无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Tall Man (2012) ⭐IMDB: 5.9/10 (43 k Votes) 🎬 #Crime #Drama #Horror #Mystery #Thriller 🗓 2012 🎞 movie 🌎 #Canada #France #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဝါရှင်တန် ပြည်နယ်က ကိုးရော့ခ်ဆိုတဲ့ မြို့ငယ်လေးဟာ ယခင်က သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းအမှီပြုပြီး စည်ကားသိုက်မြိုက်တဲ့ မြို့လေး တစ်မြို့ ဖြစ်ခဲ့တာပါ။ မိုင်းတွင်း တူးဖော်ရေး ပိတ်ချခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ စီးပွားလည်ပတ်မှု မရှိတော့ဘဲ တစ်စထက် တစ်စ အကျဘက်ကို ဆုတ်ယုတ်လာခဲ့ပါတယ်။ အဆိုးဆုံးက မြို့နေလူထုထဲမှာ ကလေးငယ်တွေ တဖြည်းဖြည်း ပျောက်ဆုံးသွားကြတာပါ။ ဒီပျောက်ဆုံးမှုတွေအတွက် ဒဏ္ဍာရီလိုလို ယုံတမ်းပုံပြင်လိုလို ဖြစ်လာတာကတော့ ခေါင်းစွပ်နဲ့’လူရှည်ကြီး’ တစ်ယောက်က ကလေးတွေကို တောထဲကို ဆွဲခေါ်သွားခဲ့တာဆိုတာပါပဲ။ ဂျူလီယာဆိုတဲ့ သူနာပြုတစ်ယောက်က ခင်ပွန်းဖြစ်သူ ဆရာဝန်ဆုံးပါးပြီး နောက်ပိုင်း အိမ်မှာ သားလေးဒေးဗစ်နဲ့အတူ ကလေးထိန်း တစ်ယောက်နဲ့ နေထိုင်သူပါ။ တစ်နေ့အိပ်ယာနိုးလာချိန် တွေ့လိုက်ရတာက ကလေးထိန်းကို ကြိုးနဲ့တုပ် ပါးစပ် အဝတ်ဆို့ထားပြီး ကလေးကိုလည်း မတွေ့ရတော့ပါဘူး။ ကလေးကို ပြန်ရဖို့အတွက် ဂျူလီယာတစ်ယောက် ဘယ်လိုတွေ လုပ်မလဲ။ မြို့က ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ သူမနဲ့ကရော ဘယ်လိုဆက်စပ်နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။...
Kickboxer 2: The Road Back (1991) ⭐TMDB: 55.0% User Score 🎬 #Action #Sport #Thriller #Adventure 🗓 1991 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kickboxer 2: The Road Back (1991)============================== Kickboxer 2 ကတော့ ကတ်ဆလုန်းနဲ့ အဲရစ်ဆလုန်းတို့ရဲ့ညီ ဒေးဗစ်ဆလုန်းအကြောင်းပါ။ ဒေးဗစ်ဟာ ကြိုးဝိုင်းထဲကိုပြန်မဝင်တော့ဘဲ သူ့အစ်ကိုတွေဖွင့်ထားပေးခဲ့တဲ့ အားကစားရုံမှာ ကလေးတွေကို ကစ်ဘောက်ဆင်သင်ပေးရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ ပညာဒါနလုပ်ပါများပြီး လူကမွဲတဲတဲမို့ အားကစားရုံပါ အပိတ်ခံရတော့မဲ့ကိန်းဆိုက်နေပါပြီ။ ကိုယ်လူချောကတော့ အကြွေးတွေပတ်လည်ဝိုင်းနေလည်း ဖင်အေးအေးနဲ့ပဲ ထိုင်နေချိန်မှာ သူ့အစ်ကိုတွေကိုသေစေခဲ့တဲ့ ထိုင်းပွဲကပြိုင်ဘက်တချို့က ဆလုန်းမျိုးရိုးကို မကြေပွဲပြန်နွှဲဖို့ ကြိုးစားနေတယ်ဆိုတာတော့မသိရှာပါဘူး။ တစ်နေ့တော့ ဒေးဗစ်ကို ကြိုးဝိုင်းလောကထဲပြန်ဝင်ဖို့ အလုပ်လာကမ်းလှမ်းရာကနေ ဒေးဗစ်ရဲ့ငြိမ်သက်နေတဲ့ကံကြမ္မာလေး ဂယက်ထဖို့အကြောင်းဖန်လာပါတော့တယ်။ ဇာတ်လိုက်ဒေးဗစ်နေရာမှာကတော့ Dallas (1978)စီးရီးနဲ့ Step by Step (sitcom)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sasha Mitchellပါ။ ဟောင်ကောင်မင်းသားကြီး Dennis Chan ကသူ့ဆရာနေရာကနေ ပါဝင်ထားပါတယ်။ Sasha Mitchell ငယ်ငယ်ကအတော်ချောခဲ့တာမို့လို့ ကစ်ဘောက်ဆင်ကားတွေသိပ်မကြည့်ဖြစ်တဲ့ကျွန်တော်တောင် သူ့မျက်နှာငမ်းရင်းနဲ့ပဲ ဇာတ်ကားတစ်ကားလုံးပြီးသွားတာပါ။ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းတာမို့ ကြည့်ရတာတန်မဲ့ကားလေးလို့ ပြောရင်းနဲ့ပဲ ရီဗျူးလေးအဆုံးသတ်လိုက်ပါမယ်။ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Kickboxer (1989) ⭐TMDB: 68.0% User Score 🎬 #Action #Sport #Thriller #Drama 🗓 1989 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kickboxer (1989)================IMDb rating – 6.4/10 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Action,sport,thriller ရုပ်ရှင်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့… Champ ဟာ အနောက်နိုင်ငံတစ်ခွင်မှာ သူ့ကိုဘယ်သူမှအနိုင်မယူနိုင်တဲ့ ချန်ပီယံကောင်းတစ်ယောက်ပါ။ ဒီလိုနဲ့သူအားလုံးကိုအနိုင်ပိုင်းပြီးတဲ့နောက်မှာတော့ အားလုံးက kickboxing စတင်ဖြစ်ပေါ်လာတဲ့ ထိုင်းနိုင်ငံကချန်ပီယံကိုလည်း Champ တစ်ယောက်အနိုင်ယူနိုင်ပါ့မလားဆိုပြီးမေးခွန်းထုတ်လာကြပါတယ်။ ဒီလိုနဲ့ ထိုင်းနိုင်ငံရဲ့ချန်ပီယံရဲ့ယှဉ်ပြိုင်တိုက်ခိုက်ပြီးတဲ့နောက်မှာ တစ်ဖက်ပြိုင်ဘက်ရဲ့မညှာတာမှုကြောင့် အကြောသေသွားတဲ့အထိအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ သူ့ညီကနေ သူ့အစ်ကိုအတွက် ဘယ်လိုတရားမျှတမှုကို လက်စားချေပြီးပြန်ယူပေးမလဲဆိုတာကိုကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Room 0 (2024) ⭐IMDB: 4.1/10 (124 Votes) 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Room 0 (2024) အချိန်နဲ့ပတ်သက်ပြီးတော့ ဇာတ်ကားတွေအများကြီးရှိပါတယ်။ဒါပေမဲ့ တကယ်ကောင်းတဲ့ ဇာတ်ကားဆိုတာရှားပါတယ်။ဒါပေမဲ့ ဒီကားလေးမှာတော့ အချိန်နဲ့ပတ်သက်ပြီးတော့ ရိုက်ထားတာလေးက ထူးထူးခြားခြားနဲ့ ကြည့်ကောင်းလှပါတယ်။တခြား အချိန်နဲ့ပတ်သက်တဲ့ကားတွေဆို ဇာတ်ကောင်တွေကများဇာတ်လမ်းတွေကလဲ ဆရာကြီးအထာနဲ့ ဘာတွေမှန်းမသိကြည့်ပြီးရင်တောင် ဘာမှန်းမသိလိုက်လို့ သူများတွေပြန်ရှင်းပြထားတာတွေ သွားသွားဖတ်နေရတာ။ဒါပေမဲ့ ဒီကားမှာတော့ ဇာတ်ကောင်က တစ်ယောက်ထဲ ဇာတ်ဝင်ခန်းကလဲ အခန်းလေးတစ်ခုထဲဒါပေမဲ့ ဇာတ်လမ်းကိုကြည့်နေရင်း သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး မွန်းကြပ်နေမိမှာတော့ အမှန်ပဲ။ဒီလိုဇာတ်လမ်းမျိုးတွေက ရိုက်လေ့ရိုက်ထမရှိကြပေမဲ့ရိုက်လိုက်ရင်လဲ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတွေပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြောလိုက်ရအောင်။မိန်းမပျိုလေးတစ်ယောက် ငွေအသဲအသန်လိုနေတဲ့အတွက် သူ့ကောင်လေးကနေတဆင့်ငွေတွေအများကြီးအလွယ်ရမဲ့ အလုပ်တစ်ခုကို ရှာခိုင်းခဲ့ပါတယ်။အလုပ်ကလဲ ခက်ခက်ခဲခဲဘာမှမရှိပါဘူး မိုတယ်တစ်ခုကအခန်းတစ်ခုကိုသွားပြီး လာပေးတဲ့ ပါဆယ်ကိုယူထားရုံပါပဲ။နောက်မှ လာတောင်းတဲ့သူကိုပြန်ပေးရမှာပါ။ဒါပေမဲ့ လာပေးတဲ့ သေတ္တာလေးက ထူးထူးဆန်းဆန်းတွေဖြစ်လာပြီးတော့ဒီအခန်းကျဉ်းလေးထဲမှာပဲ သူတစ်ယောက်ထဲ ပိတ်မိသွားတဲ့အခါမှာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...
Miami Bici (2020) ⭐TMDB: 71.0% User Score 🎬 #Comedy #Crime 🗓 2020 🎞 tv movie 🌎 #Romania ⏰ 1 နာရီ 38 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miami Bici 2020 အညွှန်း ရိုမေးနီးယား Dumb and Dumber ပုံစံဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။2020 ရိုမေးနီးယားရဲ့ အပေါက်ဆုံးဟာသကားဖြစ်ပြီး ၃ပတ်ဆက်တိုက် လူကြည့်အများဆုံးဖြစ်ခဲ့တာပါ။Box office မှာလည်း ဒေါ်လာ ၂သန်းခွဲအထိ ပြန်ရခဲ့တာဖြစ်လို့ တော်တော်လေးမိုက်တယ်ပြောရမှာပါ။ဘီလာနဲ့ ပီစီယူတို့ နှစ်ယောက်က ငယ်ငယ်လေးကတည်းက ဘော်ဒါအရင်း ညီအစ်ကိုအရင်းတွေနေခဲ့ကြတာပါ။သူတို့အဖေ အမေတွေရဲ့ ရှုပ်ဇာတ်တွေနဲ့ နှစ်ယောက်သား တူတူနေခဲ့ကြပြီး မစို့မပို့ဝင်ငွေလေးနဲ့ ရုန်းကန်နေကြရပါတယ်။တစ်ရက်ကျတော့ လူကြီးတစ်ယောက်အကူအညီနဲ့ ဟိုမှာ အလုပ်ရှိတယ်ဆိုပြီးသူတို့တွေ မိုင်ယာမီကို လေယာဉ်ပျံကြီးစီးပြီး ရောက်လာကြပါတော့တယ်။တောသားမြို့ရောက်လိုမျိုး ရောက်လာကြပြီး ဘယ်လိုရွာလည်ကြမလဲ၊အင်္ဂလိပ်စာမတောက်တခေါက်နဲ့ ဘယ်လိုတွေ တိုင်ပတ်မလဲ၊သူတို့ကိုခေါ်တဲ့ ဘော့စ်ကရော လူကောင်းဖြစ်ပါ့မလား အမျိုးစုံကြိုးခုန်ပြီး ကြည့်ရှုလိုက်ရအောင်နော်။ (နှုတ်ကြမ်းသောစကားများ၊ အမြင်မတော်သောအပြုအမူများအများအပြားပါဝင်သောကြောင့် မိသားစုနဲ့တူတူ မကြည့်ရှုသင့်ပါကြောင်း) အညွှန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။...
Miami Bici 2 (2023) ⭐IMDB: 4.7/10 (3 k Votes) 🎬 #Comedy #Action 🗓 2023 🎞 movie 🌎 #Romania ⏰ 1 နာရီ 42 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miami Bici 2 2023 အညွှန်း ရိုမန်းနီးယန်း Dumb and Dumber လို့ဆိုရမဲ့နှစ်ယောက်တို့ရဲ့ ဒုတိယကားလေး လာပါပြီ။ပထမကားတုန်းကတော့ Bila တစ်ယောက် ကောင်မလေးရသွားပြီး ဒုတိယကားမှာ ထားခဲ့ခံလိုက်ရပါတယ်။အဆွေးသမားလေးဘီလာအနေနဲ့ အသားကင်ဆိုင်ဖွင့်စားနေချိန်မှာသူတို့ဆိုင်ကို မုန့်လာစားတဲ့သူနှစ်ယောက်ဆီက LA ကိုလာဖို့ ဖိတ်ခေါ်ခံလိုက်ရပါတယ်။နှလုံးအထူးကုဖြစ်အောင် လုပ်ပေးမယ်ဆိုပြီးခေါ်ခံလိုက်ရတော့ ပျော်နေချိန်မှာသူ့ဘော်ဒါ Piciu က တစ်နေရာက ထွက်ပြေးလာချိန်နဲ့ ကြုံကြိုက်တော့ LA ကို နှစ်ယောက်သား လစ်လာကြတော့တယ်။LA စထွက်ခါစမှာပဲ Bila ရဲ့ကားလေး ခိုးခံလိုက်ရတော့ နှစ်ယောက်သား ဘယ်လိုတွေ ခရီးဆက်မလဲ။သူတို့ကိုခေါ်တဲ့သူတွေကရော လူကောင်းတွေဖြစ်မလား။ဘယ်လိုအလန်းဇယားလေးတွေ ပါလာမလဲဆိုတာ ကြည့်ရှုကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Kaung Setပဲ ဖြစ်ပါတယ်။...
My Acting Coach Nightmare (2024) ⭐IMDB: 4.9/10 (81 Votes) 🎬 #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရုပ်ဆောင်ဝါသနာပါတဲ့ ဆယ်ကျော်သက်ကောင်မလေး Sienna က သူတို့မြို့ရဲ့ သရုပ်ဆောင်နည်းပြတစ်ဦးဖွင့်မဲ့ သင်တန်းတက်ဖို့ သူ့အမေ Lisa ကို ခွင့်တောင်းခဲ့တယ်။ Lisaကလည်း သူ့ခင်ပွန်းဆုံးပြီးနောက်ပိုင်း သမီးလေး Sienna ရဲ့ ဝါသနာကို အားပေးချင်တာကြောင့် လက်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သင်တန်းဆရာ နည်းပြဖြစ်တဲ့ Max ရဲ့ Sienna အပေါ်အပြုအမူတွေကို မသင်္ကါဖြစ်လာပါတော့တယ်။ နည်းပြဖြစ်တဲ့ သရုပ်ဆောင် Max က တကယ်ပဲရိုးသားသူတစ်ယောက်လား၊ ဒါမှမဟုတ် Lisa ရဲ့ စိုးရိမ်မှုတွေကပဲ တကယ်မှန်နေသလား၊ Sienna ရဲ့ သရုပ်ဆောင်လောကအပေါ် စိတ်အားထက်သန်မှုတွေကရော သူ့ကို ဘယ်လိုရွေးချယ်မှုတွေဖြစ်ပေါ်စေမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ပြီး စိတ်လှုပ်ရှားစွာ ကြည့်ရှုလို့ရပါပြီခင်ဗျာ။...
Easter Bloody Easter (2024) ⭐IMDB: 3.2/10 (159 Votes) 🎬 #Horror #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဝေါဘတ်ဆိုတဲ့ မြို့လေးမှာ အီစတာနေ့မတိုင်ခင် ထူးဆန်းတာတွေ ဖြစ်ပွားပြီး လူတွေသေနေကြပါတယ်။ ဒီမြို့က ဂျင်းနီဆိုတဲ့ အမျိုးသမီးကတော့ ယောက်ျားဖြစ်သူ အိမ်ပေါ်ကဆင်းသွားလို့ လင်ပူမိပြီ အသေအလဲ လိုက်ရှာနေတာပါ။ အဲဒီမှာ ရှာနေရင်းနဲ့ ယောက်ျားတော့ပြန်မတွေ့ပဲ သူတို့မြို့ကို ဒုက္ခပေးနေတဲ့ ဂျက်ကလုဒ်လို့ခေါ်တဲ့ ဂျိုပါတဲ့သမန်းယုန်ကြီးတစ်ကောင်က သူ့ရဲ့ ယုန်ဇိုးလေးစစ်တပ်နဲ့အတူ တစ်မြို့လုံးကို အန္တရာယ်ပေးမယ်ဆိုတော့ သိလိုက်ရတော့ မိတ်ဆွေအပေါင်းအသင်းများနဲ့အတူ ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်လာပါတော့တယ်။...
Amour (2012) ⭐IMDB: 7.9/10 (105 k Votes) 🎬 #Drama #Romance 🗓 2012 🎞 movie 🌎 #Austria #France #Germany ⏰ 2 နာရီ 7 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားနာမည်လေးကတော့ အချစ်ပါတဲ့၊ ပြင်သစ်လိုဆိုရင်တော့ Amour ပေါ့။ စကားလေးရှိတယ်မလား၊ ကျွန်တော်တို့က ၂၀ ရာစုမှာ ၉၀ ပြည့်နှစ်ဝန်းကျင်က အချစ်မျိုးကို ရှာဖွေနေကြတယ်ဆိုတာလေ။ ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့ ကြုံတွေ့ပိုင်ဆိုင်ဖူးချင်တဲ့ အချစ်ရဲ့ အလှတရားကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း ဂျော့နှင့် အန်းဟာ ဇရာရလာပြီဖြစ်ပြီးတော့ သားသမီးတွေလည်း အတောင်စုံလို့ အမြင့်ပျံသွားကြပြီဖြစ်လို့ နှစ်ယောက်တည်း အိမ်ကလေးမှာ တစ်ယောက်နှင့်တစ်ယောက် အမှီသဟဲပြုရင်း ကျန်ရစ်ခဲ့တဲ့ ဇနီးမောင်နှံပါ။ တစ်နေ့မှာတော့ အန်းဟာ အသက်အရွယ်ရလာတာကြောင့် အောက်ပိုင်းအကြောသေသွားခဲ့ပါတယ်။ ဂျော့က အန်းကို ဆေးရုံတက်စေခဲ့ပေမယ့် အန်းတစ်ယောက် ဆေးရုံကြောက်တာသိတဲ့အတွက် အိမ်ကိုပဲခေါ်ပြန်လာပြီး သူကိုယ်တိုင် ပြုစုပါတော့တယ်၊ သားသမီးတွေကလည်း ဆေးရုံပို့တာဖြစ်ဖြစ် သက်ကြီးရွယ်အို စောင့်ရှောက်ပေးတဲ့ဆီ ပို့တာဖြစ်ဖြစ် လုပ်ခိုင်းကြပေမယ့် တအားချစ်ကြရှာတဲ့ ဇနီးမောင်နှံ နှစ်ယောက်သားကတော့ အိမ်လေးမှာပဲ သူနာပြုတွေငှား ဆရာဝန်တွေခေါ်ပြီး နှစ်ပါးသွားပါတော့တယ်။ ဒီဇာတ်ကားလေးမှာတော့ ဂျော့နှင့်အန်းကြားထဲက မပြောင်းလဲသွားတဲ့ ချစ်ခြင်းမေတ္တာနှင့် ရှေ့ဆက်ကြပုံကို ကြည့်နူးဆွတ်ပျံ့ဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။...
In Her Room (2022) ⭐IMDB: 4.6/10 (31 Votes) 🎬 #Asian #Drama 🗓 2022 🎞 movie 🌎 #Japan ⏰ 2 နာရီ 17 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 In Her Room ( 2023 ) In Her Roomဟာ Mysteryဆန်ဆန် ကားလို့ပြောရမယ်။ ဂျပန် Mysteryကားတွေဟာ ဂျပန်ကားတွေရဲ့ ပင်ကိုငြိမ်သက်ခြင်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုအရသာမျိုးထွက်လာလဲ ဂျပန် Mystery , Thrillerကားတွေ ကြည့်ဖူးတဲ့ လူတွေသိကြမှာပါ။ In Her Roomဆိုတဲ့အတိုင်း ဒီကားရဲ့ ပဟေဠိကတော့ ကောင်မလေးတစ်ယောက်ရဲ့ အခန်းထဲက ပဟေဠိပေါ့။ လူမှုဆက်ဆံရေးသိပ်မကျင်လည်တဲ့ သွားဆရာဝန်ကောင်လေးဟာ မိယာခိုဆိုတဲ့ ကောင်မလေးကို ချစ်မိနေတယ်။ ဒီကောင်မလေးက ထူးထူးဆန်းဆန်းအကြောင်းအရာတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောတတ်တယ်။ အတွင်းစိတ်နဲ့ပတ်သက်တဲ့ အရာတွေပေါ့။ ကောင်လေးကတော့ မိယာခိုက သူ့ကိုယ်သူနားမလည်တာတွေကိုတောင် နားလည်တယ်လို့ ယုံနေတယ်။ တစ်နေ့ကျ မိယာခိုရဲ့ သူငယ်ချင်းက မိယာခိုရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြမယ်ဆိုပြီး စကားစလာတယ်။ ဒီလိုနဲ့ ကောင်လေးက မိယာခိုအခန်းထဲက လျှို့ဝှက်ချက်တွေကို သိလာရတယ်။ သူချစ်မိနေတဲ့ သူနားမလည်နိုင်တဲ့ကောင်မလေးကို ဒီကောင်လေး ဆက်ချစ်မလား စွန့်ခွာသွားမလား မြင်ရလိမ့်မယ်။ လိင်မှုခန်းတွေပါတာမို့ မိသားစုနဲ့မကြည့်သင့်ပေမဲ့ ဂျပန်မင်းသမီး Baba Fumikaနဲ့ Kawai Yuumiတို့ရဲ့ ကွဲပြားတဲ့ အလှနှစ်ခုလုံးကို မြင်တွေ့ရမှာဆိုတော့ တစ်ယောက်တည်းတော့ ကြည့်သင့်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Bright Star (2009) ⭐TMDB: 66.0% User Score 🎬 #Biography #Drama #Romance 🗓 2009 🎞 movie 🌎 #Australia #France #Italy #UnitedKingdom ⏰ 1 နာရီ 59 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ပီတိဖြစ်ဖွယ်၊ ၀မ်းနည်းညှိုးငယ်ဖွယ်ရာ စသဖြင့် ခံစားမှုရသပေါင်းများစွာနဲ့ လှလှပပပုံဖော်ထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်ထဲမှာ ဂျွန်ကိစ်ရဲ့ ချစ်ရတဲ့မိန်းကလေးအပေါ် ထားရှိတဲ့ခံစားချက်တွေကို ကဗျာတွေကနေတဆင့်ထုတ်ဖော်ပြသပုံတွေကို ပီတိဖြစ်ဖွယ် တစိမ့်စိမ့်ကြည့်ရှုရမှာပါ။ ဆုတွေနဲ့ ရီဗျူးကောင်းတွေလည်းအများကြီးရရှိထားတဲ့ရုပ်ရှင်ဖြစ်တာမလို့ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ရှုလိုက်ကြပါဦး။...
The Midnight Game (2013) ⭐IMDB: 4.6/10 (891 Votes) 🎬 #Horror #Thriller 🗓 2013 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 15 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 he Midnight Game (2013)IMDb – 4.6/10 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် horror/supernatural ဇာတ်လမ်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…The Midnight Game ဆိုတဲ့ဂိမ်းတစ်ခုက အထက်တန်းကျောင်းသားတွေကြားမှာ ရေပန်းစားတဲ့ဂိမ်းတစ်ခုပါ။ လူငယ်တွေကတော့ supernatural ဖြစ်ရပ်တွေကို အယူသီးကြတဲ့ကလေးတစ်စုပေါ့။ ဒီလိုနဲ့ Kaitlan ရဲ့အမေက အလုပ်ခရီးထွက်ဖို့ဖြစ်လာပြီး အိမ်မှာလူကြီးတွေမရှိတဲ့အချိန်မှာ သူ့သူငယ်ချင်း Jenna နဲ့ Rose တို့ရောက်လာပြီး သူတို့ကောင်လေးတွေဖြစ်တဲ့ Shane နဲ့ Jeff တို့ကိုပါဖိတ်ထားပါတယ်။ အဲဒီလိုနဲ့ ဒီ The Midnight Game ကြီးကိုဆော့ကြရာကနေ သူတို့တွေရုန်းမထွက်နိုင်တဲ့သံသရာထဲမှာ သူတို့အကြောက်အရွံ့ဆုံးအရာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
War (2007) ⭐TMDB: 63.0% User Score 🎬 #Action #Adventure #Crime #Thriller 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica #Canada ⏰ 1 နာရီ 43 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါ F.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်…. နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ် နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ် သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ အနိုင်ရသွားမှာလား ဆိုတာကို… ဇာတ်လမ်းဖွဲ့စည်းပုံ သေသပ်ပြီး အက်ရှင်ပြကွက် အလန်းစားတွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး...
The Number 23 (2007) ⭐TMDB: 64.0% User Score 🎬 #Crime #Mystery #Thriller 🗓 2007 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ အမျိုးသမီးကို လက်ထပ်ထားပြီး ရော်ဘင်လို့ ခေါ်တဲ့ သားလေးတစ်ယောက်ကို ဖွားမြင်ထားပြီး မိသားစု ဘဝလေးကို တည်ထောင်ထားပါတယ်။ သူက ပုံမှန်လူတွေလိုပဲ အလုပ်လုပ်မယ် မိန်းမကို ချစ်မယ် သားလေးကို ပျိုးထောင်မယ်၊ ဒီလိုလေးတွေ လုပ်ရင်းနဲ့ပဲ ဘဝကို နေထိုင်လာသူပါ။ ဒါပေမယ့် သူ့ရဲ့ တခုသော မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် “နံပါတ် ၂၃”ဆိုတဲ့ စာအုပ်ကို ရလိုက်တဲ့အချိန်က စပြီး အရာအားလုံးပြောင်းလဲသွားပါတော့တယ်။ စိတ်ကူးယဥ်ရေးထားတဲ့ စာအုပ်က သူ့ရဲ့ဘဝနဲ့ ထပ်တူကျနေတဲ့အခါ၊ စာအုပ်ထဲက အကြောင်းရာတွေ အပြင်မှာပါ တအားမှန်လာတဲ့အခါ၊ နံပါတ် ၂၃ကို တဖြည်းဖြည်း စွဲလန်းလာတဲ့အခါ … စွဲလန်းမှုကနေ လူသတ်မှုတွေထိပါ ဆက်နွယ်လာတဲ့အခါ …. ဒီ”နံပါတ်၂၃”စာအုပ်ကို ရေးခဲ့တာ ဘယ်သူလဲ … ဒီစာအုပ်ထဲက အကြောင်းရာတွေက ဘာလို့ ဝေါတာရဲ့ဘဝနဲ့ တထပ်တည်းနီးပါးထပ်တူကျနေတာလဲ … လူသတ်မှုကရော တကယ်ပဲဖြစ်ခဲ့တာလား …. တကယ်ဆိုရင် ဘယ်သူသတ်ခဲ့တာလဲ … လူသတ်သမားက သူ လူသတ်ခဲ့ကြောင်း စာအုပ်ရေးပြီး ဝန်ခံထားတာလား … ဒါဆိုရင် စာရေးဆရာက ဘယ်သူလဲ … ဒါမှမဟုတ် နံပါတ် ၂၃ကို စွဲလန်းလာရာကနေ စိတ်ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား …. ဇာတ်လမ်းကို ကြည့်နေရင်းနဲ့ လူက ဇာတ်ရှိန်နဲ့အတူ မျောပြီးတော့ကို ပါသွားမှာပါ။ ဒီရုပ်ရှင်က Leonardo DiCaprioeရဲ့ Shutter Islandနဲ့တောင် ဆင်တယ်လို့တောင် ခံစားမိပါတယ်။ မတူတာကတော့ တိကျရှင်းလင်းတဲ့ အဖြေတစ်ခုကိုလည်း ပေးသွားတာမို့လို့ ရုပ်ရှင်တစ်ခုရဲ့အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားရစေမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Cottage Country (2013) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Comedy #Crime #Horror #Action #Romance #Thriller 🗓 2013 🎞 movie 🌎 #Canada ⏰ 1 နာရီ 32 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Comedy ဆန်ဆန်ရိုက်ကူးထားတဲ့ thriller ကားတစ်ကားပါ။ မိသားစုအတူကြည့်လို့ရတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ အတူနေရည်းစားကို လက်ထပ်ခွင့် တောင်းချင်တဲ့ တော့တ်က အလုပ်ကနေအနားယူပြီးတော့ မိသားစုပိုင်တောထဲက တစ်ထပ်တိုက်အိမ်ကလေးကို ရည်းစားနဲ့အတူလာကြရင်းက မျှော်လင့်ထားသလို ဖြစ်မလာတော့တဲ့အခါ စိတ်လိုက်မာန်ပါရှင်းကြရင်းက thriller ကားတွေရဲ့ထုံးစံအတိုင်း အဆုံးသတ်မကောင်းတဲ့ ကိစ္စတွေဖြစ်လာတော့တာပါပဲ။ တော့တ်နှင့် ကမ်မီရဲ့ အချစ်ရေးဟာ လက်တွေ့ကိုတကယ်ကြုံလိုက်ကြရတဲ့အချိန်ကျမှ တကယ်ချစ်မချစ်သိလာကြတာကြောင့် သူတို့ကိုယ်တိုင် အံ့သြကြရတယ်ဆိုတာ သတိရသွားကြပါတယ်။ ဒါရိုက်တာ Peter Willington က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 5.6 ရရှိပါတယ်။...
Camp Pleasant Lake (2024) ⭐IMDB: 4.7/10 (1 k Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ ရင်ထိတ်သည်းဖို ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက မဲဒိုးဆိုတဲ့ မိသားစုတစ်စုဟာ ကန်သာယာလို့ခေါ်တဲ့ မီးပုံစခန်းကိုအလာမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ဒီမိသားစုရဲ့ သမီးဖြစ်သူ အဲကိုမဲဒိုးဟာ ဟောလိုးဝင်းညတိုင်း သူ့မိသားစုဝင်တွေကို ပြန်လိုက်ရှာတတ်ပြီးတော့ သူ့လမ်းမှာဝင်ရှုပ်တဲ့သူမှန်သမျှကို သတ်ပစ်လေ့ရှိတယ်ဆိုတဲ့ ရာဇဝင်ရှိပါတယ်။ ဒီရာဇဝင်ကို အသုံးချပြီးတော့ ရက်သာဖော့ဒ်လင်မယားမှာ ဒီမီးပုံစခန်းကို ပြန်ဖွင့်ပြီးတော့ လူတွေဆီက ငွေအများကြီးကောက်ခံကာ ကြောက်စရာအတွေ့အကြုံတွေကို ခံစားရမယ်ဆိုပြီး ဖိတ်ခေါ်ပါတော့တယ်၊ ဒီလိုနဲ့ သူတို့ရောက်လာပြီး လူတစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာတော့ ဒီရာဇဝင်က တကယ်ဖြစ်နေမလား ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီရာဇဝင်ကို အသုံးချပြီး သတ်ဖြတ်နေတာလား သူတို့တွေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်ထိတ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။...
Ikai Dek Wat Chedi (2023) ⭐IMDB: 6.1/10 (209 Votes) 🎬 #Adventure #Fantasy #Thriller 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 53 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ai Khai Dek Wat Chedi (2023) • တစ်ခါတုန်းက ဘုန်းဘုန်းတစ်ပါးက ၁၀ နှစ်အရွယ်ကောင်လေးကိုစီချွန်ပြည် ဘန်ချာလုံရွာလေးက စွန့်ပစ်ဘုရားကျောင်းတစ်ခုကို စောင့်ရှောက်ဖို့အပ်ထားခဲ့တယ်ကောင်လေးကိုမှာထားခဲ့တဲ့စကားက “သီလသမာဓိရှိတဲ့သူရောက်မလာခင်ထိ စောင့်ရှောက်ရမယ်” တဲ့ • အဲဒီလိုနဲ့ နှစ်ပေါင်း ၁၀၀ ကြာပြီးတဲ့နောက်မှာတော့ ကန်နဲ့ဖီအက်လို့ခေါ်တဲ့ညီအစ်ကိုနှစ်ယောက် အလောင်းကစားလုပ်ဖို့ ချာလုံရွာကို ရောက်လာခဲ့တယ်ရွာထဲရောက်တာနဲ့ ရွာကလူဆိုးနဲ့ပြဿနာတက်ပြီး ထွက်ပြေးရင်းစွန့်ပစ်ဘုရားကျောင်းမှာ ခိုင်လို့ခေါ်တဲ့ ထူးဆန်းတဲ့ကောင်လေးနဲ့တွေ့လိုက်ရတယ် • စွန့်ပစ်ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်အထင်နဲ့စီချွန်ပြည်ရဲ့အာဏာရှိလူကလည်း ဘုရားကျောင်းက ရတနာတွေကို မရမကရှာဖို့ ကြိုးစားနေတဲ့အခါ.. • ဘုရားကျောင်းကိုစောင့်ရှောက်နေရတဲ့ ၁၀ နှစ်အရွယ်ကောင်လေးကရော ဘယ်သူလဲ?• ကန်တို့ညီအစ်ကိုနှစ်ယောက်ကရော လူဆိုးတွေလက်က လွတ်ပါ့မလား?• ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်ဆိုတာကရော အမှန်ပဲလား? ဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Laris Mပဲ ဖြစ်ပါတယ်။...
Freedom (2023) ⭐IMDB: 7.7/10 (1 k Votes) 🎬 #Drama #History #Thriller #War 🗓 2023 🎞 movie 🌎 #Romania #Hungary ⏰ 1 နာရီ 49 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Freedom (2023)IMDb 7.8/10 ဒီဇာတ်ကားလေးကတော့ ၁၉၈၉ ခုနှစ်ရိုမေးနီးယားနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ တော်လှန်ရေးကြီးကိုအခြေခံပြီးရိုက်ကူးထားတဲ့Political/Thriller/Drama အမျိုးအစားဇာတ်ကားကြီးဖြစ်ပါတယ် တော်လှန်ရေးကြီးဖြစ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ခေါင်းဆောင်ကို တပ်ကဖမ်းသွားပြီးအခြားလူတွေနဲ့အတူ ရေကူးကန်အလွတ်ကြီးထဲမှာ အကျဉ်းချထားလိုက်ပါတယ်သူ့အနေနဲ့ အပြင်မှာကျန်ခဲ့တဲ့မိန်းမနဲ့ကလေးဆီကိုပြန်ချင်တော့ လွတ်မြောက်ဖို့ကြိုးစားပုံကိုတော်လှန်ရေးနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။...
28 Weeks Later (2007) ⭐TMDB: 66.0% User Score 🎬 #Horror #ScienceFiction #Thriller 🗓 2007 🎞 movie 🌎 #Spain #UnitedKingdom ⏰ 1 နာရီ 41 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zombie ကားလိုမျိုး တစ်တိုင်းပြည်လုံးဗိုင်းရပ်စ်ကူးစက်ခံရလို့ပြေးရတဲ့ Survival ကားမျိုးကြိုက်သူတွေအတွက် 2007ခုနစ်ခုနှစ်ကထွက်ရှိထားတဲ့ 28 weeks later ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ Jeremy Rennerလည်းပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ အင်္ဂလန်နိုင်ငံမှာ ကုသလို့မရတဲ့ဗိုင်းရပ်စ်တစ်မျိုးကူးစက်ပြန့်ပွားနေပြီး တစ်နိုင်ငံလုံးနီးပါးရောဂါကူးစက်ခံထားရပါတယ် ခြောက်လအကြာမှာတော့ ကူးစက်ခံထားသူတွေဟာအစာငတ်မွတ်မှုကြောင့်သေဆုံးသွားကြပါတယ် လန်ဒန်ကနေရာတစ်ခုမှာ ဗိုင်းရပ်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ပြီး အသက်ရှင်လွတ်မြောက်လာတဲ့သူတွေကအဲ့မှညပဲနေရပါတယ် အမေရိကန်စစ်တပ်နဲ့ဆေးအဖွဲ့ကလည်း ပြန်လည်ထူထောင်ရေးအတွက်ကူညီပေးနေပါတယ် တမ်မီနဲ့အန်ဒီတို့မောင်နှမနှစ်ယောက်ဟာ ကျောင်းလေ့လာရေးခရီးသွားနေတာကြောင့် ဒီဖြစ်ရပ်နဲ့မကြုံတွေ့လိုက်ရပါဘူး သူတို့ပြန်ရောက်လာတဲ့အခါမှာတော့ အသက်ရှင်သူတွေထဲမှာ သူတို့အဖေပဲပါလာပြီး သူတို့အမေပါမလာတော့တာကိုတွေ့လိုက်ရပါတယ် သူတို့နှစ်ယောက်သူ့အမေရဲ့ဓာတ်ပုံကိုလိုချင်လို့ လုံခြုံတယ်လို့သတ်မှတ်ထားတဲ့နေရာကိုကျော်ပြီး သူတို့အရင်အိမ်ကိုပြန်သွားရာကနေ ဗိုင်းရပ်စ်ပိုးပြန်လည်ပြန့်ပွားလာတဲ့အခါ...
Mongol: The Rise of Genghis Khan (2007) ⭐TMDB: 68.0% User Score 🎬 #Action #Biography #History #Adventure #War 🗓 2007 🎞 movie 🌎 #Germany #Kazakhstan #Russia ⏰ 2 နာရီ 6 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားအကြောင်း မပြောခင် ချင်ဂစ်ခန်း(Chinggis Khan)လို့ကော ဂန်ဂျစ်ခန်း(Genghis Khan)လို့ရော ခေါ်ကြတဲ့ ထယ်မူဂျင်းဆိုတဲ့ မွန်ဂိုလူမျိုးတစ်ယောက်အကြောင်းကို အရင်ဆုံး ပြောပြချင်ပါတယ်။ ကမ္ဘာ့သမိုင်းရေးရာတွေကို စိတ်ဝင်စားတဲ့သူဆိုရင်တော့ နာမည်ကြားရုံနဲ့ တန်းသိလောက်မယ့် တစ်ခေတ်တစ်ခါက ကမ္ဘာ့အကြီးဆုံးအင်ပါယာကြီးကို တည်ထောင်အုပ်စိုးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပဲဖြစ်ပါတယ်။ သူ့ကို မသိတဲ့လူတွေတောင် သူပြောခဲ့တဲ့စကားတွေကိုတော့ ကြားဖူးကြမှာပါ၊ “ကြောက်ရင် မလုပ်နဲ့၊ လုပ်ပြီဆိုရင်လည်း မကြောက်နဲ့”ဆိုတာမျိုးတွေပေါ့။ သူ မသေဆုံးခင်ထိဆို သူ့အင်ပါယာမှာ အာရှရဲ့ သုံးပုံတစ်ပုံလောက်ကို အုပ်စိုးထားနိုင်ခဲ့တာပါ။ ဒီဘက်ခေတ်အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ ရုရှား၊ တရုတ်၊ ကိုရီးယား၊ အရှေ့တောင်အာရှ၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဥရောပထိ ပါဝင်ခဲ့ပါတယ်။ ဟုတ်ပါတယ်…ဒီရုပ်ရှင်ဟာ ဒီလိုကြီးကျယ်ခမ်းနားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အတိတ်သမိုင်းပါ။ သူ့အတိတ်သမိုင်းသာလျှင် ကြီးကျယ်တာမဟုတ်ပါဘူး၊ သူ့အကြောင်းရိုက်ထားတဲ့ ဒီရုပ်ရှင်ဟာလည်း ဆုပေါင်း ၁၆ ဆုရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင် ၁၀ ကားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဇာတ်လမ်းကိုတော့ ကျွန်အဖြစ်နဲ့ လှောင်အိမ်ထဲမှာ ရောက်နေတဲ့ ခပ်ငယ်ငယ်အရွယ် ထယ်မူဂျင်းရဲ့ နောက်ကြောင်းပြန်မှုကနေ စတင်ထားပါတယ်။ အတ္ထုပတ္တိရုပ်ရှင်သဘောလည်းဖြစ်တာကြောင့် ဇာတ်လမ်းကိုတော့ ဒီ့ထက်ပိုမပြောတော့ပါဘူး။ ဂျန်ဂျစ်ခန်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လာဖို့အတွက် ထယ်မူဂျင်းဆိုတဲ့ ကောင်လေးရဲ့ အချစ်၊ မိသားစု နဲ့ သွေးစိမ်းရှင်ရှင်ထွက်တဲ့ တိုက်ပွဲတွေကို အနုပညာမြောက်မြောက် ရောစပ်ထားပါတယ်။ ဒီရုပ်ရှင် ရိုက်ကူးတုန်းက ၁၄ လတိတိကြာမြင့်ခဲ့ပြီး ရိုက်ကူးရေးအဖွဲ့ဝင်တွေထဲမှာ ဂျာမန်၊ မွန်ဂို၊ တရုတ်၊ ဂျပန်၊ ရုရှ၊ ယူကရိန်း၊ ကာဇက်စတန်.. တို့လို့ လူမျိုးပေါင်းများစွာ ပါဝင်တာကြောင့် စကားပြန်အယောက် ၃၀ ကျော်ကို ရိုက်ကွင်းပေါ် အမြဲတမ်းခေါ်ထားခဲ့ရပါတယ်။ ပြီးတော့ မြင်းစီးစစ်သည်တော်တွေဟာလည်း သရုပ်ဆောင်တွေမဟုတ်ကြပဲ ကာဇတ်စတန်ကနေ လွှတ်လိုက်တဲ့ မြင်းစီးသမားအစစ်တွေဖြစ်တာကြောင့် သူတို့အတွက် ၂လသီးသန့် သရုပ်ဆောင်လေ့ကျင့်ရေး ဆင်းခဲ့ရပါသေးသတဲ့။ “ မြင်းရဲ့ကျောပေါ်ကနေ ကမ္ဘာကြီးကို သိမ်းပိုက်ရတာက လွယ်ပါတယ်၊ မြင်းပေါ်က ဆင်းပြီး အုပ်ချုပ်ဖို့ကသာ ခက်တာ” တဲ့။ တစ်ခေတ်တစ်ခါရဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးရဲ့ ငယ်ဘဝကို မပင်မပန်းလေး ထိုင်ကြည့်နေနိုင်မှတော့ ဒီအခွင့်အရေးမျိုး လက်လွတ်မခံလိုက်ပါနဲ့နော့်။...
