ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Grudge 3 (2009) ⭐IMDB: 4.6/10 (19 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2009 🎞️ Movie 📺 1080p 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Grudge 3 (2009) ဒုတိယကားမှာ လွတ်မြောက်လာတဲ့ ဂျိတ်ဟာ စိတ္တဇဆေးရုံတစ်ခုကို ပို့ခံလိုက်ရပါတယ်။ အဲဒီကို ရောက်သွားတာတောင် တကယ်တမ်းတော့ သူဟာ မလွတ်မြောက်သေးပါဘူး။ ကာယာကို ရောက်လာလို့ ထွက်ပြေးဖို့ကြိုးစားရင်း တံခါးပိတ်ထားခံရတဲ့ ဂျိတ်…သူရှင်းပြတာကို ဆေးပညာရှုထောင့်ကပဲ ကြည့်နေမိတဲ့ ဒေါက်တာ ဆူလီဗန်…တကယ်တမ်း ဂျိတ် ရက်ရက်စက်စက် အသတ်ခံရချိန်မှာ ဒေါက်တာဆူလီဗန်ဟာ သိပ်ကိုနောက်ကျသွားခဲ့တယ်။ ထူးထူးဆန်းဆန်း သေဆုံးသွားတဲ့ သူ့လူနာအတွက် အမှန်တရားကို နားလည်အောင် ကြိုးစားစုံစမ်းပါတော့တယ်။ ဂျိတ်နေထိုင်ခဲ့တဲ့ တိုက်ခန်းမှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်နေတာမို့ လူခဏခဏ သေနေတဲ့ ဒီအဆောက်အဦမှာ ငှားနေသူတွေအားလုံးဟာ ပြောင်းရွှေ့ကုန်ကြတယ်။ ဒါကြောင့် ဒုက္ခရောက်ရတာကတော့ ကြားပွဲစားလေး မက်စ်ပါပဲ။ မက်စ်ဟာ ညီမ၂ယောက်နဲ့အတူ ကျိန်စာသင့်အခန်းရဲ့ အောက်တည့်တည့်မှာ နေထိုင်တယ်။ အိမ်ငှားရမ်းခ ပေးစရာမလိုဘဲ အဆောက်အဦကို ကြည့်ရှုပေးရတဲ့သူ… မွေးရာပါ ရောဂါ‌သည် ညီမလေး ရို့စ်ကို စောင့်ရှောက်ပေးသူ… နောက်ညီမတစ်ယောက် လီဆာကလည်း ရို့စ်ရဲ့ ဆေးကုသစရိတ်သက်သာဖို့ ချစ်သူနဲ့ အတူ မကြာခင်မှာ နယူးရောက်ကို သွားအလုပ်လုပ်မယ့်သူ…လီဆာတို့ ချစ်သူ ၂ယောက် တစ်တီတူးဖို့ အခန်းမှားဝင်ရင်း ကျိန်စာသင့်အခန်းထဲ ဝင်မိတာကနေ စတင်ထားတယ်။ နောက်ဇာတ်ဆောင်တစ်ဦးကတော့ ကျိန်စာသင့် ကာယာကိုရဲ့ ညီမလေး နာအိုကို…သူကတော့ အစ်မဖြစ်သူရဲ့ ကျိန်စာကို တားဆီးဖို့ ဂျပန်ကနေ ချီကာဂိုအထိအရောက်လာခဲ့တယ်။ ဒါရိုက်တာ ပြောင်းသွားပေမယ့် ကြောက်မက်ဖွယ်ကောင်းခြင်းနဲ့ ဇာတ်အိမ်ကောင်းခြင်းကတော့ မပြောင်းလဲတာမို့ Horror ပရိသတ်များအတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ်လို့ ညွှန်းလိုက်ပါရစေ… (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)

Almost Heroes (1998) ⭐IMDB: 5.7/10 (17 k Votes) 🎬 #Adventure #Comedy #Western 🗓️ 1998 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imdb 5.7/10  rotten tomatoes 5% ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ comedy adventure အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လက်စလီအက်ဒ်ဝေါ့ဒ်နဲ့ ဘာသိုလိုမြူး ဆိုတဲ့လူနှစ်ယောက်ရဲ့အမေရိကန်အရှေ့ဘက်ကနေ အနောက်ဘက် ပစီဖိတ်ကို‌ရောက်အောင် စွန့်စားသွားကြတာကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့အရာတော်တော်များများကလည်း စိတ်ဝင်စားစရာကောင်းတဲ့အပြင် အရမ်းကိုရယ်ရတဲ့အတွက် comedy ကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Chris Farley မသေဆုံးခင်ရိုက်ကူးခဲတဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်အိမ်ထက် ဟာသကို ပိုပြီးဦးစားပေးထားတာမို့ ဟာသကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်

Almost Heroes (1998) ⭐IMDB: 5.7/10 (17 k Votes) 🎬 #Adventure #Comedy #Western 🗓️ 1998 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imdb 5.7/10  rotten tomatoes 5% ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ comedy adventure အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လက်စလီအက်ဒ်ဝေါ့ဒ်နဲ့ ဘာသိုလိုမြူး ဆိုတဲ့လူနှစ်ယောက်ရဲ့အမေရိကန်အရှေ့ဘက်ကနေ အနောက်ဘက် ပစီဖိတ်ကို‌ရောက်အောင် စွန့်စားသွားကြတာကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့အရာတော်တော်များများကလည်း စိတ်ဝင်စားစရာကောင်းတဲ့အပြင် အရမ်းကိုရယ်ရတဲ့အတွက် comedy ကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Chris Farley မသေဆုံးခင်ရိုက်ကူးခဲတဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်အိမ်ထက် ဟာသကို ပိုပြီးဦးစားပေးထားတာမို့ ဟာသကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်

Nothing Like Paris (2023) ⭐IMDB: 7.0/10 (56 Votes) 🎬 #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Philippines #France ⏰ 1 နာရီ 39 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nothing Like Paris (2023) IMDb – 7/10 လူတစ်ယောက်ရဲ့ဘဝမှာသုံးကြိမ် ချစ်မိတတ်တယ် ငါကတော့ ပထမ ဒုတိယ တတိယ အရာအားလုံးမင်းပါပဲ….. လှပါတယ်ဆိုတဲ့အချစ်မြို့တော် ပါရီ/ပဲရစ်မြို့ရဲ့ လမ်းသွယ်တွေမှာ လမ်းပတ်လျှောက်ရင်း စကားတွေဖောင်ဖွဲ့ခဲ့ကြတဲ့Before sunset ထဲက Jessie နဲ့ Celine ကိုမှတ်မိကြတယ်ဟုတ်အဲ့လို vibe လေးကို ဒီဖိလစ်ပိုင်အချစ်ဇာတ်ကားလေးမှာပြန်ခံစားမိတယ် ပြောရရင် ဇာတ်အိမ်မတူပေမဲ့ ကော်ဖီဆိုင်တူတူထိုင်တာ သုဿန်ကိုတူတူသွားကြတာ စသဖြင့် ရိုက်ကွင်းနေရာလေးတွေကိုလည်း reference ယူထားတာကိုတွေ့ရတယ်နှစ်ယောက်သား လမ်းလျှောက်စကားဖောင်ဖွဲ့ရင်း အချစ်အကြောင်း ဘဝအကြောင်း အနုပညာအကြောင်းတွေဆွေးနွေးကြနဲ့ ကြည့်ရတာတကယ်ကို ငြိမ့်ငြိမ့်လေးပါပဲGhost ကားထဲက အိုးလုပ်တဲ့ ဂန္ဓဝင်အခန်းလေးကိုတောင် လက်စွမ်းပြ မှီငြမ်းထားတဲ့တစ်ခန်းပါပါသေးတယ် ဇာတ်ကားလေးက ရိုက်ချက်တွေ ရိုက်ကွင်းတွေ ဒိုင်ယာလော့တွေ အပြစ်ပြောစရာမရှိသလိုဇာတ်အိမ်လေးကလည်း ရိုးရိုးလေးနဲ့ပဲ အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုထားတယ် ပဲရစ်မြို့က ဖိလစ်ပိုင်ပန်းချီဆရာ ဂျိုဂျို နဲ့ သူ့ရဲ့လက်ရာပုံတူပန်းချီထဲက ငယ်သူချင်းကောင်မလေး မေရီတို့ရဲ့ အချစ်ကို ရှာဖွေကြပုံအချစ်ကို အဓိပ္ပာယ်သတ်မှတ်ကြပုံလေးတွေကို တီးလုံးလှလှလေးတွေနဲ့ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။

Return to Seoul (2022) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 720p 🌎 #France #Germany #Belgium #SouthKorea #Romania #Cambodia #Qatar ⏰ 1 နာရီ 59 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Return to Seoul ( 2022 ) ယဉ်ကျေးမှု ဆိုတာကို ” သဘာဝပတ်ဝန်းကျင်မှ လူတိုင်းကိုယ်တိုင်ဖန်တီးယူသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ယဉ်ကျေးမှု ဆိုသည်မှာ လူတစ်မျိုး၏ ဘဝတည်ဆောက် ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်သည်။လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူတို့ ဆက်ဆံ နေထိုင်စားသောက် လှုပ်ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှု စနစ်ဖြစ်သည်”လို့ ဖွင့်ဆိုထားတယ်။သူ့ဖွင့်ဆိုချက်အတိုင်းပဲ ယဉ်ကျေးမှုဟာ ရွေ့လျောသွားတဲ့နေရာ ရွေ့လျားသွားတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး မတူညီကြဘူး။နိုင်ငံကွဲ ဒေသကွဲ အရပ်ကွဲတာတွေထားဦး။ အိမ်တစ်အိမ်ထဲတောင် အဖေနဲ့သားရဲ့ ယဉ်ကျေးမှုခြင်းက မတူနိုင်ဘူး။ဘယ်တုန်းကမှလည်း လူကြီးတွေရဲ့ ယဉ်ကျေးမှုဟာ လူငယ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ထပ်မတူမကျဖူးဘူး။ဟိုးတုန်းက ဆံပင်အရှည်ထားလို့ လမ်းသရဲလို့သမုတ်ခံရတဲ့ ကျွန်တော်တို့ရှေ့မျိုးဆက်တွေနဲ့ သူတို့ရှေ့မျိုးဆက်တွေရဲ့ ယဉ်ကျေးမှုလည်းမတူသလို ကျွန်တော်တို့နဲ့ ဆံပင်ရှည်ထားတဲ့မျိုးဆက်က ယဉ်ကျေးမှုလည်းမတူဘူး။တကယ်လို့သာ နိုင်ငံကွဲသားသမီးတစ်ယောက်နဲ့ အဖေတစ်ယောက်ရဲ့ ယဉ်ကျေးမှုဆို ဘယ်လောက်ထိ ကွာခြားသွားနိုင်လဲ။ ဒီရုပ်ရှင်က ဒီအကြောင်းပါပဲ။ ဇာတ်ကားစစအဖွင့်မှာ ကိုရီးယားမျက်နှာနဲ့ ကောင်မလေးတစ်ယောက် တည်းခိုခန်းမှာ အခန်းလာငှားတယ်။လက်ရှိကိုရီးယားတွေထက်တောင် ကိုရီးယားစစ်တဲ့ ရုပ်ပေါက်နေပေမဲ့ တကယ်က သူက ပြင်သစ်သူ။သူ့ကိုယ်သူ ကိုရီးယားမိဘတွေရဲ့ သမီးမှန်း မွေးစားခံထားရမှန်း သူသိထားတယ်။ဒီတော့ ကိုရီးယားကို သူရောက်လာတာက သူ့အဖေနဲ့အမေအရင်းကို ရှာဖို့လို့ ပြောလို့ရတယ်။ဒီလိုနဲ့ ကိုရီးယားသူငယ်ချင်းတွေနဲ့ ကိုရီးယားယဉ်ကျေးမှုအတိုင်း သူတို့အရက်ဝိုင်းဖွဲ့ကြရာကနေ သူ့မိဘတွေကိုရှာတွေ့မယ့်လမ်းစကို သူရသွားတယ်။ကိုရီးယားရဲ့နာမည်ကြီး ကလေးမွေးစားရေးစီမံစင်တာပေါ့။ အဲဒီကိုသူသွားတော့ စင်တာရဲ့စနစ်က ထူးထူးခြားခြားပဲ သားသမီးထက် မိဘကို ကာကွယ်ပေးထားတာကိုတွေ့လိုက်ရတယ်။မွေးစားခံခဲ့ရတဲ့ သားသမီးက မိဘရင်းကို လာစုံစမ်းရင် စင်တာက မိဘရင်းတွေကိုသိခဲ့ရင် အဲဒီမိဘရင်းတွေရဲ့ လိပ်စာကို ၃ခါတိတိ ကြေးနန်းပို့ပေးတယ်။အကြောင်းပြန်မလာရင် ဥပဒေအရ မိဘတွေအနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့။ဘာနေနေ ဆက်သွယ်ကြည့်တော့ သူ့အဖေဘက်က ဆက်သွယ်လာပေမဲ့ သူ့အမေဘက်ကတော့ အကြောင်းပြန်မလာခဲ့ဘူး။ဒီလိုနဲ့ သူ့အဖေနဲ့ သူ့အဖေဘက်က အမျိုးတွေနဲ့ သွားတွေ့ကြည့်ခဲ့တယ်။ သူ့ကို စကားပြန်လုပ်ပေးတဲ့လူကတော့ သူ့သူငယ်ချင်းပြင်သစ်လိုတတ်တဲ့ကောင်မလေး။ဒီပြင်သစ်မလေးက မိဘရင်းတွေကို တွေ့လည်းတွေ့ချင်သလို ဒေါသလည်းနည်းနည်းရှိနေတယ်။သူကိုရီးယားနိုင်ငံရဲ့စီးပွားရေးမပြေလည်တဲ့ကာလတစ်ခုမှာ သူ့သမီးကောင်းစားစေချင်လို့ မွေးစားဖို့ပေးလိုက်မိတဲ့အဖေက နောင်တနဲ့ သမီးကိုပြန်လိုချင်တယ်။သမီးကလည်း ရိုင်းစိုင်းသလို ( သူ့နိုင်ငံနဲ့ သူ့ယဉ်ကျေးမှုအရတော့ ဒီလောက်ကြီးမရိုင်းဘူး ) အဖေကလည်း သမီးကို အတင်းဆက်သွယ်တာတွေ ဘာညာလုပ်လာတယ်။( ဒါကလည်း ကိုရီးယားရဲ့မိဘကို အလေးထားတဲ့ ယဉ်ကျေးမှုအရဆို ဒီလောက်မရိုင်းပေမဲ့ ကောင်မလေးအမြင်ကျ အတင်းကြီးဝင်စွက်ဖက်သလိုဖြစ်ပြီး မတရားရိုင်းသွားတယ်)ထူးတာက ဒီ၂ယောက်ကြားက ပေါင်းကူးဖြစ်တဲ့ စကားပြန်မလေးက သူတို့၂ယောက်စကားတွေကို စကားပြန်ရုံတင်မဟုတ်ဘဲယဉ်ကျေးမှုပေါင်းကူးပါလုပ်ပေးပြီး တစ်ယောက်စကားတစ်ယောက်နားမှာ မခါးရအောင် ဆိုသလိုမျိုး ပြန်ပေးသွားတာပဲ။ဒီဇာတ်မှာတော့ ယဉ်ကျေးမှု ၂ခုကြားမှာ အစကတည်းက ယဉ်ကျေးမှုမတူနိုင်တဲ့ အဖေနဲ့သမီး ဘယ်လိုရှေ့ဆက်ကြမလဲ ကြည့်ကြရမှာပါ။ဒါရိုက်တာရဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန်ကို ပြင်ဆင်ရိုက်ကူးထားတာမို့ ဒါမျိုးအဖြစ်တွေလည်းလောကမှာ ရှိတတ်ကြောင်းလည်းသိရတာပေါ့။ Return to Seoul ဟာ ကိုရီးယားမှာ ဇာတ်အိမ်တည်ရိုက်ထားတဲ့ ကမ္ဘောဒီးယား ပြင်သစ် ဒါရိုက်တာ Davy Chouရဲ့ ကမ္ဘောဒီယားကားပါပဲ။ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ကမ္ဘောဒီးယားက အော်စကာ Best International Featureအတွက် သူ့နိုင်ငံကိုယ်စားပြုရွေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။

Return to Seoul (2022) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p 🌎 #France #Germany #Belgium #SouthKorea #Romania #Cambodia #Qatar ⏰ 1 နာရီ 59 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Return to Seoul ( 2022 ) ယဉ်ကျေးမှု ဆိုတာကို ” သဘာဝပတ်ဝန်းကျင်မှ လူတိုင်းကိုယ်တိုင်ဖန်တီးယူသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ယဉ်ကျေးမှု ဆိုသည်မှာ လူတစ်မျိုး၏ ဘဝတည်ဆောက် ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်သည်။လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူတို့ ဆက်ဆံ နေထိုင်စားသောက် လှုပ်ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှု စနစ်ဖြစ်သည်”လို့ ဖွင့်ဆိုထားတယ်။သူ့ဖွင့်ဆိုချက်အတိုင်းပဲ ယဉ်ကျေးမှုဟာ ရွေ့လျောသွားတဲ့နေရာ ရွေ့လျားသွားတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး မတူညီကြဘူး။နိုင်ငံကွဲ ဒေသကွဲ အရပ်ကွဲတာတွေထားဦး။ အိမ်တစ်အိမ်ထဲတောင် အဖေနဲ့သားရဲ့ ယဉ်ကျေးမှုခြင်းက မတူနိုင်ဘူး။ဘယ်တုန်းကမှလည်း လူကြီးတွေရဲ့ ယဉ်ကျေးမှုဟာ လူငယ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ထပ်မတူမကျဖူးဘူး။ဟိုးတုန်းက ဆံပင်အရှည်ထားလို့ လမ်းသရဲလို့သမုတ်ခံရတဲ့ ကျွန်တော်တို့ရှေ့မျိုးဆက်တွေနဲ့ သူတို့ရှေ့မျိုးဆက်တွေရဲ့ ယဉ်ကျေးမှုလည်းမတူသလို ကျွန်တော်တို့နဲ့ ဆံပင်ရှည်ထားတဲ့မျိုးဆက်က ယဉ်ကျေးမှုလည်းမတူဘူး။တကယ်လို့သာ နိုင်ငံကွဲသားသမီးတစ်ယောက်နဲ့ အဖေတစ်ယောက်ရဲ့ ယဉ်ကျေးမှုဆို ဘယ်လောက်ထိ ကွာခြားသွားနိုင်လဲ။ ဒီရုပ်ရှင်က ဒီအကြောင်းပါပဲ။ ဇာတ်ကားစစအဖွင့်မှာ ကိုရီးယားမျက်နှာနဲ့ ကောင်မလေးတစ်ယောက် တည်းခိုခန်းမှာ အခန်းလာငှားတယ်။လက်ရှိကိုရီးယားတွေထက်တောင် ကိုရီးယားစစ်တဲ့ ရုပ်ပေါက်နေပေမဲ့ တကယ်က သူက ပြင်သစ်သူ။သူ့ကိုယ်သူ ကိုရီးယားမိဘတွေရဲ့ သမီးမှန်း မွေးစားခံထားရမှန်း သူသိထားတယ်။ဒီတော့ ကိုရီးယားကို သူရောက်လာတာက သူ့အဖေနဲ့အမေအရင်းကို ရှာဖို့လို့ ပြောလို့ရတယ်။ဒီလိုနဲ့ ကိုရီးယားသူငယ်ချင်းတွေနဲ့ ကိုရီးယားယဉ်ကျေးမှုအတိုင်း သူတို့အရက်ဝိုင်းဖွဲ့ကြရာကနေ သူ့မိဘတွေကိုရှာတွေ့မယ့်လမ်းစကို သူရသွားတယ်။ကိုရီးယားရဲ့နာမည်ကြီး ကလေးမွေးစားရေးစီမံစင်တာပေါ့။ အဲဒီကိုသူသွားတော့ စင်တာရဲ့စနစ်က ထူးထူးခြားခြားပဲ သားသမီးထက် မိဘကို ကာကွယ်ပေးထားတာကိုတွေ့လိုက်ရတယ်။မွေးစားခံခဲ့ရတဲ့ သားသမီးက မိဘရင်းကို လာစုံစမ်းရင် စင်တာက မိဘရင်းတွေကိုသိခဲ့ရင် အဲဒီမိဘရင်းတွေရဲ့ လိပ်စာကို ၃ခါတိတိ ကြေးနန်းပို့ပေးတယ်။အကြောင်းပြန်မလာရင် ဥပဒေအရ မိဘတွေအနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့။ဘာနေနေ ဆက်သွယ်ကြည့်တော့ သူ့အဖေဘက်က ဆက်သွယ်လာပေမဲ့ သူ့အမေဘက်ကတော့ အကြောင်းပြန်မလာခဲ့ဘူး။ဒီလိုနဲ့ သူ့အဖေနဲ့ သူ့အဖေဘက်က အမျိုးတွေနဲ့ သွားတွေ့ကြည့်ခဲ့တယ်။ သူ့ကို စကားပြန်လုပ်ပေးတဲ့လူကတော့ သူ့သူငယ်ချင်းပြင်သစ်လိုတတ်တဲ့ကောင်မလေး။ဒီပြင်သစ်မလေးက မိဘရင်းတွေကို တွေ့လည်းတွေ့ချင်သလို ဒေါသလည်းနည်းနည်းရှိနေတယ်။သူကိုရီးယားနိုင်ငံရဲ့စီးပွားရေးမပြေလည်တဲ့ကာလတစ်ခုမှာ သူ့သမီးကောင်းစားစေချင်လို့ မွေးစားဖို့ပေးလိုက်မိတဲ့အဖေက နောင်တနဲ့ သမီးကိုပြန်လိုချင်တယ်။သမီးကလည်း ရိုင်းစိုင်းသလို ( သူ့နိုင်ငံနဲ့ သူ့ယဉ်ကျေးမှုအရတော့ ဒီလောက်ကြီးမရိုင်းဘူး ) အဖေကလည်း သမီးကို အတင်းဆက်သွယ်တာတွေ ဘာညာလုပ်လာတယ်။( ဒါကလည်း ကိုရီးယားရဲ့မိဘကို အလေးထားတဲ့ ယဉ်ကျေးမှုအရဆို ဒီလောက်မရိုင်းပေမဲ့ ကောင်မလေးအမြင်ကျ အတင်းကြီးဝင်စွက်ဖက်သလိုဖြစ်ပြီး မတရားရိုင်းသွားတယ်)ထူးတာက ဒီ၂ယောက်ကြားက ပေါင်းကူးဖြစ်တဲ့ စကားပြန်မလေးက သူတို့၂ယောက်စကားတွေကို စကားပြန်ရုံတင်မဟုတ်ဘဲယဉ်ကျေးမှုပေါင်းကူးပါလုပ်ပေးပြီး တစ်ယောက်စကားတစ်ယောက်နားမှာ မခါးရအောင် ဆိုသလိုမျိုး ပြန်ပေးသွားတာပဲ။ဒီဇာတ်မှာတော့ ယဉ်ကျေးမှု ၂ခုကြားမှာ အစကတည်းက ယဉ်ကျေးမှုမတူနိုင်တဲ့ အဖေနဲ့သမီး ဘယ်လိုရှေ့ဆက်ကြမလဲ ကြည့်ကြရမှာပါ။ဒါရိုက်တာရဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန်ကို ပြင်ဆင်ရိုက်ကူးထားတာမို့ ဒါမျိုးအဖြစ်တွေလည်းလောကမှာ ရှိတတ်ကြောင်းလည်းသိရတာပေါ့။ Return to Seoul ဟာ ကိုရီးယားမှာ ဇာတ်အိမ်တည်ရိုက်ထားတဲ့ ကမ္ဘောဒီးယား ပြင်သစ် ဒါရိုက်တာ Davy Chouရဲ့ ကမ္ဘောဒီယားကားပါပဲ။ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ကမ္ဘောဒီးယားက အော်စကာ Best International Featureအတွက် သူ့နိုင်ငံကိုယ်စားပြုရွေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။

Sid Is Dead (2023) ⭐IMDB: 5.6/10 (158 Votes) 🎬 #Comedy #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sid is Dead (2023) High School Comedy ကားတွေကြိုက်တတ်တဲ့သူတွေအတွက်American High School Theme အပြည့်ဝခံစားရမဲ့ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အထက်တန်းကျောင်းသားဘဝဆိုတာ ထင်တာထက်ဖိအားတွေ အများကြီးရှိတာပါ။၁၀ တန်းပြီးမှသာ ၁၀ တန်းကဘာမှမဟုတ်ဘူးပြောကြပေမဲ့ ၁၀ တန်းတုန်းကတော့ တကယ့်ဖိအားတွေနဲ့နေခဲ့ရသလို အမှတ်တရတွေလဲများခဲ့ကြသူတွေချည်းပါပဲ။ဒုက္ခဆိုတာ နောင်တချိန်ကျရင်တော့ ရယ်စရာတွေပါ ဆိုသလိုပေါ့။ခုဇာတ်ကားလေးမှာလဲ အမေရိကန်ရဲ့ ပညာရေးပုံစံတွေကို သရော်ထားတာတွေ။ ကျောင်းသားတွေရဲ့ဘဝကို ကျောင်းကပဲဖျက်ဆီးနေတာတွေကျောင်းသားဘဝကြုံရ ဆုံရအလွဲတွေကို တခွီးခွီးရယ်ရအောင် တင်ဆက်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဆစ်ဒ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက် အရာရာကိုရင်မဆိုင်ရဲပဲ အမြဲရှောင်ပြေးပုန်းရှောင်နေခဲ့ပါတယ်။သူ့ကိုယ်သူအထက်တန်းကျောင်းမှာ ရှင်သန်နိုင်ဖို့ စည်းကမ်းတွေပါ ထုတ်ထားပါတယ်။ဒါပေမဲ့ တနေ့မှာတော့ သူသွားရှုပ်လို့မရတဲ့ လူတကာကို အနိုင်ကျင့်နေတဲ့ အကောင်ကြီးကြီးရဲ့ သားတစ်ကောင်ကို သွားရှုပ်မိပါတယ်။အဲ့လိုရှုပ်မိရာမှ ဟိုကောင်ကကျောင်းနှစ်ပတ်နားလိုက်ရပါတယ်။အဲဒီအအတ္ပက် သူ့မှာ အသက်ရှင်ဖို့ရာ နှစ်ပတ်ပဲကျန်တော့ရာမှ မသေခင်စာရင်းလုပ်မယ်ဆိုပြီး မလုပ်ခဲ့ရတာတွေအကုန် လျောက်လုပ်ခဲ့ရာကနေဘယ်လိုတွေတလွဲဖြစ်ပြီး ဘယ်လိုပြဿနာတွေတက်မလဲဆိုတာတော့ တခွီးခွီးနဲ့ ကြည့်ရှုလိုက်ကြပါဦး။ *** စကားလုံးအသုံးနှုန်းလေးတွေကြမ်းတာတော့ သတိချပ်စေချင်ပါတယ်*** အညွှန်း နဲ့ ဘာသာပြန်ကဗတာ့K.Heinပဲ ဖြစ်ပါတယ်။

C.S.I Sanatan (2023) ⭐IMDB: 9.5/10 (2 k Votes) 🎬 #Bollywood #Crime #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 8 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 C.S.I. Sanatan (2023) IMDb-9.6/10 ဇာတ်လမ်းအညွှန်း ၁‌ ဒေါ်လာနဲ့ VCဆိုတဲ့ချေး‌ငွေကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံရုံနဲ့ အိမ်မက်တွေပြည့်၀မယ်လူမှုဘ၀အဆင်ပြေတယ်ဆိုပြီးဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ကာလပေါ့ အဲဒီချိန်မှာမှ VC ကုမ္ပဏီရဲ့ CEO ဗစ်ကရမ်အသတ်ခံလိုက်ရပါတယ်နိုင်ငံအတွင်းနာမည်ကြီးဟစ်ဖြစ်နေတဲ့လူအသတ်ခံရတာမို့ရဲတပ်ဖွဲ့တင်မဟုတ်ဘဲ အထူးပညာရှင်တွေပါလိုအပ်လာချိန်မှာဆန်နသန်၀င်ပါလာရ‌ပါတော့တယ် ဆန်နသန်ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကတော့ရဲဖြစ်ချင်တဲ့ဘ၀အိမ်မက်အတွက် စာမေးပွဲကျတဲ့အချိန်မှာ ရည်းစားကပစ်အစ်ကိုကသေနဲ့စိတ်ဓာတ်ကျနေရာက ပြစ်မှုဗေဒဝင်သင်ရင်းပြစ်မှုစုံစမ်းစစ်ဆေးရေးတွေမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်လာသူပါနိုင်ငံအတွင်းလတ်တလောနာမည်ကြီးထိပ်ပြေးနေတဲ့သူအသတ်ခံရတဲ့နောက်ကွယ်ကဘာများလဲဆန်နသန်ရဲ့ ကျွမ်းကျင်မှုပညာတွေနဲ့ ဘယ်လိုထုတ်ဖော်သွားမလဲဆိုတာတွေကမှုခင်းကားတွေကြိုက်တတ်တဲ့ ပရိသတ်ကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး

The Green Inferno (2013) ⭐IMDB: 5.3/10 (46 k Votes) 🎬 #Adventure #Horror #Thriller 🗓️ 2013 🎞️ Movie 📺 1080p 🌎 #Chile #UnitedStates #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Green Inferno (2013) IMDb rating – 5.3 ဇာတ်လမ်းအညွှန်း အာဖရိကအမျိုးသမီးအခွင့်အရေးအတွက် အားမလိုမရဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသူ ဂျက်စတင်းဟာ ကျောင်းစောင့်တွေအရေးအတွက် အစာငတ်ခံဆန္ဒပြနေတဲ့၊ အယ်လီဟန်ဒရိုခေါင်းဆောင်တဲ့၊ လူအခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ ကျောင်းသားအဖွဲ့ထဲ ဝင်ရောက်လာတယ်။ ပီရူးနိုင်ငံအပိုင်းထဲက အမေဇုန်တောတစ်နေရာမှာ တောကို ရှင်းပြီး အဖိုးတန်ဓာတ်ငွေ့တွေထုတ်ယူမယ့်ကုမ္ပဏီဟာ အဲ့တောနေရာက ရှားပါးလူရိုင်းမျိုးနွယ်စုဖြစ်တဲ့ ရာဟက်စ်တွေရဲ့ ရွာကိုပါ ထိပါးပြီး ဒေသခံလူမျိုးစုကိုပါ ရက်ရက်စက်စက် ရှင်းလင်းသတ်ပစ်လိုက်နိုင်တဲ့ ဒီအရေးကို တားဆီးဖို့ ကယ်တင်ဖို့ဟာ အယ်လီဟန်ဒရိုတို့အဖွဲ့ရဲ့ နောက်ထပ်ပရောဂျက်ဖြစ်လာပါတယ်။ ဒီအဖွဲ့က လူထုအာရုံစိုက်မှုရလာအောင် ဆန္ဒထုတ်ဖော်မှာဖြစ်ပြီး UNက ရှေ့နေကြီးရဲ့သမီး ဂျက်စတင်း တစ်ယောက်လည်း လိုက်လာခဲ့တယ်။ ခက်ခက်ခဲခဲဆန္ဒပြပြီး အပြန်လမ်းမှာ သူတို့စီးလာတဲ့ လေယာဉ်လေးက တောနက်ကြီးထဲမှာ ပျက်ကျပါလေရော။ တချို့လည်း သေကုန်ပြီး အသက်ရှင်ကျန်တဲ့ ဂျက်စတင်းတို့ လူစုကတော့ နောက်ထပ် “တစ်ပူပေါ် နှစ်ပူဆင့်”ဆိုသလိုပဲ ရာဟက်စ်တွေ ဖမ်းခေါ်သွားခံရပါတယ်။ ရာဟက်စ်လူမျိုးစုတွေက လူ့ဦးခေါင်းကိုအမဲလိုက်သူတွေ၊ လူသားစားလူရိုင်းမျိုးနွယ် ဖြစ်လေတော့….. ဂျက်စတင်းတို့ ဘာတွေဆက်ပြီး တွေ့ကြုံရမလဲ။ လူသားစားလူရိုင်းတွေ ဖမ်းခံရတာဆိုတော့ အသက်ရှင်လွတ်မြောက်မယ့်သူရော ရှိပါ့မလား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ လုံးဝ horror အကြမ်းစား၊ ကြည့်ရင်းနဲ့ကို အမလေး အမလေး အော်နေရမယ့် ဇာတ်လမ်းဖြစ်တာကြောင့် horror ကြိုက်တဲ့သူတွေအတွက် တကယ်ကြည့်ကောင်းမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (၁၈နှစ်အောက် ကလေးတွေနဲ့ စိတ်နုနုရွရွလူတွေအတွက် ကြည့်ရှုရန် မသင့်တော်ပါ။) ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။

C.S.I Sanatan (2023) ⭐IMDB: 9.5/10 (2 k Votes) 🎬 #Bollywood #Crime #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 8 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 C.S.I. Sanatan (2023) IMDb-9.6/10 ဇာတ်လမ်းအညွှန်း ၁‌ ဒေါ်လာနဲ့ VCဆိုတဲ့ချေး‌ငွေကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံရုံနဲ့ အိမ်မက်တွေပြည့်၀မယ်လူမှုဘ၀အဆင်ပြေတယ်ဆိုပြီးဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ကာလပေါ့ အဲဒီချိန်မှာမှ VC ကုမ္ပဏီရဲ့ CEO ဗစ်ကရမ်အသတ်ခံလိုက်ရပါတယ်နိုင်ငံအတွင်းနာမည်ကြီးဟစ်ဖြစ်နေတဲ့လူအသတ်ခံရတာမို့ရဲတပ်ဖွဲ့တင်မဟုတ်ဘဲ အထူးပညာရှင်တွေပါလိုအပ်လာချိန်မှာဆန်နသန်၀င်ပါလာရ‌ပါတော့တယ် ဆန်နသန်ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကတော့ရဲဖြစ်ချင်တဲ့ဘ၀အိမ်မက်အတွက် စာမေးပွဲကျတဲ့အချိန်မှာ ရည်းစားကပစ်အစ်ကိုကသေနဲ့စိတ်ဓာတ်ကျနေရာက ပြစ်မှုဗေဒဝင်သင်ရင်းပြစ်မှုစုံစမ်းစစ်ဆေးရေးတွေမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်လာသူပါနိုင်ငံအတွင်းလတ်တလောနာမည်ကြီးထိပ်ပြေးနေတဲ့သူအသတ်ခံရတဲ့နောက်ကွယ်ကဘာများလဲဆန်နသန်ရဲ့ ကျွမ်းကျင်မှုပညာတွေနဲ့ ဘယ်လိုထုတ်ဖော်သွားမလဲဆိုတာတွေကမှုခင်းကားတွေကြိုက်တတ်တဲ့ ပရိသတ်ကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး

Secret (2009) ⭐IMDB: 6.5/10 (625 Votes) 🎬 #Crime #Thriller 🗓️ 2009 🎞️ Movie 📺 720p 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Secret(2009) *********** အဓိကဇာတ်ဆောင်တွေအနေနဲ့ Cha Seung Won, Song Yoon A, Ryoo Seung Ryong တို့ ပါဝင်ထားကြပါတယ်။ စုံထောက် ကင်ဆောင်းယော (Cha Seung Won) ဆိုတဲ့သူမှာ သိပ်လှတဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ်.. သူဟာ အလုပ်မှာတာဝန်ကျေတယ်လို့ဆိုရပေမဲ့ ဇနီးဖြစ်သူအပေါ်တော့ ခင်ပွန်းဝတ္တရားကျေပုံမရဘူး… ဒါ့ကြောင့် သူတို့လင်မယားရဲ့ အိမ်ထောင်ရေးဟာအဆင်ပြေလှတယ်ရယ်တော့မဟုတ်ဘူး…ဒါပေမဲ့ သူဟာ နည်းလမ်းအမျိုးမျိုးနဲ့ ဇနီးဖြစ်သူနဲ့အဆင်ပြေဖို့ကြိုးစားရှာတယ်… တစ်နေ့တော့ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးသတ်ခံရတယ်.. ဒီအမှုကိုလိုက်ဖို့ သူ့ကိုပဲ စခန်းမှူးက တာဝန်ပေးလိုက်တယ်… အမှုမှာ သက်သေတွေလိုက်စစ်တဲ့အခါမှာ သက်သေအဖြစ်ကျန်ခဲ့တဲ့ ကြယ်သီးတစ်လုံးနဲ့ နားကတ်တစ်ဖက်ဟာ သူ့မိန်းမရဲ့ပစ္စည်းတွေဖြစ်နေတယ်… ဒီလိုနဲ့ တရားခံဖြစ်ဖို့ရာခိုင်နှုန်းများတဲ့ မိန်းမရဲ့ သက်သေခံပစ္စည်းတွေဖြစ်နေတဲ့အတွက်ကြောင့် သူဟာ ဒီသက်သေတွေကိုဖျောက်ပြီး အမှုကို တလွဲတွေလုပ်ဖို့ကြံစည်ပါတော့တယ်..အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….

Secret (2009) ⭐IMDB: 6.5/10 (625 Votes) 🎬 #Crime #Thriller 🗓️ 2009 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Secret(2009) *********** အဓိကဇာတ်ဆောင်တွေအနေနဲ့ Cha Seung Won, Song Yoon A, Ryoo Seung Ryong တို့ ပါဝင်ထားကြပါတယ်။ စုံထောက် ကင်ဆောင်းယော (Cha Seung Won) ဆိုတဲ့သူမှာ သိပ်လှတဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ်.. သူဟာ အလုပ်မှာတာဝန်ကျေတယ်လို့ဆိုရပေမဲ့ ဇနီးဖြစ်သူအပေါ်တော့ ခင်ပွန်းဝတ္တရားကျေပုံမရဘူး… ဒါ့ကြောင့် သူတို့လင်မယားရဲ့ အိမ်ထောင်ရေးဟာအဆင်ပြေလှတယ်ရယ်တော့မဟုတ်ဘူး…ဒါပေမဲ့ သူဟာ နည်းလမ်းအမျိုးမျိုးနဲ့ ဇနီးဖြစ်သူနဲ့အဆင်ပြေဖို့ကြိုးစားရှာတယ်… တစ်နေ့တော့ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးသတ်ခံရတယ်.. ဒီအမှုကိုလိုက်ဖို့ သူ့ကိုပဲ စခန်းမှူးက တာဝန်ပေးလိုက်တယ်… အမှုမှာ သက်သေတွေလိုက်စစ်တဲ့အခါမှာ သက်သေအဖြစ်ကျန်ခဲ့တဲ့ ကြယ်သီးတစ်လုံးနဲ့ နားကတ်တစ်ဖက်ဟာ သူ့မိန်းမရဲ့ပစ္စည်းတွေဖြစ်နေတယ်… ဒီလိုနဲ့ တရားခံဖြစ်ဖို့ရာခိုင်နှုန်းများတဲ့ မိန်းမရဲ့ သက်သေခံပစ္စည်းတွေဖြစ်နေတဲ့အတွက်ကြောင့် သူဟာ ဒီသက်သေတွေကိုဖျောက်ပြီး အမှုကို တလွဲတွေလုပ်ဖို့ကြံစည်ပါတော့တယ်..အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….

The Wedding Wish (2023) ⭐IMDB: 6.2/10 (74 Votes) 🎬 #Comedy #Romance #TVMovie 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Wedding Wish (2023) ~ IMDb rating – 6.2/10 ~ ဒီတစ်ခါ မိတ်ဆက်​ပေးမယ့်ကား​လေးက​တော့ 2023 မှာထွက်ရှိထားတဲ့ အသက် 35 နှစ်အမီ မင်္ဂလာ​ဆောင်ချင်တဲ့ ဂျန်နီနယူးလပ်ရဲ့ ​ကောင်​လေးရှာပုံ​တော်ဖွင့်တာ​လေးကို ဟာသဆန်ဆန် ​ရိုက်ပြထားထားတဲ့ Comedy, Romance ကား The Wedding Wish ​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အသက် ၃၅ နှစ်ပြည့်​မွေး​နေ့မှာ အပြီးပြည့်စုံဆုံး ​အမျိုးသားနဲ့ အ​ကောင်းဆုံး မင်္ဂလာပွဲကိုကျင်းပရမယ်လို့ ​ဗေဒင်ဆရာက ​​ဟောကိန်းထုတ်လိုက်တာ​ကြောင့် ဂျန်နီတစ်​ယောက် ၃၅ နှစ်ပြည့်ခါနီးထဲက စိတ်​တွေလှုပ်ရှားပြီး ခန်းမ​တွေ ဘိုကင်လုပ် မိတ်ကပ်​အဖွဲ့​တွေ ငှားထား​ပေမယ့် သူ့မှာ မရှိ​သေးတာက သူ့ကိုလက်ထပ်မယ့် သတို့သား​လောင်းပါ။ သတို့သားရှာပုံ​တော်ဖွင့်ရင်း ကြုံ​တွေ့ရမယ့် ဟာသ​တွေ၊ သူငယ်ချင်း​တွေရဲ့ ကူညီမှု​တွေနဲ့ ဂျန်နီ​တစ်​ယောက် သတို့သား​​လောင်းကို​တွေ့သွားလား… ဟောကိန်းကမှန်သွားလား… ဒါမှမဟုတ် ဂျန်နီ​တစ်​ယောက် ​​​ဟောကိန်းကမဖြစ်နိုင်ဘူးဆိုတာကို လက်ခံလိုက်ရလားဆိုတာ​တွေကို ဟာသဆန်ဆန် ရိုက်ပြထားတဲ့ကား​ကောင်း​လေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

The Wedding Wish (2023) ⭐IMDB: 6.2/10 (74 Votes) 🎬 #Comedy #Romance #TVMovie 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Wedding Wish (2023) ~ IMDb rating – 6.2/10 ~ ဒီတစ်ခါ မိတ်ဆက်​ပေးမယ့်ကား​လေးက​တော့ 2023 မှာထွက်ရှိထားတဲ့ အသက် 35 နှစ်အမီ မင်္ဂလာ​ဆောင်ချင်တဲ့ ဂျန်နီနယူးလပ်ရဲ့ ​ကောင်​လေးရှာပုံ​တော်ဖွင့်တာ​လေးကို ဟာသဆန်ဆန် ​ရိုက်ပြထားထားတဲ့ Comedy, Romance ကား The Wedding Wish ​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အသက် ၃၅ နှစ်ပြည့်​မွေး​နေ့မှာ အပြီးပြည့်စုံဆုံး ​အမျိုးသားနဲ့ အ​ကောင်းဆုံး မင်္ဂလာပွဲကိုကျင်းပရမယ်လို့ ​ဗေဒင်ဆရာက ​​ဟောကိန်းထုတ်လိုက်တာ​ကြောင့် ဂျန်နီတစ်​ယောက် ၃၅ နှစ်ပြည့်ခါနီးထဲက စိတ်​တွေလှုပ်ရှားပြီး ခန်းမ​တွေ ဘိုကင်လုပ် မိတ်ကပ်​အဖွဲ့​တွေ ငှားထား​ပေမယ့် သူ့မှာ မရှိ​သေးတာက သူ့ကိုလက်ထပ်မယ့် သတို့သား​လောင်းပါ။ သတို့သားရှာပုံ​တော်ဖွင့်ရင်း ကြုံ​တွေ့ရမယ့် ဟာသ​တွေ၊ သူငယ်ချင်း​တွေရဲ့ ကူညီမှု​တွေနဲ့ ဂျန်နီ​တစ်​ယောက် သတို့သား​​လောင်းကို​တွေ့သွားလား… ဟောကိန်းကမှန်သွားလား… ဒါမှမဟုတ် ဂျန်နီ​တစ်​ယောက် ​​​ဟောကိန်းကမဖြစ်နိုင်ဘူးဆိုတာကို လက်ခံလိုက်ရလားဆိုတာ​တွေကို ဟာသဆန်ဆန် ရိုက်ပြထားတဲ့ကား​ကောင်း​လေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Evil Dead Rise (2023) ⭐IMDB: 7.0/10 (39 k Votes) 🎬 #Evil Dead Franchise #Horror 🗓️ 2023 🎞️ Movie 📺 4K 🌎 #UnitedStates #NewZealand #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Evil Dead Rise (2023) ~ IMDb – 7.1/10, RT – 84%, Meta – 69% ~ Evil Dead ဆိုတာ ဟော်ရာရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ ဟောဒီရုပ်ရှင်ကတော့ Evil Dead ရဲ့ ၅ ကားမြောက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ကျန်တဲ့လေးကားကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပြီးပါပြီ။ ဒါရိုက်တာ Lee Cronin ဟာ အရင်က The Hole in the Ground ဆိုတဲ့ဟော်ရာကားတစ်ကားလောက်ပဲ ကြီးကြီးမားမားရိုက်ဖူးပေမဲ့ ဒီ Evil Dead ရုပ်ရှင်မှာတော့ ရှားရှားပါးပါး IMDb – 7.1/10 ရတဲ့အထိ လက်စွမ်းပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ The Hole in the Ground ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဒီရုပ်ရှင်က အစတုန်းက HBO Max ကနေ ပြဖို့လောက်ပဲ စီစဉ်ထားပေမဲ့ အကြိုပွဲတွေမှာအရမ်းကို လူကြိုက်များလွန်းတာကြောင့် ရုံတင်ဖို့ဆုံးဖြတ်လိုက်ရတဲ့အထိ ဖြစ်သွားတာပါ။ မူရင်းသုံးကားမှာအဓိကပါဝင်ခဲ့တဲ့ မင်းသား ဘရုစ်ကမ်းဘဲ မပါဝင်တော့ပေမဲ့ သူ့အသံကိုတော့ အသံဖမ်းတိတ်ခွေတစ်နေရာမှာ ထည့်သွင်းအသုံးပြုပေးထားသလို အရင်ရုပ်ရှင်တွေထဲက ကြောက်စရာအကောင်းဆုံး စကားလုံးတွေကိုလည်း ပြန်လည်ထည့်သွင်းပေးထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အယ်လီဟာ ကလေးသုံးယောက်အမေ တက်တူးပညာရှင် တစ်ကိုယ်ရည်မိခင် ဖြစ်ပါတယ်။ သူ့ရဲ့ ညီမ ဘက်သ်ကတော့ ဂစ်တာနည်းပညာရှင်ဖြစ်ပြီး တစ်နေ့မှာ သူ့အစ်မအိမ်ကိုလာလည်တဲ့အချိန်မှာပဲ Evil Dead ရုပ်ရှင်တွေရဲ့ မပါမဖြစ် သေမင်းစာအုပ်ကြီးကို ကလေးတစ်ယောက် မတော်တဆတွေ့သွားပြီး မိစ္ဆာတွေလွတ်မြောက်လာတဲ့အခါ…ဒီမိသားစု ၅ ယောက်ဘယ်သူတွေသေပြီး ဘယ်သူတွေဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ရမလဲ တွေ့ရပါလိမ့်မယ်… ~Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Locke (2013) ⭐IMDB: 7.1/10 (154 k Votes) 🎬 #Drama #Thriller 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 7.1 , RT – 91% ဒီဇာတ်ကားက ကျွန်တော်တို့ရဲ့ အချစ်တော် Venom ကြီး Tom Hardyနဲ့ Spidyလေး Tom Holland တို့ရဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် Heart Stopper၊ The Crown၊ Puss in boots တို့ထဲမှာ သရုပ်ဆောင်ဖူးတဲ့ Olivia Colmanလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းလေးကို မပြောခင် သင်ဟာ One Night Stand ကို ဘယ်လိုမြင်ပါသလဲ။ သင်ဟာ One Night Stand လုပ်နေသူလား၊ လုပ်ခဲ့သူလား၊ လုပ်ဖို့ကြံရွယ်နေတဲ့လူလားဆိုတာကို သုံးသပ်စေလိုပါတယ်။ အိုင်ဗန်လော့ခ်ဆိုတဲ့ အမျိုးသားက ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ အောင်မြင်တဲ့ ဆောက်လုပ်ရေး မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အရာရာအဆင်ပြေလှတဲ့ သူ့ရဲ့ဘဝထဲကို သူ တစ်ညတာ One Night Stand ခဲ့ဖူးတဲ့ ဗေသန် မက်ဂွားယားဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိုင်ဗန်နဲ့ရတဲ့ ကလေးကို မွေးဖို့ သားဖွားခန်းထဲရောက်နေတယ်ဆိုပြီး ဖုန်းဝင်လာခဲ့တဲ့အခါမှာတော့ …. ။ အဖေက သူ့ကိုမွေးပြီး ပစ်သွားခဲ့တဲ့ အဖေ့အပေါ် နာကျည်းချက်တွေရှိနေတဲ့ အိုင်ဗန်တစ်ယောက် သူ့အဖေ အမှားမျိုး ထပ်မမှားအောင် ကိုယ်ဝန်ကိုတာဝန်ယူပါ့မလား၊ ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့တည်ထောင်ထားတဲ့ မိသားစုဘဝလေးနဲ့ ဗေသန် အကြား ဘယ်သူ့ကိုရွေးချယ်သွားမလဲ။ ပုဂ္ဂိုလ်ရေး ပြဿနာတက်နေတဲ့သူ့အဖို့ အလုပ်မှာပါ ပြဿနာ တက်လာသောအခါ …..အိုင်ဗန်တစ်ယောက် မိသားစုရေး၊ One Night Standခဲ့တဲ့အမျိုးသမီးနဲ့ရတဲ့ ကလေးအရေး၊ အလုပ်အရေးတွေကို သူဘယ်လိုများစီမံမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကလေ ဘာသာပြန်သူအဖို့တော့ တော်တော်လေး ပညာရတဲ့ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ အမှားတစ်ခုကနေ အရာရာဟာ ဖြစ်တတ် ပျက်တတ်တဲ့ သဘောကို ပေါ်လွင်အောင်ရိုက်ပြထားတာ အဆုံးထိကို ပြီးလို့ပြီးသွားမှန်းကို မသိလိုက်ဘူး။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဆုံးတာနဲ့ ရင်ထဲမှာ တစ်ခုခုကို ကျန်ခဲ့တဲ့ဇာတ်ကားကို့ပြောရင်း Reviewလေးကို အဆုံးသတ်ပရစေ။

Sound of Silence (2023) ⭐IMDB: 4.2/10 (347 Votes) 🎬 #Horror #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #Italy ⏰ 1 နာရီ 33 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အမ်မာဟာအဆိုတော်ဖြစ်ချင်သူတစ်ယောက်ပါ။ ဒါပေမဲ့ အကဲဖြတ်ဒိုင်တွေရှေ့ကိုရောက်သွားတိုင်းမှာ အသံမထွက်နိုင်တော့ပဲကြောက်နေတာကြောင့် သူ့ရဲ့ပါရမီတွေကိုထုတ်ပြခွင့်မရပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အီတလီက သူ့အမေကဖုန်းဆက်ပြီး ပြန်လာဖို့ခေါ်တဲ့အတွက် အီတလီကိုပြန်သွားတဲ့အခါမှာတော့ သူ့ရဲ့အဖေက လှေကားပေါ်ကနေပြုတ်ကျပြီး အထူးကြပ်မတ်ကုသဆောင်မှာကုသနေရပါတယ်။ အမ်မာရဲ့ အမေဆီမှာလည်း ဒဏ်ရာတွေရှိနေတဲ့အတွက် ဆရာဝန်တွေကတော့ အိမ်တွင်းအကြမ်းဖက်မှုလို့ယူဆထားပြီး သေချာစောင့်ကြည့်ခိုင်းထားတယ်။ ဒါပေမဲ့ အမ်မာရဲ့အမေကတော့ အမ်မာရဲ့အဖေမဟုတ်တဲ့လူက သူကိုသတ်ဖို့ကြိုးစားတယ်လို့ပြောတဲ့အတွက် အမ်မာတစ်ယောက်အိမ်ကိုပြန်ပြီး ဖြစ်ခဲ့တာကိုလေ့လာကြည့်ရင်း သူ့အဖေပြင်နေတဲ့ ရေဒီယို အဟောင်းလေးတစ်လုံးမှာ ရှိနေတဲ့အရာက ဒီလိုတွေဖြစ်အောင်လုပ်လိုက်မှန်းသိလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ပြီးဖြစ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါဗျ။

Locke (2013) ⭐IMDB: 7.1/10 (154 k Votes) 🎬 #Drama #Thriller 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 7.1 , RT – 91% ဒီဇာတ်ကားက ကျွန်တော်တို့ရဲ့ အချစ်တော် Venom ကြီး Tom Hardyနဲ့ Spidyလေး Tom Holland တို့ရဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် Heart Stopper၊ The Crown၊ Puss in boots တို့ထဲမှာ သရုပ်ဆောင်ဖူးတဲ့ Olivia Colmanလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းလေးကို မပြောခင် သင်ဟာ One Night Stand ကို ဘယ်လိုမြင်ပါသလဲ။ သင်ဟာ One Night Stand လုပ်နေသူလား၊ လုပ်ခဲ့သူလား၊ လုပ်ဖို့ကြံရွယ်နေတဲ့လူလားဆိုတာကို သုံးသပ်စေလိုပါတယ်။ အိုင်ဗန်လော့ခ်ဆိုတဲ့ အမျိုးသားက ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ အောင်မြင်တဲ့ ဆောက်လုပ်ရေး မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အရာရာအဆင်ပြေလှတဲ့ သူ့ရဲ့ဘဝထဲကို သူ တစ်ညတာ One Night Stand ခဲ့ဖူးတဲ့ ဗေသန် မက်ဂွားယားဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိုင်ဗန်နဲ့ရတဲ့ ကလေးကို မွေးဖို့ သားဖွားခန်းထဲရောက်နေတယ်ဆိုပြီး ဖုန်းဝင်လာခဲ့တဲ့အခါမှာတော့ …. ။ အဖေက သူ့ကိုမွေးပြီး ပစ်သွားခဲ့တဲ့ အဖေ့အပေါ် နာကျည်းချက်တွေရှိနေတဲ့ အိုင်ဗန်တစ်ယောက် သူ့အဖေ အမှားမျိုး ထပ်မမှားအောင် ကိုယ်ဝန်ကိုတာဝန်ယူပါ့မလား၊ ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့တည်ထောင်ထားတဲ့ မိသားစုဘဝလေးနဲ့ ဗေသန် အကြား ဘယ်သူ့ကိုရွေးချယ်သွားမလဲ။ ပုဂ္ဂိုလ်ရေး ပြဿနာတက်နေတဲ့သူ့အဖို့ အလုပ်မှာပါ ပြဿနာ တက်လာသောအခါ …..အိုင်ဗန်တစ်ယောက် မိသားစုရေး၊ One Night Standခဲ့တဲ့အမျိုးသမီးနဲ့ရတဲ့ ကလေးအရေး၊ အလုပ်အရေးတွေကို သူဘယ်လိုများစီမံမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကလေ ဘာသာပြန်သူအဖို့တော့ တော်တော်လေး ပညာရတဲ့ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ အမှားတစ်ခုကနေ အရာရာဟာ ဖြစ်တတ် ပျက်တတ်တဲ့ သဘောကို ပေါ်လွင်အောင်ရိုက်ပြထားတာ အဆုံးထိကို ပြီးလို့ပြီးသွားမှန်းကို မသိလိုက်ဘူး။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဆုံးတာနဲ့ ရင်ထဲမှာ တစ်ခုခုကို ကျန်ခဲ့တဲ့ဇာတ်ကားကို့ပြောရင်း Reviewလေးကို အဆုံးသတ်ပရစေ။

Sound of Silence (2023) ⭐IMDB: 4.2/10 (347 Votes) 🎬 #Horror #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Italy ⏰ 1 နာရီ 33 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အမ်မာဟာအဆိုတော်ဖြစ်ချင်သူတစ်ယောက်ပါ။ ဒါပေမဲ့ အကဲဖြတ်ဒိုင်တွေရှေ့ကိုရောက်သွားတိုင်းမှာ အသံမထွက်နိုင်တော့ပဲကြောက်နေတာကြောင့် သူ့ရဲ့ပါရမီတွေကိုထုတ်ပြခွင့်မရပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အီတလီက သူ့အမေကဖုန်းဆက်ပြီး ပြန်လာဖို့ခေါ်တဲ့အတွက် အီတလီကိုပြန်သွားတဲ့အခါမှာတော့ သူ့ရဲ့အဖေက လှေကားပေါ်ကနေပြုတ်ကျပြီး အထူးကြပ်မတ်ကုသဆောင်မှာကုသနေရပါတယ်။ အမ်မာရဲ့ အမေဆီမှာလည်း ဒဏ်ရာတွေရှိနေတဲ့အတွက် ဆရာဝန်တွေကတော့ အိမ်တွင်းအကြမ်းဖက်မှုလို့ယူဆထားပြီး သေချာစောင့်ကြည့်ခိုင်းထားတယ်။ ဒါပေမဲ့ အမ်မာရဲ့အမေကတော့ အမ်မာရဲ့အဖေမဟုတ်တဲ့လူက သူကိုသတ်ဖို့ကြိုးစားတယ်လို့ပြောတဲ့အတွက် အမ်မာတစ်ယောက်အိမ်ကိုပြန်ပြီး ဖြစ်ခဲ့တာကိုလေ့လာကြည့်ရင်း သူ့အဖေပြင်နေတဲ့ ရေဒီယို အဟောင်းလေးတစ်လုံးမှာ ရှိနေတဲ့အရာက ဒီလိုတွေဖြစ်အောင်လုပ်လိုက်မှန်းသိလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ပြီးဖြစ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါဗျ။

Real Steel (2011) ⭐IMDB: 7.0/10 (339 k Votes) 🎬 #Action #Drama #Sci-Fi #SciFi #Sport 🗓️ 2011 🎞️ Movie 📺 720p 🌎 #UnitedStates #India ⏰ 2 နာရီ 7 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating(7.1) မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ ဇာတ်လမ်းကတော့…စက်ရုပ်‌တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ…ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။စက်ရုပ်ရဲ့ နာမည်က …. အက်ပ်တန် ….ပါ….နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီးဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ…..။