ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

关闭频道

🚩 Channel was restricted by Telegram

显示更多
无数据
订阅者
-524 小时
-47 天
+730 天
帖子存档
Yes, I Can't Swim (2022) ⭐IMDB: 5.5/10 (83 Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 948.6 MB ⦿ 2.1 GB 🌎 #Japan ⏰ 1 နာရီ 55 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Yes, I Can’t Swim (2022) အရိုးစွဲလာတဲ့ အကြောက်တရားကို ကျော်လွှားဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲလှတဲ့အရာပါ။ အထူးသဖြင့် အတိတ်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့်ရလာတဲ့ Thalassophobia လို ရေကြောက်တဲ့စိတ်ကို ဖျောက်ဖို့က တော်တော်လေး မလွယ်ကူလှပါဘူး။ ဒီဇာတ်ကားထဲမှာတော့ “ယုဂျိ တကနရှိ”လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် ရေမကူးတတ်တဲ့ တက္ကသိုလ်ဆရာတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ငယ်စဉ်တုန်းက ရေထဲပြုတ်ကျဖူးတဲ့ဖြစ်ရပ်ကြောင့် ရေကြောက်သွားပြီး ရေကူးမသင်ခဲ့တဲ့ ဆရာ “ယုဂျိ”ဟာ တစ်နေ့မှာတော့ မြစ်ထဲပြုတ်ကျသွားတဲ့ သားလေးကို လိုက်ကယ်ရင်း သူကိုယ်တိုင်လည်း သတိမေ့သွားခဲ့ပါတယ်။ ပြန်သတိရလာချိန်မှာတော့ သူ့သားလေးက ဆုံးပါးသွားပြီဖြစ်သလို သူလည်း ဒီအဖြစ်ပျက်ကရတဲ့ Post Traumatic Stress Disorder စိတ်ဒဏ်ရာကြောင့် ဒီအဖြစ်အပျက်ကို မှတ်ဉာဏ်ထဲမှာ လုံးဝ မမှတ်မိခဲ့ပါဘူး။ ဒီကိစ္စကြောင့်ပဲ သူတို့ရဲ့ အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်ပြီး ကွာရှင်းလိုက်ကြပါတယ်။ ၅နှစ်ခန့်အကြာမှာတော့ အိမ်အပြန်လမ်းမှာ ရေကူးသင်တန်း ပိုစတာတစ်ခုကိုတွေ့ပြီး အသစ်အဆန်းကို စူးစမ်းချင်စိတ်ကြောင့် သင်တန်းအပ်လိုက်ပါတယ်။ နှစ်ရှည်လများရှိလာခဲ့တဲ့ အဖြစ်ဆိုးတွေနဲ့လည်း ပတ်သက်နေတဲ့ ရေကြောက်တဲ့စိတ်ကို ကျော်လွှားဖို့ သူဘယ်လို ဖြတ်ကျော်လိမ့်မှာလဲ…အဲဒါအပြင် ရေကူးသင်တာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ​သေချာရိုက်ကူးထားတာဖြစ်လို့ ရေကူးသင်ဖို့ Motivation လိုအပ်နေသူတွေလည်း ကြည့်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုIngyin Sanမှ ပြန်ဆို ရေးသားထားပါတယ်)...

The Story of Qiu Ju (1992) ⭐TMDB: 73.0% User Score 🎬 #Comedy #Drama 🗓 1992 🎞 movie 📺 #1080p #720p 💿 1.9 GB ⦿ 793.0 MB 🌎 #China #HongKong #HongKong ⏰ 1 နာရီ 40 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Story of Qiu Ju (1992) ~ IMDb – 7.6/10, Rotten Tomatoes – 87% ~ ဒီဇာတ်လမ်းက တော်တော်ရိုးရိုးရှင်းရှင်းပဲ။ ရိုးရှင်းလွန်းလို့ အနိမ့်အမြင့်တောင် ပါလှတယ်မဟုတ်ဘူး။ ဇာတ်အိမ်တည်ရာ ခုနှစ်ကလည်း ၁၉၉၂မှာပဲ တည်ထားတယ်။ ဇာတ်ကရှင်းရှင်းလေး။ ရွာသူကြီး ခေါ် ရွာခေါင်းဆောင်က ရွာကလူတစ်ယောက်ကို ထိုးကြိတ်ပြီး ဂွကြားကို ကန်ထည့်လိုက်တယ်။ အဲဒီလူရဲ့မိန်းမက မကျေမနပ်ဖြစ်ပြီး ရွာသူကြီးကို ပြန်တောင်းပန်ခိုင်းတယ်။ ရွာသူကြီးကလည်း မာနကြီးတဲ့လူဆိုတော့ မတောင်းပန်ဘူး။ အဲဒီမှာ အရာရှိတစ်ယောက်က ဝင်ရှင်းပေးတယ်။ ငွေတော့ရလိုက်တယ်။ တောင်းပန်စကားမရဘူး။ ဒီတော့ ဟိုမိန်းမက မကျေနပ်ဘူး။ ခရိုင်အဆင့် မြို့နယ်အဆင့် ရုံးတွေထိ တက်တိုင်တယ်။ ဒါပေမဲ့ အဖြေက အမြဲအတူတူပဲ။ နောက်ဆုံးကျ တရားခွင်အထိ တက်ပစ်တယ်။ ပြောရရင် အစိုးရအရာရှိတစ်ယောက်နဲ့ အရပ်သားမိန်းမတစ်ယောက် ပြည်မရဲ့ တရားဥပဒေအောက် တရားမျှတမှုအားပြိုင်ကြတဲ့ရုပ်ရှင်ပေါ့။ ဒါပါပဲ။ ဒီထက်ဘာမှမပိုဘူး။ ဒါပေမဲ့လည်း ဆိုခဲ့သလို ဒီရုပ်ရှင်ကို သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်မှာပဲ ဇာတ်အိမ်တည်ထားသလို ဒီရုပ်ရှင်ထဲက လမ်းဘေးခန်းတွေကလည်း လျှို့ဝှက်ကင်မရာနဲ့ ရိုက်ထားတာဆိုတော့ သူ့ဖြစ်ပျက်နေတဲ့ သဘောသဘာဝအတိုင်း ရလိုက်တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်ခဲ့တယ်။ ရော်ဂျာအတ်ဘတ်ကြီးကတော့ ဒီရုပ်ရှင်ကို“သူကြည့်ဖူးသမျှ တခြားရုပ်ရှင်တွေထက် တရုတ်ပြည်ရဲ့သာမန်လူတန်းစားတွေရဲ့ နေ့စဉ်ဘဝအကြောင်း အများဆုံး သိရတဲ့ရုပ်ရှင်”လို့တော့ဆိုတယ်။ ကျန်းရိမူကား ပီသစွာပဲ အဲဒီခေတ်နိုင်ငံရေး ဥပဒေ ဘာညာလည်းမြင်ရပေမဲ့ ကျန်းရိမူကားဆိုတော့ ဒါတွေကို မသိမသာပြတတ်တာက ဆန်းတော့မဆန်းတော့ပါဘူး။ ဆန်းတာကတော့ ကျန်းရိမူရဲ့အရိုးရှင်းဆုံး ရုပ်ရှင်ဖြစ်နေတာပါပဲ။ ဒီကားဟာ ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ထဲက စီအမ်မှာမရှိတဲ့ နောက်ဆုံးရုပ်ရှင်‌ပါ။ ဆိုတော့ ကျန်းရိမူဂေါင်လီ Collection ပြည့်ပါပြီ။ သူတို့ရုပ်ရှင်တွေကို အစအဆုံးပြန်ကြည့်ချင်ရင်တော့Red Sorghum (1987),Ju Dou (1990),Raise the Red Lantern (1991),The Story of Qiu Ju (1992),To Live (1994),Shanghai Triad (1995),Curse of the Golden Flower (2006)တို့ကို ကြည့်ရှုနိုင်ပါတယ်။ ဒီကားတွေအကုန်လုံးက ရိုးရှင်းစွာ လှပနေတဲ့ ရုပ်ရှင်တွေချည်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

27 Dresses (2008) ⭐IMDB: 6.1/10 (170 k Votes) 🎬 #Comedy #Romance 🗓 2008 🎞 movie 📺 #720p #1080p 💿 806.0 MB ⦿ 1.8 GB 🌎 #UnitedStates ⏰ 1 နာရီ 51 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 27 Dresses (2008) ~ IMDb rating – 6.1/10 ~ မိန်းကလေးတွေ သူတို့ ဆွေမျိုးသူငယ်ချင်းတွေအတွက် သတို့သမီးအရံလုပ်ပေးတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲက ဂျိန်းကတော့ သတို့သမီးအရံအဖြစ် 27 ကြိမ်တောင် လုပ်ပေးခဲ့ပါတယ်။ ဂျိန်းငယ်ငယ်က အမ၀မ်းကွဲရဲ့မင်္ဂလာပွဲမှာ သတို့သမီးကို အကူအညီပေးလိုက်နိုင်တာကစပြီး မင်္ဂလာပွဲတွေကို သဘောကျခဲ့တာပါ။ ဂျိန်းအသက်ကြီးလာတော့ သူ့သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာ အစအဆုံးမညည်းမညူပဲ အကူအညီတောင်းသမျှ အကုန် လုပ်ပေးခဲ့ပါတယ်။ ဥပမာ တစ်ရက်တည်းမှာ နှစ်ပွဲတစ်ပြိုင်နက်တက်ပြီး အရံလုပ်ပေးရတာမျိုးပေါ့။ ဂျိန်းက သူ၀တ်ခဲ့ရတဲ့ အရံ၀တ်စုံတွေအားလုံးကိုလည်း ဗီရိုကြီးတစ်လုံးနဲ့အပြည့် သိမ်းဆည်းထားပြီး သူ့ရဲ့ ကိုယ်ပိုင်လက်ထပ်ပွဲရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသူပါ။ ဂျာနယ်ထဲက သူ့အကြိုက်ဆုံးစာရေးဆရာရေးတဲ့ မင်္ဂလာပွဲအကြောင်း ဆောင်းပါးတွေကိုလည်း သိမ်းထားခဲ့ပါတယ်။ အချစ်ရေးမှာတော့ အလုပ်က ဘော့စ် ဂျော့ကို တိတ်တခိုးချစ်နေခဲ့ပြီး ဘာမဆိုအကုန်လုပ်ပေးခဲ့ပါတယ်။ ဂျိန်းမှာ ညီမတစ်ယောက်နဲ့ ဖခင်ပဲရှိပြီး ညီမဖြစ်သူ တက်စ်ကို အရမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ အလုပ်ပါတီကို တက်စ်ကို ‌လာခိုင်းရာကနေ တက်စ်နဲ့ ဂျော့တို့အကြည်ဆိုက်ပြီးလက်ထပ်ဖို့အထိဖြစ်လာတဲ့အခါ ဂျိန်းက အစစအရာရာ အကုန်စီစဉ်ပေးရပါတော့တယ်။ တက်စ်ကို သူတို့မင်္ဂလာပွဲအတွက် ကော်လံရေးပေးဖို့ စာရေးဆရာ မယ်လ်ကွိုင်းက ဆက်သွယ်လာတဲ့အခါ… စာရေးဆရာက ဂျိန်းအကြိုက်ဆုံးဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီး လက်တွေ့ဘ၀မှာ မင်္ဂလာပွဲတွေကို မုန်းတဲ့သူ ဖြစ်နေတဲ့အခါ… မယ်ကွိုင်းလ်ရေးတဲ့ တက်စ်တို့အကြောင်းဆောင်းပါးက မျှော်လင့်ထားသလို အဆင်ပြေပါ့မလား… တက်စ်တို့စုံတွဲရော မင်္ဂလာပွဲ ကျင်းပဖြစ်လား… ဂျိန်းရဲ့တိတ်တခိုးအချစ်ကိုရော ဂျော့က သိသွားခဲ့လား… မယ်လ်ကွိုင်းကပါ ဂျိန်းကို ချစ်နေတဲ့အခါ ဘယ်လို ဇာတ်သိမ်းမလဲဆိုတာကို ဆက်လက်အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Satyaprem Ki Katha (2023) ⭐IMDB: 7.0/10 (7 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 2.2 GB ⦿ 1.1 GB 🌎 #India ⏰ 2 နာရီ 24 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Satyaprem Ki Katha (2023)IMDb-7/10 Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ်ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းကအကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။ တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီးသဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေမန်နေဂျာဘ၀ရောက်သွားပါလေရော။ သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကိုဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaကမိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်)...

Only Murders in the Building (2021- ) ⭐IMDB: 8.1/10 (119 k Votes) 🎬 #Comedy #Mystery #Talk #Crime #Drama #Thriller 🗓 2021- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 34 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Only Murders in the Building (2021) – Season 01Only Murders in the Building (2021)========================== IMDb Rating – 9.5/10ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်းSelenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းကခေတ်ထနေတဲ့ စီးရီးပါ ။ အပိုင်း ၁၀ ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၃ ပိုင်းတောင် ထွက်ချလာပါတယ်။ဇာတ်လမ်းအညွှန်း −Charles, Oliver နဲ့ Mabel Mora တို့ဟာ Upper West Side က ကွန်ဒိုတစ်ခုမှာ ဘ၀ ကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေသူတွေပါ။ တစ်နေ့ သူတို့နေတဲ့ ကွန်ဒိုမှာ လူသေမှုတစ်ခု ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီလူကမသေခင် တစ်နာရီကမှ သူတို့ ၃ ယောက်နဲ့အတူ ဓာတ်လှေကားတူတူစီးသွားသူရယ်ပါ။ ရဲတွေကတော့ တွေ့ရှိလာတဲ့သက်သေတွေအရ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ ကောက်ချက်ချသွားပေမဲ့ . ဖြစ်ရပ်မှန်မှုခင်းဇာတ်လမ်းတွေကိုစွဲလမ်းနေတဲ့ ဇာတ်လိုက် ၃ ယောက်ကတော့ ဒီလို မထင်ဘူးဗျ။ ဒါနဲ့ပဲ သုံးယောက်သား အမှုမှန်ဖော်ဖို့ ရှားလော့ဟုမ်းလုပ်ကြတော့မှာ ဖြစ်ပါတယ်။Steve Martin ကိုယ်တိုင်ပါ၀င်ပြီး John Hoffman နဲ့အတူ ဇာတ်လမ်း ဖန်တီးထားပြီး စိတ်၀င်စားဖွယ် ဟာသလေးတွေနှောရင်း ရိုက်ကူးတင်ဆက်ထားတဲ့အပြင် 2 Martins နဲ့ Miss Gomez တို့ trio အတွဲညီပုံတွေကို မြင်တွေ့ရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုရေးသားပေးသူကတော့ Yoon Sandi Aung ဖြစ်ပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team ပဲဖြစ်ပါတယ်။ Quality – 1080p WebDL 5.1CH...

Sweet As (2022) ⭐IMDB: 6.8/10 (132 Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 744.3 MB ⦿ 1.7 GB 🌎 #Australia ⏰ 1 နာရီ 28 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မာရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကအိမ်မှာ အမေနဲ့အတူတူနေထိုင် နေတာဖြစ်ပြီး အမေဖြစ်သူကဆိုးသွမ်းတဲ့အတွက် အရမ်းစိတ်ဖိစီးနေပြီး စိတ်ညစ်နေရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့သားအမိ နှစ်ယောက်ပြဿနာအကြီးအကျယ်တက်ပြီးတဲ့ နောက်မှာ ဦးလေးဖြစ်သူက မာရာကိုတခြားကလေးတွေနဲ့အတူတူခရီးထွက် ဖို့အတွက် ပို့ပေးခဲ့ပါတော့တယ်။ အဲ့ဒီခရီးစဉ်က တစ်ပတ်ကြာမှာဖြစ်ပြီး တခြားယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်လဲ အတူပါဝင်ပါတယ်။အဲ့ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တောတောင်ရေမြေတွေရဲ့သဘာဝအလှအပတွေကို ကြည့်ရှုပြီးမှတ်တမ်းတင် ဓာတ်ပုံရိုက်ရတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်။မာရာနဲ့အတူတူ ပါလာတဲ့ တခြားကလေးသုံးယောက်ကလဲ ကိုယ့်အခက်အခဲနဲ့ကိုယ်ရှိနေတဲ့ ကလေးတွေဖြစ်ကြပါတယ်။ဒီလိုနဲ့ သူတို့လေးယောက်သားနဲ့ခရီးစဉ်လိုက်ပို့ပေးတဲ့ သူနှစ်ယောက်ကြားမှာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အခိုက်အတန့်လေးတွေနဲ့ သူတို့တွေရဲ့ ဘဝတွေကိုပါ ပြောင်းလဲပေးမဲ့အခိုက်အတန့်လေးတွေကို ကြည်နူးဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...

Hex (2022) ⭐TMDB: 59.0% User Score 🎬 #Action #Adventure #Horror #Thriller 🗓 2022 🎞 Movie 📺 #720p #1080p 💿 584.9 MB ⦿ 1.4 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကောင်းကင်ပေါ်ကို လေယာဉ်နဲ့အမြင့်ကြီးသွားပြီးတော့ Skydiving (လေထီးခုန်ခြင်း)ကိုလုပ်ဖူးတဲ့သူတွေရှိပါသလား။ အဲ့လိုလုပ်ချင်တဲ့အိပ်မက်ရှိတဲ့လူတွေလဲရှိမှာပါပဲ။ ဒီကားထဲမှာတော့လေထီးခုန်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့သူတို့အဖွဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို ရိုက်ကူးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကလေထီးခုန်တဲ့ကွင်းမှာ တစ်ယောက်တည်း လေထီးခုန်လေ့ရှိတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ရုပ်လေးကလဲချော စကေးကလဲကောင်းတော့ အဲ့ဒီကွင်းကငါးယောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့က သူတို့အဖွဲ့ထဲဝင်ဖို့အတွက်သူ့ကိုသိမ်းသွင်းပါတော့တယ်။ ဒီလိုနဲ့နောက်ဆုံးတော့လဲဆယ်ရာတစ်ယောက်အဲ့ဒီအဖွဲ့ထဲကိုရောက်သွားခဲ့ပါတယ်။ ဆယ်ရာအဖွဲ့ထဲရောက်ပြီး သိပ်မကြာခင်ပဲသူတို့အဖွဲ့ထဲကတစ်ယောက်က ဟက်ဇ်ဆိုတဲ့အဖွဲ့လိုက်လေထီးခုန်နည်းတစ်ခုကို လုပ်ဖို့အတွက်အကြံပေးပါ တော့တယ်။အဲ့ဒီလေထီးခုန်နည်းကအရမ်းအန္တရာယ်များလို့မလုပ်သင့်ဘူးလို့ ပြောကြပေမဲ့ သူတို့အဖွဲ့ကတော့ရအောင်ကိုလုပ်ပါတော့တယ်။ ဒီလိုနဲ့ပထမဆုံး လုပ်ခဲ့တဲ့နေ့မှာတော့အလွဲလေးတွေ ဖြစ်ခဲ့ပေမဲ့နောက်နေ့ပြန်ခုန်ကြည့်တဲ့အခါမှာ အောင်မြင်သွားခဲ့ပါတယ်။အဲ့ဒီမှာတင် သူတို့ဘဝရဲ့အိပ်မက်ဆိုးတွေကစတင်ခဲ့ပြီး အဖွဲ့ထဲကလူတွေနည်းအမျိုးမျိုးနဲ့တစ်ယောက်ချင်းစီသေကုန်ကြပါတော့တယ်။ ဒီလိုနဲ့ဆယ်ရာတို့လဲ အဲ့လိုဖြစ်နေရတာဘာလို့လဲဆိုတာကိုအစွမ်းကုန်အဖြေ ထုတ်ဖို့ကြိုးစားကြရင်းနဲ့ သူတို့ဘဝရဲ့အကြီးမားဆုံးအိပ်မက်ဆိုးကြီးကနေ နိုးထနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။...

The Unlikely Pilgrimage of Harold Fry (2023) ⭐IMDB: 6.8/10 (1 k Votes) 🎬 #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 702.8 MB ⦿ 2.0 GB 🌎 #UnitedKingdom ⏰ 1 နာရီ 48 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟာရိုးဖရိုင်းဆီ ကို စာတစ်စောင်ရောက်လာတယ် ။ ဘယ်ကပို့မှန်းလဲမသိ။ သားသမီးမရှိတဲ့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ဆီ စာရောက်လာတာ တစ်မျိုးတော့စိတ်ထဲဖြစ်သွားတယ်။ စာအိတ်ပေါ်မှာရေးထားတဲ့ Berwick upon Tweed ဆိုတဲ့ နေရာကတွေ့တော့ ဘေးက ဇနီးဖြစ်သူမော်ရင်ကို မေးလိုက်တယ်။ ဇနီးသည်က လည်းမသိဘူးတဲ့။ စာအိတ်ကိုဖောက်ဖတ် ကြည့်လိုက်တော့ မိတ်ဆွေဟောင်းကင်ဆာရောဂါသည် ကွင်နီကပို့လိုက်တဲ့ နှုတ်ဆက်စာလေးတစ်စောင်ဖြစ်နေတယ်။ ဟာရိုးတစ်ယောက် အတိတ်က အကြောင်းအရာတွေကို သတိရမိသွားပြီး ပြန်စာရေးလိုက်တယ်။ ရေးပြီးစာလေးကို စာတိုက်ပုံးထဲသွားထည့်ဖို့ ဇနီးသည်ကိုပြောပြီးထွက်လာလိုက်တယ်။ သူ့စိတ်ထဲ တစ်ခုခုခံစားနေတဲ့အတွက် စာတိုက်ပုံးနားမှာ ချီတုံချတုံဖြစ်နေတယ်။ ဒီလိုနဲ့စတိုးဆိုင်တစ်ဆိုင်ထဲဝင်ပြီး မုန့်လေးဘာလေးဝယ်ပြီး ကောင်တာမှာ ပိုက်ဆံရှင်းတော့ ဝန်းထမ်းလေးက စာအကြောင်းမေးတယ်။ ကင်ဆာရောဂါ သည်မိတ်ဆွေဟောင်းအတွက်လို့ပြောတယ်။ ဝန်ထမ်းမလေးက သူ့အဒေါ်လည်း အဲ့လိုရောဂါခံစားနေရကြောင်း လက်မလျှော့ဘဲ ယုံကြည်မှုပေးရင် မျှော်လင့်ချက် ရှိလာနိုင်ကြောင်းပြောပြတယ်။ ဟာရိုးရဲ့စိတ်ထဲမှာ အတွေးတစ်ချက်ပေါ်လာပြီး ကွင်နီတက်နေတဲ့ ဆေရုံးကိုဖုန်းဆက်လိုက်တယ်။မိုင် ၅၀၀ နီးပါးဝေးတဲ့ Berwick upon Tweed အထိသူလမ်းလျှောက်လာမယ်ဖြစ်ကြောင်း ကွင်နီကိုသူလာတဲ့ အထိ‌စောင့်နေပါဆိုတဲ့အကြောင်းဖုန်းဆက်ပြောပြီး အိမ်ကိုတောင်မပြန်ဘဲ သူ့ရဲ့ခရီးစဉ်ကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စတင်လိုက်တယ်။...

I Am Rage (2023) ⭐IMDB: 3.5/10 (187 Votes) 🎬 #Action #Horror #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 684.7 MB ⦿ 1.3 GB 🌎 #UnitedKingdom ⏰ 1 နာရီ 29 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၂၃ မှာထွက်ရှိခဲ့သော သဲထိတ်ရင်ဖို/ action ရုပ်လေးတစ်ခုပဲဖြစ်ပါတယ်၊ ဇာတ်ညွှန်းရေးဆရာကတော့ Army Of One (2020) ကာကိုရေးသားခဲ့တဲ့ဆရာဖြစ်ပြီးတော့, ရုပ်ရှင်ကို တည်းဖြတ်ပုံဖော်ခဲ့တာကတော့ Director David Ryan Keith ပဲဖြစ်ပါတယ်။ ဒီကားထဲမှာ Main Character အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကတော့ Hannaj Bang Bendz ပဲဖြစ်ပါတယ်၊ သူကသရုပ်တောင်တင်မကပဲ စာရေးဆရာ၊ တည်းဖြတ်တဲ့လူအနေနဲ့လည်း ရုပ်ရှင်အချို့မှာပါဝင်ခဲ့ပါတယ်။~ဇာတ်လမ်းအညွှန်း~ Erin Bradley ကတစ်နေ့မှာ သူ့ရဲ့ကောင်လေးရဲ့မိဘအိမ်ကို ခရီးသွားသောအခါ သူ့ရဲ့မိသားစုသရုပ်မှန်ကိုတွေ့ရှိခဲ့သောအခါ မိသားစုတစ်စုလုံးက လူတွေရဲ့သွေးတွေကိုထုတ်ကုန်အဖြစ်ရောင်းသော အဖွဲ့ဖြစ်နေတဲ့ အခါ သူ့ကိုသွေးအတွက်ဖမ်းစီးလာချင်းဖြစ်ကြောင်းသိလိုက်ရတယ်။ ဒါပေမဲ့ သူ့ကိုဖမ်းလာတာက အဖွဲ့စုအတွက် အမှားတစ်ခုလုပ်လိုက်သလိုဖြစ်သွားတယ်၊ Erin အနေနဲ့ဘယ်လိုဟာတွေနဲ့ကြုံတွေ့ရမလဲကိုမြင်တွေ့ရမှာပါ....

The Strangers (2008) ⭐IMDB: 6.1/10 (137 k Votes) 🎬 #Horror #Mystery #Thriller 🗓 2008 🎞 movie 📺 #1080p #720p 💿 397.3 MB ⦿ 948.0 MB 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ IMDb 6.1 ရထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ The Strangers စိတ္တဇလူသတ်ကားလေးတင်ပေးမှာဖြစ်ပါတယ်၊ ဇာတ်လမ်းအစမှာ ဂျေမီနဲ့ ခရစ်စတန်တို့ အတွဲက ကတောက်ကစလေးတွေ ဖြစ်ပြီး အပန်းဖြေအိမ်ကိုပြန်လာကြပါတယ်၊ နောက်မှသူတို့သိလိုက်ရတာကတော့ အပန်းဖြေအိမ်က အပန်းပြေစရာမကောင်းမှန်းပါ။ အိမ်ပတ်လည်မှာ တင် မျက်နှာဖုံးစွပ်နဲ့လူတွေရောက်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်ရာက နောက်ဆုံး သူတို့ကို ကိုယ်ထိလက်ရောက် အန္တရာယ်ပေးဖို့ဖြစ်လာကြပါတယ်။ ကဲ…. သဲထိတ်ရင်ဖိုကားမို့ အရမ်းမ spoil ချင်တာကြောင့် ဒီလောက်နဲ့တင်အညွှန်းရပ်ပြီး၊ ကိုယ်တိုင်ရှုစားကြည့်ဖို့အကြံပေးပါတယ်။...

No Hard Feelings (2023) ⭐IMDB: 6.7/10 (25 k Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 761.9 MB ⦿ 1.6 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 No Hard Feelings (2023) ~ IMDb – 6.7/10, Rotten Tomatoes – 70% ~ ဂျနီဖာလောရန့်ရဲ့ ရုပ်ရှင်အသစ် တင်ပေးထားပါပြီ။ သရုပ်ဆောင်သစ် Andrew Barth Feldman နဲ့အတူ သရုပ်ဆောင်ထားတဲ့ ဟာသ အချစ်ကားလေးပါ။ ဒီရုပ်ရှင်မှာပါဝင်ဖို့အတွက် မင်းသား Andrew Barth Feldman ဟားဗက်တက္ကသိုလ်တက်ဖို့ကို နောက်ရွှေ့ခဲ့တာ နာမည်ကြီးပါပဲ။ ဒါပေမဲ့ J Law နဲ့ အတူတွဲရကတည်းက တန်နေပါပြီ။ အထူးသဖြင့် J Law ရဲ့ တုံးလုံးခန်းပါနေတာကြောင့်ပါ။ တုံးလုံးခန်းတွေ အသုံးအနှုန်းကြမ်းတွေကြောင့် R rated ဟာသကားဖြစ်ကြောင်း သတိပေးချင်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မက်ဒီဆိုတဲ့ အူဘာတက္ကစီမောင်းတဲ့ အစ်မကြီးဟာ အိမ်အခွန်မဆောင်နိုင်လို့ ကားသိမ်းခံလိုက်ရပါတယ်။ မကြာခင် အိမ်လည်းအသိမ်းခံရနိုင်ပါတယ်။ ဒီအိမ်လေးကို သူ့အမေက အမွေပေးခဲ့တာကြောင့် မဆုံးရှုံးချင်တဲ့ မက်ဒီဟာ ကားတစ်စီးရဖို့ အသည်းအသန်ရှာရပါတော့တယ်။ အဲဒီအချိန်မှာပါ အင်တာနက်ပေါ်မှာ သူဌေးလင်မယားတစ်တွဲ ကြော်ငြာထားတာတစ်ခုကိုတွေ့လိုက်ပါတော့တယ်။ အဲဒါကတော့ အိမ်တွင်းပုန်း သူတို့ရဲ့ ၁၉ နှစ်သားလေးကို လည်လည်ဝယ်ဝယ်ဖြစ်အောင် တွဲပေးနိုင်တဲ့ မိန်းကလေးရှိရင် ကားတစ်စီး ပေးမယ်ဆိုတာပါပဲ။ အဲဒီသတင်းကြားတဲ့အခါ မက်ဒီဟာ သူနဲ့ ၁၅ နှစ်လောက်ကွာတဲ့ ကျောင်းသားလေးကို ဒီအကြောင်းတွေမသိစေဘဲ ရအောင်တွဲဖို့ ကြိုးစားရပါတော့တယ်။ အဲဒီမှာ ဘာတလွဲတွေဆက်ဖြစ်ကြမလဲဆိုတာ… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...

Beware the Night Nurse (2023) ⭐IMDB: 4.7/10 (115 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 movie 📺 #720p #1080p 💿 666.0 MB ⦿ 1.4 GB 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကလဲရာနဲ့ ဇက်ခ်တို့ဇနီးမောင်နှံက ကလေးမရနိုင်လို့ ကလေးရဖို့ကြိုးစားနေရာကနေ နောက်ဆုံးသားလေးရလာပါတယ်။ ကလဲရာက ကိုယ်ဝန်မဆောင်နိုင်တာမို့ သားလေးကို အရမ်းရင်းနှီးရတဲ့ လစ်ဇ်က ကူညီပြီး အငှားကိုယ်ဝန်ဆောင်ပေးပြီး ခက်ခက်ခဲခဲရအောင်ယူထားရတာပါ။ သားလေးရလာပြီးနောက် မိသားစုလေးတစ်ခုဖြစ်လာပြီး ပျော်ရွှင်ရမယ့်အချိန်မှာ ဘယ်လိုအနှောက်အယှက်တွေနဲ့ ကြုံရမလဲ။ ကြုံတွေ့ရမယ့် အနှောက်အယှက်တွေကကော လစ်ဇ်နဲ့ ဘယ်လိုဆက်စပ်နေလဲ။ အိမ်ကို ရုတ်တရက်ရောက်လာတဲ့ ယောက္ခမကြီးနဲ့ရော ဘယ်လိုပြသနာတွေကြုံတွေ့ရမလဲ။ မိန်းမနဲ့အမေကြားက ပြသနာတွေကို ဇက်ခ်ကကော ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ စိတ်ဝင်စားစရာကောင်းပြီး မိသားစုကြားက ပဋိပက္ခတွေ နဲ့ သူ့ဘက်ကိုယ့်ဘက်အခြေအနေတွေကို မြင်အောင်ပြထားပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ မြှုပ်ကွက်တွေနဲ့မို့ ကြည့်လို့ကောင်းစေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။...

What Comes Around (2022) ⭐IMDB: 5.1/10 (325 Votes) 🎬 #Drama #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 504.2 MB ⦿ 1.6 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 What Comes Around (2023)==================== အန်နာဟာ အမေနဲ့အတူနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်တယ်။ သစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တဲ့အရွယ်မှာအွန်လိုင်းကနေ အချစ်နဲ့ထိတွေ့မိတယ်။ အရူးအမူးပါပဲ။ သူ့မွေးနေ့မှာအွန်လိုင်းပေါ်က ကောင်လေးဟာ မိုင်၉၀၀ဆိုတဲ့ အကွာအဝေးကိုဖြတ်ပြီး သူ့ဆီလာတွေ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကြည်နူးစရာကောင်းတဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးပါပေါ့။ ဒါပေမဲ့ ကောင်လေးဟာ သူ့ကိုတွေ့ချင်လို့လာတယ်ဆိုတာ အကြောင်းပြချက်တစ်ခုသာသာပါပဲ။ အပြင်မှာ တွေ့ရတော့ ထိုလူဟာ အသက်လိမ်ထားမှန်းသိလိုက်ရတယ်။ တကယ်တမ်းက ၂၈နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်တယ်။ အဲဒီအမျိုးသားရဲ့အချစ်ဦးဟာ အန်နာ့အမေပါတဲ့။ ဇာတ်လမ်းတွေကရှုပ်ကုန်ရပြီပေါ့ . ကျန်တာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါကုန်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

Weddings, Christenings and Funerals (2022) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Comedy 🗓 2022 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.3 GB 🌎 #Romania ⏰ 2 နာရီ 1 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရိုမေးနီးယန်းဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.8/10 အထိရရှိထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့…. ကော့စမင်းဘာရင်းဒယ်ဆိုတဲ့လူတစ်ယောက်ဟာ သူ့အမျိုးသမီးနဲ့ပျော်ပျော်ရွှင်ရွှင်လက်တွဲထားတဲ့အိမ်ထောင်သည်တစ်ယောက်ပါ တစ်နေ့မှာ သူကအလားအလာကောင်းတဲ့မြေကွက်ကြီးတစ်ကွက်ကိုရင်းနှီးမြှုပ်နှံတဲ့သဘောနဲ့ဝယ်လိုက်ပါတော့တယ် မြေဝယ်ပြီးမှ အိမ်နီးနားချင်းတွေကကလပ်ဖွင့်ပြီးအမြဲတမ်းဆူညံနေတာကြောင့် ဘာရင်းဒယ်လည်းစိတ်ပေါက်ပေါက်နဲ့ပြန်ဆူညံအောင်လုပ်ရာကနေ သူတို့ကြားမှာ စစ်ပွဲကြီးဖြစ်လာပါတော့တယ် သူတို့ကြားကရန်ပွဲကြောင့်နှစ်ဖက်စလုံးရဲ့မိသားစုတွေကိုပါထိခိုက်ပြီးလင်မယားကွာရှင်းသွားရတဲ့အထိပါပဲ သူတို့အိမ်နီးချင်းနှစ်ယောက်ကြားကရန်ပွဲတွေဘယ်လိုဖြစ်သွားမလဲ နောက်ဆုံးမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ...

Bloodshot (2020) ⭐TMDB: 68.0% User Score 🎬 #Action #Drama #SciFi #ScienceFiction #Adventure 🗓 2020 🎞 Movie 📺 #1080p #720p #4K 💿 1.7 GB ⦿ 1.1 GB ⦿ 5.9 GB 🌎 #UnitedStates #Canada #China #Hungary #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗန်ဒီဇယ်ကြီးရဲ့ အက်ရှင်ဇာတ်ကားအသစ် ထွက်လာပါတယ်။ ဒီဇာတ်လမ်းကတော့သိပ္ပံစိတ်ကူးယဉ်လို့ ပြောရမှာပဲ။ ဗန်ဒီဇယ်ဟာ အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ယောက်။ ထုံးစံအတိုင်းပဲ စစ်ဆင်ရေးတွေမှာ အလွန်တော်တဲ့ ဆရာကြီးပေါ့။ တစ်နေ့မှာတော့ လူတစ်ယောက်ကသူ့ရဲ့ ဇနီးကို သူ့ရှေ့မှာတင် သတ်ပြီး သူ့ကိုပါ ပစ်သတ်သွားခဲ့တယ်။ ဒါပေမယ့်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ ကျေးဇူးကြောင့် ပြန်ရှင်သန်လာပြီး ပိုသန်မာတဲ့၊ ဒဏ်ရာတွေအလိုလိုကောင်းလာတဲ့ စက်ရုပ်တစ်ပိုင်း လူသားတစ်ယောက် ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူနိုးထလာချိန်မှာ သူ့ရဲ့အတိတ်ကို ရုတ်တရက်မမှတ်မိပါဘူး။ အဲဒီနောက်မှ ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ပါ။ ဇာတ်လမ်းနဲ့ အက်ရှင်ခန်းတွေ မဆိုးတာမို့ ကြိုက်ကြမယ်ထင်ပါတယ်။...

Open Range (2003) ⭐IMDB: 7.4/10 (76 k Votes) 🎬 #Action #Adventure #Drama #Romance #Western 🗓 2003 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.5 GB 🌎 #UnitedStates ⏰ 2 နာရီ 19 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ IMDb 7.4 ထိရရှိထားတဲ့ Western action drama ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ် အရင်တုန်းက မွေးမြူရေးလုပ်တဲ့သူတွေဟာ ကျွဲနွားတွေကို ခြံနဲ့မွေးမြူတာမဟုတ်ဘဲ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာရင်း အလွတ်ထိန်းကျောင်းကြတာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 19ရာစုနှောင်းပိုင်း ခြံသွင်းမွေးမြူရေး စတင်ပေါ်ပေါက်လာချိန်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ် ဘောစ့် ချာလီ မိုစ့်နဲ့ ဘတ်တွန်တို့ဟာ အလွတ်ထိန်းကျောင်းသူတွေဖြစ်ကြပြီး တစ်ရက်မှာတော့ အလွတ်ထိန်းကျောင်းခြင်းကို မကြိုက်ကြတဲ့ မြို့လေးတစ်မြိုနားကိုရောက်လာပါတယ် မြို့ထဲကိုဝယ်စရာရှိတာလေးတွေဝယ်ဖို့ လွှတ်လိုက်တဲ့ မိုစ့်တစ်ယောက် ကုန်စုံဆိုင်မှာ ရန်ဖြစ်ပြီး အချုပ်ကျသွားပါတော့တယ် အချုပ်ထဲကနေ ပြန်သွားထုတ်ကြတဲ့အချိန်မှာ မွေးမြူရေးခြံကြီးပိုင်ရှင် ဒတ်စ်တာဟာ သူတို့ကို ဒီမြို့ကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ် ဒတ်စ်တာဟာ ဒီမြို့မှာ အာဏာရှိတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဖြစ်ပြီး အရမ်းလည်းလောဘကြီးပါတယ် ဒတ်စ်တာရဲ့လူတွေ ဘောစ့်ရဲ့ တိရစ္ဆာန်အုပ်ကို ပြဿနာလာရှာချိန်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဒီမြို့ကနေရော အဆင်ပြေပြေထွက်သွားနိုင်မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တဲ့အပြင် ရှုခင်းလှလှလေးတွေနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့ ကြည့်ရှုသင့်ပါတယ်...

Neymar (2023) ⭐IMDB: 6.5/10 (227 Votes) 🎬 #Bollywood #Comedy #Family 🗓 2023 🎞 movie 📺 #1080p #720p 💿 3.4 GB ⦿ 1.5 GB 🌎 #India ⏰ 2 နာရီ 40 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Neymar 2023 ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့……ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာကဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်ကအခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲကစော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုး‌ခွေးသန်းလေးလိုက်ရှာရပါတော့တယ် သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာ‌ဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန် အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ်...

D Cup Girlfriend (2020) ⭐TMDB: 60.0% User Score 🎬 #Adult #Romance 🗓 2020 🎞 Movie 📺 #1080p #720p 💿 487.2 MB ⦿ 1.2 GB 🌎 #SouthKorea ⏰ 1 နာရီ 11 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းကတော့ရှုပ်ထွေးနက်နဲတဲ့ လူစိတ်သဘောကိုကွက်ကွက်ကင်းကင်းဖွင့်ဟပြမယ့် အအချစ်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်…. ခန္ဓာကိုယ်အချိုးအစား လှပသလိုလိုအပ်တောင့်တမှုများတဲ့ မိန်းမလှလေးနှစ်ဦးရဲ့လိုအင်ဆန္ဒတွေကို အတွေ့အကြုံဖလှယ်ပညာယူရင်းဖြည့်ဆည်းပေးမယ့် ယောကျာ်းသားနှစ်ဦးရဲ့ပညာတွေကို18+ဆန်ဆန်ကြည့်ရှုသွားရမှာဖြစ်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Nayola (2022) ⭐IMDB: 7.0/10 (152 Votes) 🎬 #Uncategorized #Animation #Drama #Fantasy 🗓 2022 🎞 movie 📺 #720p #1080p 💿 633.1 MB ⦿ 1.5 GB 🌎 #Portugal #Netherlands #Belgium #France #Angola ⏰ 1 နာရီ 20 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nayola (2022) ~ IMDb rating – 7/10 ~ ဒီရုပ်ရှင်မှာ အာဖရိက တောင်အလယ်ပိုင်းက အန်ဂိုလာလို့ခေါ်တဲ့ နိုင်ငံလေးက မျိုးဆက်သုံးဆက်သော အမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတယ်။ အန်ဂိုလာက ၁၆ရာစုကနေ ၁၉၇၅အထိ ပေါ်တူဂီကိုလိုနီ နိုင်ငံဖြစ်ခဲ့ဖူးသလို လွတ်လပ်ရေးရပြီး ၁၉၇၅ကနေ ၂၀၀၂အထိ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ ပြည်တွင်းစစ်က ပြီးသွားပေမဲ့ အဲဒီ၂၀၀၂နောက်ပိုင်း ငြိမ်းသွားကြသလားဆိုတော့ မငြိမ်းဘူး။ သူ့ပြည်နယ်တစ်ခုဖြစ်တဲ့ ကဗင်ဒါမှာ ခွဲထွက်ရေးလုပ်ဖို့လုပ်နေတဲ့ တော်လှန်သူတွေရှိနေတုန်းပဲ။ ၂၀၀၆မှာတော့ ကဗင်ဒါပြည်လွတ်မြောက်ရေးတပ်ဦးနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့လည်း ကဗင်ဒါခွဲထွက်ရေးပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ဒီနေ့ထက်ထိ တော်လှန်နေဆဲပဲ။ ဆိုတော့ အစဉ်မငြိမ်းချမ်းခဲ့တဲ့ နိုင်ငံက မျိုးဆက်သုံးဆက်သောအမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတဲ့ ဒီရုပ်ရှင်မှာ ဒီစစ်အဆက်ဆက်ရဲ့ ဒဏ်ကို တိုင်းသူပြည်သားတွေကို ခံစားခဲ့ရပုံကို ပြထားတယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင်တွေက အမျိုးသမီးတွေဆိုတော့ အမျိုးသမီးတွေဘက်ကို ပိုအလေးကဲတယ်။ လွတ်လပ်ရေးတိုက်ပွဲမှာ လင်သေသွားတဲ့ အဘွားကြီးရယ်… ပြည်တွင်းစစ်မှာ ယောက်ျားပျောက်သွားခဲ့တဲ့သူ့သမီးရယ်… အမေရောအဖေရောပျောက်သွားတဲ့ သူ့မြေးရယ်ရဲ့ ဇာတ်လမ်းတွေကို အပြိုင်တင်ပြထားတယ်။ ဒါပေမဲ့ အရမ်းရိုးရိုးရှင်းရှင်းကြီးတော့မဟုတ်ဘူး… ယောက်ျားပျောက်သွားလို့ လိုက်ရှာတဲ့သူ့သမီးက အခရာလို့ပြောလို့ရတယ်။ သူ့ဇာတ်မှာ နိမိတ်ပုံဆန်ဆန် ပုံဖော်မှုတွေတော်တော်များသလို သူဟာ အဲဒီတော်လှန်ရေးမသေသေးတဲ့ ပြယုဂ်တစ်ခုအဖြစ်လည်း ထင်ကျန်နေတယ်။ မြေးမလေးကတော့ Rap သီချင်းတွေနဲ့ တိုင်းပြည်ကို တော်လှန်နေတဲ့သူလို့ပြောရမယ်။ သူ့အဖေအမေနဲ့ တော်လှန်ပုံတော်လှန်နည်းတော့ မတူခဲ့ဘူးပေါ့။ ဒီဇာတ်လမ်းမှာ စစ်ကြီးပြီးတာကြာပြီလို့ ပြောကြတဲ့သူတွေလည်းရှိပေမဲ့ အိမ်ပြန်လာစေချင်ကြသူတွေလည်းရှိပေမဲ့ သမီးဇာတ်ကောင်ပြောသွားတဲ့ “စစ်ပွဲကနေ ဘယ်သူမှပြန်မလာနိုင်ကြဘူး အမေ” ဆိုတဲ့ စကားအတိုင်းပဲ မပြီးဆုံးသူတွေအတွက်တော့ မပြီးဆုံးခဲ့ဘူး။ လွယ်လွယ်လေးပြောရရင် ဒီဇာတ်လမ်းဟာ ပြီးဆုံးတယ်ဆိုတာ တကယ်တမ်း စကားလုံးပဲရှိတဲ့အရာ ဆိုတဲ့အကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

Spider-Man: Across the Spider-Verse (2023) ⭐IMDB: 8.9/10 (205 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Fantasy #SciFi 🗓 2023 🎞 movie 📺 #720p 💿 1.9 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man: Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်း စပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါ မြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကား တွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့ တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင် စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့ တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင် စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံက စပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင် ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။...