无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Paths of Glory (1957) ⭐TMDB: 83% User Score 🎬 #Drama #History #War 🗓 1957 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၅၇ မှာ ထွက်ရှိခဲ့တဲ့ ဂန္ဓဝင်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ ပထမကမ္ဘာစစ်နောက်ခံ ရုပ်ရှင်ပဲ ဖြစ်ပါတယ် စစ်ကားဆိုတာထက် စစ်ဆန့်ကျင်ရေးရုပ်ရှင်ဆိုရင် ပိုမှန်မှာပါ ပြင်သစ်တပ်က Anthill အမည်ရ ဂျာမန်တပ်စွဲထားရာ နယ်မြေတစ်ခုကို သိမ်းချင်နေပါတယ် ရာထူးတိုးချင် အဆောင်အယောင်ကိုမက်မောတဲ့ စစ်ဦးစီးတွေက မဖြစ်နိုင်တဲ့အင်အားနဲ့ တိုက်ခိုက်ဖို့ ကာနယ် Dax ကို အမိန့်ပေးလာပါတယ် ဒါပေမဲ့ မအောင်မြင်တဲ့အခါမှာ သိက္ခာဆယ်တဲ့အနေနဲ့ တပ်သားသုံးယောက်ကို ရမ်းသမ်းရွေးစေပြီး “သူရဲဘောကြောင်မှု” ခေါင်းစဥ်တပ်ကာ ခုံရုံးတင်ပါတယ် တပ်သားသုံးယောက်ဘက်ကနေ ရှေ့နေလိုက်ပေးမယ့်လူကတော့ အမှန်တရားဘက်က ရပ်တည်ပြီး ရိုးသားဖြောင့်မတ်တဲ့ ကာနယ် Dax ပါပဲ ကျန်တာကတော့ ပရိသတ်ကြီးပဲ ရှုစားအားပေးကြပါဦး တိုက်ပွဲက ဇာတ်ဝင်ခန်းနှစ်ခန်းလောက်သာပါပြီး နောက်ဆက်တွဲဖြစ်ရပ်တွေ အငြင်းအခုံတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေးပါ...
Angels Fallen: Warriors of Peace (2024) ⭐IMDB: 5.4/10 (3 k Votes) 🎬 #Action #Adventure #Fantasy #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီရတ်စစ်ပြန် မရိန်းတပ်သားဟောင်း ဂေဘရီရယ်ကတော့ စစ်ပွဲအပြီးမှာ PTSD အပြင်းစားရခဲ့ပြီး ကားပြင်ဆိုင်မှာအလုပ်လုပ်နေသူပါ။ စစ်ပွဲပြီးတာ ဆယ်စုနှစ်ကျော်ခဲ့ပေမဲ့လည်း အတိတ်ကဖြစ်ရပ်ဟောင်းတွေက ညတိုင်းခြောက်လှန့်နေခဲ့ပြီး တစ်ညမှာတော့ ဂေဘရီရယ်ဆီကို ဘယ်လ်သဇာလို့ခေါ်တဲ့ လူတစ်ယောက် ပေါ်လာခဲ့ပါတယ်။ တမာန်တော် မိုက်ကယ်က နတ်သက်ကြွေသွားခဲ့ပြီး ငရဲပြည်ကဂိတ်တံခါးကိုပိတ်ကာ နတ်ဆိုးစစ်တပ်ဖွဲ့စည်းနေပါတယ်။ ဒါကို ဦးဆောင်တားဆီးဖို့ ဂေဘရီရယ်ကို ဘုရားသခင်က ရွေးချယ်လိုက်ကြောင်း ဘယ်လ်သဇာက ပြောလာတဲ့အခါမှာ … ဂေဘရီရယ်တစ်ယောက် ဘယ်လ်သဇာညွှန်ကြားတဲ့အတိုင်း ငြိမ်းချမ်းရေးစစ်သည်တော်တွေကို လိုက်စုစည်းပြီး အဖွဲ့ဖွဲ့နိုင်မှာလား၊ မိုက်ကယ်နဲ့ သူ့ရဲ့နတ်ဆိုးစစ်တပ်ကို အနိုင်ယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Chaalchitra Ekhon (2024) ⭐IMDB: 7.5/10 (154 Votes) 🎬 #Comedy #Drama #History 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 31 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.8 ဒီရုပ်ရှင်ကတော့ 2018 ခုနှစ်မှာကွယ်လွန်သွားခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Mrinal Sen ကို tribute တဲ့အနေနဲ့ ရိုက်ကူးထားတာပါ။ 1981 ခုနှစ်မှာ Mrinal Sen ရိုက်ကူးခဲ့တဲ့ “Chaalchitra” ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသား “ဒီပူ” နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Anjan Dutt ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Mrinal နဲ့ Anjan နှစ်ယောက်ကြားက relationship ကို အဓိကရိုက်ပြထားပါတယ်။Anjan Dutt ကလည်း 1981 ခုနှစ် ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ Chaalchitra ရုပ်ရှင်နဲ့ “အကောင်းဦးပွဲဦးထွက်မင်းသား” ဆုကိုရရှိခဲ့ပါသေးတယ်။ ဆိုတော့ Chaalchitra (1981) ရုပ်ရှင်ဖြစ်ပေါ်လာဖို့အတွက် ပြဇာတ်တွေကိုရူးသွပ်နေတဲ့ Anjan နဲ့ ဂန္တဝင်ရုပ်ရှင်ဒါရိုက်တာကြီးဖြစ်နေပြီးသား Mrinal တို့ နှစ်ယောက်ကြားက အတွေးအမြင်မတူမှုတွေ၊ အခက်အခဲတွေနဲ့ ကာလကတ္တားမြို့ကြီးရဲ့ ဆန်းကျယ်မှုတွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
The Master and Margarita (2023) ⭐IMDB: 7.2/10 (3 k Votes) 🎬 #Drama #Fantasy #Romance 🗓 2023 🎞 movie 🌎 #Croatia #Russia ⏰ 2 နာရီ 36 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းဟာ ရုရှားကနေ ထွက်ရှိထားတဲ့ စိတ်ကူးယဉ် ဒရာမာ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက အတော်ကို ထူးခြားပြီး Ratingတွေကလည်း ကောင်းတာမို့ ရုရှားဇာတ်ကား ကြိုက်သူတွေ မြည်းစမ်းသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကွန်မြူနစ်ဝါဒနဲ့ ပိတ်ဆို့တားဆီးမှုတွေ အရမ်းများတဲ့ ရုရှားနိုင်ငံရဲ့ ၁၉၃၀ပြည့်နှစ်ကာလတွေမှာ သူ့ပြဇာတ်နဲ့ ဝတ္ထုတွေကို အစိုးရအားဝေဖန်မှုနဲ့ ဆင်ဆာပိတ်သိမ်းခံလိုက်ရတဲ့ စာရေးဆရာတစ်ယောက်က အဲဒီလို အပိတ်ခံရအောင် လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေကို ဝူလန်းဆိုတဲ့ နတ်ဆိုးတစ်ယောက်ကကလဲ့စားချေတဲ့ ပုံစံမျိုးနဲ့ ဝတ္ထုတစ်အုပ်ကို ထပ်ရေးခဲ့ပါတယ်။ အဲဒီဝတ္ထုဟာလည်း ထုတ်ဝေခွင့်မရနိုင်မှန်း သိရဲ့နဲ့ အဆုံးသတ်တဲ့အထိ ရအောင်ရေးရင်း ဝတ္ထုထဲက ဇာတ်ကောင်ဘဝနဲ့ အပြင်က သူ့ဘဝနှစ်ခု မထင်မှတ်ထားဘဲ ရောယှက်လာချိန်မှာ ဘယ်လိုထူးဆန်းတဲ့ကိစ္စတွေ ဖြစ်လာမလဲဆိုတာ Thrillerဆန်ဆန် ကြည့်ရှုရမယ့် ခပ်ဆန်းဆန်း ရုရှားဇာတ်ကားပဲ ဖြစ်ပါတယ်။...
Doomsday (2008) ⭐TMDB: 60% User Score 🎬 #Action #Thriller #ScienceFiction 🗓 2008 🎞 movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica #SouthAfrica ⏰ 1 နာရီ 53 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Doomsday (2008) IMDb Rating (5.9) / Rotten Tomatoes (50%) အကောင်းအဆိုးဒွန်တွဲမှုတွေရှိနေပေမယ့် Action/Sci-Fi တွေထဲတော့ ဒီရုပ်ရှင်ကားက မှတ်မိစရာဇာတ်ကားတစ်ကားပါပဲ။ Mad max တို့၊ Escape from New York နဲ့ 28 days later တို့လို ဂန္ထဝင်ဇာတ်ကားကြီးတွေကို မှီငြမ်းအတုယူ၊ အနာဂတ်စစ်သားနဲ့ အလယ်ခေတ် မြင်းစီးချပ်ဝတ်စ်သည်တော်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့ စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်၊ ဒါရိုက်တာကြီးကို သူ့ရဲ့အရင် ဇာတ်ကားနှစ်ကားမှာရခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးဘက်ဂျက်တွေရဲ့ သုံးဆအထိ ထုတ်ပေးပြီး အားပါးတရ ရိုက်ကူးခိုင်းလိုက်တဲ့အခါ rating တွေထိုးကျ၊ ခရမ်းချဉ်သီးပုပ်တွေ ဟိုတစ ဒီတစနဲ့ ရုံတင်ဝင်ငွေ အရှုံးပေါ်သွားတဲ့ Hollywood Bomb သောက်တလွဲကားကြီး ဖြစ်လာပါတော့တယ်။ စိတ်မပျက်ပါနဲ့ လူကြီးမင်း။ ဘာမှ မခိုင်မာ၊ ယုတ္တိမရှိတဲ့ဇာတ်အိမ်၊ မခိုင်မာ မပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက် ဖော်ကျူးမှု၊ ဟိုမရောက် ဒီမရောက်၊ ဘာကိုကြည့်ရမယ်မှန်းမသိတဲ့ တည်းဖြတ်မှု၊ မလိုအပ်ဘဲ သွေးသံရဲရဲလုပ်ပြနေတာတွေကြောင့် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခံရတဲ့ ဇာတ်ကားလည်း ဖြစ်နေပါသေးတယ်။ ချီးကျူးခံရတဲ့ အရာလေးတွေလည်း ရှိပါသေးတယ်။ ဥပမာ သရုပ်ဆောင်ရွေးချယ်ရေးက အံဝင်ခွင်ကျဖြစ်တာ၊ ဇာတ်ကြောင်းကို အစဉ်လိုက် လှလှပပ ပြနိုင်တာ၊ မှီငြမ်းထားတဲ့ ဇာတ်ကားတွေကို လွမ်းမောဖွယ်လုပ်ပြနိုင်တာ ဘာညာတွေမှာလည်း မဆိုးဘူး ဂွတ်တယ် အပြောခံရပါသတဲ့။ ဇာတ်လမ်းအတွက် စိတ်ကူးကတော့ သိပ်ကိုလှပပြီး ဆန်းကြယ်တာကိုတော့ ဝန်ခံရမယ်ဗျ။ လူသတ်ဗိုင်းရက်စ်ရောဂါပိုး ပြန့်ပွားလာတဲ့ကမ္ဘာမှာ survive လုပ်ရတဲ့ survival ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးက နောင်တော်ဇာတ်ကားကြီးတွေမှာ ရောဂါမဖြစ်တဲ့သူက တံတိုင်းတွေနောက်မှာ ပုန်းအောင်းကြရတာပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ စဖြစ်တဲ့ zero patients တွေကို တံတိုင်းထဲတည့်ပိတ်ပြီး သေပါစေပစ်ထားလိုက်တဲ့ မဟာကရုဏာရှင်တွေအကြောင်းဖြစ်လို့ မတူတဲ့စိတ်ကူးတော့ ဖြစ်နေပါပြီ။ နောက်ပြီး အန္တရာယ်မြေဖြစ်သွားတဲ့ စကော့တလန်မှာ တံတိုင်းခတ်ခံရပြီး အစွန့်ပစ်ခံလိုက်ရတဲ့ ရှင်သန်ကျန်ရစ်သူတွေမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားပါတယ်။ မရောက်ဒါး လို့ခေါ်တဲ့ လှည့်လည်ကျက်စား သားရဲများ အဖွဲ့ကတစ်ဖွဲ့။ အလယ်ခေတ် သံချပ်ဝတ်မြင်းစီးစစ်သည်တော်တွေကတစ်ဖွဲ့။ သိပ္ပံခေတ်မှာ လေးမြားဓားလှံတွေနဲ့ လူရာဝင်နေကြသူတွေပေါ့။ တံတိုင်းပြင်ပ ရောဂါမဖြစ်သူတို့မြေမှာ သေမင်းတမန်ဗိုင်းရက်စ်က ခေါင်းပြန်ထောင်လာတော့ တံတိုင်းတွင်းက သေရမယ့်လူတွေ မသေတဲ့အဖြစ်ကို သူတို့စိတ်ဝင်စားသွားတယ်။ ဗိုင်းရက်စ်ပေါက်ဖွားဖို့ သိပ်ကောင်းတဲ့ ရေမြေဖြစ်ပြီး ဖင်ချင်းပေါက် ကြပ်ညပ်နေတဲ့ နေရာကျဉ်းကျဉ်း တံတိုင်းထဲမှာ ဒီလူတွေ မသေတာ ကုသနည်းရှိလို့ပဲဆိုပြီး အလန်းစား အမိုက်စား သောက်ကြမ်းကြီး အထူးတပ်ဖွဲ့ဝင် အမျိုးသမီးကို အဖွဲ့တစ်ဖွဲ့ဦးဆောင်စေပြီး တံတိုင်းထဲကို လွှတ်လိုက်တာက ဇာတ်လမ်းစပါတယ်။ ဒီတော့ တံတိုင်းပြင်ပက သူတို့ကိုသေပါစေ ပစ်ထားခဲ့သူတွေအပေါ် တံတိုင်းတွင်းကလူတွေ ဘယ်လိုသဘောထားမလဲ စိတ်ကူးကြည့်ပေါ့။ ဒီလက်တစ်ဆုပ်စာအဖွဲ့လေးက ရှင်သန်သူ နှစ်ဖွဲ့ကြားမှာ သွေးသံရဲရဲသေကုန်တာကလည်း ကြည့်လို့ကောင်းတဲ့ဇာတ်ကွက်တွေပါပဲ။ စားစရာ ရိက္ခာပြတ်လို့ လူသားအချင်းချင်း ပြန်စားနေရပါတယ်ဆိုတဲ့ တံတိုင်းအတွင်းမှာ နွားမအုပ်ကြီးကြားက မင်းသမီးတို့အဖွဲ့ ဖြတ်လာတဲ့အခန်းကိုကြည့်ရတော့ ကိုယ်ပဲဉာဏ်မမီတာလား မပြောတတ်တော့ဘူး။ ရှင်သန်သူတွေက အမဲသားမစားကြတဲ့သူတွေမလို့ဖြစ်မှာပါလေ။ လျှပ်စစ်စွမ်းအင် မရှိတော့လို့ အလယ်ခေတ် မြင်းစီးစစ်သည်တိုင်းပြည်ထူထောင်ကြသူတွေနားက စစ်စခန်းတစ်ခုမှာ အရံမီးစက်တွေ၊ လောင်စာတွေအပြည့်ရှိနေတာ။ သေတ္တာကြီးထဲက ကားအကောင်းစားတစ်စင်းထုတ်ယူလာပြီး ဆီအပြည့်ထည့် မောင်းထွက်သွားတဲ့ မင်းသမီးတို့အဖွဲ့ကိုတွေ့ရတော့ ဟိုရှင်သန်သူအဖွဲ့က လိုအပ်ရင်သုံးမလို့ ဥထားတာပါလို့ပဲ တွေးမိပါတယ်။ ဒါပေမဲ့ နှစ်အစိတ်လောက်သက်တမ်းရှိတဲ့ဓာတ်ဆီက ကားထဲထည့်မောင်းလို့ရသေးတယ်ဗျ။ တော်တော်ကောင်းတဲ့ ဓာတ်ဆီတွေပါဗျာ။ အင်္ဂလန်ထုတ် ဖြစ်နေလို့နဲ့တူပါရဲ့။ ဒါပေမဲ့ ဒီအချက်တွေကို ဇာတ်ကားကို ဇာတ်ကားလိုပဲကြည့်ဟဲ့ဆိုပြီး သည်းခံလိုက်ရင်တော့ CGI အမိုက်စား၊ သရုပ်ဆောင်ကောင်းကောင်း၊ အရင်က ဂန္တဝင်ဇာတ်ကားကြီးတွေရဲ့ အငွေ့အသက်တွေ၊ အလန်းစား ဖိုက်တင်ကတ်တွေနဲ့ ရင်ကိုထိတဲ့ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)...
Thalavan (2024) ⭐IMDB: 7.4/10 (893 Votes) 🎬 #Bollywood #Thriller #Drama #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thalavan (2024) “ခေါင်းဆောင်”IMDb – 7.4/10 အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ သဘောတွေ့စေမဲ့မလေယာလမ်းမှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မလေယာလမ်းမင်းသားတွေဖြစ်တဲ့ အာဆစ်ဖ်နဲ့ ဘီဂျူးတို့အပြိုင်ကြဲထားတဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ကားကြီးပေါ့။ ဇာတ်လမ်းအစ တီဗီချန်နယ်တစ်ခုမှာ အောင်မြင်တဲ့အပိုင်းတွဲအဖြစ်နဲ့ ထုတ်လွှင့်နေပြီးဖြစ်ရပ်မှန်မှုခင်းတွေကို ပြန်ပြောပြနေတဲ့ အငြိမ်းစားရဲအရာရှိ အူဒယာဘဟာနူး။သူ မပြောချင်တဲ့ အမှုတွဲတစ်ခုကို ချန်နယ်ကတာဝန်ရှိသူတစ်ယောက်တိုက်တွန်းချက်အရငါးပိုင်းမြောက်မှာ ထုတ်ပြောဖို့လုပ်ပါတယ်။ ဒီအမှုတွဲမှာအဓိကပါဝင်နေတာက ရဲအရာရှိနှစ်ယောက်။အထက်အောက်ရာထူးမတူညီကြတဲ့ ရဲအရာရှိနှစ်ယောက်ကြားက အားပြိုင်မှု။သူတို့နှစ်ယောက် အဓိကပါဝင်ထားတဲ့အမှုမှာ ဇာတ်ကြောင်းပြောပြနေတဲ့ ရဲအရာရှိလည်းပါဝင်နေပြီးမထင်မှတ်စရာအလှည့်အပြောင်းတွေနဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားတွေ ပေါ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Roohi (2021) ⭐IMDB: 4.3/10 (11 k Votes) 🎬 #Bollywood #Comedy #Horror 🗓 2021 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Roohi ( 2021 )ပြန်ပေးဆွဲလက်ထပ်ပွဲ ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Roohi အမည်ရဟင်ဒီစကားပြော Comedy-Horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – စက်မှုမြို့တော်မူဂျီရာဘတ်ရဲ့ အစွန်အဖျားမှာရှိတဲ့ ဘာဂတ်ပါဆိုတဲ့မြို့ငယ်လေးတစ်မြို့မှာ ထူးဆန်းတဲ့ ဓလေ့ထုံးစံတစ်ခုရှိပါတယ်။အဲဒါကတော့ ပြန်ပေးဆွဲလက်ထပ်ပွဲပါ။ မိန်းကလေးတစ်ယောက်ကိုကြိုက်မိတာနဲ့ ကောင်လေးဘက်က လက်ထပ်ပွဲကို အတီးအမှုတ်အကအခုန်တွေနဲ့ ကြိုတင်ပြင်ဆင်ထားပြီးမှ မိန်းကလေးကို သွားပြီးဖမ်းခေါ်ရတဲ့ဓလေ့ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ဖမ်းခေါ်ဖို့မလွယ်တဲ့အတွက် ဒါကို အခကြေးငွေယူပြီးလုပ်ပေးတဲ့ကြေးစားအဖွဲ့တွေလည်း ရှိပါသေးတယ်။တစ်ရက်မှာတော့ အဲဒီကြေးစားအဖွဲ့အတွက်အလုပ်လုပ်တဲ့ဘာဝရာပန်ဒေးနဲ့ ကတ်တန်နီဆိုတဲ့ သတင်းထောက်ယောင်ယောင် ၊ဗေဒင်ဆရာယောင်ယောင် သူငယ်ချင်းနှစ်ယောက်ဟာ ပြန်ပေးဆွဲလက်ထပ်ပွဲအတွက်မိန်းကလေးတစ်ယောက်ကို သွားရောက်ဖမ်းခေါ်ဖို့ အမိန့်ကျလာပါတော့တယ်။အတွေ့အကြုံမရှိတဲ့ နှစ်ယောက်ဟာ မိန်းကလေးကို မနည်းဖမ်းဆီးခေါ်ဆောင်လာပြီးခါမှပဲလက်ထပ်ပွဲဟာ တစ်ပတ်လောက် ရွှေ့ဆိုင်းဖို့အကြောင်းဖန်လာပါတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်နဲ့ ကောင်မလေးဘယ်လိုစခန်းသွားမလဲ ၊ဘာကြောင့် ဇာတ်ကားရဲ့ Genre က Horror ဖြစ်နေသလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုအဖြေရှာလိုက်ကြပါခင်ဗျ ( ဘာသာပြန်နဲ့အညွှန်းကတော့ Bpl , Alex , V . Thura , Linn တို့ဖြစ်ပါတယ်...
You Are My Diamond Film (2023) ⭐IMDB: 3.7/10 (178 Votes) 🎬 #Thriller #Uncategorized #Drama #Crime 🗓 2023 🎞 movie 🌎 #Lithuania ⏰ 1 နာရီ 34 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tu Mano Deimantas/ You are my Diamond (2023)Genre – Thriller 2023 ခုနှစ်ထွက် လစ်ယူနီးယန်း သည်းထိပ်ရင်ဖိုကားလေးပါပွင့်လင်းမြင်သာသော အိပ်ရာခန်းများ ပါဝင်သဖြင့် ၁၈ ယောက်စုကြည့်ကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။ Jacob ဆိုတဲ့လူက စိန်ကုန်သည်တစ်ယောက် လုပ်ငန်းအောင်မြင်ပြီးမိန်းမမရှုပ် ဘာမရှုပ်နဲ့ ဘော်ဒါတွေက မြှောက်ပေးတာတောင်တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် လုပ်ချင်သူ ကိုရိုးသားကြီးပေါ့။ ဒီအချိန်မှာ တွေ့ထားတာ မကြာသေးတဲ့ ချစ်သူလေး Catherine ဆိုတာ ရှိပါတယ်၊သူနဲ့ပဲ ဘဝကို ရိုးမြေကျ ဖြတ်သန်းတော့မယ်ပေါ့။ တစ်ရက်ကျ Jacob ဆီကိုပြဿနာရှိတဲ့ စိန်ထုပ်လေး လာရောင်းပါတယ် ထူးဆန်းတယ်ထင်ပေမဲ့လည်းဝယ်ယူလိုက်ပြီး ပိတ်ရက်မှာ ချစ်သူလေးနဲ့ သူခေါ်ဆောင်ရာကိုလိုက်ပါသွားတဲ့အချိန် နောက်ကနေ ထူးဆန်းတဲ့လူ ၂ ယောက်ကနောက်ယောင်ခံလာပြီး ဘယ်လိုတွေ ကြမ္မာဆိုးငင်တော့မလဲဆိုတာ ဆက်လက်ရှုစားရမှာပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
Capernaum (2018) ⭐IMDB: 8.4/10 (109 k Votes) 🎬 #Drama 🗓 2018 🎞 movie 🌎 #Lebanon #USA #UnitedStates #France #Cyprus #Qatar #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Capernaum(2018) ********************* IMDb…8.4,,,Rotten….89% တရားရုံးတွင် အမှုတစ်ခုကိုစစ်ဆေးနေသည်…….တခြားအမှုများနှင့်မတူ …အတော်ထူးခြားသည်… အဘယ့်ကြောင့်ဆိုသော် တရားလိုက ၁၂နှစ်အရွယ် ထောင်ကျနေသည့်ကောင်လေးတစ်ယောက်ဖြစ်သည်…. တရားအစွဲခံရတဲ့သူတွေက ဒီကောင်လေးရဲ့ မိဘတွေပင်….ပြောရရင် သားက မိဘ (၂)ပါးကို တရားပြန်စွဲဆိုခြင်းဖြစ်သည်…. တရားသူကြီးက မိဘတွေဖြစ်တဲ့သူကိုမေးတယ်… “ခင်ဗျားတို့ တရားလိုဖြစ်တဲ့ဒီကောင်လေးကိုသိလား” “သိပါတယ် ကျွန်မတို့သား ဇိမ်းပါ ထောင်ကျနေတဲ့ ကျွန်မတို့သားပါ” ” ဘာဖြစ်လို့ ထောင်ကျတာလဲ သိလား” “သိပါတယ် သူက ကလေးဆန်ခဲ့ပြီးတော့ တခြားတစ်ယောက်ကိုဓါးနဲ့ထိုးခဲ့လို့ပါ အဲ့ဒီအချိန်တုန်းက ရုံးချိန်းမှာတောင် ကျွန်မတို့ လင်မယား(၂)ယောက်သက်သေပါခဲ့ပါသေးတယ် အခုက ဘာကိစ္စကျွန်မတို့ကိုတရားရုံးကိုခေါ်မှန်းနားမလည်ဘူးတရားသူကြီးမင်းရှင့်” အဲ့ဒီနောက် တရားသူကြီးက တရားလိုဖြစ်တဲ့ကောင်လေးကိုမေးတယ်…. “သားခု တရားရုံးကို ဘာလို့ရောက်နေတာလဲသိလား” “ဟုတ်ကဲ့သိပါတယ်.. ကျွန်တော်မိဘတွေကိုတရားစွဲချင်လို့ပါ” “မိဘတွေကို ဘာလို့တရားစွဲချင်ရတာလဲ” “ကျွန်တော့်ကိုမွေးဖွားခဲ့လို့ပါ” အသက်(၁၂)အရွယ်ကောင်းလေး ပြောရရင် လူမမယ်အရွယ်လေးလို့တောင်ဆိုရမည်ထင်သည်…. ဒီလိုကောင်လေးက ဒီလိုပြောတာ တကယ်အံအားသင့်စရာပင်… ဒီလိုပြန်ဖြေလိုက်တဲ့ ဂျစ်ကန်ကန်ကောင်လေးရဲမျက်နှာမှာ နာကျင်ကြွေကွဲခြင်းတွေအတိုင်းသားမြင်နေရတယ်… ဇာတ်လမ်းအရဲ့အစပိုင်းမှာတင် မိဘနဲ့သားသမီးကြားထူးခြားတဲ့ဆက်ဆံရေးကိုတွေ့နိုင်သလို စိတ်ဝင်စားစရာတွေ ဆက်ကြည့်ချင်စိတ်တွေအများကြီးပေါက်အောင်ဆွဲဆောင်နိုင်တယ်.. ဘာကြောင့်တရားစွဲချင်ရတာလဲ…မိဘတွေကရော တရားရုံးမှာဖြေတဲ့ပုံစံက အပိုအလုပ်တွေလာလုပ်နေရတဲ့ပုံ.. သူတို့ရှင်သန်ကြီးထွားကြတဲ့ပုံစံတွေက ဘယ်လိုမျိုးတွေလဲ…. ဒီလိုနဲ့ ဆက်ကြည့်တာ တကယ်လည်းအရမ်းကိုကောင်းလွန်းတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့တယ်… ဒီကားက အကောင်းဆုံးနိုင်ငံခြားအော်စကာဆု ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၂၂)ဆုလည်းရရှိခဲ့တယ်.. Ratingတွေကလည်းမြင်တဲ့အတိုင်းပဲ…ကားကောင်းမို့ စပွိုင်လာဖြစ်မယ်စိုးလို့ ကိုယ်တိုင်ပဲခံစားကြည့်ပါ...
The Quiet Migration (2023) ⭐IMDB: 6.2/10 (229 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Denmark ⏰ 1 နာရီ 44 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ကာလ်ကို ငယ်ငယ်ကတည်းက ဒိန်းမက်မိသားစုတစ်ခုကမွေးစားခဲ့တာဖြစ်ပါတယ်၊ ကာလ်တို့မိသားစု မွေးမြူရေးနဲ့လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ပြီး ကာလ်ကလည်းသူ့မိသားစုကိုကူညီပေးတယ်။ ဒါပေမယ့်ကာလ်ဟာ ကိုရီယားလူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် လူမျိုးချင်းခွဲခြားဆက်ခံရတယ်။ အနေအေးတယ်ဆိုပေမယ့် ဒီလိုခွဲခြားခံရတာတွေများလာတဲ့ အခါမှာတော့...
Victoria (2023) ⭐IMDB: 4.2/10 (167 Votes) 🎬 #Bollywood #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom #India ⏰ 2 နာရီ 8 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhed.Ek.Rahasya (2023) ပြန်ပေးသမားတစ်ယောက်ရဲ့အလှည့်အပြောင်း နိုင်ငံတွင်းမှာတင်မက ကမ္ဘာထိနာမည်ပေါက်လောက်အောင် အောင်မြင်တဲ့ဆေးကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ကြီး ဆူဒါကာရာနာ ၊စီးပွားရေးကိုအောင်မြင်အောင်လုပ်နိုင်သလို စီးပွားရေးလောကမှာမလိုသူ့ကိုရန်သူမရှိပါဘူးဆိုတဲ့ သူဋ္ဌေးကြီးပေါ့ သူ့အထင်နဲ့မတူဘဲ သူ့လုပ်ငန်းကြောင့်ထိခိုက်နစ်နာဖူးပြီးမုန်းတီးနေသူတွေရှိနေသေးတယ်ဆိုတာပါပဲဆပ်တူက အဲဒီလူတွေထဲကတစ်ယောက်ပေါ့ဆူဒါကာရာနာ့သမီးကိုပြန်ပေးဆွဲဖို့ ဆပ်တူ့ကိုလာငှားတဲ့အချိန်မှာတော့ ဆပ်တူတို့ တစ်ချက်ခုပ်နှစ်ချက်ပြတ်။ ဒါပေမဲ့ သူဋ္ဌေးကြီးသမီးကိုပြန်ပေးဆွဲပြီးတဲ့အချိန်မှသူသိလာရတဲ့အရာတွေက သူ့အထင်တွေနဲ့ကွဲလွဲနေချိန်မှာတော့…… ဆပ်တူကိုပြန်ပေးဆွဲခိုင်းတဲ့သူနဲ့ သူဋ္ဌေးကြီးကြားက ရန်ငြိုးတွေကဘာများဖြစ်မလဲ ဘယ်လိုအလှည့်အပြောင်းတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့….. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ Linn Lunn တို့ပဲဖြစ်ပါတယ်...
Dirty Dilemma (2024) ⭐IMDB: 4.9/10 (512 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 3 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုင်ရီနဲ့ မာလီကာဆိုတဲ့ ချစ်သူနှစ်ယောက်ဟာ တွဲနေတာလေးနှစ်တောင်ရှိပြီပေါ့ မာလီကာကလည်း ကိုင်ရီလက်ထပ်ခွင့်တောင်းမှာကိုစောင့်မျှော်နေခဲ့တယ် တစ်နေ့တော့သူတို့နှစ်ယောက်အတူညစာစားဖို့သွားမှာဆိုတော့ မာလီကာက လက်ထပ်ခွင့်တောင်းမလားလို့မျှော်လင့်နေမိတယ် သို့ပေမဲ့ အဲ့နေ့မနက်မှာပဲ ကိုင်ရီဆီကို ထူးဆန်းတဲ့ ဖုန်းတစ်ကောလ်ဝင်လာခဲ့တယ် သူက ကိုင်ရီကိုသူချစ်သမျှအရာအားလုံးဖျတ်ဆီးပစ်မယ်လို့ပြောခဲ့တယ် ဒါမဲ့ကိုင်ရီကတော့ပေါ့ပေါ့တန်တန်ပဲထားတယ် သို့ပေမဲ့အဲ့ဒါနဲ့ပြီးမသွားပါဘူး သူက ကိုင်ရီနဲ့မာလီကာတို့ကိုမခွဲခွဲအောင်ပြသာနာရှာတယ် ဒုက္ခပေးပါတော့တယ် အဲ့ဒါအဲ့လူကဘယ်သူလဲ ဘာလို့သူက ကိုင်ရီတို့ကို နှောက်ယှက်နေတာလဲဆိုတာ ကြည့်ရှုစောင့်မျှော်ပေးကြပါဦး...
Deadly Estate (2023) ⭐IMDB: 5.7/10 (126 Votes) 🎬 #Thriller #Crime #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 25 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟိုတယ် တစ်ခုမှာ ဖြစ်သွားခဲ့တဲ့ လူသေမှု တစ်ခုကို အဓိကထား ဇာတ်အိမ်တည်ထားပါတယ်။ ဇာကီရာက အဆင့်မြင့်ဟိုတယ် တစ်ခုရဲ့ မန်နေဂျာပါ။ ဒါပေမယ့် ဟိုတယ်မှာ ကြိုးစားသလို လိုအပ်ချက်တွေအတိုင်း ဟိုတယ်အတွက် လုပ်ပေးခဲ့ပါတယ်။ တစ်နေ့တော့ ဟိုတယ်ကို နာမည်ကျော် သူဌေးနဲ့ သူ့သား ရောက်လာခဲ့ပါတယ်။ သားဖြစ်သူက အပျော်မယ် တစ်ယောက်ကို ခေါ်လာပြီးနောက် အမှုတစ်ခုဖြစ်ပြီး ဇာကီရာကိုပါ အမှုပတ်ပါတော့တယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ လုပ်ရင်း မထင်မှတ်တဲ့ ဒုစရိုက်လုပ်ငန်းတစ်ခု အကြောင်းကိုပါ တွေ့သွားပါတော့တယ်...
The Center of the World (2001) ⭐TMDB: 49% User Score 🎬 #Adult #Drama #Romance 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရစ်ချက်ဆိုတာ စတော့ခ်ရှယ်ယာမှာ အချီကြီးပွသွားတဲ့ မီလျံနာပေါက်စလေး။ ကော်ဖီဆိုင်မှာ တွေ့နေကျဆော်လေးတစ်ဗွေကို မျက်စိကျသွားရာကစ လတ်စ်ဗီးဂတ်စ်ကို အတူသွားဖို့ ဒေါ်လာတစ်သောင်းကမ်းလှမ်းပြီး ခေါ်ပါရော။ ဆော်လေးက ဖော်ချွတ်မယ်လေးဖြစ်ပေမဲ့ ဘာမှမဘာရဘူးဆိုတဲ့သဘောတူညီမှုရမှ လိုက်မယ်ဆိုတော့ အလုပ်နဲ့ဝေးရာစီပြေးချင်နေတဲ့ အထီးကျန်သမားလေးလည်း သဘောတူလိုက်ပါတယ်။ ဒီမှာပဲ နှစ်ယောက်သား ဟိုတယ်တစ်ခုမှာ ဘွတ်ကင်ယူပြီး အတူတူလျှောက်လည် လျှောက်သွားရာကနေ တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့်ရင်း သဘောတူထားတာတွေအပေါ်မှာ နှစ်ယောက်လုံး ချိုးဖောက်ရာကစလို့ နားလည်မှုတွေလွဲလာခဲ့ပါတော့တယ်။ အဖော်အချွတ်နဲ့ အပြောအဆိုတွေအနည်းငယ်ကြမ်းတာမို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါကြောင်း။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
The Monkey King 2 (2016) ⭐IMDB: 5.9/10 (4 k Votes) 🎬 #Action #Adventure #Fantasy 🗓 2016 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Monkey King 2 (2016) IMDb – 5.9/10_____Rotten – 100% IMDb rating 5.9/10 ရရှိထားပြီး Rotten tomatoes မှာ ၁၀၀% ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီးဝူချန့် ရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ဝတ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာဘဲဖြစ်ပါတယ်။ အများကမျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတကားလဲဖြစ်သလို ရုံတင်ချိန်မှာတော့ Deadpool နဲ့ အပြိုင် ရုံတင်ပြသခဲ့သည့်အတွက် ဇာတ်ကားမှာ ထင်သလောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အရင် ထွက်ရှိပြီးသား ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ Visual Affect တွေ Animation တွေဟာ တော်တော်ကြီး ကြည့်ကောင်းလာတာကိုတွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မျောက်မင်း ဝူခုန်းကားတွေရဲ့ ထုံးစံအတိုင်းဘဲ ကျမ်းစာသွားသယ်တဲ့နေရာကနေစတင်ထားပြီး ထုံးစံအတိုင်းဘဲ ဝူခုန်းကို ဆရာတော်က ကယ်တင်ပေးတဲ့အခန်းကနေဘဲစတင်ထားပါတယ်။ အရိုးဖြူမိစ္ဆာ တို့အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး အနောက်ဖက်က မိုးကြိုးကျောင်းဆောင်မှာ ကျမ်းစာတွေကိုသယ်ယူနိုင်မနိုင်ကိုတော့ ဆက်လက် ဒေါင်းယူကြည့်ရှူကြပါဗျာ။ထိုသို့အလွန်ကောင်းသောဇာတ်ကားကို Channel Myanmar ပရိတ်သတ်ကြီးအတွက် Channel Myanmar မှ ကြိူးစားတင်ဆက်ပေးလိုက်ပါသည်။ ဇာတ်လမ်းတစ်ခုလုံးကို အညွှန်းတွင်ထည့်မရေးပေးလိုက်တော့ပါဘူး။ အနောက်ဘက်သို့ခရီးသွားခြင်း ၊ Monkey King 1 တို့ရဲ့ ဇာတ်လမ်းသဘောသဘာဝ အကြောင်းအရာများက ပရိတ်သတ်ကြီးနှင့် အကျွမ်းတဝင် အရင်းနှီးဆုံးဖြစ်နေပြီးသားဖြစ်လို့ပါ။ဇာတ်လမ်းကို ကိုယ်တိုင်ကိုယ်ကျခံစားကြည့်ရှူ့ပြီး ပရိတ်သတ်များကိုယ်တိုင် ညွှန်းပေးကြပါလို့ပဲ တောင်းဆိုပါရစေ။ကျွန်တော်တို့ကြိူးစားသမျှအသိအမှတ်ပြုရင် လက်မလေးတွေထောင်ပေးခဲ့ကြပါခင်ဗျာ။ဇာတ်ကားရဲ့ နောက်ဆုံး ဇာတ်ဝင်သီချင်းကိုတော့ ဘားရှင်းပြောင်းပြီး ရေးသားပေးထားတဲ့အကြောင်းကိုပါ တပါတည်း အသိပေးရင် အပြီးဆုံးသည်အထိ ကြည့်ရှူပေးဖို့ကိုပါတိုက်တွန်းလိုက်ပါရစေဗျာ။နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေဗျာ...
Rosalie (2023) ⭐IMDB: 7.0/10 (557 Votes) 🎬 #Drama #History #Romance 🗓 2023 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 55 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမျိုးသမီးတစ်ယောက်ကို မုတ်ဆိတ်မွှေးကြီးတွေနဲ့လို့ မြင်ယောင်ကြည့်လိုက်ရင် တော်တော်ကြည့်ရဆိုးပြီး တစ်မျိုးကြီး ဖြစ်နေမှာတော့အမှန်ပါပဲ။အဲ့ဒါဆိုရင် အဲ့လိုအသွင်အပြင်မျိုး တကယ်ဖြစ်နေတဲ့ မိန်းမတစ်ယောက်ကိုရောမြင်ယောင်ကြည့် လိုက်ပါ။မယုံနိုင်လောက်အောင်ဆိုးဝါးတဲ့ ဝေဖန်ခြင်းတွေ ပြစ်တင် ရှံ့ချခြင်းတွေကိုခံရပြီး ခေါင်းတောင်မဖော်နိုင်လောက်အောင် ရှက်နေရမှာအတိအကျပါပဲ။ဒါပေမယ့် ပတ်ဝန်းကျင်ကလူတွေ ဘာပြောပြော ဘာလုပ်လုပ်အသွင်အပြင်ကအရေးမကြီးပဲ စိတ်ထားလှလှထားပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ဖို့ပညာပေးထားတဲ့ IMDb Rating 6.8 အထိ ရရှိထားတဲ့ Rosalie ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေး လိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ရိုစလီဆိုတဲ့ကောင်မလေးက အလွန်တရာမှချောမောလှပပေမဲ့ သူ့မှာမွေးရာပါခန္ဓာကိုယ် အမွေးအမျှင်များတဲ့ ပြဿနာတစ်ခုရှိနေတာကတော့ ဝမ်းနည်းစရာကောင်းလှပါတယ်။အဲ့ဒီအကြောင်းကို အဖေ ဖြစ်သူက ဘယ်သူမှမသိအောင်လျှို့ဝှက်ထားခဲ့ပေမဲ့လည်း အရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုဖို့မဖြစ်မနေလို အပ်လာပါတော့တယ်။ဒါပေမယ့်သူ့အခြေအနေကြောင့်ရှေ့မှာ တွေ့ခဲ့တဲ့ အိမ်ထောင်ဖက်တွေတစ်ယောက်မှ သူ့ကိုလက်မခံ ခဲ့ကြပေမဲ့ အဖေဖြစ်သူကလက်မလျှော့ပဲ အက်ဘယ်ဆိုတဲ့ ကဖီးဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ သမီးဖြစ်သူကိုပေးတွေ့ခဲ့ပါတော့ တယ်။ဒါပေမယ့်သမီးဖြစ်သူရဲ့အခြေအနေကို မပြောပြဘဲ လိမ်လည် ထားခဲ့ပြီး အက်ဘယ့်လက်ထဲမှာ ရိုစလီ့ကိုအပ်ထားခဲ့ပါတော့တယ်။ လင်မယားနှစ်ယောက်ကြားမှာ ဒီလိုကိစ္စမျိုးဆိုတာဖုံးဖိထားလို့ မရတဲ့အတွက် သိပ်မကြာခင်မှာပဲ အက်ဘယ်သိသွားခဲ့ပြီး မောင်းထုတ် ပေမဲ့ အရာရာစွန့်လွှတ်အနစ်နာခံတတ်တဲ့ရိုစလီကြောင့် အက်ဘယ် စိတ်လည်လာခဲ့ပြီး သူတို့နှစ်ယောက်ဘ၀မှာဘယ်လို စိတ်ဝင်စားစရာတွေ ဆက်ဖြစ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။...
City of Wind (2023) ⭐IMDB: 6.7/10 (315 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Qatar #Germany #Netherlands #Portugal #Mongolia #France ⏰ 1 နာရီ 45 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ထူးထူးခြားခြားလေးဖြစ်သွားအောင် မွန်ဂိုးလီးယား ရုပ်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ မွန်ဂိုးလီးယားဆိုတာနတ်တွေ ဘိုးဘေးဝိညာဉ်တွေကိုအယုံ အကြည်ရှိကြတဲ့နိုင်ငံတစ်ခုဖြစ်ပြီး နတ်ဝင်သည်တွေဆိုတာလည်း နေရာတော်တော်များများမှာရှိပါတယ်။ အခုတင်ဆက်ပေးမဲ့ IMDb Rating 6.7 အထိရရှိထားတဲ့ Ser Ser Salhi (City Of Wind) လို့ခေါ်တဲ့ဇာတ်ကားလေးထဲမှာလည်း ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးတစ်ယောက်နဲ့သူ့ရဲ့စိတ်ဝင်စားစရာ ကောင်းတဲ့ ဘ၀ဇာတ်ကြောင်းကိုရိုက်ကူးတင်ဆက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဇဲလို့ခေါ်တဲ့အသက် ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးက အဖိုးဝိညာဉ်လို့ ခေါ်တဲ့ ဝိညာဉ်ကိုအကူအညီတောင်းလာတဲ့အခါမှာဆင့်ခေါ်ပေးရတာ ဖြစ်ပြီး သူ့မိသားစုအပြင်အိမ်နီးနားချင်းတွေတော်တော်များများက အဲ့လိုအရာတွေကိုယုံကြည်ကြပါတယ်။ တခြားအချိန်တွေမှာတော့ ဇဲကသာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ နတ်ဝင်သည်အလုပ်ကြောင့် ကျောင်းမှာစနောက်ခြင်းကိုအမြဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ဇဲရဲ့ကမ္ဘာကြီးကို ပြောင်းလဲသွားစေမဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။အဲ့ဒါကတော့မာရာလာလို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်လူငယ်တွေဆိုတော့ မကြာခင်မှာပဲ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိသွားကြ ပါတော့တယ်။ဒါပေမယ့်မာရာလာနဲ့တွေ့ပြီးကတည်းကဇဲရဲ့နတ်ခေါ်တဲ့ အာရုံတွေက အရင်လိုမကောင်းတော့ပဲအားနည်းနေခဲ့ပါတော့တယ်။ တစ်ဖက်မှာ ကြည့်ပြန်ရင်ကျတော့လည်း သူ့ဘ၀ကအရင်နဲ့လုံး၀ မတူအောင် ပျော်စရာကောင်းလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့လူငယ်လေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ ဇဲရဲ့ စိတ်ဝင်စားစရာဘ၀အကြောင်းအပြင် မွန်ဂိုးလီးယားရိုးရာတွေကိုပါ တွေ့ရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...
The Hypnosis (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Sweden #Norway #France ⏰ 1 နာရီ 39 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 မှာထွက်ရှိခဲ့တဲ့ Hypnosen ကို ဒါရိုက်တာ Ernst De Geer ရိုက်ကူးထားပြီး Comedy/ Drama အမျိုးအစားပါ ။ Asta Kamma August, Herbert Nordrum နဲ့ Andrea Edwards တို့ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိအချိန်မှာ Rotton Tomato reviews 94% ရှိတဲ့ Social Commentary ဇာတ်လမ်း တစ်ပုဒ်ပါ။ Modern day Business scene ကို မသိမသာ Satire လုပ်ထားပြီး ကြည့်နေရင်း main casts တွေရဲ့အပြုအမူတွေကြောင့် ထသွားချင်လောက်ပေမဲ့ အောင့်အီးသည်းခံပြီးဆက်ကြည့်စေချင် လောက်မဲ့ dry humour အပြည့်နဲ့ရုပ်ရှင်ဇာတ်လမ်းပဲဖြစ်ပါတယ်…. Andre နဲ့ Vera တို့ စုံတွဲနှစ်ဦးဟာ နာမည်ကြီး pitch competition တစ်ခုဖြစ်တဲ့ shake up မှာ သူတို့ရဲ့ အမျိုးသမီးကျန်းမာရေး app ကို ဝင်ရောက် pitch လုပ်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ ပြိုင်ပွဲမစခင် စိတ်ဖိစီးနေတဲ့ Vera ဟာ ဆေးလိပ်ဖြတ်ဖို့ရာ အိပ်မွေ့ချ ကုထုံးလုပ်ခဲ့ပြီးနောက် သူမရဲ့အပြုအမူတွေ တဖြည်းဖြည်းထူးဆန်း ပြောင်းလဲလာပါတော့တယ်...
Zodiac (2007) ⭐TMDB: 75% User Score 🎬 #Crime #Drama #History #Mystery #Thriller 🗓 2007 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 42 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zodiac (2007) IMDb Rating (7.7) / Rotten tomatoes (90%) Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။ ၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်.. ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်… သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်.. ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်… အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်း တရားခံကို လက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့ပါတယ်.. တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာမလို့ ပိုလို့ကြောက်စရာကောင်းပြီး ပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်… ၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ… Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်ဗားရှင်းထက် ပိုမိုရှည်လျားပြီး ၃ နာရီနီးပါး အမှုလိုက်ကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှတင်ဆက်ထားပါတယ်။)...
Patagonia (2023) ⭐IMDB: 6.0/10 (328 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 44 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Patagonia (2023) Genre- Drama IMDB – 6/10 ၂၀၂၃ ခုနှစ်ထွက် အီတလီစကားပြော BL ဒရမ်မာ ရုပ်ရှင်လေးဖြစ်ပါတယ်။ “ယူရီဆိုတာ အီတလီနိုင်ငံ မြို့ငယ်လေးတစ်မြို့မှာ အဒေါ်တွေရဲ့ အုပ်ထိန်းမှုအောက်မှာပဲ ကမ္ဘာတစ်ခုအဖြစ် နေထိုင်နေတဲ့အသက် ၂၀ အရွယ် အူကြောင်ကြောင်ကောင်လေးတစ်ယောက်ပါ။ ညီဝမ်းကွဲရဲ့ မွေးနေ့ပါတီမှာ ကလေးတွေကိုပျော်ရွှင်အောင်လုပ်ပေးတဲ့ ဖျော်ဖြေသူ အာဂိုစတီနိုနဲ့ တွေ့ပြီး ဟိုက သူ့ကို မင်းလိုချင်တဲ့ တစ်ကိုယ်ရေ လွတ်လပ်မှုကိုပေးမယ်ဆိုပြီး လက်ထောက်အဖြစ် ခန့်ပါတယ်။ အဲဒါနဲ့ ဒွိဟတွေဖြစ်ပြီးနောက်မှာတော့ ယူရီတစ်ယောက်အာဂီုစတီနိုနဲ့ မြို့တွေပတ်ပြီးတော့ သူ့ကိုယ်သူအဖြေရှာဖို့ ၂ ယောက်သား ခရီးထွက်ခဲ့ကြရင်း ဘယ်လိုမျိုးဆက်ဆံရေးတွေ ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Toxic ဖြစ်တဲ့အချစ်ဆိုတာ ဘယ်လိုရှိတယ် ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း အချင်းချင်းသိရဖို့ ဒီအရာကဘယ်လိုကူညီပေးတယ် စသဖြင့် တင်ဆက်ပြသပေးထားပြီး သံယောဇဉ်နဲ့ လွတ်မြောက်မှုရဲ့ အဓိပ္ပာယ်အစစ်တွေကိုသူတစ်ပါးတွေနဲ့ မတူပဲ ပြင်းထန်ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖော်ကျူးထားတာဆိုလည်း မမှားပါဘူး။ မိသားစုနဲ့ ကြည့်ဖို့မသင့်တဲ့ အခန်း အနည်းငယ် ပါဝင်သောကြောင့် သတိပြုစေလိုပါတယ်ဗျ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)...
