ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Good Burger 2 (2023) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Comedy #Family 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ….. အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဘဝအမောတွေကို ဖြေဖျောက်နိုင်ဖို့ စိတ်ညစ်ခြင်းကနေ ရုန်းထွက်ချင်နေတယ်ဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ရှု့ဖို့တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

After.Life (2009) ⭐TMDB: 63.0% User Score 🎬 #Drama #Horror #Mystery #Thriller 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အန်နာဟာ မိုးသည်းထန်တဲ့ညတညမှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပါတယ်။ သူနိုးလာတဲ့အချိန်မှာတော့ သူဟာ အီလီယက်ဒီကန်လို့အမည်ရတဲ့ အလောင်းပြင်ပေးတဲ့လူကြီးနေတဲ့ စံအိမ်ရဲ့ အောက်ထပ်ကိုရောက်ရှိနေတာကို သတိထားမိလိုက်ပါတယ်။ အီလီယက်က အန်နာကို သူ(မ)ရဲ့သေလက်မှတ်ကိုပြလိုက်ပါတယ်။ ဒါပေမဲ့ အန်နာဟာ အသက်ရှူနေသေးပြီး သာမန်လူတယောက်လို လှုပ်ရှားသွားလာလို့ရနေသေးတာကို သတိထားမိလိုက်တဲ့နောက်မှာတော့ အီလီယက်အပေါ် စပြီးသံသယ၀င်လာပါတယ်။ တချိန်တည်းမှာပဲ အန်နာရဲ့ စေ့စပ်ထားတဲ့ခင်ပွန်းဖြစ်သူ ပေါလ်ကိုးလ်မန်းဟာလည်း အန်နာသေဆုံးသွားတာကိုမယုံကြည်ဘဲ အန်နာကို အပူတပြင်းလိုက်ရှာနေပါတယ်။ ဒီလိုနဲ့ အန်နာဟာ တကယ်သေဆုံးသွားခဲ့တာလား အန်နာသေဆုံးသွားတာမှန်ရင်တောင် အီလီယက်ဒီကန်ဆိုတဲ့လူကြီးကရော ဘာလို့ အန်နာနဲ့ စကားပြောနေနိုင်‌တာလဲ အန်နာရဲ့ခင်ပွန်း ပေါလ်ကရော အန်နာကို လိုက်ရှာလို့တွေ့သွားပါ့မလား နောက်ဆုံးမှာ အန်နာက သေဆုံးသွားခဲ့တာလား မသေဆုံးသွားခဲ့ဘူးလား ဒီဖြစ်ရပ်ဆန်းကြယ်ကိစ္စတွေရဲ့ အဖြေကဘာများလဲဆိုတာ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...

Watchmen (2009) ⭐TMDB: 73.0% User Score 🎬 #Action #Drama #Mystery #SciFi #ScienceFiction 🗓 2009 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 3 နာရီ 35 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲကတစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီအကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။ Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီးလက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။ noui consilia et ueteres quaecumque monetis amici,“pone seram, cohibe”.sed quis custodiet ipsos custodes ငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီးအာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး မေးခွန်းထုတ်ခဲ့တာပါ။ ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကိုတော့ အခြားအပြိုင်စကြဝဠာတစ်ခုမှာဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။အဲဒီစကြဝဠာမှာ ဒေါက်တာမန်ဟက်တန်ရဲ့ အကူအညီနဲ့အမေရိကန်တွေ ဗီယက်နမ်မှာ စစ်နိုင်ခဲ့ပြီးအမေရိကန်ပြည်နယ် ၅၁ ခုဖြစ်သွားတာမို့ ရုပ်ရှင်ထဲက အမေရိကန်အလံတိုင်းမှာကြယ် ၅၁ လုံးပါဝင်နေတာကို တွေ့ပါလိမ့်မယ်။အပြင်လောက အလံအစစ်က ပြည်နယ် ၅၀ ကိုကိုယ်စားပြုတဲ့ ကြယ် ၅၀ ပဲ ပါဝင်တာပါ။ Watchmen စူပါဟီးရိုးအဖွဲ့က ရဲတွေကနေ အစပြုတာပါပဲ။ရဲအချို့ဟာ သူတို့ဖမ်းသမျှလူဆိုးတိုင်း ပြန်ပြန်လွတ်လာကြတာကိုသည်းမခံနိုင်တော့တဲ့အတွက် မျက်နှာဖုံးတွေစွပ်ပြီးဥပဒေပြင်ပ ရာဇဝတ်တိုက်ဖျက်ရေး ဗီဂျလန်တီတွေအဖြစ် လုပ်ဆောင်လာကြပါတယ်။အဲဒီကနေမှ 1939 လောက်မှာ မျက်နှာဖုံးစွပ် ဝက်ချ်မန်းအဖွဲ့စတင်ခဲ့တာပါ။အစပိုင်းမှာ အလုပ်ဖြစ်ခဲ့သလို ပြည်သူတွေက ထောက်ခံခဲ့ပေမဲ့၁၉၇၇ မှာ မျက်နှာဖုံးစွပ်ဗီဂျလန်တီတွေကိုတရားမဝင်ကြေညာတဲ့ဥပဒေထွက်ပေါ်လာပြီး ဝက်ချ်မန်းအဖွဲ့အနားယူသွားခဲ့ပါတယ်။တရားမဝင်ကြေညာထားတာကို ဂရုမစိုက်ဘဲဝရမ်းပြေးအဖြစ် ဆက်လုပ်နေတဲ့သူကတော့ရော်ရှက်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဇာတ်လမ်းစတင်ချိန်ကတော့ ၁၉၈၅ ဝန်းကျင်စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံးအချိန်၊ အမေရိကန်နဲ့ဆိုဗီယက်အဏုမြူစစ်ကြောင့် ကမ္ဘာကြီးပျက်စီးလုနီးနီးကာလမှာပါ။အနားယူသွားတဲ့ ဝက်ချ်မန်းအဖွဲ့ထဲက ကော်မီဒီယံ(ဟာသသမား)ဆိုတဲ့သူအသတ်ခံရပြီးနောက်မှာ ရော်ရှက်က မျက်နှာဖုံးစွပ်ဗီဂျလန်တီတွေကိုပစ်မှတ်ထားပြီးလုပ်ကြံတဲ့သူရှိနေပြီလို့ သံသယရှိတဲ့အတွက် လိုက်စုံစမ်းလာခဲ့ပါတယ်။အဲဒီကမှ ဝက်ချ်မန်းအဖွဲ့ထဲက ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားဆိုတဲ့အိုဇီမန်းဒီးရက်အပြင် နိုက်အောင်း၊ ဒေါက်တာမန်ဟက်တန်တို့ပါပတ်သက်လာပြီး ဝက်ချ်မန်းတွေလုပ်ကြံခံနေရတဲ့နောက်ကွယ်ကအကြီးဆုံးအန္တရာယ်ကြီးတွေကို တွေ့ရှိလာပါတော့တယ်။...

纸新娘 (2023) ⭐TMDB: 0.0% User Score 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်ကော်ခေတ်ဦးပိုင်းမှာ ချင်းပေါင်ရွာရှိ မာမိသားစုက သခင်မကြီးဟာရောဂါကြောင့်သေသွားတဲ့ မြေးကြီးမာပုမင်အတွက် တစ္ဆေမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ပါတယ်။မင်္ဂလာပွဲမှာ စက္ကူနဲ့လုပ်ထားတဲ့ သတို့သမီးကအသက်ရှင်လာခဲ့ပြီး မင်္ဂလာပွဲဟာ ရှုပ်ထွေးသွားခဲ့ပါတယ်။ နတ်ဆရာက မာမိသာစုရဲ့ ဒုတိယမြေးလေး မာပုခွိုက်ရဲ့သွေးကစက္ကူသတို့သမီးကိုယ်ပေါ် စွန်းမိသွားတဲ့အတွက် စက္ကူသတို့သမီးရဲ့တွယ်ကပ်ခြင်းကို ခံရတာလို့ ပြောပြီး မာပုခွိုက်ကို မာအိမ်မှာ ထွက်သွားဖို့ ပြောခဲ့ပါတယ်။ ၁၁ နှစ်ကြာပြီးနောက် မာပုခွိုက်ဟာ သူ့ချစ်သူ လီကျောင်းတိနဲ့အတူ ရွာပြန်ပြီးလက်ထပ်ဖို့အရေးဆွေးနွေးဖို့ ပြန်လာခဲ့ပါတယ်။ သူမာအိမ်ကို ပြန်လာပြီးနောက်ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။တစ္ဆေသရဲအကြောင်း မယုံတဲ့သူက ဒီကိစ္စကို ထူးခြားတယ်လို့ထင်ပြီး ကိုယ်တိုင်မေးခွန်းတွေကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ စက္ကူသတို့သမီးက အသက်ပြန်ရှင်လာပြီး လူသတ်မှုမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ……လွန်ခဲ့တဲ့ ၁၁ နှစ်ကရော ဘယ်လို မသမာမှုတွေ ရှိခဲ့မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်အဖြေရှာ လိုက်ရအောင်နော်။...

Good Wife's Guide to Murder (2023) ⭐IMDB: 5.5/10 (102 Votes) 🎬 #Crime #Drama #Mystery #Thriller #TVMovie 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 25 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးက Thriller Drama အမျိုးအစားဖြစ်ပါတယ်။ ကိုယ့်ယောကျာ်းကိုပြန်သတ်တဲ့အမှုကိုကျူးလွန်တဲ့ ဖြစ်ရပ်မှန်ရာဇဝတ်မှုတွေအကြောင်း အသံလွှင့်အစီအစဥ်ထုတ်လွှင်တဲ့ ကိတ်ဟာ တနေ့မှာတော့ သူကိုယ်တိုင်ရဲ့ခင်ပွန်းဖြစ်သူအသတ်ခံလိုက်ရပါတယ်။ အဲ့ဒါပြီးတော့ သူမရဲ့အသံလွှင့်အစီအစဥ်ကြောင့် လူသတ်မှုသံသယရှိသူအဖြစ်စွပ်စွဲခံရပါတော့တယ်။ သူအပြစ်မရှိကြောင်းကို ကိတ်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲ တကယ့်တရားခံကရောဘယ်သူလဲ လူသတ်ပြီးရင်လိုက်နာရမယ့်စည်းမျဥ်း ၁၀ ချက်နဲ့အတူ ဒီဇာတ်လမ်းလေးမှာ စောင့်ကြည့်အဖြေရှာလိုက်ကြပါ။...

Transmorphers: Mech Beasts (2023) ⭐IMDB: 2.6/10 (185 Votes) 🎬 #Action #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်ကြည့်လိုက်တာနဲ့ စက်ရုပ်ကားဆိုတာ အထူးတလည်ညွှန်းနေစရာမလိုပါဘူး….။ ဇာတ်လမ်းအကျဥ်းကတော့ 2024ခုနှစ်အရောက်မှာ ကမ္ဘာပေါ်ကသက်ရှိတိုင်းကို သုတ်သင်ပစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပရိုဂရမ်ဆွဲထားတဲ့ Z-botsစက်ရုပ်တွေနဲ့ လူသားတွေဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှတဲ့ လူသားတွေဘက်က အရေးနှိမ့်ခဲ့ပါတယ်…။ လူသားတွေဟာ ဒီစက်ရုပ်တွေကိုပြန်တိုက်ခိုက်နိုင်ဖို့၊ဗျူဟာချပြင်ဆင်ဖို့အတွက် ကမ္ဘာ့မျက်နှာပြင်အောက်သို့ ‌‌ရွေ့ပြောင်းနေထိုင်ရင်း ခုခံစစ်သာဆင်နွှဲနေခဲ့ရပါတယ်…။ နှစ်၃၀၀ကြာသွားပြီးနောက်မှာတော့ လူသားတွေဟာ ဇီဘော့တွေကို အနိုင်တိုက်နိုင်ပြီး ကမ္ဘာ့မြေမျက်နှာပြင်ကို ပြန်တက်လာနိုင်ခဲ့ပါပြီ….။ ဇာတ်လမ်းက အခုမှစမှာပါ….။ ကံဆိုးချင်တော့ လူသားတွေရဲ့အနိုင်ဟာ တကယ့်အောင်ပွဲအစစ်မဟုတ်ခဲ့ဘဲ စက်ရုပ်တွေရဲ့လှည့်ကွက်ဖြစ်နေခဲ့ပါတယ်….။ ဒီလိုနဲ့ လူသားတွေနဲ့ စက်ရုပ်တွေရဲ့စစ်ပွဲကြီးဟာ နောက်တစ်ကျော့ပြန်လာခဲ့တဲ့အခါ...

Clinic (2023) ⭐IMDB: 5.4/10 (685 Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လီဆာက နိုက်ကလပ်တစ်ခုမှာ ဖော်ချွတ်အကမယ်အဖြစ်လုပ်ကိုင်တဲ့ Single mother ပါ။ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက တင်ကိတ်ရင်ကိတ်ဖြစ်အောင်ပြုပြင်တာကြောင့် တစ်ညတစ်ည ဧည့်သည်တွေဆီက ဘောက်ဆူးအများကြီးရပေမယ့် ဘာမှမပြုပြင်ထားတဲ့ လီဆာတစ်ယောက်ကတော့ ပိန်ပိန်ပါးပါးနဲ့ မကိတ်တဲ့အတွက် တစ်ညတစ်ည တစ်ပဲခြောက်ပြားပဲရပါတယ်။ ဒါကြောင့် သားတစ်ယောက်နဲ့ရုန်းကန်နေရတဲ့သူမဟာ သူများတွေလို ဘောက်ဆူးတွေအများကြီးရပြီး ကိတ်ထလာအောင် တင်နှင့်ရင်ခွဲစိတ်ပြုပြင်ဖို့ ကျွမ်းကျင်ဆရာဝန်ဆီသွားခဲ့ပေမယ့် သူမမှာ သွေးမတိတ်တဲ့ရောဂါရှိတာကြောင့် ခွဲစိတ်ခွင့်မပြုခဲ့ပါဘူး။ ဒီလိုနဲ့ ဆေးခန်းကပြန်အထွက်မှာ ဆေးခန်းက ဧည့်ကြိုကောင်မလေးတစ်ယောက်က ဒီဆေးခန်းထက် ဈေးထက်ဝက်သက်သာပြီး ခွဲစိတ်ပေးနိုင်တဲ့ဆေးခန်းရှိ ကြောင်း၊ စိတ်ပိုင်းဖြတ်ပြီးပါက ဆက်သွယ်ဖို့လိပ်စာကတ်ပေးလိုက်ပါတယ်။ မတရားကိတ်ချင်နေတဲ့လီဆာတစ်ယောက် ဒီကောင်မလေးပြောသလို နာမည်လည်းမရှိ ဈေးလည်းသက်သာလွန်းတဲ့ ဆေးခန်းကို သွားလိုက်တဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ ခေါင်းကြီးတို့ပဲ ကြည့်လိုက်ကြပါတော့ဗျာ။...

Carriers (2009) ⭐TMDB: 61.0% User Score 🎬 #Action #Drama #Horror #Thriller #ScienceFiction 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကမ္ဘာပျက်ကိန်း Apocalypse နဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားမှာ မင်းသား Chris Pine က Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့ အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။ Survival of the fittest ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖို့အတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို့ အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။...

Welcome to Redville (2023) ⭐IMDB: 4.4/10 (115 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Welcome to Redville ရုပ်ရှင်ကားက ၂၀၂၃ ခုနှစ်ထွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားမှာပါဝင်တဲ့ မင်းသားရော မင်းသမီး ၂ လက်လုံးက အချောတွေပဲ ဖြစ်တာမို့ ကြည့်ရတာ နောင်တရမဲ့ကားမျိူးထဲ မပါ ပါဘူး။ ဇာတ်လမ်းကျောရိုးလေးကတော့ အရမ်းချစ်ကြတဲ့ မိဘမဲ့ဂေဟာမှာ တူတူကြီးပြင်းလာကြတဲ့ အတွဲတစ်တွဲ ဒုက္ခတွေရင်ဆိုင်ရလို့ ဖြေရှင်းဖို့အတွက် စိန်ဆိုင်တစ်ခုကို ဓားပြတိုက်ခဲ့ကြပါတယ်။ ဓားပြတိုက်တာ အဆင်မပြေဖြစ်သွားခဲ့လို့ ရဲတွေလိုက်လို့ ပြေးရတဲ့အခါမှာ ကြံမိရာကြံပြီး လွတ်မြောက်သွားခဲ့ကာ Redville ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာ ခဏတာပုန်းခိုရဖို့ ဖြစ်လာပါတယ်။ အဲ့ဒီ Redville ဆိုတဲ့ မြို့ငယ်လေးက မြေပုံမှာတောင် မရှိတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်။ သေးလွန်းလို့ မြေပုံမှာ မရှိတာလား တခြားအကြောင်းရင်းတွေ ရှိဦးမလား ဇာတ်လိုက်ကျော်အတွဲတို့ အဲ့မြို့ရောက်တဲ့အခါမှာ ဘယ်လိုဟာတွေကို ကြုံတွေ့မှာလဲ အဲ့ဒီအချိန်မှာပဲ နောက်ထပ် ပြစ်မှုကျူးလွန်ဖို့ အခွင့်အခါက ကြုံသင့်လာတော့ ဘယ်လို ဆုံးဖြတ်မှာလဲ အေးအေးချမ်းချမ်းကော လွတ်မြောက်နိုင်မှာလား အဆုံးသတ်ကြရင်  ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်သိမ်းက ဘာဖြစ်မလဲဆိုတော ခန့်မှန်းဖို့ခက်တဲ့ ဇာတ်ကားလေးတစ်ခု ဖြစ်လို့ ကြည့်ရှုကြဖို့ အကြံပေးလိုက်ပါတယ်နော်...

仙缘传 (2023) ⭐TMDB: 0.0% User Score 🎬 #Fantasy #Mystery #Drama 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆန်းဆန်းပြားပြား သဘာဝလွန်ဇာတ်ကားကြိုက်သူတို့အတွက်ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လူသားလောကကို ကိုယ့်အသက်တစ်ချောင်းစတေးလိုက်လို့ ကယ်တင်လို့ရရင် ကယ်တင်မှာလား…ကိုယ့်အသက်ကို စတေးရမယ်ဆို လူတိုင်း တွံ့ဆုတ်သွားမှာပါပဲ…ဒါပေမယ့် တကယ်လို့ ကပ်ဆိုးကြီးရဲ့ အစကကိုယ်ကိုယ်တိုင်ဆိုရင်ရော လူသားလောကကို ပစ်ထားနိုင်ဦးမှာလား… ဒီဇာတ်လမ်းထဲက ယုံဖန်းကတော့ လူသားလောကကို ရှင်းထုတ်ဖို့မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် ဖန်တီးခဲ့တဲ့ဟွမ်ဖန်းကြယ်စွမ်းအားကို လက်ခံရရှိထားတဲ့ သူထဲက တစ်ယောက်ပေါ့… ဒါကြောင့်လည်း မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက်သူ့ကို အဖွဲ့အားလုံးက လိုက်ရှာနေလို့ ဘဝတစ်လျှောက်လူ့မိစ္ဆာ လူထူးဆန်းအနေနဲ့ ထွက်ပြေးနေခဲ့ရသူတစ်ယောက်ပေါ့…ဒီတော့ ယုံဖန်းအနေနဲ့တော့ လူသားတွေအပေါ်မေတ္တာမရှိသလို မိစ္ဆာတွေကိုလည်း ကူညီဖို့ ဆန္ဒမရှိဘူးပေါ့… ဆိုတော့ တွေဝေနေတဲ့ ယုံဖန်းတစ်ယောက် ဘယ်လိုရွေးချယ်မှာလဲ…လူသားတွေကြောက်နေတဲ့ မိစ္ဆာဆိုတာ တကယ်ပဲ ကြောက်စရာကောင်းတာလား…ဇာတ်ကားလေးက စိတ်ဝင်စားစရာ အဖြေတစ်ခုပေးမှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး...

In the Name of the Father (1993) ⭐TMDB: 79.0% User Score 🎬 #Biography #Crime #Drama 🗓 1993 🎞 movie 🌎 #Ireland #UnitedKingdom #UnitedKingdom ⏰ 2 နာရီ 14 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ အလုပ်သွားလုပ်ရင်း ရှောင်တိမ်းနေဖို့ သင်္ဘောပေါ်တင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဂျယ်ရီတယောက် ဂေလ်ဖို့ဒ်မြို့မှာ အလေလိုက်နေရင်း ဂေလ်ဖို့ဒ်အရက်ဆိုင် ဗုံးကွဲတဲ့ညမှာလည်း နေစရာနေရာမရှိလို့ လမ်းတကာလျှောက်သွားနေခဲ့ပါတယ်။ IRA တွေရဲ့ ဗုံးခွဲမှုကြောင့် သွေးဆူနေတဲ့ ဗြိတိသျှပြည်သူတွေကို ‌အဖြေတခုပြန်ပေးဖို့ ကြိုးစားနေရတဲ့ ဗြိတိသျှရဲတပ်ဖွဲ့ရဲ့ မြှားဦးဟာ အကြောင်းတခုကြောင့် ကံမကောင်း အကြောင်းမလှရှာတဲ့ ဂျယ်ရီ့ဆီကို တန်းတန်းမတ်မတ်ကြီးလှည့်လာခဲ့ပါတယ်။ ဒါတင်မကသေးဘူး အိုင်ယာလန်နိုင်ငံသားဆိုတာနဲ့ မုန်းတီးနေတဲ့ ဗြိတိသျှစစ်ဆေးရေးမှူးဟာ ဂျယ်ရီတစ်ဦးတည်းသာမက ကွန်လန်မိသားစုရယ် ဂျယ်ရီ့အဒေါ် အန်နီမက်ဂွိုင်းယားမိသားစု ၇ ‌ယောက်ထဲက အသက် ၁၄နှစ်အရွယ် ကလေး‌ငယ်တွေပါမချန် ဂေလ်ဖို့ဒ်ဗုံးခွဲသူ IRA တွေလို့ စွပ်စွဲခေါင်းစဉ်တပ်ပြီး အဓိကတရားခံလေးဦးကို ထောင်ဒဏ် တသက်တကျွန်းနဲ့ ကျန်မိသားစု၀င်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အော်စကာ ၇ဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ဆု ၇ ခုလည်း ရရှိခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်းဟာ အင်မတန်အားကောင်းပြီး သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေးကို ပီပြင်တဲ့အပြင် အိုင်ယာလန် တော်လှန်ရေးအပြီး ၁၉၇၄ခုနစ်နောက်ပိုင်း ကာလ ၊ အကျဉ်းထောင်ထဲက ဘ၀နေထိုင်မှုပုံစံတွေ ၊ ဂျစ်ဆပ်ပီကွန်လန်နဲ့ ဂျယ်ရီကွန်လန်တို့ သားအဖနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေ သံယောဇဉ် အစရှိတာတွေကို ပြသချိန် ၂နာရီ ၁၅ မိနစ်အတွင်း စ လယ် ဆုံး စိတ်ခံစားချက်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ရိုက်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတာမလို့ သေချာပေါက် ကြည့်ရှုကြည့်ဖို့ အကြံပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။...

Love & Other Drugs (2010) ⭐TMDB: 70.0% User Score 🎬 #Uncategorized #Comedy #Drama #Romance 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသား Jake Gyllenhaal နဲ့ မင်းသမီး အမ်းဟက်သာဝေး တို့ပါဝင်ထားပါတယ်။IMDb Rating (6.7/10) ရရှိထားတဲ့ Comedy, Drama, Romance အမျိုးအစားဇာတ်ကားပါ။Rating တွေကောင်းသလို ကြည့်ရှုပြီးသူများမှ သိပ်ကောင်းတဲ့ အချစ်ဇာတ်ကားလို့ သတ်မှတ်ထားကြပါတယ်။ ဇာတ်လမ်းကို အပြည့်အဝခံစားစေချင်လို့ ဇာတ်ညွှန်းကိုမပေးတော့ပါဘူး။အချစ်ဇာတ်ကားကောင်း ကြိုက်နှစ်သက်သူတွေ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ပါ။...

Iris (2001) ⭐TMDB: 64.0% User Score 🎬 #Biography #Drama #Romance 🗓 2001 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးဟာ လူငယ်ဘဝကစလို့ ဆံဖြူသွားကျိုးတဲ့အချိန်အထိ နောက်ဆုံးထွက်သက်အထိ ချစ်သွားကြတဲ့ အိုင်းရစ်နဲ့ ဂျွန်ရဲ့အချစ်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ အပြင်မှာတကယ်ရှိတဲ့ နိုဗယ်ဆုရ စာရေးဆရာမအိုင်းရစ်မာဒေါ့နဲ့ သူ့ခင်ပွန်း ဂျွန်ဘေလီရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားဟာ ရုပ်ရှင်ဆုပေးပွဲများတွင် စုပေါင်းဆုပေါင်းများစွာရရှိထားပါတယ် သရုပ်ဆောင်တွေအနေနဲ့လည်း Kate Winslet က အိုင်းရစ်ငယ်ဘဝအဖြစ်သရုပ်ဆောင်ပြီး ဝါရင့်မင်းသမီးကြီး Judi Dench က အသက်ကြီးသွားတဲ့အိုင်းရစ်နေရာကသရုပ်ဆောင်ထားပါတယ် ဂျွန်ရဲ့နေရာမှာလည်း Jim Broadbent နဲ့ Hugh Bonneville တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးမှာ အချိန်အကြာကြီးလက်တွဲချစ်ခဲ့ကြတဲ့ အိုင်းရစ်နဲ့ဂျွန်တို့ရဲ့ဘဝဟာ အယ်ဇိုင်းမားဆိုတဲ့ သတိမေ့ရောဂါကြောင့် မုန်တိုင်းဝင်ရောက်ခဲ့ပါတယ် အိုင်းရစ်ဟာ အဲဒီရောဂါခံစားနေရပြီး တစတစ မှတ်ဥာဏ်တွေပျောက်ဆုံးလာတဲ့အခါ ဂျွန်တစ်ယောက် ဇနီးဖြစ်သူကိုဘိုးဘွားရိပ်သာဆေးကုဌာနကိုလည်းမပို့နိုင်ဘဲ အသက်အရွယ်အိုမင်းနေတဲ့အချိန်မှ ဇနီးဖြစ်သူကို ကိုယ်တိုင်ပဲလိုက်လံပြုစုစောင့်ပေးပါတယ် သူတို့နှစ်ယောက်ရဲ့ဘဝအကြောင်းကို ငယ်ရွယ်စဥ်ဘဝကိုပြလိုက် အသက်အရွယ်ကြီးသွားတဲ့အချိန်ကိုပြလိုက်နဲ့ တစ်လှည့်စီကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာ အိုင်းရစ်အပေါ်ထားတဲ့ ဂျွန်ရဲ့ချစ်ခြင်းမေတ္တာတွေကိုကြည့်ရှုခံစားနိုင်ပါတယ်...

Garudan (2023) ⭐IMDB: 7.4/10 (719 Votes) 🎬 #Bollywood #Crime #Thriller #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Garudan 2023 အမှန်တရားဘက်တော်သားIMDb 7.5/10 အမှန်တရားနဲ့လိမ်လည်မှု ..စည်းလေးတစ်ခုပဲခြားတဲ့ ဒီ၂ဖက်ကြား တရားဥပဒေကို လက်တစ်လုံးကြားလုပ်ပြီးပြစ်မှုကျူးလွန်နေတဲ့လူတွေကို အခက်အခဲ‌တွေကြားကဘယ်လိုရှာဖွေသွားမလဲဆိုတဲ့ ရုံကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ် ကျောင်းဖျော်ဖြေပွဲရှိလို့ ညနက်တဲ့အထိလေ့ကျင့်ရေးလုပ်နေခဲ့တဲ့ တယ်ရယ်ဆာ ..မိုးသည်းတစ်ညလေ့ကျင့်မှုအပြီးဖခင်ဖြစ်သူအတွက်ဟင်းချက်ပေးဖို့ဆိုပြီး အိမ်ပြန်မိလေတော့ ကြိုတင်စောင့်ဆိုင်းနေတဲ့မသမာသူတစ်ယောက်က ကြိုတင်စီစဉ်ထားတဲ့ Rape case တစ်ခု ဖြစ်စေခဲ့ပါတယ် ည၇နာရီနဲ့ ၉နာရီကြားဆို လူမရှိတဲ့ စက်ရုံတစ်ခုထဲသူ့အစီအစဉ်ကိုအထမြောက်ခဲ့လေတော့သူ့ကိုတွေ့လိုက်တာက စက်ရုံရဲ့ကြီးကြပ်ရေးဆာလမ် .. တရားခံဟာအရင်ကမမြင်ဖူးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ကြန့်ကြာခဲ့ရတဲ့ ဒီအမှု..နစ်နာသူက ကိုမာဝင်ပြီးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ ဒီအမှုကြောင့် ဆန္ဒပြပြည်သူတွေနဲ့ဖိအားပေးခံရဲတွေကြား အမှုက ၇လကျော်အထိ ကြာခဲ့ရပြီးနောက်မှာတော့မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတယ် အဲဒါက ဘာများဖြစ်မလဲသူတို့ဘယ်လိုတွေဖော်ထုတ်ကြမလဲ အမှန်တရားကအမြဲတမ်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ရှုစားလိုက်ကြပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

May December (2023) ⭐IMDB: 7.4/10 (4 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 May December (2023) ~ IMDb – 7.4/10, Rotten Tomatoes – 92% ~ May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။ ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။ အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။ စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။ မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။ ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။ May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ...

I'm Not There (2007) ⭐TMDB: 66.0% User Score 🎬 #Biography #Drama #Music 🗓 2007 🎞 movie 🌎 #Germany #Canada #UnitedStates #France #UnitedStatesofAmerica ⏰ 2 နာရီ 15 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း———————–အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ကြုံသလိုလေလွင့်နေတဲ့ ဝူဒီဂတ်သရီဆိုတဲ့ ကောင်လေး အစရှိတဲ့ ဇာတ်ကောင်ငါးကောင်ကို အလှည့်ကျစီ ရှုထောင့်အမျိုးမျိုးက အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်ထားတဲ့ Musical Drama Film လေးဖြစ်ပါတယ်။...

Strange Tales of Chang'an (2023) ⭐TMDB: 90.0% User Score 🎬 #Action #Fantasy #Mystery 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ရှေးခေတ် မှုခင်းရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တာ့ထန်ယုံဟွေးခေတ်အတွင်းမှာ ကွမ်းကျိုး ဟယ်ပေ အစရှိတဲ့ခရိုင် ၂၀ လောက် မိုးခေါင်ခဲ့ပါတယ်။ မိုင်ထောင်ချီရှိတဲ့ မြေတွေခြောက်ကပ်နေပြီးပြည်သူတွေ ဒုက္ခရောက်ခဲ့ရပါတယ်။ နက္ခတာရာရုံးတော်ကရုံးတော်ချုပ်ကောင်းရှန်းယောင်က မင်းကြီးကို တရားပွဲလုပ်ပြီး မိုးခေါ်ရန် တင်သွင်းခဲ့ပါတယ်။ တရားပွဲလုပ်နေတဲ့အချိန်မှာ မိုးပေါ်ကနေ ရေနံဆီတွေ ရွာလာခဲ့ပြီးခေါင်းတစ်ထောင်မိစ္ဆာကြီး ထွက်ပေါ်လာပြီး လူတွေကို သတ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီ့အမှုကို စစ်ဆေးရန် ထောင်ထဲရှိ အသေဒဏ်ပေးခံထားတဲ့အပြစ်သား တူကူးကို မင်းကြီးရဲ့ အမိန့်အရ အမှုစစ်ဆေးရန် ထောင်ထဲမှ ခေါ်ထုတ်ခဲ့ပါတယ်။ ခေါင်းတစ်ထောင်မိစ္ဆာရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ……အမှုက အဖြေထွက်လာမလိုနဲ့ လူတွေဆက်တိုက်သေဆုံးနေတဲ့အဖြစ်ကို တူကူးတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။...

Salakab (2023) ⭐IMDB: 5.7/10 (34 Votes) 🎬 #Adult #Drama #Thriller 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 39 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Salakab (2023) Vivamax မင်းသမီးချောလေး Angeli Khang ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ လီနာနဲ့အာသာတို့ဟာ နယ်မြို့လေးတစ်မြို့က ငယ်ချစ်တွေဖြစ်ကြပြီးတော့ ရည်မှန်းချက်ကြီးမားတဲ့ လီနာဟာ ဒီဘဝကရုန်းထွက်ဖို့မျှော်လင့်ချက်နဲ့ မနီလာမှာကျောင်းသွားတက်ခဲ့ပါတယ်။ ကျောင်းသွားတက်တဲ့ကိစ္စနဲ့ မိဘတွေက စွန့်လွှတ်လိုက်တာကြောင့် ချစ်သူ့ရဲ့အိပ်မက်ကိုဖြည့်ဆည်းဖို့ အာသာကပဲ အလုပ်အမျိုးမျိုးလုပ်ရင်း နည်းမျိုးစုံသုံးပြီး ငွေရှာရင်း ကျောင်းထားပေးခဲ့ရတာပါ။ ဒါပေမဲ့လည်း မြို့ပါးဝသွားတဲ့ တောသူမတို့ထုံးစံ အာသာကိုခြေစုံကန်ပြီး မြို့သားအသစ်တစ်ယောက်နဲ့ တွဲခုတ်လာတဲ့အချိန်မှာတော့ ဘယ်လိုမှ စွန့်လွှတ်မပေးနိုင်တဲ့ အာသာက နည်းမျိုးစုံနဲ့ ချစ်သူကိုအပိုင်ရဖို့ကြိုးစားရပါတော့တယ်။ မင်းသမီးလေးတွေ မိုက်သလို ဇာတ်လမ်းဇာတ်အိမ်နဲ့သရုပ်ဆောင်တာတွေလည်း တကယ်မိုက်ပါတယ်။ ပရိသတ်ကာလသားတွေအနေနဲ့ ရင်ထဲကရော ဖင်ထဲကပါ တစ်ဆစ်ဆစ်နာကျင်လာတဲ့အထိ ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလှလှလေးတစ်ပုဒ်ပါပဲ။ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

Stunning Bodyguard (2017) ⭐TMDB: 0.0% User Score 🎬 #Action #Drama 🗓 2017 🎞 movie 🌎 #China ⏰ 1 နာရီ 11 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရှန်ဟိုင်းဂျက်မကားကောင်းလေးတစ်ကား CMကနေတင်ဆက်ပေးလိုက်ပါတယ်။အင်အားစုတွေအများကြီးကွဲနေပြီး ဘိန်းကြီးစိုးနေတဲ့ခေတ်ပျက်ကြီးမှာဆေးပညာပါရမီရှင်လူငယ်လေးတစ်ယောက်ရှိပါတယ်။ ဒီလူငယ်လေးဟာ အကိုက်အခဲပျောက်ဆေးတီထွင်ဖို့ကြိုးစားနေပါတယ်။မသမာသူတွေက သူ့ဆေးရဲ့ဖော်မြူလာကို နည်းနည်းပြုပြင်လိုက်ရင်ဘိန်းအစားထိုးလို့ရမယ့် မူးယစ်ဆေးတစ်ခုကိုဖော်စပ်လို့ရတယ်ဆိုတာသိသွားတဲ့အချိန်မှာ ပါရမီရှင်လေးနဲ့ သူ့ရဲ့ဆေးဖော်မြူလာကိုလုယူဖို့ကြိုးစားပါတော့တယ်။ အလင်းအမှောင်အဖွဲ့အစည်းနှစ်မျိုးလုံးကဒီဆေးကိုတပ်မက်နေပြီးတော့ပြေးစရာမြေမရှိဖြစ်နေတဲ့အချိန်မှာ ဂျက်မ(၃)ယောက်ဟာတရားသောဘက်ကနေပြီး အစွမ်းကုန် ပါဝင်တိုက်ခိုက်သွားပါတယ်။လောကကြီးကိုဒုက္ခပေးမယ့် မူးယစ်ဆေးထုတ်ဖော်ရေးကိုတားနိုင်ဖို့အတွက် ဘာတွေပေးဆပ်လိုက်ရမလဲ……လောကကြီးကို မူးယစ်ဆေးရန်ကနေတကယ်ကယ်တင်နိုင်ပါ့မလား...

Dinner Mate (2020-2020) ⭐IMDB: 7.5/10 (563 Votes) 🎬 #Drama #Comedy #Romance 🗓 2020-2020 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 6 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dinner Mate(2020)[စ/ဆုံး]Dinner Mate(2020)ဇာတ်လမ်းတွဲ(စ/ဆုံး)...