无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Resident (2011)
⭐IMDB: 5.3/10 (29 k Votes)
🎬 #Mystery #Thriller #Crime #Drama #Horror
🗓 2011 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျူလိယက်ဟာ သူမရဲ့ရည်းစားဖြစ်သူကို တခြားကောင်မလေးနဲ့။ သူမရဲ့အိပ်ရာပေါ်မှာ ဖောက်ပြန်နေတာကို မိပြီးတဲ့နောက်မှာ သူမရဲ့ရည်းစားနဲ့ လမ်းခွဲလိုက်ပြီး သူမရဲ့ဘဝကို အသစ်စတင်ချင်တာကြောင့် နေရာအသစ်လိုက်ရှာနေတဲ့ အရေးပေါ်ဆရာဝန်တစ်ယောက်ပါ။ အိမ်ခန်းလိုက်ရှာရင်းနဲ့ သူမဟာ နေရာကျယ်ဝန်းပြီး ရှုခင်းကောင်းတဲ့တိုက်ခန်းတစ်ခုကို တွေ့သွားပြီး ထိုတိုက်ခန်းရဲ့ပိုင်ရှင်က ဈေးသက်သက်သာသာနဲ့ ငှားပေးတဲ့အခါမှာ နှစ်ခါမတွေးဘဲ ပြောင်းနေလိုက်ပါတော့တယ်၊ သူမဟာ ရည်းစားဟောင်းကြောင့် စိတ်က ဇဝေဇဝါဖြစ်နေပြီ အိမ်ပိုင်ရှင်ကို နမ်းလိုက်မိပါတော့တယ်၊ အဲကနေစပြီး သူမဟာ မနက် မနက်ဆို အိပ်ရာထနောက်ကျပြီး အမြဲလိုလို ပင်ပန်းနွမ်းနယ်ကာ အလုပ်တွေနောက်ကျလာပါတော့တယ်၊ အကြောင်းအရင်းကို သိရဖို့ CCTV တပ်ဆင်ထားလိုက်တဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲ ဒီအကြောင်းအရင်းကိုရော သူဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။...
The Retirement Plan (2023)
⭐IMDB: 5.2/10 (651 Votes)
🎬 #Action #Comedy #Crime #Thriller
🗓 2023 🎞 movie
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Retirement Plan (2023)
~ Rotten Tomatoes – 60% ~
မင်းသားကြီး Nicolas Cage လို့ ပြောလိုက်ရင်တော့ မသိတဲ့သူက မရှိသလောက်ပါပဲ။ ဒီတစ်ခေါက် ဇာတ်ကားမှာတော့ နစ်ကိုလပ်ကေ့ဂ်အပြင် သူ့ရဲ့ ဘော်ဒါရင်းတစ်ယောက်လည်းဖြစ်သလို “Hellboy” ကားတွေနဲ့ လူသိများခဲ့တဲ့ မင်းသားကြီး Ron Perlman လည်း တွဲဖက်အနေနဲ့ တဖန်ပြန်လည်ပါဝင်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းကိုတော့ အက်ရှ်လေဆိုတဲ့ အမျိုးသမီးဇာတ်ဆောင်ရဲ့ မိသားစုအပေါ်အခြေခံပြီးရိုက်ကူးထားတာပါ။ အက်ရှ်လေရဲ့ အမျိုးသား ဂျင်မီက လူမိုက်အဖွဲ့ထဲဝင်ထားတဲ့ လျှို့ဝှက်သတင်းပေးတစ်ယောက်ပေါ့။ ဒါပေမဲ့ တစ်နေ့မှာ ဂျင်မီက အထက်အမိန့်နဲ့ သူ့အလုပ်က ထိပ်တန်းလျှို့ဝှက်ချက်တွေပါနေတဲ့ ဟာ့ဒရိုက်တစ်ခုကို ခိုးလာခဲ့ပါတယ်။ ဂျင်မီရဲ့ ဒုစရိုက်အဖွဲ့အစည်းက ခေါင်းဆောင်ဖြစ်တဲ့ ဒွန်နီက ဂျင်မီတို့မိသားစုကို လိုက်ဖမ်းတော့ ဂျင်မီတို့ခဗျာ ထွက်ပြေးရရှာတာပေါ့။ ဒါပေမဲ့ ဂျင်မီရဲ့သမီးဖြစ်သူ ဆာရာကပဲ သူတို့အဘိုးနေတဲ့နေရာကို လေယာဉ်နဲ့လွတ်သွားရှာပါတယ်။ လွတ်သွားတဲ့နေရာကတော့ ကာရေဘီယန်ပင်လယ်ထဲမှာရှိတဲ့ ဂရန်းကေးမန်းလို့ခေါ်တဲ့ အပူပိုင်းကျွန်းဆွယ်တစ်ခုပဲဖြစ်ပါတယ်။ လူဆိုးတွေကလည်း လည်တော့ အကြပ်ကိုင်ဖို့ဆိုပြီး ဆာရာ့အမေနဲ့အတူ ကေးမန်းကျွန်းဆွယ်ကြီးဆီလိုက်လာပါတော့တယ်။
ဒီအချိန်မှာ ကျွန်တော်တို့ နစ်ကေ့ကြီးရဲ့ ဇာတ်ဝင်ခန်း စတာပါပဲ။ ထိပ်တန်းလျှို့ဝှက်စုံထောက်နေရာကနေ ပင်စင်ယူနေပြီဖြစ်တဲ့ ဆာရာ့အဘိုးဖြစ်သူ မတ်ကိုယ်တိုင်က တစ်သုတ်ပြီးတစ်သုတ်ရောက်လာတဲ့ လူဆိုးတွေကို တစ်ယောက်တည်း ဆွမ်းကြီးလောင်း သမတော်မူခန်းတွေကို ရှုမဝနိုင်အောင် ခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးမှာ အက်ရှ်လေတို့ မိသားစု ဘယ်လိုဖြစ်သွားမလဲ… ထွေဖြားရှည်လျားနေတဲ့ ဂျင်မီရဲ့ အရှုပ်အရှင်းတွေကရော ဘယ်လိုဖြစ်သွားမှာလဲ… ဆိုတာကို ဒီဇာတ်ကားရဲ့အဆုံးမှာ တွေ့ရဦးမှာလည်းဖြစ်ပါတယ်။
ထွက်တာမကြာသေးပေမဲ့ ဇာတ်ကားဝေဖန်သူ အတော်များများက ရီဗျူးကောင်းတွေပေးထားတာဖြစ်တဲ့အတွက် ကြည့်ရမဆိုးတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ နစ်ကေ့အရင်ကားဟောင်းတွေလောက်တော့ ကောင်းလှမှာမဟုတ်ပေမဲ့ မိသားစု Vibe အပြည့်နဲ့ ထိုင်ခွီနေရမှာပဲဖြစ်တဲ့အတွက် Entertain ဖြစ်စေမယ့်ကားစာရင်းထဲပါတဲ့ ဇာတ်ကားတစ်ကားလို့ပြောရင်လည်း မမှားပါဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Island Escape (2023)
⭐IMDB: 3.0/10 (220 Votes)
🎬 #Action #Horror #ScienceFiction
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Island Escape (2023)
Science-Fiction နဲ့ Horror ကြိုက်တဲ့သူအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လူမသိသူမသိကျွန်း တစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ ဒီကျွန်းက “Elite Soldier” တွေကို မွေးထုတ်ဖို့အတွက် လေ့ကျင့်ပေးတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ ဒီကျွန်းဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သုတေသီတစ်ယောက်ဖြစ်တဲ့ စီအီးအိုတစ်ယောက်ရဲ့သမီးကလည်း မတော်တဆမှုထဲပါသွားတဲ့အတွက် စီအီးအိုရဲ့ သမီးကို သွားကယ်ဖို့ ကုမ္ပဏီကနေပြီးတော့ စစ်ပြန်နဲ့ ပရော်ဖက်ရှင်နယ်တစ်စုကို ငှားပါတော့တယ်။ ဒီအဖွဲ့ထဲမှာဆိုရင် ဇာတ်လမ်းရဲ့ မင်းသားဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ ချေ့စ်နဲ့ ရပ်စ်ဆိုပြီးပါလာပါတယ်။ သူတို့နှစ်ယောက်က ဒီစစ်ဆင်ရေးမတိုင်ခင် အရင်စစ်ဆင်ရေးတစ်ခုမှာအတူလုပ်ခဲ့ဖူးကြပေမဲ့ အဲဒီစစ်ဆင်ရေးမှာဖြစ်ခဲ့တဲ့မတော်တဆတစ်ခုကြောင့် ချေ့စ်ဟာ အတိတ်မေ့ရောဂါဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ ရပ်စ်ကို မယုံသင်္ကာဖြစ်နေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချေ့စ်တို့နှစ်ယောက်ဟာ စစ်ဆင်ရေးအတူထွက်ဖြစ်ခဲ့ကြတာပေါ့။
လူမသိသူမသိကျွန်းကို ရောက်သွားတဲ့အခါမှာတော့ စစ်ဆင်ရေးထဲပါသွားတဲ့သူတွေအားလုံး ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့စတင်ကြုံတွေ့လာရပါတော့တယ်။ ကျွန်းပေါ်မှာ သုတေသီတစ်ယောက်မှ ရှာမတွေ့တော့တဲ့အပြင် အလောင်းများစွာကို ရှာတွေ့ကြပါတယ်။ ဒါ့အပြင် ဒီကျွန်းပေါ်မှာ ညဘက်ဆို ထူးဆန်းတဲ့မကောင်းဆိုးဝါးတွေပေါ်လာတတ်ပါသေးတယ်။
ဒီလိုနဲ့ပဲ ချေ့စ်တို့အဖွဲ့ သူတို့ရဲ့စစ်ဆင်ရေးကို အောင်မြင်အောင် ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားကြမှာလဲ… ကျွန်းပေါ်က မကောင်းဆိုးဝါးတွေကရော ဘယ်လိုတွေဖြစ်တည်လာတာလဲ… ဒါ့အပြင် ကျွန်းပေါ်မှာဖြစ်နေတဲ့ တခြားသဘာဝလွန်ဖြစ်ရပ်ပေါင်းများစွာကို ဒီရုပ်ရှင်ထဲမှာ ဖီးလ်အပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
She Came from the Woods (2022)
⭐IMDB: 4.5/10 (786 Votes)
🎬 #Horror
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
She Came from the Woods (2023)=========================
Horror ရုပ်ရှင်ကြည့်နေကျသူတွေဆို ဇာတ်ကားနာမည်မြင်လိုက်ရုံနဲ့ခန့်မှန်းမိကြမယ်ထင်ပါတယ်။ဟုတ်ပါတယ်… အမေရိကန် Horrorရုပ်ရှင်တစ်ကားပါ။ သွေးရဲရဲသံရဲရဲတွေနဲ့ အမှန်အကန် ကြောက်စရာကောင်းတာမို ကြောက်တတ်သူများ မကြည့်ကြဖို ကြိုသတိပေးထားပါရစေ။
ဇာတ်လမ်းအကျဥ်းတော့…ကျောင်းသားအရွယ် ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တစ်စုဟာမက်ကာလစ်စတာမိသားစုရဲ့ဦးဆောင်မှုနဲ့ နွေရာသီစခန်းချခရီးထွက်ခဲ့ကြပါတယ်။ ကန့်ပ်၀င်နေတဲ့ တစ်လျှောက်လုံး ပျော်ပျော်ပါးပါးရှိခဲ့ကြပေမဲ့ပြဿနာက ခရီးစဉ်နောက်ဆုံးညမှာ စတင်ခဲ့ပါတယ်။ အဲဒါကတော့ သဘာ၀လွန်ကိစ္စတွေကို မယုံတတ်ဘဲ စူးစမ်းချင်တဲ့ လူငယ်တိုရဲ့ထုံးစံအတိုင်းပီတာတိုလူငယ်တစ်စုဟာ ရှေးရိုးအစီအရင်တစ်ခုကို အပျော်သဘော လုပ်မိသွားတာပါ။ အဲဒီကစလို ပျော်နေတဲ့ လူငယ်လေးတွေဆီ ဂြိုလ်ဆိုးတွေစတင်၀င်ရောက်လာပါတော့တယ်။
အဲဒီအခါ မက်ကာလစ်စတာမိသားစုနဲ့ ပီတာတိုသူငယ်ချင်းတစ်စုဟာအသက်ရှင်သန်ရေးအတွက် ကြိုးစားကြရပြီပေါ့။ ဒီလိုနဲ့ ဘာတွေရုန်းကန်ရင်ဆိုင်ရပြီး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်မလဲ…။ သွေးသံရဲရဲဆိုပေမဲ့လည်း သူ့မြှုပ်ကွက်ဇာတ်ကြောင်းလည်း ရှိတာကြောင့် အသည်းတအေးအေးနဲ့ စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Chun Winchester ဖြစ်ပါတယ်)...
Double Kill (2023)
⭐IMDB: 1.9/10 (25 Votes)
🎬 #Thriller #Crime
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 2 နာရီ 5 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီလောကကြီးထဲမှာကိုယ်နဲ့ချွတ်စွပ်တူတဲ့ Doppelganger တွေရှိတယ်ဆိုတာ
ကိုသင်ယုံကြည်ပါသလား။ဒီကားကတော့အဲ့ဒီလို Doppelganger တွေနဲ့
ပတ်သတ်တဲ့မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာ လူတစ်ယောက်ကရုပ်ချင်းလုံးဝဆင်တူတဲ့အမွှာလည်း
မဟုတ်တဲ့ကောင်မလေးနှစ်ယောက်ကို ဖမ်းထားတာကိုတွေ့ရမှာဖြစ်ပြီး
သိပ်မကြာခင်မှာပဲ အဲ့ဒီကောင်မလေးနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုပန်းချီ
ဆေးတွေရေးခြယ်ထားပြီး သစ်ပင်မှာကြိုးနဲ့ချည်သတ်ထားတဲ့အကြောင်း
သတင်းထဲပါလာပါတော့တယ်။ဒီအမှုကကြီးတဲ့အတွက် FBI ကိုယ်တိုင်
အမှုလိုက်ခဲ့ရပါတယ်။ဒါပေမယ့်ဖြစ်ချင်တော့ FBI အေးဂျင့်ရိုးလင်းရဲ့
မိန်းမကို အဲ့ဒီလူသတ်သမားကထပ်ဖမ်းသွားပါတော့တယ်။ဒီလိုနဲ့ အေးဂျင့်
ရိုးလင်းလည်း အဲ့ဒီအမှုကိုလိုက်ရင်းလိုက်ရင်း တရားခံက ရုပ်ချင်းချွတ်စွပ်
တူတဲ့ လူတွေကိုပစ်မှတ်ထားကြောင်းသိခဲ့ရပြီး အဲ့လိုအမှုတွေအများကြီး
ရှိခဲ့သေးတာကို သိလိုက်ရပါတယ်။အဲ့ဒီအမှုကိုစုံစမ်းရင်းနဲ့မှ တဖြည်းဖြည်းနဲ့
အမှုမှန်က ပိုပိုပေါ်လာပြီးတရားခံကိုသိရတဲ့အခါမှာတော့ သူ့မိန်းမကို
အေးဂျင့်ရိုးလင်းတစ်ယောက် အချိန်မှီကယ်တင်နိုင်ပါ့မလားဆိုတာကို
ကြည့်ရမယ့်သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။...
Slotherhouse (2023)
⭐IMDB: 6.1/10 (270 Votes)
🎬 #Comedy #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #Serbia #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Slotherhouse (2023)
~ IMDb – 6.1/10, Rotten Tomatoes – 64% ~
ကာတွန်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေထဲမှာ အရမ်းကို နှေးတဲ့အကောင်လေးတွေအဖြစ် ပုံဖော်ထားတဲ့ စလော့သ်ဟာ ဒီရုပ်ရှင်ထဲမှာ မြန်ဆန်ပြီး လူလို ဉာဏ်ကောင်းနေပါတယ်။ ပြီးတော့မှ စိတ္တဇလည်းဖြစ်နေပြီး လူတွေကို လိုက်သတ်တဲ့ ကားမျိုးပါ။ ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ သားသတ်ရုံကို slaughterhouse လို့ ခေါ်ပြီး အဲဒီစာလုံးကိုမှ မျောက်မောင်းမတွေနဲ့ ဆင်တဲ့ စလော့သ်အကောင်လေးနာမည်နဲ့ ပေါင်းပြီး Slotherhouse လို့ ပေးထားတာပါ။ ဓားတွေသေနတ်တွေနဲ့ ချတာတွေပါပြီး Scary movie ဆန်ဆန် အခွီတွေလည်းပါပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
အထက်တန်းကျောင်းက မိန်းကလေးဆောင်တစ်ခုမှာ နောက်ဆုံးနှစ် တက်နေတဲ့ အမ်မလီဆိုတဲ့ ကျောင်းသူလေးဟာ တောထဲက မုဆိုးတစ်ယောက်ဖမ်းလာတဲ့ စလော့သ်လေးတစ်ကောင်ကို ခေါ်လာမိပါတယ်။ သူ့ကို တစ်ဆောင်လုံးက သဘောတွေကျပြီး နာမည်ကြီးနေပေမဲ့ အမ်မလီရဲ့ ပြိုင်ဘက် မိန်းကလေးတစ်စုကတော့ မကြိုက်ပါဘူး။ ဒါကြောင့် အမ်မလီမသိအောင် သူ့ကို လွှင့်ပစ်ဖို့ ရှင်းပစ်ဖို့ ကြိုးစားပေမဲ့ သူတို့ထင်သလို ရိုးရိုးစလော့သ်မဟုတ်ဘဲ စောင်ဆန်းစလော့သ်ဖြစ်နေတာကြောင့် တစ်ဆောင်လုံးကို တန်းစီပြီးပြန်လိုက်သတ်ပါတော့တယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...
4:4:44 (2022)
⭐IMDB: 5.6/10 (45 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Nigeria
⏰ 1 နာရီ 51 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
4:4:44(2022)
************1944ခုနှစ် ဧပြီလ ၄ရက်နေ့မှာ ချစ်သူနှစ်ဦးလက်ထပ်ခဲ့ကြတယ်။ ဒီချစ်သူနှစ်ဦးဟာတစ်ဦးနဲ့တစ်ဦးအရမ်းကိုချစ်ခင်ကြပြီး မိဘချင်းကလည်းရင်းနှီးတဲ့အတွက်သူတို့နှစ်ဦးရဲ့အနာဂတ်ဟာလှပနေခဲ့တယ်။ ဒါပေမယ့်အငြှိုးရှိသူတစ်ယောက်ကြောင့်ဇနီးသည်ဖြစ်သူ သရီစာဟာ အဲ့ဒီနေ့မှာပဲခဲဆိပ်သင့်ကာ ဦးနှောက်ကစဉ့်ကလျားရောဂါရသွားပါတယ်။နောက်ဆုံးထွက်သက်အထိ အတူရှိသွားပါ့မယ်လို့ကတိပေးထားတဲ့ ဟီလာရီဟာဇနီးသည်အပေါ်မငြိုမငြင်ပြုစုရင်းနဲ့ အခက်အခဲများစွာကြုံလာတဲ့အခါမှာတော့…အဲ့ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းပြီး သူတို့နှစ်ဦးရဲ့ချစ်ခြင်းတွေကဘယ်လောက်ထိခိုင်မာလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။...
Crazy Love (1993)
⭐TMDB: 61.0% User Score
🎬 #Adult #Drama #Romance #Comedy
🗓 1993 🎞 movie
🌎 #HongKong #HongKong
⏰ 1 နာရီ 17 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*********************
ဒီတစ်ခါမှာတော့ တရုတ်အချစ်ဟာသ 18+ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ အားကျန်းဆိုတဲ့ကောင်မလေးဟာ
အမေရိကန်မှာပညာသင်ဖို့ အိမ်ကထွက်လာရင်း စိတ်ပြောင်းလဲသွားခဲ့ပြီး သူ့ရည်းစားဆီပြန်သွားခဲ့ပါတယ် ..
သူ့ရည်းစားဟာ နောက်မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတာတွေ့တဲ့အချိန်မှာတော့ အားကျန်းဟာ အိမ်လည်းမပြန်ဖြစ်ပဲ
ခြေဦးတည့်ရာလျှောက်သွားမိပါတော့တယ် အားကျန်းဟာတစ်ယောက်တည်း သွားလာရင်း မသမာသူတွေနဲ့တွေ့ရာမှာလည်
း မိန်းမမာယာသုံးပြီး ပညာပေးနိုင်ခဲ့တယ် ဒီလိုနဲ့ပဲ အားကျန်းဟာ ဒေးဗစ်ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး
အတူနေထိုင်ခဲ့ကြတယ် အားကျန်းဟာ နဂိုတည်းက ပွင့်လင်းစွာနေထိုင်တဲ့သူဖြစ်ပါတယ် …
သူဟာတခြားယောကျာ်းလေးတွေနဲ့ပတ်သက်ခဲ့မိလို့ ဒေးဗစ်တစ်ယောက် သဝန်တိုမိပြီး ခဏခဏပြဿနာတွေဖြစ်ခဲ့ကြတယ်…
အဲ့ဒီနောက် သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ တည်မြဲပါ့မလား ပြိုကွဲသွားမလားဆိုတာကိုတော့ဘဆက်လက်ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်
…မိန်းမတစ်ချို့ရဲ့မာယာတွေ သူတို့ရဲ့စိတ်ကခံယူချက်တွေကို အထူးလေ့လာမှတ်သားသင်ယူသင့်တဲ့ကားလေးပါပဲ
(မှတ်ချက်။ ။ 18+အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး)...
Cunk on Britain (2016-2018)
⭐IMDB: 8.3/10 (3 k Votes)
🎬 #Comedy #History
🗓 2016-2018 🎞 tv mini series
🌎 #UnitedKingdom
⏰ 29 မိနစ် 47 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cunk on Britain (2018)Cunk on Britain (2018) Complete
~ IMDb rating – 8.3/10 ~ “နယူတန် ကမ္ဘာ့မြေဆွဲအားကို မတီထွင်ခင်တုန်းက လူတွေက လေပေါ်မှာဝဲနေမှာပဲ…” အဲဒီလို ဂေါက်တိဂေါက်တောက်စဉ်းစားမိကြဖူးလား။
အမှောင်ခေတ်ဆိုတာ မီးပြတ်နေတဲ့ခေတ်လို့ တွေးမိကြဖူးလား။
ကပ်ရောဂါက မကောင်းဘူးဆိုရင် ဘာလို့ဖြစ်ကြတာလဲ။
အချင်းချင်းမေးရင်တောင် ဂေါက်နေတာလားလို့ ပြန်မေးခံရမယ့် မေးခွန်းတွေကို ဒီမမကြီးက ဒီလိုမေးခွန်းတွေကို သက်ဆိုင်ရာ ပညာရှင်တွေဆီကို သွားမေးပါတယ်။ သူကတော့ ဖီလိုမီနာကန့်ခ်ပါ။ ဒီတစ်ခါမှာတော့ သူက ဗြိတိန်နိုင်ငံရဲ့ သမိုင်းကြောင်းကို ပေါက်ကရလေးဆယ် တင်ပြသွားမှာပါ။ ဗြိတိန်သမိုင်းကို ခွီရင်းနဲ့ လေ့လာနိုင်ပါလိမ့်မယ်။ ကြည့်နေရင်း မေးခံရတဲ့ ပညာရှင်တွေက ထရိုက်ချင်စိတ်ပေါက်နေတာ၊ ရယ်ချင်စိတ်ပေါက်နေတာကို မနည်းထိန်းနေရတာကို တွေ့ရမှာပါ။ ပြီးတော့ မေးတဲ့မေးခွန်းက ကြောင်တောင်တောင်နိုင်လွန်းလို့ ပညာရှင်တွေ ဖြေရကြပ်သွားတာကို ကြည့်ရတာလည်း ခွီချင်စရာပါပဲ။ ဗြိတိန်သမိုင်းကို အမှန်အကန်လေ့လာနေတဲ့သူတွေအတွက်လည်း ဇဝေဇဝါဖြစ်စရာ မေးခွန်းတွေကို ဘာမှန်းမသိ ဖြစ်သွားအောင်လုပ်ပေးပါလိမ့်မယ်။ ဒါကတော့ ကန့်ခ်ပြောတဲ့ ဗြိတိန်အကြောင်းပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)Size ~ 600MB+...
Cunk On Earth (2018)
⭐TMDB: 52.0% User Score
🎬 #Comedy
🗓 2018 🎞 tv series
🌎 #UnitedKingdom #UnitedKingdom
⏰ 29 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cunk On Earth (2023)
Netflix နဲ့ BBC တို့ ပူးပေါင်းတင်ဆက်ထားတဲ့ Mockumentary ဇာတ်လမ်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ BBC ရဲ့ Cunk on Britain ရဲ့ အောင်မြင်မှုအပြီးမှာ Cunk on earth ဆိုပြီး ကမ္ဘာပေါ်က ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းတွေကို မှတ်တမ်းရုပ်ရှင်ပုံစံတင်ဆက်ထားတဲ့ ဟာသဇာတ်လမ်းအဖြစ် ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ သတင်းထောက် ဖီလိုမီနာ ကန့်ခ်က ရှေးဦးဂူအောင်းလူသားခေတ်ကစပြီး ဒီနေ့ဆိုရှယ်မီဒီယာခတ်အထိ ကြားထဲမှာဖြစ်ပွားခဲ့တဲ့ အရေးကြီးအဖြစ်အပျက်တွေ ဥပမာ- အလယ်ခေတ်အကြောင်း၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတို့ ပေါ်ပေါက်လာပုံအကြောင်း၊ တစ်ကျော့ပြန်ခေတ် (the Renaissance)အကြောင်း၊ ပြီးတော့စက်မှုခေတ်ရောက်လာပုံ အစရှိတဲ့ သမိုင်းအဖြစ်အပျက်တွေကို တကယ်ဖြစ်ခဲ့တာတွေနဲ့ ပြက်လုံးတွေပေါင်းပြီး ဟာသနှောတင်ဆက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအဖြစ်အပျက်တွေနဲ့ဆိုင်တဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ၊ ပါမောက္ခတွေကို မေးမြန်းတာတွေ ပါပါတယ်။ အဲဒီအပိုင်းက ပရိတ်သတ်တွေတော်တော်များများ သဘောကျကြတဲ့အပိုင်းဖြစ်ပါတယ်။ သတင်းထောက် Cunk က ကြောင်တောင်တောင်မေးခွန်းတွေ၊ ပေါက်ပေါက်ရှာရှာမေးခွန်းတွေကို ပါမောက္ခတွေကို မေးလေ့ရှိပြီး ပါမောက္ခတွေကလည်း သူမေးတာကို အတည်ပေါက်ယူပြီး တတ်နိုင်သလောက် ပညာရှင်ရှုထောင့်ကနေ ပြန်ဖြေပေးကြတာက ရယ်စရာဖြစ်နေတာပါ။ ဒါပေမဲ့ တစ်ခါတလေ Cunk မေးတဲ့ဟာတွေက လူတိုင်းစိတ်ကူးထဲမှာ ပေါက်ပေါက်ရှာရှာပေါ်လာတတ်ပြီး ပါမောက္ခတွေကို သွားမမေးရဲတဲ့မေးခွန်းမျိုးတွေလို့ ခံစားရစေပါတယ်။ ကိုယ်တွေမမေးရဲပေမဲ့ သူကတော့မေးရဲပြီး ပါမောက္ခတွေက ရယ်လည်းမရယ်၊ စိတ်လည်းမတိုကြဘဲ သူတို့ကပါ ရုပ်တည်ကြီးနဲ့ ပြန်ဖြေနေကြတာတွေကြည့်ပြီး ခွီလိုက်ကြပါဦးနော်။File size…(700 MB)/(300 Mb)...
Gandeevadhari Arjuna (2023)
⭐IMDB: 7.5/10 (2 k Votes)
🎬 #Action #Bollywood #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 15 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Gandeevadhari Arjuna (2023)
IMDb-7.7/10
Missionတွေလုပ်ရတဲ့ Agent movieတွေကို နှစ်သက်သူတို့အကြိုက်တွေ့မယ် IMDb 7.7 ရထားတဲ့ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ဒီကားထဲမှာတော့ မင်းသားချော Varun Tej ကိုအရည်အချင်းမှာ သူမတူအောင်ထက်မြက်ပေမဲ့ အမိန့်မနာခံဘဲ ထင်ရာလုပ်တတ်တဲ့အေးဂျင့်အနေနဲ့ မြင်တွေ့ရမှာပါ။
ဇာတ်လမ်းအကျဉ်း
ရာသီဥတုဆိုးရွားစွာပြောင်းလဲမှုဒဏ်ကို ကမ္ဘာနဲ့အဝှမ်းခံစားလာရတဲ့အတွက် အမြဲအိပ်ပျော်နေတတ်တဲ့UNကြီးလည်းနိုးထလာပြီး ရာသီဥတုပြောင်းလဲမှုအတွက် အဓိကကျတဲ့ နိုင်ငံ ၂၅ နိုင်ငံမှာစောင့်ကြည့်သူတွေခန့်အပ်ဖို့ အဆိုတင်သွင်းလာပါတယ်။ အိန္ဒိယနိုင်ငံအတွက် စောင့်ကြည့်သူအဖြစ်လျာထားခံရသူကတော့ သစ်တောဝန်ကြီးအာဒီသရာပါ။
စက်ရုံစွန့်ပစ်ပစ္စည်းတွေရဲ့ စွန့်ပစ်မှုကိုကြည့်ရှုစစ်ဆေးအရေးယူရမယ့်သူအဖြစ် ခန့်အပ်ခံရခြင်းနဲ့အတူမသမာတဲ့လုပ်ငန်းရှင်တစ်စုရဲ့ မဟာရန်သူတော်ကြီးဖြစ်လာတဲ့ဝန်ကြီးအာဒီသရာ၊ သူ့ကို ကာကွယ်ပေးနေတဲ့ဆရာဖြစ်သူဗီဂျေးက ဒဏ်ရာရသွားတဲ့နေရာ အာဂျွန်က ဆရာ့ကိုယ်စား ဝန်ကြီးကိုကာကွယ်ဖို့ဖြစ်လာတဲ့အခါ…
ဝန်ကြီးရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့အိုင်ရာနဲ့ တစ်ချိန်ကဇာတ်လမ်းလေးကလည်းရှိနေတော့ အာဂျွန်တစ်ယောက်နောက်ဆံတင်းနေပေမဲ့ ဆရာကလည်း အကူအညီတောင်းတာဖြစ်ပြန်၊ တစ်ဖက်မှာလည်း အမေ့ရဲ့ဆေးကုစရိတ်ကြောင့်ငွေလိုနေတဲ့အခါ အလုပ်ကိုလက်ခံပြီး ဝန်ကြီးကိုကာကွယ်ဖို့ ဖိုင်တွဲနံပါတ် ၁၃ ကိုအရယူဖို့ အာဂျွန်တစ်ယောက်ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။
အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Alex ~ Dee ~ YH ~ ToMo~KKKZ တို့ပဲဖြစ်ပါတယ်...
The Valley of the Sacred King (2023)
⭐TMDB: 90.0% User Score
🎬 #Action #Thriller
🗓 2023 🎞 Movie
🌎 #China
⏰ 1 နာရီ 32 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သင်္ချိုင်းဖောက်ထွင်းဆရာကြီး ဟူပါးရီးက ဒီတစ်ခါတော့အရှေ့တောင်အာရှကရှေးဟောင်းဘုရင်သင်္ချိုင်းတစ်ခုကိုရောက်လာခဲ့ပါတယ်။သူတို့ရောက်လာတဲ့အကြောင်းအရင်းတော့ သင်္ချိုင်းထဲကရတနာတစ်ခုဟာသူတို့မိနေတဲ့အဆိပ်ကိုဖြေနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်ပဲရောက်လာခဲ့ကြပါတယ်။
ဒါပေမယ့် သင်္ချိုင်းထဲမှာညီကိုတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အတွက်ဟူပါးရီးဟာသူ့ကိုယ်သူအပြစ်တင်ပြီး စိတ်ဒဏ်ရာကိုမကျော်ဖြတ်နိုင်ဘူးဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာ ဝမ်ခိုင်ရွှမ်ကို စကော့ထ်ဆိုတဲ့နိုင်ငံခြားသားတစ်ယောက်ကအတင်းခေါ်သွားခဲ့တဲ့အတွက်ဟူပါးရီးနဲ့ ယန်ရွှယ်လိတို့ကဝမ်ခိုင်ရွှမ်ကိုလိုက်ကယ်ရတော့တာပေါ့……ဝမ်ခိုင်ရွှမ်ကိုကယ်တင်ရင်းဘာတွေကြုံတွေရမလဲဆိုတာသင်္ချိုင်းဖောက်ထွင်းရတနာသိုက်ရှာတဲ့ကားဆိုတဲ့အတိုင်းထူးဆန်းဖြစ်ရပ်တွေအပြည့်နဲ့မလို့ ဆက်ပြီးကြည့်လိုက်ပါဦးနော်……...
Soorpanagai (2023)
⭐TMDB: 0.0% User Score
🎬 #Action #Bollywood #Thriller #Adventure #Crime #Mystery
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 18 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nene Naa (2023)IMDb – 7.3/10ဒီဇာတ်ကားမှာတော့ အခြားစုံထောက်ကားတွေနဲ့ မတူဘဲရှေးဟောင်းသုတေသနဌာနနဲ့ ရဲတွေပေါင်းပြီးတော့အမှုလိုက်ကြတဲ့ ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းရဲ့အစမှာတော့ နိုင်ငံခြားသားတစ်ယောက်ဟာတောထဲကို လေ့လာရေးလာရင်းနဲ့ မြေကြီးထဲကို ဆွဲနှစ်ခံလိုက်ရပါတယ်။အဲဒီလိုဖြစ်တဲ့နေရာမှာ သွေးကွက်တွေကို တွေ့လိုက်ရတဲ့ ရိန်းဂျားရာဂျီကရဲတွေကို အကြောင်းကြားလိုက်တဲ့အခါမှာ ဒီအမှုကို လိုက်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြေကြီးကို စစ်ဆေးပေးဖို့အတွက် ရှေးဟောင်းသုတေသနဌာနကိုအကူအညီတောင်းတဲ့အခါမှာတော့ ဒီဗီရာတစ်ယောက် ရဲတွေကို ကူညီပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ဒီဗီရာတစ်ယောက် မြေကြီးကို စစ်ဆေးဖို့အတွက် မြေကို တူးခိုင်းလိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့ လေးရက်လောက်ကမှ သေဆုံးသွားခဲ့ရတဲ့ နိုင်ငံခြားသားက အရိုးခြောက်ဖြစ်နေခဲ့ပါပြီ။ဘာလို့ ဒီလိုအရိုးခြောက်ဖြစ်သွားရတာလဲ …..
ဒီအကြောင်းကို စစ်ဆေးရင်း အတိတ်ကအကြောင်းတွေနဲ့ ဆက်စပ်ပြီးဘာတွေ ဆက်ဖြစ်လာဦးမှာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Aditi~Cherry~Moon~Alex~ToMo တို့ပဲဖြစ်ပါတယ်)...
Dick (1999)
⭐TMDB: 58.0% User Score
🎬 #Comedy
🗓 1999 🎞 movie
🌎 #UnitedStates #Canada #France #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (6.2) / Rotten Tomatoes (72%)
ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။
ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။
ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။
ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။)...
Busty Girlfriend (2019)
⭐TMDB: 70.0% User Score
🎬 #Adult #Drama #Romance
🗓 2019 🎞 Movie
🌎 #SouthKorea
⏰ 1 နာရီ 5 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
***********************************
တက်တူးနဲ့ကွီးယားမမကိတ်ပါတဲ့အတွက်
တက်တူးအလှအပတတွေတဝကြီးခံစားရမှာပါ..မင်ဂျယ်ဟာ မကြာခင်မှာ လက်ထပ်တော့မယ့် သူ့ချစ်သူ ဆူဟီးကို
ဖခင်ဖြစ်သူနဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ဒါပေမယ့် ရုတ်တရက် မင်ဂျယ်ဟာ
ဆူဟီကို အဆက်အသွယ်မလုပ်ဘဲ နှစ်ယောက်သား လမ်းခွဲလိုက်ကြပါတော့တယ်
အဲ့ဒီအချိန်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဆူဟီးက
သူငယ်ချင်းဖြစ်သူရဲ့ မိတ်ဆက်ပေးမှုကြောင့် အလုပ်ရသွားခဲ့ပါတယ်တစ်နေ့မှာ ဆူဟီးအလုပ်လုပ်တဲ့နေရာကို မင်ဂျယ်ရဲ့အဖေ ရောက်ရှိလာခဲ့ပါတယ်
မင်ဂျယ်ကလည်း ဆူဟီးနဲ့ ပြန်လည်အဆင်ပြေချင်လို
ဆက်သွယ်လာခဲ့တဲ့အခါ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေးက ဘယ်လိုတွေဆက်ဖြစ်လာမလဲ...
Spy Kids: Armageddon (2023)
⭐IMDB: 4.4/10 (547 Votes)
🎬 #Action #Comedy #Family #Adventure #SciFi
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spy Kids: Armageddon (2023)
5 ကားမြောက် Spy Kids မူဗီ ထွက်လာပါပြီ။ဒီရုပ်ရှင်ကိုတော့ Spy Kids ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Robert Rodriguez က ရိုက်ကူးထားတာပါ။90 ဖွားတွေအတွက်တော့ ဒီရုပ်ရှင်တွေက ငယ်ငယ်တုန်းက တစ်ခါနှစ်ခါတော့ ကြည့်ဖူးကြမယ်ထင်ပါတယ်။သိပ္ပံ ကိရိယာအသစ်အဆန်းတွေနဲ့ လူဆိုးတွေကို ချတဲ့ စပိုင်ကလေးတွေ အကြောင်းပါပဲ။မိသားစုကြည့်ဖို့ ကလေးတွေကို ပြဖို့ အသင့်တော်ဆုံး franchise ပါပဲ။
ဇာတ်လမ်းအကျဉ်း
တိုနီနဲ့ပတ်တီဆိုတဲ့ ကလေးနှစ်ယောက်ဟာ လူကြီးစပိုင်နှစ်ယောက်ရဲ့ သားနဲ့သမီးပါပဲ။သူတို့ဟာ ဂိမ်းဝါသနာအိုးတွေဖြစ်ပြီး ဂိမ်းကစားတဲ့နေရာမှာလည်း အတော်ကျွမ်းကျင်ပါတယ်။သူတို့ရဲ့အမေနဲ့အဖေက သူတို့ကို ဖုန်းတွေဂိမ်းစက်တွေ နာရီပိုင်းနဲ့ပဲ သုံးခွင့်ပေးပြီး ကန့်သတ်ထားပါတယ်။အကြောင်းကတော့ ကမ္ဘာပေါ်က ဘယ်စနစ်ကိုမဆိုဟက်လို့ရတဲ့ အာမက်ဂက်ဒန်ဆိုတဲ့ဆော့ဝဲကိုအိမ်မှာ လျို့ဝှက်သိမ်းထားပြီး ကလေးတွေရဲ့ဂိမ်းကနေ အဟက်ခံရမှာစိုးလို့ပါပဲ။ဒါပေမဲ့ ဒီဆော့ဝဲကိုလိုချင်နေတဲ့ နည်းပညာသမားလူဆိုးက ကလေးတွေကို ဂိမ်းနဲ့မျှားပြီး ဂိမ်းထဲကနေ တဆင့် ခိုးသွားပါတော့တယ်။အဲဒီဆော့ဝဲကိုအသုံးချပြီး ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အပြင် ကလေးတွေရဲ့ အဖေနဲ့အမေကိုပါ ဖမ်းထားနိုင်လိုက်ပါတယ်။ဒီတော့မှ မိဘတွေ စပိုင်မှန်းသိရတဲ့ မောင်နှမနှစ်ယောက်ဟာ သူတို့မိဘတွေရဲ့ နည်းပညာတွေကိုသုံးပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
Sorcery (2023)
⭐IMDB: 6.1/10 (273 Votes)
🎬 #Fantasy #Horror #Mystery #Adventure
🗓 2023 🎞 movie
🌎 #Mexico #Germany #Chile
⏰ 1 နာရီ 41 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“မှော်အတတ်”
မှော်အတတ်ဆိုတာမျိုးက ရိုးရာမျိုးနွယ်တွေကနေ လက်ဆင့်ကမ်းဆင်းသက်လာတာများပြီး လက်ခံသူ ၊လက်မခံသူကွဲနေတတ်တာက အရင်တည်းက ရှိလာခဲ့တာပါ။ လက်မခံသူတစ်ဖက်ပိတ်အများစုက မှော်ဆိုတာ ရွံကြောက်စရာ၊နိမ့်ကျတဲ့အရာ၊ မယုံတမ်းလုပ်ကြံထားတာတွေလို့တွေးတတ်ကြတယ်။ လက်ခံကျင့်သုံးနေကြသူတွေအတွက်ကျ ရိုးရာကိုထိန်းသိမ်းရာလည်းရောက်မယ် သတ္တဝါတွေကိုလည်းအကူအညီပေးနိုင်ရာရောက်တယ် စတဲ့အကြောင်းတွေနဲ့ လက်ဆင့်ကမ်းယုံကြည်လာခဲ့ပါတယ်။
သို့ပေမဲ့ ဆန့်ကျင်သူ ၊ လူနည်းစုကျင့်သုံးသူ ဆိုပြီးအုပ်စုနှစ်ခုကွဲပြီး ဆန့်ကျင်သူတို့ဖက်ကအင်အားကြီးလာတော့ ကျင့်သုံးသူတို့ကို မတရားဖိနှိပ်ခဲ့တာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတည်းကဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကိုမျက်မြင်ခံစားကြည့်လို့ရအောင် ဒါရိုက်တာ Christopher Murray က ၁၉ရာစုဝန်းကျင် ချီလီနိုင်ငံက ဟွီလီချီဆိုတဲ့ လူမျိုးအကြောင်းအခြေခံရိုက်ပြပေးထားပါတယ် ၊
ဇာတ်ဆောင်က ဟွီလီချီလူမျိုး၊လူဖြူတွေရဲ့အစေခံမလေး ရိုဆ ဆိုတဲ့ ၁၃နှစ်သမီးလေးပါ ။အဖေကမှော်အတတ်တွေလုပ်တယ်လို့စွပ်စွဲခံရပြီးသူ့ရှေ့တင်အရှင်လတ်လတ်ခွေးကိုက်သတ်ခံလိုက်ရတာပါ။ ဆိုတော့ ငယ်ရွယ်တဲ့ရိုဆလေးခမျာအဖေ့အတွက်တရားမျှတမှုရအောင် ကြိုးစားတဲ့ခရီးစဉ်စတင်ပါတော့တယ်။ အရင်ကလူပတ်ဝန်းကျင်နဲ့ဝင်ဆံ့အောင် ခရစ်ယာန်ဘာသာကျင့်သုံးခဲ့တဲ့ ရိုဆဟာ နောက် သူ့မျိုးနွယ်တွေနဲ့တွေ့ပြီး ကိုယ့်ရိုးရာ ကိုယ်ကျင့်သုံးကာ သူတို့ကို ဖိနှိပ်ခဲ့တဲ့လူတွေကိုဘယ်လို လက်စားချေမလဲ …. နက်နဲပြီး ဇာတ်အေးအေးနဲ့ ကြည့်ရမယ့် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်...
John and the Hole (2021)
⭐IMDB: 5.2/10 (4 k Votes)
🎬 #Drama #Horror #Thriller
🗓 2021 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
John and the Hole (2021)===================
ဒီဇာတ်ကားကို လူစိတ်ဝင်စားနေကြတာ တော်တော်များနေကြတယ်။ ဖြစ်ချင်ရာဖြစ်တဲ့ လောကကြီးထဲက ကိစ္စရပ်တစ်ခုပဲပေါ့။ မိသားစုကို မရ ရတဲ့နည်းနဲ့ စွန့်ပစ်ခဲ့တဲ့ လူမမည် ကောင်လေးတစ်ယောက်ရယ်၊ သမီးလုပ်သူကို တာဝန်မဲ့စွာ စွန့်လွှတ်ထားပစ်ခဲ့တဲ့အမေရယ်။ လောကကြီးက ရယ်ရတယ်ဗျ။ သူ့ချိုချဉ်ကို ဝိုင်းလုနေကြတဲ့လူဆိုးလေးတစ်သိုက်ကိုတော့ အနာခံပြီး ချိုချဉ်မပေးခဲ့တဲ့ ကောင်မလေးက သူ့ကိုကူညီရင်း အရိုက်ခံ ဝိုင်းသေးပန်းခံလိုက်ရတဲ့ ကောင်လေးကိုတော့ ရက်ရက်ရောရောကြီး သွားပေးနေပြန်ရော။ စတီဖင်ချောင်ရဲ့ဇာတ်ကားပြောပါတယ်။
အခုလည်းပဲ လာမယ့်ဘေး ပြေးတွေ့ပြီး ဘာပဲဖြစ်ဖြစ် မကြောက်ဘဲ အမေ၊ အဖေနဲ့အစ်မကို တွင်းကြီးထဲ ပစ်ချခဲ့တဲ့ကောင်လေး။ သူက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ နေချင်တယ်။ လူကြီးတစ်ယောက်လို လုပ်ချင်ရာလုပ်ပြီး ဘဝကိုဖြတ်သန်းချင်တယ်။ လွတ်လပ်မှုကို ရချင်တဲ့ ၁၃ နှစ်သား။
ကောင်မလေးကတော့ သူ့ကို ပိုက်ဆံတစ်နှစ်စာပေးပြီးစွန့်သွားတော့မယ့် အမေကိုအတင်းဖက်တွယ်လို့ အမေနဲ့ နေရပါမယ့်အကြောင်း တောင်းပန်တိုးလျှိုးနေပြန်ရော။နင်လုပ်ချင်တာလုပ်၊ နင့်ဆုံးဖြတ်ချက်နဲ့နင်။ ဒါပေမဲ့ သူကတော့ အမေ့ဘေးမှာ အမေ့ဆုံးဖြတ်ချက်နဲ့ပဲ နေချင်ပါတယ်ဆိုတဲ့ ၁၂ နှစ်သမီး။ သူတို့နှစ်ယောက်ကို နေရာလဲပေးခဲ့ရင်တောင် လောကကြီးက မာယာများလွန်းတော့အဆင်ပြေမယ်မထင်ပါဘူးလေ။
ဒီဇာတ်ကားကတော့ 2021 ကထွက်ခဲ့တဲ့ ကလေးစိတ်ပညာရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရထိုက်သလောက် ရထားပြီး Rating လည်း မဆိုးလှပါဘူး။ မိသားစုကို တွင်းထဲပစ်ချပြီး အစာကျွေးတလှည့် မကျွေးတလှည့်လုပ်နေတဲ့ကောင်လေး။ သူဘယ်လိုစိတ်မျိုးနဲ့ ဆက်နေမလဲ။ တွင်းထဲမှာ နံနံစော်စော် ငတ်ငတ်ပြတ်ပြတ်နေခဲ့ရတဲ့ မိသားစုသုံးယောက်သား တွင်းထဲကနေ လွတ်မြောက်နိုင်ပါ့မလား။စိတ္တဇရုပ်ရှင်ပီပီ ဇာတ်ကွက် ဦးစားမပေးဘဲ ရိုက်ချက်တွေနဲ့ပဲ ပုံဖော်သွားတာပါ။ ရွေးချယ်ကြည့်ရှုဖို့ မဆိုးလှတဲ့ ဇာတ်ကားဖြစ်ကြောင်းပြောကြားရင်းတင်ဆက်ပေးလိုက်ပါပြီ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Chun Winchester ဖြစ်ပါတယ်)...
Widow, sad pregnancy announcement. Miu Shiromine (2023)
⭐TMDB: 0.0% User Score
🎬 #Adult #Asian
🗓 2023 🎞 Movie
🌎 #
⏰ 2 နာရီ 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မြန်မာမျက်နှာကျလေးနဲ့ဆင်တာမလို့ JAV မင်းသမီးတွေထဲ Miu Shiromine လေးကို တစ်ခါမြင်ဖူးတာနဲ့မှတ်မိနေတတ်ပါတယ်။
ရုပ်ရည်လေးချောမောလှပသလို ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ မြင်သူတိုင်းစွဲမက်လောက်တဲ့ ပြည့်စုံမှုကိုပိုင်ဆိုင်ထားသူလေးပါ။
ATID-566 ဒီဇာတ်ကားမှာတော့ ခင်ပွန်းသည်သေဆုံးသွားလို့ ပူဆွေးနေတဲ့ မုဆိုးမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။
Decensored Version နဲ့မလို့ Miu Shiromine ရဲ့လှပမှုတွေကို တဝကြီးမှတ်မိသွားမှာပါ။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
No One Will Save You (2023)
⭐IMDB: 6.5/10 (3 k Votes)
🎬 #Horror #SciFi #Thriller #ScienceFiction
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။
သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။
အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့
ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။
အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။
ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလို
အတုလိုလို စဉ်းစားရခက်နေတာပါ။
ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရော
ဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။
ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့
The Divergent Series: Insurgent တို့Love and Monstersတို့ကို
ဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။
မင်းသမီးကတော့ မှတ်မှတ်ရရUnbelievableဆိုတဲ့
စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။
သူနာမည်ကြီးခဲ့တဲ့Unbelievableစီးရီးကိုလည်း
ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။
မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။
အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲ
သူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။
ကြည့်လိုက်ကြပါဦး။...
