ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Heart Attack (2015) ⭐IMDB: 7.7/10 (3 k Votes) 🎬 #Asian #Comedy #Drama #Sunny #Romance 🗓 2015 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 1.8 GB 🌎 #Thailand ⏰ 2 နာရီ 12 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားကို ပိုစတာ မြင်ရုံနဲ့ စိတ်ဝင်စားခဲ့တယ် ကောင်းကောကောင်းရဲ့လား အရည်မရ အဖတ်မရတွေလားလို့ တွေးထင်ခဲ့ဖူးတယ် …. အရင်ဆုံး သိလိုက်ရတာကတော့ IMDb မှာ 7.8 Rating ရရှိထားတာပါ။ Asia ရုပ်ရှင်ကားတွေမှာ အတော်ရှားပါးတဲ့ Rate မျိုးပေါ့…. i Fine i Thank I Love U ထဲက မင်းသား အပါအဝင် Pee Mak ရုပ်ရှင်ကားထဲမှ မင်းသမီး ပါဝင်ပါတယ်.. ဇတ်လမ်းပုံစံ အစပျိုးထားတာကတော့ ယွန်း ဆိုတဲ့ ကောင်လေးက ဂရစ်ဖစ်ဒီဇိုင်နာပါ သူဟာ အလုပ်အလွန်ကြိုးစားသူဖြစ်ပြီး အလုပ်တစ်ခုလုပ်ရင် ဇွဲရှိရှိလုပ်တာမို့ ညမအိပ်တန်း လုပ်ဖြစ်ပေမယ့် သူ နောက်ဆုံး လုပ်နေတဲ့ အလုပ်ဟာ ဘယ်လောက်အောင် ညမအိပ်ပဲ လုပ်လဲဆို ၄ ရက်ခွဲ တိတိ သူမအိပ်ပဲ အလုပ်အပ်သူ စိတ်တိုင်းကျ ပုံတွေ ပြင်ပေးခဲ့ပါတယ် အလုပ်အပ်သူက သဘောကျပေမယ့် သူ့ရဲ့ အိပ်ချိန်တွေဟာ ဆုံးရှုံးခဲ့ပါတယ် ဒါကိုပဲ ယွန်းက ဂုဏ်ယူနေတက်သူပါ ကမ္ဘာပေါ်မှာ အလုပ်လုပ်နိုင်ဆုံး လူသား ညမအိပ်တဲ့ သူဆိုပြီးတော့ပေါ့…. ယွန်း ကို အလုပ်အပ်သူတွေ နဲ့ ချိတ်ဆက်ပေးတာကတော့ ယွန်း ရဲ့ BFF ဖြစ်တဲ့ ဂျဲလ် ပါ အလုပ်အရမ်းများတဲ့ ယွန်း မှာ ဂျဲ ဆိုတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းကောင်မလေးပဲ ရှိပြီး လူမှုရေး ကိစ္စတွေ မှာ အချိန်မပေးနိုင်လို့ ယွန်း ကို ဘယ်သူငယ်ချင်းကမှ အပေါင်းအသင်းမလုပ်ပါဘူး… တစ်ရက်မှာတော့ သူ ငွေကြေးနဲ့ လဲလှယ်ခဲ့တဲ့ သူ့အချိန်တွေကတေ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်လာခဲ့ပါတယ် ဟုတ်ပါတယ် ယွန်း ရဲ့ ကိုယ်မှာ အနီစက် မြောက်များစွာ ပေါ်လာပြီး ယားနာလိုတွေ ဖြစ်လာပါတယ် အစက သိပ်မသိသာပေမယ့် နောက်ပိုင်းရောဂါ ပိုဆိုးလာလို့ အပြင်ဆေးရုံမှာ သွားပြတဲ့ အခါ ဘတ် ၇၀၀၀ ကျော် ကျသွားပါတယ် မြန်မာငွေနဲ့ဆိုရင် ၂ သိန်း နီးပါး ပါ ဒါပေမယ့် ထိုဆေးတွေ နဲ့လဲ သူမသက်သာတဲ့ အခါ Online မှာ လိုက်ရှာဖွေတဲ့အခါ ရောဂါ သက်သာပြီး စရိတ်စက နည်းတဲ့ ပြည်သူ့ဆေးရုံကိုရောက်သွားပါတယ် အဲ့ဒီမှာ အရေပြား ဆရာဝန်ဖြစ်တဲ့ ဒေါက်တာအမ် နဲ့ စတွေ့ရပါတော့တယ်… ဒေါက်တာ အမ် က ယွန်း ကို အလုပ် က ဘ၀ မဟုတ်ကြောင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ ဆေးသောက်ဖို့ အပြင် စိတ်ပျော်ရွှင်ဖို့ ကျန်းမာဖို့ နေထိုင်နည်းတွေပါ ပေးလိုက်ပါတယ် ဒါပေမယ့် အလုပ်အရမ်းများလွန်းတဲ့ ယွန်း ဟာ ဘယ်သူ့ စကားမှ နားမထောင်ပေမယ့် ဒေါက်တာအမ် နှင့် စတွေ့ပြီး နောက်ပိုင်း အတည်တကျ ဖြစ်နေတဲ့ အလုပ်ချိန်တွေ ဇယားတွေ နဲ့ ပြည့်နေတဲ့ သူ့ဘ၀ ဟာ ကမောက်ကမ တွေ စဖြစ်လာပါတော့တယ်… ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီး အညွှန်းကိုတော့ ကျနော် သစ်ဆန်းခန့် မှ ရေးပေးထားပါတယ်… Thit San Khant ( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/category/sunny/ကြည့်လို့ရပါတယ်။)...

A Man (2022) ⭐IMDB: 7.0/10 (655 Votes) 🎬 #Drama #Mystery #Romance #Thriller 🗓 2022 🎞 movie 📺 #1080p #720p 💿 2.2 GB ⦿ 956.3 MB 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Man (2022) ~ IMDb – 7/10, RT – 100%, MyDramaList – 7.9/10 ~ ဘယ်သူဘယ်ဝါဆိုတာ အမှန်မသိရတဲ့ ယောက်ျားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းရင်းနဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ဘဝအတိတ်အကြောင်းတွေကို တစ်ဆင့်ချင်း သိလာရမယ့် Mystery ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဒီလိုဖိအားကြောင့် ဖြစ်လာရတဲ့ အမှုတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။ ရိအဲလို့ခေါ်တဲ့အမျိုးသမီးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးနောက် သားအကြီးနဲ့အတူ နယ်မြို့လေးဆီ ပြောင်းလာခဲ့ပါတယ်။ စာရေးကိရိယာဆိုင်လေးဖွင့်ထားရင်းနဲ့ ဒိုင်ဆုကဲဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒိုင်ဆုကဲက တည်းခိုခန်းကြီးပိုင်ရှင်ရဲ့ သားဖြစ်ပေမဲ့ မိသားစုဆီကနေ ထွက်လာခဲ့ပြီး တောင်ပေါ်မှာ သစ်ခုတ်လုပ်ငန်းလုပ်ရင်း ဇာတ်မြှုပ်နေတာပါ။ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဒိုင်ဆုကဲကို ရိအဲလည်း သဘောကျသွားပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ၄နှစ်ကြာပြီးနောက်မှာတော့ သမီးလေးတစ်ယောက်လည်းထပ်ရနေပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပါပြီ။ တစ်နေ့မှာတော့ သစ်ခုတ်သွားရင်းနဲ့ ဒိုင်ဆုကဲတစ်ယောက် သစ်ပင်ပိပြီး ဆုံးပါးသွားရပါတယ်။ တစ်နှစ်ပြည့် ဈာပနအခမ်းအနားလုပ်တဲ့အခါ ဒိုင်ဆုကဲရဲ့ အစ်ကိုအရင်းလည်း ရောက်လာခဲ့ပါတယ်။ ကွယ်လွန်သူရဲ့ဓာတ်ပုံကို ကြည့်လိုက်တဲ့အခါမှာတော့ ပုံထဲကလူဟာ သူ့ညီ ဒိုင်ဆုကဲမဟုတ်တဲ့အခါ… အငြင်းပွားစရာတွေဖြစ်လာပါတယ်။ ရိအဲလည်း သူကွာရှင်းစဉ်တုန်းက အမှုအပ်ခဲ့တဲ့ ရှေ့နေကိုပဲ ထပ်ခေါ်ပြီး သူ့ယောက်ျားရဲ့ Identity အစစ်အမှန်ကို ရှာဖွေဖို့ကြိုးစားပါတယ်။ လူချင်းလဲရလောက်တဲ့အထိဖြစ်ခဲ့တဲ့ ရိအဲယောက်ျားရဲ့အတိတ်ကရော ဘာတွေများဖြစ်ခဲ့လို့လဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုIngyin Sanမှ ပြန်ဆို ရေးသားထားပါတယ်)...

1920: Horrors of the Heart (2023) ⭐IMDB: 3.6/10 (3 k Votes) 🎬 #Bollywood #Drama #Horror 🗓 2023 🎞 movie 📺 #1080p #720p 💿 640.8 MB 🌎 #India ⏰ 2 နာရီ 3 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 1920: Horrors of the Heart (2023) ကြောက်စရာကောင်းတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ်။ဟုတ်ပါတယ် အခုတစ်ဖန်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့1920ဆိုတဲ့ခုနှစ်နဲ့စတဲ့ သရဲကားတွေထဲကမှ လက်ရှိထွက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ အမုန်းတရားနဲ့ ချစ်ခြင်းတရား ပြိုင်ဆိုင်လာတဲ့အခါမှာ ပူလောင်တတ်တဲ့သဘောတရားခြင်းတူပေမဲ့ချစ်ခြင်းနောက်မှာ မေတ္တာတရားကပ်ပါလာတဲ့အခါမှာ အေးချမ်းမှုကိုဆောင်ပါတယ်။အဲဒီမေတ္တာကို ငတ်မွတ်နေရက်နဲ့ ချစ်ခြင်းနဲ့မရှာဘဲ အမုန်းတရားနဲ့ရှာနေရင်တော့ မဆုံးနိုင်တဲ့ပူလောင်မှုတွေကိုပဲ ခံစားရမှာပါ။ ကောင်မလေးတစ်ယောက် အသက်၂၁နှစ်ပြည့်မယ့်နေ့မှာပဲ အဖေဖြစ်သူက ကြိုးဆွဲချသေသွားခဲ့တယ်။သူ့အဖေသေဆုံးရတဲ့အကြောင်းအရင်းက သူ့ကိုငယ်ငယ်လေးကတည်းက ပစ်ထားခဲ့တဲ့အမေဖြစ်သူကြောင့်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့… အမုန်းတရားတွေ ပေါက်ဖွားလာပြီး ဖခင်ဖြစ်သူရဲ့ ဆိုးဝါးတဲ့လက်စားချေလိုစိတ်ရှိတဲ့ဝိညာဉ်နဲ့အတူ နောက်အိမ်ထောင်နဲ့ပျော်ရွှင်နေတဲ့ အမေဖြစ်သူတို့မိသားစုကိုဖျက်ဆီးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီဆုံးဖြတ်ချက်နဲ့အတူ ပျော်ရွှင်နေတဲ့မိသားစုလေးရှိရာအိမ်လေးဆီကိုဖခင်ရဲ့ ဝိညာဉ်ဆိုးနဲ့အတူရောက်လာတဲ့အခါမှာတော့….။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ YH~V~Cherry~Moon~Yunniတို့ပဲဖြစ်ပါတယ်)...

The Adults (2023) ⭐IMDB: 5.9/10 (619 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 574.7 MB ⦿ 1.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Adults (2023) ~ Rotten Tomatoes – 71% ~ လူကြီးဘ၀ အရွယ်ရောက်တဲ့သူဘ၀ဆိုတာ ဘယ်သူမဆို တစ်နေ့ကြုံတွေ့ရမှာပါ။ ငယ်ဘ၀က အမှတ်တရတွေ ပျော်ရွှင်စရာတွေကိုပါအတူတူ ယူဆောင်လာရင်းနဲ့ လူကြီးဘ၀မှာ လိုက်လျောညီထွေ နေထိုင်ရှင်သန်ရတာက လူတိုင်းအတွက် ဆန်းကြယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဒီကားမှာတော့ ဝေးကွာသွားတဲ့ အကိုနဲ့ ညီမ ၂ယောက် မွေးရပ်မြေမှာ ပြန်ဆုံတွေ့ကြရင်း ငယ်ဘ၀အမှတ်တရတွေ ပြန်အသက်၀င်လာတာကို တွေ့ရမှာပါ။ အကို အဲရစ်က မွေးရပ်မြေကနေ မိခင်ဆုံးတည်းက ထွက်သွားတာ ၈နှစ်ရှိပါပြီ။ အိမ်ကို ခရီးတို ခဏပြန်လာပြီး ညီမ ရေချယ်၊ မက်ဂီတို့နဲ့ ပြန်ဆုံကြတာပါ။ အဲရစ်က တစ်ချိန်က မြို့မှာ အတော်ဆုံးပိုကာကစားတဲ့သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ညကျ ပိုကာကစားကြပါတယ်။ နိုင်တစ်ခါ ရှုံးတစ်လှည့်ပါပဲ။ သူတို့၃ယောက်ရဲ့ ငယ်စဉ်အိပ်မက်က တေးရေးတေးဆိုသူ လုပ်ပြီး ဖျော်ဖြေချင်တာပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ အိပ်မက်အတိုင်းတကယ်ဖြစ်မလာပါဘူး။ ရေချယ်နဲ့အဲရစ်ကလည်း မိသားစုပြသာနာတွေကြောင့် အဆင်မပြေလှပါဘူး။ ဒီလိုနဲ့ အဲရစ်ရဲ့ ခဏနေမယ့်ခရီးစဉ်က မထင်မှတ်ဘဲ ရက်ရှည်ဖြစ်သွားပါတယ်။ သူတို့ကြားက အစိုင်အခဲတွေကို ချေဖျက်ဖို့ပေါ့။ လက်ရှိဘ၀နဲ့ ငယ်ဘ၀က ကွာခြားချက်ကို မြင်အောင် ပိုင်းခြားပြီး လက်ရှိအတိုင်းရှင်သန်ဖို့ အသိတရား ရစေတဲ့ ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

When the Rain Falls (2022) ⭐TMDB: 75.0% User Score 🎬 #Adult #Drama #Romance #Crime #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 467.8 MB ⦿ 1.0 GB 🌎 #Japan ⏰ 1 နာရီ 24 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ***************************** ဒီဇာတ်လမ်းမှာတော့ မင်းသမီး Kazumi နဲ့ Kazuha Komiya တိုက အဓိကပါဝင်သရုပ်ဆောင်ထားပြီး ပွင့်လင်းမြင်သာတဲ့အိပ်ရာခန်းတွေပါတဲ့ GL ဇာတ်ကားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး… ဇာတ်လမ်းအကျဉ်း ဟာဇူကီက မိန်းကလေးချင်းစိတ်ဝင်စားတဲ့ကောင်မလေးတစ်ယောက်ပါမိုးရွာတိုင်း အကြောင်းမဲ့ဝမ်းနည်းနေတတ်ပြီး လက်သည်းညှပ်တတ်တဲ့ အကျင့်လေးတစ်ခုလည်း သူမဆီမှာရှိပါတယ်ဟာဇူကီရဲ့ အိပ်မက်ထဲမှာ ညတိုင်းလို ကောင်မလေးတစ်ယောက်ကို အမြဲမက်လေ့ရှိတယ်ဒါပေမဲ့ အဲဒီကောင်မလေးက ဘယ်သူဆိုတာ ဟာဇူကီ မမှတ်မိပါဘူးဟာဇူကီက သူ့အလုပ်က စီအီးအိုမမကို တိတ်တခိုးစိတ်ဝင်စားနေပြီးနီးစပ်ဖိုလည်း ကြိုးစားနေတာပါဒါပေမဲ့ စီအီးအို ရှီရီယိုကတော့ သူထင်ထားသလိုမဟုတ်ဘဲ လျှိဝှက်ချက်တွေနဲ့ ရှုပ်ထွေးတဲ့ဘဝမှာ နေထိုင်နေတဲ့သူပါဒါပေမဲ့ သူတိုနှစ်ယောက်စလုံး အချင်းချင်း ချစ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဟာဇူကီရဲ့ အိပ်မက်ထဲက မိန်းကလေးကရော ဘယ်သူဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပါဦး၁၈+ ဖြစ်တာကြောင့် ၁၈ယောက်စုပြီးကြည့်ကြဖို အကြံပေးချင်ပါတယ်...

A Perfect Story (2023-2023) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2023-2023 🎞 tv mini series 📺 #1080p 🌎 #Spain ⏰ 55 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Perfect Story (2023) CompleteA Perfect Story (2023) A Netflix Mini Series  ~ IMDb – 7.6/10, Rotten Tomatoes – 88% ~ “A Perfect Story” ဆိုတဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်း ဒါမှမဟုတ် စိတ်ကူးယဉ်ချစ်ပုံပြင်ဆိုတာ လက်တွေ့မှာ မရှိပါဘူး၊ အရမ်းရှားတယ်ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီ စီးရီးထဲမှာတော့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးကို လက်တွေ့ကျတဲ့ရှုထောင့်တွေကနေ ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ မာဂေါ့နဲ့ ဒေးဗစ်ဆိုတဲ့ လူနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ မာဂေါ့နဲ့ ဒေးဗစ်တို့ နှစ်ယောက်က ဘဝပေးအခြေအနေအရမ်း ခြားနားတယ်ပဲပြောရမှာပေါ့။ တစ်ယောက်က နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်အင်ပါယာကြီးကို အမွေဆက်ခံရတဲ့သူ၊ တစ်ယောက်က ဘဝခရီးဆက်ဖို့အတွက် အလုပ်သုံးခုလုပ်နေရသူပေါ့။ ဒါပေမဲ့ နှစ်ယောက်ရဲ့ အချစ်ရေးက ဇာတာချင်းတူနေခဲ့ပါတယ်။ နှစ်ယောက်လုံး အခြေနေအကြောင်းကြောင်းကြောင့် ကိုယ့် Ex တွေနဲ့ လမ်းခွဲခဲ့ကြရပါတယ်။ ဖြစ်ချင်တော့ နှစ်ယောက်သားက မထင်မှတ်တဲ့ကိစ္စ၊ မထင်မှတ်ထားတဲ့နေရာမှာ တွေ့ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ နှစ်ယောက်သားရေစက်ကပါနေတော့ တစ်ယောက်အချစ်ရေးကို တစ်ယောက်က ကူဖြေရှင်းပေးမယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ မာဂေါ့နဲ့ ဒေးဗစ်တို့နှစ်ယောက် အချင်းချင်းဘယ်လိုကူညီပေးကြမလဲ… တစ်ခဏတာဆုံခွင့်ရလိုက်တဲ့ ကံကြမ္မာဇာတ်လမ်းမှာ ပြဿနာကို အတူတူဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ… ရေစက်ကရော ဒီကိစ္စမှာတင်အဆုံးသတ်မလား မသတ်ဘူးလား… ဆိုတာကို ရသပေါင်းများစွာနဲ့ ရှမြင်ခံစားရမှာပါဖြစ်ပါတယ်။ လက်တွေ့လောကမှာဖြစ်နေကျဖြစ်တဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချတဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တွန့်ဆုတ်တတ်တဲ့စိတ်၊ “The Greatest Chance Never Come Twice” ဆိုတဲ့အတိုင်း ကိုယ်ရတဲ့အခွင့်အရေးကို မိိမိရရမဆုပ်ကိုင်ရဲတဲ့ စိတ်သဘောထားတွေကို ထိမိအောင် ရိုက်ကူးပေးထားတာဖြစ်တဲ့အတွက် ရသပေါင်းများစွာအပြင် ယူတတ်ရင်ယူတတ်သလို သုတပေါင်းများစွာကို ပေးစွမ်းနိုင်တဲ့ စပိန် Series ကောင်းတစ်ခုပဲဖြစ်ပါတယ်။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mark ပဲဖြစ်ပါတယ်)Size ~ 650MB+...

Tasty Aunt (2020) ⭐TMDB: 100.0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 Movie 📺 #1080p #720p 💿 1.9 GB ⦿ 670.6 MB 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 11 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 **********************ဂါယွန်းက သူမရဲ့တူဖြစ်သူ မင်ဂျယ်နေတဲ့ အိမ်မှာ အတူနေဖို့ ရောက်လာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ မင်ဂျယ်ရဲ့သူငယ်ချင်းဖြစ်သူ ဂွန်းဆူကို ဂါယွန်းက ဖျားယောင်းလိုက်ပါတယ် မင်ဂျယ်က သူငယ်ချင်းမဖြစ်သူ ဒါဟယ်ကို သဘောကျနေပြီး ဒါဟယ်ကတော့ ဂွန်းဆူကို သဘောကျနေပါတယ်ဒီတော့ တူဝရီးနှစ်ယောက်နဲ့ သူငယ်ချင်းနှစ်ယောက်တို့ရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲးးးးး...

Tasty Aunt (2020) ⭐⁉️ 🎬 ##Adult #Drama 🗓 2020 🎞 Movie 📺 #1080p #720p 💿 1.9 GB ⦿ 670.6 MB 🌎 #SouthKorea ⏰ 1 နာရီ 12 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 **********************ဂါယွန်းက သူမရဲ့တူဖြစ်သူ မင်ဂျယ်နေတဲ့ အိမ်မှာ အတူနေဖို့ ရောက်လာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ မင်ဂျယ်ရဲ့သူငယ်ချင်းဖြစ်သူ ဂွန်းဆူကို ဂါယွန်းက ဖျားယောင်းလိုက်ပါတယ် မင်ဂျယ်က သူငယ်ချင်းမဖြစ်သူ ဒါဟယ်ကို သဘောကျနေပြီး ဒါဟယ်ကတော့ ဂွန်းဆူကို သဘောကျနေပါတယ်ဒီတော့ တူဝရီးနှစ်ယောက်နဲ့ သူငယ်ချင်းနှစ်ယောက်တို့ရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲးးးးး...

Foodies (2022) ⭐IMDB: 5.8/10 (216 Votes) 🎬 #Uncategorized #Romance #Comedy #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 1010.3 MB ⦿ 1.7 GB 🌎 #Netherlands ⏰ 1 နာရီ 29 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Foodiesကားရဲ့ အဓိကhighlightက Netherlandsနိုင်ငံရဲ့ မြို့တော်Amsterdamရဲ့ ရှုခင်းအလှတွေပါ။ ဇာတ်လမ်းထဲမှာဆိုရင် အစားအသောက်ချစ်တဲ့စိတ်ရင်းကြောင့် Food bloggerဖြစ်လာတဲ့ဆမ်၊ ဆမ်ရဲ့bffဂျက်ကလင်း၊ chef မာကို၊ Food bloggerလီလီယမ် တို့ ပါဝင်ပါတယ်။ ရိုမန့်နဲ့ comedyအခန်းတွေကိုတော့ heavyမဖြစ်ပဲ အနောက်တိုင်းကားတွေမှာမြင်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ သွားထားတယ်။ ဇာတ်ကားနာမည်က Foodieဆိုပေမဲ့ အစားအစာနဲ့ပက်သက်ပြီး အထူးတလည်သင်ယူရတာမျိုးတော့မပါဘူး။ ဇာတ်ကားရဲ့ပေးချင်တဲ့messageတစ်ခုတော့ရှိတယ်။ Actor/Actressတွေ သရုပ်ဆောင်တာအသက်ပါတယ်။သရုပ်ဆောင်နေတာလို့မမြင်ပဲ အပြင်မှာတကယ်ရှိတဲ့သူတွေလိုမျိုး ခံစားချက်ရစေတယ်။ ဇာတ်လမ်းက Food bloggerနှစ်ယောက်ပြိုင်ဆိုင်ကြတာကို သမာရိုးကျပဲသွားထားပေမဲ့ အဆုံးထိမပျင်းပဲကြည့်ရတယ်။ Family, Friendship, Romance, Comedyခန်းတွေပါတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားချက်ပေးတဲ့ကားမျိုးဖြစ်ပြီးတော့ ရှုခင်းကောင်းကောင်းနဲ့ စိတ်ပြေလက်​ပျောက်ကြည့်ကောင်းတဲ့ကားမျိုး၊ lightဖြစ်ပြီးအများကြီးတွေးစရာမလိုတဲ့ဇာတ်ကားတစ်ကားမျိုးပေါ့။...

Foodies (2022) ⭐IMDB: 5.8/10 (216 Votes) 🎬 #Uncategorized #Romance #Comedy #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 1010.3 MB ⦿ 1.7 GB 🌎 #Netherlands ⏰ 1 နာရီ 29 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Foodiesကားရဲ့ အဓိကhighlightက Netherlandsနိုင်ငံရဲ့ မြို့တော်Amsterdamရဲ့ ရှုခင်းအလှတွေပါ။ ဇာတ်လမ်းထဲမှာဆိုရင် အစားအသောက်ချစ်တဲ့စိတ်ရင်းကြောင့် Food bloggerဖြစ်လာတဲ့ဆမ်၊ ဆမ်ရဲ့bffဂျက်ကလင်း၊ chef မာကို၊ Food bloggerလီလီယမ် တို့ ပါဝင်ပါတယ်။ ရိုမန့်နဲ့ comedyအခန်းတွေကိုတော့ heavyမဖြစ်ပဲ အနောက်တိုင်းကားတွေမှာမြင်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ သွားထားတယ်။ ဇာတ်ကားနာမည်က Foodieဆိုပေမဲ့ အစားအစာနဲ့ပက်သက်ပြီး အထူးတလည်သင်ယူရတာမျိုးတော့မပါဘူး။ ဇာတ်ကားရဲ့ပေးချင်တဲ့messageတစ်ခုတော့ရှိတယ်။ Actor/Actressတွေ သရုပ်ဆောင်တာအသက်ပါတယ်။သရုပ်ဆောင်နေတာလို့မမြင်ပဲ အပြင်မှာတကယ်ရှိတဲ့သူတွေလိုမျိုး ခံစားချက်ရစေတယ်။ ဇာတ်လမ်းက Food bloggerနှစ်ယောက်ပြိုင်ဆိုင်ကြတာကို သမာရိုးကျပဲသွားထားပေမဲ့ အဆုံးထိမပျင်းပဲကြည့်ရတယ်။ Family, Friendship, Romance, Comedyခန်းတွေပါတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားချက်ပေးတဲ့ကားမျိုးဖြစ်ပြီးတော့ ရှုခင်းကောင်းကောင်းနဲ့ စိတ်ပြေလက်​ပျောက်ကြည့်ကောင်းတဲ့ကားမျိုး၊ lightဖြစ်ပြီးအများကြီးတွေးစရာမလိုတဲ့ဇာတ်ကားတစ်ကားမျိုးပေါ့။...

Suspect X (2008) ⭐IMDB: 7.4/10 (4 k Votes) 🎬 #Crime #Drama #Mystery 🗓 2008 🎞 movie 📺 #720p #1080p 💿 1.0 GB ⦿ 2.3 GB 🌎 #Japan ⏰ 2 နာရီ 9 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Suspect X (2008) ~ IMDb – 7.4/10, MyDramaList – 8/10 ~ “ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ” ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က သူကြိတ်ခရက်ရှ်နေတဲ့ ယာဆုကိုရဲ့ဆိုင်ကနေ နေ့လယ်စာထမင်းဘူးဝယ်ချိန်ပါ။ အဲဒါကြောင့် ယာဆုကိုတို့သားအမိကြောင့် ဖြစ်သွားတဲ့ လူသတ်မှုကို ရဲတွေစုံစမ်းစစ်ဆေးလို့မရနိုင်အောင် လက်စဖျောက်ကူညီပေးဖို့ ဆုံးဖြတ်လိုက်ခြင်းပါ။ ဒါပေမဲ့ ထူးခြားဆန်းကြယ်မှုခင်းပေါင်းများစွာကို သိပ္ပံနည်းကျကျ ဖြေရှင်းပြနိုင်လို့ ဂယ်လီလီယို (Galileo) လို့အခေါ်ခံရတဲ့ ရူပဗေဒပညာရှင် ပါမောက္ခ ယူကာဝါမာနာဘူ (Yukawa Manabu) တစ်ယောက် အဲဒီလူသတ်မှုကို စိတ်ဝင်စားလာပါတယ်။ ဒီလိုနဲ့ တစ်ဖက်က သင်္ချာပညာရှင်၊ တစ်ဖက်က ရူပဗေဒပညာရှင် တစ်နည်းပြောရင် ဉာဏ်ကြီးရှင်နှစ်ယောက် ဘယ်လိုတွေ ပညာပြိုင်ကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။ ၂၀၀၈ ခုနှစ်မှာထွက်ခဲ့တဲ့ Suspect X ဟာ ဂျပန်စာရေးဆရာ Keigo Higashino (1958 ~ ) ရဲ့ Detective Galileo series ထဲက တတိယမြောက်စာအုပ် The Devotion of Suspect X (2005) ကိုအခြေခံရိုက်ကူးထားတာပါ။ ပထမဆုံး ၂ အုပ်က Detective Galileo ဝတ္ထုတိုပေါင်းချုပ်တွေဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ Galileo နာမည်နဲ့စီးရီးထုတ်ထားသလို ၂၀၁၃ ခုနှစ်မှာလည်း Galileo 2 ဆိုပြီး ဆက်ထုတ်ထားပါတယ်။ The Devotion of Suspect X ကို ကိုရီးယားဗားရှင်း Perfect Number (2012) နဲ့ တရုတ်ဗားရှင်း The Devotion of Suspect X (2017) အဖြစ် ရိုက်ကူးထားတဲ့အပြင် India ရုပ်ရှင်ဖြစ်တဲ့ Drishyam (2013) ရဲ့ Remake ဖြစ်တဲ့ Drishyam (2015) လည်း ပြဿနာတက်မှာစိုးပြီး The Devotion of Suspect X ကို မူပိုင်ခွင့်ဝယ်ပြီး မှီငြမ်းထားတယ်လို့ဆိုပေမဲ့ Drishyam (2015) က Drishyam (2013) အတိုင်းပါပဲလို့သိရပါတယ်။ ဂျပန်ဗားရှင်းကလွဲပြီး ကျန်ဗားရှင်းတွေ တစ်ကားနဲ့တစ်ကားမှာ ပါဝင်ကြတဲ့ ဇာတ်ကောင်တွေရဲ့အကျင့်စရိုက်တွေ၊ ဇာတ်လမ်းအသွားအလာတွေမတူတဲ့အပြင် ဇာတ်သိမ်းပါမတူဘူးလို့ထင်မိပါတယ်။ ဂျပန်ဗားရှင်းတောင် မူရင်းစာအုပ်ထဲကအတိုင်း လုံးဝထပ်တူမဟုတ်ဘဲ ပြုတ်သင့်တာပြုတ်၊ ထည့်သင့်တာထည့် ရှေ့နောက်အပြောင်းအလဲလုပ်ပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထားပါတယ်။ ဇာတ်ကောင်တွေကို ပုံဖော်တဲ့နေရာမှာ စာအုပ်ကအားသာနေပြီး ထိုဇာတ်ကောင်တွေကို ပိတ်ကားပေါ်တင်ပေးလိုက်တဲ့ သရုပ်ဆောင်တွေလည်း အိုဗာတင်းမဆန်ဘဲ စာအုပ်ထဲကအတိုင်း ပေါ်လွင်အောင် သရုပ်ဆောင်ပြထားပါတယ်။ {The Devotion of Suspect X ကို ဆရာဖြိုးကျော်က“ကိုယ်ကိုစတေး၍”ဆိုပြီး“ဖြိုးကျော်”Facebook Page မှာအခန်းဆက်တင်ထားတဲ့အပြင် ကံ့ကော်ဝတ်ရည်စာပေမှလည်း ဘာသာပြန်စာအုပ်အဖြစ်ထုတ်ဝေထားပါတယ်} စုံထောက်နဲ့လူဆိုး ပညာပြိုင်ကြတာမဟုတ်ဘဲ သင်္ချာပညာရှင်နဲ့ ရူပဗေဒပညာရှင် ပညာချင်းပြိုင်ကြတာကိုမှ ရူပဗေဒအဆိုတွေ၊ သင်္ချာပုံသေနည်းတွေ၊ သီအိုရီ‌တွေကိုလည်း တစ်ပိုင်းတစ်စ ထည့်သွင်းပြထားတဲ့ Suspect X ဟာ ထွက်ရှိတာ နှစ်ကာလကြာမြင့်ပြီဖြစ်‌ပေမဲ့ သုံးထားတဲ့လှည့်ကွက်တွေနဲ့ အပြောစကားတွေက သစ်လွင်နေဆဲပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)...

Paradise (2023) ⭐IMDB: 6.3/10 (10 k Votes) 🎬 #Action #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 📺 #720p #1080p 💿 527.2 MB ⦿ 1.4 GB 🌎 #Germany #Lithuania ⏰ 1 နာရီ 59 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Paradise(2023) ***************ကိုယ့်ဘဝရဲ့ကျန်ရှိတဲ့သက်တမ်းထဲကအချိန်တချို့ကိုပေးလိုက်ရုံနဲ့ပိုက်ဆံတွေရနိုင်တယ်ဆိုရင်သင်ရောယူမှာလား။ဒီလိုမျိုးအလဲအလှယ်ကိုရောသင်ဘယ်လိုထင်ပါသလဲ။အီယွန်ဆိုတဲ့ကုမ္ပဏီတစ်ခုကအဲ့ဒီလို တခြားသူတစ်ယောက်ရဲ့သက်တမ်းတွေကိုပိုက်ဆံအများကြီးနဲ့လဲလှယ်ပေးတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ မက်စ်ဆိုတဲ့လူတစ်ယောက်ကအဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့အချိန်လှူဒါန်းခြင်းမန်နေဂျာတစ်ယောက်ပဲဖြစ်ပါတယ်။ လှူဒါန်းခြင်းလို့ခေါ်တယ်ဆိုပေမဲ့တကယ်တမ်းကတော့ ကိုယ့်ရဲ့အချိန်တွေကိုရောင်းစားနေတာပါပဲ။သူကဆင်းရဲတဲ့လူတွေကိုအချိန်တွေလှူဒါန်းအောင်လို့လိုက်ပြီးနားချရတဲ့လူတစ်ယောက်ဖြစ်ပြီးအလုပ်ကြိုးစားလွန်းတဲ့အတွက်တစ်နှစ်တာအကောင်းဆုံးဝန်ထမ်းတွေပါဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့သူတို့အကြွေးနဲ့ဝယ်ယူထားတဲ့တိုက်ခန်းမီးလောင်သွားတဲ့အခါသူ့မိန်းမကိုယ်တိုင်ရဲ့ သက်တမ်း နှစ်ပေါင်း ၄၀ နဲ့ပြန်ဆပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့အခါကျမှသူများတွေကိုအချိန်လှူဒါန်းဖို့လိုက်ပြောနေတဲ့အီယွန်တစ်ယောက်လဲကိုယ့်အလှည့်ကျမှဒီလိုကြုံလာတဲ့အခါဆပ်ပြာသည်လင်ပျောက်သလိုတွေဖြစ်နေပါတော့တယ် ဒီလိုနဲ့ကြံရာမရတဲ့အဆုံး သူ့ဘဝမှာ မိုက်ရူးရဲအဆန်ဆုံးလုပ်ရပ်ကိုလုပ်ဖို့ ကြိုးစားပါတော့တယ်…....

Aurora: A Love Story (2023) ⭐IMDB: 5.1/10 (36 Votes) 🎬 #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 519.7 MB ⦿ 1.1 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကိုမှ လှည့်ကွက်ပါတာတွေ တရားခံစဥ်းစားရတဲ့ ပြန်ပေးဆွဲဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ၂၀၂၃ မှာထွက်ရှိထားတဲ့ Aurora: A Love Story ကိုကြည့်ဖို့ပြောချင်ပါတယ်။ “အချစ်အတွက်ဘယ်လောက်ထိစွန့်လွှတ်နိုင်လဲ၊ ဘယ်လောက်ထိခွင့်လွှတ်ပေးနိုင်လဲ” အချစ်ဆိုတဲ့စကားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ သူစိမ်းတွေအချင်းချင်းကြား မိသားစုအချင်းချင်းကြားမှာတည်ရှိပါတယ်။ ဒါပေမဲ့ အချစ်ကအမြဲချိုသာပြီး လှပနေတဲ့အရာတော့မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးက လှပတဲ့အချစ်နောက်ကွယ်ကမုသားတွေ၊ အလိမ်အညာတွေကို လှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါ။ ကန်နီဂိမ်းစ်နဲ့ ဂီဆယ်ဇေဘီယာတို့ဟာ ခရစ္စမတ်နေ့မှာ Puerto Rico ဆိုတဲ့ အရမ်းလှတဲ့ကျွန်းလေးမှာလက်ထပ်ကြမှာပါ။ သူတို့နှစ်ယောက်ဟာ သိတာ မကြာသေးပေမဲ့ အရမ်းချစ်ကြတဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ လက်မထပ်ခင်သုံးရက်လောက်အလိုကနေ Puerto Rico ဆိုတဲ့ ကျွန်းမှာ မိသားစုတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုခေါ်ပြီး ပျော်ပျော်ပါးပါး ပါတီပွဲကျင်းပကြပါတယ်။ ဒါပေမဲ့ ကန်နီဂိမ်းစ်ရဲ့အစ်မဖြစ်သူလီယာက ဂီဆယ်ကို သိပ်သဘောမကျပါဘူး။ ဂီဆယ်ကတစ်ခုခုကိုဖုံးကွယ်ထားတယ်ထင်နေပါတယ်။ သူတို့ ကျွန်းပေါ်ကိုရောက်လာပြီး ပျော်ပျော်ရွင်ရွင်အချိန်ကုန်ဆုံးကြပြီးတော့ လက်ထပ်မယ့်နေ့မှာ သတို့သမီးပျောက်သွားပါတော့တယ်။ အစက ကန်နီဂိမ်းစ်ရဲ့ အစ်မကြောင့် မင်္ဂလာပွဲကနေထွက်ပြေးသွားတယ်လို့ထင်ကြပေမဲ့ ဂီဆယ်ကို ပြန်လိုချင်ရင် ဒေါ်လာ၂မီလီယံပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုသူတို့ဆီ ရောက်ရှိလာတဲ့အခါ အရာအားလုံးဟာပြောင်းလဲသွားပါတော့တယ်။...

Madam's Golf Lesson (2021) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2021 🎞 movie 📺 #720p #1080p 💿 589.8 MB ⦿ 1.6 GB 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 08 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Madam’s Golf Lesson(2021) *************************** , Mi Yeong ဆိုတဲ့အမျိုးသမီးဟာ အတ္တကြီးသလို အိမ်ထောင်ရေးအပေါ်မှာလည်း  စက်ရုပ်ဆန်ဆန်သွားလေ့ရှိတယ်.. အိမ်အကူမိန်းကလေးတစ်ယောက်ကိုလည်း သဝန်တိုပြီးအလုပ်ဖြုတ်လိုက်တယ်… ဒီနောက်မှာတော့ သူ့ယောက်ျားဂေါက်ရိုက်ဖို့ နည်းပြမလေးတစ်ယောက်ကို ငှါးလိုက်တယ်…အဲ့ဒီနောက်မှာတော့ အိမ်ထောင်ဦးစီးဘိုးတော်ဟာ ဂေါက်ကျင်းကို နည်းမျိုးစုံသွင်းပါတော့တယ်.....

Babyface 2 (1986) ⭐TMDB: 62.0% User Score 🎬 #Adult #Comedy #Fantasy 🗓 1986 🎞 Movie 📺 #720p #1080p 💿 1.1 GB ⦿ 4.6 GB 🌎 #UnitedStates ⏰ 1 နာရီ 19 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အနောက်တိုင်းသူ စင်းလုံးချောလေးတွေရဲ့ ပကတိအလှတရားကို အတစ်လိုက် ခံစားရမည့် ဇာတ်လမ်းလေး တစ်ပုဒ်ကာရန်နဲ့ ဂျယ်ရီ တို့ လက်ထပ်မထပ်ခင် တညအလိုမှာတစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့တဲ့ ဖြစ်ပျက်လေးတစ်ခုမိန်းကလေးသူငယ်ချင်းတွေ အိမ်ထောင်သည်ဖြစ်တော့မယ်ဆိုတဲ့ အထိမ်းမှတ်အနေနဲ့ပါတီပွဲတစ်ခု ဆင်နွှဲကြပါတယ် ပါတီလက်ဆောင်က လူတစ်ယောက်ဖြစ်ပါတယ်သူတို့ဆန္ဒကတော့ ကာရန်ကို ပျော်စေဖို့ပိုက်ဆံပေးပြီး ငှားခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ သူတို့ ငှားခဲ့တဲ့သူက အချစ်မှော်ဆရာတစ်ယောက်ဖြစ်နေသောအခါမိန်းကလေးတွေ အရောင်စုံနဲ့ မှော်ဆရာနဲ့ ဇာတ်လမ်းကို ရှင်းလင်းပြတ်သားစွာရိုက်ကူးထားတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်...

The Mistress (2022) ⭐IMDB: 4.6/10 (213 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 662.2 MB ⦿ 1.5 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Mistress (2022) ဒီကားကတော့ ဆိုက်ကိုဆန်ဆန် Horror ကားတစ်ကားဖြစ်ပြီး ဗြုန်းကနဲ ခြောက်လှန့်တာမျိုးတွေမပါဘဲ ငြိမ်ငြိမ်လေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပါ။ ပါကားနဲ့ မက်ဒလင်တို့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံက အသစ်၀ယ်လိုက်တဲ့ အိမ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်ကြီးက ဗစ်တိုရီးယန်းခေတ်က လက်ရာဖြစ်ပြီး အတွင်းမှာ ရှေးဟောင်းပရိဘောဂတွေပါ ပါပါတယ်။ ပါကားက စာရေးဆရာဖြစ်ပြီး အရင်က သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးက Stalker လို တကောက်ကောက်လိုက်နေတဲ့အတွက် ရဲတိုင်ပြီး အိမ်ပြောင်းလာတာပါ။ အိမ်ကြီးထဲမှာ နေရာချရင်း ရှေးဟောင်း Plate Camera တစ်လုံးနဲ့ အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါတယ်။ အဲဒီအမျိုးသမီးက သူ့ချစ်သူ ဝီလီယံဆီရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က စာတွေကိုပါတွေ့သွားပါတယ်။ ပါကားတို့က အဲဒီစာတွေဖတ်ကြရင်း သူ့နာမည် ရေဘက်ကာဆိုတာနဲ့ ချစ်သူ၂ဦးအကြောင်းတွေပါ သိလာပါတယ်။ အဲဒီအချိန်ကစပြီး အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ ပါကားက ရေဘက်ကာကို ညဘက်တွေမှာ တွေ့တွေ့နေရတဲ့အခါ… ခြောက်လှန့်မှုတွေ စဖြစ်လာတဲ့အခါ… ရေဘက်ကာတို့ရဲ့ ဇာတ်လမ်းအမှန်က ဘာလဲ… ပါကားနဲ့ရော ဘယ်လိုပတ်သက်နေမလဲ… မက်ဒလင်သိထားတဲ့ ပါကားအကြောင်းကရော အမှန်ပဲလား… စတာတွေကို အသည်းတအေးအေးနဲ့ ဆက်အားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Neeyat (2023) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Bollywood #Crime #Mystery #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 1.6 GB ⦿ 669.2 MB 🌎 #India ⏰ 2 နာရီ 10 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Neeyat ( 2023 )=============== IMDb 6.6/10မင်းသမီးကြီး Vidya Balan ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်သစ် Neeyat ထွက်ရှိလို့လာပါပြီ။ လူသတ်မှုကိုအဖြေရှာရတာတွေကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့-အာရှစ်ကပူးရ်ဆိုတဲ့ အိန္ဒိယရဲ့ ဒိတ်ဒိတ်ကြဲ ဘီလျံနာကြီးတစ်ယောက်ဟာ စကော့တလန်မှာရှိတဲ့ ရဲတိုက်ကြီးတစ်ခုမှာသူ့ရဲ့ရင်းနီးဆုံး မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မွေးနေ့ပွဲကြီးတစ်ခု ကျင်းပရင်း ဧည့်သည် လူစုံတက်စုံရှိနေတဲ့အချိန်မှာပဲဘီလျံနာကြီးဟာ ထူးဆန်းစွာ အသတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင် သူ့ရဲ့ရဲတိုက်ကိုတခြားအမှုတစ်ခု စစ်ဆေးဖို့ရောက်လာတဲ့ မီရာရောင်ဆိုတဲ့ စုံထောက်မလေးက ဘီလျံနာကြီးကိုဘယ်သူသဝာ်လိုက်တာလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဒီရုပ်ရှင်ဟာဆိုရင် နာမည်ကြီး စုံထောက်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Knives Out ရုပ်ရှင်နဲ့ theme တွေ ဇာတ်လမ်းပုံစံတွေဆင်သယောင်ရှိပေမဲ့ ဒါရိုက်တာဖြစ်သူကတော့ သူ့ရဲ့ မူရင်းဇာတ်ညွှန်းပါလို့ အတိအလင်းကြေညာထားပါတယ်ဗျ။ Knives Out နဲ့ ပုံစံဆင်ပေမဲ့ ဇာတ်လမ်းကွဲပြားတဲ့အပြင် Knives out ကြည့်နေရသလိုစိတ်လှုပ်ရှားမှုမျိုးပေးတာကြောင့်အိန္ဒိယရုပ်ရှင်ပရိသတ်တွေအပြင် သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိသတ်တွေပါ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်…။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )...

Sarrainodu (2016) ⭐IMDB: 6.6/10 (7 k Votes) 🎬 #Action #Bollywood #Drama #Uncategorized 🗓 2016 🎞 movie 📺 #720p #1080p 💿 2.0 GB ⦿ 4.4 GB 🌎 #India ⏰ 2 နာရီ 35 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sarrainodu (2016)IMDb-6.6/10 ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။ အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာကမတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။ အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကိုအလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကိုလက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ်အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီးရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီးကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်)...

Cheap Thrills (2013) ⭐IMDB: 6.7/10 (20 k Votes) 🎬 #Comedy #Crime #Drama #Horror #Thriller 🗓 2013 🎞 movie 📺 #720p #1080p 💿 458.1 MB ⦿ 1.0 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 6.7/10 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ Craig Daniels (ခရေ့ဂ်ဒန်နီရယ်စ်) ဆိုတဲ့လူတစ်ယောက်က အလုပ်ပြုတ်လို့ စိတ်ညစ်ပြီး ဘားမှာအရက်သွားသောက်တော့ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်သူ Vince (ဗင့်စ်) ရယ် ပိုက်ဆံအရမ်းချမ်းသာတဲ့ လင်မယားနှစ်ယောက်နဲ့ တွေ့မိတယ်။ ထူးဆန်းတာက ယောကျာ်းဖြစ်တဲ့သူက အပျော်အဖြစ်နဲ့ သူတို့နှစ်ယောက်ကို အရမ်းလွယ်တဲ့ challenge တွေလုပ်ခိုင်းပြီး ငွေအများကြီးပေးတာပဲ။ ဒါပေမဲ့ သူတို့မသိခဲ့တာကတော့ အဲဒီလင်မယားနှစ်ယောက်ဟာ အကြံတစ်ခုနဲ့လုပ်နေတယ်ဆိုတာကိုပဲ။ ဘယ်လိုမျိုးအကြံနဲ့ သူတို့ဒါကိုလုပ်နေတယ်ဆိုတာကိုတော့ CM ပရိသတ်များ ကိုယ်တိုင်ကြည့်ရှုရင်း ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။...

G.B.F. (2013) ⭐IMDB: 5.9/10 (11 k Votes) 🎬 #Comedy #Drama #Romance 🗓 2013 🎞 movie 📺 #720p #1080p 💿 938.3 MB ⦿ 1.9 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 G.B.F (2013)IMDb-5.9/10 ~ Rotten tomatoes-80% 2013 တုန်းကထွက်ရှိခဲ့တဲ့ LGBTQA+++ လူငယ်ဆယ်ကျော်သက် အထက်တန်းကျောင်း ဟာသဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တန်နာက ရုပ်ပြစာအုပ်ဂိတယောက်ဖြစ်ပြီး သူတက်နေတဲ့ North Gateway အထက်တန်းကျောင်းမှာ သူသိတဲ့ ဂေးဆိုလို့ သူနဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဘရန့်နှစ်ယောက်ပဲရှိပါတယ်။ သူတို့နှစ်ယောက်က ဂေးနေကြောင်းကို ဖွင့်ချမပြရသေးပဲ အချိန်တခုကိုစောင့်နေကြတာပါ။ ဒီအချိန်မှာပဲ ဂျီဘီအက်ဖ် (Gay Best Friend) ဆိုတဲ့ ဂေးတယောက်ကို အခင်ဆုံးသူငယ်ချင်းအဖြစ်ထားတဲ့ ကိစ္စကရေပန်းစားလာနေခဲ့ပြီး ဂေးမရှိသလောက်ကိုဖြစ်နေတဲ့ North Gateway ကျောင်းမှာ နာမည်ကြီး တဲ့ အုပ်စုကြီးသုံးခုရဲ့ခေါင်းဆောင်သုံးယောက်ဆီကိုပါ ရောက်လာပါတော့တယ်။ ဘရန့်ကတော့ သူကဂေးနေကြောင်းပွင့်ချလိုက်ပြီး ကျောင်းကပွဲမှာသူတို့နဲ့အတူတက်ဖို့အတွက် ခေါင်းဆောင်မလေး သုံးယောက်ကဝိုင်းလုတာကိုခံဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ မထင်မှတ်ပဲ ဂိုင်ဒါဆိုတဲ့ ဂေးတွေအချင်းချင်းဆက်သွယ်ဖို့သုံးတဲ့အက်ပ်ကနေ တဆင့် တန်နာက ဂေးဆိုတာကို သိသွားကြပြီး ကျောင်းကပွဲမှာ ကွင်းဖြစ်ဖို့အတွက် အုပ်စု သုံးခုရဲ့ ခေါင်းဆောင်သုံးယောက်လုံးက တန်နာကို ဂျီဘီအက်ဖ်အနေနဲ့ အတင်းထားလိုက်ပါတော့တယ်။ ဒီလိုနဲ့ တန်နာနဲ့ ဘရန့်တို့ သူငယ်ချင်းနှစ်ယောက်ကြားမှာ တင်းမာသွားခဲ့ကြပြီး ကျောင်းကပွဲညကိုမရောက်ခင် ဘယ်လိုတွေဖြစ်ကြမလည်း ဘယ်သူတွေရော ကျောင်းကပွဲရဲ့ ကင်းနဲ့ ကွင်းဖြစ်သွားမလည်း ဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။ လိင်ပိုင်းဆိုင်ရာအသုံးအနှုံးနဲ့ ကြမ်းတမ်းတဲ့ အသုံးအနှုံးတွေပါဝင်တာကြောင့် ကလေးသူငယ်တွေတော့မကြည့်ရှုသင့်ပါဘူးဗျ။...