无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Mister Sleep (2024) ⭐IMDB: 3.5/10 (154 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဒါရိုက်တာ John Perivolaris ရိုက်ကူးထားပြီး Robert Hollocks, Katie Daley, Anna Borchert စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီကားကတော့ စိတ္တဇကွင်းဆက်လူသတ်သမားဖြစ်တဲ့ Mr. Sleep အကြောင်းကို ထိတ်လန်ဖွယ် ရိုက်ကူးတင်ဆက်ထားတာပါ။ ဖယ်လီရှာက တရားသူကြီးပိန်းရဲ့ သမီးဖြစ်ပြီးတော့ အိပ်မပျော်တဲ့ ရောဂါရှိတဲ့သူပါ။ ဒေါက်တာချားလစ်ရဲ့ ကုထုံးဆေးရည်စမ်းသပ်မှုမှာ ပါဝင်ပြီးတော့ အိပ်ပျော်အောင်ကြိုးစားနေတဲ့လူနာဆိုလည်းဟုတ်ပါတယ်။ ဒါပေမယ့် ဒီဆေးရည်က စိတ္တဇလူသတ်သမား အိပ်မပျော်တဲ့ရောဂါရှိတဲ့ Mr. Sleep ကို လေ့လာပြီး ထုတ်ထားတဲ့ဆေးဖြစ်နေခဲ့သလို အဖေဖြစ်တဲ့ တရားသူကြီးနဲ့ ဒေါက်တာချားလစ်တို့က Mr.Sleepကို သေမိန့်ချခဲ့ သူတွေ ဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာ ကုသနေတဲ့အုပ်စုထဲကလူတွေ အရင်နည်းလမ်းနဲ့ အသတ်ခံ ရပြီးနောက် Mr. Sleep က မသေသေးဘဲ ဆေးရည်သောက်တဲ့ လူနာတွေရဲ့ စာရင်းကိုရထားပြီး လက်စားချေနေတာလို့ သိပြီးတဲ့နောက်မှာ…… ဖယ်လီရှာ အဆုံးမှာ လွတ်မြောက်သွားနိုင်မလားဆိုတာကို ရင်တမမနဲ့ အဖြေရှာရမှာပါ။...
My Dog Skip (2000) ⭐TMDB: 67% User Score 🎬 #Comedy #Drama #Family 🗓 2000 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 50 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 My Dog Skip (2000) IMDb Rating (7.0) / Rotten Tomatoes (73%) ဖြစ်ရပ်မှန်ကို အခြေခံပြီး Emotional ဆန်ဆန် ရိုက်ထားတဲ့ ကားလေးဆိုရင်ရော ကြိုက်ကြလားဗျ။ ဝေဖန်ရေးသမားတွေရဲ့ပါးစပ်ဖျားကမချ ဖြစ်ခဲ့ရတဲ့ ဆုပေါင်းများစွာရရှိခဲ့တဲ့ ဒီကားလေးကတော့ Forrest Gump တို့လို vibe မျိုးရတာကြောင့် ကြည့်သင့်တဲ့ကားတွေထဲက တစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ စစ်ပွဲကာလအတွင်း 1942ခုနှစ်ရဲ့ နွေရာသီအချိန် ဝီလီဆိုတဲ့ကောင်လေးက ခွေးတစ်ကောင်ကို မွေးနေ့လက်ဆောင်အနေနဲ့ မိဘတွေဆီက ရခဲ့ပါတယ်။ အိမ်နီးချင်းဖြစ်သူ ဘေ့စ်ဘော ချန်ပီယံ ဒေ့ဂျန်ကင် စစ်မှုထမ်းရမှာကြောင့် ဘေ့စ်ဘောသင်ပေးမည့်သူနှင့် သူငယ်ချင်း မရှိလို့ဆိုပြီး ဝီလီတစ်ယောက် စိတ်ညစ်နေသတဲ့။ ခွေးလေးနာမည်က “စကစ်” ပါ ပြီးတော့ ဝီလီကိုလဲ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေလာအောင် ကူညီပေးရင်းနဲ့ ဝီလီဘဝမှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့KarmTဖြစ်ပါတယ်)...
The Brutalist (2024) ⭐TMDB: 70% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 3 နာရီ 21 မိနစ် 58 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Brutalist (2024) IMDb Rating (7.9) / Rotten Tomatoes (94%) အော်စကာ စကာတင် ၁၀ ဆု ဝင်ထားတဲ့ ၂၀၂၄ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခု လာပါပြီ။ မင်းသားကတော့ The pianist နဲ့ လူသိများကြတဲ့ Adrien Brody ပါပဲ။ ဇာတ်လမ်းနာမည်ကတော့ Brutal – ရက်စက်သောဆိုတဲ့ စာလုံးကနေလာတာပါ။ ဒါပေမဲ့ လူ့လုပ်ရပ်နဲ့ဆိုင်တာမဟုတ်ဘဲ Brutalism ဆိုတဲ့ ဗိသုကာသဘောတရားကနေလာတာပါ။ အဆောက်အဦဒီဇိုင်းကို ခပ်ကြမ်းကြမ်းပုံဖော်တာပေါ့။ အလှအပတွေ အကွေ့အကောက်တွေထက် သင်္ချာကျကျ လေးထောင့်ကျကျ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း ဆောက်လိုက်တဲ့စတိုင်မျိုးပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒုတိယကမ္ဘာစစ် ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ဂျူးဗိသုကာပညာရှင်ဟာ အမေရိကန်အိပ်မက်နောက်ကိုလိုက်ရင်း ၁၉၅၀ ကာလ ရှုပ်ထွေးတဲ့လူမျိုးရေးနိုင်ငံရေးတွေကြားမှာ သမိုင်းတွင်တဲ့လက်ရာတစ်ခုကို တည်ဆောက်ခဲ့ပုံကို အခြေခံထားတာပါ။ ဖြစ်ရပ်မှန်မဟုတ်ဘဲ သမိုင်းနောက်ခံ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လက်စလိုတော့သ်ဟာ ဂျူးဗိသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး ချွေးတပ်စခန်းကနေ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ကို ရောက်လာခဲ့တဲ့လူပါ။ ရောက်ရောက်ချင်း ပရိဘောဂဆိုင်လေးတစ်ခုမှာ အလုပ်လုပ်နေပေမဲ့ မကြာခင်မှာပဲ သူ့လက်ရာဟာ နိုင်ငံတော်အဆင့်ဆိုတာ သဘောပေါက်သွားတဲ့ မီလီယံနာကြီးတစ်ယောက်က ဧရာမစီမံကိန်းကြီးတစ်ခုကိုပေးလာပါတယ်။ အဲဒီအချိန်မှာလက်စ်လိုရဲ့ ဇနီးနဲ့ တူမက အမေရိကန်ကိုတောင် ရောက်မလာနိုင်သေးဘဲ နယ်စပ်မှာ ဒုက္ခရောက်နေခဲ့တာပါ။ ဒီလိုအခက်အခဲတွေ လူမျိုးရေးနိုင်ငံရေးပြဿနာတွေကြားထဲမှာမှ လက်စလိုဟာ သမိုင်းကိုကိုယ်စားပြုတဲ့၊ သူခံစားခဲ့ရတဲ့ချွေးတပ်စခန်းက ဒုက္ခတွေကို ကိုယ်စားပြုတဲ့၊ သူ့ဇနီးနဲ့သူကွဲကွာရတာတွေကို ကိုယ်စားပြုတဲ့ အဆောက်အဦကြီးတစ်ခုကို နိမိတ်သင်္ကေတပေါင်းများစွာနဲ့ မရရအောင် တည်ဆောက်ပါတော့တယ်။ မြန်မာဆန်ဆန်ပြောရရင်တော့ မနူဟာဘုရားလို အကျဉ်းချခံရတဲ့ ခံစားချက်ကို ကိုယ်စားပြုတဲ့ ဗိသုကာလက်ရာမျိုးပါပဲ။ ဒီဇာတ်လမ်းကိုမှ အစ္စရေး ဂျေရုဆလင်သမိုင်းတွေ၊ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံရေးလူမျိုးရေးအမြင်တွေနဲ့ ရောမွှေပြသထားတဲ့ရုပ်ရှင်ဖြစ်လို့၊ ဇာတ်လမ်း သရုပ်ဆောင် ရိုက်ကွက်တွေအားလုံးကလည်း ကောင်းမွန်နေလို့ ဆုပေါင်း ရာနဲ့ချီရပြီး ၂၀၂၅ အော်စကာဆုပေးပွဲမှာ ထိပ်ဆုံးကနေ ဆန်ကာတင်အများဆုံးရုပ်ရှင်၊ အကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်အဖြစ် ပါဝင်နေတာပါပဲ။ သမိုင်း ဒရာမာ အေးအေးဆေးဆေးခံစားချင်တဲ့သူတွေရှိရင် အကြိုက်တွေ့မှာပါ။ မူးယစ်ဆေးဝါးနဲ့ အိပ်ရာအခန်းတွေပါလို့ ကလေးတွေ မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့Mr. Andersonဖြစ်ပါတယ်။)...
Parthenope (2024) ⭐TMDB: 69% User Score 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #France #Italy ⏰ 2 နာရီ 18 မိနစ် 38 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Parthenope (2024) IMDb Rating (6.8) / Rotten Tomatoes (49%) ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထုတ်လုပ်ထားတဲ့ဒီရုပ်ရှင်ဟာဆိုရင် အီတလီသူအမျိုးသမီးလေးတစ်ဦးရဲ့ဘ၀အကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းပါ ။ လူတွေကတိုတောင်းတဲ့ဘ၀ကြီးမှာ ငွေ၊ဂုဏ်၊အလှတရားတွေနောက်ကိုသာလိုက်ရင်းကုန်ဆုံးတတ်ကြပါတယ် ။ ပါတဲလိုပီမည်သူအမျိုးသမီးလေးကတော့ အကုန်ပြည့်စုံပေမယ့် ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာအဓိပ္ပာယ်ရှာချင်သူဖြစ်တယ် ။ လှပလွန်းတဲ့ရုပ်ရည်ကြောင့် ချစ်ခင်သူပေါများပေမယ့် တကယ်တမ်းမှာ အထီးကျန်ဆန်လွန်းတဲ့သူ့ဘ၀လေးကို ပါတဲလိုပီတစိယောက်ဖြည်းဖြည်းချင်းအဖြေရှာသွားပုံကို အတူစီးမျောခံစားလိုက်ကြနော် ။ ကြည့်ပြီးပြီဆိုရင် ရင်မှာဟာတာတာကြီးကျန်ခဲ့မယ့်ရုပ်ရှင်မျိုး ၊ မေးခွန်းအများကြီးချန်ထားခဲ့တဲ့အတွေးအခေါ်ရုပ်ရှင်မျိုးတွေကို သဘောကျကြရင်တော့ ဒီကားက အဲ့လူတွေအတွက်ပါပဲ...
Companion (2025) ⭐IMDB: 7.3/10 (23 k Votes) 🎬 #SciFi #Thriller #Horror #ScienceFiction 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 35 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Companion (2025) IMDb Rating (7.3) / Rotten Tomatoes (94%) ဒီကားက ဟော်ရာကားဖြစ်ပြီး IMDb 7 ကျော် ရထားတာပါ။ ထိုက်ထိုက်တန်တန်ကိုရထားတာပါ။ Substance တုန်းကလိုပဲ ဇာတ်လမ်းဆန်းသစ်ပြီး တင်စားထားတာတွေ အရမ်းကောင်းပါတယ်။ မထတမ်း ကြည့်ချင်စေမဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒါရိုက်တာ Drew Hancock ရဲ့အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ မင်းသမီးက Heretic တို့ Yellowjackets တို့မှာ အရမ်းလန်းထားတဲ့ Sophie Thatcher ပါ။ မင်းသားကတော့ The Boys ထဲက အားလုံးအချစ်တော် ဟူဝီဖြစ်တဲ့ Jack Quaid ပါပဲ။ ဇာတ်လမ်းအကျဉ်း+++++++++++ ဟော်ရာထုံးစံအတိုင်း လူသူမနီးတဲ့ ရေကန်အိမ်ကြီးထဲကို အလည်အပတ်ထွက်လာတဲ့ အတွဲသုံးတွဲရှိတယ်။ အဓိက အတွဲကတော့ဂျော့ရှ် နဲ့ အိုင်းရစ် တို့အတွဲပါ။ အိုင်းရစ်က ဂျော့ရှ်ကို အသေအလဲချစ်နေတဲ့ကောင်မလေးပေါ့။ နောက်တစ်တွဲကလည်း အီလိုင်ဆိုတဲ့ကောင်လေးရယ် သူ့ကိုအသေအလဲချစ်နေတဲ့ ပတ်ထရစ်ရယ်ပါမယ်။ နောက်တစ်တွဲကတော့ ရုရှားခပ်ဆိုးဆိုးကောင်ကြီး ဆာဂေ နဲ့သူ့စမောလေး ကတ် တို့ပါပဲ။ အိမ်ထဲမှာ ကြောက်စရာတွေကြမယ် ဘာညာတော့ သိမှာပါ။ ကျန်တာတော့ ဘာမှမညွှန်းချင်တော့ပါဘူး ဟာ ဟာ နဲ့ ကြည့်လို့ရအောင် ဒီအတိုင်းပဲတင်ပေးထားလိုက်ပါတယ်။ ဘာမှမသိဘဲသာ ဆက်ကြည့်လိုက်ပါ။ကြိုက်သွားပါလိမ့်မယ်။...
The Wish Swap (2025) ⭐IMDB: 6.8/10 (346 Votes) 🎬 #Romance 🗓 2025 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 48 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Wish Swap (2025) ကံကြမ္မာရဲ့ဆန်းကြယ်မှုဆိုတာ လူတိုင်းစီကို တစ်နည်းမဟုတ်တစ်နည်းအခွင့်အရေးတစ်ခုမဟုတ်တစ်ခုနဲ့ ရောက်လာတတ်ကြတယ်တဲ့ လူတိုင်းဟာ ကိုယ့်ဖူးစာဖက်ကို တကယ်မှန်ကန်တဲအချိန်မှာတွေ့မိတတ်ကြမလားမသိနိုင်ပေမယ့်လွဲချော်သွားကြတဲ့အခါ အချိန်နဲ့ကံကြမ္မာကိုပဲ အပြစ်တင်တတ်ကြတာပေါ့ဒါဆိုရင် ကံကြမ္မာကရော အမြဲတမ်း လွဲမှားမှုတွေပဲပေးနေတတ်သလားမဟုတ်ရင် ပိုကောင်းတဲ့ သင့်တော်တဲ့လူတစ်ယောက်ဆီကို တွန်းပို့ပေးမှာလားဆိုတာမျှော်လင့်ရင်ခုနနိုင်မယ့်ဒီဇာတ်ကားလေးကတော့မတူညီတဲ့ဘဝပုံစံနှစ်ခုနဲ့ ဟန်နရီနဲ့ကေစီတို့နှစ်ဦးသားအကြောင်းတိုက်ဆိုင်လို့တောင် တွေ့နိုင်ဖွယ်မရှိတဲ့သူတို့နှစ်ယောက်ကတိုက်တိုက်ဆိုင်ဆိုင်ပဲ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့်မွေးနေ့အတူတူအဖြစ် မွေးနေ့ပွဲလုပ်တဲ့ဆိုင်လေးမှာ ဆုံတွေ့ခဲ့ကြတယ် အဲဒီကနေ သူတို့နှစ်ယောက်ဘဝကို မသိမသာတိုးတိုးတိတ်တိတ်လေးပြောင်းလဲသွားစေမယ့် ကံကြမ္မာရဲ့ဆန်းကြယ်မှုကတော့ မွေးနေ့ကိတ်တစ်ခုတည်းပေါ်ဆုတောင်းမိကြတဲ့သူတို့နှစ်ဦးသား ဆုတောင်းတွေအမှန်တကယ်ဖြစ်လာတာပါပဲဒါပေမယ့် သူတို့ဆုတောင်းတွေက တစ်ဦးဆုတောင်းတစ်ဦးဆီမှာဖြစ်ပေါ်လာရင်းဘယ်လိုမျိုး ဖြည့်ဆည်းသွားကြမလဲ ဘယ်လိုမျိုးယုံကြည်ချက်တွေ ခိုင်မာမှုတွေကနှစ်ယောက်သားအချင်းချင်း အမြစ်တွယ်ငြိလာကြမလဲပေါ့ပါးတဲ့ခံစားချက်အတက်အကျလေးနဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေါ်လာပုံကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်...
Christmas at Keestone (2023) ⭐IMDB: 5.3/10 (76 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 30 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Christmas at Keestone (2024) IMDb Rating (5.3) အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သူ John ဟာ ဇနီးဖြစ်သူ သေဆုံးသွားတဲ့အတွက် ဇနီးဖြစ်သူကို လွမ်းဆွတ်တဲ့စိတ်နဲ့ပဲ အတိတ်မှာ ပိတ်မိနေသူတစ်ယောက်ပါ။ ဇနီးဖြစ်သူကိုအမှတ်ရတဲ့စိတ်နဲ့ပဲအားလပ်ရက်ပိတ်ရက်တိုင်းမှာ Loretto နယ်ဘက်က နာမည်ကြီးအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Keestone အပန်းဖြေစခန်းဘက်ကို နှစ်တိုင်း လာတည်းလေ့ရှိပါတယ် ။ Madeline ကတော့ သူငယ်ချင်းဖြစ်သူ Whisper နဲ့အတူ အပန်းဖြေစခန်းမှာပဲအတူတူအလုပ်ဝင်လုပ်ရင်း ကွတ်ကီးလည်းဖုတ်ရောင်းပါသေးတယ်။ သူဖုတ်သမျှကွတ်ကီးတိုင်းဟာ ဆွေမျိုးမေ့နိုင်လောက်တဲ့လက်ရာကိုပေးစွမ်းလို့ အပန်းဖြေစခန်းကိုလာတည်းသူတိုင်းရဲ့ လက်စွဲတော်ဆိုလည်းမမှားပါဘူး။ ရိုးသားကြိုးစားတဲ့ မက်ဒလင်းနဲ့ ဇနီးဖြစ်သူကိုမမေ့နိုင်တဲ့ အတိတ်မှာပိတ်မိနေသူ ဂျွန်တို့နှစ်ယောက် keestone အပန်းဖြေစခန်းမှာ ဖူးစာဆုံတွေ့ဆုံကြုံကြိုက်ကြပြီး အချစ်ပန်းပွင့်များ ဘယ်လိုတွေ ပွင့်လန်းလာမလဲဆိုတာကို romantic နဲ့ comedy ရောနှောပြီး ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)...
Supernova (2000) ⭐TMDB: 49% User Score 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2000 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 9 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Supernova (2000) ဒီတစ်ခါတော့သိပ္ပံစိတ်ကူးယဥ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။Supernova ဆိုတာက ကြယ်ပေါက်ကွဲမှုဖြစ်ပါတယ် ။ ကြယ်ဆိုတာကနေပါပဲ။နေတွေမှာသက်တမ်းရှိပါတယ်။လက်ရှိကမ္ဘာရဲ့နေကကြယ်ဝါပု( yellow dwarf)ပါ။ ကြယ်တွေမှာဟိုက်ဒရိုဂျင်တွေလောင်ကျွမ်းပြီးလောင်စရာကုန်တော့ ဟီလီယမ်တွေပါ ဆက်fusionဖြစ် ပိုလေးလံတဲ့အောက်ဆီဂျင် ကာဘွန်နဲ့တစ်ခြားလေးလံတဲ့ဒြပ်စင်အဖြစ်ဆက်fuseဖြစ်ပြီး စွမ်းအင်တွေအများကြီးထွက်လာပြီးကြယ်တွေရဲ့အပြင်လွှာကအပြင်ကိုအရှိန်အဟုန်နဲ့ပြန့်ကားထွက်လားထွက်လာပါမယ်။ အနီးအနားကဂြိုလ်တွေလတွေကိုဝါးမြိုသွားမှာပါ။အဲဒီအဆင့်က ကြယ်နီကြီး(Red Giant)ပါ ။ပြန့်ကားတာကြာလာတဲ့အခါဒြပ်ဆွဲအားသက်ရောက်တာနည်းပြီးစကြာဝဠာထဲကိုလွတ်ထွက်သွားပါမယ်။ အရွယ်အစားကအဆပေါင်းများစွာသေးတဲ့ ကြယ်ဖြူပုဖြစ်လာပြီးအဲဒီကြယ်ဒြပ်ထုတစ်ဝက်ကအပြင်ခွံလွှာမှာပါသွားပြီးအဲဒီဒြပ်မှုန်လွှာတွေကဓါတ်ငွေ့ဖုန်မှုန့်အစုအဝေး planetry nebulaဖြစ်လာပါမယ်။ အဲဒီနက်ဗျူလာက ကြယ်ဖြူပုကိုပတ်နေပါမယ်။နှစ်ဘီလီယံ ထရီလီယံကြာပြီးနောက်တော့ တောက်လောင်တာချုပ်ငြိမ်းပြီးကြယ်ပုမည်းဖြစ်ပြီးအပြီးပျောက်ကွယ်သွားပါမယ်။ လက်ရှိ ကမ္ဘာဂြိုလ်ရဲ့နေထက် အဆ ၂၅ဆ ၃၀ဆကြီးတဲ့ ကြယ်တွေသေဆုံးရင်တော့ Supernova အဖြစ်ပေါက်ကွဲပါတယ်။ ပေါက်ကွဲမှုကထွက်လာတဲ့ရောင်စဥ်တွေက ဂလက်ဆီတစ်ခုလုံးကိုလင်းလက်တောက်ပသွားနိုင်ပါတယ်။ပေါက်ကွဲမှုပြီးရင် မြို့တစ်မြို့စာအကျယ်ရှိတဲ့ နျူထွန်ကြယ်သေအဖြစ်ရှိနေပါမယ်။ အဆ၃၀နီးပါးကြီးတဲ့ကြယ်တွေက အာကာသတွင်းနက်တွေအဖြစ်ရှိနေပါမယ်။ကြယ်တာရာသချိုင်းမှာရှိတဲ့ ရုပ်ကြွင်းနက်ဗျူလာတွေ ဓါတ်ငွေ့တိမ်တိုက်အစုအဝေးတွေကစကြာဝဠာထဲခရီးဆက်သွားပြီး စုမိပေါင်းမိပြီးကြယ်တွေကိုထပ်မွေးဖွားပါမယ်။ စကြာဝဠာထဲက ဒြပ်စင်တွေ ကမ္ဘာပေါ်ကဒြပ်စင်တွေ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ဒြပ်စင်တွေက ကြယ်သေဆုံးမှုကလွင့်လာတဲ့အမှုန်အမွှားတွေလို့ဆိုပါတယ်။ ဒီအကြောင်းလေးကိုဘာလို့ ပြောပြရသလဲဆိုတော့ ဒီသဘောတရားတွေကိုရုပ်ရှင်ထဲမှာ ပြောပြထားလို့ပါပဲ။ဒါတွေကိုသိထားရင် ရုပ်ရှင်ရဲ့ အနှစ်သာရကလည်း ပိုကောင်းလာနိုင်ပါတယ်။ ဇတ်လမ်းအကျဥ်း ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအာကာသယာဥ် နိုက်တင်းဂေးလ်ဟာ အာကာသထဲမှာတစ်ရက်မှာအက်စ်အိုအက်စ်(အရေးပေါ်အကူညီတောင်းခံခြင်း)ဆစ်ဂနစ်တစ်ခုကိုတိုက်ရိုက်လက်ခံရရှိပါတယ် ။ အဲဒါက အလင်းနှစ်၃၄၃၂ ကွာဝေးတဲ့တိုင်တန်လပေါ်ကမိုင်းတွင်းဟောင်းတစ်ခုကလာတာပါ။ အကူညီတောင်းခံတဲ့ ကားလ်လာဆန်ဆိုတဲ့လူကို ဒေါက်တာ ခေးလာအဲဗားစ်(အိန်ဂျယ်လာ ဘက်စ်ဆက် Angela Basset)ကသိပါတယ်။ အဲဒီကိုသွားကယ်ဖို့ဆိုရင်သူတို့တွေကhyperspaceလို့ခေါ်တဲ့ဒိုင်းမန်းရှင်းမတူတဲ့နေရာမှာဒိုင်မန်းရှင်းဒရိုက်ရဲ့အကူနဲ့အလင်းထက်မြန်အောင်သွားနိုင်မှရောက်မှာဖြစ်ပါတယ် ။ ဒိုင်းမန်းရှင်းခုန်(အလင်းထက်မြန်အောင်ခရီးသွား)ပြီးတိုင်တန်လနားကိုရောက်တဲ့အခါ အခက်အခဲတွေကြုံရပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ယာဥ်မှုး သေသွားသလိုလပါတ်လမ်းထဲက အမှုန်တွေအခဲတွေနဲ့တိုက်မိပြီး လောင်စာကန်ပေါက်ပြီးလောင်စာတွေလည်းတော်တော်ဆုံးရှုံးသွားပါတယ်။ လနဲ့လည်းတိုက်မိမလိုဖြစ်ပါတယ်။ အဲဒါနဲ့ ခဏအစမ်းခန့်တဲ့သဘောနဲ့ ယာဥ်ပေါ်ကိုရောက်နေတဲ့ဒုပိုင်းလော့နစ်ခ်ဗန်ဇန့်(ဂျိမ်း စပက်ဒါ James Spader) က ယာဥ်မှူးတာဝန်ကိုယူလိုက်ရပါတယ်။ တိုင်တန်လကနေ ယာဥ်တစ်စင်းရောက်လာပြီးယာဥ်ပေါ်ကလူကသတိမေ့နေပါတယ်။အကူညီတောင်းတဲ့ ကားလ်လာဆန်လည်းမဟုတ်ပါဘူး ။သူ့ရဲ့သားထရွိုင်လို့ဆိုပါတယ်။ ထရွိုင်ရဲ့ ယာဥ်ပေါ်ကိုရှာတဲ့အခါထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုသွားတွေ့ပါတယ်။ ထရွိုင်က တိုင်တန်လ မိုင်းတွင်းဟောင်းထဲမှာ လောင်စာတွေရှိတယ်ပြောတာကြောင့်နစ်ခ်က ကယ်ဆယ်ရေးယာဥ်တစ်စင်းနဲ့ သွားယူပါတယ်။ အဲဒီထူးဆန်းတဲ့စ္စည်းကဘာလဲ ထရွိုင်ရဲ့လျို့ဝှက်ချက်ကဘာလဲ နစ်ခ်တိုင်တန်ပေါ်ကနေလောင်စာတွေရမလား ယာဥ်အမှုထမ်းတွေကမ္ဘာမြေကိုပြန်ရောက်မလားဆိုတာကိုတော့ဆက်လက်ပြီးဖန်သားပြင်ပေါ်မှာကြည့်နိုင်ပါတယ်။ ဒါရိုက်တာက Walter Hill ပါ။ ဒီဇာတ်ကားမှာ သဘောကျတာက ရူပဗေဒနဲ့ဆိုင်တဲ့ သဘောတရားတွေ ကြယ်တာရာတွေဂြိုလ်တွေကိုပါ။ ဇတ်ကောင် ထရွိုင်ပြောတာက “ကိုယ့်ကိုအခုထိတူညီတဲ့ပစ္စည်းတွေနဲ့ပဲဖွဲ့စည်းထားတာ ကယ်လဆီယမ် အိုင်းရွန်း ဇင့်ဒြပ်စင်တွေအားလုံး ဒါအကုန်လုံးကကြယ်တွေရဲ့ဖုန်တွေ ကိုယ်တို့တောင်မှပဲကြယ်တွေသေလို့ကိုယ်တို့အသက်ရှင်နိုင်တာပြီးတော့ကိုယ်တို့သေတယ်အဲဒါကြောင့်ကြယ်တွေကိုပြန်မွေးဖွားနိုင်တယ်” ရုပ်ရှင်ကြည့်ရင်း ဒြပ်စင်တွေနဲ့ဖွဲ့စည်းထားပြီးစကြာဝဠာထဲက ဖုန်တစ်မှုန့်နဲ့တူတဲ့လူတွေရဲ့မမြဲတဲ့သဘောတရားလေးကိုပြေးမြင်မိလိုက်တာက ကိုယ့်အတွက်တော့အနှစ်သာရပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့Khin Sakar Khinဖြစ်ပါတယ်။)...
Ruslaan (2024) ⭐IMDB: 3.3/10 (1 k Votes) 🎬 #Action #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 35 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Ruslaan (2024) ရူစလန်ဆိုတဲ့ကောင်လေးဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ သားတစ်ယောက်ဖြစ်ပြီးတော့သူ့အဖေက ကျောင်းတစ်ကျောင်းကို ဗုံးဖောက်ခွဲဖို့လုပ်ရာကနေဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အကြမ်းဖက်သမားတစ်ယောက်ရဲ့ သားဖြစ်တဲ့အတွက် ဘယ်ဆွေမျိုးကမှလက်မခံချင်တဲ့သူဟာ မိဘမဲ့ကျောင်းကို ရောက်လို့သွားပါတယ်။ မိဘမဲ့ကျောင်းကို ရောက်ခဲ့ပေမဲ့ အကြမ်းဖက်သမားရဲ့သားဆိုတဲ့အမဲစက်ကြီးက ထင်ကျန်ရစ်နေတော့ မိဘမဲ့ကျောင်းမှာတောင်အနိုင်ကျင့်ခံနေရပါတယ်။ ဒီအချိန်မှာ သူ့အဖေကို ဖမ်းဆီးခဲ့တဲ့အရာရှိကြီးဟာ ရူစလန်လေးရောက်နေတဲ့ မိဘမဲ့ကျောင်းကကလေးတွေကို အမြဲလိုလို မုန့်တွေ လာဝယ်ကျွေးတတ်သူဖြစ်ပြီးတိုက်တိုက်ဆိုင်ဆိုင်ပဲ ရူစလန်လေးကိုတွေ့သွားပါတယ်။ အဲဒီအရာရှိကြီးဟာ ကလေးမရနိုင်တဲ့သူဖြစ်ပြီးရူစလန်လေးကို သနားသွားတဲ့အတွက် မွေးစားဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရူစလန်လေးတစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာခဲ့ပြီးမွေးစားမိဘတွေဟာလည်း သားအရင်းတစ်ယောက်လို ချစ်ပေးကြရင်းရူစလန်လေးကို အကြမ်းဖက်မှုတွေနဲ့ မပတ်သတ်ခိုင်းပဲဘဝကို ပျော်ပျော်ပဲ နေခိုင်းခဲ့ပါတယ်။ သို့ပေမဲ့လည်း ငယ်ငယ်က ဒဏ်ရာတွေနဲ့ ရူစလန်တစ်ယောက်ဟာတော့အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ဖို့အတွက် သတင်းနှိုက်ပေးရတဲ့အလုပ်ကိုလျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ မိဘတွေမသိအောင်လုပ်လို့နေပါတော့တယ်။ အဲဒီအေဂျင်စီရဲ့ စေခိုင်းမှုအရ ကောလိပ်ကျောင်းတစ်ကျောင်းကို သွားရောက်ပြီးအစွန်းရောက်ကျောင်းသားတွေကြားမှာ သတင်းနှိုက်ဖို့ဖြစ်လာရင်းနဲ့ပဲ ……ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)...
Chisum (1970) ⭐TMDB: 67% User Score 🎬 #Biography #Drama #Western 🗓 1970 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 35 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 အရင်ခေတ် ကောင်းဘွိင် John Wayne ဇာတ်ကားတွေ ဇာတ်ကားကောင်းစာရင်းထဲ ၀င်တာက တကယ့်ကို ၀င်ထိုက်ပါပေတယ်။Chisum ဇာတ်ကားဟာ ၁၈၇၈ ခုနှစ်၀န်းကျင် နယူမက္ကဆီကို လင်ကွန်းကောင်တီစစ်ပွဲကို အခြေခံရိုက်ကူးထားပြီး ပါ၀င်တဲ့ကာရိုက်တာတွေကလည်း Billy The Kid တိုလိုမျိုး သမိုင်းမှာတကယ်ရှိခဲ့သူတွေအများကြီးပါ၀င်ပါတယ်။ ဒီဇာတ်ကားကို ” They’re betting you can’t make it. But you your life they’re wrong. So keep riding toward the Pecos to find where you belong….” နဲ့ အစပျိုးထားပါတယ်။ John Simpson Chisum ဟာ ၁၉ ရာစုမှာ အမေရိကန် တက္ကဆက်ပြည်နယ်ကနေ နွားတစ်အုပ်နဲ့ နယူးမက္ကဆီကို လင်ကွန်းကောင်တီ ပေကိုကို ပထမဆုံးရောက်ရှိလာခဲ့တဲ့ ပေကိုဘုရင်ကြီး။ သူ့မြေသူ့ရေကို သမာသမတ်ကျကျနဲ့ ကာကွယ်နေတဲ့ အရင်းရှင်ကြီးတစ်ယောက်။ သူတိုနေရာကို လောဘကြီးကောက်ကျစ်တဲ့ အရင်းရှင်ကြီးမာဖီဆိုသူ ရောက်လာခဲ့ပြီး တရားဉပဒေမစိုးမိုးတဲ့နေရာမှာ ဥပဒေကို လက်တစ်လုံးခြား အသုံးချဖိုလုပ်တဲ့အခါ အခြေအနေတွေဟာ ဆက်ပြီးတည်ငြိမ်ပါဦးမလား။...
A Podcast to Die For (2023) ⭐IMDB: 4.4/10 (197 Votes) 🎬 #Thriller #TVMovie #Drama #Crime 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 27 မိနစ် 39 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 A Podcast to Die For (2024) မှုခင်း Podcast တစ်ခုကို တင်ဆက်နေသူ လေစီဝေါ်ဆန်က စိတ်ဝင်စားစရာအမှုဟောင်းနှစ်ခုကို တူးဆွကြည့်လိုက်တဲ့အခါမှာ…. လွန်ခဲ့တဲ့ခြောက်နှစ်ခန့်က အသတ်ခံရသူ ဆာရပ်မစ်ချယ်နဲ့ လွန်ခဲ့တဲ့သုံးနှစ်မှာ အသတ်ခံခဲ့ရတဲ့ မရီဆာ …. နှစ်ယောက်စလုံးမှာ တူညီတဲ့အချက်က သူတို့အသတ်ခံရချိန်မှာ ကိုယ်ဝန်ဆောင်နေချိန်ဖြစ်နေခဲ့တယ်… ဒီအမှုကို လိုက်နေတဲ့ လေစီဝေါ်ဆန်ဟာလည်း တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်နေခဲ့တယ်… သုံးနှစ်ခြားပြီးဖြစ်ခဲ့တဲ့ လူသတ်မှုတွေဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ လက်ချက်ဆိုရင် နောက်ထပ်ပစ်မှတ်တစ်ခုဟာ ကိုယ်ဝန်ဆောင်မိခင်ဖြစ်သူ လေစီဖြစ်နေမလား???? အမှုတွေကို ဆက်စပ်ကြည့်လိုက်တဲ့အခါမှာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က အသတ်ခံခဲ့ရတဲ့ ညီမဖြစ်သူ ဂျော်စီလင်းရဲ့ လူသတ်သမားနဲ့ မရီဆာနဲ့ဆာရပ်တို့ရဲ့ လူသတ်သမားဟာ ဆက်စပ်နေတဲ့ အချက်တွေကို တွေ့ရှိလိုက်ရချိန်မှာ……. လေစီတစ်ယောက် လူသတ်သမားကို ဖော်ထုတ်နိုင်မလား ဒါမှမဟုတ် လူသတ်သမားရဲ့ နောက်ထပ်သားကောင်တစ်ယောက်ဖြစ်သွားမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့Su Monဖြစ်ပါတယ်။)...
Mufasa: The Lion King (2024) ⭐IMDB: 6.7/10 (39 k Votes) 🎬 #Action #Adventure #Animation #Drama #Family #Fantasy #Musical 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 28 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Mufasa: The Lion King (2024) IMDb Rating (6.7) / Rotten Tomatoes (57%) Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကိုတော့ မသိသူဆိုတာ မရှိသလောက်ပါပဲ။ Animation မှာရော Live Action မှာပါ လူကြိုက်များပြီး အောင်မြင်မှုတွေ ရထားပါတယ်။ ဒါပေမဲ့ Simba ဆိုတာ Mufasa မရှိရင် ဖြစ်မလာပါဘူး။ ဒီတော့ ကျွန်တော်တို့တွေ Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကို မွေးထုတ်ပေးခဲ့ပြီး တစ်ချိန်ကလည်း သူကိုယ်တိုင် ခြင်္သေဘုရင်ဖြစ်ခဲ့တဲ့ Mufasa အကြောင်းကို နောက်ကြောင်းပြန်လိုက်ကြရအောင်ပါ။ ဒီဇာတ်လမ်းမှာတော့ Mufasa ဆိုတာ ဘာလဲ။ Mufasa ဟာ ခြေလေးချောင်းသတ္တဝါတွေ ဘုရင်တစ်ပါး ဘာကြောင့်ဖြစ်နေရလဲ။ ဒီလို တောဘုရင်တစ်ပါးဖြစ်မလာခင် သူ့နောက်ကြောင်းကရော ဘာလဲ။ သူဘယ်လို အခက်အခဲတွေ ဖြတ်သန်းခဲ့ရလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။...
Subservience (2024) ⭐IMDB: 5.4/10 (24 k Votes) 🎬 #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 48 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Subservience (2024) မင်းသမီး Megan Fox နဲ့ 365 days မင်းသား Michele Morrone တို့ ပါဝင်ထားတဲ့ R rated movie အသစ်လေးထွက်ပါတယ်။ မင်းသားနဲ့မင်းသမီးဖန်တွေအတွက်တော့ ဒါက ရှယ်ကြမ်း ရှယ်လန်းတဲ့ကားပေါ့နော်.. ဇာတ်လမ်းကတော့ Sci-Fi , Thriller အမျိုးအစားဖြစ်ပြီး စူးရှတဲ့သရုပ်ဆောင် ၂ ယောက်ကို AI ရုပ်ရှင်ကားနဲ့တွဲဖက်ပေးထားတာမျိုးပါ။ အဲလစ်ဆိုတဲ့စက်ရုပ်မလေးကို အိမ်အလုပ်ကူဖိုအတွက် ဝယ်ယူမိတဲ့နောက်မှာ.. AI စက်ရုပ်တွေရဲ့ မမြင်ရတဲ့ မှားယွင်းမှုနဲ့ မထင်မှတ်တဲ့ရှုပ်ထွေးမှုတွေကိုပါ အိမ်ပေါ်ခေါ်တင်မိသလိုဖြစ်လာတဲ့အခါမှာတော့...
Bridget Jones: Mad About the Boy (2025) ⭐IMDB: 6.8/10 (7 k Votes) 🎬 #Comedy #Drama #Romance 🗓 2025 🎞 movie 🌎 #UnitedKingdom #France #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 10 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Bridget Jones: Mad About the Boy (2025) IMDb Rating (6.8) / Rotten Tomatoes (86%) ဒီဇာတ်ကားလေးကတော့ 2025 ခုနှစ် ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ မိသားစုအချစ်ဟာသ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မင်းသမီး Renée Zellweger အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Michael Morris ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း.. Bridget Jones ဆိုတဲ့အမျိုးသမီးဟာ သူ့ယောက်ျား ဆုံးပါးသွားပြီးတဲ့နောက်မှာ ကလေးနှစ်ယောက် ဖြစ်တဲ့ Billy နဲ့ Mabel နဲ့ အတူ တစ်ခုလပ် မိခင်အဖြစ် ရုန်းကန်ခဲ့ရပါတယ်။ လေးနှစ်လောက် အလုပ်မလုပ် ဘယ်သူနဲ့မှလည်း မတွေ့ခဲ့ပဲနဲ့ ကလေးတွေနဲ့ပဲ အချိန်ကုန်နေခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ မိသားစု နဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့ အတူ အလုပ်ပြန်လုပ်ပြီး ဘဝလက်တွဲဖော်အသစ်ကို ရှာဖို့ကြိုးစားပါတော့တယ်။ ဘဝကိုရှေ့ဆက်လျှောက်နိုင်သွားမလား သူ့ရဲ့လက်တွဲဖော်အသစ်ကို ရှာတွေ့သွားမလားဆိုတာကို ရင်ခုန်စွာစောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Nayဖြစ်ပါတယ်။)...
The End of the Tour (2015) ⭐IMDB: 7.2/10 (33 k Votes) 🎬 #Biography #Drama 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 34 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Now You See Me, The Social Network, Vivarium စတဲ့ဇာတ်ကားကောင်းတွေ အများကြီးထွက်ထားတဲ့ ကျွန်တော်တို့ရဲ့ DC Universe က Lex Luther တစ်ဖြစ်လဲ မင်းသားချော Jesse Eisenberg နဲ့အတူ How I Met Your Mother ထဲက လူရိုးကြီးမာရှယ်အဖြစ် ပရိတ်သတ်သိထားတဲ့ Jason Segel တို့နှစ်ယောက် အဓိကသရုပ်ဆောင်ထားတဲ့ကားဆိုတော့ ထွေထွေထူးထူး ပြောစရာမလိုဘူးထင်ပါတယ် 1996 ခုနှစ်တုန်းက ဆုတွေတစ်သီကြီးရခဲ့တဲ့ The Infinite Jest ဝတ္ထုရဲ့စာရေးဆရာ David Foster Wallace ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပဲ နာမည်အရမ်းကြီးနေတဲ့ ဝတ္ထုရေးဆရာကို သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲလုပ်တဲ့ ငါးရက်တာခရီးစဉ်မှာ စာရေးဆရာပေါက်စ David Lipsky က အင်တာဗျူးလုပ်တဲ့အကြောင်းပါ David Lipsky ကိုယ်တိုင်ကလည်း နာမည်ကြီးစာရေးဆရာတစ်ယောက်ဆိုပေမယ့် ဒီအင်တာဗျူးလုပ်တဲ့အချိန်မှာတော့ စာအုပ်တစ်အုပ်ပဲ ထုတ်ရသေးတဲ့အချိန်ပေါ့ ဒီဇာတ်ကားထဲမှာ အဓိကမြင်တွေ့ရတာက David Foster Wallace တစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေးအခေါ်နဲ့ အနုပညာကို တန်ဖိုးထားတာတွေပေါ့ David ရဲ့စာအုပ်တွေကို ဖတ်လိုက်လို့ရှိရင် ကိုယ်တိုင် David Foster ဖြစ်သွားတယ်လို့ပြောကြတယ် ဒီဇာတ်ကားမှာလည်း အဲ့လိုခံစားမှုမျိုးကိုပေးနိုင်စွမ်းရှိအောင် ဒါရိုက်တာက အားထုတ်ထားတဲ့ပုံပါပဲ David က သူ့ရဲ့စာပေအနုပညာတွေက ပရိတ်သတ်အတွက် အဆိပ်အတောက်ဖြစ်နေမှာ ဂျင်းဖြစ်နေမှာမျိုးတွေ သိပ်ကြောက်ပါတယ် အဲ့အတွက်ကြောင့်လည်း သူတော်တော်စိတ်ဖိစီးတဲ့ဒါဏ်ကို ခံစားရတယ် ဒါက ကျွန်တော်တို့ဆီက စာရေးဆရာဆိုတဲ့လူတွေ အနုပညာရှင်ဆိုတဲ့လူတွေနဲ့ မတူတဲ့အချက်ပေါ့ စာပေအနုပညာကို ချစ်မြတ်နိုးတယ်ဆိုရင် ဒီဇာတ်ကားက ကြည့်ကိုကြည့်သင့်တဲ့ကားပါ...
Krisha (2015) ⭐IMDB: 7.1/10 (10 k Votes) 🎬 #Drama 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 52 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ အရက်၊ မူးယစ်ဆေးစွဲနေတဲ့ ခရစ်ရှာတစ်ယောက် အိမ်ကနေထွက်သွားခဲ့တာအတော်ကြာပါပြီ အသက်၆၀ကျော်ခါမှ အရက်ပြတ်သွားပြီဆိုပြီး အိမ်သားတွေနဲ့ပြန်အဆင်ပြေချင်လို့ ကျေးဇူးတော်နေ့မှာ အိမ်သားတွေကို သူ့လက်ရာ ဟင်းချက်ကျွေးမယ်ဆိုပြီး ပြန်လာခဲ့ပါတယ် အဲဒီမှာ သူနှစ်တွေအကြာကြီးပစ်ထားခဲ့တဲ့မိသားစုနဲ့ အခုမှပြန်အဆင်ပြေချင်နေတဲ့ သူမရဲ့ကြားက ပရိပက္ခတွေကို မွန်းကြပ်စရာ သက်ပြင်းတွေအကြိမ်ကြိမ်ချမိတဲ့အထိ ရှုစားရမှာပါ ဒီကားရဲ့ထူးခြားချက်က ဒါရိုက်တာTrey Ewards Shultsက အပြင်ဘဝကအရက်စွဲနေတဲ့ သူ့ရဲ့ဆွေမျိုးတစ်ယောက်ရဲ့အကြောင်းကို အခြေတည်ပြီးရိုက်ကူးထားတာပါ main character ဖြစ်တဲ့ Krisha(Krisha Fairchild)ဟာလာ်း ဒါရိုက်တာTrey Ewards Shultsရဲ့ အဒေါ်အရင်းဖြစ်သလို ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ရဲ့ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေချည်းပါပဲ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်နေရတယ်ဆိုတာတောင်မေ့သွားပြီ အပြင်မှာဖြစ်ပျက်နေတာကို ထိုင်ကြည့်နေရသလိုခံစားရမှာပါ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ...
One Last Thing (2018) ⭐IMDB: 6.4/10 (631 Votes) 🎬 #Drama 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 24 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ချစ်ခြင်းမေတ္တာဆိုတာ တစ်ဦးနဲ့တစ်ဦး နည်းမျိုးစုံနဲ့ပေါက်ဖွားနိုင်ပါတယ် ဖြစ်ပေါ်လာတဲ့ မေတ္တတရားကိုလည်း ဖော်ပြပေးရမယ့် စကားလုံးလေးတွေလုပ်ရပ်လေးတွေလည်း အမျိုးမျိုးရှိတာပေါ့နော် ဒီဇာတ်ကားလေးထဲမှာ ဆိုးသွမ်းတဲ့ဇနီးနဲ့ သားလားသမီးလားမသိတဲ့ကလေးကို၂၅ နှစ်လောက် ရှာဖွေနေတဲ့ အထီးကျန်လှတဲ့ သွားဆရာဝန်ကြီး တစ်ယောက်အကြောင်းကနေ စတင်ပါတယ် မိသားစုကို ပြန်ဆုံချင်လို့ လိုက်ရှာပေမယ့် ကံဆိုးကံကောင်းစွာနဲ့ သမီးလေး ရှိနေသေးတယ်ဆိုတာကိုသိလိုက်ရလို့ သမီးဖြစ်သူနဲ့ဆုံဖို့သွားတော့ ကျောက်ကပ်မကောင်းတဲ့ဝေဒနာကို ခံစားနေရတဲ့သမီးဖြစ်သူနဲ့ဆုံခဲ့ရပါတယ် သမီးဖြစ်သူကလည်း ကိုယ့်အဖေဖြစ်တာကိုမယုံရဲယုံရဲလက်ခံပြီး သားအဖနှစ်ယောက်ကြားမှာရှိတဲ့ ၂၅ နှစ်တာ ဝေးကွာထားတဲ့စိမ်းကားမှုတွေကိုကြိုးစားဖြေဖျောက်ကြရင်း ကိုယ့်ကိုယ်ကိုဝေဒနာနဲ့သေဆုံးတော့မယ်ဆိုတာ လက်ခံထားတဲ့ သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒ …. သမီးဖြစ်သူကို ကျောက်ကပ်အစားထိုးကုသပြီး အရာအားလုံးပေးထားခဲ့ချင်တဲ့ အဖေတစ်ယောက်ရဲ့ ဆန္ဒ တွေကို နှစ်ယောက်စာ ခံစားရင်း စီးမျောရမယ့် ဇာတ်ကားကောင်းလေးပါ...
The Eastern Gate (2025) ⭐IMDB: 6.8/10 (202 Votes) 🎬 #War #Politics #Action #Adventure #Mystery #Drama 🗓 2025 🎞 tv mini series 🌎 #Poland ⏰ 47 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Season 1 အပိုင်းသစ် ( ၁ ) ဒီ ရုပ်ရှင် series လေးကတော့ 2025 မှာ ထွက်ရှိလာတာဖြစ်ပြီး ခရိုင်းမီးယားဒေသ ရုရှားကျူးကျော်စစ်အပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ ဥရောပ နိုင်ငံတွေ နဲ့ ရုရှားနိုင်ငံ အကြား စစ်ရေး၊ နိုင်ငံရေး အားပြိုင်မှု ပြင်းထန်လာတဲ့အခါမှာ ပိုလန်၊ ရုရှား၊ ဘီလာရုစ် ဒေသတွေဟာ စစ်ငွေ့သမ်းလာပါတယ်။ တစ်ဘက် နဲ့ တစ်ဘက်လည်း နိုင်ငံရေး၊ စစ်ရေး အသာစီးယူနိုင်ဖို့ အစိုးရကျောထောက်နောက်ခံ ထောက်လှမ်းရေး အေဂျင်စီတွေကနေ တဆင့် သူလျှိုတွေ အပြန်အလှန် ထည့်ထားကြပါတယ်။ ပိုလန်ထောက်လှမ်းရေးအဖွဲ့အစည်းမှာ လုပ်ကိုင်နေတဲ့ အက်စကာအိုဂီနက် နဲ့ ခင်ပွန်းဖြစ်သူ စကီနာ တို့က ထောက်လှမ်းရေး မစ်ရှင်တစ်ခုအပြီးမှာ အနားယူဖို့ပြန်လာပါတယ်။ အိုဂီနက်ကတော့ ဒဏ်ရာလည်း ရခဲ့တာကြောင့် ထောက်လှမ်းရေး အဖွဲ့ကနေ အနားယူချင်နေပါပြီ။ ဒါပေမဲ့လည်း ခင်ပွန်းဖြစ်သူ စကီနာ ကို ရုရှားတွေ ဖမ်းမိသွားပြီး ရုရှားလက်ထဲရောက်သွားတဲ့ အခါမှာတော့ ဒီထောက်လှမ်းရေးလောကထဲကို ပြန်ဝင်ရောက် ပတ်သတ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီ series လေးမှာတော့ နိုင်ငံရေး၊ စစ်ရေး အပြင် ထောက်လှမ်းရေးတွေရဲ့ အားပြိုင်မှုတွေကို စိတ်ဝင်တစား ရှုစားကြရမှာဖြစ်ပြီး သူလျှိုဇာတ်လမ်း ဇာတ်ကွက်တွေကို ဥရောပရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ အချိတ်အဆက်မိမိ တင်ဆက်ထားတာဖြစ်ပါတယ်။ File Size –698MB / 316MB Quality –WEB-DL 1080p HEVC / 720p Episodes – 6 Eps Duration – 47 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre : Drama , War Translator – Will Encoder – Min Wai ( Season 1 ) Ongoing Series Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>Usersdrive/YoteShin/gdtot/Megaup (ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)...
The Crow Girl (2025) ⭐IMDB: 6.8/10 (1 k Votes) 🎬 #Drama #Crime #Mystery #Thriller 🗓 2025 🎞 tv series 🌎 #UnitedKingdom ⏰ 47 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Crow Girl (2025) IMDb Rating (6.8) ဒီစီးရီးကတော့ကန်ဒီနေးဗီးယား စာရေးဆရာ Erik Axl Sund ၏ နာမည်ကြီး ဝတ္ထုကို အခြေခံ၍ ရိုက်ကူးထားသော ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး 2025 ဇန်နဝါရီလ ၁၆ ရက်နေ့ကမှ Paramount+ ကနေ ထုတ်လွှင့်ထားတာပါ။ ဇာတ်လမ်းအကျဉ်း DCI Jeanette Kilburn (Eve Myles) နှင့် စိတ်ပညာရှင် Dr. Sophia Craven (Katherine Kelly) တို့သည် ဆယ်ကျော်သက်လူငယ်များကို သတ်ဖြတ်သည့် လူသတ်မှုများကို စုံစမ်းစစ်ဆေးရာမှ စတင်ထားပါတယ်။ ဇာတ်လမ်းတွဲအစပိုင်းမှာ ဒီစီအိုင်က လူငယ်တစ်ဦးရဲ့အလောင်းကို အိတ်တစ်လုံးထဲမှာ ခေါက်ချိုးချိုးပြီးစွန့်ပစ်ထားတာကိုတွေ့ရှိရာစတင်ပြီး၊ အလောင်းက်ိုစွန့်ပစ်ထားတဲ့နေရာကလည်း အဲဒီမနက်ခင်းမှတင် ကလေးအပြာကားတွေကိုလက်၀ယ်ထားပြီး ဖြန့်ချီမှုနဲ့အဖမ်းခံလိုက်ရတဲ့ သွားဆရာ၀န်ရဲ့ရုံးအရှေ့မှာဖြစ်လို့ သွားဆရာ၀န်ရဲ့စိတ်ကျန်းမာရေးအကဲဖြတ်ဖြစ်သူ ဆိုဖီယာနဲ့ချိတ်ဆက်မိတာကနေ စတင်ထားပါတာ။ အဆိုပါ စုံစမ်းစစ်ဆေးမှုမှတဆင့် အတိတ်ကာလမှ စွဲကျန်နေသည့် အကြမ်းဖက်မှုများကနေ လူသတ်မှုကျူးလွန်စေတဲ့ကမ္ဘာသို့ သူတို့ကို ဦးတည်စေပြီး၊ ရဲအဖွဲ့အစည်းအတွင်းရှိ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ရင်း သူတို့၏ ကိုယ်ပိုင်အပြစ်တင်စိတ်များနဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲများကိုပါ ရင်ဆိုင်ကြရတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။)...
Protection (2024) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Crime #Drama #Thriller 🗓 2024 🎞 tv mini series 🌎 #UnitedKingdom ⏰ 43 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Protection (2024) IMDb Rating (7.0) ဒီဇာတ်လမ်းတွဲလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိခဲ့တဲ့ မှုခင်းဇာတ်လမ်းလေးဖြစ်ပါတယ်။ မင်းသမီး Siobhan Finneran အဓိက ပါဝင်ထားပြီးတော့ Kris Meksa ဖန်တီးထားပါတယ်။ ဇာတ်လမ်းအကျဉ်း စုံထောက် နိုင်လ်စ် ဟာ သက်သေခံကာကွယ်ရေး စုံထောက်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ ကာကွယ်ပေးရတဲ့ မျက်မြင်သက်သေ မိသားစုနှစ်ယောက်နဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဟာ လုံခြုံရေးအိမ်(Safe House) မှာပဲ အသတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်လ်စ်ဟာ သက်သေခံမိသားစုထဲက ကျန်ခဲ့တဲ့ ကလေးမလေး အေမီကို ဆက်လက်ကာကွယ်ပေးရင်း အမှန်တရားကို ရှာဖွေဖို့ ကြိုးစားပုံတွေကို စိတ်ဝင်စားစွာ စောင့်ကြည့်ရမယ့် မှုခင်းဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ IMDb rating 7 ထိရရှိထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့ လက်လွှတ်မခံသင့်ပါဘူးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)...
