ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Analog (2023) ⭐IMDB: 6.8/10 (68 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Japanese Drama/Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဘယ်လိုအနေအထား ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဘယ်လိုဘဝမျိုးကိုပဲရောက်ရောက် မင်းကို ထာဝရ အချစ်စစ်နဲ့ချစ်နေမှာပါဆိုတာကို ရိုက်ပြထားတဲ့ ဂျပန်အချစ်ကားလေးတစ်ကားပါ…. ဇာတ်အိမ်လေးကတော့…..မီဇူရှီးမား ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဆိုင်အပြင်အဆင်တွေ၊ ဟော်တယ်အပြင်အဆင်တွေကို ဒီဇိုင်းဆွဲတဲ့ Interior Designer တစ်ယောက်ပေါ့…. တစ်နေ့မှာ သူကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားပြီး အမြဲထိုင်လေ့ရှိတဲ့ Piano ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ မမျှော်လင့်ထားဘဲနဲ့ မီယူကီ ဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး…. သူဘဝရဲ့ ရှေ့ရေးဟာ ဘယ်လိုဆက်ပြီးဖြစ်လာမလဲ……မီယူကီ နဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ…. ဒီထူးဆန်းတဲ့ မိန်းကလေးကရော ဘယ်လိုမိန်းကလေးမျိုးလဲ…. Happy Ending ရောဖြစ်နိုင်မလား ဆိုတာကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...

Subhedar (2023) ⭐IMDB: 8.1/10 (917 Votes) 🎬 #Bollywood #Drama #History 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Subhedar 2024 (တပ်မှူးကြီး တန်ဟာဂျီရာဝ်)IMDb – 8.1/10 ဒီတစ်ခေါက်မှာတော့ ဝက်ဝံကြီးကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့တပ်မှူးကြီး တန်ဟာဂျီရာဝ်ရဲ့ ရဲစွမ်းသတ္တိတွေကို ထုတ်ဖော်ပြသသွားမယ့်သမိုင်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အရှင်ရှီဗာတို့ရဲ့ ခေတ်မှာ ဆူလတန်တွေဟာ အရမ်းကို သောင်းကြမ်းလွန်းနေပြီးမိန်းကလေးတွေကိုလည်း ကျွန်ပြုရောင်းစားတာမျိုးတွေ ပြုလုပ်တဲ့အထိ ဆိုးဝါးလို့နေခဲ့ပါတယ်။ဒီလိုအချိန်မှာပဲ အရှင်ရှီဗာဟာ သူရဲ့မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဆီကို သွားလည်ရင်းနဲ့လယ်စိုက်နေတဲ့ မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဟာ အရှင်ရှီဗာရဲ့ လက်အောက်မှာ ဓားကိုင်ပြီးတိုင်းပြည်အတွက် တိုက်ခိုက်ခြင်းကြောင်းပြောပြီး လိုက်ပါလာခဲ့ပါတော့တယ်။ ပြည်သူတွေကို အနိုင်ကျင့် နှိပ်စက်နေတယ်လို့ သတင်းထွက်လာတဲ့ ကိုနာဒါခံတပ်ကို အရှင်ရှီဗာဟာသိမ်းပိုက်ဖို့လုပ်တဲ့အခါမှာတော့ သူ့ရဲ့လက်ရုံး တန်ဟာဂျီရာဝ်က ဦးဆောင်ပြီး တိုက်ခိုက်ပေးရပါတော့တယ်။ဒီလိုနဲ့ ဆိုးဝါးသောင်းကြမ်းလွန်းနေတဲ့ ဆူလတန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ ….ဝက်ဝံကြီးနဲ့ တစ်ယောက်ချင်းတိုက်နိုင်တဲ့အထိ ရဲစွမ်းသတ္တိကြီးတဲ့ တပ်မှူးတစ်ယောက် ကိုနာဒါခံတပ်ကိုဘယ်လိုတွေ တိုက်ခိုက်ချေမှုန်းသွားမလဲ ……..ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခန်းတွေနဲ့အတူ ကြည့်ရှုရမယ့် သမိုင်းဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~Zwe~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)
...

My Child Has My Doctor's Face (2024) ⭐IMDB: 5.7/10 (84 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Child Has My Doctor’s Face (2024)============================ ဂျက်ဆီကာနဲ့ ဒင်လန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုပဲချစ်ကြတဲ့လင်မယားတွေပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲသုံးနှစ်ကျော်လောက် ကြိုးစားတာတောင် သားသမီးရတနာမထွန်းကားဘဲ ဖြစ်နေရတာကြောင့် ဂျက်ဆီကာတစ်ယောက် ဒင်လန့်ကိုဖန်ပြွန်သန္ဓေသားနည်းကို စမ်းသပ်ကြည့်ဖို့ပြောလာခဲ့ပါတော့တယ်။ ဒင်လန်အနေနဲ့လည်း ဇနီးဖြစ်သူစိတ်ကျေနပ်စေဖို့အတွက် လက်ခံသဘောတူခဲ့ပါတယ်။ နှစ်တွေအတန်ကြာလာပြီးတဲ့အခါမှာတော့ဂျက်ဆီကာတို့မိသားစုလည်း ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ရလာတဲ့သားဖြစ်သူဟင်နရီလေးကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်နေရတာပေါ့။တစ်နေ့မှာတော့ ဟင်နရီရဲ့သွေးအုပ်စုအမျိုးအစားနဲ့ ဒင်လန်ရဲ့သွေးအမျိုးအစားက မိဘနှင့်သားသမီးတော်စပ်ဖို့ မဖြစ်နိုင်ကြောင်းကိုဂျက်ဆီကာတစ်ယောက် အမှတ်မထင်ထိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ ဂျက်ဆီကာလည်း ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုဖြစ်ရပ်မျိုးဖြစ်လာရလဲဆိုတာ စတင်ရှာဖွေပါတော့တယ်။ သူနဲ့အတူ CMပရိသတ်တွေလည်း လိုက်လံအဖြေရှာကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillenဖြစ်ပါတယ်)
...

Galileo: Kindan no Majutsu (2022) ⭐IMDB: 6.0/10 (131 Votes) 🎬 #Crime #Mystery #TVMovie 🗓 2022 🎞 tv movie 🌎 #Japan ⏰ 1 နာရီ 46 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Galileo Kindan No Majutsu 2022(IMDb 6.0/10) Japanese Mystery ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားလေးက Silent Parade (2022) ဆိုတဲ့ ဇာတ်ကားမတိုင်ခင်လေးနှစ်အလိုကို အခြေတည်ပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ဂျပန်တွေရဲ့ထုံးစံအတိုင်း သူတို့နိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာပိုင်းကိုအသားပေးဖော်ပြပြီးတော့ မှုခင်းတားဆီးရေးစုံထောက် Character နဲ့ပေါင်းစပ်ထားတဲ့ဇာတ်ကားအမျိုးအစားလေးပါပဲ ဇာတ်အိမ်လေးကတော့ တိုတေ တက္ကသိုလ်က သုတေသန သိပ္ပပညာရှင် ယူကာဝါ ဆန်ဆဲ ဟာသူ့ဆီကို သတင်းထောက်တစ်ယောက်ကယူလာတဲ့ ဗွီဒီယိုဖိုင်လေးတစ်ဖိုင်ကနေစပြီးနောက်ဆက်တွဲမှုခင်းတွေကိုဖော်ထုတ်ပါတယ်……ရဲစုံထောက်ဖြစ်တဲ့ ကူဆန်နာဂီ တို့ရဲ့ဌာနကလည်း အမှုက နည်းပညာပိုင်းဖြစ်နေတော့ယူကာဝါ ဆန်ဆဲ ရဲ့အကူအညီကုလည်းယူရင်း ယူကာဝါ ရဲ့မှုခင်းအပေါ် သူ့ရဲ့စုံထောက်ဉာဏ်ကွန့်မြူးတာတွေကိုပါ ပေါင်းစပ်ပြီးတော့ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့…. အညွှန်း နဲ့ ဘာသာပြန်ကတော့Thet Ooပဲ ဖြစ်ပါတယ်။
...

Poka (2023) ⭐IMDB: 6.3/10 (6 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 22 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Poka 2023 ဘာဘီIMDb 6.3 ဒုစရိုက်လောကက ဂိုဏ်းတွေကို ယောကျာ်းတွေပဲဦးစီးပြီးအောင်မြင်တာတွေပဲတွေ့ရတတ်ပေမဲ့မိန်းမဦးစီးတဲ့ဂိုဏ်းဆိုတာမရှိသလောက်ပါပဲ ဒီမှာတော့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မိန်းမကအုပ်ချုပ်တဲ့ဂိုဏ်းတစ်ခုပေါ့အစကတော့ဒီလောက်အာဏာမရှိခဲ့ပေမဲ့ သူကိုင်တွယ်လိုက်တဲ့ပို့ကုန်မှန်သမျှကယောကျာ်းသားတွေပို့ရင်တောင် ၂ခါလောက်ပျောက်တတ်ပေမဲ့ သူပို့ရင်တော့တိတိကျကျရောက်တယ်အဆင်ပြေတယ်ဆိုတဲ့မှတ်ချက်တွေကြောင့် လူအထင်ကြီးလေးစားခံရပြီး အောင်မြင်လာခဲ့တယ် ဒါကြောင့်မို့ ဒီအဖွဲ့ကိုဦးစီးဖို့ ဆရာဖြစ်သူကသူ့ကိုတာဝန်ပေးလိုက်ချိန်မှာတော့ အဖွဲ့သားတွေကသဘောတူတဲ့လူကတူမတူတဲ့လူကမတူနဲ့ အဖွဲ့တွေကွဲသွားရင်းက ရန်စတွေဖြစ်ခဲ့ကြတယ် ဒီကြားထဲ နေထိုင်နေတဲ့ပတ်ဝန်းကျင်မှာပါမထင်ထားတဲ့ပြဿနာတွေကြုံလာချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကြည့်ရှုလိုက်ပါဦး (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်
...

Alibaba Ani Chalishitale Chor (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alibaba Ani Chalishitale Chor 2024 (သံသယ) ယောက်ျားလေးနဲ့ မိန်းကလေးက တကယ်ပဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်နိုင်ရဲ့လားဒီနေ့ခေတ်မှာ တကယ်ထိလွယ်ရှလွယ်ပြီး ပွဲဖြစ်နိုင်တဲ့မေးခွန်းမျိုးပါ။ ဒီဇာတ်ကားထဲမှာ​တော့ ခင်မင်မှုနဲ့ ဖောက်ပြန်မှုကအရမ်းပါးတဲ့ မျဥ်းကလေးတစ်ခုလို့ ဆိုထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့စုံတွဲသုံးတွဲနဲ့ ယောက်ျားလေးတစ်ယောက် ပါတီလုပ်ရကနေ အစပြုပါတယ်။ပါတီမှာပျော်ပါးကြရင်း မီးရုတ်တရက်ပျက်သွားတဲ့အခါ အနမ်းပေးတဲ့အသံနဲ့ပါးရိုက်ခံရတဲအသံကို တစ်ပြိုင်နက်ကြားလိုက်ကြရတယ်။မီးပြန်ရလာတော့လည်း လက်သည်မပေါ်ဘဲ အီလည်လည်နဲ့ပါတီပြီးသွားတော့တယ်။ ပါတီရဲ့ အဖြစ်အပျက်ကိုမကျေနပ်နိုင်သူက ဝက်ဘ်ဆိုက်ထောင်ပြီး မိမိသံသယရှိသူကို အမည်မဖော်ဘဲ ရေးလို့ရတယ် ဆိုလာတဲ့အခါ…….. ပါဝင်သူတွေက မကျေနပ်နိုင်ဘဲ စုံစမ်းဖို့ ကြိုးစားကြတဲ့အခါ လင်နဲ့မယားကြား အချစ်ဆုံးသူငယ်ချင်းတွေကြားအထင်အမြင်လွဲမှုတွေ အရင်ကဖုံးကွယ်ထားခဲ့တဲ့ သံသယတွေ ပိုပြီးရှုပ်ထွေးလာတော့တယ်။ဒီလိုအရာတွေကြားမှာ ကာယကံရှင်တွေကို ရှာတွေ့နိုင်ပါ့မလား အချင်းချင်းအရင်လိုပြန်ဖြစ်ကြပါ့ဦးမလားဆိုတာ ဒီကားလေးမှာ စီးမျောကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Abigail (2024) ⭐IMDB: 7.0/10 (13 k Votes) 🎬 #Horror #Thriller #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #Ireland #Canada #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Abigail (2024)===========IMDb Rating – 7.0/10 အက်ရှင် ဟော်ရာ ကားသစ်တစ်ကားလာပါပြီ။ ဒါရိုက်တာကတော့လိုက်တမ်းပြေးတမ်း နဲ့ အသတ်အဖြတ်တွေ ပိုင်တဲ့ Matt Bettinelli-Olpin ပါပဲ။ Ready or Not နဲ့ Scream VI ရဲ့ ဖန်တီးရှင်ပါ။ မင်းသမီးကတော့ Melissa Barrera၊ Ant Man ထဲက အချောလေး KathrynNewton၊ Beauty and the Beast ထဲကမင်းသား Dan Stevens တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း –ဟက်ကာတစ်ယောက်၊ မရိန်းတပ်ထွက်တစ်ယောက်၊ ဆေးတပ်သားဟောင်းတစ်ယောက်၊ စုံထောက်ဟောင်းတစ်ယောက်၊ ကားသမားတစ်ယောက်ဟာ အိမ်ကြီးတစ်လုံးထဲက ၁၂ သမီးလေးတစ်ယောက်ကို ပြန်ပေးဆွဲလာဖို့ အလုပ်အပ်ခံရလို့ စုပေါင်းပြီး ပြန်ပေးဆွဲလာကြပါတယ်။ဆွဲပြီးတော့ ကလေးအဖေဆီက သန်း ၅၀ တောင်းဖို့ အိမ်ကြီးတစ်လုံးထဲမှာ ကလေးကို တစ်ရက်ပိတ်ထားပြီး စောင့်ကြည့်နေကြရတယ်။ဒါပေမဲ့ အိမ်ကြီးထဲမှာပဲ ကြောက်စရာတွေဖြစ်လာတဲ့အချိန်၊ ကလေးအဖေ ဘယ်သူလဲဆိုတာ သိလာရသလို ကလေးက ဘယ်သူလဲဆိုတာလည်း သိလာပြီး မုဆိုးဘဝကနေ သားကောင်ဘဝရောက်ကုန်ပါတော့တယ်။ ဒီအဖွဲ့ထဲက ဘယ်နှယောက်မာလကီးယားပြီး ဘယ်နှယောက်နောက်တစ်ကားရိုက်ဖို့လွတ်လာမလဲ ကြည့်ရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)
...

Siddharth Roy (2024) ⭐IMDB: 8.6/10 (2 k Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siddharth Roy (2024) “အချစ်ရူး”IMDb – 8.9/10 ရုပ်ရှင်တစ်ကားရိုက်ပြီး အကြာကြီးပျောက်သွားခဲ့တဲ့ တလေဂူးလ်မင်းသား ဒီပါ့ခ်ဆာရို့ဂျ်ရဲ့ဒရာမာစစ်စစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆစ်ဒါးသ်ဆိုတာ ကောလိပ်ကျောင်းသားတစ်ယောက်။ စာသင်ခန်းတွေကို ဝင်ချင်တဲ့အချိန်ဝင်ထွက်ချိန်တဲ့အချိန် ထွက်သွားတတ်တဲ့ကျောင်းသား။ကျောင်းသုံးကိရိယာဘာတစ်ခုမှ မပါဘဲ စာသင်ခန်းထဲဝင်လာပြီး သူငယ်ချင်းဆီက စက္ကူဖြဲ ဘောပင်ငှားလက်ချာလိုက်ရေးပြီး သင်သမျှ နားလည်တတ်ကျွမ်းသွားတတ်တဲ့ အိုင်းစတိုင်းထက်တောင် ဉာဏ်ရည်မြင့်မားတယ်လို့ကောလိပ်မှာ ထင်ရှားတဲ့သူ။ ဝမ်းနည်းမှု၊ အကြောက်တရား၊ ဒေါသနဲ့ ချစ်ခြင်းမေတ္တာကင်းပြီးယုတ္တိဗေဒနဲ့ပဲ ရှင်သန်နေတဲ့သူလို့ ကျောင်းသူကျောင်းသားတွေ သိထားကြတဲ့သူပေါ့။ အင်ဒူဆိုတာ ကောလိပ်နောက်ဆုံးနှစ်မှ ဆစ်ဒါးသ်တို့ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူသစ်။အခိုက်အတန့်သေးသေးလေးတွေကနေတောင် ပျော်ရွှင်မှုကို ရှာဖွေစုဆောင်းတတ်တဲ့ လှပပျိုမြစ်တဲ့ကောင်မလေး။ကျောင်းပြောင်းလာတဲ့နေ့မှာပဲ ဆစ်ဒါးသ်နဲ့တွေ့ပြီး ပဟေဠိဆန်တဲ့လူတစ်ယောက်အနေနဲ့ အင်ဒူ့စိတ်ထဲမှာနေရာယူခဲ့တယ်။သူတို့နှစ်ယောက် အကြောင်းအရာတစ်ခုမှာ ဆုံတွေ့ကြချိန်မှာတော့…။ ခံစားမှုကင်းတဲ့ ဆစ်ဒါးသ်တစ်ယောက် အင်ဒူနဲ့ပတ်သက်မိချိန်မှာတော့ အချစ်ဇာတ်လမ်းဖြစ်မလားအလွမ်းဇာတ်လမ်းဖြစ်မလားဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
...

Ghostbusters: Frozen Empire (2024) ⭐IMDB: 6.3/10 (31 k Votes) 🎬 #Adventure #Comedy #Fantasy #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghostbusters: Frozen Empire (2024) IMDb Rating (6.3) / Rotten Tomatoes (83%) သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။ ဇာတ်လမ်းအကျဉ်း သရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အပန်းဖြေဖို့အတွက် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။
...

The Dream (2023) ⭐TMDB: 80% User Score 🎬 #Comedy 🗓 2023 🎞 movie 🌎 # ⏰ 2 နာရီ 16 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Visul (2023) ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ပြင်သစ် Comedy ကားလေးတင်ဆက်ပေးလိုက်ပါတယ်။IMDb 7 အထိရရှိထားပြီးတော့ ရှိတ်စပီးယားရဲ့ အိုင်ဒီယာဖြစ်တဲ့ Behind The Bar ဆိုတာကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။အကျဉ်းသားတွေကို နိုင်ငံတိုင်းက ပြန်လည်ပြုပြင်ရေးနဲ့ ပြန်လည်ရပ်တည်နိုင်ရေးတို့အတွက်ဆိုပြီးပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားခွင့်တွေပေးထားကြပါတယ်။ဒီလိုပညာရေးဘက်တွင်သာမက အားကစားပိုင်းမှာလဲ အကျဉ်းသားများကိုအမျိုးမျိုးသောအားကစားတွေ ဝါသနာပါရာ စာရေးစာဖတ်အမျိုးမျိုးတို့ကို လေ့လာသင်ကြားခွင့်တွေပေးထားကြပါတယ်။ဒါ့အပြင် ရှိတ်စပီးယားက အကျဉ်းသားတွေအတွက် ပြဇာတ်ကိုလဲကြည့်ရှု ကပြခြင်းဖြင့်လူ့လောကကြီးနဲ့ အဆက်သွယ်မပြတ်ပဲ လူ့ဘောင်ထဲပြန်ဝင်ရောက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့်ပဲ ပြင်သစ်အကျဉ်းဦးစီးကနေ ဦးစီးပြီးတော့ အကျဉ်းသားများရဲ့ပြဇာတ် အစီစဉ်ကိုအကောင်ထည်ဖော်ထားပါတယ်။ ဇာတ်လမ်းလေးကလဲ ဒီအကျဉ်းသားပြဇာတ်ကိုဦးတည်ပြီး ဟာသလေးနှောရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင်အရံလူအနေနဲ့ပဲ အနှပညာလောကထဲမှာကျင်လည်နေရတဲ့သူပါ။ပြောရရင်တော့ ပြဇာတ်လောကမှာ သူ့အတွက် နေရာမရှိသလို သူ့ရဲ့ကြိုးစားမှုတွေကိုလဲ အသိမှတ်ပြုမဲ့သူမရှိပါဘူး။ပြောရရင် သူနဲ့အတူတွဲနေတဲ့ကောင်မလေးကတောင်ဇာတ်ကားတစ်ကားမှာပါခွင့်ရပြီး ကော်ဇော်နီလျှောက်နေရပြီသူကတော့ ပြဇာတ်ရုံတစ်ခုမှာခိုကပ်ပြီး ရှေ့မထွက်ရတဲ့ အရံမင်းသားပေါ့။အိမ်ငှားခကအစ ကောင်မလေးကပဲရှင်းပေးနေရတာ။ဒီလိုနဲ့ စိတ်ကူးပေါက်ရာလုပ်ရင်း အကျဉ်းသားတွေအတွက် ပြဇာတ်လုပ်ပေးဖို့ ဗော်လန်တီယာအဖြစ်ပါဝင်လိုက်ပြီးတော့ဒီပြဇာတ်ရုံတောင်မရောက်ဖူးတဲ့ ရာဇဝတ်သားတွေကို ဘယ်လိုသရုပ်ဆောင်တတ်အောင် သင်ပေးရမလဲပြဇာတ်ကကောချောချောမွေ့မွေ့ဖြစ်ပါ့မလားဆိုတာ ရယ်စရာမောစရာလေးတွေနဲ့ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...

Triple Trouble (2015) ⭐IMDB: 5.3/10 (41 Votes) 🎬 #Comedy #Drama 🗓 2015 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 33 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Triple Trouble (2015) အားလပ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးပဲကြည့်ပြီး အပန်းဖြေချင်တဲ့ ပရိသတ်ကြီးတို့အတွက်ဒီတစ်ခေါက်မှာတော့ ဗီယက်နမ်ဟာသကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဗီဆိုတဲ့ ကောင်မလေးက အရမ်းရှက်တတ်ပြီး အလုပ်လုပ်ရင် အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ အလုပ်သင်သတင်းထောက်မလေးပါ။ဗီ့ကို ဗီ့သူဌေးက စိတ်ဆိုးပြီး ပုစွန်ငပိကျွန်းဆီ သတင်းဆောင်းပါးရေးဖို့ သွားခိုင်းတဲ့အခါခေတ်ဆန်ပြီး ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ မေဆိုတဲ့ ကောင်မလေးရယ်၊ယောက်ျားနဲ့ ယောက္ခမစကား မြေဝယ်မကျနားထောင်ပြီး အိမ်အလုပ်ကို အိမ်ဖော်လိုလုပ်နေရတဲ့ ယွန်းဆိုတဲ့ အိမ်ရှင်မလေးရယ်နဲ့ တွေ့ဆုံခဲ့ပြီး သုံးယောက်သားအဖွဲ့ကျသွားပါတော့တယ်။ ဒီသုံးယောက်ပေါင်းလောင်းကျော်တို့ အဖွဲ့ကျပြီး တစ်ညလုံး ဆန်အရက်တွေ မူးအောင်သောက်မိတဲ့နောက်နောက်နေ့မနက်မှာ လူသူမဲ့တဲ့နေရာမှာ ရုပ်ဆိုးပန်းဆိုးတွေဖြစ်ပြီး နိုးလာကြတော့တာပါပဲ။ဒီထက်ပိုဆိုးတာက မေ့ဖုန်းကို အမည်မသိဖုန်းတစ်လုံးဝင်လာပြီး သူ့ဆီကနေ အဖိုးတန်ပစ္စည်းတစ်ခု ခိုးသွားကြောင်း၊ဒီနေ့မှ ပြန်မပေးရင် ကမ္ဘာအဆုံးထိ လိုက်မှာဖြစ်ကြောင်း ခြိမ်းခြောက်သံကြီး ကြားလိုက်ရတဲ့အခါ… ဗီ မေ ယွန်းတို့ သုံးယောက်ပေါင်းလောင်းကျော်တို့ သူတို့ဘေးမှာ အတူတူမေ့လဲနေခဲ့တဲ့တွမ်ဆိုတဲ့ လူချောလေး‌ရယ်ပေါင်းပြီး အဖိုးတန်ပစ္စည်းကို ဘယ်လိုလိုက်ရှာကြမလဲ?အဖိုးတန်ပစ္စည်းဆိုတာကရော ဘာကြီးလဲ?လူချောလေး တွမ်ကရော ဘာလို့ သူတို့နဲ့အတူရှိနေတာလဲ?ပုစွန်ငပိကျွန်းမှာ ဘယ်လို ထူးဆန်းအံ့ဩဖွယ်ရာတွေရှိနေမလဲ? ဆိုတာကိုတော့ဒီသုံးယောက်ပေါင်းလောင်းကျော် ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးဖို့ ပြောပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Eggပဲ ဖြစ်ပါတယ်။
...

Secretly Continue Inserting-Kokoro Asano (SONE-127-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kokoro Asano ဆိုတဲ့ JAV မင်းသမီးလေးကတော့ ဒီလောကနဲ့မလိုက်ဖက်အောင် လှပပျိုမြစ်သူဖြစ်ပါတယ်။ ဝိုင်းစက်တဲ့မျက်ဝန်းနဲ့မျက်နှာကျလေးတွေက မြင်သူရင်အေးစရာလေးပါ။ SONE-127-Decensored  ဒီဇာတ်လမ်းမှာတော့ ကြင်နာတတ်တဲ့အစ်မကြီးတစ်ယောက်အဖြစ် သူမကိုမြင်တွေ့ရမှာဖြစ်ပြီး Decensored Version နဲ့မလို့ Kokoro Asano ကို စွဲလန်းသွားဖို့လုံလောက်ပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

The Mummy Murders (2023) ⭐IMDB: 3.4/10 (35 Votes) 🎬 #Horror #Crime 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Mummy Murders 2023 Horror ကားတွေ fail နေတဲ့ဒီလိုအချိန်မှာ ဒီကားလေးက မဆိုးဘူးလို့ပြောရမယ်ဒီကားက သရဲတွေ တစ္ဆေတွေ နဲ့ ကြောက်အောင်ခြောက်လှန့်မယ်လို့ထင်ရင် မှားသွားလိမ့်မယ်လူကို စိတ္တဇဆန်ဆန် ပယ်ပယ်နယ်နယ်ကိုသတ်ပြပြီး ခြောက်လန့်မှာပါကလေးတွေနဲ့ အတူတူကြည့်ဖို့တော့ မသင့်တော်ပါဘူးနော်Domestic Hell လိုမျိုးဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Colin Bressler ရိုက်ကူးထားတာမို့ ဇာတ်အိမ်မကောင်းမှာတော့ မပူရပါဘူးဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ သတင်းထောက်အမျိုးသမီးနေတဲ့ ဆန်တိုနီယိုဆိုတဲ့မြို့လေးမှာလူတွေတစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အချိန်မှာအသုဘမှာအလောင်းပြင်ပေးရတဲ့ ဂျိုးဆိုတဲ့ ကွင်းဆက်လူသတ်သမား နဲ့ အဲလက်စ်တို့ ဆိုင်တစ်ဆိုင်မှာ တွေ့ဆုံကြရာကနေဂျိုးက သူငယ်ငယ်ကတည်းက အလောင်းပြင်တဲ့အလုပ်ကို သဘောကျပြီးတော့အလောင်းပြင်ရတဲ့အလုပ်ကို အနုပညာတစ်ခုလို ခံစားတဲ့အကြောင်းအလောင်းပြင်စရာမရှိရင် လူသတ်ပြီး အလောင်းပြင်တဲ့အကြောင်းအခုအဲ့လိုလုပ်ရတာပျင်းလာလို့ တကယ့်အနုပညာလက်ရာမြောက်တစ်ခုလုပ်ချင်တယ်လို့ပြောလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…. အညွှန်း နဲ့ ဘာသာပြန်ကတော့Thet Ooပဲ ဖြစ်ပါတယ်။
...

Sumpahan Malam Raya (2023) ⭐TMDB: 0% User Score 🎬 #Comedy #Horror #Mystery 🗓 2023 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 51 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sumpahan Malam Raya 2023IMDb 7.1/10 (Comedy/Horror/Mystery) ရှဝဲလ်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ကောင်မလေး တာနီယာတို့ဂန်းစတားတွေရန်ကိုကြောက်လို့ပြေးရမယ့်အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် သူ့အဖေရဲ့ သေတမ်းစာရောက်လာပြီး ဘန်ဂလိုတစ်လုံး အမွေရတော့Motel ဖွင့်စားတာပေါ့ရှဝဲလ် တစ်ယောက်ငယ်ရည်းစားနဲ့လဲ ပြန်ဆုံ လက်ရှိရည်းစားကိုလဲချစ်နဲ့ ဒုက္ခတွေများနေတဲ့အချိန်မှာသူ့ Motel ကိုလာတဲ့ ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်ကြတယ်နောက်ထပ်လဲထူးခြားဆန်းပြားတဲ့ကိစ္စတွေကိုထပ်ကြုံလိုက်ရတဲ့အခါမှာတော့…ဇာတ်လမ်းအစကနေအဆုံးထိ ပါးစပ်မပိတ်အောင်ရယ်ရမှာတော့ သေချာပါတယ်Horror/Comedy တွဲထားတာဆိုပေမဲ့ ခပ်ပေါပေါကားတော့မဟုတ်ပါဘူးနော်မင်းသမီးချောလေးတွေလဲ ရှယ်သုံးပေးထားတာဆိုတော့ ကြည့်ရတာ တန်တယ်Rating ကိုလဲရှိုးလိုက် 7.1 ထိရထားတာပေါ့ပေါ့ပါးပါးလေး နဲ့ တကယ်ကောင်းတဲ့ကားလေးပါ အညွှန်း နဲ့ ဘာသာပြန်ကတော့Thet Ooပဲ ဖြစ်ပါတယ်။
...

Siksa Neraka (2023) ⭐IMDB: 4.7/10 (619 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 39 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siksa Neraka or Hell Torture (2023) လူ့ပြည်မှာ ကိုယ့်အပြစ်အတွက် ထုတ်ဖော်မပြောနိုင်ရင် ငရဲကျမှ အပြစ်ဒဏ်နဲ့တူညီတဲ့ညှင်းပန်းနှိပ်စက်မှုမျိုးတွေ့ကြုံရတတ်တာကို ရိုက်ကူးတင်ဆက်ပြထားပါတယ်။ ဖာဂျာ၊ အာဇီ၊ ဆာလတ်နဲ့ တယာဆိုတဲ့ မောင်နှမလေးယောက်ရှိပါတယ်။ဒီ၄ယောက်ထဲမှာ တယာက ထူးဆန်းတဲ့ကလေးတစ်ယောက်ပါ။သူ့ရဲ့ထူးခြားပုံကတော့ သေလွန်လို့ငရဲရောက်သွားတဲ့လူကို မြင်နိုင်စွမ်းရှိတာပါပဲ။ငရဲမှာ ခံစားရပုံတွေကိုမြင်နေတွေ့နေတဲ့ တယာက သူ့ဘဝမှာမကောင်းတာတစ်ခုလေးတောင်မလုပ်ခဲ့ဘဲ ကြီးပြင်းလာခဲ့တာပေါ့။နှစ်တွေကြာပြီးတဲ့နောက် ကျောင်းကိုယ်စီတက်နေကြတဲ့ ဒီမောင်နှမလေးယောက်ပြန်ဆုံမိကြပါတယ်။အာဇီကအသံလေးကောင်းပြီး သီချင်း‌ဆိုတော်သူလေးဆိုတော့ အဖေကမကြိုက်လို့တားထားတဲ့ကြားကသီချင်းဆိုပြိုင်ပွဲကို ခိုးပြီးသွားပြိုင်ရင်း ဖိုင်နယ်ထိတောင်ရောက်သွားလေရဲ့။ဖိုင်နယ်ပြိုင်ဖို့ညမှာ လူကြီးတွေမရှိတုန်းခိုးထွက်ကြတဲ့သူတို့၄ယောက် ဖိုင်နယ်ပွဲကမြစ်တစ်ဖက်မှာဖြစ်လို့ဒီမြစ်ကိုဖြတ်ရင်း သူတို့ကြုံတွေ့သွားရမဲ့ငရဲက အသည်းငယ်သူတွေအတွက်တော့ အော့နှလုံးနာစရာမြင်ကွင်းတွေပါပြီးအဖန်တလဲလဲဖြစ်နေတဲ့ငရဲဆိုတာဒါပါလားလို့ စိတ်ကူးနိုင်တဲ့အထိ ကွင်းကွင်းကွက်ကွက်ရိုက်ပြထားပါတယ်။အမှားတွေကိုအတတ်နိုင်ဆုံးမလုပ်ကြဖို့ ဒီဇာတ်ကားလေးက ရည်ညွှန်းရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့aungmo3hanပဲ ဖြစ်ပါတယ်။
...

Jenny, Juno (2005) ⭐TMDB: 60% User Score 🎬 #Comedy #Romance 🗓 2005 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jenny, Juno ( 2005 ) ဂျယ်နီဂျူနိုဟာ ၁၅နှစ်ကလေးတွေရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမလား။ဒါမှမဟုတ် ၁၅နှစ်ကလေးတွေရဲ့ အမှားတွေအကြောင်းလို့ပြောရမလား။ကလေးတွေရဲ့အသိစိတ်နဲ့ လူကြီးတွေရဲ့အသိစိတ်ကြားက သဘောထားကွဲလွဲမှုဇာတ်လမ်းလို့ပြောရမလား ခေါင်းစဉ်တပ်ရတော့ခက်တယ်။ဂျယ်နီဂျူနိကို ရိုက်တဲ့ဒါရိုက်တာက ကင်ဟိုဂျွန်း။လက်ရှိ အသက်အစိတ် ၃၀နားကပ်နေတဲ့လူတွေတော့ သူ့ကို မသိတောင် သူ့ကားတွေကို ရင်းနှီးကြမှာပဲ။ကင်ရေဝန်း မွန်ဂန်ယောင်းနဲ့ ရှင်းဆယ်ဂယောင်းတို့ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ My Little Bride ( 2004 )လိုကားမျိုးတွေ ,Love Match (2014)တို့ , Touch By Touch (2015)တို့လို ၁၈ပလပ်ဆန်ဆန်ကိုရီးယားတွေ ရိုက်ခဲ့ဖူးတဲ့လူပါပဲ။Love Match (2014)ကိုတော့ ကြည့်ဖူးတဲ့လူတွေ ငြိခဲ့ဖူးကြမှာပါ။ဘာလို့လဲမသိ ဒီကားတွေမှာ တူညီတဲ့အချက်က မိန်းကလေးငယ်ငယ်လေးတွေနဲ့ လိင်မှုကိစ္စခန်းတွေပါနေတာပါပဲ။My Little Bride ( 2004 ) နဲ့ အခုရုပ်ရှင် Jenny, Juno ( 2005 )ကတော့အထက်တန်းကျောင်းသူ ကလေးမလေးတွေနဲ့ ဇာတ်လမ်းဖြစ်ကြတာကို ဇာတ်အိမ်တည်ထားပေမဲ့အနုပညာအရတော့ အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်ခဲ့တယ်။ ဇာတ်တွေလည်း ကောင်းခဲ့တယ်။My Little Bride ( 2004 )ကတော့ သူ့ကားထဲ နာမည်အကြီးဆုံးလို့ပြောရမှာပေမဲ့ဂျယ်နီဂျူနိုရဲ့ တမူထူးပြီး ရဲတင်းတဲ့ဇာတ်လမ်းကိုလည်း ပစ်ထားလို့မရပြန်ပါဘူး။ ဂျယ်နီဂျူနိုကတော့ သူ့နာမည်အတိုင်း ဂျယ်နီဆိုတဲ့ ကောင်မလေးနဲ့ ဂျူနိဆိုတဲ့ ၁၅နှစ်အရွယ်ကလေးတွေရဲ့ ဇာတ်လမ်းပါပဲ။ဂျယ်နီဆိုတဲ့ တော်လည်းတော် လှလည်းလှတဲ့ ကောင်မလေးနဲ့ ဂျူနိုဆိုတဲ့ တော်လည်းတော်ချစ်ဖို့လည်းကောင်းတဲ့ ကောင်လေးဟာ ချစ်ကြိုးသွယ်မိရာက အဆင့်တက်ပြီး ချစ်ကြိုးတွေပါနွယ်မိကြတယ်။သူတို့ထပ်ဆင့်နွယ်မိတဲ့ ချစ်ကြိုးလေးက ဂျယ်နီ့ဗိုက်ထဲက ကလေးလေးပေါ့။ဒီကလေးလေးဖြစ်တည်စမှာ ဂျယ်နီကတော့ ဘာပဲဖြစ်ဖြစ် သူ့ကလေးကို သူမွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ဂျယ်နီကတော့ ကလေးကို မွေးချင်ပေမဲ့ ဂျူနိုကတော့ နည်းနည်းအင်တင်တင်ဖြစ်နေခဲ့တယ်။သူတို့ကလည်း အထက်တန်းကျောင်းသားလေးတွေပဲရှိကြသေးသကိုး။ဒါပေမဲ့လည်း ဂျူနိုဟာ ဂျယ်နီ့သူ့ကလေးကို ချစ်သလောက်ကို ချစ်ခဲ့ပါတယ်။ဂျယ်နီ ချဉ်ခြင်းတပ်တဲ့ စားစရာတွေဝယ်ကျွေးနိုင်ဖို့ သတင်းစာပို့တဲ့အလုပ်ကိုပါ လုပ်ခဲ့တဲ့အထိ ဂျူနိုဟာ သူ့မိန်းမကိုရော သူ့ကလေးကိုပါချစ်ခဲ့တယ်။သူတို့ဟာ ကလေးအတွက် သူတို့နှစ်ယောက်တတ်နိုင်သလောက် လုပ်နေရင်းမှာပဲ သူတို့မိသားစုတွေကို ကာလတစ်ခုအထိဖုံးထားဖို့ပါ ကြိုးစားခဲ့ကြတယ်။အစောကြီးသိသွားရင် ဖျက်ရလွယ်တော့ သူတို့ကလေးကို သူတို့မိဘတွေက ဖျက်ချခိုင်းမှာ စိုးခဲ့ကြလို့ပါပဲ။ဒီရုပ်ရှင်ရဲ့ ၃ပုံ၂ပုံလောက်ဟာ သူတို့မိသားစုတွေ မသိအောင် သူတို့ဖုံးဖို့ ကြိုးစားရင်း သူတို့ဘာသာ ရုန်းကန်ရပုံတွေနဲ့ အသက်သွင်းထားတယ်။နောက်တစ်ပုံမှာတော့ သူတို့မိဘတွေသိသွားရာကနေ လူကြီးတွေရဲ့အမြင်နဲ့ ကလေးတွေရဲ့ ဆုံးဖြတ်ချက်ကြားသဘောထားကွဲလွဲကြမှုကနေ ပြဿနာတွေတက်လာတော့ ဒီပြဿနာတွေကို ကျော်ဖြတ်နိုင်ပါ့မလားသူတို့ကလေးကိုရော မွေးခွင့်ရပါ့မလားကြည့်ရမယ့်ဇာတ်ပေါ့။ဇာတ်ကတော့ တော်တော်မထော်မနန်းလို့ ပြောရမှာပေမဲ့ကလေးတွေ သူတို့ကလေးကိုချစ်လို့ လုပ်ကြတာတွေကတော့ ကြည့်ရတာ ချစ်ဖို့တော့ကောင်းနေတယ်။ သရုပ်ဆောင်တွေကတော့ High Kick ( 2006 )နဲ့ Potato Star 2013QR3 တို့နဲ့ လူသိများတဲ့ Kim Hye-seongရယ်Time to Huntတို့ A Man and a Woman တို့လို အနုပညာအရအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေထဲ သရုပ်ဆောင်ဖူးတဲ့ Park Min-jiတို့တွေပါပဲ။ဇာတ်ရံတွေကလည်း လက်ရှိကေဒရာမာတွေမှာ မြင်နေကျလူတွေပဲဆိုတော့ ကြည့်ရတာတော့ အစိမ်းသက်သက်တော့ ဖြစ်မနေဘူး။ ဝေဖန်ရေးသမားတွေကတော့ ဂျယ်နီဂျူနိုရဲ့ ကလေးတွေကြားက ကိုယ်ဝန်ပြဿနာကို တင်ပြပုံဟာ တော်တော်လေးလက်တွေ့မကျတာမို့ကလေးတွေကို အတုယူမှားစေနိုင်တယ်လို့ အပြစ်တင်ခဲ့ကြပေမဲ့ ဒါရိုက်တာကတော့ ဒီရုပ်ရှင်မှာ အပြစ်တင်ရမှာက အသက်မပြည့်ခင်အမှားလုပ်မိကြတဲ့ ဂျယ်နီဂျူနိတို့မဟုတ်ဘဲသူတို့ဟာ သူတို့နည်းသူတို့ဟန်နဲ့ သူတို့အချစ်ကိုပြနေခဲ့တာဖြစ်ပြီး ဒီအချစ်ကို ငြင်းပယ်ခဲ့တဲ့ လူကြီးတွေကိုပဲ အပြစ်တင်ရမှာလို့ ဆိုခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ တာဝန်ယူမှုတာဝန်ခံမှုအကြောင်းလို့လည်း ဆိုခဲ့တယ်။သူပြောတာလည်း သူ့နည်းသူ့ဟန်နဲ့တော့ ဟုတ်ပေမဲ့ ဝေဖန်ရေးသမားတွေပြောတာလည်း မမှားဘူး။ဒါပေမဲ့ ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ကြည့်ကြရင်တော့ ဒီရုပ်ရှင်ဟာ အတိုင်းအတာတစ်ခုအထိတော့ ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဆန်းကြယ်တာကတော့ ၂၀၀၇မှာ ကျွန်တော်တို့ချစ်ခဲ့ဖူးတဲ့ Elliot Pageလေးသရုပ်ဆောင်ထားတဲ့ အမေရိကန်ရုပ်ရှင် ဂျူနိုထွက်ခဲ့ပါတယ်။သူလည်း ကိုယ်ဝန်ရသွားတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအကြောင်းပါပဲ။ဒါပေမဲ့ ဇာတ်ညွှန်းဆရာကတော့ သူ့အနေနဲ့ ဂျယ်နီဂျူနိုကို မကြည့်ဖူးတာတော့ အမှန်ပါပဲလို့ပြောခဲ့ပါတယ်။ဒီလိုအမေးခံရတာကြောင့်ပဲ စိ...

Just One Time (2021) ⭐IMDB: 5.6/10 (218 Votes) 🎬 #Drama 🗓 2021 🎞 movie 🌎 #Spain ⏰ 1 နာရီ 18 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Just One Time [2021](IMDb 5.7/10) Just One Time ဆိုတဲ့ စပိန်ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးပြဿနာအကြောင်းကို ရိုက်ပြထားတာပါ…ဇာတ်လမ်းကတော့ ပါဘလိုက ဇနီးသည် အီဗာကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အတွက်ကြောင့်ဥပဒေအရ လူမှုဖူလုံရေးစင်တာမှာ ကုထုံးခံယူရတာကနေ စတင်ခဲ့ပါတယ်…ပါဘလိုဟာ ဒေါသကြီးတတ်သော်ငြား တခါမှာ ရှူးရှူးဒိုင်းဒိုင်းသောင်းကျန်းတတ်သူ မဟုတ်ခဲ့တာမို့သူဟာ သူမှန်ကန်ကြောင်း အကျိုးအကြောင်းဆီလျော်ကြောင်းသာ လက်ခံထားခဲ့ပါတယ်…ကုထုံးပညာရှင် လော်ရာက ပါဘလိုနဲ့ အီဗာတို့ကို တလှည့်စီ တွေ့ဆုံပြောဆိုရင်းကသူတို့ ကနဦးက ထွက်ဆိုချက်တွေနဲ့ ကွဲလွဲပြီး ပိုမိုရှုပ်ထွေးလာပါတော့တယ်…ဒီအချိန်မှာပဲ လော်ရာဟာ အနှောက်အယှက်တစ်ခုနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်…စပိန်နိုင်ငံမှာ လင်လုပ်သူက ဇနီးသည်ကို ရိုက်နှက်ခြင်းဟာ ပုံမှန်ပဲလို့ ထင်မြင်ယူဆကြတာဟာ နှစ်ပေါင်းများစွာပါ…ဇာတ်လမ်းအရ မကြာသေးခင်ကမှ ဥပဒေတွေ ချမှတ်လိုက်ကြတာမို့…ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကို လိုက်လံဖြေရှင်းပေးရတဲ့လော်ရာတို့လို လူမှုဖူလုံဝန်ထမ်းတွေဟာ ယောက်ျားတွေရဲ့ ပစ်မှတ်ထားအန္တရာယ်ပြုခြင်းကိုလည်း ခံရပါတယ်…ဒီလိုမျိုး အန္တရာယ်တစ်ဖက် ပါဘလိုတို့အရေးတစ်ဖက်မှာ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ…အကြမ်းဖက်မှုမှာ မှန်ကန်တဲ့အကျိုးအကြောင်းပြချက်ဆိုတာ မရှိဘူးဆိုတဲ့ လော်ရာတစ်ယောက်သူ့အပေါ်ကျရောက်လာတဲ့ အန္တရာယ်ကို ဘယ်လိုဖြေရှင်းသွားမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Whistle Blower (2014) ⭐IMDB: 6.8/10 (639 Votes) 🎬 #Crime #Drama #Mystery 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 55 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Whistleblower 2014 သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။“ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူးဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား” 2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင်ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစား‌နေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုကမျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံးအမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ပီဒီဆီကို ဆက်သွယ်လာပါတော့တယ်။ နိုင်ငံတကာကပါ ဩချရတဲ့ ပါမောက္ခအီဂျန်ဟွမ်ရဲ့ စာတမ်းနောက်ကွယ်က အမှန်တရားတွေကိုတစ်ခုချင်း ဖော်ထုတ်အဖြေရှာသွားမယ့် စိတ်ဝင်စားစရာဇာတ်လမ်းကောင်းလေးပါ။ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ လူတိုင်းနဲ့ မစိမ်းတဲ့ နာမည်ကြီးတွေပါပဲ။ – ဂုဏ်သိက္ခာကျဆင်းစေတဲ့ လုပ်ရပ်ကို ဆက်မလုပ်နိုင်လို့ ထွက်လာခဲ့တဲ့ ရှင်းမင်ဟိုအဖြစ် မင်းသား Yoo Yeon Seok– အမှန်တရားကို ပိုက်စိပ်တိုက်ရှာရင်း ဖော်ထုတ်မယ့် ပီဒီယွန်းမင်ချောလ်အဖြစ် မင်းသားPark Hae Il– ဇာတ်ကို ကြိုးကိုင်ချယ်လှယ်မယ့် ပါမောက္ခအီဂျန်ဟွမ်အဖြစ် မင်းသားကြီး Lee Kyung Young တို့အပြင်ထူးချွန်တဲ့သရုပ်ဆောင်တွေနဲ့ အားဖြည့် ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Milkeuxပဲ ဖြစ်ပါတယ်။
...

Time Trap (2017) ⭐IMDB: 6.2/10 (44 k Votes) 🎬 #Action #Adventure #History #ScienceFiction #Mystery #SciFi 🗓 2017 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၇ ခုနှစ်ထွက် science fiction အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ Director နဲ့ producer ဆုနှစ်ခုရရှိထားပြီ ဇကာတင်ဆုတစ်ခုရရှိထားပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ…အချိန်ကာလတစ်ခုထဲမှာပိတ်မိသွားတာပါ။ ဇာတ်ကားစစချင်းမှာပဲ ပရော်ဖက်ဆာဟော်ပါဆိုသူက ပျောက်ဆုံးနေတဲ့ဟစ်ပီမျိုးနွယ်စုတွေကိုလိုက်ရှာဖို့ လှိုဏ်ဂူတစ်ခုထဲကိုဝင်ဖို့အကြောင်းဖန်လာပါတယ်။ထိုဟစ်ပီလူမျိုးများက နုပျိုခြင်းရေတံခွန်ကိုလိုက်ရှာရင်း‌ပျောက်ဆုံးသွားကြတာပါ။ ပရော်ဖက်ဆာဟော်ပါကပြန်မရောက်လာတဲ့အခါမှာ သူ့ရဲ့ကျောင်းသားတွေဖြစ်တဲ့ တေလာနဲ့ဂျက်ကီကပရော်ဖက်ဆာဟော်ပါနောက်ကိုလိုက်ဖို့ပြင်ကြပါတယ်။ သူတို့နဲ့အတူ ကယ်ရာ၊ဗီးစ် နဲ့ ဖာဘီတို့သုံးယောက်ကိုလည်းခေါ်သွားပါတယ်။ ပရော်ဖက်ဆာဂော်ပါဝင်သွားတဲ့ လှိုဏ်ဂူကိုရောက်တဲ့အခါမှာ ဖာဘီကိုအပြင်မှာစောင့်ခိုင်းခဲ့ရင်း သူတို့လေးယောက်လည်းလှိုဏ်ဂူထဲကိုလိုက်ဝင်သွားပါတယ်။ လှိုဏ်ဂူက အောက်ခြေကိုကြိုးနဲ့ဆင်းရပါတယ်။ လှိုဏ်ဂူထဲမှာအော်ဟစ်သံလိုမျိုးကြားလို့ ပြန်တက်ဖို့လုပ်တဲ့အခါမှာ ကြိုးတွေအကုန်လုံးကပြတ်ကျကုန်ကျပါတယ်။ အဲဒါကိုသူတို့က အပေါ်မှာကျန်နေခဲ့တဲ့ ဖာဘီသူတို့ကိုစနောက်တယ်ထင်ပြီး ပါလာခဲ့တဲ့ရေဒီယိုနဲ့ဖာဘီကိုဆက်သွယ်ဖို့ကြိုးစားတဲ့အခါမှာ ဖာဘီရဲ့အသံမဟုတ်ပဲ အခြားလူတစ်ယောက်ရဲ့ အသံနဲ့ “ကယ်ပါ” ဆိုပြီးပေါ်ထွက်လာပါတော့တယ်…. ဘာဖြစ်လို့ကြိုးတွေကပြတ်သွားရတာလဲ၊ ဖာဘီကရောဘယ်ရောက်သွားလဲ၊ အချိန်စီးဆင်းမှုထဲပိတ်မိသွားဆိုတာကရောဘယ်လိုလဲ၊ ဘယ်လိုစွန့်စားခန်းတွေကြုံတွေ့ရမလဲဆိုတာ ဆက်လက်ခံစားကြည့်ကြပါခင်ဗျာ
...

Dangerous Men (2022) ⭐IMDB: 6.0/10 (735 Votes) 🎬 #Comedy #Crime 🗓 2022 🎞 movie 🌎 #Poland ⏰ 1 နာရီ 48 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ Comedy/ Crime Comedy အမျိုးအစားလေးပါ ၁၉၁၄ ခုနှစ် ဇာကိုပန်နာမြို့မှာ စာရေးဆရာဂျိုးဆက်ဖ် ကွန်ရတ်နဲ့အတူ အခြားသောပိုလစ်အနုပညာသမား ၃ ဦးတို့ ပါတီတစ်ခုမှာ မူးယစ်ဆေးတွေသုံးမိပြီး နောက်တစ်နေ့သူတို့နိုး လာတဲ့အချိန် သူတို့ရဲ့ ဧည့်ခန်းထဲမှာ ယောက်ျားအလောင်းတစ်လောင်းရောက်ရှိနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်။ မူးယစ်ဆေးအရှိန်ကြောင့် သူတို့ ၄ ယောက်လုံးက ညကအဖြစ်အပျက်တွေကို ဘာမှမမှတ်မိတော့ဘဲ ဒီအလောင်းကို ဘယ်သူသတ်ခဲ့တာ လဲ ဘာဆက်လုပ်ကြမလဲဆိုပြီး မေးခွန်းထုတ်နေကြတဲ့အချိန် သူတို့အိမ်တံခါးကို ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်က တံခါး လာခေါက်ပါတော့တယ်။ တံခါးသွားဖွင့်ပေးတဲ့ တာဒဲအုရှ်ဇလန်စကီကတော့ ဝါသနာအရစာရေးပေမယ့် ကလေးအထူးကုဆရာဝန် တစ်ဦးဖြစ်ပြီး ထိုသူနဲ့ စကားပြောပြီးတဲ့နောက် သူက ညတုန်းကပါတီပွဲမှာ သေနတ်နဲ့ပစ်သတ်ခံရလို့သေပြီလို့သတင်းပျံ့နေကြောင်း သိလိုက်ရပါတော့တယ်။ သူတို့လေးယောက်သား နှစ်ယောက်တစ်ဖွဲ့စီခွဲကာ တာဒဲအုရှ်သေပြီလို့ ဘာလို့မြို့ထဲမှာပြောနေကြတာလဲ သူတို့အိမ်ထဲရောက်နေ တဲ့ အလောင်းကောင်ကဘယ်သူလဲ သူတို့ထဲကဘယ်သူသတ်ခဲ့တာလဲဆိုတာကို စုံစမ်းရေးထွက်လုပ်ကြရင်း နိုင်ငံရေး အရှုပ်တော်ပုံထဲပါသွားကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...