无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Chile '76 (2022)
⭐IMDB: 6.7/10 (2 k Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Chile #Argentina #Qatar
⏰ 1 နာရီ 37 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ IMDb မှာ 6.7 ရရှိထားပြီး Rotten Tomatoes မှာ 91% အထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ
ဒီဇာတ်ကားလေးကတော့ 1976ခုနစ် ချီလီနိုင်ငံကို ဗိုလ်ချုပ် Augusto Pinochet က အာဏာသိမ်းပြီး 3နှစ်အကြာ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးနေတဲ့ အချိန်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်
ကာမန်းဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ လူလတ်တန်းစားမိသားစုက အိမ်ရှင်မတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ အပန်းဖြေဖို့ အပန်းဖြေအိမ်ရှိရာ အရပ်ကို လာခဲ့ပါတယ် အဲ့ဒီမှာတော့ သူတို့ရဲ့ မိသားစု ဘုန်းကြီးတစ်ပါးဟာ ကာမန်းကို အကူအညီတစ်ခုတောင်းခဲ့ပါတယ် အဲ့ဒါကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ခြေထောက်မှာ သေနတ်မှန်ထားတဲ့ လူငယ်တစ်ယောက်ကို စောင့်ရှောက်ပေးဖို့ပါပဲ ကာမန်းတစ်ယောက် ကြက်ခြေနီအဖွဲ့ဝင်ဟောင်းလည်းဖြစ်တာမလို့ လူငယ်လေးကို စောင့်ရှောက်ပေးဖို့ သဘောတူလိုက်ရာက အစိုးရက နိုင်ငံရေး လှုပ်ရှားသူတွေကို အင်အားသုံး ဖမ်းဆီးနေချိန် လူငယ်လေးကို လုံလုံခြုံခြုံ စောင့်ရှောက်ထားနိုင်မှာလား ဆိုတော့ကိုတော့ စောင့်ကြည့်ပေးကြပါဦးဗျာ...
Baby Mama (2008)
⭐TMDB: 60.0% User Score
🎬 #Comedy #Romance
🗓 2008 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ chillရင်းကြည့်လို့ရမယ့်
comedyကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျ။
ဒီဇာတ်လမ်းမှာ ကိတ်အဖြစ် သရုပ်ဆောင်ထားတဲ့ Tina Feyကိုတော့
Mean Girlsဇာတ်ကားကနေတစ်ဆင့် လူသိများကြမယ်ထင်ပါတယ်။
အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့
ကိတ်ဟိုးလ်ဘရွတ်ခ်ဟာ သူ့ဘဝတစ်လျှောက်လုံး ပိုက်ဆံရှာဖို့ကိုပဲ
ရှေ့တန်းတင်ခဲ့တဲ့ ဇီဇာကြောင် အပျိုကြီးတစ်ယောက်ပါ။
အသက် ၃၇နစ်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ကိတ်တစ်ယောက်
ကလေးလိုချင်တဲ့ ရောဂါထပါတော့တယ်။
ဒါပေမယ့် ကိတ်မှာ ရည်းစားလည်းမရှိသလို ကံမကောင်းစွာနဲ့
သူ့ရဲ့ သားဥတွေကပါ မျိုးမအောင်နိုင်တဲ့ ပြဿနာဖြစ်နေတာကို သိရှိလိုက်ရပါတယ်။
ဒီလိုနဲ့ ကြံရာမရတဲ့အဆုံး ကိတ်တစ်ယောက်
အငှားကိုယ်ဝန်ဆောင်စနစ်ကိုသုံးပြီး
ကလေးယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကနေတစ်ဆင့်
ရရှိခဲ့တဲ့ အငှားအမေကတော့ ပြာကလူးဆန်
ကောင်မလေးတစ်ယောက်ဖြစ်တဲ့ အန်ဂျီပါ။
အန်ဂျီရဲ့ဗိုက်ထဲကို ကိုယ်ဝန်ထည့်သွင်းမှုအောင်မြင်တယ်လို့
သိလိုက်ရတဲ့အခါမှာတော့ ကိတ်တစ်ယောက် ကလေးအတွက်
စိတ်တိုင်းကျပြင်ဆင်ပါတော့တယ်။
ဒါပေမယ့် ပြဿနာတစ်ခုဖြစ်လာတာကတော့
ကိတ်နဲ့ အန်ဂျီတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ ပြောင်းပြန်ဖြစ်နေတာပါပဲ။
ဒီလိုနဲ့ အရာရာကို စိတ်တိုင်းကျထိန်းချုပ်ချင်တဲ့ ကိတ်ဟာ
မိန်းမဆိုးလေး အန်ဂျီကို ထိန်းကျောင်းဖို့ အခက်တွေ့လာပါတော့တယ်။
ဒါကြောင့် ဒီကိုယ်ဝန်ဆောင်ကာလကို ကိတ်နဲ့ အန်ဂျီတို့
ဘယ်လိုအလွဲအမှားတွေ အရွဲ့အစောင်းတွေလုပ်ကြရင်းနဲ့ ဖြတ်သန်းကြမလဲဆိုတာကို
ရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။...
Gyeongseong Creature (2023- )
⭐IMDB: 3.9/10 (56 Votes)
🎬 #SciFi #Fantasy #Mystery #Action #Adventure #Drama #History #Horror #Thriller
🗓 2023- 🎞 tv series
🌎 #SouthKorea
⏰ 1 နာရီ 8 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Gyeongseong Creature(2023)Gyeongseong Creature(2023)***************************
Your browser does not support the video tag.အပိုင်းသစ် (၁ မှ ၇ )အထိ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Park Seo Joon နဲ့ Han SoHee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ။Park SeoJoon ကတော့ ဂျန်ထယ်ဆန်းဆိုတဲ့ စီးပွားရေးသမားတစ်ယောက်နေရာကပါဝင်ထားပြီးHan SoHee ကိုတော့ နယ်လှည့်သွားလာနေတဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့စုံထောက်မလေး ယွန်းချယ်အို့အဖြစ်တွေ့ရမှာပါ ။ ထူးဆန်းတဲ့အမှုကိစ္စတစ်ခုကိုသူတို့နှစ်ဦးအတူစုံစမ်းဖို့ဖြစ်လာရာကနေ ကြုံတွေ့ရမယ့် ဘေးဒုက္ခဆိုးကြီးကို ကြည့်ရှုရမှာပါ ။ဇာတ်လမ်းအကျဉ်း***************သူမကငယ်စဥ်က ဖခင်ဖြစ်သူနဲ့အတူ မန်ချူးရီးယားနဲ့ရှန်ဟိုင်းတို့ကိုအိမ်ဦးနဲ့ကြမ်းပြင်လို့ အမြဲသွာလာနေရသူဖြစ်ပါတယ်…လူဆိုး သူခိုး ဓားပြနဲ့အခြားအန္တရယ်ပေါင်းများစွာရှိလို့ မိန်းကလေးဆိုသော်ငြားဘဝရှင်သန်ရေးအတွက် ကိုယ်ခံပညာပေါင်းစုံကိုလေ့လာသင်ယူခဲ့သလိုလက်နက်ပေါင်းစုံကိုလည်း ကျွမ်ကျင်စွာအသုံးပြုတတ်ပါတယ်…သူမရဲ့ ဆယ်နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ အမေကိုရှာဖွေဖို့အတွက် Gyeongseong ကိုရောက်လာပြီး Hang Tae Sang (Park Seo Joon)နဲ့ဆုံခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့...
Blindness (2008)
⭐TMDB: 65.0% User Score
🎬 #Drama #Mystery #Thriller #ScienceFiction
🗓 2008 🎞 movie
🌎 #Brazil #Canada #Japan #UnitedKingdom #Italy #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 2 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDB – 6.5
ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့
ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလို
ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။
ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာက
ခံစားကြည့်ရှုစေချင်တာဖြစ်မယ်။
ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်
အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံ
ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိ
ကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။
လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်
ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီး
လင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။
ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်
မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။
ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီး
ကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်း
မျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြား
တစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်
အစိုးရကရောဂါကူးစက်သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့
ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်
သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။
ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်
အစအစအရာရာ ဦးဆောင်ပြီးလုပ်ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်
နောက်ပိုင်းလူတွေတစ်စတစ်စများလာတော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံ
လူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်း
စိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာတော့...
Sugar Factory (2023)
⭐IMDB: 9.5/10 (280 Votes)
🎬 #Bollywood #Comedy #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 19 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sugar Factory (2023) “ဟန်ဆောင်အချစ်ဇာတ်လမ်း”IMDb – 9.5/10
Sugar Factoryဆိုတဲ့ ကန်နာဒါစကားပြော အိန္ဒိယအချစ်ဟာသဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မင်းသမီးချော ဆိုနာမွန်တယ်ရီယိုနဲ့ မင်းသားဒါလင်ခရစ်ရှ်နာတို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။
“Single is the best”လို့ တစာစာကြွေးကြော်ရင်း အချစ်ရေး အိမ်ထောင်ရေးကိုတစက်ကလေးမှ စိတ်မဝင်စားကြတဲ့ အာရာနဲ့ အာဒီတီ။အာရာက မင်္ဂလာပွဲတွေစီစဉ်ပေးတဲ့ စီစဉ်သူကြီးဖြစ်ပေမဲ့ အိမ်ထောင်ရေးကိုလုံးလုံးအယုံအကြည်မရှိသူ။အာဒီတီဆိုတဲ့ မိန်းမပျိုလေးကလည်း ထိုနည်း၎င်း ဘာလဲ အချစ်ဆိုတာလို့ မေးခွန်းထုတ်တတ်တဲ့ ဆော့ဖ်ဝဲပညာရှင်။
ဒီလို မချစ်တတ်တဲ့ယောကျ်ားနဲ့ မချစ်တတ်တဲ့မိန်းမတို့ ဆုံတွေ့ကြတာက Sugar Factoryလို့ခေါ်တဲ့အရက်ဆိုင်မှာ။နှစ်ယောက်သား မထင်မှတ်ဘဲဆုံတဲ့အချိန်မှာ အရင်တချိန်က ဆုံခဲ့ဖူးသူတွေမို့ခဏအတွင်းရင်းနှီးသွားကြရင် အချစ်ကိုမယုံကြည်ကြောင်း ဒဿနတွေပွင့်အံကြတာပေါ့။ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင်မူးပြီးတဲ့နောက်မှာတော့ အကြောင်းကြောင်းကြောင့်ချစ်သူတွေအဖြစ်ဟန်ဆောင်ရဖို့ဖြစ်လာပါတော့တယ်။
အချစ်ကိုအယုံအကြည်မရှိတဲ့ သူတို့နှစ်ယောက်ရဲ့ ဟန်ဆောင်အချစ်ဇာတ်လမ်းလေးကဘယ်လိုအဆုံးသတ်မလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြပါဦးစို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Friday After Next (2002)
⭐TMDB: 63.0% User Score
🎬 #Comedy #Drama
🗓 2002 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Friday After Next (2002)
IMDb-5.8
ဇာတ်လမ်းအညွှန်း
ခရစ္စမတ်ကာလလည်း နီးနေပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေး
ခံစားနိုင်ဖို့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။
စန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ ဆုတောင်းရတဲ့အချိန်တွေကို ပြန်တွေးမိကြဦးမလား။
ကဲ ဒီဇာတ်လမ်းကတော့ ထူးခြားသွားပါပြီ။
စန်တာဘိုးဘိုးကြီးဆီက လက်ဆောင်ရဖို့ ဝေးသေး၊ စန်တာဘိုးဘိုးကြီးက ပစ္စည်းတွေ လိုက်လုနေလို့ပါပဲ။
ခရစ်ဂ်နဲ့ ဒေးဒေးတို့ ညီအကိုနှစ်ယောက်က မိဘတွေနဲ့ ခွဲပြီး
တိုက်ခန်းမှာ နေနေကြပါပြီ။
ခရစ္စမတ်မတိုင်ခင် တစ်နေ့အလို သောကြာနေ့မှာ
သူတို့အိမ်ကို သူခိုးကပ်ပါတယ်။
သူခိုးကတော့ စန်တာကလော့စ်ဝတ်စုံဝတ်ပြီး ခိုးတဲ့ကောင်ပါတဲ့။
သူတို့ရဲ့ သောကြာနေ့ ပြဿနာလေး ဒီကစပါပြီ။
ခရစ်ဂ်နဲ့ ဒေးဒေးတို့ ပစ္စည်းတွေ အကုန်ပါသွားတဲ့အပြင်
အိမ်ငှါးခပေးရမယ့် ငွေတွေပါ ပါသွားတယ်။
ခရစ္စမတ်လက်ဆောင်တွေလည်း မရှိတော့ဘူး၊ အိမ်ငှါးခလည်း
ပေးရတော့မယ်၊ ခရစ္စမတ်ပါတီပွဲလေးလည်း
ကျင်းပချင်ကြသေးတယ်၊ စန်တာကလော့စ်သူခိုးကိုလည်း ဖမ်းရဦးမယ်။
ဒါနဲ့ သူတို့နှစ်ယောက် သူတို့မိသားစုဘာဘီကျုဆိုင်ရှိတဲ့
မောလ်တစ်ခုမှာ လုံခြုံရေးအစောင့် ဝင်လုပ်ကြပါတယ်။
လုံခြုံရေးလုပ်နေရင်း ဘာတွေကြုံရဦးမလဲပေါ့။
သောကြာနေ့လေးမှာ ညီအကိုနှစ်ယောက်
ဘယ်လိုဂယက်တွေ ဖန်တီးကြဦးမလဲ၊ သူတို့ဆန္ဒတွေ ပြည့်ကြပါ့မလား…
ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
“Friday” series မှာ သုံးကားမြောက်အနေနဲ့
ထွက်ရှိထားတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။
Christmas theme songလေးတွေ ခံစားရင်း
ရယ်မောပျော်ရွှင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။...
Dry Day (2023)
⭐IMDB: 8.0/10 (38 Votes)
🎬 #Bollywood #Comedy #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 8 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dry Day (2023) “ခြောက်ကပ်ကပ်နေ့များဆီသို့…
” Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီးယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။
ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။
အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင်အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamတို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
雷霆扫毒 (2023)
⭐TMDB: 0.0% User Score
🎬 #Action #Crime #Drama
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 5 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ မိုးကြိုးစစ်ဆင်ရေးဆိုတဲ့ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးအကြောင်းတစ်ခုကိုရိုက်ထားတာပဲဖြစ်ပါတယ်။ဒီကားမှာတော့ မင်းသားကသာမူးယစ်ဂိုဏ်းမှာသူလျှိုလုပ်ပြီးမူးယစ်ရာဇာကိုဖမ်းတဲ့အကြောင်းကိုအဓိကထားတာမဟုတ်ပဲ။မူးယစ်ရာဇာတစ်ယောက်ကိုဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှမူးယစ်ရာဇာရဲ့ညီတွေက လက်စားချေဖို့ ရဲအရာရှိတစ်ယောက်ရဲ့သမီးလေးကိုဖမ်းပြီးတော့သူတို့အစ်ကိုကိုလွှတ်ပေးဖို့ အကြပ်ကိုင်လာတယ်။
အဆင့်ဆင့် ကလေးမလေးကိုကယ်တင်ဖို့ဘယ်လိုကြိုးစားရင်းမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့အဖွဲ့ကိုဘယ်လိုအမြစ်ကနေရှင်းပစ်လဲဆိုတာရိုက်ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
Toby (2023)
⭐IMDB: 8.0/10 (2 k Votes)
🎬 #Bollywood #Crime #Drama #Thriller #Action #Mystery
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 35 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Toby (2023) “တုနှိုင်းမဲ့မေတ္တာ”IMDb – 8.1/10
ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။
တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကိုလူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာအနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီးတိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။
ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား…လူမိုက်တယောက်ရဲ့သွားရာလမ်းလား…ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Toby (2023)
⭐IMDB: 8.0/10 (2 k Votes)
🎬 #Bollywood #Crime #Drama #Thriller #Action #Mystery
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 28 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Toby (2023) “တုနှိုင်းမဲ့မေတ္တာ”IMDb – 8.1/10
ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။
တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကိုလူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာအနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီးတိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။
ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား…လူမိုက်တယောက်ရဲ့သွားရာလမ်းလား…ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Rebel Moon: Part One - A Child of Fire (2023)
⭐IMDB: 6.4/10 (3 k Votes)
🎬 #Action #Adventure #Drama #ScienceFiction #Fantasy #SciFi
🗓 2023 🎞 movie
🌎 #UnitedStates #Hungary #Sweden #Denmark #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 16 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။
ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူတိုင်းကြည့်လို့အဆင်ပြေပါတယ်။
ဇာတ်လမ်းအကျဉ်း
ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက်လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခုခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံမရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ်သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည်တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲဆိုတာ တွေ့ရမှာပါ။...
Ready O/R Rot (2023)
⭐TMDB: 60.0% User Score
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #HongKong
⏰ 1 နာရီ 37 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာအားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့်အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။
ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့်သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီးအပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။
သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ……သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။...
The Strange Case of Embroidered Shoes (2023)
⭐TMDB: 0.0% User Score
🎬 #Mystery #Thriller
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 28 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်ကော်ခေတ်နှောင်းပိုင်းမှာ ခေတ်အပြောင်းအလဲကြောင့် ဒုစရိုက်ဂိုဏ်းတွေအတင့်ရဲရောင့်တက်နေချိန်ဖြစ်ပါတယ်။ မြို့ထဲမှ ကျောင်းသူအများအပြားပျောက်ဆုံးနေခဲ့ပြီး ရဲတပ်ဖွဲ့အတွက် ခေါင်းကိုက်နေရပါတယ်။
မြို့ပြင်မှာရှိတဲ့ ရှန့်မိသားစုအိမ်မှာ တစ်မိသားစုလုံး အသတ်ခံရပြီးနောက်မှာတော့သရဲအိမ်ဆိုပြီး သမုတ်ခံခဲ့ရပါတယ်။ မိုးညတစ်ညမှာ ရှန့်အိမ်ထဲမှာကျောင်းသူတစ်ယောက်နဲ့ လူကုန်ကူးသူတစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ဒီအမှုက ထူးဆန်းလွန်းတဲ့အတွက် ဘယ်သူမှ မကိုင်ချင်ဖြစ်နေပါတယ်။
ရဲမေလေး ကျန်းရှောင်ဟော်ကတော့ သရဲတစ္ဆေတွေကို အယုံအကြည်မရှိပဲအဖေဖြစ်သူ ရဲမှူးကျန်းမိဟူ ဆန့်ကျင်နေတဲ့ကြားက ဒီအမှုကို လိုက်လံစုံစမ်းခဲ့ပါတယ်။ရှောင်ဟော်ဟာ သူဌေးသမီး ကျောက်ရီချွဲ့နဲ့ ခင်မင်သွားခဲ့ပြီးသူတို့ ၂ ယောက်ပူးပေါင်းကာ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုကို လိုက်လံစုံစမ်းပါတော့တယ်။
နောက်ဆုံးမှာ သဲလွန်စတွေအရ လိုင်ဖုန့်လုံကို ရှာဖွေတွေ့ရှိခဲ့ပြီး ချန်စန်းရဲကဦးဆောင်တဲ့ ဟွမ်ထုံချန်အဖွဲ့ကို စုံစမ်းရရှိခဲ့ပါတယ်။ကျန်းရှောင်ဟော်နဲ့ ကျောက်ရီချွဲ့တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ကြီးကို အမြစ်ပြတ်ဖြေရှင်းနိုင်ပါ့မလား……လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုနဲ့ရော ဘယ်လို ပတ်သတ်နေကြမလဲ……ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။...
The Miracle Worker (1962)
⭐TMDB: 78.0% User Score
🎬 #Biography #Drama
🗓 1962 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
RT 96% နဲ့ IMDb 8.1 ရရှိထားတဲ့ ဇာတ်ကားဟောင်းလေးကို
CM ကနေ ပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်လမ်းကို ဒါရိုက်တာ အာသာပန်က ရိုက်ကူးထားတာ ဖြစ်ပြီး
မင်းသမီး အန်းဘန်ခရော့ထ်နဲ့ ပတ်တီဒုခ်တို့က အဓိက သရုပ်ဆောင်ထားပါတယ်။
၁၉၆၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားတစ်ကား ဖြစ်ပြီး
သရုပ်ဆောင်တွေရဲ့ အကောင်းဆုံးသော တင်ဆက်မှုတွေကို ခံစားကြရမှာပါ။
ဒီဇာတ်လမ်းက လူတိုင်းနဲ့ မစိမ်းတဲ့သူ၊ စာပေနိုဗယ်ဆု မရရှိခဲ့ပေမဲ့
ဆန်ကာတင်စာရင်းထဲထိ ပါဝင်နိုင်ခဲ့တဲ့ မျက်မမြင်
စာရေးဆရာမ ဟယ်လင်ကယ်လာရဲ့ ငယ်ဘဝဇာတ်ကြာင်းကို
ရိုက်ကူးထားတာ ဖြစ်ပါတယ်။
လူတိုင်းလေးစားရတဲ့ ဟယ်လင်ကယ်လာရဲ့ သနားစရာ
ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အချိန်အပိုင်းအခြားတစ်ခုကို
အံ့ဩမှင်သက်စွာ ခံစားရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မွေးကင်းစ အရွယ်မှာ
နေမကောင်းဖြစ်ပြီး မျက်စိကွယ်၊ နားမကြား ဖြစ်သွားရတဲ့
ဟယ်လင်ကယ်လာလေးကို အန်နီ ဆော်လီဗန်က
သင်ကြားပေးဖို့ ဖြစ်လာပါတယ်။
ငယ်စဉ်ကတည်းက မျက်မမြင်ဖြစ်တဲ့ အန်နီဆော်လီဗန်ဟာ
ဟယ်လင်ကယ်လာလေးကို ကမ္ဘာကြီးမှာ ရှိသမျှအရာတွေ
အားလုံးကို သိစေချင်စိတ် ဖြစ်လာခဲ့ပါတယ်။
သင်ကြားပေးရာမှာလည်း မသန်စွမ်းသူတစ်ယောက်အနေနဲ့ မဟုတ်ဘဲ
သာမန်လူတစ်ယောက်လို ဘဝကို ဖြတ်သန်းနိုင်ဖို့ သင်ကြားပေးခဲ့ပါတယ်။
ဟယ်လင်ကယ်လာလေးကို သနားချစ်နဲ့ အလိုလိုက်ထားတဲ့
မိဘတွေနဲ့ ကလေးကို သင်ကြားပေးချင်တဲ့ စေတနာအပြည့်နဲ့
ဆရာမကြားမှာ အပြိုင် လွန်ဆွဲနေကြတဲ့
အကြောင်းကို ရသစုံလင်စွာ ကြည့်ရှုရမှာပါ။...
Snatched (2017)
⭐IMDB: 4.7/10 (37 k Votes)
🎬 #Action #Adventure #Comedy
🗓 2017 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကို
ခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ..
သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီး
လမ်းခွဲခံလိုက်ရပါတယ်။
အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊
သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင်
ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့်
အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။
ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အ
ားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့
ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင်
အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက်
ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင်
ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကို
ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင်
သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါ
ကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။...
The Grifters (1990)
⭐TMDB: 65.0% User Score
🎬 #Crime #Drama #Thriller
🗓 1990 🎞 movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Grifters (1990)
~ IMDb – 6.9/10, Rotten Tomatoes – 91% ~
National Board of Review of Motion Pictures ရဲ့ ၁၉၉၀ ခုနှစ်အတွက် အကောင်းဆုံး ရှပ်ရှင် ၁၀ ကားထဲက တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ သိတဲ့အတိုင်း ၁၉၉၀ ဆိုတာ ကားကောင်းတွေထွက်ခဲ့တဲ့နှစ်ဆိုတော့ အကောင်းဆုံး ၁၀ ကားထဲပါတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။ အော်စကာဆု ၄ ခု ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ ဇာတ်လမ်းအပိုင်းတွေမှာ တခြားဆုကြီးတွေလည်း ရခဲ့တယ်။
ဒီရုပ်ရှင်ကို Crime ဝတ္ထုနယ်ပယ်မှာ ဩဇာရှိတယ်လို့ပြောလို့ရတဲ့ Jim Thompson ရဲ့ The Grifters ဝတ္ထုကို မှီငြမ်းထားတယ်။ ၁၉၉၀ မှာ Jim Thompson ရဲ့ ဝတ္ထု ၂ ခုကို မှီငြမ်းရိုက်ခဲ့တဲ့ ရုပ်ရှင် ၂ ကားထွက်ခဲ့တယ်။ “The Grifters” နဲ့ “After Dark, My Sweet” တို့ပေါ့။ ဒီဝတ္ထုကအရှိန်အဝါရှိတဲ့ ဝတ္ထုဆိုတော့ အရှိန်အဝါရှိတဲ့လူနဲ့ရိုက်မှတော်ကာကျမပေါ့။ အဲဒါကြောင့် အစက ဒီရုပ်ရှင်ကို ထုတ်လုပ်တဲ့ Studio Cineplex Odeon Films က Martin Scorsese ကို ဒါရိုက်တာလုပ်စေချင်ခဲ့တယ်။ ဒါပေမဲ့ မာတင်က Stephen Frears ကို ရိုက်ကူးဖို့ပြောပြီး သူကတော့ ပရိုဂျူဆာနေရာမှာပဲနေခဲ့တယ်။ Frears ကလည်း ဒီနှစ်(၂၀၂၃)ထဲမှာပဲ ရုပ်ရှင်နယ်ပယ်မှာ သူ့ရဲ့အားထုတ်မှုအတွက် သူရဲကောင်းဘွဲ့ရခဲ့တယ်။
Grifters ဆိုတာ ဖိုးတွမ်တိပေါ့။ ဖိုးတွမ်တိမှာတောင် ၂ မျိုးရှိတယ်။ Long-con ခေါ်တဲ့ အချီကြီးသမားနဲ့ Short-con ခေါ်တဲ့ တစ်ပွဲတိုးသမား။ အချီကြီးသမားတွေက ပိပိရိရိ အသေးစိတ်အစီအစဉ်ဆွဲပြီး ငွေပမာဏအများကြီးကိုလိမ်တယ်။ တစ်ပွဲတိုးသမားတွေကတော့ ဖဲလိမ်သလို၊ အံစာတုံးလိမ်သလို၊ လက်လှည့်ပြကွက်မျိုးတွေနဲ့ တစ်ပွဲတိုးစာလောက်ပဲလိမ်တယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဒီလန်က တစ်ပွဲတိုးသမား၊ သူ့ချစ်သူ မိုင်ရာကတော့ အချီကြီးသမားပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဒီလန်ဆီကို မတွေ့တာကြာတဲ့ သူ့အမေ လီလီ ရောက်လာတယ်။ လီလီက ဝါရင့်ဖိုးတွမ်တိသမားလို့ပြောလို့ရတယ်။ လတ်တလောကတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ မြင်းပွဲဒိုင်လုပ်နေတယ်။ အဲဒီလိုနဲ့ သူတို့ ၃ ယောက် ပြန်ဆုံပြီး အရင်းအနှီးကြီးတဲ့ ရှုပ်ထွေးမှုတွေထဲ ခြေရှုပ်မိကြတဲ့အချိန်မှာ အချင်းချင်း လိမ်လည်လှည့်ဖျားရင်း ပြန်လမ်းမရှိတဲ့ လမ်းတွေကို နင်းခဲ့မိကြတယ်။
ဒီရုပ်ရှင်မှာ အဓိကအနေနဲ့ တစ်ပွဲတိုးသမား ဒီလန် (John Cusack)၊ အရာရာကို မြှူပြီးဖြေရှင်းတတ်တဲ့ မိုင်ရာ (Anette Benning) နဲ့ ဒီလန်ရဲ့ အမေဖြစ်တဲ့ ဝါရင့်ဖိုးတွမ်တိ လီလီ (Anjelica Houston) တို့ပါဝင်ထားတယ်။ ဇာတ်ကောင်က ၃ ယောက်ဆိုပေမဲ့ ဇာတ်ကောင်တည်ဆောက်ပုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ လူ ၃ ယောက် စိတ် ၃ မျိုး။ လီလီက ဒီလန်ကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သူ့အသက် ၁၄ နှစ်ပဲရှိသေးတယ်။ အဲဒီတော့ သူတို့သားအမိက ကစားဖော်တွေလိုဖြစ်နေတယ်။ သူတို့ဆက်ဆံရေးကလည်း တော်တော်ကိုထူးဆန်းတယ်။ မိုင်ရာက တစ်ချိန်ကတော့ အချီကြီးလုပ်တဲ့ဆရာကြီး ကိုးလ်ဆိုတဲ့လူနဲ့ လက်တွဲလုပ်ခဲ့ပြီး အဲဒီလိုအချီကြီးမျိုးကိုသိပ်လုပ်ချင်နေတယ်။ အဲဒီအတွက် ဒီလန်နဲ့ပေါင်းပြီးလုပ်ချင်တယ်တကဲကဲဖြစ်နေတာပေါ့။ လီလီကတော့ မိုင်ရာကို သိပ်သဘောမကျဘူး။ သူကိုယ်တိုင်ကော သူ့သားကိုပါ ဒီ ဒုစရိုက်လောကထဲက ထွက်စေချင်တယ်။ ဒါပေမဲ့ ထင်သလောက်မလွယ်ပါဘူး။ ဒုစရိုက်လောကဆိုတာ အလျော်အစားကြီးပါတယ်။ ဒီရုပ်ရှင်မှာ ဘယ်သူက လူဆိုးလဲပြောဖို့ခက်လိမ့်မယ်။ ၃ ယောက်လုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဉာဏ်နီဉာဏ်နက်များကြတယ်။ နောက်ဆုံးကျန်ခဲ့မယ့်မေးခွန်းက…
“ဘယ်သူက ဘယ်သူ့ကို လိမ်နေတာလဲ…”
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
生死交锋 (2023)
⭐TMDB: 0.0% User Score
🎬 #Action #Drama
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 30 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Battle for justiceဆိုတဲ့ဇာတ်ကားကတော့တရားမျှတခြင်းအတွက်ဦးထိပ်ထားပြီး ပြည်သူအတွက်စွန့်စားပြီးမူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်းရေးတစ်ခုအကြောင်း ရဲပေါ်လစီကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့……
ချန်ကျန့်ရဲ့အဖေဟာ မူးယစ်ရာဇာတစ်ယောက်ကြောင့် သူငယ်ငယ်လေးတုန်းကသတ်ခဲ့လိုက်ရပါတယ်။ အဖေအတွက်လက်စားချေဖို့ရဲကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီး သစ္စာဆိုခဲ့ပါပြီးကြိုးစားလာခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွက်မူးယစ်ဂိုဏ်းမှာ သူလျှိုလုပ်ဖို့ တာဝန်ပေးလာတဲ့အခါချန်ကျန့်ဟာ အဖေ့အတွက်လက်စားချေနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။
ရဲဆိုတဲ့သရုပ်မှန်ဟာ အချိန်မရွေးပေါ်သွားနိုင်မလား……ဉာဏ်များပြီးကောက်ကျစ်တဲ့ မူးယစ်ရာဇာကိုဖမ်းဆီးဖို့စစ်ဆင်ရေးကအောင်မြင်နိုင်ပါ့မလား……နိုင်ငံနဲ့ပြည်သူတွေအတွက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ကြရတဲ့ရဲအရာရှိတွေအကြောင်းကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Ban Drugs (2023)
⭐TMDB: 90.0% User Score
🎬 #Action #Crime #Drama
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 40 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာတွဲဖက်ပါတနာကိုစတေးလိုက်ရတဲ့…… စခန်းမှူးကျန့်
(၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာတွဲဖက်ပါတနာကိုဆုံးရှုံးလိုက်ရတဲ့….အဖွဲ့ခေါင်းဆောင်လုအဖေလို ပြည်သူအတွက်အသက်ပေးပြီး အာဇာနည်ဖြစ်ချင်တဲ့… ရဲအရာရှိလေးဝမ်
သူတို့(၃)ယောက်ပူးပေါင်းပြီး (၁၅)နှစ်ကြာအောင် ဖမ်းမမိနိုင်ပဲဥပဒေပြင်ပကိုရောက်နေတဲ့ မြေနဂါး တိလုံကိုအမိအရဖမ်းဆီးနိုင်ဖို့ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။
ပင်းဟိုင်မြို့မှာ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးကြီးတစ်ခုလုပ်ခဲ့ပြီးနောက်မှာမူးယစ်ဆေးရောင်းဝယ်မှုကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါပေမယ့် (၁၅)နှစ်ကြာပြီးနောက်မှာမူးယစ်ဆေးပမာဏများများရောင်းဝယ်တဲ့အမှုပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။ပြစ်မှုကျူးလွန်ပြီးသေသွားတဲ့ သူကလွန်ခဲ့တဲ့(၁၅)နှစ်က မူးယဇ်ရာဇာတိလုံရဲ့DNAနဲ့တော်တော်လေးကိုက်ညီနေတာကိုတွေ့လိုက်ရတဲ့ခါ ပင်ဟိုင်မြို့ရဲ့မူးယစ်ဆေးလောကကြီးကပြန်လည်တစ်ဖန်အသက်ဝင်လာပါတော့တယ်။လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ဘယ်လိုများပတ်သက်နေမလဲ……ဒီတစ်ခါမှာရော မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးအောင်မြင်နိုင်မလား...
Maestro (2023)
⭐IMDB: 7.1/10 (6 k Votes)
🎬 #Biography #Drama #Music #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 11 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Maestro (2023)
~ IMDb – 7.2/10, RT – 80%, Meta – 78% ~
Maestro ဟာ လက်ရှိမှာ American Film Institute ရဲ့ Top Ten Films of The Year စာရင်းဝင်ထားပြီး Bradley Cooper ရဲ့ ဒါရိုက်တာဘဝ ပိုအသက်ဝင်လာစေတဲ့ ရုပ်ရှင်လို့ပြောကြတယ်။ Maestro ကို ကနဦးမှာတော့ ပါရာမောင့်က မာတင်စကောဆဲစီရိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး The Irishman ရိုက်ဖို့ မာတင်ကြီးက ငြင်းလိုက်လို့ စပီးဘာ့ဂ်ရဲ့ Amblin Entertainment လက်ထဲရောက်သွားပြီး ဘရက်ဒလေကူးပါးလက်အပ်လိုက်ပါတယ်။ မာတင်စကောဆဲစီလည်း သူ မရိုက်ဖြစ်ပေမဲ့ စတီဗင်စပီးဘာ့ဂ်နဲ့အတူတူ ပရိုဂျူဆာတော့ ဝင်လုပ်ထားပေးတယ်။ စီနီမာတိုဂရပ်ဖာကတော့ ဒါရန်အာရွန်နော့စကီးရဲ့ Pi (1998), Requiem for a Dream (2000), The Fountain (2006) နဲ့ Black Swan (2010) တို့အပြင် သူ့ကားတိုင်းအားလုံးနီးပါးမှာ စီနီမာတိုဂရပ်ဖာလုပ်ပေးခဲ့တဲ့ Matthew Libatique ပါပဲ။ ကူးပါးရဲ့ ပထမကား A Star is Born မှာလည်း သူပဲ စီနီမာတိုဂရပ်ဖာလုပ်ပေးထားတာပါ။ ဇာတ်ညွှန်းပိုင်းကိုတော့ ဘရက်ဒလေကူးပါးနဲ့ ဂျို့စ်ဆင်းဂါးက ကိုင်ခဲ့တယ်။ ဂျို့စ်ဆင်းဂါးက Spotlight (2015) နဲ့ အော်စကာမှာ အကောင်းဆုံးဇာတ်ညွှန်းဆုရဖူးတဲ့လူလည်းဟုတ်သလို The Post (2017) နဲ့ First Man (2018) တို့ကိုလည်း ဇာတ်ညွှန်းရေးခဲ့ဖူးတယ်။
ဇာတ်ကတော့ ခေတ်တစ်ခေတ်ရဲ့ဂန္ထဝင် ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ လီယိုနာ့ဒ်ဘန်စတိုင်းအကြောင်းပါ။ သူ့အကြောင်းဆိုတာထက် သူနဲ့ သူ့မိန်းမ တယ်လီဗေးရှင်းမင်းသမီး ဖယ်လီစီယာမွန်တီလက်ဂျ်ရဲ့ ဆက်ဆံရေးအကြောင်းဆို ပိုမှန်မယ်။ အဲဒီဆက်ဆံရေးဆိုတာကလည်း ကျွန်တော်တို့မြင်နေကျတွေလို ကတောက်ကဆတွေချည်း ရိုက်ပြထားတာမျိုးမဟုတ်တာက သူ့ထူးခြားချက်ပဲဖြစ်မယ်။ လီယိုနာ့ဒ်အကြောင်းအရင်ပြောရရင် ဒီဘဲက ဂီတပညာရှင်။ ဘယ်လိုဂီတပညာရှင်လဲဆိုတော့ ဂီတနဲ့ပတ်သက်ရင် အကုန်သူ့နယ်ပယ်ပဲလို့ ခံယူပြီး ဂီတနဲ့ပတ်သက်သမျှ အကုန်လုပ်တဲ့ အကုန်လည်းဟုတ်တဲ့ ဂီတပညာရှင်။ သူက ဂီတမှူး၊ ဂီတစာဆို၊ စန္ဒယားဆရာ၊ ဂီတသင်ကြားသူ၊ ရုပ်ရှင်နောက်ခံတေးစသဖြင့် အစုံ့အစုံအကုန်လုပ်ခဲ့တဲ့သူ။ အမေရိကန်သမိုင်းက အတော်ဆုံး အအောင်မြင်ဆုံး ဂီတသမားတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ သူ့ကို နာမည်နဲ့တွဲမသိရင်သာနေမယ်။ ရုပ်ရှင်သမားတွေတော့ သူ့ဂီတနဲ့ကောင်းကောင်းရင်းနှီးကြလိမ့်မယ်။ Elia Kazan ရိုက်ပြီး မာလွန်ဘရန်ဒိုသရုပ်ဆောင်ထားတဲ့၊ Best Picture အထိရခဲ့တဲ့ On the Waterfront ရဲ့ နောက်ခံတေးကို သီကုံးခဲ့တဲ့သူ။ အဲဒီကားနဲ့ သူဆန်ခါတင်လည်းဝင်ခဲ့ဖူးတယ်။ West Side Story မူရင်းကားရဲ့ဂီတပိုင်းကိုရော သူပဲကိုင်ခဲ့သလို လူမရှိတော့ပေမဲ့ စပီးဘာ့ဂ်ပြန်ရိုက်တဲ့အသစ်မှာလည်း သူ့ဂီတကိုပဲ ပြန်သုံးထားတယ်။ ကုန်ကုန်ပြောရရင် ဒီ Maestro ထဲက ဂီတပိုင်းတောင် သူ့ဂီတကိုပဲ ပြန်သုံးထားတာပါပဲ။ လီယိုနာ့ဒ်ဟာ တိုနီဆု ၂ဆု၊ ဂရမ်မီ ၁၆ဆု၊ အမ်မီ ၇ဆု ရခဲ့တယ်။ အော်စကာတော့ မရခဲ့ရှာပါဘူး။ ဒါပေမဲ့လည်း သူ့လိုင်းက ပြဇာတ်နဲ့ဂီတမှူး ဂီတစာဆိုလိုင်းဘက်ပိုသွားတော့ သူလုပ်ခဲ့တာတွေနဲ့ သူရထားတာတွေနဲ့က အံကိုက်တော့အံကိုက်ပါပဲ။ ဘန်စတိုင်းနေရာကတော့ ဘရက်ဒလေကူးပါးကပဲ သရုပ်ဆောင်ထားပြီး သူ့မိန်းမနေရာကတော့ ကာရေးမယ်လီဂန်က သရုပ်ဆောင်ထားတယ်။
Maestro မှာ ကူးပါးဟာ ဘန်စတိုင်းရဲ့ ဘဝဇာတ်ကို သူ့အနုပညာနဲ့ သူ့မိသားစုဘဝ ၂ခုလုံးကို ပြသွားတယ်။ ဒီလိုဆိုပေမဲ့ သူ့မိသားစုဘဝဘက်ကိုတော့ ပိုအလေးပိုလိမ့်မယ်။ ဒီရုပ်ရှင်မှာ ဘန်စတိုင်းရဲ့ အောင်မြင်ခြင်းတွေထက် သူ့မိန်းမဖယ်လီစီယာရဲ့ အချစ်နဲ့နားလည်မှုက သူ့အောင်မြင်ခြင်းကို ဘယ်လိုအရောင်တင်ပေးခဲ့လဲ ပိုအလေးပေးပြသွားတယ်လို့ပြောရမယ်။ ဒါကြောင့်ပဲ မယ်လီဂန်အတွက် သရုပ်ဆောင်ကွက် ပိုရခဲ့သလို သူကလည်း ကောင်းကောင်းကြီး ထုတ်ပြနိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကူးပါးထက်ကို မယ်လီဂန်ရဲ့သရုပ်ဆောင်ပေါက်တွေက ပိုတာသွားတယ်လို့ မြင်တယ်။ ၂၀၀၉မှာ An Education, ၂၀၂၀မှာ Promising Young Woman တို့နဲ့ အော်စကာ ဆန်ခါတင်ဝင်ဖူးခဲ့တဲ့ Carey Mulligan ကတော့ ဒီနှစ်လည်း Golden Globe မှာ မင်းသမီးဆုဝင်ထားသလို Maestro နဲ့ သူ့ကိုရသင့်တယ်အော်နေကြတဲ့ အသံတွေလည်းရှိနေတော့ ဆန်ခါတင်ပဲထပ်ဝင်သွားမလား ရပဲရသွားမလား ကြည့်ရဦးမှာပါပဲ။ လီယိုနာ့ဒ်နဲ့ ဖယ်လီစီယာတို့ရဲ့ သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျေမီအဖြစ်သရုပ်ဆောင်သွားတဲ့ Maya Hawke ကလည်း အခန်းသိပ်မရပေမဲ့ ပါသလောက်မှာ သဘောကျချင်စရာတော့ကောင်းတယ်။ ဇာတ်လမ်းက လီယိုနာ့ဒ်နဲ့ သူ့မိန်းမကြားက အချစ်လို့ခေါ်မလား မေတ္တာလို့ခေါ်မလား အဲဒီအရာတစ်ခုကိုတော့ ပေါ်လွင်အောင်ပြသွားနိုင်ခဲ့တယ်။ ပြဿနာလုံးဝကင်းတယ်တော့မဟုတ်ပေမဲ့ ချစ်ခြင်းနဲ့အဆုံးသတ်ပြီး သတိရခြင်းနဲ့ ခရီးဆက်နေတဲ့ လီယိုနာ့ဒ်ရဲ့အခြေအနေကိုလည်း ပြသွားတယ်။ ပြောရရင် Mae...
Alien Xmas (2020)
⭐TMDB: 65.0% User Score
🎬 #Adventure #Animation #Family #Fantasy
🗓 2020 🎞 movie
🌎 #UnitedStatesofAmerica
⏰ 44 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Alien Xmas (2020)===============IMDb Rating – 6.2/10
Christmas လည်းနီးလာပြီဆိုတော့ CM ပရိတ်သတ်ကြီးတို့အတွက်IMDb rating 6.2/10နဲ့ ခရမ်းချဉ်သီးအလုံး၁၀၀ရရှိထားတဲ့ ChristmasAnimation ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါမယ်။ ဇာတ်လမ်းအစအမှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးက ပုံပြင်ပြောပြနေတာနဲ့အစပြုထားပါတယ်။
ဟိုးရှေးရှေးတုန်းက ခလက်စ်ဆိုတဲ့ ဂြိုဟ်သားမျိုးနွယ်စုတစ်ခုရှိတယ်။အစကတော့ ခလက်စ်တွေဟာ အရောင်အသွေးစုံကြတယ်။ ဒါပေမဲ့သူတို့ရဲ့အမိဂြိုဟ်ပေါ်က သယံဇာတတွေကို လောဘတကြီးသုံးဖြုန်းရင်းကြာတော့ ဂြိုဟ်ကြီးလည်းပြောင်၊ သူတို့ရဲ့အရောင်တွေလည်း မှောင်ကုန်ကြတယ်။ အဲလိုနဲ့ ခလက်စ်တွေဟာ တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ်ကူးပြီးပစ္စည်းတွေခိုးဝှက်အလစ်သုတ်ကြတော့တယ်။ တစ်ရက်ကျ ကမ္ဘာဂြိုဟ်ကို မျက်စိကျသွားတော့ ကမ္ဘာ့မြေဆွဲအားကိုဖျက်ဆီးပြီး အာကာသထဲလွင့်လာတဲ့ ပစ္စည်းတွေကို လုယက်ဖို့စီစဉ်ကြပါလေရော။
အဲ့အတွက် မြေဆွဲအားဖျက်ဆီးမဲ့ ဂျိုင်ရိုထရွန်ဆိုတဲ့ စက်ကြီးကို မြောက်ဝင်ရိုးစွန်းမှာ သွားဆောက်ဖို့ ဂြိုဟ်သားတွေက အရွယ်အသေးဆုံးလေးဖြစ်တဲ့ အိက်စ်ကို တာဝန်ပေးလိုက်တယ်။ အိက်စ်က အသေးဆုံးသာဖြစ်တာ အခိုးဆုံးပဲ။ သိပ်တော်တဲ့သူခိုးပိစိလေး မြောက်ဝင်ရိုးစွန်းကိုရောက်လာပြီး ဆန်တာတို့ရဲ့ခရစ္စမတ်မြို့တော်ကို ဘယ်လိုဝင်မွှေမလဲဆိုတာကြည့်ရှုခံစားလိုက်ပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
