无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Other Woman (2009)
⭐IMDB: 6.3/10 (20 k Votes)
🎬 #Drama
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Other Woman (2009)===================IMDb Rating – 6.3/10
ဒီဇာတ်ကားလေးကတော့ အိမ်ထောင်ရေးနဲ့ မိသားစုအရှုပ်ထုတ်တွေကြားက ဒရမ်မာလေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
အီမီလီယာ ရဲ့သမီးလေးဟာ မွေးပြီးသုံးရက်လောက်မှာပဲသေဆုံးခဲ့ပါတယ်။ ကလေးဆုံးလို့စိတ်ဓာတ်ကျနေတဲ့ အီမီလီယာ ဟာသူ့ယောက်ျားဂျက် နဲ့အိမ်ထောင်ရေးကိုလည်း တည်မြဲဖို့ကြိုးစားနေရပါတယ်။ ဂျက်ကအရင်မိန်းမနဲ့ကွဲပြီး အီမီလီယာ နဲ့လက်ထပ်ထားသူပါ။ အရင်မိန်းမနဲ့ရခဲ့တဲ့ ဝီလျံ ဆိုတဲ့သားလေးတစ်ယောက်လည်းရှိပါတယ်။ ကလေးဆုံးလို့၀မ်းနည်းပူဆွေးနေရတဲ့အပြင် ဝီလျံ နဲ့ဆက်ဆံရေးအဆင်မပြေမှုတွေ၊ ဝီလျံအမေရဲ့ ချုပ်ခြယ်ပြီး လက်ပေါက်ကပ်မှုတွေနဲ့ သူ့ရဲ့မိသားစုပြဿနာတွေကို အီမီလီယာ တစ်ယောက်ခံစားနေရတာပါ။
ဒီဇာတ်ကားလေးထဲမှာဆိုရင် မိထွေးနဲ့သားဖြစ်သူတို့ကြားက မေတ္တာတွေ၊ဝီလျံ ကိုသူငယ်ချင်းတစ်ယောက်လိုပေါ့ပေါ့ပါးပါးပဲ ဆက်ဆံတဲ့ မိထွေးအီမီလီယာနဲ့ စည်းကမ်းကြီးပြီး အသေးအမွှားလေးကအစဂရုစိုက်တတ်တဲ့ အမေအရင်းတို့ရဲ့ ကွာခြားပုံ စတာတွေကို ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Katt ဖြစ်ပါတယ်)...
Princess (2022)
⭐IMDB: 6.5/10 (129 Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Italy
⏰ 1 နာရီ 50 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Princess (2022)===========IMDb Rating – 6.5/10
“ကျွန်မဘဝထဲ ဝင်လာတယ် ပိုက်ဆံမပေးဘဲ ပြန်ထွက်သွားတယ်။ဒါဆို ကျွန်မကို အသုံးချနေတာပေါ့” တဲ့။ ပရင့်ဆက်က တရားမဝင်နေထိုင်နေတဲ့ ၁၉ နှစ်အရွယ် ပြည့်တန်ဆာမလေး။တစ်နေ့တစ်နေ့မြို့အစွန်က တောအုပ်နားမှာ ဖောက်သည်တွေရှာရင်း အလုပ်လုပ်တယ်။ တရားမဝင်နေထိုင်သူဖြစ်တဲ့အလျောက် အာဏာပိုင်တွေလာဖမ်းရင်လည်း ထွက်ပြေးရတာပေါ့။
တစ်နေ့တော့ ပရင့်ဆက်က သူ့နဲ့အလုပ်တူ သူငယ်ချင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြတယ်။ ဒါကတော့ သူ့မိန်းမကိုယ်က နိုင်ဂျီးရီးယားက တခြားမိန်းမရဲ့ မိန်းမကိုယ်နဲ့ လဲထားတာပါတဲ့။ ဒါကြောင့် ဖောက်သည်တွေနဲ့ ဆက်ဆံတိုင်း သူကဘာမှမခံစားရဘဲ နိုင်ဂျီးရီးယားကမိန်းမကသာ ခံစားရတာမို့ ဒီအလုပ်လုပ်ရတာ တစ်ခါမှမညည်းခဲ့တာပါတဲ့။
တစ်ရက်မှာ ပရင့်ဆက်က သူကျက်စားရာ တောထဲမှာ မှိုရှာထွက်တဲ့ယောက်ျားတစ်ယောက်နဲ့ ဆုံပါတယ်။ တစ်ကြိမ်ကနေ နှစ်ကြိမ် သုံးကြိမ်ထိ ခဏခဏ ဆုံဖြစ်ကြတာတောင် ဒီယောက်ျားက ပရင့်ဆက်ကို ရိုးရိုးသားသားပဲ ဆက်ဆံတဲ့အခါ၊ တတိတိနဲ့ ပရင့်ဆက်ဘဝထဲဝင်လာပြီး ပရင့်ဆက်နဲ့ အဆင့်တွေတက်ချင်တဲ့အခါ…..ပရင့်ဆက်ရဲ့လျှို့ဝှက်ချက်ကြောင့် ဘာတွေဖြစ်လာမလဲ။ တရားမဝင်နေထိုင်တဲ့ပြည့်တန်ဆာအလုပ်သမားတွေရဲ့ ကြမ်းတမ်းတဲ့ လူနေမှုဘဝကို မီးမောင်းထိုးရိုက်ကူးထားတာ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)...
Hustle 3 (2023)
⭐IMDB: 4.9/10 (32 Votes)
🎬 #Uncategorized #Crime
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 30 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hustle 3 (2023)============
ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ အန်တိုနီရိုဂျက် ဖာဆန် က ကိုယ်တိုင်ရေးကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပြီး အကြောင်းအရာကတော့ အမေရိကန်ပြည်ထောင်စု ၊ မေရီလဲန်းပြည်နယ် ဘောလ်ဒီမိုးမြို့က တရားမဝင်ဒုစရိုက်လုပ်ငန်းတွေ ၊ လူသတ်မှုတွေ ၊ မူးယစ်ဆေးတွေ အကြောင်းကို အခြေပြုပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်လမ်းမှာ အာဖရိကန် – အမေရိကန် လူမျိုး အနုပညာသရုပ်ဆောင်တွေ အမြောက်အများ(၂၀ ဦးခန့်) ပါဝင်ထားပြီးတော့ ရိုက်ကူးထားပါတယ်။
လူမိုက်ဂိုဏ်းတွေမှာ ဖြစ်လေ့ရှိတဲ့ ၊ အခြေအနေတွေနဲ့ သူတို့အလုပ်တွေမှာသုံးလေရှိတဲ့ စကားတွေနဲ့ ပြောဆိုထားတာတွေ များတာကြောင့် ကနေ့ခေတ်ဗန်းစကားတွေ အမြောက်အများ ၊ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေအမြောက်အများကိုတော့ တွေ့ရမှာပါ။ အဓိကအကြောင်းအရာကတော့ ဘောလ်ဒီမိုးမြို့ကို မူးယစ်ဂိုဏ်းနှစ်ခုက လက်ဝါးကြီးအုပ်ထားတဲ့အခြေအနေမှာ သူတို့ဂိုဏ်းနှစ်ဂိုဏ်းက မတည့်ကြသလို၊ သူတို့ဂိုဏ်းနှစ်ခုကို အောက်ခြေမှာ ပုန်ကန်လိုကြသူတွေရှိပြန်တာကြောင့် ပြသနာပေါင်းစုံရှိနေပါတယ်။ တစ်ဘက်ကလည်းအစိုးရရဲ့ မူးယစ်နှိမ်နင်းရေးက ဝင်လာတာမို့ ဇာတ်အိမ်က ခပ်ရှုပ်ရှုပ်ဖြစ်တာကြောင့် ပရိတ်သတ်တွေအနေနဲ့ တွေးရင်းတောရင် ကြည့်ရှုရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...
American Terror Tales 2 (2023)
⭐IMDB: 3.2/10 (58 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 13 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
American Terror Tales 2 (2023)======================
American Terror Tales 2 ကတော့ သရဲကားကိုမှ တစ္ဆေတွေဝင်ပူးတဲ့ သရဲအိမ်၊ လူသတ်တဲ့အရုပ်နဲ့ အကကျောင်းက စုန်းမလေးဆိုပြီး သုံးပိုင်းခွဲ ပြထားတဲ့ horror ဇာတ်ကားပါ။ ဇာတ်ကားအရှိန်ကအရမ်းကြောက်ဖို့မကောင်းပေမဲ့ visual ကတော့ တော်တော်လေးcreepy and gross ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး horror ဇာတ်လမ်းအတို ကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်ပျော်ရှုပျော်ဖြစ်စေမယ့်ကားမျိုးပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Cemara's Family 2 (2022)
⭐IMDB: 6.0/10 (163 Votes)
🎬 #Drama #Family
🗓 2022 🎞 movie
🌎 #Indonesia #Malaysia
⏰ 1 နာရီ 54 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cemara’s Family 2 (2022)===================IMDb Rating – 6.0/10
အာရာရဲ့ မိသားစုဟာ တစ်ချိန်က ဖြစ်ခဲ့တဲ့ အခက်အခဲကြောင့် ကြိုးစားရုန်းကန်နေရတယ်။ အာရာရဲ့အဖေဟာ နောက်ဆုံးမှာတော့ ကြက်ခြံမှာအလုပ်အသစ်တစ်ခုရသွားတယ်။ အလုပ်ရသွားတဲ့အတွက်ကြောင့် အာရာကို ကိုယ့်ဘာသာကိုယ် ကျောင်းကနေ အိမ်ပြန်တတ်အောင်ကြိုးစားရမယ်လို့မှာထားပါတယ်။ အထက်တန်းကျောင်းသူဖြစ်လာတဲ့ အာရာရဲ့အစ်မဖြစ်သူ အီးစ်ဟာ လူငယ်သဘာဝ စိတ်ကစားတတ်တဲ့အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် အာရာနဲ့ တစ်ခန်းတည်းအတူတူသုံးစွဲရတာ သူ့အတွက်စိတ်မလွတ်လပ်ဘူးဖြစ်နေတယ်။ တစ်နေ့ထမင်းစားဝိုင်းမှာ အီးစ်က အာရာကိုကျောင်းအလုပ်တွေလည်းရှိတဲ့အတွက် အမြဲတမ်းကျောင်းလာမကြိုနိုင်ကြောင်း ပြီးတော့ သီးသန့်အခန်းလိုချင်ကြောင်းပြောတယ်။
ကလေးအရွယ် အာရာက သူ့ကိုကတိပေးထားတာတွေကိုဖျက်တဲ့အတွက်စိတ်မကောင်းဖြစ်နေတာပေါ့။ မိဘတွေလည်းအခန်းခွဲပေးလိုက်ပြီး အာရာရဲ့အခန်းကို စနေနေ့မှာပြင်ပေးမယ်လို့ပြောထားတယ်။ ကျောင်းကအပြန်ကောက်ရလာတဲ့ကြက်ပေါက်လေးကပဲ စိတ်အားငယ်နေတဲ့အာရာအတွက်တော့စိတ်ဖြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မကောင်းဖြစ်နေတဲ့ အချိန်မှာအဖေဖြစ်သူကပါ ကတိပျက်တဲ့အတွက် ပိုဆိုးသွားေတာ့တယ်။ ဝမ်းနည်းနေတဲ့အာရာဟာ ကြက်ကလေးကို သူ့လိုမဖြစ်အောင် မိသားစုနဲ့ပြန်တွေ့အောင်ရှာပေးမယ်လို့ကတိပေးလိုက်ပါတယ်။ အခြားသူတွေလိုကတိမပျက်ချင်တာကြောင့် အာရာဟာကြက်လေးရဲ့မိသားစုကိုရှာဖွေပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ . . .
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)...
Anchorage (2023)
⭐IMDB: 5.2/10 (211 Votes)
🎬 #Drama #Crime #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 19 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anchorage (2023)==============
ဒီဇာတ်ကားရဲ့ထူးခြားချက်က အဓိကသရုပ်ဆောင် ၂ယောက်ရယ်၊၃မိနစ်စာလောက်ပါလာတဲ့ရဲအရာရှိကလွဲလို့ တခြားသရုပ်ဆောင်မပါဝင်ပါဘူး။ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်နှစ်ယောက်ကဒီဇာတ်ကားကိုရိုက်ဖို့ အချိန်ငါးရက်ပဲယူခဲ့ရတယ်။ ရိုက်ကူးရတဲ့အချိန်နဲ့ဘတ်ဂျက်အရရော နည်းပါးပေမဲ့ ဇာတ်လမ်းအစကနေအဆုံးအထိ တမျိုးလေးဆွဲခေါ်သွားမယ့်ကားမျိုးပါ။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ဖြစ်ပျက်နေကြကိစ္စတချို့ကိုလည်းထည့်သွင်းပြီးရိုက်ပြထားလို့ ကိုယ်နဲ့တိုက်ဆိုင်တာလည်း ပါလာနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းက ညီအစ်ကိုနှစ်ယောက်က ဘယ်ကမှန်းမသိယူလာတဲ့ မူးယစ်ဆေးပြားတွေကိုရောင်းဖို့ ဖလော်ရီဒါကနေအလက်စကာကို ကားတစ်စီးနဲ့ထွက်လာတဲ့ဇာတ်လမ်းလေးပါ။ လမ်းတစ်လျှောက် ပေါက်တတ်ကရလုပ်တာတွေ၊ပြောတာဆိုတာမှန်သမျှကို ကြည့်ရှုရမယ့် Drama ကားလေးပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)...
Kelce (2023)
⭐IMDB: 8.4/10 (1 k Votes)
🎬 #Documentary #Sport
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kelce (2023)==========IMDb Rating – 8.4/10
ဒီဇာတ်လမ်းကတော့ အမေရိကန်ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံးထဲကတစ်ယောက်ဖြစ်တဲ့ ဂျေဆန်ကယ်လ်စီရဲ့အကြောင်းကိုမှတ်တမ်းတင်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဂျေဆန်ဟာSuper Bowl ချန်ပီယံ။ First-team All Pro ၅ ကြိမ်။ Pro Bowl ၆ ကြိမ်ရရှိထားပြီး လက်ရှိမှာ PhiladelphiaEagles အသင်းမှာကစားနေတာလည်းဖြစ်ပါတယ်။
ညီဖြစ်သူကလည်း သူနဲ့အတူဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပါတယ်၊၊ ဂျေဆန်တို့ညီအစ်ကိုဟာ ငယ်စဉ်ကတည်းက အားကစားကိုရူးသွပ်ကြသူတွေဖြစ်ပြီး အမေရိကန်ဘောလုံးကစားနည်းအပြင် အခြားအားကစားတွေပါကစားခဲ့ကြပါတယ်။ လောကခံရဲ့အနိမ့်အမြင့်တွေကြားထဲကနေ အထက်တန်းကျောင်းသားဘဝမှာ ဘောလုံးအားကစားသမားကိုရွေးချယ်ပြီး ပရော်ဖက်ရှင်ကစားသမားဘဝအထိရောက်လာအောင် ဘယ်လိုရုန်းကန်ခဲ့ရပြီး အောင်မြင်မှုတွေ ဆွတ်ခူးခဲ့ရလဲဆိုတာစိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်၊
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)...
The Saint of Second Chances (2023)
⭐IMDB: 7.6/10 (443 Votes)
🎬 #Biography #Documentary #Drama #Sport
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Saint of Second Chances (2023)==========================IMDb Rating – 7.6/10
Netflix ကနေ အသစ်ထွက်ထားတဲ့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူအကြောင်းနဲ့ဒုတိယအခွင့်အရေးဆိုတာ ဘာလဲ တင်ဆက်ပေးချင်တဲ့ မှတ်တမ်းပုံစံရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ မိုက်ဗက်ဆိုတာ နာမည်ကျော် ဘေ့စ်ဘောအသင်းပိုင်ရှင် ဖခင်ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်သူတစ်ယောက်ပေါ့။ ဒီလိုရုန်းထွက်ချင်လွန်းလို့လည်း ကြိုးစားပြီး သူများနဲ့မတူတဲ့ အကြံတွေနဲ့ ဘေ့စ်ဘောပွဲကို လူစည်အောင် လုပ်ခဲ့ရာမှာ အမှားတွေ ဖြစ်ခဲ့ပြီး ဖခင်ကိုပါ ဘဝပျက်စေသလို ဖြစ်ခဲ့ရပါတယ်။
ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပူဆွေးနေပြီးတော့ ဒုတိယအခွင့်အရေးတွေ ရလာပြီးဘယ်လိုမျိုး ပြန်ကြိုးစားခဲ့တာတွေ၊ တခြားလူတွေကိုလည်း ဒုတိယအခွင့်အရေးတွေ ပေးခဲ့လို့ ဘယ်လိုမျိုးတွေ ကြုံဆုံရတာတွေ၊ မိသားစုနဲ့ လုပ်ငန်းကြားက ဘယ်အရာက တန်ဖိုးရှိတာတွေဆိုတာကို မိုက်ဗက်ကိုယ်တိုင်က ပြန်ဇာတ်ကြောင်းပြောဆိုထားပြီး ဘေ့စ်ဘောလောကနောက်ခံ အရှုံးမပေးပဲ ဒုတိယအခွင့်အရေးဆိုတာကို အမိအရ ဖမ်းဆုပ်တတ်ဖို့ ပညာပေးထားတဲ့ မှတ်တမ်းရုပ်ရှင်လေး ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...
Mom's New friend (2018)
⭐TMDB: 0.0% User Score
🎬 #Adult #Drama
🗓 2018 🎞 movie
🌎 #
⏰ 1 နာရီ 26 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
***************************
ဆွန်းယောင်ဆိုတဲ့ကောင်လေးဟာ အင်မတန်
အကြင်နာတရားရှိတဲ့ကောင်လေးပါ…သူ့မှာ
သူငယ်ချင်းတစ်ယောက်ရှိပြီး သူငယ်ချင်းဖြစ်သူရဲ့
အမေနဲ့လည်းရင်းနှီးသူပါ…ဒီလိုနဲ့သူငယ်ချင်းခရီးသွားတော့
သူ့အမေတစ်ယောက်တည်းအိမ်မှာကျန်ခဲ့တော့
စောင့်ရှောက်ပေးဖို့ဖြစ်လာတယ်.,,,
အိမ်မှာ ၂ယောက်တည်းရှိတဲ့အချိန်
လောကကြီးအကြောင်းကိုပွင့်လင်းမြင်သာစွာဆွေးနွေးကြပါတော့တယ်…...
A New Breed of Criminal (2023)
⭐IMDB: 3.2/10 (158 Votes)
🎬 #Crime #Drama
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 27 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A New Breed of Criminal (2023)=======================
ခေတ်သစ်လူဆိုးကြီးရဲ့ ဘဝအကြောင်းကို တစ်ချက်လောက်လေ့လာရအောင်လားဗျာ…စတီဗန်ဆေယာ့စ်အကြောင်းဆိုပေမယ့် နယူးကာဆယ်မှာသတင်းမွှေးနေတဲ့ ဆေယာ့စ်မိသားစုအကြောင်းဆို ပိုပြီးမှန်မယ်ထင်ပါတယ်။
လမ်းပေါ်မှာမွေး လမ်းပေါ်မှာကြီး လမ်းပေါ်မှာကျင်လည်ခဲ့ရတဲ့ ဂျွန်ဆေယာ့စ်အတွက် သူ့သားတွေကို လမ်းဗိုလ်ဖြစ်စေချင်တာတော့ မဆန်းပါဘူး။ ဒါပေမဲ့ လမ်းဗိုလ်မဟုတ်ဘဲနဲ့ မြို့ဗိုလ်ဖြစ်သွားတာတော့ သူတို့အစွမ်းအစနဲ့သူတို့ပေါ့နော်။ ဆေယာ့စ်အုပ်စုကို မျက်စိအနောက်ဆုံးကတော့နယူးကာဆယ်ရဲအဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက အတော်ဆုံးဗီလိန်အဖေက သေချာသင်ကြားပေးထားတော့ သက်သေလုံးဝရှာမရဘဲ ထောင်ထဲထည့်လို့မရတာ နှစ်နဲ့ချီကြာနေပါပြီ။
လည်လွန်းတဲ့ဘီး.. Eနင်းမိတယ်ဆိုသလို ဖမ်းမိဖို့အလွန်ခက်လွန်းတဲ့ဆေယာ့စ်အုပ်စု ထောင်နှုတ်ခမ်းဖျားဝမှာ ဘယ်လိုခြေချော်ကျမလဲ ဒါမှမဟုတ် Eကိုပဲပွတ်ကာသီကာလေး ရှောင်ပြီးထွက်သွားမလားဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ဗျာ….
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)...
The Island (2005)
⭐TMDB: 67.0% User Score
🎬 #Action #SciFi #Thriller #ScienceFiction #Adventure
🗓 2005 🎞 movie
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 16 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (6.8/10) ရရှိထားတဲ့ Action, Sci-Fi, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။
ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။
Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီး
နေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေ
ကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်း
သူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့……….။...
Oh My School! (2023)
⭐IMDB: 6.9/10 (103 Votes)
🎬 #Animation #Drama #Comedy
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 31 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကိုနှစ်သက်တဲ့သူတွေအတွက် ကာတွန်းကားကောင်းလေး ကြည်ရှုလို့ရပါပြီ….ကျောင်းမှာ အဆိုးဆုံးအတန်းလို့နာမည်ကြီးတဲ့အတန်းကအဆိုးဆုံးကျောင်းသားလေးဝမ်ချန်… အမြဲတမ်းကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး….
ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီးထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကိုအရမ်းလိုချင်လို့ကြိုးစားနေသူဆရာမတစ်ယောက်…
ဆိုးသွမ်းတဲ့ ဝမ်ချန်တို့အဖွဲ့နဲ့ ဆရာမရှီးကတော့အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်တစ်နေ့ သူတို့နှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်းအကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်….
ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ…ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား…ခန္ဓာကိုယ်လဲသွားလို့ဖြစ်လာတဲ့ပြသာနာတွေကိုရောဘယ်လိုရင်ဆိုင်မလဲ…ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား..ဆိုတာကိုတော့ ဇာတ်လမ်းကို ကြည့်ရှုခံစားပေးကြပါဦးနော်…....
The Lady of Heaven (2021)
⭐IMDB: 5.8/10 (14 k Votes)
🎬 #Action #Drama #History
🗓 2021 🎞 movie
🌎 #UnitedKingdom #Georgia
⏰ 2 နာရီ 22 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မွတ်စလင်ဘာသာမှာ အထွတ်အမြတ်ထားရတဲ့ ဖာတီမာဆိုတဲ့
အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးကတော့
The Lady Of Heaven (ကောင်းကင်ဘုံရဲ့အမျိုးသမီး) လို့ခေါ်ဆိုကြပြီး
အဲ့ဒီအမျိုးသမီးရဲ့ အကြောင်းအသေးစိတ်ကို ဒီဇာတ်ကားထဲမှာ ရိုက်ကူး
ပြသထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ဒီအတိုင်းအမျိုးသမီးဖာတီမာရဲ့အကြောင်း
သီးသန့်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့ ISIS တွေကြောင့် စစ်ဖြစ်နေတဲ့နိုင်ငံမှာ
အမေဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ လိတ် ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့
ဇာတ်အိမ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ လိတ်က သူ့အမေကိုဆုံးရှုံးပြီးတဲ့ နောက်မှာ
စစ်သားတစ်ယောက်နဲ့ အမေဖြစ်သူနေထိုင်တဲ့ အိမ်မှာနေထိုင်ခဲ့ရပါတယ်။
လိတ်စိတ်ဓာတ်ကျ အားငယ်လာတဲ့အချိန်မှာ အန်တီကြီးက သူ့ကို ဖာတီမာအကြောင်း
ပြောပြပြီးတော့ ခွန်အားပေးလေ့ရှိပါတယ်။ဒီလိုနဲ့ မွတ်စလင်တွေရဲ့
စိတ်ခွန်အားတက်စရာ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့
အမျိုးသမီးဖာတီမာရဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်ကို လိတ်နဲ့အတူနားထောင်နေသလိုမျိုး
ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
The Bluff (2013)
⭐TMDB: 50.0% User Score
🎬 #Adult #Drama #Romance
🗓 2013 🎞 movie
🌎 #
⏰ 1 နာရီ 17 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*******************တွေ့တာကြာတဲ့သူငယ်ချင်း၄ယောက် အရက်သောက်ကြပြီး အကြောင်းအရာမျိုးစုံကို ပြောရာကနေသူတိုရဲ့လိင်မှုကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာကို ရောက်သွားပါတော့တယ်ဘယ်သူကတော့ ဘယ်လိုမိန်းကလေးနဲ့ အိပ်ခဲ့တယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင် ပြောနေကြပြီး သူတိုပြောနေတာတွေကအမှန်တကယ်ပဲလား အားကျမခံ ကြွားဝါပြီးပြောနေကြသလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး...
Eloïse's Journey (2022)
⭐IMDB: 6.0/10 (295 Votes)
🎬 #Comedy #Fantasy #Romance
🗓 2022 🎞 movie
🌎 #France
⏰ 1 နာရီ 36 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတင်ဆက်မဲ့ကားလေးကတော့ ပရိတ်သတ်များအတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမဲ့ စိတ်အပန်းဖြေစရာ ဇာတ်ကားလေးတစ်ကားပါ။
ဇာတ်လမ်းအညွှန်းလေးကတော့ ပဲရစ်မြို့ကကောင်မလေးတစ်ယောက်ဟာ ခုံတန်းရှည်တစ်ခုပေါ်မှာ ရုတ်တရက်နိုးလာပါတယ်။ သူဟာ သူ့နာမည်ကိုတောင်မမှတ်မိပဲ သူဘယ်နေရာကနေ ဘယ်လိုအကြောင်းကြောင့် ဒီခုံပေါ်ကိုရောက်နေရလဲဆိုတာလဲ မမှတ်မိတော့ပါဘူး။ ဒီတော့ သူ့မှာရှိသမျှသဲလွန်စလေးတွေကနေပဲ သူ့ဘဝအကြောင်းကိုပြန်သတိရအောင်အစွမ်းကုန်ကြိုးစားတဲ့အကြောင်းလေးပါ။
ဒီဇာတ်ကားလေးဟာ အတိတ်မေ့ကောင်မလေးတစ်ယောက်ရဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေ, ဖြတ်ကျော်ရတဲ့အတားအဆီးတွေကို အချစ်ရေးနဲ့ ဟာသလေးနှောပြီး သဘာဝဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။...
Sniper: G.R.I.T. - Global Response & Intelligence Team (2023)
⭐TMDB: 73.0% User Score
🎬 #Action #Thriller
🗓 2023 🎞 movie
🌎 #
⏰ 1 နာရီ 32 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယူကီ လို့ခေါ်တဲ့ ဂျပန်မလေးဟာ ဂရစ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူ့ကို မယ်လ်တာ အစိုးရဆီက အာဏာသိမ်းပြီး နိုင်ငံကိုအုပ်ချူပ်နေတဲ့ လူတစ်စုကို သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
နောက် ၆လကြာတဲ့အထိ ယူကီဟာ သူ့ရဲ့ မစ်ရှင်ကိုလုပ်နေရင်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေပါတော့တယ် တစ်ရက်မှာတော့ သူတို့ရဲ့ ဂရစ်အဖွဲ့အစည်းဆီကို ယူကီဟာ အရေးပေါ်အကူအညီတောင်းခံခဲ့ပါတယ် အဲ့ဒီအချိန်မှာ ဂရစ်အဖွဲ့ဟာ ဘရန်ဒန်နဲ့ ဇီးရိုးလို့ခေါ်တဲ့ အေးဂျင့်နှစ်ယောက်ကို ယူကီကို ကယ်ဖို့နဲ့ ယူကီရဲ့ မစ်ရှင်ကို အဆုံးသတ်အောင်လုပ်ပေးဖို့ ထပ်မံစေလွှတ်လိုက်ပါတယ်။
ဘရန်ဒန် နဲ့ ဇီးရိုးတို့ရဲ့ Pro ဆန်ဆန် မစ်ရှင်လုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာဖြစ်ပြီး တကားလုံးမှာ Action ခန်းတွေအပြည့်ပါတဲ့အတွက် Action ကြိုက်သူတွေ သဘောကျစေမှာပါ။...
Just for Meeting You (2023)
⭐IMDB: 5.7/10 (17 Votes)
🎬 #Uncategorized #Romance
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 43 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် ကျောင်းသားအချစ်ရုပ်ရှင်ချိုချိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
ကျောင်းပြောင်းလာတဲ့ ရွှီညန့်ညန့်ဟာ ယန်ရိနဲ့ အထင်လွှဲမှုတစ်ခုကြောင့်ရန်ငြိုးထားခံရပြီး ပြဿနာလုပ်ခံရပါတယ်။ မတည့်အတူနေ နှစ်ယောက်ဟာအချင်းချင်းပြိုင်ဆိုင်နေကြပါတယ်။ အနိုင်လိုချင်စိတ်ကြောင့်လို့ထင်နေကြပေမယ့် မသိမသာအတွင်းမှာ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။
ကောင်မလေးနဲ့ ကောင်လေးတို့ဟာ ဒီလိုနဲ့ တက်ကြွတောက်ပပြီးမေ့လို့မလွယ်တဲ့ အထက်တန်းအချိန်တွေကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ဒါပေမယ့်လဲနောက်ဆုံးမှာတော့ ခွဲခွါခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
အချင်းချင်းမေ့မရတဲ့ နှစ်ယောက်သား ပြန်တွေ့တဲ့အချိန်မှာသတ္တိရှိစွာနဲ့ အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီးကိုယ့်ရင်ထဲက အချစ်တွေကို ရင်ဆိုင်နိုင်ကြမလားဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်။...
Wilderness (2023-2023)
⭐IMDB: 6.4/10 (5 k Votes)
🎬 #Drama #Mystery #Thriller
🗓 2023-2023 🎞 tv series
🌎 #UnitedKingdom
⏰ 58 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wilderness (2023)
IMDb 6.3 ထိရရှိထားတဲ့ ထွက်ရှိနေဆဲ Drama & thriller အမျိုးအစားဇာတ်လမ်းတွဲဖြစ်ပြီး ထင်မှတ်မထားတဲ့ plot twist တွေနဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုကြည့်ရှုရမှာပါ ပုံပြင်တွေထဲမှာလို “တစ်သက်လုံးပျော်ရွှင်စွာနေထိုင်သွားကြလေသည်” ဆိုတဲ့အဆုံးသတ်မျိုးကိုတော့ ဘယ်သူကမလိုချင်ဘဲနေပါ့မလဲ အိုလီဗီယာ(လိဗ်) နဲ့ဝီလီယမ် (ဝီလ်) တို့အတွဲကလည်း လှပတဲ့အချစ်ဇာတ်လမ်းကိုပိုင်ဆိုင်ထားကြတဲ့ ကြင်စဦးမောင်နှံလေးဖြစ်ပြီး သူတို့ရဲ့ပုံပြင်က ဇာတ်သိမ်းလှလှလေးနဲ့ပဲအဆုံးသတ်မယ်လို့ ထင်ထားခဲ့ပေမဲ့ အမျိုးသားဖြစ်သူဖောက်ပြန်နေတာကိုသိသွားတဲ့အခါမှာတော့… စိတ်ကူးယဉ်အိပ်မက်လေးကနေ အိပ်မက်ဆိုးကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ် လိဗ်တစ်ယောက် အချစ်ကြီးလို့အမျက်ကြီးရာကနေ ဖောက်ပြားတတ်တဲ့ယောက်ျားကို သွေးအေးအေးနဲ့ ဘယ်လိုနည်းလမ်းတွေသုံးပြီးကလဲ့စားချေမလဲ ဆိုတာကိုကြည့်ရှုရမှာပါFile size…(890 MB)/(392 MB)...
Eye of the Storm (2023)
⭐IMDB: 6.3/10 (498 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #China #Taiwan
⏰ 1 နာရီ 59 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
SARS ဆိုတဲ့ကူးစက်ရောဂါကိုခပ်ရေးရေးတော့မှတ်မိကြမယ်ထင်ပါတယ်။အခုလိုCovid-19ကပ်ရောဂါကြီးမဖြစ်ခင် လွန်ခဲ့(၁၀)နှစ်လောက်တုန်းကSARSဆိုတဲ့အသက်ရှူလမ်းကြောင်းကူးစက်ရောဂါဖြစ်ခဲ့ပြီးသေဆုံးနှုန်း (၁၁)ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့(၂၀၀၃)ခုနှစ် အေပရယ်လမှာ SARSဟာဟောင်ကောင်ကတစ်ဆင့်ထိုင်ဝမ်ကိုစတင်ကူးစက်လာပြီး ပေထိုင်ဆေးရုံမှာဖြစ်ခဲ့တဲ့ကပ်ဘေးရောဂါဖြစ်ရပ်လေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီကားလေးမှာဆိုရင် ပေထိုင်ဆေးရုံမှာSARSကူးစက်တယ်လို့သံသယရှိတဲ့လူနာရှိကြောင်းသတင်းရတာနဲ့ ထိုင်ပေအစိုးရကဆေးရုံကိုပိတ်ချလိုက်တဲ့အခါ ဆေးရုံထဲမှာလူနာတွေရော ကျန်းမာရေးဝန်ထမ်းတွေမှာပိတ်မိသွားပါတယ်။
ရောဂါရဲ့သဘောတရားကိုသေချာမသိရသေးတဲ့အတွက် အားလုံးဟာထိတ်လန့်တကြားတွေဖြစ်ကြရပြီး အခြေနေတွေဟာလုံးဝရှုပ်ထွေးကုန်ပါတယ်။ဒီကားလေးမှာဆိုရင် ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ဆရာဝန်တွေသူနာပြုတွေဟာလဲ လူပါပဲ။ ထိတ်လန့်တတ်တယ် ကြောက်ရွံ့တတ်တယ်မိသားစုတွေရှိတဲ့အတွက် တစ်ကိုယ်ကောင်းလေးတွေဆန်မိကြတယ်ဆိုတာလေးကိုမြင်တွေ့ရမှာဖြစ်ပြီး။ ဒီကြောက်ရွံ့ထိတ်လန့်မှုတွေကိုကျော်ဖြတ်ပြီး SARS ရောဂါကိုဘယ်လိုအန်တုခဲ့ကြလဲဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။...
After My Death (2017)
⭐IMDB: 6.4/10 (457 Votes)
🎬 #Drama #Mystery
🗓 2017 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 54 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
After My Death(2017)
********************ဂယောင်းမင်းဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရုတ်တရက်ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။
ပျောက်ဆုံးပြီးနောက်တစ်ရက်မှာ တံတားတစ်ခုအနားမှာ လွယ်အိတ်နဲ့ သူ့ရဲ့ခြေအိတ်ကိုတွေ့ရပါတယ်။
ရဲတွေက တံတားပေါ်က ခုန်ချသတ်သေတယ်ဆိုပြီး ကောက်ချက်ချကြပေမဲ့
ကျောင်းသူရဲ့အမေက နောက်ဆုံးအထိ အကြောင်းအရင်းကို သိအောင်လုပ်မယ်ဆိုပြီး
ခေါင်းမာနေတာကြောင့် ရဲတွေလည်းအခက်ကြုံနေရတာပါ။
ဂယောင်းမင်းနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့သူက ယောင်ဟီးလို့ခေါ်တဲ့
ကျောင်းသူဖြစ်ပြီးတော့ ဂယောင်းမင်းက ယောင်ဟီးကို သူမသေခင်တစ်နေ့မှာ ဖွင့်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ယောင်ဟီးက ‘ငါ့ကိုချစ်တာကို အသက်စွန့်ပြီး သက်သေပြနိုင်လား’ လို့ပြောခဲ့တာကို
သိသွားကြတဲ့အခါ တရားခံဟာ ယောင်ဟီးဆိုပြီး အကုန်လုံးကစွပ်စွဲအနိုင်ကျင့်ကြပါတော့တယ်။
ယောင်ဟီးက တကယ်ပဲ ဂယောင်းမင်းရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတာလား၊
တကယ်ပဲ ဂယောင်းမင်းက သတ်သေခဲ့တာလား ဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။...
