ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Dark Night of the Scarecrow (1981) ⭐TMDB: 65.0% User Score 🎬 #Horror #TVMovie 🗓 1981 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dark Knight တို့ Scarecrow တို့မြင်လို့ ဆရာဘတ်တို့ ဇာတ်ကားထင်သွားရင်တော့ မဟုတ်ပါဘူးခင်ဗျာ ဒီဇာတ်ကားကတော့ 1981 ခုနစ်က ရိုက်ကူးထားတဲ့ Horror ကား‌တစ်ကားဖြစ်ပါတယ် ဘတ်ဘာဆိုတဲ့ကောင်လေးဟာ အရွယ်ရောက်နေပေမဲ့ စိတ်က ကလေးစိတ်ပဲရှိနေသူတစ်ဦးဖြစ်ပါတယ်။ မြို့နေလူကြီးတစ်ချို့ကတော့ ဘတ်ဘာကို ကျပ်မပြည့်တဲ့ကောင်ဆိုပြီး တစ်ခုခုဖြစ်တိုင်း ဘတ်ဘာကိုပဲ အပြစ်ဖို့နှိပ်စက်လေ့ရှိပါတယ်။ ဘတ်ဘာဟာ သူနဲ့ ကလေးတွေကို ရွယ်တူလိုပဲ မြင်တဲ့အတွက် ကလေးတွေနဲ့ပဲ ပေါင်းပါတယ်။ တစ်ရက်မှာတော့ ဘတ်ဘာနဲ့ အတူဆော့နေကျ ကောင်မလေးတစ်ယောက် မတော်တဆဖြစ်တာကို မြို့ထဲမှာတော့ ကျပ်မပြည့်တဲ့ ဘတ်ဘာဟာ ကောင်မလေးကို သတ်လိုက်တယ်လို့ သတင်းထွက်သွားပါတော့တယ်။ အစကတည်းက တစ်ခုခုဖြစ်ရင် ဘတ်ဘာကိုပဲ မဲနေတဲ့ မြို့ခံလူ လေးယောက်ဟာ ဘာမှစုံစမ်းမနေဘဲ ဘတ်ဘာကို လိုက်ရှာကြရင်း စာခြောက်ရုပ်ထဲမှာပုန်းနေတဲ့ ဘတ်ဘာကို ရက်ရက်စက်စက် ပစ်သတ်လိုက်ကြပါတော့တယ်။ အဲဒီနောက် သက်သေမလုံလောက်တာကြောင့် အမှုကနေလည်း လွတ်သွားပါသေးတယ်။ အမှုကလွတ်သွားတဲ့ သူတို့လေးယောက်ဟာ ဘတ်ဘာ ဝင်ပုန်းသွားတဲ့ စာခြောက်ရုပ်ကို နောက်တစ်ကြိမ်ထပ်တွေ့ရပြီးနောက် ကံကြမ္မာဆိုးတွေလည်း စတင်ဝင်ရောက်လာပါတော့တယ်
...

Wendy Wu: Homecoming Warrior (2006) ⭐TMDB: 62.0% User Score 🎬 #Action #Adventure #Family #TVMovie 🗓 2006 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wendy Wu Homecoming Warrior [2008](IMDb 5.4/10) တရုတ်ပြည်မှာ ဒဏ္ဏာရီပေါင်းများစွာ ရှိပါတယ်…အဲ့ထဲက တစ်ခုကတော့ နှစ် ၉၀တိုင်းမှာ ယန်လိုဆိုတဲ့ မကောင်းဆိုးဝါးဝိညာဉ်ဟာသူ့ကို ချုပ်နှောင်ထားတဲ့ ကျောက်စိမ်းလုံးထဲက လွတ်ထွက်လာပြီးတော့ ယင်စစ်သည်တော်မျိုးဆက်နဲ့ တိုက်ခိုက်တယ်ဆိုတာပဲ ဖြစ်ပါတယ်…ယင်စစ်သည်တော်တွေဟာ နှစ်ပေါင်း ၁၀၀၀ကျော်တိုင် အနိုင်ရရှိခဲ့ကြတာမို့ ကပ်ကြီး ၄ပါးဟာ ကမ္ဘာကို မဝါးမြိုနိုင်ခဲ့ပါဘူး…ဒီလိုနဲ့ ဝမ်ဒီဝူရဲ့ အလှည့်ကို ကျရောက်လာပါတော့တယ်…အထက်တန်းကျောင်းသူ ဝမ်ဒီဟာ ဆယ်ကျော်သက်ပီပီအပျော်အပါးနဲ့ အလှဘုရင်မ ဖြစ်ဖို့သာ စိတ်အားထက်သန်နေသူပါ…တနေ့ ဘုန်းကြီး ရှန်တစ်ယောက် သူ့ကို ကာကွယ်ဖို့ ရောက်လာတဲ့အခါ သူမ မျှော်လင့်မထားတာတွေ ဖြစ်လာပါတယ်…ဒီလိုနဲ့ ယင်စစ်သည်တော်တာဝန်ဟာ ဝမ်ဒီ့ပုခုံးပေါ် ကျရောက်လာပြီမှန်းဝမ်ဒီသိသွားတဲ့အချိန် ဘာတွေဆက်ဖြစ်ကြလိမ့်မလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Unravel: A Swiss Side Love Story (2023) ⭐IMDB: 5.2/10 (34 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 48 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unravel : A Swiss Side Love Story (2023) ဘဝရဲ့ အခက်အခဲတွေများလာပြီး မွန်းကျပ်လာတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပေါက်တတ်ကြတယ်မလား၊ဒီလို သတ်သေချင်တဲ့သူတွေကို သူတို့ရဲ့ဆန္ဒတွေပြီးမြောက်သွားစေဖို့ ကူညီပေးတဲ့ ဆေးရုံကဆွဇ်ဇာလန်နိုင်ငံမှာ တည်ရှိပြီး ဒီလိုကူညီပေးတာဟာ သူတို့နိုင်ငံမှာတော့ တရားဝင်ပါတယ်။လူစီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ မိသားစုပြဿနာလေးတွေကြောင့်ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် ဆွဇ်ဇာလန်နိုင်ငံက အဲဒီဆေးရုံကို လာခဲ့ပြီး ဆွေးနွေးရာကနေလူစီဟာ တကယ်ပဲ သတ်သေချင်ရဲ့လားဆိုတာကို ပြန်စဉ်းစားခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ ဆွဇ်ဇာလန်ကို လည်ပတ်ကြည့်ရင်း နိုအာဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။နိုအာကတော့ လူတိုင်းကို ကူညီပေးတတ်သူဖြစ်ပြီးတော့လူစီနဲ့တွေ့တော့ လူစီ့အကြောင်းတွေသိပြီးတဲ့နောက်မှာလူစီရဲ့ဘဝကို ပြန်ရနိုင်ဖို့ အတက်နိုင်ဆုံး အစွမ်းကုန်ကူညီပေးပါတော့တယ်။နိုအာက ဘယ်လိုတွေ ကူညီပေးပြီးတော့ နောက်ပိုင်းမှာသူတို့နှစ်ယောက်ရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို အရိုအချိုလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Char Ouပဲ ဖြစ်ပါတယ်။
...

Safehouse (2023) ⭐IMDB: 4.9/10 (196 Votes) 🎬 #Action #Crime #Thriller #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Safehouse (2023) ကာလာဆိုတဲ့ အမျိုးသမီးလေးဟာ မက္ကဆီကိုက မက်ဆီကာလီမြို့မှာအစ်ကိုဖြစ်သူနဲ့အတူ နေထိုင်ပြီး အလုပ်လုပ်ရင်း ဆရာဝန်ဖြစ်ဖို့ကြိုးစားနေပါတယ်။မိသားစုထဲမှာ ပညာရေးထွန်းထွန်းပေါက်ပေါက်ဆိုလို့ သူတစ်ယောက်ပဲ ရှိတဲ့အတွက်အမေဖြစ်သူက အလုပ်ကြိုးစားပြီး ဆေးကျောင်းတက်ဖို့ ထောက်ပံ့ပေးနေတယ်။ အစ်ကိုဖြစ်သူက မူးယစ်ဂိုဏ်းတွေကြားမှာ ဝင်ရှုပ်မိတာကြောင့် အိမ်ကို သေနတ်တွေနဲ့လာဝိုင်းတဲ့အချိန်မောင်နှမနှစ်ယောက်ထွက်ပြေးရင်း အစ်ကိုဖြစ်သူ အသတ်ခံလိုက်ရပါတယ်။ဒီကနေ ကာလာတစ်ယောက် ထွက်ပြေးရင်း ကန္တာရထဲက ဥမင်တစ်ခုကိုတွေ့လို့ ဝင်ပုန်းရာမှာဥမင်အတိုင်း အဝေးကြီးထိ ဝင်လာခဲ့မိတော့ အမေရိကန်နယ်စပ်က အိမ်တစ်လုံးဆီကိုရောက်သွားရာကအစစီအိုင်အေ၊ မူးယစ်ဂိုဏ်းကသတင်းပေးတွေနဲ့ မူးယစ်ဂိုဏ်းတွေကြားမှာ ပိတ်မိသွားတဲ့အခါမှာတော့ … (aungmo3hanအညွှန်းရေး ဘာသာပြန်ထားပါတယ်)
...

24 Hours with Gaspar (2023) ⭐IMDB: 4.9/10 (254 Votes) 🎬 #Action #Crime #Drama #Mystery #ScienceFiction #Thriller #SciFi 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 38 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 24 Hours with Gapar (2024) ဒီရုပ်ရှင်ကို အင်ဒိုနီးရှား ဒါရိုက်တာက ရိုက်ကူးပြီး Netflix က ဖြန့်ချီပေးထားတာပါ။IMDb rating – 5/10 ရရှိထားပါတယ်။အရာရာပျက်ဆီးနေတဲ့ အနာဂတ် ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီးတမူထူးခြားတဲ့ Action, Drama, Crime ဇာတ်လမ်းမျိုးကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စပါဆိုတဲ့ စုံထောက်တစ်ယောက်ဟာနှလုံးက ညာဖက်မှာ ရောက်နေပြီး အသက်ရှင်ဖို့ အချိန် ၂၄ နာရီပဲ ကျန်ပါတော့တယ်။အဲတော့ သူ မသေခင်လေးမှာပဲ ငယ်ငယ်က ပျောက်ဆုံးသွားခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ ကီရာနာ့ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ဒီလိုနဲ့ စုံစမ်းရင်း ဝမ်အာလီဆိုတဲ့ လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။အဲဒါနဲ့ ဂတ်စပါလည်း အဖွဲ့တစ်ဖွဲ့စုပြီးတော့ ဝမ်အာလီ့ဆိုင်ကို ဝင်လုဖို့လုပ်ပါတယ်။ဂတ်စပါဟာ ငယ်ငယ်က နားထောင်ခဲ့တဲ့ နတ်သမီးပုံပြင်တွေကို ယုံကြည်သူ ဖြစ်ပြီးတော့ဝမ်အာလီ့ဆီမှာ ရောက်နေတဲ့ ဘူးအနက်လေးဟာ ဆုတောင်း ပြည့်အောင် လုပ်ပေးနိုင်မယ်လို့ထင်မြင်နေပါတယ်။ ပုံပြင်နဲ့ လက်တွေ့ဘဝကို ယှဉ်ပြီး ဂတ်စပါရဲ့ မသေခင်နောက်ဆုံးကြိုးစားအားထုတ်မှု အောင်မြင်သွားမလား ဆိုတာကတော့….. အညွန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
...

Take Me Home Tonight (2011) ⭐TMDB: 60.0% User Score 🎬 #Comedy #Drama #Romance 🗓 2011 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်စရာ လူငယ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုတွေ လုပ်ကြရစမြဲပါ ကလေးဘဝတည်းကစ… အသက်တွေကြီးလာတဲ့အထိ.. ကိုယ့်အတွက် ကောင်းမယ်ထင်တဲ့ဟာကို ရွေးချယ် ကြတာပါပဲ။ မှားမှာကို ကြောက်ပြီး ဘာမှမရွေးခဲ့ရင်တော့ မမှားဘူးပေါ့လေ.. သေချာတာကတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုတာပါပဲ။ ဒီ လူငယ်ဖန်စီဇတ်လမ်းလေးမှာ မတ်ဖရန့်ကလင်းဆိုတဲ့ ကောင်လေးက ငယ်ငယ်ကတည်းက မှားမှာကို ကြောက်တတ်တဲ့သူပါ..MIT ကျောင်းလိုမျိုးကနေ ဘွဲ့ရပြီးတာတောင် မအောင်မြင်မှာကြောက်ပြီး ဘာအလုပ်မှ လုပ်ဖို့ မရွေးချယ်ရဲဘဲ ကုန်တိုက်တစ်ခုက ဗီဒီယိုဆိုင်မှာ အလုပ်ဝင်လုပ်နေပါတယ်… တစ်နေ့မှာ ကျောင်းတုန်းက သူကြိတ်ကြွေခဲ့ရတဲ့ တိုရီ ဆိုတဲ့ ကောင်မလေးကို ပြန်ဆုံမိပါတယ်။ မတ် တစ်ယောက် တိုရီကို ဘယ်လိုတွေ ပြောပြီး ပါတီအတူတက်ရဖို့ ကြံဖန်မလဲဆိုတာ
...

Showtime (2024) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #India ⏰ 41 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Showtime (2024) CompleteShowtime (TV Series – 2024) IMDb – 6.1/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်းလေးပိုင်းပါဝင်ပါတယ်။ သုံးကားမြောက်တိုက်ဂါးရုပ်ရှင်မှာ ဗီလိန်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား အင်မရန်းနဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချော မဟီမာတို့ပါဝင်ထားတဲ့ ဘောလိ၀ုဒ်အရှုပ်တော်ပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။လောကဇာတ်ခုံလို့ ဆိုကြသလိုပဲ ပညာရပ်နယ်ပယ်အသီးအသီးမှာ အရှုပ်တွေ အပြိုင်အဆိုင်တွေ နားမလည်နိုင်စရာတွေ ပွစာတက်နေတာက ဓမ္မတာပဲဆိုပေမဲ့ အနုပညာလောကကတော့ ပိုမိုရှုပ်ထွေးနက်နဲတယ်လို့ ဆိုကြတယ်။အောင်မြင်တဲ့ အသီးအပွင့်ဆိုတာကလည်း မူးယစ်စွဲမက်စေတတ်တဲ့အရာတစ်ခုမို့ အောင်မြင်မှုအပေါ်မှာ ယစ်မူးရင်း နေရာဖယ်မပေးချင်မှုတွေ အဆင်းမှာ ဘီးအကြီးကြီးတပ်ပေးကြတဲ့ ဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားတယ်လို့ဆိုပါတယ်။ဒီမှာတော့ နှစ်ပေါင်းလေးဆယ်တိုင်တိုင်အောင်မြင်မှုရယူထားတဲ့ ရုပ်ရှင်စတူဒီယိုကြီးတစ်ခုကနေစတည်လိုက်တဲ့ဇာတ်လမ်းကနေ ဒါရိုက်တာ ပရိုဂျူဆာ မင်းသားမင်းသမီး အဆိုတော် စတဲ့ ရုပ်ရှင်အနုပညာလောကက နားမလည်နိုင်စရာတွေကို နားရည်လည်ဖို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ ToMo ~ Yunniတို့ဖြစ်ပါတယ်)
...

Lover (2024) ⭐IMDB: 7.3/10 (470 Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lovers (2024)“တစ်စစီကျိုးပဲ့” IMDb 7.3 ရထားတဲ့ တမီးလ် ရိုမန့်ဇာတ်လမ်း ဖြစ်ပြီး မြင်နေကျ အချစ်ကားတွေလိုပေါ့ပေါ့ပါးပါး အပြောင်အပျက်တွေ သိပ်မပါပဲ အမှန်အကန်ဆွေးလို့ရမယ့်ဇာတ်လမ်းလေးလို့ ညွှန်းချင်ပါတယ် ဇာတ်လမ်းကတော့ အာရွန်က အင်ဂျင်နီယာဘွဲ့ရ/ အလုပ်မရှိ/ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ကြံရွယ်နေပြီး ကောလိပ်ကတည်းက တွဲခဲ့တဲ့ ချစ်သူကောင်မလေး“ဒီဗယာ” ကတော့ အိုင်တီအလုပ်တစ်ခု လုပ်နေသူပါ အာရွန်က တစ်ခုခုဆို မူးရူး ရမ်းကား၊ သဝန်တိုတတ်ပြီး ဒီဗယာ့ကို မကြာခဏ ပြဿနာရှာတတ်ပေမယ့်ဒီဗယာကတော့ ချစ်သူကို အစစအရာရာ သည်းခံ “I can fix you” ဆိုတဲ့ မိန်းကလေးပေါ့ မတူညီတဲ့ နောက်ခံ၊ စရိုက်အပြုအမူတွေကြောင့် တစ်ကြောင်း၊သူ့ကောင်မလေးနားက အောင်မြင်နေတဲ့ ယောကျာ်းလေးအပေါင်းအဖော်တွေကို မနာလိုတာကြောင့်ရယ်… ပြဿနာတွေတက်လိုက် ပြန်အဆင်ပြေသွားလိုက် ငိုတစ်လှည့် ရယ်တစ်ခါ….များလှတဲ့ မညီမျှခြင်းတွေက သူတို့နှစ်ယောက်ရဲ့ အချစ်ကို အကြိမ်ကြိမ် စမ်းသပ်ရင်းသူတို့နှစ်ယောက် ဒီလိုစိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နိုင်မှာလား၊အရှိတရားကို မလွန်ဆန်နိုင်ပဲ မျက်ရည်စများကသာ အဆုံးသတ်လား ဆိုတာကတော့…. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Möbius (2013) ⭐IMDB: 6.1/10 (6 k Votes) 🎬 #Drama #Thriller 🗓 2013 🎞 movie 🌎 #Belgium #France #Luxembourg ⏰ 1 နာရီ 49 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mobius (2013) =========== မောဘီးယပ်စ်ဆိုလို့ မာဗယ်ထဲက မောဘီးယပ်စ်နဲ့ လွဲမသွားကြပါနဲ့ဦး။ ဒီမောဘီးဘပ်စ်က သတ်သတ်ပါ။ ဒီကားက Mobius Strip ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က ကစားဖူးလောက်မဲ့ မျက်နှာပြင်နှစ်ဖက်ရောနေတဲ့ စက္ကူအဝိုင်းစလေးကနေ reference ယူထားတာပါ။ 2013ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 6.1/10 ရရှိထားပါတယ်။ ရုရှား-ပြင်သစ်-အင်္ဂလိပ်စကားပြောရုပ်ရှင်ပါ။ Drama/Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်ညွှန်းကတော့ ရော့စ်တော့ဗ်စကီဆိုတဲ့လူကို ဖမ်းတဲ့နေရာမှာ အချက်အလက်တွေနှိုက်ဖို့သူလျှိုရွေးတော့ ‌Financial Expert တစ်ယောက်ဖြစ်တဲ့ မင်းသမီးကို ရွေးလိုက်ကြတယ်။ အပေးအယူကတော့ U.Sကနေ အလုပ်လုပ်ခွင့်အပိတ်ခံထားရတဲ့သူ့ကို ပြန်ရအောင်လုပ်‌ပေးမယ်ပေါ့လေ။ အချက်အလက်နှိုက်ရမဲ့သူလျှိုဆိုတော့ စီးပွားရေးလုပ်ငန်းကနေတဆင့် ဝင်လုံးပေမဲ့ အီစီကလီကိစ္စလေးတွေပါပါတာပေါ့။ အဲလိုသူလျှိုအလုပ်လုပ်နေတုန်းမှာပဲ မင်းသမီးကသူ့အချစ်စစ်ကိုရှာတွေ့ပါလေရော။ ဖြစ်ချင်တော့ သူ့ချစ်သူကလည်း တကယ့်လူမှသွားဖြစ်နေပြန်တယ်။ သူလျှိုအလုပ်နဲ့ အချစ်ရေးရောထွေးလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

TL (2024) ⭐TMDB: 0.0% User Score 🎬 #Adult #Asian #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 44 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘရန်ဒါက ကောစင်တာအေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့အလုပ်မှာသူထိပ်တန်းစာရင်းဝင်ဖြစ်ပေမယ့် ရာထူးတိုးမယ်ကြံတိုင်း နောက်ကျန်နေခဲ့ရတဲ့သူပါ။ ရာထူးတိုးခံရတဲ့သူတွေဟာသူတို့ရဲ့ TL (Team Leader) တွေကိုခန္ဓာကိုယ်ပုံအပ်ပြီးတော့ သူ့ကိုကျော်တက်သွားကြတယ်လို့ကောလဟာလတွေရှိပါတယ်။ အဲ့ဒီလိုနဲ့ရည်မှန်းချက်လည်းကြီး တဏှာလည်းကြီးသလိုထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်တဲ့သူဟာ သူလိုချင်တဲ့နေရာအတွက် အကွက်ပေါင်းစုံသုံးပြီး အရယူဖို့ကြိုးစားပါတော့တယ်။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

The Female Boss’s Provocations – Suzume Mino (Decensored – DLDSS-154) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ဘာသာပြန်တဲ့အထဲ အလှဆုံးလို့တောင် တင်စားရမဲ့ ယဉ်သကိုအလှနဲ့ မင်းသမီးလေး Suzume Mino ကို တင်ဆက်ပေးလိုက်ပါတယ်…..အေးချမ်းတဲ့မျက်နှာထားလေးနဲ့ ယဉ်ယဉ်လေးလှလွန်းလို့ ထင်ရက်စရာတောင်မရှိလှတဲ့ မင်းသမီးလေးရဲ့ သရုပ်ဆောင်အမူအရာတွေကို တဝကြီးခံစားရမှာပါ…… ဒီ DLDSS-154 ဆိုတဲ့ ကားလေးထဲမှာတော့ ထုံးစံအတိုင်း အထက်လူကြီး မမရယ် မောင်လေးရယ် အလုပ်နဲ့ခရီးထွက်ရင်း ဟိုတယ်တခန်းထဲမှာတည်းမိရာကနေစတဲ့ ဇာတ်လမ်းလေးပါပဲ…..ဇာတ်လမ်းလေးက မထူးဆန်းလှပေမဲ့ သရုပ်ဆောင်ကောင်းပြီး လှလွန်းတဲ့ မင်းသမီးလေးကြောင့် ပရိသတ်ကြီး ကျေနပ်မှုအပြည့်ရစေမဲ့ ဇာတ်လမ်းလေးတော့ဖြစ်နေဆဲပါပဲ……အနုအရွအလှအပတွေကြားက အသံချိုအီအီလေးကို နားဆင်ရင်း ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့….. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။
...

Stopmotion (2023) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနှစ်ထဲမှာ ဟော်ရာ ကားကောင်းကောင်းရှားနေပေမဲ့ ဒီကားကတော့ ကောင်းပါတယ်။ ABCs of Death ရဲ့ ဒါရိုက်တာ Robert Morgan ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဟော်ရာ၊ ဆိုက်ကို အမျိုးအစားပါပဲ။ ဇာတ်လမ်းကတော့ စတော့မိုးရှင်းခေါ်တဲ့ အရုပ်လေးတွေကို ဖရိမ်တစ်ခုချင်းလှုပ်ရှားမှုဖမ်းရိုက်ပြီး ကာတွန်းရုပ်ရှင်ဖန်တီးတဲ့ သားအမိနှစ်ယောက်အကြောင်းပါပဲ။ အမေဖြစ်သူက နာမည်ကျော် စတော့မိုးရှင်းဒါရိုက်တာကြီးဖြစ်ပေမဲ့ အဆစ်ယောင်ရောဂါကြောင့် လက်တွေမကောင်းတော့လို့ သမီးကို အသေးစိတ်ပြောပြီး ကူညီပေးခိုင်းနေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ ကိုမာ ဝင်သွားပြီး သမီးဖြစ်သူတစ်ယောက်တည်း ရုပ်ရှင်ကို ပြီးအောင်ဖန်တီးဖို့ ဖြစ်လာပါတယ်။ စတော့မိုးရှင်းကာတွန်းရုပ်ရှင်ကိုဖန်တီးဖို့ အာရုံနှစ်ထားရင်း တဖြည်းဖြည်း စိတ်ကူးတွေရော အမြင်တွေရော အစွန်းရောက်လာပြီး ကြောက်စရာတွေ ဖြစ်လာပါတော့တယ်။
...

Back to 1942 (2012) ⭐IMDB: 6.9/10 (4 k Votes) 🎬 #Drama #War 🗓 2012 🎞 movie 🌎 #China ⏰ 2 နာရီ 26 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “စိတ်ချမ်းသာစရာတစ်ခန်းမှမပါတဲ့ သမိုင်းထဲကအစာငတ်လို့ လူ ၃ သန်းသေတဲ့ဖြစ်ရပ်” ကြီးကျယ်ခန်းနားလှတဲ့ အနုပညာလက်ရာတွေနဲ့ ယဥ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့တဲ့နိုင်ငံ၊ဂျင်း(အင်)များ ထုတ်လွန်းလို့ အဲ့နိုင်ငံက ထုတ်တဲ့ဓါးနဲ့ခတ်ခံရရင် လူမသေဘဲဓါးကျိုးတယ်ဆိုတယ်တဲ့နိုင်ငံ၊အစားအသောက်မီးလိုတောက်ပြီးအစား အပက်စပ်ဆုံး စားလို့မရတဲ့အသားကမာၻပေါ်မှာမရှိစေရဘူးဆိုတာသက်သေပြနေတဲ့နိုင်ငံ၊ကမာၻ ့စီးပွားရေးကို လွမ်းမိုးချုပ်ကိုင်နိုင်လုနီးပါးဖြစ်လာတဲ့နိုင်ငံ၊ သင်ပိုက်ဆံသာယူလာ ကျွန်ပ်တို ့သင်လိုချင်တာဖြစ်အောင်လုပ်ပေးပါမယ်ဆိုတဲ့လိုတရနိုင်ငံ၊နိုင်ငံနယ်နမိတ်အတွင်း သဲကန္တာရ ၊ရေခဲတောင်၊ တောင်ကုန်းတောင်တန်း၊မြေပြန်လွင်ပြင် ၊ မြစ်ချောင်းအင်းအိုင်၊ ဂူဂနိုင်၊သဘာ၀ အလှအပများ အံ့သြမဆုံးတည်ရှိရာနိုင်ငံ၊ ကမာၻလူဦးရေးအများဆုံးသောနိုင်ငံ……. အကောင်းအဆိုး ရောယှက်နေတဲ့ဒီလိုနိုင်ငံကြီးရဲ့ အတိတ်ကဖြစ်ရပ်တစ်ချို ့ကိုပြန်အသက်သွင်းထားတဲ့ သမိုင်းထဲက မထင်မရှား ကြီးမားတဲ့ အမည်းစက်ကြီး ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ ဒီကားကို ၂၀၁၂ နို၀င်ဘာ လမှာ ပြသခဲ့ပါတယ်။ စတင်ရိုက်ကူးခဲ့တဲ့ Budget ယွမ်သန်း ၂၁၀ ကုန်ကျခဲ့ပါတယ်။ Box Office မှာယွမ် ၃၆၄ သန်း ပြန်လည်ရရှိခဲ့ပါတယ်။ကုန်ကျစရိတ်တော်တော် အကုန်ခံပြီးရိုက်ကူးထားပြီး သရုပ်ဆောင်တွေထက်ဇာတ်လမ်းသာလွန်မှု ကိုပိုပြီး အလေးပေးရိုက်ကူးထားတဲ့ ဇာတ်ကားပါ။တစ်ကားလုံးကြာချိန် ၁၄၆ မိနစ်ရှိပါတယ်။UMDb Rating 6.9 ၊ Rotten Tomatoes 36%Meracritic 41% ရှိပါတယ်။Rome Flim Festival မှာဆုနှစ်ခုရရှိခဲ့ပြီးဟောင်ကောင် ရုပ်ရှင်ပွဲတော်မှာလဲအကောင်းဆုံးဆုရရှိခဲ့ပါတယ်။စာရေးဆရာ Lui Zhenyun ရဲ ့၀တ္တု Remembering 1942 ကိုအခြေခံပြီးပြန်လည်ရိုက်ကူထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပါ။အဓီကသရုပ်ဆောင်တွေက Zhang,Guoli,Chen Daoming, Li Xuejian တို့ အပြင် ကင်းကောင် ဇာတ်ကားနဲ့လူသိများခဲ့တဲ့ Adrien Brodyက ကူညီအားဖြည့်သရုပ်ဆောင်ပေးထားပါတယ်။ပါ၀င်ထားတဲ့ သရုပ်ဆောင်တွေ က သူနေရာနဲ ့သူအံ့၀င်အောင်သရုပ်ဆောင်နိုင်ကြပါတယ်။ဇာတ်လမ်းကြည့်နေရင်းနဲ့မင်းသမီးမင်းသားဆိုတာခဏခဏမေ့သွားပြီး ဒုက္ခသည်တစ်ယောက်လိုဘဲ မျက်လုံးထဲမြင်နေပါတယ်။ ဒါရိုက်တာ Feng Xiaogang ရိုက်ကူးထားပြီး အဓိကတရုတ်စကားပြောဇာတ်လမ်းဖြစ်ပါတယ်။ တစ်ကားလုံးကြာချိန် ၁၄၆ မိနစ်ရှိပြီး ၂၀၁၂ နိုင်၀င်ဘာလက ဖြန့်ချီထားခဲ့ပါတယ်။ဒီဇာတ်ကားမှာဘာလို့ ဒီလောက် Budget အများကြီး အသုံးပြုထားတဲ့အကြောင်းကအားလုံးကို အသေးစိတ် သေချာစီစဥ်ပြီး ရိုက်ကူးထားတဲ့အပြင် CGI effect တွေကလဲတော်တော်လေးကောင်းမွန်ပါတယ်။ အဓီက ဒီဇာတ်ကားမှာ လေးစားတာက ဇာတ်ဆောင်တွေ ကပ်ဘေးဆိုက်ကာလမှာ၀တ်ထားတဲ့၀တ်ဆင်ထားတဲ့ထားအ၀တ်အစားတွေရဲ့ အပေါက်အပြဲ၊ ညစ်ထေးပြီး နွမ်းဖတ်ဖတ်အ၀တ်အစား ၊ ရေမလျောလို့ ချေးတွေနဲ့တောင့်ပြီး ဖြစ်နေတဲ့ပုံစံ ၊ တကယ်လို့ တီဗီကနေအနံခံတဲ့ စနစ်ပါရင် အောင်သိုးသိုးအနံ့ ရအောင်ဖန်တီးထားနိုင်တာပါဘဲ။ သရုပ်ဆောင်တွေ ရဲ့မိတ်ကပ် အပြင်အဆင်ပိုင်းမှာ ဖန်တီးထားချက်က အပြင်က သူတောင်းစားတောင် သူ့အပြင်အဆင်ကိုကြည့်ပြီး အားငယ်စိတ်တောင်ပျောက်သွားနိုင်ပါတယ်။ တကယ့် ပေပေတေတေ ဖြစ်အောင် ဖန်တီးထားတာ လက်ရာမြောက်ပါတယ်။ ဇာတ်ကားတည်ဆောင်ပုံက စိတ်ချမ်းသာစရာတစ်ခန်းမှမပါတဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်ကားကိုကြည့်ရင်ရွှာဘက်တွေရဲ့ ညနေ ၆ နာရီလောက်လိုခံစားချက်မျိုးရပါတယ်။ ပျင်းစရာလဲမဟုတ် ၊လုပ်စရာလဲ မရှိတဲ့အချိန် နေရောင်ပျောက်လုနီးပါး အချိန်ကာလ ၊စိတ်ထဲ နည်းနည်းမသိုးမသန့်လိုခံစားရပါတယ်။ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေ ရဲ့သရုပ်ဆောင်မှုကဏ္ဍက လဲ ဇာတ်လမ်းထဲမှာ တစ်သားတည်းဖြစ်နေပြီး သူတို့ လုပ်သွားတဲ့ မျက်နှာ အမှုအရာနဲ့ စိတ်ခံစားချက်ကတွေက သူတို့စိတ်ထဲမှာသရုပ်ဆောင်နေတယ်ဆိုတဲ့ ခံစားချက်မျိုးထက် ငါတို့ တစ်ကယ်ဖြစ်နေတာဆိုတဲ့ ခံစားချက်မျိုးရပါတယ်။တစ်မျိုးကြီးဘဲ ကြည့်ရတာ။နောက်ကနေပံ့ပိုးထားတဲ့ ဇာတ်၀င်တေးကလဲအလွမ်းဓါတ်ခံရှိသူဆိုရင် အလိုလုနေရင်ငိုင်သွားလောက်တဲ့ သံစဥ်မျိုးပါ။ ဒီအဖြစ်အပျက်ကာဘာလို့နာမည်ကြီး သွားပြီးတရုတ်ပြည်အတွက်အရှက်ရစရာဖြစ်ခဲ့လဲဆိုရင်သီအိုရီဒိုး၀ွိက်လို့ ခေါ်တဲ့ TIME မဂ္ဂဇင်း က သတင်းထောက်(ပါလေရာငပိချက်တစ်ယောက်) သူကိုယ်တိုင်အဲ့ဒီနေရာကိုသွားပြီး တစ်ကမာၻလုံးတုန်လှုပ်သွားစေမယ့်သမိုင်း၀င်ဓါတ်ပုံရိုက်ကူးခဲ့ပြီး TIME မဂ္ဂဇင်းမှာသူ့အတွေ့အကြုံ(ဖြစ်ရပ်မှန်) ကို ဆောင်းပါးရေးပြီးဖော်ပြလိုက်တာကတစ်ကမာၻလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ သူဖော်ပြခဲ့တဲ့ဓါတ်ပုံကလဲသတင်းဓါတ်ပုံထဲမှာ အော်စကာဆုလိုမျိုး အမြင့်ဆုံး ဆုကို ရသွားခဲ့ပါတယ်။ နောက်ပြီး ဒီကပ်လေးဖြစ်တဲ့ကာလအပိုင်း အခြားက တရုတ်ကွန်မြူနစ် ပါတီရဲ့ ဖခင်ကြီး ၊ နိုင်ငံတော်ရဲ့ဦးလျောင်ဖြစ်တဲ့အပြင် စတာလင် ၊ ဟစ်တလာ နဲ့ ဗင်လာဒင...

You'll Never Find Me (2023) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 40 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၃ ခုနှစ်မှာထွက်ရှိထားတဲ့ Australian ရုပ်ရှင် You’ll Never Find Me နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Indianna Bell နဲ့ Josiah Allen တို့က ရိုက်ကူးပေးထားပြီး Horror ၊ Thriller နဲ့ Mystery အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ တစ်ကားလုံးမှာ ဇာတ်ကောင်နှစ်ဦးတည်းသာပါဝင်ပြီး Brendan Rock နဲ့ Jordan Cowan တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။ နေရာတစ်ခုတည်းမှာ ဇာတ်ကောင်နှစ်ခုကြားလွန်ဆွဲနေတဲ့သံသယတွေ၊ ခြောက်ခြားမှုတွေကို စိတ်လှုပ်ရှားစရာဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပြီး ကုန်ကျစရိတ်အနည်းဆုံး အသုံးပြုထားတဲ့ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** နောက်တွဲလူနေယာဉ်တစ်ခုပေါ်မှာနေထိုင်တဲ့ လူတစ်ယောက်ဆီကို မုန်တိုင်းသည်းနေတဲ့အချိန်မှာ အမျိုးသမီးတစ်ဦးကတံခါးလာခေါက်ပြီး အကူအညီ တောင်းရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ မုန်တိုင်းကပိုသည်းလာတာနဲ့အမျှ နောက်တွဲယာဉ်ပေါ်က လူနှစ်ဦးဟာ အန္တရာယ်ကိုခံစားမိလာပြီး သံသယစိတ်တွေနဲ့ တစ်ဦးကိုတစ်ဦး ကြောက်ရွံ့လာကြပါတယ်။ တကယ်တမ်း ဘယ်သူကဘယ်သူ့ကိုကြောက်ရမလဲဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။
...

RAM: Rapid Action Mission (2024) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 RAM (2024) ရမ်IMDb- 8.3/10 စစ်ဆင်ရေးတစ်ခုလုပ်ပြီဆိုရင် အရမ်းကိုတော်ပြီးတော့ နာမည်ကြီးတဲ့ ဆူရာပရာကတ်ရှ်တစ်ယောက်အကြမ်းဖက်သမားအဖွဲ့ကို နှိမ်နင်းဖို့ သူ့အဖွဲ့နဲ့အတူ လာရင်းနဲ့ သူ့အဖွဲ့ကို ကယ်တင်ပေးရင်းသူကတော့ စိတ်မကောင်းစွာနဲ့ပဲ ဆုံးပါးသွားခဲ့ရပါတယ်။ သူ့မှာ တစ်ဦးတည်းသော သားလေးရမ်ဆိုတာရှိပါတယ်။ရမ်ကတော့ အဖေက သူငယ်ငယ်လေးကတည်းက ဆုံးပါးသွားပြီးချိန်ကစလို့ ဘဝကို ပေါ့ပေါ့နေပေါ့ပေါ့စား နေခဲ့ပါတယ်။ ဒီလိုနဲ့ ရမ်အသက်ရလာတဲ့အချိန်မှာတော့ သူ့အဖေနှိမ်နင်းခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်ဟာ နောက်ထပ်အကြမ်းဖက်မှုတွေပြုလုပ်ဖို့ လူသစ်စုဆောင်းနေတယ်ဆိုတဲ့ သတင်းကိုရပြီးနောက် ရမ်အဖေရဲ့တပည့်ဖြစ်သူ ဂျေဘီဦးဆောင်ပြီးအဲဒီအကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ အချက်အလက်တွေ စတင်စုဆောင်းခဲ့ပါတော့တယ်။ ဆရာဖြစ်သူရဲ့ မှာခဲ့တဲ့စကားအရ ဆရာဖြစ်သူရဲ့သားကိုပါ သူတို့အဖွဲ့ထဲဝင်ဖို့အတွက်ဂျေဘီတစ်ယောက်သွားရောက် စည်းရုံးခဲ့ပေမဲ့လည်း ရမ်ကတော့ တွင်တွင်ငြင်းနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ ရမ်တစ်ယောက် အချစ်စိတ်တွေ ပေါက်ဖွားလာပြီး ဒေါက်တာလေးတစ်ယောက်ကို ချစ်မိသွားရာကနေ ….အဲဒီဒေါက်တာလေးရဲ့ တိုက်တွန်းချက်အရ သူ့အဖေတို့အဖွဲ့ကို ဝင်ရောက်တဲ့နောက် ဘယ်လိုမစ်ရှစ်တွေထမ်းဆောင်ရမလဲ …..အကြမ်းဖက်သမားတွေကရော ဘာတွေ ကြံစည်နေကြတာလဲ…ဒေါက်တာမလေးနဲ့ ရမ်တို့ရဲ့ လမ်းခရီးကရောဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲ ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~Aditi~KKKZ~V~Yunni တို့ပဲဖြစ်ပါတယ်)
...

Aníkúlápó: Rise of the Spectre (2024) ⭐TMDB: 73.0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #Nigeria ⏰ 1 နာရီ 8 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aníkúlápó: Rise of the Spectre (2024)  IMDb – 6.3/10လတ်တလောလေးကမှ Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ နိုင်ဂျီးရီးယား မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေ နှစ်ခြိုက်သဘောကျရတဲ့ ဧမာနွေလတို့လူမျိုးတွေပေါ့။ ၂၀၂၂ကလည်း Aníkúlápóဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားကို နတ်ဖလစ်ကနေပဲ တင်ဆက်ပေးခဲ့တာမှာ ပရိသတ်အားပေးမှု အတော်ရခဲ့သလို ဒါရိုက်တာဖြစ်သူက Game Of Thronesစီးရီးရဲ့ နိုင်ဂျီးရီးယားဗားရှင်းလို့ ပြောဆိုခဲ့တဲ့အတွက် ဝေဖန်သံတွေ သောသောညံခဲ့ပါသေးတယ်။ ဒီစီးရီးကိုလည်း ထူးခြားဆန်းကျယ်အမျိုးအစား ရုပ်ရှင်စီးရီးအနေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒဏ္ဍာရီလာ ငှက်ကြီးတစ်ကောင်ဖြစ်တဲ့ အက္ကာလာရဲ့စွမ်းအင်ကို စုပ်ယူပြီး ရက်ကန်းသည် ဆာရိုတစ်ယောက် သေသူတွေကို ပြန်ရှင်သန်လာအောင်လုပ်နိုင်တဲ့ အစွမ်းရခဲ့ပါတယ်။ သူသေလွန်တဲ့အချိန်မှာတော့ ကောင်းကင်ဂိတ်တံခါးကိုစောင့်တဲ့ နတ်မင်းကြီးက ဖြတ်ကျော်ခွင့်မပြုပဲ သေခြင်းတရားကိုလှည့်စားပြီး သူ ပြန်ရှင်သန်စေခဲ့သူတွေရဲ့ အသက်ကို ပြန်နှုတ်ယူဖို့ လက်ဖွဲ့အဆောင်တစ်ခုပေးကာ ရှင်သူတွေဆီကို ဝိညာဉ်ဘ၀နဲ့ ပြန်စေလွှတ်ခဲ့ပါတယ်။ဝိညာဉ်ဘ၀နဲ့ သူ အသက်ပြန်သွင်းပေးခဲ့သူတွေကို အသက်လိုက်နှုတ်နေတုန်းမှာပဲ မျက်မမြင်အဘွားကြီးဆီရောက်ချိန်မှာတော့ ဝိညာဉ်ကနေ လူ့ဘ၀ပြန်ရောက်မဲ့နည်းပေးပြီး သူ့ကိုမသတ်ဖို့တောင်းဆိုခဲ့ပါတယ်။ ဆာရိုလည်းသဘောတူပြီး လူ့ဘ၀ကို တစ်ခါပြန်ရောက်လာချိန်မှာတော့ သူအသက်နှုတ်ယူခဲ့သူတွေက သူတို့နဲ့အတူ မရဏတံခါးဆီ ပြန်ဖြတ်ဖို့ ခေါ်ပါတော့တယ်။ဆာရိုက ဆက်နေခွင့်ပေးဖို့ တောင်းဆိုတဲ့အခါ သုံးနှစ်အချိန်ပေးပြီး သုံးနှစ်ပြည့်တာနဲ့ ပြန်လိုက်ဖို့သဘောတူလိုက်တဲ့နောက်မှာတော့…။(အညွှန်းနဲ့ ဘာသာပြန်ကတေ့ Pyae Phyoဖြစ်ပါတယ်)
...

The Signal (2024) ⭐TMDB: 67.0% User Score 🎬 #SciFi #Fantasy #Drama #Mystery 🗓 2024 🎞 Series 🌎 #Germany ⏰ 56 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Signal (2024)  ဒီတစ်ခေါက်မှာတော့ Netflix ရဲ့ အသစ်စက်စက် Thriller/Mystery/ Sci-fi ဂျာမန် စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Season 1 မှာ အပိုင်း ၄ ပိုင်း ထွက်ရှိထားတာဖြစ်ပါတယ်။စဗန်က သမီးလေး ချာလီနဲ့အတူ မိန်းမဖြစ်သူ အာကာသယာဉ်မှူး ပေါလာရဲ့ အာကာသခရီး အိမ်အပြန်ကို စောင့်မျှော်နေသူပါ။ ရိုးသားတဲ့စဗန်နဲ့ အမေနဲ့တူပြီး ဉာဏ်ရည်ထက်မြက်တဲ့သမီးငယ်လေး ချာလီက ပေါလာရဲ့ အာကာသခရီးစဉ် လွှတ်တင်ခြင်းတွေနဲ့ ဆင်းသက်ခြင်းတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အစဉ်မပြတ်စောင့်ကြည့်ပြီး ပေါလာအိမ်ပြန်လာမဲ့ရက်ကို လက်ချိုးရေတွက်ပြီး စိတ်လှုပ်ရှား တက်ကြွစွာနဲ့ စောင့်မျှော်နေကြတာပါ။ပေါလာရဲ့ အာကာသယာဉ်က ကမ္ဘာမြေပေါ် ဆင်းသက်နိုင်ခဲ့ပြီး ဆင်းသက်တဲ့နေရာကနေ သူ့တို့သားအဖရှိရာဆီ ပြန်လာမဲ့နေ့မှာ သားအဖနှစ်ယောက် လေဆိပ်မှာ သွားစောင့်နေကြရင်း သူတို့ရဲ့ကမ္ဘာလေးကို ချာချာလည်သွားစေမဲ့ မယုံနိုင်စရာ သတင်းဆိုးကြီးကို ကြားလိုက်ရပါတော့တယ်။ အဲဒါကတော့ ပေါလာ စီးလာတဲ့ လေယာဉ်က အဆက်အသွယ်မရဘဲ ပျက်ကျသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှ မတွေ့ဘူးဆိုတာပါပဲ။စဗန်လည်း ပေါလာရဲ့သတင်းကို စောင့်စားရင်းနဲ့ ပေါလာ အာကာသယာဉ်ပေါ်မှာရှိနေတုန်း သူ့ကို ပြောခဲ့တဲ့အကြောင်းရာတွေကို တွေးတောကြည့်တော့မှ ပုံမှန်မဟုတ်တဲ့ အပြောအဆိုတွေနဲ့ ခါတိုင်းနဲ့မတူတဲ့ ပြုမူပုံတွေကို သတိရမိသွားတာကြောင့် သမီးဖြစ်သူနဲ့အတူ အကြောင်းရင်းကို လိုက်လံစုံစမ်းကြည့်ရာကနေ ထူးခြားဆန်းကြယ်မှုတွေ တစ်စတစ်စ ပေါ်ထွက်လာရာမှာတော့.. ပေါလာတို့ လေယာဉ်က ဘယ်လိုကြောင့် ပျက်ကျသွားတာလဲ.. ပေါလာကရော အသက်ရှင်လျက် ရှိနေသေးရဲ့လား.. ပါးနပ်ပြီး ဉာဏ်ကောင်းလွန်းတဲ့ ပေါလာရဲ့ သတင်းစကားတွေရဲ့ အဓိပ္ပါယ်ကို စဗန်က ရှာဖွေတွေ့ရှိနိုင်ပါ့မလား.. ပေါလာ သူ့ကို ပြောခဲ့တဲ့အကြောင်းအရာတွေကရော လေယာဉ်ပျက်ကျတာနဲ့ ဆက်စပ်နေတာလား.. တခြား ဘယ်လို ဆန်းကြယ်တဲ့လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိသွားမလဲဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)
...

Upendra Gadi Adda (2023) ⭐IMDB: 7.8/10 (2 k Votes) 🎬 #Action #Bollywood 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Upendra Gadi Adda (2023)“အောင်မြင်မှု” IMDb 7.8 ရထားတဲ့ တေလဂူး ဟာသ/ရိုမန့်/ဖိုက်တင်ဇာတ်ကြမ်းကားလေး တင်ဆက်ပေးလိုက်ပါတယ် ဟာဒယရွှင်ဆေးတိုက်ကျွေးမယ့်အပြင် အချစ်ဇာတ်လမ်းလေးကလည်း အဆစ်ပါသေးသပေါ့ အူပန်ဒရာက ညဆို ဘော်ဒါတွေနဲ့ သဝေထိုး မနက်ဆိုနေဖင်ထိုးမှ ထတတ်တဲ့အလုပ်မရှိ၊ အဖေအမေ မကြိုက်တဲ့ သားလေးတစ်ယောက်ပေါ့ သူတို့ဆင်းရဲသားရပ်ကွက်မှာတော့ ဘော်ဒါတွေက ဝိုင်းမြှောက်ပင့်ကြလို့ ဟီးရိုးလိုဖြစ်နေတယ်ညီမဖြစ်သူကလည်း ဆိုရှယ်မီဒီယာ ဖော်လိုဝါတွေကြားမှာပဲ ဘဝကို နှစ်ထားပြီးအူပန်ဒရာတို့ တစ်သိုက်ကတော့ ပိုက်ဆံချေး၊ သူဌေးလိုဟန်ဆောင်ကာ သူဌေးသမီးတစ်ယောက်ကို ဝိုက်ဖို့ လုပ်တယ်ပိုက်ဆံ၊ ဂုဏ်အရှိန်အဝါကို ဖြတ်လမ်းနည်းကနေ လိုက်ရင်း ဘယ်လိုအရှုပ်အရှင်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့… အိန္ဒိယကားတွေထုံးစံအတိုင်း ရယ်လည်းရယ်ရ၊ ပညာပေးလည်း ခပ်ပါးပါးပုတ်ပြီး တင်ဆက်ထားကြောင်းပါခင်ဗျာအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Black Cat II (1992) ⭐TMDB: 66.0% User Score 🎬 #Action #Asian #Crime #Drama #Thriller 🗓 1992 🎞 tv movie 🌎 #HongKong ⏰ 1 နာရီ 31 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။ သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ ဒါကတော့ နောက်ဆက်တွဲကားဖြစ်ပြီး Jade Leung ကပဲ ကတ်သရင်း ခေါ် အယ်ရစ်ကာအဖြစ်ပြန်လည်ပါဝင်ထားပါတယ်။အရင်ဇာတ်ကားထက်ပိုမိုက်ပိုကြမ်းတဲ့ အက်ရှင်ကားစစ်စစ်တစ်ကားအဖြစ်တွေ့မြင်ရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့
...

The Unborn (2009) ⭐TMDB: 52.0% User Score 🎬 #Horror #Mystery #Thriller 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Unborn (2009)================= သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ…တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ်အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်… သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်…ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ် ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရ‌ချိန်မှာတော့…. ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့
...