ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
White Lies, Black Lies (2015) ⭐IMDB: 5.4/10 (320 Votes) 🎬 #Crime #Mystery #Romance 🗓 2015 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 34 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Suspense drama တွေကြိုက်တယ်ဆိုတဲ့သူတွေအတွက်ထိုင်ဝမ်ဇာတ်ကားကောင်းလေးတင်ပေးလိုက်ပါတယ်။တစ်ခါတစ်လေမှာ အဖြူရောင်မုသားတစ်ခုကိုဖုံးကွယ်ဖို့အတွက်မုသားတွေမဆုံးနိုင်အောင်ဆက်ပြောရတတ်တယ်။မုသားတွေများလာတော့ တကယ့်အမှန်တရားဟာဘယ်လိုလဲဆိုတာဝေဝါးသွားတတ်တယ်။ ညတစ်ညမှာ ကောင်းရှုံမြို့ကဆံသဆိုင်တစ်ခုမှာ ဆိုင်ရှင်အမျိုးသမီးကိုလည်လှီးတဲ့လူသတ်မှုဖြစ်ပွါးခဲ့တယ်။ခင်ပွန်းဖြစ်သူကဆေးရုံကိုလာပို့ပေမယ့် အရေးပေါ်ခွဲစိတ်နေတုန်းမှာပဲ ထွက်ပြေးသွားခဲ့တယ်။ရဲတွေကခင်ပွန်းဖြစ်တဲ့သူကို အဓိကသံသယရှိသူအနေနဲ့လိုက်ရှာကြပါတော့တယ်။ အထက်တန်းကျောင်းကငယ်ချစ်ဦးနဲ့ အသက်တွေကြီးမှပြန်ဆုံတဲ့အခါအချစ်တွေမကုန်သေးတဲ့အတွက် အမှားတွေလုပ်မိခဲ့ကြတယ်။မိန်းမဖြစ်တဲ့သူကသိသွားတဲ့အခါ စိတ်လိုက်မာန်ပါနဲ့သတ်သေသွားတယ်လို့ထွက်ဆိုချက်ပေးပေမယ့်ရဲတွေကမယုံပဲဆက်စစ်ဆေးကြတယ်။ဒါဟာတကယ်ပဲ မတော်တဆမှုလားရည်ရွယ်ချက်ရှိရှိလူသတ်မှုလား……နောက်ကွယ်မှာဘယ်လိုဇာတ်လမ်းတွေရှိနေမလဲဆိုတာကိုစိတ်ဝင်စားစရာတွေနဲ့ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
...

The Last Supper (2012) ⭐IMDB: 5.8/10 (932 Votes) 🎬 #Action #History 🗓 2012 🎞 movie 🌎 #China ⏰ 1 နာရီ 56 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟန့်ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့လျိုပန်းရဲ့ ကြီးမားတဲ့ရည်မှန်းချက် ၊လောဘ၊ ဒေါသနဲ့ အတ္တတွေပြည့်နေတဲ့ဘဝခရီးအကြောင်းသမိုင်းကြောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ BC 200 ခုနှစ်လောက်တုန်းက ချင်ဧကရာဇ်ဟာအရမ်းရက်စက်တဲ့အတွက်တိုင်းပြည်တစ်ဝှမ်းမှာပုန်ကန်မှုတွေစတင်လာခဲ့တယ်။စစ်မက်တွေရှုပ်ထွေးပြီးငတ်မွန်းမှုတွေပြည့်နှက်နေတဲ့ဘဝကြီးမှာလေလွင့်ကြရတဲ့ပြည်သူတွေကနေပြီးတော့ရည်မှန်းချက်တူတဲ့လူချင်းစုပြီးတော့ သူရဲကောင်းတွေပေါ်လာခဲ့တယ်။ ရှန့်ယွီဆိုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ စစ်သူကြီးတစ်ယောက်နဲ့လျိုပန်းတူပူးပေါင်းပြီး လောကကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ဒါပေမယ့်သိပ်မကြာခင်မှာပဲ ရင်ဘောင်တန်းပြီးတိုက်ပွဲဝင်တဲ့ညီနောင်တွေကနေပြီးတော့အကြီးမားဆုံးရန်သူတွေဖြစ်လာခဲ့ကြတယ်။ ရှန့်ယွီဟာ လျိုပန်းကိုဟုန််မန်ညစာစားပွဲမှာသတ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့်လက်လွှတ်ခဲ့တာ ရှန့်ယွီအတွက်မဟာအမှားကြီးဖြစ်လာခဲ့တယ်။ဒီလိုနဲ့ ဘုရင်တစ်ပါးရဲ့အတ္တနဲ့ခင်းကြီးလျှောက်တဲ့လမ်းဟာတစ်ဖြည်းဖြည်းအကျည်းတန်လာပါတော့တယ်။
...

Fierce Hunt (2024) ⭐TMDB: 0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်လှုပ်ရှားစရာ မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် Fierce Hunt ဆိုတဲ့ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ရဲတပ်ဖွဲ့တွေကို တမင်အနိုင်ယူချင်နေတဲ့ ဒုစရိုက်အဖွဲ့တစ်ဖွဲ့ကထျန်းဟိုင်မြို့က စိန်ရွှေရတနာဆိုင်တွေကိုပဲ ဆက်တိုက်ဓားပြတိုက်နေတာ ဖြစ်ပါတယ်။ ဓားပြတိုက်တိုင်းမှာလည်းမျက်နှာဖုံးတပ်ထားကြတဲ့အတွက် သဲလွန်စ ရှာမရဖြစ်နေပါတယ်။ပြီးတော့ ဓားပြတွေက ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ကအစတွေးခေါ်မှုတွေအထိ ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး အမြဲတမ်း လွှတ်မြောက်နေခဲ့ပါတယ်။ မှုခင်းရဲတပ်ဖွဲ့က ဆရာတပည့်နှစ်ယောက်ဖြစ်တဲ့ ဝမ်ကျန်းနဲ့ ချန်မော့တို့ကိုဒီအမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။တိုက်ဆိုင်စွာနဲ့ သူတို့နှစ်ယောက် ရွှေဆိုင်တစ်ဆိုင်မှာဆရာကတော်အတွက် လက်ဆောင်ရွေးနေတုန်းဓားပြအဖွဲ့နဲ့ တည့်တိုးတွေ့ခဲ့ပါတယ်။ အရပ်ဝတ်နဲ့လက်နက်မပါတဲ့ သူတို့ကလည်း ဓားပြတွေရဲ့ လှုပ်ရှားမှုကိုစောင့်ကြည့်ရုံကလွှဲပြီး ဘာမှ မတတ်နိုင် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဓားပြခေါင်းဆောင်က ဆိုင်ထဲကလူတွေထဲမှာ ရဲ ၂ ယောက်ရှိနေမှန်း သိလိုက်တဲ့အခါ……ရဲ ၂ ယောက်ကို ရှာဖို့အတွက် ပြည်သူတွေကို အသက်အန္တရာယ်ပေးလာတဲ့အခါ……ရဲတွေက ပြည်သူတွေကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

999-9999 (2002) ⭐TMDB: 50% User Score 🎬 #Comedy #Horror #Thriller #Mystery 🗓 2002 🎞 movie 🌎 #Thailand ⏰ 1 နာရီ 48 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချင်းမိုင်မြို့ နိုင်ငံတကာကျောင်းတစ်ခုရဲ့ ကျောင်းသူတစ်ဦးအလံတိုင်ပေါ်မှာ ခြောက်ခြားဖွယ်သေဆုံးနေမှုသတင်းတစ်နိုင်ငံလုံးမှာ ပျံ့ လွင့်နေပြီးနောက်ပိုင်း ဖူးခက်နိုင်ငံတကာကျောင်းမှစိတ်လှုပ်ရှားစရာ စွန့်စားမှုအစီအစဉ်များကိုကျောင်းအတွင်းရိုက်ကူးတင်ဆက်နေတဲ့ ရဲတင်းသောမိစ္ဆာများအဖွဲ့မှလူသေမှုဖြစ်ပွားသော ချင်းမိုင်ကျောင်းမှကျောင်းသူတစ်ဦးပြောင်းလာကြောင်း သတင်းရရှိသွားပါတယ်။ အဖွဲ့သားများမှ ကျောင်းသူအသစ်ထံမှ သတင်းရယူဖို့ကြိုးပမ်းကြပါတယ်လူသေမှုဟာ 999-9999 ဆိုတဲ့ဖုန်းနံပါတ် တစ်ခုနဲ့ ပတ်သတ်တယ်လို့ကျောင်းသူအသစ်က ပြောပြပြီး မဆက်ကြဖို့မှာပါတယ်။999-9999ဆီကနေလိုချင်တာမှန်သမျှတောင်းလို့ရတယ်ဆိုတဲ့အကြောင်းသိသွားကြပြီးနောက်ပိုင်း အဖွဲ့ဝင်တစ်ဦးက အားလုံးရှေ့မှာပဲစမ်းဆက်ကြည့်ပြီး ဖာရာရီပြိုင်ကားတစ်စီး တောင်းလိုက်ပါတယ်။ေ နာက်တစ်နေ့မှာ အဖွဲ့ခေါင်းဆောင်ဆန်းနဲ့ ပြိုင်ကားတောင်းထားတဲ့ချီတို့ဖူးခက်ရှော့ပင်းမောရှေ့ ကိုအရောက် ၁သန်းမြောက် ဈေးဝယ်အနေနဲ့ ချီတစ်ယောက် ဖာရာရီတစ်စင်းမဲပေါက်သွားပါတယ်ဆန်းကတိုက်ဆိုင်မှုတစ်ခုလို့ သံသယဖြစ်နေတုန်းမှာပဲချီတစ်ယောက်အက်ဆီးဒင့်နှင့်သေသွားပါတယ်။ လောဘနှင့် စပ်စုစိတ်တွေကြောင့် အဖွဲ့ဝင်တွေတစ်ယောက်ပြီးတစ်ယောက်ကိုးသုံးလုံးကို ဖုန်းခေါ်ကြပြီး လူသေမှုတွေဖြစ်ပွားလာတဲ့အခါအဖွဲ့ခေါင်းဆောင်ဂိမ်းခရေဇီ ဆန်းတစ်ယောက် အဖြစ်မှန်တွေကိုဘယ်လိုဖော်ထုတ်ပြီး အဖွဲ့ဝင်တွေကိုဘယ်လိုကာကွယ် မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ
...

Dylan Dog: Dead of Night (2011) ⭐TMDB: 47% User Score 🎬 #Horror #Mystery #Thriller #Action #Comedy #ScienceFiction 🗓 2011 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dylan Dog (2010) ဒီဇာတ်လမ်းကတော့ Italian Supernatural horror တစ်ကားဖြစ်ပြီး လူသားလောကနဲ့ ဇွန်ဘီ၊ ဗန်ပိုင်းယား၊ သမန်းဝံပုလွေတွေ စုနေတဲ့ သေလူအမျိုးအစားလောကကြားက အမှုတွေကို လိုက်စုံစမ်းစစ်ဆေးပေးရတဲ့ စုံထောက် Dylan Dog ရဲ့ လျှိဝှက်ဆန်းကြယ်အမှုတွေအကြောင်းကို သဲထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့အမှုဖြေရှင်းသူ လက်တွဲဖော်ဖြစ်တဲ့ သူ့သူငယ်ချင်း Marcus က ဇွန်ဘီအကိုက်ခံရပြီး  ဇွန်ဘီတစ်ကောင်ဖြစ်သွားတဲ့အချိန်မှာတော့ သူ့ရဲ့အမှုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်တဲ့ မကောင်းဆိုးဝါးကို လိုက်ဖမ်းပြီးအဖြေရှာဖို ကြိုးစားပါတော့တယ်။ အခုမှ ဇွန်ဘီအသစ်လေးစဖြစ်တဲ့  သူ့သူငယ်ချင်း Marcus နဲ့ အခွီတွေကို dark humor နှောပြီးကြည့်ရမဲ့အပြင် သေလူလောကကြားက စွန့်စားခန်းတွေကို Psychological depth နဲ့ ကောင်းကောင်းကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
...

Haywire (2023) ⭐IMDB: 2.6/10 (30 Votes) 🎬 #War 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “လူ၄ယောက် တပ်ဖွဲ့ တစ်ဖွဲ့ ရယ် လျှို့ဝှက်တာဝန်တစ်ခုရယ် မမျှော်လင့်ထားတဲ့ ကိစ္စကို သွားရှာတဲ့ အခါမှာတော့……..” ဇာတ်လမ်း ကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ နာဇီအက်စ်အက်စ် တပ်ဖွဲ့ကနေ လွတ်လာတဲ့ တပ်ကြပ်ချားလ်တေလာ ကို အထက်ကနေ လျှို့ဝှက်တာဝန်တစ်ခုပေးလိုက်တယ်။ အဲ့ဒါကတော့ ရန်သူ့နယ်မြေဖြစ်တဲ့ ဂျာမန်ထဲမှာ ကင်းထောက်ပြီးတော့ “ဟစ်တလာရဲ့ရတနာ”ကို ရှာဖို့ပဲ။ အဲ့ဒီတော့ ချားလ် က အရင်တပ်ဖွဲ့ဟောင်းက အဖွဲ့သားဖြစ်တဲ့ ဒေးလ်၊ ဘော်ဘီ တို့အပြင် လူသစ်ဖြစ်တဲ့ မစ်တန် တို့ကိုခေါ်ပြီး “ဟစ်တလာရဲ့ ရတနာ” ကို ရှာဖို့အတွက် သံချပ်ကာကားတစ်စီးနဲ့ ခရီးနှင်လာခဲ့ပါတယ်။ ဒါပေမဲ့ “ဟစ်တလာရဲ့ ရတနာ” ဆိုတာက သူတို့ထင်သလို မဟုတ်တဲ့ အခါ မှာတော့ ချားလ်တို့ အဖွဲ့ ဘယ်လိုဖြေရှင်းကြသလဲဆိုတာ ပိတ်ကားပေါ်မှာ ကြည့်ရှုပေးပါဦးနော်
...

Den of Thieves (2018) ⭐IMDB: 7.0/10 (125 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 30 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Den of Thieves (2018) IMDb Rating (7.0) / Rotten Tomatoes (41%) ဒီရုပ်ရှင်ကားက သရုပ်ဆောင်တွေရဲ့ Badass Acting တွေက လုံးဝအထာကျပါတယ်…ကြိုးဝိုင်းထဲက လက်ဝှေ့ဘဲတွေလို ပေါ်တင်ဖိုက်ကြတာပါ ဒါပေမယ့် ဒီလို လက်ရဲဇက်ရဲလူကြမ်းတွေကြားမှာ ဉာဏ်ကိုလွှာသုံးမယ့် ဘဲတစ်ပွေပါလာတဲ့အခါ…. အတော်ကိုမှ မိုက်တဲ့ လှည့်ကွက်တွေနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ကားဖြစ်သွားပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ငွေရဖို့အတွက် ခက်ခဲတဲ့မစ်ရှင်တွေကိုမှအကွက်ကျကျစီစဉ်တတ်တဲ့ တကယ့်ထိပ်တန်းလက်ရွေးစင်ဟောင်းတစ်သိုက်တို့ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ Federal Reserve Bank ကိုလက်ရွေးစင်ဟောင်းအဖွဲ့တွေ ဘယ်လိုခိုးဝင်ပြီး ဓားပြတိုက်ကြမလဲ….နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ…..။ Unrated Version နဲ့ပြန်လည်တင်ဆက်ထားတာမလို့ ယခင် Version ထက်ပိုမိုပြည့်စုံစွာ ကြည့်ရှုခံစားရမှာပါ။
...

Spread (2009) ⭐TMDB: 55% User Score 🎬 #Adult #Comedy #Drama #Romance 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အလည်လွန်တဲ့ဘီးဘာဖြစ်လဲဆိုတာကိုလူတိုင်းသိမှာပါ ဒီကားမှာလဲ နစ်ကီဆို တဲ့ LA က fuck boy လေးက LA တခွင်မှာ စော်တွေကိုပြဲပြဲစင်အောင် ချူစားပြီးအသက်မွေးဝမ်းကြောင်းပြုနေတာပေါ့။ ဒါပေမဲ့တစ်နေ့မှာ စမန်သာဆိုတဲ့ ရှေ့နေ့မဘောစိကို ချူစားနေရာကနေ ဆမန်သာဆိုတဲ့ သူရဲ့ မိန်းမ Version ကောင်မလေးနဲ့တွေ့လိုက်ရတဲ့ နောက်မှာ နစ်ကီဘာဖြစ်လဲ ။ မိန်းမကျမ်းကြေ နေတဲ့ နစ်ကီတစ်ယောက်ဘယ်လိုတွေ ကြုံရမလဲဆိုတာကို ဒီကားထဲမှာကြည့်လိုက်ပါဗျ။
...

In Time (2011) ⭐IMDB: 6.7/10 (453 k Votes) 🎬 #Action #SciFi #Thriller #ScienceFiction 🗓 2011 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့ Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ ။ နှစ်ပေါင်းများစွာကြာပြီးနောက် ၂၁၆၉ခုနှစ်မှာ လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းပြီး အသက်၂၅ နှစ်ပဲ ရှင်သန်ခွင့်ရအောင် စမ်းသပ်တီထွင်ခဲ့ကြတယ် မွေးဖွားလာကတည်းက လက်မောင်းမှာ နာရီပါလာပြီး အသက်၂၅နှစ်ကျော်တာနဲ့ တစ်ရက်စာအချိန်တိုင်းအတွက် အသက်နာရီတွေကို ရှာဖွေကြရပါတော့တယ် အချိန်ချမ်းသာတဲ့လူတွေကတော့ ထာ၀ရ အသက်ရှင်နိုင်ကြပြီး ဆင်းရဲတဲ့သူတွေကတော့ နာရီတိုင်းမှာ အချိန်ရပ်တန့်ကာ သေဆုံးနေကြရတာပေါ့… တစ်နေ့မှာ နာရီနှစ်ပေါင်း သန်းချီချမ်းသာတဲ့ သူတစ်ယောက်က အရက်ဘားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ နေရင်း လူဆိုးတွေနဲ့တွေ့ချိန် မင်းသား Justin Timberlake က ၀င်ကယ်ရင်း သူ့ဆီက နာရီအချိန်တွေအကုန်လုံး အလကားပေးသွားတာခံလိုက်တဲ့အခါ… တစ်ရက်စာအတွက် ဘ၀ကို ရုံးကန်နေရာကနေ နာရီနှစ်သန််းပေါင်းများစွာ ရလိုက်တဲ့သူတစ်ယောက် Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား…ဘာတွေ ဆက်လုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖို ခပ်ကြမ်းကြမ်း Action တွေ ၊ အလန်းစားရိုက်ချက်တွေနဲ့ ကြည့်ရှု့ကြရမှာပါ ။ ( အညွှန်းရေးသားထားသူကတော့
...

Mayavanam (2024) ⭐IMDB: 1.8/10 (124 Votes) 🎬 #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 42 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mayavanam (2024) ဆေးကျောင်းသားလေးယောက်စွန့်စားခန်းဆေးကောလိပ်တစ်ခုကကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ‌ဖြစ်ကြတဲ့ ရှန်ကူ ၊ မာလူ ၊ တိုင်ဆက် ၊ လာချူးတို့လူငယ်လေးယောက်က ကျောင်းသားအရေး ကျောင်းအရေးတွေမှာတက်တက်ကြွကြွလှုပ်ရှားကြတဲ့ လူငယ်လေးယောက် ။ တစ်နေ့ဆေးနဲ့ပတ်သတ်တဲ့ ကမ်ပိန်းသွားလုပ်ရင်း လူမိုက်တစ်ဖွဲ့နဲ့ပြဿနာဖြစ်လာတယ် ၊အဲဒီလူမိုက်အဖွဲ့ထဲမှာ အကောင်ကြီးကြီးအနွှယ်တွေပါနေတာကြောင့်ကျောင်းအုပ်ကြီးက ပြဿနာတွေရှုပ်မလာအောင် သူတို့လေးယောက်ကိုသူ့သူငယ်ချင်းရဲ့ အပန်းဖြေအိမ်ကို ခဏပို့လိုက်တယ် အဲဒီသွားတဲ့လမ်းမှာလည်း မဟုတ်မခံဇာတ်ဇာတ်ကြဲလေးလာချူးကသူ့လာကြောင်တဲ့အကောင်တစ်ကောင်နဲ့ ပြဿနာထပ်ဖြစ်ရော ။ ရှောင်တယ်လို့မတွေးဘဲ ကျေးလက်မှာခဏပျော်ကြမယ်လို့တွေးပြီးရောက်လာတဲ့သူတို့လေးယောက်ဆီ မထင်မှတ်ထားတဲ့‌အန္တရာယ်တွေရောက်လာချိန်မှာတော့……. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်
...

Hillock Haunting (2024) ⭐IMDB: 2.6/10 (56 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟင်နရီတယောက် မွေးမြူရေးခြံပိုင်ရှင် အဖေဖြစ်သူ ရုတ်တရက် သေဆုံးသွားတဲ့အခါမှာတော့ ……….သူ့အဖေရဲ့ နောက်ဆုံးဆန္ဒအရ မွေးမြူရေးခြံကို လက်လွဲယူဖို သူ့သမီးလေးနှစ်ယောက်နဲ့ ခြံကို ပြောင်းရွေ့သွားကြတဲ့အခါ မြိုပေါ်မှာ ကြီးပြင်းလာတဲ့ သမီးနှစ်ယောက်ကတော့ အိမ်အကြီးကြီး ခြံအကြီးကြီး သဘာဝတောတောင်တွေနဲ့နေရမှာကို စိတ်လှုပ်ရှားနေခဲ့ကြပါတယ် ဒါပေမယ့် ညဘက်ဆို ထူးဆန်းတဲ့အဖြစ်အပျက်တွေ စတင်ဖြစ်ပျက်လာချိန်မှာ……..သူတိုအဘိုးရေးခဲ့တဲ့ ဒိုင်ယာရီတွေ သူတို့ ညဘက်ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေ နဲ့…..ချိတ်ဆက်တွေးတောကြည့်လိုက်တဲ့အခါမှာတော့ ……….. မွေးမြူရေးခြံရဲ့ အလေ့အထတွေ တောတောင် အငွေ့အသက်တွေနဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ဝင်းခန်းတွေကိုပါ ကြည့်ရှုရမှာမို Horror သမားတွေအဖို့လက်မလွတ်သင့်တဲ့ဇာတ်ကားပါ
...

Totally Completely Fine (2023) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Drama #Comedy 🗓 2023 🎞 tv series 🌎 #Australia #UnitedStatesofAmerica ⏰ 48 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Totally Completely Fine ဆိုတဲ့ Australian စီးရီလေးမှာတော့ Vivian တစ်ယောက် အဖိုးသေဆုံးပြီးနောက် Vivian တို့မောင်နှမသုံးယောက် အညီအမျှ အမွေခွဲတဲ့အခါ ချောက်ကမ်းပါးက အိမ်ကြီးကို Vivian အမွေဆက်ခံလိုက်ရတယ်။ အဲဒီအိမ်မှာ ထူးခြားချက်တစ်ခုရှိနေပြီး ထူးခြားချက်ကတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တဲ့လူတွေဟာ Vivian အဖိုးရဲ့ အိမ်နောက်က ချောက်ကမ်းပါးကိုလာပြီး ခုန်ချလေ့ရှိတယ်။ အမွေရပြီးမှ Vivian ဟာ သူမရဲ့အဖိုးက သေကြောင်းကြံဖို့လာတဲ့လူတွေရဲ့အသက်ကို ကယ်တင်ပေးနေတာကို သိလိုက်ရတယ်။ Vivian အိမ်ပြောင်းလာတဲ့ ပထမနေ့မှာတင်ပဲ မင်္ဂလာပွဲကနေထွက်ပြေးပြီး သေကြောင်းကြံဖို့ရောက်လာတဲ့ သတို့သမီးလေး Amy ကို Vivian ကယ်တင်လိုက်နိုင်တယ်။ Vivian တစ်ယောက် သေကြောင်းကြံဖို့လာတဲ့လူတွေကို ကူညီရင်း သူမရဲ့အိမ်အသစ်က ဘဝသစ်ကို ဘယ်လိုအဆင်ပြေအောင် အခြေချဖို့ကြိုးစားမလဲဆိုတာကိုတော့ အခုစီးရီးလေးကို ကြည့်ရှူအားပေးကြပါဦး File size…(1 GB)/(450 Mb)Quality….Webrip 1080p / 720pFormat… mp4Duration…. 00:49:00Genre… Comedy, DramaSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Morana Season 1 Episode 1 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish Episode 2 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish Episode 3 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish စီစန်(၁)တွင်း အပိုင်း (၆)ပိုင်း ထွက်ရှိထားပြီး ကျန်အပိုင်းများဆက်လက်တင်ဆက်သွားပါမည်
...

Shardlake (2024) ⭐IMDB: 6.8/10 (4 k Votes) 🎬 #Drama #Mystery #History #Thriller 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedKingdom ⏰ 48 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shardlake (2024)Genre – History, Mystery, Thriller, DramaIMDB – 6.8/10 အင်္ဂလန်ပြည် Tudor ခေတ် ၁၅ ရာစုနှစ်ကျော်ကာလနဲ့ ရိုးရာဓလေ့တွေကို အခြေခံထားပြီး လျှို့ဝှက်နက်နဲတဲ့ လူသတ်မှုတွေကို ရှာဖွေဖော်ထုတ်တဲ့ စုံထောက်ပုံစံ ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဒါ သင့်အတွက်ပါပဲ။ သေဆုံးသွားပြီဖြစ်တဲ့ စာရေးဆရာ CJ Sansom ရေးသားခဲ့တဲ့ Matthew Shardlake ဝတ္ထုတွဲက ဇာတ်ကောင်ကိုပဲ ၄ ပိုင်း မီနီစီးရီးသဘောနဲ့ အမှုတစ်ခုအကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အင်္ဂလန်ပြည့်ရှင် ဟင်နရီ ၈ က ရိုမန်ကတ်သလစ်ဂိုဏ်းတွေနဲ့ ခွာပြဲထားတဲ့အချိန်ကာလမှာပေါ့။ အဲဒါကြောင့် ဘုရင်ဖြစ်သူနဲ့ အရှင်တစ်ယောက်က ပြန်လည်ပြုပြင်ထူထောင်ရေးဆိုပြီး သဘောထားမတူကွဲပြားတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သက်သေရှာပြီး ပိတ်သိမ်းမယ် ပိုင်ဆိုင်သမျှတွေလည်း အကုန်သိမ်းမယ်ပေါ့။ ဒါကြောင့် ဆိပ်ကမ်းနေရာတစ်ခုက ဘုန်းတော်ကြီးတစ်ကျောင်းကို ကော်မရှင်နာရှေ့နေလွှတ်ပြီး သက်သေစုခိုင်းတဲ့အချိန် အသတ်ခံလိုက်ရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် စေလွှတ်တဲ့အရှင်တစ်ယောက် သူ့ကို စော်ကားရမလားဆို ဒေါသထွက်သွားတာပေါ့။ ဒါကြောင့် လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းနိုင်လို့ နာမည်ကျော်ပေမဲ့လည်း ခန္ဒာကိုယ်အပေါ်ပိုင်း မသန်မစွမ်းဖြစ်နေရှာတဲ့ ဇာတ်လိုက်ကျော် ရှေ့နေကြီး ရှားဒ်လိတ်ကို အခေါ်လွှတ်ပြီး သူ့ တပည့်တစ်ယောက်နဲ့အတူ ဒီလူသတ်မှု ဖြစ်ပွားခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းကို လူသတ်တရားခံရှာပြီး ပိတ်သိမ်းဖို့ ပစ္စည်းတွေသိမ်းဖို့ တာဝန်ပေးအပ်လိုက်ရာကနေ ဒီဇာတ်လမ်း ဖြစ်လာခဲ့ပါတော့တယ်။ ရုပ်ရှင်ဇာတ်လမ်းတွေမှာ သူပါရင် သေပြီဆိုပြီး ခဏခဏ အပြောင်ခံရရှာတဲ့ မင်းသားကြီး Sean Bean ကလည်း ပါဝင်ထားတာကြောင့် ဒီထဲမှာလည်း သေမသေဆိုတာ ဆက်ပြီး စောင့်ကြည့်ရတာပေါ့ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)
...

Industry (2020) ⭐IMDB: 7.2/10 (13 k Votes) 🎬 #Drama 🗓 2020 🎞 tv series 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 49 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၀ ကစတင်ပြသခဲ့တဲ့ဗြိတိန် Industry စီးရီးကတော့ Season သုံးခုမြောက်အထိပြသနေဆဲဖြစ်ပြီး rating ကောင်းတွေလည်း ရရှိထားပါတယ်။ လန်ဒန်က နာမည်ကျော်ရင်းနှီးမြှုပ်နှံမှုဘဏ် Pierpoint & Co မှာ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခံရဖို့ ငယ်ရွယ်တဲ့ဘွဲ့ရ အလုပ်သင် လေးတွေအပြိုင်အဆိုင် ကြိုးစားကြရပုံကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးပုပ်မှာ Industry ရဲ့ Season 1 က ပျမ်းမျှ rating 7.7/10 ၊ Season 2 က 8.1/10 နဲ့ Season 3 က 8.9/10 အထိရရှိထားပါတယ်။ အဓိကဇာတ်​ကောင်တွေဖြစ်တဲ့ ဟာပါစတန်း၊ ဟာရီဒါး၊ သြဂတ်စတပ် ဂတ်စ်ဆတ်ကီ၊ ရောဘတ်စပီးယားရင်းနဲ့ ယာစမင်ကယ်ရာဟန်နာနီ တို့ကတော့ Pierpoint & Co ရဲ့ဘွဲ့ရပြီးခါစအလုပ်သင်လေးတွေပါ။ နယူးယောက်ကနေရောက်လာတဲ့ဟာပါစတန်းက သူတက်ခဲ့တဲ့ တက္ကသိုလ်ကိုလိမ်ထားပေမယ့် ဘဝရဲ့အောင်မြင်မှုကိုပိုင်ဆိုင်ချင်စိတ် ပြင်းသူပါ။ ဟာရီဒါးက ဟိန္ဒူစကားပြောရွှေ့ပြောင်းနေထိုင်သူ မိဘတွေရဲ့သားတစ်ယောက်ဖြစ်ပြီး သြဂတ်စတပ်ဂတ်စ်ဆတ်ကီ ကတော့ နာမည်ကြီးတက္ကသိုလ်တွေကဘွဲ့ရလာတဲ့ဂေးလူမည်း တစ်ယောက်ပါ။ ရောဘတ်စပီးယားရင်းက ပျော်ပျော်နေတတ်တဲ့လူဖြူ Oxford ဘွဲ့ရတစ်ယောက်ဖြစ်ပြီး ယာစမင်ကယ်ရာဟန်နာနီက အဆက် အသွယ်ကောင်းတဲ့လက်ဘနွန်မိဘတွေရဲ့ကလေးဖြစ်သလို အခွင့်ထူးခံ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီအလုပ်သင်လေးတွေရဲ့ဘဏ်လုပ်ငန်းခွင်မှာကြုံတွေ့ရမယ့်ရှုပ်ထွေးမှု၊ အခက်အခဲတွေ၊ တစ်ဦးကိုတစ်ဦးအမြတ်ထုတ်မှုတွေနဲ့ ပတ်သက်ဆက်နွှယ် မှုတွေကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။
...

Becoming Karl Lagerfeld (2024) ⭐TMDB: 78% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #France ⏰ 45 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ 2024 series လေးဖြစ်တဲ့ “Becoming Karl Lagerfeld” က 1970 ခုနှစ် ပဲရစ်ဖက်ရှင်လောကမှာ Karl Lagerfeld ရဲ့ ထိုးဖောက်ကျော်ကြားလာမှုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Karlဒီစီးရီးက ရဲ့ ဖက်ရှင်ပြိုင်ဘက်ဖြစ်တဲ့ Yves Saint Laurent နဲ့ ယှဥ်ပြိုင်မှုတွေ၊ စာရေးဆရာကောင်လေး Jacques de Bascher နဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကို ​အဓိကထားရိုက်ကူးထားပါတယ်။ Lagerfeld နေရာမှာ Daniel Brühl က သရုပ်ဆောင်ထားပြီး Lagerfeld တစ်ယောက် fashion icon ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့တဲ့ သူ့ရဲ့ဖက်ရှင်အပေါ် စိတ်အားထက်သန်မှုတွေ၊ ရည်မှန်းချက်တွေကို မီးမောင်းထိုးရိုက်ပြထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဖက်ရှင်စီးရီးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ဆိုထားသူက‌တော့
...

Bachubhai (2023) ⭐IMDB: 8.2/10 (105 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bachubhai ( 2023 )ဘာချူဘိုင် CM Bollywood ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ဘာချူဘိုင်ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ..ဘာချူဘိုင်ဆိုတဲ့အဘိုးကြီးဟာ အင်မတန်တိကျပြီးအလုပ်မှာတော်တဲ့သူဖြစ်ပါတယ်။လုပ်သက်ကလဲ နှစ်ပေါင်း ၃၀ တောင်ရှိခဲ့ပြီမလို့ သူ့ကုမ္ပဏီမှာ သူဌေးတောင် သူ့ကိုမကျော်နိုင်ပါဘူး။သူက အလုပ်မှာဆရာကျပေမဲ့ သူ့အားနည်းချက်က ဘွဲ့လက်မှတ်မရှိတာပဲဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီကို ကိုရီးယားတွေလက်လွှဲယူလိုက်တဲ့အခါမှာတော့ ဘွဲ့လက်မှတ်ကပြဿနာအကြီးကြီးဖြစ်လာပါပြီ။ အလုပ်မှာ ဘယ်လောက်ပဲကျွမ်းကျင်ပြီးဘယ်လောက်ပဲတော်နေပါစေ ဘွဲ့လက်မှတ်မရှိတာကြောင့် ကုမ္ပဏီကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ ဒီအခါမှာ ခံပြင်းစိတ်နဲ့ ဘာတွေဆက်လုပ်မလဲ.. ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။မင်းသားက အသက်ကြီးကြီးဘိုးတော်ကြီးဖြစ်နေပေမဲ့ ဘယ်လောက်တောင်ကောင်းလဲဆို21st Transmedia Gujarati Awards ဆုပေးပွဲမှာ nominations 6 ခုရတဲ့အထိပါပဲဗျာ။ ဒါကြောင့် ဒီလိုချစ်ကြိုက်ကွဲညား မဲပြာမုဆိုးထဲက ကွဲထွက်နေတဲ့ဇာတ်ကားကောင်းလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ( ဘာသာပြန်နဲ့အညွှန်းကတော့ KKKZ , Yunni , Tomo , Alexia , LL တို့ဖြစ်ပါတယ်)
...

Seven Days (2010) ⭐TMDB: 63% User Score 🎬 #Adult #Crime #Drama #Horror #Thriller 🗓 2010 🎞 movie 🌎 #Canada ⏰ 1 နာရီ 52 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 7 Days (2010) Les 7 jours du talion IMDb Rating (6.5) / Rotten Tomatoes (86%) ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ…ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့…… ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ……တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး…… အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်…….အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း သိသွားတော့ ပညာတွေအထပ်ထပ်သင်ယူခဲ့ရတဲ့ သူတစ်ယောက် တခုခုဆို စဉ်းစားခြင်ဆင်ပြီး ဆုံးဖြတ်တတ်တဲ့သူတစ်ယောက်က အထိမခံတဲ့ သူ့သမီးလေးကိုမှ ထိခဲ့မိတဲ့သူကို ဘာပြန်လုပ်မလဲ ဘယ်လိုလက်စားချေမလဲ ပညာတတ်တဲ့သူရဲ့လက်စားချေမှုက ပိုကြောက်စရာကောင်းတယ်ဆိုတာ အပြောပဲမဟုတ် လက်တွေ့ပါပြသွားတဲ့ကားလေးမို့ ကျောတစိမ့်စိမ့်ကြည့်ချင်သူများ ကြည့်လို့ရပါပြီ။ (အသည်းငယ်တဲ့သူတွေ ရွံရှာတတ်တဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေ မကြည့်သင့်တဲ့ဇာတ်ကားမလို့ Don’t Watch လို့တော့ Label တပ်ထားပေးပါတယ်။
...

Oddity (2024) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သဘာဝလွန်ဟော်ရာအမျိုးအစား ရုပ်ရှင်သစ်တစ်ခု ဘာသာပြန် တင်ဆက်ပေးထားပါတယ်။ ဟော်ရာတွေထဲမှာ rating 7.4 ရထားတာမို့ အတော်လေးကောင်းတယ်ပြောရမှာပါပဲ။ ဇာတ်လမ်းကတော့အရမ်းကြီးမရှုပ်ထွေးပါဘူး။ ဒါပေမဲ့ ကြောက်ရပါတယ်။ ဒါရိုက်တာ Damian Mc Carthy ကတော့ အရင်က ရုပ်ရှင်တိုတွေလောက်ပြ အဓိကရိုက်ဖူးတာမို့ သူ့လက်ရာအသစ်အနေနဲ့ အတော်လေး အလားအလာရှိတယ်လို့ ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ***************** ဒေါက်တာ တက်ဒ်ဟာ စိတ်ရောဂါကုဆရာဝန်ဖြစ်ပြီး စိတ်ကျန်းမာရေး ဆေးရုံမှာ ညဘက်တွေ တာဝန်ကျနေတဲ့သူပါ။ တစ်ညမှာတော့ သူ့ရဲ့ ဇနီးကို သူ့လူနာတစ်ယောက်က ညဘက်ကြီးမှာ သတ်သွား ပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ နောက်အမျိုးသမီးနဲ့ အဲဒီအိမ်မှာ နေနေပါတယ်။ တစ်နေ့မှာတော့ သူ့ဇနီးရဲ့ အမွှာညီမ မျက်မမြင် အကြားအမြင် ရောက်လာပြီး သူ့ဇနီးကိုသတ်တာ သူ့လူနာ မဟုတ်ဘူးဆိုပြီး ထုတ်ပြောလာပါတယ်။အဲဒီကနေ တဖြည်းဖြည်း အမှန်တရားပေါ်လာပြီး ကြောက်စရာကိစ္စတွေ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းက အစပိုင်းမှာ နည်းနည်းလေး ကျောချမ်းစရာလောက်ပဲ ပြပြီး နောက်ပိုင်းမှာတော့ ဝုန်းခနဲခြောက်တာမျိုးတွေ ပါလာပါတယ်။ ကြောက်ချင်တဲ့သူတွေရော ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေရော ကြည့်သင့်တဲ့ကားပါပဲ။
...

Mazhai Pidikatha Manithan (2024) ⭐IMDB: 4.7/10 (146 Votes) 🎬 #Action #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mazhai Pidikkatha Manithan (2024)“ဇာတ်မြှုပ်သူ” ဒီနေ့မှာတော့ 2024 ခုနှစ်ထွက် အသစ်စက်စက်ဘောလိဝုဒ်အက်ရှင်ခပ်ကြမ်းကြမ်းကားလေးတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကိစ္စတစ်ခုကြောင့် ဇာတ်မြှုပ်နေထိုင်ရဖို့ဖြစ်လာတဲ့ လျို့ဝှက်အထူးအေးဂျင့်တစ်ယောက်ဟာနယ်မြို့လေးမှာ လာပြီးအခြေချပါတယ်။ အဲ့ဒီမြို့လေးမှာနေတဲ့ အခြေခံလူတန်းစားအတော်များများက ကျပန်း အလုပ်လုပ်ဖို့လာခေါ်တဲ့နေ့စားအလုပ်တွေကိုလိုက်လုပ်ကြ လေ့ရှိပါတယ်။ ဆိုတော့ တစ်နေ့မှာ ဒါလီလို့ခေါ်တဲ့ ငွေတိုးချေးစားလုပ်ငန်းက လူမိုက်လုပ်ဖို့လူလာငှားတဲ့အခါ ကျွန်တော်တို့ဇာတ်လိုက် အထူးစစ်သားဟောင်းကြီးကိုလည်း ခေါ်သွားပါတယ်။အဲ့ဒီမှာ သူတို့ဘယ်လောက် အနိုင်ကျင့်ပြီးငွေကိုညှစ်ယူနေကြလဲဆိုတာ သူအတိုင်းသား သိခဲ့မြင်ခဲ့ရတာပေါ့။ အဲ့ဒီနောက်မှာပဲ အမျိုးသမီးတစ်ယောက်ဟာလည်း ဒီလို အကြွေးကိစ္စတွေနဲ့ လုံးပါးပါးမှာကိုမြင်ပြီးသူဝင်ပါဖို့ဆုံးဖြတ်လိုက်ပါတယ်။ တစ်မြို့လုံးက ငွေတိုးချေးစားသမားလက်အောက်လူမိုက်တွေနဲ့ ဇာတ်မြှုပ်နေတဲ့ အထူးစစ်သားတစ်ယောက်ထိပ်တိုက်တွေ့ကြမယ့် ကားလေးပါ။ စိတ်ဝင်စားစရာကောင်းပြီး အက်ရှင်ဇာတ်ကြမ်းတွေကိုကြိုက်တတ်တဲ့ ပရိသတ်တွေကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်ခင်ဗျ။)
...

Go Brother! (2018) ⭐IMDB: 6.4/10 (558 Votes) 🎬 #Comedy #Drama #Fantasy 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 57 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အစ်ကို့ရဲ့အနိုင်ကျင့်မှုတွေကိုအမြဲခံနေရတယ်လို့ထင်နေတဲ့ကောင်မလေးတစ်ယောက်ဟာသူ့မွေးနေ့မှာ သူ့အစ်ကိုကိုသူ့ဘဝထဲကနေပျောက်သွားစေဖို့ဆုတောင်းခဲ့မိပါတယ်၊နောက်တစ်နေ့ပြန်လည်နိုးထလာချိန်မှာတော့အံ့အားသင့်ဖွယ်ကိစ္စကဆီးကြိုနေခဲ့ပါတယ်၊ သူမရဲ့အစ်ကိုကသူမဘဝထဲကပျောက်ကွယ်သွားခဲ့ပြီးသူမသူငယ်ချင်းရဲ့အစ်ကိုဖြစ်နေတဲ့အခါဘယ်လိုတွေဆက်ဖြစ်လာမလဲ..သူမရဲ့အစ်ကိုကနောက်ကွယ်ကနေညီမလေးကိုဂရုစိုက်တာတွေ၊ဖြည့်ဆည်းပေးတာတွေကိုမြင်လာရတဲ့အခါ သူမရဲ့အစ်ကိုကိုပြန်ရနိုင်ပါတော့မလား၊ မောင်နှမနှစ်ယောက်ကြားကသံယောဇဉ်၊အထူးသဖြင့်အစ်ကိုကညီမလေးအပေါ်ထားတဲ့ကြီးမားတဲ့မေတ္တာတရားကို ဆွတ်ပျံကြည်နူးဖွယ်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်၊ကျွန်တော့အမြင်အရတော့..ကြည့်ရင်းနဲ့အစ်ကိုမရှိတဲ့သူတွေလဲအစ်ကိုတစ်ယောက်လောက်လိုချင်မိမှာဖြစ်ပြီး…အစ်ကိုရှိပြီးသားသူတွေလဲကိုယ့်ရဲ့အစ်ကိုကိုပိုပိုချစ်လာလိမ့်မယ်ထင်မိပါတယ်
...