无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Le Samouraï (1967) ⭐TMDB: 78% User Score 🎬 #Crime #Drama #Thriller 🗓 1967 🎞 movie 🌎 #France #Italy ⏰ 1 နာရီ 45 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Le Samouraï (1967) ~ IMDb – 8/10, Rotten Tomatoes – 100% ~ Jean-Pierre Melville ဟာ ပြင်သစ်နယူးဝေ့ကို စတင်ခဲ့တဲ့ဒါရိုက်တာတချို့ရဲ့ စိတ်ကူးတွေမြစ်ဖျားခံရာဖြစ်သလို ပြင်သစ်နယူးဝေ့ရဲ့ အမြင်တွေပေါ်ပေါက်လာစေခဲ့တဲ့သူတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ဒါရိုက်တာစာရင်းမှာတော့ မထည့်ကြပေမဲ့ ပြင်သစ်နယူးဝေ့ရဲ့ Spiritual Father လို့ဆိုကြတယ်။ ပြင်သစ်နယူးဝေ့ထွက်ပေါ်လာတဲ့အထဲ သူ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ သူ့ရဲ့ Independence ဖြစ်တဲ့ တင်ပြပုံနဲ့ အတုလုပ်ထားတဲ့ရိုက်ကွင်းမသုံးဘဲ တကယ့်နေရာအစစ်မှာ ရိုက်ကူးခြင်းတွေကို နယူးဝေ့ဒါရိုက်တာတွေဟာ အတုယူခဲ့ကြတယ်။ ပြင်သစ်နယူးဝေ့ရဲ့ နာမည်အကျော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ဟာ ရိုက်ထားတာတွေကို တည်းဖြတ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့အချိန် Melville က ဂိုးဒတ်ကို သူဆို သူရိုက်ထားတဲ့ထဲက အကောင်းဆုံးအပိုင်းတွေကို ဖြတ်ယူလိုက်တာပဲလို့ ပြောပြခဲ့တယ်။ ဂိုးဒတ်ကလည်း အဲဒီနည်းကို နောက်ပိုင်းလည်း ဆက်တိုက်သုံးခဲ့တယ်။ Melville ဟာ Neo-noir တွေကို အရိုက်များခဲ့ပြီး နောက်ပိုင်း Neo-noir ကားတွေ Crime, Action ကားတွေရိုက်တဲ့ ဒါရိုက်တာတွေအားလုံးနီးပါးအပေါ် လွှမ်းမိုးမှုရှိခဲ့တယ်။ ဂျွန်ဝူးကတော့ The Killer ဆိုတဲ့ နာမည်နဲ့ ချောင်ယွန်ဖတ်ကိုသုံးပြီး ဇာတ်ကောင်ကိုနည်းနည်းမှီး ဇာတ်လမ်းကျောရိုးကိုနည်းနည်းမှီးပြီး ဒီအသွားအတိုင်းကို ပြန်ရိုက်ပြီး Heroic Bloodshed ကားတွေလို့ Genre ကွဲတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါလည်း ဆန်းတော့မဆန်းဘူး။ ဟောင်ကောင် Crime Action တွေဟာ ပြင်သစ်ကားတွေကို ပြန်လည်ဆန်းသစ်ပြီးရိုက်ထားခဲ့ကြတာများတယ်။ Infernal Affairs တို့ City on Fire တို့လည်း ဒီလိုပါပဲ။ ဖြစ်သင့်တဲ့ကိစ္စပဲမလား။ ဂိုးဒတ်တော့ပြောဖူးတာပဲ… ရုပ်ရှင်အတွက် အဓိကလိုတဲ့ Element က သေနတ်တစ်လက်နဲ့ မိန်းမလှတစ်ယောက်ဆိုပဲ။ အက်ရှင်နဲ့ လိင်မှုပေါ့။ Le Samouraï ဟာ ဘယ်လိုရုပ်ရှင်လဲဆို… Hitman တစ်ယောက်အကြောင်းသက်သက်ပဲ။ Hitman တစ်ယောက်က အလုပ်လက်ခံတယ်။ သူ့အလုပ်သူလုပ်တယ်။ ဒါကိုပြတဲ့အထိတော့ သိပ်တော့မဆန်းဘူး။ ဇာတ်ကောင်ပြောခဲ့သလိုပဲ။ လူသတ်ဖို့ငွေပေးထားလို့ သူက လူသတ်ပေးလိုက်ရုံပဲ။ ဒါပေမဲ့ အမှတ်မထင် အဲဒီအလုပ်က နောက်ဆက်တွဲပြဿနာတွေရှိလာတယ်။ ဒီပြဿနာတွေကို သူဖြေရှင်းတဲ့ပုံစံကနေ သူက ဘယ်လိုစိတ်ဓာတ်နဲ့ ဘယ်လိုလူမျိုးလဲဆိုတာကို ကာရိုက်တာတည်ဆောက်ပြသွားတယ်။ ဒီမှာထူးတာက သူ့အပြိုင်ဇာတ်ကောင်ဖြစ်တဲ့ ရဲအရာရှိကိုလည်း သူ့လောက်အချိန်မပေးထားပေမဲ့ သူ့လောက်နီးနီး ခိုင်မာအောင် အခန်းနည်းနည်းနဲ့ တည်ဆောက်ပြသွားတာပဲ။ မင်းသမီးကို သူလိုချင်တဲ့အတိုင်း ထွက်ဆိုလာအောင် နားချတဲ့အခန်းမှာ ဒီရဲဇာတ်ကောင်ကလည်း သူ့အလုပ်သူဖြစ်မြောက်ဖို့ ဘာမဆိုလုပ်မယ့်ဇာတ်ကောင်မျိုးဆိုတာကို မြင်သာစေခဲ့တယ်။ ဒါကြောင့်လည်း Hitman ဇာတ်ကောင်ရဲ့ အခြေအနေက ပိုကျပ်တည်းသွားသလို ကျပ်တည်းသွားတဲ့ အခြေအနေမှာ သူ့ခံယူချက်နဲ့ သူ့စိတ်ဓာတ်က ပိုထင်းလင်းလာတယ်။ ဒါကို Melville က အရိပ်တွေ အမှောင်တွေ အငြိမ်တွေသုံးပြီး ဒိုင်ယာလော့နည်းနည်းနဲ့ တင်ဆက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သေချာတာတော့ Le Samouraï မှာ သေနတ်တစ်လက်နဲ့ မိန်းမတစ်ယောက်ပါတယ်။ ဒါပေမဲ့ အဲဒီသေနတ်ကလည်း အငြိမ် အဲဒီမိန်းမကလည်း အငြိမ်ပဲ။“Action is the enemy of Suspense”ဆိုတဲ့စကားရှိပေမဲ့ Le Samouraï ကတော့ Action မှာ Suspense တွေ တွဲလွဲခိုနေတဲ့ ရုပ်ရှင်လို့ပြောရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Joko Anwar's Nightmares and Daydreams (2024) ⭐IMDB: 6.6/10 (1 k Votes) 🎬 #SciFi #Fantasy #Mystery #Drama #Horror #Thriller 🗓 2024 🎞 tv series 🌎 #Indonesia ⏰ 48 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Supernaturalကြိုက်လား horrorကြိုက်လား sci-fiကြိုက်လား ဒီလိုဇာတ်လမ်းတွေကြည့်ချင်သူတွေအတွက် seriesအသစ်လေးလာပါပြီရှင်။ ဒီတလောမှထွက်ထားတဲ့အသစ်သက်သက် အင်ဒိုနီးရှားsupernatural seriesလေးပါ။ အင်ဒိုနီးရှားကပေမယ့် လုံးဝအဖိုင်းနော် တပိုင်းကိုဇာတ်လမ်းတမျိုးစီနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ တပိုင်းစီကလည်း အလွန်စိတ်ဝင်စားဖိုကောင်းလို့ကြည့်ရှုခံစားလိုက်ကြပါဦးလို့...
The Searchers (1956) ⭐TMDB: 77% User Score 🎬 #Adventure #Drama #Western 🗓 1956 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 👑 Channel Myanmarဇာတ်ညွှန်း 📜 The Searchers (1956) ~ IMDb – 7.8/10, Rotten Tomatoes – 87% ~ ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို “King of Directors” လို့ပြောဖူးတယ်။ Jean-Luc Godard ဆို The Searchers ရဲ့ ဇာတ်သိမ်းခန်းကို Ulysses နဲ့ Telemachus ပြန်ပေါင်းစည်းကြတဲ့အခန်းနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ဖူးတယ်ဆိုတယ်။ Alfred Hitchcock ဆို ဂျွန်ဖို့ဒ် ရုပ်ရှင်တွေရဲ့အပြဟာ အရာရာလှပတယ်လို့ပြောဖူးတယ်။ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ခဲ့ကြဖူးတဲ့ Citizen Kane ရဲ့ ဒါရိုက်တာနဲ့မင်းသား Orson Welles ကို တစ်ခါသား သူအကြိုက်ဆုံး ဒါရိုက်တာသုံးယောက်နာမည်မေးတော့ “ကျွန်တော်က ဆရာ့ဆရာကြီးတွေကို ကြိုက်တာဗျ။ ဥပမာဆို ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ်ပေါ့” လို့တောင် ဖြေဖူးတယ်။ Andrei Tarkovsky ကလည်း ဖို့ဒ်က သူ့အကြိုက်ဆုံး ဒါရိုက်တာတွေထဲပါတယ်လို့ ဖြေဖူးတယ်။ သူတို့လိုလူတွေအပြင် ဂျွန်ဖို့ဒ်ကိုကြိုက်တဲ့ထဲ Satyajit Ray တို့၊ Jean Renoir တို့၊ Federico Fellini တို့၊ Francois Truffautတို့၊ Ingmar Bergman တို့၊ Stanley Kubrick တို့၊ Sergio Leone တို့လို ရုပ်ရှင်သမိုင်းရဲ့ထိတ်ထိတ်ကြဲတွေတောင်ပါပါတယ်။ သူတို့ထက် နှောင်းတဲ့ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ စတိုရှိခွန်တို့ စကောဆဲစီတို့လိုလူတွေလည်း မနည်းဘူး။ David Lean ရဲ့ ဂန္ထဝင်ဖြစ်တဲ့ Lawrence of Arabia ကလည်း The Searchers ကို Inspiration ယူခဲ့တယ်လို့ David Lean ကိုယ်တိုင်ပြောဖူးတယ်။ Landscape တွေကို ဘယ်လိုရိုက်ရမလဲဆိုတာကို ဒီကားကို ကြည့်ပြီးလေ့လာခဲ့တာပါတဲ့။ နောက်ထူးခြားတဲ့အချက်ကတော့ ဂျွန်ဖို့ဒ်ဟာ ဒီလောက်ဆရာကျတဲ့ ဒါရိုက်တာဖြစ်ခဲ့ပေမဲ့ စတိုရီဘုတ်လုံးဝမသုံးပါဘူး။ သရုပ်ဖော်ထားတာရော စာနဲ့ရေးထားတာရော မသုံးခဲ့ပါဘူး။ ဒိုင်ယာလော့စာရွက်သက်သက်လောက်ပဲ သုံးခဲ့တယ်။ ဒါက ဝေါင်ကာဝေးလည်း ဒီလိုလုပ်တယ်ကြားဖူးပေမဲ့ ဝေါင်ကာဝေးရဲ့ ကာရိုက်တာတည်ဆောက်ပုံနဲ့ မသုံးတာက ဆန်းတောင် မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပေမဲ့ ဂျွန်ဖို့ဒ် ကာရိုက်တာတည်ဆောက်ပုံနဲ့ စတိုရီဘုတ်လုံးဝမသုံးဘဲ ဒီလိုပုံစံထွက်တာက ဂျွန်ဖို့ဒ်က လူလွန်မသားပါလို့ ပြောနေသလိုပါပဲ။ အခု ဒီ The Searchers ကတော့ ဂျွန်ဝိန်းနဲ့ ဖို့ဒ်တွဲဖက်ထားတဲ့၊ Lawrence of Arabia ကားရဲ့ မြစ်ဖျားခံရာဖြစ်တဲ့၊ ဖို့ဒ်ရဲ့အကောင်းဆုံးတွေထဲက တစ်ကားပါပဲ။ ဖို့ဒ်ဟာ Western ကားတွေကို အခန်းတိုင်းမလွတ်လှနေအောင် ရိုက်ပြနိုင်တဲ့အချက်နဲ့လည်း ကျော်ကြားပါတယ်။ အခုကားကိုလည်း Western ကားတွေရိုက်ရင် သူအကြိုက်ဆုံးလိုကေးရှင်းတွေထဲက တစ်ခုဖြစ်တဲ့ Monument Valley မှာပဲရိုက်ထားတယ်။ နောက် ဒီထဲကဇာတ်ကောင် အီသန်ဟာ ဂျွန်ဝိန်းသရုပ်ဆောင်ဖူးသမျှထဲ အကြိုက်ဆုံးဇာတ်ကောင်ဖြစ်ခဲ့ပြီး သူ့သားနာမည်ကိုပါ ဒီဇာတ်ကောင်နာမည်ပေးထားခဲ့ပါတယ်။အမေရိကန်ဖလင်အင်စတီကျူ့ကလည်း Greatest American Western လို့ သမုတ်ခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ Texas–Indian စစ်ပွဲကာလမှာ တည်ထားတယ်။ တက္ကဆက်သားတွေနဲ့ အင်ဒီးယန်းတွေ သူသတ်ကိုယ်သတ်လုပ်နေကြတဲ့ ကာလပေါ့။ အဓိကဇာတ်ကောင်ကတော့ အဲဒီကာလက ပြည်တွင်းစစ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ အီသန်။ စစ်ကြီးပြီးတာတောင် စစ်ရှုံးသွားတာတောင် အရှုံးပေးချင်စိတ်မရှိတဲ့ ဘုကလန့်စစ်ပြန်ကြီးတစ်ယောက် ညီနဲ့ညီမ တူတွေတူမတွေရှိတဲ့ အိမ်ကလေးကို ပြန်လာတာကနေ ဇာတ်ကိုစထားတယ်။ သူရောက်ပြီးသိပ်မကြာခင်မှာပဲ အင်ဒီးယန်းတွေက သူတို့မြို့ကို လာတိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်။ ဒီလိုနဲ့ သူအပါအဝင်တက္ကဆက်ရိန်းဂျားတွေက အဲဒီလူနီရိုင်းတွေကို သတ်ဖို့လိုက်ကြတယ်။ ဒါပေမဲ့ သူတို့မျှားခေါ်ခံလိုက်ရတာဖြစ်နေပြီး သူ့ညီအိမ်ကို ဖျက်ဆီးပြီး သူ့ညီတစ်မိသားစုလုံး အသတ်ခံခဲ့ရတယ်။ သူ့တူမလေးတွေလည်း အဖမ်းခံခဲ့ရတယ်။ ဒီလိုနဲ့အီသန်ဟာ သူ့တူမလေးတွေကို ပြန်ကယ်ဖို့ရော ကလဲ့စားချေဖို့ရော နေရာအတည်တကျမရှိဘဲ လှည့်ပတ်နေထိုင်နေတဲ့ လူနီရိုင်းတွေနောက်ကို ခြေရာကောက်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ရု...
Supacell (2024) ⭐IMDB: 6.7/10 (5 k Votes) 🎬 #Action #Adventure #SciFi #Fantasy #Drama 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 54 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Netflix ကနေ လက်ရှိထွက်ထားတဲ့ Scifi ဇာတ်လမ်းတွဲအသစ်ပါ Rating အမြင့်တဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းအညွှန်းကိုပြောရရင်…လန်ဒန်က သွေးကလာပ်ဆဲရောဂါဖြစ်နေတဲ့ လူမည်းအများစုမှာရုတ်တရက် အစွမ်းတွေရလာပါတယ်…အဲ့ဒီအထဲမှာ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတဲ့ မိုက်ကယ်အပါအဝင်ပဲ.. တစ်နေ့ပစ္စည်းပို့ရင်း လမ်းဘေးဂိုဏ်းတစ်ခုက ဓားထိုးခံလိုက်ရပြီး သေရာပြန်ရှင်ကာ အစွမ်းတွေရလာပါတယ် သူ့အစွမ်းကအနာဂတ်ကို အချိန်ခရီးသွားနဲ့ တယ်လီပို့နိုင်ခြင်းပါ…ဒါပေမယ့် သူ့လိုမျိုး အစွမ်းတွေရလာတဲ့ လူပေါင်းစုံနဲ့ အနာဂတ်က ဖြစ်ရပ်ဆိုးကြီးကို တားဆီးဖို့ လိုအပ်လာတဲ့အတွက် ကျန်တဲ့လူတွေကို လိုက်စည်းရုံးဖို့လိုလာပါပြီ… ဒီအစွမ်းတွေရဲ့ နောက်ကွယ်က ဘယ်သူလဲ..ဘာကြောင့်အစွမ်းတွေရလာတာလဲဆိုတာကိုတော့ Supacell ဆိုတဲ့ ဇာတ်လမ်းတွဲမှာ စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် (အညွန်းကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)...
My Little Bride (2004) ⭐TMDB: 72% User Score 🎬 #Comedy #Drama #Romance 🗓 2004 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Little Bride (2004) IMDb Rating (7)/Rotten Tomotoes (70%) ဒီဇာတ်ကားလေးကတော့ ကိုရီးယားကားတွေကို ကမ္ဘာကသတိထားမိစေခဲ့တဲ့ ၂၀၀၀ ခုနှစ်နှောင်းပိုင်း အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပြီး ကိုရီးယားလှိုင်း စတင်လှုပ်ခတ်မှုမှာ နေရာတစ်နေရာကပါဝင်ခဲ့ပါတယ်။ ချစ်စရာအမူအယာတွေနဲ့ ကိုရီးယားတို့ရဲ့ ရှေးရိုးစွဲရိုးရာယဉ်ကျေးမှု လူမှုဘဝနေထိုင်မှုပုံစံတချို့ကို ပေါ့ပေါ့ပါးပါးမိတ်ဆက်နိုင်ခဲ့ပြီး ကြည့်မိသူတိုင်းမှတ်မိလွယ်စေခဲ့ပါတယ်။ အဓိက သရုပ်ဆာင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးတဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားမှာ Kim Rae Won ရဲ့ အစ်ကိုကြီးတစ်ယောက်လို ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေရော နစ်နာခံမှုတွေရောမြင်တွေ့ရမှာဖြစ်ပြီး Moon Geun Young ရဲ့ ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုးဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေက အဓိကအသက်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့တွဲဖက်မှုဟာ ကြည့်နေတဲ့သူတွေကို ပြုံးပျော်ကြည်နူးစေပါတယ်။ ဘယ်လိုအချိန်မှာပဲ ကြည့်ကြည့် စိတ်ရွှင်မြူးသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေးတခုဖြစ်ပြီး ငယ်ဘဝရဲ့အမှတ်တရဇာတ်ကားလေးမလို့ 1080p Quality နဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။...
Beverly Hills Cop: Axel F (2024) ⭐IMDB: 6.7/10 (15 k Votes) 🎬 #Action #Comedy #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Beverly Hills Cop: Axel F” (2024) ဟာ ဒါရိုက်တာ Mark Molloy ရိုက်ကူးထားတဲ့ အမေရိကန် အက်ရှင် ဟာသဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကြီး Eddie Murphy ရဲ့ နာမည်ကျော် ဇာတ်ကောင်ဖြစ်တဲ့ Axel Foley ကို တကျော့ပြန်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒက်ထရွိုက်လမ်းမတွေပေါ်မှာထက်မြက်ပြီး ဦးဆောင်နိုင်စွမ်းရှိတဲ့ ရဲအရာရှိကြီး Axel Foley ဟာ ရှေ့နေဖြစ်သူ သူ့သမီးရဲ့အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အခါမှာ Beverly Hills ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ရဲတယောက်အသတ်ခံရတဲ့အမှုမှာ တရားခံဘက်နေ ရှေ့နေလိုက်နေတဲ့ သူ့သမီးကိုကာကွယ်ဖို့ ပြန်လာခဲ့တယ်ဆိုပေမဲ့ Axel ဟာ သူ့ရဲ့မိတ်ဆွေဟောင်းကြီးတွေဖြစ်တဲ့ ရဲမှူးကြီး John Taggart၊ စုံထောက် Billy Rosewood တို့နှင့်အတူ လက်တွဲပြီး အစိုးရအတွင်းစည်းထဲကပူးပေါင်းကြံစည်မှုတခုကို ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Beverly Hills လမ်းမထက်က အက်ရှင်၊ ဟာသနဲ့ မိသားစုသံယောဇဉ်ကို ပေါင်းစပ်တင်ပြထားတာမို့ လုံးဝမပျင်းရမယ့် ဇာတ်ကားကောင်းဖြစ်ပါတယ်။...
Single8 (2023) ⭐IMDB: 6.8/10 (149 Votes) 🎬 #Comedy #Drama #Romance #ScienceFiction #Adventure 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 53 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Single 8 (2023) ဒီရုပ်ရှင်က ခမ်းခမ်းနားနားရုပ်ရှင်တော့မဟုတ်ဘူး။ ဒါပေမဲ့ ခမ်းခမ်းနားနားရုပ်ရှင်တစ်ခုကြောင့် ရုပ်ရှင်ရိုက်ဖြစ်သွားတဲ့အကြောင်း ရုပ်ရှင်။ အဲဒီခမ်းခမ်းနားနားရုပ်ရှင်ဆိုတာက ကမ္ဘာ့ရုပ်ရှင်လောကကို ကိုင်လှုပ်တဲ့ Star Wars ။ အမေရိကန်မှာပြပြီးတစ်နှစ်အကြာ ၁၉၇၈ဇွန်လမှာ Star Warsက ဂျပန်ကိုရောက်လာခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ သမားရိုးကျ သိပ္ပံရုပ်ရှင်တွေရဲ့ သမားရိုးကျပုံစံတွေအားလုံးကနေခွဲထွက်ပြီး ဝေဖန်ရေးသမားတွေချီးကျူးတာခံခဲ့ရတယ်၊။ ဒီဇာတ်လမ်းက Star Warsကနေ အနုပညာဓာတ်ခံနိုးကြားပြီး သူတိုကိုယ်ပိုင် ရုပ်ရှင်ကိုရိုက်ဖိုဆုံးဖြတ်လိုက်တဲ့ ဆယ်ကျော်သက်လေးတွေအကြောင်းပဲ။ ဒီရုပ်ရှင်က ပြောရရင် ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်လေးတွေ ကျောင်းနှုတ်ဆက်ပွဲမှာ ပြဖို ရုပ်ရှင်ရိုက်ကြတဲ့အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်အိမ်က ၁၉၈၀မတိုင်ခင်ကာလတွေမှာ တည်ထားတယ်။ ဒီကောင်လေးတွေက စစချင်း စပီးဘာ့ချ်ရဲ့ Jawsကို ဝက်ဝံလိုက်တဲ့ ပုံစံနဲ့ ပြောင်းရိုက်ခဲ့တယ်။ တော်တော်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက် စတာဝါးစ်ထွက်လာတော့လည်း စတားဝါးစ်ကို တော်တော်လေးရူးသွပ်ခဲ့ကြတယ်။ စတားဝါးစ်ထဲကလို အာကာသယာဉ်အရုပ်တွေလိုက်လုပ်ပြီး စတားဝါးစ်လို ရုပ်ရှင်ကိုပါ ရိုက်ချင်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းနှုတ်ဆက်ပွဲအတွက် ရုပ်ရှင်ရိုက်ရဖို အကြောင်းဖန်လာတဲ့အခါ စတားဝါးစ်လို သိပ္ပံရုပ်ရှင်ကားတစ်ကားရိုက်ပြဖို ကြံခဲ့ကြတယ်။ စတားဝါးစ်လိုကားကို ချစ်လို အဲဒီလိုကားမျိုး ရိုက်ချင်ခဲ့တဲ့ ဆယ်ကျော်သက်လေးတွေ သူတိုရုပ်ရှင်ကားကို ဘယ်လိုအသက်သွင်းလဲဆိုတာကိုပဲ ဒီရုပ်ရှင်တစ်လျှောက်လုံးမှာ ပြထားတယ်။ ဒီရုပ်ရှင်က အကောင်းကြီးတော့မဟုတ်ဘူး ဒါပေမဲ့ တော်တော်ချစ်စရာကောင်းတဲ့ရုပ်ရှင်ပဲ။ တစ်ခုရှိတာက ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်တွေကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပဲ။ ဘာပစ္စည်းမှမရှိ ဘာမှမရှိသလောက်ဖြစ်နေတဲ့ အခြေအနေမှာ သူတို ဒီရုပ်ရှင်ကို ရအောင်ဘယ်လိုအသက်သွင်းလဲကြည့်ရင်း ကြည့်နေတဲ့သူပါ ရိုက်ချင်တဲ့စိတ်ရှိခဲ့ရင် ဖြစ်အောင်ရိုက်ပြချင်သွားအောင် လှုဆော်နိုင်တဲ့ ရုပ်ရှင်လိုပြောရမယ်။ ကူးဘရစ် ကူရိုဆာဝါ စပီးဘာ့ချ် ဂျော့လူးကပ်စ်တိုကို homageပေးသွားတဲ့အပြင် တခြားရုပ်ရှင်တွေကိုလည်း ထည့်ချီးကျူးထားတယ်။ ဘာမှတော့ ခမ်းခမ်းနားနားမဟုတ်ပေမဲ့ ရုပ်ရှင်ကိုချစ်ကြတဲ့ လူငယ်တစ်စု ရုပ်ရှင်ရအောင်ရိုက်ဖိုလုပ်ကြတာကို ကြည့်ရတာက တော်တော်လေး အရသာရှိနေတယ်။ သူ့နာမည်က Single 8ကိုက ဖူဂျီကနေထုတ်ထားတဲ့ အပျော်တမ်းသမားတွေသုံးဖိုထုတ်ပေးထားတဲ့ ဖလင်တစ်မျိုးရဲ့နာမည်ပါပဲ။ တစ်ခုရှိတာက ပုံမှန်ဆိုရင် ရုပ်ရှင်ထဲ ရိုက်နေတဲ့ရုပ်ရှင်ကို ရုပ်ရှင်ထဲ သေချာဇာတ်ရည်လည်အောင် မပြကြပေမဲ့ ဒီထဲတော့ သေချာပြသွားတယ်။ ရုပ်ရှင်ထဲက ရုပ်ရှင်ကလည်း ခမ်းကြီးနားကြီးမဟုတ်ပေမဲ့ သိပ္ပံရုပ်ရှင်တွေကို Homageပေးထားတဲ့ အသိအမှတ်ပြုလိုရတဲ့ရုပ်ရှင်လိုပဲ ပြောရပါမယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
硬汉狙击 (2024) ⭐TMDB: 0% User Score 🎬 #Action #Crime #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့…အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့… ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့..အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့..အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ…ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့… ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကိုမျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့်သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်… ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းကအလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲတစ်ဖက်ရန်သူအင်အားလည်း အတော်လေးအတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့…အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့…တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရောအောင်မြင်နိုင်ပါတော့မလားအမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ..ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင်...
Dhanussh (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Thriller 🗓 2024 🎞 movie 🌎 #Malaysia ⏰ 2 နာရီ 24 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dhanussh (2024) လွတ်လပ်မှု ပတ်ဝန်းကျင်ရဲ့အမြင်တွေ ယူဆချက်တွေ လွှမ်းမိုးနေတဲ့လောကကြီးမှာ မရှင်သန်နိုင်ခဲ့တဲ့ အိပ်မက်တွေ အများကြီး ရှိမှာပါ။အဲဒီထဲကမှ ရုန်းထွက်ပြီး အိပ်မက်တွေရှင်သန်ဖို့ ကြိုးစားတဲ့ကောင်လေးတစ်ယောက်သူ့ရဲ့ရည်မှန်းချက်က လောကသတ်မှတ်ချက်တွေနဲ့ ကွဲထွက်နေတဲ့အခါ….နောက် ကျေးလက်တောရွာက ရွာသားဖြစ်နေလို့ တက္ကသိုလ်မှာ ဝိုင်းအနိုင်ကျင့်တာတွေ ခံရတဲ့အခါ…မိသားစုတာဝန်တွေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကြား လွန်ဆွဲရတဲ့အခါ…ဘယ်လိုတွေ ကြုံဆုံရမလဲ ဘယ်လိုတွေ ဆုံးဖြတ်ရမလဲ ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ လေးနက်တဲ့အဖြစ်အပျက်တွေ ပါတဲ့ကားမျိုးကြည့်ချင်ရင်တော့ ဒီဇာတ်ကားက ရွေးကိုရွေးသင့်တဲ့ထဲ ပါပါတယ်လွယ်မလိုနဲ့ ရဖို့ခက်တဲ့ လွတ်လပ်မှု, ပြီးတော့ ဘေးကြပ်နံကြပ်ဖြစ်တဲ့အခြေအနေမှာ မှပိုင်ဆိုင်ရတဲ့ ငယ်ရွယ်မှု အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းမလဲနောက်ဆုံးဘာဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုပြီး အကဲဖြတ်ပေးကြဖို့ တိုက်တွန်းပါရစေ (အညွန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)...
Market Mahalakshmi (2024) ⭐IMDB: 8.5/10 (2 k Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Market Mahalakshmi (2024)“ပျံကျဈေးသည်မလေး” IMDb 8.7 ရထားတဲ့ တေလဂူး အချစ်ဟာသကားလေးဖြစ်ပါတယ်တေလဂူးရိုမန့်ဆိုတဲ့အတိုင်း အထည်ကြီး အထက်တန်းလွှာအချစ်ထက်လမ်းဘေးအချစ်ကိုသာ ဦးစားပေးထားတဲ့ ရုပ်ရှင်လေးပါ ဒီကားထဲက ဇာတ်လိုက်ကျော်ဟာဆိုရင် အဖေရဲ့ဇွတ်တိုက်တွန်းမှုကြောင့်အင်ဂျင်နီယာကျောင်းကိုတက်ခဲ့ရပြီး လစာဝင်ငွေကောင်းရလာတဲ့အချိန်မှာလည်းအဖေဖြစ်သူက မိန်းမအတင်းပေးစားချင်ပြန်ပါတယ် အိန္ဒိယသားရှင်တို့ထုံးစံအတိုင်း တင်တောင်းငွေ အပုံလိုက်လိုချင်တဲ့ အဖေအမေတို့တိုက်တွန်းတဲ့ ကြင်ယာလောင်းတွေ တစ်ယောက်ပြီးတစ်ယောက် တွေ့ခဲ့ပေမယ့်လည်းသူလိုချင်တဲ့ အရည်အသွေးမျိုး ရှိမနေလို့ ကြံရခက်နေချိန်မှာ စွာတေးလန်ဈေးသည်မလေး မဟာလက်ရှ်မီးနဲ့ ဆုံခဲ့ရတယ် မတူခြားနားလှတဲ့ဘဝနှစ်ခုပေါင်းဆုံဖို့ စိန်ခေါ်မှုမျိုးစုံ တွေ့ကြုံရပုံကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်...
24 Hours with Gaspar (2023) ⭐IMDB: 4.7/10 (419 Votes) 🎬 #Action #Crime #Drama #Mystery #ScienceFiction #Thriller #SciFi 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 38 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 24 Hours with Gaspar (2024)=========================Original Title: 24 Jam Bersama GasparGenre – Action, Crime, Drama ဂက်စပါဆိုတာ ငယ်စဉ်ကတည်းက မိဘတွေမရှိပဲ အဖိုးကြီးတစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းခဲ့ရတဲ့ အလွတ် စုံထောက်တစ်ယောက်ပါ။ ငယ်စဉ်ကတည်းက စုံထောက်ဝတ္ထုတွေ ဖတ်ပြီး ရူးသွပ်ခဲ့လို့ ကြီးတော့လည်း ဆက်လုပ်နေတာပေါ့။ သူ့မှာ ထူးခြားတာက သူ့ နှလုံးက ဘယ်ဖက်မှာမရှိပဲ ညာဖက်မှာပဲ ရှိနေတာပါ အဲဒါလေးကို စက်အထိန်းလေးနဲ့ ထိန်းထားရတာပေါ့။ ဒီလိုနဲ့ လူအများအပြား သေဆုံးမှုတစ်ခုနောက်ကို အမှုလိုက်ရင်း သူ ငယ်စဉ်တုန်းက အင်မတန်ချစ်ခင်ရတဲ့ ငယ်သူငယ်ချင်း ထူးခြားစွာ ပျောက်ဆုံးနေတဲ့အမှုနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်ခေါင်းဆောင်တစ်ယောက်ကို ခြေရာခံမိသွားပါတော့တယ်။ ဒီမှာတင် နှလုံးက အထိန်းက စက်ချို့ယွင်းခဲ့ပြီး အသက်ရှင်ဖို့ ၂၄ နာရီပဲ လိုတော့မယ့်အချိန် အဲဒီလူဆိုးခေါင်းဆောင်ကြီးကို လက်စားချေဖို့ လိုအပ်တဲ့လူတွေကို စုဆောင်းပြီး ဘယ်လို လက်စားချေမလဲဆိုတာကို ကြည့်ရမယ့် အင်ဒိုနီးရှားကားတစ်ကား ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Red Shoes (2023) ⭐TMDB: 0% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red Shoes (2023)================= သမီးလေး အဲရီ အတွက် လက်ဝှေ့သမားဘဝနဲ့ ကြိုးစားရုန်းကန်နေရရှာတဲ့ တစ်ခုလတ်မိခင် မာနာမီ။ လင်ယောင်္ကျားဆုံးပါးသွားပြီးနောက် စီးပွားရေးကြပ်တည်းလာတဲ့အခါမှာတော့ ကလေးအုပ်ထိန်းခွင့်ကို ယောက္ခမဖြစ်သူနဲ့တရားရုံးမှာအချေအတင်ပြိုင်ရပါတော့တယ်။ အဲရီ့ကို သူကိုယ်တိုင်ရအောင်ပြုစုပျိုးထောင်ပေးမယ်ဆိုတဲ့ပြတ်သားစိတ်နဲ့ ရရာအလုပ်တွေဝင်လုပ်ပါတော့တယ်။ ဒါပေမဲ့လည်း အဆင်ပြေလာတယ်ဆိုတာမရှိဘဲ အဆိုးတွေပဲထပ်ထပ်ဖြစ်လာပြီးနောက် အဲရီလေးပါ ယောက္ခမဖြစ်သူလက်ထဲရောက်သွားပါတော့တယ်။ မာနာမီတစ်ယောက် ဘယ်လိုကြိုးစားရုန်းကန်းရင်း သမီးလေးကိုပြန်ခေါ်မလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မာနာမီ့ရဲ့သွားလေသူ လင်ယောင်္ကျားနေရာမှာ ဂျပန်-မြန်မာ အဆိုတော်မင်းသားချော မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Ancika (2024) ⭐IMDB: 6.9/10 (555 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 39 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ancika: Dia yang Bersamaku 1995 ( 2024 ) ဒီအင်ဒိုနီးရှားအချစ်ကားက ၁၉၉၅မှာ ဆန္ဒပြပွဲတွေဖြစ်တဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတယ်။ အထက်တန်းကျောင်းသူလေးနဲ့ တက္ကသိုလ်ကျောင်းသား ငပေငရေကောင်လေးနဲ့ရဲ့ အချစ်ဇာတ်လမ်းကို ခေတ်ဟောင်းစတိုင်လေးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဘတ်ဆဲလ်လားစာအုပ်ကို ပြန်ရိုက်ထားတယ်။ ကောင်လေးက မော်တော်ဆိုင်ကယ်ဂိုဏ်းခေါ် လမ်းသရဲဂိုဏ်းက အဖွဲ့ဟောင်း။ ကောင်မလေးက စာကြမ်းပိုးမလေး။ ကောင်မလေးအစ်ကိုနဲ့ ကောင်လေးက ရင်းနှီးတော့ ကောင်မလေးအိမ်ကို လာရာကနေ ကောင်လေးက ကောင်မလေးကို ကြိုက်သွားတယ်။ ကောင်လေးက ဆိုးတဲ့မိုက်တဲ့နေရာမှာ နာမည်ကျော်သလို ရုပ်ချောချမ်းသာတော့ တစ်မြို့လုံးက ကောင်မလေးတွေကြား နာမည်ကြီးတာမို့ သူ့ရည်းစားဟောင်းကို သူမမေ့သေးတဲ့အကြောင်း တစ်မြို့လုံးကသိတယ်။ ကောင်မလေးကလည်း သိတယ်။ ဒီတော့ လိမ္မာတဲ့ကောင်မလေးက ဆိုးတဲ့ကောင်လေးကို ပြန်မကြိုက်ဘူး။ သူ့ကိုရန်စလာတဲ့ကောင်လေးတွေကိုပါ ကောင်လေးက တီးတီးပစ်တော့ မိုက်တဲ့ကောင်လေးကို လိမ္မာတဲ့ကောင်မလေးက နားလည်မှုထပ်လွဲပြီး ပြန်မကြိုက်ဘူး။ ပြန်မကြိုက်ဘူးတွေထပ်နေပေမဲ့ ဣတ္ထိဝင်္ကံ နဒီဝင်္ကံဆိုတဲ့အတိုင်း အသိရခက်တဲ့ မိန်းမတို့သဘောအတိုင်း မကြိုက်ဘူးက ကြိုက်တယ်ဖြစ်နေတာကို ကြည်ကြည်နူးနူးလေး ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ အိုဗာတွေလည်းမပါသလို ဇာတ်ကလည်း ဘတ်ဆဲလ်လားဝတ္တုဆိုတော့ ကြည့်ကောင်းရှု့ကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။ မင်းသားတော့ မပြောတတ်ပေမဲ့ မင်းသမီးလေးကတော့ ချစ်စရာလေးမို့ မင်းသမီးငန်းရင်းသက်သက်ကြည့်တောင် ကြည့်ကောင်းနေတဲ့ကားပါပဲ။ ဒါပေမဲ့ ဇာတ်က ရိုမန့်တစ်ကားတစ်ကား ရှိသင့်တဲ့အချိုးအကွေ့တွေ အကုန်ရှိပြီးကြည့်ကောင်းနေတော့ ရိုမန့်တစ်ကားကြိုက်တဲ့လူတွေတော့ သဘောကျကြပါလိမ့်မယ်။ အရမ်းအဆန်းကြီးတော့မဟုတ်ပေမဲ့ ကျွန်တော်တို့ ဟိုးအရင်တုန်းက ကြိုက်ခဲ့ဖူးလောက်မယ့် ရိုမန့်တစ်ရုပ်ရှင်တွေရဲ့ ပါဝင်ပစ္စည်းတွေ တော်တော်စုံတာမို့ သူများအတွဲရိုတာကို ထိုင်ကြည့်လို့ကောင်းတဲ့ဇာတ်ဆိုလည်း မမှားပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Emanuelle and the Last Cannibals (1977) ⭐TMDB: 51% User Score 🎬 #Adult #Adventure #Horror 🗓 1977 🎞 movie 🌎 #Italy ⏰ 1 နာရီ 34 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Emanuelle and the Last Cannibals (1977)Original title: Emanuelle e gli ultimi cannibaliGenre – Adventure, Horror (ရှေးခေတ် အီတလီကားဖြစ်လို့ ရှင်းလင်းသော လိင်မှုဆိုင်ရာပြကွက်များ ပါဝင်တဲ့အပြင် လူသားစားလူရိုင်းရုပ်ရှင် ဖြစ်တဲ့အတွက် သွေးထွက်သံယို အော်ဂလီဆန်စရာအခန်းများ ပါဝင်သောကြောင့် ကြည့်ရှုသူများအနေနဲ့ သတိချပ်စေလိုပါတယ်။) ဂျာနယ်လစ်တစ်ဦးဖြစ်သူ အီမာနူရယ်ဟာ စိတ်ကျန်းမာရေးဆေးရုံအကြောင်း ဇာတ်လမ်းရေးဖို့အသွင်ယူနေတုန်း ဆေးရုံကို လူသားစားလူရိုင်းတွေလက်ကနေ လွတ်မြောက်လာတဲ့ကောင်မလေးတစ်ယောက် ရောက်ရှိလာပါတယ်။ တစ်ရက်ကျ ဒီကောင်မလေးဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ အမြတ်လာထုတ်တဲ့သူနာပြုတစ်ယောက်ရဲ့ ရင်သားကို ကိုက်ဖြတ်ပြီး စားသောက်လိုက်တော့နာမည်ကြီးပြီး အီမာနူရယ်တစ်ယောက် သူ့ကို လေ့လာကြည့်တဲ့အခါဒီကောင်မလေးကိုယ်ခန္ဓာကိုယ်ပေါ် ပါလာတဲ့အမှတ်အသားက မျိုးတုန်းသွားပြီလို့ ယူဆရတဲ့အမေဇုန်လူရိုင်းမျိုးနွယ်တစ်ခုရဲ့ သင်္ကေတ ဖြစ်နေပါတယ်။ ဒီအတွက် အီမာနူရယ်ဟာ ဒီထက်ပိုကြီးမားတဲ့ဇာတ်လမ်း လိုက်နိုင်ဖို့မနုဿပညာရှင် ပရော်ဖက်ဆာတစ်ယောက်ရယ် တောတွင်းလမ်းပြကောင်မလေးရယ်သူနာပြုတစ်ယောက်ရယ် အမေဇုန်တောထဲမှာ နောက်ဆုံးလက်ကျန် လူသားစားမျိုးနွယ်တွေကိုလိုက်ရှာဖို့ စွန့်စားခန်းထွက်ကြရင်း ဘယ်လို ခြောက်ခြားစရာ အန္တရာယ်ဒုက္ခတွေနဲ့တွေ့ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမှာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက နာမည်အင်မတန်ကြီးခဲ့တဲ့ လူသားစားလူရိုင်းကားCannibal Holocaust တောင် ၁၉၈၀ မှ ထွက်ခဲ့တာဖြစ်လို့ဒီ အီတလီကားကို Reference ယူထားသလားလို့ ထင်မိချင်စရာပါပဲ။...
Huwad (2024) ⭐IMDB: 6.4/10 (15 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 49 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] Huwad (2024)===============ရိုမီနာနဲ့လန်ဒိုတို့က ငယ်လင်ငယ်မယားတွေဖြစ်ပြီး တစ်ချိန်ကတော့ချစ်လို့ယူခဲ့ပေမယ့် အခုချိန်မှာခင်ပွန်းဖြစ်သူလန်ဒိုက သူ့အပေါ်အေးစက်စပြုနေပါပြီ။ဒါကို ရိုမီနာကိုယ်တိုင်ခံစားမိသလို အနားမှာရှိတဲ့ သူ့မိခင်ကလည်းရိပ်မိပါတယ်။ လန်ဒိုခြေလှမ်းတွေပျက်နေတာကို ဖိနပ်ပေါက်လို့ထင်ပါတယ်ဆိုပြီးမသိကျိုးကျွံထားခဲ့ပေမယ့် တစ်နေ့မှာတော့လန်ဒို့အိမ်ထဲက မိန်းမစီးဖိနပ်တစ်ရံကိုတွေ့တဲ့အချိန်မှာ သံသယဟာပိုခိုင်မာစရာဖြစ်သွားခဲ့ပါတယ်။ဒီအဖြစ်ကိုအတည်ပြုလိုက်နိုင်တာကတော့ လန်ဒိုအလုပ်လုပ်တဲ့စားသောက်ဆိုင်နားက စျေးဆိုင်ရှင်မိန်းမတစ်ယောက်ဆီမှာအဲ့ဒီဖိနပ်ကိုတွေ့လိုက်ရတာပါပဲ။မခံချိမခံသာ အူနုကျွဲခတ်ခံလိုက်ရတဲ့ ရိုမီနာဟာ ဒေသခံဗိန္ဓောဆရာတစ်ယောက်နဲ့ပေါင်းပြီးအစီအရင်တွေပီယဆေးတွေနဲ့သူ့ချစ်သူကိုပြန်ရဖို့ တစ်ဖက်ဇနီးကိုဒုက္ခပေးဖို့ကြံစည်ပါတော့တယ်။ကားရိုက်ကြဲသွားတဲ့ ကာလသားတွေရဲ့အချစ်တော် မင်းသမီးချောလေး Azi acosta ကိုပြန်တွေ့ရမယ့်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Superman: Brainiac Attacks (2006) ⭐TMDB: 60% User Score 🎬 #Action #Animation #SciFi #Family #ScienceFiction 🗓 2006 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Superman: Brainiac Attacks (2006)IMDb: 5.8/10Rotten Tomatoes: 60%Genre: Action/Sci-fi/Animation ဇာတ်ညွှန်းဘရိန်းနီးရာ့ခ်တစ်ယောက် ကမ္ဘာကိုတဖန်ပြန်ရောက်လာခဲ့ပြီး လက်စ်လူသာ ပိုင်ဆိုင်တဲ့လက်စ်ဓာတ်ခွဲခန်းတစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ဓာတ်ခွဲခန်းမှာရှိသမျှ အသိဉာဏ်တွေအားလုံးကို စုပ်ယူနေတဲ့အချိန်မှာ စူပါမန်းရောက်လာပြီးဘရိန်းနီးရာ့ခ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းမသိခဲ့တာက ဘရိန်းနီးရာ့ခ်ရဲ့အစိတ်အပိုင်းလေးတစ်ခုကျန်ခဲ့တယ်ဆိုတာပါပဲ။ အဲဒါကိုပထမဦးဆုံးမြင်ခဲ့တဲ့လူကတော့ လက်စ်လူသာဖြစ်ပါတယ်။လက်စ်လူသာဟာလည်းခေသူမဟုတ်တော့ ဘရိန်းနီးရာ့ခ်ကိုအသက်ပြန်သွင်းခဲ့ပြီးအရင်ကထက်ပိုကောင်းတဲ့ ဝတ်စုံတစ်ခုကိုပေးခဲ့ပါတယ်။ နောက်ထပ်ကျန်ခဲ့တဲ့အရာတစ်ခုကတော့ စူပါမန်းရဲ့ ဒီအန်အေပဲဖြစ်ပါတယ်။လက်စ်လူသာနဲ့ ဘရိန်းနီးရာ့ခ်တို့နှစ်ယောက်လက်တွဲပြီး စူပါမန်းကိုဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။ကမ္ဘာကိုအုပ်စိုးချင်နေတဲ့လူနှစ်ယောက်လက်တွဲလိုက်ခြင်းက မက်ထရိုပိုလစ်မြို့ကိုရော၊ကမ္ဘာကိုရော ဘယ်လောက်ထိ အန္တရာယ်များစေလဲ။...
Walk the Line (2024) ⭐IMDB: 5.8/10 (27 Votes) 🎬 #Comedy #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 56 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ချစ်ပရိသတ်တို့အတွက် ရင်းနှီးသလိုဖြစ်ပြီး မျက်နှာစိမ်းနေတဲ့သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဟာသနှော အက်ရှင်ကားလေးWalk in Line ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… “မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ”“ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ”ဟုတ်ပါတယ်… ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ… အမေအိုကြီးကိုလုပ်ကျွေးနိုင်ဖို့ မိတဆိုး သမီးလေးကို အချစ်တွေနဲ့ဖြည့်ဆည်းနိုင်ဖို့ သူများတွေမလုပ်ချင်တဲ့ အန္တရာယ်များတဲ့မိုင်းတွင်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှောင်မန်ဆိုတဲ့ လူရိုးကြီးဟာ…တစ်ရက်မှာတော့ ပေါက်ကွဲမှုဖြစ်လို့ဆိုပြီးထောင်ဒဏ် ၁၀ နှစ်ကျော် ကျပြီး ထောင်ကျခဲ့တယ်… သူထောင်ကထွက်လာတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ပြီးသားအပြန်ကို စောင့်နေတဲ့ အမယ်အိုရယ်…အကြောင်းမဲ့ဘဝထဲက ပျောက်သွားလို့ အဖေဟာသေသူလို့သတ်မှတ်ပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ သမီးလေးရယ်ပဲ သူ့ဘဝထဲ ကျန်ခဲ့တော့တယ်… နောက်တော့လည်း ရုတ်တရက်ကြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့…ဒါပေမယ့်ကွယ် ဒီပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကအကြီးအကဲလည်း လူတွေလေးစားယုံကြည်ခံခဲ့ရပြန်တယ်…ဒေသခံစခန်းမှူးကလည်း ဂုဏ်ထူးဆောင်အနေနဲ့ ရာထူးတွေတိုးကုန်ပြန်တယ်…နောက်ပြီး ဒေဝါလီခံပြီး မွဲမယ်ထင်တဲ့ မိုင်းပိုင်ရှင်သူဌေးကလည်းတစ်မြို့လုံးမှာ မြေဧကအများဆုံးပိုင်တဲ့ မြေပိုင်ရှင်သူဌေးလေး ဖြစ်သွားခဲ့တယ်… ဒီအထိက ရိုးရှင်းတယ် ထင်နေသေးရင်တော့ မိတ်ဆွေ စုံထောက်ကားတွေ အကြည့်နည်းနေလို့ပဲ..CM က စုံထောက်ကားတို့ အမှုလိုက်ကားတို့ များများကြည့်လိုက်ပါ… ဘယ်ရိုးရှင်းပါ့မလဲ…လူတချို့ကောင်းစားရေးအတွက် လူတချို့ လည်စင်းခံပေးလိုက်ရတာပေါ့…ဇာတ်လိုက်က တရားမဝင် ကျူးကျော်နေသူ ၂ ယောက်ကိုနယ်စပ်မှာ ဖမ်းရင်း တိုက်တိုက်ဆိုင်ဆိုင် …အဲ့မြေပိုင်ရှင်သူဌေးလေးက ဒုစရိုက်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာတောင်၃ နှစ်လောက် နိုင်ငံခြားအမြန် ထွက်ပြေးလွတ်မြောက်နေခဲ့တာကနေ အခု ဒီနယ်စပ်ဒေသမှာ တွေ့လိုက်ရလို့ ဖမ်းလိုက်နိုင်လို့ပေါ့… နောက်ပြီး အပေါ်က ပြောခဲ့တဲ့ ရှောင်မန်လူရိုကြီးရဲ့ ရုတ်တရက် သတ်သေမှုတွေကဒီမတော်တဆပေါက်ကွဲမှုကို ပြန်လည်စုံစမ်းလိုစိတ် ဖြစ်လာစေတယ်…ဒီလိုနဲ့ တစ်စပြီး တစ်စ အမှုကွင်းဆက်ပေါ်လာရာကနေနောက်ဆုံး မယုံကြည်နိုင်လောက်တဲ့ အလှည့်အပြောင်းလေးနဲ့ ဇာတ်သိမ်းသွားခဲ့တယ်… ဘယ်လို အလှည့်အပြောင်းလေးနဲ့ ဇာတ်လမ်းကို နိဂုံးချုပ်တယ်ဆိုတာသိချင်ရင်တော့ ထုံးစံအတိုင်းပဲ ဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ကြပါတော့...
Ali Topan (2023) ⭐IMDB: 5.4/10 (184 Votes) 🎬 #Adventure #Comedy #Crime #Action #Drama #Romance 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 55 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီး IMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာ အဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေ ပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားက အကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေး အဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေ မိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီက သူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက် ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေး တစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်း ကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေ ပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီး အန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုက သူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲ မွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့ အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါ တော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာ ထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွား ကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာ ကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေ အကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်း အိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့ အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူ ခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေက ပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...
Hard Home (2024) ⭐IMDB: 3.8/10 (207 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခါ cm ပရိသတ်ကြီးကို လတ်တလော ထွက်ရှိထားပြီး သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ခုဖြစ်တဲ့ Hard Home ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာ ဒီရာဘလို ကွင်းဆက် စိတ္တဇလူသတ်သမားရဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ကယ်လီဆိုတဲ့ ကောင်မလေးရဲ့ မိခင်ဖြစ်သူ အန်နာက ကိုယ်တိုင်စုံစမ်း ထောက်လှမ်းပြီး လူသတ်သမားနဲ့ အပြိုင်ကြဲတဲ့ သရုပ်ဆောင် ချက်တွေ တွေ့ရမှာပါ။ ဒီလူသတ်သမား ကိုယ်တိုင်က စကားမပြောနိုင်ဘဲ အ’နေတဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့သားကောင်တွေ အားလုံးဟာ ဆံပင် အမည်းရောင်နဲ့ ပိန်ပိန်ပါးပါး မိန်းကလေးငယ်တွေချည်းပါပဲ။ သူဟာ သေဆုံးသူတိုင်းကို မလှုပ်ရှားနိုင်အောင် ဆေးထိုးထားပြီး လျှာကိုဖြတ်ယူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာပါ။ တစ်ဦးတည်းသော သမီးလေးအတွက် လက်စားချေဖို့ ဆန္ဒပြင်းပြနေတဲ့ အန်နာဟာ ကိုယ်တိုင်လည်း အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ထားခဲ့တဲ့ စမတ်နည်းပညာအဆင့်မြင့် နေအိမ်ကို လူသတ်သမား ထောင်ဖမ်းနိုင်ဖို့အတွက် လုံခြုံရေးတိုးမြှင့်မှုတွေ လုပ်၊ နှိပ်စက်ညှင်းပန်းဖို့အတွက် သီးသန့်အခန်းပါ နေအိမ်ထဲ ထပ်မံတည်ဆောက်ပါတော့တယ်။ အန်နာ တစ်ယောက် လူသတ်သမားကို ထောင်ဖမ်းဖို့ ကြိုးစားရင်း ကိုယ်တိုင်ပဲ သားကောင် ဖြစ်သွားမလား….ဒီလူသတ်သမားကရော ဘာကြောင့် ဒီလိုမျိုးတွေ ကျူးလွန်နေတာလဲ...
Boneyard (2024) ⭐IMDB: 4.2/10 (612 Votes) 🎬 #Action #Crime #Drama #Thriller #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Legendary Rapper ကြီး 50 Cent ပါဝင်သရုပ်ဆောင် ထားတဲ့အပြင်ကိုမှ ၂၀၀၉ ခုနှစ်တုန်းက နယူးမက္ကဆီကို အယ်လ်ဘူကာကီမှာဖြစ်ခဲ့တဲ့ ၁၅ နှစ်ကြာတာတောင်မှ အခုထက်ထိ အဖြေမရှာနိုင်သေးတဲ့ အမျိုးသမီးတွေ အများကြီးကို သတ်ဖြတ်ပြီးတစ်နေရာတည်းမှာ စုပြုံမြှုပ် ခဲ့တဲ့ကွင်းဆက်လူသတ်မှုကြီးကို အခြေခံပြီးပြန်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှုခင်း ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။အဲ့ဒီကွင်းဆက် လူသတ်သမားမြှုပ်နှံခဲ့တဲ့ အမျိုးသမီးတွေကို ရဲတွေတွေ့ရှိခဲ့တဲ့အချိန်မှာ မြေကြီးထဲမှာ ရှိနေတာတော်တော်ကြာနေပြီဖြစ်တဲ့အတွက် အကုန်လုံး အရိုးဆွေးနေပြီဖြစ်လို့ဇာတ်ကားနာမည်ကို Boneyard လို့ နာမည်ပေးထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အထက်မှာပြောခဲ့တဲ့အတိုင်းသေဆုံးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အရိုးတွေကို ရဲတွေရှာတွေ့ခဲ့ကြပြီးနောက်ပိုင်း အကုန်လုံးကအလုပ်တွေရှုပ်ယှက်ခတ်ကုန်ကြတော့ပါတယ်။ ဒီလိုအမှုမျိုးဆိုတာကလည်း အယ်လ်ဘူကာကီရဲဌာနအတွက် အကြီးဆုံးအမှုဖြစ်ပြီး FBI တွေဖက်ဒရယ်တွေအကုန်လုံးက ပါပါဝင်ကူညီကြရပါတော့တယ်။ဒီအမှုကိုစလိုက်ခဲ့ပြီးနောက်ပိုင်းမှာ သိလာရတာက သေဆုံးသူအမျိုးသမီးတွေအများစုက ပြည့်တန်ဆာတွေ ဖြစ်နေကြတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ အယ်လ်ဘူကာကီမှာ ကျဉ်လည်နေတဲ့ပြည့်တန်ဆာတွေဆီကို လိုက်စုံစမ်းရင်း သူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေကိုပါ ပေါ်လွင်အောင်ရိုက်ကူးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ပြည့်တန်ဆာတွေအပေါ်မှာ အာဏာကိုအလွဲသုံးစား လုပ်ပြီး မတရားအနိုင်ကျင့်နေတဲ့ရဲ တစ်ယောက်အကြောင်းကို သိလာရတဲ့အပြင် တခြားသောသံသယရှိသူတွေပေါ်လာပြီး ဒီအမှုကြီးကို အောင်မြင်စွာဖော်ထုတ်နိုင်ဖို့အတွက်ကြိုးစားကြပုံ တွေကို စိတ်ဝင်စားစရာအပြည့် သည်းထိပ်ရင်ဖိုတွေအပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
