဲမှာ ထူးဆန်းတာတွေကို စပြီးမြင်ယောင်လာတယ်။ အဖွားဖြစ်သူကတော့ အိမ်နားက တောအုပ်ဆီကို မသွားဖို့မှာထားပေမဲ့ အိပ်မက်သယောင်ယောင်နဲ့ ယုန်လေးတစ်ကောင်နောက်လိုက်ရင်း တောအုပ်ထဲကိုဝင်သွားပြီး ယုန်တွင်းပေါက်ကနေတစ်ဆင့် တခြားကမ္ဘာက Wonderland ကို ရောက်သွားသောအခါ… Alice တစ်ယောက် သူရောက်သွားတဲ့ Wonderland မှာ ဘာတွေကြုံတွေ့ရမှာလဲ။ Wonderland ကနေရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကိုတော့ Alice in Wonderland ကိုမှ Horror Vibe ရနိုင်မဲ့ Alice in Terrorland ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
