ch
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
The Others (2001) ⭐TMDB: 76% User Score 🎬 #Horror #Mystery #Thriller 🗓 2001 🎞 movie 🌎 #France #Italy #Spain #USA #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Others (2001) IMDb Rating (7.6) / Rotten Tomatoes (84%) “The others” ရုပ်ရှင်ဟာ 2001ခုနှစ်မှာစတင်ဖြန့်ချိခဲ့တဲ့ အမေရိကန်-ပြင်သစ်သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာဖြစ်သူ Alejandro Amenabarကရိုက်ကူးထားပြီး အဓိကဇာတ်ကောင်တွေအဖြစ်Nicole Kidman,Fionnula Flanagan,Christopher Eccleston,Elaine Cassidy, Eric Sykes,Alakina Mann,James Bentleyစတဲ့သူတွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ 17မီလီယံဖြစ်ပြီး ရုံတင်ဝင်ငွေက 209.9မီလီယံဒေါ်လာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်တဲ့ပထမအပတ်မှာတင် 14မီလီယံဒေါ်လာကိုရရှိခဲ့ပြီး ရုံတင်ဝင်ငွေအများဆုံးနံပါတ်4နေရာမှာ နောက်ထပ်သုံးပတ်တိတိရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင်Goya Award for Best FilmGoya Award for Best DirectorGoya Award for Best Original ScreenplayGoya Award for Best SoundGoya Award for Best Art DirectionGoya Award for Best EditingGoya Award for BestGoya Award for Best စတဲ့ဆုတွေကိုလည်း အသီးသီးရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း ခရစ်ယာန်ဘာသာကို လေးနက်စွာယုံကြည်သောအမျိုးသမီးတစ်ယောက်သည် ကလေးငယ်နှစ်ဦးနှင့်အတူ အိမ်ကြီးတစ်အိမ်တွင်နေထိုင်ကြသည်။ သူမ၏ယောကျ်ားသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ကိုတိုက်ထုတ်ရန် ထွက်သွားသည်မှစ၍ မည်သည့်သတင်းမှမကြားရတော့။ အမျိုးသမီး၏ကလေးငယ်များသည် photosensitivityဟုခေါ်သော နေရောင်နှင့်ဓာတ်မတည့်သောရောဂါတစ်မျိုးကြောင့် တစ်အိမ်လုံးကိုလိုက်ကာများဖြင့်ကာ၍ အမှောင်ချထားရသည်။ ထိုအိမ်ကြီးသို့ လူသုံးယောက် အိမ်အကူအဖြစ်လုပ်ကိုင်ရန် ရောက်ရှိလာသည့်အချိန်မှစ၍ အမျိုးသမီးသည် ထူးဆန်းမှုများကို သတိထားမိလာသည်။ အမျိုးသမီးကမူ အိမ်စေတို့သည် သူမတို့မိသားစုကို အန္တရာယ်ပေးလိုသည့်အတွက်ကြောင့် စီရင်ဖန်တီးသည်ဟုယူဆပြီး။ “တမလွန်လောကနှင့် လူ့ဘုံလောကတို့အတူနေထိုင်နိုင်ရန် ကြိုးစားရမည်”ဟူသောစကားကို သူမကြားရသောအခါ သမ္မာကျမ်းစာအပေါ် လုံးဝဥဿုံယုံကြည်မှုနှင့် လက်တွေ့အဖြစ်အပျက်တို့ကွာဟနေမှုကို ကြုံတွေ့ရသောအခါအမှန်တရားကိုသိမြင်လာရပြီးနောက်မှာတော့.. (ဤဇာတ်ကား၏ ထူးခြားချက်မှာ ဖြစ်ရိုးဖြစ်စဉ်သည်းထိတ်ရင်ဖိုဇာတ်လမ်းများနှင့်မတူဘဲ ပရိသတ်အနေနှင့် မည်သို့မျှမျှော်လင့်ထားစရာမရှိသည့်ဇာတ်ကွက်ကို ချပြထားခြင်းဖြစ်သည်။ ထို့အပြင်စိတ်ပညာပိုင်းဆိုင်ရာရှုထောင့်မှ စဉ်းစားစရာအချက်တစ်ချို့ကိုလည်း ထည့်သွင်းထားသည်။)
...

Sunset Boulevard (1950) ⭐TMDB: 83% User Score 🎬 #Drama #FilmNoir 🗓 1950 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sunset Boulevard ဆိုတာ ဟောလိဝုမှာ ရှိတဲ့ လမ်းတစ်ခုရဲ့နာမည်ဖြစ်ပါတယ်။ ဒီဇာတ်ကားက အဲဒီလမ်းနာမည်ကိုပဲ ယူထားတာပါ။ ဒီကားကို နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ Billy Wilder က ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် သူ့ရဲ့ story telling တွေ ထိုခေတ်အခါက ဆန်းသစ်တဲ့ ရိုက်ချက်တွေကြောင့်Film School တွေမှာပါ ပြန်လည်သင်ကြားပေးခြင်းခံရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ရုန်းကန်နေရတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်သူ ဂျိုး ဂေးလစ် ဟာ အသံတိတ်ခေတ်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီး နော်မာ ဒက်စမွန် နဲ့ သွားပါတ်သတ်မိပါတော့တယ်။ နော်မာဟာ ရုပ်ရှင်လောကထဲကိုပြန်ဝင်ဖို့ အမြဲစိတ်ကူးယဉ်နေသူလည်းဖြစ်ပါတယ်။ ဂျိုး နဲ့ နော်မာ တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ စွဲလမ်းမှုတွေ လိမ်လည် လှည့်ဖျားမှုတွေ ကြိုးကိုင်ခြယ်လှယ်မှုတွေ နဲ့ ပြည့်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်သား ဘယ်လိုတွေ စခန်းသွားကြမလဲ။ နော်မာကရော သူ့ရဲ့ အိပ်မက်ကို ဘယ်လို အကောင်အထည် ပြန်ဖော်မလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုနိုင်မှာပါ။
...

The Mystic Nine: Begonia from Qingshan (2022) ⭐TMDB: 55% User Score 🎬 #Action #Adventure #Mystery 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 TU ထဲက မုန့်ယောင်လေးရဲ့ The Mystic Nine: Qing Shan Hai Tang (2022)ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… The Mystic Nineဆိုတဲ့နာမည်ကို C-drama ဖန်တွေစိမ်းနေမယ်မထင်ပါဘူး… ဟုတ်ပါတယ် 2016 မှာအတော်လေး နာမည်ကြီးခဲ့တဲ့ The Mystic Nine ဒရာမာကို ပြန်ပြီး adaptထားတဲ့ ရုပ်ရှင်ကားလေးပါ… The Mystic Nine (2016) မှာ ကျန်းချီရှန်းနဲ့ အာ့ယွဲ့ဟုန်ကြားကဂျင်းချိုတွေ စားခဲ့သူရှိပေမယ့် ဘယ်သူမှ သူတို့နှစ်ယောက် ဘယ်လိုဆုံပြီးဘယ်လို မိတ်ဆွေဖြစ်ခဲ့ကြတယ်ဆိုတာ မသိခဲ့ကြဘူး… ဒီအဖြေကိုဒီရုပ်ရှင်ကားလေးက ဖြေပေးပါလိမ့်မယ်… ကျန်းချီရှန်းဟာ အဖေ့အတွက်လက်စားချေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချန်ရှားကိုရောက်လာခဲ့ပါတယ်…ဒါပေမယ့် ချန်ရှားမှာ အာဏာရနေသူ ကျော်ချန်ကျီးကသူလက်စားချေရမယ့်သူဖြစ်နေတာကြောင့် ခိုင်မာတဲ့သက်သေကို ရှာရင်းအာ့ယွဲ့ဟုန်နဲ့ အမှတ်မထင်ဆုံခဲ့ရာကနေ…ကျန်းချီရှန်းရဲ့ ပထမဆုံးသော မိတ်ဆွေအဖြစ်ထိ ဖြစ်လာခဲ့ပါတယ်… တစ်ဖက်က အာ့ယွဲ့ဟုန်အတွက်လည်း ကျန်းချီရှန်းက အတော်လေးထူးခြားတဲ့သူဖြစ်နေပေမယ့် သူလက်စားချေမယ့် ကျော်ချန်းကျီးဟာ အာ့ယွဲ့ဟုန်အဖေနဲ့ ရင်းနှီးသူဆိုတာထက်ပိုတဲ့ တစ်လှေတည်းစီးနေတဲ့သေဖော်သေဖက်တွေဖြစ်နေတော့… ကျန်းချီရှန်းတစ်ယောက် ကျော်ချန်းကျီရဲ့အပြစ်ကို သက်သေပြရမယ့် ပစ္စည်းသက်သေ စာရင်းစာအုပ်ကို လက်ဝယ်ရဖို့အခက်တွေ့သလို… အာ့ယွဲ့ဟုန်မှာလည်း တစ်သက်လုံးသားလိမ်မာအနေနဲ့နေပေးခဲ့တာကြောင့် အဖေနဲ့ ပထမဆုံးခင်မင်တဲ့ မိတ်ဆွေ ကြားအတော်လေး ဗျာများနေရတာပေါ့…အဆုံးသတ်မှာ မိတ်ဆွေကောင်းတွေဖြစ်သွားမှာ သိပြီးသားဆိုတော့…လက်စားချေနိုင်မှာလား…ပစ္စည်းသက်သေ တကယ် ရနိုင်ခဲ့မှာလား…ဒါ့အပြင် ဒီရန်ငြိုးတွေနောက်မှာ ဘာဖုံးကွယ်ထားတာရှိဦးမလဲ…ဆက်လက်ခံစားကြည့်ရှုပါ
...

The Fate of Reunion (2022) ⭐TMDB: 70% User Score 🎬 #Fantasy #Romance #Action 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြွေဖြူမြွေစိမ်းဇာတ်ကားလို့ပြောလိုက်ရင် အားလုံးကမြွေဖြူကိုအဓိကသရုပ်ဆောင်အဖြစ်ထားပြီး ရိုက်ကူးထားတဲ့ဇာတ်ကားတွေများပါတယ်ဒီတစ်ခါမှာတော့ ထူးထူးခြားခြား မြွေစိမ်းမလေးအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ The Fate Of Reunionဆိုတဲ့ဇာတ်လမ်းလေးကို CMက တင်ဆက်ပေးလိုက်ပါတယ် ပုံမှန်အတိုင်း မြေစိမ်းမလေးရဲ့ နာမည်က ချင်းအာပါချင်းအာရဲ့ ချစ်သူ တောက်ချင်းက သူမကိုကယ်တင်ရင်းနတ်စည်းကမ်းကိုချိုးဖောက်မိလို့ လူသားအဖြစ်ပြန်ဝင်စားဖို့ အပြစ်ပေးခံလိုက်ရပါတယ် ချင်းအာက နှစ်ပေါင်းများစွာသူ့ရဲ့ချစ်သူကိုစောင့်မျှော်ရင်း ရှာဖွေနေရာမှချွဲလျန်ဆိုတဲ့ ဘုန်းကြီးတစ်ပါးနဲ့တွေ့သွားပါတယ်(ချွဲလျန်ကတော့ တောက်ချင်းရဲ့ လူဝင်စားထားတဲ့ နောက်တစ်ဘဝပါ)ဘုန်းကြီးဆိုတော့ အားလုံးသိတဲ့အတိုင်းမိစ္ဆာတွေကိုနိပ်နင်းရင်း မြွေစိမ်းနဲ့တွေ့ရာမှဘယ်လိုဆက်ဖြစ်မလဲဆိုတာကို အားလုံးဆက်လက်ကြည့်ရှုလိုက်ရအောင်
...

The Curious Case of Tianjin (2022) ⭐TMDB: 100% User Score 🎬 #Action #Fantasy #Mystery 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ချင်ဖန်ဟာတရုတ်ရိုးရာသမားတော်တစ်ယောက်ဖြစ်ပြီးကျင်းမန်ဆိပ်ကမ်းမှာနေပါတယ်။ငြိမ်းချမ်းရေးကိုလိုလားပြီးအေး​အေးဆေးဆေးနေချင်သူပေါ့။ ​ဆိပ်ကမ်းရဲ့အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ “ရိက္ခာပို့ဆောင်ရေးအဖွဲ့” နဲ့ “ချင်းလုံအဖွဲ့” တို့စားကျက်လုရင်းရန်ပွဲတွေဖြစ်ကြတဲ့အခါမှာ ချင်ဖန်ဟာဘုမသိဘမသိဝင်ပါမိရော။သူဟာဖျန်ဖြေဖို့ရည်ရွယ်ချက်နဲ့ဝင်ပါခဲ့ပေမယ့်၊မထင်မှတ်ထားစွာဘဲ လူနှစ်ယောက်သေသွားတဲ့အခါမှော်အတတ်သုံးတယ်လို့စွပ်စွဲခံရပြီးထောင်နန်းစံရပါလေရော။ သူ့ရဲ့အပြစ်ကင်းမှုကိုသက်သေပြဖို့​ထောင်ထဲကခိုးထွက်ပြီးရင်ခွဲရုံမှာအလောင်းခွဲစိတ်တာကိုသွားကြည့်နေတဲ့အချိန်မှာပဲဆေးတစ်မျိုးကြောင့်မေ့မျောသွားပါတော့တယ်။ အလောင်းကလည်းပျောက်ဆုံးသွားတယ်။အကုသိုလ်ဟာအဖော်အပေါင်းနဲ့လာတယ်ဆိုသလိုပဲသူ့ဘာသာသူမေ့မျောပြီး ဆောင်ကြာမြိုင်တစ်ခုကိုဘယ်လိုရောက်လို့ရောက်မှန်းမသိ နှပ်နေစဥ်မှာပဲ၊အဲ့ဒီညမှာဆိပ်ကမ်းကလူတချို့ဟာ ထိန်းချုပ်ခံရသလိုအသိစိတ်မရှိတော့တဲ့ပုံစံတွေနဲ့ရေထဲခုန်ချပြီးသေသွားကြရော။ ဆိုတော့ တစ်မှုပေါ်တစ်မှုဆင့်ပြီး လူသတ်မှု၊ အလောင်းခိုးမှု၊ထောင်ဖောက်မှုတွေအပြင် ၊ လူအများရဲ့မှော်အတတ်သုံးတယ်ဆိုတဲ့စွပ်စွဲချက်ပါထပ်လောင်းလာတဲ့အခါမှာတော့…ချင်ဖန်ဟာသူ့ရဲ့ဖြူစင်မှုကိုသက်​သေပြဖို့အတွက်ကြိုးစားရပါတော့တယ်။ဒီအမှုတွေရဲ့နောက်ကွယ်မှာဘယ်သူရှိနေတာလဲ။မှော်အတတ်တွေနဲ့ရောသက်ဆိုင်နေတာလား။ချင်ဖန်ကရောဒီထူးဆန်းတဲ့အမှုတွေကိုဖော်ထုတ်နိုင်ပါ့မလား။
...

I Want to Talk (2024) ⭐IMDB: 7.1/10 (614 Votes) 🎬 #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Want to Talk (2024)“ဒုတိယအခွင့်အရေး” IMDb 7.1 မင်းသားအမီတာဘဂျမ်းရဲ့ သားဖြစ်သူ အာဘီရှက်ဘဂျမ်းသရုပ်ဆောင်တဲ့ ဟင်ဒီဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် အိန္ဒိယဖွား အမေရိကန်အခြေစိုက်သူ မစ္စတာစန်ဟာဆိုရင်မားကတ်တင်းအလုပ်ကိုကျွမ်းကျင်ပြီး စကားအပြောအဆို သွက်လက်ညက်ညောတဲ့လူအိမ်ထောင်ရေးပြိုကွဲမှုကြောင့် သမီးငယ်ဖြစ်သူ ရီယာကို သတ်မှတ်ရက်မှာသာထိန်းကျောင်းခွင့်ရပြီး အဖေနဲ့သမီးဆက်ဆံရေးဟာတော့ သူ့အလုပ်လောက် မချောမွေ့လှပါဘူး တစ်ရက်အလုပ်မှာ ချောင်းဆိုးရင်းသွေးပါလာတော့ ဆေးစစ်ရာမှာလည်ချောင်းကင်ဆာဖြစ်နေမှန်းသိလိုက်ရတဲ့အပြင်အသက်ရှင်သန်ခွင့် ရက် ၁၀၀ ထက်နည်းမယ်လို့ ခန့်မှန်းရတာကြောင့် သူ့ဘဝဟာ နေ့ချင်းညချင်းပြောင်းလဲသွားခဲ့ပြီးနောက်မှာဘဝကိုဘယ်လိုကြိုးစားရင်ဆိုင်သွားမှာလဲ သမီးဖြစ်သူနဲ့ဆက်ဆံရေးတိုးတက်လာအောင် သူဘယ်လိုပြုပြင်မှာလဲဒီရုပ်ရှင်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Upstream (2024) ⭐TMDB: 65% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 1 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသက်(၄၅)နှစ်အရွယ်ပရိုဂရမ်မာတစ်ယောက်ဟာ ကုမ္ပဏီမှာ(၁၀)နှစ်ကျော်လုပ်ခဲ့ပေမယ့်လူငယ်တွေလောက်မလုပ်နိုင်တော့လို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါအသက်အရွယ်နဲ့အတွေ့အကြုံအရ သတ်မှတ်လစာများတဲ့အတွက်ဘယ်ကုမ္ပဏီမှမခန့်ချင်ပဲ အလုပ်ရှာရခက်နေပါတယ်။ သူဟာ မိသားစုအားလုံးကိုထောက်ပံ့နေရတဲ့သူဖြစ်တဲ့အတွက်ဖိအားတွေအများကြီးနဲ့ အကြပ်ရိုက်နေပါတယ်။ကြံရာမရဖြစ်နေတဲ့အချိန်မှာ Delivery ကောင်လေးတစ်ယောက်နဲ့တွေ့ပြီးDeliအလုပ်ကိုလုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တမ်းလုပ်ကြည့်တဲ့အခါကျမှ Deliveryအလုပ်ဟာမလွယ်ကူမှန်းသိလိုက်ရတယ်။ဒါပေမယ့်လဲ မိသားစုအတွက် သမီးလေးရဲ့အနာဂတ်အတွက် ရှိတဲ့မာနတွေကိုချထားပြီးကြိုးစားပြီးလုပ်သွားတဲ့အကြောင်းကိုရိုက်ထားတဲ့ အလုပ်ကြိုးစားတဲ့သူတွေအားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
...

The Fate of Swordsman (2017) ⭐TMDB: 60% User Score 🎬 #Adventure #Thriller #Action #Drama 🗓 2017 🎞 movie 🌎 #China ⏰ 1 နာရီ 2 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ CMက တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့The Fate Of SwordsManဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ထန်မင်း‌ဆက်ခေတ် လီမျိုးနွယ်စုဆို မင်းဧကရာဇ်အဖြစ်စိုးမိုးနေတဲ့အချိန်ကိုရိုက်ပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် မင်းကြီးမှာ အငယ်ဆုံးသားတော် ချုံမောက်လို့ခေါ်တဲ့ မင်းသားလေးတစ်ပါးရှိပါတယ်ချုံမောက်ကငယ်စဉ်အခါထဲက နန်းတော်ထဲအနေပဲမြို့တော်ပြင်ပမှာရှိတဲ့ ချွမ်ယန်နန်းတော်ဆောင်မှာနေပါတယ် တစ်နေ့မှာ မင်းကြီးနေမကောင်းဖြစ်တော့ သူ့သားငယ်ကိုတွေ့ချင်ပါတယ်ဆိုပြီးချုံမောက်ကိုမြို့တော်ပြန်ခေါ်ရာမှ လမ်းခရီးတစ်ဝက်မှာ လုပ်ကြံမှုတွေနဲ့ကြုံခဲ့ရပါတယ်ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ မင်းသား ရှဲ့ယွင်လျိုကတော့ချွမ်ယန်ဂိုဏ်းရဲ့ အကြီးဆုံးတပည့်ပေါ့ သူက ချုံမောက်ကိုနန်းတော်ဆီသို့ပြန်လိုက်ပို့ရင်းအိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးကို အမှတ်မထင်ကယ်တင်ခဲ့မိရာမှတော်ဝင်မျိုးနွယ်စုရဲ့ နန်းလုနေတဲ့ရန်ပွဲထဲကိုအမှတ်မထင်ဝင်ရောက်မိခဲ့တယ်နောက်ဆုံးမှာ ရှဲ့ယွင်လျိုနဲ့ တော်ဝင်မျိုးနွယ်စုတို့ဘယ်လိုဆက်ပတ်သက်ကြမလဲဆိုတာတော့ဇာတ်လမ်းလေးကိုကြည့်ရှုရင်းစောင့်ကြည့်လိုက်ရအောင်
...

From Embers (2024) ⭐IMDB: 4.9/10 (97 Votes) 🎬 #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိသားစုနဲ့အတူ ကြည့်ဖို့ Family ဇာတ်ကားကောင်းလေး တစ်ခုကို CM ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ခင်ပွန်းသည်က ဓာတ်ခွဲခန်း မီးလောင်ပေါက်ကွဲမှာ သေဆုံးသွားပြီးနောက်ပိုင်း အော်တစ်ဇင်သားငယ်နဲ့အတူ ဘဝကို ရုန်းကန်ကြိုးစားနေတဲ့ လီလီရှုဆိုတဲ့ အမျိုးသမီး၊ အရက်စွဲနေတဲ့ အနုပညာဂီတသမား တစ်ယောက် ဖြစ်သလို သမီးတစ်ယောက်ဖခင်ဖြစ်တဲ့ မာတီ။ လီလီအနေနဲ့ ခင်ပွန်းဖြစ်သူ သေဆုံးပြီးနောက်ပိုင်း အသက်အာမခံ ပရီမီယံကြေး ထုတ်ယူဖို့ ကြိုးစားရာကနေ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရမှုဟာ သာမန်ပေါက်ကွဲမှု မဟုတ်ဘဲ သံသယဖြစ်ဖွယ် အချက်တွေကို သိလာပြီးနောက်ပိုင်း အမှုမှန် ပေါ်ပေါက်ဖို့အတွက် ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ။ ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမလဲဆိုတာ အားပေးကြည့်ရှုလိုက်ကြပါဦးလို့
...

Elves in Changjiang River (2022) ⭐TMDB: 0% User Score 🎬 #Drama #Fantasy 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ Channel Myanmarက တင်ဆက်ပေးလိုက်တာကElves in ChangJiang Riverဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကားက အရင်ခေတ်အခါတုန်းက ‌တရုတ်ကားFans‌တွေကြိုက်ခဲ့ရတဲ့Legend of Madame White Snakeဆိုတဲ့ဇာတ်ကားလေးနဲ့ခပ်ဆင်ဆင်ပါပဲ ဇာတ်ကားလေးရဲ့ အစမှာ စွေယွမ် မင်းသားလေးကလှေစီးရင်း ကုန်းထန်းမြို့ကိုသွားနေတဲ့ခရီးတစ်ဝက်မှာ ‌မြစ်ထဲပြုတ်ကျခဲ့ပါတယ်အဲ့ချိန်မှာ မင်းသမီးဖြစ်တဲ့ ငါးမိစ္ဆာလေး ‌ကျန်းရှောင်ယွီက မင်းသား‌ကိုကယ်တင်ခဲ့ပါတယ် ဒီဇာတ်ကားမှာတော့ မင်းသမီးက မကောင်းဆိုးဝါးမိစ္ဆာဖြစ်ပြီးရိုင်းစိုင်းယုတ်မာတဲ့ရာဇဝတ်သားတွေရဲ့ နှလုံးနဲ့ ဦးနှောက်ကိုစားသုံးပါတယ်အစပိုင်းမှာ ဟော့ပေါ့စားမလိုနဲ့ ယောကျာ်းတွေကိုဆွဲဆောင်ပြီးလှည့်ဖြားကာ သတ်စားနေကြဖြစ်တဲ့ ရှောင်ယွီကစွေယွမ်ကို မသတ်နိုင်ခဲ့ပဲ လွှတ်ပေးခဲ့ပါတယ် ထိုအချိန်မှာပဲ မြင်မြင်ချင်းချစ်မိတယ်ဆိုသလိုသူတို့ ၂ယောက်လည်း မသိစိတ်ထဲကချစ်မိကာလူနဲ့ မိစ္ဆာဆိုသလိုခက်ခဲကြမ်းတမ်းတဲ့ အချစ်ပုံပြင်လေးကိုရိုက်ကူးထားတာဖြစ်တဲ့အတွက်Happy endingဖြစ်မလား Sad endingဖြစ်မလားဆိုတာကိုတော့နောက်‌ဆုံးထိကြည့်ရှူပြီးစောင့်ကြည့်လိုက်ရအောင်
...

The Mystery of Lop Nur (2022) ⭐TMDB: 58% User Score 🎬 #Action #Adventure #SciFi #ScienceFiction 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုကထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေကအဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲထူးဆန်းစွာပေါ်လာပါတယ်။ ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကိုတည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာသဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့်မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။
...

Old Cannon Suicide Squad (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 31 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသက် ၅၀ ကျော် ပင်စင်ယူပြီး တရုတ်နိုင်ငံမှ ကောင်းသာ၊ ဝူလိဝေ၊ကျင်းရှီတို့ဟာ အရှေ့တောင်အာရှမှ နိုင်ငံတစ်နိုင်ငံကို ခရီးထွက်လာပါတယ်။မထင်ထားဘဲ အရင်က မိတ်ဆွေဟောင်း ဟွားရုံရဲ့ သမီးဟွားချူးချန်ကိုနယ်မြေ ဒုစရိုက်အဖွဲ့က တရားမဝင်ဖမ်းဆီးပြီး ငွေအများအပြားတောင်းနေတာ သိခဲ့ပါတယ်။ဟွားချူးချန်က သူငယ်ချင်းနဲ့ ခရီးထွက်ချိန်မှာ ဘားတစ်ခုမှာ မေ့ဆေးပေးခံရပြီး ဖမ်းခံရတာ ဖြစ်ပါတယ်။ ကောင်းသာ၊ ဝူလိဝေ၊ ကျင်းရှီတို့ဟာ ခရီးစဉ်ကို ရပ်လိုက်ပြီး ဟွားရုံနဲ့အတူ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမဲ့ ရဲတွေကလည်း ဒုစရိုက်သမားတွေနဲ့ ပူးပေါင်းပြီးယုတ်မာမှုတွေ လုပ်နေတာ သိခဲ့ရပါတယ်။ စိတ်ပျက်သွားတဲ့ သူတို့ဟာမတတ်နိုင်တဲ့အဆုံး ကိုယ့်ဘာသာ ကယ်ဆယ်ဖို့ လုပ်ရပါတော့တယ်။ အသက်ကြီး ကယ်ဆယ်ရေးအဖွဲ့ဟာ ဒုစရိုက်အဖွဲ့ကြီး တစ်ခုလုံးကို တိုက်ခိုက်နိုင်ပါ့မလား ……ကယ်ဆယ်ရေး ခရီးစဉ်တစ်လျှောက် ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ကြုံတွေရမလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Another Me (2022) ⭐TMDB: 39% User Score 🎬 #Comedy #History 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံးစိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာစိတ်ပြေလက်ပျောက်ကြည့်ဖို့ ဟာသကားလေးနဲ့ တင်ဆက်ပါရစေ။ဟိုးရှေးရှေးတုန်းက သားအဖ၂ယောက်ရှိသတဲ့။အဖေကဘုရင်ကြီး သားကအိမ်ရှေ့မင်းသားဖြစ်တယ်။ဘုရင်ကြီးမှာ မောင်းမမိဿံပေါင်း၃၀၀၀လောက်ရှိပေမယ့်သားတော်တစ်ပါးပဲဖွားမြင်ပါသတဲ့။ သားတော်ရဲ့လုံခြုံရေးအတွက် မျက်ဖုံးတပ်ခိုင်းစေခဲ့တယ်။အိမ်ရှေ့မင်းသားရဲ့မျက်နှာကိုဘယ်သူမှမမြင်ဖူးပါဘူး ။ဘုရင်ကြီးသားတော်အပေါ်မျှော်လင့်ချက်ကြီးမားပြီးစာပေအမြောက်အများအတင်းသင်ယူခိုင်းပါတယ်။ ဒါပေမယ့်အိမ်ရှေ့မင်းသားကတော့ အပျော်အပါးပဲမက်ပြီးဇာတ်ပွဲကြည့်ရင်းသာအချိန်ဖြုန်းနေပါတော့တယ်။ မြို့ပြင်တစ်နေရာမှာ တည်းခိုခန်းပိုင်ရှင်ရဲ့ယောင်္ကျား လီမောက်ဆိုတဲ့ရှိတယ်။သူကလဲတလွဲကောင်ပါပဲ။အမှုထမ်းလေးလီမောက်က ယောက္ခမရဲ့လေးစားမှုကိုရဖို့ရသမျှနည်းလမ်းနဲ့ ရာထူးတိုးရဖို့ကြံစည်နေပါတယ်။ထူးတာကတော့ သူရုပ်ရည်က အိမ်ရှေ့မင်းသားနဲ့ချွတ်စွပ်တူနေတာပါ။အပျော်အပါးမက်တဲ့ အိမ်ရှေ့မင်းသားနဲ့ ဂုဏ်မက်တဲ့လီမောက်တို့သူတို့၂ယောက်နေရာချင်းလဲပြီးဘာတွေတလွဲလုပ်ကြမလဲဆိုတာကို စိတ်ပြေလက်ပျောက်ကြည့်လိုက်ကြပါဦးနော်
...

Suffocating Love (2024) ⭐TMDB: 60% User Score 🎬 #Drama #Fantasy #Romance 🗓 2024 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 42 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ ထိုင်ဝမ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်….“ကြေကွဲလွယ်တဲ့ငါ့ရဲ့ အစိတ်အပိုင်းတစ်စချင်းစီကို ချစ်ရတဲ့ နင် ပင်ပန်းမှာပဲ” ဆိုတဲ့ စကားလေးအတိုင်းပါပဲ…အချစ်နဲ့ပတ်သက်တဲ့အခါမှာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူ…ဗီဇမတူ… ခံယူချက်ချင်းမတူ.. အမြင်တွေမတူကြတဲ့အခါမှာတော့…ချစ်စခင်စမှာတော့ တွယ်တာမြတ်နိုးပြီး အပြန်အလှန် နားလည်ပေးနိုင်သလောက်…တဖြည်းဖြည်း အနေကြာလာရင် ပိုချစ်ရတဲ့သူက ပိုပြီး ခံစားရတတ်ပါတယ်….ဒီကားလေးထဲက ဇာတ်လိုက်မင်းသားလည်း ဒီလိုပါပဲ… သဘာဝတရားကြီးကို မြတ်နိုးတဲ့ သက်သတ်လွတ်ပဲစားတဲ့ပိုင်ကျားချီဆိုတဲ့ ကောင်မလေးကို ချစ်တုန်းက…သူအရမ်းကြိုက်လွန်းတဲ့ ကြက်သား ဝက်သားတွေကို စတေးနိုင်ခဲ့တယ်…သူမကြိုက်တဲ့ စာအုပ်တွေကို ဖတ်လာပြီး…ပိုင်ကျားချီနဲ့အတူ ဘုရားကျောင်းတက်ဖို့ထိကိုလည်း ဝန်မလေးခဲ့ဘူး…ဒါပေမယ့်လည်း… တဖြည်းဖြည်း ကြာလာတော့ပိုင်ကျားချီတောင်းဆိုတာတွေက သူ့အတွက် ဖိအားတွေဖြစ်လာပြီး…ဖိအားပြေလျော့ဖို့အတွက် ကျောင်းနေဖက်ဟောင်းလင်အန်းရွှမ်နဲ့ ဖောက်ပြန်တဲ့ အဆင့်ထိဖြစ်လာတော့တယ်… သိတဲ့အတိုင်းပဲ ခြံခုန်တဲ့နွားဆိုတာက စည်းဘယ်လောက်ပဲတားထားပါစေ ခြံပြင်မရောက်ရောက်အောင် ခုန်ထွက်တဲ့အမျိုး…ဒါပေမယ့် ပိုင်ကျားချီကို အသိမပေးဘဲတွဲလာပြီး…နောက်ဆုံး အသိပေးလမ်းခွဲဖို့လုပ်တဲ့နေ့မှာတော့….မင်းသားဘဝမှာ မယုံကြည်နိုင်လောက်တဲ့ ကိစ္စတစ်ခုနဲ့ ကြုံတွေ့ပြီးတော့… သူဟာ မျဉ်းပြိုင်လောကမှာ နောက်အမျိုးသမီးတစ်ယောက်ရဲ့ ရည်းစားအဖြစ် နိုးထလာခဲ့ပါတယ်…ကဲ ဒီအချစ်ဝင်္ကပါထဲက သူရုန်းထွက်နိုင်မှာလား…နောက်ပြီး ဘာလို့ မျဉ်းပြိုင်လောကကို ရောက်သွားတာလဲ….နောက်ပြီး ဒီအမျိုးသမီး ၃ ယောက်ကရော ဘယ်လိုတွေပတ်သက်နေတာလဲ….ဒီကားလေးကြည့်ပြီး ဘာအတွေးလေးရနိုင်မှာလဲ…ဆိုတာ သိရအောင် CM နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်
...

I am the Secret in Your Heart (2024) ⭐TMDB: 60% User Score 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 52 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရည်းစားတွေဘယ်လောက်ပဲထားထား ငယ်ငယ်ချစ်သူကိုမေ့မရနိုင်ပဲအတိတ်ကအမှတ်တရတွေကိုပဲပြန်မိနေတာမျိုးရှိကြလား? သွက်လက်တက်ကြွတဲ့အထက်တန်းကျောင်းသူလေး ရှောင်ရှဟာကျောင်းပြောင်းလာတဲ့ စာတော်တဲ့ကျောင်းသားအသစ်လေးကိုမြင်မြင်ချင်းချစ်မိသွားတယ်။ ရင်ခုန်သံတွေကိုထိန်းမရတဲ့ ရှောင်ရှလေးကျောင်းသားသစ်လေးချန်ယိရဲ့အချစ်ကိုရဖို့အသည်းအသန်ကြိုးစားပြီး လိုက်တော့တာပေါ့။ ငယ်ငယ်ကတည်းက ရှောင်ရှနဲ့ရင်းနီးလာတဲ့ သူငယ်ချင်းလေးယို့ကျီကတော့ဘေးမှာမသိမသာအမြဲအဖော်လုပ်ပေးနေတတ်ပြီးတော့တစ်ခေါက်တော့ကြိုးစားဖွင့်ပြောကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။မြင်မြင်ချင်းချစ်မိတဲ့ကောင်လေးနဲ့ ငယ်သူငယ်ချင်းကြားမှာရှောင်ရှတစ်ယောက်ဘယ်လိုရွေးချယ်မလဲ
...

Deeper! (2020) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Adult #Comedy #Drama #Romance 🗓 2020 🎞 movie 🌎 #Russia ⏰ 1 နာရီ 49 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Glubzhe 2020 ( IMDb 6.1/10 ) ရုရှားတွေကလည်း ရုပ်ရှင်ကောင်းကောင်းကိုမင်းသမီးချောချောနဲ့ ငါတို့လည်းရိုက်ပြတတ်ဆိုပြီး တင်ဆက်လာတဲ့se comedy-drama ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ရိုမန်ပီထရိုဗစ်ခ်ျဆိုတာ ချက်ကော့တို့ ဒေါတိုယက်စကီးတို့လိုဆရာကောင်တွေရဲ့ ဝတ္ထုတွေပဲဖတ်နေကျ အနုပညာကျောင်းဆင်း ဒါရိုက်တာတစ်ယောက်ပါ …အရမ်းအနုပညာဆန်လွန်းတော့ ပြဇာတ်ရုံကနေ ကန်ထုတ်ခံရပြီး ‌ကြောင်ပျောက်နေတာပေါ့… အဲ့အချိန်မှာပဲ ကျောင်းနေဘက်ဘော်ဒါတစ်ကောင်က သူမအားလို့ သူဒါရိုက်တာလုပ်လက်စ အပြာကားကို ဆက်ရိုက်ခိုင်းတဲ့အခါမှာဆရာကြီးရိုမန်က ရေပိုက်‌ပျက်လို့ ရေပိုက်လာပြင်ရတဲ့ ဂျပန်ကတုံးဇာတ်လမ်းကို မသိရင်အော်စကာဆယ်ဆုလောက်ရမယ့် တိုက်တန်းနစ်အပိုင်း၂လိုဖြစ်အောင် သရုပ်ဆောင်တွေကိုမုဒ်တွေရှယ်သွင်း ရှယ်သင်ကြားပေးလိုက်ပါတော့တယ်။ အဲ့မှာပဲ သူ့အပြာကားကြီးက အသက်ဝင်လွန်းတော့ဆရာကြီးက နာမည်ကြီးပြီး သမ္မတကိုယ်တိုင်ကပါနိုင်ငံတော်အဆင့် ရိုက်ကူးရေးတွေ လုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ် ဘာမဆို နက်နဲမှကြိုက်တဲ့ ဆရာကြီးရဲ့လေးနက်တဲ့ညစ်ညမ်းကားရိုက်ကွက်တွေမို့မိသားစုနဲ့အတူမကြည့်သင့်မှန်းတော့ သဘောပေါက်ကြမှာပါ
...

All We Imagine as Light (2024) ⭐IMDB: 7.3/10 (4 k Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #France #India #Netherlands #Luxembourg #Italy #Switzerland #UnitedStates #Belgium ⏰ 1 နာရီ 58 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All We Imagine as Light (2024)”တံလျှပ်”================================ မွမ်ဘိုင်းဆိုတာ အိပ်မက်တွေရဲ့မြို့။ စိတ်ကူးတွေကိုလက်တွေ့အကောင်အထည်ဖော်လို့ရတဲ့နေရာတဲ့။ အဲဒီလို ယုံကြည်ပြီး အိန္ဒိယနိုင်ငံရဲ့ လူကြီးလူငယ်ပေါင်းမြောက်များစွာကမွမ်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်ကြတယ်။ ရုန်းကန်ကြတယ်။ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ မွမ်ဘိုင်းမြို့ကြီးမှာ အသားကျဖို့ကြိုးစားကြရင်းတစ်ရက်စာတစ်ရက် ရှင်သန်ဖို့က အရေးကြီးလာပြီးမျှော်လင့်ချက်တွေက မှေးမိန်လာကြတယ်။ အဲဒီလိုပဲ မျှော်လင့်ချက်တွေနဲ့ မွမ်ဘိုင်းကိုတက်လာတဲ့ပရာဘာနဲ့ အာနူဆိုတဲ့ စီနီယာ ဂျူနီယာသူနာပြုနှစ်ယောက်တိုက်ခန်းတစ်ခုကို စကပ်တူငှားပြီးတူနေထိုင်ကြတယ်။ အဲဒီလို နေလာရင်း ဘယ်ကမှန်းမသိတဲ့ ပါဆယ်ပုံးတစ်ခုသူတို့ဆီကိုရောက်လာချိန်ကစပြီး သူတို့ဘဝအတွက် အလှည့်အပြောင်းဖြစ်စရာကိစ္စတွေကြုံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် မာလျာလမ်စကားပြော အင်ဒီးရုပ်ရှင်တစ်ခုဖြစ်ပြီးမွမ်ဘိုင်းမြို့ကြီးမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝတွေကိုnarrative ကောင်းကောင်းနဲ့ပုံဖော်ပြထားတဲ့အပြင် Indie ရုပ်ရှင်ဆုတွေလည်းအများကြီးရထားတဲ့အတွက် အချိန်ပေးရတန်စေမယ့် ရုပ်ရှင်ကောင်းလေးဖြစ်လို့ချန်နယ်မြန်မာပရိသတ်တွေအတွက် CM Bollywood Team ကနေညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
...

Tous toqués! (2024) ⭐IMDB: 6.3/10 (131 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 54 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All Stirred Up! (2024) Tous toqués! IMDb Rating (6.3) နယူးယောက်မှာ အလုပ်လာလုပ်နေတဲ့ ပြင်သစ်စာဖိုမှုးတစ်ယောက် သူ့သမီးကို သွားတွေ့ဖို့ နယ်စပ် ဖြတ်တဲ့အခါ ကလေးတစ်ယောက်အမေ နယ်စပ်အရာရှိ ဖြစ်သူက အထူးတလည်တင်းကျပ်တာကို ကြုံရပါတော့တယ်.. သူ့သမီးမွေးနေ့အတွက် သယ်လာတဲ့ ပစည်းတွေ အကုန်လုံး စစ်ဆေးခံရတဲ့အခါ သူတို့ နှစ်ယောက်ကြားက ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ကြည့်ရူ့ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Emma ဖြစ်ပါတယ်။)
...

In the Mood for Love (2000) ⭐TMDB: 81% User Score 🎬 #Drama #Romance 🗓 2000 🎞 movie 🌎 #China #HongKong #France ⏰ 1 နာရီ 38 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး တွေးလို့ရလောက်ပါတယ်။ တိုက်ခန်းတစ်ခန်းမှာ ငှားနေကြတဲ့ ဘေးချင်းကပ် အိမ်နီးချင်းလင်မယားစုံတွဲ ၂ တွဲမှာ မစ္စတာချန်နဲ့ မစ္စချောင်တို့က ဖောက်ပြန်နေကြတာကို ဆိုင်ရာလက်တွဲဖော်တွေဖြစ်တဲ့မစ္စချန် နဲ့ မစ္စတာချောင်တို့က သိသွားတဲ့အခါ သူတို့နှစ်ယောက်ကပါ ထပ်ပြီးဖောက်ပြန်တာကို ရိုးရိုးရှင်းရှင်းလေးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ကာဝေဟာ ရုပ်ရှင်အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာအသုံးချပြီးဒီရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာချောင်နဲ့ မစ္စချန်ရဲ့ စိတ်တွင်းခံစားချက်တွေကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ယူဆောင်ပြလာခဲ့ပါတယ်။ သာမန်ရိုက်ချက်တွေနဲ့မတူပဲ သရုပ်ဆောင်တွေကို ဘောင်ကျဉ်းကျဉ်းလေးပဲ ပေးထားတာတွေ၊ ဇာတ်ဝင်ခန်းတွေတိုင်းလိုလိုမှာ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်ခုခုထည့်ထားတာတွေကြောင့် ဒီနှစ်ယောက်ကြားက ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့အခြေအနေတွေဟာ ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ In the Mood for Love ကို ရွေ့လျားနေတဲ့ကဗျာတစ်ပုဒ်လို့ တင်စားကြပြီး ဒီရုပ်ရှင်ဟာ စကားလုံးတွေထက် ဇာတ်ဆောင်နှစ်ယောက်ရဲ့အကြည့်တွေ၊ ဟန်ပန်အမူအရာတွေနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ သူတို့ရဲ့ လှုပ်ရှားမှုနောက်ကိုလိုက်ကြည့်နေရတာဟာကဗျာရှည်တစ်ပုဒ်ကို ဖတ်ပြီး ခံစားနေရသလိုပါပဲ။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Nostalgia (အတိတ်ကပျော်စရာအခိုက်အတန့်တွေကို အောက်မေ့သတိရခြင်း) ဆိုတဲ့အချက်ကို ကောင်းကောင်းကြီးပုံဖော်သွားနိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဝမ်ကာဝေဟာ ရုပ်ရှင်ရဲ့ အရောင်တွေကို ၁၉၆၀ ဝန်းကျင်ကထွက်ရှိတဲ့ရုပ်ရှင်ဆန်ဆန် အရောင်မျိုးအသုံးပြုသွားခဲ့ပြီး ဇာတ်အိမ်ကိုလဲ ၁၉၆၂ ခုနှစ် ဟောင်ကောင်မှာ အခြေတည်ထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်ကားကြည့်ပြီးမျက်ရည်လည်ရွှဲငိုချင်သူတွေ၊ ရိုမန်တစ်ဆန်ချင်သူတွေအတွက်တော့ ကိုက်ညီမယ့်ရုပ်ရှင်မဟုတ်ပေမယ့် တစ်ခါတစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ အနုပညာလက်ရာမြောက်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို အနုပညာလက်ရာတစ်ခု၊ ကဗျာစာပေတစ်ခုလို ခံယူထားတဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ တွေးလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ အဖော်အချွတ်ဇာတ်ဝင်ခန်းမပြောပါနဲ့၊ နမ်းရှုတ်တဲ့အခန်းတောင် တစ်ကွက်မှမပါဝင်ပဲ အချစ်ဇာတ်လမ်းတစ်ခုကို လှလှပပလေးပုံဖော်သွားခဲ့တဲ့ဝမ်ကာဝေရဲ့ လက်ရာကို အခုပဲ ကြည့်ရှူလိုက်ကြပါ။ ဘဝအတွက် တွေးစရာတစ်ခုခုတော့ ကျန်ရစ်စေခဲ့ရမယ်ဆိုတာရဲရဲကြီးအာမခံရဲပါတယ်။
...

Audition (2000) ⭐TMDB: 71% User Score 🎬 #Drama #Horror #Mystery 🗓 2000 🎞 movie 🌎 #Japan ⏰ 1 နာရီ 56 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Audition ဇာတ်ကားကတော့ Ryu Murakamiရဲ့ဝတ္တုကို Director : Takashi Miike က ပုံဖော်ရိုက်ကူးထားတဲ့ Drama , Horror , Mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating – 7.2/10Rotten Tomatoes – 81% Psycho Killer ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အထူးသင့်တော်တဲ့ကားပါ။ တစ်ချိန်လုံးသတ်နေတဲ့လူသတ်ကားတွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ ***ဇာတ်လမ်းအညွှန်း*** Yoshikawa လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် single father တစ်ယောက်ဟာ သူ့သားဖြစ်သူရဲ့အကြံပေးချက်ကြောင့်နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့စိတ်တိုင်းကျ မိ်န်းမတစ်ယောက်ကို သူ့သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူရွေးပွဲလုပ်ပြီးရှာပြီးနောက် မထင်မှတ်ဘဲ သူသဘောကျတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူမနာမည်ကတော့ Asami ပါ။ Asami ကို သူလက်ထပ်ထပ်ခွင့် တောင်းလိုက်တဲ့အခါမှာတော့… လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းကြီးတစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ်။ အဲ့ဒါကတော့…… ဒီလူသတ်ကားလေးကတော့ 1999ဆိုပေမယ့် Old but Gold ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။ မကြည့်ခင် Trailerအရင်ရှာကြည့်လိုက်ပါ ဘယ်လောက်ကြမ်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
...