无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Amy's F**k It List (2023)
⭐IMDB: 5.1/10 (55 Votes)
🎬 #Comedy
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 18 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Amy’s F**k It List (2023)
လူ့ဘဝကြီးမှာ မသေခင်လုပ်ချင်တဲ့အရာတွေကို bucket list လုပ်တယ်ဆိုပြီး ကြားဖူးမှာပေါ့ဘဝမှာ ကားဝယ်နိုင်ရမယ် ဟိုသွားနိုင်ရမယ် ဒီသွားနိုင်ရမယ် ဘာညာပေါ့ခုဇာတ်ကားလေးထဲမှာလဲ အေမီဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြီး ကင်ဆာရှိနေလို့ တစ်ပတ်လောက်ပဲ ခံတော့မယ်ဆိုတာသိလိုက်ရပါတယ်အဲ့အချိန်မှာ သူက bucket list ရဲ့ next level အနေနဲ့ F**ket list ဆိုပြီးရှိသမျှသူ့ဘဝမှာ မကျေနပ်ခဲ့သမျှတွေကို လက်ခလယ်ထောင်ပြပါတော့တယ်ဇာတ်လမ်းလေးက ဘတ်ဂရောင်းမြူးဇစ်လေးနဲ့အတူ ခပ်မြူးမြူးလေးကြည့်ရှုရမဲ့အပြင်ဇာတ်ဆောင်မင်းသမီးနဲ့အတူ မိမိရဲ့မကျေနပ်ချက်တွေ လောကကြီးကို အရွဲ့တိုက်လိုက်ရသလိုခံစားရမှာပါဘဝရဲ့မွန်းကျပ်မှုတွေဖြေဖျောက်ချင်နေတဲ့သူတွေအတွက် အကူအညီဖြစ်ရအောင် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။
Your Honor (2020- )
⭐IMDB: 7.2/10 (3 k Votes)
🎬 #Crime #Drama #Thriller #Mystery #Action
🗓️ 2020- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #India
⏰ 40 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Your Honor (2020)Your Honor————————–
CM ပရိသတ်ကြီးဆီကို ရေလည်လန်းတဲ့ အိန္ဒိယစီးရီးလေးတစ်ခုအရောက်ပို့ပေးလိုက်ပါပြီ
အိန္ဒိယကားဖြစ်နေတာတောင် IMDB rating 8.3 ရထားတယ်ဆိုတော့ လုံးဝကျွတ်ဆင်ကြီးပါပဲဗျာဘာသာပြန်နေရင်း “ဟင်…ဟာ” ဖြစ်နေရတာက အရသာတစ်ခုပါဗျို့ကဲ…review လေးကို ရှေ့ဆက်လိုက်ရအောင်ဗျာတည်ကြည်ဖြောင့်မတ်လွန်းတဲ့ တရားသူကြီးတစ်ယောက်ရှိတယ် သူ့နာမည်က “ဘစ်ရှင်ဂိုဆလာ”သူဟာ တရားဥပဒေနဲ့ပတ်သက်လာရင် အလွန်တင်းကြပ်တဲ့လူ“တရားဥပဒေအထက်တွင် မည်သူမျှမရှိစေရ”ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားတယ်ဒီလိုဂုဏ်သရေရှိတရားသူကြီးဆီမှာ”အက်ဘီ”ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်သားလေးက ပန်းနာရောဂါသည်လေးပြီးတာ့ မိတဆိုးလေးမို့ အဖေဖြစ်သူက အချစ်ပိုရတယ်သားဖြစ်သူအပေါ်မှာလည်း မျှော်လင့်ချက်အကြီးကြီးထားထားတယ်ဒီလိုနဲ့တစ်နေ့မှာတော့ သားဖြစ်သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့် ဘစ်ရှင်တစ်ယောက်ခေါင်းမီးတောက်ရတော့တာပဲသားဖြစ်သူဟာ လူတစ်ယောက်ကို ကားနဲ့တိုက်ခဲ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးလာခဲ့တယ်ဒီအထိ ဘစ်ရှင်တစ်ယောက် စိတ်မပူသေးဘူး သားလေးကငယ်သေးတော့ အပြစ်ပေါ့လျှော့နိုင်တယ်လို့တွေးတယ်ဒါပေမဲ့ အဓိကပြဿနာက အက်ဘီ ကားနဲ့တိုက်မိခဲ့တဲ့လူဟာ အင်အားကြီးဂိုဏ်းတစ်ခုရဲ့ဂိုဏ်းသားဖြစ်နေတယ်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း အဖွဲ့ဝင်တစ်ယောက်ကိုထိရင် အဲ့ထိတဲ့လူကဘယ်သူဖြစ်နေပါစေ ရေဆုံးမြေဆုံးလိုက်သတ်တတ်ကြတယ်ဒါကိုလည်း တရားသူကြီးဖြစ်တဲ့ ဘစ်ရှင်ကသိတယ်အဲ့ဒီတော့ ဘစ်ရှင်တစ်ယောက် သူ့သားအသတ်မခံရဖို့အရေး နည်းလမ်းမျိုးစုံကြံဖန်ရပြီပေါ့ဆိုတော့ ဘစ်ရှင်တစ်ယောက်ဘာဆက်လုပ်မလဲ???ဖခင်မေတ္တာက တရားသူကြီးတစ်ယောက်ရဲ့ခံယူချက်တွေကို ရိုက်ချိုးပစ်နိုင်မှာလား??သူ့သားကရော ဘာကိစ္စနဲ့ သူများကိုသွားတိုက်ရတာလဲ??ပြီးတော့ သူဘယ်လိုတွေ အကွက်ရွေ့သွားမလဲဆိုတာကိုတစ်ပိုင်းပြီးတစ်ပိုင်း ရင်တထိတ်ထိတ်နဲ့ မထတမ်းကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Thet Hnin Hsu မှ ရေးသားထားပါတယ်
Compliance (2012)
⭐IMDB: 6.4/10 (36 k Votes)
🎬 #Drama #Thriller #Crime #History
🗓️ 2012 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။အသင့်စား စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်သူ ဆန်ဒရာဟာရဲအရာရှိဟန်ဆောင်ထားတဲ့ သူတစ်ယောက်ရဲ့ ဖုန်းကိုလက်ခံရရှိကာထိုသူခိုင်းတဲ့အတိုင်း ဆိုင်ဝန်ထမ်း ဘက်ကီကို သံသယရှိသူအနေနဲ့စစ်ဆေးခြင်းကိုဆောင်ရွက်ပါတော့တယ်။ဆန်ဒရာကဆိုင်ရဲ့အလုပ်ကိစ္စတွေဖြေရှင်းဖို့လိုလာတဲ့အခါအခြားသူတွေကို သူ့နေရာမှာ လူစားထိုးကာဘက်ကီကိုစောင့်ကြည့်ခိုင်းပါတော့တယ်။တဖြည်းဖြည်းနဲ့ အရာရှိယောင်ဆောင်သူရဲ့ ခိုင်းစေချက်တွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဖြစ်လာသောအခါဒီလိုကျူးလွန်မှုမျိုးတွေက တစ်နေရာမကဖြစ်နေသောအခါဘယ်လိုတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်
တမြေ့မြေ့မိုး
⭐N/A
🎬 #series #drama #crime
🗓️ N/A 🎞️ Series 📺 1080p FHD
🌎 #Myanmar
⏰ 55 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်)
👑 FDMN
ဇာတ်ညွှန်း 📜
နေသူရိန်သည် ဇနီးဖြစ်သူ မိုးအိဖြူပျောက်ဆုံးသွားသည့်အတွက် ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သဖြင့် ဒုရဲအုပ်မင်းညီက ဦးဆောင်ကာ စုံစမ်းစစ်ဆေးခဲ့သည်။ သို့သော် မိုးအိဖြူ ပျောက်ဆုံးသွားသည့် ကိစ္စ၏ နောက်ကွယ်တွင် နက်နဲသည့် ကိစ္စများ ရှိနေသည်ကို စုံစမ်းလိုက်ရသောအခါ ဒုရဲအုပ်မင်းညီတစ်ယောက် မိုးအိဖြူနှင့် ပတ်သက်နေသူ တစ်ယောက်ချင်းဆီတိုင်းကို လိုက်လံစုံစမ်းရန်ဖြစ်လာတော့သည်။
သရုပ်ဆောင်
အေးချမ်းမောင်၊ ပန်းရောင်ခြယ်၊ ဂိုဂို
အောင်ချမ်းလူ
ဒါရိုက်တာ
Mahar
Deathgasm (2015)
⭐IMDB: 6.3/10 (18 k Votes)
🎬 #Action #Comedy #Horror #Music
🗓️ 2015 🎞️ Movie 📺 1080p FHD
🌎 #NewZealand
⏰ 1 နာရီ 28 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားကြီးက နည်းနည်းတော့စားတယ်ဗျ။Horror ရယ် comedy ရယ်ကို ရောထားတာ။ တစ်ကားလုံး သွေးထွက်သံယိုတွေရယ် သောက်ပေါက်ကရတွေရယ်ချည်းပဲ။သတ်တာဖြတ်တာဆိုရင်လည်း တစ်ကားလုံးနီးပါးပဲ။အူတွေအထွေးလိုက်ထွက်ကျလာရတာနဲ့ ခေါင်းကို ပုဆိန်ကြီးနဲ့ နှစ်ခြမ်းခြမ်းလိုက်ရတာနဲ့။မထင်မှတ်ထားတဲ့အချိန် ပေါက်ကရထထလုပ်လို့ ခွီရတာတွေလည်း အများကြီးပဲ။ထားပါတော့ ဇာတ်လမ်းအကျဉ်း ပြောရအောင်။
ဘရိုဒီဆိုတဲ့ Heavy Metalတွေကို ကြိုက်တတ်တဲ့ ဆယ်ကျော်သက် ဘဲတစ်ဗွေရှိတယ်ပေါ့ဗျာ။အဲ့ဘဲဘဝကြီးက စုတ်ပြတ်သတ်လို့။ဘယ်လိုလဲဆို အမေက စိတ်ရောဂါသည်(အရူးထောင်မှာ)။သူကဦးလေးနဲ့ ကပ်နေရတယ်။အဲ့ဦးလေးရဲ့ သားက သူ့ကို ကျောင်းမှာရော အိမ်မှာရော အမြဲတမ်းအနိုင်ကျင့်တယ်။သူ့မှာရှိတဲ့ စိတ်ထွက်ပေါက်ဆိုလို့ Metal တွေတီးပြီး ဝုန်းဒိုင်းကြဲရတာတစ်ခုပဲ ရှိတယ်။(ဒါတောင် Christian သူ့ဦးလေးက နတ်ဆိုးဂီတတွေဆိုပြီး လာလာပြဿနာရှာသေးတယ်)
ဘရိုဒီ့မှာ ဇက်ဆိုတဲ့ အကိုလိုခင်ရတဲ့ ဘော်ဒါတစ်ကောင်ရှိတယ်။အဲ့ကောင်က ဇိုးဆိုမှ ဇိုး။ကျောင်းမှာကျောင်းသားတစ်ယောက်ကို ထောက်ဆူးနဲ့ထိုးလို့ ကျောင်းထုတ်ခံရတယ်။အဲ့နောက် သူ့အဖေ work shop မှာအလုပ်လုပ်တယ်။လာပြင်တဲ့ကားတွေဆီက ရသမျှ ဖြုတ်ခိုးတယ်။လမ်းမှာ ရပ်ထားတဲ့လူနာတင်ကားဆီက ဆီခိုးထုတ်တယ်။အဲ့လိုကောင်။သူကလည်း metal သမား။ပြောရရင် ဇလေးလည်းရှိ ဝါသနာလေးလည်းတူ အထာလေးလဲကျဆိုတော့ စုတ်ပြတ်နေတဲ့ ဘရိုဒီ့ ဘဝကြီးမှာ ဇက်ကအားကျရတဲ့ဘဲပေါ့ဗျာ။
တစ်ရက်ကျ ဇက် နဲ့ ဘရိုဒီရဲ့လက်ထဲကို Black Hymn ဆိုတဲ့ Metal သီချင်းနုတ်(စ်)တစ်ခုရောက်လာတယ်။အဲ့နုတ်(စ်)က အေးလို့ လို့ခေါ်တဲ့ ကမ္ဘာဦးနတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်တဲ့ သီချင်း။ဒီကောင်တွေကတော့ ဘာသိမှာလဲ။ဂစ်တာကြီးတွေကိုင်ပြီး တဗျင်းဗျင်း ဖြဲကြတာပေါ့။
အဲ့မှာ သောက်ပြဿနာတွေတက်ပါလေရော ။တစ်မြို့လုံးသွေးတွေအန်၊နတ်ဆိုးတွေ ဝင်ပူးခံရ၊လူတွေကို လိုက်သတ်နဲ့ ဝရုန်းသုန်းကားတွေကို ဖြစ်လို့။ပိုဆိုးတာက အဲ့တာတွေက အေးလို့ ထမြောက်ခြင်းကိုကြိုဆိုတဲ့ သဘောပဲရှိသေးတာ။ကြိုဆိုတာတောင် ကပ်ဆိုက်နေပြီဆိုတော့ ရောက်သာလာရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်ပေါ့ဗျာ။
ဘရိုဒီ နဲ့ ဇက်တို့ ငပေနှစ်ကောင် ဝရုန်းသုန်းကား မြို့ကြီးထဲမှာ ဘာတွေဆက်လုပ်ကြမလဲ။အေးလို့နဲ့တွေ့ရင်ရော ဘာတွေဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာပဲ ဆက်ကြည့်ကြပါ။
18+ words တွေဖောဖောသီသီ ပါတဲ့အပြင် တစ်ကားလုံးသွေးထွက်သံယိုတွေနဲ့ သတ်ဖြတ်နေကြတာဆိုတော့ ကလေးတွေကိုတော့ ပေးမကြည့်နဲ့ပေါ့ဗျာ။ကိုယ်က အဲ့လိုတွေကိုလည်း မြင်ချင်တယ်။Metal သီချင်းတွေကိုလည်း သဘောကျတယ်၊ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး ဘာတွေးစရာမှမပါတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုသာ ကြည့်။
Stay Alive (2006)
⭐IMDB: 5.0/10 (33 k Votes)
🎬 #Fantasy #Horror #Mystery #SciFi #Thriller
🗓️ 2006 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 27 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 5/10Rotten Tomatoes – 10% Audience Score -55%
ကျွန်တော်တို့ချာတိတ်ဘဝ ၂၀၀၀ ခုနှစ်အလွန်များက တစ်နာရီကို ၂၀၀ကျပ်ဖြင့် PS2 ၊ ၎င်းနောက်တစ်နာရီ ၄၀၀/၅၀၀ကျပ်ဖြင့် PS3 စသည်ဖြင့် ကားသခိုး၊ ပီအီးအက်စ်၊ လတ်ဖိုးဒတ် စတဲ့ Consoleဂိမ်းများဆော့ရင်း လူငယ်ဘဝကိုဖြတ်သန်း ခဲ့ကြဖူးသည်။ 2006ခုနှစ်၌ထွက်ရှိသောအဆိုပါရုပ်ရှင်သည်ထိုအချိန်အခါများကို တစ်ဖန်ပြန်လည်အောက်မေ့ စေခဲ့သည်။ဟတ်ချ်ဟုခေါ်သည့် အလုပ်အားချိန်များတွင် သူငယ်ချင်းများနှင့်အတူ ဂိမ်းဆော့ရင်းအချိန်ကုန်ဆုံးသည့် သာမာန်ရုံးဝန်ထမ်း ဂိမ်မာတစ်ယောက်ရှိလေသည်။ ထိုအလုပ်သည်လည်းအလုပ်ရှင်မှ ဂိမ်းဆော့သူတစ်ယောက်ဖြစ်သည်နှင့် ဂိမ်းနှင့်ပတ်သက်သည်များကို မသိတာရှိလျှင်မေးမြန်းရအောင် ခန့်ထားခြင်းဖြစ်သည်။ ဟတ်ချ် ၏ဘော်ဒါများသည်လည်းဂိမ်းကိုအင်မတန်နှစ်ခြိုက်စွဲလန်းစွာ ဆော့ကစားကြသူ လူလတ်ပိုင်းများဖြစ်သည်။ တစ်ညသား၌ဟတ်ချ်၏ဘော်ဒါ လူးမစ်ဆိုသည်၏ဖုန်းတစ်ခု ဝင်လာခဲ့သည်။ သားကြီးဒီဂိမ်းကကျွတ်ဆင်ကြီးကွာခြောက်ခြားစရာကြီး တူတူဆော့ရအောင်အိမ်လာခဲ့ကွာ ဘာညာပြောလာလေသည်။ဟတ်ချ်မှာစိတ်မပါ၍သူ့ဘော်ဒါအား ရှော်ထုတ်လိုက်သည်။ နောက်တစ်ရက်၌လူမစ်နှင့်သူ၏သူငယ်ချင်းနှစ်ယောက် နေအိမ်၌ပင် ရက်စက်စွာသတ်ဖြတ်ခြင်းခံရသည်ဟုသတင်းရလေသည်။ လူးမစ်၏ အသုဘ၌ ဟတ်ချ်တစ်ယောက် မသေခင်လူးမစ်ဆော့နေသည့် Stay Aliveဆိုသည့်အဆိုပါဂိမ်းကို လက်ဝယ်ရရှိ လေသည်။ ဘော်ဒါများစုံသောအခါ လက်ဆော့ပါးစပ်ဆော့သည့်ဖင်းနီးယပ်စ်ဆိုတဲ့ ဘဲတပွေက အဆိုပါဂိမ်းကို ဘော်ဒါတွေစုကာ ကစားကြဖို့ ညှော်လေသည်။ဂိမ်းဆော့ကြလေသောအခါ.. ခြောက်ခြားစရာများစွာနှင့်ကြုံရပြီး တကယ့်လက်တွေ့ကမ္ဘာနှင့်ဂိမ်းထဲမှကမ္ဘာနှစ်ခု ရောထွေးယှက်နွယ်သွားကာ ဂိမ်းထဲမှာသာ မက အပြင်မှာပါအသက်မသေအောင်ကြိုးစားရှင်သန်ကြရပြီး အဆိုပါအဖြစ်ဆိုးကြီးမှ လွတ်မြောက်အောင် မည်သို့မည်ပုံ
လှုပ်ရှားကာ မည်သူများမည်ကဲ့သို့ အသက်သေဆုံးမည်ဆိုသည်ကို ယင်းရုပ်ရှင်အားကြည့်ရှုရင်းရင်တမမဖြင့် ခံစားရမှာဖြစ်ပါတယ်။
Ghost Blowing Lamp of the Popeye Man (2022)
⭐TMDB: 30.0% User Score
🎬 #Fantasy #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 27 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင် မင်းမျိုးနွယ် မှူးကြီးမတ်ရာတွေသေဆုံးတဲ့အခါ သူတို့နဲ့အတူ ရတနာပစ္စည်းတွေထည့်သွင်း သင်္ဂြိုလ်ကြတယ်။ဆင်းရဲသူတွေကိုကူညီဖို့ အများကောင်းကျိုးအတွက်ရှေးဟောင်းသင်္ချိုင်းတွေကိုဖောက်ထွင်းယူတဲ့ ရှန့်လင်ဂိုဏ်းလိုအဖွဲ့အစည်းတွေရှိသလို ……ကိုယ့်ရဲ့အတ္တလောဘဇောနဲ့ ရှေးဟောင်းသင်္ချိုင်း တွေကိုဖောက်ထွင်းဖို့ကြိုးစားတဲ့သူတွေလဲရှိကြတယ်။
ရှန့်လင်ဂိုဏ်းရဲ့နာမည်ကိုအသုံးချပြီး မသေဆေးကိုရှာဖွေဖို့မြေအောက်နန်းတော်ကိုဖောက်ထွင်းဖို့ကြိုးစားတဲ့အခါရှေးဟောင်းင်္သချိုင်းထဲမှာဘယ်လိုအရာတွေစောင့်နေမလဲ……ရတနာတွေအပြင်ဘာတွေကိုမြှုပ်နှံထားသေးလဲ……မရိုးနိုင်တဲ့သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်လမ်းတွေကြားထဲကနေဘယ်လိုမတူတဲ့ဇာတ်ကွက်တွေမြင်ရဦးလဲဆိုတာဆက်လက်စောင့်ကြည့်ခံစားပါ
Next Sohee (2022)
⭐IMDB: 7.4/10 (147 Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #SouthKorea
⏰ 2 နာရီ 18 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Next Sohee (2023)
Bae Doo Na ရဲ့ Comeback Movie လို့ ပြောလို့ ရပါတယ်။ပျောက်နေတာ အတော်ကြီး ကြာပြီးမှ ပြန်လာသလို ပြန်လာတဲ့ကားကလည်း အတော့်ကို ကောင်းတဲ့ကားပါ။“ထပ်တိုး ဆိုဟီး” ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ ပြန်လာခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကားက ဘယ်လို အကြောင်းအရာများ ဖြစ်မလဲ? တစ်ချက် ကြည့်လိုက်ရအောင်ပါ။
လူဟာ အိပ်မက်နဲ့ရှင်သန်ကြတယ်ဆိုပေမဲ့ အိပ်မက်တွေက တစ်ခါတလေတော့လည်း အိပ်မက်ဆန်လွန်းတယ်။ဒီလိုနိုင်ငံမျိုးမှာတော့ ဖြစ်ချင်တာတွေနောက်လိုက်ဖို့ မဖြစ်ချင်တာတွေလုပ်ရတဲ့ အခြေအနေမျိုးကို အားလုံးကျော်ဖြတ်ခဲ့ဖူးကြမှာပဲ။ဖြစ်ချင်တာတွေဟာ ဘယ်တော့မှဖြစ်မလာတော့တဲ့ဘဝတွေလည်း ရှိကောင်းရှိကြမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီလိုဘဝမျိုးတွေအကြောင်းပဲ။
အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ဆိုဟီးလို ရွေးစရာမရှိတဲ့ ကလေးတွေအကုန် ဒီလမ်းပဲ သွားကြရတာပဲ။လူ့စနစ်ကြီးကတော့ ဒီလိုအခြေအနေကို သည်းညည်းခံပြီး ကျော်ဖြတ်ပြီး အိပ်မက်တွေဖြစ်လာရင်ဖြစ်လာမဖြစ်လာရင်လည်း ဒီလိုလူကြီးတစ်ယောက်ပဲဖြစ်လာဖို့ဆီ ဦးတည်ထားလားပဲ။ဆိုဟီးကတော့ တတ်နိုင်သလောက် သည်းညည်းခံပေမဲ့ လူငယ်ဆိုတော့ ဒီလိုပဲ ပေါက်ကွဲထွက်သွားတယ်။
လူငယ်တစ်ယောက် ပေါက်ကွဲသွားတဲ့အခါ လူကြီးတွေဟာ… ( စကားလုံးမှားသွားမလားပဲ )လူကြီးဆိုတဲ့လူတွေဟာ ဘာကြောင့်ပေါက်ကွဲသွားသလဲဆိုတဲ့ အကြောင်းရင်းကို နားလည်ပေးကြမှာမဟုတ်တာကတော့ သဘာဝတစ်ခုလိုလိုပါပဲ။ပိုဆိုးတာကတော့ လူကြီးဆိုတဲ့ လူတွေဟာ သူ့ဟန်ကိုယ်ဖို့ (နားလည်လွယ်အောင်ပြောရရင်) လူကြားကောင်းဖို့နဲ့သူတို့အချင်းချင်းကြားက ဆက်ဆံရေး မပျက်ဆီးသွားဖို့ ပြဿနာရဲ့အဖြေကို လူငယ်တွေရဲ့ ဆိုးကွက်တွေကိုပဲ ဖိနင်းပြောချပစ်ကြမှာပဲ။ဆိုဟီးလည်းပဲ ဒီလိုအခြေအနေကို ကြုံခဲ့ရတယ်။ အိပ်မက်ကို လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့ မရွေးသင့်တဲ့လမ်းကို ရွေးမိသွားတယ်။
ဒီရုပ်ရှင်က တကယ်ဆို နှစ်ခြမ်းခြမ်းထားတယ်။ဆိုဟီးအလွန်မှာ ဒီလိုတွေကြုံကောင်း ကြုံခဲ့ရပေမဲ့ ဒီလိုလူကြီး မဖြစ်လာခဲ့တဲ့ Bae Doo Na ရဲ့ဇာတ်ကောင်ပါ။ဆိုဟီးအမှုကို စုံစမ်းတယ်။ ဆိုဟီးအတွက် အမှန်တရားကို ရှာပေးတယ်။ပြောခဲ့သလိုပဲ လူကြီးတွေက ဟန်ကိုယ့်ဖို့လုပ်ရင်း ဆိုဟီးကိုပဲ ပုံချလိုက်ကြတယ်။Bae Doo Na ရဲ့ ဇာတ်ကောင်ဟာ ဒေါသထွက်ရပေမဲ့လည်း အားလုံးကြားကောင်းအောင်အပေါ်ယံတွေ တည်ဆောက်ထားတဲ့ စနစ်ကြီးကို သူတို့တွေလည်း မကျော်လွှားနိုင်ခဲ့ဘူး။
ဦးလှိုင်ရဲ့ လူငယ်တယောက်ရဲ့သွေးတွေဆိုတဲ့ကဗျာထဲကလို” သူတို့က မှားသွားလည်းလှတယ် …… ကမ္ဘာမြေကို မဖျက်ဆီးဘူး ” ဆိုတဲ့ ကမ္ဘာမျိုးပေါ်မလာနိုင်သရွေ့တော့အရင်ဆိုဟီးတွေရော နောက်ထပ်ဆိုဟီးတွေရော အဆက်ဆက်ပေါ်လာကြဦးမှာပဲ။အစ်ကိုတစ်ယောက်ပြောဖူးတယ်။ “ကျွန်တော်တို့ကမ္ဘာဟာ နောက်လူငယ်တွေအတွက်” တဲ့။ဒီရုပ်ရှင်ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အဖြစ်မျိုးတွေ နောက်လူငယ်တွေ မကြုံစေဖို့ကျွန်တော်တို့လည်း လူငယ်တွေဖြစ်ခဲ့ကြတာကို မမေ့ဖို့အတွက်ပေါ့။
အညွှန်းကိုတော့WiRa Aungက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။

Eight Taels of Gold (1989)
⭐IMDB: 7.1/10 (261 Votes)
🎬 #Comedy #Drama #Romance
🗓️ 1989 🎞️ Movie 📺 720p HD
🌎 #HongKong
⏰ 1 နာရီ 47 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Eight Taels of Gold (1989)====================IMDb Rating – 7.1/10
Mabel Cheungရဲ့ Migration Trilogyမှာ The Illegal Immigrant (1985),An Autumn’s Tale (1987) နဲ့ Eight Taels of Gold (1989) သုံးကားရှိတဲ့အထဲ နောက်ဆုံးကားဖြစ်တဲ့ Eight Taels of Gold (1989)ဟာ ရှေ့ကားတွေလိုအဆွေးကားစာရင်းဝင်ပေမဲ့ သုံးထားတဲ့မင်းသား Sammo Hungနဲ့လိုက်အောင်ပဲဟာသကားလည်း တစ်ခြမ်းဖြစ်နေတယ်။ နောက်တစ်ခုကွဲတာကတော့ ရှေ့၂ကားမှာတရုတ်ကနေ အမေရိကန်ကိုသွားတဲ့အကြောင်းကို အဓိကထားပြပေမဲ့ ဒီနောက်ဆုံးကားမှာတော့ ပြောင်းပြန်ဖြစ်သွားပြီ။ အမေရိကန်ကနေ တရုတ်ပြည်ကို ပြန်လာတဲ့တရုတ်တစ်ကောင်အကြောင်းဖြစ်သွားတယ်။
အိမ်ကနေ ထွက်ပြေးသွားတာ ၁၆နှစ်ရှိပြီဖြစ်တဲ့ Sammo Hungရဲ့ ဇာတ်ကောင်ဟာအမေရိကန်မှာ တက္ကစီဆွဲစားရင်း အသက်မွေးဝမ်းကြောင်းပြုနေခဲ့တဲ့လူပေါ့။ ဒီကားရဲ့အစမှာ သူအိမ်ကိုပြန်လာဖို့လုပ်တယ်။ အဖွင့်မှာတင်ပါတဲ့ ဒီအခန်းက ရယ်လည်းရယ်ရသလို လက်တွေ့လည်းကျတယ်။ တရုတ်ပြည်ကို လက်ဆောင်ပြန်ယူသွားဖို့ မိတ်အင်ချိုင်းနားပစ္စည်းတွေ ပြန်ရှာဝယ်တဲ့အခန်းပေါ့။ အမေရိကန်ပြန်ဆိုပြီး အထင်ကြီးမယ့်တရုတ်တွေကို သယ်လာတဲ့ မိတ်အင်ချိုင်းနားပစ္စည်းတွေနဲ့ ဂျင်းထည့်ဖို့ကြံနေတဲ့ တရုတ်ပေါ့။ နောက်ကျ မြို့ပေါ်က သူတို့အိမ်ကို ရောက်လာတယ် ဒါပေမဲ့ အဲဒီခေတ်က တရုတ်ပြည်မှာ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲမွေးရမယ့် ဥပဒေရှိခဲ့တယ်ထင်တယ်။သူ့အစ်မရဲ့ ဒုတိယကလေးကို တိတ်တိတ်လေးမွေးဖို့ သူ့အဖေနဲ့အမေက သူ့အစ်မနဲ့အတူတူရွာဘက်ထွက်သွားတယ်တဲ့။ ဒီတော့ ရွာကအိမ်ကို လိုက်ဖို့ အကြောင်းဖန်လာတယ်။
ဒီမှာ တခြား အမေရိကန်ပြန်တစ်ယောက်နဲ့ လက်ထပ်ပွဲမတိုင်ခင် ရွာပြန်ပြီးသွားစောင့်ဖို့လုပ်နေတဲ့ ဝမ်းကွဲညီမနဲ့တွေ့ကြတယ်။ သူတို့၂ယောက်ကာရိုက်တာက chemistryမိသလိုရိုမန့်တစ်ဖြစ်ရမယ့် ကာရိုက်တာအနေနဲ့ တည်ဆောက်ထားတာပေမဲ့ သူတို့၂ယောက်ရဲ့ကာရိုက်တာတွေကိုက American Dreamနဲ့ American Realityကို အပြိုင်ပြပေးနေတယ်။အမေရိကန်ကို သိပ်အထင်ကြီးပြီး အမေရိကန်ရောက်ရင် ငါတော့ဘာလုပ်လိုက်မဟဲ့ဆိုတဲ့တစ်ယောက်နဲ့ အမေရိကန်မှာ ခွေးလိုနွားလိုရုန်းကန်လာရတဲ့သူနဲ့ပေါ့။ သူတို့ကာရိုက်တာတွေကနေတစ်ဆင့်ပဲ လွတ်လပ်ခွင့်ပေးထာသလိုလိုနဲ့ ပြန်ချုပ်ထားတဲ့ တရုတ်ပြည်အခြေအနေကိုပါ နည်းနည်းပါးပါးကလိထားသေးတယ်။ ဒီလိုနဲ့ သူတို့အတူတူ ရွာပြန်ကြတယ်ပေါ့။တလွဲတွေတော့ တော်တော်များပါတယ်။ ရွာပြန်ရောက်တဲ့အထိတော့ ဒီကားက လုံးဝဟာသကားပဲ။ ဒီလိုနဲ့ ရွာပြန်ရောက်သွားတယ်။
ရွာပြန်ရောက်တော့ အိမ်ထိပ်မှာ ထိုင်နေတဲ့ သူ့အဖေက သူ့ကိုမြင်တော့ ဝမ်းသာလုံးစို့ပြီးတက်သွားတယ်။ နောက် သူ့အမေ သူ့အစ်မ သူ့ခွေးလေး စသဖြင့် သူပစ်ထားခဲ့တဲ့လူတွေရဲ့အပျော်တွေကို ပြတယ်။ ဒီအခန်းတွေက ဝမ်းနည်းစရာနဲ့ ကြည်နူးစရာ ရောနေတယ်။ဒီကားရဲ့ အီမိုရှင်နယ်အဖြစ်ဆုံးအခန်းတွေပဲ။ ဒါတော့ဆက်ပြောရင်ပေါ့သွားမှာမို့ ကြည့်တော့သိပါလိမ့်မယ်။
Mabel Cheungရိုက်ပြီး ချောင်ယွန်ဖတ် သရုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံးတရုတ်ရုပ်ရှင်၁၀၀စာရင်းဝင် An Autumn’s Taleမှာ ချောင်ယွန်ဖတ်ဇာတ်ကောင်က သူပိုင်တဲ့တစ်ခုတည်းသော ပိုင်ဆိုင်မှုဖြစ်တဲ့ကားစုတ်ကြီးကိုရောင်းပြီး နာရီကြိုးဝယ်ပေးခဲ့တဲ့ အခန်းဟာ တော်တော်ထိသလို ဒီထဲလည်း ထိုနည်းလည်းကောင်း အခန်းပဲသုံးထားတယ်။ သူ့ Trilogyရဲ့ ပုံသေနည်းလိုလိုပါပဲ။ ဘာပြောပြော ထိတာတော့ထိပြန်တာပါပဲ။ Eight Taels of Goldဟာ သူ့Trilogyအငွေ့အသက်ထဲကပဲ သွားသလို သရော်တာတွေ ဟာသတွေလည်း တော်တော်ထည့်ထားတော့အဖီးလ်သက်သက်မဟုတ်ဘဲ ဟာသကားအနေနဲ့လည်း တော်တော်ကြည့်ပျော်ပါတယ်။ artisticmovieလည်း ဖြစ်သလို visualတွေ သီချင်းတွေလည်း တော်တော်လေးကောင်းပါတယ်။ သီချင်းတွေက Teresa Tengသီချင်းတွေလိုလိုပါပါပဲ။ ထုံးစံအတိုင်းပါပဲ ဟောင်ကောင်ရွှေခေတ်ကကားတွေဟာ ရိုးလောက်စရာ မရှိပါဘူး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့WiRa Aung ဖြစ်ပါတယ်)
Eight Taels of Gold (1989)
⭐IMDB: 7.1/10 (261 Votes)
🎬 #Comedy #Drama #Romance
🗓️ 1989 🎞️ Movie 📺 1080p FHD

Lara Ati (2022)
⭐IMDB: 6.7/10 (145 Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Indonesia
⏰ 1 နာရီ 56 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lara Ati (2023)
ကျွန်တော်တို့မှာ ပြန်တွေးလိုက်တိုင်း ရင်ထဲကိုနွေးသွားစေတဲ့ မပိုင်ဆိုင်ခဲ့ကြရတဲ့ငယ်ချစ်ဦးဆိုတာ ရှိကြတယ်နော်ငယ်ချစ်ဦးနဲ့ပဲ ပြန်ဆုံတွေ့ကြပြီး သူတို့တွေကကျွန်တော်တို့နဲ့အကြောင်းပါကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာအဲဒါအပြင် ကျွန်တော်တို့တွေ အိမ်ကလုပ်ခိုင်းလို့ အဖေကြောင့် အမေကြောင့် ဘာကြောင့်ညာကြောင့်အမျိုးမျိုးကြောင့်ကိုယ်တိုင်မလုပ်ချင်တဲ့အလုပ်တွေ မတက်ချင်တဲ့ကျောင်းတွေကိုတက်ရတဲ့အချိန်တွေရှိကြပါတယ်အဲလိုသူများကြောင့်လုပ်ရတဲ့အချိန်တွေကနေရုန်းထွက်ပြီး ကိုယ်ဝါသနာပါရာနောက်ကိုကောက်ကောက်ပါအောင်လိုက်ဖို့ဆိုတာက လက်တွေ့မှာတော့ မလွယ်ကူဘူးဗျဇာတ်လမ်းအကျဉ်းလေးကတော့ ရည်းစားဟောင်းတွေက ဘာကြောင့်မှန်းမသိပဲနဲ့ ဖြတ်သွားပြီးမိဘတွေကြောင့်ဘဏ်တစ်ခုမှာလစာကောင်းကောင်းနဲ့ အလုပ်လုပ်နေတဲ့ဂျိုကိုဆိုတဲ့ကောင်လေးကသူ့ရဲ့ကောင်မလေးဖာရက်က တခြားတစ်ယောက်နဲ့စေ့စပ်သွားလို့ အသည်းကွဲသွားတဲ့အချိန်မှာဂျိုကိုရဲ့ငယ်သူငယ်ချင်းအာယူနဲ့ ပြန်တွေ့ကြတဲ့အချိန်မှာ အသည်းခွဲသွားတဲ့ဖာရက်နဲ့ပဲပြန်အဆင်ပြေကြမလားငယ်သူငယ်ချင်းဖြစ်တဲ့အာယူနဲ့ပဲရည်ငံသွားကြမလားဆိုတာကိုဒီအင်ဒိုနီးရှားRomance ဇာတ်ကားလေးမှာ ဂျိုကိုတစ်ယောက်မိဘလောင်းရိပ်အောက်ကနေရုန်းထွက်ပုံတွေဝါသနာပါရာအလုပ်ကိုရွေးသွားပုံတွေကို ဇာတ်ကားတစ်ခုလုံးပြုံးပြုံးကြီးနဲ့ ကြည်နူးစရာကောင်းကောင်းလေးကြည့်ရမယ်ဆိုတာတစ်ခုတော့ အာမခံပါတယ်ဗျာ
အညွှန်း နဲ့ ဘာသာပြန်ကတော့Soe Htun Htun Aungပဲ ဖြစ်ပါတယ်။
Naked Truth (2022)
⭐IMDB: 5.6/10 (98 Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Vietnam
⏰ 1 နာရီ 31 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Naked Truth (2022)
ကန်၊ ကွင်လန်၊ လင်ဒန်နဲ့ ကမ်မီတို့ဟာ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြပြီးတစ်ယောက်အတွက်တစ်ယောက် အမြဲရှိပေးကြတဲ့သူငယ်ချင်းလေးယောက်အုပ်စုပါ။ကမ်မီကတော့ အိမ်ထောင်ကျပြီးသားသူ၊ ကျန်တဲ့သုံးယောက်ကတော့ လူလွတ်တွေပေါ့။
ဒီလိုနဲ့နေလာရင်းက တစ်နေ့မှာ သူငယ်ချင်းလေးယောက်သား ပြဿနာတက်ဖို့ကြုံလာပါတော့တယ်။အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားကြရင်းက လေးယောက်သား အသက်အန္တရာယ်တွေထိ ထိလိုက်ဖို့ဖြစ်လာပါတယ်။
သူငယ်ချင်းအချစ်နဲ့အိမ်ထောင်ရေးကြားပြဿနာတွေကို ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပြီးIMDb ratingကလည်း 5.8ထိရှိတာမလို့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားအဖြစ်ညွှန်းပေးရင်း တင်ဆက်ပေးလိုက်ရပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Zaw Pyae Sone Heinပဲ ဖြစ်ပါတယ်။
The Girl Who Escaped: The Kara Robinson Story (2023)
⭐IMDB: 6.1/10 (996 Votes)
🎬 #Crime #Drama #Thriller
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Girl Who Escaped: The Kara Robinson Story (2023)
ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထဲမှာပဲထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့Rating မြင့် Documentary Crime-Drama ရုပ်ရှင်ဇာတ်ကားေကာင်းလေးပါ
ဇာတ်လမ်းခေါင်းစဉ်အတိုင်းပဲ ပြန်ပေးဆွဲမုဒိန်းကျင့်ခံရတာကနေ လွတ်မြောက်လာခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးတစ်ယောက်အကြောင်းပါဒီဖြစ်ရပ်မှာကံကောင်းတာတွေ ကယ်တင်ရှင်တွေမပါပါဘူးကာရာဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြုံတွေ့ရတဲ့အန္တရာယ်ကို ခေါင်းအေးအေးထားရင်ဆိုင်ကာ လွတ်မြောက်အောင်လုပ်ခဲ့တဲ့အပြင်တရားခံလည်ပင်းကိုပါကြိုးကွင်းပြန်စွပ်ပေးနိုင်လောက်အောင် နေရာတွေအချက်အလက်တွေအကုန်လုံးကို မှတ်သားလာခဲ့ပုံက ပြောစမှတ်ပြုလောက်ပါတယ်။
ပြီးတော့ သူ့ရဲ့ဒီဖမ်းဆီးမုဒိမ်းကျင့်ခံရပြီးနောက်ပိုင်းကိစ္စတွေကို တည်ငြိမ်စွာရင်ဆိုင်ပုံကလဲ အတုယူဖွယ်ရာပါပဲခံလိုက်ရတဲ့သူတွေမှာ အပြစ်လဲမရှိ အမှားလဲမရှိပါဘူးလုပ်တဲ့သူတွေကသာ လူ့ဘောင်မဝင် ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်တွေပါအဲ့ဒီတော့ ဒီဇာတ်ကားလေးကနေတစ်ဆင့် မိဘတွေရော မိန်းကလေးအရွယ်သုံးပါးလုံးရော သင်ခန်းစာယူနိုင်ကြမယ်အပြင်ဇာတ်လမ်းကိုရိုက်ပြထားပုံကလဲ အိုဗာတွေမပါစိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်များခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။
The Delta Force (1986)
⭐IMDB: 5.6/10 (21 k Votes)
🎬 #Action #Adventure #Drama #Thriller #War
🗓️ 1986 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Israel
⏰ 2 နာရီ 9 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Delta Force (1986)
1985 တုန်းက လေယာဉ်ပြန်ပေးဆွဲခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်ကို Reference ယူပြီး ရိုက်ထားတဲ့ 1986 က ကားဟောင်းလေးပါ။ Delta Force Trilogy ထဲက ပထမဆုံးကားဖြစ်ပါတယ်။ အမေရိကန် ဖိုက်တာကြီး Chuck Norris ပါဝင်သရုပ်ဆောင်ထားတာမို့ အပစ်အခတ် အကြမ်းစားတွေ သေချာပေါက်တွေ့ရမှာပါ။
ဇာတ်လမ်းကတော့…အကြမ်းဖက်သမားနှစ်ယောက် အဒူရာဖိုင်းနဲ့ မူစတာဖာတို့က အေသင်ကနေ ရောမ နယူးယောက်ကိုသွားမယ့် လေယာဉ်ကို ပြန်ပေးဆွဲသွားပြီး ဘဲရု လက်ဘနွန်ကို ပျံခိုင်းလိုက်တယ်။ အမေရိကန် ဒယ်တာတပ်ဖွဲ့က ကာနယ်နဲ့ မေဂျာစကော့တို့ ဦးဆောင်ပြီး ဓားစာခံတွေကိုကယ်တင်ဖို့ တာဝန်ကျလာတယ်။ အဒူရာဖိုင်းက ခရီးသည် ၁၄၄ ယောက်ထဲက ဂျူးတွေနဲ့ မရိန်းတပ်သားတွေကို ခွဲထုတ်ပြီး ဘဲရုမှာထားခဲ့ပြီးတော့ သူတို့အစား အကြမ်းဖက်သမားအဖော်တွေခေါ်တင်လာတယ်။ အယ်ဂျီးရီးယားကို ဆက်ပျံလာပြီး ဓားစာခံမိန်းကလေးတွေကို လွှတ်ပေးမယ်ဆိုတော့ ဒယ်တာတပ်ဖွဲ့က အကြမ်းဖက်သမား ၂ယောက်ပဲပါတယ်ဆိုပြီး အလစ်ဝင်တိုက်ဖို့လုပ်ပေမယ့် ၁၄ယောက် ဖြစ်နေတာသိသွားတော့ မစ်ရှင်ဖျက်လိုက်ရတယ်။ အကြမ်းဖက်သမားတွေက မရိန်းတပ်သား တစ်ယောက်ကို သတ်လိုက်ပြီးတော့ အမျိုးသား ခရီးသည်တွေနဲ့ ဘဲရုကိုပြန်သွားတယ်။ ဆိုတော့ ဒယ်တာတပ်ဖွဲ့အနေနဲ့ ဓားစာခံတွေကိုကယ်တင်ဖို့ အကြမ်းဖက်သမားတွေအပြည့်နဲ့ နေရာ ၂ခုကို ခွဲတိုက်ရဖို့ ဖြစ်လာတယ်..ဘယ်နားမှာထားထားမှန်းမသိတဲ့ ဓားစာခံတွေကို သူတို့ဘယ်လိုရှာဖွေမလဲ…အားလုံးကို အောင်မြင်စွာ ကယ်ထုတ်နိုင်မှာလားဆိုတာကတော့…
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)
The Delta Force (1986)
⭐IMDB: 5.6/10 (21 k Votes)
🎬 #Action #Adventure #Drama #Thriller #War
🗓️ 1986 🎞️ Movie 📺 720p HD

Shadow and Bone (2021- )
⭐IMDB: 7.6/10 (92 k Votes)
🎬 #Drama #SciFi #Fantasy #Action #Adventure #Mystery
🗓️ 2021- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 1 မိနစ် 56 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shadow and Bone Season (1+2)Shadow and Bone (2021)===================
IMDb Rating – 8.2/10ဒီနှစ်အတွက် မှော်စီးရီး ကောင်းကောင်းလေး ကြည့်ချင်နေတဲ့သူတွေအတွက် Shadow and Bone က တကယ် ကျေနပ်စေမှာပါ။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်နိုင်ငံနဲ့ တိုင်းပြည်တွေအပေါ် အခြေခံပြီး တည်ဆောက်ထားပါတယ်။ ရက်ဗ်ကာဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတစ်ခုဟာ နိုင်ငံအလယ်မှာ ဘယ်လိုမှ ဖျက်ဆီးလို့မရတဲ့ အမှောင်တံတိုင်းကြီးနဲ့ ကာဆီးနေပြီး ကွဲပြားနေပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်ကို ခရီးသွားဖို့ အမှောင်တံတိုင်းကြီးကိုဖြတ်ဖို့ကလည်း အထဲက သတ္တဝါဆိုးကြီးတွေကြောင့် အန္တရယ်များလွန်းပါတယ်။ တံတိုင်းကြီးကို ဘေးကပတ်သွားတော့လည်း လမ်းတွေက ကြမ်းတမ်းပြီး ရန်သူတွေ ဝိုင်းနေတာပါပဲ။ ဒီတော့ ဒီတံတိုင်းကိုသာ ဘေးကင်းကင်း ဖြတ်ကူးနေနိုင်သူက နိုင်ငံရဲ့ အချမ်းသာဆုံးအဖြစ် လွယ်လွယ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရက်ဗ်ကာနိုင်ငံက လူတွေကလည်း သာမန်တွေမဟုတ်ပါဘူး။ မှော်အစွမ်းကိုယ်စီရှိတယ်သူတွေလည်း ပါပါတယ်။ မီး၊ရေ၊လေ၊အမှောင်ကို ထိန်းနိုင်သူတွေ၊ လူကို ထိန်းချုပ်နိုင်သူတွေ စသည်ဖြင့် မျိုးစုံရှိပါတယ်။ ဒါပေမယ့် သူတို့တွေမှာ မရှိသေးတာက နေဖန်ဆင်းသူဆိုတဲ့ အလင်းကို ထိန်းချုပ်နိုင်သူပါပဲ။ အဲဒီလို အစွမ်းနဲ့သူတစ်ယောက်သာရှိရင် အမှောင်တံတိုင်းကို ကောင်းကောင်းအံတုနိုင်ပြီ ဖြစ်ပေမယ့် နေဖန်ဆင်းသူဆိုတာ ဒဏ္ဍာရီလိုပဲ ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် ရက်ဗ်ကာနိုင်ငံရဲ့ မှော်အစွမ်းမရှိတဲ့သူတွေကို စစ်တပ်အဖွဲ့ ဖွဲ့ထားပြီး တိုက်ခိုက်ရေးသမားတွေ၊ မြေပုံဆွဲသူတွေ စသည်ဖြင့် တာဝန်ပေးထားပါတယ်။ အဲဒီတပ်ကိုတော့ ပထမတပ်ဖွဲ့လို့ခေါ်ပြီး မှော်ဆရာတပ်ကိုတော့ ဒုတိယတပ်လို့ ခေါ်ပါတယ်။ ဒုတိယတပ်ဟာ ပထမတပ်တွေကို ကြုံတိုင်း နှိမ်တတ် အနိုင်ကျင့်တတ်တာပါပဲ။ ဒီလိုနေ့ တစ်နေ့မှာတော့နေဖန်ဆင်းသူ တစ်ယောက်ရှိလာတယ်ဆိုတဲ့ သတင်းထွက်လာတဲ့အခါ….ဒီ Mini-Series မှာ အပိုင်း(၈)ပိုင်းပါဝင်ပြီး တစ်ပြိုင်တည်းထွက်ရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr. Anderson ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip
MH370: The Plane That Disappeared (2023-2023)
⭐IMDB: 6.0/10 (5 k Votes)
🎬 #Documentary
🗓️ 2023-2023 🎞️ Series 📺 1080p FHD
🌎 #UnitedKingdom
⏰ 55 မိနစ် 37 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MH370: The Plane That Disappeared (2023)MH370: The Plane that Disappeared (2023)ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မလေးရှားMH370 လေယာဥ် ပျောက်ဆုံးသွားတာ ကိုးနှစ်ပြည့်ခဲ့တဲ့နေ့ပါ။
၂၀၁၄ မှာ MH-370 ပျောက်ဆုံးသွားတဲ့သတင်းက တစ်ကမ္ဘာလုံးကိုရိုက်ခတ်ခဲ့ပါတယ်။
ခရီးသည် ၂၂၇ ယောက် လေယာဥ်ဝန်ထမ်း ၁၂ ယောက်ပါဝင်တဲ့ ခရီးသည်လေယာဥ်ကြီးက
ကွာလာလမ်ပူ(မလေးရှား) ကနေ ဘေကျင်းကိုသွားတဲ့လမ်းမှာ အစအနရှာမရ ပျောက်ဆုံးသွားခဲ့ပါတယ်။မလေးရှားအစိုးရ၊ နိုင်ငံတကာနဲ့ အရပ်သားတွေပါ ဝိုင်းဝန်းကူညီရှာဖွေခဲ့ပေမယ့်
ယခုတိုင်အောင် လေယာဥ်ဘယ်မှာပျက်ကျသွားလဲ ဘာကြောင့်လဲ
ဒီခရီးသည်တွေရောဘယ်ရောက်ကုန်ပြီလဲ အားလုံးက ပဟေဠိဖြစ်နေဆဲပါ။
သီအိုရီတွေကလဲများစွာထွက်ခဲ့ပါတယ်။
ဒီခရီးသည်တွေသေလားရှင်လားတောင်မသိရတဲ့ မိသားစုဝင်တွေအတွက်လဲယူကျုံးမရစရာပါပဲ။
သေသွားပြီ လို့ ခိုင်ခိုင်မာမာ သိရရင်တောင် လက်ခံနိုင်ကြပါဦးမယ်။
အခုတော့ သူတို့တွေ တစ်နေရာရာမှာများဒုက္ခရောက်နေကြမလား ကြောက်နေကြမလား လာကယ်တာကိုများစောင့်နေကြလား
ဒီလိုမေးခွန်းပေါင်းများစွာနဲ့ ဝမ်းနည်းကြေကွဲမှုတွေ ရှုပ်ထွေးမှုတွေ ဒေါသတွေအားလုံးရောယှက်နေကြပါတယ်။Netflix ရဲ့ ဒီစီးရီးမှာတော့ အပိုင်းသုံးပိုင်းပါဝင်ပြီး– ပထမပိုင်းမှာ MH370 ပျောက်သွားပြီးရက်ပိုင်းအခြေအနေတွေ ခရီးသည်တစ်ချို့ရဲ့မိသားစုဝင်တွေရဲ့ပြောကြားချက်တွေကိုကြည့်ရှုရမှာပါ။
– ဒုတိယပိုင်းမှာတော့ ဖြစ်နိုင်ချေအများဆုံးသီအိုရီတွေကို ရှင်းလင်းပြထားပြီး
– တတိယပိုင်းမှာတော့ ဇွဲမလျှော့သေးတဲ့မိသားစုဝင်တွေ ဂျာနယ်လစ်တွေရဲ့ဆက်လက်စုံစမ်းရှာဖွေရေးတွေအကြောင်းလဲကြည့်ရှုရဦးမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre….. Documentary
Not My Type (2022)
⭐IMDB: 5.9/10 (159 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #France
⏰ 1 နာရီ 53 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Not My Type (2022)
ကျွန်တော်တို့ မြန်မာနာမည်ကြီးတေးသံရှင် မနောကို ဥပမာပြုရရင် မနောဟာလည်းတစ်ချိန်က Rock တွေဆိုခဲ့တဲ့ ပုဂ္ဂိုလ်ပဲလေ။ သူ့ရဲ့မြန်မာသံ တောဓလေ့သီချင်းတွေဟာ ပရိသတ်ရင်ကိုရောက်သွားတဲ့အခါ သူဟာ Rock ကိုပစ်ခါခဲ့သလိုပဲပေါ့။ Musician တစ်ယောက်ဟာ လူတွေအကြိုက်ကိုမလိုက်ပဲ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ရင် ဒီ Musician ဟာ အောင်မြင်ပါ့မလား။
ပြင်သစ်လူငယ်အဆိုတော်မလေး Marcia ဟာ ပြင်သစ် Classical တွေ Ballad သီချင်းတွေကို သီဆိုသူ ကြိုက်နှစ်သက်သူတစ်ယောက်ပေါ့။ အောင်မြင်သော မအောင်မြင်သော သူဟာ နေစရာမရှိလို့ မြစ်ထဲမှာ Houseboat နဲ့ နေရသူလေးလေ…
အဲဒီလိုပါပဲ… ဒါဟေဂျန်း (Daredjane) ဆိုတဲ့ 70s အဆိုတော်တစ်ယောက် ဟာ 2021 မှာ အဘွားကြီးဖြစ်နေပြီပေါ့။ လူတွေလည်း သူ့ကိုမသိကြသလောက်ဖြစ်နေပါပြီ။ တစ်ခေတ်တစ်ခါက အဆိုတော်ဆိုပေမယ့် ကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့တဲ့ Musician ဖြစ်ပေတာကိုး။ ဒါပေမယ့် Marcia ဟာ Daredjane ကို ကြိုက်နှစ်သက်ပြီး လေးစားရတာကြောင့် သူနဲ့အတူ သီချင်းအသစ်တွေလုပ်မယ်၊ ပြန်အောင်မြင်အောင် အတူကြိုးစားမယ်ဆိုပြီး အဘွားကြီးဆီကို ဇွတ်တွေသွားပြီး လုပ်တာပေါ့။
ဖြစ်ခဲ့ပါတယ်… သူတို့အတူတကွ ဖန်တီးရင်း တစ်ယောက်တစ်ပိုဒ်စီရေး၊ သေချာပြင်ဆင်၊ Arrangement လုပ်ထားတဲ့ “Throwing Myself Into The Unknown” လို့ အင်္ဂလိပ်လိုအမည်ရတဲ့ သီချင်းဟာ အောင်မြင်မယ့်သီချင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။ Marcia အိပ်မက်ကတော့ ဒီသီချင်းတွေနဲ့ အဟောင်းတွေကို ပြန် Record ပြီး ပြန်ဆန်းသစ်ပြီး Daredjane ရဲ့နောက်ကွယ်ကနေ Daredjane အောင်မြင်တာကို ကြည့်ပြီး ကြည်နူးချင်တဲ့ အနုပညာသမားစစ်စစ် စိတ်ဓာတ်နဲ့ပေါ့… ဒါပေမယ့်လည်း…
ကံမကောင်းအကြောင်းမလှစွာပဲ Daredjane ဟာ ဆုံးပါးသွားပါတယ်။ သားသမီးမထွန်းကား၊ ဆွေမျိုးမရှိတော့တဲ့ သူ့ရဲ့ အရမ်းမများသော အမွေလေးတွေ၊ သီချင်းမူပိုင်ခွင့်တွေ စတာတွေရဲ့ တရားဝင်အရိုက်အရာဆက်ခံသူဟာ သူမရဲ့ ဝမ်းကွဲတူဖြစ်တဲ့ ဈေးခေါင်းလုပ်နေတဲ့ Anthony Denoël ဆိုသူပါပဲ။
ခက်ခဲနက်နဲလှတဲ့ ဒို၊ ဒီ၊ ရေ၊ မာ၊ မီ၊ ဖာ၊ ဖီ၊ ဆို၊ စီ၊ လာ၊ ထာ၊ တီ နုတ်တွေကို ချစ်မြတ်နိုးတဲ့ ဂီတအပေါ် သစ္စာရှိပြီး ငွေရဖို့သက်သက်မလုပ်ချင်သူ Marcia ဟာ သူ့လိုစိတ်ဓာတ်နဲ့လူက အဆိုတော်ကြီး Daredjane ရဲ့ အရိုက်အရာကို မဆက်ခံလိုက်ရပဲ ဘဝကို ကလိုက်ခုန်လိုက် ဘားသွား ကလပ်တက်ဖြတ်သန်းနေတဲ့ Anthony လိုကောင်က တရားဝင်ဆက်ခံခွင့်ရှိနေတဲ့အခါ Marcia ရင်ဆိုင်ဖြတ်သန်းရမယ့် အရာတွေကို ပြင်သစ် သီချင်းသံလေးတွေ မြိုင်မြိုင်နဲ့ ရှုစားလိုက်ကြပါဦးဗျ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)